* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 6, 2011

သံဝေဂနှင့် အလုပ်ပေးတရားတော် - ပိုင်းလော့ဆရာတော်

Pilot Sayadaw Sanwaiga

Read more...

ကုဋီဆေးတဲ့ ကုသိုလ်


ဒီနေ့ စာရေးသူက အွန်လိုင်း ဂျီတော့မက်ဆေ့မှာ သူများတွေက ရှုးရှုးရှဲရှဲနဲ့ ကိုယ့်ကို ဆဲဆိုနေရင်တောင် ကိုယ်က ပြုံးပြံးလေးနဲ့ သည်းခံနိုင်တယ်ဆိုရင် အဲဒါကို ခမာဂုဏ်နဲ့ ပြည့်စုံတယ်လို့ ခေါ်တယ် လို့ ရေးတင်ထားတာကို ကြည့်ပြီး မေးခွန်းရှင်တစ်ယောက်ပေါ်လာတယ်၊ သူ့မေးခွန်းတွေက စာချစ်သူများအတွက်လဲ အကျိုးရှိစေမယ် ထင်လို့ ဒီဆောင်းပါးလေးကို မှတ်တမ်းတင်ဖြစ်ပါတယ်။

phyu3: ခမာဂုဏ်ဆိုတာရှင်းပြပေးပါဘုရား
Pann: ခမာ နဲ့ ခန္တီ က အတူတူပါပဲ၊ ပရိယာယ်ပုဒ် တွေပါ
phyu3: ဟုတ်
Pann မိဖြူက ဘယ်ကများလဲ အဝေးကထင်တယ်
phyu3: ဟုတ်
Pann: အော် တွေ့ရတာ ၀မ်းသာပါတယ်
အွန်လိုင်းမှာ ဆိုတော့ ကိုယ့်ထက် ငယ်မှန်း ကြီးမှန်း မသိတော့ အဆင်ပြေသလိုပဲ ပြောနေရတယ်
phyu3: ရပါတယ်
ဘုန်းကြီးနဲ့စကားသိပ်မပြောတတ်ဘူး
Pann: ဟုတ်လား အရင်က ပြောဖူးပြောစ မရှိရင် ဖြစ်တတ်ပါတယ်
phyu3: ဟုတ်ကဲ့
Pann: ရပါတယ် အဆင်ပြေသလို ပြောနိုင်ပါတယ်
ဘုန်းကြီး မလုပ်ပါနဲ့ ဦးဇင်းလောက်ဆို ရပါပြီ၊
phyu3: တပည့်တော်အလုပ်တဖက်နဲ့အချိန်ရ၇င်တော့စာတွေဖွင့်လေ့လာပါတယ်
ဟုတ်ကဲ့ပါ

Pann: ဟုတ်ကဲ့ လို့တော့ ပြောလို့ မရဘူး တင်ပါ့ဘုရား လို့ပြောမှ အဆင်ပြေပါတယ်၊ အလေ့အကျင့်ရှိရင်တော့ နောက်ကျလျင် လွယ်သွားမှာပါ၊ တသက်လုံး သုံးနှုံးနေရမှာ ဆိုတော့ နည်းနည်း သတိလေးထားပြီးလေ့ကျင့်ထားပေါ့၊ တရားဟောတယ် လို့ သဘောမထားပါနဲ့ ၊
ဘ၀မှာ အမြဲတမ်း ကြုံနေရမယ့် အရာတစ်ခုမို့ပါ

phyu3: မိဘတွေကိုယ်စားကောင်းမှုတွေလုပ်ပေးလို့ရလား
phyu3: သူတို့ကသိပ်မလုပ်ကြလို့လေ
Pann: အော် ရတာပေါ့
ကိုယ်က ကောင်းမှုလုပ်ပေးရင် သူတို့က သိလို့ သာဓုခေါ်တာနဲ့ ကောင်းရာ သုဂတိရောက်နိုင်တယ်
phyu3: သူတို့ကသက်ရှိနေတုန်းပါ
Pann: အော် ဒါဆို သူတို့နာမည်နဲ့ လှူဒါန်း ပေးပြီး သာဓု ခေါ်ခိုင်းတာနဲ့ သူတို့လဲရတယ်၊ ငါ့ညီမလဲ ဝေယျာဝစ္စကုသိုလ် ရတယ်
phyu3: ကုဋီဆေးတာဘယ်လိုကုသိုလ်ရပါသလဲ
အမြဲဆေးပါတယ်
Pann: အဲဒီကုသိုလ်က ဒီဘ၀မှာ ချမ်းချမ်းသာသာ ဘ၀ကို လျောက်လှမ်းရမယ်၊ နောက်ပြီး နောင်ဘ၀တွေမှာလဲ ရုပ်ရည်ချောမော လှပပြီး ပြည့်စုံတဲ့ ဘ၀ကို ရတတ်တယ်၊
ဘုန်းကြီးကျောင်းက ကုဋီလား
phyu3: တင်ပါ့
ဘုန်းကြီးကျောင်းဘုရား
Pann: အဲဒီကုသိုလ်ကို ဦးဇင်းလဲ သာဓုခေါ်တယ်
လူတိုင်း မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရတာ ပိုမွန်မြတ်တယ်
phyu3: တင်ပါ့ဘုရား
Pann: အဲဒီကုသိုလ်က မာနကို ခ၀ါချပြီး လုပ်ရတာကြောင့် ဖြစ်လေရာဘ၀တိုင်း သူဋ္ဌေးမျိုး သူကြွယ်မျိုးမှာ ဖြစ်ရတတ်တာ
phyu3: ဒီဘ၀မှာတော့ဆင်းရဲပါတယ်၊

pann: ဒါကတော့ အတိတ်ကံပေးသလောက်ပေါ့၊ ဒီဘ၀မှာ ကြိုးစားရင်လဲ သူဋ္ဌေးဖြစ်နိုင်ပါသေးတယ်၊
ကုဋီဆေးတာနဲ့ ပက်သက်ပြီး တကယ့်အဖြစ်အပျက်လေး ပြောပြချင်သေးတယ်၊ အရင်နှစ်ပေါင်းများစွာက လယ်တီဆရာတော် ဘုရားကြီး ဆိုတာ ရှိခဲ့ဖူးတယ်၊ ကျောင်းတိုက် စာသင်တိုက်ကြီးရဲ့ ပဓာနနာယက အကြီးဆုံး ဆရာတော်ကြီးပေါ့၊ အဲဒီဆရာေ တာ် ကြီးဟာ ညညမှာ သံဃာတွေ အိပ်ချိန်ရောက်ပြီ ဆိုရင် သံဃာတွေ မသိအောင် ကုဋီတွေ ဆေးပြီး ရေဖြည့်ပေးတယ်၊ ကုဋီတလုံးထဲ မဟုတ်ဘူးနော်၊ သံဃာတွေ များတော့ အခန်းပေါင်း ၅ ခန်း၊ ၁၀ ခန်းတွဲ အိမ်သာတွေ၊

အဲဒီလို လုပ်နေတာက တရက်မဟုတ်တော့ တပည့်ရဟန်းတွေက ဂုဏ်ရှိန်မြင့်မားတဲ့ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ ကုသိုလ်ကို မခံယူရဲလို့ မလုပ်ပါနဲ့ဘုရား၊ တပည့်တော်တို့ ငရဲကြီးပါမယ် လို့ လျောက်ကြတယ်၊ အဲဒီလို စုပေါင်းလျှောက်ထားတဲ့ အခါ လယ်တီ ဆရာတော်ကြီးက “ တစ်သံသရာလုံး သားကျွန် မယားကျွန် ဘ၀မှာပဲ နစ်မွန်းခဲ့တာ၊ ဒီဘ၀ သာသနာနဲ့ ကြုံတောင့်ကြုံခဲမို့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံစမ်းပါရစေ။ မတားကြပါနဲ့ဘုရား” ပြန်လည် လျှောက်ထားသတဲ့၊ လူတိုင်း အတုယူစရာ စိတ်ထားလေး၊ ဒါကြောင့် လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကုသိုလ်ကို လုပ်တာ ပိုမွန်မြတ်တယ်၊ အကျိုးပေးသန်တယ် လို့ ပြောတာ၊
Phyu3: တင်ပါ့ဘုရား

Pann: နောက်ပြီး သတိထားစရာက မာန်မာန အကြောင်းလေး နည်းနည်းပြောအုံးမယ်
Phyu3: ပြောပါအုံးဘုရား
Pann: လူတွေ အမျိုးဇာတ် နိမ့်ကျတာ မထားသင့်တဲ့ မာန်တွေ ထားနေလို့လေ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကြည့်ကြည့်လိုက်ပါ၊ တချို့က ပိုက်ဆံနည်းနည်းချမ်းသာလာတာနဲ့ မြောက်ကားကားဖြစ်နေပြီ၊ အောက်ခြေလွတ်နေတတ်တယ်၊ အခုခေတ်လို ဖုန်းကောင်းကောင်း ကားကောင်းကောင်းစီးနေရရင်ပဲ အများနဲ့ ကိုယ်နဲ့ မတူသလိုလို မတန်သလိုလို စိတ်ထားကြတော့တယ်၊ အဲဒါ မာန်တက်ခြင်းတစ်မျိုးပေါ့၊
လူတိုင်းမှာ ရုပ်လှသူက သူ့ရုပ်ကိုကြည့်ပြီးမာန်တတ်တယ်၊ ငါက ဘွဲ့ရ ပညာတတ်၊ သူဋ္ဌေးသား သမီး၊ သူတို့နဲ့ ငါတို့နဲ့ ဘ၀အဆင့်အတန်းတွေ ကွာတယ်၊ မတူဘူး ဆိုပြီး စိတ်ထားလေးက အောက်ခြေလွတ်နေတာ ကိုယ့်ဘာသာ သတိမထားမိဘူး၊ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့နေတာလဲ ဂရုမစိုက်တော့ဘူး၊ အဲဒါ မာနတွေပဲပေါ့၊အဲလို မာနတွေက အကုသိုလ်တွေ ဆိုတော့ နောက်ဘ၀တွေမှာ အမျိုးဇာတ်နိမ့်ကျတဲ့ ဆင်းရဲသားမျိုးရိုး မပြည့်မစုံတွေမှာ ဖြစ်စေတယ်၊
တန်ပြန်အနေနဲ့ ဒီဘ၀မှာ ကိုယ်က look down လုပ်ခဲ့တဲ့အတွက် နောက်ဘ၀မှာ ကိုယ့်က ပြန်ခံရတော့တာပဲ၊ သတိထားစရာတွေပါ။
phyu3: ဟုတ်
Sent at 7:35 PM on Tuesday
phyu3: အ၇ှင်ဘုရားကရန်ကုန်ကပဲလား
Pann: မဟုတ်ပါ အိန္ဒိယ ဘုံဘေမြို့မှာ P hD လုပ်နေပါတယ်
ကျမ်းပြုနေဆဲ ဆိုပါတော့
phyu3: တော်တယ်နော်တပည့်တော်လည်းတတ်နိုင်သလောက်တော့စာအုပ်တွေ လှုတယ်
နောင်ဘ၀ တော်အောင်လို့ပါ
Pann: နောင်ဘ၀တော်အောင် တနည်း ရှိသေးတယ်
phyu3: တင်ပါ
Pann: အခု အချိန်အား ရတုန်းလေးမှာ ဘာသာရေး စာပေတွေကို တတ်နိုင်သလောက် လေ့လာခြင်းဟာလဲ ဖြစ်လေရာ ဘ၀တိုင်း ပညာပါရမီ ဖြစ်စေတယ်
ဥပမာအနေနဲ့ ကလေးဘ၀က ကျက်ခဲ့တဲ့ စာတွေက လူကြီး ဖြစ်လာတဲ့အချိန်မှာ ပြန်ပြီး အကျိုးပြုသလိုပေါ့
phyu3: တင်ပါဘု၇ား
ခမာဂုဏ်နဲ့ပြည့်စုံဖို့တော်2သည်းခံရတယ်နော်
Pann: အင်း လူတိုင်း မလုပ်နိုင်တဲ့ အရာပဲဆိုပါတော့
လူတိုင်းလုပ်နိုင်ရင်လဲ ဘယ် ဂုဏ်ခေါ်တော့မလဲ

phyu3: တချို့တွေဆိုယောက်ကျာ်းလေးဖြစ်ပြီးနှမသားချင်းမစာနာ စွာပြောတတ်ကြတယ်
Pann: အင်း သူတို့က ကိုယ့်လောက်တောင် တရားမရှိသေးတာပဲ ဆိုပြီး သဘောထားလိုက်ရင် ငါ့ညီမ စိတ်ဆိုးတာ မပျောက်တောင် သက်သာရာ ရသွားမှာ ၊
နောက်ကျမှ ဘလော့ပစ်လိုက်လဲ ရတာပဲလေဒါကတော့ နောက်ဆုံးနည်းပေါ့
phyu3: တင်ပါ့ဘုရားအရင်ဘ၀ကကိုယ်လည်းသူများပေါ်ပြောခဲ့လို့နေမှာပါ
Pann: အင်း သူ့လဲ မမြင်ရ ကိုယ့်လဲ မမြင်ရ ဆိုတော့ ပြောချင်ရာ ပြောတော့တာပေါ့ ကိုယ်က ခွင့်လွှတ်နိုင်ဖို့ပဲ လိုတယ်
phyu3: တင်ပါ့
Pann: အွန်လိုင်းမှာ လူပေါင်းစုံ စရိုက်ပေါင်းစုံလဲ တွေ့ရလိမ့်မယ်
phyu3: တင်ပါ့
တပည့်တော်က အခုဆိုမေတ္တာပို့နည်းနဲ့ စိတ်ကိုကုစားပါတယ်
Pann: အဲဒါလဲ ကောင်းတယ် ကိုယ်အားသန်ရာ တခုခုနဲ့ ဖြေဖျောက်တာ ပိုကောင်းတယ်
phyu3: တင်ပါ့
Pann: တချို့က မေတ္တာပို့တာ၊ တချို့က ဂုဏ်တော်ပွားတာ တစ်ချို့က ပုတီးစိတ်တာ
မတူတတ်ကြဘူး
စိတ်ငြိမ်စေတယ် ပီတိ ဖြစ်စေတယ် ဆိုရင် ဆက်လုပ်ပါ
phyu3: ဂုဏ်သတင်းကျောဇောချင်ရင်ဘယ်ဂုဏ်တော်ပွားရမလဲ
Sent at 7:51 PM on Tuesday
Pann: အရဟံဂုဏ်တော်၊ လောက၀ိဒူဂုဏ်တော်၊ ဘဂ၀ါဂုဏ်တော်
phyu3: တင်ပါ့ဘုရား
Pann: အဲဒီစိတ်ကြီးနဲ့ အငမ်းမရ ပွားများနေရင် ကုသိုလ် မစစ်တော့ဘူး၊ လောဘအကုသိုလ်တွေ ပါနေပြီ
ပွားနေတဲ့အချိန်မှာ အဲဒီစိတ်ကို ဖယ်ထားပြီး စိတ်ကို နှစ်နှစ်ကာကာ စူးစိုက် ပွားများပါ၊ လိုချင်တဲ့စိတ်ကို ရှေ့တန်းမတင်ပါနဲ့၊
အကျိုးတရားက အလိုလို ရောက်လာပါလိမ့်မယ်
phyu3: ဆယ်ရက်စခန်းမှာတရားပတ်ဝင်တဲ့သူနဲ့ဝေယျာဝစ္စလုပ်တဲ့သူဘယ်သူက ကုသိုလ်ပိုရပါသလဲ
Sent at 7:56 PM on Tuesday
Pann: ကိုယ့်စိတ်ထားက ပိုအရေးကြီးသွားပြီ၊ စခန်းဝင်နေသူက ၀တ်ကျေတန်းကျေ ထိုင်နေတယ် ဆိုရင် သူ့အတွက် ရင်းရတာနဲ့ မတန်ဘူးပေါ့၊ သူက တကယ်ကို ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်နေတယ် ဆိုရင် သူ့ကုသိုလ်က အမြတ်ဆုံးဖြစ်သွားတယ်၊
ဒီလိုပဲ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသူက စိတ်ထားသန့်သန့် နဲ့ လုပ်ပေးရင် ကုသိုလ်ရမယ်၊ အဲလိုမဟုတ်ပဲ ၀တ်ကျေတန်းကျေ လုပ်ပေးနေရင် ရသင့်သလောက် မရတော့ဘူး

phyu3: မေးတာတွေဖြေပေးလို့ကျေးဇူးတင်ပါတယ်ဘုရား
Pann: ဒီကလဲ အခုလို ထူးခြားတဲ့ မေးခွန်းလေးတွေ အတွက် ကျေးဇူးပါ
phyu3: နောက်လဲမေးပါအုံးမယ်ဘုရား
Pann: အင်း အလျင်းသင့်လျင် ဖြေပေးရတာပေါ့၊ အချိန်အားရတယ် အဆင်ပြေတယ် ဆိုရင် ဖြေပေးပါမယ်၊
တိုက်ရိုက် မဖြေဖြစ်ရင်လဲ မေးလ်ပို့မေးနိုင်ပါတယ်
phyu3: တင်ပါ့ဘုရား

Read more...

ပြည်သူ့နီတိ အိမ်သာသင်တန်း

Dhamma Garden ဦးဂါးဒင်း ပြောလို့ပါ။

(http://www.facebook.com/Dhammagarden)

လူတွေက အဆင့်မြင့် တရားတွေ ရေးနေကြပြီ ဆိုတော့ . . . တဲ့။

ဒါနဲ့ အဆင့်နိမ့် အခြေခံသင်တန်းလေး စိတ်ကူးမိတာပါ။

အတည်ပါ။

ဒါမျိုး ဂုဏ်ငယ်တယ်လို့ မထင်ကြစေလိုပါ။

အဆင့်မြင့်မြင့် ပေါက်တတ် ယိုတတ်ကြပါစေ။

မိမိမိမိတို့၏ ခန္ဓာဝန်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ကြပါစေ။

သင်္ခန်းစာ (၁)

“ပေါက်ခွက် တည့်တည့်ချိန်စေ။”

သင်္ခန်းစာ (၂)

“ယိုခွက် သန့်ရှင်းစေ”

သင်္ခန်းစာ (၃)

“ခြေနင်းကြမ်းပြင် ခြောက်နေစေ”

:)

ရှင်အာစာရ

6Sep11

Read more...

စိတ်အကြောင်း - ပိုင်းလော့ဆရာတော်

Mind With Picture

Read more...

Knowing Without Practice Is Not Enough - Pilot Sayadaw

Knowing is Different the Practise

Read more...

Report: Notes on Dance of Emptiness Talk 5

Notes on ‘Path of Purification’ – fifth dhamma talk in the 2011 Dhamma Talk Series: The Dance of Emptiness.

Talks kindly hosted by the Dance Centre, School of Performing Arts, Sukhumvit 24, Bangkok.

Below are notes, quotes, links – in case anyone who listened to the talk would like to follow up on any of the topics. It is not a transcript of the whole talk. The video will become available one day, when we get the hang of video editing software….

Click here for background information on this Talks Series

Topic of this talk:

Path of Purification (or Everything’s Aspect)

The three higher practices of desirelessness, signlessness and emptiness – relating to three aspects of everything. Confused? Emptiness is a concept associated with Zen and Tibetan Buddhism, but it all began in the original sutta teachings in the Theravada tradition. There are certain characteristics that belong to everything, the observation of which lead to ‘breaking the spell’. Disenchantment is a beautiful thing.

Notes:

We start with the conceptual world in which each person lives. There is no end to the questions, speculations, proliferations of the ‘world’. Buddhism teaches what is ‘useful’ – models that can be used for the purpose of enlightenment. It does not not seek to provide answers to all the questions of the world. You are supposed to know and see directly from enlightenment, for yourself.

Vaccagotta was one character in the original suttas, who liked to ask a lot of questions about the origin of the universe, the end of the universe etc.. The Buddha did not answer these questions, but tried to point out instead what was useful, rather than fuel speculation that has no end.

The analogy is to a man shot with an arrow, who is attended by the surgeon. But before he allows the surgeon to remove the arrow head and poison, he wants to know who shot the arrow, what was the person’s name, was he tall or short, what village did he hail from, what kind of bow did he use …. (link to the original sutta).

So other religions like to accuse Buddhism of avoiding questions; they say it is a cop-0ut. Well they are right. How was the world created, when will it end … and the endless stream of speculation. Think about it. Even if these answers were provided, you still would not know. You would only have a new set of beliefs that you cling to.

More Conceptual World

If you walk in a room what do you see? Some notice the decorating, some notice the colours, some see the architecture, some note the acoustics .. it all depends on what you have done before. During these talks we have been in the Dance Centre. There is a big printed wall behind the speaker – if you have ever worked on stage, you will be used to printing/painting big scenes and erecting a wall to hold them up, and so that is what you see. Think of a Buddha image. Is it beautiful? Or is it a ‘Graven Idol’? Depends entirely on your past associations. You don’t see the world around you, you see your concepts. Or more properly, your conceptual framework. In psychology, this was a theory proposed by the great psychologist George Kelly, in Personal Construct Theory. It is a rather refined theory.

In fact humans are drawn outside of themselves from the very start. from babyhood (is there such a word?) the world fascinates and we are inclined to enjoin it, even when things don’t really make much sense. Like the half heard lyrics to a song, we force the world to fit our limited viewpoint. Here’s a great video of two babies engaging in meaningful babble (then look at people on their mobile phones…!)

Personal Construct Theory used the term ‘constructs’ rather than ‘concepts’. But it described these constructs as ‘expectations’. Or put another way, should’s and shouldn’ts. With monks this is especially obvious – there are layers and layers of what monks should and should not do. Layers which, of course, depend on your own ideas! This was the topic of a Bangkok Podcast with Phra Pandit, in September 2011.

Fivefold Aggregate

In the two previous talks we looked at the fivefold aggregate as it arises and vanishes. That is to say, any moment of consciousness has a physical form that it is based upon (a sight, a sound, a bodily feeling, a smell or a taste, or a mental representation of any of these). With that will arise liking/disliking (attraction/repulsion), perception, background mind conditions, and cognition. These are called in Pali the 5 khandhas, or in Sanskrit the five skandhas :-

  • form
  • feeling
  • perception
  • background mind states
  • cognition

If you pay attention, this is all that you can see. Tale for instance ‘democracy’. You have the form (the sound, either externally heard, or mentally pronounced), and each of the other factors arising with it. But to keep it in mind, you have to start picking at the details of it – thinking about what the word means to you, thinking up examples of democracy or its characteristics.

The thinking is called vitakka (aiming) and vicara (throwing of the attention), and results in papanca (diffuse thinking).

The Amata

Lets jump for a moment to the Buddha 2500 years ago. He had heard from the Brahmins about something called the Amata – the deathless, or immortal. It is clearly not the body – that is not immortal, and that is easy to see. But the mind? Is that immortal? Does that last forever? When you go look for it, all you can see are these fivefold aggregates arising and ceasing. There is nothing lasting there. It cannot be the mind either. If you disconnect then from these fivefold aggregates as they arise in turn, you get to see and feel a sense of your self that is still here. If the whole of what arises, also ceases, but you are still here, you cannot be that 5fold perception!

In meditation we do this by being mindful. Then you notice that your mind wanders and your attention is lost in some perception, based on sound, thought, feeling etc.. So you note gently that your presence was ‘lost’. When ‘lost’ we count that as being ‘outside’ of yourself. Even if it is a mental construction, which many people might think of as ‘internal’ (different models – not that any model is right or wrong), in Buddhism it is counted as ‘outside’. Your attention returns home and after a while you become aware of yourself while you are not engaging in the world outside. You are not engaging in sounds, thoughts, feelings, vision … (also tastes and smells, but these are rather secondary senses to humans).

You gain a sense of balance,and of ‘refuge’ – nissarana, which was the topic of the previous talk in this series. It is not so comfortable at first. Like anything new, it doesn’t feel quite right at first, but you soon get used to sitting there, without ‘being’ anything at all. Sometimes a 5fold aggregate will arise, but you can feel the attraction, can see the disturbance it creates, know that if you engage it you will be disturbed, and maintain your mindfulness while it ceases.

It is a subtle thing, and takes a bit of practise. But when you can do this, you will already be having a lot of insight into the nature of your being. You will also see that when the ‘self’ arises again and you get involved in the world, your character has not changed much to the eyes of the outside world, but inwardly you remember, there is a different way of being.

As you get comfortable with this, at certain points the mind turns back on itself. You become ‘aware of awareness’ or mind-seeing-mind’ or ‘Buddha-nature’ … or many other terms. Actually this is real mindfulness:

  • Sati – to recall into mind
  • Sampajannya – the feeling of awareness

This feeling of mindfulness can be maintained while walking, sitting, breathing, eating or any other activity. Again, it takes practise.

Note here that you are not mindful of an activity, but mindful during the activity, or perhaps even, mindful despite the activity.

At this point, you have a clear and firm idea where enlightenment is, and you will no longer have need of a teacher. A teacher is fine – inspiration, tips, advice … but you will be self sufficient in Dhamma.

Then What

This really bright mind, self aware, can be polished like a mirror – compare to polishing a brick that we looked at in an earlier talk. But what next? The world is hopelessly addicting, and you cannot stay in a state of no-mind! If you try to be without desire you cannot do it. It is an impossible task. (Next Dhamma Talk focusses on the Impossible Task as a universal story archetype)

So you need a weapon – a tool to use to complete what you yourself cannot. For us it is wisdom.

And we foster this by watching these 5fold aggregates arise and cease. It is very empowering to see that nothing stays in the mind. It undermines the whole conceptual world, and from time to time you see this whole universe that you have created come crashing down. The metaphor given is like a tree, building or boat covered with a tangle of vines. The original structure they grew over has long since vanished, but the tangle is still there.

Somehow it holds itself up, but if you cut at the root, the whole edifice comes down. The root in this case is the mindfulness that maintains self awareness, and does not engage.

“A tangle inside, a tangle outside
This generation is entangled in a tangle.
I ask you this, O Gotama
Who can disentangle the tangle?”

“A man established in virtue, wise,
Developing the mind and wisdom
A bhikkhu ardent and discreet
He can disentangle the tangle.”

The practise then, is to watch the process of the mind as it arises with one 5fold group, one moment of cognizing, and then jumps to another. You do this in meditation until it becomes familiar. This is paying attention to the effervescence of the mind. It undermines the whole conceptual world.

If something is changing like this, it cannot be sukha (happiness). It must be Dukkha. That is not to say to see a thought vanish, and write home to tell your parents. It is not harsh suffering. But Dukkha, as we saw in week one, means ‘off-centre’ like a wheel that is poorly balanced. If you engage in the perception, you are shaken. What shakes, in Buddhism, is Dukkha.

Further, if you look into this, and see the moments of cognizing in this way, and also see them cease, you get a really deep feeling that they are not ‘yourself’. If something arose, and then vanished, it cannot be you yourself. So you gain this sense of disconnect – you are something deeper and more fundamental than the frothing of the mind.

The classic Buddhist teaching then, on Impermanence, Dukkha and Non-Self :

Sabbe Sankhara Anicca’ti
All mind states are impermanent
yada panyaya passati
if you watch this with wisdom
atha nibbindati dukkhe
you will tire of wavering (dukkha)
esa maggo visudhiya
this is the Path of Purification

Sabbe sankhara dukkha’ti
all mind states are dukkha
yada panyaya passati
if you watch this with wisdom
atha nibbindati dukkhe
you will tire of wavering
esa maggo visudhiya
this is the Path of Purification

Sabbe dhamma anatta’ti
all things are dukkha
yada panyaya passati
if you watch this with wisdom
atha nibbindati dukkhe
you will tire of wavering
esa maggo visudhiya
this is the Path of Purification

Following, for the very keen, are these concepts in further original sutta form.

And further, monks, an aspirant lives contemplating awareness of mental objects of the five cognitive aggregates of clinging.

How, monks, does an aspirant live contemplating awareness of mental objects of the five cognitive aggregates of clinging?

Herein, monks, an aspirant thinks, “Thus is material form; thus is the arising of material form; and thus is the disappearance of material form. Thus is sensation; thus is the arising of sensation; and thus is the disappearance of sensation. Thus is perception; thus is the arising of perception; and thus is the disappearance of perception. Thus are formations; thus is the arising of formations; and thus is the disappearance of formations. Thus is cognition; thus is the arising of cognition; and thus is the disappearance of cognition.”

Thus one lives contemplating awareness of mental objects internally, or one lives contemplating awareness of mental objects externally, or one lives contemplating awareness of mental objects internally and externally. One lives contemplating origination factors in mental objects, or one lives contemplating dissolution factors in mental objects, or one lives contemplating origination-and-dissolution factors in mental objects [23]. Or one’s awareness is established with, “Mental objects exist,” to the extent necessary just for knowledge and awareness, and one lives detached, and clings to nothing in the world. Thus also, monks, an aspirant lives contemplating awareness of mental objects of the five cognitive aggregates of clinging. Satipatthana Sutta M 10

Another typical example:

“What do you think, monks — Is form constant or inconstant?” “Inconstant, lord.” “And is that which is inconstant easeful or dukkha?” “dukkha, lord.” “And is it fitting to regard what is inconstant, stressful, subject to change as: ‘This is mine. This is my self. This is what I am’?”

“No, lord.”

“…Is feeling constant or inconstant?” “Inconstant, lord.”…

“…Is perception constant or inconstant?” “Inconstant, lord.”…

“…Are mind states constant or inconstant?” “Inconstant, lord.”…

“What do you think, monks — Is cognition constant or inconstant?” “Inconstant, lord.” “And is that which is inconstant easeful or dukkha?” “dukkha, lord.” “And is it fitting to regard what is inconstant, stressful, subject to change as: ‘This is mine. This is my self. This is what I am’?”

“No, lord.”

“Thus, monks, any form whatsoever that is past, future, or present; internal or external; blatant or subtle; common or sublime; far or near: every form is to be seen as it actually is with right discernment as: ‘This is not mine. This is not my self. This is not what I am.’

“Any feeling whatsoever…

“Any perception whatsoever…

“Any mind states whatsoever…

“Any cognition whatsoever that is past, future, or present; internal or external; blatant or subtle; common or sublime; far or near: every cognition is to be seen as it actually is with right discernment as: ‘This is not mine. This is not my self. This is not what I am.’

“Seeing thus, the instructed disciple of the noble ones grows disenchanted with form, disenchanted with feeling, disenchanted with perception, disenchanted with mind states, disenchanted with cognition.

Disenchanted, he becomes dispassionate. Through dispassion, he is fully released. With full release, there is the knowledge, ‘Fully released.’ He discerns that ‘Birth is ended, the holy life fulfilled, the task done. There is nothing further for this world.’

Relating to dukkha as ‘wavering’:

The attached mind wavers. The unattached mind does not waver. Where there is no wavering there is calm, there is non-bending, there is non-leaning, there is no coming/going, there is no here/there/inbetween. This indeed is the ending of Dukkha

Read more...

လူသားအစ

(အင်တာနက်ရှာထားတဲ့ပုံလေးတွေပါ၊ မျောက်-လူ-၀က်ပါ ဆက်ဖြစ်ပုံပဲ pppppppppppp။ ပုံအရပြောတာပါ)

လူသားအစဗြဟ္မာက

စာမိတ်ဆက်

ဒီပို့စ်ကို ရေးဖို့ အရင်က တစ်ခါမှ စိတ်မကူးခဲ့ဘူး၊ ဖေ့ဘုတ်က ဗုဒ္ဓဘာသာ အတွေးအမြင်ကို တည်ထောင်သူ ဒေါက်တာ မင်းမဟော်က အရှင်ဘုရား အောက်ပါ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါဘုရား၊ အကူအညီတောင်းပါတယ်ဘုရား ဟု မေတ္တာရပ်ခံပါသည်၊ စာရေးသူလဲ ရေးဖို့ ချီတုံချတုံ ဖြစ်နေသည်၊ တခြားအလုပ်တွေလဲ ရှိနေတာကြောင့် လုံးဝ လွတ်လွတ်ကျွတ်ကျွတ် အာမ မခံရဲပေ၊ စာရေးသူကိုလဲ ထိုဗုဒ္ဓဘာသာ အတွေးအမြင်ကို တည်ထောင်သူ ဒေါက်တာမင်းမဟော်နှင့် ဒေါက်တာ ဇီဝကတို့က အဖွဲ့ရဲ့ Admin အဖြစ် အသိမှတ်ပြုသည်၊ ထို့အတွက်လဲ ကျေးဇူးတင်ပါသည်။ သို့သော်လည်း အချိန်မပေးနိုင်သဖြင့် ထိုအဖွဲ့ထဲမှာ ပို့စ်ရေးတာတို့ မလုပ်နိုင်ခဲ့၊ တခါတရံတော့ ၀င်ရောက် ဆွေးနွေးခဲ့သည်။ ဒီအဖွဲ့ကို တည်ထောင်သူတွေဟာ ခေတ်လူငယ်တွေ ဖြစ်ပေမဲ့ ဘာသာရေး စိတ်ဝင်းစားသလို အတွေးအမြင်လဲ ရှိကြတဲ့သူတွေ ဖြစ်တော့ ဒီအဖွဲ့ကို တည်ထောင်ခြင်းပဲ ဖြစ်ပုံရပါတယ်။

‘‘လူသားတွေဖြစ်ပေါ်လာပုံကို နိုင်ငံခြားသားတွေကိုပြန်ရှင်းပြချင်လို့ သာမာန်လူတွေ နားလည်နိုင်အောင် ဗုဒ္ဓရဲ့တရားတော်နဲ့အညီ မိန့်ကြားပေးပါဘုရား။ သူတို့ရဲ့ပန်းသီးစားလို့ ဆိုတဲ့အပြောကိုလဲ မငြင်းလိုပါဘုရား၊ စာအုပ်တွေရှာဖတ်တာလဲ တပည့်တော်အနေနဲ့ ဖြေရှင်းနိုင်မဲ့ အဖြေမျိုးမရသေးပါဘုရား။ ဦးခိုက်လျက်.....
ဒီမေးခွန်းလေး အဆင်ပြေတဲ့ အချိန်ကျရင် ဖြေပေးပါဘုရား-----။’’


လူသားအစ ကမ္ဘာဦးက
ဒါဝင် သီအိုရီက လူသားတွေဟာ မျောက်တွေကနေ တဖြည်းဖြည်းနဲ့ လူအဖြစ် ပြောင်းလဲလာတယ်လို့ဆိုတယ်။ တချို့ကလဲ လူသားတွေဟာ အာဒမ်နဲ့ဧ၀က စပေါက်ဖွားလာတာတဲ့၊ တချို့ကတော့ လူသားအစ အာရှတိုက်ကဖြစ်လာတာတဲ့၊ မြန်မာတွေက လူသားအစ မြန်မာက ပြောသလို ပုံတောင် ပုညာကစတယ်လို့လဲ ပြောကြတယ်၊ အားလုံးဟာ သမိုင်းပညာရှင် ဘာသာရေးပညာရှင် သိပ္ပံပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်ပဲဖြစ်ပါတယ်။ ဘယ်ကပဲ စဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လက်ခံနေကြတာပါပဲ၊ ဒါပေမဲ့ မေးလာတဲ့သူ အဲဒီအဖြေမျိုးမလိုချင်ဘူး ဗုဒ္ဓရဲ့ အဖြေမျိုးပဲ လိုချင်ပါသတဲ့ဗျာ-။
ဗုဒ္ဓစာပေအရ ဖော်ပြပေးပါဆိုတော့ ဒီဃနိကာယ်လာ စက္က၀တ္တိသုတ်နှင့် အဂ္ဂညသုတ်တို့ကို လေ့လာဖို့လိုလာသည်။ စာရေးသူတို့ မှီသလောက်လေးပေါ့၊ ဗုဒ္ဓစာပေတွေက အရမ်းကျယ်ပြန့်ပါတယ်၊ စာရေးသူတို့ ဥာဏ်နဲ့ လိုက်မမီပါဘူး။ အသေးစိတ်သိလိုသူများကိုတော့ ထိုသုတ် နှစ်သုတ်နဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သင်္ဂြီုဟ်ဘာသာဋီကာမှာလဲ လေ့လာနိုင်ပါသည်။

လူသား ဘယ်ကစလဲ မေးလာတော့ ကမ္ဘာကြီး ဘယ်ကစလဲ ဆိုတာကနေ စပြီး လေ့လာဖို့လိုလာသည်၊ ထိုသုတ္တန်မှာပဲ ပြထားပြီးဖြစ်သည်။ ကြက်မ ဘယ်ကစ ကြက်ဥက စ၊ ကြက်ဥ ဘယ်က စ ကြက်မက စ ဆိုတာလို အစရှာမရတဲ့ သံသရာလည်ပတ်နေတဲ့ လောကကြီးမှာ လူသား ဘယ်ကစလဲဆိုတာ အတိအကျ ပြောဖို့ မရပါဘူး။ ရဟန္တာမဖြစ်သေးသရွေ့ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ ပြိတ္တာဖြစ်လိုက် လူပြန်ဖြစ်လာလိုက်နဲ့ ဘယ်ကနေ လူစဖြစ်လဲဆိုတာ မသိနိုင်လောက်အောင်ကို သံသရာလည်နေသည်။ ထို့ကြောင့် လူ၏အစကို သို့မဟုတ် သတ္တ၀ါ၏အစကို မသိနိုင်ပေမဲ့ သံသရာအဆုံးကိုတော့ သိနိုင်သည်။ ကိလေသာပျက် အာသဝေါကင်း ရဟန္တာဖြစ်သွားသော သူသည် သံသရာပျက်သည်ဟု ဆိုလိုသည်။ တချို့ကပြောတယ် ဗုဒ္ဓက ကိုယ့်ကိုယ် မသေအောင် မလုပ်နိုင်ဘူးတဲ့၊ ဒီလိုဆိုရင် ဗုဒ္ဓ၏အစွမ်းက ဘယ်မှာလဲတဲ့။ တကယ်တော့ ဗုဒ္ဓရော ရဟန္တာတွေပါ ခန္ဓာငါးပါးနဲ့တည်ဆောက်ထားလို့ သေမျိုးဖြစ်လို့ သေရတာ မဆန်းပါဘူး၊ သို့သော်လဲ နောက်ထပ် သတ္တ၀ါတိုင်း ခံစားရသည့် မွေးဒုက္ခ အိုဒုက္ခ သေဒုက္ခကိုတော့ မရှိတော့ဘူး။ သတ္တ၀ါတစ်ယောက် ဖြစ်လျှက် မအို မနာ မသေ ထာဝရနေနိုင်တဲ့ အရာ ဘာမှ မရှိပါဘူး ထာဝရရှိတယ်လို့ ပြောတာဟာ လက်တွေ့မဟုတ်ဘဲ စိတ်ကူးပုံဖော်ထားတဲ့ စိတ်ကူးယဉ်မျှသာဖြစ်သည်။

ရှိစေတော့- လူဘယ်ကစလဲဆိုတာကို စာမှာကိုက အနမတဂ္ဂသံသရာတဲ့၊ အစမထင် ၀ါ အစမရှိ သံသရာတဲ့၊ လူသားလဲ သံသရာတည်း သတ္တ၀ါတစ်ယောက်ဆိုတော့ အစမထင် သံသရာထဲ ပါသွားတာပေါ့။ လူဘယ်ကစလဲ ဆိုတာကို ဘုရားရှင်တောင် ပြောပြမထားခဲ့ပါဘူး။ သို့သော်လဲ ကမ္ဘာဦးက လူသားဖြစ်ပေါ်လာပုံကိုတော့ ဖော်ပြထားသည်၊ ထိုလူသားတို့သည် သံသရာကို ကျင်လည်ရင်း လူသားအဖြစ် တဖန်ရောက်လာပုံကိုပဲ ဖော်ပြထားသည်။
မာလုကျပုတ္တသုတ်မှာ ပုဏ္ဏားတစ်ယောက်က လောကကြီး အဆုံးရှိသလား အဆုံးမရှိဘူးလား၊ သတ္တ၀ါတစ်ယောက် သေပြီးရင် ပြန်ဖြစ်လား မဖြစ်ဘူးလား ဖြစ်သည်လဲ မဟုတ် မဖြစ်ဘူးလဲ မဟုတ်ဆိုတဲ့ သဿတ ဥစ္ဆေဒမေးခွန်းမျိုးစတဲ့ မေးခွန်းဆယ်ချက်၊ ဘုရားက မဂ်ဖိုလ် နိဗ္ဗာန်အတွက် အထောက်အကူ မပြုတဲ့ မေးခွန်းတွေကို အချိန်မပေးနိုင်လို့ ချန်လှပ်ထားခဲ့တယ်။ ယနေ့ခေတ်မှာတော့ အနောက်တိုင်း အတွေးခေါ် (Western Philosophers) တွေ အိန္ဒိယအတွေးခေါ် (Indian Philosophers) တွေ ဗုဒ္ဓဘာသာအပေါ် ထောက်ပြထားတဲ့ problem တစ်ခုပေါ့။ အတွေးအခေါ်များဆိုတာ just thinking ပဲ၊ အကျင့်မပါဘူး။ ဗုဒ္ဓရဲ့ တရားတွေက အကျင့်ကိုပဲ ဦးစားပေးတယ်။ ထို့အတူပဲ လူသားအစ ဆိုတာ လောက အစကို ပြောတာနဲ့ အတူတူပဲလို့ ယူဆမိပါတယ်။ ကမ္ဘာ၏ အစလို့ပဲ ပြောကြပါစို့။

လ-နေမရှိသော လောက

ကမ္ဘာကြီး၏အစသည် လ,နေ, ကြယ်တာရာတွေ မရှိသေးသဖြင့် အမှောင်အတိပြီးသော လောကကြီးဖြစ်သည်။ နေ့တွေ ညတွေ မရှိသေး၊ နှစ်တွေ လတွေ ရက်စွဲတွေ မရှိသေး၊ ထိုအမှောင်လောကကြီးထဲ ရောက်နေတဲ့ လူသားတွေလဲ ယောက်ျား မိန်းမ ကွဲပြားမှု မရှိသေး။ သတ္တ၀ါတစ်ယောက်အနေနဲ့ပဲ ဖြစ်လာကြသည်။ နေရောင် လရောင် ကြယ်တာရာရောင်များ မရှိပေမဲ့ သတ္တ၀ါတွေရဲ့ခန္ဓာက အရောင် အလင်းဖြင့်ပင် နေနိုင်ကြသည်။ ထိုလူသားတွေသည် သူတို့တတွေရဲ့ ဒုစရိုက်လွန်ကျူးမှုကြောင့် ဆုပ်ကပ်ကနေ ကမ္ဘာကြီးပျက်စီးလို့ လူသားဘ၀ကနေ အာဘဿရာဗြဟ္မာပြည်သို့ ရောက်ကြတယ်၊ သြပပါတိကသတ္တ၀ါများဖြစ်သည်အားလျော်စွာ ကုသိုလ်ကံအဟုန်ကြောင့် ၀ုန်းကနဲ ဘွားကနဲပေါ်လာတဲ့ သတ္တ၀ါမျိုးဖြစ်သည်။ ဥကနေ ဖြစ်လာတဲ့ သတ္တ၀ါမျိုးကိုတော့ အဏ္ဍဇသတ္တ၀ါ၊ ပိုးလောက်ကဲ့သို့ အညှီအဟောက်ကို အစွဲပြု၍ မွေးဖွားလာသော သတ္တ၀ါကို သံသေဒဇ သတ္တ၀ါ၊ ကိုယ်ဝန်ဖြင့် မွေးဖွားလာသော သတ္တ၀ါကိုတော့ ဂဗ္ဘသေယျက သတ္တ၀ါ ဟု သတ္တ၀ါဖြစ်လာပုံနှင့် အမျိုးအစားကို ဤသို့ ခွဲခြားနိုင်သည်၊ နတ် ဗြဟ္မာတွေကတော့ ကုသိုလ်အဟုန်ကြောင့် ဖြစ်သော (ကမ္မဇ) သြပပါတိက သတ္တ၀ါဖြစ်သည်။ ထိုအာဘဿရာပြည်မှာ စိတ်ကြောင့်ပဲ ပီတိတည်းဟု အစားအာဟာရဖြင့် အသက်ရှင်ကြသည်။ ထိုပြည်ကနေ စုတေးပြီး လူသားအဖြစ် ဤလောကကြီးထဲ စတင်ရောက်လာသူများ ဖြစ်ကြသည်။ လူသားအစ ဗြဟ္မာက၊ ထို ဗြဟ္မာလဲ လူသားကနေဖြစ်ဆိုတော့ ကြက်ဥနဲ့ ကြက်မလိုပဲ ဖြစ်မည်။ ဒါဝင်က ပြောတော့ လူသား မျောက်ကဖြစ်တာတဲ့ အဲဒီမျောက်ကကော ဘယ်ကဖြစ်လာတာလဲ? မေးစရာပင်ဖြစ်သည်။

လူသားတွေရဲ့ ရွှေခေတ်
တချိန်က လူသားသတ္တ၀ါရယ်လို့ ဖြစ်ခါစက ရွှေခေတ်တစ်ခေတ်ရှိခဲ့ဖူးသည်။ စားရေးသောက်ရေးအတွက် မပူပင်ရ။ အဲဒီခေတ်က ကိုယ်နေတဲ့ မြေကြီးသည်ပင် စားစရာဖြစ်နေသည်၊ အလွန်အရသာရှိသည့် မြေဆီ မြေလွှာတို့သည် ရေပြင်မှာ နို့မလိုင်တည်သလိုရှိနေသည်။ စားချင်စရာ ထောပတ် ဆီဦးတို့ကဲ့သို့ အဆီသြဇာရှိပြီး အဆင်း အနံ့ အရသာတို့နှင့်လဲ ပြည့်စုံသည်။ သို့သော်လည်း ထိုသတ္တ၀ါတွေ အရသာရှိမှန်း မသိကြသေး၊ တနေ့တော့ သတ္တ၀ါတစ်ယောက် လူသားတစ်ယောက်ဆိုကြပါစို့၊ သူက လက်ဖြင့် မြေဆီကို ကော်ပြီး လျှာဖြင့်တို့ကြည့်ရာ အလွန်အရသာ ရှိမှန်းသိလိုက်ရသည်၊ ရသတဏှာလဲ စတင်ပေါ်ပေါက်လာသည်၊ သတ္တ၀ါတွေရဲ့ တဏှာအစသည် ရသတဏှာ ဖြစ်သလို့ အဖြတ်ရ အခက်အခဲဆုံး တဏှာသည်လည်း ရသတဏှာပင်ဖြစ်သည်။ နောက်တစ်ယောက်ကလဲ သူလုပ်သလို လိုက်လုပ်ရင်း အခြားခြားသော သတ္တ၀ါတွေအားလုံး သူလုပ်သလို လိုက်လုပ်ရင်းကနေ အစားအစာအပေါ် တဏှာရသများ ဖြစ်လာသည်။ ထိုကဲ့သို့ ရသတဏှာဖြင့် မြေဆီမြေလွှာများကို အားပါးတရ အလုပ်အလေးပြုပြီး စားလာသော အခါ သတ္တ၀ါတွေရဲ့ ခန္ဓာက အလင်းရောင် ပျောက်ကွယ်သည်။ ရသတဏှာကြောင့် လူသားတွေရဲ့ ရွှေခေတ်ကို ပျက်သုဉ်းစေဖို့ အစပြုလာသည်။

လ-နေတို့ စတင်ပေါ်လာ

သတ္တ၀ါတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြယ်သွားသော အခါ သတ္တ၀ါ အမှောင်ထဲမှာ ကြောက်ကြောက်ရွံ့ရွံ့ရှိကြသည်၊ အလင်းရောင် ပေါ်ပေါက်လာရင် ကောင်းမှာပဲဟု ဆန္ဒပြုလိုက်တာနဲ့ နေမင်းကြီး ပေါ်ပေါက်လာသည်၊ လူသားတွေရဲ့ ရဲရင့်ခြင်းကို ဖြစ်စေတတ်သော အလင်းရောင် ဖြစ်သောကြောင့် သူရ (သူရိယ) နေဟု ခေါ်သည်။ ကမ္ဘာကြီး၏ ရွေ့ရှားသော စနစ်ကြောင့် နေမင်းကြီး ကွယ်သောအခါ ‘‘ နောက်ထက် အလင်းရောင် တစ်ခု ပေါ်ပေါက်လာလျှင် ကောင်းမှာပဲ’’ဟု လူတွေ ရဲ့ ဆန္ဒကြောင့်ပင် စန္ဒဆိုတဲ့ လမင်းကြီး ရှေးဦးစွာ ပေါ်ပေါက်လာသည်။ ဒီဃနိကာယ်၊ ပါထိက၀ဂ္ဂ အဋ္ဌကထာ ၊ အဂ္ဂညသုတ်အဖွင့် စာမျက်နှာ ၅၁တွင် နေ လတို့၏ ပမာဏ အကွာအဝေး သဘောသဘာဝတို့ကို ဖော်ပြထားသည်၊ လေ့လာလိုက လေ့လာနိုင်ပါသည်။ ထိုခေတ်ကထဲက သိပ္ပံပညာ ထွန်းကားလာလေသရောလားဟု ထင်မိပါလိမ့်မည်။ ဤနေရာ၌ ဖော်မပြတော့ပေ။ ကြယ်တာရာတွေလဲ နေ လတို့နှင့်အတူ ပေါ်ပေါက်လာသည်သည်၊ ပါဠိတော်မှာ စန္ဓိမသူရိယ ဟု စန္ဓိမာ (လ) ကို ရှေ့ကနေ ဆိုထားပေမဲ့ အဋ္ဌကထာ အလိုအရာ သူရိယ (နေ)က ပထမ အရင်ပေါ်ပေါက်သည်။ ထိုအချိန်က စပြီး နေ့ ညတို့ ပေါ်ပေါက်လာသည်။ ထို့နောက် ရက်တွေ နေ့တွေ လတွေ နှစ်တွေ ဥတုတွေလဲ ပေါ်လာသည်။

ကျား-မ စတင်ပေါ်လာပုံ
ကမ္ဘာကြီး စတည်ကထဲက သတ္တ၀ါ အမည်ဖြင့်သာ ဖြစ်ပြီး ယောက်ျား မိန်းမရယ်လို့ ကွဲပြား ခြားနားခြင်း မရှိသေး။ လူသားသတ္တ၀ါတွေသည် မြေဆီ မြေလွှာကို အစာအဟာရ အဖြစ်စားလာသော အခါ ခန္ဓာကိုယ်သည်လည်း ကြမ်းတမ်းလာသည်၊ တစ်ယောက်နှင့် အဆင်းတွေ ကွဲပြားလာသည်၊ ရုပ်အဆင်းကောင်းသူတွေက ရုပ်အဆင်း မလှသူတွေအပေါ် အထင်သေးအမြင်သေးသည့် မာန အတိမာနစိတ်များ ဖြစ်လာသည်။ ငါသည် သူထက် ရုပ်အဆင်း ပိုလှတယ်၊ သူတို့ ငါ့လောက်မလှဘူး ဆိုတဲ့ မာန စိတ်တွေ ဖြစ်လာသည်။ ထိုမာန စိတ်တွေကြောင့်ပင် အလွန်ရသာရှိသည် မြေဆီ မြေလွှာတွေလဲ အရသာတွေ ကွယ်ပျောက်ကုန်ပြီ။ အဲဒီလိုအား အစားအစာတွေ တစ်ခုကွယ်ပြီး နောက်တစ်မျိုးပေါ်လာရင်း ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပို၍ပို၍ ကြမ်းတမ်းလာတော့သည်။ ရုပ်အဆင်းလှသူတွေလဲ ပိုပို၍ပင် မာန အတိမာနတွေ ကြီးထွားလေသည်။ ဒီလိုနဲ့ အစားအစာတွေ ပြောင်းလာရင်းနဲ့ ထုရိုက် ဖွတ်ပြီးချက်စရာ မလိုသော ဆန် ပေါ်လာသည်၊ ထိုဆန်သည် ဆန်ကျိုးဆန်ကွဲ မရှိ၊ အလွန်သန့်ရှင်းပြီး အနံ့နှင့်ပြည့်စုံသည်။ မနက် ညနေစာ အတွက် ညနေကထဲက သယ်ယူထားကြသည်။ ထိုအစားအစာဖြင့် လူသားသတ္တ၀ါတွေ အသက်ရှည်နေကြရသည်။
ထိုဆန်ကို စားပြီး လူသားတွေရဲ့ ခန္ဓာကိုယ်သည် ရှေးကထက် ပိုကြမ်းလာသည်၊ ရုပ်ဆင်းအင်္ဂါတွေလဲ ရှေးကထဲ မတူကွဲပြားမှုတွေ ဖြစ်လာသည်။ အဲဒီအချိန်မှာပဲ မိန်းမ အင်္ဂါ ယောက်ျားအင်္ဂါရပ်တွေ ထူးခြားစွာပေါ်လာသည်၊ အရင်လူ့ဘ၀က မိန်းမဖြစ်ခဲ့သူသည် မိန်းမအင်္ဂါပေါ်လာသည်ဖြစ်၍ မိန်းမအသွင်ဖြစ်သည်၊ အရင်လူ့ဘ၀က ယောက်ျားဖြစ်ခဲ့သူကတော့ ဒီဘ၀မှာ ယောက်ျားအဖြစ် လာဖြစ်ရသည်။ ဤသို့အားဖြင့် မိန်းမ ယောက်ျား ကွဲပြားလာသည်။ ထိုသို့ထူးခြားသည့် အပြောင်းအလွဲကြောင့် မိန်းမဖြစ်သူက ယောက်ျားဖြစ်သူကို စူးစူးစိုက်စိုက် ကြည့်သည်၊ ယောက်ျားဖြစ်သူကလဲ မိန်းမဖြစ်သူကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထိုကဲ့သို့ အချင်းအချင်း အပြန်အလှန် ကြာရှည် ကြည့်ရာမှ တပ်မက်တဲ့ ရာဂစိတ် ဖြစ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ရာဂအပူလောင်သည်၊ ထိုရာဂအပူကြောင့်ပင် မေထုန်မှီဝဲလိုက်ကြတော့သည်။ ဤကား မိန်းမ ယောက်ျား ကွဲပြားလာရာမှ မေထုန်ခေါ် ကာမဂုဏ် sex ကိစ္စ စတင်ဖြစ်လာခြင်းဖြစ်သည်။ သတ္တ၀ါတွေ၏ ရသတဏှာကနေ မာန၊ မာနကနေ ရာဂ စိတ်တို့ အဆင့်ဆင့် ဖြစ်ပွားလာခြင်းဖြစ်သည်။

လိက်ဆက်ဆံ (Sex)မှုကို ကမ္ဘာဦးကထဲက အပြစ်ဟု မြင်

ထိုခေတ်က လူရိုင်းတွေ ခေတ်ကလို အ၀တ်အစား မရှိကြသေး၊ အိမ်တွေ အကာရံတွေလဲ မရှိသေး၊ လွင်တီခေါင် ကွင်းပြင်တွေမှာလဲ မိန်းမ ယောက်ျား နှစ်ဦးသားတို့ မေထုန်မှီဝဲနေတာကို မြင်သော လူများက ခဲတွေ ဒုတ်တွေ နွားချေးတွေ ၀ိုင်းထုကြသည်။ ‘‘လူယုတ်မာတွေ ပျက်စီးပါစေ၊ အဘယ့်ကြောင့် သတ္တ၀ါတစ်ယောက်က သတ္တ၀ါတစ်ယောက်ကို ဤကဲ့သို့ ပြုကြသနည်း’’ဟု အော်ဟစ် ဆဲဆိုပြီး ၀ိုင်းထုကြသည်။ ဤသည်ကို ထောက်ဆ၍ ကမ္ဘာဦးကထဲက လိင်ဆက်ဆံမူ (sex) ကို ပညာရှိသည်ဖြစ် မရှိသည်ဖြစ်စေ လူတိုင်းက စက်ဆုပ်စရာ ကဲ့ရဲ့စရာ အဖြစ်၍ အပြစ် (အကုသိုလ်) ဟု သတ်မှတ်လာခဲ့သည်။ ထိုခေတ်က မေထုန်မှီဝဲတဲ့သူတွေကို ၃ လ သို့မဟုတ် ၂ လ ရွာနှင်ဒဏ်ပေးသည်၊ ရွာထဲ ၀င်ခွင့်မရှိ။ အဲဒီခေတ်က လိင်ဆက်ဆံမှုကို အဓမ္မသမ္မတ (သူယုတ်မာအကျင့်) ဟု သမုတ်ထားကြသည်။ ယခုခေတ်တော့ ဓမ္မသမ္မတ-ပြုကျင့်စရာ အဖြစ် ဖြစ်လာသည်။ တနည်းပြောရရင် အပြစ်ဟု မယူဆကြတော့ပေ။
အချိန်ကြာလာတော့ ဒီမေထုန်ကိစ္စကြီးက မသင့်တော်ဘူး၊ လူမြင်လို့လဲ မကောင်းဘူး၊ သူယုတ်မာတို့ အကျင့်ဖြစ်တဲ့ မေထုန်ကိစ္စကို လူသူမမြင်အောင် ဖုံးလွမ်းဖို့ အိမ်ဆောက်လာကြသည်။ ထိုအချိန်အခါမှ စ၍ အိမ်ပေါ်ပေါက်လာသည်။

သဘာဝဘေးဒဏ် ပေါ်ပေါက်လာခြင်း
ပထမဆုံး ပေါ်ပေါက်လာသူ လူသတ္တ၀ါကိုတော့ သူ၏ ရှေးဘုန်းရှေးကံကြောင့် ဗြဟ္မာပြည်က ဘွားကနဲ ပေါ်လာတဲ့ သြပပါတိက သတ္တ၀ါ ဖြစ်သည်၊ မိန်းမ ယောက်ျား ကွဲပြားလာပြီး မေထုန်အမှုပြုပြီးနောက် မွေးဖွားလာတဲ့ နောက် မျိုးဆက်သစ်များကိုတော့ ကိုယ်ဝန်ဆောင်မွေးလာရတဲ့ ဂဗ္ဘသေယျက သတ္တ၀ါအမျိုးစားဖြစ်သည်။ လူဦးရေ ထူထပ်လာတာနဲ့အမျှ ပြဿနာ မျိုးစုံဖြစ်တတ်သည်။ လူတစ်ယောက်တည်း နေလျင် မထူးပေမဲ့ လူ ၂ ယောက်ဖြစ်လာလျှင် သဘောထား ၂ မျိုးဖြစ်မည်၊ ၃ ယောက် ၄ ယောက် စသည်ဖြင့် များလာလျှင် သဘောထားကွဲပြားမှု များစွာ ဖြစ်လာမည်။ ပြဿနာ အမျိုးစုံ ဖြစ်လာမည်။
အခု ပြဿနာ စပါပြီ၊ အရင်တုန်းက တစ်ကြိမ်တစ်ခါ ဆောင်ယူလာခဲ့သော ဆန်သည် ည မနက်အတွက် ဖြစ်သည်။ နောက်ပိုင်း လူတစ်ယောက်က စပြီး တစ်ကြိမ် နှစ်ရက်စာ ၃ ရက်စာ ၈ ရက်စာ စသည်ဖြင့် သယ်လာကြခြင်းဖြင့် ပစ္စည်းဥစ္စာ စုဆောင်းသည့် လောဘ စဖြစ်လာသည်။ ထိုလောဘကြောင့်ပင် ဆန်တွေလဲ အပိန်အဖျင်းတွေပါလာသည်၊ ဖွဲစသည့် အညစ်ကြေးများ ပါလာသည်။ ကောက်စပါးတို့သည်လည်း အရင်ကလို မစည်ပင်တော့ပေ။ ဆန်စပါးပင်တို့သည် ကွက်ကြားပေါက်ကုန်ပြီ၊ အရင်ကလို ပိတ်ပိတ်သဲသဲ မပေါက်တော့ပေ၊ တချိန်က လူတွေရဲ့ရွှေခေတ်သည် လူတွေရဲ့ လောဘ တဏှာကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ဒီခေတ်မှာလဲ မိုးတွေခေါင် ရေတွေကြီး၊ အသီးအနှံတွေ မဖြစ်ထွန်း၊ ဆေးမျိုးစုံသုံးနေရခြင်းက လူတွေရဲ့ လောဘ ၀ိသမလောဘ စတဲ့ အကုသိုလ်တွေကြောင့်ပင် ဖြစ်သည်။ လူတွေရဲ့ မထိန်းနိုင်တဲ့ လောဘတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ သတ္တ၀ါ အရင်းမြစ်တွေ ပျက်စီးလာရသည်။ ထိုသဘာဝအရင်းမြစ်တွေ ပျက်စီးလာတာနဲ့အမျှ မျော်လင့်မထားတဲ့ သဘာဝ ဘေးဒဏ်တွေလဲ မကြာခဏ ရင်ဆိုင်နေရသည်။ လူတွေရဲ့ အလိုရမ္မက်ကို မထိန်းနိုင်သရွှေ့ သဘာဝဘေးဒဏ်တွေက ပို၍ပို၍ ကြီးထွားလာပါလိမ့်မည်။

ထိုကြောင့် ရွှေခေတ် ပျက်စီးသွားမည့်အရေးကို အချိန်မီ တားဆီးနိုင်ရန် စီမီနာ (seminar) တစ်ခု ကျင်းပသည်။ သူတို့၏ စီမီနာမှာ အရင်က စိတ်ကြံတိုင်းရ လိုတိုင်းရသည့် ရွှေခေတ်၊ ပီတိကိုသာ စားနေရနေရတဲ့ ခေတ် ပျောက်လာပြီး နောက်ပိုင်း ရသာရှိတဲ့ မြေဆီမြေလွှာတွေ စားရသည်၊ ပထ၀ီမှ ရသာတွေလဲ ပျောက်ကုန်၊ ခန္ဓာကိုယ်လဲ့ ကြမ်းတမ်းလာ၊ ကိုယ်ရောင်ကိုယ်ဝါတွေလဲ ပျောက်ကုန်၊ လ-နေ-ကြယ်တာရာတွေ ပေါ်ပေါက်လာ၊ နေ့ လ နှစ်တွေ ပေါ်ပေါက်လာ။ လူတွေရဲ့ လောဘစတဲ့ အကုသိုလ်တွေကြောင့် မြေဆီမြေလွှာတွေလဲ ပျောက်ကုန်ုပြီ ဆန်စပါးတွေ စပေါ်လာ၊ ထို အပြစ်ကင်းစင်ပြီး အနံ့ရသာ အဆီသြဇာရှိတဲ့ ဆန်တွေလဲ မသန့်ရှင်းမှုတွေ ဖြစ်လာသည်၊ နောက်ပိုင်း ဆန်စပါးပင်တို့သည်ပင် မစည်ပင်ပဲ ဟိုနား တစ်စု ဒီနားတစ်စု ကွက်ကြားပေါက်ကုန်တော့သည်။

အဲဒီနောက်ပိုင်း လိုတရရွှေခေတ် ပျောက်ကွယ်သွားပြီး၊ စပါးပင်ပေါက်ရာ မြေများကို သူပိုင် ကိုယ်ပိုင် စည်းရိုးများခတ်ကြသည်။ နောက်ပိုင်း သူ့ဝေစု ကိုယ့်ဝေစုတွေခွဲပြီး နေလာရာမှ တစ်ယောက်သော သူက တစ်ယောက်ပိုင်သည့် နယ်က စပါးများကို ခိုးယူသည့် အဒိန္နာဒါနကံ စပါတော့သည်။ ပထမတော့ ခိုးတဲ့သူကို ဆဲဆိုပြီး ခြိမ်းခြောက်ရုံသာ လုပ်ပြီး နောက်ပိုင်း ၂ ကြိမ် ၃ ကြိမ် ခိုးလာတော့ ဒုတ်တွေ ခဲတွေနဲ့ ၀ိုင်း ညှင်းဆဲကြသည်၊ ၀ိဟိံသ စတင်ပေါ်ပေါက်လာပြီး နောက် ခိုးမှုထပ်မံ ဖြစ်လာသောအခါ ထိုညှင်းဆဲမှုကို ကြောက်သည်၊ ၀ိုင်းဖမ်း၍ စစ်ဆေးမေးမြန်းသော အခါ လိမ်ညာသည့် မုသာဝါဒလဲ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့၊ အပြစ်ပေးသင့်သူကို အပြစ်ပေး၊ ရပ်ရွာ တိုင်းပြည်ကနေ နှင်ထုတ်သင့်သူ နှင်ထုတ်နိုင်တဲ့နည်းလမ်းများကို တိုင်ပင်ဆွေးနွေကြသည်။ နောက်ဆုံး အများစု ဆုံးဖြတ်ချက်အရ အဖြေတစ်ခု ထိုသို့ ဥဒေကို ကိုင်နိုင်သည့်သူ၊ ဥပဒေကို ကျူးလွန်က အပြစ်ပေးနိုင်သည့်သူ အများလေးစားရသည့်သူ အများစုထက် ရုပ်ဆင်းအင်္ဂါပြည့်စုံသူ ကြည်ညိုလေးစားထိုက်တဲ့သူ အရှိန်သြဇာရှိတဲ့သူကို သမ္မတ (President) အဖြစ်သတ်မှတ် အတည်ပြုရန်ဖြစ်သည်။

သမ္မတပေါ်ပေါက်လာခြင်း

သမ္မတ,သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကို သမ္မဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သူကို သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည် ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတ ဆိုတာ ပေါ်လာသည်။ ထို့နောက် တိုင်းပြည်အတွင်း အာဏာခွဲခြမ်းမှု စီးပွားရေး လူမှုရေးတွေကြောင့် ရာထူးဌာနန္တရများ ကွဲပြားလာသလို လူသားတွေရဲ့ ဘ၀အဆင့်အတန်းသည်လဲ ကွဲပြားလာတော့သည်။

ခြုံ၍သုံးသပ်သော်
ဒါဝင်က လူသားအစ မျောက်ကဆိုသည်၊ ဗုဒ္ဓအလိုကျ လူသားအစ ဗြဟ္မာက စသည်။ ကမ္ဘာကြီး စတင်ပေါ်ပေါက်လာတာနဲ့ ဗြဟ္မာပြည်က စုတေသော သတ္တ၀ါတွေ ကမ္ဘာကြီးထဲကို သူတို့၏ ရှေးဘုန်းရှေးကံကြောင့် ဘွားကနဲ (သြပပါတိက) လူအဖြစ်ပေါ်သည်။ ထိုနောက်မှ ကျား+မ ကွဲပြားမှု၊ လိင်ဆက်ဆံမှု၊ လူဦးရေ ကြီးထွာလာမှု၊ စားဝတ်နေရေး ပြဿနာများ တဆင့်ပြီး တဆင့်ပေါ်ပေါက်လာပြီး နောက်ဆုံး သမ္မတပေါ်လာပြီး လူတန်းစား အဆင့်ဆင့်ပေါ်ပေါက်သည်။ လူသားတွေရဲ့ အကုသိုလ်စိတ်တွေကြောင့် လူသားဘ၀အစက လိုတိုင်းရ တတိုင်းရတဲ့ ရွှေခေတ်သည်လည်း ပျောက်ပြယ်သွားသည်ကို သတိတရဖြစ်မိသည်။ ကမ္ဘာဦးက လူသားသည် ဗြဟ္မာက စသည်ဆိုပေမဲ့ သံသရာနဲ့ ပြောသည်ရှိသော် လူသားဘ၀ အစသည် မထင်ရှား၊ ဘုရားရှင်တောင် မပြောခဲ့။ ကြက်ဥ ကြက်မက ဖြစ်၊ ကြက်မ ကြက်ဥက ဖြစ်စသည် သံသရာအကြောင်း (လောကအကြောင်း) ကံအကြောင်း ဗုဒ္ဓ၀ိသယ ခေါ် ဘုရားရှင် အရာများ ဈာန်နှင့်ပက်သက်သည့် အကြောင်းအရာများကို မစဉ်းစားသင့် စဉ်းစားက စိတ်ပင်ပန်းနိုင်သည်၊ ရူးသွားနိုင်သည်၊ အရာကား အလွန်ကျယ်လွန်းသောကြောင့်ဖြစ်သည်။ ထိုအရာများကို အစိန္တေယျ ၄ မျိုးကိုလဲ ပြထားသေးသည်။ ထို့ကြောင့် ဗုဒ္ဓစာပေအရ လူသားဘယ်က စလဲ သံသရာနဲ့ချီပြီး တွေးက အလွန်ကျယ်လွန်းရာကား ပင်ပန်းမည်၊ ရူးသွားနိုင်သည်ဖြစ်သည်။ သံသရာနှင့်မတွေးဘဲ ကမ္ဘာဦးက လူသား ဘယ်ကစ ဗြဟ္မာက စသည်ဟု အဖြေပေးလိုက်ပါတော့သတည်း။။။။။။။။

မှတ်ချက်။ ။ မိမိ ဥာဏ်မှီသလောက် ဒီဃနိကာယ် အဂ္ဂညသုတ်ပါဠိတော်နှင့် ၎င်း အဋ္ဌကထာကိုပဲ မှီရေးသည်။ ပြည့်စုံမည်ဟု မယူဆပါ၊ အားရကျေနပ်မှု မရှိသေးပါက ထိုသုတ်အဋ္ဌကထာများ၊ သင်္ဂြိုဟ်ဘာသာဋီကာနှင့် အခြားကျမ်းများ များစွာရှိသေးသည်၊ ရှာဖတ်သင့်ပါသည်။ နောက်တစ်ခု အကြံတစ်ခု ပြုချင်တာက ‘‘လူသားအစ ဗြဟ္မာက’’ မှာ လူသားဖြစ်လာတဲ့ ထိုဗြဟ္မာကြီးကကော ဘယ်ကလာသလဲ မေးလာလျင် စက္က၀တ္တိသုတ်မှာ ဖတ်ဖို့လမ်းညွှန်လိုက်ပါရစေ။ ထိုသုတ်မှာ လူသားတွေ သက်တမ်း ဆုတ်ယုတ်လာပုံ၊ အကုသိုလ် ဒုစရိုတ်တွေ တဆင့်ပြီး တဆင့် ကျူးလွန်ကြပုံ၊ နောက်ဆုံး ကမ္ဘာကြီး မပျက်မှီ လူတွေ သံဝေဂ ရပြီး အချင်းချင်း မေတ္တာပွားလာပုံ၊ ထိုနောက် ကမ္ဘာကြီး ပျက်စီးပြီး အားလုံးသေကြသောသူတို့တွင် မေတ္တာဘာဝနာ အားထုတ်ခဲ့ကြသော သူတော်ကောင်းများက အာဘဿရ (ဗြဟ္မာ)ဘုံသို့ ရောက်သွားကြပုံတွေ အသေးစိတ်ပြထားသည်၊ စိတ်ဝင်စားသူများ ကမ္ဘာကြီး ပျက်စီးသွားပုံကို လေ့လာနိုင်ပါကြောင်း သတိတရဖြစ်စေပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၉-၂၀၁၁

Read more...

အနေကဇာတင်ပွဲ (၃)



တချို့ကလည်း အနေကဇာတင်ပွဲကို ဘုရားသိဒ္ဓိတင်ပွဲတဲ့။
“ဘုရားရုပ်တုကို သိဒ္ဓိမတင်ရသေးဘူး၊ သိဒ္ဓိတင်ရအုံးမယ်” စသည်ဖြင့် ပြောဆိုကြပါတယ်။

သိဒ္ဓိတင်တယ်ဆိုတာ အစွမ်းမရှိတဲ့ အစွမ်းမထက်တဲ့အရာဝတ္ထုတစ်ခုကို
အစွမ်းရှိလာအောင် အစွမ်းထက်လာအောင် ရွတ်ဖတ်မန်းမှုတ်ပေးတာလို့ နားလည်မိပါတယ်။

မိမိတို့အိမ်ကို ပင့်ဆောင်ပြီး ကိုးကွယ်မဲ့ ဗုဒ္ဓရုပ်ပွါးတော်ကို သိဒ္ဓိတင်တယ်ဆိုတော့
ဗုဒ္ဓရုပ်ပွါးတော်က အစွမ်းမရှိလို့လား၊
အစွမ်းရှိခဲ့ရင်တောင် ဘုန်းကြီးတွေ ရွတ်ဖတ်ပေးရုံနဲ့
အစွမ်းရှိလာမှာလား၊ အစွမ်းထက်လာမှာလား။
ဘုရားကို ဘုန်းကြီးကသိဒ္ဓိတင်ပေးရတယ်ဆိုတာ အတော့်ကို ကြားလို့မကောင်းတဲ့စကားပါ။

သိဒ္ဓိတင်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်၊ အကြောင်းအရာနဲ့ပတ်သက်လို့
ရေစကြိုအရှင်ဧသိကရေးထားတာ အတော်လေးပြည့်စုံလို့
ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

ယနေ့ မြန်မာနိုင်ငံ၌ သိဒ္ဓိတင်သော အလုပ်ကိုလည်း
လူအတော်များများ လက်ခံ ယုံကြည်နေကြ၏။
သိဒ္ဓိတင်ခြင်း ဆိုသည်မှာ
ပါဠိဘာသာ သိဒ္ဓိဟူသော ဝေါဟာရပုဒ်နှင့် မြန်မာဘာသာ တင်ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်၍ သိဒ္ဓိတင် ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပေသည်။

ဤတွင် သိဒ္ဓိဟူသော ပုဒ်ကို အနက်အဓိပ္ပာယ် ရှာဖွေကြည့်ပါက
အဘိဓာန်ပါဠိ၌ သိဒ္ဓိပုဒ်၏ အဖွင့်မရှိ။ ပရိယာယ်လည်း မရှိ။
သို့သော် သာဓနသဒ္ဒါဟောနိုင်သော အနက်တို့ကို ဖော်ပြရာ၌
သိဒ္ဓိပုဒ်ကို ပြီးစီးခြင်းဟူ၍ အနက်ပေးထားကြပါသည်။

မြန်မာအဘိဓာန်ကျမ်း၌
သိဒ္ဓိ = ပြီးခြင်း၊ သိဒ္ဓိတင်၊ လက်ဖွဲ့စသည်ကို အစွမ်းထက်အောင် ဆောင်ရွက်သည်။
ချီးမွမ်းသည်။ အမွှမ်းတင်သည်။ ဟု ဖွင့်ပြထားသည်။
ထို့ကြောင့် သိဒ္ဓိတင်ခြင်းဆိုသည်မှာ
စီမံဖန်တီးထားသော ပစ္စည်းကို အစွမ်းထက်အောင် ဆောင်ရွက်သော အလုပ်ကို ဆိုလိုသည်။

သိဒ္ဓိတင်သည် ဆိုရာမှာလည်း
ဟိန္ဒူ ဗြာဟ္မဏတို့ကဲ့သို့ ဂါထာမန္တန်ဖြင့် ရွတ်ဆိုခြင်းကိုပင် ဆိုလိုပါသည်။
မြန်မာတို့က မန္တန်ဖြင့် မန်းသည်ဟု ခေါ်၏။
လက်ဖွဲ့မန်း၊ ရေမန်း၊ ဆီမန်း စသည်ဖြင့် အမျိုးမျိုးသော မန်းမှုတ်မှုတို့ကို တီထွင်ပြုလုပ်ကြသည်။ ဤသို့ မန်းလိုက်သဖြင့် ရေသည် အစွမ်း ထက်သွား၏။
ဆီသည် တန်ခိုးရှိသွား၏။ လက်ဖွဲ့စသည်တို့လည်း အစွမ်းထက်သွားကာ
လိုရာသိဒ္ဓိများ ပြီးမြောက်မည်ဟု ယုံကြည်ကြသည်။

ဤကဲ့သို့သော ယုံကြည်ချက်ဖြင့် ဂါထာမန္တန်တို့ကို
ကိုယ်တိုင် ရွတ်ဖတ် သရဇ္ဈာယ်၍ သိဒ္ဓိတင် မန်းမှုတ်ကြသည်။
မိမိတို့ မလုပ်တတ်ပါက အခြား မန်းမှုတ်တတ်သူတို့ကို မန်းမှုတ်စေ၍
အစွမ်းထက်အောင် ပြုလုပ်ကြသည်။

သိဒ္ဓိတင်သည်ဆိုသော ဂါထာမန္တန်တို့မှာလည်း
သက္ကတ၊ ပါဠိ၊ မြန်မာဘာသာတို့ဖြင့် သီကုံးထားခြင်း ဖြစ်သည်။
ဂါထာမန္တန်တို့မှာ မိမိတို့ လိုအင်ဆန္ဒကို တောင်းဆိုထားသော စာများသာ ဖြစ်သည်။
ပုံစံအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။

မဟိဒ္ဓိကာ ဘေးရန်ကာ၍ ကမ္ဘာမပျက် အာယုဆက်၍
အသက်ကပ်လုံး တည်စေသော် ။
ခဲဖွယ်ဘောဇဉ် ချိုချဉ်ကစ မွတ်သိပ်လှသော် တောင့်တချက်ချင်း ရောက်စေသော်။
အရေးရှိလျှင် အရိပ်ဆာယာ နတ်တကာနှင့် ၀ိဇ္ဇာအပေါင်း မစေသော် ။
ဗိုလ်လူများစွာ ရန်ပြုလာလျှင် ၀ိဇ္ဇာဗလ နတ်ကစ၍ သိဒ္ဓိဆိုင်ရာ နတ်များစွာက
ညီညာဖြဖြ ၀ိုင်းအုံကြ၍ မ စ ပြုပြင် ငါ့ရုပ်သွင် မထင်ချက်ချင်း ပျောက်စေသော် ။

ဤသို့သော မန္တန်စာဖြင့် သိဒ္ဓိတင်ကြခြင်းသာ ဖြစ်ပေသည်။

ယနေ့ခေတ်တွင် သိဒ္ဓိတင်ခြင်းကို လူကြိုက်များလာသည့်အလျောက်
သိဒ္ဒိတင်ပေးသော ပုဂ္ဂိုလ်ကြီးများလည်း ပေါ်ပေါက်နေ၏။
ထိုပုဂ္ဂိုလ်များမှာ အများအားဖြင့် ဂိုဏ်းဆန်ဆန်အလုပ်ကို ပြုလုပ်နေသူများ ဖြစ်သည်။

ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး၊ လက်ဖွဲ့၊ ဓာတ်လုံး စသည်တို့ကို
ဥုံ အောင်းဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။
လူတွေကလည်း နာမည်ကြီး ဂိုဏ်းပုဂ္ဂိုလ်ကြီး က ရွတ်ဆိုပေးသမျှကို
ကွန်ပျူတာဂဏန်းစက်ကဲ့သို့ အချက်ကျမှန်မည်ဟု ဧကန်ယုံကြည်မှုဖြင့်
လက်ဝါးလှန်၍ တောင်ခံနေကြကုန်၏။

ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင် ပေးသူများ ရှိနေသည်။
ထိုပုဂ္ဂိုလ်ကြီးက တစ်ကျပ်တန် ငွေစက္ကူကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။
ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲ သွင်းကာ
သပ်ရပ်စွာ သိမ်းဆည်းထားလိုက်သည်။
ပြီးနောက် လက်ကိုင်အိတ် တွင်းမှ ၂၀၀ိ/- တန် ငွေစက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။ လက်တွေ့မှာမူ သိဒ္ဓိတင် ပေးသော ပုဂ္ဂိုလ်အတွက် ၁၉၉-ကျပ် အမြတ်ရသွားပြီ။ တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သော အလုပ်မှာ ဘယ်ဖက်စပ် ကုမ္ပဏီလုပ်ငန်းမှ မရှိချေ။

လူတို့သည် ဘ၀နှင့် ဘ၀ခံစားမှုအတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။
အာသာရမ္မက်အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။
ယုံကြည်စရာကို ရှာဖွေ လက်ခံနေကြသည်။
ယုတ္တိရှိ မရှိကို အသိဥာဏ်ဖြင့် အမြင်မှန် မရနိုင်ခဲ့ကြပေ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP