* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 8, 2011

စာတွေ့ နှင့် လက်တွေ့ 

ကင်းတောရဆရာတော် အမိန့် ရှိသော ဈာန်မဂ်ဖိုလ် တရားများနှင့် စပ်၍လာတိုင်း

ပါဠိ၊ အဋ္ဌကထာ နှင့် တိုက်ရိုက်ညီညွှတ်မှသာလျှင် ထောက်ခံပြောဆို၍ မညီညွှတ်ဟု

ထင်မြင်သောအရာ၌ ကန့် ကွက်၏။ ငြင်းဆန်၏။ ပဋိပတ် အလုပ်စခန်းတွင် အချို့ နေ

ရာ၌ ချွတ်စွပ်အံမဝင်သောအရာ များလည်း ရှိနိုင်ကြောင်း ကင်းတောရ ဆရာတော်က

ရှင်းပြ၏။

ကိုသီးလုံး ဥတ္တရိ နုဿဓမ္မ (လောကုတ္တရာစခန်း) အရာ၌ ထင်မြင်တွေ့ ရှိသည်များမှ အ

ချင်းခပ်သိမ်း ကျမ်းဂန်အဆိုနှင့် တကြံတည်း ညီညွှတ်မှ မှန်ကန်သည် မဟုတ်ချေ။ ကျမ်းဂန်

တွင် မလာသောအရာတို့  ကားများစွာ၏။ ကျမ်းဂန်ဟူသည် ပုဂ္ဂိုလ်အစားစား စရိုက် အစား

စား ဉာဏ်အစားစားသို့ လိုက်၍ ယေဘုယျ နည်းမျှသာ ဖြစ်ပေ၏။ ကျမ်းဂန်ကို မှားသည်ဟု

ကား ဆိုဘွယ်မရှိ။

သုတ္တဟူသည် တံမျဉ်းချည် ဟူသည့်အတိုင်း လက်သမားတို့ စူးဆောက်ဖောက်ရန် သာမန်အလျား

အတားမျှဖြစ်၍ အမှန်တကယ် ဖောက်ထွင်းသောအခါ အကွေ့ အကောက် အတိမ်အနက် တသမတ်

တည်း မတူရာချေ။ တံမျဉ်းချည်ရာကို လွှတ်၍လည်း မဖောက်ထွင်းသကဲ့သို့  ဘုရားရှင်၏ သုတ္တများ

လည်း ထို့ အတူပင်ဖြစ်သည်။ စရိုက်အားလုံး ခြုံငုံမိရုံ သဘောအချုပ်မျှသာ ရှိပေ၏။ မှားသောအရာ

လည်း မရှိစကောင်း။

ကျမ်းဂန်နှင့် အလုံးစုံမညီညွှတ်လျှင် ဈာန် အဘိညာဉ် မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပြီဟု မယူသာချေ။ ဘုရား

ဟော ဒေသနာသည်ကား စင်စစ်အားဖြင့် ဖြည့်စွက်ပယ်နုတ်ရန်မလို။ အလုံးစုံ ပြည့်စုံ၏။ မိမိကိုယ်တွေ့ 

ကိုစာနှင့်ညှိနှိုင်းသည့် အသိဉာဏ်သာလိုပေသည်။

ကိုသီလုံး မြတ်စွာဘုရား၏ ပါဠိတော် ဒေသနာတော်တွေကတော့ စစ်မှန်ရုံမျှသာမက ပူပူနွေးနွေးမျှသာ

ရှိပေသေး၏။ သဒ္ဒါ ဝီရိယသာလိုပေသည်။ ကိုသီးလုံးကိုလည်း သာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ သဒ္ဒါ

ပညာ ညှိ၍ မြဲမြံသော သတိကို ဝီရိယကြီးကြီးနှင့် ထူးထောင်ရစ်ပေတာ့.........ဟုမိန့် တော်မူ၍ ပြောပြော

ဆိုဆို သင်္ကန်းတော်ကို ခါတွက်၍ ထိုနေရာမှပင် ကောင်းကင်သို့  တက်ကြွတော်မူလေ၏။

အားထုတ်ပုံနှင့် ကျမ်းဂန်မတူ ဟူရာ၌လည်း အမည်ဝေါဟာရ မျှကိုသာ စွဲဆိုသည်ဖြစ်ရာ၏။ သဘောအနက်

အားဖြင့်ကား တူညီသည်ဟူ၍သာ ယူသင့်ပေသည်။

ဥူးခေမာစာရ (ကင်းတောရ ဆရာတော်)

(သီးလုံးတောရ ဆရာတော် ဘုရားကြီး အရှင် စန္ဒိမာ ထေရုပ္ပတ္တိမှ)


by Ukhin Crays on Wednesday, September 7, 2011 at 2:04pm

Read more...

လွတ်လပ်မှုရဲ့ နောက်ကွယ်တွင်

လူတိုင်းလူတိုင်း လွတ်လပ်မှုကို သဘောကျကြမှာ ဖြစ်ပါတယ်။ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝဟာ ပြောမယ်ဆိုရင်တော့ ကျေနပ်စရာပါပဲ။ ကိုယ်သွားချင်သလိုသွား၊ ကိုယ်လုပ်ချင်သလိုလုပ်၊ ကိုယ်နေချင်သလိုနေ၊ ကိုယ်ပြောချင်သလိုပြော၊ ကိုယ်စားချင်သလိုစား၊ ကိုယ်သောက်ချင်သလိုသောက် စသဖြင့် ကိုယ့်စိတ်နဲ့ကိုယ့်ကို ဘယ်သူ့အလိုမှ မပါဘဲ ကျင်လည်နေရတဲ့ဘဝ ဘယ်လောက်များ ကောင်းလိုက်မလဲပေါ့။ ဒါက အနှောင်အဖွဲ့ ဘောင်တွေနဲ့ နေနေရတဲ့သူတွေ အနေနဲ့ တောင့်တတတ်တဲ့ လွတ်လပ်မှုရဲ့ တမ်းချင်းဆိုလည်း မမှားပါဘူး။ လူရဲ့စိတ်ကလည်း မလုပ်နဲ့ဆိုတဲ့ အရာကိုမှ လုပ်ချင်နေတတ်ကြတာ ဆိုတော့ အနှောင်အဖွဲ့တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်ကနားတွေနဲ့ ထိန်းချုပ်ထားတဲ့အခါ ဒီအနှောင်အဖွဲ့ အကန့်တွေကနေပြီး ရုန်းထွက်ကာ လွတ်လွတ်လပ်လပ် နေပစ်ချင်ကြတာ အမှန်ပါပဲ။ ဆိုတော့ကား လွတ်လပ်မှုကိုတောင့်တပြီး လွတ်လပ်မှုကို ရလာတဲ့အခါ အဲဒီလွတ်လပ်မှုရဲ့ နောက်ကွယ်မှာကျတော့ကော လွတ်လပ်မှုဟာ တကယ်လွတ်လပ်ရဲ့လားဆိုတော့…။

ဟုတ်ပါတယ်။ သူသူကိုယ်ကိုယ် လွတ်လပ်တာတော့ လွတ်လပ်ချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် တကယ်လွတ်လပ်တဲ့ အခါမှာတော့ အဲဒီလွတ်လပ်မှုရဲ့နောက်မှာ မလွတ်လပ်တာတွေက ရောက်လာ နေတတ်တယ်ဆိုတာ လွတ်တုန်းခဏမှာတော့ အားလုံးက သတိပြုမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်မှုကို လိုချင်လို့ လွတ်လွတ်လပ်လပ် နေပစ်လိုက်တာရဲ့ နောက်ကွယ်မှာ မလွတ်မလပ်တွေ ဖြစ်လာတဲ့ အခါမှာတော့ လွတ်လပ်မှုဟာ နေရာတကာတိုင်း မကောင်းပါလားဆိုတဲ့ နောင်တလေးတွေ ဖြစ်တတ်တယ်ဆိုတာ လွတ်နေသူတွေ အနေနဲ့ သတိထားမိကြမှာ မဟုတ်ပါဘူး။ လွတ်လပ်တာကောင်းပေမယ့် လွတ်တိုင်းမကောင်းဘူးဆိုတာ ကိုယ့်ကိုယ်ကို မထိန်းနိုင်သူတွေ အနေနဲ့ အထူးသတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။

သိတဲ့အတိုင်းပဲ။ လူ့ရဲ့စိတ်ဟာ တစ်ခါတစ်လေ ထိန်းချုပ်နေတဲ့ကြားထဲကကိုပဲ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူဖြစ်ချင်သလို၊ သူတပ်မက်ချင်သလို ဖြစ်နေတာဆိုတော့ ထိန်းချုပ်မှု မရှိဘဲ လွတ်လွတ်လပ်လပ်သာ လွတ်ထားလိုက်လို့ကတော့ စိတ်ကဆွဲရာနောက် အကုန်ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ စိတ်က ဆွဲပြီဆိုရင်လည်း ကောင်းတဲ့အာရုံ၊ ကောင်းတဲ့အလုပ်တွေမှာတော့ ဆွဲမှာမဟုတ်ပါဘူး။ မကောင်းတဲ့အာရုံ၊ မကောင်းတဲ့ အလုပ်တွေမှာပဲ ဆွဲသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ စိတ်ကကိုယ့်ကို အဲဒီလို မကောင်းတဲ့အာရုံတွေမှာ ဆွဲစေသွားရင်တော့ ကိုယ်ကိုယ်တိုင်လည်း အဲဒီမကောင်းတဲ့ အာရုံတွေမှာ စွဲနေတော့တာ အမှန်ပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လွှတ်ထားတဲ့စိတ်ဟာ မကောင်းတဲ့အာရုံတွေရှိရာကို ဆွဲခေါ်သွားတတ်ပြီး အဲဒီလွတ်လပ်တဲ့စိတ်ရဲ့ ခေါ်ရာနောက်ကို ထိန်းချုပ်မှုမရှိဘဲ လိုက်မိသွားရင်တော့ ကိုယ်လည်းပဲ အဲဒီမကောင်းတဲ့ အာရုံတွေမှာ စွဲနေတော့တာ ဖြစ်ပါတယ်။ မကောင်းတာတွေမှာ စွဲနေမိရင်တော့ ကြာရင်လွတ်လပ်မှု မရှိတော့ဘဲ နောက်တော့တဖြည်းဖြည်း လွတ်လွတ်လာတော့တာ ဖြစ်ပါတယ်။ လွတ်လာရင် ကျွတ်လာတတ်ပြီး ကျွတ်လာရင်တော့ လွှင့်သွားကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လိုရာက မလွတ်ဘဲ လွှင့်သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဆိုတော့ကား လွတ်လပ်မှုဟာ ကောင်းပေမယ့် လွတ်လပ်မှုရဲ့ဒဏ်ကို မထိန်းချုပ်နိုင်သေးတဲ့ သူတွေအနေနဲ့ အထိန်းအကွပ်ဆိုတာတော့ ရှိဖို့လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုတွေ ရှိနေတာတောင် မကောင်းတဲ့အာရုံတွေမှာ မရရအောင် လိုက်လုပ်တတ်တဲ့ သဘောရှိနေတာ ဆိုတော့ ကိုယ်ကလည်းစိတ်ကို လွှတ်ထားမယ်၊ ပတ်ဝန်းကျင်ရဲ့ ထိန်းချုပ်မှုကလည်း မရှိဘူးဆိုရင် ဘယ်လောက်များ လွတ်သွားကြမလဲဆိုတာ တွေးကြည့်ဖို့တောင် လွယ်မယ်မထင်လှပါဘူး။ ဒါကြောင့် တစ်ချို့ ကိုယ်ကိုယ်တိုင်ကလည်း မရင့်ကျက်သေး၊ မိဘဆရာသမား၊ မိတ်ကောင်းဆွေကောင်း စတဲ့ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း ဝေးနေသေးတဲ့ လူငယ်တွေဆိုရင် လွတ်လပ်မှုကို လွတ်လပ်သလို နေပစ်လိုက်ကြတော့ လွတ်လွန်းအားကြီးပြီး လွှင့်ကုန်တဲ့အထိ ဖြစ်ကုန်ကြတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လွတ်လပ်လပ် နေလို့ရတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ရောက်နေကြတဲ့ သူတွေဆိုရင် ပိုလိုတောင် ဆိုးနိုင်ပါသေးတယ်။

ဘုန်းဘုန်းတို့ ကိုယ်တိုင်လည်း နိုင်ငံခြား တိုင်းပြည်မှာ ရောက်နေတာဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ လွတ်လပ်မှုကို ခံစားမိပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လှပြီး ဝတ္ထုကြေးငွေလည်း ရှာလို့ရနေတဲ့ နိုင်ငံတွေဆိုတော့ လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုရင် ကြိုက်သလို နေလို့ရတဲ့ အနေအထားတွေက အများကြီးပါပဲ။ ပိုဆိုးတာက မိဘဆရာသမား စတဲ့ အကြီးအကဲ အထိန်းအကွပ်တွေနဲ့ပါ ဝေးနေတာတွေက လွတ်လပ်မှုကို ပိုဖြစ်စေတဲ့ သဘောမျိုးလို ဖြစ်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း နေကြရမှာ ဖြစ်ပါတယ်။ မထိန်းလို့ကတော့ လွတ်ချင်သလို လွတ်နေကြမှာ အမှန်ပဲဖြစ်ပါတယ်။

ဘုန်းဘုန်းတို့နဲ့သိတဲ့ ဒကာလေး တစ်ချို့ဆိုရင် မြန်မာပြည်မှာတုန်းက အခြေအနေနဲ့ ပြည်ပကိုရောက်သွားပြီးမှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ အများကြီးကို ကွာခြားသွားတော့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းက မိဘညီအစ်ကို မောင်နှစ်မတွေရဲ့ ထိန်းချုပ်မှုက ရှိနေသေးတော့ တော်ရုံတန်ရုံ မကောင်းတာတွေ လုပ်ချင်တာတောင်မှ မလုပ်ဖြစ်ဘဲ နေခဲ့ရတဲ့ အခြေအနေက ပြည်ပကိုရောက်လာပြီး အထိန်းအကွပ်လည်းဝေး၊ ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သောက်သောက်စားစား သမားလေးတွေ ဖြစ်နေလေတော့ အရင်တုန်းက မလုပ်ဖူးတဲ့ အလုပ်တွေအထိ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ အခုဆိုရင် ကောင်းကောင်းလည်းသောက်တတ်၊ ကောင်းကောင်းလည်း လောင်းကစားလုပ်တတ်၊ ကောင်းကောင်းလည်း အမျိုးသမီး လိုက်စားတတ်နေပြီး ရှာသမျှလည်း မစုမိသလောက်ကို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီအလုပ်တွေမှာ စွဲမိရာက အရင်တုန်းက လုပ်ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုလေးတွေတောင် မလုပ်ဖြစ်ဘဲ နေချင်သလို နေပစ်လိုက်တော့တာ ဖြစ်ပါတယ်။ အသောက်အစား များလာရင် မေ့လျော့မှုတွေလည်း များလာတတ်ပြီး နောက်ဆုံးရတနာသုံးပါးပါ မေ့လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်မှုကို လိုက်မိရာက အထိန်းအကွပ်မရှိ လွတ်လပ်မိခြင်းရဲ့ နောက်ကွယ်က ဆိုးကျိုးတစ်စိပ်တစ်ဒေသပဲ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်မှုဟာ ကောင်းပေမယ့် ကိုယ့်အကျိုးကို ထိခိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ်ရှိတယ်ဆိုပြီး စိတ်ထင်သလို ဗရမ်းဗတာ လုပ်ပစ်လိုက်တဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ် ပြောတာကို ကြိုက်တဲ့အတွက် ကိုယ့်အတွက်လည်း မကောင်း၊ အများအတွက်လည်း ထိခိုက်မယ့် အပြောအဆိုမျိုးကို ပြောဆိုတဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်တွေးချင်သလိုတွေးနိုင်၊ ကိုယ်စဉ်းစားချင်သလို စဉ်းစားနိုင်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အတွေးမျိုး၊ ကိလေသာရာဂတရားကို တိုးပွားစေမယ့်အတွေးမျိုး၊ သူတပါးအကျိုး ပျက်ဆီးရာပျက်ဆီးကြောင်း ဖြစ်စေမယ့်အတွေးမျိုးကို အချိန်ပြည့် တွေးနေတဲ့အထိတော့ မလွတ်လပ်သင့်ပါဘူး။ အဲဒီလို လွတ်လပ်တိုင်း လွတ်လွတ်လပ်လပ် နေထိုင်ပြောဆိုကြံစည် လိုက်မယ်ဆိုရင် အရင်ဆုံး ထိခိုက်မှာက ဘယ်သူလဲဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လွတ်လွတ်လပ်လပ် ရှိတာကောင်းတယ်၊ အနှောင်အဖွဲ့တွေမရှိတာ ကောင်းတယ်လို့ လက်ခံပြီး ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တဒင်္ဂအခိုက်အတန့် လွတ်လပ်မှုကို ရှာဖွေတာဟာ တကယ်မလွတ်လပ်ဘဲ ပိုပြီးတောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့ သဘောရှိပါတယ်။ အမှန်တကယ် လွတ်လပ်ချင်တယ် ဆိုရင်တော့ အဲဒီတဒင်္ဂ အနှောင်အဖွဲ့တွေက ရုန်းထွန်နိုင်အောင်၊ လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး လွတ်လပ်မှုပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ရှိအောင်ဆိုပြီး ရှာဖွေထားတဲ့ အပျော်အပါးများ၊ အာရုံတရားများ၊ ကိလေသာတရားများဟာ လွတ်လပ်မှု မဖြစ်ဘဲ ပိုလို့တောင် အနှောင်အဖွဲ့ကို ဖြစ်စေတတ်တဲ့အတွက် အဲဒီအနှောင်အတွေကနေ ရုန်းထွန်းနိုင်မှသာ တကယ်လွတ်လပ်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ အဓိကကတော့ တကယ်လွတ်လပ်ချင်တယ်ဆိုရင် လွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက သတ္တဝါအများ တောင့်တထားတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်မှု မဟုတ်ဘဲ ပိုလို့တောင် ကျဉ်းကြပ်စေတဲ့ လွတ်လပ်မှုရဲ့ နောက်ကွယ်က မလွတ်မလပ်မှုရဲ့ အနှောင်အဖွဲ့များသာ ဖြစ်တဲ့အတွက် တကယ်လွတ်လပ်စေတဲ့ ရွေးချယ်မှု မဟုတ်ကြောင်း၊ တကယ်လွတ်လပ်မှုဆိုတာ အနှောင်အဖွဲ့မှန်သမျှ၊ ကိလေသာမှန်သမျှ၊ အာရုံမှန်သမျှကနေ ရုန်းထွက်နိုင်ခြင်းသာဖြစ်တဲ့အတွက် အဲဒီအရာများကနေ ရုန်းထွက်ကြရမှာ ဖြစ်ကြောင်း၊ ဒီလိုရုန်းထွက်နိုင်ဖို့အတွက် အနှောင်အဖွဲ့ကို ပြတ်တောက်စေနိုင်တဲ့ သီလကို အခြေခံတဲ့ သတိပဋ္ဌာန် အကျင့်မှန်ကိုသာ ကြိုးစားကျင့်ကြံ အားထုတ်ပြီး မလွတ်လပ်တဲ့အရာတွေကို လွတ်လပ်အောင် ဖြတ်တောက်ရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လွတ်လပ်မှုကို လိုချင်တောင့်တပြီး လွတ်လွတ်လပ်လပ်ရှိအောင် စိတ်လွတ်ကိုယ်လွတ်နဲ့ အာရုံအမျိုးမျိုးနောက်ကို တကောက်ကောက်လိုက်ရင်း လွတ်လပ်မှုကို ရှာနေကြတဲ့ သူတွေအနေနဲ့ မိမိတို့ ရှာနေ၊ လိုက်နေကြတဲ့ လွတ်လပ်မှုများဟာ တကယ်လွတ်လပ်စေတဲ့ လွတ်လပ်မှု မဟုတ်ဘဲ အနှောင်အဖွဲ့ကို ပိုလို့တောင် ဖြစ်စေတဲ့ အရာများသာဖြစ်ကြောင်း သတိပြုဆင်ခြင်ပြီး တကယ်လွတ်လပ်မှုကို ဖြစ်စေနိုင်တာဟာ ကိလေသာအနှောင်အဖွဲ့ အားလုံးကို ဖြတ်တောက်စေနိုင်တဲ့ သတိပဋ္ဌာန် အကျင့်မှန်လမ်းစဉ်သာ ဖြစ်တဲ့အတွက် အမှန်လွတ်မြောက်စေဖို့ သတိပဋ္ဌာန်အကျင့်ကိုသာ ကျင့်လိုက်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

Read more...

တရားမင်းသခင် - ၂၅။ ၀တ္ထုကာမ


နှင်းထုဖုံးသော ဟိမ၀န္တာ တောင်ထွတ်တို့ကို နမ်းရှိုက်ပြီး ထင်းရှူးတော စန္ဒကူးတောတို့ကို ပွေ့ဖက်မွှေ့ရမ်း လာခဲ့သော နှင်းမုန်တိုင်းသည် ကပိလ၀တ်သို့ ခပ်ကြမ်းကြမ်း ၀င်ရောက်လာ၏။ နှင်းမုန်တိုင်းသည် ကြောက်မက်ဖွယ် အသံများ ကြုံးဝါးလျက် ရှိနေ၏။ တစ်ခဏ အတွင်းမှာပင် ကပိလ၀တ် နန်းတော်ဝင်း တစ်ခုလုံး နှင်းထု ဖုံးသွား၏။ သုဒ္ဓေါဒနမင်းကြီး စံတော်မူနေသည့် နန်းတော်ထဲထိ အအေးဓာတ် လွှမ်းမိုး ၀င်ရောက်လာသည်။ ချမ်းခိုက်ခိုက် တုန်နေသော အပူသည် မင်းကြီးသည် မြို့ပြင်မှာ ရှိနေမည့် သားတော်ဘုရားအတွက် စိုးရိမ်နေ၏။

သမားတော် သဉ္စယထံမှ ပြန်လာသူ ဆန္နနှင့် ကာဠုဒါယီတို့ မုန်တိုင်းမိနေကြ၏။ ဆန္နသည် မြင်းဆွဲယာဉ်ကို မောင်းနှင်နေသည်။ ယာဉ်၏ ဘီးများ နှင်းထုအတွင်းသို့ ကျွံနစ်နေသော်လည်း သူတို့နှစ်ယောက် ခရီးဆက်လျက် ရှိနေကြ၏။ ၎င်းတို့ မြို့ဝင်တံခါးကို ဖြတ်ကျော်ချိန်၌ မှောင်ရီပျိုးနေပြီ ဖြစ်၏။ ဘုရားရှင် တန့်ရပ်တော်မူခဲ့သည့် နေရာသို့ ခက်ခက်ခဲခဲ ပြန်လာခဲ့ကြရလေသည်။ သို့သော် ထိုနေရာတစ်ဝိုက်၌ ဘုရားရှင်ကို မတွေ့ရတော့ပေ။ ဘုရားရှင်၏ တပည့်သား သံဃာတော် တစ်ပါးတစ်လေမျှကိုပင် မတွေ့ရပေ။

“ဆန္န . . . တို့ ဘာ လုပ်ကြမလဲ။ ဘုရားရှင်ရဲ့ အရိပ်အရောင် ဘယ်မှာမှ မတွေ့ရဘူး။ နေရာအနှံ့လည်း နှင်းတွေ ဖုံးနေပြီ”ဟု ကာဠုဒါယီက ဆို၏။

ယာဉ်ကို ပစ်ထားခဲ့ပြီး ဘုရားရှင်နှင့် သံဃာတော်များကို လိုက်လံရှာဖွေပါက ယာဉ်၌ ကထားသည့် မြင်းများ အအေးဒဏ်ကြောင့် သေကြေ ပျက်စီးကြလိမ့်မည်ဟု ဆန္န တွေးနေစဉ် ကာဠုဒါယီက ဆို၏။

“ဆန္န . . . ပြန်နှင့်။ ယာဉ်ကို ယူသွား။ မုန်တိုင်း ကျနေပေမယ့် ငါကတော့ ဘုရားရှင်နဲ့ တပည့်သား သံဃာတော်တွေကို လိုက်ရှာအုံးမယ်။ ဘုရားရှင် တစ်ခုခု ဖြစ်ခဲ့ရင်တော့ ကြမ္မာဆိုးပဲ။ မြို့တော်ပြင်ဘက် လုံခြုံတဲ့ နေရာမှာ ဘုရားရှင် ရှိနေတယ်လို့သာ မင်းကြီးကို လျှောက်တင်လိုက်ပါ။ မင်းကြီးလည်း စိတ်ပူနေလောက်ပြီ။”

ကာဠုဒါယီသည် ဆန္န၏ စကားတုံ့ကို စောင့်ဆိုင်းမနေတော့ဘဲ နှင်းထုကြားရှိ ဆိုးရွားသည့် အအေးဒဏ် နှိပ်စက်ခံနေရသော လူနေအိမ်ခြေများဆီသို့ ပြေးထွက်သွား၏။ အမှောင်ထုသည် ပို၍ပို၍ သိပ်သည်းလာနေသည်။ အအေးဒဏ်ကြောင့် ကာဠုဒါယီ လေးလံတောင့်တင်း လာ၏။ ဤဒေသ၌ ဇာတ်နိမ့်တို့ နေထိုင်ကြသည်ကို သူ သိ၏။ သို့သော် ဤ ဒေသရှိ ဘယ်အိမ်ကိုမှ မရောက်ဖူးခဲ့ပေ။

အလင်းရောင် မြင်ရာအရပ်တိုင်းသို့ ကာဠုဒါယီ သွားရောက်စုံစမ်းတိုင်း ရဟန်းတော် လေးငါးပါးစီကိုသာ တွေ့ရ၏။ ဘုရားရှင်ကိုကား မတွေ့ရသေးပေ။

လူနေအိမ်ခြေ အစွန်းရှိ ဇာတ်မြင့်တစ်ဦး ပိုင်ဆိုင်သည့် နှစ်ထပ်အိမ် တစ်လုံးကို တွေ့လိုက်ရချိန်၌ ကာဠုဒါယီမှာ သေလုနီးပါး အေးစက်တောင့်တင်း နေလေပြီ။ အိမ် ဒုတိယထပ်၌ မီးလင်းနေသည်ကို တွေ့လိုက်ရ၏။ ဤ နေရာ၌ ဘုရားရှင် သက်တောင့်သက်သာ ရှိနေမည်ဟု ကာဠုဒါယီ ထင်မိ၏။ သို့ဖြစ်၍ ခြံစည်းရိုးကို ကျော်ဝင်ပြီး ပိတ်ထားသော တံခါးကို တ၀ုန်းဝုန်း ထုလိုက်သည်။ ဘယ်သူမှ တံခါး လာဖွင့်မပေးပေ။ အသံကုန် ဟစ်အော်လိုက်ချင်သော်လည်း အေးစက်တောင့်ခဲနေသော သူ့ပါးစပ်ကို မဖွင့်ဟနိုင်တော့ပေ။

ထိုစဉ် အသံတစ်ခု ကြားလိုက်ရ၏။

“ကာဠုဒါယီ . . . ဘယ်သူ့ကို ရှာနေတာလဲ။”

အရှိန် လျော့ကျလာနေပြီဖြစ်သော မုန်တိုင်းကြားမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ သူ့ကို နာမည်တပ်၍ ခေါ်ရဲသူ မရှိ။ သို့ဖြစ်၍ အသံရှင်မှာ ဘုရားရှင်သာ ဖြစ်ရမည်ဟု ကာဠုဒါယီ နားလည်လိုက်၏။ သူ ပျော်သွားသည်။ အိမ်မှ ထွက်ခဲ့၍ ခြံဝင်းထဲ၌ ရပ်နေရင်း အိမ်အပေါ်ထပ်ကို လှမ်းမျှော်ကြည့်နေပြန်သည်။ အိမ်ပြတင်းများ စေ့စေ့ပိတ်ထား၏။

“ကာဠုဒါယီ . . . ဒီကို လာပါ။”

မြင်းဇောင်းများဆီမှ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံလာရာဘက်သို့ ကာဠုဒါယီ ပြေး၏။ နောက်ထပ် အသံ ထွက်ပေါ်လာပြန်သည်။

“ကာဠုဒါယီ . . . ငါ ခေါ်နေတယ်။ ဟုတ်ပြီ။ အသံကြားတဲ့ဘက် လာခဲ့ပါ။ ဒီမှာ ကောက်ရိုးတွေ ရှိတယ်။ နွေးတယ်။”

ကာဠုဒါယီသည် အမှောင်ထဲ၌ ရှိနေ၏။ မြင်းဇောင်းပျဉ်ချပ်များပေါ် တွားတက်ရင်း အသံလာရာသို့ လိုက်လေရာ ဘုရားရှင်၏ အနီးသို့ သူ ရောက်သွား၏။ ဖြန့်ခင်းထားသည့် ကောက်ရိုးများပေါ် ထိုင်တော်မူနေသည့် ဘုရားရှင်က မိန့်တော်မူပြန်၏။

“ကာဠုဒါယီ . . . အေးခဲ တောင့်တင်းနေရင် မျက်နှာကို လက်ဖ၀ါးနဲ့ ဖိပွတ်လိုက်ပါ။ သွေးလည်ပတ်ရှိန် မြင့်လာအောင် ခန္ဓာကိုယ် လှုပ်ရှားလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။”

ကာဠုဒါယီသည် ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ပြီးသောအခါ စကားပြောနိုင်လာ၏။

“အရှင်ဘုရား . . . ဒါ မြင်းဇောင်းပါ ဘုရား။ မြင်းတွေအတွက်ပါ . . .။”

“ငါသိတယ်။ နွေးထွေးမှုဆိုတာ ဘာလဲ။”

“ဆိုးလိုက်တာ ဘုရား . . .။ နံစော်နေတာပဲ . . .။ မသန့်ရှင်းဘူး အရှင်ဘုရား . . .။”

“ကာဠုဒါယီ . . . မုန်တိုင်းထန်ပြီး နှင်းတွေဖုံးနေတဲ့ ပတ်ဝန်းကျင်ထက် ဒီ မြင်းဇောင်းက ပိုဆိုးတယ်လို့ ဆိုလိုတာလား။”

“အဲဒီလို ဆိုလိုတာ မဟုတ်ပါဘုရား . . .။ ဟိုနားက အိမ်က ပိုကောင်းပါတယ်၊ ပိုနွေးပါတယ် ဘုရား။ အရှင်ဘုရား အဲဒီအိမ်ကို ကြွသင့်တာ . . .။”

“ကာဠုဒါယီ . . .။ အဲဒီအိမ်က ပြတင်းတွေ တံခါးတွေ စေ့စေ့ ပိတ်ထားရင် ဘာလုပ်သင့်လဲ။”

“တံခါးခေါက်ပြီး . . . အဖွင့်ခိုင်းပေါ့ ဘုရား . . .။”

“ကာဠုဒါယီ တံခါးကို ထုရိုက်နေတာ ငါ ကြားလိုက်တယ်။ တံခါး ပွင့်သလား။”

ကာဠုဒါယီ နှုတ်ဆိတ်နေ၏။

“ကာဠုဒါယီ . . . ဇိမ်ခံပစ္စည်းတွေ အပြည့်ရှိတဲ့ တိုက်ခန်းဆောင်ရယ် ဟောဒီလို မြင်းဇောင်းရယ်လို့ ထွေထွေထူးထူး ခွဲခြားပြီး ငါ မစဉ်းစားဘူး။ အဖိုးတန် ခြုံစောင်တွေ မရှိပေမယ့် ဒီနေရာမှာ ကောက်ရိုးတွေ ရှိတယ်။ အဲဒီ အဖိုးတန် ခြုံစောင်တွေ ထည့်တွေးမနေဘဲ ကောက်ရိုးကိုပဲ စိတ်ကူးလိုက်စမ်းပါ။ ကြုံရတဲ့ အခြေအနေ တစ်ခုကို တစ်ခြား အခြေအနေ တစ်ခုနဲ့ မနှိုင်းပါနဲ့။ ဖြစ်နိုင်တာကို ကျေကျေနပ်နပ် လက်ခံလိုက်စမ်းပါ။”

ဘုရားရှင်က ကာဠုဒါယီကို အေးခဲညစ်ပတ်သည့် မြင်းဇောင်းထဲရှိ ကောက်ရိုးများနှင့် မိတ်ဆက်ပေးနေစဉ် ကာဠုဒါယီက သူ၏ နွေးထွေးသပ်ရပ်သည့် အမတ်စည်းစိမ်းကို စိတ်ဖြင့်တမ်းတနေသည်။

“ဒီနေရာမှာ အနံ့ဆိုးတွေ ပြင်းလွန်းပါတယ် ဘုရား . . .။”

“ဒီအနံ့က ပုပ်ပွနေတဲ့ လူသေကောင်နံ့လောက် မဆိုးသေးပါဘူး ကာဠုဒါယီ . . .။ ကျေနပ်လိုက်စမ်းပါ။”

“ဒီနေရာမှာ မြင်းသေးတွေ မြင်းချေးတွေ ပြည့်နေတာ . . . ဘုရာ့။”

“ဒါလည်း လူတွေရဲ့ ကြင်ကြီး ကျင်ငယ်တွေလောက် မဆိုးသေးဘူးလို့ တွေးပြီး ကျေနပ်နိုင်တာပေါ့။”

“မှန်တော့ မှန်တာပေါ့ ဘုရား . . .”ဟု စိတ်ထဲက လျှောက်ထားရင်း အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ကာဠုဒါယီက ၀န်ခံလျှောက်ထား၏။

“တပည့်တော် ၀န်ခံပါပြီ ဘုရား။ ကျေနပ်ပါပြီ ဘုရား။ ဒါပေမယ့် အရှင် . . . အရှင်ဘုရားရဲ့ ဆွေတော်မျိုးတော်တွေကတော့ မကျေမနပ် ဖြစ်နေကြပြီ ဘုရား။”

“ကာဠုဒါယီ . . . ဘယ်သူတွေလဲ။”

“အရှင်ဘုရားရဲ့ ဦရီးတော်တွေပေါ့ . . .။ မင်းကြီးရဲ့ ညီတော်တွေပေါ့ ဘုရား . . .။”

“သူတို့က ဘာဖြစ်လို့ ငါ့ကို အပြစ်ရှာကြတာတဲ့လဲ။”

“အရှင်ဘုရားက လမ်းမှာ ရပ်တန့်တော်မူလိုက်ပြီး စုတ်စုတ်ပြတ်ပြတ် မိန်းမတစ်ယောက်ကို သူတို့ဆီ ပို့လွှတ်လိုက်လို့ပါတဲ့ ဘုရား။ အဲဒီလို လုပ်တာဟာ သူတို့ကို စော်ကားတာလို့ မြင်ကြပါတယ် ဘုရား။ သုဘာဆိုတဲ့ အမျိုးသမီးကြီးကလည်း ခပ်စွာစွာ ဆိုတော့ဘုရား . . .”

ကာဠုဒါယီသည် စကားမဆက်နိုင်သေးဘဲ မျက်နှာနှင့် နားရွက်တို့ကို လက်ဝါးအစုံဖြင့် ဖိပွတ်နေ၏။ ဘုရားသခင်သည် ကရုဏာဖြင့် ပြုံးတော်မူ၍

“ဘယ်လိုဖြစ်ရတာလဲ . . .။ ဒါ သူတို့ကို စော်ကားရာ ရောက်သတဲ့လား . . .။ တစ်ချိန်က သူတို့ အလွန်အမင်း တန်ဖိုးထားခဲ့ကြတဲ့ သူတို့ရဲ့ အဖိုးတန် ရတနာကို သူတို့ဆီ ပြန်ပို့လိုက်တာပဲ။ ကာဠုဒါယီ . . .။ မှားသလား။”

:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

Read more...

“ဆေးမြီးတိုအစွမ်း”

ဆေးမြီးတိုအစွမ်း[IMG]/images/stories/U%20Pinnyasiha/U%20Panna%20%288%29.jpg[/IMG]

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“အလွယ်တကူ ဖေါ်စပ်သုံးစွဲနိုင်သောဆေးကို ဆေးမြီးတို” လို့ ခေါ်ဆိုကြောင်း မြန်မာအဘိဓာန်မှာ ပြဆိုပါတယ်။

ဆေးမြီးတိုလို့ ပြောလိုက်ရင် မိဘဘိုးဖွားစဉ်ဆက် သုံးစွဲခဲ့ပြီး လက်တွေ့ ပျောက်ကင်းခဲ့တဲ့ ဆေးနည်း ဖြစ်တာကို နာလည် သဘောပေါက်ကြ ပါတယ်။ ဒါ့အပြင် ဆေးအမယ်များကလည်း မိမိနဲ့လက်လှမ်းမဝေးလှဘူး။ သစ်ပင်က အသီး အရွက် အပွင့် အဖူး အမြစ် အခွန် အခေါက်များနဲ့ မီးဖိုချောင်သုံး ကြက်သွန် ဂျင်း ဆားစတဲ့ အရာတွေက များကြပါတယ်။


ထိုခေတ်ထိုအခါက ဒီကနေ့ခေတ်လို ကျေးလက်ဒေသတွေမှာ တိုင်းရင်းဆေး၊ ဘီပီအိုင်အေး၊ နိုင်ငံခြားဖြစ်ဆေးဆိုတာ တွေကလည်း မရှိ သလောက်ပါဘဲ၊ လွယ်လွယ်ကူကူလည်း မရသလို၊ဆရာဝန်ဆိုတာကလည်း ယနေ့ခေတ်မှာတောင် ရွာတိုင်းမရှိတာ၊ စာရေးသူငယ်စဉ်ကဆို ရွာမှာ ဆေးမှုးဘဲရှိတာ။



စာရေးသူဇာတိ ညောင်စာရေးရွာဆို ရွာကြီးဘဲ ဒါပေမယ် စာရေးသူတို့ငယ်စဉ်က ခုလို ရွာဈေးမှာ ဆေးဆိုင်မရှိ၊ ခေါင်းကိုက်ရင်သောက်ရတဲ့ ယနေ့ခေတ် ပါစီတမော့ဆိုတာ သောက်ဖို့ဝေးလို့ ကြားတောင်မကြားဖူး၊ဖျားတယ်ဆို ဆရာတော်ကြီးရဲ့ ငန်းဆေး(နန်းတွင်းလျာဘိုဆေး)ကို ကွမ်းရွတ်ပြုတ်ရေနဲ့သောက် ချွေးအောင်း၊ခေါင်းကိုက်ရင် ပရုပ်ဆီလူး၊ဝမ်းချုပ်ရင် ငန်းဆေးနဲ့ ဆားလေးနဲ့ ရောသောက်၊ ဝမ်းသွားရင်၊အအေးပတ်ရင် ငန်းဆေးကို ဒီအတိုင်းသောက်၊မျက်စိနာရင် မန်ကျည်းပနီခေါက်သွေးပြီး မျက်လုံးကွင်း၊(အလွန်မကြီးသော မန်ကျည်းပင်ရဲ့အခေါက် ခွါလိုက်ရင် အတွင်းအသားက အနီရောင်ဖြစ်၍ ဒေသအခေါ်မကျည်းပနီ) ထိခိုက်ရှနာဖြစ်ရင် ဒန်းရွက်ကိုထုထောင်းပြီး အနာမှာအဝတ်လေးနဲ့ စည်းပေးထား၊ အသားနုတက် ပျောက်ပေါ့၊ အရက်ပြန်နဲ့လည်း ဘယ်ဆေးကြောနိုင်မှာလဲ ရှိမှမရှိတာ။



ဆရာတော်ကြီးက နှင်းကျရာသီမှာ သွတ်မိုးက ကျတဲ့နှင်းရေကို ခံထားပြီး ပုလင်းတွေထဲမှာ ကျောက်ချင်အနည်းငယ်စီထည့်ပြီး စိမ်ထားတယ်၊ ရွာကလူတွေ မျက်စိနာရင် အဲဒီ ကျောက်ချင်စိမ် နှင်းရေကို ခပ်ပေးတယ်။ဒါ့အပြင် သတ္တက္ခတ္တုံဓာတ်လုံးကို ကျောက်ပြင်မှာ နှမ်းဆီ ၊လေးညှင်းပွင့် နဲ့သွေးပြီး မျက်လုံးမှာ ကွင်းပေးတယ်။



ကျေးလက်နေသူတို့အဖို့ ဆေးမြီးတိုဟာ မရှိမဖြစ်ဆေးပါ၊ ဆေးမြီးတိုကို အားကိုးကြတာလည်း သဘာဝကျပါတယ်။ မိရိုးဖလာ ဆေးမြီးတိုများနဲ့ဘဲ သူ့တိုရဲ့ ကျန်းမာရေးကို ကျားကန်ပေးထားကြရတာမို့ ဆေးမြီးတိုရဲ့အခန်းကဏ္ဍက မသေးလှဘူးလို့ဆိုရမှာ။ အတိုင်းအတာတစ်ခု ထိ ရောဂါများ လည်း ပျောက်ကင်း သက်သာရာ ရခဲ့ပါတယ်။ဒါကြောင့်လည်း အားကိုးကြတာပေါ့။

ယနေ့ခေတ်လို ရောဂါကြီးတွေကလည်း ရှိဟန်မတူဘူး၊ရံဖန်ရံဖန် ပလိပ်ရောဂါလို့ဆိုတဲ့ ကပ်ရောဂါလောက်ဘဲရှိပုံရ ပါတယ်။ လူကြီး သူမတွေပြောကြ ရင် ပလိပ်ရောဂါကိုဘဲ ရောဂါကြီးလုပ်ပြီး ပြောကြတာကို ကြားနေရလို့ပါ။

စာချဆွမ်းဆရာတော်အချင်းချင်း ဆွမ်းဝိုင်းမှာတောင်“သုတေသနနဲ့ ဖေါ်စပ်ထား တဲ့ဆေး၊ ပိုးသတ်ထားတဲ့အရာတွေအပြင် ကျွမ်းကျင်တဲ့ သမာတော်နဲ့စနစ်ကျစွာ ကုသပါမှ ရောဂါပျောက်မယ်ဆိုရင် တို့လူမျိုးတွေ တောရွာတွေမှာ ထိုစဉ်က အသက်ရှင် သန်စရာ အကြောင်းကို မရှိနိုင်တော့ ဘူးလို့” ပြောဖြစ်ကြတယ်။ ထိုအချိန်က လူ့သားတို့ရဲ့ ကုသိုလ်ကံကြောင့် နွယ်မြက်သစ်ပင်တွေက အစွမ်းထက်နေခဲ့ဟန်ရဲ့လို့ မှတ်ချက်ပေးကြတယ်။

ယနေ့ခေတ်မှာလည်း လက်တကမ်း အလွယ်ရနိုင်တဲ့ ဆေးဆိုင်ကစပ်ဆေး ကိုလည်း ဆေးမြီးတိုလို့ဘဲ ဆိုရတော့မှာပါ၊ ဘာလို့လည်းဆိုတော့ စပ်ဆေးကလည်း အလွယ်ရနေတယ်မဟုတ်လား။ တီဗွီကြော်ငြာတစ်မှာ ဆရာဝန်တစ်ဦးက “တော်ပါသေးရဲ့ ဖလူဇာကယ်လို့ လူနာတွေကိုကြည်နိုင် တာ”လို့ ကြော်ငြာတာကို သတိထား မိကြမယ်ထင်ပါတယ်။

ထိုကြော်ငြာအတိုင်းဆို အလွယ်ရတဲ့ ဆေးဖြစ်လို့ ဆေးမြီးတိုစာရင်း သွင်းရမယ် ထင်ရဲ့။ ဆရာဝန်ညွှန်ကြားချက် မပါတာကို။

ဆေးဆိုင်က စပ်ဆေးကို ဆေးပညာဗဟုသုတ ရှိကြတဲ့ပုဂ္ဂိုလ်များ အပြစ်တင်လေ့ရှိကြပေမယ့် ဒီကနေ့ခေတ်မှာ ဈေးနဲနဲနဲ့အလွယ်ရနိုင်ခြင်း၊ အချိန် ကုန် သက်သာခြင်းတို့အပြင် ဆေးဆိုင်ကစပ်ပေးလိုက်တဲ့ဆေးများနဲ့ အစပ်အဟပ်တည့်ပြီး ရောဂါပျောက်ကင်းခြင်းတို့ကြောင့် ဆင်ခြေဖုန်းနေ လူတန်း စားတို့အတွက်ကတော့ စပ်ဆေးဆိုတာကို ဆေးမြီတိုလို သဘော ထားပြီးသုံးနေကြတာ ရိုးနေပါပြီ။



ဆရာဝန်နဲ့ စနစ်တကျ ပြပါ၊ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးဝါးကို မှီဝဲပါလို့ သတိပေးကြပေမယ့် “ဒီမှာ စစ်တော့တစ်မျိုး ဟိုမှာစစ်တော့ တစ် ဖုံ၊ ပြည်တွင်းစစ်ဆေးတာက မတိကျဘူး၊ ထိုင်းတို့စင်္ကာပူတို့ကမှ သေခြာတာဆိုတဲ့” အသံတွေ ကြားနေရတဲ့အပြင် “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” စကားပုံထဲကလို တချို့ဖြစ်ပျက်နေတော့ ကိုယ့်ကျန်းမာရေးကို ဘယ်သူ့ထံမှာ စိတ်ချယုံကြည်စွာ အပ်နှံရမယ်ဆိုတာကို မစဉ်း စားနိုင်ဖြစ်နေကြလေတော့ ဆေးမြီးတိုနဲ့ စပ်ဆေးအားကိုးကြတာ မဆန်းပါဘူး။ ငွေကုန် အချိန်ကုန် သက်သာတော့ ပျောက်လိုပျောက်ငြား ၊ပျောက်သွား အမြတ်ဆိုတဲ့ သဘောမျိုး ဖြစ်နေကြဟန်တူရဲ့လို့ တွေးမိပါတယ်။

အနာနဲ့ဆေးတည့်အောင် စပ်မပေးနိုင်ရင် ဘယ်သူမှ အားကိုးတကြီး ဝယ်သောက်ကြမှာမဟုတ်ဘူး။ လူသဘာဝအရ လက်တလော ခံစားနေရတဲ့ ရောဂါ ဝေဒနာသက်သာရင်ကိုဘဲ စိတ်ကျေနပ်ကြပါတယ်။ နောင်ဖြစ်လာမဲ့ ဘေးထွက်ဆိုးကျိုး ဆိုတာကြီးကို ထည့်တွက်မနေနိုင်ကြ ဘူးလေ။ လတ်တလော ခံစားနေရတဲ့ ဝေဒနာသက်သာဖို့ကိုဘဲ အလေးထားတတ်ကြတာ လူ့သဘာဝပါ။



အကြောင်းအား လျော်စွာ အနာနဲ့ဆေး အဆင်မပြေကြမှသာ ဆရာဝန်ဆီ ပြေးပြီး ပေါက်ဆိန်နဲ့ပေါက်ချင် ပေါက်ရပါစေတော့ဆိုတဲ့ လူမျိုးမို့ အပြစ်ပြောမနေကြဘဲ အဆင်ပြေအောင် ဘယ်လိုကူညီကြမယ်ဆိုတာကိုဘဲ စဉ်းစားသင့်ပါပြီး၊ ဘေးထွက်ဆိုးကျိုး အတော်အတန်ကင်း တဲ့ ဆောင် ရွက်ပေးခြင်းမျိုးနဲ့ဆောင်ရွက်ပေးနိုင်ရင် အပြစ်ပြောနေတာထက် အကျိုးများမှာပါ၊ လူသာဓုခေါ်နတ်သာဓုခေါ် သားရွှေအိုထမ်း သလိုမျိုးဖြစ် အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ တောရောမြို့ပါ စပ်ဆေးဆိုင်တွေက ပေါမှပေါမဟုတ်လား။



စာရေးသူတို့ ပဉ္စနိကာယ်ကျောင်းတိုက်နားက ကံဘဲ့ဈေးမှာ “နွယ်အောင်ဆေးဆိုင်” ရှိပါတယ်။ ဒကာကြီးက ဆေးတပ်က ထွက်လာသူဆိုတော့ အနာနဲ့ဆေးတည့်အောင် စပ်ပေးနိုင်လို့ ဆိုင်ခွဲနှစ်ဆိုင်သုံးဆိုင်တောင် ဖြစ်နေပါတယ်။

ကျောင်းတိုက်စာချဆရာတော်များနဲ့စာသင်သားများဆို ဘာဖြစ်လို့လို့ ပြောလိုက်တာနဲ့ ဆေးစပ်ပေးလိုက်တာပါဘဲ။

ဆေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ နှာစီးချောင်းဆိုးဇက်ကြောထိုး ဖျားနာစတဲ့ ရာသီနာလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ပြောရမှာ။ သူ့အကျိုးပေးပေါ့။ စာရေးသူတို့အရပ်က ကျန်းမာရေးမှုးလည်း အတော်ဆေးလိုက်ပါတယ်၊ တနယ်လုံးက အားကိုးကြရတယ်။ မနက်ဆို လူနာတွေ ကို ပြည့်လို့။

တိုင်းရင်းဆေး၊ဘီပီအိုင်ဆေး၊ဆေးမြီးတို၊နိုင်ငံခြားကလာတဲ့ဆေး ဘာဆေး ဘဲဖြစ်ဖြစ် အနာနဲ့ဆေးတည့်ပါမှ ရောဂါပျောက်ကင်းတာမို့ သမားတော် ဘဲဖြစ်ဖြစ်၊ စပ်ဆေးပေးသူဘဲဖြစ်ဖြစ် အနာနဲ့ဆေးတည့်အောင် ပေးတတ်ဖို့နဲ့ရောဂါပျောက် ကင်းဖို့ကသာ လိုရင်းဖြစ်ပါတယ်။ စပ်ဆေးကို သာ သောက်ကြဖို့ကို အားပေး တိုက်တွန်း နေတာမဟုတ်ပါ၊ ဖြစ်နေတဲ့အနေ အထားကို ရေးပြတာပါ။

အနာနဲ့ဆေး တည့်အောင်ပေးတတ်တဲ့ သမားတော်ကို လူနာများ အလေးထား အားကိုးကြတာ ဓမ္မတာပါ၊ ဘွဲ့ထူးတွေများတဲ့ နိုင်ငံခြားပြန် ပါရဂူကြီး ပင် ဖြစ်ပါစေ အကြောင်းအားလျော်စွာ အနာနဲ့ဆေးတည့်မသွားရင် လူနာများအားကိုးခြင်း လျော့နဲမှာပါဘဲ။ ပုဂ္ဂလိကဆေးရုံကြီးတွေ မှာ နိုင်ံခြားပြန်ဖြစ် ခြင်း ဘွဲ့ထူးရတာခြင်း စတာတွေ တူကြပေမယ့် လာပြသူလူနာ အရေအတွက် အချိုးအစား မတူကွဲပြား နေတာကို ကြည့်က ဆေးလိုက်ခြင်း ၊ မလိုက်ခြင်းကို နားလည်နိုင်ပါတယ်။



ခေတ်ကာလအားလျော်စွာ စနစ်တကျ သုတေသနပြုကြည့်ရင်တော့ တချို့ဆေးမြီးတိုများမှာ ဘေးထွက်ဆိုးကျိုးရှိ ကောင်းရှိမယ်။ ခေတ်မှီ စက်ကြီး များနဲ့ ထုတ်လုပ်ထားတဲ့ဆေးဝါးများ၌ပင် ဘေးထွက်ဆိုးကျိုးရှိကြောင်း ဖေါ်ပြနေတယ် မဟုတ်ပါလား။ ဆေးသောက်သူကိုယ်တိုင်က သတိပြုကြ မှာပါ၊ ဘယ်အရာ မဆို “တန်ဆေး၊ လွန်ဘေး”ဘဲပေါ့။

ဆေးမြီးတိုနဲ့ပါတ်သက်ပြီး ကိုယ့်တွေ့နဲ့အတူနေ သီတင်းသုံးဖေါ်များ ၊မိတ်ဆွေရဟန်းတော်များ၊ နီးစပ်ရာဒကာ/ဒကာမများ မှာ ဖြစ်တဲ့ရောဂါဝေဒနာ များ ပျောက်ကင်းခဲ့ကြတာလေးတွေကို ပြောပြချင်လို့ ဒီဆောင်ပါးကို ရေလိုက်ရတာပါ။ဆေး မီးတိုအစွမ်းလို့ဘဲ အလွယ် အမည်တပ်လိုက်ပါတယ်။

ဆေးသိသူများက ဆေးကို ပြောပြပေးရင် ရောဂါထူပြီ ဆေးကုသစရိတ်ကြီးမားတဲ့ ယနေ့ခေတ်မှာ အတော်ကုသိုလ်ရမှာ သေခြာပါတယ်။ ဒါကြောင့် ဆေးသိသူများက စရိတ်နည်းတဲ့ဆေးနည်းပြောပေးကြပါ။ ဇီဝိတဒါန(အသက်လှူ) ကုသိုလ်၊ အဘယဒါန (ဘေးမဲ့ကုသိုလ်)မို့ ကျွဲနွားငှက် လွှတ်တာထက် ပိုကုသိုလ်ရပါတယ်။



စာရေးသူနဲ့စာသင်ဖက် မိတ်ရဟန်းတော်များသည် ခုအခါ လေးဆယ်ကျော် ငါးဆယ်ဝန်းကျင် ရောက်နေကြပါပြီ၊ငယ်စဉ်ကလည်း ဆင်းရဲချို့တဲ့စွာနဲ့ စာသင်သားဘဝ ဖြတ်သန်းခဲ့ကြရတယ်။ ပင်ပန်းစွာ ကြိုးစားကြရင်းနဲ့ အထက်တန်းစာမေးပွဲကြီးများ အောင်ခဲ့ကြတယ်။ ခုတော့လည်း သက်ဆိုရာ စာသင်တိုက် အသီးသီးမှာ စာချဆရာ တော်တွေအဖြစ်နဲ့ နေ့စဉ် နေ့ဝါ ညဝါ စာပေတွေကို ပို့ချနေကြရတယ်။



အတူ ပြန်ဆုံကြတဲ့အခါ သူတစ်ကိုယ် ရောတစ်မျိုးစီ အနဲဆုံးဖြစ်နေကြပါတယ်။ ခန္ဓာရှိရင်တော့ ရောဂါဆိုတာရှိ တတ်တာ ဓမ္မတာလို့ဘဲ ဆိုကြပါစို့။ အလားတူ “ရောဂါရှိ ဆေးရှိရမယ်”ဆိုတာကလည်း သဘာဝမို့ ပျောက်ကင်းသက်သာရခဲ့တဲ့ ဆေးမြီးတို လေးများကိုလည်း အချင်းချင်း ပြောပြဖြစ်ကြ ပါတယ်။

ကျိုက္ကစံဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရနဲ့စာရေးသူသည် တစ်ဆဲ့လေး ငါးနှစ်အရွယ် ကိုရင်ဘဝမှစလို့ ရဟန်းဖြစ်ကြသည့်အထိ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် စာသင်ဖက်ဖြစ်ခဲ့ကြ၏။ ဓမ္မပီယဆရာတော်မှာ အစာအိမ် ရောဂါဖြစ်လို့ ဘုန်းကံကြီးမားသောဆရာတော်ပီပီ ဆရာစုံ ဆေးစုံ ကုသခဲ့တယ်။ ဒါပေမယ့်မပျောက်ခဲ့၊ အစာမာမာနဲ့များများစာရင် အောင့်တတ်တယ်။ ထမင်းရည်ကိုသာ အရုဏ်မှာဘုဉ်းပေးရ၍ အရုဏ်ဆွမ်းစားဆို မကြွရတာကများတယ်။

ပြီးခဲ့နှစ် ဓမ္မပီယကျောင်း ကထိန်ကြွတော့ ဓမ္မပီယဆရာတော်မှာ အစာအိမ်ရောဂါ ပျောက်ကင်းနေတာကို ဝမ်းသာ စွာတွေ့လို့ ဘာဆေးနဲ့ ပျောက်သွား တာတုန်းလို့ မေးတော့-

နေ့ဆွမ်းစားတိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စား လိုက်တာ အစာအိမ်ရောဂါပျောက်သွားတယ်လို့ ပြောပြပါတယ်။

ဒါကြောင့်အစာအိမ်ရောဂါရှိသူများ လက်တစ်ကမ်းမှာ ရှိနေတဲ့ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင်ကြောင်း သတင်းပါးလိုက်ပါတယ်။

ရဲယိုသီးရဲ့ဆေးဖက်ဝင်အသုံးတည့်ကြောင်းနဲ့ရောဂါတော်တော်များများပျောက် ကြောင်းကို သတင်းစာနဲ့ ကျန်းမာရေးမဂ္ဂဇင်းတို့တွင် ဖေါ်ပြနေတာကို ဖတ်ကြရမယ် ထင်ပါတယ်။ ကျန်တာတွေတော့ ပျောက်မပျောက်မသိဘူး အစာအိမ်ရောဂါကတော့ ရဲယိုရွက်မနုမရင့် ကို ရေနွေးဖျောပြီး နေ့လည်စာ စားတိုင်း တို့စားရင်တော့ အစာအိမ်ရောဂါ ဧကန်ပျောက်ပါတယ်။ အစာအိမ်ရောဂါရှိသူများ ငွေကုန်သက်သာပြီး ဗာဟိရလည်းမများတဲ့ ဆေးမြီးတိုပါ။

ဒါ့အပြင် နောက်ထပ် အစာအိမ်ပျောက်ဆေးတစ်မျိုးကတော့ ဖလံတောင်မွေးပင်ရဲ့ဥကိုတူးပြီး ပါးပါးလှီး အခြောက်လှမ်းပြီးနောက် အမှုန့်ကြိတ် ထားကာ ထမင်းစားပြီးတိုင်း လဘက်စားဇွမ်းနဲ့ တစ်နေ့တစ်ဇွန်းမှန်မှန် သောက်ပေးရင်လည်း အစာအိမ်ရောဂါ ဧကန်ပျောက်ကင်းပါတယ်။

လွန်ခဲ့တဲ့(၁၄-၁၅)နှစ်လောက်က စာရေးသူရဲ့ဇာတိ ညောင်စာရေးရွာ ရွှေမဉ္ဇူကျောင်း ကျောင်းထိုင်ဆရာတော် အစ်ကိုဘုန်းကြီး အစာ အိမ်ရောဂါ ဖြစ်ပါတယ်။ ရန်ကုန်ပင့်ပြီး ထိုအချိန်က နာမည်ကြီးလှသော အစာအိမ်နဲ့အူလမ်းကြောင်း ဆရာဝန်ကြီးနဲ့ ပြသပြီး ကုသခဲ့ပါတယ်။ အရှင်းကြီးပျောက်ကင်းသက်သာမှု့ မဖြစ်ခဲ့။

အစ်ကိုဘုန်းကြီးသည် ကျေးလက်တောရိုးရာ လက်ဆင့်ကမ်းဆေးမြီးတိုဖြစ်တဲ့ ဖလံတောင်မွေးဥကို စာရေးသူရဲ့ အစ်ကိုလတ်ဖြစ်သူ မောင်ကျော်မြင့် ကို တူးခိုင်းပြီး ဖေါ်ပြအတိုင်း အခြောက်လှမ်းအမှုန့်ထောင်းပြီး ဆွမ်းစားပြီးတိုင်း လက်ဖက် စား ဇွန်းလေးနဲ့ မှန်မှန်သောက်လိုက်တာ လုံးဝပျောက်ကင်း သွားပါရော့လား။ အံ့ဩစရာ။ အနာနဲ့ဆေးတည့်အောင်းပေး ပျောက်ရေးမခက်ပါလို့ ဆိုရမှာပါ။ မြို့ကြီးပြကြီးနေသူများကတော့ ဖလန်တောင်မွှေးနဲ့ အလှမ်းဝေးကွာသမို့ ရဲယိုရွက်က ပိုပြီးလွယ်ကူမယ် ထင်ပါတယ်။

ယနေ့ခေတ် လူအတော်များမှာ ဆီးချိုသွေးချို ဖြစ်နေကြတာကို သတိထားမိပါတယ်။ မေးလိုက်ရင် သွေးချိုဖြစ်နေလို့ ဆီးချိုဖြစ်နေလို့ဆိုတဲ့ ငြီးသံကိုဘဲ ကြားနေရတယ်။ ဆီးချိုသွေးချိုကြောင့် နောက်ဆက်တွက် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရော ဂါနဲ့ လေဖြတ်ရောဂါ များ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ကြီး များက မပေါ့ကြဖို့ သတိပေးကြတယ်၊ မြန်မာ့ရုပ်သံမှာလည်း အားကစား လေ့ကျင့်ခန်း လုပ်ဖို့၊ အချိုနဲ့ အဆီ အစိမ့်လျော့စား ဖို့ ပညာပေးဇာတ်လမ်းများနဲ့ပြသ သတိပေး နေတာကိုလည်း ကြည့်ရပါတယ်။

ကျောင်းတိုက်ကဆွမ်းစားကျောင်းဘုန်းကြီး ဦးကုဏ္ဍလဆီချိုသွေးချို ရောဂါဖြစ်လို့ ပထမဆရာဝန်းကြီးများနဲ့ပြသတယ်။ ဒီရောဂါ က ဆေးသောက်နေ ဆဲနဲ့ အချိုစတဲ့ အစားအသောက် ရှောင်ထားဆဲမှာသာ ပျောက်နေတာ၊အချိုနဲနဲပြန်စားမိရင်၊ ဒါမဟုတ် ဆေးမသောက် ဘဲနဲ့ဖြတ်လိုက်ရင် ဆီးချိုသွေးချိုက တက်မြဲဘဲ၊ နေ့စဉ် စားသောက်တဲ့ အစားအသောက်ကိုကအချိုဓာတ်ရှိနေတာ၊ ဆီးချိုသွေးချို ဆိုတာ လုံးဝပျောက် ကင်း သွားတယ်လို့ မရှိဘူး။ သတိလေးနဲ့ နေထိုင် စားသောက်မှု့ ကြရမှာကို ဆရာဝန်ကြီးများက အသိပေးကြပါတယ်။

ခုရက်ပိုင်း ဆွမ်းစားကျောင်းဘုန်းကြီးနဲ့ဆွမ်းစားကြွတော့ အချိုတွေ စားနေတာကို တွေ့တော့ “ခင်ဗျား ဘာလို့ အချိုတွေ စားနေတာလဲ၊ ဆီးချို တက်နေ ဦးမယ်နော်” လို့ ပြောတော့ ..

“ရတယ်၊အိုကေပါတယ်” ပြောပြီး နေ့စဉ်ဖိန်းကထုတ်တဲ့ဆီးချိုသွေးချို ကျဆေးသောက်ကြောင်းနဲ့ တကယ်လို့ နှစ်ရာကျော် ဆီးချိုသွေးချို တက်ရင်တော့ ဥသျှစ်ရွက်ကို သုံးခွက်တစ်ခွက် ကျိုသောက်လိုက်ရင် ချက်ချင်းကျကြောင်းကို ပြောပြတယ်။ ဥသျှစ်ရွက်ရှိလို့ကတော့ “သားသား စားချင်တာ စားလို့ရပြီ”လို့ ဦးမိုးဒီပြောသလိုမျိုး ပြောရမယ့်သဘောပါ။

“မမ တစ်ညလုံးဆီးသွားနေလို့ ညတုန်းက သူတို့မအိပ်ကြရကြောင်း” တစ်နေ့မှာ နီနီက ပြည်မြို့လာရင်း ရန်ကုန်ကို ဖုန်းဆက်ပါတယ်။

“ဒါဆို ညီးအမ ဆီးချို စပြီထင်တယ်၊ဆရာဝန်နဲ့ဆီးစစ်ပေါ့၊အချို့လျော့စား” လို့ ပြောလိုက်ရတယ်။

ဆီးစစ်ကြည့်တော့ အမှန် ဆီးချို ဖြစ်နေတာကို တွေ့ရသတဲ့၊ အသက်(၄၀) ကျော်ပြီဆိုတော့ ဆီးချိုသွေးတိုး တစ်မျိုး မျိုးတော့ ဖြစ်တတ်တာမို့ စာရေးသူက မှန်းပြောလိုက်တာ မှန်နေတယ်။

ရန်ကုန်လာပြီး ရွှေဂုံတိုင် ဆေးရုံမှာ ဆီးနဲ့ကျောက်ကပ်ဆရာဝန်ကြီး တစ်ဦးနဲ့ပြတယ်။(၁၇၀)သွေးချိုရှိကြောင်းနဲ့ လိုအပ်တဲ့ သောက်ဆေးများကို ဆရာဝန်ကြီး ညွှန်ကြားအတိုင်း သောက်လိုက်တော့ သွေးချိုဆီးချို ကျသွားတယ်။ ဒီခြားထဲဆရာစောငုဝါရဲ့ ပျားမြီးရွက် ၊ ဆေးခါးကြီး မှုန့်၊ နောက်မြန်မာတိုင်းရင်းဆေး ဆီးချို သွေးချိုကျဆေး တွေသောက်နေတာ အဆင်ကို ပြေလို့ပေါ့။ သွေးချိုဆီးချို က ခေါင်ထောင် မလာတော့ လူ့သဘာဝအရ ရောဂါကို အလေးမထားဘဲ ကဆုန်လက ရွာတရားစခန်းပွဲမှာ စိန်တစ်လုံးသရက် လှိုင်ချိန် သရက်သီးတွေ လည်းစား၊ အခြား အချိုတွေ လည်း စားမိဟန်တူရဲ့ သွေးချိုတက်လိုက်တာမှ (၃၈၀) ရောက်ရောဘဲ။ ရန်ကုန်လာပြီး ဆရာဝန်ကြီးဦးတင်ဆွေ လတ်နဲ့ ပြယူရတယ်။

ရွှေတောင်ကနေ ရန်ကုန်ကို တစ်လအကြာမှာ ပြန်ပြရတယ်၊ပြီးခဲ့အခေါက်က ဆရာဝန်ကြီး ဦးတင်ဆွေလတ်က တရုပ်ပြည်သွား နေလို့ မပြရဘဲ ရွာပြန်ရတယ်။ဒီမှာ သွေးချိုက(၂၈၀) ပြန်တက်လို့ ဥသျှစ်ရွက် သုံးခွက်တစ်ခွက် ကျိုသောက်ကြည် ပါလားလို့ ဖုန်းဆက်ပြောလိုက်မိတယ်။

သွေးချိုကျချင်ဇောနဲ့ သုံးရင်ဆက်တိုက် သောက်လိုက်တာ သွေးချိုကလည်း (၂၅)ထိ ကျရုံမျှမက သွေးပေါင်ပါ ကျသွားလို့ ရွာက ဆေးမှုးနဲ့ တိုင်ပင်ပြီး အားဆေး သောက်၊နွားနို့သောက်နဲ့ အား ပြန်ဖြည့်ယူလိုက်ရသတဲ့။

ဥသျှစ်ရွက် လေးငါးဆယ်ရွက်လောက်ကို လဘက်ရည်ပုဂံလုံး သုံးလုံးစာ ရေထည့်ပြီးကျို၊တစ်လုံးစာ ကျန်တဲ့အချိန် မှာ သောက်ရပါမယ် ။ အလွန်သွေးချိုကျ မြန်တဲ့အတွက် သွေးချို(၂၀ဝ)ကျော်သူများ အတွက် အလွန်သင့်တော်ပါ တယ်။ ဘေးထွက် ဆိုးကျိုး ကတော့ မရှိနိုင်ဘူး ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဥသျှစ်ရွက် ဆိုတာ တို့စားလို့တောင်ရနေတဲ့ အရွက်မို့ပါ။အလွယ် ရနိုင်တဲ့အရွက်မို့ သွေးချို ဆီးချိုသမားတို့ ယုံကြည် စွာ စမ်းပြီး မှီဝဲသင့်ပါတယ်။ဆွမ်းကျောင်းဘုန်းကြီးကတော့ တစ်ပါတ်မှာ တစ်ကြိမ်ကျိုသောက်နေတာ အိုကေတယ်လို့ ပြောပါတယ်။

မြန်မာလူမျိုးတွေဟာ ရာသီစာကို ခုံမင်ကြလို့ထင်ရဲ့ ရာသီရောဂါလို့ဆိုတဲ တုတ်ကွေးရောဂါဟာ မိုးတွင်းဆို မြို့ရွာ ရွာအနှံ့ ကလေးရောလူကြီး ပါ နှစ်စဉ် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ဒီနှစ် ဝါဆိုလကုန်ပိုင်းမှာ စာရေးသူ ဖျားပါတယ်။ကျောင်းမှာ ရွာက သင်တန်းလာတက်တဲ့ ဓာတ်ခွဲခန်း မှုးရှိတော့ ဆေးထိုးဆေးသောက်ပေမယ့် မနက်အဖျားတက်၊ဆေးထိုး ချွေးထွက် အဖျားကျ၊နေ့လည် အဖျားတက်၊ရေဘတ်တိုက် အဖျာကျ၊ည အဖျား တက် ရေဘတ်တိုက် အဖျားကျနဲ့ မပျောက်နိုင်ဘဲ ဖြစ်နေတယ်။

ရွာက မိုးမိုးလည်း ကျောင်းရောက်နေလို့ ရွာမှာဆို ဖျားလို့ကတော့ တုတ်ကွေးဘဲဖြစ်ဖြစ်၊ငှက်ဖျားဘဲဖြစ်ဖြစ် ကြက်ဟင်း ခါးရွက်ကို လဘက်ရည်ပုဂံ တစ်ဝက်လောက်ရအောင် အရည်ညစ်ပြီး အရက်ဖြူ လဖက်စားဇွန်း နှစ်ဇွန်းထည့်ကာ စပ်သောက် ရင် အဖျားကျကြောင်းကို ပြောပြပါတယ်။

စာရေးသူက ယုံကြည်မှု့မရှိလို့ ရွာမှာဆို နွမ်းပါးသူများဟာ ဒီဆေးကိုဘဲ ဖျားကြရင် သောက်လေ့ရှိကြောင်း ပြော လွန်းမက ပြောလို့ တပည့်တစ်ပါး ကို ကျောင်းထဲက ကြက်ဟင်းခါးရွက်ခူးစေကာ၊ကပ္ပိယ ကိုမြင့်လွင်ကို အရက်ဖြူနှစ်ဇွန်း ရှာခိုင်းပြီး မိုးမိုးကိုယ်တိုင် ညစ်ပြီး တိုက်ပေးပါ တယ် ။နေ့လည်ချိန် သောက်လိုက်တာ တစ်ညနေလုံး၊တစ်ညလုံး ချွေးတွေထွက် လိုက်တာ သုတ်လို့ကို မနိုင်ဘူး၊အဲဒီနေ့ကစလို့ လုံးဝအဖျား မတက်တော့ ဘဲ ပျောက်ကင်းသွားပါတယ်။ကိုယ်တွေ့မို့ ဖျားရဲရင်ဖျား ကြည့် ကြက်ဟင်းခါးရွက်နဲ့အရက်ဖြူနှစ်ဇွန်းရှိလို့ကတော့ ပွဲသိမ်းဘဲပေါ့။

အမျိုးသမီးများအဖို့ ရင်သားမှာ အဖြစ်များတာကတော့ အကျိတ်ပါဘဲ၊ တစ်ကမ္ဘာလုံးရှိ အမျိုးသမီးတိုင်း အဖြစ်များ တဲ့ရောဂါလို့ ဆိုကြပါတယ်။

နိကာယ်သာသနာထွန်းကားရေးအသင်းက အတွင်းရေမှုး ဦးစိုးဝင်းရဲ့ ဇနီးမှာ ရင်သားအကျိတ်ဖြစ်နေတာကို စည်းဝေးပွဲမှာ ပြောပြလို့ အမှုဆောင် ဦးမြင့်လွင် (ဆရာဖိုးကျော့)က ပဉ္စနိကာယ်ကျောင်းတိုက်ထဲက အပင်အချို့မှာ တွယ်ကပ်ပေါက် နေတဲ့ ဂဠုန်လက်သဲ(ဘီးလူလက်ပတ်-ရခိုင်အခေါ်) အပင်ရဲ့ဥကို ခွါယူစေပြီး သွေးလိမ်းခိုင်းလိုက်တာ ရင်သားအကျိတ် ပျောက်ကင်းသွားကြောင်း ဦးစိုးဝင်း ပြန်ပြောပြ လို့ မှတ်သားရပါတယ်။

ချုပ်လိုက်ရင်တော့ ဆေးမြီးတိုဆိုတာ အလွယ်ရခြင်း၊ ကိုယ်တွေ့ ရောဂါပျောက်ကင်းခြင်း၊ ငွေကုန်ကြေးကျမများ ခြင်း၊ဘေးထွက်ဆိုးကျိုးမရှိခြင်းစတဲ့ ဂုဏ်တွေနဲ့ပြည့်စုံနေပါတယ်။ဒါကြောင့် လက်တွေပျောက်ကင်းတဲ့ဆေးမြီးတိုများကို ဖေါက် သယ်ချပေးကြပါ၊ ကုသိုလ်အလွန်ရပါတယ် လို့ ပြောကြား ရင်း-



မေတ္တာများဖြင့်

မေတ္တာဥယျာဉ်


2011-ခု၊ စက်တင်ဘာလ(၇)ရက်၊ ဗုဒ္ဓဟူးနေ့။

Read more...

Dialogue With The Devil

Walter Kaufmann was one of America's most famous philosophers and I became a fan of his years ago. I was first introduced to his writings by Venerable Nyanaponika who had a great appreciation for him also. He had all Kaufmann's books and with his characteristic generosity lent them to me. Kaufmann was the one of the very few academics at that time who actually read the Tipitaka instead of the then often unreliable secondary literature. He knew the Tipitaka through Neumann's lyrical German translations. As a result, Kaufmann was able to write authoritatively about the Dhamma and he often did. In his brilliant Critique of Religion and Philosophy (1958) Kaufmann has an amusing and insightful fictitious dialogue between Satan and an atheist. I reproduce a small part of it here.

Atheist: You look so content. Have you grilled another theologian for breakfast? Or did you heat up a Christian for your lunch?


Satan: Both, my friend.

Atheist: I have often wondered how you catch Buddhists. After all, they do not believe the sort of thing Christians believe, so you can't undermine their faith.

Satan: I get them to fall out of love with the world.

Atheist: By dangling beautiful women in front of ascetics?

Satan: Not necessarily. Their aim is to fall out of love with the world. I try to show them that suffering is worthwhile.

Atheist: That’s what I said; women.

Satan: That works only with the least interesting cases. The others I try to interest in some cause, some task, some mission. I may even persuade them to spread their knowledge to as many men as possible. As soon as I have kindled some ambition I generally do not find it too hard to involve men in all sorts of compromises. But there are other ways.

Atheist: Just name one more.

Satan: Sometimes I try to lead then from detachment into callousness and indifference to the suffering of others. But that only works in the early stages. Once a Buddhist has developed his particular detached compassion he represents one of the hardest cases I know.

Read more...

သဒ္ဓါ


ဤလောက၌ လူသား၏ အမြတ်ဆုံးဥစ္စာကား ယုံကြည်မှု သဒ္ဓါတရားတည်း။
Faith is a person’s highest wealth.
သဒ္ဓီဓ ၀ိတ္တံ ပုရိသဿ သေဋ္ဌံ

ယုံကြည်မှုသဒ္ဓါတရားဖြင့် သံသရာအလျင်ကို ကူးမြောက်၏။
By faith one crosses over the flood.
သဒ္ဓါယ တရတိ သြဃံ

သဂါထာဝဂ္ဂပါဠိ၊ ယက္ခသံယုတ်၊ စာ - ၂၁၆

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP