ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Wednesday, June 22, 2011
“ နတ်ပြည်မရောက်ချင်တဲ့မိအေး”
“ နတ်ပြည်မရောက်ချင်တဲ့မိအေး”
ရွာကြီးတစ်ရွာမှာ တောင်ကျောင်းနှင့်မြောက်ကျောင်းရှိပါတယ်။ တောင်ကျောင်း
ဘုန်းကြီးကခပ်နောက်နောက် ခပ်ပျော်ပျော်နေတတ်တယ်။ လူငယ်တွေက “ ဘုန်းကြီး...လူမထွက်တော့ဘူးလား”လို့မေးရင်“ ဟေ.....ဒီဘဝတော့ မထွက်တော့ပါ
ဘူးကွာ၊နောက်ဘဝရောက်မှ နတ်ပြည်မှာ နတ်သမီးလေးတွေ တဖက်သား
ငါးရာနဲ့ အတိုးချပြီး ပျော်တော့မယ် ”လို့ ပြောင်ပြော ပြောတတ်ပါတယ်။
“ ဘုန်းကြီး.....မိန်းမ မလိုချင်ဘူးလား”လို့မေးလာပြန်တော့လည်း
“ ဟာကွာ လူပြည်ကမိန်းမတွေ ဘာလှတာမှတ်လို့၊ မင်းတို့ပြောပြောနေတဲ့
ဝတ်မှုံရွှေရည်တို့ စိုးမြတ်သူဇာတို့ဆိုတာ အလကားဟာမတွေပါ၊ ငါတော့
ဒီဘဝ ဘုန်းကြီးဝတ်နဲ့ပဲ အောင့်ထားတော့မယ်၊နတ်ပြည်ရောက်မှ ဒင်းတို့
ငါ့အကြောင်းသိစေရမယ် ”လို့ ကြုံးဝါးသံနဲ့ ပြန်ပြောတတ်ပါတယ်။
တောင်ကျောင်းဘုန်းကြီးရဲ့ နတ်ပြည်ရောက်မှ အတိုးချပြီး ဆိုးပြတော့မယ်ဆိုတဲ့
သတင်းဟာ တစ်ရွာလုံးရှိ မိန်းမတွေအတွက် ကြောက်စရာ လန့်စရာ
သတင်းဆိုးကြီးဖြစ်နေတယ်။
တစ်နေ့တော့ ရွာထဲက မိအေးက မြောက်ကျောင်းဆရာတော်ထံ ဆွမ်းသွားပို့တယ်။
ဆရာတော်က“ ဒီဆွမ်းလှူရတဲ့အကျိုးအားကြောင့် မိအေးတစ်ယောက်
နောက်ဘဝ နတ်ပြည်မှာ နတ်သမီးလှလှလေးဖြစ်ပါစေဗျာ”လို့လည်း
ဆုပေးလိုက်ရော၊မိအေးတစ်ယောက် ကပျာကယာနဲ့ ပြန်လျှောက်လိုက်တာက
“ တော်ပြီ.. တော်ပြီး နောက်ဘဝ နတ်ပြည်မရောက်ချင်ဘူး၊ နတ်ပြည်ရောက်ရင်
တောင်ကျောင်းဘုန်းကြီးနဲ့ တိုးနေလိမ့်မယ် ”တဲ့။
သာသနာ့ရောင်ခြည်အဖွဲ့၏ (၂၀) ကြိမ်မြောက် အလှူတော်အတွက် နှိုးဆော်ခြင်း
စက်ဝိုင်း အကွက်နံပါတ်(၂)
စက်ဝိုင်းအကွက် နံပါတ်(၂)တွင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟု တရားငါးပါးရှိ၏။ ထိုတရားငါးပါးသည် သူသူငါငါ သတ္တ၀ါတို့၏ လက်ရှိခန္ဓာငါးပါးဖြစ်စဉ်ပင် ဖြစ်၏။ အကွက်(၁)တွင်ရှိသော အ၀ိဇ္ဇာ သင်္ခါရကြောင့်ဖြစ်ပေါ်လာရသောတရားအစုသာဖြစ်၏။ အကွက်(၁)က တရားများကြောင့် အကွက်(၂)က တရားများပေါ်လာရခြင်းဖြစ်သည်ဟု ဓမ္မဖြစ်စဉ်အတိုင်း သိမြင်ထားမည်ဆိုလျှင် ဓမ္မကြောင့် ဓမ္မဖြစ်နေသည်ကို ရှင်းလင်းစွာ သဘောပေါက်ထားသဖြင့် ပုဂ္ဂိုလ်သတ္တ၀ါ ယောက်ျားမိန်းမ ဖြစ်စဉ်မဟုတ်သည်ကိုလည်း သိမြင်နိုင်မည်ဖြစ်၏။
သို့ဖြစ်မူ ယခုလက်ရှိခန္ဓာငါးပါးသည် ပဋိသန္ဓေ၀ိညာဏ်ကစခဲ့သဖြင့် ထိုပဋိသန္ဓေ၀ိညာဏ်သည် ၀ိညာဏက္ခန္ဓာဖြစ်၏။ ထို့နောက်ပေါ်လာရသော စိတ်အစဉ်သည် ပ၀တ္တိဝိညာဏ်ဖြစ်၏။ ထိုပ၀တ္တိဝိညာဏ်သည်လည်း ၀ိညာဏက္ခန္ဓာပင် ဖြစ်၏။ နာမ်ရုပ်တွင် နာမ်အရ ဝေဒနာ သညာမှကြွင်းသော စေတသိက်(၅၀)သည် သင်္ခါရက္ခန္ဓာဖြစ်၏။ စေတနာခေါင်းဆောင်သဖြင့် စေတနာကို အဦးပြု၍ သင်္ခါရက္ခန္ဓာဟု အမည်ပေးထားခြင်းဖြစ်၏။ ရုပ်သည် ရူပက္ခန္ဓာဖြစ်၏။ မျက်စိ အဆင်းတိုက်သဖြင့် ပေါ်လာသည့် မြင်စိတ်သည် ပ၀တ္တိဝိညာဏ်ပင်ဖြစ်သဖြင့် ၀ိညာဏက္ခန္ဓာတွင် ထည့်သွင်းရ၏။ ထို့အတူ ကြားစိတ် နံစိတ် စားစိတ် ယားနာကောင်းစိတ် တွေးတောကြံစည်စိတ်တို့သည်လည်း ၀ိညာဏက္ခန္ဓာပင်ဖြစ်၏။ ထိုစိတ်တို့နှင့်ယှဉ်တွဲပေါ်လာသည့် သညာသည် သညက္ခန္ဓာဖြစ်၏။ မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရူပက္ခန္ဓာဖြစ်၏။ စိတ်သည် ၀ိညာဏက္ခန္ဓာဖြစ်၏။ ဖဿသည် စေတသိက်ဖြစ်၍ သင်္ခါရက္ခန္ဓာဖြစ်၏။ ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်၏။ ထို့ကြောင့် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကို သုတ္တန်နည်းအားဖြင့် ခန္ဓာငါးပါးဟု ဆိုရခြင်းဖြစ်၏။ တူရာပေါင်းကြည့်လိုက်က ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာဟု အဘိဓမ္မာနည်းအားဖြင့် ခန္ဓာငါးပါး ပေါ်လာမည်ဖြစ်၏။
ထိုသို့ ကွဲကွဲပြားပြားသိထားလျှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို နာယူရသောအခါ ထိထိမိမိ သဘောပေါက်လွယ်၏။ သို့မဟုတ်လျှင် ခန္ဓာငါးပါးဟု ဆိုနေရသော်လည်း ခန္ဓာငါးပါးနှစ်မူဖြစ်နေသဖြင့် ဘ၀င်မကျ ဖြစ်နေတတ်၏။ ထို့အပြင် ပစ္စုပ္ပန်တွင်ပေါ်သည့် ခန္ဓာငါးပါးကိုလည်း သဘောပေါက်ထားဖို့ လိုပါ၏။ ပစ္စုပ္ပန်ခန္ဓာငါးပါးသည် အာယတနခြောက်ပါးအပေါ်မူတည်၍ ပေါ်ရရိုးဖြစ်၏။ မျက်လုံးဖွင့်လိုက်၍ သားမြင်မြင် သမီးမြင်မြင် မြင်ချင်ရာမြင်လိုက်သည်နှင့် မြင်စိတ်သည် ပေါ်လာရ၏။ မြင်စိတ်သည် မျက်လုံးမဖွင့်လျှင်လည်း မပေါ်သကဲ့သို့ မြင်စရာမရှိလျှင်လည်း ပေါ်မည်မဟုတ်။ မျက်စိနှစ်ကွင်း အလင်းမရသူ၊ ၀မ်းတွင်းကတည်းက မျက်စိပါမလာသူတို့သန္တာန်တွင် မြင်စိတ် လုံးဝမပေါ်နိုင်။ အကြောင်းမပြည့်စုံ၍ မပေါ်ခြင်းဖြစ်၏။ ထို့ကြောင့် မြင်စိတ်ဖြစ်ဖို့ အဓိကအကြောင်းနှစ်ခုပြည့်စုံဖို့လို၏။ မျက်စိနှင့် အဆင်းဖြစ်၏။ ထိုပင်မအကြောင်းနှစ်ပါး ကင်း၍ မြင်စိတ်လုံးဝမပေါ်နိုင်။ အလင်းရောင်၊ အာရုံစိုက်မှုဟူသော အခြံအရံအကြောင်းများလည်းရှိသေး၏။ သတိမမူ ဂူမမြင်ဆိုသည့်အတိုင်း အာရုံစိုက်မှုမရှိလျှင်လည်း မြင်စိတ်မပေါ်နိုင်။ သို့သော် ယခု ပင်မအကြောင်းတို့ကိုသာ ပြောပြလိုပါ၏။ မျက်စိနှင့် မြင်စရာတွေ့လျှင် မြင်စိတ်ပေါ်၏။ မျက်စိအဆင်းတွေ့ခြင်းသည် ဖဿဖြစ်၏။ မြင်စိတ်က ၀ိညာဏ်ဖြစ်၏။ သားကလေး မြင်လိုက်ရ၍ဖြစ်စေ သမီးကလေး မြင်လိုက်ရ၍ဖြစ်စေ ၀မ်းသာသည်က ဝေဒနာဖြစ်၏။ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာဟုပင်ဆိုသော်လည်း ထိုသုံးခုသည် တစ်ပြိုင်နက်ပေါ်သောတရားများဖြစ်၏။ ဓမ္မဖြစ်စဉ် ဒေသနာစဉ်အရဟောထားခြင်းသာဖြစ်၏။ မြင်စိတ်ပေါ်လျှင် ဝေဒနာမပေါ်ပါနှင့်ဟု တား၍ဆီး၍မရ၊ သိကြားလည်းမတားနိုင်၊ ဘုရားလည်း မတားနိုင်။
ထိုမြင်ဆဲအခိုက်တွင် ခန္ဓာငါးပါး ပေါ်သည်ကို ပြောလိုပါ၏။ မျက်စိ အဆင်းသည် ရူပက္ခန္ဓာဖြစ်၏။ မြင်လိုက်ရ၍ သယာကျေနပ်မှု မကျေနပ်မှု အလယ်အလတ်ခံစားမှုဟူသော ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်၏။ မြင်သည်ကို မှတ်မိသည့် သညာသည် သညက္ခန္ဓာဖြစ်၏။ မြင်စိတ်နှင့်အတူတွဲပေါ်သည့် စေတနာခေါင်းဆောင်သည့် စေတသိက်အစုသည် သင်္ခါရက္ခန္ဓာဖြစ်၏။ အထူးသဖြင့် မြင်စိတ်ပေါ်ဖို့အရေး ကြောင့်ကြစိုက်လှုံ့ဆော်ပေးရသည့်သဘောပင်ဖြစ်၏။ မြင်စိတ်ကလေးသည် ၀ိညာဏက္ခန္ဓာဖြစ်၏။ ဤသို့ မြင်စိတ်ပေါ်သည်နှင့် ခန္ဓာငါးပါးပေါ်ပုံကို သဘောပေါက်ထားလျှင် မြင်ခန္ဓာငါးပါးဟုဆိုသည်နှင့် နားလည်သွားမည်ဖြစ်၏။ သို့မဟုတ်လျှင် “မြင်လျှင် မြင်ခန္ဓာငါးပါးပေါ်တယ်”ဟု ဆရာကပြောလိုက်သည့်အခါ “ဘယ်လိုကြီးလဲ၊ ဘယ်လိုများပေါ်တာပါလိမ့်”ဟု သံသယ၀ိစိကိစ္ဆာဝင်နေမည်သာဖြစ်၏။ ခန္ဓာဉာဏ်ရောက်ဖို့အတွက် ခန္ဓာဉာဏ်ရှင်းဖို့လည်း လိုအပ်ပါ၏။ ခန္ဓာဉာဏ်ရှင်းမှုမရှိလျှင် ခန္ဓာဉာဏ်ရောက်ဖို့အရေး နှောင့်နှေးကြံ့ကြာနေမည်သာဖြစ်၏။
မြင်စိတ်ပေါ်သည်နှင့် မြင်ခန္ဓာငါးပါး ပေါ်ပုံကို သဘောပေါက်လောက်ပြီဖြစ်၏။ ထိုသို့ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားမှသာလျှင် မြင်စိတ်ပျက်သည်နှင့် မြင်ခန္ဓာငါးပါးလုံးပျက်ရသည်ကိုလည်း သဘောပေါက်လာမည်ဖြစ်၏။ မျက်စိအကြည်ရုပ်လည်း မြင်ပြီးပျက်၊ မြင်စရာအဆင်းလည်း မြင်ပြီးပျက်၊ မျက်စိနှင့်အဆင်းတွေ့ထိမှုဖဿလည်း မြင်ပြီးပျက်၊ မှတ်သားမှုသညာလည်းမြင်ပြီးပျက်၊ ဝေဒနာလည်း မြင်ပြီးပျက်သွားရ၏။ မြင်စိတ်ပျက်သည်နှင့် သူနှင့်အတူပေါ်သည့်တရားများ အကုန် အတွဲလိုက်ပျက်သွားသဖြင့် မြင်ခန္ဓာငါးပါးလုံးပျက်သည်ဟု ပြောရခြင်းဖြစ်၏။ မြင်စိတ်ကို အခြေခံပြောပြလိုက်သဖြင့် ကြားစိတ်ပေါ်လျှင်လည်း ကြားခန္ဓာငါးပါး၊ နံစိတ်ပေါ်လျှင် နံခန္ဓာငါးပါး၊ စားစိတ်ပေါ်လျှင် စားခန္ဓာငါးပါး၊ ထိစိတ်ပေါ်လျှင် ထိခန္ဓာငါးပါး၊ တွေးစိတ်ပေါ်လျှင် တွေးခန္ဓာငါးပါး ပေါ်သည်ကို ဉာဏ်ဖြင့် ချဲ့ထွင်သဘောပေါက်နိုင်လိမ့်မည်သာဖြစ်၏။ ထိုခန္ဓာတို့သည် ၀ိပဿနာရှုရမည့် ပေါ်ဆဲ ပစ္စုပ္ပန်ခန္ဓာငါးပါးပင်ဖြစ်၏။ မိမိ ခန္ဓာငါးပါးပင်ဖြစ်နေပါ၏။ ထိုခန္ဓာငါးပါးကို အရှုခံထားလျက် ၀ိပဿနာရှုကြရမည်သာဖြစ်၏။ ထိုခန္ဓာငါးပါးတွင် ဝေဒနာသည် ပိုမိုထင်ရှားသဖြင့် ဝေဒနာကို ဒေသနာအစဉ်မှာ နောက်ဆုံးထားဟောထားခြင်းဖြစ်၏။ မြင်(၀ိညာဏ်)၊ တွေ့ (ဖဿ)၊ ခံစား (ဝေဒနာ)။ ထို့အတူ ကြား တွေ့ ခံစား၊ နံ တွေ့ ခံစား၊ စား တွေ့ ခံစား၊ ထိ တွေ့ ခံစားဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာစဉ်ကို တွေ့ရမည်ဖြစ်၏။ ထိုခံစားမှုဝေဒနာနောက်က တဏှာလာသဖြင့် ဝေဒနာပစ္စယာ တဏှာဟု တတိယအကွက် အကူးအဆက်ကို ပြထားခြင်းဖြစ်၏။ ထိုသို့ ပြထားသည်မှာလည်း အထင်ရှားဆုံးတရားကို ဆက်ပြထားခြင်းသာဖြစ်၏။ ဝေဒနာကြောင့် တဏှာဖြစ်နိုင်သကဲ့သို့ ဖဿကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ သဠာယတနကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ နာမ်ရုပ်ကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ ၀ိညာဏ်ကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ သို့ဖြစ်လျှင် အကွက်(၂)တရားအားလုံးသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးကြောင့် တဏှာပေါ်သည်ဟု ခြုံငုံနားလည်နိုင်တော့မည်ဖြစ်၏။
ဒေါက်တာအရှင်ပါရမီ
တရားမင်းသခင် - ၁၄။ ဆန္နပြန်လာခြင်း
လစဉ်ဟောကြား မြတ်တရား (၅)
ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ တစ်လတစ်ကြိမ် တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ထုံးစံအတိုင်း ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခြေအနေရ မူလသတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး ၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီး ဦးတင်ဝင်းကို ရည်စူးပြီး သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းက ဘုရားအမှူးရှိတဲ့ သံဃာတော်နဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကျောင်းအကျိုးဆောင်အဖွဲ့များနဲ့ သူငယ်ချင်းများ ဝိုင်းဝန်းချက်ပြုတ်ပေးတဲ့ အထူးစပါယ်ရှယ် မြန်မာထမင်းဟင်းများနဲ့ လှူဒါန်းကျွေးမွေး ဧည့်ခံပေးဖြစ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုကလည်း ပူတဲ့အချိန်ကို တဖြည်းဖြည်း ပြောင်းလာနေတာဆိုတော့ အပူထဲက ရောက်လာတဲ့ ဧည့်သည်တွေကို ကျောင်းရိပ်ကန်ရိပ် ဓမ္မရိပ်နဲ့ အေးမြစေခဲ့သလို အရသာရှိရှိ ချက်ပြုတ်ထားတဲ့ အစားအစာတွေကလည်း စားသုံးသူတွေကို တစ်ပွဲပြီးတစ်ပွဲ နွဲစေခဲ့ပါတယ်။ ဒါနရဲ့ပီတိ၊ ဓမ္မရဲ့ ပီတိတွေနဲ့ အလှူရှင်များနဲ့ စိတ္တသုခ အဖွဲ့သားများဟာ မိမိတို့နားရမယ့် တနင်္ဂနွေနေ့ကို ကုသိုလ်တွေနဲ့ အဆုံးသတ်စေခဲ့ကြပါတယ်။ ဒီပွဲဟာ တစ်လတစ်ကြိမ် တရားပွဲဆိုပေမယ့် ဖခင်ကြီးကို ရည်စူးပြီး လှူဒါန်းတဲ့ ဒါနရှင်များကလည်း ပါနေတဲ့အတွက် အားလုံးမှတ်သားစေနိုင်မယ့် တရားတစ်ပုဒ်ကို ရွေးထုတ်ကာ “မျှော်လင့်ချက်ထား မိဘများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ လစဉ်ဟောကြား မြတ်တရားအဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။
ဒီတရားခေါင်းစဉ်လေးကို ပေးရတာက တရားနာပရိတ်သတ်တွေထဲမှာ မိဘဖြစ်ပြီးသူတွေ၊ ဖြစ်ခဲ့သူတွေပါနေသလို ဖြစ်မယ့်သူတွေ ပါနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မိဘနဲ့သားသမီးကြားမှာ ရှိသင့်တဲ့ ဝတ္တရားလေးတွေ ဖြည့်ပေးစေချင်တဲ့ အရာလေးတွေကို သတိပြု ဆင်ခြင်နိုင်ဖို့နဲ့ ဖြည့်နိုင်သလောက် ဖြည့်ပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာပဲပြောပြော၊ ဘယ်လိုပုံစံပဲ ဖြစ်နေဖြစ်နေ မိဘဟာ မိဘပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မိဘတွေကြားမှာ မဆိုစလောက်လေးတွေက မိဘဝတ္တရားတွေ ပျက်ကွက်မှု ရှိနိုင်ပေမယ့် ကိုယ့်ကိုလူ့လောကကို ရောက်စေခဲ့တာ တစ်ခုတည်းနဲ့ကိုပဲ မိဘတွေရဲ့ ကျေးဇူးတရားက ဆပ်မကုန်နိုင်အောင် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မိဘတွေရဲ့ ကျေးဇူးကို အကုန်ကျေအောင် မဆပ်နိုင်ပေမယ့် မိဘတွေ မျှော်လင့်တတ်တဲ့ မျှော်လင့်ချင်လေးတွေတော့ တတ်နိုင်သမျှ ပြုစုဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးတာ၊ ကျေးဇူးသိတတ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့လည်း ညီညွတ်နေတာဖြစ်ပါတယ်။ မင်္ဂလသုတ်တော်မှာ မြတ်စွာဘုရားရှင်က “မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော” စသဖြင့် ဟောကြားတော်မူထားတာ ရှိပါတယ်။ မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာဖြစ်ပြီး သားမယားကို ထောက်ပံ့ပေးခြင်းဟာလည်း မင်္ဂလာဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ကာ မိဘအပေါ် တာဝန်ကျေတဲ့သူ၊ သားမယားအပေါ် တာဝန်ကျေတဲ့သူဟာ မင်္ဂလာရှိတဲ့သူပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီနေရာမှာ ပြောလိုတဲ့ မျှော်လင့်ချက်ထား မိဘများဆိုတာ မိဘတွေ မျှော်လင့်တတ်ကြတဲ့ မျှော်လင့်ချက်လေးများအကြောင်း ပြောချင်တာဖြစ်ပါတယ်။ မိဘဆိုတဲ့ သဘောက သားသမီးတွေအပေါ်မှာ မိမိတို့အတွက် အရမ်းကြီးမျှော်လင့်တဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ဘယ်မိဘမဆို သားသမီးတွေအနေနဲ့ ဒို့အပေါ်မှာ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒီလိုလေး ဖြည့်ပေးရင် ကောင်းမှာပဲ စတဲ့တောင့်တမှု သဘောသက်သက် လေးလောက်ပဲ ဖြစ်ပါတယ်။ ဒီတောင့်တချက်လေးတွေ၊ မျှော်လင့်ချက်လေးတွေ မဖြည့်ပေးလို့၊ မလုပ်ပေးလို့ သားသမီးတွေအပေါ်မှာ မေတ္တာပျက်တာ၊ စေတနာ ပျက်တာဆိုတာ မိဘတွေမှာ မရှိပါဘူး။ မျှော်လင့်တယ်၊ တောင့်တတယ်ဆိုတာကတော့ စိတ်ရှိတဲ့သူတိုင်း၊ ရင်ထဲမှာ ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တတ်တဲ့ သဘောမျိုးလေးကို ဗုဒ္ဓစာပေတွေမှာ မိဘတို့ရဲ့ မျှော်လင့်ချက်များ အနေနဲ့ ဖွင့်ဆိုရှင်းပြခြင်းပဲ ဖြစ်ပါတယ်။ စာပေအဖွင့်တွေအရ မိဘများရဲ့ သားသမီးတွေ အပေါ်မှာ မျှော်လင့်တောင့်တတတ်တဲ့ မျှော်လင့်ချက် (၅)မျိုး ရှိပါတယ်။ အဲဒီငါးမျိုးက
၁။ ငါတို့ရဲ့ သားသမီးတွေဟာ ငါ့တို့အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ တစ်ခါပြန်ပြီး ပြုစုလုပ်ကျွေးကြလိမ့်မယ်
၂။ ငါတို့ရဲ့ အမှုကိစ္စတွေကို ပြုလုပ်ပေးကြလိမ့်မယ်
၃။ ငါတို့ရဲ့ အမွေကို ဆက်ခံကြလိမ့်မယ်
၎။ ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ထိန်းကြလိမ့်မယ်
၅။ ငါတို့သေပြီးနောက်မှာ ငါ့တို့အတွက် ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေပေးကြလိမ့်မယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီတောင့်တချက် (၅)မျိုးဟာ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လို့ ဆိုပေမယ့် သားသမီးတွေဘက်က ကြည့်ရင် သားသမီးဝတ္တရား (၅)မျိုးပဲ ဖြစ်ပါတယ်။ အားလုံးရဖူးပြီးသားဖြစ်တဲ့ သားသမီး ဝတ္တရားငါးပါး ဆောင်ပုဒ်လေးကို ပြန်ဆိုကြည့်မယ်ဆိုရင် “ကျွေးမွေးမပြတ်၊ ဆောင်ရွတ်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့သာ” ဆိုတဲ့ သားသမီးဝတ္တရား ငါးချက်ကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သားသမီးဝတ္တရား ငါးပါးကို ပြည့်စုံအောင် ပြုလုပ်ဖြည့်ဆည်းပေးတဲ့သူ၊ သားသမီး ဝတ္တရားနဲ့အညီ နေထိုင်နေတဲ့သူဆိုရင် မိဘတွေရဲ့ မျှော်လင့်ချက်ကိုလည်း ဖြည့်ပေးနေတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ မိဘတွေတောင့်တတဲ့ မျှော်လင့်တောင့်တချက်ကို ဖြည့်ပေးနေသူဆိုရင် သားသမီးဝတ္တရား ကျေပွန်နေပြီး မိဘကျေးဇူးကို ဆပ်နေသူတွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါကြောင့် မိဘကျေးဇူးကို ဆပ်ချင်သူတွေ၊ မိဘတွေရဲ့ တောင့်တချက်ကို ဖြည့်ချင်သူတွေဟာ အထွေအထူး ဟိုဟိုဒီဒီ စဉ်စားစရာမလိုဘဲ သားသမီးဝတ္တရား ငါးပါးကိုသာ ကျေပွန်အောင် ကြိုးစားနေရုံနဲ့ လောကဝတ်တွေကို ကျေပွန်စေကာ ကျေးဇူးတရား ဆပ်နေသူများအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာက သားသမီးဝတ္တရာငါးပါး၊ တစ်နည်းအားဖြင့် မိဘတို့မျှော်လင့်ချက် ငါးပါးထဲက မိဘတွေရဲ့ အမွေဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းဖို့ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အမွေဆိုတဲ့နေရာမှာ ကောင်းမွေတွေကို ဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းတယ်ဆိုရာမှာ အိမ်ထောင်သားမွေးပြီး သားသမီးတွေ အများကြီးနဲ့ လူသားမျိုးဆက် တိုးပွားစေဖို့ထက် သူတော်ကောင်းစိတ်ဓာတ်၊ ကောင်းမြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ သူတော်သူမြတ် အမျိုးဇာတ်တွေဖြစ်အောင် စောင့်ထိန်းဖို့ကို ဆိုလိုတယ်ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုပါတယ်။ မိဘတွေ အစဉ်အဆက် လှူဒါန်းခဲ့တဲ့ ကောင်းမှုအမွေတွေ၊ မိဘတွေ အစဉ်အဆက် ထိန်းခဲ့တဲ့ ကိုယ်ကျင့် သိက္ခာကောင်းတဲ့ အမျိုးဇာတ်တွေကို ဆက်ခံထိန်းသိမ်း စောင့်ရှောက်မှုမျိုး တွေကိုသာ မွေခံထိုက်စေ၊ စောင့်လေမျိုးနွယ်လို့ ဆိုလိုတာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို အထူးသတိပြု ဆက်ခံထိန်းသိမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ပြီးတော့ ဒီမျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးတွေရဲ့ ဝတ္တရာငါးမျိုးထဲမှာ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ သေဆုံးသွားတဲ့ မိဘတွေကို ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ် အမျှအတမ်း ပေးဝေပေးတဲ့ အချက်ဟာ ဒီနေရာ သားသမီးတွေ အနေနဲ့ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စွမ်းနိုင်သမျှ မကြာခဏလည်း လုပ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သေပြီးနောက် ဘဝအသစ်ကို ရောက်သွားတဲ့ သူတွေအတွက် တကယ်လို့များ အစွဲတစ်ခုခုကြောင့် မကောင်းတဲ့ ပြိတ္တာဘုံမျိုးကို ရောက်ရှိသွားမယ်ဆိုရင် ဒီဘုံဘဝကလွတ်အောင်၊ မလွတ်တောင်မှ အဲဒီဘုံဘဝမှာ ချမ်းချမ်းသာသာဖြစ်အောင် အကောင်းဆုံး မျှော်လင့်နိုင်တာက မသေသေးဘဲ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေးပေးတဲ့ အခွင့်အရေး တစ်ခုပဲ သူတို့မှာ ရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီးကုသိုလ်လုပ် အမျှအတမ်းပေးဝေ ပေးတဲ့အလုပ်မျိုးဟာ သားသမီးတွေအတွက် မိဘကျေးဇူးကို နောက်ဆုံးအဓိကအကျဆုံး အချက်အဖြစ် ဆပ်တာလို့ ပြောရခြင်း ဖြစ်ပါတယ်။
စကားစပ်လို့ မိဘကျေးဇူးဆပ်တာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးဝတ္တရား ငါးမျိုးကို ကျေပွန်အောင်ကြိုးစား နေထိုင်နေတဲ့သူတွေဟာ မိဘကျေးဇူးကို ဆပ်နေတာလို့ ဆိုပေမယ့် အလွန်ကျေးဇူးများတဲ့ မိဘတွေရဲ့ ကျေးဇူးကို အပြည့်အဝ ဆပ်ပေးတာလို့တော့ ပြောလို့မရသေးပါဘူး။ အမြတ်ဆုံး ကျေးဇူးဆပ်တာလို့လည်း မဆိုနိုင်သေးပါဘူး။ မိဘကျေးဇူးအကျေ ဆပ်ဖို့ကတော့ ဘုရားရှင်ဟောထားတဲ့ အနှစ်သာရ ဓမ္မနဲ့ကျေအောင် ဆပ်မှပဲ အကျေဆပ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က “သားသမီး ဖြစ်သောသူသည် အသက်တစ်ရာတန်း၌ဖြစ်၍ အသက်တစ်ရာပတ်လုံး ပခုံးတစ်ဖက်ဖြင့် အမိကိုဆောင်ကာ ပခုံးတစ်ဖက်ဖြင့် အဖကိုဆောင်၍ ပြုစုလုပ်ကျွေးခြင်း၊ အမိအဖတို့အား အနံ့အသက်ကင်းအောင် အမွေးအကြိုင်လိမ်းပေးခြင်း၊ အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေပူရေအေးဖြင့် ရေချိုးပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ကိုပင် မိမိ၏ ပခုံးထက်၌ စွန့်ကုန်စေခြင်း၊ များစွာသော ရတနာရှိသော မဟာပထ၀ီမြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်း၌ မိဘတို့ကို ခံစားတည်နေစေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ပါသော်လည်း မိဘတို့အား ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းသည် မဖြစ်နိုင်သေးကြောင်း၊ စင်စစ် သဒ္ဓါတရား မရှိသော အမိအဖတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း သီလမရှိသော အမိအဖတို့ကို သီလနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ၀န်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ပညာမဲ့သော အမိအဖတို့ကို ပညာနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ မိဘတို့အား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း” (အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) မိန့်တော်မူပါတယ်။ ဒါက ဘုရားပေးတော်မူတဲ့ မိဘကျေးဇူး အကျေဆပ်နည်းပဲ ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ ဒီဟောကြားချက်ကို မှီငြမ်းပြီး မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်ကျမ်းမှာ “မိကိုလက်ျာ၊ ဖမှာလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည်း။ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ လှူဒါနနှင့် သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးစေမှ၊ ဟောဖော်ပြ၍၊ ဓမ္မဖြင့်သာ၊ ဆပ်နိုင်ရာ၏”လို့ အခုလို သီးကုံးဆပ်ဆိုထားတာကို ဗဟုသုတဖြစ်ဖွယ် မှတ်သားရပါတယ်။
ဆိုတော့ကား ဒီလိုတရားနဲ့ အကျေမဆပ်နိုင်တဲ့အတွက် ကျန်တဲ့ကျေးဇူးဆပ်နည်းတွေဟာ မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့သလို မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လေးတွေကို ဖြည့်ဆည်းရင်း သားသမီးဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပေးနေတဲ့ သားသမီးတွေဟာ လောကကြောင်းအရ၊ လောကဝတ်အရ မိဘကျေးဇူးကို ဆပ်နေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မိဘတွေကို အရိယာ အဆင့်လောက်အထိ ရောက်အောင် ကျေးဇူးဆပ်နိုင်ရင်တော့ အကောင်းဆုံး၊ အကျေဆုံး ကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပေမယ့် အဲဒီလောက်အထိ မလုပ်နိုင်သေးရင်လည်း အခုလို သားသမီးဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်တယ် ဆိုရင်ကိုပဲ ဒါဟာ အလွန်ပြည့်စုံတဲ့ အထူးကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒီမှာအဓိက ပြောချင်တာက မိဘတွေရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ဘာလုပ်ပေးပါ၊ ဘယ်လိုဆောင်ရွတ်ပေးပါ စသဖြင့် အတင်းအဓမ္မ လိုချင်တောင့်တမှုနဲ့ နှုတ်ကထုတ်ဖော်ပြီး သားသမီးတွေကို ဖိအားပေးတဲ့ မျှော်လင့်ချက်တွေ မရှိပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ရင်ထဲမှာတော့ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒါလေးလုပ်ပေးရင် ကောင်းမှာပဲ စတဲ့ မျှော်လင့်ချက်မဟုတ်တဲ့ မျှော်လင့်ချက်လေးတွေ ရှိတတ်ရာမှာ အထက်မှာပြောခဲ့တဲ့ မျှော်လင့်တောင့်တချက် ငါးမျိုးလည်းပဲ ရှိနိုင်တဲ့အတွက် ဒီလို ကျေးဇူးများတဲ့ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်များကို သားသမီးများ ပြုကျင့်ရမယ့် သားသမီးဝတ္တရား ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ပေးရင်း ဖြည့်ဆည်းပေးကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဗုဒ္ဓအလိုကျ တရားနဲ့ကျေအောင် ဆပ်နိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုရပေမယ့် အဲဒီလိုမလုပ်နိုင်သေးရင်လည်း ဒီလိုလောကဝတ်ကို ကျေပွန်စေခြင်းနဲ့လည်း မိဘကျေးဇူးကို အထိုက်အလျောက် ဆပ်နေနိုင်တာ ဖြစ်တဲ့အတွက် လက်ရှိဘဝမှာပဲ သားသမီးဝတ္တရားကို ကျေပွန်အောင်ကြိုးစားကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် လစဉ်ဟောကြား ပေးလာခဲ့တဲ့ တရားပွဲများမှာ ဒီနေ့လုပ်တဲ့ တရားပွဲရဲ့ အနှစ်ချုပ်အနေနဲ့ မိဘနဲ့သားသမီးကြား အပြန်အလှန် ကျေးဇူးတရားများ ရှိကြရာမှာ မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ဆိုတဲ့အတိုင်း အလွန်ကြီးမားလှတဲ့ မိဘကျေးဇူးကို အကျေမဆပ်နိုင်ပေမယ့် မိဘတွေရဲ့ မျှော်လင့်တောင့်တချက်တွေကို သားသမီးဝတ်ကို ကျေပွန်အောင် ထမ်းဆောင်ပေးခြင်းဖြင့် အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွတ်ပြီး စွမ်းနိုင်သမျှ ဆပ်ပေးကြဖို့ တိုက်တွန်းရင်း ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ထုတ်နှုတ် ဟောကြားလိုက်ရပါတယ်။
အားလုံး မျှော်လင့်ချက်ကိုယ်စီ ပြည့်မှီနိုင်ကြပါစေ…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 10:29 AM
စုစည်းထားမှု = လစဉ်ဟောကြား မြတ်တရား
Read more...ဘုန်းကြီး၊ မိန်းမနှင့် chatting (၂)
မင်းကွန်းဆရာတော်ကြီး အားသွန်ခွန်စိုက် တည်ထောင်ခဲ့တဲ့
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ဟာ
အခုဆိုရင် နှစ်ပေါင်း ၂၅ နှစ်တင်းတင်းပြည့်ပါပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလ ၂၄ ရက်နေ့မှာ
ရန်ကုန်၊ ကမ္ဘာအေးမှာရှိတဲ့ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ
၂၅ နှစ်ပြည် ငွေရတုသဘင်ကို
စည်စည်ကားကား ခန်းခန်းနားနားကျင်းပမယ်လို့
သာသနာ့တက္ကသိုလ် (မန္တလေး) မှာ လက်ထောက်မော်ကွန်းထိန်းလုပ်နေတဲ့
သူငယ်ချင်းဘုန်းကြီးက သီတင်းပို့ပါတယ်။
ဒီပွဲမှာ ကန်တော့ခံ သြ၀ါဒခံယုံလောက်တင်မဟုတ်ဘဲ
ဒီတက္ကသိုလ်ကြီးများရဲ့ နှစ်ပေါင်း ၂၅ တာ ကာလအတွင်း
တိုးတက်မှု ဆုတ်ယုတ်မှုတွေကို စာတမ်းဖတ်သင့်ကြောင်း၊
ဆွေးနွေးသင့်ကြောင်း အကြံပြုလိုက်ပါသေးတယ်။
တကယ်တော့ သာသနာ့တက္ကသိုလ်ကြီးတွေပေါ်ပေါက်လာတာ
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအတွက် ကံကောင်းခြင်းလက်ဆောင်ပါဘဲ။
လွန်တော်မူသွားရှာပြီဖြစ်တဲ့
ဆရာတော်ဦးသီလာနန္ဒ (ပါမောက္ခချုပ်ဟောင်း၊ ITBMU) က
“အင်္ဂလိပ်ခေတ်တုန်းက လယ်တီဆရာတော်ဘုရားကြီးသာ မပေါ်ပေါက်ခဲ့ဘူးဆိုရင်
မြန်မာပြည် သာသနာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်” လို့
ပြောခဲ့ဘူးပါတယ်။
အင်္ဂလိပ်ခေတ်မှာ လယ်တီဆရာတော်ဘုရားကြီးရဲ့
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအပေါ်မှာ ဘယ်လောက်အထိအရေးပါခဲ့တယ်ဆိုတာ
ဆရာတော်က ပြောချင်တာနေမှာပါ။
ဒီစကားမျိုးကို ထပ်ပြောရရင်
ခုလိုမျိုးရုပ်ပိုင်းဆိုင်ရာတိုးတက်မှု အလွန်မြန်ဆန်လွန်းနေတဲ့ခေတ်မှာ
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာလောကမှာ သာသနာ့တက္ကသိုလ်တွေများ မပေါ်ပေါက်ခဲ့ရင်
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသာသနာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။
ဒီလိုပြောလိုက်လို့ ရှေးရိုးအတိုင်း (ရှေးသင်ရိုးအတိုင်း) လိုက်နေတဲ့
ဆရာတော်ကြီးတွေ ဘုန်းကြီးတွေ ဦးဇင်းတွေ ကိုရင်တွေရဲ့
သာသနာတော်အပေါ် စောင့်ရှောက်မှု၊ အားထုတ်မှုတွေ
အနည်းငယ်မျှ မှုန်ဝါးသွားစေလိုတဲ့စိတ်ဆန္ဒ လုံးဝမရှိပါဘူး။
ရှေးရိုးအတိုင်း မလိုက်ရဘူးလို့ မဆိုလိုပါဘူး။ လိုက်ပါ။
ဒါပေမဲ့ ခေတ်ရေစီးကြောင်းနောက်ကို အမှီလိုက်နိုင်တဲ့
ခေတ်လူငယ်တွေကို ခေတ်နည်းနဲ့ ပြောနိုင်ဟောနိုင်အောင်
သင်ပေးတဲ့ ဗုဒ္ဓဘာသာပညာသင်ဌာနတွေ လိုအပ်တာတော့အမှန်ပါ။
ခေတ်ရဲ့လိုအပ်ချက်ကို သာသနာ့တက္ကသိုလ်ကြီးတွေပေါ်ပေါက်လာပြီး
ဖြည့်ဆည်းပေးနိုင်လို့ အင်မတန်မှ ကြည်နူးဝမ်းသာဖြစ်ရပါတယ်။
သာသနာ့တက္ကသိုလ်ကြီးတွေမှာက
ပိဋကတ်စာပေ၊ သာသနာ့သမိုင်း၊ သာသနာနဲ့ဆက်စပ်တဲ့ပထ၀ီဘာသာရပ်၊
မြန်မာစာ၊ သက္ကတဘာသာတွေအပြင်
အင်္ဂလိပ်စာနဲ့ ကွန်ပြူတာပညာရပ်တွေကိုပါ မဖြစ်မနေသင်ယူရပါတယ်။
သာသနာ့တက္ကသိုလ်တွေမှာ လေးနှစ်ပညာသင်ယူပြီး
တောင်တန်းသာသနာပြု ကြွရပါတယ်။ ပြီးမှ တက္ကသိုလ်က
သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့အပ်နှင်းပါတယ်။
ဂုဏ်ထူးတန်းဆက်တက်ခွင့်ရတဲ့ဦးဇင်းတွေ ဂုဏ်ထူးတန်းဆက်တက်ပေါ့။
အခုတော့ သာသနာ့တက္ကသိုလ်ကြီးများက PhD ဘွဲ့အထိ အပ်နှင်းနေပြီလို့ သိရပါတယ်။
ဒီသာသနာ့တက္ကသိုလ်ကြီးတွေအပြင် ဆရာကြီးဦးမြင့်ဆွေတည်ထောင်ထားတဲ့
ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊
သီတဂူဆရာတော်တည်ထောင်တဲ့
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ဆိုတာတွေလဲ ရှိပါသေးတယ်။
အဲ့ဒီတက္ကသိုလ်တွေလဲ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ ဘာသာရပ်တွေကို
သင်ကြားပေးနေတဲ့တက္ကသိုလ်တွေပါဘဲ။
ဒီလိုမျိုးတက္ကသိုလ်တွေသာ စနစ်တကျနဲ့လုပ်လို့ အောင်မြင်လိုက်ပြီဆိုရင်
ကမ္ဘာမှာ မြန်မာဟာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လာရင် အလေးပြုခံရအုံးမှာပါ။
ဒီလိုမျိုးတက္ကသိုလ်တွေမှာ စာသင်သားဦးဇင်းတွေ
မြောက်များစွာသင်ယူနေတယ်လို့လဲ သိရပါတယ်။
တချို့ ဆိုရင် ဒီလိုမျိုးတက္ကသိုလ်တွေတက်ပြီး
အိန္ဒိယလိုနိုင်ငံမျိုး၊ သီရိလင်္ကာလိုနိုင်ငံမျိုး၊ ထိုင်းလိုနိုင်ငံမျိုးတွေမှာ
ပညာဆက်လက်သင်ယူနေကြတယ်လို့ သိရပါတယ်။
အိန္ဒိယမှာ ပညာသင်ယူနေတဲ့ မြန်မာရဟန်းတော် (၂၀၀) ကျော်၊
သီရိလင်္ကာနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာရဟန်းတော် (၂၀၀) ကျော်နဲ့
ထိုင်းနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာရဟန်းတော် (၁၀၀) ကျော်ရှိကြောင်းသိရပါတယ်။
ဒီလိုနိုင်ငံအသီးသီးမှာ ဒီလောက်များပြားလှတဲ့ရဟန်းတော်တွေ
ပညာသင်ယူနေတာ အတော့ကို အားရစရာကောင်းပါတယ်။
ဒါပေမဲ့……
ဒီဒါပေမဲ့က အတော့ကို အရေးပါပါတယ်။
ဒီလောက်များပြားတဲ့ရဟန်းတော်တွေ သူများနိုင်ငံမှာ
ပညာသင်ယူနေတာဟာ တကယ့်စေတနာမှန်နဲ့ရော ဟုတ်ရဲ့လား။
စေတနာမှန်ဆိုတာက
ဘက်စုံက ကျရှုံးနေတဲ့ မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာသာသနာရေးဘက်က မကျရှုံးရအောင် ကယ်တင်လိုတဲ့ စေတနာကို ပြောတာပါ။
ဒီလိုမျိုးစေတနာနဲ့ သူများနိုင်ငံကို သွားပြီး သင်နေကြတာဟုတ်ပါရဲ့လား။
ဒီမေးခွန်းအတွက်
ရဟန်းတော် (၈၀% ) ရှစ်ဆယ်ရာခိုင်နှုန်းလောက်က
ဟုတ်ပါတယ်လို့ ဖြေမှာ ယုံကြည့်ပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ်။
သူများနိုင်ငံကို စာသင်စထွက်တယ်ဆိုကတည်းက
သူများနိုင်ငံက ပညာသင်နည်းစနစ်နဲ့ အမိနိုင်ငံက ပညာသင်နည်းစနစ်
ယှဉ်ထိုးကာ ခေတ်မှီမှီ အဆင့်အတန်းမှီမှီ ထိထိရောက်ရောက်
သာသနာပြုချင်လို့ပါ။
ဒါပေမဲ့ ရဟန်းတော် (၂၀%) နှစ်ဆယ်ရာခိုင်နှုန်းကတော့
ခပ်ရိုင်းရိုင်းပြောရရင် အလေအလွင့်တွေလို့ပဲ ပြောပါရစေ။
တခြားဦးဇင်းတွေ နိုင်ငံခြားထွက်လို့ လိုက်ထွက်တာပါ။
သာသနာတိုးတက်စေလိုတဲ့စိတ်၊ နိုင်ငံတိုးတက်စေလိုတဲ့စိတ်၊
သာသနာချစ်စိတ်၊ နိုင်ငံချစ်စိတ် အလျင်းမရှိပါဘူး။
ဒီလိုမျိုးအလေအလွင့်ရဟန်းတော်တွေကို
အင်္ဂလိပ်စာသင်ပေးလိုက်ရတာ၊ ကွန်ပြူတာသင်ပေးလိုက်ရတာဟာ
ကြောင် တောင်ပံတပ်ပေးလိုက်တာနဲ့ တူပါတယ်။
ကြောင်ဆိုတာမျိုးက တောင်ပံမပါတာတောင်
သူ့အနီးအနားက သတ္တ၀ါတွေကို လိုက်လံဖမ်းဆီးသတ်ဖြတ်နေတာမို့လား။
တောင်ပံသာ တပ်ဆင်ပေးလိုက်လို့ကတော့ … စဉ်းစားသာကြည့်ပေတော့။
ဒီလိုမျိုး ဒီလောက်အကြာကြီး နိဒါန်းချီရေးနေရတာဟာ
ဒကာကြီးတစ်ယောက်က ပေးပို့လိုက်တဲ့ Email စာကြောင့်ပါ။
(လိုရင်းရောက်တော့မှာပါ၊ ဆက်ရေးရပါအုံးမယ်)
ပုံ၊ http://immabook.blogspot.com/2010/04/bahaya-chattingskypeyminbox-fbetchati.html
စင်္ကာပူမိုးကုတ်ရိပ်သာမှာ ၀ိပဿနာအားထုတ်ကြရန်ဖိတ်ကြားအပ်ပါသည်။
မမေ့သောသတိလေးဖြင့် တရားကျင့်ရန် ကြွလှမ်းခဲ့ပါနော်....
အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ၊
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်၊
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်၊
မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ ၊
သတ္တ၀ါ ကောင်းမကောင်း ..အကြောင်းကံ.. ကသာ စီမံတော့သည်၊
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား ၊
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား ၊
ဟောပြလို့ ထားခဲ့တာက--
*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့ ၊ဟန္ဒ.. သက်တော်ရှစ်ဆယ် ၊၀ါလေးဆယ့်ငါး မရပ်မနားဘဲ တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်၊ ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်, တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ ၊
ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့်၊ ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌၊ သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..၊ အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့။ သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.၊ခင် မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည် ၊၀ယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏ ၊
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ ၊အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့ ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..၊ ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့ အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား၊
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..၊
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့ ၊
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့ ၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့,၊
မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို… တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့။
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည် အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။
ကမ္မဌာန်းဆရာတော်၊ ။ ဘဒ္ဒန္တအာစာရမထေရ်မြတ် (ရွေဂူဆရာတော်)
ရဟန္တာမဖြစ်သေးတာ ဒါ့ကြောင့်...
ငါ့သျှင် သာရိပုတြာ ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာသည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာကား ရှင်ရဟန်း အဖြစ်တည်းဟု မိန့်ဆို၏။
ငါသည် ကံကောင်းလေစွ... ဒီဘဝမှာ ပြုနိုင်ခဲလှဆိုသော ရှင်ရဟန်းအဖြစ်ကို ရခဲ့လေပြီတကား... ကောင်းလေစွ...
ငါ့သျှင် ရဟန်းဖြစ်ပြီး သူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် ရဟန်းဖြစ်ပြီးသူသည် မွေ့လျော်ခြင်းကို ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။
ငါသည် ရှင်ရဟန်းဖြစ်ပြီးနောက်... ပြုနိုင်ခဲသော ရဟန်းဘ၀မှာ မွေ့လျော်မှုကိုလည်း ယခုချိန်ခါထိ ပြုနေနိုင်သေး၍ ၀မ်းမြောက်မိပေသည်...
ငါ့သျှင် သာရိပုတြာ ရဟန်းအဖြစ်၌ မွေ့လျော်သော သူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် ရဟန်း အဖြစ်၌ မွေ့လျော်သော သူသည် တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းငှါ ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။
"ရဟန်း အဖြစ်၌ မွေ့လျော်သော သူသည် တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းငှါ ပြုနိုင်ခဲ၏တဲ့..." ငါသည်ကော တရားအားလျော်သော အကျင့်မြတ်ကို ဘယ်လောက်ထိပဲ ကျင့်နိုင်သေးသလဲ...?
ငါ့သျှင် အဘယ်မျှကြာလျှင် တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းသည် ရဟန္တာဖြစ်ရာသနည်းဟု မေး၏။ ငါ့သျှင် မကြာမီ ရဟန္တာဖြစ်ရာ၏ဟု မိန့်ဆို၏။ 329
"တရားအားလျော်သောအကျင့်ကို ကျင့်ရင် မကြာမီ ရဟန္တာဖြစ်မယ်တဲ့..." ငါ ဒီနေ့ထိ ရဟန္တာမဖြစ်သေးဘူး... ဒါဆိုရင်တော့... တရားအားလျော်သော အကျင့်ကို ကောင်းကောင်းမွန်မွန် ပြည့်စုံအောင် မကျင့်သေးတာ သေချာသွားပြီပဲ... ကြိုးစားရပေဦးမည်...
၁၆ - ဒုက္ကရပဥှာသုတ်၊ ဇမ္ဗုခါဒကသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။ pdf
Posted by lknt at 6/21/2011 09:04:00 AM
Labels: သံယုတ်ပါဠိတော်
ရှင်တော်ဟောကြားဓမ္မစကားတော်များ(ဗြဟ္မဏ၀ဂ္ဂ)
ဆောင်းပါးအမှတ်စဉ်(၂၆) အပိုင်းတစ်
ဤ၀ဂ်ကို အပိုင်းသုံးပိုင်းခွဲ၍ စာရေးသူသည် ရေးမည်ဖြစ်ပါသည်။ အကြောင်းမှာ နောက်ဆုံး ၀ဂ်ဖြစ်သဖြင့် နိဂုံပိုင်းနှင့်တွဲပြီးရေးသားလိုခြင်း၊ ဤ၀ဂ်တွင် ၀တ္ထုပေါင်းလေးဆယ်ပါသဖြင့် အခြားသောနှစ် ဆယ့်ငါးဝဂ်ထက် ရှည်လျားနေခြင်း၊ သမဏနှင့် ဗြာဟ္မဏအုပ်စုကြီး နှစ်ခုရှိရာတွင် ဤ၀ဂ်ကို ဗြာဟ္မဏဟု အမည်ပေးသည်မှာ ထူးခြားနေခြင်း၊ဗြဟ္မဏနှင့်ဗြာဟ္မဏဟူ၍ဗြသဒ္ဒါတွင်ရေးချပါသည့်ပုဒ်၊ မပါသည့် ပုဒ်နှစ် ခုရှိရာတွင် ပုဏ္ဏားဟုမြန်မာပြန်ဆိုသည့်နေရာတွင် ပုဒ်နှစ်ခု စလုံးကိုပင် သုံးစွဲနေခြင်း၊ ထိုရေးချပါ သည့်ဗြာ ဟ္မဏပုဒ်ကိုပင် ဗုဒ္ဓသာသနာတော်က ရဟန္တာဟုမြန်မာပြန်ဆိုပြီး အသံထွက်တူ၊ ပုဒ်တူ အဓိပ္ပါယ်မတူ ထူးခြားဖြင့် သုံးစွဲနေသည်ကိုတွေ့ရခြင်းဖြစ်ပေရာ ဤ၀ဂ်သည် ထူးခြားသောဝဂ်ဖြစ်ပါသည်။ အထူးအနေဖြင့် ဓမ္မပဒအဋ္ဌကထာကို ဖတ်ရှုပြီး ကျင့်ကြံအားထုတ်ပါက ရဟန္တာအဖြစ်သို့ရောက်နိုင်စေခြင်းဟူသော အဋ္ဌကထာဆရာ၏နှလုံးသွင်းကြောင့်ပင် ဤ၀ဂ်ကိုနောက်ဆုံးတွင် ထားခြင်းပေလောဟူသော အတွေး ကိုဖြစ်စေခြင်းကပင် အပိုင်းသုံးပိုင်းခွဲပြီးရေးလိုစိတ်ဖြစ်ပေသည်။ ပထမအပိုင်းတွင်ဗြာဟ္မဏဟူသော စကား လုံးနှင့် ပုဏ္ဏားဟု ဘာသာပြန်ခြင်း၊ ရဟန္တာဟုဘာသာပြန်ခြင်းကို စေ့ငုစွာတင်ပြလိုပါသည်။ အပိုင်းနှစ်တွင်မူ ဤ၀ဂ်တွင်ပါသော ၀တ္ထုများ၏ လိုရင်းအဓိပ္ပါယ်ကို တိုတိုကျဉ်းကျဉ်းနှင့် သိစေမည့် အဓိက အချက် ကိုဖေါ်ပြခြင်း၊ နောက်ဆုံးပိုင်းတွင်မူ ၀တ္ထုအချို့နှင့် အဋ္ဌကထာဆရာ၏ နိဂုံးပိုင်းကို ဖေါ်ပြပါမည်။ ဤနည်းဖြင့် ပါဠိတော် စာမျက်နှာ ၂၀ခန့်ကို အဋ္ဌကထာဆရာက စာမျက်နှာ တစ်ထောင်နီးပါးသုံးပြီး ပါဠိဘာသာဖြင့် ဖွင့်ဆိုပါသည်၊ စာရေးသူက စာမျက်နှာ (၁၇၅) ခန့် အခန်းဆက်ဆောင်းပါးရေးပြီးမြန်မာဘာသာဖြင့် စာရေးသူက သိစေပါသည်။
၁။ ဗြဟ္မဗန္ဓု၊ ဗြဟ္မုနောဗန္ဓု၊ ဗြဟ္မာဗန္ဓုယဿာတိ ဗြဟ္မဗန္ဓု။( ပုဏ္ဏားဟူသည် ဗြဟ္မာမင်း၏ မိတ်ဆွေများ) ၂။ ကုလာစာရဗြာဟ္မဏဘာ၀၀သေန ဒွိက္ခုတ္တုံ ဇာတတ္တာ ဒွိဇော။ ( ပုဏ္ဏားဟူသည် အမျိုးဇာတ်ပုဏ္ဏား၊ အကျင့် စဉ်ပုဏ္ဏား) ၃။ ၀ိပ္ပေါ၊ ၀ပိသ္မာပေါ။ ၄။ဗြဟ္မာဗြဟ္မုနော အပစ္စံဗြဟ္မာ၊ဗြာဟ္မဏောစ။ (ပုဏ္ဏား ဟူသည်ဗြဟ္မာ မင်း၏ သားများ) ၅။ဘောဝါဒီဗြဟ္မဏောဘောဘောတိ ၀စနံ ၀ဒတိ သီလေနာတိဘောဝါဒီဗြဟ္မဏော။ (ပုဏ္ဏားဟူသည်ဘောဘောဟု ဆိုတတ်သူများ) ၆။သောတ္တိယော ဆန္ဒသောသောထ၊ (ပုဏ္ဏားဟူသည် ဆန်း ကျမ်းနှင့် ဗေဒင်ရွတ်ဖတ်သူများ)
၁။ အဂုင်္တ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ပထမနှင့် ဒုတိယဒွေဗြာဟ္မဏသုတ် နှင့် အညတရဗြဟ္မဏသုတ် များရှိပါသည်၊ အသက်ကြီးသူများဖြစ်ပြီး ကုသိုလ် မလုပ်ရသေးဖြင့် အကြံဥာဏ်ေ တာင်းခံခြင်းဖြစ်ပါသည်။ အဂုၤတၱရနိကာယ၊ ပ၊ တိကနိပါတ ၁၅၄။ ဤဗြဟ္မဏ၀ဂ်တွင် ပုဏ္ဏားနှင့်စပ် သည့်သုတ် ပေါင်းဆယ်ခုရှိပါသည်။
၂။ အဂုင်္တ္တရနိကာယ၊ စတုက္ကနိပါတပုဏ္ဏား (ဗြာဟ္မဏ) နှင့်စပ်သည့် သုတ်ပေါင်းငါးသုတ်ခန့် တွေ့ရပါသည်။ အဂုင်္တ္တရနိကာယ၊ပဉ္စကနိပါတ၊ဗြဟ္မဏ၀ဂ်တွင် သုတ်ပေါင်းဆယ်ခုရှိရာတွင် ငါးခုမှာဗြဟ္မဏများ အကြော င်းဖြစ်ပါသည်၊သောဏပုဏ္ဏား၊ဒေါနပုဏ္ဏား၊သင်္ဂါရ၀ပုဏ္ဏား၊ကာရဏပါလီပုဏ္ဏား၊ ပိင်္ဂိယာနီပုဏ္ဏား တို့ငါး ဦးဖြစ်ကြပါသည်။သောဏပုဏ္ဏားကိုရှေးပုဏ္ဏားတို့၏အကျင့်ငါးမျိုးကိုဘုရားရှင်က ပြောပြပြီး ဗြဟ္မာနှင့်တူသော ပုဏ္ဏား၊ နတ်နှင့်တူသော ပုဏ္ဏား စသည့်ငါးမျိုးသရုပ်ကိုဒေါနပုဏ္ဏားအား ဘုရားရှင်က ဟောပြပါသည်။ သင်္ဂါရ၀ပုဏ္ဏားကမူ ရွတ်ဖတ်လျက်ပင် မန္တာန်များ မေ့ရခြင်းအကြောင်းကို လျောက်တားသဖြင့် ဖြေဆိုပြရပြီး ကာရဏပါလီပုဏ္ဏားကမူ မေးခွန်းများကို မေးပါ သည်။ ပိင်္ဂိယာနီပုဏ္ဏားကို အကြေင်းပြု၍မူ ရခဲသော ပုဂ္ဂိုလ်များအကြောင်းကို ဟောပြတော်မူပါသည်။
၃။ အဂုင်္တ္တရနိကာယ၊ ဆက္က၊ သတ္တက၊ အဋ္ဌက၊ န၀ကနှင့် ဧကာဒသက နိပါတတို့တွင်မူ ဗြဟ္မဏ၀ဂ်ဟူ၍ သီးသန့် မတွေ့ရပေ။ သို့သော် ခတ္တိယသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ် ပါဠိတော်လာ ပုဏ္ဏားနှင့် ဗုဒ္ဓမြတ်စွာဘုရားအမေးအဖြေတွင်(ရှင်ဘုရင်)တို့သည်ဘယ်ကိုအလိုရှိကုန်သနည်း၊အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင်တည်ရာရှိကုန်သနည်း၊အဘယ်ကို နှလုံးသွင်းကုန်သနည်း၊အဘယ်လျှင်အဆုံးရှိကုန်သနည်းဟု လျှောက်၏။
မင်း(ရှင်ဘုရင်)တို့သည် စည်းစိမ်ကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ ဗိုလ်ပါ အပေါင်းလျှင် တည်ရာရှိကုန်၏၊ရေမြေကို အစိုးရခြင်းကျိုနှလုံသွင်းကုန်၏၊ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏။ တူညီသောမေးခွန်းကိုပင် ပုဏ္ဏားအတွက်မူ ပုဏ္ဏားတို့သည် စည်းစိမ်ကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏မန္တာန်လျှင်တည်ရာရှိကုန်၏၊ယဇ်ပူ ဇော်ခြင်းကို နှလုံးသွင်းကုန်၏၊ ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင်အဆုံးရှိကုန်၏။ သူကြွယ်တို့အတွက်မူ စည်းစိမ်ဥစ္စာကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ အတတ်ပညာလျှင် တည်ရာရှိကုန်၏၊ အလုပ်ကိစ္စကိုနှလုံးသွင်းကုန်၏၊ ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင် အဆုံးရှိကုန်၏။ မိန်းမတို့အတွက် အဖြေမှာမူ မိန်းမတို့သည် ယောက်ျားကိုအလိုရှိကုန်၏၊တန်ဆာဆင်ခြင်းငှါ လေ့လာကုန်၏၊ သားလျှင် တည်ရာရှိကုန်၏၊ လင်တူမယား မရှိမူကိုနှလုံးသွင်းကုန်၏၊ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏၊ ခိုးသူတို့အတွက်မှာမူ ခိုးသူတို့သည် သူတစ်ပါးဥစ္စာ ပစ္စည်းကို ယူခြင်းကို အလိုရှိကုန်၏၊ ပုန်းအောင်းရန်အလို့ငှါလေ့လာကုန်၏၊ လက်နက်လျှင် တည်ရာရှိကုန်၏၊ အမိုက်မှောင်ကို နှလုံးသွင်း ကုန်၏၊ ဥစ္စာရှင်တို့ မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏။ ရဟန်းတို့အတွက် အဖြေသည်လည်း သည်းခံမှု သီလစင်ကြယ်မှုကို အလိုရှိကုန်၏၊ ပညာအလို့ငှါလေ့လာကုန်၏၊ သီလလျှင် တည်ရာရှိကုန်၏၊ကြောင့်ကြ မရှိမှုကို နှလုံးသွင်းကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။
ဒေသနာအဆုံးတွင် ပုဏ္ဏားက အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် မင်းတို့၏ အလိုကို လည်းကောင်း၊လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊နှလုံးသွင်းကို လည်းကောင်း၊အဆုံးကိုလည်းကောင်းသိတော်မူပါပေ၏။အသျှင် ဂေါတမသည် ပုဏ္ဏား၊ သူကြွယ်၊ မိန်းမ၊ ခိုးသူ၊ ရဟန်းတို့၏ အလိုကိုလည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊နှလုံးသွင်းကို လည်းကောင်၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တတ်သူ 'ဥပါသကာ'ဟူ၍ မှတ်တော်မူပါဟုလျှောက်၏။ အဂုင်္တ္တရနိကာယ၊ ဒသကနိပါတတွင်လည်းဗြဟ္မဏ၀ဂ်ကို သီးသန့် မတွေ့ ရသော်လည်း ဇာဏုေဿာဏိပုဏ္ဏား အကြောင်းပါရှိပါသည်။
ဒီဃနိကာယ၊ သီလက္ခန္ဓ၀ဂ်တွင်ရှိသော တစ်ဆယ့်သုံးသုတ်တွင်မူ (၇) သုတ်မှာပုဏ္ဏား အ ကြောင်းဖြစ်ပြီး မဟာဝဂ်တွင်ရှိသည့် ဆယ်သုတ်တွင်မူ ပုဏ္ဏားအကြောင်း မရှိပေ။ သို့သော် ပါထိက တွင်ရှိသည့် တစ်ဆယ့်တစ်သုတ်တွင်မူ တစ်သုတ်မှာပုဏ္ဏားအကြောင်းပါရှိပါသည်။
မစ္ဇျိမနိကာယ၊ မူလပဏ္ဏာသတွင် ပုဏ္ဏားအကြောင်းကို မတွေ့ရသော်လည်း မစ္ဇျိမပဏ္ဏာသတွင် မူ ဗြဟ္မဏ၀ဂ်သီးသန့် ပါရှိပါသည်။ ဗြဟ္မာယု၊ သေလ၊ အဿလာယန၊ ဃောဋမုခ၊ စကီ င်္၊ ဧသုကာရီ၊ ဓ နဉ္စာနီ၊ ၀ါသေဋ္ဌ၊ သုဘ နှင့် သင်္ဂါရ၀တို့ဖြစ်ကြပါသည်။ ဥပရိပဏ္ဏသတွင်လည်း ဗြဟ္မဏ၀ဂ် မပါရှိပေ။ ဤသို့ အားဖြင့် ပုဏ္ဏးနှင့် စပ်သော သာသနာတော်ဆိုင်ရာကျမ်းများက များလှပေသဖြင့် လျစ်လျူရှုရပါတော့မည်။
သာသနာတော် ကျမ်းများ၌ ပုဏ္ဏား ဆယ်မျိုးကွဲ၍ သက္ကတ ကျမ်းများ၌ ပုဏ္ဏား လေးမျိုး ကွဲလေသည်။ သက္ကတကျမ်းများအရ မင်းမှီစိုးကပ်ခြင်း မပြု ၊ ကုန်စည်မသွယ် ၊ လယ်ယာမလုပ်၊အစေ အပါးမခံ ၊ အလှူခံခြင်း ဟောပြောခြင်းဖြင့်သာ အသက်မွေးသော ဗြဟ္မဏ ပုဏ္ဏားမျိုး ၊ မင်းမှီစိုးကပ် သူရဲသူခက် အလုပ်ဖြင့်အသက်မွေးသောခေတြပုဏ္ဏားမျိုးလယ်ယာလုပ်ဆောင်ခြင်း၊ကုန်သွယ်ခြင်းဖြင့်အသက်မွေးသော ဗိသျှပုဏ္ဏားမျိုး နှင့် အစေအပါးခံ၍ အသက်မွေးသော သုဒြပုဏ္ဏားမျိုး ဟူ၍ လေးမျိုး ခွဲထားလေသည်။
မဃဒေ၀ (၂၇၁ ပိုဒ်၌) "အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်" ဟုမိန့်ဆိုထားလေသည်။ ပုဏ္ဏားမျိုး ၉-ပါး၎င်း သရုပ် အဓိပ္ပါယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။ (၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော 'ဗြဟ္မစာရီ' ပုဏ္ဏားမျိုး၊ (၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော 'ဗြဟ္မဏ'ပုဏ္ဏားမျိုး၊ (၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ်ဖြစ်လာသော 'ခတ္တိယ' ပုဏ္ဏားမျိုး၊ (၄) ကုန်သွယ်၍ သားမယားတို့ကိုကျွေးမွေးလျက် အလှူ လည်းခံသော 'ဒယ' ပုဏ္ဏားမျိုး၊ (၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော 'ဗိသျှ' ပုဏ္ဏားမျိုး၊ (၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော 'ရက္ခိတ' ပုဏ္ဏားမျိုး၊ (၇) ကြမ်းကြုတ်သော အလေ့ရှိသည့် 'ဘာရဒွါဇ' ပုဏ္ဏားမျိုး၊ (၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်း တို့က နှင်ထုတ်ထားသော 'စဏ္ဍာလ' ပုဏ္ဏားမျိုး၊ (၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော 'တပသီ'ပုဏ္ဏားမျိုး။
နိမိတ်ဖတ်ပုဏ္ဏားတော်၈ယောက်အလောင်းတော်မင်းသားဖွားမြင်ရာ၌လက္ခဏာတော်နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက် ရှိသည်။ ရာမပုဏ္ဏား၊ ဓဇ၊ လက္ခဏ၊ မန္တိ၊ ကောဏ္ဍည၊ ဘောဇ၊ သုယာမနှင့် သုဒတ္တပုဏ္ဏားတို့ဖြစ်ကြ၏။
ပုဏ္ဏားဆိုတာ ဘာစကားလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ ဟူသော အမေးကို ၀က်ဘ်ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။ ဒကာ။ ပါဠိလို " သာမဏ,ဗြာဟ္မဏ"မြန်မာလို “ရဟန်း, ပုဏ္ဏား” ဟု အနက်ပြန်ဆိုကြရာမှာ၊ သမဏ-ရဟန်းဆိုတာတော့ ထင်ရှားရှင်းလင်းကြပါတယ်၊ဗြာဟ္မဏ-ပုဏ္ဏား ဆိုတာက ရသေ့လား, ဟိန္ဒူကုလားဘုန်းကြီးမျိုးလား၊ အဲဒီပုဏ္ဏားဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို သိပါရစေ ဆရာတော်။
ဆရာ။ အင်း...ဒီပုဏ္ဏားဆိုတဲ့ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်သိလို့ အကျိုးစီးပွား ဘာများဖွံ့ဖြိုးတိုး တက်လာမှာမို့လဲ၊ လူအများက ဒါဟာ ပုဏ္ဏားပဲ လို့ဆိုရင် ပုဏ္ဏား ဟု မှတ်ထားရုံပေါ့၊ အမေးအမြန်း ထူတယ်ကိုး။
ဒကာ။ ဆရာတော်က မြန်မာအဘိဓာန်ကျမ်းပြုဆရာတော်ဖြစ်လို့ လူမှုရေးရာအရ သိထားသင့်သော အရာမို့ အမှန်သိရအောင် လာမေးတာပါ ဆရာတော်။
ဆရာ။ "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်က ပါဠိလည်းမဟုတ်ဘူး၊ မြန်မာသက်သက်လည်း မဟုတ်ဘူး၊ ပါဠိလို "ဗြာဟ္မဏ"ကိုမြန်မာလို"ပုဏ္ဏား"ဟုရှေးဆရာ့ဆရာများကအနက် ရေးသွားကြလို့ နောက်အဆင့်ဆင့်လိုက်ခေါ် ရေးသားနေကြတာပဲဖြစ်တယ်၊ အဲဒီပုဏ္ဏားဆိုတဲ့ အမျိုးအပြားတွေကလည်းတော်တော်များတာ၊ ပိဋကတ်တော်လာဒေါနသုတ္တန် နိပါတ်တော်၌ ပုဏ္ဏားမျိုးလေးပါး အပြားရှိတယ်၊ဓမ္မသတ်ကျမ်းမှပုဏ္ဏားမျိုးကိုးပါးအပြားကို ဖော်ပြထားတယ်၊ အဲဒါကို လွယ်လွယ်နဲ့ သိချင်ရင် ဆရာတော်ရေးတဲ့ "သုတေသန သရုပ်ပြအဘိဓာန်ကျမ်း" စာမျက်နှာ(၃၇၂၊ ၃၇၃)ပု+ဏ်။ကဏ္ဍမှာရှာကြည့်ပေတော့။ယင်း"ပုဏ္ဏား"ဆိုတဲ့အဘိဓာန်ပုဒ်ရဲ့မူရင်းဝေါဟာရ ရေသောက်မြစ်ကို လိုက်ဖော်တဲ့အခါ ရာဇ၀င်ရေစီးကြောင်းထဲမှာ ပါရှိနေတာ တွေ့ရတယ်၊ (၁) ပြည်,-သရေခေတ္တရာ၊ (၂) ပုဂံ၊ (၃) ပင်းယ၊အဲဒီခေတ် သုံးမျိုးတို့တွင်ပြည်,-သရေခေတ္တရာက စ,တင် စိမ့်ဝင်ရောက် လာတာတွေ့ရတယ်။ ယင်းခေတ်မှာဝေဒကျမ်းတတ် ဟိန္ဒူဗြာဟ္မဏ ပဏ္ဍိတ်ကြီးတွေ အိန္ဒိယနိုင်ငံ မှမြန်မာနိုင်ငံ သရေခေတ္တရာသို့ရောက်လာကြကာ မိမိတို့ ကျွမ်းကျင်လိမ္မာ တတ်မြောက် တဲ့ဝေဒကျမ်း စာအရဗေဒင်ဟောခြင်း၊ ယတြာပြုခြင်း စသည်တို့ဖြင် ဘုရင်မင်းများထံမှောက် ၀င်ရောက် ခစား အမှုတော် များ ထမ်းဆောင်ကြတယ်၊ သူတို့က ဟိန္ဒူဗြာဟ္မဏ မျိုးတွေဖြစ်ကြလို့နွားကို ချစ်မြတ်နိုးကြ တယ်၊ နွားမွေးပြီး နို့, ထောပတ်, ဒိန်ချဉ် စသည်ရောင်းချပစ္စည်းရှာသောကြောင့် သရေခေတ္တရာ ရာဇ၀င်အ ပိုင်းမှာ ယင်းတို့ကို (ဂ၀ံပတိ-လို့) ခေါ်ဆိုကြတယ်၊မြန်မာလိုတော့ "နွားပိုင်ရှင်" ဟုအနက်ထွက်တဲ့ ပါဠိစကား ပဲဖြစ်တယ်၊ ယင်းခေတ်၌ ပါဠိ ဘာသာ အသုံးများဟန်တူ၏ လို့မှတ်ရမယ်။
ပုဂံခေတ်ကျတော့ ဗေဒင်, ယာယီ, ယတြာ တို့ကို ယုံစားသူတွေ အတော်များလာလေပြီ၊ ယင်းခေတ်၌ ထို ဂ၀ံပတိ ဆရာဗြာဟ္မဏကြီးတို့ကို "ဟူးရား" ဟုခေါ်ဆိုသုံးနှုံးကြပြန်တယ်၊ ယင်း ဟူးရား ဆရာဗြာဟ္မဏ ကြီးတို့ကိုပင် "ဟူးရားဖြူ, ဟူးရားညို" ဟု အသားအရောင်လိုက်ကာနှစ်မျိုးနှစ်စား ခွဲခြားထား တာတွေ့ ရပြန်တယ်၊ ဟူးရား, ဟူသောပေါရာဏ စကားသည်ဗေဒင်,နက္ခတ် ဟူသော အနက်ထွက်တယ်။ ပုဂံခေတ် လွန်မြောက်၍ ပင်းယခေတ်သို့ရောက်သောအခါ ယင်းဗေဒင်, နက္ခတ်, ဓာတ်ရိုက်, ဓာတ်ဆင် အတတ်တို့သည် အဆင့်ဆင့် လူသားတို့၏ အရိုးထဲ စွဲဝင်နေပြီဖြစ်ရကား ယင်းဂ၀ံပတိဝေဒကျမ်းတတ် ဟူးရား ဆရာဗြာဟ္မဏကြီး တို့ကို ဟူးရား မခေါ်ဆိုဘဲ "ပုဏ္ဏား" ဟုခေါ်ဆိုရေးသားကြတာကို ကျမ်းအစောင်စောင်တို့မှာ တွေ့ရ ပြန်တယ်၊ ပါဠိဘာသာ(ဗြာဟ္မဏ) ပုဒ်ရှိသမျှကိုလည်း အကုန်လုံး "ပုဏ္ဏား" ချည်းပဲ မြန်မာပြန်ဆို ရေးသားလာကြတယ်။
အဲဒီ "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ရေသောက်မြစ်ဖျားခံကို လိုက်ရှာတဲ့အခါ ယင်း-ဂ၀ံပတိ, ဟူးရား,ဗြာဟ္မဏပဏ္ဍိတ်ဝေဒကျမ်းတတ်ဗေဒင်ဆရာကြီးတို့ဟာ များသောအားဖြင့် အိန္ဒိယနိုင်ငံ ပုနားမြို့ မှ မြန်မာနိုင်ငံသို့ လာရောက်ကြသော ပုနားမြို့နယ်သားတွေသာဖြစ်၍ ၎င်းတို့ အား ပုဏားလူမျိုး, ပုဏားသား, ပုနားခေါ်ဆိုရာမှ အဆင့်ဆင့် အသံပြောင်းကာ "ပုဏ္ဏား" ဟူသောဝေါဟာရ နာမ်ပိုင်း သို့ ရောက်ရှိတွင်ကျယ်လာကြောင်း မှတ်သားရမည်၊ ပုနားမြို့က ဘုံဘေနယ်မှာ ရှိတယ်။ ပုံပမာအားဖြင့် ပုဂံမြို့မှ လာရောက်သော ရဟန်းတော်များကို သီရိလင်္ကာတို့, ထိုင်း တို့က ပုဂံသား, ပုဂံဂိုဏ်း ဟုခေါ်ဆိုကြသလိုပင် တဲ့။ ကဲ...အဲဒါ ပုဏ္ဏားအဘိဓာန်ပုဒ်တခုရဲ့ဖြစ်လာပုံ သိထားစရာ လူမှုရေးရာ အဖြေပါပဲ၊ မကျေနပ်သေးရင်လည်း တခြားဆီ သွားမေးကြပေတော့
ဒကာ။ ဒီလို ရာဇ၀င်ကြောင်း သမိုင်းနဲ့ချီပြီး ခိုင်လုံတဲ့ အဖြေစကားတွေ မှတ်သားရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်။မြန်မာနိုင်ငံမှ အမျိုးသားစာပေဆုရရှိခဲ့သည့် 'ရာဇ၀င်ထဲမှာ ပုဏ္ဏား' စာအုပ်ကို ဂုဏ်ပြုသည့် အနေဖြင့် အိန္ဒိယနိုင်ငံ ၊ ကောလကတ္တားမြို့ သိပ္ပံရှိ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ပါရဂူဘွဲ့ကိုဒေါက်တာဒဂုန်အား ချီးမြှင့်ခဲ့ခြင်းကြောင့် ပါရဂူဘွဲ့ သုံးကြိမ်ရရှိခဲ့သော သူ၏ ထိုစာအုပ် တွင်လည်း ပုဏ္ဏားအကြောင်းကို အသေးစိတ် သိနိုင်ပါသည်။
ဆောင်းပါးအမှတ်စဉ် (၂၆) အပိုင်းနှစ်ကို ဆက်လက်ဖတ်ရှုတော်မူကြပါရန် စာရှုသူများကို သိစေ အပ်ပါသည်။ ဒေါက်တာအရှင်နန္ဒ Read more...သာသနာကိုယ်မှာရောက် ၊ ဘေးတွေကွယ်ပျေက်
သာသနာဟူသည် သာသန (န)(√သာသ်+သု)
• အဆုံးအမတော်။
• ဆုံးမခြင်း။
• သတင်းစကား။
• စာ။
• အမိန့်အာဏာထားခြင်း။ ဟူ၍ ဦးဟုတ်စိန်အဘိဓာန်တွင် ဖော်ပြထားသည်။
ယခု ကျွန်ုပ်တို့သည် ဗုဒ်ဓကိုကိုးကွယ်ယုံကြည်ကြသည်ဖြစ်၍ ဗုဒ်ဓသာသနာ=မြတ်ဘုရားအဆုံးအမတော်ကို လိုက်နာကျင့်သုံးရသည့် ဗုဒ်ဓဘာသာဝင်များဖြစ်သည်။ ထိုကြောင့် မြတ်ဘုရား၏အဆုံးအမတော်ကား အဘယ်အရာနည်း။ သိဖို့လိုအပ်ပါသည်။
မြတ်ဘုရား၏ အဆုံးအမတော်ကား ဓမ္မပင်တည်း။ ထိုဓမ္မသည် အကျယ်အားဖြင့် ဓမ္မက္ခန်ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိ၏။ (မှတ်ချက်။ ။ဓမ္မက္ခန်ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အစွဲပြုပြီး သီရိဓမ္မာသောကမင်းကြီးသည် စေတီပေါင်း 84000၊ ရေတွင်းရေကန်ပေါင်း 84000 စသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည်ဟူ၏။)
ထိုဓမ္မက္ခန်ဓာပေါင်း84000ကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ ဟူသောတိပိဋက သုံးပုံ ရ၏။
ထိုတိပိဋက သုံးပုံကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် ဗောဓိပက္ခိယတရား (၇)ပါး ရ၏။
ထိုဗောဓိပက္ခိယတရား (၇)ပါးကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် မဂ်ဂင် ရှစ်ပါး ရ၏။
ထိုမဂ်ဂင် ရှစ်ပါးကို တူရာတူရာ စု၍ အနှစ်ချုပ်အရကောက်သော် သီလ ၊ သမာဓိ ၊ ပညာ ဟူသော သာသနာသုံးရပ် (တနည်း) သိက္ခာသုံးပါးရ၏။
(ထိုသိက္ခာသုံးပါးကို အနှစ်ချုပ်ကား သတိတရားပင်တည်း။)
သိက္ခာဟူသည် သိက္ခာ (ဣ)(√သိက္ခ်+အာ)
• သင်ယူခြင်း။
• ကျင့်ဝတ်။
• အကျင့်။
• ဖြည့်ကျင့်ခြင်း။ ဟူ၍ ဦးဟုတ်စိန်အဘိဓာန်တွင် ဖော်ပြထားပေးရာ မြတ်ဘုရား၏အဆုံးအမဖြစ်သော အကျယ်ကိုမလေ့လာနိုင်စေကာမူ အနှစ်ချုပ်ဖြစ်သော သီလ ၊ သမာဓိ ၊ ပညာ သာသနာသုံးရပ်ကို သင်ယူခြင်း၊ ဖြည့်ကျင့်ခြင်းသည် ကျွန်ုပ်တို့ ဗုဒ်ဓဘာသာဝင်များ၏ အရေးကြီးဆုံးသော အခြေခံလိုအပ်ချက်ပင် ဖြစ်သည်။
ထို သီလ ၊ သမာဓိ ၊ ပညာ သည် လှေကားထစ်သဖွယ် ဆက်နွယ်နေ၏။ ဆက်နွယ်ပုံကား.........
သီလ မရှိလျှင် သမာဓိ မရှိနိုင်။
မည်သည့်ဘုန်းကြီးကျောင်းမဆို ရှင်ကျင့်ဝတ်စာအုပ်ကို ရှင်သာမဏေ၊ရဟန်းကောင်းများ ကျက်မှတ်ခဲ့ရသည်။ ထိုစာအုပ်၏နောက်ဆုံးတွင် ၁။ အသုဒ်ဓသီလော ဒုပ္ပညော ၊ စိတ္တေကဂ်ဂံ န၀ိန္ဒတိဟူ၍ ပါရှိသည်။ ဆိုလိုချက်ကား သီလမစင်ကြယ်သော ပညာကင်းမဲ့သူသည် (သီလမရှိသူသည်။) စိတ်၏ငြိမ်သက်တည်ကြည်ခြင်း(သမာဓိ)ကို မရရှိနိုင်။
ဤစကားမှန်၏။
ဗုဒ်ဓကို ယုံကြည်ကိုးကွယ်သည်နှင့်တပြိုင်နက် အနည်းဆုံးကိုယ်ကျင့်တရားငါးပါး = လူကျင့်ဝတ်ငါးပါးသီလကို စောင့်ထိန်းရ၏။
ထိုတွင် လူသတ်မှု=ပါဏာတိပါတကံ သီလကျူးလွန်သူ၏စိတ်သည် ငြိမ်သက်ခြင်း၊ တည်ကြည်ခြင်း သမာဓိမရှိနိုင်။ နောင်တမလွန်ဘ၀ကိုမဆိုထားဘိ.. ယခုကျူးလွန်ပြီးခဏတွင်ပင် ရာဇ၀တ်ဘေးကို တွေးကြောက်၍ မျက်နှာမသာမယာဖြစ်ကြရသည်။၊ လူအများအလယ်တွင် တည်တည်ကြည်ကြည် ပြုံးပြုံးရွှင်ရွှင် မရှိနိုင်။
ထိုကြောင့် အောက်ထစ်ဆုံး အခြေခံဖြစ်သော သီလလှေကားထစ်ကို မနင်းဘဲ ထိုထက်မြင့်သောသမာဓိလှေကားထစ်ကို မတက်လှမ်းနိုင်။ ၀ လုံးမရှိဘဲ ၀ိ ဆိုသောအက္ခရာကို ရေး၍ မရသကဲ့သို့ပင်။
၂။ ၀ိက္ခိတ္တစိတ္တော နေကဂ်ဂေါ ၊ သမ္မာဓမ္မံ န ပဿတိ ဟူသော စာကြောင်း၏ဆိုလိုချက်ကား မတည်ကြည်သော ပြန့်လွင့်သောစိတ်ရှိသူသည်(သမာဓိမရှိသူသည်) သူတော်ကောင်းတရားကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် မသိ မမြင်နိုင်(ပညာရှိမဖြစ်နိုင်)။
စိတ်မတည်ကြည်ဘဲ ဟိုတွေးဒီတွေး ဖြစ်နေချိန်တွင် ရုပ်တရား၊ နာမ်တရားတို့၏ သဘာဝဖြစ်ပျက် လက္ခဏာရေး သုံးပါးကို မသိနိုင် မမြင်နိုင်။
ဥပမာ ပြရလျှင် ရေကန်ထဲတွင်ရှိသော ရေသည် လှိုင်းထ၍ မငြိမ်သက် မတည်ကြည် လှုပ်ရှားနေပါက နောက်ကျိနေသောကြောင့် ရေအောက်တွင်ရှိသော အရာများကို မမြင်နိုင်။ ရေသည် တည်ကြည်မှသာလျှင် ရေအောက်တွင်ရှိသော အရာများကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။ (တည်တည်တံ့တံ့ ရှိမှ ကြည်ကြည်လင်လင် ရှိမည်။ ကြည်ကြည်လင်လင် ရှိမှ ရှင်းရှင်းလင်လင် မြင်မည်။ ထိုကြောင့် တည်ကြည်မှ ရှင်းလင်းမည်။)
ထိုကြောင့် သမာဓိလှေကားထစ်ကို မနင်းဘဲ ထိုထက်မြင့်သော ပညာလှေကားထစ်ကို မတက်လှမ်းနိုင်။
သီလလှေခါးထစ်လည်း မရှိ၊ သမာဓိလှေခါးထစ်ကား နတ္ထိ၊ သို့သော် ပညာသာသနာကိုသာ ဖြည့်ကျင့်နေပါလျှင် အဘယ်မှာ ပေါက်မြောက်နိုင်မည်နည်း။ (၀ီရိယအကျိုးကိုတော့ ရရှိနိုင်မည်။) ပညာလှေခါးထစ်ကိုရောက်ဖို့ရာ ဝေးလေစွ။
ဆက်ဦးမည်။.....................
ဦးစက္ကပါလ(ရွှေဥမင်) ရေးသားတင်ဆက်သည်။
စင်ကာပူနိုင်ငံတကာပါဠိဘာသာစကားသင်တန်း(update)

Traveler in Myanmar ( ထီးတော်တင်ပွဲ၊ မုံရွာ )
မုယောစပါးအကြောင်း သိကောင်းစရာ
“ကလေးများသရုပ်ဆောင်ထားသည့် ယဉ်ကျေးလိမ္မာ ရုပ်+သံ”အစီအစဉ်
စိတ်ကြည်နှုး ချမ်းမြေ့ဖွယ်ရာ ကလေးငယ်များ ပါဝင်သရုပ်ဖော်ထားကြသည့် ယဉ်ကျေးလိမ္မာ ဇာတ် လမ်း သရုပ်ဖော်များပါ။
Read more...ဝေဒနာ အမျိုးမျိုး စသည်
ဝေဒနာ အမျိုးမျိုး စသည်
အနတ္တ လက္ခဏသုတ်
(အဆက်)
ရုပ်မှာ ၁၁မျိုး ရှိခဲ့သလို ဝေဒနာ စတာတွေမှာလည်း ၁၁ မျိုးစီကွဲပြားကြပါတယ်။
အဲဒီ ၁၁ မျိုးအခြင်းရာ ကိုလည်း ငါ့ ဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါရဲ့ အတ္တ
ငါပိုင် မဟုတ်လို့ -ရှုကြရပါမယ်။
ဝေဒနာ ဆိုတာ ခံစားမှုပါ။ ခံစားမှုဟာ ပျော်တာ သုခ ၊ မပျော်တာ ဒုက္ခ ၊
ပျော်သလိုလည်းမဟုတ် မပျော်သလိုလည်း မဟုတ်တဲ့ အဒုက္ခမသုခ( ဥပေက္ခာ)
လို့  သုံးမျိုး ရှိပါတယ်။
အတိတ်တုန်းက ပျော်ခဲ့တာ မပျော်ခဲ့တာ ၊ ပျော်သလိုမပျော်သလိုတွေကို
ဒီလို- ပျော်တာ ငါ့ ဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ မပိုင် လို့  ရှုရပါမယ်။
ကျန်တာတွေကိုလည်း အဲသလိုမျိုး ရှုရပါမယ်။
အတိတ်မှာလို အနာဂတ် ပစ္စုပ္ပန် ခံစားမှုတွေကိုလည်း ဒီအတိုင်းပဲရှုပါ။
အဇ္ဈတ္တကိုတော့ ကိုယ့်မှာ ဖြစ်တဲ့ ဝေဒနာ၊ ဗဟိဒ္ဓ သူများဖြစ်တဲ့ ဝေဒနာ
တွေကို ရှုလို့ ရပါတယ်။
သြဠာရိက ဝေဒနာကြမ်း၊ နဲ့  သုခုမ ဝေဒနာ အနု ကိုတော့ သမ္မောဟ
ဝိနောဒနီ အဋ္ဌကထာမှာ ခွဲခြားထားတယ်လို့  ကျေးဇူးရှင် ဆရာတော်ကြီး
တစ်ပါးက ပြောပြသွားပါတယ်။ ခွဲခြားပုံမှာ-
ဒုက္ခ ဝေဒနာဟာ ဝေဒနာအကြမ်း၊ သုခနဲ့  ဥပေက္ခာက ဝေဒနာ အနု။
နောက်တစ်မျိုး ပြောရရင် အကုသိုလ်မှာ ဖြစ်တဲ့ ဝေဒနာ ၃မျိုးလုံးဟာ
ဝေဒနာ အကြမ်း။ ကုသိုလ် ကြိယာမှ ဖြစ်တဲ့ ဝေဒနာများကိုတော့
ဝေဒနာ အနု။
ထို့  ထက် ကုသိုလ်နဲ့  ကြိယာတို့ မှာလည်း ကုသိုလ်ဝေဒနာဟာ
ဝေဒနာ အကြမ်း၊ ကြိယာဝေဒနာ ဟာ ဝေဒနာ အနုလို့  ခွဲရပါ့မယ်။
လောကုတ္တရာ ကုသိုလ်ကိုတော့ ဥပါဒါနက္ခန္ဓာမှာ မပါဝင်တာမို့ 
ထူးပြီး မခွဲခြားရပါဘူး။
အဲသလိုမျိုးပဲ ဟီန အယုတ် နဲ့  ပဏီတ အမြတ်ကို ထို့ အတူ ခွဲခြားပါ။
ဒူရေ နဲ့ သန္တိက အဝေး အနီးလည်း သာမန်အားဖြင့် သူများဝေဒနာက
အဝေး ကိုယ့်ဝေဒနာက အနီးလို့  မှတ်ရပါမယ်။
ဘယ်လိုဝေဒနာမျိုးဖြစ်ဖြစ် ငါ့ဟာ မဟုတ်၊ ငါ မဟုတ် ၊ ငါ ပိုင် မဟုတ် ရှုရုံပါပဲ။
စာအလို အမျိုးမျိုး ခွဲထားတာပါ။ ကိုယ့် ဘာဝေဒနာ ခံစားနေတာလဲ။
ခံစားတဲ့ အခိုက်ကို ရှုမှာလား၊ ဟိုတုန်းက ခံစားဖူးတာကို ပြန်ရှုမှာလား။
ကိုယ့် စိတ်ထဲ ထင်တဲ့ ဝေဒနာဆိုတဲ့ အာရုံကိုပဲ ငါ့ဟာ မဟုတ် ၊
ငါမဟုတ်၊ ငါပိုင်မဟုတ် ရှုဖို့  အဓိကဖြစ်ပါတယ်။
ဒီနေရာမှစပြီး ရှုပ်ထွေးမှာစိုးလို့  ချုံးကာ ပြောပါတော့မယ်။
( ကိုယ်တိုင်စမ်းသပ်ကြည့်ကြကုန်) ။သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့ ကိုလည်း
ဒီအတိုင်းပဲ ၁၁ မျိုးစီ ရှိတယ်လို့  လောလောဆယ်အနေ မှတ်ထားပါလေ။
အဲဒါကြောင့်မို့  အစုံ ပြန်ပေါင်းကြည့်ရင် အတိတ်ခန္ဒာ ၅ပါး အနာဂါတတ် ခန္ဓာ၅ပါး
ပစ္စုပ္ပန်ခန္ဓာ ၅ပါး စသဖြင့် ၅ပါးစီ အသီးသီး ရှိကြပါတယ်။
အားလုံးကို ငါ့ ဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ မပိုင် ဆိုတာလေးကို အမြဲ တစေ
စိတ်လေးနဲ့  စဉ်းစားပြီး ဥာဏ်မှာ ထင်လာအောင် အထိ ပွါးများပေးပါ။
အနိစ္စ ဒုက္ခ အနတ္တ လို့  ပွါးများတာနဲ့  အတူတူပင် ဖြစ်ပါတယ်။
ဘာလို့ လဲ ဆိုတော့ ငါ့ဟာ ငါ့ဟာ နဲ့  အမြဲစွဲနေတော့ တဏှာ
ဖြစ်ပါတယ်။ အဲဒီတဏှာ ရှိနေလို့  အားလုံးဟာ ဆင်းရဲနေတာပါ။
တဏှာ လိုချင်မှုများသလောက် ဆင်းရဲများတာပါ။ လိုချင်မှုနဲလာတာနဲ့ အမျှ
ဆင်းရဲတွေ နဲလာပါတယ်။ အဲသလိုမျိုး လိုချင်မှု တဏှာဟာ ဆင်းရဲပါ့လား
သိလာတော့ ဒုက္ခာနုပဿနာဥာဏ်ထင်လာပါတယ်။ ဒုက္ခာနုပဿနာဥာဏ်က
အဲဒီတဏှာကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲဒီတဏှာကို ငါ့ ဟာ မဟုတ်ပါ့လား လို့ 
တကယ်သိအောင် လေ့ကျင့်ပါများရင် သိလာပါလိမ့်မယ်။
ဒီလို ဆိုတော့ ငါ့ဟာ မဟုတ်ပါ့လားလို့  ဆိုလိုက်ရင် ပွါးများလိုက်ရင်
ဒုက္ခလို့  ဆိုလိုက်သလိုမျိုး ဒုက္ခ အမှန် သိလာနိုင်တယ်ပေါ့။
ပြီးတော့ ငါ ပဲ ငါပဲ လို့  စွဲနေတာက မာန ပါ။ အဲဒီမာနက အမြဲတမ်း ငါ ငါနဲ့ 
မြဲတယ် ထင်နေလို့ ပါပဲ။ ငါ မဟုတ် ၊ ငါ မဟုတ် လို့ သာ ရှုဖန်များရင်
ငါပဲ ငါပဲ ဆိုတဲ့ မာနအိုး လုံးဝကွဲသွားမယ်။ မမြဲတဲ့ တရား
အနိစ္စာနုပဿနာဥာဏ်လည်း ထင်လာမယ်။ အနိစ္စာနုပဿနာဥာဏ်က
အဲဒီ မာနစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲဒီမာနကို ငါ မဟုတ်ပါ့လား
တကယ်သိအောင် လေ့ကျင့်ဖန်များရင် သိလာပါလိမ့်မယ်။
ဒီလိုဆိုတော့ ငါမဟုတ်ပါလား ဆိုလိုက် ပွါးများလိုက်ရင် အနိစ္စလို့ 
ဆိုလိုက်သလိုမျိုး အနိစ္စအမှန် သိလာနိုင်တယ်ပေါ့။
ပြီးတော့ ငါ မပိုင် ၊ ငါ့ရဲ့  အတ္တ မဟုတ်လို့ ရှုရမယ်လို့  ပြောခဲ့ပါတယ်။
ဘာလို့ လဲ ဆိုတော့ ငါ့ရဲ့  အတ္တ ငါပိုင်တယ် ဆိုရင် အတ္တပဲလို့  စွဲနေတဲ့
ဒိဋ္ဌိ ဖြစ်ပါတယ်။ ဒိဋ္ဌိ ဆိုတဲ့ အမြင်က ပိုင်တယ် ပိုင်တယ် အမြင်မှားတာမို့ 
ဒိဋ္ဌိလို့  ပြောတာပါ။ တကယ် ငါ ပိုင် မပိုင် ကိုယ့်ကို စမ်းစိစစ်ကြည့်ပေါ့။
အဲသလိုမျိုး ငါ မပိုင် ငါ့ရဲ့ အတ္တ မဟုတ်လို့  ရှုပြီး သိလိုက်တော့
အနတ္တာနုပဿနာဥာဏ်ထင်လာပါတယ်။ အဲဒီ ဥာဏ်ကပဲ
ငါ ပိုင်ထင်နေတဲ့ ဒိဋ္ဌိကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိပါတယ်။
ငါ မပိုင် ငါ့ရဲ့ အတ္တ မဟုတ်လို့  လေ့ကျင့်ဖန်များလာရင်
အမှန်သိလာပါလိမ့်မယ်။
ဒီလိုဆိုတော့ ငါ မပိုင် ငါ့ရဲ့ အတ္တ မဟုတ် ရှုဆင်ခြင် ပွါးခြင်းဟာလဲ
အနတ္တလို့  ရှုတာနဲ့  အတူတူပဲပေါ့။
ဒါကြောင့်မို့  အနိစ္စ ဒုက္ခ အနတ္တ လို့  ဖြစ်စေ၊ ငါ့ဟာမဟုတ် ၊ ငါမဟုတ် ၊ ငါမပိုင်
လို့  ဖြစ်စေ ဘာဝနာ စိတ်လေးမှာ ထင်လာတဲ့ အာရုံပေါ်မှာ ရှုမြင်သုံးသပ်
တတ်ရင် တရားထိုင်တယ် ၊ တရားမှတ်တယ်လို့  ပြောရပါ့မယ်။
ဆက်လက်ဖေါ်ပြပါမည်။
မှီငြမ်း။ ။ ဖားအောက်ဆရာတော် အာနပါနကျင့်စဉ်မှ ၀ိပဿနာသို့  နှင့်
ကျမ်းတက်အကျော်မော် ဆရာတော်ကြီး မိန့် ဆိုချက်။
ထို့ ပြင် ပါဠိတော်ကို ကိုယ်နားလည်သလိုလေး ပြန်ရေးပြပါသည်။
မြတ်ရောင်နီ
( ၂၀ ၊ ၀၆ ၊ ၂၀၁၁ )