* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 23, 2011

တဆုပ်ဆန်နှင့် ကုသိုလ်ကံ-အံ့ဖွယ် ကျေးဇူးသိသူ

ယခုတော့ ကျွန်တော်တို့ အိမ်ကလေးသည် ပျဉ်ထောင် ပျဉ်စီ၊ သွပ်မိုး အိမ်ကလေးအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။ အကြောင်းမှာ ကျွန်တော်တို့ မိသားစုအားလုံး၏ ကံ ကံ၏အကျိုး၊ ကုသိုလ်ကံ စေတနာတို့ကြောင့် အမေ့အိမ် ထီဆိုင်တွင် ထီထိုးရာမှ သုံးသိန်းဆု ထီပေါက်ခြင်းကြောင့် ဖြစ်သည်။

ဤကဲ့သို့ ထီမပေါက်ခင်ကာလတွင် ကျွန်တော်တို့ မိသားစုသည် နေ့ဖို့ညစာ ကိစ္စအ၀၀ကို အတော်လေးပင် ချင့်ချိန်ချွေတာ၍ စားသုံးခဲ့ရပါသည်။ သို့သော်လည်း အလှူအတန်းနှင့် ပတ်သက်လာလျှင် မိမိတို့တတ်နိုင်သမျှ သဒ္ဓါတတ်အား နည်းများမဆို ရတနာသုံးပါး ဦးထိပ်ထား၍ စေတနာသန့်သန့်နှင့် လှူဒါန်းမှုကို ပြုတတ်ပါသည်။ အလှူအတန်းနှင့် ပတ်သက်၍ ထိုနေ့ကိုဖြင့် အမှတ်တရနေ့ များစွာထဲမှ အမှတ်အရဆုံးနေ့ ဖြစ်ပါသည်။

အိမ်ရှေ့တွင် ကြေးစည်သံတဝေေ၀နှင့် တဆုပ်ဆန် အလှူခံများ ရပ်နေကြသည်။ ကျွန်တော့်အမျိုးသမီးသည် ဆန်အိုးထဲက ဆန်များကို မပြည့်ပြည့်အောင် နို့ဆီဗူးထဲသို့ ခြစ်ခြုတ်ထည့်နေသည့် အသံကိုလည်း အတိုင်းသား ကြားနေရသည်။ ခဏကြာမှ ဆန်နို့ဆီဗူးတဗူးအပြည့် ယူလာပြီး ကျွန်တော့်ကို ပြုံးပြ၍ သွားရောက်လောင်းလှူပါသည်။ ကျွန်တော်လည်း အလိုက်သိစွာ ခေါင်းညိတ်ပြလိုက်ပါသည်။ ရှိသမျှ ဆန်အားလုံး လှူခဲ့ပါသည်။ ထိုတဆုပ်ဆန် အလှူခံများ ပြန်သွားကြ၍ ၁၅-မိနစ်ခန့်ကြာသော်-

မောင်တင်အောင်ထွန်းရေ ခဏကွာ၊ ဦးတို့အိမ်မှာ မီးခလုတ်ခုံလေး ပျက်သွားလို့ လိုက်ပြင်ပေးပါဦး၊ အားတော့ နာတယ်ကွာ-

အားနာစရာ မလိုပါဘူး ဦးရယ်၊ ရပါတယ်။ ကူညီရမှာပေါ့-ဟူ၍ ကူညီခဲ့သည်။

ထိုနေ့ည ဦးရဲလွင်တို့အိမ်မှ မီးခလုတ်ခုံပြင်၍အပြန် ရရှိလာသော လုပ်အားခကလေးဖြင့် မနက်ဈေးဖိုးပေး၊ ကျန်သောငွေဖြင့် အမေ့အိမ် ထီဆိုင်တွင် ထီလက်မှတ်တစောင် ထိုးလိုက်ရာမှ တဆုပ်ဆန်၏ ကုသိုလ်ကံအကျိုးသည် ကျွန်တော်တို့ မိသားစု၏ ရင်တွင်းသို့ ပဲ့တင်သံထပ် ပီတိများ လျှံဝေစေပါတော့သတည်း။

မောင်မောင်ဝင်းတင်(ရွေှ့ပင်မြေ)

(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ)

Posted by: mingala at 21.4.11 0 မှတ်ချက်ရေးပါ http://img2.blogblog.com/img/icon18_edit_allbkg.gif

Labels: ကံ ကံ၏အကျိုး

အံ့ဖွယ် ကျေးဇူးသိသူ

သိင်္ဃိုကျွန်း အနုရာဓပြည်၌ သင်္ခဗောဓိမင်း မင်းပြုသောအခါ သင်္ဃတိဿအမတ်သည် မင်း၏စည်းစိမ်ကို လုမည်-ဟု စစ်အင်္ဂါလေးပါးဖြင့် ဇနပုဒ်က ချီလာသည်။

သင်္ခဗောဓိမင်းသည် စစ်ပြုပါက လူအများသေကျေ ပျက်စီးမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ညဥ့်အခါမှာ ပြည်ကခွါ၍ ပြေးလေသည်။ မိုးသောက်လျှင် တခုသောအရပ်သို့ ရောက်၍ ပင်ပန်းလှသဖြင့် ရေဆိပ်တွင် ထိုင်လျက်နေ၏။

ထိုအခိုက် လုလင်တယောက်သည် ထမင်းထုပ်ကို တောင်ဝှေးဖျားမှာ ဆွဲ၍ လယ်ပြင်မှ တက်လာသည်။ မင်းကို မြင်လျှင် ထမင်းကို ဆက်ကပ်၏။

မင်းလည်း ထမင်းစားပြီးသော် လုလင်အား” သင် ငါ့ကို သိသလော” ဟုမေး၏။

ကျွန်ုပ်မသိ ဆိုသော် ငါသည် သင်္ခဗောဓိမင်း-ဟု ပြန်ပြောလေ၏။

လုလင်လည်း ”အရှင်မင်းကြီး ထိုသို့ဖြစ်သော် အဘယ့်ကြောင့် တကိုယ်တည်း ကြွလာတော်မူသနည်း”ဟု မေးမြန်း၏။

ထိုအခါ မင်းက ”အမတ် သင်္ဃတိဿသည် မင်းပြုမည် ဟူ၍ ငါ့ကို စစ်ပြိုင်လာပါသည်၊ ငါသည် လူအများသေကျေမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ထွက်ခဲ့သည်-ဟူ၍ ဆို၏။

သင်္ခဗောဓိမင်းက ”အမောင် လုလင်၊ ငါသည် သင့်ထမင်းထုပ်ကို စားရသောကြောင့် သင့်ကျေးဇူးသည် ငါ့အပေါ် တင်ရှိနေပေ၏။ ကျေးဇူးဆပ်လိုသည့်အတွက် သင်သည် ငါ့ဦးခေါင်းကိုဖြတ်၍ သင်္ဃတိဿအား ဆက်လေ၊ ဆုလာဘ်များစွာ ရလိမ့်မည်”ဟူ၍ ဆို၏။

ထိုအခါ လုလင်က ”အရှင်မင်းကြီး၊ ဤသို့ပြုမှ ရသော စည်းစိမ်ချမ်းသာ ဆုလာဘ်ကို မမြတ်နိုးပါ”ဟု ငြင်းဆိုသည်။

မင်းလည်း ”ထိုသို့တပြီးကား ငါ့အလိုလိုပင် ငါ သေအံ့”ဟု အဓိဋ္ဌာန်ုပြုလျက် ရေဖြင့် သွန်းဖျန်းတော်မူသော် မင်း၏ ဦးခေါင်းသည် အလိုလို ပြတ်လေ၏။

လုလင်သည်လည်း မင်းခန္ဓာစဲမှ ဦးခေါင်းကို ယူကာ သင်္ဃတိဿမင်းအား ဆက်လေ၏။ အလုံးစုံသော စကားကိုလည်း လျှောက်ကြား၏။ သင်္ဃတိဿမင်းသည် ”ဤလုလင်အနေဖြင့် ငါ၏ ရန်သူဖြစ်သော မင်းသည် မိမိလက်တွင်းသို့ ရောက်လျက် မသတ်ဘဲ နေသည်။ ထိုမင်း သူ့အလိုလို အနိစ္စရောက်မှ ဦးခေါင်းကိုယူ၍ ငါ့ကို ဆက်သလာပေသည်။ ဤလုလင်သည် အလွန်ပညာကြီး၏။ စိတ်နှလုံးမွန်မြတ်၏။ ငါ့ရန်သူကိုမျှ မသတ်ဘဲ နေ၏။ ဤလုလင်အား သူကောင်းပြုသော် ငါ့ကျေးဇူးကို အလွန်လျှင် သိမည်”ဟူ၍ ဆိုကာ များစွာ ဆုလာဘ်ပေးသည်။ ထို့ပြင် အမတ်ကြီးအရာ ကိုလည်း နှင်းအပ်တော်မူလေသည်။

အကိုး။ ။ မုံရွေးဆရာတော်-ရာဇောဝါဒကျမ်း။

(၀င်းမောင်-မြိုင်သာ)

(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ)

Read more...

ပဋ္ဌာန်း ၂၄-ပစ္စည်း

၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance.
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance.


ဆရာတော် ဦးဉာဏ (လယ်တီကျမ်းများကို အင်္ဂလိပ် ဘာသာပြန်သူ)

Posted by: mingala at 22.4.11 http://img2.blogblog.com/img/icon18_edit_allbkg.gif

Labels: ဓမ္မ-ဗဟုသုတ

Read more...

သွားရမည့် လမ်းခရီး



ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ
အချက် (၈) ချက်ရှိတယ်။
ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်
အဆင်ပြေသလို ပြန်ဆိုကြတယ်။

(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို
Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။
မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။

နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့
ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။

မှန်ကန်တဲ့အမြင်ရှိဘို့အတွက်
အမြင်မှန်ဘို့လိုအပ်တယ်။
အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

Right Understanding is the understanding of oneself as one really is.

ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ
ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို
ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

ဒါကို စာပေစကားမှာတော့
နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဥာဏ်တဲ့။
ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာ
မဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
The key-note of Buddhism is this right understanding.

(၂) သမ္မာသင်္ကပ္ပ
မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
မှန်ကန်တဲ့အတွေးရှိမှာပါ။
မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
အင်္ဂလိပ်လိုတော့
Right Resolutions, Right Aspirations, Right Ideas စသဖြင့်
အမျိုးမျိုးပြန်ဆိုကြတယ်။

ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးက
မှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

(၃) သမ္မာဝါစာ
မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။

နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
သမ္မာဝါစာ - မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
မုသာဝါဒ - လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊
အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
သမ္မာဝါစာ - မှန်ကန်တဲ့စကားဆိုလို့
ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်
အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။

What one utters is not only true, sweet and pleasant
but also useful, fruitful and beneficial.

(၄) သမ္မာကမ္မန္တ
အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန္တလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Action ပေါ့။
အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာ
တခြားထွေထွေထူးထူးမဟုတ်ပါဘူး။

မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး
သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊
သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်
Right Action ဖြစ်တော့တာပါဘဲ။
It deals with abstinence from killing, stealing and sexual misconduct.

(၅) သမ္မာအာဇီဝ
အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်
အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မ၀င်စားတော့ပါဘူး။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘ၀ရပ်တည်တော့မှာ အမှန်ပါ။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Livelihood ပေါ့။

ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
(က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
(ခ) လူကုန်ကူးမှု (Traiding in human beings)
(ဂ) သားငါးမွေးမြူရေး (Traiding in flesh)
(ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
(င) အဆိပ် (Trading in poison)

(၆) သမ္မာဝါယာမ
သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။
အင်္ဂလိပ်လိုတော့ Right Effort တဲ့။

နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။
ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။
နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။
နည်းမှန်မှ လမ်းမှန်မှာပါ။
နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်
လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
(၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
(၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
(၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
(၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
လေးမျိုးရှိပါတယ်။

မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
ဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာ အင်မတန်အရေးကြီးပါတယ်။
သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်
ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။

ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့
နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

(၇) သမ္မာသတိ
မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
သမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။
Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။

ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)
သမ္မာသတိ - မှန်ကန်သော သတိလို့ခေါ်ပါတယ်။

ကိုယ့်ကိုယ်ကို
လှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊
ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊
မြဲတယ်လို့ မမှတ်ယူမိအောင်၊
အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊
အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။

Mindfulness on these four objects tend to eradicate the misconceptions
with regard to desirablity (subha), so-called happiness (sukha),
permanence (nicca) and an immortal soul (atta) respectively.

(၈) သမ္မာသမာဓိ
မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့
မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။
မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။

သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။
ကိုယ်ကိုယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။
သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူ
မည်သူမဆို
မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့ ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။
Read more...
1 comments

Read more...

၁၃၇၃ ခုတန်ခူးလပြည့်ကျော် (၃)ရက် ကြာသာပတေးနေ့ အလှူ

၁၃၇၃ ခုတန်ခူးလပြည့်ကျော် (၃)ရက် ကြာသာပတေးနေ့
ကိုနိုင်နိုင်ထွန်း+မချောစုလှို

င် (စင်ကာပူ)ကောင်းမှုဖြစ်ပါသည်။

နေ့ဆွမ်းလောင်းလှူခြင်း
ဆွမ်း
ကြက်သားဟင်း
မြေထောက်ပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။

5509427.jpg

5509537.jpg

5509539.jpg

5509556.jpg

5509562.jpg

5509559.jpg

5509535.jpg

5509600.jpg


0 comments:

Read more...

Guru Busters

Following article is abridged from : http://news.bbc.co.uk/2/hi/programmes/this_world/3813469.stm

Relevant to tomorrows meeting and discussion on the role of leadership, particularly gurus, in religion and spirituality, the article comments on India’s most famous Avatar Sai Baba.

Buddhism too of course, is not free from misbehaving monks – but then monks do not claim to be ‘Avatars’ or incarnations of God:

Basava Premanand is India’s leading guru-buster.

He believes that the country’s biggest spiritual leader, Sri Satya Sai Baba, is a charlatan and must be exposed.

Basava Premanand has been burgled… again.

It is the third time in just one month. But he is in no doubt of the thieves’ motives.

He suspects they were looking for evidence that he has collected for over 30 years against India’s leading spiritual guru, Sri Satya Sai Baba.

Mr Premanand believes this evidence proves the self-proclaimed “God-man”, Sai Baba, is not just a fraud, but a dangerous sexual abuser.

“Sai Baba is nothing but a mafia man, conning the people and making himself rich”

As India’s leading guru-buster, Basava Premanand is the scourge of all miracle-makers.

He is the founder of the Federation of Indian Rationalist Associations and the editor of a monthly periodical called The Indian Sceptic.

He believes that it is his duty to dispel the “curse of gullibility blighting his country in the form of myth and superstition“, and replace it instead with the “gospel of pure, scientific understanding“. [why do scientists seek to religify science by words like 'gospel' or adding choir music to science films - such as S. Greenfield did with her documentaries on neurology or R. Dawkins]

Allegations

Rumours about Sai Baba sexually abusing young male devotees have been circulating for years.

In 1976 a former American follower,Tal Brooke, wrote a book called Avatar of the Night: The Hidden Side of Sai Baba. In it, he referred to the guru’s sexual exploits.

…..

But Mr Premanand says that there are many Indians who also claim to have been abused but are too afraid to speak out.

Well-connected

It is no surprise that Indian victims are scared of reprisals. Sai Baba’s influence among the power elite of India is impressive.

Prime ministers, presidents, judges and generals, have all come to the ashram (religious retreat) in Puttaparthi in southern India, to pay their respects.

….

To date, Basava Premanand has survived four murder attempts and bears the scars from several savage beatings.

In 1986, he was arrested by the police for marching to Puttaparthi with 500 volunteers for a well-publicised confrontation with Sai Baba.

Later that year, he took Sai Baba to court for violating the Gold Control Act by producing gold necklaces out of thin air without the permission of a Gold Control Administrator.

When his case was dismissed, Mr Premanand appealed on the grounds that spiritual power is not a defence recognised in law.

Break-in

In June 1993, the peace of the ashram was shattered when a gruesome incident took place.

Four male devotees, who were close to Sai Baba, broke into their guru’s private quarters late at night armed with knives.

Their motives are unclear. Some say they were going to warn their guru about corruption among the higher echelons of the ashram. Others say they were going to kidnap or even kill Sai Baba.

They were stopped by Sai Baba’s personal attendants and in the violent struggle that ensued, two of the attendants were killed and two left seriously wounded.

Sai Baba managed to escape through a secret flight of stairs and raise the alarm. Just before the police arrived, the four men escaped to Sai Baba’s bedroom. It was there, the police say, they shot the intruders out of self defence.

….

Today, this sprightly septuagenarian is as busy as ever, collecting and collating more information. Mr Premanand is preparing for another battle.

“This”, he says mischievously, “is going to be the greatest fight of my life.”

Read more...

ဒီပလိုမေစီကြောင်ဋီကာသစ်(၂)

(၃)

ဦးဗုဓ်ဆိုသည်က မြန်မာ့သာသနာဝင်မှတ်တမ်းတွင် ''ဗုဓ်အစ (ဗုဒ္ဓအရှင်) ဗုဓ်အလယ် (ဗုဒ္ဓအရှင်နှင့် သာဝကအဆူဆူတို့၏ တရားဓမ္မများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုကာ အဋ္ဌကထာကျမ်းများကို ပြုစုတော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ) ဗုဓ်အဆုံး( ညောင်ကန်ဆရာတော်ဦးဗုဓ်)'' ဟု ဂန္ထ၀င်အဖြစ် စံတင်ရစ်အောင် ပြောင်မြောက်ခဲ့သည့် ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်လေသည်။

ပိဋကတ်စာပေများကို မြန်မာစကားပြေဖြင့် နိသျပြန်ဆိုရာတွင် ပြိုင်ဘက်ကင်းခဲ့၏။ သက်တော်ငါးဆယ့်ငါးတွင် ခန္ဓာဝန်ချ၍ လွန်တော်မူရာတွင် သာသနာတော်အတွက် ကျမ်းပေါင်းငါးဆယ်တိတိ ပြုစုချန်ထားနိုင်ခဲ့၏။ သွေးဝမ်းသွန် ဒူလာရောဂါ နှိပ်စက်သဖြင့် ကုဋီ (အိမ်သာ)ထဲမှ မထွက်နိုင်အောင် ပင်ပန်းခဲ့သော်လည်း ကုဋီ (အိမ်သာ) နံရံတွင် ကျောက်သင်ပုံးကြီးချိတ်ကာ ကျမ်းဂန်တစ်စောင်ကို အပြီးသတ်ရေးသားနိုင်ခဲ့သည်အထိ ၀ီရီယဓါတ်နှင့် ခန္တီအား ကြီးမားခဲ့လေသည်။ ကျမ်းဂန်တတ်ပွန်သည်နှင့်အမျှ လောကီအရေးနှင့် ဓမ္မအရေးမရောယှက်ဘဲ သာသနာ့မျက်နှာတစ်ခုတည်းသာ ကြည့်တတ်သည့် ဆရာတော်ကြီး တစ်ပါးအဖြစ်လည်း ဘကြီးတော်စစ်ကိုင်းမင်း၊ နန်းမတော်မယ်နုနှင့် သာယာဝတီမင်း( ကုန်းဘောင်ရွှေဘိုမင်း) တို့ နိုင်ငံ့အရေးရှုပ်ထွေးေ၀၀ါးခဲ့ရာ ကုန်းဘောင်ခေတ်လယ်သမိုင်းတွင် အထင်းသား ရပ်တည်ခဲ့လေသည်။

အထက်အညာကျေးလက်ရှိ မိဘရင်ခွင်မှ မြို့တော်သို့ စုန်ရလေသည့် လော်ကယ်ရထားခရီးစဉ်တွင် ဧရာဝတီမြစ်ပြင်ကို ဖြတ်ကာ စစ်ကိုင်းတံတားကြီးကို ကျော်ဖြတ်ရလေတိုင်း ဆရာတော်ဦးဗုဓ် သီတင်းသုံးတော်မူခဲ့ရာ နန်းမတော်မယ်နုအုဋ္ဌ်ကျောင်းကြီးကို လွမ်းတစွာ ငေးမောတတ်ခဲ့မြဲ....။ သူ့ငယ်ဘ၀နေရက်များမှသည် ယခုမက်နေဆဲ အိပ်မက်များထိ ဦးဗုဓ်သည် ဘယ်တော့မှ ပြိုမကျခဲ့လေသော စံမုခ်ဦးကြီးဖြစ်သည်။

သို့သော် ထိုမုခ်ဦးတွင် သူက မှီရပ်နေရုံမျှသာ ဖြစ်သည်။ မုခ်ဦးတံခါးကို ခေါက်နိုင်စွမ်းရှိလောက်အောင်ပင် သူက မကြောင်ရဲ...။ ဦးဗုဓ်က ကုန်းဘောင်သမိုင်းတွင် နီစွေးအောင် ခပ်ရဲရဲ ခပ်မာမာ ကြောင်ခဲ့ဖူးသေးသည်။ ဗီဇအားဖြင့်ငယ်စဉ်ကတည်းက ကြောင်ခဲ့ဖူးလေသော ကိုရင်လေး မောင်ဗုဓ်ဘ၀မှ ထူးမြတ်ချွန်မြသော သာသနာ့အာဇာနည်ကြီးဖြစ်ခဲ့လေသည်က အမှန်ပင်..။

အော် ကြောင်တာက ဘယ်နှစ်မျိုးရှိပါလိမ့်...။ ဆိုးကြောင် .. ကောင်းကြောင်...ကြောင်ရူး ကြောင်ထူး...။

အဲ ကြောင်ဝက် ကြောင်ပြည့်..။

(ဂေါက်ကြောင် ဆိုသဟာကိုတော့ ဤဋီကာသစ်က တို့ထိလိမ့်မည် မဟုတ်...)

အနောက် ဥရောပဒေသ၊ တိုင်းဇာမဏီပြည်၊ ဟန်းဘတ်မည်ပေသော ၀ိဿဝိဇ္ဇာလယ (တက္ကသိုလ်ကြီး)မှ ဂန္ထန္ထရ စာပေ ကျမ်းအဆူဆူ၊ ပညာရှင်ပါရဂူကြီးအဖြစ်၊ ဒီလစ်ဘွဲ့ထူး ဆက်ကပ်၊ ပူဇော်ခြင်း ခံရအပ်ပေသည့် ဒကာတော် ဒေါက်တာသခင်ကိုယ်တော်မှိုင်းကြီး၏ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဋီကာ။ ဒေါင်းဋီကာ၊ခွေးဋီကာ ကြာဋီကာ...အဖြာဖြာသောကျမ်း အဆန်းထွင်သမျှကို အားကျငန်းငန်း တလွမ်းလွမ်းဖြစ်လေရကား သညာအားဖြင့် ဒစ်ပလိုမေစီ ကြောင်ဋီကာသစ်မည်ပေသည့် ဤမည်သောစာလက်တစ်သစ်ကို ဆက်လက်ရေးခြစ်လိုလှသော၊ မြမ္မရဋ္ဌ ရွှေပြည်မဟာကြီးလျှင် ဖွားရာဇာတိရှိ၍ မဇ္ဈိမဒေသ ဗာရာဏခရိုင်လျှင် နေထိုင်ရာပ၀တ္တိရှိပေသော ငါဆရာသည် ကွန်ပြူတာကီးဘုတ်ထက် လက်ကွက်များ ပျက်လောက်အောင် တချက်ချက်နှိပ်ပေတော့အံ့သတည်း။။။

Read more...

Precious Summer Days - အဖိုးတန် နွေနေ့ရက်များ

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်တုန်းက သိခဲ့တဲ့၊ ဆရာလုပ်ရတာ ၀ါသနာပါတဲ့ ဆရာတော်တစ်ပါးက ဆွဲထည့်လို့ သူနဲ့အတူ ဆရာလုပ်လိုက်ရသေးတယ်။ ၂၀၀၇ ခုနှစ် နွေကျောင်းပိတ်ရက်တုန်းကပါ။ ဟုတ်တာ မဟုတ်တာ အပထား နွေနေ့ရက်တွေ တန်ဖိုးရှိခဲ့တယ်လို့တော့ ပြောတာပဲ။

အဖိုးတန် နွေနေ့ရက်များ

၂၀ဝ၇ ခုနှစ်ရဲ နွေဦးနေ့တစ်နေ့က ဖြစ်ပါတယ်။ ကိစ္စတစ်ခုရှိလို့ ပန်းဘဲတန်းရပ်ကွက်ကို စက်ဘီးနဲ့ ထွက်လာခဲ့ပါတယ်။ လမ်းခုလပ်မှာ အလှူခံမဏ္ဍပ်တစ်ခုက အလှူရှင် နာမည်တွေ ကြေငြာနေတာ ကြားလိုက်ရပါတယ်။ ကျွန်မတို့ မွေးရပ်မြေ ဟင်္သာတမြို့မှာ အလှူခံမဏ္ဍပ်က အသံချဲ့စက်သံ ကြားရတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ တစ်ချိန်ချိန် တစ်နေရာရာမှာ တစ်ခုခုအတွက် အလှူခံနေကြတာ လှူဒါန်းနေကြတာဟာ ဒီမြို့ရဲ့ ကိုယ်ပိုင်ဟန်လို့တောင် ဆိုနိုင်မယ် ထင်ပါတယ်။ အလှူခံမဏ္ဍပ်က ကြေငြာသံတွေသာ မကဘဲ ပဋ္ဌာန်းရွတ်ဖတ်သံ ဒါမှမဟုတ် တရားဓမ္မ အားထုတ်ကြဖို့ တိုက်တွန်းဖိတ်ခေါ်သံ ဒါမှမဟုတ် သာသနာနဲ့ဆိုင်တဲ့ အသံတစ်မျိုးမျိုး အမြဲကြားရတတ်တာဟာ ဟင်္သာတရဲ့ ဘာသာရေးသင်္ကေတ တစ်ခုပါပဲ။ ဟင်္သာတဆိုတာ သာသနာစည်ပင်တဲ့ ဒေသကောင်းတစ်ခုလေ။ ကိုယ့်မွေးရပ်မြေအကြောင်း ကိုယ့်ဟာကိုယ် အကောင်းဘက်က စဉ်းစားရင်း အဲဒီ အလှူခံ မဏ္ဍပ်ရှေ့ ရောက်လာခဲ့ပါတယ်။
ပညာရေးရံပုံငွေအတွက် ကောက်ခံနေတဲ့ အလှူခံဌာနလေး တစ်ခုပါပဲ။ အလှူခံမဏ္ဍပ်က စာတမ်းလေးကို ဖတ်လိုက်မိပါတယ်။ “ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ Noble School၊ ၉-တန်း ၁၀-တန်း ပညာဒါနကျောင်း”။ စေတနာရှင်တို့၏ ပံ့ပိုးမှုကို ခံယူကာ မပြည့်စုံသည့် ကျောင်းသူကျောင်းတို့အတွက် ရပ်တည်လည်ပတ်နေသည့် အခမဲ့ စာသင်ကျောင်းလေးတစ်ခု ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ အလုပ်လေး တစ်ခုပါလားလို့ စိတ်ထဲမှာ ချီးကျုးမိပါသေးတယ်။ သူတို့ကျောင်းလေးက စိတ်ဝင်စားစရာလေးပါပဲ။
စိတ်ဝင်စားမှု အတွေးတွေကြောင့် Noble Schoolအကြောင်း ဆက်လက်မေးမြန်း စုံစမ်းကြည့်တော့ ဓမ္မဗိမာန်ဆရာတော် ဦးဥာဏာလင်္ကာရ (MA, Buddhism) နဲ့ နီးစပ်ရာ ဆက်စပ်ရာ ဒကာဒကာမ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို ဓမ္မဒါနအဖြစ် ပညာသင်ကြား ပေးနေကြကြောင်း သိရပါတယ်။ နောက်ပြီး ကျောင်းသင်ဘာသာရပ်တွေသာမက လူငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက် လိုက်နာပြုကျင့်ထိုက်တဲ့ တရားဒေသနာတော်တွေကိုပါ ထည့်သွင်းသင်ကြား ပေးနေကြကြောင်း သိရပါတယ်။ နိုင်ရာတာဝန် ထမ်းဆောင်နေကြတာ ဂုဏ်ယူစရာ တိုင်းပြုပြည်ပြု သာသနာပြု လုပ်ငန်းတစ်ခုပါပဲ။
“သင့်ရဲ့ အခန်းကဏ္ဍကို ကောင်းကောင်း လုပ်ဆောင်ပါ။ အဲဒီနေရာဟာ ဂုဏ်သိက္ခာတို့ရဲ့ တည်ရာ ကောင်းချီးအနုမောဒနာ တို့ရဲ့တည်ရာပဲ”ဆိုတဲ့ ဝင်စတန်ချာချီရဲ့ စကားလိုပေါ့။ အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့် ကျေးဇူးပြုနေတဲ့ ဒီကျောင်းတိုက်ဟာ အသရေပြည့်ဝတဲ့ နေရာမြတ်တစ်ခု မဟုတ်ပါလား။ တစ်ပိုင် တစ်နိုင် ပညာဒါနမှ တစ်ဆင့် လူ့နှလုံးသားထဲ ဗုဒ္ဓတရားတော်တွေ စိမ့်ဝင်ပျံ့နှံ့ရေး အားသွန်နေကြသူတွေရဲ မွန်မြတ်တဲ့ စိတ်ရင်းစေတနာကောင်းကို နှလုံးသားနဲ့ ခံစားနားလည်မိပါတယ်။ သူတို့စေတနာကို နားလည်အသိအမှတ်ပြု ထောက်ခံတဲ့ အနေနဲ့ အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ သာသနာရေးကုသိုလ် အမျိုးသားရေးကုသိုလ်မို့ ကုသိုလ်လည်းရ တာဝန်လည်းကျေဆိုပြီး အားရကျေနပ်မိခဲ့ပါတယ်။
Noble Schoolနဲ့ ဆက်စပ်တဲ့ ရေစက်က ဒါနဲ့တင် ပြတ်ခဲ့သည်မဟုတ်။ ကျွန်မ ပညာသင်ယူနေတဲ့ ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်က ဆရာမ ဒေါ်အေးမွန်ဝင်းက “ဓမ္မဗိမာန်ကျောင်းရဲ့ Noble Schoolက စီစဉ်ဖွင့်လှစ်တဲ့ Special Summer Schoolကို တက်ဖြစ်အောင် တက်ကြည့်စမ်းပါ”လို့ တိုက်တွန်း လာပါတယ်။ အက်ဆေးပုံစံနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ ဗုဒ္ဓတရားတော်တွေကို အခြေခံပြီး အင်္ဂလိပ်စာ စွမ်းရည်လေးမျိုး တိုးတက်ဖို့ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် လူငယ်ကျောင်းသူတစ်ယောက် တက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်တဲ့အကြောင်း ဆရာမက ရှင်းပြပါတယ်။ ဆက်လက် စုံစမ်းကြည့်လိုက်တော့ သင်တန်းကာလက (၂၄. ၄. ၂၀ဝ၇)ကနေ (၂၄. ၅. ၂၀ဝ၇)အထိ ဖြစ်တယ်၊ သင်တန်းကာလ တစ်လအတွင်းမှာ ရန်ကုန် ထေရဝါဒတက္ကသိုလ်က PhD ကျမ်းပြုဆရာတော် အရှင်အာစာရက ဗုဒ္ဓဘာသာအခြေခံ သဘောတရားများကို အင်္ဂလိပ်လို သင်ကြားပေးမှာဖြစ်ပြီး English Grammarကိုတော့ ဓမ္မဗိမာန်ဆရာတော် အရှင်ဥာဏာလင်္ကာရက သင်ကြားပေးမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ကျွန်မအနေနဲ့ အမှန်ကို ဝန်ခံရရင် တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပေမယ့် အင်္ဂလိပ်စာမှာ writing, reading, listening, speakingဆိုတဲ့ ရေး-ဖတ်-ကြား-ပြော စွမ်းရည်လေးမျိုးလုံး အားနည်း နေပါသေးတယ်။ ဘာသာရေး အသိပညာလည်း အခြေခံအဆင့်ရဲ့ အောက်ဆုံးတန်းမှာပဲ ရှိပါသေးတယ်။ အင်္ဂလိပ်စာကတော့ ကိုယ့်မိခင် ဘာသာစကားလည်း မဟုတ်၊ ကိုယ့်အဓိက ဘာသာရပ်လည်း မဟုတ်၊ စိတ်ဝင်တစား လေ့လာမှုကလည်း အားနည်း၊ လေ့လာဖို့ လေ့ကျင့်ဖို့ အခွင့်အလမ်းကလည်း နည်းပါး စတဲ့ စတဲ့ ချွတ်ယွင်းချက် တွေကြောင့် အားနည်းရတာပါ။ ဘာသာရေးအသိ မကြွယ်သေးတာလည်း အချိန်မကျသေးလို့ပဲ ဆိုပါစို့။ အလေ့အလာ အထိအတွေ့ နည်းလို့ပါပဲ။ ဘုရားရှေ့မှာ ဦးချတတ်တယ်။ ဘုန်းကြီးရဟန်းသံဃာကို ရှိခိုးတတ်တယ်။ အရှင်ဘုရား-တပည့်တော် ပြောတတ်လျှောက်တတ်တယ်။ ဆွမ်းလောင်းတတ်တယ်။ ကြုံရင်ကြုံသလို သာရေးနာရေး ဘာသာရေးကိစ္စတွေမှာ နည်းများမဆို ပါဝင်လှူဒါန်းတတ်တယ်။ အနာဂတ်ကို ဦးဆောင်မယ့် တစ်ချိန်မှာ ဘွဲ့ရခေတ်ပညာတတ်လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမယ့် ဗုဒ္ဓဘာသာဝင် နိုင်ငံသားကောင်း တစ်ယောက်ရဲ့ ဘာသာရေးကိစ္စက ဒါပဲတဲ့လား။ ကိုယ်ကိုယ်တိုင် အဖြေရခက်သော မေးခွန်းတစ်ခုကို ကိုယ့်ဟာကိုယ် မေးမိသည်။ ဒီမေးခွန်းကို ခေါင်းမော့ပြီး ဖြေနိုင်ဖို အများကြီး လိုနေပါသေးတယ်။ “ဒီသင်တန်း တက်ကြည့်ရင် ငါ့အတွက် တစ်ခုခုတော့ ကျန်မယ်”ဆိုတဲ့ အတွေးနဲ့ Specail Summer School သင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြန်စဉ်းစားကြည့်တော့ သူတစ်ပါးက ပရဟိတ လုပ်နေချိန်မှာ ကိုယ်က ပုထုဇဉ်ပီပီ ကိုယ့်အကျိုးကို အရင် စဉ်းစားမိခဲ့တာ ရှက်တောင်ရှက်မိပါသေးတယ်။
ဒီလိုနဲ့ ဓမ္မဗိမာန် Noble Schoolရဲ့ Special Summer School ဗုဒ္ဓဘာသာအင်္ဂလိပ်စာ နွေသင်တန်းကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ သင်တန်း တက်လိုက်လို့ ရခဲ့တာတွေက ကျွန်မ မျှော်လင့်ထားတာထက် ပိုပါတယ်။ ကျွန်မအတွက် ဘာသာရပ်ဆိုင်ရာ ဗုဒ္ဓဘာသာ အခြေခံ ဗဟုသုတွေလည်းတိုးပွား ဘာသာစကားဆိုင်ရာ အင်္ဂလိပ်စာ အင်္ဂလိပ်စကား စွမ်းရည်တွေလည်း တိုးတက်၊ တကယ့်ကို အကျိုးကြီးမားလှပါတယ်။ ကိုယ့်ဘာသာအကြောင်း ကိုယ်သိထားတာ တစ်ချို့ဟာ သိပ်မမှန်ခဲ့ပါလား သိပ်မပြည့်စုံခဲ့ပါလားလို့ နားလည်လာပါတယ်။
လူငယ်တစ်ယောက် အနေနဲ့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ ဘဝဒဿနတွေ ဒီသင်တန်းက ရခဲ့ပါတယ်။ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ သံသရာလောကရဲ့ အနိစ္စသဘော အနတ္တသဘာဝတွေကို အတန်းထဲမှာ အခိုက်အတန့်တော့ နှလုံးသွင်းနိုင်ခဲ့ပါတယ်။ သင်တန်းမှုးဆရာတော် အရှင်အာစာရ အမိန့်ရှိသလို “အနည်းဆုံး သုတမယ၊ သညာသိ”တော့ သိခဲ့ရပါတယ်။ ဆရာတော်ရဲ့ မှတ်ချက်စကားကို ပြန်လည်အောက်မေ့မိတဲ့ အခါတိုင်း ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မိပါတယ်။ ဆရာတော် မှတ်ချက်ချတာက “ဆရာတို့ ဆရာမတို့ အစ်ကိုတို့ အစ်မတို့ သားတို့သမီးတို့ အခု ရလိုက်တဲ့ ဒီအသိဟာ ငွေနဲ့ပေးဝယ်လို့ မရဘူး။ သဒ္ဓါ ဝီရီယ ခန္တီတို့နဲ့ ရင်းယူရတဲ့ ရွှေအသိပဲ။ တန်ဖိုးကို နားလည်ကြ။ တန်ဖိုးထားကြ”တဲ့။ တကယ့်ကို တန်ဖိုးရှိလှပါတယ်။
နောက်ပြီး သံသရာ စက်ဝန်းရဲ့ အချိတ်အဆက် ဘဝပဋိသန္ဓေအကြောင်း ထူးဆန်းအံ့ဩဖွယ်ရာ ကံတရားအကြောင်း ခရစ်ယန်တို့ရဲ့ Heaven နဲ့လည်းမတူ ဟိန္ဒူတို့ရဲ့ Mokshaနဲ့လည်း တစ်ခြားစီဖြစ်တဲ့ အငြိမ်းဓာတ်သက်သက်ဖြစ်တဲ့ နိဗ္ဗာန်ရဲ့သဘော၊ ခရစ်ယန်တို့ရဲ့ Hellလို မဟုတ်တဲ့ ငရဲရဲ့သဘာဝ၊ ဘုရားရှင်ရဲ့ မုခပါဌ်တော်တွေကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုရာကနေ ဗုဒ္ဓဘာသာမှာ ထေရဝါဒနဲ့ မဟာယာနရယ်လို့ ဂိုဏ်းတွေ အမျိုးမျိုး ကွဲလာခဲ့ပုံ စသည်စသည် အကြောင်းအရားများစွာကို ကြားနာမှတ်သားခဲ့ရပါတယ်။
လေးနက်တဲ့ သဘောတရားတွေကို နားလည်ခဲ့ရသလို သိပ်မကြီးကျယ်တဲ့ အကြောင်းအရာတွေကိုလည်း အလေးအနက် စဉ်းစားဖြစ်ခဲ့ပါတယ်။ ကျွန်မ လူမှန်းသိတတ်စ အရွယ်ကနေ အခု တက္ကသိုလ်တက်နေတဲ့ အထိ ကြုံခဲ့ရတဲ့ အသုဘ တွေမှာ လွမ်းသူ့ပန်းခွေဆိုပြီး အသုဘထည့်ထားတဲ့ ခေါင်းမှာ ပန်းကုံးတွေချိတ်ထားတာ တွေ့ရတဲ့အခါမှာ လူသေရဲ့ အပုပ်နံ့ကို ပန်းနံ့နဲ့ ဖုံးသွားအောင်လုပ်တာပဲလို့ တွေးခဲ့မိပါတယ်။ ပကာသနလုပ်တာလို့ တွေးမိတဲ့အခါလည်း ရှိပါတယ်။ သင်တန်းရဲ့ ဖတ်စာထဲမှာ ရှင်းပြထားတဲ့ အဓိပ္ပာယ်ကတော့ ဒီလိုမဟုတ်ပါဘူး။ ပန်းလေးတွေဟာ မညှိုးခင်မှာ မွှေးတယ် လှတယ်။ လန်းဆန်းလှပနေတဲ့ ပန်းကလေးတွေကို မြတ်မြတ်နိုးနိုး နမ်းကြပန်ကြတယ်။ ပန်းကလေးတွေဟာ ညှိုးခြောက်ပြီး ရနံ့မဲ့သွားတဲ့အခါမှာ စွန့်ပစ်ခံကြရတယ်။ အလားတူပဲ လူတွေဟာ မိသားစုဝင် အချင်းချင်း မိတ်ဆွေ အချင်းချင်း ချစ်ကြသူတွေ အချင်းချင်း ဘယ်လောက်ပဲ တွယ်တာကြ တွယ်တာကြ ဘယ်လိုပဲ ခုံမင်ကြ ခုံမင်ကြ သေသူကိုတော့ စွန့်ပစ်လိုက်ကြတာပဲတဲ့။ လူ့ဘဝဟာ ပန်းလိုပဲတဲ့။ အသုဘပို့တဲ့သူတွေဟာ လွမ်းသူ့ပန်းခွေကို မြင်တဲ့အခါမှာ ဒီသဘောကို ဆင်ခြင်သင့်တယ်တဲ့။ လွမ်းသူပန်းခွေ ချိတ်ဆွဲသူတွေက ဘယ်လို ရည်ရွယ်တာပဲဖြစ်ဖြစ် ဒီသင်တန်းက ရလိုက်တဲ့ ဒီအသိလေးဟာ ကျွန်မအတွက်တော့ သိပ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘာသာရေး အသိတစ်ခုပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက အသုဘအိမ်တွေက လူသေကောင်ထည့်ထားတဲ့ ခေါင်းနံဘေးမှာ ဆီမီးခွက် ဒါမှမဟုတ် ဖယောင်းတိုင် ထွန်းထားတာကို အမှောင်ထဲမှာ သရဲခြောက်မှာစိုးလို့ မီးထွန်းထားကြတာလို့ ထင်ခဲ့ဖူးပါတယ်။ ဖတ်စာထဲမှာ ရှင်းပြထားတဲ့ ဘာသာရေး အဓိပ္ပာယ်က ကိုယ့်ဟာကို ဖွင့်ခဲ့တဲ့ အဓိပ္ပာယ်နဲ့ တစ်ခြားဆီပါပဲ။ Buddhist Philosophy အရ သေခြင်းတရားလေးမျိုးရှိတယ်တဲ့။ (၁) လောင်စာဆီ ရှိသေးပေမယ့် မီးစာကုန်သွားတဲ့ အခါမှာ ဆီမီးခွက် ငြိမ်းရသလို အသက်ရှည်စေနိုင်တဲ့ ကံစွမ်းသတ္တိ ရှိသေးပေမယ့် သက်တမ်းစေ့သွားရင် သတ္တဝါတွေ သေကြရတယ်၊ (၂) မီးစာ ရှိသေးပေမယ့် လောင်စာဆီကုန်သွားတဲ့ အခါမှာ ဆီမီးခွက် ငြိမ်းရသလို သက်တမ်းမကုန်သေးပေမယ့် အသက်ရှည်စေနိုင်တဲ့ ကံစွမ်းသတ္တိ ကုန်သွားရင် သတ္တဝါတွေ သေကြရတယ်၊ (၃) မီးစာလည်းကုန် ဆီးလည်းခန်းတဲ့ အတွက်ကြောင့် ဆီမီးခွက် ငြိမ်းရသလို အသက်ရှည်စေနိုင်တဲ့ ကံစွမ်းသတ္တိရော သက်တမ်းပါ ကုန်ဆုံးသွားရင် သတ္တဝါတွေ သေကြရတယ်၊ (၄) ဆီရော မီးစာပါ ရှိသေးပေမယ့် လေတိုက်လို့ ငြိမ်းရတာမျိုး မထင်မှတ်တဲ့ ရုတ်တရက် အကြောင်းတစ်ခုခုကြောင့် ဆီမီးခွက် ငြိမ်းရသလို ကံစွမ်းရော သက်တမ်းပါ နှစ်မျိုးလုံး မကုန်သေးပေးမယ် ကားတိုက်လို့ ရေနစ်လို့ သေရတာမျိုး မတော်တဆမှု တစ်ခုခုကြောင့် သတ္တဝါတွေ သေကြရတယ်တဲ့။ ဒီအဓိပ္ပာယ်ကို သတိပေးတဲ့ အနေနဲ့ လူသေထည့်ထားတဲ့ ခေါင်းဘေးမှာ မီးခွက်ထွန်းကြတာတဲ့။
သင်တန်းက ရခဲ့တဲ့ ဘာသာရေးအသိတွေက ပြောမကုန်နိုင်လောက်အောင်ပါပဲ။ တစ်လအတွင်းမှာ သိလိုက်ရတဲ့ ဒီဘာသာရေး သဘောတရားတွေက တစ်သက်တာလုံး အသုံးဝင်နေမှာပါ။ ဘဝသံသရာ အတွက်လည်း အကျိုးရှိ နေမှာပါ။
အကျိုးရှိရှိ ကုန်လွန်ခဲ့ရတဲ့ ၂၀ဝ၇ ခုနှစ်ရဲ့ နွေနေ့ရက်တွေဟာ ကျွန်မအတွက် အဖိုးတန် နေ့ရက်တွေပဲ ဖြစ်ပါတယ်။
သင်တန်းဖြစ်မြောက်အောင် ပံ့ပိုးခဲ့သူတွေ အားလုံးနဲ့ သင်တန်းပို့ချတော်မူခဲ့တဲ့ ဆရာတော်များရဲ့ စေတနာနဲ့ ကျေးဇူးတရားတို့ကို အစဉ်အောက်မေ့လျက်။

စိမ့် (ကွန်ပျူတာ)
ကွန်ပျူတာတက္ကသိုလ်၊ ဟင်္သာတမြို့

Read more...

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ကောဓ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ် (၁၇)

နှစ်သက်စရာ အာရုံများကို ခံစား၊ တွေ့မြင်ရသော အခါတွင် အသက်ရှည်ဆေးဟု လူအများက ပြောဆို တတ်ကြပါသည်။ အများစုကလည်း ထိုပြောစကားကို လွယ်လွယ်ကူကူပင် ထောက်ခံ ပေးတတ်ကြပါသည်။ ကာတွန်းဆရာများ၊ ဂျာနယ်သမားများကလည်း ထိုစကားကို အမျိုးမျိုး အဖုံဖုံ ရုပ်လုံးဖေါ် ပေးတတ်ကြပါသည်။ စူးစမ်းဆင်ခြင်မှု နည်းသည်ဟု ပြောဆိုလိုခြင်းထက် ပုထုဇဉ်အမြင်ကို ပုထုဇဉ်များက ထောက်ခံပေးခြင်း မျှသာ ဟုထင်ပါသည်။ အရိယာဖြစ်သော မြတ်ဗုဒ္ဓကမူ လောဘ ဖြစ်စေသော အရာများ အားလုံးသည် အသက်တို စေသည်ဟု ဟောတော်မူပါသည်။ လုလင်ပျို၏ ရုပ်ပုံကို ကြည့်ပြီး ပြင်းထန်သော လောဘစိတ်ကြောင့် နှလုံး သွေးရပ် သေဆုံးသွားသော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းကို အင်္ဂုတ္တရအဋ္ဌကထာ ပထမဆုံးဝဂ်၏ အဖွင့်တွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ နိုင်ပါသည်။ မြတ်စွာဘုရားရှင်က အမျိုးသမီးအတွက် အမျိုးသား၏ အဆင်းရူပါရုံ ၊ အမျိုးသားအတွက် အမျိုးသမီး၏ အဆင်းရူပါရုံသည် ဆွဲဆောင်မှု အားလုံးတို့တွင် ပထမဟု ဟောတော်မူပါသည်။

ဆောင်းပါး အမှတ်စဉ် (၁၆) ပိယ၀ဂ်တွင် ဆင်းရဲစေတတ်သော အကြောင်းတရားအဖြစ် လောဘကို ပြဆိုပြီးပေပြီ။ ယခု ဆောင်းပါး အမှတ်စဉ် (၁၇) တွင်မူ ဒေါသအကြောင်းကို ရေးပြပါဦးမည်။ ဤတွင် လောဘနှင့် စပ်သည့် ပိယ၀ဂ်ပြီးလျှင် ဒေါသနှင့်စပ်သည့် ကောဓ၀ဂ်ကို စီစဉ်ထားပုံမှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ လောဘကြောင့် အသက်တိုသည်ဟု ဆိုပါလျှင် ဒေါသကြောင့် အသက်တိုသည်ဟု ပြောဆိုတာနှင့် နိုင်းယှဉ်ပါလျှင် လက်ခံနိုင်သူဦးရေ နည်းပါးဖွယ်ရှိပေသည်။

သို့အတွက်ကြောင့်ပင် နှစ်သက်စရာ အာရုံကို မြင်တွေ့ရပါက အသက်ရှည်ဆေးလေး စသဖြင့် လောကတွင် သုံးစွဲနေကျ စကားလုံးသည် တွင်ကျယ်နေပေသည်။ အမှတ်စဉ် (၁၆) တွင် လောဘ၀ဂ်ဟု မသုံးဘဲ ပိယ၀ဂ်ဟု သုံးစွဲခဲ့သလို ယခုအမှတ်စဉ် (၁၇) တွင်မူလည်း ဒေါသအစား ကောဓ၀ဂ်ဟု သုံးစွဲထား ပေသည်။ ဖြစ်နိုင်သည်မှာ အသုံးများရာသို့လိုက်ပြီး ဒေသနာ ပရိယာယ်အားဖြင့် နာမည်ပေးထားဟန် ရှိပေ သည်။ လိုရင်းဆိုရပါမူ လောဘ နှင့် ဒေါသသည် ပယ်နိုင်ရန် ခက်ခဲလွန်းလှပါသော်လည်း အစွန်းမရောက် စေရန် အရေးကြီးပါသည်။ လောဘ နှင့်ဒေါသကို အစွန်း မရောက်စေရန် သတိဦးစီးပြီး ပညာဥာဏ်နှင့် ထိန်း သိမ်း ပေးရပေမည်။ အပြောလွယ်သလောက် လက်တွေ့ ကျင့်သုံးနိုင်ရန်ခက်သည်မှာ လောဘနှင့် ဒေါသကို ပယ်သတ်နိုင်ဖို့ဖြစ်ပါသည်။ အဘယ့်ကြောင့်ပါနည်း။ အများစုသည် သူတော်ကောင်း အစစ် ဖြစ်စေရန် ကြိုးစား နေဆဲ အဆင့်တွင် ရောက်နေသူများသာ ဖြစ်သောကြောင့်ပါတည်း။

သူတော်ကောင်းအစစ်တို့ အတွက်မူ စွမ်းနိုင်သူများ ဖြစ်သောကြောင့် လောဘ ဒေါသ မဖြစ်စေရန် အတွက် လွယ်ကူပေသည်။ သူတော်ကောင်းသည် ကောင်းတာမှန်သမျှ လွယ်ကူစွာ ပြုနိုင်ကြပေသည် (သုကရံ သာဓုနာ သာဓု) ဟု ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော်၌ ဘုရားရှင် ဟောတော်မူထားသည်ကို ဓမ္မပဒ အဋ္ဌကထာ၊ ယမက၀ဂ်၊ ဒေ၀ဒတ်ဝတ္ထုတွင် ဆရာမြတ်က ကိုးကား ပြထားပါသည်။ ဤ၀ဂ်သည် ကောဓ၀ဂ်ဖြစ်သဖြင့် ကောဓနှင့် ဒေါသတူသလား၊ ထူးသလားဟုမေးသော် အဘိဓမ္မာ အမြင်ဖြင့်ကြည့်မူ အကုသိုလ်တွင် စာရင်းသွင်းရသဖြင့် အတူတူပင် ဖြစ်ပါသည်။ သုတ္တန်ဒေသနာ အသုံးအားဖြင့်မူ ဒေါသသည် အင်အား ပြင်းထန်ပြီး၊ ကောဓမှာမူ စဉ်းစားမိမှ ပြန်ပြီး ပေါ်လာသော အင်အားအနည်းငယ်လျော့သော အကုသိုလ် တစ်မျိုး ဖြစ်ပါသည်။ ဒေါသသည် ဆူးစူးသဖြင့် ချက်ချင်း နာကျင်ခြင်းနှင့်ဥပမာတူပြီး ကောဓသည် ဆူးစူးပြီးနောက် ယင်းဆူးကို အပ်စသည်ဖြင့် ပယ်နုတ်သော်လည်း ဆူးစူးသည့် နေရာတွင် ကျန်နေသည့် ငုတ်နှင့် တူပါသည်၊ ငုတ်သည် ရှာဖွေသော် လွယ်ကူစွာ မတွေ့ရဘဲ အမှတ်မဲ့ ထိမိပါက မျက်ကနဲ ဖြစ်တတ်ပါသည်။ မက္ခီ၊ ဥပနာဟ၊ ပဠာသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ တို့နှင့် အာဃာတ၀တ္ထုကိုးပါးတို့သည်လည်း ဒေါသနှင့် အမြဲအတူတကွ ခွဲမရသည့် မိတ်ဆွေရင်းများ ဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် အလွှာပေါင်းစုံကလူများသည် ဒေါသ ဖြစ်တတ်ကြပါသည်။ ရဟန်း လောကတွင် ထင်ရှားသောရဟန်း၊ မထင်ရှားသောရဟန်း၊ ၀ိနည်းလေးစားသော ရဟန်း၊ မလေးစားသော ရဟန်း၊ မထေရ်ကြီး၊ ငယ်၊ လတ်အရွယ်မရွေး၊ အမျိုးသားလောကတွင် ထင်ရှားသောသူ၊ သာမန်လူများ၊ ဘုရားရှင်၏ ဆွေးမျိုးဟုတ်သူ၊ မဟုတ်သူ၊ အမျိုးသမီး လောကတွင်လည်း အဆင့်မြင့် အမျိုးသမီး၊ အဆင့်နိမ့် အမျိုးသမီး၊ အလယ်အလတ် အမျိုးသမီး စသဖြင့် ဒေါသ ထွက်တတ်ကြပါသည်။ ကုန်ကုန်ပြောရပါမူ အောက်အဆင့် အရိယာများသည်ပင် ဒေါသကို အရှင်းကြီး ပယ်နိုင်သေးသည် မဟုတ်ပေ။ ဒေါသအုပ်စုတွင် သောက (ပူပင်တတ်ခြင်း)၊ ပရိဒေ၀ (ငိုကြွေးတတ်ခြင်း)၊ ဒုက္ခ (ကိုယ်ဆင်းရဲခြင်း)၊ ဒေါမနဿ (စိတ်ဆင်း ရဲရခြင်း)၊ ဥပါယာသ ( လူးလှိမ့်ပြီး ပြင်းထန်စွာ ငိုကြွေးခြင်း၊ ပရိဒေ၀ထက် ပါဝါ ပြင်းသည်၊) တို့ ပါဝင်ကြပါသည်။ ဒေါသထွက်လာပြီဆိုပါက ဆင်ခြင်တုန်တရားများလည်း ထိုသူ့ထံမှ ထွက်ပြေးကုန်ပါသည်။ ဒေါသသည် သူတစ်ပါးကို ဆင်းရဲစေရန် ဖြစ်ရသော်လည်း သူတစ်ပါးက ဆင်းရဲခံစားရသည်၊ မရသည်မှာ မသေချာလှပေ။ ကိုယ်တိုင် ဆင်းရဲရသည်မှာမူ သေချာသည့် ရလာဘ် ဖြစ်ပါသည်။

ဒေါသဖြစ်လာသော် မည်သို့ ကုစားရမည်နည်းဟုမေးသော် ဖြေဆိုရန် ထင်သလောက် မလွယ်ကူပေ။ ဒေါသဖြစ်လာပြီ ဆိုပါက ဖြစ်လာပြီးသော ဒေါသကို ပယ်ဖျောက်ရန် လုံးဝ မဖြစ်နိုင်တော့ပါ။ ဖြစ်ဆဲ ဖြစ်နေသော ဒေါသကိုမူ နည်းပါးသွားအောင် နည်းလမ်းရှိပါက တဖြည်းဖြည်း သက်သာလာအောင် အရှိန်လျော့နိုင်ပါသည်။ သင့်၊ မသင့် စဉ်းစားသည့် အလေ့အထကို ကျင့်နေကြသူများသည် ထိုသို့ ကျင့်သုံးရန် နည်းလမ်းမှန်ရှိသူ ဖြစ်ပေသည်။ ဒုတိယအနေဖြင့် သီလဖြည့်ကျင့်သူသည် လျင်မြန်သည့် ဒေါသမီးကို ငြိမ်းနိုင်သူ ဖြစ်ပါသည်။ တတိယအနေဖြင့် သူတစ်ပါး၏ အပြစ်ကို မမြင်တတ်သူသည် ဒေါသကို ငြိမ်းနိုင်သူ ဖြစ်ပါသည်။ အရှိကို အရှိအတိုင်း မြင်တတ်သူသည် (မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ) အမှန်အတိုင်းမြင်တတ်သူဖြစ်သဖြင့် ကိုယ်ချင်းစာနာ တတ်သည့်အတွက် ဒေါသကို ထိန်းနိုင်ပေသည်။ ဒေါသကို ချက်ချင်း မပယ်နိုင်ပေမည့် နည်းပါးအောင် ဆောင်ရွက်နိုင်ပေမည်။ ဒေါသကို များများ ပယ်နိုင်သူသည် အများကြီး သက်သာပါသည်။ နည်းနည်း ပယ်နိုင်သူသည် နည်းနည်း သက်သာမည့်သူ ဖြစ်ပါသည်။ သို့အတွက် မိမိဘ၀ခရီးကို သက်သက် သာသာ လျောက်လှန်းလိုသူများသည် ဒေါသနည်းသူ များ သို့မဟုတ် ဒေါသကို ပယ်နိုင်အောင် ကြိုးစားရ မည့်သူများ ဖြစ်ရပါမည်။

လောကတွင် ရုပ်ရည်လှပချင်သူ များလှပေမည်။ အထူးအားဖြင့် အမျိုးသမီးများသည် အလှအပနှင့်ပိုပြီး ပတ်သက်သူများ ဖြစ်ကြသည်။ အလှအပသည် အရေပြားတစ်ထောက်သာ ရှိသည်ဟု ဆိုပါသည်။ ယင်းအရေ ပြားပေါ်တွင် ရောဂါဖြစ်ချေသော် အလှအပ၏ ဆန့်ကျင်ဘက် ဖြစ်သွားပေမည်။ သို့အတွက်ကြောင့် ယခုခေတ် တွင် အရေပြား အလှနှင့် ဆိုင်သော ပစ္စည်းများ တွင်ကျယ်နေသည်။ ရှေးခေတ်က အရှင်အနုရုဒ္ဓါ၏ ညီမ ရောဟီနီတွင် အရေပြား ရောဂါဖြစ်ခဲ့သည်။ ရှက်လှသဖြင့် လူများ၏ အတွင်းသို့ မ၀င်ဝံ့ ဖြစ်နေခဲ့သည်။ သူ၏ အစ်ကိုသည် ညီမ၏ ရောဂါပျောက်စေရန်အတွက် ကုသိုလ် အနေဖြင့် အများအတွက် နှစ်ထပ်ဆောင် ဇရပ် ဆောက်လှူခိုင်းခဲ့ပါသည်။ အထက်ထပ် မပြီးမှီ အောက်ထပ်တွင် နေရာထိုင်ခင်း စီမံခိုင်းခြင်း၊ သောက်ရေ တည်ထားခိုင်းခြင်း၊ တံမြက်လှည်းခိုင်းခြင်းတို့ကို ဆောင်၇ွက်စေခဲ့ပါသည်။ ရဟန်းတော်များလည်း ကြွရောက် ချီးမြှင့် သီတင်းသုံးပေးကြပါသည်။ ရောဂါမှာ သက်သာလာခဲ့ပါသည်။ ထို့နောက်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ ပါသည်။ မြတ်စွာဘရားရှင်က ဆွမ်းအမကို လာစေရန် မိန့်တော်မူပြီး ရောဂါကြောင့် မလာချင်သော်လည်း မြတ်စွာဘုရားရှင်၏ ရှေ့တော်သို့ လာခဲ့ရပါသည်။ မြတ်စွာဘုရားရှင်က အရေပြားရောဂါဖြစ်ရသည်မှာ ဒေါသ အကုသိုလ်ကြောင့်ဟု မိန့်တော်မူပြီး အတိတ်ကို ဆောင်ခဲ့ပါသည်။ သို့အတွက် လှချင်သူများ စိတ်မဆိုးရဟု သိနိုင်ပါသည်။ အရေပြားရောဂါ ရနေသူများလည်း တံမြက်လှည်းခြင်းစသည့် ကုသိုလ်များကို အထူးပင် ဆည်းပူး သင့်ပေသည်။

နတ်တွေမှာ လူသားများကဲ့သို့ပင် သား၊သမီးငယ်လေးများနဲ့လားဟု မေးနိုင်ပါသည်။ မြေနှင့်စပ်သော နတ်များသည် လူများကဲ့သို့ပင် သား၊ သမီးငယ်လေးများ ရှိပါသည်။ အထက် နတ်တို့ တွင်မူ ထိုကဲ့သို့ မရှိကြပါ။ နတ်သား၊ နတ်သမီး ဖြစ်ကြပြီဆိုပါလျှင် တစ်ဆယ့်ခြောက်နှစ်အရွယ် ဘွားကနဲ ပေါ်လာကြ သည်ဟု သိရ ပါသည်။ ယခုလည်း သီလရှိသော ရဟန်းတစ်ပါးသည် နတ်က တားနေစဉ်မှာပင် သစ်ပင်ခုတ် သည့် အတွက် နတ်သား ငယ်လေး၏ လက်ကို ဓားဖြင့် ခုတ်မိခဲ့သဖြင့် ဓားထိသွားခဲ့သည်။ နတ်တန်ခိုးဖြင့် ရန်ပြုမည်ဟု ဒေါသ စိတ်ဝင်ခဲ့စဉ် အချိန်မှီ စိတ်ကောင်းပေါ်လာခဲ့သဖြင့် ကံကောင်းသွားခဲ့ပါသည်။ သီလရှိသော ရဟန်းနှင့် ဒေါသကို ထိန်းလိုက်နိုင်ခဲ့သည့် နတ်နှစ်ဦးသား အကျိုး၊ အမြတ် ထွက်ခဲ့ကြပေ သည်။ ဒေါသထိန်းသည့် နတ်ကြောင့် ရဟန်းသည် အသက် ဘေးမှ ချမ်းသာရာ ရခဲ့ပေသည်။ ဒေါသစိတ်ကို ထိန်းနိုင်ခဲ့သည့် နတ်ကြောင့် တစ်ခြား သစ်ပင်ခုတ်မိမည့် တစ်ခြားသော ရဟန်းများအပေါ်တွင်လည်း စိတ်လိုက်မာန်ပါ သတ်ဖြတ်မှု မရှိနိုင်ခြင်းနှင့် သီလရှိသော ရဟန်းတော်ကို သတ်မိပါကလည်း ငရဲစသည့် မကောင်းသော ဘုံဘ၀သို့ ကျရောက်ပေမည်။ ယခုမူ နတ်သည် အချိန်မှီ စောင့်စည်းလိုက်နိုင်သဖြင့် ငရဲကျမည့် ဘေးမှ ကင်းဝေးရပါသည်။ သံယမတော ဝေရံ ဇယတိဟု ဟောတော်မူပါသည်။ စောင်းစည်းပါက ရန်သူဖြစ်သည့် ဒေါသမှ ကင်းဝေးရပါသည်။ ဤနတ်သည် ရဟန်းကို အပြစ်မတင်တတ်သူ ဖြစ်ပါသည်။

သူတစ်ပါး၏ ဂုဏ်ကို မြင့်တက်သွားအောင် မြှင့်တင်ပေးသူသည် သူ၏ဂုဏ်ပါ အလိုလို တက်သွားပေသည်။ လောကတွင် မည်သူ့ကိုမဆို မြှင့်တင်ပေးချင်သည် ဆိုပါက ထိုသူ၏ အရည်အသွေး များကို မြင်တတ်ရပေမည်။ လူဖြစ်လာပြီဆိုကတည်းက ကံကောင်းသည်မှာ သေချာပါသည်။ သို့သော် ကောင်းသည့် ကံကို မထိန်းကြသဖြင့် ပျက်စီးကြရပါသည်။ ဘုရားရှင်လက်ထက်က ဥတ္တရာအမည်ရှိ ဗုဒ္ဓသာဝိကာမ တစ်ဦးသည် မိမိအားသတ်ရန် ကြွက်ကြွက်ဆူနေသော ထောပတ်ရည်ပူဖြင့် လောင်းချပြီး သတ်ရန်ကြိုးစားသော အမျိုးသမီးအား သည်းခံပေးသဖြင့် ဥတ္တရာ၏ သည်းခံနိုင်စွမ်းကို သူမက လေးစားမိ ရာမှ ဘုရားရှင်နှင့်တွေ့ခဲ့ပြီး နောက် ဗုဒ္ဓသာဝိကာမအဖြစ်သို့ ရောက်စေခြင်းဖြင့် တစ်ဖက်မှ သာသနာပြု ခဲ့လေသည်။ တစ်ဆယ့်ငါးရက်မျှ ဥတ္တရာ၏ ငှါးရမ်းခံထားရသော ထိုအမျိုးသမီးသည် ထိုခေတ်က နာမည်ကျော် အလှပဂေး သီရီမာပင် ဖြစ်ပါသည်။ ဥတ္တရာ၏ လင်ယောင်္ကျားကို အပိုင်စီးလိုသဖြင့် ဤကဲ့သို့ ဥတ္တရာအပေါ်တွင် သေကြောင်း ကြံစည်ခဲ့ခြင်း ဖြစ်ပေ သည်။ ဇာတ်လမ်းကို ချုပ်သော် သီရိမာသည်လည်း ဗုဒ္ဓသာဝိကာမ အရိယာဘ၀သို့ ရောက်ခဲ့ရပါသည်။ အရိယာဘ၀သို့ ရောက်ရမည့်သူပင် ဖြစ်စေကာမူ ပြည့်တန်ဆာဘ၀သို့ ရောက်ခဲ့ရပြီး သူသတ် သမားအဖြစ်သို့ ရောက်ခဲ့သော်လည်း မေတ္တာရှင်မနှင့် တွေ့သဖြင့်သာ နှစ်ဦးစလုံး အသက် မဆုံးရှုံးခဲ့ခြင်း ဖြစ်ပါသည်။ သီရိမာကိုလည်း ဥတ္တရာ၏ အလုပ်အကျွေးများက သတ်ဖြတ်ရန် အားထုတ်ခဲ့ ကြပါသည်။ ဥတ္တရာ၏ ဒေါသထိန်းပုံမှာ ရန်သူ၏ ရှိသည့်ဂုဏ်ကို စကြာဝဠာတမျှ ချဲ့ကား၍ ကြည့်ခြင်း၊ ထိုသေးငယ်သည့် ဂုဏ်ကိုပင် ဗြဟ္မာ့ပြည်တမျှ အမြင့်တင်ပြီး ချီးမြှောက်ပေးခြင်း ဖြစ်ပေသည်။ အသက်ဘေးမှ ချမ်းသာရာ ရခြင်းသည် သူမ၏ မေတ္တာစွမ်းအားကြောင့် ဖြစ်ပါသည်။

လုံးဝအလှူ မလုပ်ဘူး၊ တရာမနာဘူးသူ တစ်ဦးသူသည် သစ္စာစကားကို ပြောဆိုမျှဖြင့် နတ်ပြည်သို့ ရောက်သည်။ အလွန်ရက်စက်သော မိမိ၏ အလုပ်ရှင်အပေါ်တွင် သူသည် ငါ၏ အလုပ်ရှင်ဖြစ်ပေသည် ငါသည် သူပြုသမျှ သည်းခံပေမည်ဟု ဒေါသကို သိမ်းဆည်းသော စိတ်ထားကြောင့် နတ်ပြည်သို့ရောက်သူ တစ်ဦးသည် လည်း လူ့ဘ၀တွင် ဒါနလည်း မပြုခဲ့ဘူး၊ တရားနာသူလည်း မဟုတ်ခဲ့ပေ။ တစ်ချို့ကလည်း မပြောပလောက်သော ဒါနကြောင့် နတ်ပြည်သို့ ရောက်ခဲ့ကြပေသည်။ အရှင်မဟာမောဂ္ဂလာန် မထေရ် သည် သူတိုယ်တိုင် မေးမြန်းခဲ့ပြီး ကိုယ်တွေ့ အဖြစ်အပျက်များကို ဘုရားရှင်၏ အထံသို့ လျောက် ထားခဲ့ပါ သည်။ သစ္စာစကား ဆိုခြင်း၊ ဒေါသထိန်းသိမ်းခြင်း နှင့် အနည်းငယ်သော ဒါနကိုပြုခြင်း သုံးခုတွင် တစ်ခုနှင့် ပြည့်စုံလျှင်ပင် နတ်ပြည်အတွက် လုံလောက်ပေပြီဟု ဗုဒ္ဓက အတည်ပြု ပေးခဲ့ပါသည်။

တစ်ဦးနှင့်တစ်ဦး ဘ၀ပေါင်းသုံးထောင် သားနှင့်မိဘအဖြစ် သံသရာခရီးသို့ သွားခဲ့ကြသည်ဟုဆိုပါက တစ်ဘ၀ခဏလေးတွင် အမိနှင့် သား အပေးအယူ မတူညီ၍ ကြည်ဖြူသာစွ မဖြစ်ကြသော အုပ်စုက ယုံတမ်းစကားဟု မှတ်ထင်ဖွယ်ရှိပေသည်။ သာတူညီမျှစေရန် များများစားစား မလိုပေ တစ်ချက်သာလျှင် ဖြစ်ပါသည်။ ယင်းအချက်မှာ ဟန်ဆောင်မှုမပါ ရိုးသားစွာဖြင့် စိတ်ပါလက်ပါ ဆက်ဆံ တတ်ကြရန် ဖြစ်ပါသည်။ မနောနိဝေသန နှင့် စိတ္တပသီဒန နှစ်ချက်သည် အကောင်းဆုံးသော ချစ်ခင်ရေး နည်းလမ်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဇနီးမောင်နှံသည် မြတ်စွာဘုရားရှင်ကို ဖူးခဲ့ရပြီး တရား ကျင့်သုံးခဲ့ကာ ဤဘ၀တွင်ပင် ရဟန္တာအဖြစ်ဖြင့် ပရိနိဗ္ဗာန် ပြုသွားခဲ့ကြပါသသည်။ သူတို့သည် အတိတ်ဘ၀ က ဘုရားအလောင်းတော်၏ မိဘများ ဖြစ်ခဲ့ကြပါသည်။ မသိကြသော လူများက ဘုရားရှင်ကို သောက မဖြစ်စေရန် အားပေးခဲ့ကြပါသည်။ ဘုရားရှင်အား သောက၊ ဒေါသ အဘယ်မှာလျှင် ရှိချိမ့်မည်နည်း။ သို့သော် ဘုရားရှင်က ပရိတ်သတ်၏ အဆင့်အတန်းနှင့် ညီမျှသော တရားကို ပြောပြခဲ့ပါသည်။ လူတွေဟာ အသက်တစ်ရာ အတွင်းမှာသာ အသက်ရှင်ကြရသည်။ အသက်တစ်ရာထက် ပိုပြီး အသက်ရှည်သူ ရှိပါကလည်း ထပ်အိုပြီး သေရတာပါပဲဟု ဟောပြတော်မူပါသည်။ မာန်မာနယစ်မူးကာ အပျော်ကြူးပြီး လမ်းမှားမရောက်စေရန် ဟောတော်မူခြင်း ဖြစ်ပါ သည်။ ရှစ်သောင်းလေးထောင်သော ပရိတ်သတ်ကြီး တရားသိခဲ့ကြပါသည်။

လောကတွင် မအိပ်ခြင်းသည် အကြောင်းအမျိုးအမျိုးကြောင့် ဖြစ်နိုင်ပါသည်။ မြတ်စွာဘုရား ရှင်က အလုပ်သမလေးကို နှစ်မျိုးဟောပြပြီး တစ်မျိုးက ဆင်းရဲဒုက္ခရောက်ကြသဖြင့် မအိပ်မနေ အလုပ်ကို လုပ်ကြရပြီး ခန္ဓတာဝန်ကို ထမ်းဆောင်နေကြခြင်းနှင့် ကျန်တစ်မျိုးမှာ ၀ီရိယအားစိုက်ပြီး ကိလေသာ အာသဝေါတရားများကို ကုန်ခမ်းစေရန် နေ့နေ့ညည ကြိုးစားကြခြင်း ဖြစ်ပါသည်။ တစ်နေ့ကတရားခွေ ဖွင့်ပြီး နားထောင်ကြည့်ရာ ဓမ္မဘေရီဆရာတော်က သူ၏ အရိပ်နှင့်ခရီးသွားခြင်း တရားခွေတွင် ဤအမျိုး သမီးလေး အကြောင်းကို ဟောပြတော်မူပါသည်။ ဤအမျိုးသမီး၏ နာမည်မှာ ပြည့်စုံဟု ခေါ်ပါသည်၊ အခေါ်သာ ရှိပါသည် သူတစ်ပါး၏အိမ်တွင် ကျွန်မဘ၀ဖြင့်နေရပြီး မုန့်လုပ်ရန်အတွက် မောင်းထောင်း နေရသည်မှာလည်း တစ်ညလုံး ပင်ဖြစ်ပါသည်။ ပြည့်စုံသူသာ ဖြစ်ပါက ဤသို့ဆောင်ရွက်ရန် အကြောင်း မရှိပါ။ မပြည့်စုံဟု ခေါ်ရပေမည်။ သို့သော် သူမသည် လုပ်အားခရသော စင်ကြယ်သော မုန့်များကို မစားရက်ဘဲ သံဃာတော်များကို လှူဒါန်းလိုက်ပါသည်။ မပြည့်သောဘ၀ကို ပြည့်ဝစေဖို့ အသိဥာဏ်ဖြင့် ပဏီတဒါန ဖြစ်စေရန် ဆောင်ရွက်ခဲ့ပါသည်။ ပဏီိတဒါန ဆိုသည်မှာ သံသရာချမ်းသာကို မတောင့်တဘဲ နိဗ္ဗာန်ချမ်းသာကို တောင်းယူပြီး ဖြည့်ဆည်းခြင်း ဖြစ်ပါသည်။ သံသရာချမ်းသာကို တောင့်တလျှင် အလယ်အလတ်၊ နာမည်ကြီးအောင် လှူဒါန်းလျှင်ဖြစ်စေ၊ ကြောက်ရသဖြင့် အလှူပေးရလျှင်ဖြစ်စေ အောက်တန်းကျသည့် ဒါနဖြစ်ပေသည်။ ဟီနဒါနဟုလည်းခေးပါသည်။ ဘုရားရှင်က အလှူရှင်မလေး၏ ရှေ့မှောက်တွင်ဘုဉ်းပေးတော်မူခဲ့ပါသည်။

လူမိုက်ချီးမွမ်း ဂုဏ်နာနွမ်း၏ဟု အဆိုရှိပေရာ လူမိုက်ချီးမွန်းသော်လည်း ဂုဏ်မတက်။ လူမိုက် ကဲ့ရဲ့သော်လည်း ဂုဏ်ပျက်မည် မဟုတ်ပေ။ ပညာရှိများ၏ ပေတံနှင့် လူမိုက်ကို စံထားနေမည် မဟုတ်ပေ။ လူမိုက်သည် ကဲ့ရဲ့လွယ်သလို ချီးမွမ်းလည်း မြန်တတ်ပါသည်။ လောကတွင် ဆရာဒကာ အဆင်မပြေ ဖြစ်တတ်ကြရာ လူမိုက်ဒကာ များဖွယ်ရှိပေသည်။ ရှေးခေတ်ကလည်း ဒကာတစ်ဦး နောက်ပါများစွာဖြင့် ရဟန်းတော် သုံးပါးထံသို့ ချဉ်းကပ်ခဲ့ပြီးနောက် တစ်ပါးကိုမှ သဘောမကျခဲ့။ အရှင်ရေ၀တ၊ အရှင်သာရိ ပုတ္တရာနှင့် အရှင်အာနန္ဒာမထေရ်တို့ ဖြစ်ပေရာ အထက်တန်းစား ရဟန်းတော်များသာတည်း။ စကား မပြောသူ အရှင်မြတ်ကို စကာနည်းသဖြင့် မကြိုက်၊ အဘိဓမ္မာဟောပြသူ အရှင်မြတ်ကို ခက်ခဲသော တရားတော်ကို ဟောသူဟု ဆိုပြန်ကာ မနှစ်သက်နိုင်၊ သင့်သင့်တင့်တင့် ဟောပြသူ အရှင်မြတ်ကိုမူ လွယ်လွယ်ဟောပြသူဟု ကဲ့ရဲ့စကားဆိုကြပြီး စိတ်ဆိုးကြပါသည်။ မြတ်စွာဘုရားရှင်က သီလနှင့် ပြည့်စုံသူများ အပေါ်တွင် အလေးပေး တတ်ရန်နှင့် ဆုံးမစကားများကို တန်ဖိုးထား လိုက်နာ တတ်ရန် ဆုံးတော်မူလိုက်ရာ သဘောပေါက်ပြီး သောတာပန် ဖြစ်ခဲ့ကြပါသည်။

နောက်ဆုံးဝတ္ထုသည် ဆဗ္ဗီရဟန်းတော်များ၏ ၀တ္ထုဖြစ်ပါသည်။ ထိုခြောက်ပါးအုပ်စုသည် မကောင်း သည့်နေရာတွင် မှတ်တမ်းအတင်ခံရ ဆုံးသောသူများ ဖြစ်ပါသည်။ ယခုလည်း ဘိနပ်စီးပြီး အသံမြည် အောင် လုပ်ကြလေသည်။ မြတ်ဗုဒ္ဓကမူ စောင့်စည်းမှုသည် စိတ်ဓာတ် အဆင့်မြင့်သူများ၏ အလုပ်ဟု ဆုံးမ တော်မူပါသည်။ ယနေ့ခေတ်တွင်လည်း နိုင်ငံအလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ အသင်းအဖွဲ့အလိုက်၊ အသက်အ၇ွယ် အလိုက်၊ ဒေသအလိုက်၊ ကဏ္ဍအလိုက် မှတ်တမ်းတင် သည့် အလေ့ကို လုပ်လေ့ရှိပေရာ ဆဗ္ဗီရဟန်းတော် များကဲ့သို့ မဖြစ်စေရန် လိုပါသည်။

စာမျက်နှာပေါင်း (၂၁) မျက်နှာ ၊ ရှစ်ဝတ္ထု ၊ (၂၀) ဂါထာ ၊ ကိုးလုံး၊ ဆယ်လုံးဖွဲ့ တစ်ဂါထာ၊ တစ်ဆယ့်တစ်လုံးဖွဲ့ သန့်သန့် တစ်ဂါထာ၊ ကျန်ဂါထာများ အားလုံးသည် ပထျာဝတ္တ ရှစ်လုံးဖွဲ့များ ဖြစ်ကြသည်။ ထိုတွင် (၁၄) ဂါထာသည် အဖွင့်ခံဂါထာများ ဖြစ်ကြပြီး ကျန်ခြောက်ဂါထာသည် အဖြည့် ဂါထာများ ဖြစ်ကြပါသည်။ ၀တ္ထုရှစ်ဝတ္ထု၏ ဒေသနာအဆုံးတွင် တရားနာသူများ သောတာပန်ဖြစ် ကြပါသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ ကောဓ၀ဂ်၊

၂။ ခုဒ္ဒကနိကာယ၊

စာရေးသူ၏အာဘော်၊

ဗုဒ္ဓဘာသာဝင်များ သိထိုက်သည်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်၊

အင်ချွန်းမြို့၊ တောင်ကိုရီးယား

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP