* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 17, 2011

Traveler in Myanmar ( လယ်တီဆရာတော်ဇာတိ၊ စိုင်ပြင်ကြီး ၂ )

အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့ ရရှိတော်မူခြင်း

လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်းတစ်ရက်( ၇ - ၁၁- ၁၉၁၅ ) တွင် မြန်မာနိုင်ငံ အစိုးရ၏ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ် ကို ဆက်ခံရရှိခဲ့သည်။

နိုင်ငံခြား သာသနာပြုတော်မူခြင်း

၁၂၇၅ ခုနှစ်တွင် နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှုးတည်ထောင်ပြီးလျင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ပါဠိစာပေ အသင်းကြီးနှင့်၎င်း၊ ဂရိတ် ဘရိတန် အိုင်ယာလန် ဗုဒ္ဓဘာသာ အသင်းကြီးနှင့်၎င်း ဆက်သွယ်ကာ နိုင်ငံရပ်ခြား တိုင်းတပါး သို့ ပိဋကတ်တော်များ ပြန့်ပွားရေးအတွက် ကြိုးစားတော်မူခဲ့သည်။
ယနေ့အချိန်တွင် ပိဋကတ်သုံးပုံကို အင်္ဂလိပ် ဘာသာဖြင့် လေ့လာနိုင်ကြသည်ကား လယ်တီဆရာတော်ကြီး၏ ကျေးဇူး မကင်း ပေ။

စာပေပါရဂူ ( D. Lit ) ဘွဲ့ ရရှိတော်မူခြင်း

၁၂၈၃ ခုနှစ် နတ်တော်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့်အထိမ်းအမှတ်အဖြစ် တက္ကသိုလ် အဓိပတိ ဖြစ်သူ မြန်မာပြည် ဘုရင်ခံက ( Doctor Of Literature ) စာပေအရာတွင် ပါရဂူ ဒေါက်တာဘွဲ့ကို ချီးမြှင့်ဆက်ကပ်သည်ကို လက်ခံတော်မူခဲ့၏။

တစ်ဘ၀ခန္ဓာ သိမ်းတော်မူခြင်း

၁၂၈၅ ခုနှစ်၊ ပထမ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် သက်တော် ( ၇၃ ) နှစ်အရောက် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် တစ်ဘ၀ခန္ဓာ သိမ်းတော်မူခဲ့သည်။

၁၀ နှစ်သားအရွယ်တွင် ဘုန်းကြီးကျောင်းသားအဖြစ် အပ်နှံကြစဉ်

လယ်တီဆရာတော်လောင်း သိမ်တက် ရဟန်းခံခဲ့ရာ သိမ်တော်ကို ယနေ့ခေတ်အနေအထားအရ တွေ့မြင်ရပုံ

သိမ်ဧရိယာ ကန့်သတ်ထားရာ သိမ်ငုတ်တွေကိုလည်း ယနေ့အချိန်အထိ တွေ့မြင်ရသည်မှာ အံ့လောက်စရာပါပေ

ပါရမီ ဒီပနီကျမ်းကနေ စာရေးခြင်းကို စတင်လိုက်တာ လျှပ်စစ်မီးမရှိခင် ဒီလို ဒီလို ဇွဲနဲ့ ကျမ်းပြုခဲ့ရတာ ကြည်ညိုဖွ ယ်ကောင်းလှပါဘိ

တောရမှီ ရသေ့တို့အားလည်း ဓာတ်ကမ္မဋ္ဌာန်းတရားများ သဘောတရားများကို ဟောကြားပေးနေပုံ
မြန်မာနိုင်ငံ ဗြိတိသျှ အင်္ဂလိပ်လက်အောက် ရောက်ပြီးနောက် နွားသား မစားရေး တရားများ ဟောနေစဉ် နွားကို ဆုံးမနေသော ယောကျာင်္းတစ်ယောက်အား နွားဝှေ့ခံနေရစဉ်
မုံရွာမြို့တွင် ဆုတောင်းပြည့်ဘုရားကြီးတည်စဉ် ကြီးကြပ်နေတော်မူပုံ
စိုင်ပြင်ကြီး ရွာရှိ လယ်တီဗိမာန် တော်ကို အရှေ့ဘက်မှ တွေ့မြင်ရပုံ

ဗိမာန်အရှေ့ဘက်မှ အတ္ထုပ္ပတ္တိ ကျောက်စာ ထားရှိရာ အဆောင်
ဗိမာန်တော်ကြီး အတွင်းဘက်မှ မြင်ကွင်းတစ်နေရာ ဆရာတော်ကြီး ပုံတူရုပ်တု
ဆရာတော်ကြီး ရဟန်းဘောင်တက်ခဲ့ရာ သိမ်အတွင်းမှ အသက်ထင်ရှားရှိစဉ် သွားလေရာ သယ်ဆောင်သွားသော ခရီးဆောင် ကျွန်းသား သေတ္တာလေးပါ၊ အထက်က မှန်ဗီရိုထဲမှာ လက်ရေးမူ ဒီပနီကျမ်းပေါင်း များစွာ ကို တရိုတသေ သိမ်းဆည်းထားဆဲရှိသေးတယ်၊ စာအုပ်တွေများစွာ ဓာတ်ပုံရိုက်ခဲ့သော်လည်း ဓာတ်ပုံများ များပြားနေသောကြောင့် အနည်းငယ်ကိုသာ တင်လိုက်ပါသည်။
အိုင်တီ မထွန်းကားသေးတဲ့ နှစ်ပေါင်း ၁၆၀ ကျော်က ဒီလို ကညစ်တံကို သုံးပြီး စာရေးခဲ့ရသတဲ့။
သမိုင်းတွင်မည့် သူများကား အများနှင့်မတူအောင် ခန္ဓာကို မညှာမတာ ခိုင်းကာ အလုပ်လုပ်ခဲ့ကြသည်သာ
ယနေ့ခေတ် လယ်တီသာသနာ့ဗိမာန် တည်ရှိရာ စိုင်ပြင်ကြီး ရွာရှိ အ၀င်မုဒ်ဦး
The Inscription Of Le Di Sayadaw's Biography by English
သမိုင်းဝင် လယ်တီဆရာတော်ဘုရားကြီး၏ အကြောင်းအရာများ အထောက်အထားများကို ခရီးသွားရင်း တတ်နိုင် သလောက် ပြည့်စုံအောင် မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါသည်။ အချက်အလက်များ ချွတ်ချော်လွဲမှားနေမှု၊ မပြည့်စုံမှုများ ရှိပါက စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။ ဆောင်းပါးနှစ်ပုဒ်လုံး ဖတ်ပါမှ စပ်ဆက်မိလိမ့်မည် ဟု စေတနာစကား ပါးရင်း နိဂုံးချုပ်ပါရစေ။
ပထမပိုင်း ဆောင်းပါးကို ဤနေရာတွင် ကလစ်ကြည့်နိုင်ပါသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.16.Jun . 2011

Read more...

“သညာသိ” နှင့် “ခန္ဓာသိ”


“သညာသိ” နှင့် “ခန္ဓာသိ”ရယ်လို့ အသိနှစ်မျိုး ရှိကြောင်း၊ အသိနှစ်ခုအနက် (စာသိ၊ ဗဟုသုတသိ-ဆိုတဲ့) “သညာသိ”ဟာ ကိလေသာ မလျော့ပါးစေနိုင်ကြောင်း . . . ရေးထားတာတစ်ခု facebookမှာ ဖတ်မှတ်လိုက်ရပါတယ်။ [ဆရာတော် အရှင်ဇ၀န၊ မေတ္တာရှင် (ရွှေပြည်သာ)ရဲ့ အဆုံးအမ သြ၀ါဒ ဖြစ်တယ်လို့ ဆိုပါတယ်။]

(ဘယ်သူ့သြ၀ါဒပဲ ဖြစ်ဖြစ်ပါ။) (စာသိ၊ ဗဟုသုတသိ) “သညာသိ”ဟာ ကိလေသာ မလျော့ပါးစေနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံဖို့ ခက်လှပါတယ်။ ဓမ္မအသိမှန်သမျှဟာ ကိလေသာကို လျှော့ပါးစေနိုင်တယ်လို့ နားလည်မိပါတယ်။ တရားစာပေ (ဒါမှမဟုတ် အထွေထွေစာပေ) ဖတ်ရှုပြီး (စာသိ၊ ဗဟုသုတသိ) “သညာသိ”နဲ့ ပြည့်စုံသူဟာ အဲ့ဒီ အသိကြောင့် လောဘ၊ ဒေါသ . . . စတဲ့ ကိလေသာတွေကို ထိန်းချုပ်ထားနိုင်တယ် မဟုတ်လား။ လူတစ်ယောက် ဗဟုသုတ ရှိတဲ့အချိန်နဲ့ ဗဟုသုတ မရှိတဲ့အချိန် ဘယ်အချိန်မှာ ကိလေသာ အဖြစ်များမလဲ။

ဗုဒ္ဓစာပေမှာ မကြာခဏ တွေ့ရတဲ့ “အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာ၊ အသုဘသညာ”ဆိုတဲ့ “သညာသိ”တွေဟာ ကိလေသာကို လျော့ပါးအောင် မလုပ်နိုင်ဘူးလား။ ဆိုပါစို့ . . . ခန္ဓာကိုယ် အလှအပကို တွယ်တာတပ်မက်ရင် လောဘဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ . . . “အပုပ်ကောင် အပုပ်ခန္ဓာကြီးပါတကား”လို့ အသုဘသညာ ပွားလိုက်နိုင်ရင် လောဘကိလေသာ လျော့မသွားပေဘူးလား။

နောက်တစ်ခု . . .
ဥပမာ ဆိုပါစို့။
ဦးသိန်းစိန်သည် ငယ်စဉ်အခါက ဘာစာမှ မဖတ်။ စာသိ မရှိ။ ဗဟုသုတသိ မရှိ။ “သညာသိ” မရှိ။ သူသည် အလွန် ဒေါသကြီး၏။ သူသည် ထိုစဉ်က တစ်နေ့လျှင် အနည်းဆုံး ဆယ်ကြိမ် စိတ်တို၏။ သို့သော် အရွယ်ရလာသောအခါ စာပေလေ့လာလိုက်စား ဖတ်ရှု၍ စာသိ၊ ဗဟုသုတသိ၊ “သညာသိ” ရရှိလာ၏။ ထို့ကြောင့် ဒေါသကို ထိန်းချုပ်လာနိုင်၏။ တစ်နေ့လျှင် အများဆုံး ငါးကြိမ်သာ စိတ်တိုတော့၏။
ဒီ ဥပမာမှာ “သညာသိ”ကြောင့် ဒေါသကိလေသာ လျော့ပါးသွားပုံ မထင်ရှားဘူးလား။ ဒေါသကြီးသူ ဘယ်သူပဲဖြစ်ဖြစ် စာပေဖတ်ရှုပြီး ဗဟုသုတရှိလာရင် ဒေါသကို ထိန်းထားလာနိုင်တယ်ဆိုတာဟာ သဘာဝ မကျဘူးလား။ မဖြစ်နိုင်ဘူးလား။

နောက်တစ်ခု . . .
မသိမိုက်မဲမှုကို အ၀ိဇ္ဇာလို့ခေါ်ပါတယ်။ မောဟလို့ ခေါ်ပါတယ်။ ဒီမောဟကို စာသိ၊ ဗဟုသုတသိ၊ “သညာသိ”နဲ့ လျှော့ချလိုက်နိုင်တယ် မဟုတ်လား။ စာမတတ်သူ၊ စာမဖတ်သူဟာ ဗဟုသုတ မရှိပါဘူး။ မောဟအိုးကြီး ဖြစ်ပါတယ်။ အမှောင်တုံးကြီး ဖြစ်ပါတယ်။ သူ့ကို စာသင်ပေးလိုက်လို့ စာတတ်လာမယ်၊ စာဖတ်လာမယ်၊ ဗဟုသုတ ရှိလာမယ်ဆိုရင် သူ့သန္တာန်မှာ မောဟတွေ လျော့မသွားပေဘူးလား။ ဒါဆိုရင် “သညာသိ”ဟာ မောဟကို လျှော့ချနိုင်တယ်လို့ မဆိုသင့်ဘူးလား။

ဘယ်လိုပဲသိသိ အသိမှန်သမျှဟာ ကိလေသာကို လျှော့ချပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။ သိတယ်ဆိုရင် ဘယ်လိုပဲသိသိ၊ ဘယ်ကပဲသိသိ (အမြီးကပဲသိသိ ချိုကပဲသိသိ၊ ဖင်ကပဲသိသိ၊ ခေါင်းကပဲသိသိ) အသိမှန်သမျှက ကိလေသာကို လျှော့ချပေးနိုင်ပါတယ်။

နောက်ဆုံးတစ်ခု . . .
“သညာ”ဆိုတာ “ခန္ဓာ” မဟုတ်ဘူးလား။ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ “သညာက္ခန္ဓာ” . . . လို့ ဆိုတယ် မဟုတ်လား။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ရယ်လို့ ခန္ဓာငါးပါး ရှိတယ် မဟုတ်လား။ “သညာ”ဟာ ခန္ဓာဖြစ်တဲ့အတွက် “သညာသိ”ဆိုတာ “ခန္ဓာသိ”ပဲ မဟုတ်ဘူးလား။

:)
ရှင်အာစာရ

Picture from (16 June 2011): http://www.daydaypaint.com/abstract-c-97.html

Read more...

စင်္ကာပူလာရန် နည်းလမ်းမှန် (အင်ဂျင်နီယာတပည့်)


ချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့ ကိုးရီးယား၊ဂျပန်လိုနိုင်ငံက နိုင်ငံသား ၆-သန်းကနေ ၁၀-သန်းခန့်ဟာ ပြည်ပကိုရောက်နေကြတယ်လို့ မှတ်သားဖူးပါတယ်။ နိုင်ငံခြားမသွားကြတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသား တွေဟာ ဘယ်လိုမှမရင့်ကျင့်နိုင်ပါ။ ပြည်တွင်းမှာလောကဓံကိုပြည့်ပြည့်၀၀မခံစားရနိုင်ပါ။

ဒိပြင် ကိုယ့်နိုင်ငံ မှာနေတုန်းက တစ်မြို့တစ်ရွာကိုပြောင်းသွားကြပြီဆိုရင် ၀မ်းနည်းကြေကွဲစွာ ခံစားကြရ ပေမယ့်၊ နိုင်ငံတစ်ကာ စင်မြင့်ကနေလှမ်းကြည့်လိုက်ရင် ကိုယ့်နိုင်ငံရှိ တိုင်းနှင့်ပြည်နယ် မြို့ရွာမှန်သမျှကို ကိုယ့်ရပ်ကိုယ့်ရွာလို မေတ္တာထားခံစားနိုင်ပါတယ်။ ဒါကကြုံဖူးမှသိတဲ့အ တွေ့အကြုံ လေးတွေပါပဲ။

ဒို့နိုင်ငံမှာ လူတစ်ယောက် ကြီးပွါးတိုးတက်လာရင် သူ့ရပ်ရွာဒေသကိုသာအဓိက စိတ်ဝင်စားကြ တယ်လို့သိရပါတယ်။ သူ့ရဲ့အတွေးအာရုံကကျဉ်းမြောင်းနေတော့ တစ်နိုင်ငံလုံးအတွက်ခံစားနိုင်ဖို့ ဝေးကွာနေဆဲဖြစ်နေလို့ပါ။ နိုင်ငံတစ်ကာမှာ ဒါမျိုးမကြားဖူးပါဘူး။ အမေရိကန်တွေဆိုရင် တစ်ကမ္ဘာ လုံးအရေး ကိုင်တွယ်ဖြေရှင်း နေရဆဲပါဘဲ။ သူ့နိုင်ငံပြည်နယ် ၅၀-အတွက်အသာထား။ တစ်ကမ္ဘာလုံးက Refugees တွေ DV-မဲပေါတ်တဲ့သူတွေ လက်ခံဖြေရှင်းပေးနေတုန်းပါဘဲ။ ချီးကျူးစရာနှလုံးသား ပိုင်ရှင်တွေပါ။

ဒါကြောင့်ဒို့မြန်မာတွေကိုတိုက်တွန်းချင်တာက နိုင်ငံခြားသွားနိင်ပါတယ်။ဒါပေမယ့် နိုင်ငံခြားရောက်နေတဲ့သူတွေ အခွင့်သာရင် ပြန်ဝင်ကြပါလို့ အကြံပြုပါရစေ။ ကိုယ့်ပြည်ကိုပြန်ရောက်ရင် big heart နဲ့ပြည်သူကို အလုပ်အကျွေးပြုကြရပါမည်။ လူ့ဘ၀တန်ဖိုးကို ပစ္ဆံ amount တစ်ခုနဲ့မတိုင်းတာသင့်ပါ။ လူသားတွေအပေါ် ထားနိုင်တဲ့မေတ္တာနဲ့သာ တိုင်းတာသင့်ပါတယ်။ ငါဟာမနှစ်ကလူ(၁၀)ယောက်ကို မေတ္တာထားနိုင်ခဲ့ရင် ဒီနှစ(်၁၅)ယောက်ကို မေတ္တာထားနိုင်အောင် လေ့ကျင့်ပါ။ ဒါမှသာတိုးတက်ကြီးပွါးတာ အစစ်အမှန်ပါ။


ကိုယ့်အတွက်သာ ကိုယ်လုပ်နေလို့ကတော့ လူဖြစ်စရာတောင် မလိုအပ်ပါ။ တိရစ္ဆာန်ဘ၀နဲ့ပင်လုံ လောက်ပါတယ်။ လူတစ်ယောက်ရဲ့ပေတံဟာ သူ့ရဲ့ အများအပေါ်မှာ ပြုနေတဲ့ သူ့လုပ်အားပမာဏသာ လျင်အစစ်အမှန်ပါ။
မကြာခင်တိုင်းပြည်အတွင်း အခွင့်အလမ်းသာယာလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။အဲဒီအခါ နိုင်ငံ ရပ်ခြားမှာ ကိုယ့်အစွမ်းအစ ဘာမှထုတ်သုံးခွင့်မရဘဲ ဖြစ်နေသူတွေ ၊ဘ၀ရဲ့ကျန်ရှိနေသေးတဲ့နေ့ရက်တွေကို ကိုယ့်တိုင်း ရင်းသားတွေအတွက် တက်ညီလက်ညီ အလုပ်အကျွေးပြုကြဖို့ သတိရကြစေချင်ပါသည်။


နိုင်ငံခြားကိုမလာရသေးတဲ့မြန်မာမျိုးဆက်သစ်တွေ လာကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ လာဖို့
ရည်ရွယ် ချက်ရှိရင် ကြိုတင်ပြင်ဆင်ထားကြပါ။ အင်္ဂလိပ်စကားလေ့ကျင့်ပါ။ အထူးသဖြင့် ကိုယ့်အကြောင်း Essay Letter လေးတွေ အပုဒ်(၁၀)လောက် အလွတ်လေ့ကျင့်လိုက်ပါ။ Computer နှင့် အခြားဗဟုသုတများကို အလုပ်လုပ်ယင်း အချိန်ဖဲ့ပြီးသင်ယူကြပါ။ ကျန်းမာရွှင်လန်းစွာ ၀တ်စားဆင် ယင်တတ်၊ နေတတ်ထိုင်တတ်အောင် လေ့ကျင့်ထားရမည်။

ဥပမာ-ပထမဆုံးမြန်မာတွေ Favorite ဖြစ်တဲ့ စင်္ကပူသွားဖို့ပြင်ဆင်ကြည့်ကြပါစို့။ ပထမအောင်လက် မှတ်တွေကို နိုထရီဘာသာပြန်လုပ်။ Computer သင်တန်းဆင်းလက်မှတ်စသည် ရသမျှဆောင်ထား။ စင်္ကာပူရောက်နှင့်ပြီးမိတ်ဆွေတစ်
ဦးနှင့် ဆက်သွယ်ပြီး E-Visa တစ်စောင်ရအောင် အကူအညီ တောင်းကြည့်ပါ။

လေယာဉ်လက်မှတ်ကို သက်တမ်းသုံးလ၀ယ်ရင် U$475 လောက်ပေးရပါမယ်။ တစ်လအ သွားအပြန် ဆိုရင်တော့ U$380-လောက်နဲ့ရနိုင်ပါတယ်။ တစ်လလက်မှတ်ကတော့ ဖောင်ဖျက် ထားသလိုပါဘဲ။ မစီးရင်အဆုံးခံရပါမယ်။ သုံးလလက်မှတ်ကတော့ အလုပ်အဆင်မပြေယင် အိမ်ပြန်တဲ့အခါ ပြန်စီးလို့ရမယ်။ Refund ပြန်ရောင်းရင် ကျပ်ငွေ 70000 လောက်ရနိုင်တယ်။
Visa Fee က $30ကို credit card နဲ့ပေးရတာဆိုတော့ PR ဖြစ်ပြီးသူကကူညီနိုင်ပါလိမ့်မယ်။ Agent ကိုခိုင်းရင် ဗီဇာခ $70 လောက်တောင်းတယ်လို့သိရတယ်။ ကဲစင်ကာပူသွားတော့မယ်ဆိုရင် ပစ်ပို့မိတ္တူ၊ ဓါတ်ပုံအပိုနဲ့နဲ့ အောင်လက်မှတ် မိတ္တူလေးတွေနည်းနည်းကူးထားရင်ကောင်းတယ်။ Luggage အသင့်အတင့် တစ်လုံးဝယ်။ သန့်ပြန့်အချိုးကျတဲ့ ယူနီဖောင်းလေးနည်းနည်းစုဆောင်းရပါမည်။


(စကားညှပ်) လေယာဉ်လက်မှတ်ကို သက်တမ်းဘယ်လောက်ဘဲရှိရှိ တစ်လအကုန်တွင် အထွက်ပြမှ Singapore Immigration မှာ အဆင်ပြေမှာဖြစ်ပါတယ်။ (ဒါကြောင့်fore-show တစ်လ date တပ်လာပါ)။
စင်္ကာပူမှာ တည်းခိုဖို့အတွက် နေရာလေးတစ်ခုလောက်ကြိုတင်စီစဉ်ရပါမယ်။ တစ်လအတွက် $350 လောက်တော့ကျပါမယ်။ deposit တစ်လကြိုပေးရမယ်ဆိုတော့ $700 လောက်ဖြစ်သွားလိမ့်မယ်။ MRT Card လို့ခေါ်မလား၊ ကားလည်းစီးလို့ရတဲ့ ကဒ်ဝယ်ရမယ်။ Phone Card ၀ယ်ရမယ်။ $20လောက်ကျမယ်။ စကားပြောခွင့်130ဒ်ါလာ တန်ဖိုးလိုချင်ရင် $26တန်ကဒ်ထည့်ရမယ်။

စင်္ကာပူအ၀င်မှာ white card ဖြည့်တဲ့အခါ တည်းခိုမယ့်လိပ်စာကိုတိတိကျကျရေးပြနိုင်ရမယ်။ တစ်ခါကတည်းမယ့်လိပ်စာမရေးပြနိုင်လို့ အမေရိကန်မှာနေဖူးတဲ့ဆရာတော်တစ်ပါးကို တောင်မှလေဆိပ် ကပြန်လွှတ်ဖူးတယ်။ ဒါကြောင့်ကြိုတင်ပြီးလိပ်စာလေးတွေ ရှာထားပါ။ Name card လေးပါလာယင်တော့ အကောင်းဆုံးပါဘဲ။ ပတ်စ်ပို့လေးကို အဖုံးလေးနဲ့သပ်သပ်ရပ်ရပ်ဆင်ယင်ထားသင့်ပါတယ်။ ပြီးရင် လိပ်စာကဒ်လေး ဓါတ်ပုံလေးတွေ white card တွေညှပ်ထားလို့ရတာပေါ့။ ကိုယ့်ရဲ့တစ်ကိုယ်ရေအသုံး အဆောင်လေးတွေဟာ ကိုယ့်ဘ၀အဆင့်အတန်းကို အထောက်အကူပြုပါတယ်။

စင်္ကာပူရောက်တဲ့အခါ ကိုယ့်လေဆိပ်လိုမဟုတ်တော့သေးသေးလေးမဟုတ်တော့ဘူး။ Arrival Hall လို့ဆိုတဲ့စာတမ်းကို ကြည့်ပြီး လိုက်သွားရုံပါပဲ။ မန္တလေးစကားနဲ့ပြောရင် နှစ်ပြလောက်လိုက်သွားပြီး အောက်ထပ်ဆင်းသွားရင် Immigration ကိုတွေ့မယ်။ အများနည်းတူတန်းစီလိုက်ပါ။ ကိုယ့်အလှည့် ရောက်ရင် passport, white card နှင့်လေယာဉ်လက်မှတ်ကို တစ်ပြိုင်နက်တင်ပြရမယ်။ ငွေပါလားလို့မေးလာယင်ပြဖို့ U$300-400လောက်ကိုင်ထား။ များလေကောင်းလေပါဘဲ။ ICA အရာရှိကိုပြုံးပြုံးလေးဂရုတစ်စိုက်ဆက်ဆံပါ။ မေတ္တာပွါးယင်ပိုသင့်တော်ပါတယ်။
Visa ရက်(၃၀)သုံးဆယ်ရပြီးတာနဲ့ ရန်ကုန်မှာမိမိအပ်ခဲ့သောပစ္စည်းများကို Belt လို့ခေါ်တဲ့ လည်နေ တဲ့ခါးပတ်ကြီးမှာ မိမိစီးလာတဲ့လေယာဉ်နံပါတ် MI 517 (သို့) MI 518 ဟုတ်ရဲ့လားကြည့်ရှုစစ်ဆေးပြီး စောင့်နေပါ။ တွန်းလှည်းတစ်ခုကိုင်ပြီးစောင့်နေပါ။ ကိုယ့်အထုပ်မှာ ကိုယ့်နာမည် Receipt နံပါတ်တိုက်ကြည့်နိုင်ပါတယ်။ အထုပ်ကိုယူပြီးရင် Green Chanel လို့ခေါ်တဲ့ Custom မှာ အစစ်မခံဘဲ ဒါရိုက်ထွက်လာခဲ့လို့ရပါတယ်။

လှမ်းခေါ်ရင်တော့ Scan ဖတ်ပြီးအစစ်ခံလိုက်ပါ။ စင်္ကာပူလေဆိပ်မှ ဝေးတဲ့နေရာဟာ Taxiနဲ့ဆိုရင် $25-30 လောက်ကျမယ်။ MRT ရှာပြီးစီးရင်တော့ $2လောက်အိမ်နဲ့အနီးဆုံးLocation ကိုရောက်လာလိမ့်မယ်။ MRT က Terminal 2 မှာရှိတယ်။ Terminal 1 က "ရထား"ကလေးစီးပြီး Terminal 2ကိုကူးရပါတယ်။ တစ်နာရီအတွင်းမိမိတည်းခိုမယ့် Location ကို MRTကပိုပေးပါလိမ့်မယ်။ ပြီးမှအီမ်ကိုဖုန်းဆက်ပြီး Bus ကားစီးသွားရင်ရနိုင်ပါတယ်။

နောက်နေ့ကျရင် ရထားကဒ် ဖုန်းကဒ်တွေဝယ်ယူပြီး နီးစပ်ရာမြန်မာကျောင်းတွေသွားနိုင်ပါတယ်။ စင်္ကာပူအနောက်ဘက်မှာဆိုရင် အနန္တမေတ္တာအဖွဲ့တည်ထောင်ထားတဲ့ ကလမတီကျောင်းကို သွားလည်ပြီး လေ့လာစုံစမ်းနည်းနာခံယူနိုင်ပါတယ်။

နိုင်ငံခြားသွားခြင်းသည် စည်းစိမ်ခံစားလို၍သွားခြင်းမဟုတ်သကဲ့သို့ စစ်သားများရှေ့တန်းထွက်သကဲ့သို့ သဘောထားသင့်ပါသည်။

တစ်ခါကစင်္ကာပူနေရခိုင်အမျိုးသားတစ်ဦး ထုတ်ဖော်ပြော ဆိုတာကြား လိုက်ရပါသည်။ အို အင်္ဂလိပ်ခေတ်ကကိုလိုနီခေတ်ဆိုတော့ ကိုယ်စိုက်တဲ့ဟင်းကို ခူးချင်တိုင်းမခူးရ၊ ကိုယ်မွေးထားတဲ့ ဘဲတွေ ကြက်တွေ ကိုယ့်ဆန္ဒအတိုင်းစီမံခွင့်မရှိ။ တိုင်းတစ်ပါးသား လာရောက်ကျွန်ခိုင်းတာခံနေခဲ့ကြရတယ်။ နှစ်၁၀၀ နီးပါးပါဘဲ။ မြန်မာတွေ လွပ်လပ်ရေးရတဲ့အခါ ကြွေးကျော်ကြတယ်။ ကိုယ့်မင်းကိုယ့်ချင်းနဲ့ရွှေခေတ်ရောက်တော့မယ်စသည်ဖြင့် အံကြိတ်ကာ ဥဒါန်းကျူးခဲ့ကြသတဲ့။
သို့သော်လည်းကံမကောင်းသည်အားလျော်စွာ နို်င်ငံခြားသားကကျွန်ခိုင်းဘို့ မလာကြတော့ပေ။

မိမိကိုယ်တိုင် ပညာတွေအများကြီးတတ်အောင် သင်ပြီးနိုင်ငံခြားသားရှိရာ အိမ်တိုင်ရာ ရောက်လိုက်သွားပြီး သူ့ကိုခိုင်းပါ၊ ငါ့ကိုခိုင်းပါ အလုအယက်လုပ်နေကြရပြန်တော့တယ်။ အခိုင်းခံဖို့အတွက် ပစ္တံတွေတောင်မှ ပေးလိုက်ကြရတော့တယ်။ အော် သူပြောတာကဘဲ တကယ်ပင် မှန်နေရော့သလား။ ကယ် ထားလိုက်ပါတော့၊ ဘာတွေဆက်လုပ်ကြမလဲ၊ အလုပ်ဘဲရှာကြရအောင်။

စင်္ကာပူအလုပ်ရှာနည်း
(စင်္ကာပူ ဘာပဲလုပ်လုပ်,စာရွက်စာတမ်း အတူတူ ဖြစ်စေရမယ်၊ ဒါကြောင့် ပထမဆုံး အလုပ် လျောက် တုန်းက Documents တွေကို အသေအချာသိမ်းထားပါ)

နံနက်စောစောသတင်းစာဖတ်လျှင် အလုပ်ခေါ်ကြော်ငြှာကိုဖတ်ပြီး ကပ်ကြေးနှင့်ဖြတ်ကာမိမိNote bookမှာကပ်ထား။ ပြီးရင် Email နဲ့ နံနက် (9:AM) မတိုင်မီ ပို့ပေးရလိမ့်မယ်။ CV-Form မှာဓာတ်ပုံလှလှလေးကပ်၊ဒါမှ အင်တာဗျူးရနိုင်မှာဖြစ်ပါတယ်။ကြော်ငြာကို ဘာကြောင့်စုတောင်း ထားရသလဲ ဆိုတော့ အကယ်၍ အင်တာဗျူးရယင် ဘယ်ကုမ္ပဏီက ခေါ်တယ်ဆိုတာ သိဖို့သိပ် အရေးကြီးတယ်။

ပြီးနောက် Biography ရယ် Education background ရယ် Experiencesတွေ Responsibilityတွေ များများထည့်ပေးပါ။အင်တာဗျူးရဖိ
ု့တော့ ဘုန်းကြီး ကျောင်းမှာဆုတောင်း လိုက်ယင် အဆင်ပြေပါတယ်။
အင်တာဗျူးရရင်ကြိုတင်ပြင်ဆင်ပါ။လှလှပပဝတ်စားဆင်ယင်ပြီးစတိုင်ကျကျသွားဖို့သတိပြုပါ။့ဒီမှာပလိပ်
က
အစ၊သရုပ်ဆောင်မင်းသား၊မင်းသမီးလိုပဲအလေးထားပြီး ဝတ်ဆင်ကြတယ်။သိပ်ပြီးတော့လဲ အလှအပနဲ့ အသန့်အရှင်း ကိုကြိုက်တဲ့နိုင်ငံပါပဲ။

အတိတ်ကုသိုလ်ကံ အားနည်းလို့ (၂)လအတွင်း ချက်ချင်းအလုပ်အဆင်မပြေဘဲ ကိုယ်ဆင်းရဲ စိတ်ဆင်ရဲခံကြရမည့် သူတွေအတွက် ဆင်းရဲဒုက္ခ၊ဘေးအန္တရာယ်ကို တားဆီးရန် ရည်ရွယ် ပြီး မလေးရှား၊ ဂျိုဟိုးမှာ ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရကိုတည်ထောင်ဖွင့် လှစ်ထားပါတယ်။

ရန်ကုန်က ပထမယူလာတဲ့ E-Visa ကုန်ခင် အနည်းဆုံးနှစ်ရက်သုံးရက်လောက်မှာ Singapore ကိုကပ်ပြီးဝင်လာဖို့လိုပါတယ်။ Visa အသစ်လျောက်တာက ပိုကောင်ပါတယ်။ ယုတ္တိရှိအောင် ရန်ကုန်ပြန်မည့် လေယာဉ်လက်မှတ်နှင့် ရက်စွဲကိုတော့ တိတိကျကျပြန်ဆင်ထားပါ။ white card မှာ တောင်းထားတဲ့ရက်နှင့် စင်္ကာပူမှထွက် ခွာမည့် လေယာဉ်လက်မှတ် (fore-show) တို့ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒီအချက်ကို အထူးသတိထားကြပါ။

Show money မေးရင် ပြနိုင်အောင်လည်း စင်္ကာပူဒေါ်လာ (200/300 )လောက်တော့ ဆောင်သွားလိုက် ပါ။အင်မဂရေးရှဲင်းရောက်ရင်ရုပ်လည်းချောသဘောကောင်းမယ်လို့ထင်ရတဲ့ တရုတ်မဆီကို ရွေးပြီးဝင်ကြည့် လိုက်ပါ။ ပိုကောင်းတာကတော့ taxi နဲ့ဝင်လာခဲ့ပါ။ Taxi ခ $40 ပေးရင် အိမ်ရောက်အောင် ပို့ပေးလိမ့်မယ်။စင်္ကာပူကကားလေးတွေနဲ့ကြုံရင်တော့အကောင်းဆုံးပါပဲ။ ဒီတစ်ခါတော့ မီးကုန် ယမ်းကုန်၊ အစွမ်းကုန်၊အလုပ်ရှာလိုက်ရင် အဆင်ပြေပါတယ်။။(မြန်မာတွေအောင်မြင်ကြပါစေ)

မေတ္တာပန်းတို့လန်းရာမြေ>>>http://www.anantametta.org

Read more...

လူတိုင်းအတွက်ပဋ္ဌာန်း ဈာနပစ္စည်း(၂)

စူးစိုက်မှ နက်ရှိုင်း = ဈာနပစ္စည်း အပိုင်း(၂)Resized_IMG_6485

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မြတ်စွာဘုရား တရားဦးဟောတော်မူတဲ့ မဟာသက္ကရာဇ် (၁၀၃)ခု၊ ဝါဆိုလပြည့်ညက၊ ရာဇဂြိုလ်မြို့က မိဘအိမ်ပြဿာဒ်ထက်မှာ မီးဖွားခါနီး အာဝေနိက ဒုက္ခကို ပြေဖျောက်ဖို့ လေညှင်းခံနေတဲ့ “ ကာဠီ” ဆိုတဲ့ အမျိုးသမီးကလေးဟာ ကောင်းကင်ယံမှာ ဘုရားဂုဏ်၊ တရားဂုဏ်တွေကို အပြန် အလှန် မေးဖြေပြောဆိုနေကြတဲ့ သာတာဂိရိနတ်ဘီလူးကြီးနဲ့ ဟေမဝတ နတ်ဘီလူးကြီးတို့ရဲ့ အသံကို ကြားနေရတာကနေ ဉာ ဏ်မှီသမျှ ဘုရားဂုဏ်၊ တရားဂုဏ်တွေအပေါ် စူးစိုက်ပွားများနေလိုက်တာ သူခံစားနေရတဲ့ အာဝေဏိက ဒုက္ခကြီးကိုတောင် မေ့သွားပါတယ်။

ဒီလိုအခြေအနေအထိ ဘုရားတရားအာရုံအပေါ်မှာ စိတ်အစဉ်ကျရောက် နေပြီဆိုရင် အာရုံအပေါ်မှာ ခိုင်ခိုင်မြဲမြဲ ကျရောက် တည်နေတဲ့ အပ္ပနာ ဈာန်အထိ မရောက်သေးပေမယ့် အပ္ပနာရဲ့ အနီးအနားထိ ရောက်တဲ့ ဥပစာရဈာန်အဆင့်အထိ ရောက်သွားပါပြီ။


ကာဠီအမျိုးသမီးလေးဟာ ဂုဏ်တော်အပေါ်မှာ ဥပစာရဈာန်အဆင့်လောက်အထိရောက်အောင် စူးစိုက်ပွားများရင်း ဖြစ်ပေါ်လာတဲ့ ပီတိတရား၊ သုခတရားတွေကိုပဲ ဆက်ပြီး စူးစိုက်ပွားများရာက ဝိပဿနာဉာဏ်ရင့်သန်ပြီး သောတာပန် ဖြစ်သွားပါသတဲ့။ တရားအသိရပြီး သောတာ ပန်ဖြစ် သွားချိန်မှာ မိမိလွယ်ထားတဲ့ သန္ဓေသားကလည်း ကျန်းကျန်းမာမာပဲ ဖွားမြင်ပြီးသွားပါတယ်။


ဘာမှ ပြင်းထန်တဲ့ အာဝေဏိက ဒုက္ခကို ခံစားလိုက်ရတယ်လို့ မထင်ရတော့ပါဘူးတဲ့။ အဲဒီကာဠီ အမျိုးသမီးဟာ တစ်ဆင့်ကြားနဲ့ ဉာ ဏ်မှီသမျှပဲ ပွားများတာပါ။ အဲဒီအချိန်မှာ ဣတိပိသော ဘဂဝါ ဆိုတာတောင် နှုတ်တက် မဆိုတတ်လောက်သေးပါဘူး။ နှုတ်ဆောင် ဗုဒ္ဓဘာသာဝင် မဖြစ်သေးပေ မယ့် သရုပ်ဆောင်ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သွားလို့ သောတာပန် အရိယာဖြစ်သွားတာပါ။ လူဝတ်ကြောင် အရိယာတွေထဲမှာ အဦးဆုံးဖြစ်လို့ အရိယာ လူဝတ်ကြောင်တို့ရဲ့ “ အစ်မကြီး” လို့ သတ်မှတ်လေးစားခြင်း ခံရပါတယ်။


အနုဿတိ(၁၀)ပါးထဲမှာ အာနာပါနဿတိနဲ့ ကာယဂတာသတိကလွဲလို့ ကျန်တဲ့ ဗုဒ္ဓါနုဿတိစတဲ့ (၈)ပါးတို့ဟာ အပ္ပနာလို့ခေါ်တဲ့ အာရုံပေါ်မှာ ခိုင်ခိုင်မြဲမြဲ ကျရောက်တည်နေတဲ့ ဈာန်အဆင့်ထိ မရောက်နိုင်ပါဘူး၊ အပ္ပနာနီးပါးဖြစ်တဲ့ ဥပစာရဈာန် အဆင့်အထိပဲ ရောက်နိုင်ပါတယ်။ အဲဒီအဆင့် ဆိုရင်ပဲ ဝိပဿနာ ဉာဏ်အတွက် လိုအပ်တဲ့ သမာဓိအဆင့် ပြည့်မှီပါပြီ။


ဗြဟ္မစိုရ်လို့ လူသိများတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ အပ္ပမညာတရားများကတော့ တကယ်စူးစူး စိုက်စိုက်ပွားများရင် အဘိညာဏ်တို့ရဲ့ အခြေခံဖြစ်တဲ့ အပ္ပနာဈာန်အဆင့်အထိ ရနိုင်ပါတယ်။ အပ္ပနာဈာန်အဆင့်အထိ မရောက်သော်လည်း ဥပစာရဈာန် အဆင့်လောက်အထိ စူးစိုက်ပွားများရင်ပဲ ဝိပဿနာဉာဏ်ရဲ့ အခြေခံ သမာဓိအဆင့်တော့ ပြည့်စုံပါတယ်။


ဗုဒ္ဓဘာသာဝင်အများစုတို့ နှုတ်ဆောင်အနေနဲ့ပို့သနေတဲ့ မေတ္တာဘာဝနာကိုလည်း နှုတ်ဆောင်အဆင့်သာမကဘဲ သရုပ်ဆောင်အဆင့်ရောက်အောင် စူးစူးစိုက်စိုက်ပို့သနိုင်ရင် အနည်းဆုံးကိုယ်ရည်စူးပို့သတဲ့ သတ္တဝါသန္တာန်မှာ မေတ္တာဓာတ် သက်ဝင်ရောက်ရှိ သွားပါတယ်။ မေတ္တာဓာတ် ကူးစက် သက်ရောက်သွားပြီဆိုရင် အဲဒီသတ္တဝါသန္တာန်မှာ ရှိနေတဲ့ ဒေါသတရား တွေ ကင်းစင်ပြီး မေတ္တာစိတ်ဝင်လာစေပါတယ်။


မြတ်စွာဘုရားရှင် နာဠာဂီရိဆင်ကြီးတို့၊ အာဠာဝကဘီလူးတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတယ်ဆိုတာ စူးစိုက်တဲ့ မေတ္တာဘာဝနာ နဲ့ သူတို့ကို အာရုံပြုပြီး ပို့လွှတ်ပေးလိုက်တာပါပဲ။ ဘုရားရှင်ရဲ့ မေတ္တာဓာတ် သူတို့သန္တာန်မှာ သက်ရောက် သွားတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ ဒေါသတွေလည်း ကင်းစင်လွင့်ပျောက်ပြီး မေတ္တာစိတ် တွေဝင်လာပါတယ်။ “ မေတ္တာသက်ဝင်တယ်” ဆိုတာဟာ သူတို့ သန္တာန်မှာရှိတဲ့ ဒေါသတွေကို ဖယ်ရှားပြီးမှ သက်ဝင်နိုင်တာ ဖြစ်လို့ မေတ္တာစိတ်သက်ဝင် သွားနဲ့တစ်ပြိုင်နဲ့ မေတ္တာပို့သခံရတဲ့ သတ္တဝါရဲ့ သန္တာန်မှာရှိတဲ့ ဒေါသစိတ်က ကင်းစင်လွင့် ပျောက်သွား တာဟာ ဓမ္မတာပါပဲ။


အရေးအကြီးဆုံးကတော့ မေတ္တာကို အနည်းဆုံး ဥပစာရဈာန်အဆင့်လောက်အထိရောက်အောင် ပို့သပေးဖို့တော့ လိုပါတယ်။

ဒီအဆင့်ဆိုတာ နှုတ်ဆောင်မေတ္တာပို့လောက်နဲ့တော့ မရနိုင်ပါဘူး။ တကယ်ကို စိတ်ပါလက်ပါ သရုပ်ဆောင် မေတ္တာပို့ ဖြစ်ဖို့လိုပါတယ်။


မေတ္တာကို “ဈာန်” ဆိုတဲ့ သဘောမျိုး သက်ရောက်အောင် နှုတ်ဆောင်အဖြစ်နဲ့ သာမကဘဲ သရုပ်ဆောင် ပို့သတဲ့အတွက် ပို့သခံရတဲ့ သတ္တဝါတွေ သန္တာန်မှာ ဒေါသတွေ ကင်းဝေးသွားကြပုံတွေ၊ မေတ္တာနဲ့တုံ့ပြန့်ကြလာပုံတွေကို မြန်မာပြည်မှာလည်း အထင်ကရရှိခဲ့ကြတဲ့ ဘုန်းတော်ကြီး ဦးသီလတို့၊ သပိတ်အိုင်တောရ ဆရာတော်ကြီးတို့ကစပြီး သာမညတောင်ဆရာတော်တို့၊ တောင်တန်းသာသနာပြုဆရာတော်ကြီးတို့အထိ သူတို့ရဲ့ ကိုယ်တွေ့ဖြစ် ရပ်တွေ အများကြီးပဲ ထင်ရှားရှိပါတယ်။


မိမိနဲ့ ရထားပေါ်မှာဆုံခဲ့ဖူးတဲ့ ပုသိမ်ဘက်က ဆရာတော်ကြီးကတော့ သူ့ရဲ့မေတ္တာကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ လက်တွေ့ကျင့်သုံးကြည့် မှုတွေကို ပြောပြရာမှာ “ လူတစ်ယောက်က ဖြစ်စေ၊ သတ္တဝါတစ်ကောင်ကောင်က ဖြစ်စေ ကိုယ့်ကို ဒုက္ခပေးမယ်လို့ ထင်ရင် စူးစူးစိုက် စိုက် မေတ္တာ ပို့ကြည့်ပါ။


တပည့်တော် ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ဖြစ်ရပ်တွေထဲမှာ အချင်းချင်း အခန့်မသင့်လို့ ခိုက်ရန်ဖြစ်ပွားရာက အသက်ပါဆုံးရှုံးသွားလို့ တရားခွင် မှာရောက်နေသူတစ်ဦးဟာ သူ့ကို နောက်ဆုံးတရား စီရင်ဖို့ သတ်မှတ်တဲ့ရက် မရောက်မီ နှစ်ပတ်အလိုလောက်မှာ သူ့မိဘတွေက တပည့်တော် ဆီလာပြီး အကူအညီတောင်းလို့တပည့်တော်လမ်းညွှန်ပေးဖူးတယ်။ တရားလိုဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အာရုံပြုပြီး ကိုယ့်အမှားကိုယ်လည်း ဝန်ခံပြီး အဝေးကနေတောင်းပန်နေပါ၊ ပြီးရင် ဘုရားရှေ့မှာ သောက်တော်ရေတစ်ခွက်ကိုလှူ၊ တတ်နိုင်သမျှ ဘုရားရှင်ရဲ့ဂုဏ်တော်ကိုလည်း စိတ်ပါလက်ပါ ပွားများပါ၊ စိတ်ကို အေးအေးထားပါ၊ ပြီးရင် တရားလိုပုဂ္ဂိုလ်တွေရဲ့ အမည်ကို နှုတ်ကြွမက်ဆိုပြီးတော့ “သူတို့ရဲ့ ကိုယ်စိတ်နှစ်ရပ်သည် ဤသောက်တော်ရေချမ်းပမာ အေးချမ်းပါစေသတည်း” လို့ အသံထွက်ပြီး သုံးခါမေတ္တာပို့ပေးပါ။


တရားသူကြီးရဲ့ အမည်ကိုလည်း အလားတူ နှုတ်ကြွမက်ပြီးသုံးခါမေတ္တာပို့ပေးပါ။ မုချ အကျိုးထူးစေရမယ်” လို့ ပြောလိုက်တယ်။ အမှုက သေစားသေစေအဖြစ် ဆုံးဖြတ်ဖို့ သေချာသလောက်ရှိနေတဲ့ အမှုကြီးပဲ။ တရားခံနဲ့ တရားခံရဲ့ သူ့မိဘတွေ လည်း တခြားအားကိုး ရာမရှိတော့တဲ့အတွက် တပည့်တော်ပြောတာကို လိုက်နာကြပါတယ်။ အံ့ဩဖို့ကောင်းတာကတော့ အရင်က ဘယ်လိုပဲတောင်းပန် တောင်းပန် မကျေနပ်နိုင် ဘူး၊ သေစား ပြန်သေစေမှ ကျေနပ်နိုင်မယ်လို့ တင်းခံနေတဲ့ တရားလို များဘက်က တောင်းပန်တာ ကို ကျေနပ် လက်ခံလာတယ်။


တရားစီရင်မယ့်နေ့မှာ တရားခွင်ရောက်ကြတော့လည်း တရားလိုများ ကိုယ်တိုင်က သူတို့သဘောနဲ့သူတို့ “ဖြစ်ပြီးတာတွေလည်း ပြီးခဲ့ပါပြီ၊ တစ်သက်ထက် နှစ်သက်တော့ မဆုံးရှုံးပါစေနဲ့တော့၊ တရားခံကို သေစားသေစေဖို့တော့ စီရင်ချက်မချပါနဲ့” ဆိုပြီး တရားသူကြီးကို ဦးတိုက်လျှောက် ထားသတဲ့။ တရားသူကြီး ကလည်းထောင်ဒဏ်ပဲ ချမှတ်ပေးလိုက်တယ်။ ထောင်ထဲမှာလည်း သတိသံဝေဂ ရပြီး ကောင်းကောင်း မွန်မွန်နေ ခဲ့တော့ နောက်ဆုံးမှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း ကြုံပြီး မကြာလိုက်ခင်မှာပဲ အဲဒီတရားခံ ထောင်က လွတ်လာတယ်။ ခုဆိုရင် အဲဒီလူဟာ မနက်ဆိုရင် မေတ္တာ မပို့ရသေးခင် ဘာမျှမစားဘူး။ ညဆိုရင်လည်း မေတ္တာမပို့ဘဲ အိပ်တယ်လို့ကို မရှိဘူး။


မေတ္တာကို အဲဒီလောက်အထိ ယုံကြည်သွားတယ်” ဆိုတဲ့အကြောင်း မိန့်ကြားဖူးပါတယ်။

မိမိနဲ့စပ်မိတဲ့ ဒုက္ခသည် တော်တော်များများကို ဒီအကြောင်းပြောပြပြီး တိုက်တွန်းပေးကြည့်တော့လည်း သူတို့ဖြစ်ရပ် တွေဟာ အံ့ဩလောက်အောင် ပြောင်းလဲ သွားကြပါတယ်။ မေတ္တာအကြောင်း ကိုယ်တွေ့တွေကတော့ အများကြီးပါပဲ။


ကိုယ်တိုင်ကိုယ်တွေ့ဖြစ်ချင်ရင်တော့ သရုပ်ဆောင်မေတ္တာကို ပို့စမ်းကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ ဈာနပစ္စည်းဆိုတာ ကိုယ်တိုင် လုပ်ကြည့်မှ ကိုယ်သိ မျက်မှောက် ခံစားရမှာပါ။


အခုတလော သူတို့ကိုယ်သူတို့ ခေတ်မှီသူဆိုသလိုလို၊ အကန်းယုံ အရမ်းယုံတွေ မဟုတ်ဘူး ဝိဘဇ္ဇဝါဒီတွေဆိုသလိုလို “ဘေးထိုင်ဘုပြော” ဗုဒ္ဓဘာသာဝင်အချို့က ပြောလာတာတစ်ခုရှိတယ် “လူတွေက မေတ္တာပို့ကြတယ်ဆိုပေမယ့် အပို့ခံရတဲ့ လူတွေက အဲဒီမေတ္တာတွေဟာ သူတို့ ဆီတော့ရောက်လာတာလဲ မတွေ့ရပါဘူး။ မေတ္တာပို့တယ်ဆိုတာ အလကား လူကြား ကောင်းအောင်လုပ်နေကြတာပါ” လို့ ပြောကြတယ်။ ဟုတ်တော့လည်း ဟုတ်တယ်၊ ဘယ်သူပို့တဲ့ မေတ္တာတွေ ဘယ်သူ့ဆီ ဘယ်လိုရောက်သွားတယ်ဆိုတာ တပည့်တော်တို့လည်း ကြားလည်း မကြားမိဘူး၊ စဉ်းစားကြည့်လို့လဲ သဘောမပေါက်ဘူး၊ ဘယ်လို လုပ်ရောက်နိုင်သလဲ တဲ့။


သူတို့စကားကို ကြားတဲ့အချိန်မှာ လွှတ်ခနဲပြေးပြီး သတိရမိတာကတော့ သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းကို မန္တလေးက လှေထိုး သားကြီးတစ်ဦးပြောတဲ့စကားပါပဲ၊ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး မန္တလေးကနေ အောက်ပြည်အောက်ရွာအထိ ဧရာဝတီမြစ်ကြော အတိုင်း လှေနဲ့ပဲ စုန်ဆင်းရတော့မယ့် အခြေအနေဆိုတော့ လှေသမားကြီးကို “ ဒီလှေကလေးနဲ့ ဒီမြစ်ရိုးကြီး တစ်လျှောက်သွားလို့ အဆင်ပြေနိုင် ပါ့မလား” ဆိုပြီး မေးစမ်းကြည့်တဲ့အခါ လှေသမားကြီးက ဆရာကြီးကို သမိုင်းပါမောက္ခဆိုတာလဲ ကြားသိထားလို့ နေမှာပေါ့၊ သမိုင်းမှာ စူဠသမ္ဘဝ၊ မဟာသမ္ဘဝတို့ဆိုတဲ့ မျက်မမြင် ညီအစ်ကိုနှစ်ယောက်ကို ဖောင်ပေါ်တင်ပြီး ဧရာဝတီဖြစ်ရိုးအတိုင်း မျှောလိုက်တယ်ဆိုတာလည်း လူတိုင်းလိုလို ပြောစ မှတ်နဲ့ ကြားဖူးနေတယ်လေ၊ ဒါကို ရည်ညွှန်းပြီး လှေသမားကြီးက ဆရာကြီးကို “ ဆရာတို့ရယ် ဒီမြစ်ကြောင်းဆိုတိုတာ အကန်းတောင် သွားလို့ရတာပဲဟာ၊ အကောင်းတွေက ဘာများ တွေးကြောက်နေစရာရှိလဲ” လို့ ပြန်ပြောပါသတဲ့။


အခုလဲဒီလူတွေကို အဲဒီစကားအတိုင်းမှီပြီး “ မေတ္တာပို့တာ ရောက်တယ် မရောက်ဘူးဆိုတာ ဩဇီတို့ အမေရိကန်တို့လို နိုင်ငံတွေမှာ တိရစ္ဆာန်တောင် သိနိုင်ကြပါတယ်၊ မောင်ရင်တို့က လူဖြစ်ရက်နဲ့ ဘာကြောင့်များ မေတ္တာရောက်လာတာကို မသိရသလဲ” လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ သူတို့က “ အဲဒီမှာ တိရစ္ဆာန်တွေဆီ မေတ္တာရောက်တာကို ဘယ်လိုလုပ် သိကြတုန်း၊ တိရစ္ဆာန်တွေ သိကြတယ်ဆိုတာကိုရော ဘာနဲ့ သက်သေပြနိုင်မှာတုန်း ” ဆိုပြီး အတွန့်တက်လာပြန် ပါတယ်။


မောင်ရင်တို့ ဂြိုဟ်တုသတင်းတွေ ဘာတွေ မကြည့်မိဘူးလား၊ ဟိုတစ်လောက ဂြိုဟ်တုသတင်းမှာ ရုပ်မြင်သံကြား လွှင့်ပြနေတာ ပင်လယ်ကမ်း စပ်မှာ သောင်တင်နေတဲ့ ဧရာမဝေလငါးကြီးတွေကို ရေနက်ပိုင်းပြန်ရောက်အောင် လူတွေရော စက်လှေတွေ၊ သင်္ဘောငယ်တွေရော ဝိုင်းပြီး သယ်ပို့ပေးနေတာလေ၊ ဝေလငါးကြီးတွေကလည်း ရေနက်ပိုင်းရောက်တော့ ပျော်ပြီး ကျွမ်းတွေ ဘာတွေ ပစ်လို့၊ ကယ်ဆယ်ရေးသမားတွေကလည်း ဝမ်းသာပြီး လက်ခုပ်လက်ဝါးတွေ တီးလို့။ အဲဒီသတ္တဝါ တွေဟာ မေတ္တာဓာတ်တွေ ရသွားတာ မသေချာဘူးလား။


အလွန်ရိုင်းတယ်၊ ကိုက်တတ်တယ်ဆိုတဲ့ ခွေးတွေတောင် သူတို့ကိုအစာကျွေးတဲ့လူတွေလာရင် ဝမ်းပန်းတသာ ဆီးကြိုနေတာတွေရော မတွေ့ဖူးဘူးလား၊ အဲဒီတိရစ္ဆာန်တွေ ဟာ လူတွေရဲ့မေတ္တာတွေရောက်လာတာကို သိကြမှာ သေချာပါတယ်။ အခုမောင်ရင်တို့ တတွေကသာ လူဖြစ်လျှက်နဲ့ မေတ္တာတွေ ရောက်လာတာ မသိကြဘူးဆိုတော့ တိရစ္ဆာန်လောက်မှ အဆင့်အတန်းမရှိရာ ကျမနေဘူးလား။ အဲဒီက သရုပ်ဆောင် မေတ္တာရှင်တွေနဲ့တို့ဆီက နှုတ်ဆောင် မေတ္တာရှင်တွေ ကွာခြားတာတစ်ခုကိုလည်း သတိထား မိလိုက်တယ်။ သူတို့တွေ အဲဒီလို ဝေလငါးကြီးတွေကို ကယ်ဆယ်လို့ အောင်မြင်သွားတဲ့အခါ ဝမ်းပန်းတသာ လက်ခုပ်တီးကြ တာပဲရှိတယ်၊ တို့ဆီမှာလို “ နင်အသက် တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်ဟေ့” လို့ အတိုးကြီးကြီးနဲ့ အြွေကးမှတ်တာတော့ မကြား လိုက်မိဘူး။


အေး .. မင်းတို့ မေတ္တာရောက်လာတာ တကယ်ကို မသိကြဘူးဆိုရင်တော့ မှတ်ထား၊ ဒီလောက်အထိ သူတစ်ပါး တွေကိုလိုက်ပြီ အပြစ်ပြော၊ ဘာသာရေးနဲ့ ပတ်သက်လို့လည်း ဘာမှဟုတ်တိပတ်တိမလုပ်ဘဲ ဘေးထိုင်ဘုပြောနဲ့ ကန့်လန့် တိုက်နေတဲ့ မောင်ရင်တို့တတွေကို ခုအထိ ဘယ်သူက မှ ထွက်မရိုက်ကြတာဟာ လူတွေရဲ့ မေတ္တာတွေ မောင်ရင် တို့အပေါ် ရောက်နေလို့ပဲ။ ဒါကို သဘောမပေါက်သေးဘူးဆိုရင် နောက်တစ်ခါ ဒီကိုလာပြီး ဒီလိုအာဘောင်အာရင်းသန်သန်နဲ့ လာပြောကြည့်ပေါ့။


အဲဒီကျတော့မှ မေတ္တာရောက်မလာရင် ဘာတွေရောက်လာတတ်တယ်ဆိုတာ မောင်ရင်တို့ လက်တွေ့ကျ ကျသဘောပေါက် သွားလိမ့်မယ် ” ဆိုတော့ နည်းနည်း ငြိမ်ကျသွားတယ်။


ပြီးတော့မှ “ နှုတ်ဆောင် ဗုဒ္ဓဘာသာနဲ့ သရုပ်ဆောင်ဗုဒ္ဓဘာသာဆိုတာကို နည်းနည်း ရှင်းပြပါဦး” ဆိုလို့ သူတို့ကိုရှင်းပြလိုက်ရသေး တယ်။


“နှုတ်ဆောင်” ဗုဒ္ဓဘာသာဆိုတာ ဘုရားရှင်အဆုံအမတွေကို နှုတ်ကသာ ဆောင်ပြီး ရွတ်ဖတ်နေကြတယ်၊ ဆိုဆုံးမတဲ့ အတိုင်းတော့ ကာယကံ၊ ဝစီကံမြောက်အောင် လိုက်နာခြင်း မရှိတာကိုပြောတာ။ သာဓကအနေနဲ့တော့ ထွေထွေထူးထူး ရှာစရာမလိုပါဘူး၊ တို့ဗုဒ္ဓဘာသာဝင်တော်တော် များများဟာ “သဗ္ဗေသတ္တာ အဝေရာ ဟောန္တု - အစရှိတဲ့ “ န္တု ” (၄) မျိုးနဲ့၊ သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ ပျက်စီးလိုခြင်း ကင်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ” ဆိုတာ နှုတ်ကတော့ အမြဲရွတ်နေကြတာပဲ မဟုတ်လား။ တချို့ဆိုရင် ဦးပုညမေတ္တာ စာထဲကလိုပဲ “ မေတ္တသုတ် တစ်သုတ်လုံး ပုဒ်မပါသိမ်းကျုံးပြီးတော့” တောင် ရွတ်နိုင်ကြသူတွေ မနည်းတော့ဘူး။


တကယ်တမ်း ဘေးရန်နဲ့ တွေ့ကြုံနေရသူတွေ၊ ဆင်းရဲဒုက္ခရောက်နေကြသူတွေ၊ အခက်အခဲ ကျဉ်းထဲကျပ်ထဲ ရောက်ပြီး စိတ်နှလုံး ပူပန်နေကြရသူတွေနဲ့တွေ့တော့ ဒီပုဂ္ဂိုလ်တွေ ဘာလုပ်ကြသလဲ “ ကျန်းမာချမ်းသာကြပါစေ၊ ဘေးဒုက္ခမှ ကင်းဝေးကြပါစေ” ဆိုပြီး နှုတ်ကပဲ ရွတ်ဆိုနေ ကြတာပဲ။ ဝစီကံမြောက် အကြံဉာဏ်ပေးတာတို့ နှစ်သိမ့်အားပေးစကားပြောတာ တို့တောင် မရှိဘူး။ ကာယကံမြောက် ပေးကမ်းတာ၊ ကူညီတာ ကတော့ အတော်လေးဝေးနေကြတာတွေ ရှိတယ်မဟုတ်လား။


တချို့ ကူညီတန်သမျှ ကူညီကြပြန်တော့လဲ ကူညီရိုင်းပင်းတဲ့ မေတ္တာစေတနာသန့်သန့် မထားနိုင်ကြဘူး၊


“ ဤကောင်းမှုကြောင့်” ဆိုပြီး တောင်းပစ်လိုက်တာ တစ်ဖက်လူက သူ့ဆုတောင်းတွေကြားရတော့ ယူပြီးသာတောင် ပြန်ပေးပြီး ထွက်ပြေး ချင်လောက်အောင်ပဲ။ သူ့အသက်လွှတ်ပြန်တော့ရော စောစောကပြောသလိုပဲ “နင်အသက် တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်ဟေ့” ဆိုတာလောက်တော့ တောင်းလိုက်တာပဲ မဟုတ်လား။ ဒီလိုပုဂ္ဂိုလ်တွေကျတော့ အလှူခံရတဲ့ သူက ဘယ်လိုပြန်ပြီး ဆုပေးရမလဲ၊


ငယ်ငယ်က မဂ္ဂဇင်းကာတွန်းတစ်ခုထဲမှာ ဖတ်လိုက်ရဖူးတယ်။ သူတောင်းစားခွက်ထဲ သူဋ္ဌေးလို့ထင်ရတဲ့ ပြောင်ပြောင် ရောင်ရောင် အဝတ်အစားနဲ့လူကြီးက ကျပ်တန်တစ်ရွက်ထည့်လိုက်တော့ သူတောင်းစားက ဆုပေးနေတဲ့ ပုံနဲ့၊ ပုံစာ ထဲမှာ “ သာဓုပါဗျာ .. အခုလို ကျွန်တော် မျိုးတောင်းစားရတာကို ငွေတစ်ကျပ်လှူတဲ့အတွက် သူဋ္ဌေးမင်းတောင်းစားရတဲ့ ဘဝရောက်ရင်လဲ တစ်ကျပ်မက တစ်ဆယ်လောက်ပေး ကမ်းသူ နဲ့ တွေ့ပါစေဗျား ...” တဲ့။ အဲဒီလို ဆုပေးရတော့မည့် ပုံပဲ။


ပိုဆိုးတာကတော့ “ နင်အသက်တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်” ဆိုတဲ့ ဆုတောင်းပဲ။ “ လွှတ် ” ဆိုတဲ့ ကြိယာက ပါဠိဘာသာ စကားအလိုပြော ရမယ် ဆိုရင် အပရဘာဂကြိယာခေါ်တယ်။ နောက်လိုက်ကြိယာပေါ့။ သူ့ရှေ့က ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ လှောင်ပိတ်ခြင်းစတဲ့ ကြိယာတစ် ခုခုဖြစ်ပြီးမှ သုံးလို့ရတဲ့ ကြိယာမျိုးလေ။ ဆယ်ခါလွှတ်ဖို့ဆိုရင်း ဆယ်ခါတိတိ အဖမ်းဆီး အချုပ်နှောင်ခံရပြီးမှ ဖြစ်နိုင်တဲ့ကြိယာမျိုးပေါ့။ ဒီဆုတောင်း အတွက် “တောင်းတဲ့ဆု ယခုချက်ချင်းပြည့်ပါစေ” ဆိုလို့ ဆုတောင်းပြည့်သွားမယ်ဆိုရင် ခုချက်ခြင်း ဘာဖြစ်သွားမလဲ။

စဉ်းစားကြည့်ရင် ဆုတောင်းတာလား၊ ကျိန်စာတိုက်နေတာလား တောင် မကွဲတော့ဘူး။ မကြာခင်လေးတင်ကပဲ ချီလီနိုင်ငံမှာ မိုင်းတွင်း ပိပြီး မြေအောက်မှာပိတ်မိနေတဲ့ လုပ်သားတွေကို ကယ်တင်ပေးနေတာတွေ ဂြိုဟ်တုကတိုက်ရိုက်လွှင့်ပေးနေ တာ တွေ့တယ်မို့လား၊ တစ်ယောက် လွတ်မြောက်လာတိုင်း အားလုံးက ဝိုင်းပြီးဩဘာပေးကြတာလေ။ အဲဒါမျိုး “နင့်အသက် ဆယ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်”လို့ ဆုတောင်း ကြည့်ပါ လား၊ တကယ်လို့များ ဆုတောင်းပြည့်လိုက်မှဖြင့် ကျိန်စာ တိုက်သည်ထက် ဆိုးမသွားလောက်ပေဘူးလား။


ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ ဇွန်လ 15-ရက်၊ ဗုဒ္ဓဟူးနေ့။

Share/Bookmark

Read more...

ပထမနေ့ အခမ်းအနား

၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပထမနေ့ အစီအစဉ်
(၁၆-၆-၂၀၁၁)






ရှေးဦးစွာ ပင့်လျှောက်ထားသော ဆရာတော်ကြီးများကို ကြိဆိုရေး အဖွဲ့က ကျောင်းဆောင်ရှေ့မှ ကျောင်းပေါ်သို့ ရောက်အောင် ပင့်ဆောင် ကြိုဆိုလာကြပါသည်။

ကြွရောက်လာသော ဆရာတော်ကြီးများနှင့် ပင့်သံဃာများ ကို သီတဂူ ဦးသန်းလွင်+ဒေါ်ခင်ခင်သိန်း မိသားစု တို့ကအာရုံ မုန့်ဟင်းခါး၊ ကော်ဖီနှင့် အချိုပွဲ မုန့်များနှင့် ပြည့်စုံအောင် လှူဒါန်းဆက်ကပ်ပါသည်။ ဆွမ်းဘုန်းပေးပြီးသော အခါ ကြွရောက်လာသော သံဃာတော်များက ဘုရားနေကဇာတင်ပူဇော်ကြပါသည်။
ထို့နောက် သိမ်သမုတ်ရာနေရာ နိမိတ်ကြားရန်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ရ သံဃာတော်များ နေရာယူကြပြီး ဆရာတော်ကြီးများနှင့် သီတဂူ ဆရာတော်တို့မှ သိမ်သမုတ်ကြပါသည်။
ထို့နောက် သီတဂူ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ က သိမ်သြဘာစာတမ်းကို ဖတ်ကြားလျှောက်ထား ပါသည်။
ကြွရောက်လာသော ဆရာတော်သံဃာတော်များအား ဒေါ်ရွှေဥ (ရာစုသစ်ရွှေဥ ရွှေဆိုင်) မိသားစုမှ သင်္ကန်းတစ်စုံစီနှင့် န၀ကမ္မ ၀ထ္ထုငွေ ကျပ်တစ်သိန်းစီနှင့် လှူရန်များကို ကပ်လှူလှူဒါန်းပြီးနောက်
ပထမနေ့ အခမ်းအနားကြီးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
မပန်းစပယ် ပေးပို့သည်၊ အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၆-၂၀၁၁

Read more...

သံတွဲ လူငယ်အဖွဲ့နှင့် တခဏတာ (၁၁-၂-၂၀၁၀) သံတွဲမြို့ )

သြ၀ါဒ ဆိုတာ ကြီးကျယ်လွန်းပါတယ်၊ သြ၀ါဒဆိုတာ အဆုံးအမ၊ ဦးဇင်းကတော့ ဒီနေ့ သာသနာပြုဘက် ညီတော်နောင်တော်တွေနဲ့ အပြန် အလှန် ဆွေးနွေးညှိနှိုင်းပွဲ အကြံပြုချက်လို့ ဒီလိုပဲ မှတ်ထားပါနော်၊ အကြံပြုချက် ပေးမယ်ဆိုတော့ ခင်ဗျားတို့ ဘာတွေ လုပ်နေသလဲသိဘို့လိုသေးတယ် . . . ။

အဲဒီတော့ ဒီနေ့ သံတွဲလူငယ်အဖွဲ့ ဘာတွေလုပ်နေသလဲ၊ တစ်ယောက် ထပြီး လျှောက်ပါ . . . ။

“ ဥပုသ်နေ့တိုင်း အပါတ်စဉ် ဆွမ်းလောင်းပါတယ် ဘုရား” ၀ါတွင်း၊ အပါတ်စဉ် ဥပုသ်နေ့တိုင်း သီလခံယူဆောက်တည်ပါတယ်ဘုရား”

“ တပည့်တော်တို့ လူငယ်အဖွဲ့တွေ သီလခံယူပြီး ကျောင်းစဉ်လှည့်သြ၀ါဒ ခံယူပါတယ်ဘုရား” ဒကာမများ စုဝေးညှိနှိုင်းတိုင်ပင်မှုများ လုပ်ကြပါတယ် ဘုရား”

ကျန်တာတွေကတော့ ရပ်ကွက် သာရေး/နာရေး ကူညီပူးပေါင်း ဆောင်ရွက်တာပါ အရှင်ဘုရား”

ဟုတ်ပြီ . . . ဒါ အရေးကြီးတယ်၊ နောက်အခမ်းအနားဆိုရင် အခုလို ဦးဇင်းတို့ ရောက်ခိုက်ပေါ့လေ၊ ဦးဇင်းအတွက် မဟုတ်ပါဘူး၊ သာသနာ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့၊ သာသနာအပေါ်မှာ မြတ်နိုးတဲ့၊ သာသနာ့ အကျိုးလိုလားတဲ့၊ ဦးဆောင်လမ်းညွှန်နိုင်တဲ့ ဆရာကောင်းသမားတွေ တွေ့တိုင်းတွေ့တိုင်း မိမိတို့ မြို့နယ်ကရော တစ်ခြားဒေသကလာတဲ့၊ ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ် သာသနာ့အကျိုးဆောင်ရွက်နေကြတဲ့၊ အခုလို တွေ့ဆုံ ဆွေး နွေးပွဲတွေ ညှိနှိုင်းဆောင်ရွက်မှုတွေပဲ အပြန်အလှန် ဆွေးနွေးပွဲတွေ လုပ်ကြဖို့ လိုတယ်၊ ဦးဇင်းတစ်ပါးတည်းနဲ့ လုပ်ရမဲ့ ကိစ္စမဟုတ်ဘူး။

အဲ ဒီတော့ . . . ဦးဇင်းအဓိကပြောချင်တာက အခုလို တွေ့ဆုံပွဲဆိုရင် .

အခမ်းအနား အစီအစဉ်အရ၊ သံဃာဖြစ်တဲ့အတွက် သြကာသ ကန်တော့ မယ်၊ ရှစ်ပါးသီလ၊ ငါးပါးသီလသော်လည်းကောင်း၊ ရှစ်ပါးသီလသော်လည်း ကောင်း၊ ခံယူတည်ဆောက်ကြမယ်၊ ခံယူပြီး မိမိတို့ရဲ့ လုပ်ဆောင်ချက်များကို လျှောက်ထားမယ်၊ ဟုတ်လား၊ လျှောက်ထားပြီးတော့မှ လမ်းညွှန်မှုဆိုတာထက် အကြံပေးစကားပေါ့၊ သာသနာကို ယုံကြည်သက်ဝင်သူတိုင်းဟာ သာသနာအတွက် တာဝန်ရှိတယ် ဟုတ်ရဲ့ လား . . .။

ကောင်းပြီ၊ ဒီမြေ ဒီရေပေါ်မှာ ပေါက်ဖွားလာတဲ့ သူတိုင်းဟာ ဒီမြေ ဒီရေအတွက် တာဝန်ရှိတယ်။

လူသားများက မွေးဖွားလို့ ပေါက်ဖွားလာတဲ့ လူသားတိုင်းသည် လူသားအားလုံး အတွက် တာဝန်ရှိပါတယ်၊ ဒီလို သိထားရမယ် . . .။

“ တာဝန်ယူတတ်မှ သူရဲကောင်း၊ တာဝန်ခံရဲမှ အရှင်သခင်”

ဒီစကားလုံးတွေ မှတ်ထား တာဝန်ယူတတ်မှ သူရဲကောင်း၊ သူရဲကောင်းဆိုတာ ယောက်ျားဆို ယောက်ျားကောင်း၊ မိန်းမဆိုရင် မိန်းမကောင်း၊ လူသားဆိုရင် လူသားကောင်း၊ အရေးကြီးတယ်၊ ဦးဇင်းတို့ များစွာ သတိမထားမိတဲ့ ကိစ္စတွေပေါ့၊ အခု တို့ မြန်မာနိုင်ငံကြီးကော ဗုဒ္ဓသာသနာကော၊ လူမျိုးအသီးသီးကော၊ လူမျိုးဆိုတာ ဗမာ လူမျိုးကနေ တိုင်းရင်းသား အားလုံး ရခိုင်က ရခိုင်လူမျိုး၊ ဟုတ်လား၊ အားလုံးဟာ ဖရိုဖရဲ ဖြစ်နေတယ်။ ယဉ်ကျေးမှု ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာတွေ အင်မတန် ခန့်ညား ထည်ဝါလာခဲ့တဲ့၊ ဒီလိုမျိုးတွေ အခုချိန်မှာ အားလုံး ပရမ်းပတာ ဖြစ်နေတယ်ဆိုတာ ထူးပြီး ပြောစရာမလိုပါဘူး။ အားလုံးသိနေကြပြီ အမျိုးချစ်တဲ့ သူတိုင်း သိတယ်၊ ဟုတ်ပြီ လား၊

အဲ ဒီတော့ ရခိုင်လည်း ရခိုင်ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံမပျောက်အောင် အတော်လုပ်နေရတယ်၊ အရေးကြီးတယ်နော်။

အဲ ဒီတော့ ဒီလူမျိုးက ပေါက်ဖွားလာရင် ဒီလူမျိုးရဲ့ တာဝန်ဟာ ငါ့မှာ ရှိတယ်လို့ အားလုံး ဒီလို တာဝန်ယူတတ်ဖို့ လိုတယ်၊ ဒါကြောင့်မို့ တာဝန်ယူတတ်မှ သူရဲကောင်း၊ တာဝန်ခံရဲမှ အရှင်သခင်၊ ဥပမာ သံတွဲ လူငယ်အဖွဲ့၊ ဒီအဖွဲ့ထဲက တစ်ယောက် မှားသွားတယ်၊ ဟာ ဒါ ကျွန်တော်အမှားပါလို့ သူက ၀န်ခံလိုက်တယ်၊ ဒီအဖွဲ့ကြီးရဲ့ အရှင်သခင်ဟာ သူပါ . . . ( ဟုတ်လား သဘောပေါက်လား)။

ဒီလူမျိုးတွေ ငတ်နေကြတယ် ဒါ ကျွန်တော်တာဝန်၊ သူတို့ကို ကျွန်တော်ကျွေးနိုင် အောင် ကြိုးစားနေတယ်၊ သူတို့ကို တာဝန်ခံတာ ကျွန်တော်၊ သူဟာ အရှင်သခင်ပဲ၊ သမ္မတကြီး၊ ဥက္ကဋ္ဌကြီးက အရှင်သခင်မဟုတ်ဘူး၊နာမည်က အရှင်သခင် မဟုတ်ဘူး၊ တာဝန်ခံတတ်သူကမှ ဘာလဲ၊ အရှင်သခင်၊ တာဝန်ယူတတ်သူက သူရဲကောင်း၊ ဒီလူမျိုး တစ်ရပ်လုံးရဲ့ တာဝန် သူယူထားတယ်၊ ဘယ်သူကမှ ပေးတာမဟုတ်ဘူး၊ ကိုယ့်ဖာသာ ကိုယ်ယူထားတာ၊ ဒီနေ့ ငါတို့ လူမျိုးတွေ အောက်တန်းကျနေတယ်။ အောက်တန်းနေတဲ့ တို့လူမျိုးတွေကို အထက်တန်းရောက်အောင် သူတာဝန်ယူထား တယ်၊ ကျွန်တော်နိုင်သလောက်လုပ်မယ်၊ အားလုံးဟာ စွမ်းနိုင်သူတွေချည်းပဲ (ရှင်းလား) ဒီလူဘာလို့ ပိုစွမ်းနေသလဲ၊ ဒီလူစွမ်းတာမဟုတ်ဘူး၊ ဒီလူ ပိုပြီးအလုပ်လုပ် နေတာ၊ နမူနာလေး တစ်ခု ပြောမယ်၊ အားလုံးမြင်သာတဲ့ ကိစ္စလေးဖြစ်အောင် ဦးဇင်း မန္တလေးမြို့မှာ ပရိယတ္တိ ဆရာတော်ကြီးများ ပူဇော်ပွဲဆိုပြီးတော့ မြန်မာနိုင်ငံမှာ ဒါ ပထမ ဦးဆုံး အကြိမ် ကျင်းပတဲ့ပွဲနော်၊ ဘယ်သူတစ်ဦးမှ မလုပ်ခဲ့ဖူးဘူး၊ ပရိယတ္တိဆိုင်ရာ ပူဇော်ပွဲတွေ များစွာလုပ်ခဲ့ဘူးတယ်၊ သကျသီဟအသင်းဆို သကျသီဟ အသင်းကြီးကနော်၊ စေတီယင်္ဂဏဆိုရင် စေတီယင်္ဂဏ အသင်းကြီးကနော်၊ ဒီလို သူ့အဖွဲ့နဲ့ သူ့ အသင်းလောက်သာ လုပ်ခဲ့ကြတာ တစ်နိုင်ငံလုံး သာသနာ တစ်ရပ်ကိုယ်စားပြုလုပ်တဲ့ပွဲ မရှိဘူး၊ လိုအပ်နေတာနော် . . . ။

တကယ်ဆို . . . တို့ ဗုဒ္ဓဘာသာနိုင်ငံကြီး ( အ.ထ.က) ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သံတွဲ အထက်တန်းကျောင်းဆိုတော့ သံတွဲကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ၊ အောင်မယ် ဒီလိုလေးတွေသာ လုပ်နိုင်တာ တကယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံး ကျောင်းသားများမှ ဆရာ/ ဆရာမများ ပူဇော်တဲ့ အာစရိယပူဇော်ပွဲ နေ့ဆိုပြီးတော့ ရှိကို ရှိရမယ်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မိဘ ဆရာ ကန်တော့တဲ့နေ့၊ အဲ ဒီလိုအမျိုးတစ်မျိုးလုံး၊ တစ်နိုင်ငံလုံး၊ လူသားအားလုံးကို ကိုယ်စားပြုတဲ့ ဆောင်ရွက်မှုတွေ မဖြစ်နိုင်ခဲ့တာဟာ အသီးသီး ကိုယ်အသင်း၊ ကိုယ့်နေရာ၊ ကိုယ့်ဌာန၊ ကိုယ့်ဒေသလောက်ပဲ ကွက်ပြီးတော့ မြင်တဲ့အတွက်၊ ကြည့်တတ်တဲ့ အတွက်၊ ဟင်း . . တစ်နိုင်ငံလုံးကို တာဝန်ယူရင် တစ်နိုင်ငံလုံးရဲ့ သူရဲကောင်းခင်ဗျာ၊ ရခိုင်ပြည်နယ်ကို တာဝန်ယူရင် ရခိုင်ပြည်သူရဲကောင်းပဲ ဖြစ်မှာပေါ့၊ သေချာနားထောင်နော်၊ ဒီနေ့ သူတော်ကောင်းတို့ တကယ်လို လိုချင်ချင်နဲ့ တရားကို တောင်းခံကြတယ်၊ ပင်ပန်းဆင်းရဲခံပြီးလည်း လုပ်ကြတယ်၊ အနွံအတာခံပြီးလည်း လုပ်ကြတယ်၊ ဦးဇင်းက စမ်းကြည့်တယ်၊ ဒီလူတွေစိတ် ဘယ်လောက်ရှိသလဲ၊ တကယ်တော့ မစမ်းသေးပါဘူး၊ ပါးရိုက်ပြီး မလွှတ်သေးပါဘူး၊ ပါးရိုက်ရင်တော့ ဘယ်လို နေမလည်းမသိဘူး၊ ဦးဇင်းဟောခဲ့ ပြောခဲ့ဘူးပါတယ်။ ဒကာတစ်ယောက် သိုင်းသင်တုံးကပေါ့၊ ရှောင်လင်သိုင်းကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်မှာ သွားသင်တာ ဆရာက ဘာလာလုပ်တာလဲ၊ သိုင်းပညာ သင်ချင်လို့ပါခင်ဗျာ၊ မင်းလား သိုင်းသင်ချင်တာ “ ဖြန်း” ဆို ပါးရိုက် လွှတ်တာပဲ (၁၀)ရက်တိတိ၊ သွားတုန်းက အယောက် (၅၀)လောက် နောက်ဆုံး သုံး ယောက်ပဲ ကျန်တယ်၊ ပါးတွေလည်း ယောင်ကိုင်းနေတာပဲ၊ အဲဒီ ဒကာကြီးက တကယ်လိုချင်တာကို အခုလည်း သြ၀ါဒလိုချင်တဲ့ သူတွေ ပါးသာရိုက်လွှတ်ရင် ဘယ်လို နေမလဲ မသိဘူး၊ ထားပါတော့လေ ဦးဇင်းက အရည်အချင်း ရှိသူတွေလိုချင်တာ၊ စိတ်ဓာတ် ခွန်အားရှိသူတွေ လိုချင်တာ၊ ဒီမှာ ပရိယတ္တိ ပူဇော်ပွဲကြီး တစ်နိုင်ငံလုံး ကိုယ်စားပြုတာ၊ တစ်သာသနာလုံး ကိုယ်စားပြုတာ၊ ဒါဟာ နိုင်ငံတော်နေ့ တစ်နေ့တောင်ဖြစ်ရမှာနော်၊ လွတ်လပ်ရေး ရရင်ဖြစ်မှာပေါ့၊ မှားသွားလား မသိဘူး၊ မှား သွားရင် တောင်းပန်ပါတယ်နော်။

အဲ ဒီမှာ ဦးဇင်း ပြောချင်တာလေးတစ်ခု၊ သံဃာမထေရ်ကြီးများကို ဦးဇင်းက အပ်တယ်၊ ဒီပွဲကို အရှင်ဘုရားများ Arrangement အစီအစဉ်ဆွဲတော်မူကြပါ၊ တပည့်တော် Sponsor သက်သက်၊ နောက်က လိုအပ်သမျှ ပံ့ပိုးပေးပါမယ်၊ ဘာလို့ဆိုတော့ ဥုးသုမင်္ဂလက သံဃာတော်ထဲမှာ ကြည့်ရင် ငမျောက် ငခြောက်ပါလို့ စာပေ ပညာဘာမှ မတတ်ဘူး၊ ပြီးတော့လည်း အင်း ၀ါကြည့်တော့လည်း အထည်လည်းရက်မရ၊ ချည်လည်း ရက်မရ လက်ကိုင်ပုဝါတစ်ထည်တောင် မဖြစ်ပေါ့လေနော်။

ဝါကလည်း သေးသေး၊ ရှေ့ကနေ အကုန်ခေါင်းဆောင်လုပ်ဖို့ မတင့်တယ်ဘူး၊ ရှေ့မှာ သံဃာတော်ကြီးတွေ ရှိတယ်၊ ဆရာတော်ကြီးတွေ ရှိတယ်၊ ပညာတတ်ကြီးတွေ ရှိတယ်ဆိုပြီးတော့မှ ဆရာတော်များရဲ့ သိက္ခာကို လေးစားပြီးတော့မှ အပ်နှင်း လိုက်တယ်၊ အဲဒီမှာ တစ်ကယ်ဖြစ်သင့်တာက ဒီပူဇော်ပွဲကြီးလုပ်တော့မယ်၊ ဒီလို ဒီလိုပဲ အပ်နှင်းထားတယ်၊ အပ်နှင်းခံရတဲ့ သူတွေ အားလုံးဟာ တာဝန်ယူရတော့မယ်၊ ဟုတ်လား၊ နောက်တစ်ခါ ဦးဇင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြိုးစားခဲ့တာ၊ ဘယ်လို ကြိုးစားခဲ့သလဲဆိုတော့ ပရိယတ္တိအနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ပရိယတ္တိဆိုတာ သာသနာရဲ့ မူလ အစ သာသနဿ မူလံသာသနာရဲ့ အရင်းအမြစ်၊ စာသင်သားတွေကို အဓိကထားရမယ်၊ စာသင်တိုက်တွေကို အဓိကထားပြီး ထောက်ပံ့ ဖို့ လိုတယ်။

ဦးဇင်း ဖောင်းဒေးရှင်း ဆိုတာ ဒီအတွက် လုပ်နေတာ၊ ပရိယတ္တိသည် သာသနာရဲ့ အသက်၊ သာသနာရဲ့ အဓိက သွေးကြော ဖြစ်နေတော့ ဒီတစ်ခါ ပူဇော် ကန်တော့ကြမှာက ဒီ ပရိယတ္တိ ၀န်ဆောင်ထဲကပဲ ဘယ်လို ၀န်ဆောင်လည်း ဆိုတော့ ပရိယတ္တိဝန်ဆောင် ဆရာတော်များအား ဓမ္မကထိက ၀န်ဆောင် ဆရာတော်များမှ စုပေါင်း၍ ပူဇော်ကန်တော့ပွဲ ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်လိုက်တယ်၊ ဓမ္မကထိက ဆရာတော်တွေ ဆိုတာ တစ်နိုင်ငံလုံးကို လှည့်ပြီးတော့ စာချနေရတာ တကယ်တော့ တို့တွေလည်း စာချဘုန်းကြီးတွေပဲ ဒီလို နယ်လှည့်ပြီး စာချတရားဟော နေနိုင်တာသည် ပရိယတ္တိ စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများရဲ့ သွန်သင် ဆုံးမ သင်ကြားပြသပေးခဲ့လို့ ဒီလို ဂုဏ်နှစ်ခုကို ဆက်စပ် ပေးချင်တာ အဲဒါ ဓမ္မကထိက ဆရာတော်တွေကလည်း ဒါ ငါတို့ တာဝန် ငါတို့ပွဲ ဒီလို ရှိရမယ်၊ သို့သော် ဘာတွေ တွေ့ ရလည်းဆိုတော့ . . .။

ညီတောာ် နောင်တော်တွေကလည်းလာတယ်၊ ဟာ အရှင်ဘုရား ဘာလို့ မကြွတာလဲ၊ ငါဘာလုပ်ရမလဲ မသိလို့ ငါ့ကို ဘာတာဝန်မှ မပေးလို့ ဟင် ဘာလေးလုပ် မယ်ဆိုရင်လည်း မောင်သုမလင်္ဂလ ပြောလိုက်၊ ရော် တာဝန်မယူနိုင်လို့ မဟုတ်ဘူး၊ သုမင်္ဂလ တာဝန်ယူနိုင်စွမ်း ပြောရရင် မင်းတို့ တစ်နိုင်ငံလုံး ငါ့လက်ထဲ အပ်လိုက်၊ အကုန် တာဝန်ယူနိုင်တယ်၊ အကုန်လုပ်တတ်တယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးကို စနစ်တကျ စီမံပေးမယ်။

သို့သော် တစ်ဦးတစ်ယောက်တည်းက စွမ်းဆောင် နေတာမျိုး မဖြစ်ချင်လို့၊ Organization ဆိုတာ ကြီးကို ဖြစ်စေချင်လို့ Organization to association. Organization ရှိမှ association ဆိုတာ လုပ်လို့ရမယ်။ association ရှိမှ Future Plan ဆိုတာလာမှာ ဘိုများ ဆန်းသွားသလား မသိဘူး။ စုစည်းမိမှ အားလုံးပေါင်းစည်းမိမှ ရည်မှန်းချက်ရှိတဲ့ အသင်းအဖွဲ့ကြီး ဖြစ်လာမယ်။

အဲဒီ အသင်းအဖွဲ့ကြီး ဖြစ်လာမှ အနာဂတ်အရေးကို တာဝန်ယူနိုင်မယ်၊ ဒီလို ပြောတော့နော် စုစည်းနိုင်မှ အသင်းအဖွဲ့၊ အခု ကြည့်လေ သံတွဲ လူငယ်များအဖွဲ့၊ လူငယ်တွေ စုစည်းနိုင်လို့ လူငယ်အားမာန်နဲ့ ဒီနေ့ တရားပွဲကြီးတွေ အောင်မြင်အောင် လုပ်နိုင်လာတယ်။ ဆွမ်းလောင်းအသင်းတွေ အောင်မြင်အောင် လုပ်နိုင်လာတယ်၊ ဟုတ်ပြီနော်၊ ဒါဟာ ဘယ်သူတွေက တာဝန်ပေးတာလဲ ကိုယ့်သဘောနဲ့ ကိုယ်တာဝန် ယူထားတာမဟုတ်လား၊ ငါတို့ ဒီနေ့ ဒီတာဝန်ယူထားတာဟာ ငါတို့ သာသနာ ငါတို့ မြို့ ရွာမှာ ရှိတဲ့ သာသနာနွယ်ဝင် ရဟန်းသံဃာတွေ မပင်မပန်းဘဲ သာသနာ့ဝန်ဆောင်ရွက် နိုင်ကြစေဖို့၊ ငါတို့ တာဝန်ယူဆောင်ရွက်နေတာဆိုတဲ့ တာဝန်ယူလိုစိတ်၊ တာဝန်သိစိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတာ မဟုတ်လား၊ ဟုတ်ပြီနော်၊ အဲဒီတော့ ဒီ ဆရာတော်ကြီးတွေ ချမ်းချမ်းမြေ့မြေ့ သာသနာ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ငါတို့ တာဝန်ခံထားတယ်၊ ဒီဆရာတော်ကြီးတွေ ဆင်းရဲချို့ တဲ့ရင် ငါတို့ တာဝန်ဟုတ်ပြီနော်၊ တာဝန်ခံတာနဲ့ တာဝန်ယူတာ မတူသေးဘူး၊ ကောင်းပြီ ဒီတော့ တာဝန်ခံမယ့် ဒီပုဂ္ဂိုလ်ကို မကြည့်ကြပါနဲ့။ တပည့်တော်ကို မကြည့်ကြပါနဲ့၊ တပည့်တော် ဥာဏ်စွမ်း၊ ကံစွမ်း ရှိသမျှလေးနဲ့ သာသနာတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့ လုပ်သင့် လုပ်ထိုက် တာလေးတွေကို အရှင်ဘုရားများထံ တင်ပြအပ်နှံညှိနှိုင်းဆောင်ရွက်တာပါဘုရား၊ တပည့်တော် တစ်ယောက်တည်းနဲ့ ဆန္ဒမဟုတ်ဘဲ အရှင်ဘုရား တို့ အားလုံးဟာ ဒါ ငါတို့အလုပ် ငါတို့ တာဝန်ဘဲလို့ ၀ိုင်းဝန်းတာဝန်ယူကြပြီး၊ ဆန္ဒတူမျှ လုပ်ဆောင်ကြမှ အောင်မြင်မှာပါဘုရား၊ တပည့်တော် ဆန္ဒကို အကောင်အထည်ဖော်ကြဖို့ မဟုတ်ဘဲ သာသနာ့ ၀န်ထမ်းများ အားလုံး ဆန္ဒကို ၀ိုင်းဝန်းအကောင်အထည် ဖော်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးတော်မူကြပါလို့ လျှောက်ရမယ် . . . ။

ဒီ ကြားထဲ ဒကာ ဒကာမတွေကလည်း ဘယ်လိုဖြစ်သလဲ ဆိုရင် ပရိယတ္တိ ၀န်ဆောင် ဆရာတော်ကြီးများကို ဓမ္မကထိက ဆရာတော်များမှ ပူဇော်ပွဲဆိုတာနဲ့ မလှူဘူး၊ ဘာလို့လဲ ဆိုတော့ (ဒယ်အိုး) လုပ်တာမဟုတ်လို့တဲ့၊ တို့ (ဒယ်အိုး) နာမည် မပါလို့တဲ့၊ ကိုင်း . . . ပြဿနာပဲ၊ တို့ နာမည် မပါလို့တဲ့ ပြီးရော၊ အဲ ဒီအချိန်မှာ ဘုန်းကြီး နိုင်ငံခြား သာသနာပြုရန် ခရီးစဉ် နိုင်ငံခြားသားတွေကို သွားဟောတာ မဟုတ်ပါဘူး ၊ဗမာတွေကို သွားဟောတာ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား တရား သွားဟော နေတော့ တပည့်တွေအကြောင်းကြား ကြတယ်။

အရှင်ဘုရား မဖြစ်တော့ဘူး၊ အရှင်ဘုရားလည်း အကြွေးတွေနဲ့ လှူတဲ့သူတွေလည်း မရှိဘူး၊ မရှိရင်နေကွာ ငါဖြစ်သလိုလုပ်မယ်၊ အရှင်ဘုရား အားလုံး ကုသိုလ်ဖြစ်ခွင့်ပေးပါ၊ အရှင်ဘုရား နာမည်လေးထည့်ခွင့်ပေးပါ။ တစ်ချို့တွေက (ဒယ်အိုး) နာမည်မပါရင် မလှူဘူး၊ ကြည့်ကြပါအုံးဗျာ၊ အဲ့ဒါနဲ့ ခေါင်းစဉ်တပ် လိုက်ရတယ်၊ ဥုးသုမင်္ဂလ (ဒယ်အိုး) ဦးစီးသော ဦးဇင်း ဒီလိုမဖြစ်ချင်ပါဘူး၊ သဘောပေါက် ပါတယ်နော်၊ ကောင်းပြီး ဒီတော့ တာဝန်ယူတတ်မှ သူရဲကောင်း၊ တာဝန်ခံရဲမှ အရှင်သခင်၊ အဲ ဒီစကားလုံးလေး နှစ်လုံးကို ရင်ထဲမှာ ထာဝရသိမ်းဆည်း ပြီးတော့၊ ငါတို့ လူမျိုး ငါတို့ သာသနာ ငါတို့ ဘာသာအတွက် တာဝန်အရှိဆုံး ဘယ်သူလဲ ( တပည့်တော်တို့ပါဘုရား)၊ ကိုယ်ကိုတိုင်ပဲ၊ အဲ ဒီတော့ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်သည် အများအတွက် သာသနာအတွက် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်သည် အမျိုးကို စောင့်ရှောက်ခြင်းသည် ကိုယ်ကိုစောင့်ရှောက်ခြင်းမည် - မမည်၊ (မည်ပါသည် ဘုရား)။

တချို့က ပြောလိုက်ကြတာ ကိုယ်ကျိုးစွန့် အနစ်နာခံတယ်၊ အမယ်လေး ဘာကိုယ်ကျိုးမှ မစွန့်ရပါဘူး၊ အပြော တစ်ခုတည်း ကြည့်ပြီး ကိုယ်အိတ်ထဲ ငွေဝင်ဖို့နဲ့ ကိုယ့်အိမ်ချမ်းသာဖို့ တစ်ခုတည်းကြည့်တဲ့သူကတော့ အမျိုးကို ကြည့်တာမှ မဟုတ်တာ၊ သူ့အတ္တ၊ သူ့ကိုယ်ကိုပဲ ကြည့်နေပြီး သူ့ကိုယ်သူတာဝန်ယူတာ မဟုတ်လား (သဘောပါသလား) အိတ်ထဲက စိုရရင်ကို သူတို့က ဟုတ်တယ် မထင်ဘူး၊ ရှင်းတယ် နော်၊ အခု ဦးဇင်းတို့ သာသနာပြု ခရီးစဉ်သွားကြတော့ ဦးဇင်းတို့ သူ့လုပ်ငန်းနဲ့သူ ဂျူတီ လေးတွေ ခွဲပေးထားတယ်၊ အဲ့ ဒါ ညီတော်မောင်တွေ ဟိုထဲက ထုတ်ရရင် ဟိုထဲက ထုတ်ရလို့၊ ဒီထဲက စိုက်ရရင် ဒီထဲက စိုက်ရလိုနဲ့ အောင်မလေး ဟဲ့ အားလုံးအတူတူပဲ၊ ဒီဟာတွေ မင်းတို့လည်းမပိုင်ဘူး၊ ငါလည်း မပိုင်ဘူး၊ အပိုင်လည်းမထားနဲ့ သာသနာပြု လုပ်ငန်းကိုပြု အရေးကြီးတာ စာရင်းထဲမှာ စနစ်တကျ ၀င်သွားဖို့ပဲ လိုတယ်၊ ဘယ်အိတ်ထဲက ထုတ်ထုတ် ဒါပဲ ဟုတ်ပြီနော်။

အဲ့ဒီတော့ ငါ့ထဲက ကုန်တာလည်း ဒီသာသနာက ကုန်တာပဲ၊ ဒီလူမျိုးက ကုန်တာ ပဲ၊ အများဟာ ကုန်တာလည်း ဒီလူမျိုးက ကုန်တာပဲ၊ ဒီသာသနာက ကုန်တာပဲ၊ တစ်သားတည်း ဖြစ်အောင်ထားမှ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်လို့ ခေါ်တာ ရှင်းလား အားလုံးသဘောပေါက်လား၊ အခု လူတွေ တာဝန်ယူတယ်ဆိုတာက နာမည်ခံ တာဝန်ယူထားပြီးတော့ ကိုယ့်အတ္တကို ရှေ့တန်းတင်ထားတဲ့အတွက် တကယ်တော့ သူသည် သာသနာကို တာဝန်ယူထားသူ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်လောက်သာ တာဝန်ယူထားသူ ဖြစ်တယ်၊ အဲ့ဒီတော့ ယောက်ျားကောင်း၊ မိန်းမကောင်း၊ လူစွမ်းကောင်း မှန်ရင် မိမိတစ်ဦး တစ်ယောက်တည်း တစ်မိသားစု တစ်ဘ၀လောက် သာ ကြည့်တတ်ရင် ဒါ လူစွမ်းကောင်းဖြစ်နိုင်မလား၊ ( မဖြစ်နိုင်ပါဘူး ဘုရား) ဟုတ်ပြီ နော်၊ သို့သော် မိသားစုကို စောင့်ရှောက်ရုံနဲ့ လုံခြုံသော ပတ်ဝန်းကျင်ကို ထူထောင်လို့ ရမလား၊ ( မရပါဘူး ဘုရား) ဟုတ်ပြီနော်၊ အားလုံးဟာ ကိုယ့်မိသားစု အတွက်ပဲ၊ ကိုယ် ကြည့်နေကြရင် အဲ့ ဒီနေရာဟာ ဖရိုဖရဲ ဖြစ်သွားမယ်၊ ဗရမ်းဗတာ ဖြစ်သွားမယ်၊ ရန်ဖြစ် မယ်၊ စည်းမဲ့ ကမ်းမဲ့နဲ့ ညီညွတ်စည်းလုံးမှု မရှိတော့ဘူး၊ ကိုယ့်အိမ်လေးတင် ကိုယ်ကာ နေကြတာကို အဲ့ ဒီတော့ အားလုံး အသီးသီးက လူမျိုးတစ်မျိုးလုံး သာသနာ တစ်ရပ်လုံး နိုင်ငံတစ်ခုလုံးအတွက် တာဝန်ယူလိုက်ကြတယ် ဆိုတော့ ကိုယ့်အိမ်စည်းရိုးက ကာစရာ မလိုပဲ လုံပြီးသား ဖြစ်သွားကြပြီ၊ သဘောပေါက်လား၊ ရှင်းတယ်နော်။

ဒီတော့ အားလုံး ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် တာဝန်ယူကြမလား၊ အခု အားလုံးလည်း လုပ်နေကြတယ်၊ လုပ်တဲ့ အလုပ်တိုင်းကို ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး တာဝန်ယူတတ်ပုံချင်း တူရင် ပြဿနာ တက်စရာ အကြောင်းမရှိတော့ဘူး၊ ( ဟုတ်ပြီနော်) တာဝန်ခံရဲတဲ့ သတ္တိရှိရင် ဘယ်လို အခက်အခဲမျိုးပဲ လာလာ ရင်ဆိုင်ဖြေရှင်းလို့ ရတယ်။ အခု ဒါကို ကာလဒေသပေါ့လေ၊ အခုအချိန်က သက်သေထူပေးနေတာက ဦးဇင်းတော့ သိပ်ကို ကျေးဇူးတင်တယ်၊ အခုလို တရားပွဲ လုပ်တော့မယ်ဆိုရင် ဘယ်သူတာဝန်ခံမှာလည်း ဘယ်သူ လက်မှတ်ထိုးမှာလဲ၊ မလာဘူးလား၊ ( လာပါတယ်ဘုရား) ကျွန်တော် တာဝန်ခံပါမယ်၊ ခင်ဗျာ၊ အောင်မာ လူစွမ်းကောင်းတွေ အများကြီး ပေါ်လာတယ်၊ နို့မဟုတ်ရင် သူတို့ ရွေးမပေးရင် လူစွမ်းကောင်းတွေ မပေါ်ဘူး၊ သဘောပါသလား၊ ဟို အထက်ဗမာပြည် မကွေးတိုင်း ဆိုရင် တရားခံ စစ် စစ်တာ၊ ပြော . . .မေးချင်ရာ မေး . . . တကယ်လို့ တရားပွဲထဲ မတော်လို့ မင်းတို့ ဆရာတော်က ပေါက်တက်ကရ ပြောလို့ရှိရင်လဲ၊ ကြည့် . ဆရာတော်တွေများ ပေါက်တက်ကရ ပြောနေကြတယ် မှတ်တယ်၊ ထားပါတော့ အဲ့ ဒီ ပြောချင်ရာ ပြောနေခဲ့ရင် မင်းကို ဘာလုပ်ရမလဲတဲ့၊ အဲ့ ဒါ အခု ကျွန်တော်ကို အချုပ်ထဲ သာ ထည့်ထားလိုက်ပါ၊ တရားပွဲပြီးမှ စိတ်ချပြီဆိုတော့မှ ပြန်လွှတ်လိုက်ပါတဲ့၊ ဒီမှာ မေးတဲ့ သူရယ်၊ အမေးခံရတဲ့သူရယ်၊ ဘယ်သူက သူရဲကောင်းလည်း၊ ( တာဝန်ခံတဲ့ သူက သူရဲကောင်းပါ ဘုရား) အဲ့ ဒါ သူရဲပေါကြောင်တဲ့အကောင်က သူ့တာဝန်ဖြစ်မှစိုး လို့ မယူရဲဘူး၊ တရားပွဲတောင် လွတ်လွတ်လပ်လပ် တာဝန်မယူရဲဘူးဗျာ၊ အဲ့ ဒီအကောင်တွေက မြို့နယ်လူကြီးသာ လုပ်နေတာ၊ အဲ့ ဒီတော့ သူရဲကောင်းနဲ့ သူရဲပေါကြောင်သူ အဲ့ ဒီနေရာမှာတင် တစ်ခါတည်း အဖြေရှင်းသွားပြီး အရှင်သခင်ဘယ်သူလဲ မြို့မိ မြို့ဖ ဘယ်သူလဲဆိုတာ တာဝန်ခံသူက မြို့မိ မြို့ဖပဲ သဘောပေါက်သလား . . .။

ဒါကြောင့် ဦးဇင်းတို့က ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဦးထိပ်ထားလျက် စသည်ဖြင့် တရားပွဲကြရင်လေ၊ သံတွဲမြို့ ဂေါစကံအတွင်း သီတင်းသုံးနေထိုင်တော်မူကြကုန်သော ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဦးထိပ်ပန်ဆင်လျက် သံဃာကို ဦးထိပ်ပန်ဆင်တာ နော်၊ ဘုန်းကြီးကို ဦးထိပ်ပန်ဆင်တာ မဟုတ်ဘူး ( သဘောပါသလား) နာယကတွေ၊ ဥက္ကဋ္ဌတွေကို ဦးထိပ်ထားတာ မဟုတ်ဘူးနော် . . . ။ မြို့မိ မြိုဖ လူကြီးမင်းများအား အမှူးထား၍ ဒီလိုဆိုတော့ သူတို့က ထင်မှာပေါ့၊ တိုင်းမှူးကြီး ခရိုင်မှူးကြီး မြို့နယ်မှူးကြီးတွေလို့ ထင်နေကြဦးမယ်၊ ဥုးသုမင်္ဂလ အမှူးထားတာက တရားပွဲကို ဖြစ်မြောက်အောင် တာဝန်ယူထားတဲ့ သူတွေကို ဆိုလိုတာနော် . . .။ ဟုတ်ပြီလား၊ ရှင်းပြီးလား၊ တာဝန်ခံထားသူကမှ အရှင်သခင် နားလည်သလား၊ ဒီတော့ အားလုံးဟာ အရှင်သခင်ဖြစ်နိုင် - မဖြစ်နိုင် ( ဖြစ်နိုင်ပါတယ် ဘုရား) အောင်မယ်လေး သခင်မျိုးဟေ့ ဆိုတာ ဒါကို ပြောတာ . . . ခင်ဗျားတို့ ဘာတာဝန်မှ မယူပဲ အရှင်သခင် ဖြစ်ချင်တာ လည်း ကျေနပ်တယ်နော်၊ အားလုံး ဦးဇင်းကလေ . . . ကိုယ့်အမျိုးကိုလည်း သိက္ခာမကျ စေချင်ဘူး.

အခုဆို တို့ နိုင်ငံဟာ တော်တော် ရှက်စရာ ကောင်းတယ်၊ လွတ်လပ်ရေးရတာ (၆၄)နှစ်ရှိပြီး အခုချိန်ထိ လမ်းတောင် မကောင်းသေးဘူး၊ တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံ မှာမှ မရှိတော့ဘူး၊ အီသီယိုပီးယားတောင် ဒီလောက် မဆိုးဘူး၊ မနေ့တစ်နေ့ကမှ စစ်ပွဲကြီးပြီးသွားတဲ့၊ အီရန်၊ အီရတ် မဆိုးဘူး ဗီယက်နမ်က ကိုယ့်အထက်ကို ရောက်သွားပြီ၊ အခုတော့ ဒီမှာက တံတားသက်၊ လမ်းသက်သက်၊ လမ်းတံတား စီမံကိန်း ကိုဗျာ၊ တံတားသမားကလည်း မာနကြီးတယ်၊ လမ်းသမားကလည်း မင်းအပေါ် မဖြတ်ဘူး၊ အောက်က သွားမယ် သဘောပါသလား၊ အခုထိ . . . အခုထိ ဘယ်သူမှ တာဝန်ယူမဲ့သူ မရှိဘူး၊ တာဝန်ခံထားတာလည်း မရှိဘူး၊ တာဝန်ယူထားတာ တော့ ရှိတယ်၊ ၀ါးလုံးတွေ တားတားပြီးတော့ ပိုက်ဆံ တောင်းတာလေ၊ ပြင်တော့ မပြင် နိုင်ဘူး၊ ကောင်းပြီး ပြင်သူတွေ ပြင်နိုင်ကြမှ ငါတို့က ငါတို့ အရည်အချင်း၊ ငါတို့ အလုပ်ကို ပြလို့ရမှာ ဘယ်သူတွေ ဘယ်လိုဖျက်ဖျက် ငါတို့က ကောင်းအောင်ပြင်ဖို့ ငါတို့ တာဝန် ( သဘောပါသလား ) ဖျက်သူတွေရှိတာကို ကျေးဇူးတောင် တင်ရဦးမယ်၊ မင်းတို့ ဖျက်ပေးလို့ ငါတို့ ကောင်းအောင် လုပ်ခွင့်ရတာ၊ အားလုံးဖျက်ထား၊ ဖြစ်အောင် ပြန်လုပ်မယ်၊ ( ရှင်း သလား ) သဘောပေါက်တယ်နော်၊ အဲ့ဒီတော့ အရေးအကြီးဆုံး .။

(၁) ငါတို့ ဘာလုပ်ရမလဲ . . . ?

ငါတို့ မြို့နယ်သူ မြို့နယ်သား အားလုံးက တညီတညွတ်တည်း ကိုယ့်မြို့နယ်ဆိုင်ရာ ဒါ ပထမအဆင့်၊ ဒုတိယအဆင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ သာသနာရေး မှန်သမျှ ငါတို့ တာဝန်ယူတယ်။

အဲ့ ဒီတော့ ဦးဇင်း ဧရာဝတီတိုင်းမှာ ဖွဲ့စည်းပေးထားတဲ့ ပထမတုန်းက သူတို့ တိုင်းက နာယက ဆရာတော် သံဃာတော်တွေနဲ့ ဖွဲ့စည်းထားတာ နောက်ပိုင်းမှာ ဖရိုဖရဲ ဖြစ်သွားခဲ့တဲ့ မြင့်မြတ်အလင်းဆိုတဲ့ အသင်းကြီးကို ဦးဇင်းတို့ ညီတော် နောင်တွေ အသီးသီး ပြန်ဖွဲ့တာ၊ အဲဒီတော့ ဒီအသင်းကြီးကို နမူနာလေး ပေးမယ်၊ အခု ရခိုင်ပြည်နယ်လို တစ်မြို့ချင်း လိုက်စီစဉ်စရာ မလိုဘူး၊ သူတို့က အကုန်တာဝန်ယူထား တယ်၊ မင်းတို့ တာဝန်ယူလိုက်ဆိုရင် ( တင်ပါ ဘုရား ) ဆိုပြီး သူတို့တွေက ဧရာဝတီတိုင်းကနေ တရားပွဲကျင်းပလိုတဲ့သူတွေ အားလုံး အစည်းအဝေးခေါ် လိုက်တယ်။ ပုသိမ်မြို့ မြို့တော်ခန်းမကြီးမှာ တစ်ခါတည်း အစည်းအဝေး ခေါ်ပြီးတော့ ကျင်းပလိုတဲ့ လျှောက်လွှာတင်ထားတဲ့ ပုဂ္ဂိုလ်က ဘယ်နှစ်ယောက်ရှိတယ်၊ ဆရာတော် ပေးတဲ့ ရက်က ဘယ်နှစ်ရက်အတွင်းမှာ ကျင်းပရမှာဖြစ်တဲ့အတွက် ကျွန်တော်အားလုံး ဘယ်နေရာမှာ ဘယ်လို လုပ်ပြီး ကျင်းပကြမလဲ၊ အစည်းအဝေးခေါ် တာဝန်ယူဆိုတော့ ( ပထမ ) အကြိမ် ( ၂၀၀၇) ခုနှစ်ုတန်းက သူတို့ ပင့်တယ်၊ နောက်ပိုင်းရက်တွေ ခွဲရင်း ခွဲရင်းနဲ့ ဘုန်းကြီး တပည့်တော်တို့ မြင့်မြတ်အလင်း အတွက် တရားပွဲမရတော့ဘူးတဲ့၊ ဧရာဝတီတစ်တိုင်းလုံးမှာ ရတဲ့ ပွဲတိုင်း ပွဲတိုင်းမှာ ဝေယျာဝစ္စ လိုက်လုပ်တယ်။

တရားပွဲ ကျင်းပနေတဲ့ နေရာမှာ ဝေယျာဝစ္စလုပ်တဲ့ အဖွဲ့က တစ်ဖွဲ့၊ နောက်မြို့နယ် တစ်ခုအတွက် ကြိုပြီးသွားတဲ့၊ ရှေ့ပြေးဝေယျာဝစ္စအဖွဲ့တစ်ဖွဲ့၊ နောက်ချန် ပွဲသိမ်း အဖွဲ့ကတစ်ဖွဲ့၊ (၃) ဖွဲ့နဲ့ ၀ိုင်းပြီးလုပ်လိုက်ကြတာ ( အရှင်ဘုရား) ဧရာဝတီတစ်တိုင်းမှာ ရတဲ့ တရားပွဲတိုင်းဟာ တပည့်တော်တို့ရဲ့ တရားပွဲတွေ အားလုံး ပါပဲ ဘုရား၊ ဒီပွဲတွေ အားလုံးကို တာဝန်ယူလိုက်တယ်ဘုရား၊ တိုင်းမှူးကြီးဆီကို တပည့် တော်တို့ အားလုံး လက်မှတ်ထိုးပြီး တာဝန်ခံလိုက်တယ်၊ မြင့်မြတ်အလင်းအဖွဲ့၊ ဖမ်းချင် ရင် အားလုံးဖမ်း၊ ပွဲတိုင်း အားလုံးကို တာဝန်ယူလိုက်တယ်၊ အဲ့ဒါ မင်းတို့ပွဲ “ အ ” လိုက်တဲ့ ကောင်တွေ မင်းတို့က ခေါင်းစဉ်တပ်ကမှ ငါ့ပွဲထင်နေတာ ( ရှင်း လား ) နာမည်နဲ့ ခေါင်းစဉ်က အဓိကလား၊ အလုပ်က အဓိကလား၊ ( အလုပ်က အဓိကပါ ဘုရား) မှတ်ထား သံတွဲ လူငယ်ရှင်းတယ်နော်၊ အကျိုးရှိတဲ့ အလုပ်ကို အကျိုးရှိရှိ လုပ် နိုင်တယ်၊ မနှစ်က ပြောခဲ့တဲ့အတိုင်း လူငယ်လေးတွေ အပါတ်စဉ်ဘုရား သန့်ရှင်းေးတွေ၊ ကျောင်း သန့်ရှင်းရေးတွေ၊ ဥပုသ်စောင့်ခြင်းတွေ သြ၀ါဒခံယူခြင်းတွေ လုပ်နေကြပြီ၊ ဒီကနေ ရှေ့တစ်ဆင့် တက်သွားရင် နေ့စဉ် နေ့တိုင်း တရားနာခြင်း၊ တရားထိုင်ခြင်း ကိစ္စတွေပဲ ရှိတော့တယ်၊ တရားထိုင်တဲ့အခါလည်း နေ့စဉ် အချိန်လေး တစ်ချိန်ယူပြီးတော့ ညစဉ် ၉၆)နာရီမှ (၇) နာရီပဲ ဖြစ်ဖြစ် (၅)နာရီမှ (၆) နာရီပဲ ဖြစ်ဖြစ် ယူပြီးတော့ ဥုးသုမင်္ဂလမှာ လုပ်ငန်းစဉ်တွေ ရှိပါတယ်၊ မေးပါ၊ တောင်းခံပါ၊ မအားရအောင် ခင်ဗျားတို့ကို ခိုင်းပြပါ့မယ်၊ ဘာလို့လဲ ဆိုတော့ အားနေလို့လေနေတာ၊ မအားရင် မလေပါဘူး၊ ဒီအဖွဲ့လောက်နဲ့လည်း မတင်းတိမ်နေကြပါနဲ့၊ ဒီနောက်က ညီငယ် ညီမငယ်တွေလည်း စည်းစည်းလုံးလုံးနဲ့ ဘာသာရေးကို လိုက်စားပြီးတော့ - (လိုက်ပြီးစားတာလည်း မဖြစ်စေနဲ့) မှတ်မိတယ်နော်၊ အရေးကြီးတာက တာဝန်ယူတတ်မှ သူရဲကောင်း၊ တာဝန်ခံရဲမှ အရှင်သခင်၊ အဲ့ ဒီ စကားလုံး နှစ်လုံးကို တစိမ့်စိမ့်လေးတွေ ပြီးတော့ ကိုယ့်ကိုကိုယ် ပြုပြင်ကြပါ၊ ဦးဇင်း မြင့်မြတ်အလင်းကို Guide Line ပေးလိုက်သလိုပဲ၊ မင်းတို့တာဝန်ယူထားတဲ့ ပွဲမှန်သမျှ မင်းတို့ပွဲ မင်းတို့ တာဝန်ခံထားတဲ့ ပွဲမှန်သမျှ မင်းတို့ ပွဲပါပဲ၊ ဟိုမြို့က အသံချဲ့စက်မရှိဘူး၊ ဟာ ကျွန်တော်တို့ ပို့လိုက်မယ်၊ ဟာ . . . ဟိုမြို့က အခင်းမရှိဘူး၊ ကျွန်တော်တို့ ပို့ပေးမယ်ဆိုတော့ သူတို့ဟာ ပွဲတိုင်း ပွဲတိုင်းမှာ ရှေ့ပြေး တစ်ဖွဲ့၊ နောက်ချန် တစ်ဖွဲ့၊ အတူ လိုက်လာတာ တစ်ဖွဲ့၊ အခု အဲ့ ဒီ သုံးဖွဲ့ကိုလည်း Rotate လှည့်ပေးလိုက်ကွာ Rotate ဆိုတာ တစ်သင်းက ဆရာတော်နဲ့ မလိုက်ရလို့ တစ်သင်းက နောက်ချည်းပဲနေရလို့ မဖြစ်ရအောင် အဖွဲ့ကို လှည့်ပေးလို့ ဦးဇင်းက ပြောပေးရတယ်၊ ဒီတော့ သိမ်းတဲ့ အဖွဲ့ကလည်း သိမ်းရတာမှ ပျော်ပါတယ်၊ အရှင်ဘုရား သူများ မလုပ်ချင်တာလုပ်ရတာ၊ အကြိုအဖွဲ့ကလည်း တပည့်တော်တို့က ကြိုပြီး ညှိနှိုင်းနေရတာ၊ အမျိုးမျိုးကို သည်းခံရတာ အရှင်ဘုရား၊ လူတွေများကလည်း ခက်တယ်၊ တာဝန်ယူမဲ့သူသာ ရှိလို့ကတော့ အားလုံး ပုံပေးချင်တာ၊ သူတို့ဘာမှ အားမစိုက်ချင်ဘူး၊ ဒီတော့ အားမစိုက်လို့ စိတ်မပျက်နဲ့ အားလုံး တာဝန်ယူရတာကိုက ကိုယ့်အစွမ်းအစတွေ တိုးတက်လာတာ၊ အကုန်တာဝန် ယူပြလိုက်စမ်းပါ၊ ဒီတာဝန်တွေ သူတို့ ရှိကြောင်းလည်း သိအောင် ယဉ်ကျေး သိမ်မွေ့စွာနဲ့ ပြောပြဘိုက်ကြပါစမ်းပါ။ အားလုံး ငါတို့က စည်းရုံးရင်း ချီတက်ကြမယ်၊ တို့မှာ လုပ်ငန်းစဉ်တွေ အများကြီးရှိ သေး တယ်။ လူမျိုးလည်း ပျက်နေပြီ၊ ဘာသာရေးလည်း ပျက်နေပြီ၊ အဘက်ဘက်က ယဉ်ကျေးမှု၊ စာရိတ္တ၊ အကုန်လုံးကို ပြန်လည် တည့်မတ်ပေးမဲ့ အဖွဲ့ကြီးအဖြစ် သံတွဲမြို့ ရဲ့ ကိုယ်စား တာဝန်ယူပေးကြပါ ( ကျေနပ်သလား) စာရိတ္တ မဏ္ဍိုင်ကိုလည်း ဟောဒီ အဖွဲ့ကြီးက သက်သေထူတယ်၊ သံတွဲ လူငယ်အဖွဲ့ ဝေယျာဝစ္စအဖွဲ့ဆိုပြီး မူးနေလို့လည်း မဖြစ်ဘူးနော်၊ ဟင် ( သဘောပေါက်သလား ) အခု ဦးဇင်းကို လာကြို တဲ့ သူတွေ အကုန်လုံးကို ဦးဇင်းကြည့်လိုက်တယ်၊ ဦးစောလွင်က ဘာထူးသလဲ ဦးဇင်း တဲ့၊ ဟုတ်တယ် Helment အကုန်ဆောင်းလာကြတယ်၊ ဆိုင်ကယ်ဦးထုပ်အကုန် ဆောင်းပြီးသား၊ ကားပေါ်ရောက် ခါးပတ်ဆွဲပတ်ရတာ ဘယ်သူအတွက်လည်း ကိုယ့် အတွက်ပါပဲ၊ မော်တော်ပီကယ်အတွက်မဟုတ်ဘူး၊ စနစ်တကျ စည်းကမ်းရှိဖို့ ကိုယ့် အဖွဲ့က အစသင်သွားရမယ်၊ ငါတို့ လမ်းသွားရင် ဆိုင်ကယ်ကို လမ်းလယ်က မစီးဘူး၊ ညာကပ်စီးရမယ်၊ အခုကလေးတွေ တွေ့နေရတယ်၊ နောက်က ကားတွေ ကပ်ပါလာ တာကို ပြိုင်ပြီးသွားနေတယ်၊ အန္တရာယ်ဖြစ်တော့မှာ မသိဘူး၊ အဲ့ဒါလေးတွေက အစ တဖြေးဖြေး ပညာပေးသိမ်းသွင်းစည်းရုံးရမယ်။ အဆင့်အတန်းရှိတဲ့ နိုင်ငံဆိုတာ၊ အဲ့ဒါလေးတွေကအစ အရေးကြီးပါတယ်နော်၊ နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်တာ အဟုတ်မှတ်မနေနဲ့ စည်းကမ်းပျက်တွေ တရားစွဲဖို့ ရိုက်တာပဲ၊ တို့ဗမာလူမျိုးတွေ အသိဥာဏ်မရှိ - အောက်တန်းကျတွေလေ၊ ကြက်တွေ ဘဲတွေကို တောင်ပံတွေ လိမ်ပြီး စက်ဘီးမှာ ဇောက်ထိုးဆွဲလာတာတွေ့တော့ နိုင်ငံခြားသား ဆွဲထိုးတော့တာ၊ ဘာလို့လဲ ဆိုတော့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတဲ့၊ ဟုတ်တယ်လေ၊ သတ်လည်း စားဦး မယ်၊ ကမ္ဘာနဲ့ ယှဉ်ကြည့်ရင် ဗမာက အောက်တန်းအကျဆုံးပဲ သိပ်ရှက်စရာ ကောင်းတယ်၊ ကိုးကွယ်နေတဲ့ ဘာသာက အနူးအညံ့ဆုံး၊ အသိမ်မွေ့ဆုံး၊ အမြင့်မြတ်ဆုံး ဘာသာ ကိုးကွယ်နေတာ၊ ဒါပေမဲ့ . . . တို့ ကိုယ်ကျင့်တရားတွေ အသိဥာဏ်တွေ တို့ စိတ်ဓာတ်တွေဟာ အင်မတန် ရိုင်းစိုင်းနေကြသေးတယ်၊ အဲ့ဒီ မြို့သူ မြို့သားတွေ ရိုင်းနေတာဟာ ငါတို့ ရိုင်းတာပဲလို့ မှတ်ထားပါ။ အခု ဦးဇင်းက ခင်ဗျားတို့ကို တာဝန်ယူပြီး ညှိနှိုင်းပြီးတော့ အကြံဥာဏ်တွေ ပေးနေရပြီ၊ ခင်ဗျားတို့ တစ်ခုခု ချို့ယွင်းရင် ဥုးသုမင်္ဂလအဖွဲ့ပဲလို့ပဲ ပြောမှာ၊ အမယ်လေး . . . ကျေးဇူးပြုပြီး တော့ဗျာ၊ ကျုပ်ကတော့ တာဝန်ခံထားပြီး ( သဘောပါသလား ) စဉ်းစားရတယ်၊ ခင်ဗျားတို့ဆီလာတော့ တော်တော် စဉ်းစားရတယ်၊ သြ၀ါဒက ပေးပြီးသွားပြီဆိုတော့ ကိုယ့်လူတွေ ဟုတ်ကော ဟုတ်ရဲ့လား ကြည့်ရအုံးမယ်၊ ခင်ဗျားတို့ မဟုတ်တာ လုပ်သမျှ သုမင်္ဂလဒီအတိုင်းပဲ သံတွဲမြို့ ကလေးတွေ ရိုင်းနေတယ်၊ ယဉ်ကျေးမှုမရှိဘူး၊ သြော် . . . ငါတို့ညံ့တယ် ငါတို့ရဲ့ စီမံခန့်ခွဲမှုတွေ အားနည်းနေတယ်၊ ငါတို့ရဲ့ ရှေ့ဆောင် လမ်းပြမှု မကောင်းလို့ပဲ၊ ကိုယ့်အထက်က လူတွေကို လက်ညိုးမထိုးနဲ့နော်၊ ကိုယ်ကိုယ်တိုင် တာဝန်ယူရမယ်၊ ကိုယ်ကိုယ်တိုင် တာဝန်ခံရမယ်၊ နှစ်လုံးပဲ အကြံဥာဏ် ပေးချင်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးမြင့်မားဖို့၊ တိုးတက်ဖို့၊ အေးချမ်းဖို့၊ လုံခြုံဖို့၊ အဲ့ဒါတွေ အားလုံးတစ်သားတည်း သွားတာနော်၊ တစ်ချို့က နိုင်ငံရေးရယ်၊ စီးပွားရေးရယ်၊ လူမှုရေးရယ်၊ တစ်ကန့်စီ ထင်နေတာ မဟုတ်ဘူး။ စီးပွားရေးဟာလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတာပဲ၊ ဘာသာရေးဟာလည်း လူမှုရေးနှင့် ပတ်သက် ဆက်နွယ် နေတာပဲ၊ အားလုံးဟာ အပြန်အလှန် ပတ်သက် ဆက်နွယ်နေတာ ဟုတ်ပြီနော်၊ အဲ့ဒီတော့ သူတော်ကောင်းတို့က လူမှုဘ၀မြင့်တက်ရေးနဲ့ ဘာသာတရား အဆင့်အတန်းမြင့်မားရေးကို ကြိုးစားလိုက်ပြီဆိုတာနဲ့ နိုင်ငံရေးကော၊ စီးပွားရေးကော၊ အားလုံးအဆင်ပြေသွားပါလိမ့်မယ် ဟုတ်ပြီလား ကျေနပ်ပြီနော်.

ဗုဒ္ဓဓမ္မကို ယုံသလား၊ ယခု ဦးဇင်းပြောခဲ့တဲ့ စကားသည် ဗုဒ္ဓဓမ္မထဲက ထုတ်နုတ်၍ ပြောလိုက်တဲ့ စကားများသာ ဖြစ်ပါတယ်။ ဒီတော့ တာဝန်ယူတတ်မှ သူရဲ ကောင်း၊ တာဝန်ခံတတ်မှ အရှင်သခင်၊ ဒါပါပဲ အားလုံးသာသနာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းမှန်သမျှ ငါတို့မှာ တာဝန်ရှိတယ်၊ ဒီလူမျိုးတွေက အကုန်လုံး အောက်တန်းကျ နေတာ ငါတို့မှာ တာဝန်ရှိတယ်၊ အားလုံးနိုင်သလောက် ရသလောက် ကြိုးစားလုပ်ကြပါ မည်သူနှင့်မျှ ပြဿနာ မဖြစ်ကြပါနဲ့ ညီညွတ်အောင်လုပ်နိုင်ခြင်းဟာလည်း ငါတို့ရဲ့ တာဝန်ယူမှုပေါ်မူတည်တယ်နော်၊ ဥပမာ ဘာသာရေး အများအကျိုးကို လုပ်ကြတော့မှ တစ်ယောက်နှင့် တစ်ယောက် ကြည့်မရအောင် မုန်းကြပြီဆိုရင် ဒီလုပ်ငန်းကြီးဟာ အောင်မြင်တယ်လို့ ပြောလို့ မရတော့ဘူး၊ ကိုယ့်ဟာကိုယ် အရပ်ထဲတုံးက ပခုံးဖက်ပေါင်းနေကြတာ ဒီလုပ်ငန်းလုပ်ကြတော့မှ တစ်ယောက်နဲ့ တစ်ယောက်ကြည့် မရတော့ဘူးဆိုရင် ဖြစ်သင့်သလား၊ မဖြစ်ပါစေနဲ့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ရိုင်းပင်းပြီးတော့ စိတ်ဓာတ်မြှင့်တင်ပြီး သူ့အယူအဆ ကိုယ့်အယူအဆ လွတ်လပ်စွာ ငြင်းခုံကြပါ၊ တွေးခေါ်ကြပါ တင်ပြပါ။

အားလုံးက သဘောတူကြလို့ ဒါ ဆုံးဖြတ်ပြီးပြီဆိုရင် ကိုယ်ကျေနပ်နပ်၊ မနပ်နပ် ဒါသဘောတူရမယ်၊ အားလုံးရဲ့ သဘောတူမှုရပြီး၊ မင်းကောင်းကွက် မင်းပြန်ရှာပြီး ပြန် လုပ်၊ ရည်ရွယ်ချက်တူရင် လက်မတွဲနိုင်စရာအကြောင်း မရှိပါဘူး။ ငါတို့အားလုံးသည် ဘာအတွက် အလုပ်လုပ်တာလည်း သာသနာအတွက် အလုပ်လုပ်နေတာ ဟုတ်ပြီနော်၊

အခု ဒီနေ့ နိုင်ငံတ၀န်းမှာ မညီမညွတ်ဖြစ်နေကြတာ၊ သံဃာ အချင်းချင်းလည်း မညီမညွတ် လူအချင်းချင်းလည်း မညီညွတ် သာသနာပြု အချင်းချင်းလည်း မညီမညွတ်၊ မြို့တစ်မြို့မှာ သာသနာပြု အသင်းနှစ်သင်း ရှိရင်ကို တစ်သင်းနဲ့ တစ်သင်း မတည့်ချင်ဘူး၊ ( သံတွဲပြောတာမဟုတ်ဘူးနော်) တကယ်ဆိုရင် ဆွမ်းလောင်းအသင်း နှစ်သင်း ရှိရင်ကို တစ်သင်းနဲ့ တစ်သင်းမတည့်ချင်ဘူး၊ ( သံတွဲပြောတာမဟုတ်ဘူးနော်) တကယ်ဆိုရင် ဆွမ်းလောင်းအသင်းသူတစ်ရက် ကိုယ်တစ်ရက် တာဝန်ယူလိုက်ကြ မယ်ဆိုရင် တစ်ပတ်မှာ (၇)ရက် ကျန် ( ၅) ရက် ဆွမ်းငတ်နေရမလား . . .။

ဘုန်းကြီး သဘောကျတယ်၊ ရန်ကုန်မှာ လှိုင်မြို့နယ်တို့၊ ကမာရွတ်မြို့နယ်တို့ သွားတဲ့အခါ ကျတော့ ဒါဟာ ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း၊ ဒီလမ်းက ကြာသပတေး ဆွမ်းလောင်းအဖွဲ့၊ ဟိုလမ်းက စနေ၊ ဟာ ဒါဆို မင်းတို့ ရပ်ကွက်က တပည့်တော်တို့ သူတစ်ရက်၊ ကိုယ်တစ်ရက်၊ လမ်းတိုင်း နေ့စဉ် ဆွမ်းလောင်းရက် အပတ်စဉ်ရှိပါတယ် တဲ့၊ ဘုန်းကြီးတွေ အဆင်ပြေတာပေါ့၊ ဆွမ်းမငတ်ဘူးပေါ့နော်၊ တို့ မန္တလေးမှာတော့ အဖိတ်နေ့နဲ့ ဥပုသ်နေ့ ဆွမ်းလောင်းအသင်းပဲ ရှိတော့ ဥပုသပ်နေ့ပဲ ဆွမ်းကောင်းကောင်းစားပြီး စားရပြီး ကျန်တဲ့နေ့မှာ ငတ်ပေါ့။

ဒီတော့ နှစ်သင်းရှိတာ ပြဿနာလားဗျာ၊ အဲ့ဒါပါပဲ ငါတို့ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းမယ်၊ တိုင်ပင်မယ်၊ စုဝေးညီညွတ်စည်းလုံးမှု ပြုမယ်၊ တို့ ဒီတစ်ရက် တာဝန်ယူ ရင် ညီလေးတို့ ဒီရက်တာဝန် ယူမယ်ဗျာ၊ အစ်ကိုတို့ ဒါဆောင်ရွက်မယ်ဆိုရင် ညီလေး တို့ကို ဟိုကိစ္စလုပ်မယ်ဗျာ၊ ဟင် . . . (သဘောပါသလား) ဦးထမ်းပဲ့ထမ်း၊ သူ့တာဝန် ကိုယ့်တာဝန်နဲ့ နိုင်ရာတာဝန်ကို ဆောင်ရွက်မယ်ဆိုရင် မတိုးတက်စရာအကြောင်း မရှိဘူး။

ဒါကြောင့် အားလုံး အားလုံး ဘယ်သူနှင့်မှ ဘာပြဿနာမှ မတက်ကြပါစေနဲ့၊ အကျိုးပြုဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းလေးဖြစ်အောင် အားလုံး ၀ိုင်းဝန်းဆောင်ရွက် ပေးပါ။ ဒီတော့ ငါတို့သည် သံတွဲမြို့ကို တာဝန်ယူဆောင်ရွက်ကြမဲ့ သာသနာ တာဝန်ခံ လူငယ်အဖွဲ့အဖြစ် ဦးဆောင်နိုင်ကြသူများ ဖြစ်ကြပါစေလို့ ဦးဇင်းအကြံပေးရင်းနဲ့ ဒီကနေ့ ဦးဇင်းရဲ့ အကြံဥာဏ်စကားကို နိဂုံးချုပ်ပါရစေ . . .

သာဓု သာဓု သာဓု

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP