* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, February 14, 2012

( ၈ ) ကြိမ်မြောက် ပိဋကတ်ကျမ်းစာအုပ်များ လှူဒါန်းမှုမှတ်တမ်း

ဓမ္မနန်းတော် ဒါနကုသလအသင်းအနေဖြင့် အဋ္ဌမအကြိမ်မြောက် လှူဒါန်းခြင်း အစီအစဉ်ကို 2012 ခုနှစ်၊ January လအတွင်း လှူဒါန်းနိုင်ခဲ့သော်လည်း ကော်နက်ရှင်အခက်အခဲများကြောင့် မှတ်တမ်း တင်ဆောင်းပါးနှင့် ဓာတ်ပုံများကို ယခုမှသာ တင်နိုင်ခဲ့ပါတယ်၊ အများစုသော အင်တာနက် ဆိုင်များရှိ ကော်နက်ရှင် များကလည်း ဂျီမေလ်း ပွင့်ဖို့ကို မနည်းစောင့်နေရတာမို့ ဓာတ်ပုံများကို upload လုပ်ဖို့ အခက်အခဲ ရှိနေခဲ့တယ်၊ ယခုတော့ စာရေးသူ မြန်မာပြည်ကို ရောက်နေဆဲ အန်တီတင့် ( ဘလော့ဂါ ဒေါ်တင့်တင့်သိန်း ) က နေ့ဆွမ်းဆက်ကပ်တာကြောင့် ပို့စ်တင်ဖို့ အစဉ်ပြေခဲ့ပါတယ်။

နောက်တချက်ကတော့ သာမဏေကျော်စာမေးပွဲကို နှစ်စဉ်နှစ်တိုင်း ပြာသိုလဆန်း ( ၂-၃-၄-၅-၆-၇ ) များမှာ ကျင်းပဖြစ်တာမို့ ဒီဇင်ဘာလတလကို သံဃာများ စာမေးပွဲရှိနေလို့ အနားပေးပြီး မလှူဖြစ်ခဲ့ပဲ 2012 ခုနှစ် တစ်လပိုင်း ရောက်မှသာ လှူဖြစ်ပါ တယ်၊
ဒီအကြိမ်မှာ စစ်ကိုင်းတောင်ရိုးရှိ အထင်ကရ စာသင်တိုက်ကြီးတစ်ခုဖြစ်တဲ့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသနှင့် တိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသ အစရှိသော ဆရာတော်တို့ သီတင်းသုံးခဲ့ရာ တနည်းအားဖြင့် မွေးဖွားခဲ့ရာ မဟာအောင်မြေ ဟု ခေါ်ဆိုနိုင် သော မဟာသုဗောဓာရုံကျောင်းတိုက်မှ သာမဏေကျော်သံဃာ ( ၆၆ ) ပါးအတွက် စာအုပ်ရေ ( ၆၆ ) အုပ်ကို လှူဒါန်းဖြစ်ခဲ့ပါတယ်၊

ယခုအချိန်မှာတော့ တိပိဋက ဆရာတော်က မုံရွာမြို့မှာ သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက် အဖြစ် တည်ထောင်ကာ သာသနာပြုနေပါပြီ၊ စာရေးသူတို့၏ အလှူဖြစ်မြောက်ဖို့ အတွက် တိုက်အုပ်တိုက်ကြပ် ဆရာတော် ဦးသုဇနိန္ဒာလင်္ကာရ ( သာသနဓဇ ဓမ္မာစရိယ )က အစဉ် ပြေအောင် စီစဉ်ပေးခဲ့ တာကြောင့် အစစ အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးခဲ့ ပါတယ်။

နိုင်ငံအသီးသီးမှာ ရှိနေကြသော ပိဋကတ်စာအုပ်အလှူရှင်တွေက အဝေးမှသာ န၀ကမ္မအလှူ ငွေများကို ပေးပို့လှူဒါန်းကြပြီး လူကိုယ်တိုင် မလာရောက်နိုင်ကြတာကြောင့် သံဃာတော် များအား စာအုပ်လှူဒါန်းမှု အစီအစဉ်ကို စစ်ကိုင်းတောင် ရိုးရှိ သာသနပါလချောင်၊ အောင်မြေသာစံချောင် များမှ သီလရှင်ဆရာကြီး ဆရာလေး များအား လုပ်အားဒါန ဝေယျာဝစ္စကုသိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် အကူအညီတောင်းခဲ့ရပြီး သူတို့ကလဲ အားတက်သရော တက်ညီလက်ညီ ကုသိုလ် ပြုကာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

( ၈ ) ကြိမ်မြောက်အလှူအတွက် ဓမ္မစာအုပ်အလှူရှင်များ

၁။ ဘရူနိုင်း Brunei နိုင်ငံ ၌ နေထိုင်သော ဒါနသီရိလင်္ကာအသင်းဝင် ဒါယိကာမကြီး ဒေါ်မြင့်မြင့်သိန်း ( DSL ) မှ အလှူတော်ငွေ = ၂ သိန်း ၅ သောင်းကျပ်၊

၂။ စင်္ကာပူ Singapore နိုင်ငံ၌ နေထိုင်သော မောင်ဇော်ဝင်းထိုက် မှ အလှူတော်ငွေ = ၁ သိန်း ၂ သောင်းကျပ်၊

၃။ ရန်ကုန်မြို့၌ နေထိုင်သော ဒါယိကာမကြီး ဒေါ်တင့်တင့်သိန်း ( ဓမ္မနန်းတော်အသင်းအဖွဲ့၏ ဘဏ္ဍာရေးမှုး၊ အန်တီတင့် ဘလော့ဂါ ) မှ အလှူတော်ငွေ = ၅ သောင်းကျပ်၊
စုစုပေါင်း အလှူတော်ငွေ ( ၄ သိန်း ၂ သောင်းကျပ် ) တိတိ

လှူဒါန်းနိုင်ခဲ့သော စာအုပ်များစာရင်း

၁။ အဂုင်္တ္တိုရ် ပါဠိတော် တတိယအုပ်၊ တအုပ် ၅၅၀၀ ဖြင့် အုပ်ရေ ၅ အုပ် ၂၇၅၀၀ ကျပ်၊
၂။ ဓမ္မပဒ ပါဠိတော် ဒုတိယအုပ်၊ တအုပ် ၄၀၀၀ ဖြင့် အုပ်ရေ ၅ အုပ် ၂၀၀၀၀ ကျပ်၊
၃။ တိပိဋက မဉ္ဇူသာ ၁ အုပ် ၄၅၀၀ ကျပ်၊
၎။ပါစိတျာဒိ အဋ္ဌကထာ ၃ အုပ်၊ တအုပ် ၅၀၀၀ ဖြင့် ၃အုပ် ၁၅၀၀၀ ကျပ်၊
၅။ အဂုင်္တ္တိုရ် အဋ္ဌကထာ တတိယအုပ်၊ တအုပ် ၅၅၀၀ ဖြင့် ၂ အုပ် ၁၁၀၀၀ ကျပ်၊

၆။ အဂုင်္တ္တို၇် နိသျ ပဉ္စမအုပ်၊ တအုပ် ၆၀၀၀ ကျပ်၊
၇။ အဂုင်္တ္တို၇်ပါဠိတော် ပထမအုပ်၊တအုပ် ၅၅၀၀ ဖြင့် ၁၂ အုပ် ၆၆၀၀၀ ကျပ်၊
၈။ အံ ပါဠိတော် ဒု အုပ်၊ တအုပ် ၅၅၀၀ ဖြင့် ၆ အုပ် ၃၃၀၀၀ ကျပ်၊
၉။ ပါစိတ် ပါဠိတော် တအုပ် ၅၀၀၀ ကျပ်၊
၁၀။ စူဠ၀ါ ၀ါဠိတော် တအုပ် ၅၀၀၀ ဖြင့် အုပ်ရေ ၁၁ အုပ် ၅၅၀၀၀ ကျပ်၊

၁၁။ ပါရာဇိက ပါဠိ တအုပ် ၄၅၀၀ ကျပ်၊
၁၂။ သီလက္ခန်ပါဠိတော် တအုပ် ၃၀၀၀ ကျပ်၊
၁၃။ အံ အဋ္ဌကထာ ဒုတိယအုပ် တအုပ် ၅၅၀၀ ကျပ်၊
၁၄။ မဟာဝါ ပါဠိတော် တအုပ် ၅၅၀၀ ဖြင့် ၉ အုပ် ၄၉၅၀၀ ကျပ်၊
၁၅။ ပရိဝါ ပါဠိတော် တအုပ် ၅၀၀၀ ဖြင့် ၄ အုပ် ၂၀၀၀၀ ကျပ်၊

၁၆။ ဓမ္မပဒ ပထမတွဲ တအုပ် ၃၅၀၀ ဖြင့် ၃ အုပ် ၁၀၅၀၀ ကျပ်၊
၁၇။ ဋီကာကျော် တအုပ် ၁၈၀၀ ကျပ်၊
၁၈။ ကင်္ခါ ၀ိတရဏီ အဋ္ဌကထာ ၂၅၀၀ ကျပ်၊
၁၉။ ရူပသိဒ္ဓိ ပါဠိ ၂၅၀၀ ကျပ်၊
၂၀။ ပထမဆင့် မေးခွန်းအဖြေစုံ ၂၅၀၀ ကျပ်၊
၂၁။ ဒုတိယဆင့် မေးခွန်းအဖြေစုံ ၃၇၀၀ ကျပ်၊
၂၂။ ပိဋကတ်စာအုပ်များ ဂျပ်ထူဖုံးခ ၆၉၀၀၀ ကျပ်၊
စုစုပေါင်း စာအုပ်အတွက် ကုန်ကျငွေ = ၄ သိန်း ၁ သောင်း ၈ ထောင်ကျပ်၊

အလှူရှင်များ ပေးပို့လှူဒါန်းငွေ = ၄ သိန်း ၂ သောင်းကျပ်၊
စာချဆရာတော်သို့ လှူငွေ = ၄ သိန်း ၂ သောင်းကျပ်၊
ကြွင်းကျန်ငွေ - မရှိ
မယ်တော်ကြီးနှင့် အောင်မြေသာစံ ချောင် ဆရာကြီးတို့ ရေစက်ချတရား နာယူနေပုံ
စစ်ကိုင်းတောင်ရိုး၊ သာသနပါလချောင်မှ ဆရာကြီးများ လှူဒါန်းနေကြပုံ

သံသရာလွတ်ဖို့ သော့နှစ်ချောင်း ( သဒ္ဓါ နှင့် ပညာ )

သဒ္ဓါတရားသာ အားကောင်းပြီး ပညာ မပါလျင် မျက်ကန်းယုံ၊ အကန်းယုံအားဖြင့် အလွဲအမှားများကို ယုံကြည်ကာ အပါယ်ကျတတ်တတ်သကဲ့သို့ ပညာ အားကောင်းပြီး နောက်က သဒ္ဓါတရား ပါမလာပြန်လျင်လည်း ယုတ်မာ ကောက်ကျစ်သူ၊ လိမ်ညာလှည့်စားတတ်သူ အဖြစ်သို့ ရောက်ရှိကာ အောက်ကို ဆင်းရတတ်ပြန်သည်။
ထို့ကြောင့် သံသရာ ခရီးကို လျောက်လှမ်းနေစဉ် သဒ္ဓါတရား faith နှင့် ပညာ wisdom ထိုနှစ်ပါးကို ညီမျှအောင် ထားနိုင်ပါမှ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်မည် ဟူသော မြတ်စွာဗုဒ္ဓ မိန့်ကြားချက်ကို သတိရမိသေးသည်။

အချုပ်အားဖြင့် ( ၈ ) ကြိမ်မြောက်မှသည် အကြိမ်ပေါင်းများစွာ လောကအကျိုး၊ ဘာသာ သာသနာ အကျိုးကို ကိုယ်စွမ်းအား စိတ်စွမ်းအား ဥာဏ်စွမ်းအား ရှိသမျှ သယ်ပိုးနိုင်ကြပါစေ ဟု အလှူရှင်အားလုံးတို့အား ဆန္ဒပြု ဆုတောင်းမိပါသည်။
ပြုပြုခဲ့သမျှသော ကုသိုလ်ကောင်းမှုတို့အတွက် ၃၁ ဘုံသားအားလုံးတို့အား အမျှ အမျှ ပေးဝေပါသည်။

မေတ္တာဖြင့်-
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date- 12.Feb.2012

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP