* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

ရခိုင်ပြည်နယ်ရှိ “ဂီရိ”မုန်တိုင်း လေဘေးသင့်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ၏
လေဘေးကယ်ဆယ်ရေးနှိုးဆော်လွှာ

Tuesday, February 14, 2012

“စုန္ဒဝက်ကုန်သည်” နှင့် “မဟာဓမ္မိကဥပါသကာ”

လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ကြွရောက်နေ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့ ‘လောကချမ်းသာ ၅-မိနစ်တရားတော်’ကို ဆရာတော် အရှင်စက္ကိန္ဒက ဟောကြားရာ - သဒ္ဓါတရားရှိသူ၊ ဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ထိ အားထုတ် ပြီးပြည့်စုံသူတို့အတွက် အချိန်နှင့်အမျှ ဆက်လက် ပွားများ အားထုတ်နေပါက မဂ်ဖိုလ်သို့ အမှန်ပင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပုဂ္ဂလပညတ်အဋ္ဌကထာလာ အားတက် မှတ်သားဖွယ်ရာဖြင့် တိုက်တွန်းသွား၏။

ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။

(စားစဉ်ဘောဇဉ်)၊ သွားစဉ်ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်ချိန်မဆို ရှိပါစေ။

ရှုမှတ်သူမှာ၊ မဂ်ဖိုလ်ဟာ၊ မှန်စွာ ဖြစ်နိုင်ပေ။

+++++

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၅ - စုန္ဒဝက်ကုန်သည်အကြောင်း သင်ကြား ပို့ချပေး၏။

‘စုန္ဒဝက်ကုန်သည်’သည် နှစ်ပေါင်း ၅၀ ကျော် ဝက်တို့ကို သတ်ဖြတ် ရောင်းချ အသက်မွေးခဲ့၏။ မသေမီ ၇-ရက်တို့ပတ်လုံး ထိုမကောင်းမှုတို့၏အကျိုးကို သူကိုယ်တိုင် ပင်ပန်း ဆင်းရဲကြီးစွာ ခံစားသွားရလေသည်။

(၁၅)

သည်ဘဝမှာ စိုးရိမ်ရ။

နောင်ဘဝမှာ စိုးရိမ်ရ။

နှစ်ဘဝလုံး စိုးရိမ်ရ။

ကိုယ့်လုပ်ငန်းယုတ် သိမြင်က

သူယုတ်မာသည် စိုးရိမ်ရ။

ပင်ပန်း ဆင်းရဲ အမြဲပါ့။

(မင်းသုဝဏ်)

+++++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ပကိဏ်းပိုင်း၊ ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ, ကိစ္စသင်္ဂဟတို့ကို ပို့ချ သင်ကြားပေး၏။

+++++

ညနေ ၆ နာရီ၊ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်စက္ကိန္ဒကပင် ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၆ လာ ကောင်းမှုတို့၏ ကောင်းကျိုးကို ယခုဘဝ နောင်ဘဝ ပြုံးရွှင်စွာ ခံစားရသော မဟာဓမ္မိကဥပါသကာအကြောင်း ဓမ္မဒါနပြု ဟောကြား၏။

(၁၆)

သည်ဘဝမှာ ဝမ်းမြောက်ရ။

နောင်ဘဝမှာ ဝမ်းမြောက်ရ။

နှစ်ဘဝလုံး ဝမ်းမြောက်ရ။

ကိုယ့်လုပ်ငန်းမြတ် သိမြင်က

သူတော်ကောင်းသည် ဝမ်းမြောက်ရ။

နှစ်လိုအားရ အမြဲပါ့။

(မင်းသုဝဏ်)

တရားပွဲပြီးသော် တစ်နေ့တာ ကုသိုလ်အစုအပေါင်းတို့၏ အဖို့ဘာဂကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP