* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, February 11, 2012

နှစ်သစ်အကြို ခရီးသွားမှတ်တမ်း (၃)

၂၅-၁၂-၁၁

ယနေ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မြန်မာကျောင်းသား ရဟန်းတော်များ စည်းဝေးပွဲ ပြုလုပ်မည့်နေ့ဖြစ်တယ်။ အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးက မြန်မာရဟန်းတော်များလည်း ဗုဒ္ဓဂယာမြန်မာကျောင်းသားများ ကျောင်းကို ရောက်ရှိနေကြပြီဖြစ်တယ်။ အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြား နေတဲ့ မြန်မာ ကျောင်းသား ရဟန်းတော် ၄၀၀ ကျော် ၅၀၀ ခန့်ရှိတယ်။ အိန္ဒိယရောက် မြန်မာ ကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ဖွဲ့စည်းပြီး ၀ိုင်းဝန်း ကြိုးစားခဲ့ကြတာ ယခုဆို မြန်မာကျောင်းသားများပိုင် ကျောင်းတော်ကြီး ဗုဒ္ဓဂယာ မြေမြတ်မဟာမှာ ထီးထီးမားမားပေါ်ထွက်ခဲ့ပြီဖြစ်တယ်။ ပညာတော်သင် ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်က ကျောင်းသားများရဲ့ လိုအပ်ချက် (ပညာရေး၊ ကျန်းမာရေး) နှင့် ဘုရားဖူးလာမြန်မာများကို ကူညီဆောင်ရွက်ပေးရန်တို့ဖြစ်တယ်။ နှစ်စဉ် ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပွဲပြုလုပ်တယ်။ အဲဒီအခါ မှာ တက္ကသိုလ် အသီးသီးက ပညာတော်သင် မြန်မာရဟန်းတော်များတွေ ကျောင်းတော်ကြီးဆီကို အရောက်လာကြပြီး အဖွဲ့ကြီးတိုးတက်ရာ တိုးတက်ကြောင်း ဆွေးနွေးတိုင်ပင်ကြတယ်။ တကယ်တော့ ကျောင်းသား အစည်းအဝေးလာရတာ အကျိုးအမြတ်အများကြီးထွက်ပါတယ်။ ခရီးစရိတ်၊ စားစရိတ် အသွား အပြန် အားလုံးကို အဖွဲ့ကြီးက ကုန်ကျခံပါတယ်။ တစ်နှစ်တာ ကျောင်းသားထောက်ပံ့ငွေ ခွဲတမ်းကျ ရူပီးငွေ (၂) ထောင် (၃) ထောင်ကလည်းအိပ်ထဲအသာကလေး ထည့်သွားရုံပါပဲ။ ကျောင်းရောက်ပြန် တော့လည်း နေစရာ၊ စားစရာ မကြောင့်ကျရ။ နံနက်ဆွမ်း၊ နေ့ဆွမ်း၊ ည ရေနွေးကြမ်း၊ ခေါင်းဦး၊ ဆောင်၊ ခြင်ထောင်၊ ရေ(ပူ၊အေး)၊ မီး၊ အင်တာနက်၊ တီဗီ အစစပြည့်စုံအောင် ဖန်တီးပေးထားတယ်။ ဗုဒ္ဓဂယာမှာ တည်ရှိတာကြောင့် ဗုဒ္ဓဂယာကို ဗဟိုထားပြီး ဘုရားဖူးထွက်လို့ရတယ်။ ဒါကြောင့် ကျောင်းသား အစည်း အဝေးလာရတာ ဘုရားလည်းဖူး ပန်းလည်းခူးဆိုတာလို အကျိုးအမြတ် ရလွန်းလှပါတယ်။ အစည်းအဝေး ကို ယခင်နှစ်များက (၂၅၊ ၂၆) ၂- ရက်ကျင်းပခဲ့ကြပေမယ့် ယခုနှစ်မှာတော့ တက္ကသိုလ်စာမေးပွဲများနဲ့ တိုက်ဆိုင်နေတာမို့ (၂၅) ရက်နေ့ တစ်ရက်တည်းပဲ ကျင်းပနိုင်မယ်လို့ သိရတယ်။ အစည်းအဝေးပွဲမှာ အဖွဲ့ကြီးရဲ့တစ်နှစ်တာ ငွေစာရင်းရှင်းတမ်း၊ ပညာရေး၊ ကျန်းမာရေး လုပ်ဆောင်ခဲ့မှု၊ ရှေ့ဆက်အကောင် အထည်ဖော်ဆောင်မှုနှင့် တစ်နှစ်တာ အလုပ်အမှုဆောင် ကော်မီတီ အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်း များကို ဆောင်ရွက်ကြတယ်။

နံနက် (၆) နာရီမှာ ကျောင်းကြီး အောက်ထပ် စည်းဝေးဆောင်မှာ သံဃာတော်များစုပေါင်းပြီး ဘုရား အနေ ကဇာတင်၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်တော်မူကြတယ်။ အဲဒီနောက် အာရုံဆွမ်းဘုဉ်းပေး။ နံနက် ၈ နာရီအချိန်မှာ သြ၀ါဒခံယူပူဇော်ပွဲ ကျင်းပ။ ဗုဒ္ဓဂယာ မြန်မာကျောင်းဆရာတော်ကြီးနှင့် သာဝတ္ထိမြန်မာ ကျောင်း ဆရာတော်ကြီးတို့ ကြွရောက်တော်မူကြပြီး သြ၀ါဒကထာ ချီးမြှင့်တော်မူကြတယ်။ ကျောင်း တော်ကြီးဖြစ်မြောက်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့တဲ့ ဦးနန္ဒ၀ံသကိုလည်း သြ၀ါဒခံ ဆရာ တော်အဖြစ်ဖူးတွေ့ရတယ်။ သြ၀ါဒခံ ယူပူဇော်ပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် (ထိုင်ခုံကုလားထိုင် များပြင် ဆင်ပြီး) ကျောင်းသားအစည်းအဝေးကို ဆက်လက်ကျင်းပတယ်။ အစည်းအဝေးကို အဖွဲ့ဥက္ကဋ္ဌ ဆရာ တော်ရဲ့ အဖွင့်မိန့်ခွန်းနဲ့စတင်တယ်။ အဲဒီနောက် စာရင်းကိုင် ဆရာတော်များရဲ့ တစ်နှစ်တာ စာရင်း အင်း တင်ပြမှု၊ အဖွဲ့ကြီးရဲ့ ပညာရေးဆောင်ရွက်မှု၊ ဂိလာနသံဃာထောက်ပံ့ကူညီမှုနှင့် အထွေထွေဆွေး နွေးခန်း များကို ဆောင်ရွက်တယ်။ အထွေထွေဆွေးနွေးခန်းမှာ နာဂဇ္ဇုနတက္ကသိုလ်က အရှင်သီဟ ဥာဏ တင်ပြတဲ့ မြန်မာနိုင်ငံမှာ အဖွဲ့ခွဲတစ်ခုတည်ထောင်ပြီး ပညာရေး သင်တန်းများဖွင့်လှစ်သင်ကြားမှု အစီအစဉ်ကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတယ်။ နံနက်ပိုင်း အစည်းအဝေးကို နံနက် (၁၀) နာရီခွဲအချိန်မှာ ရပ်နားပြီး နေ့ဆွမ်း ဘုဉ်းပေးတော်မူကြတယ်။

အစည်းအဝေးကို နေ့ (၁၂) နာရီခွဲအချိန်မှာ ပြန်လည်ကျင်းပတယ်။ ပထမဦးစွာ အလုပ်အမှုဆောင် ကော်မီတီသစ် ရွေးချယ်တင်မြှောက်ကြခြင်းအစီအစဉ်ကိုဆောင်ရွက်တယ်။ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ ပြန်ကြားရေး၊ စာရင်းစစ်များကို မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်ကြတာဖြစ်တယ်။ ပထမဦးစွာ သံဃာ အရေအတွက်များတဲ့ ဗာရာဏသီ၊ နာလန္ဒာ၊ ဗုဒ္ဓဂယာတက္ကသိုလ်သုံးခုက ရဟန်းတော်များ ကိုယ့် ဒေသ အသီးသီးရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစသည်များကို ရွေးချယ်ကြရတယ်။ အခြားတက္ကသိုလ်က ရဟန်း တော်များကတော့ အရေအတွက် နည်းပါးတာကြောင့် ဒေသအတွက် သီးသန့် ရွေးချယ်စရာမလိုပဲ ဗဟိုရွေး ချယ်မှုမှာ တစ်သီးပုဂ္ဂလအဖြစ် တိုက်ရိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြတယ်။ တက္ကသိုလ်ကြီးသုံးခုက ဒေသအ တွက် ရွေးကောက်မှုများပြီးတော့ ဗဟိုဌာနအတွက် ယှဉ်ပြိုင် ရွေးချယ်မှုပြုကြတယ်။ ယခုနှစ်မှာလည်း အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်း ရေးမှူးတာဝန်များကို ယမန်နှစ် က ဆောင်ရွက်ခဲ့ကြတဲ့ အရှင်မြတ် ၂ ပါးပဲ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရတာကို တွေ့ရတယ်။ အရှင်မြတ် ၂ ပါးကတော့ မဂဓတက္က သိုလ်က အရှင်ဇ၀န နှင့် နာလန္ဒာတက္ကသိုလ်က အရှင်သုတာစာရာလင်္ကာရတို့ဖြစ် ကြတယ်။ ၂၀၁၂-ခုနှစ် အတွက် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်မှု ပြီးစီးတဲ့အခါ အလုပ်အမှုဆောင်အဖွဲ့ရဲ့ နှုတ်ခွန်းဆက်စကားများနဲ့ ညနေပိုင်း ဆွေးနွေးခန်းများကို ပြန်လည် စတင်လိုက် တယ်။ နံနက်ပိုင်းက မပြီး သတ်ခဲ့သေးတဲ့ နာဂဇ္ဇုနတက္ကသိုလ် အရှင်သီဟဥာဏရဲ့ မြန်မာပြည်အဖွဲ့ခွဲ တင်ပြမှုကို ဆက်လက် ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံလတ်တစ်လောအခြေအနေအရ မပြုလုပ်သင့်သေးလို့ ဆုံးဖြတ်ကြတယ်။ ၂၀၁၂ ခုနှစ် ကျောင်းသား မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးအဖွဲ့ကို အတည်ပြုခြင်း၊ ဂိလာနသံဃာ ထောက် ပံ့ကြေးများကို သတ်မှတ်အတည်ပြုခြင်းများကို ဆောင်ရွက်ပြီး ဥက္ကဋ္ဌဆရာတော်ရဲ့ နိဂုံးကထာဖြင့် ညနေပိုင်းအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်တယ်။ အစည်းအဝေးပြီးသည့်နောက် အစည်း အဝေးတက်ရောက်လာကြတဲ့ ရဟန်းတော်များ ကျောင်းတော်ကြီးရှေ့မှာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြတယ်။

ယခုနှစ် ကျောင်းသား အစည်းအဝေးကြွရောက်လာကြတဲ့ ရဟန်းတော်များရဲ့ အထွေထွေ ခရီးစရိတ်နဲ့ စည်းဝေးရက် ဆွမ်းကွမ်းဆက်ကပ်မှုများကို မဇ္ဈိမသံဃမာတာဘွဲ့ရ ကျောင်းအမကြီး ဒေါ်မြရှင်(ပုလဲ) က လှူဒါန်းကြောင်းသိရတယ်။ ကျောင်းအမကြီး ဒေါ်မြရှင် (ပုလဲ) က ဘိတ်၊ ထားဝယ်သူဖြစ်ပြီး ဗုဒ္ဓဂယာ မြန်မာကျောင်းသားကျောင်းတော်ကြီးဖြစ်ပေါ်လာရန် မတည်ငွေ သိန်း(၈၀) ကျပ်ကို ရက်ရက်ရောရော ပေးစွန့်လှူဒါန်းခဲ့သူဖြစ်တယ်။ ယခုနှစ် ကျောင်းသားကျောင်းရန်ပုံငွေက ပညာတော် သင်ရဟန်းတော်များ ကို တစ်ပါးလျှင် ရူပီးငွေ ၃၀၀၀၊ ကထိန်အလှူ ရူပီး- ၁၀၀၀၊ ကျောင်းအစ်မကြီးအလှူ ဒေါ်လာ ၁၀ စီလှူဒါန်း နိုင်ခဲ့တယ်။ လတ်တလောက သီတဂူဆရာတော်ရဲ့ ဒေါ်လာ (၁၀၀) စီ ထောက်ပံ့မှုကလည်း ပူပူနွေးနွေး လေးပဲ ရှိကြသေးတယ်။ အစည်းအဝေးပြီးတယ် ဆိုရင်ပဲ မဟာဗောဓိဘုရားဘက်ကို ထွက်ခဲ့တယ်။ ရတနာ ဃရသတ္တာဟရှေ့မှာ ပရိတ် ပဋ္ဌာန်းရွတ်၊ တရားထိုင်၊ အမျှဝေ။ ည ဂ-နာရီလောက်မှ ဘုရားကပြန်၊ တိဘက် ဈေးတန်းဘက်က လှည့်ပြီး ကျောင်းပြန်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP