* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, February 11, 2012

ကိုယ့်လူမျိုးကိုချစ်ပါ၊ ကိုယ့်ဘာသာကိုတန်ဖိုးထားပါ..


ငါ့ကိုအထင်မကြီးပါနဲ့ ငါ့ကိုအတုယူပါ။ တိုင်းပြည်ကိုချစ်ပါ ဘာသာကိုမြတ်နိုးပါ လူမျိုးကိုလေးစားပါ အစဉ်အလာကိုထိမ်းသိမ်းပါ။။(ဗိုလ်ချုပ်)

တစ်နေ့ကစာရေးသူအပါအ၀င် မြန်မာအမျိုးသမီးတစ်ယောက်က ဆွမ်းစားပင့်လို့ ကန္ဒီမြန်မာကျောင်းကိုသွားဖြစ်ပါတယ်။ သူကတော့ အမြဲတမ်းလိုလိုဆွမ်းကပ်ပင့်လေ့ရှိပါတယ်။ မြန်မာအစားအစာဘုဉ်းပေးချင်တယ်ဆိုရင်လဲ သူ့ဆီသာဖုန်းဆက်လိုက်အချိန်မရွေး ချက်ကပ်လေ့ရှိပါတယ်။ အခုပြောချင်တာက အဲဒီကျောင်းမှာတွေ့ဖြစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူက ဒီနိုင်ငံသားနှင့်အိမ်ထောင်ကျနေတယ်ပေါ့။ အဲဒါနဲ့ပက်သက်ပြီး ဆွမ်းစားလို့အပြီးမှာပဲ ဦးဇင်းတစ်ပါးက ဘာထပြောလဲဆိုတော့ “ဒီကုလားတွေကွာ တို့မြန်မာအမျိုးသမီးတွေကိုပဲ မ မ သွားတယ်၊ တို့က မ ရတယ်လို့ကိုမရှိဘူး”တဲ့။ သူပြောချင်တာက မြန်မာအမျိုးသမီးတွေကိုပဲ ကုလားကယူယူသွားတယ်ပေါ့၊ မြန်မာလူမျိုးက ကုလားမကိုယူရတယ်ဆိုတာမရှိဘူးလို့ပြောချင်တာပါ။ ဒီနိုင်ငံသားကုလားက ဗုဒ္ဓဘာသာဖြစ်နေတော့ မဆိုးဘူးလို့ပဲပြောရမှာပေါ့။(Complexion က မည်းနေသောကြောင့်သာကုလားလို့အမည်ပေးလိုက်တာပါ။) အဓိကကတော့ တစ်ခြားသော ဗုဒ္ဓဘာသာမဟုတ်သောသူများကို မိမိကအိမ်ထောင်မပြုမိဖို့ပါ။ မိမိရဲ့အမျိုးအနွယ်ကိုစောင့်ထိန်းသွားတတ်ဖို့သိပ်အရေးကြီးပါတယ်။ တစ်ခြားသောဘာသာခြားတွေက မြန်မာလူမျိုးတွေကိုဝါးမျိုးဖို့ချောင်းနေတာပါ၊ ဗုဒ္ဓဘာသာမဟုတ်သောဘာသာခြားများကိုပြောချင်တာပါ။ ဘယ်လိုချောင်းနေလဲဆိုတာလေးကိုပြောပြပါဦးမယ်။ ပိုပြီးရှင်းအောင် ပုံပြင်လေးဆောင်၍ပေါ့။
တစ်ခါတုန်းက ၀ံပုလွေနှင့် သိုးငယ်တို့ ချောင်းငယ်တစ်ခုတွင်ရေသောက်နေရာ ရန်စလိုသော ၀ံပုလွေတစ်ကောင်ကစပြောတယ်။ ရေစီးနေသော ချောင်းငယ်တစ်ခုတွင် ၀ံပုလွေက အထက်ဘက်ကရေသောက်နေတယ်။ သိုးငယ်တစ်ကောင်က အောက်ဘက် အတန်ကွာတွင် ရေသောက်နေပါတယ်။ ၀ံပုလွေက သိုးငယ်ကို စားချင်၍ သည်အတိုင်းသတ်စားလျှင် မတရားဖြစ်မည်စိုးသောကြောင့် ရန်စရှာလိုက်ပါတယ်။
ဝံပုလွေ” ဟေ့ သိုးငယ်၊ မောင်မင်းဟာ ငါရေသောက်နေတုန်းမှာ လာပြီးမွှေနှောက်လို့ ငါရေနောက်ကို သောက်နေရတယ်”။
သိုးငယ်”ရေဟာ အထက်ဘက်အရှင့်ဆီက အောက်ဘက်ကျွန်တော့ဆီကို စီးနေတာဖြစ်လို့ ကျွန်တော့်ကြောင့် အရှင်ရေမနောက်နိုင်ပါ”
ဝံပုလွေ” ဒါဖြင့် မောင်မင်း၊ မနှစ်က ငါ့ကို ဆဲတယ်လို့ ကြားတယ်”။
သိုးငယ်”ကျွန်တော် မနှစ်က မမွေးသေးပါ၊ ယခုမှ (၃)လသားရှိပါသေးတယ်”
ဝံပုလွေ”ဒါဖြင့် ဆဲတာဟာ နင်မဟုတ်ရင် နင့်အဖေဖြစ်မှာပဲ။ ဘာပဲဖြစ်ဖြစ် နင်တို့တွေဟာ အတူတူပဲ” ဆို၍ သိုးငယ်ကို သတ်ဖြတ်ကိုက်စားလိုက်ပါတော့တယ်။
ဒီနေရာမှာပြောချင်တာက တစ်ခြားသောဘာသာခြားတွေက မြန်မာလူမျိုးတွေကို အဲဒီလိုမတရားတဲ့နည်းတွေနဲ့ အသုံးပြုပြီးယူယူသွားတယ်လို့တော့မပြောချင်ပါဘူး။ အကယ်၍ သူတို့က ဒီလိုနည်းတွေဖြင့်ရန်စလာတယ်ဆိုရင်တောင် မိမိဘက်က ကာကွယ်နိုင်စွမ်းရှိဖို့ပါ။ မြတ်ဗုဒ္ဓက- သူတစ်ပါးဘာသာကို ကဲ့ရဲ့၊ ရှုတ်ချပြီး ကိုယ့်ဘာသာကို ချီးမွမ်းခြင်းသည် ကိုယ့်ဘာသာကို သေတွင်းထဲပို့လိုက်တာနဲ့တူတယ်လို့ ကေသမုတ္တိသုတ်မှာဟောထားပါတယ်။ ဒါကြောင့် ဒီနေရာမှာ သူတစ်ပါးဘာသာကိုအပြစ်ပြောခြင်းမဟုတ်ပါ၊ မိမိဘာသာကို မိမိကိုယ်တိုင်း Maintain လုပ်သွားဖို့ပါ။ အဲဒီတော့ မိမိပတ်ဝန်းကျင်မှာ အမြင်မတော်တာတွေ့ရှိပါက လမ်းပြသွားဖို့ပါ။ ကိုယ်က ငါ့သားသမီးမဟုတ်ဘူး၊ငါ့မိတ်ဆွေသူငယ်ချင်းမဟုတ်ဘူး၊ ငါနဲ့မသိဘူး၊ ငါနဲ့လဲမဆိုင်ဘူးဆိုပြီး ကိုယ့်လူမျိုးအချင်းချင်းပြစ်မထားပါနဲ့၊ စွမ်းနိုင်သလောက်ကူညီပါ။ စွမ်းနိုင်သလောက်တားမြစ်ပါ။ အဲဒီလိုမှမလုပ်ဘူးဆိုရင် မြန်မာလူမျိုးအမြစ်ပါပြုတ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိက တစ်ခြားသောဘာသာဝင်တစ်ယောက်ကို convert ဖြစ်အောင်မလုပ်နိုင်ရင်တောင် မိမိကတစ်ခြားသောဘာသာဝင်အတွက် convert မဖြစ်သွားဖို့ပါ။ မိမိဘာသာကို တန်ဖိုးထားပါ၊ စောင့်ရှောက်ပါ၊ ချစ်မြတ်နိုးပါ။ ဗုဒ္ဓဘာသာသည် Freedom ဖြစ်တယ်၊ Fearless ဖြစ်တယ်၊ Fair ဖြစ်တယ်။ တစ်ခြားသောဘာသာတွေနဲ့မတူပါဘူး၊စာဖတ်သူကိုယ်တိုင်နိုင်ယှဉ်ကြည့်တတ်ဖို့ပါ။ ဒီလောက်ဆိုရင် မိမိဘာသာကို ဘယ်လိုတန်ဖိုးထားရမလဲ၊ ဘယ်လိုချစ်မြတ်နိုးရမလဲ၊ ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ မိမိရင်ထဲမှာအမြဲတမ်းထည့်ထားလိုက်ပါ။ စာဖတ်သူအားလုံး အမျိုးဘာသာ, သာသနာကိုတန်ဖိုးထားတတ်ပါစေ..တန်ဖိုးထားသည့်အလျောက်စောင့်ရှောက်နိုင်ပါစေ…. စောင့်ရှောက်သည့်အလျောက်တိုးတက်သွားအောင်လုပ်ဆောင်နိုင်ကြပါစေ….

လပြည့်ဝန်း(သာစည်)
ကိုယ့်လူမျိုးကိုချစ်ပါ၊ ကိုယ့်ဘာသာကိုတန်ဖိုးထားပါ၊ မြတ်နိုးပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP