* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 18, 2011

တိုး၍မပျို၊ အိုသာအိုခဲ့

“ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့၊
ပျက်ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည်မမြဲရှင့်၊
ဖောက်လဲဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ်ရုပ်နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစုဖြစ်ကြ၊ သင်္ခတဟု၊
သဘာဝမျိုး၊ ကောင်းအဆိုးဖြင့်၊ ကြောင်းကျိုးမျှသာ၊ ထင်စပါ၏၊
အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး”
(မန်လည်ဆရာတော်)

တစ်ခါတုန်းက ဖြစ်ပါ၏။ မတွေ့သည်မှာ နှစ်အတော်ကြာသွားသည့် ဒကာမကြီးတစ်ယောက်နှင့် ပြန်ဆုံစဉ် စာရေးသူကိုကြည့်ပြီး ဒကာမကြီးက “အရှင်ဘုရား နေကောင်းလားဘုရား၊ မတွေ့တာ တော်တော်ကြာသွားပြီနော်၊ မတွေ့ရတဲ့ အချိန်မှာ ဘာတွေဘယ်လို ဖြစ်ခဲ့လဲတော့မသိဘူး၊ အရှင်ဘုရားကို ကြည့်ရတာ အရင်ကထက်စာရင် အများကြီး အိုစာသွားသလားလို့၊ ဘာမှတော့ မဖြစ်ဘူး မဟုတ်လားဘုရား” ဟု သတင်းလည်းမေး၊ သူလျှောက်ချင်ရာလည်း လျှောက်နေလေ၏။ ဒကာမကြီး၏ စကားကို ကြားရသည့်အခါ စာရေးသူမှာ ပုထုဇဉ်သဘာဝ အိုစာလာသည် ဆိုသဖြင့် ရင်ထဲမှာ ဘဝင်မကျ ဖြစ်မိခဲ့၏။ ထို့အတူ မခံချင်စိတ်နှင့် ဒကာမကြီးကိုပြန်ပြီး “ဟုတ်လား ဒကာမကြီး၊ ဒကာမကြီးလည်း ဘာတွေဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ မသိပေမယ့် အရင်ထက်ပိုပြီး အိုမင်းလာသလားလို့” စသည်ဖြင့် ရိသဲ့သဲ့ပင် ပြန်လုပ်ဖြစ်ခဲ့သေး၏။

ထိုဒကာမကြီး ပြန်သွားပြီး တစ်ပါးတည်း အေးအေးဆေးဆေး ရှိနေသည့်အချိန်ကျမှ စဉ်းစားမိသည်မှာ ဒကာမကြီး ပြောသွားသကဲ့သို့ပင် စာရေးသူသည် အမှန်ပင် အိုစာလာခဲ့၏။ စာရေးသူသာမဟုတ်၊ အခြားအခြားသော သူများသည်လည်း တစ်စတစ်စ အိုလာနေကြသည်သာ ဖြစ်ပါ၏။ မည်သူမဆို တစ်နေ့ထက်တစ်နေ့၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် နုပျိုလန်းဆန်းလာသည်ဟူသည် မရှိလှပေ။ အချိန်နှင့်အမျှ ပို၍သာ အိုလာကြမည်သာ ဖြစ်ပါပေ၏။ မွေးဖွားလာခြင်း၏နောက် ရှောင်လွဲမရ ရောက်လာကြမည့် အရာများကား အိုခြင်း၊ နာခြင်း၊ သေခြင်း တရားများပင် ဖြစ်ပါ၏။ စင်စစ် ဖောက်ပြန် ပျက်စီးတတ်သည့် ရုပ်တရားကို ပိုင်ဆိုင်ထားခြင်းကိုကပင် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။

မှန်၏။ ရုပ်တရား၏ သဘောလက္ခဏာသည် ဖောက်ပြန်တတ်ခြင်း သဘောရှိ၏။ ထိုသို့ ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်အစုကို ပိုင်ဆိုင်ထားသဖြင့်လည်း မည်သူမဆို အချိန်နှင့်အမျှ ရုပ်တရား၏ ဖောက်ပြန်မှုနှင့် ကြုံနေရကြရခြင်း ဖြစ်၏။ ယနေ့လူအများ ပြောနေကြသည့် အိုလာသည်ဟူသော စကားသည် ရုပ်တရား၏ ဖောက်ပြန်လာခြင်း သဘောလက္ခဏာပင် ဖြစ်ပါ၏။ တစ်စတစ်စ ဖောက်ပြန်ပြနေသည့် ရုပ်တရား၏ မတည်မြဲခြင်းကိုပင် အိုလာသည်ဟု ဆိုခြင်းဖြစ်၏။ စာစကားဖြင့်ပြောလျင် ဇရာ၏ သဘောပင် ဖြစ်ပါ၏။ ဇရာအရ အိုလာကြရခြင်းသည် ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်အစုကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ဖြစ်ပါပေ၏။ ပင်ကိုယ်သဘောအားဖြင့် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသဖြင့် ထိုရုပ်တရားကို မည်သို့မည်ပုံ ပြုပြင်ပါသော်လည်း ထင်သလို ပြုပြင်၍ မရကြခြင်း ဖြစ်ပါ၏။ မည်မျှပင် ပြုပြင်ပါသော်လည်း ပို၍နုပျို လာသည်ဟူသည် မရှိဘဲ တိုး၍သာ အိုလာကြမည် ဖြစ်ပါ၏။

သေချာတွေးကြည့်လျင် သဘဝတရား၊ အမှန်တရားဟူသည် ပြုပြင်ပြောင်းလဲ၍ မရသည့် အရာများသာ ဖြစ်ပါ၏။ ရုပ်နာမ်အစုများဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှတို့၏ သဘာဝနိယမ တရားမှာ အို၊ နာ၊ သေဟူသော တရားသာ ဖြစ်၏။ ထိုတရားများသည် ပြုပြင်ပြောင်းလဲ၍ မရသည့် တရားများ ဖြစ်သကဲ့သို့ ရှောင်လွှဲ၍ မရသည့် တရားများလည်း ဖြစ်ပါ၏။ သဘာဝဓမ္မဟူသည် ယနေ့ခေတ် တိုးတက်ထွန်းကားနေသည့် နည်းပညာများဖြင့်လည်း ပြုပြင်ပြောင်းလဲ၍ မရသည့် တရားများ ဖြစ်ပါ၏။ မည်မျှတော်သည့် သိပ္ပံပညာရှင်များ၊ ဆေးဝါးကျွမ်းကျင် ပညာရှင်များပင် ဖြစ်သော်လည်း ထိုပညာရှင်များ တီထွင်ဖော်စပ်၍ မရသည့် အချက်မှာ အိုနာသေ တရားများကို မအိုမနာမသေစေရန် တီထွင်ဖော်စပ်မှု မပြုနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်၏။

ထိုအချက်ကို လက်တွေ့အားဖြင့် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရုပ်တရားကို ခွဲစိပ်ကုသနည်း အမျိုးမျိုးဖြင့် ပြုပြင်နေကြသည့် သူများကို ကြည့်ပါက အိုခြင်းသဘောကို မအိုစေရန် မည်သို့မျှ မလုပ်နိုင်ကြောင်း အလွယ်တကူ သိနိုင်ကြမည် ဖြစ်၏။ သို့သော် ထိုသဘောကို အမှန်မသိကြသူများကား ငွေကြေးမြောက်များစွာ အကုန်အကျခံ၍ မိမိတို့၏ ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်တရားကို ပြုပြင်ပြောင်းလဲမှု ပြုလေ့ရှိကြ၏။ အိုခြင်းတရားကို မအိုစေရန် ငွေနှင့်ဝယ်ဖို့ ကြိုးစားကြ၏။ နည်းပညာဖြင့် ပြုပြင်ရန် အားထုတ်ကြ၏။ နောက်ဆုံးတွင် သဘောတရား အမှန်ကို မသိသဖြင့် ပြုပြင်ရန် ကြိုးစားကြသည့် ထိုသူများ၏ ပြုပြင်မှုသည် အချည်းနှီးသာ ဖြစ်သည့်ဟူသည့် အချက်ကို တရွေ့ရွေ့ဖြင့် ဖောက်ပြန်ပြလာသည့် ရုပ်တရားက သက်သေပြနေပေ၏။ သဘာဝ နိယာမများသည် ပြုပြင်ပြောင်းလဲ၍ မရသည့်အရာများ ဖြစ်သည်ကို မည်မျှပင် ပြုပြင်သော်လည်း ပို၍နုပျိုလာသည် မရှိဘဲ တိုး၍သာ အိုစာလာသည့် သဘောရှိသည့် ရုပ်တရားက ဖော်ညွှန်းပြနေပေ၏။ ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်တရားသည် သူ့သဘော သူဆောင်နေသည်ကို အိုနာသေ တရားများဖြင့် အထင်အရှား ပြနေပေ၏။

အိုခြင်းတရားနှင့် ပတ်သက်၍ ငယ်စဉ်အခါက သိသိသာသာ ခံစားမှု၊ သတိထားမှု မရှိသော်လည်း တစ်စတစ်စ အသက်အရွယ် ရလာသည့်အခါတွင်ကား အိုခြင်းတရား၏ သဘောလက္ခဏာကို ကောင်းစွာခံစားမိလာတတ်၏။ ငယ်စဉ်ကဆိုလျင် လူကြီးတွေကို အားကျသဖြင့် အသက်ပင် မြန်မြန်ကြီးချင်တတ်ကြသော်လည်း အသက်အရွယ် ရလာသည့် အအိုပိုင်း ရောက်လာသည့် အခါတွင်ကား တစ်ဖန်ပြန်ပြီး နုပျိုချင်တတ်ကြ၏။ အိုရခြင်း၏ ဒုက္ခကို သိရှိလာရသည့်အခါတွင် ငယ်ရွယ်နုပျိုမှုကို တောင့်တလာတတ်ကြ၏။ ရုပ်အဆင်းအင်္ဂါ ပြန်လည်နုပျိုလာမှုကို လိုချင်တောင့်တကြပြန်၏။ အိုလာသည့်အခါ သွားလာလှုပ်ရှားသည်က အစဒုက္ခ ဖြစ်လာကြသည့်အပြင် အိုလာလျင် မစွမ်းဖြစ်လာတတ်သည့် သဘောကိုလည်း ခံစားလာတတ်ကြ၏။ အထူးသဖြင့် နောင်တတရားဖြင့် တရားရှာကြမည် ဆိုသည့်အခါတွင် စိတ်သာရှိပြီး လက်တွေ့လုပ်ဆောင်ရမည့် ရုပ်တရားက ဖောက်ပြန်မှုများနှင့် လိုသလို မလုပ်နိုင်သည့် အခြေအနေတွင်ကား ရုပ်တရား၏ ဇရာသဘောကို ကောင်းစွာနားလည် သဘောပေါက် လာတတ်၏။

သို့သော် အချို့ကား ထိုသဘောကို တရားသဘောဖြင့် မမြင်ဘဲ ရုပ်အသွင်ကို ပြင်လို့ရသမျှ ပြင်နိုင်အောင် ကြိုးစားတတ်ကြ၏။ ထို့ကြောင့်လည်း အိုလာသည့် ရုပ်အသွင်အပြင် အရည်အဆင်းကို ရသလောက် ပြုပြင်နေကြခြင်း ဖြစ်၏။ ခွဲစိပ်ကုသပြီး အရည်ပြားကို အစားထိုးနိုင်သမျှ ထိုးလာကြ၏။ စင်စစ် ထိုသို့မည်မျှပင် ပြုပြင်အစားထိုးသော်လည်း ရုပ်တရားသည် ရုပ်တရားသာ ဖြစ်သဖြင့် ဖောက်ပြန်မြဲ ဖောက်ပြန်နေမည်သာ ဖြစ်ပါ၏။ အိုမြဲအိုလာမည်သာ ဖြစ်ပါ၏။ အသက် သုံးဆယ်အရွယ်သည် ဆယ်နှစ်အရွယ်၊ အသက်ငါးဆယ်အရွယ်သည် အသက်သုံးဆယ် အရွယ်စသည်ဖြင့် အိုရာမှ ပြန်လည်နုပျိုလာမှုမျိုး ရှိလာနိုင်မည် မဟုတ်ပေ။ တစ်စတစ်စ ပျိုလာသည်ဟူသည် မရှိနိုင်ဘဲ ပြိုလာသည်သာ ရှိလာနိုင်ကြမည် ဖြစ်၏။ အိုလာသဖြင့် ချမ်းသာလာသည် ဟူသည် မရှိနိုင်ဘဲ သွားလာလှုပ်ရှား ဣရိယာများတွင် ဆင်းရဲများသာ ရှိလာမည် ဖြစ်ပါပေ၏။ အိုသဖြင့် ကောင်းလာသည်မှာ မဖြစ်နိုင်ဘဲ အိုသဖြင့် ညောင်းညာခြင်းသာ ဖြစ်လာမည် ဖြစ်ပါ၏။ ထို့ကြောင့် မည်မျှပင် ပြုပြင်ပါသော်လည်း ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသည့် ဤရုပ်တရားသည် တိုး၍သာ အိုလာမည်ဖြစ်ပြီး ဒုက္ခများသာ ပွားလာမည်သာ ဖြစ်ပါ၏။

အိုလာလျင် ကောင်းသည့်အရာဟူသည် မရှိနိုင်ဟုဆိုသော်လည်း အိုသည့်တိုင်အောင် ကောင်းသည့်တရားကား ရှိနေပါ၏။ မြတ်ဗုဒ္ဓ၏ အဆုံးအမများတွင် “သုခံ ယာဝ ဇရာ သီလံ”ဟူသော ညွန်ပြထားချက် တစ်ခုရှိ၏။ “အိုသည့်တိုင်အောင် ကောင်းသည့်တရားသည် သီလတရားပင် ဖြစ်၏”ဟု ထိုစကားရပ်၏ အဓိပ္ပါယ်ကို နားလည်ထားနိုင်၏။ အိုလာလျင် မကောင်းနိုင်သော်လည်း အိုသည့်တိုင်အောင် ကောင်းသည့်တရား ဖြစ်သည့် သီလရှိနေလျင်ကား ကောင်းနေနိုင်မည် ဖြစ်ပါ၏။ ဖောက်ပြန်တတ်သည့် ရုပ်တရားကို ပိုင်ဆိုင်ထားသဖြင့် ရုပ်ဖောက်ပြန်ခြင်း သဘောဖြစ်သည့် အိုခြင်းတရား ရှိနေသော်လည်း သီလတရား ရှိထားလျင်ကား ဘဝကောင်းနေမည်ဖြစ်ပြီး ဘဝကောင်းခြင်းသည် ချမ်းသာခြင်းသာ ဖြစ်ပါပေ၏။ ထိုချမ်းသာမှုသည် အိုသည့်တိုင်အောင်လည်း ချမ်းသာ၊ နေသည့်အခိုက်တွင်လည်း ချမ်းသာ၊ သေပြီးနောက်ဘဝများ အထိပင် ချမ်းသာစေမည်မှာ အမှန်ပင် ဖြစ်ပါ၏။ အိုလာသည့် ရုပ်အသွင်အပြင်ကို ချမ်းသာအောင် ပြင်နေကြသည်ထက် အိုသည့်တိုင်အောင် ချမ်းသာစေမည့် သီလကိုသာ လုံအောင်မိမိတို့၏ စိတ်နှင့်ရုပ်ကို သတိဝိရိယ တရားများဖြင့် ပြင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါများ အနေဖြင့် မိမိတို့၏ ရုပ်တရားကို နည်းအမျိုးမျိုးဖြင့် မအိုရအောင် မည်မျှပင် ပြုပြင်ကြပါသော်လည်း ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသည့် ရုပ်တရားသည် ပို၍နုပျိုလာသည် မရှိဘဲ တိုး၍သာ အိုလာနေမည်သာ ဖြစ်သဖြင့် ရုပ်ကိုပြင်ကြခြင်းထက် စိတ်ကိုပြင်ကြခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း၊ မွေးဖွားခြင်း ဖြစ်ပေါ်လာပြီးသည့်နောက် ဤရုပ်တရားသည် တဖြည်းဖြည်းဖြင့် အိုအိုလာနေသည်သာ ဖြစ်သဖြင့် အိုမှုနောက် ပြိုမှုသာရောက်လာမည် ဖြစ်ပြီး အိုလာသည်နှင့်အမျှ ဒုက္ခတရားလည်း ပိုလာနေမည်သာ ဖြစ်ကြောင်း၊ အိုလာသည်နှင့်အမျှ ကောင်းလာသည် ချမ်းသာလာသည်ဟူသည် မရှိနိုင်ဘဲ တစ်ရိပ်ရိပ်ဖြင့် ဆင်းရဲမှုသာ ပိုလာမည်ဖြစ်ကြောင်း၊ သို့သော် အိုသည့်တိုင်အောင် ကောင်းသည့်တရားဖြစ်သည့် သီလတရား ရှိထားလျှင်ကား ရုပ်ဖောက်ပြန်သဖြင့် ရုပ်မချမ်းသာသော်လည်း သီလလုံခြုံထားသဖြင့်ကား စိတ်လည်းလုံခြုံ၊ ဘဝလည်း လုံခြုံပြီး ပစ္စုပ္ပန်သံသရာ အဖြာဖြာတွင် ချမ်းသာနေမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် အိုသည့်တိုင်အောင် ချမ်းသာစေမည့် သီလတရားကိုသာ လုံခြုံအောင် စောင့်ထိန်းရင်း မိမိတို့၏ ဘဝကို မိမိတို့ကိုယ်တိုင်သာ ပြုပြင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။


အချုပ်အားဖြင့် လူအတော်များများသည် အိုလာသည်ဟုပြောလျင် မကြိုက်တတ်ကြသော်လည်း အသေအချာ တွေးကြည့်လျင် မွေးလာပြီးနောက် ပို၍ပျိုလာသည်မှာ မရှိဘဲ တိုး၍သာ အိုလာမည်သာ ဖြစ်သဖြင့် မည်သူက မည်မျှပင် အိုလာသည် ဆိုလာပါစေ ထိုစကားသည် အမှန်ဖြစ်သဖြင့် မတုန်မလှုပ်ဘဲ လက်ခံနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး ဖောက်ပြန်တတ်သည့် ရုပ်အစုကို ပိုင်ဆိုင်ထားသဖြင့် ရုပ်တရား၏ ဖောက်ပြန်မှု တစ်ခုဖြစ်သည့် အိုခြင်းတရားကိုလည်း မလွဲမသွေ ကြံတွေ့ရမည့် သဘာဝနိယတရား တစ်ခုအဖြစ် လက်ခံနိုင်အောင် လေ့ကျင့်လျက် ရုပ်တရားအိုလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခထက် အိုသည့်အတိုင်အောင် ချမ်းသာစေမည့် အကျင့်သီလပိုင်းကိုသာ သတိဝီရိယ တရားများဖြင့် အထူးလုံခြုံအောင် စောင့်ထိန်းကြဖို့ တိုက်တွန်းရင်း ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ တိုး၍မပျို အိုသာအိုနေကြမည့် အချက်ကို မမေ့မလျော့ဖို့ကိုလည်း အလေးအနက် ထပ်မံ၍ အသိပေး တိုက်တွန်းလိုက်ရပါသည်။

Read more...

စောမယကောလိပ် (Somaiya College)



စာမိတ်ဆက်
ရောက်လေရာရာမှာ မှတ်စုမှတ်တမ်းရေးလေ့ရှိသည်။ ပူနေးတက္ကသိုလ် အမ်အေတန်း တက်စဉ်ကလဲ ပူနေးတက္ကသိုလ်အကြောင်း များစွာရေးခဲ့သည်။ တက္ကသိုလ်များ စိတ်ဝင်စားသူတွေအတွက် အကျိုးများသလို မိမိအတွက်လည်း မှတ်တမ်းတစ်ခု ကျန်ခဲ့သည်။ ယခု စာရေးသူ ရောက်နေသော ကောလိပ်တစ်ခုအကြောင်း မိတ်ဆက်လိုပါသည်။ အွန်လိုင်းက တက္ကသိုလ်အကြောင်းတွေ စိတ်ဝင်စားနေသော မိတ်ဆွေများကလဲ အရှင်ဘုရားရောက်နေတဲ့ တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးပါဦးဟု တောင်းဆိုလာပါသည်။ ထို့ကြောင့် သိသလောက် မှတ်သလောက်လေးပဲ တင်ပြလိုပါသည်။ လိုအပ်တာများရှိက ဖြည့်ဖတ်ပေးစေလိုပါသည်။
Management ဌာန

စောမယကောလိပ်နှင့် နာမည်ကျော်များ
သူကတော့ K.J Somaiya College အကြောင်းပဲ ဖြစ်သည်။ ဤကောလိပ်သည် အိန္ဒိယနိုင်ငံတွင် နာမည်ရ Institute တစ်ခုဖြစ်သည်။ ပုဂ္ဂလိကပိုင် ကောလိပ်ဖြစ်သည်။ အိန္ဒိယလို မဟာဒီမိုကရေစီနိုင်ငံများမှာ ပုဂ္ဂလိက ပညာရေးစင်တာများ အပြိုင်အဆိုင် ဖွင့်လျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် ကမ္ဘာကျော်တက္ကသိုလ်ကြီးများစွာထဲက ဟားဗတ်တက္ကသိုလ်ဆိုရင် လူတိုင်းသိမည် ထင်သည်။ အထူးသဖြင့် ဥပဒေဘွဲ့မှာ ပိုနာမည်ရသည်ဟု ထင်ပါသည်။ John Harvard ဆိုသည့် Charlestown ၏ လူငယ်ဝန်ကြီးသည် 1638 ခုနှစ် သူသေပြိးနောက် သူ၏စာကြည့်တိုက်နှင့် ထို ရုံးကြီးကို ကောလိပ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုကျေးဇူးရှင်နာမည်ကိုစွဲ၍ Harvard University ဟု ယနေ့ ကမ္ဘာ့စာမျက်နှာတွင် ထိပ်ဆုံးက ရှိနေသည်။ အလားတူ အမေရိကန်နိုင်ငံရှိ Vanderbillt တက္ကသိုလ်ကြီးသည်လည်း ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ 1873 နှစ်က ရေတပ်ဗိုလ်မှူးချုပ်ကြီး Vanderbilt သည် အမေရိကန်ဒေါ်လာ သိန်း တစ်ထောင် (၁၀၀၀) တက္ကသိုလ်တည်ထောင်ရန် လှူဒါန်းခဲ့သည်။ မူလက အကျယ်ဝန်းမှာ ၇၅ ဧကသာရှိပြီး နောက်ပိုင်းတိုးချဲ့လာရာ ၁၉၆၀ ခုနှစ်မျာတော့ ဧက ၂၆၀ အထိ ရှိလာသည်။ ထိုကျေးဇူးရှင်၏အမည်ကို အစွဲပြု၍ Vandebilt University ဟု ကမ္ဘာကျော် ပုဂ္ဂလိကတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာသည်။
စောမယ (K.J somaiya) ဟု အမည်တွင်
အလားတူ ဤစောမယကောလိပ်သည်လည်း တည်ထောင်သူ Shri K.J. Somaiya အမည်ကို စွဲ၍ K.J Somaiya College ဟု အမည်တွင်သည်။ ထို ကောလိပ်ကို 1959 ခုနှစ် နောက်ပိုင်း Shri K.J. Somaiya (1902-1999) ကတည်ထောင်ခဲ့သည်။ သူသည် စီးပွားရေးလောကမှာ ထိပ်တန်းရောက်ခဲ့သည်၊ နောက်ပိုင်း လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် ထက်သန်သောဆန္ဒကြောင့် အလွန်များပြားလှတဲ့ မြေဧကကို ၀ယ်လိုက်သည်။ သူသည် 1959 ခုနှစ်မှာ SOMAIYA VIDYAVIHAR (စောမယ ၀ိဇ္ဇာ ၀ိဟာရ) ဟု အမည်တင်လိုက်သည်။ ၀ိဇ္ဇာ-အတက်ပညာများကို သင်ယူရာ၊ ၀ိဟာရ- နေရာဟု အဓိပ္ပါယ်ရသည်။ စောမယကောလိပ်ဟုလည်း ခေါ်ကြသည်။ KJ Somaiya College of Arts & Commerce ကို ပထမဦးဆုံး ဇွန်လ ၂၁ရက် ၁၉၆၀ ခုနှစ်မှာ စတင်ဖွင့်လှစ်အောင်မြင်ခဲ့သည်။

Commerce ဌာန
In just five decades it has grown into a large educational complex with 34 institutions catering to diverse fields of education such as Humanities, Engineering, Education, Medicine, Management, Pure Sciences and Mass Communication, with more than 27000 students and 1700 teaching faculty on a throbbing 65 acre campus!
ထိုကောလိပ်တွင် အဓိကအားဖြင့် k.j.somaiya polytechnic, Management, Engineering, Commerce, Medicine, ဘာသာရပ်များနှင့်စပ်လျှင်းပြီး နာမည်ရကောလိပ်ဖြစ်သည်။ 65 acre ကျယ်ဝန်းသော campus ထဲမှာ ကျောင်းသားဦးရေ 27000၊ ဆရာ 1700 နှင့် ဌာနပေါင်း 34 institutions တို့ဖြင့် စည်ကားလျက်ရှိသည်ဟု ဆိုသည်။ K.J Somaiya College များသည် campus ကွဲပြားနေတာလဲ ရှိသည်။ မြန်မာ ရဟန်းတော်များ တက်ရောက်သော ဌာန နှစ်ခုသည်ကား Management, Engineering, Commerce ဌာနတို့နှင့်အတူ Vidyavihar တွင် ရှိသည်။ Somaiya College Vidyavihar ဟု ပြော၍လာရပါသည်။
Engineering ဌာန

မြန်မာရဟန်းတော်များ
စာရေးသူတို့ ၀ိဇ္ဇာဘွဲ့များကိုကား ဤကောလိပ်မှ အထူးမပေး၊ တခြားတက္ကသိုလ်များမှ Branch အနေနဲ့ လာရောက်ဖွင့်သည်။ အထူးသဖြင့် မြန်မာရဟန်းတော်များ အားလုံးသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများမှ အမ်အေ M.A ပြီး ကျောင်းသားများသာ ဖြစ်ကြသည့်အတွက် ဒေါက်တာဘွဲ့ Ph.D အတွက် စာတမ်းပြုစုရန် ရောက်လာကြသူများ ဖြစ်ကြသည်။ မြန်မာကျောင်းသားများသည် Sanskrit Nargapur University က လာရောက်ဖွင့်လှစ်သော ဆန်စကရစ်ဌာန စောမယကောလိပ်နှင့် ဘုံဘေတက္ကသိုလ် ပင်မက လာရောက်ဖွင့်လှစ်သော ပါဠိဌာန (Buddhist study) များကိုသာ စာတမ်းတင်သွင်းကြသည်။ ထိုကျောင်းသားများသည် အမ်အေတန်းတက်စဉ်က ဘာသာရပ် ဌာန၊ တက္ကသိုလ် မတူညီကြပေမဲ့ နောက်ဆုံး Ph.D စာတမ်းအတွက်ကိုတော့ ထိုနှစ်ခု တစ်ခုခုကိုသာ အများစု ရွေးခြယ်ကြသည်။ စာရေးသူသည်ပင် ပူနေးတက္ကသိုလ် ဒဿနိကဗေဒ (Philosophy) ဌာနမှ Master ပြီးခဲ့သည်၊ အချို့လဲ ဘာသာဗေဒ (Linguistic) ဌာနမှ Master ပြီးသည်၊ အချို့လဲ ဗုဒ္ဓစာပေနဲ့ ပြီးခဲ့ကြသည်။ ထိုစောမယကောလိပ် Sanskrit ဌာနနှင့် Buddhist study ဌာနတို့၌ M.A တန်း တက်ရောက်နေသော မြန်မာကျောင်းသားများကိုတော့ မတွေ့ရ၊ အိန္ဒိယကျောင်းသားများသည်ပင် ဒီပလိုမာတန်းတွေ တက်ရောက် သင်ယူနေတာကိုတော့ တွေ့ရသည်။
မှတ်ချက်။ ။ တက္ကသိုလ်ဝက်ဘဆိုက်ကို ကိုးကားသည်။
ဆရာအခက်အခဲ
မတူညီသော ဘာသာရပ်များမှ အမ်အေပြီးသော ကျောင်းသားများသည် Ph.D အတွက် supervisor အလုအရက် ရှာရသည့်အချိန်ဖြစ်သဖြင့် ရရာ ဌာန ရရာ ဆရာကိုအမိရဖန်းကြရသည်။ ဘယ်ဌာနက ကောင်းတယ်၊ ဘယ်ဆရာက ကောင်းတယ်စသည့် ရွေးချယ်ဖို့ကိုပင် အချိန်မရခဲ့။ အိန္ဒိယတက္ကသိုလ်တစ်ခုခုတွင် M.A ပြီးသောကျောင်းသားတစ်ယောက်သည် Ph.D ကျောင်းသားဖြစ်ဖို့ ဆရာရှာချိန်၊ ဌာန ရှာချိန်၊ တက္ကသိုလ်ရွေးချိန် သိပ်မရတော့ပေ၊ သူ၏ဗီဇာသည် ၂ နှစ်စာမျှသာဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပိုက်ဆံ အကုန်အကျခံနိုင်ပါက stay ရှောင်ရန် သီရိလင်္ကာ သို့မဟုတ် အခြားနိုင်ငံ သို့မဟုတ် မြန်မာပြည်ပြန်ပြီးမှ ဗီဇာအသစ်ဖြင့်လာပါက အချိန်များစွာ ရသဖြင့် စိတ်ကြိုက်ဆရာ ဌာန၊ တက္ကသိုလ်များ ရွေးချယ်ချိန် ရနိုင်ပါသေးသည်။ အချို့လဲ အဲဒီနည်းဖြင့် Ph.D ကျောင်းသားဖြစ်အောင် ကြိုးစားပြီးမှ ကိုယ့်ပြည်ကို ပြန်ကြသည်။ သို့သော်လည်း အချိန် ငွေ များစွာ အသုံးပြုရပါလိမ့်မည်။
ကျောင်းသားတစ်ယောက်ဖြစ်ရန်
M.A course ပြီးသော ကျောင်းသားတစ်ယောက် Ph.D အတွက် အမှတ် (၅၅% B Grad သို့မဟုတ် Second class)မီရပါသည်။ ထိုကျောင်းသားသည်----
၁။ supervisor ရှာရမည်၊ ထိုဆရာနှင့် မိမိ တင်သွင်းမည့် synopsis ကျမ်းစာ အနှစ်ချုပ်ကို ဆွေးနွေးရပါသည်။ ထိုဆရာ မိမိ ခေါင်းစဉ်ကို သဘောကျ လက်ခံပြီးပါက-
၂။ M.A တန်းအောင်လက်မှတ် မိတ္တူ၊ အမှတ်စာရင်း၊ Migration၊ ပတ်စပို့ ကော်ပီ၊ ဓာတ်ပုံ၊ supervisor ၏လက်မှတ်ပါရှိပြီး မိမိ၏ကျမ်းစာခေါင်းစဉ် ၁၀ မူ၊ တို့ကို ကိုင်ဆောင်ပြီး ကိုယ့်စာတမ်းတင်သွင်းမည့် ဌာနကို သွားရမည်၊ ထိုဌာနရှိ ဌာနမှူး (ဒါရိုက်တာ) နှင့်တိုင်ပင်ပြီး သူ၏လက်မှတ်များ ရယူကား ရုံးလုပ်ငန်းများ စတင်ရပါသည်။
၃။ ထိုရုံးလုပ်ငန်းဆိုသည်မှာ မှတ်ပုံတင်ခြင်းဖြစ်သည်၊ ထိုအတွက် ကျောင်းဝင်ကြေးများ ပေးဆောင်ရမည်။ နိုင်ငံခြားသားများ ဖြစ်ပါက အမေရိကန်ဒေါ်လာကို ယနေ့ပေါက်ဈေး အိန္ဒိယငွေးကြေးများလှဲလှယ်ကာ ပေးသွင်းရသည်။ ပထမဆုံး ပေးသွင်းရမည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၀၀ ဖြစ်သည်။ ထိုကြေးများကို အောက်ပါအတိုင်းဖော်ပြလိုက်သည်။
K.J Somaiya College Of Mumbai
Department of Sanskrit
Ph.D Fee Schedule
စောမယကောလိပ် Ph.D ကျောင်းသားတစ်ယောက်၏ Education Fee
---------------------------
၁။ ဖောင် (Form) 10 $
၂။ မှတ်ပုံတင် Registration Fee 200 $
၃။ Retention Fee (Six monthly) 50 $
၎။ ကျမ်းစာတင်ခြင်း (Thesis Submission Fee) 600 $
၅။ Thesis Valuation Fee 60 $
၆။ Department Fee (Yearly) 10,000 Rs 0r 250 $
ဤကား ထိုဌာ၏ စည်းမျဉ်းကို တိုက်ရိုက် ကူးတင်လိုက်ခြင်းဖြစ်သည်။ ၂နှစ်အတွင်းပြီးသော ကျောင်းသားတစ်ယောက်၏ ပညာရေးကြေးသည် အမေရိကန် ဒေါ်လာ ၁၅၂၀ ဖြစ်သည်။ ၂နှစ်ကျော်သွားပါက လစဉ် နှစ်စဉ် ပေးဆောင်ရသော ကြေးများ တိုးသွားနိုင်ပါသည်။
မှတ်ချက်။ ။ စားစရိတ် အဆောင်စရိတ်များကိုတော့ သီးသန့် ကိုယ့်ဘာသာ တာဝန်ယူကြရ ပါသည်။
ဤကား စာရေးသူ၏ Sanskrit ဌာနတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့သော အတွေ့ကြုံများသာတည်း၊ ပါဠိဌာနအကြောင်းကိုတော့ သိပ်မသိပါ။ လုပ်ရိုးလုပ်စဉ်တော့ အနဲငယ်ကွာဟနိုင်ပါသည်၊ ကျောင်းဝင်ကြေးလဲ ကွာခြားနိုင်ပါလိမ့်မည်။ ထိုဌာနသည် လွန်ခဲ့သော နှစ်များက ဈေးသက်သာပေမဲ့ အခုအချိန်မှာ ကျောင်းဝင်ကြေးများ ၃ ဆ မြင့်တက်လာသည်ဟုလဲ ကြားနေရသည်။
ကျောင်းသားများ အဆောင်

၎။ နံပါတ် ၃ အစီအစဉ်များ ပြီးပြည့်စုံပါက ဌာနမှ supervisor နှင့် ညှိနှိုင်းပြီ ၀င်ခွင့်ဖြေရန် ရက်သက်မှတ်ပေးသည်၊ ထိုစာမေးပွဲ ဖြေဆိုပြီးပါက interview ရှိပါသေးသည်၊ ထိုဝင်ခွင့်များသည် စိတ်ပူစရာ ကြောက်စရာမဟုတ်၊ အလွယ်တကူပြီးနိုင်သည်၊ ၀င်ခွင့်ပြီးပါက ထိုဌာနမှ RV (Research Visa) လျှောက်ရန်အတွက် စာတစ်ရွက်ထွက်ခိုင်းရပါသည်။ ထိုစာရွက်ရပြီးပါက ကိုယ့်ပြည်ကို ပြန်လာလို့ ရပြီ၊ ပိုက်ဆံ အလုံလောက်ရှိပါက သွားလိုက် ပြန်လိုက် လုပ်လို့ရပါသည်။ Distance တောင်ရနိုင်သည်။ သို့သော်လည်း Research ကျောင်းသားသည် သမာဓိရဖို့လိုသည်၊ ကိုယ်ရေးမည့်ကျမ်းစာအပေါ်မှာ အာရုံစုစည်းထားမှသာ မြန်မြန်ပြီးနိုင်ပါသည်။ Sanskrit ဌာနတွင် ဤမျှသော အစီအစဉ်ဖြင့် Ph.D ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ၊ Confirmation letter (approval letter) ကို စောင့်ရင်း ကျမ်းစာများ ရေးလို့ရပါပြီ။ ထိုစာသည် ၅ လ နောက်ပိုင်းမှ ထွက်ပေးသည်၊ စာရေးသူတို့အဖွဲ့ ယခုအချိန် ၉ လတောင်ရှိနေပြီ အခုထိ ထိုစာ မရသေး။
၅။ မြန်မာပြည်ပြန်သွားပြီး ပစတ်စပို့ သက်တမ်းတိုးခြင်း ဗီဇာရယူခြင်းများ ပြုလုပ်ပြီးပါက အိန္ဒိယသို့ တစ်ခေါက်လာသောအခါ-- လုပ်ဆောင်ရမည့် အချက်အလက်များ ရှိပါသေးသည်။ stay permission ဟု ခေါ်သည့် အစီအစဉ်တစ်ခု လုပ်ရပါမည်။ လုပ်ထုံးလုပ်နည်းများသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူညီ။ ပူနေးတက္ကသိုလ်နှင့် ပူနေးအကြောင်းကိုတော့ တင်ပြပြီးဖြစ်ရကား ဘုံဘေအကြောင်းကိုပဲ တင်ပြပါမည်။ (က)ကိုယ်တက်ရောက် သင်ကြားနေသည့် ဌာနမှ Bonafiled ခေါ် ကျောင်းသားဖြစ်ကြောင်းနှင့် stay permission အတွက် ထောက်ခံစာကို ဌာနမှူး သို့မဟုတ် ဒါရိုက်တာဆီက ရယူရပါသည်။ (ခ) ကိုယ်နေသည့် အိမ် သို့မဟုတ် အဆောင် တာဝန်ခံ၏ အဆောင် (အိမ်) မှာ နေသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ မူရင်းစာနှင့် (ဂ) ပတ်စပို့မိတ္တူ၊ ဓာတ်ပုံ ၂၊ နှင့် မူရင် ပတ်စပို့ပါ ကိုင်ဆောင်ပြီး FRRO ( Foreign Regional Registration Office) ရုံးသို့ သွားတင်ရပါသည်။ ထိုရုံးသည် ဘုံဘေ အဓိကဘူတာ (CST) ဘူတာကြီးအနီး ရှိသည်။
မိန်းမနှင့် ရထား
ထိုဘူတာသို့ သွားရသည်မှာလဲ လွယ်ကူလှသည်မဟုတ်၊ ရထားလက်မှတ် ရဘို့ နာရီဝက်နီးပါး တန်းစီရသည်။ မြို့ပတ်ရထားဖြစ်၍ တိုးကြိတ်စီးရသည်။ ဘူတာတစ်ခုကို ၂ မိနစ်ခန့်ပဲ ရပ်သည်၊ အရေးကြီးသည့်ပစ္စည်းများ ဂရုစိုက်ရသည်။ ထိုဘူတာကြီးသည် ဂိတ်ဆုံးဖြစ်သဖြင့် အပြန်မှာတော့ နေရာကောင်းကောင်းရသည်။ စာရေးသူတို့ သွားချိန်သည် ရုံးချိန်၊ ကျောင်းသားများ စာဖြေချိန်ဖြစ်သည်၊ ရရာ လက်ကိုင်ကြိုး သို့မဟုတ် သံတိုင်တစ်ခုခုကို ဆွဲမိဆွဲရာ ဆွဲရသည်။ ၂ သောင်း ၆ ထောင်တန် ဖိနပ်ကျွတ်ကျန်ရစ်မှာကိုပဲ စိုးရိမ်နေရသေးသည်---pppppp။ တစ်ယောက်ထဲ သွားလေ့သွားထ မရှိသော စာရေးသူအတွက် အတော်ခက်ခဲပါလိမ့်မည်။ အစအစအရာအရာ ကူညီပေးသော သူငယ်ချင်းအားလဲ ကြိတ်ပြီး အထူးကျေးဇူးတင်နေရသည်။
ရထားပေါ်တွင် အမျိုးသမီးနဲသည်၊ အများစု အမျိုးသားများဖြစ်သည်။ အမျိုးသမီးများကိုတော့ သီးသန့်အခန်း ပေးထားသည်။ ထိုအခန်း ယောကျာ်းများ နေရာယူသည်ကို မတွေ့ရသဖြင့် ကုလားများ မိန်းမများကို တန်ဖိုးထားသည်ဟု ထင်ရသည်။ သို့သော် လက်ထပ်သည့်အခါမှာတော့ မိန်းမများက ယောကျာ်းလေးကို အကုန်ကျခံ တောင်းရမ်းရသည်၊ အမျိုးသမီး ၅ ယောက်လောက် မွေးသော မိဘများသည်၊ ယောက်ျားတောင်းရမ်းဖို့အတွက် မလွယ်၊ တချို့ မတောင်းနိုင်သဖြင့် ကိုယ့်ကိုကိုယ် သက်သေသည်ဟုလည်း ကြားနေရသည်။ ဘူတာကြီးသည် အံသြစရာ ကောင်းသည်။ အလွန်ကြီးကျယ်သည်။ အိန္ဒိယသည် ရထားကို အဓိက ကုန်းလမ်းပို့ဆောင်ရေးအဖြစ် အသုံးပြုသဖြင့် ဘူတာတိုင်းတွင် စက္ကန့်ပိုင်းအတွင်းမှာပင် ရထား ၃ စီးလောက် ၀င်ထွက်နေသည်။ တပြိုင်တည်း တချိန်တည်းမှာပင် ရထား ၃ စီး ပြိုင်ပြေးနေသည်ကိုလည်း တွေ့ရသည်။ နေ့စဉ် ရထားပေါ်တွင် လူ သန်း၅၀နှင့်သန်း ၃၀ အကြား ရှိနေသည်ဟု သိရသည်။ ကုလားလူဦးရေသည် နေ့စဉ်နှင့် တိုးတက်လာနေသည်၊ ယခုအခါ သန်း ၁၂၀၀ ကျော်နေပြီဟု သိရသည်။

ဘုံဘေနှင့် ပူနေး
ပူနေးက stay permission (ပြည်တွင်း နေခွင့်) ကို တင်တဲ့အချိန်ကစပြီး one year ပေးသည် သို့မဟုတ် အိန္ဒိယကို ၀င်ချိန်ကစပြီး တွက်ပေးသည်။ ဘုံဘေမှာတော့ ကိုယ့်ဗီဇာ စထုတဲ့အချိန်ကစပြီး တစ်နှစ်စာတွက်ပေးသည့်အတွက် စောစော ဗီဇာဝင်ထားလျှင် stay permission လဲ အလိုလျောက် ကုန်နေသည်။ စာရေးသူသည် လွန်ခဲ့တဲ့ ၇ လကျော်လောက်ကထဲက ဗီဇာဝင်ထားသဖြင့် stay permission ကို ၅ လပဲ ရတော့သည်။ ဘုံဘေကို လာလျင်တော့ လာခါနီးမှ ဗီဇာထုတာ အကောင်းဆုံးဖြစ်သည်။ မြန်မာကျောင်းသားများသည် ထို နိုင်ငံခြားသား မှတ်ပုံတင်ရုံးသို့ အိန္ဒိယ immigration ၀င်ချိန်ကစပြီး ၁၄ ရက်အတွင်း သွားရမည်။
ပူနေး FRO (Foreign Registration Office) ရုံးမှာ ပြည်ပကျောင်းသားများဖြင့် တန်းစီနေရသည်ကို တွေ့ရပေမဲ့ ဘုံဘေ FRRO ရုံးမှာတော့ ပြည်ပကျောင်းသားနဲသည်၊ စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များ များစွာတွေ့ရမည်။ ရုံးကိစ္စများပြီးပါက အေးအေးဆေးဆေး စာ စတင်ရေးလို့ ရပါပြီ။ ပူနေးတက္ကသိုလ်ကျောင်းသားများသည် စည်းမျဉ်းများ စာရွက်စာတမ်းများ A form B form C form စသည်တို့ဖြင့် ရှုပ်ထွေးလှသည်၊ stay permission (ပြည်တွင်း နေခွင့်) ကိုလည်း တစ်လကြာမှ ရသည်၊ ဘုံဘေမှာတော့ သိပ်မရှုပ်၊ တစ်ရက်တည်းဖြင့် stay permission ကို ထုတ်ပေးသည်။ စာရေးသူ တွေ့ကြုံခဲ့သော တက္ကသိုလ်နှစ်ခု၏ ထူးခြားမှုများစွာထဲက အရေးပါသော အချက်များသာဖြစ်သည်။ အိန္ဒိယရှိ အခြားတက္ကသိုလ်များ၏ အစီအစဉ်များသည်လည်း သိပ်အကွာကြီးမဟုတ်လှ။
ဤကား ဤစောမယကောလိပ်နှင့်ပတ်သက်ပြီး မိမိသိသော အနည်းငယ်မျှသော အကြမ်းပြင်းမျှသာ ဖြစ်ပါသည်၊ မသိသေးသော အကြောင်းများလဲ များစွာရှိနေသေးသည်။

နှစ်သစ်မှာ ရွှင်လန်းကြပါစေ
သီတဂူစတား
၁၇-၄-၂၀၁၁


Read more...

2011-သိရီမင်္ဂလာသင်္ကြန်ပွဲတော် မှတ်တမ်းဓာတ်ပုံ(၁)

အမေရိကန်ပြည်ထောင်စု ၊အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း၊ 2011-ခု၊ ဧပြီလ ၁၆-ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ နိဗ္ဗာန်ဈေးပွဲတော်မှာ မနက်ပိုင်းကျင်းပတဲ့ သက်ကြီးပူဇော်ပွဲနှင့် နှစ်သစ်ပရိတ်တရားနာ အမှတ်တရ ကုသိုလ်ပုံရိပ် မှတ်တမ်းလွှာများပါ။

Read more...

ဆင်ဖြူတော်

ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေးဆူးမတြား၊ ယိုးဒယား စသော အာရှတိုက်သားတို့သည် ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။

ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။ ဆင်ကြန်ကျမ်းများတွင် ဆင်ဇာတ်အမျိုးမျိုး၊ ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ အကျိုးအပြစ် အမျိုးမျိုး၊ အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ကြ၏။

ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ---
ပိဋကတ်တော် အဖွင့်များဖြစ်သော ၀ိဘင်း အဋ္ဌကထာ၊ မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌
(၁) ကာဠာဝကဆင်
(၂) ဂင်္ဂေယျဆင်
(၃) ပဏ္ဍရဆင်
(၄) တမ္ဗဆင်
(၅) မိင်္ဂလဆင်
(၆) ဂန္ဓဆင်
(၇) မင်္ဂလဆင်
(၈) ဘေမဆင်
(၉) ဥပေါသထဆင်
(၁၀) ဆဒ္ဒန္တဆင် ဟူသော ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။

တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊ နဒီစရ (မြစ်နေဆင်)၊ ၀နစရ (တောနေဆင်)၊ စသည်ဖြင့် အမျိုးများစွာ ရှိပြန်သေးသည်ဟု သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။

ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ---
(၁) ဘဒြဆင်
(၂) မန္တဆင်
(၃) မိဂဆင်
(၄) သံကိဏ္ဏဆင်
(၅) မိဿရဆင်
(၆) ကေဒန္တဆင်
(၇) ဒန္တဘင်္ဂဆင်
(၈) ကုဉ္စရဆင်
(၉) ပါသတ္တိဆင် ဟူသော ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင် ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။
အရပ် (၇)တောင်ရှိသည်။ အလျား (၉)တောင် ရှိသည်။ လုံးပတ် ၃၀-တောင်ရှိသည်။ တောဝက်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။

အခြားတနည်းမှာ
(၁) မဟာကဏ္ဏဆင်
(၂) ၀ီသနဆင်
(၃) သီဟဇင်္ဂဆင်
(၄) ဂေါပုစ္ဆဆင်
(၅) ဒန္တိဥက္ခဆင်
(၆) ဧကဒန္တဆင်
(၇) နာဂဌိတဆင်
(၈) သေတဆင်-ဟူသော ဗေဒင်ကျမ်းထွက်ဆင် ၈-စီးပြဆိုထားသည်။ ထိုအထဲတွင် သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။

ဆင်ဖြူ ၁၂-မျိုး
ရိုးရာအစဉ်အလာအရ ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ ယင်းတို့မှာ-
၁။ ရတနာသရဖူ ဆင်ဖြူတော် (ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)
၂။ ရတနာပလ္လင် ဆင်ဖြူတော် (ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)
၃။ ရတနာက တင် ဆင်ဖြူတော် (ဆင်ကတင်သည့် နေရာတွင် ဖြူသည်)
၎။ ရတနာ ကျည်း ဆင်ဖြူတော် (ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်)
၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော်
(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)
၆။ ရတနာပြာသာဒ် ဆင်ဖြူတော် ( ကုန်းဖြူသည်)
၇။ ရတနာသိမ်း ၁-ဆင်ဖြူတော် (သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)
၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)
၉။ ရတနာဆုပ်ဆင်ဖြူတော် ( နှာရုံ နှာဖျားလှထွားဖြူသည်)
၁၀။ ရတနာကြန့် ဆင်ဖြူတော် (၀မ်းတွင်းကျော်တလျှောက် ဖြူသည်)
၁၁။ ရတနာယပ် ဆင်ဖြူတော် (နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)
၁၂။ ရတနာ ကြန်စုံဆင်ဖြူတော် (တကိုယ်လုံးဖြူသော ဆင်ဖြူတော်)


ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင် ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် ဆင်ဖြူတော်အစစ် ဖြစ်သည်။ ကျန် ၁၁-မျိုးမှာ သာမည အဖြူရောင်ပါရှိ၏။ ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ အမျိုးနိမ့်မြင့် ကွဲပြားလေသည်။ ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။


ဆင်ဖြူတော်ဆိုင်ရာ စာတမ်းများ
ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ---
၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။
၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ၀ရသေတဂိရိ ဆင်တော်မော်ကွန်း။
၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။
၎။ အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။
၅။ ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့
ဖြစ်ကြ၏။


မြန်မာဘုရင်များနှင့် ဆင်ဖြူတော်များ---
ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။
ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်-ဟူ၍၄င်း၊
လေးစီးရလျှင် လေးစီးရှင်-ဟူ၍၄င်း၊
ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍၄င်း၊
အများရလျှင် ဆင်များရှင်-ဟူ၍၄င်း
ဆင်ဖြူဆင်နီများရှင်-ဟူ၍၄င်း အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။


ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည် တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။ ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇ၀င်တွင် အထင်အရှား ဆိုထား၏။


ဆင်ဖြူရသော မင်းများကိုလည်း ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။


ဟံသာဝတီ မင်းတရားကြီးသည် ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။ ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက် တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည် ဟု ရာဇ၀င်များတွင် ပြဆိုထား၏။


အမြင့်မြတ် အကြီးကျယ်ဆုံး---
မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို ထူးဆင်၊ ထူးဆင်မတော်၊ စီးစုဆင်မတော်၊ စီးတော်ကြီး၊ ရွေးဆင်၊ ၀င်းဆင်၊ ထမ်းဆင်တော်၊ ၀န်ရည်ဆင်တော်၊ မှိန်သစ်ဆင်တော်၊ ကျင်းဆင်၊ ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။ ထိုအထဲတွင် ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။


ဆင်အမှုထမ်း---
မြန်မာမင်းများလက်ထက်တော်အခါက ဆင်ဝန်၊ အောက်မားဝန်၊ ဆင်မှူး၊ ဆင်စာချီ၊ ဆင်ကဲ၊ ဆင်တိုင်အမှုထမ်း၊ ရွေလွန်အမှုထမ်း၊ ကျုံးမှူး၊ ယရည်း၊ ဆင်အစီရင်၊ ဆင်ဆေးသမား၊ ဆင်ဆော်၊ ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။


ဆင်ဝန်ဖြစ်ထိုက်သူတွင်
(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။
(၂) သင့်တော်သော အစားကို သိခြင်း။
(၃) တိရစ္ဆာန်ဆေးဝါး ကုသရေး၌ လိမ္မာခြင်း။
(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။
(၅) ဇာတ်အင်္ဂါလက္ခဏာတို့ကို သိတတ်ခြင်း စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။


ထို့ပြင်လည်း ဆဒ္ဒန်ဆင်မင်းဝန်-ဟူ၍လည်းကောင်း၊ ဆင်မင်းဝန်ထောက်-ဟူ၍လည်းကောင်း၊ ဆင်မင်း နာခံ၊ ဆင်မင်းစာရေးကြီး၊ ဆင်မင်းနောက်ထိုင်၊ ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။


မင်းတုန်းမင်းတရားကြီး လက်ထက်---
မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မောရိယ ပစ္စယနာဂရာဇာ-ဆင်မင်းအတွက် ဆင်မင်းဝန်အပြင် လခ-၁၂၀-စား၊ ဆင်မင်းနာခံ လေးဦးခ ၁၂၀-စား၊ စာရေးကြီး လေးဦး၊ လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။ ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။


ဆင်ဖြူတော်အကြောင်း သိကောင်းစရာ---
ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊
ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊
ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊
ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇ၀င်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တ၀င့် ပါရှိ၏။


ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသော နိဗ္ဗနပစ္စယနနာဂရာဇာ-ဆင်မင်းအကြောင်းနှင့် ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ-အကြောင်းများကို ရာဇ၀င် ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင် အကျယ်တ၀င့် ရေးသားဖော်ပြထား၏။


သုတေသနပြုသင့်---
အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။
ကမ္ဘာပေါ်ရှိတောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။ အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။ ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။


ဆင်နှင့်ပတ်သက်၍ ဗေဒင်လာ ဆင် ၃၈၊ ဟေမ၀န်နေ ဆင် ၄၄၊ ကျွမ်းဆင် ၈၁-မှစ၍ ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။


ဆင်ဖြူတော်များအကြောင်းကို ရာဇ၀င်များ၌၄င်း၊ ဆိုင်ရာစာတမ်းများ၌၄င်း၊ ရှေးစာဟောင်း ပေဟောင်းများ၌၄င်း ပါရှိသည်များကို စုစည်း၍ ပညာရှင်များက သုတေသနပြုပြီး စာတအုပ် ကျမ်းတစောင်အဖြစ် ပြုစုထားသင့်ပေသတည်း။
ကျမ်းကိုးစာရင်း။ ။
(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)
(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။
(၃) ၀ဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင်
အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။


အားလုံးသတ္တ၀ါ ချမ်းသာပါစေ။
သုတေသီ မြင့်ထွန်း
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဖေဖော်ဝါရီလ)

Read more...

ဒါလေးတော့ သိထားမှ


စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။
ဝိနယ ကို မြန်မာမှုပြုထားတာက ၀ိနည်းတဲ့။
စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း
ပေါင်းစုထားတာကိုတော့ ၀ိနယပိဋက လို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။

(၀ိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။
ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံးလေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။
မဟာဝါစာအုပ်မှာ အခန်း (Section) ၁၀ ခုရှိတယ်။

ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။
သမိုင်းရှုဒေါင့်က အင်မတန်အရေးပါတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာ တွေ့ရတယ်။

အမည် - သိဒ္ဓတ္ထ
မျိုးနွယ်အမည် - ဂေါတမ
မွေးနှစ် - ဘီစီ ၆၂၃၊ မေလ လပြည့်နေ့
မွေးဖွားရာနေရာ - လုမ္ဗိနီဥယျာဉ်၊ ကပိလ၀တ္ထု
ဇာတိ - ကပိလ၀တ္ထု

မိဘ - သုဒ္ဓေါဒန၊ မဟာမာယာ
ဇနီး - ယသောဓရာ
သား - ရာဟုလာ
ယောက်ဖ - ဒေ၀ဒတ်
နန်းစံနှစ် - ၁၃ နှစ် (၁၆-၂၉)

နိမိတ်ကြီးများ - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ - သုမေဓောရသေ့ဘဝ
ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်
ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား

ပါရမီဖြည့်ဘက် - သုမိတ္တာအမျိုးသမီး
ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြည်င်း၏ ရည်ရွယ်ချက် - သတ္တ၀ါအကျိုးသယ်ပိုးရန်

ဒုက္ကရစရိယာကျင့်ရသောကာလ - ၆ နှစ်ကြာ (၉၇-၁၀၃)
ဒုက္ကရစရိယာကျင့်သည့်နေရာ - ဥရုဝေဠတော
ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း - ၁၀၀ တမ်း

တရားဦးဟောသည့်နေရာ - ဗာရာဏသီ၊ မိဂဒါဝုန်တော
ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီ ငါးဦး
နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရိဗိုဇ်
လက်ယာရံအဂ္ဂသာဝက - ရှင်သာရိပုတ္တရာ
လက်ဝဲရံအဂ္ဂသာဝက - ရှင်မဟာမောဂ္ဂလာန်

အဆုံးအမသာသနာ - ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ
ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋိပဒါ

ပဋိသန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့
ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
တောထွက်သောနေ့ - မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့

ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်၊ စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်လို့ ရှာဖွေတင်ပေးလိုက်တယ်။

(ရည်ညွှန်း၊ မာဂဓီသာစည်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)

Read more...

တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်းများ အမှတ်စဉ် (၃၅)

မေးခွန်း။ ဗုဒ္ဓဘာသာတွင်လည်း ဘာသာခြား အယူဝါဒများကဲ့သို့ ဘုရားရှင်၏ နုတ်ခပတ်တော် စကား (ဘုရားရှင်၏ မူရင်းစကား) ရှိပါသလားဘုရား၊ ရှိပါက ဖေါ်ပြပေးပါဘုရား။

ဖြူဖြူအောင်၊ မဟာဝိဇ္ဇာ၊

Yonsei University၊ Korean Education၊

ဖြေ။ ဘုရားရှင်၏ မူရင်းစကားမှာ ပါဠိတော် ဖြစ်ပါသည်။ ပိဋကတ်သုံးပုံ နှင့် နိကာယ်ငါးရပ် ဖြစ်ပါသည်။ ပိဋကတ်သုံးပုံသည် နိကာယ်ငါးရပ်တွင် အကျုံးဝင်ပြီးသား ဖြစ်ပါသည်။

ဝိနည်းပိဋကတ် ဆဋ္ဌမူပါဠိတော် အုပ်ရေ (၅) အုပ်ရှိပါသည်။ (ခုဒ္ဒကနိကာယ်တွင်ပါဝင်သည်)။ သုတ္တန်ပိဋကတ် ဆဋ္ဌမူပါဠိတော် အုပ်ရေ (၃) အုပ်ရှိပါသည်။(ဒီဃနိကာယ်တွင်ပါဝင်သည်) အဘိဓမ္မာပိဋကတ် ဆဋ္ဌမူပါဠိတော် အုပ်ရေ (၁၂) အုပ်ရှိပါသည်။( ခုဒ္ဒကနိကာယ်တွင် ပါဝင် သည်) ။

ပိဋကတ်သုံးပုံသည် နိကာယ်နှစ်ခုတည်းတွင်သာ ရှိနေပေသည်။ ကျန်သည့် နိကာယ် (၃) ခုမှာ မစ္ဇျိမနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ် တို့ ဖြစ်ပါသည်။ ပါဠိလိုမှတ်တမ်း တင်ထားသော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဂဏ္ဍိ ကျမ်းစွာများစွာ ရှိနေပါသည်။ ကျမ်းအမည် ကျမ်းရေအတွက် စာအုပ်ရေအတွက် စာရင်းကို အရှင်ဧသိက(ရေစကြို) ရေးသားသော ထေရ၀ါဒ ဗုဒ္ဓဘာသာမှတ်တမ်း စာအုပ်မှ ကူးယူ ဖေါ်ပြအပ်ပါသည်။

၁။ ၀ိနည်း ၅- ကျမ်း ၅- အုပ် ၂။ ဒီဃနိကာယ် ၃- ကျမ်း ၃- အုပ်
၃။ မဇ္ဈိမနိကာယ် ၃ - ကျမ်း ၃- အုပ် ၄။ အင်္ဂုတ္တရနိကာယ် ၅- ကျမ်း ၃- အုပ်
၅။ သံယုတ္တနိကာယ် ၁၁ - ကျမ်း ၃- အုပ် ၆။ ခုဒ္ဒကနိကာယ် ၁၉- ကျမ်း ၁၁- အုပ်
၇။ အဘိဓမ္မာ ၇ - ကျမ်း ၁၂- အုပ် စုစုပေါင်း ၅၃ - ကျမ်း ၄၀- အုပ်ဖြစ်ပါသည်။

တစ်ခြားဖက်မှကြည့်ပါလျှင် ပေရွက်ရေ ၆၃၄၅ - ရွက်၊ ကျောက်ချပ်ရေ ၇၂၉ - ချပ်၊ စာအုပ်ရေ ၄၀ - အုပ်၊ စာရွက်ရေ ၆၅၄၇ - ရွက်၊ စာမျက်နှာ ၁၃၀၉၄ - မျက်နှာ၊ စာကြောင်းရေ ၄၀၄၀၇၀ - ကြောင်းရေ၊ စာလုံး အက္ခရာလုံးပေါင်း ၁၁၀၂၁၇၅၀ - လုံးကိုတွေ့သည်ဟု ဆိုထားပါသည်။ တစ်ဆက်တည်းပင် စာရေးဆရာ အရှင်ဧသိကက သူ၏ စေတနာကို ဖေါ်ပြသည်မှာ ပိဋကသုံးပုံ အာဂုံဆောင်ပုဂ္ဂိုလ်များ၏ ဉာဏ်ကြီးကျယ်မူကို လေးစား ပူဇော်သင့်လှပေ၏။ ပူဇော်တတ်နိုင်ပါစေ ဟု ဖြစ်ပါသည်။ ထပ်ဆင့် ထောက်ခံအပ်ပါကြောင်း ဤ စာရေးသူက ရေးသားအပ်ပါသည်။

Read more...

ဆရာငါးမျိုး...






ကကုဓထေရသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်၏ အလုပ်အကျွေး ကကုဓမည်သော ကောလိယ၏ သားသည် ယခုပင် သေလွန်၍ ဈာန်စိတ်ဖြင့် ပြီးသော တစ်ခုသော ဗြဟ္မာဘုံ၌ ဖြစ်၏၊ ထိုကကုဓအား မဂဓတိုင်းရှိ ရွာနယ် နှစ်နယ် သုံးနယ်မျှလောက်သော အတ္တဘော 'ခန္ဓာကိုယ်' ကို ရ၏၊ ထိုကကုဓဗြဟ္မာသည် ထိုမျှလောက်သော အတ္တဘောကို ရခြင်းဖြင့် မိမိကိုယ်ကိုလည်း မပင်ပန်းစေ၊ သူတစ်ပါးကိုလည်း မပင်ပန်းစေ။

ထိုအခါ ကကုဓဗြဟ္မာသည် အသျှင်မဟာမောဂ္ဂလာန် ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် အသျှင်မဟာမောဂ္ဂလာန်အား -

''အသျှင်ဘုရား 'ငါသည် ရဟန်းသံဃာကို ဆောင်အံ့' ဟု ဒေဝဒတ်အား ဤသို့ သဘောရှိသော အလိုဆိုး ဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ဒေဝဒတ်သည် စိတ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ထိုရပြီးသော တန်ခိုးမှ ဆုတ်ယုတ်ပါ၏'' ဟု လျှောက်၏။

ဤစကားကို လျှောက်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-

အသျှင်ဘုရား အကျွန်ုပ်၏ အလုပ်အကျွေး ဖြစ်သော ကကုဓမည်သော ကောလိယ၏ သားသည် ယခုပင် သေလွန်၍ ဈာန်စိတ်ဖြင့် ပြီးသော တစ်ခုသော ဗြဟ္မာဘုံ၌ ဖြစ်ပါသည်၊ ထိုကကုဓဗြဟ္မာအား မဂဓတိုင်းရှိ ရွာနယ် နှစ်နယ် သုံးနယ်မျှလောက်သော အတ္တဘော 'ခန္ဓာကိုယ်'ကို ရပါ၏၊ ထိုကကုဓဗြဟ္မာသည် ထိုမျှလောက်သော အတ္တဘောကို ရခြင်းဖြင့် မိမိကိုယ်ကိုလည်း မပင်ပန်းစေပါ၊ သူတစ်ပါးကိုလည်း မပင်ပန်းစေပါ။ အသျှင်ဘုရား ထိုအခါ ကကုဓဗြဟ္မာသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေလျက် အကျွန်ုပ်အား -

''အသျှင်ဘုရား 'ငါသည် ရဟန်းသံဃာကို ဆောင်အံ့' ဟု ဒေဝဒတ်အား ဤသို့ သဘောရှိသော အလိုဆိုး ဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ဒေဝဒတ်သည် စိတ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ထို ရပြီးသော တန်ခိုးမှ ဆုတ်ယုတ်ပါ၏'' ဟု လျှောက်၏။ အသျှင်ဘုရား ဤစကားကို လျှောက်ပြီးလျှင် အကျွန်ုပ်ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌ပင် ကကုဓဗြဟ္မာသည် ကွယ်သွားပါ၏ ဟု လျှောက်၏။

မောဂ္ဂလာန် သင်သည် ကကုဓဗြဟ္မာကို သင်၏စိတ်ဖြင့် ကကုဓဗြဟ္မာ၏ စိတ်ကို ပိုင်းခြား၍ သိသလော၊ ''ကကုဓဗြဟ္မာ ပြောဆိုသော စကား အလုံးစုံသည် ထိုဆိုသည့် အတိုင်းသာလျှင် မှန်ကန်သလော၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ဘဲ ရှိသလော'' ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ကကုဓဗြဟ္မာကို အကျွန်ုပ်၏စိတ်ဖြင့် ကကုဓဗြဟ္မာ၏ စိတ်ကို ပိုင်းခြား၍ သိပါ၏၊ ''ကကုဓဗြဟ္မာ ပြောဆိုသော စကား အလုံးစုံသည် ထိုဆိုသည့် အတိုင်းသာလျှင် မှန်ကန်ပါ၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ပါ'' ဟု လျှောက်၏။

မောဂ္ဂလာန် ဤစကားကို စောင့်စည်းဦးလော့၊ မောဂ္ဂလာန် ဤစကားကို စောင့်စည်းဦးလော့၊ ယခုအခါ၌ ထိုမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားသည် မိမိသည်ပင် မိမိကိုယ်ကို ထင်ရှားစွာပြုလတ္တံ့။

မောဂ္ဂလာန် လောက၌ ဤဆရာငါးမျိုးတို့သည် ထင်ရှား ရှိကြကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
မောဂ္ဂလာန် ဤလောက၌ အချို့သော ဆရာသည် သီလ မစင်ကြယ်သည် ဖြစ်လျက် ''ငါသည်စင်ကြယ်သော သီလရှိ၏၊ ငါ၏ သီလသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။
ထိုဆရာကို သူ၏ တပည့်တို့သည် ဤသို့ သိကြကုန်၏၊ ''ဤအသျှင် ဆရာသည် သီလ မစင်ကြယ်သည် ဖြစ်ပါလျက် 'ငါသည် စင်ကြယ်သော သီလရှိ၏၊ ငါ၏ သီလသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း'ဟု ဝန်ခံ၏၊ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြမူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာမြတ်နိုးစေသည် သာလျှင်တည်း၊ ထိုဆရာသည်ပင် ထိုမိမိ ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်'' ဟု သိကြကုန်၏။ မောဂ္ဂလာန် ဤသို့ သဘောရှိသော ဆရာကို တပည့် ဖြစ်သူတို့သည် သီလမှ ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့ သဘောရှိသော ဆရာသည်လည်း သီလမှ ကာကွယ် စောင့်ရှောက်မှုကို တပည့်တို့ထံမှ လိုလားတောင့်တ၏။

၂... မောဂ္ဂလာန် နောက်တစ်မျိုးကား...
ဤလောက၌ အချို့သော ဆရာသည် အသက်မွေးမှု မစင်ကြယ်သည် ဖြစ်လျက် ''ငါသည် စင်ကြယ်သော အသက်မွေးမှုရှိ၏၊ ငါ၏ အသက် မွေးမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။
ထိုဆရာကို သူ၏ တပည့်တို့သည် ဤသို့ သိကြကုန်၏၊ ''ဤအသျှင် ဆရာသည် မစင်ကြယ်သော အသက်မွေးမှု ရှိသည်ဖြစ်ပါလျက် 'ငါသည် စင်ကြယ်သော အသက်မွေးမှု ရှိ၏၊ ငါ၏ အသက်မွေးမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြမူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ့်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ မြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို မိမိ ပြုမည့်အမှုဖြင့် ထင်ရှား လာလိမ့်မည်'' ဟု သိကြကုန်၏။ မောဂ္ဂလာန် ဤသို့ သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် အသက်မွေးမှုမှ ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့ သဘောရှိသော ဆရာသည်လည်း အသက်မွေးမှုမှ ကာကွယ် စောင့်ရှောက်မှုကို တပည့်တို့ထံမှ လိုလားတောင့်တ၏။

၃... မောဂ္ဂလာန် နောက်တစ်မျိုးကား ...
ဤလောက၌ အချို့သော ဆရာသည် တရားဟောမှု မစင်ကြယ်သည် ဖြစ်ပါလျက် ''ငါသည် စင်ကြယ်သော တရား ဟောမှုရှိ၏၊ ငါ၏ တရားဟောမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။
ထိုဆရာကို သူ၏ တပည့်တို့သည် ဤသို့ သိကြကုန်၏၊ ''ဤအသျှင် ဆရာသည် တရားဟောမှု မစင်ကြယ်သည် ဖြစ်လျက် 'ငါသည် စင်ကြယ်သော တရားဟောမှုရှိ၏၊ ငါ၏ တရားဟောမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြမူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြား ကုန်မည်နည်း၊ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ မြတ်နိုးစေသည် သာလျှင်တည်း၊ ထိုဆရာသည်ပင် ထိုမိမိ ပြုမည့် အမှုဖြင့် ထင်ရှားလာလိမ့်မည်'' ဟု သိကြကုန်၏။ မောဂ္ဂလာန် ဤသို့ သဘောရှိသော ဆရာကို တပည့် ဖြစ်သူတို့သည် တရားဟောမှုမှ ကာကွယ် စောင့်ရှောက်ကုန်၏၊
ဤသို့ သဘောရှိသော ဆရာသည်လည်း တရားဟောမှုမှ ကာကွယ် စောင့်ရှောက်မှုကို တပည့်တို့ထံမှ လိုလားတောင့်တ၏။

၎... မောဂ္ဂလာန် နောက်တစ်မျိုးကား...
ဤလောက၌ အချို့သော ဆရာသည် ဖြေဆိုမှု မစင်ကြယ်သည် ဖြစ်ပါလျက် ''ငါသည် စင်ကြယ်သော ဖြေဆိုမှုရှိ၏၊ ငါ၏ ဖြေဆိုမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။
ထိုဆရာကို သူ၏ တပည့်တို့သည် ဤသို့ သိကြကုန်၏၊ ''ဤအသျှင် ဆရာသည် ဖြေဆိုမှု မစင်ကြယ်သည် ဖြစ်ပါလျက် 'ငါ၏ ဖြေဆိုမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြကုန်မူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ မြတ်နိုးစေသည် သာလျှင်တည်း၊ ထိုဆရာသည်ပင် ထိုမိမိ ပြုမည့်အမှုဖြင့် ထင်ရှားလာလိမ့်မည်'' ဟု သိကြကုန်၏။ မောဂ္ဂလာန် ဤသို့ သဘောရှိသော ဆရာကို တပည့်ဖြစ်သူတို့သည် ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ကုန်၏၊
ဤသို့ သဘောရှိသော ဆရာသည်လည်း ဖြေဆိုမှုမှ ကာကွယ် စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ လိုလားတောင့်တ၏။

၅... မောဂ္ဂလာန် နောက်တစ်မျိုးကား...
ဤလောက၌ အချို့သော ဆရာသည် ဉာဏ်အမြင် မစင်ကြယ်သည် ဖြစ်ပါလျက် ''ငါသည် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို သူ၏ တပည့် ဖြစ်သူတို့သည် ဤသို့ သိကြကုန်၏၊
''ဤအသျှင် ဆရာသည် ဉာဏ်အမြင် မစင်ကြယ်သူ ဖြစ်ပါလျက် 'ငါသည် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ တောက်ပ၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် ထိုအကြောင်းကို လူတို့အား ပြောကြားကြကုန်မူ ထိုဆရာအား မြတ်နိုးမှု မဖြစ်ရာ၊ ထိုဆရာအား ယင်းမမြတ်နိုးဖွယ် စကားဖြင့် ငါတို့သည် အဘယ်ကြောင့် ပြောကြားကုန်မည်နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ဖြင့် ငါတို့ကို ကောင်းစွာ မြတ်နိုးစေသည်သာလျှင်တည်း၊ ထိုဆရာသည်ပင် ထို မိမိ ပြုမည့် အမှုဖြင့် ထင်ရှား လာလိမ့်မည်'' ဟု သိကြကုန်၏။ မောဂ္ဂလာန် ဤသို့ သဘောရှိသော ဆရာကို တပည့် ဖြစ်သူတို့သည် ဉာဏ်အမြင်မှ စောင့်ရှောက် ကာကွယ်ကုန်၏၊
ဤသို့ သဘောရှိသော ဆရာသည်လည်း ဉာဏ်အမြင်မှ ကာကွယ် စောင့်ရှောက်မှုကို တပည့်တို့ထံမှ လိုလားတောင့်တ၏။

မောဂ္ဂလာန် လောက၌ ဤဆရာငါးမျိုးတို့သည် ထင်ရှားရှိကုန်၏။

၁... မောဂ္ဂလာန် ငါသည်ကား သီလ စင်ကြယ်သည် ဖြစ်၍ ''ငါသည် စင်ကြယ်သော သီလရှိ၏၊ ငါ၏ သီလသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ'' ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို သီလမှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း သီလမှ ကာကွယ် စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ။

၂... အသက်မွေးမှု စင်ကြယ်သည် ဖြစ်၍ ''ငါသည် စင်ကြယ်သော အသက်မွေးမှုရှိ၏၊ ငါ၏ အသက်မွေးမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ'' ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို အသက်မွေးမှုမှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း အသက်မွေးမှုမှ ကာကွယ် စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ။

၃... တရားဟောမှု စင်ကြယ်သည် ဖြစ်၍ ''ငါသည် စင်ကြယ်သော တရား ဟောမှုရှိ၏၊ ငါ၏ တရားဟောမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ'' ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို တရားဟောမှုမှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း တရားဟောမှုမှ ကာကွယ် စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ။

၎... ဖြေဆိုမှု စင်ကြယ်သည် ဖြစ်၍ ''ငါသည် စင်ကြယ်သော ဖြေဆိုခြင်းရှိ၏၊ ငါ၏ ဖြေဆိုမှုသည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ'' ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို ဖြေဆိုမှုမှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း ဖြေဆိုမှုမှ ကာကွယ်စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ။

၅...
ဉာဏ်အမြင် စင်ကြယ်သည် ဖြစ်၍ ''ငါသည် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏၊ ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ တောက်ပ၏၊ ညစ်နွမ်းခြင်း မရှိ'' ဟု ဝန်ခံ၏၊ တပည့်တို့သည်လည်း ငါ့ကို ဉာဏ်အမြင်မှ မကာကွယ် မစောင့်ရှောက်ကြကုန်၊ ငါသည်လည်း ဉာဏ်အမြင်မှ ကာကွယ် စောင့်ရှောက်ခြင်းကို တပည့်တို့ထံမှ မလိုလား မတောင့်တ ဟု မိန့်တော်မူ၏။ 100

၁ဝ - ကကုဓထေရသုတ်၊ ကကုဓ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

Links to this post

Read more...

Happy Myanmar New Year - ပျော်စရာ မြန်မာနှစ်သစ် ဖြစ်ပါစေ


Picture from (မြန်မာစံတော်ချိန် ည (၈)နာရီ (၅၅)မိနစ်၊ မြန်မာနှစ်ဆန်းတစ်ရက်၊ ၁၃၇၂၊):
http://www.voanews.com/burmese/news/

Read more...

စိတ္တသုခ နှစ်သစ်ကူး အလှူအောင်ပွဲမှတ်တမ်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ဒေဂူးမြို့၏ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ခရစ်နှစ် ၂၀၁၁၊ဧပြီလ(၁၇)ရက်၊ တနင်္ဂနွေနေ့ (နှစ်ဆန်းတစ်ရက်နေ့)တွင် ကျင်းပ ပြုလုပ်သော တတိယအကြိမ်မြောက် နှစ်သစ်ကူးအလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ မှတ်တမ်း...

ဤအလှူပွဲတွင် အဖက်ဖက်မှ ပြည့်စုံစွာ ကျွေးမွေးလှူဒါန်းကြသော ဂယောင်ဆန် ဂျီလယန်း စက်မှုဇုံမှ မြန်မာညီအကိုများ၊ကိုစိုးမြင့်အောင်+ဒေါက်တာ ဒေါ်နီနီ နှင့် အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း...။ (အလှူရှင်များစာရင်းကို ထပ်မံဖေါ်ပြပေးပါမည်။)
READ MORE......

Read more...

The Silence Of The Buddha

What is called ‘the silence of the Buddha’ has become almost proverbial. Numerous writers, academic and popular, have mentioned it, given their opinions about it and tried to plum the meaning behind it. According to Raimon Panikkar, “The ultimate reason for the Buddha’s silence seems to me to be rooted neither in the inherent limitation of the human subject, nor in the imperfection of our cognition, nor in the mysterious, recondite nature of reality. Instead, it seems to me that the ultimate reason for the silence of the Buddha resides precisely in the fact that this ultimate reality is not.” Contrary to what Panikkar thinks the Buddha affirmed the is-ness of ultimate reality (Nirvana) in his famous saying, “There is an Unborn, an Unbecome, an Unmade an Unconstructed. If there were not this Unborn, this Unbecome,…etc” (Ud.80) and elsewhere.

Edmond Holmes was certain that 2500 years of Buddhists scholarship got it all wrong but that he finally straightened it out. “…Buddha kept silence, when metaphysical questions were discussed, not because he had nothing to say about great matters, but because he had far too much, because he was overwhelmed by the flood of his own mighty thoughts, and because the channels of expression which the riddle-mongers of his day invited him to use were both too narrow and too shallow to give his soul relief. As it is on the plane of spiritual emotion, so it is on the plane of spiritual thought. ‘Silence,’ says one of Shakespeare's characters, ‘is the perfectest herald of joy. I were but little happy if I could say how much.”’

Father A. Chandrakanthan has a different interpretation. “A philosopher once visited Buddha and asked him: ‘Without words, without the wordless, will you tell me the truth?’ Buddha kept silence. After a while the philosopher rose up gently, made a solemn bow and thanked Buddha saying: ‘With your loving kindness, I have cleared away all my delusions and entered the true path.’ When the philosopher had left, Ananda, a senior disciple of Buddha, enquired: ‘O, Blessed One, what hath this philosopher attained?’ Buddha replied: ‘A good horse runs even at the shadow of the whip!’ For Buddha, Silence as the inevitable path that leads to the Truth is not distinct from the Truth itself. That is, as the way to the Truth, Silence already contains the reality of the Truth. They are two aspects of the same reality. It is no wonder that even in Christian tradition silence is spoken of as the language of God. In Christian terms, we may say that for Buddha, Silence is the sacrament of the Truth.” This is fairly typical of the garbled, trite, ‘greeting card’ versions of the Buddha’s words that circulate as his genuine profound teachings.

And of course we couldn’t have a silence without someone trying to smuggle God into it somewhere. Another writer says, “Buddhists misunderstood Buddha by taking His silence for negation. The silence of Buddha about God was misunderstood and Buddhists felt that Buddha indicated the absence of God through silence. When you have concluded that God does not exist at all, then, what is the object of your meditation? If you say that the self is the object, there is no benefit in taking interest about yourself since you are always interested in yourself.”

Moving on, and perhaps in a downwards direction, we find popular writers have had a lot to say about the Buddha’s silence as well. According to Sri Chinmoy the Buddha said, “Sometimes silence is the best answer.” The Punjabi poetess Amrits Pritam, an admirer of Mother Meera and Osho has written, “Where the dance of Meera and the silence of Buddha meet, blossoms the true philosophy of Osho.” Allan Smiths in his Philosophy of the East says “The Buddha elevated silence to a philosophy. It was the very essence of his teaching.” According to the Proverbs of Buddha website he said “Silence is an empty space, space is the home of the awakened mind.” Given all this you couldn’t blame someone for thinking that the Buddha often affected an enigmatic silence when questioned and that much of his teachings was communicated through silence, perhaps accompanied by a knowing smile.

Now we have some idea of what others have said about and thought of the Buddha’s supposed silence let’s see what original sources say. The Buddha was an advocate of silence, not in response to questions, metaphysical or otherwise, but simply as an alternative to the idle chatter that often takes place in a social context. He said to his monks, “When you meet together either talk about the Dhamma or maintain a noble silence” (M.I,161). He certainly encouraged silence in the face of anger and provocation (S.I,162). Occasionally he would go into solitude for half a month during which time he probably didn’t speak (S.V,12). Nothing particularly ‘philosophical’ or ‘mystical’ about any of this!

One of the few original sources ever mentioned in discussions on the Buddha’s supposed silence is his dialogue with the wandering ascetic Vacchagotta. This man asked the Buddha a series of questions - Is the universe finite, infinite, both or neither? Is the soul the same as the body? Is it different from the body? Does an enlightened person exist after death?...etc. To each of these the Buddha replied “I am not of that view Vaccha” (Na kho aham Vaccha evamditthi). Finally Vacchagotta asked the Buddha why he had no opinion on these matters and he replied because such questions and any answers that could be given to them are “just opinions, the grasping of opinions, the jungle of opinions, the wriggling of opinions…They do not lead to giving up, turning away, dispassion, stopping, calming, higher knowledge, to awakening nor to Nirvana.” Far from responding to Vacchagotta’s barrage of questions with silence the Buddha replied coherently by saying that he has no opinion one way or another about them. He was not silent. Then he gave a clear and understandable reason why he has no opinion about them; because they are just opinions that distract attention from the things that really matter (M.I,484-8). Nothing particularly ‘paradoxical’ or ‘metaphysical’ about that either!

In fact, there is only one place, I repeat, one place, in the whole Tipitaka where the Buddha declined to answer a question or questions put to him. On another occasion the same Vacchagotta asked the Buddha, “Is there a self?” The Buddha was silent. Vacchagotta continued, “Then is there no self?” and again the Buddha was silent. Perhaps a bit peeved or disappointment Vacchagotta got up and left. Then Ananda asked the Buddha why he met these questions with silence and he replied, “If when asked if there is a self I had answered ‘yes’ I would have been siding with those teachers who are eternalists. And if I had answered ‘no’ I would have been siding with those teachers who are annihilationists. If I had answered ‘yes’ would this have been consistent with the knowledge that everything is without self?” “No Lord” replied Ananda. “And if I had answered ‘no’ there is no self’ an already bewildered Vacchagotta would have been even more so and would have thought, ‘Before I had a self and now I don’t’” (SIV,400). So once again, clearly and simply, the Buddha explains why, on this single occasion, he remained silent when asked a question; because he didn’t want to be identified with particular philosophical standpoints and because he did not want to further bewilder an inquirer. All the theoretical, fanciful and speculative explanations about the Buddha’s so-called ‘paradoxical’, ‘enigmatic’ and ‘mystical’ silence are based on this one incident. So it would seem that people have created an imaginary ‘silence of the Buddha’ and then filled it with their own noise. In some cases they have done this because they have never bothered to check original sources, and in others because they have wanted to co-opt the Buddha into their own philosophical beliefs.

Read more...

မဟာဗုဒ္ဓ၀င်အကျဉ်း (၁၆)



“အာဠာရနှင့် ဥကဒတို့ထံ နည်းနာခံ”
အလောင်းတော် သိဒ္ဓတ္ထသည် ဘုရင်ဗိဗ္ဗိသာရနှင့် တွေ့ဆုံပြီး ကတိက၀တ်ပြုခဲ့ပြီးနောက် ထိုရာဇဂြိုဟ်ပြည်မှ သစ္စာတရားကို ရှာဖွေဖို့အတွက် ထွက်ခွာတော်မူခဲ့ပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကိုစွန့်ခွာကာ တောထွက်သွားတယ်ဆိုတဲ့ သတင်းစကားကို ကြားမိတဲ့ လောကသုံးပါးတွင် သဗ္ဗညုဘုရားစင်စစ်ဧကန်ဖြစ်မည် လို့ ရဲရဲတောက်တောက် နိမိတ်ဖတ်ကြားခဲ့တဲ့ ကောဏ္ဍညသည်လည်းသူ၏ သူငယ်ချင်းများဖြစ် သူနဲ့အတူနိမိတ်ဖတ်ကြားကြတဲ့ ပုဏ္ဏားများ၏ သားများလည်းဖြစ်ကြတဲ့ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ တို့နဲ့အတူ အ၀ါရောင်သင်္ကန်းဝတ်ဆင်မြန်းပြီး အလောင်းတော် ဘုရားဖြစ်က တရားဦးတရားမြတ်ကို နာကြားရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ တောထွက်ခဲ့ကြပါတယ်။
အလောင်းတော် သိဒ္ဓတ္ထသည် ပဏ္ဍ၀တောင်မှ ထွက်ခွာခဲ့ပြီး ဘဂ၀ အမည်ရှိတဲ့ရသေ့ထံ ရောက်ပြီး ထိုဘဂ၀၏ ကျင့်စဉ်ကို ဦးစွာနည်းခံကျင့်ကြံခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ထိုကျင့်စဉ်အားလုံးကိုနားလည်သဘောပေါက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုနည်းလမ်းဟာ သေခြင်းကင်းရာ နိဗ္ဗာန်ကို တွေ့မြင်ဖို့အတွက်အကျိုးမပြုနိုင်မှန်းသိတာကြောင့် ထွက်ခွာခဲ့ပါတယ်။ အဲဒီအချိန်အခါတုန်းက ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဌပုတ္တ၊ နိကဏ္ဍနာဋပုတ္တ အမည်ရှိတဲ့ မိမိကိုယ်ကိုယ် ဘုရားလို့အမည်ခံ ကောလာဟလများလွှင့်ထူကာ ကျင့်ကြံအားထုတ်နေကြတဲ့ တိတ္ထိဆရာကြီးခြောက်လည်းရှိပါတယ်။

Read more...

နှစ်ဆန်းတစ်ရက်

နှစ်ဆန်းတစ်ရက်မှာ လေရူးတွေတိုက်ပေမယ့်
အမုန်းမပါဘူး။ ။
နှစ်ဆန်းတစ်ရက်မှာ မိုးအုံ့ဆိုင်းပေမယ့်
မိုးမရွာပါဘူး။ ။
နှစ်ဆန်းတစ်ရက်မှာ ရေလျှံပေမယ့်
ရေမကျန်ပါဘူး။ ။
ထို့အတူ
နှစ်ဆန်းတစ်ရက်မှာ လောဘတွေတိုက်ပေမယ့်
စေတနာမပါဘူး။ ။
နှစ်ဆန်းတစ်ရက်မှာ ဒေါသဆိုင်းပေမယ့်
မာန်မပါဘူး။ ။
နှစ်ဆန်းတစ်ရက်မှာ မောဟလျှံပေမယ့်
မတွေဝေပါဘူး။ ။
နှစ်ဆန်းတစ်ရက် ဘ၀အတွက်
ဓမ္မနဲ့ ချွေးသိမ့်ရင်း........

Read more...

အားလုံးတော့ အသစ်...

နှစ်အသစ်၊
သင်္ခါရအသစ်၊
အော် အနိစ္စ၊ ဒုက္ခ ၊ အနတ္တအသစ်တွေ...
စိမ်းလန်းဝေဆာလို့...

ဘာပဲဖြစ်ဖြစ်
လက်ကျန်ပိတောက်လေးတော့
ချွေမချလိုက်ပါနဲ့....

အဲဒီကီးဘုတ်ပေါ်မှာ
ငါ့ကံတရားတွေ
လက်ကွက်ကျင့်လို့ ကောင်းတုန်းလေ....။

Shaken , not stirred.....။

ဓမ္မဂင်္ဂါ
(၁၃၇၃ ခု၊ နှစ်သစ်ကူးနေ့)

Read more...

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ

သင်္ကြန်ပွဲတော်ဆိုတာ မြန်မာတို့ရဲ့ ရိုးရာပွဲတော်များအနက် အရေးကြီးဆုံး ပွဲတော်လို့ ယူဆလို့ ရနိုင်ပါတယ်။ သင်္ကြန်ဆိုတာ သင်္ကန္တ ဆိုတဲ့ပါဠိက သို့မဟုတ် သံကြာန္တ ဆိုတဲ့ သက္ကဋစကားက ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီ သင်္ကန္တ သို့မဟုတ် သံကြာန္တ ဆိုတာက ပြောင်းရွေ့ခြင်း သို့မဟုတ် တနင်္ဂနွေဂြိုဟ်သည် တစ်ရာသီမှ တစ်ရာသီသို့ ပြောင်းရွေ့ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေရာမှာတော့ နှစ်ဟောင်းကနေ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ ဆိုလိုပါတယ်။


သင်္ကြန် သို့မဟုတ် မြန်မာ့ နှစ်သစ်ကူးပွဲတော်ကို လေးရက် သို့မဟုတ် ငါးရက် ကျင်းပလေ့ရှိကြပါတယ်။ သင်္ကြန်ပွဲတော်တွင် အချင်းချင်း ရေပက်ကစားကြပါတယ်။ အများအားဖြင့် ရေပက်ခံ မဏ္ဍပ်တည်ဆောက်ပြီး ဖြစ်စေ၊ ရေပက်ခံယာဉ်ဖြင့် လှည့်လည်ပြီး ဖြစ်စေ ပါဝင်ဆင်နွှဲကြပါတယ်။ အချို့ကလည်း နီးရာနေရာ သို့မဟုတ် စိတ်ဝင်စားသည့်နေရာသို့ သွားရောက် ကြည့်ရှု အားပေးကြပါတယ်။ နှစ်ကာလ ကြာညောင်းလာသည်နှင့် အမျှ ပွဲတော်ကျင်းပပုံမှာ တစ်စတစ်စ ကွာခြားလာသည်ကတော့ သေချာပါတယ်။ နံ့သာရေ အေးအေးလေးဖြင့် ပက်ဖြန်းခြင်း၊ သပြေခက် ပိတောက်ပန်းခက်တို့ဖြင့် ပက်ဖြန်းဖြင်း စသည်မှသည် မီးသတ်ပိုက်ဖြင့် ထိုး၍ ပက်ခြင်းအထိ ရေပက်ပုံက ပြောင်းလဲလာပါတယ်။ မည်သို့ပင်ရှိစေ၊ သင်္ကြန်ပွဲတော်၏ အားလုံးသိကြသည့် အရာမှာ ရေပက် ကစားခြင်းပင် ဖြစ်ပါတယ်။

ရေပက်ခြင်းတွင် နှစ်သစ်ကို အေးမြသောရေဖြင့် ပက်ဖြန်း၍ ကြိုဆိုခြင်း စသည့် အဓိပ္ပါယ်များစွာ ရှိနိုင်သော်လည်း အဓိကအနှစ်သာရ ဖြစ်သည့် ဆိုလိုချက်တစ်ရပ်မှာ နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေးများကို (အတာ) ရေဖြင့် ပက်ဖြန်း၍ ဆေးကြောခြင်းဖြစ်သည်ဟု ဆိုကြသည်။ များစွာ အဓိပ္ပါယ်ရှိသည့် အဆိုဖြစ်သည်။ သို့သော် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေဖြင့် ဆေးကြော သန့်စင်ပစ်ခြင်း ဆိုသည်မှာ သင်္ကေတမျှသာ ဖြစ်သည်။

ဤနေရာတွင် ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်က သုန္ဒရိက ဘာရဒွါဇ၏ မေးလျှောက်ချက်ကို သတိယမိသည်။ တရားနာနေကြသော ရဟန်းတော်တို့ရဲ့ အနီးမှာ ထိုင်နေတဲ့ သူက ရှင်တော် ဘုရားကို “အရှင်ဘုရား ဗဟုကာမြစ်တွင်းသို့ ရေးချိုးကြွပါသလော” ဟု မေးလျှောက်ကြည့်၏။ ဘုရားရှင်က ဗဟုကာမြစ်က ဘာအရေးပါပြီး ဘယ်လို ကောင်းကျိုးရှိလို့လဲလို့ (ရှင်းပြတော်မူချင်လို့) ပြန်မေးတော်မူပါတယ်။ အဲဒီမြစ်ကို လူတွေက (ကိလေသာ) အညစ်အကြေး စင်ကြယ်စေတတ်တယ် လို့ မှတ်ယူကြပါတယ်ဘုရားလို့ ပြန်လျှောက်ပါတယ်။

ဒီတော့ ဘုရားရှင်က မဲညစ်သော ကံရှိသူဟာ ဗဟုကာမြစ်၊ အဓိကက္က ဆိပ်၊ ဂယာဆိပ်၊ သုန္ဒရိကမြစ်၊ သရဿတီမြစ်၊ ပယာဂဆိပ်၊ ဗဟုမတီမြစ်တွေ အနက် ကြိုက်တဲ့နေရာ ရေသွားချိုးပါ။ အမြဲမပြတ် ရေချိုးနေလဲ မစင်ကြယ်နိုင်ကြောင်းနှင့် လိမ်လည်၊ သတ်ဖြတ်၊ ခိုးယူခြင်း စသည်မှ ရှောင်ကြဉ်လျှင်ကား ရေတွင်းသည်ပင် ဂယာဆိပ် ဖြစ်ပေတယ်လို့ ရှင်းလင်း မိန့်ကြားတော်မူပါတယ်။

တကယ်တော့ စိတ်မှာ ဖြစ်တဲ့ အညစ်အကြေးကို မည်သည့်ရေနှင့်မျှ ဆေးကြောလို့ မရ၊ စိတ်နှင့်သာ ပြန်လည် ဆေးကြော သန့်စင်လို့ ရတယ် ဆိုတာကို ဗုဒ္ဓဘာသာဝင်များ သိပြီး ဖြစ်ပါတယ်။ ထို့ကြောင့်ပင် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေဖြင့် ဆေးကြော သန့်စင်ပစ်ခြင်း ဆိုသည်မှာ သင်္ကေတမျှသာ ဖြစ်သည်ဟု ဆိုခြင်း ဖြစ်ပါတယ်။

သို့သော်လည်း အတာရေဖြင့် နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေးတို့ကို ဖြူစင် သန့်ရှင်းအောင် ပက်ဖြန်း ဆေးကြောသည်ဟု သင်္ကေတပြု၍ ဆိုခြင်းကပင် တစ်နှစ်တာ အတွင်း မိမိ၏ ကိုယ် နှုတ် နှလုံး သုံးပါးသော ကံတို့ကို ပြန်လည် စစ်ဆေးကြည့်ခြင်း၊ ကောင်းမှု မကောင်းမှုများ ပြု မပြု၊ ဘယ်အတိုင်းအတာထိ ပြုခဲ့ မပြုခဲ့စသည်တို့ကို စစ်ဆေးကြည့်သည့် အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ဤသို့ မိမိကိုယ်ကိုယ် မိမိ စစ်ဆေးကြည့်ခြင်းသည် လောကီးရေးရာအတွက်သာ မက လောကုတ္တရာရေး အတွက်ပါ တိုးတက်မှု၏ ပထမခြေလှမ်းဟု ဆိုချင်ပါတယ်။

စစ်ဆေးကြည့်သည့်အခါ ကောင်းမှုများ ပြုခဲ့သည်ကို တွေ့ရလျှင်လည်း နှစ်သစ်တွင် ဆက်လက် ပြုလုပ်နိုင်ရေး မှသည် တိုး၍ ပြုလုပ်နိုင်ရေးအထိ ကြိုးပမ်း အားထုတ်မည် ဆိုသည့် အဓိပ္ပါယ်ကို ပြသည်။ အလားတူပင် မကောင်းမှု လုပ်ခဲ့သည်များကို တွေ့မြင်ရလျှင်လည်း အနည်းဆုံး လျှော့ချမည်၊ တတ်နိုင်လျှင် လုံးဝ ရှောင်ကြဉ်မည်ဟု သန္နိဋ္ဌာန် ချမှတ် လုပ်ဆောင်လိုသည့် သဘောတရားပါဝင်သည်။ ဤသည်မှာ လွန်စွာ ကောင်းမြတ်ပြီး အဓိပ္ပါယ် ပြည့်ဝသည်။

နှစ်သစ်ကူးနှင့် ပတ်သက်ပြီး လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာနှင့် ဓလေ့ထုံးတမ်းများ ကွဲပြားသော်လည်း တူညီသည့် အချက် ရှိသည်ဟု ထင်သည်။ ထိုအချက်ကား နှစ်သစ်ကူးတွင် သန္နိဋ္ဌာန် (resolution) ချမှတ်ကြခြင်း ဖြစ်သည်။

၂၀၁၀ခု အတွက် အနောက်တိုင်း နှစ်သစ်ကူးတော့ ဘီဘီစီ ထုတ်လွင့်ချက် တစ်ခုတွင် ကြားရတာက နှစ်သစ်ဆိုတာ ရိုးရာ အစဉ်အလာအရ သန္နိဋ္ဌာန်တွေချမှတ်ရတဲ့ အချိန်အခါတဲ့လေ။ အဲဒီ သန္နိဋ္ဌာန်ဆိုတာ မိမိကို တိုးတက်စေမဲ့ စိတ်ကူးတွေပါတဲ့။

သူတို့တွေရဲ့ နှစ်သစ်ကူး သန္နိဋ္ဌာန်ချမှတ်ရာမှာ ယေဘုယျ အနေနှင့် တွေ့ရတာကတော့ နှစ်ခုပါ။ အလွယ်ပြောရလျှင် တစ်ခုက to give up ဖြစ်ပြီး နောက်တစ်ခုက to take up ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်တဲ့ အခါ ကိုယ့်ကိုယ်ကို ပြန်စစ်ဆေးကြည့်ကြတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ အရာတွေရော မကောင်းတဲ့ အရာတွေကိုပါ စစ်ဆေးကြည့်ပြီးတော့ မကောင်းတာတွေဆိုလျှင် စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ရပြီး မလုပ်ရသေးတဲ့ ကောင်းတာတွေကို စတင်လုပ်ဖို့နှင့် လုပ်နေတဲ့ ကောင်းတဲ့ အရာတွေ ဆိုလျှင်တော့ ဆက်လုပ် (carry on) ဖို့ ဖြစ်ပါတယ်။

သန္နိဋ္ဌာန်ချမှတ်ထားတာတွေ အောင်မြင်ဖို့ ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။ ဥပမာ လူ ခုနှစ်သိန်းခွဲကျော်လောက် ဆေးလိပ် ဖြတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြတာ 40,000 လောက်ပဲ အောင်မြင်ခဲ့ပါသတဲ့။ တကယ်တော့ မကောင်းတာကို လုပ်ရတာဟာ ရေစုန်ကို မျှောရတာနှင့် တူပြီး ကောင်းတာလုပ်ဖို့ကတော့ ရေဆန်ကို ကူးခတ်ရတာနှင့် တူပါတယ်။ ကြိုးပမ်း အားထုတ် လုပ်ကိုင်ရ ပါတယ်။ ဇွဲ သတ္တိ လိုပါတယ်။ စိတ်ရဲ့ သဘော သဘာဝကိုကလည်း မကောင်းမှုမှာ ပျော်မွေ့တတ်ပါတယ်။ “ပါပသ္မိံ ရမတိ မနော”လို့ ဘုရားလည်း ဟောတော်မူတယ်မဟုတ်ပါလား။

ဒါပေမဲ့ ရှင်ပဏ္ဍိတ သာမဏေလေး စဉ်းစားသလို စိတ်မရှိတဲ့ ရေကိုတောင် ကိုယ်လိုရာ ရောက်အောင်လုပ်ပြီး အလုပ်ကိစ္စ ပြီးစီးအောင် လုပ်လို့ ရသေးလျှင်၊ စိတ်မရှိတဲ့ မြားကိုတောင် အပူပေးပြီး ဖြောင့်လို့ ရသေးလျှင်၊ စိတ်မရှိတဲ့ သစ်ကိုတောင် လိုချင်တဲ့ ပုံစံဖြစ်အောင် ရွေလို့ (ဖြတ်ထုတ် ပြုပြင်လို့) ရသေးလျှင် စိတ်ရှိတဲ့ မိမိတို့မှာ ဘာကြောင့် ရည်မှန်းချက် ရောက်အောင် မလုပ်နိုင်ရမှာလဲလို့ စိတ်အား သတ္တိမွေးပြီး ဇွဲနှင့် ကြိုးစားရမှာပါ။ မိမိစိတ်ကို မိမိ ယဉ်ကျေးအောင် ဆုံးမရမှာပါ။ ပညာရှိဆိုတာ မိမိကိုယ်ကိုယ် (ယဉ်ကျေးအောင်) ဆုံးမတတ်တယ် (အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ) လို့ ဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။

သန္နိဋ္ဌာန်ချမှတ်မှု အများစုရဲ့ ရည်ရွယ်ချက်က ဘဝစာမျက်နှာသစ် ဖွင့်လှစ်ဖို့ (to turn over a new leaf) ဖြစ်လေတော့ မိမိရဲ့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ လုပ်ရိုးလုပ်စဉ်တွေ၊ အကျင့်ဟောင်းတွေကို ပြုပြင် ပြောင်းလဲပစ်ပြီး ပိုမို ကောင်းမွန်လာအောင်၊ ပိုမို တိုးတက်လာအောင်၊ ပိုမို အောင်မြင်လာအောင် ကြိုးစားကြရပါမယ်။

နှစ်သစ်ကူးချိန်မှာ လောကီရေးမှာရော လောကုတ္တရာရေးဘက်မှာပါ တိုးတက် အောင်မြင်အောင် မိမိကိုယ်ကို ပြန်လည် စစ်ဆေးကြည့်ပြီး စွန့်လွှတ်သင့်တာ စွန့်လွှတ်၊ ပြုပြင်သင့်တာကို ပြုပြင်၊ ဆက်လုပ်သင့်တာ ဆက်လုပ်၊ စပြီး ကျင့်သုံးသင့်တာတွေကို ကျင့်သုံးခြင်းတည်းဟူသော အတာရေစင်ဖြင့် ချို့ယွင်း အားနည်းချက်များကို ပက်ဖြန်းဆေးကြောကြရပေမည်။ ဒီလို ပက်ဖြန်း ဆေးကြောပါမှလည်း မိမိအတွက် ဖြူစဉ် သန့်ရှင်း အောင်မြင်ခြင်းကို ယူဆောင်လာသည့် မင်္ဂလာ နှစ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

မိမိတို့ အတွက် ပျော်ရွှင် ချမ်းမြေ့ ကြည်နူးဖွယ်ရာ မင်္ဂလာနှစ်သစ် ဖြစ်အောင် ကြံစည်၊ ပြောဆို၊ ပြုမူ နေထိုင်ကြပါစို့လား။

ဘုန်းဉာဏ်

Read more...

နှစ်သစ် ဆုမွန်


နှစ်သစ် ဆုမွန်





Happy New Year ( 1373)

( 1373 Myanmar Era )

(17th April 2011)



ဗုဒ္ဓါနုဘာဝေန- အပူကင်းငြား မြတ်ဘုရား၏
တန်ခိုးရှိန်စော် အာနုဘော်တော်၊

ဓမ္မာနုဘာဝေန-ကောင်းစွာဟောထား မြတ်တရား၏
တန်ခိုးရှိန်စော် အာနုဘော်တော်၊

သံဃာနုဘာဝေန-ကောင်းစွာကျင့်ငြား ဘုရားသားတော်
မြတ်သံဃာတော်တို့ ၏ တန်ခိုးရှိန်စော် အာနုဘော်တော်၊

သီလတေဇေန ( သီလာနုဘာဝေန )- ကောင်းစွာ ဆောင်ထား
ကိုယ်ကျင့်တရား အသီးသီးတို့ ၏ တန်ခိုးရှိန်စော် အာနုဘော်...
အစွမ်းအသီးသီးများကြောင့်...

မြန်မာနှစ် ၁၃၇၃ခုနှစ် ၊ နှစ်သစ်မင်္ဂလာမှာ

မိမိနှင့်တကွ
မိဘဆရာ ရဟန်းရှင်လူ
သတ္တ၀ါဟူသမျှ...

ကိုယ်၏ကျန်းမာ ၊
စိတ်၏ချမ်းသာ။

အန္တရာယ်ကင်း ဘေးရှင်း။

အကောင်း မင်္ဂလာမှန်သမျှ
လိုအင်ဆန္ဒ အ၀၀ပြည့်ဝကြပြီး။

ပျော်ရွှင် ငြိမ်းချမ်းသော
ဘ၀ ပိုင်ရှင် ၊
ဘ၀ပိုင်ရှင်များ ဖြစ်ကြပါစေသတည်း။

အရှင်တေဇောဘာသ ( မြင်းခြံ )



နှစ်သစ် ဆုမွန်

နှစ်သစ်ဆုမွန်ချွေတဲ့ အခါမှာ အထက်ပါအတိုင်း မိမိနှင့်တကွ လို့ 
ဆုမွန်ချွေကာ မေတ္တာပို့ လိုက်ပါတယ်။ မြတ်စွာဘုရား ဒေသနာနဲ့  အညီ
ဖြစ်သွားတာပေါ့။ မေတ္တာပို့ တဲ့အခါ မိမိကိုယ်ကိုယ် အစဦးစွာ ပို့ ရမယ်တဲ့။

အားလုံးလည်း မေတ္တာပို့  သီချင်း ကြားဘူးကြတဲ့ အတိုင်းပါပဲ။
အဟံ အဝေရော ဟောမိ။ စသဖြင့် ဆိုပြီးမှ သဗ္ဗေ သတ္တာ လို့  ဆိုပါတယ်။
အဟံဆိုတာ မိမိကိုယ်ကို။ သဗ္ဗေ ဆိုတာ သူများ။
အဲ... ကျမ်းဂန် အကိုးကား မပြဘဲ သီချင်းအကိုးကားပြတာကတော့
များသောအားဖြင့် သီချင်းကို ရင်းနီးနေလို့  ပြောလိုက်ခြင်းဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဒေသနာ ကြည့်မယ်ဆိုရင် အတ္တပေမံ သမံ နတ္ထိ ၊
အတ္တာနမေ၀ ပဌမံ။ အတ္တာနံ ဥပမံ ကတွာ- စတာလေးတွေကို
ကြည့်မယ်ဆိုရင်လည်း အတ္တ ဆိုတဲ့ မိမိထက် ချစ်ရမည့်သူ
မရှိဘူးဆိုတာရယ် ၊ မိမိကိုယ်ကို ပထမဦးစွာ စတင်ဖို့ ရာ
ရည်ညွှန်း ပြန်ပါတယ်။ မိမိမှာ ကိုယ်ပိုင်မေတ္တာရှိပါမှ သူများပေးလို့ ရမယ်။
ဒါ့အပြင် မိမိက မကောင်းတာ မဖြစ်ချင် ၊ ကောင်းတာလေးတွေ ဖြစ်ချင်သလို
သူများလည်း ဒီလိုပဲ ဖြစ်ချင်မှာဆိုတာကို ပိုမို သဘောပေါက်လာ ပါမယ်။

ခုလိုမျိုး နှစ်သစ် ဆုမွန်ပေးလို့ ကော ရပါ့မလား ၊ ရကြပါ့မလား ။
စဉ်းစားစရာတော့ အကောင်းသား။ သဗ္ဗေ သတ္တာ ကမ္မဿကာ ဆိုတဲ့စကား၊
ကမ္မုနာ ၀တ္တတိ လောကော ဆိုတဲ့ မြတ်စွာဘုရား စကားကိုကြည့်ရင်တော့
လူသူအားလုံးမှာ ကိုယ့်ကံက ကိုယ်ပိုင်တာဖြစ်ပြီး ၊
ကိုယ်လှုပ်ရှားတဲ့ အလုပ်ဆိုတဲ့ ကံနဲ့ ပဲ လည်ပတ် နေကြရပါ တယ်။

ဒီလိုဆိုတော့လည်း နှစ်သစ်မင်္ဂလာမှာ အချင်းချင်း ဆုတောင်း
ပေးကြတာဟာ အလကား ဖြစ်ရောလား။ ရောထွေးတဲ့ အတွေး
ဝင်လာစရာ ရှိပါတယ်။ အဲလိုလည်း မဟုတ်ဘူးလို့  ထင်မိပါတယ်။
အနည်းဆုံး အချင်းချင်း ဒီလို စကားကို ကြားလိုက်တာနဲ့ 
ကြားရသူရင်မှာ ပျော်ရွှင်မှုရသလို ကိုယ်ကလည်း ပြန်လည်ကာ
ပြောခြင်း ၀စီကံမေတ္တာ ၊ စာရိုက်ပြီး ပြောခြင်း ကာယကံ မေတ္တာ ၊
စိတ်ပါပါပြောလျင် မနောကံ မေတ္တာတော့ ဖြစ်မယ်လို့  ယူဆမိပါတယ်။

ပြီးတော့ ဆုတောင်းတာ ဗုဒ္ဓဘာသာတို့ ရဲ့  အလုပ်မဟုတ်ဘူး၊
ဗုဒ္ဓဘာသာက ဆုတောင်းရမယ့် ဘာသာမဟုတ်ဘူးလို့  ပြောကြပါတယ်။
ကိုယ်လုပ်မှ ကိုယ်ရမှာ၊ ကိုယ်ကံအဓိကပဲ။

ဟုတ်ပါတယ်။ ဒါဆို ဆုမတောင်းရတော့ဘူးလား၊ ဆုတောင်းတိုင်း
မရဘူးလား။ ထပ်ပြီး စဉ်းစားစရာ ကောင်းပြန်ပါတယ်။
ကိုယ်လုပ်တာ ဆုတောင်းတာကရော ကံ မဟုတ်ဘူးလားပေါ့။
နည်းနည်းလေး စဉ်းစားကြည့်ရအောင်နော်...

ဘုရားလောင်း ရှင်သုမေဓာ ရသေ့ဟာ ဒီပင်္ကရာ ဘုရားရှင်ရဲ့ 
ခြေတော်ရင်းမှာ ဘုရားဖြစ်ဖို့ ဆုတောင်းခဲ့ဖူးတယ်။
ပဒုမုတ္တရာ ဘုရားရှင်လက်ထက်မှာ သာဝကများစွာဟာ
နောက်ပွင့်မည့် ဂေါတမဘုရားလက်ထက်မှာ အဂ္ဂသာဝက
မဟာသာဝက ဥပဋ္ဌာက စသဖြင့် ဆုတောင်းခဲ့ကြတာပဲ မဟုတ်လား။
နောက်တော့ သူတို့  ဆုတောင်းတဲ့အတိုင်း ပြည့်ဝ သွားကြတာပါပဲလေ။

သိရှိနားလည်ထား ၊ သတိထားသင့် စံနမူထားသင့်တာကတော့ ဆုတောင်းကြ
သူတိုင်းဟာ ဆုတောင်းရုံ သက်သက်တော့ မဟုတ်ခဲ့ကြပါဘူး။
ကိုယ်တောင်းတဲ့ ဆုနဲ့  ထိုက်တန်အောင် ပါရမီဖြည့်ကျင့်ရပါတယ်။
ထိုက်တန်တဲ့ အလုပ်လုပ်ခဲ့ပြီးလို့  ထိုက်တန်တဲ့ အကျိုးရခြင်းဖြစ်ပါတယ်။

လိုချင်လေးတွေပြည့်ဝချင်ပါက မြတ်စွာဘုရားရှင် မိန့် မှာ
ဟောထားတော်မူပါတယ်။ ဣဇ္ဈတိ ဘိက္ခဝေ သီလ၀တော
စေတောပဏိဓိ ၀ိသုဒ္ဓတ္တာ။ ဆိုလိုတာကတော့ -
သီလရှိသူမှာ လိုရာဆုတောင်းပါ၊ ပြည့်နိုင်တယ်၊
အကြောင်းမှာ သီလက ဖြူစင်နေလို့ ပါတဲ့။
ဒါဆိုရင် အခြားကုသိုလ်တွေ ဆုတောင်းပြီးလုပ်တဲ့အခါမှာ
သီလတော့ စင်ကြယ်ဖို့  အထူးလိုအပ်တယ်ပေါ့။


ဆုမွန်ချွေသူဘက်ကလည်း အမျိုးမျိုးတွေ့ ဖူးပါတယ်။ ဒီပင်္ကရာ မြတ်စွာဘုရားက
ဗျာဒိတ် - ရှေ့ ကြိုတင်ဖြစ်မှာ ကို မြင်တော်မူပြီးမှ အလိုရှိတိုင်း ဖြစ်ပါစေ၊
ဆုပေးတော်မူတယ်။ ပစ္စေက ဗုဒ္ဓါ = ဘုရားငယ်လိုဆိုတဲ့ တစ်သီး တစ်သန့် 
တစ်ပါးတည်း နေတော်မူတဲ့ ဘုရားရှင်တို့ ကတော့ အလိုရှိအပ် တောင့်တအပ်တဲ့
တောင်းဆုများ လျင်မြန်စွာ ပြည့်ဝပါစေ ...စတဲ့ ဂါထာ နှစ်ဂါထာနဲ့  အမြဲဆုပေးလေ့
ရှိတာကို တွေ့ ရပါတယ်။

ဘုရားရှင်နဲ့  ပစ္စေက ဗုဒ္ဓါတို့ လို အရိယာသူတော်ကောင်းကြီးများကလည်း
ဆုပေးကြပါတယ်။ လူအများကလည်း အလှူတစ်ခုခု လုပ်ပြီးတိုင်း လုပ်ပြီးတိုင်း
အရှင်ဘုရားတို့  သိသလိုမျိုး မျက်မှောက်ထင်ထင်ရပါလို၏လို့  ဆုတောင်းကြပါတယ်။

ဘုရားရှင်စတဲ့ အရိယာ သူတော်ကောင်းများနှလုံးမူကာ ယခုခေတ်မှာတော့
ဘုန်းကြီးသံဃာများက ဖြစ်စေ၊ အသက်ဂုဏ်ဝါ ကြီးသူ လူများက ဖြစ်စေ
ဆုမွန်ချွေပေးကြပါတယ်။ ဆုတောင်းတဲ့ သူတွေဘက်ကလည်း
ပေးကမ်းခြင်း လှူတန်းခြင်း ပူဇော်ခြင်းတွေ လုပ်ပြီးတော့ ဆုတောင်းကြပါတယ်။

ထူးခြားတာကတော့ မိမိမြန်မာနှစ်မဟုတ်တဲ့ ခရစ်နှစ်ရဲ့  နောက်ဆုံးည
ည ၁၂နာရီကျော်သွားတာနဲ့  မြို့ သူမြို့ သား အတော်များများ လူငယ်များက
ဟက်ပီး နယူးရီးယား ဆိုပြီး ပြိုင်တူအော်ဟစ်ကျပါတယ်။ ဗြောက်အိုး လည်းဖေါက် ၊
မီးရှူးမီးပန်းများလည်း ကစားကြတယ်။ ကတ္တရာလမ်းပေါ်မှာလည်း နှစ်အလိုက်
စာတမ်းများလည်း ရေးထားတာ တွေ့ ခဲ့ဖူးပါတယ်။

မြန်မာနှစ်သစ်ကူးမှာ Happy New Year ( 1373) ကိုတော့
ဘယ်သူမှ အော်သံလည်း မကြားခဲ့ဖူးပါဘူး။ လောကီကိစ္စချင်းအတူတူ
အော်မယ်ဆိုလျင် အော်သင့်ပါတယ်။ ပျော်မယ်ဆို ပျော်သင့်ပါတယ်။
သို့ သော်...

မြန်မာ့နှစ်သစ်ကူးမှာတော့ ဟက်ပီးနယူးရီးယား လို့  မအော်ကြ ပေမယ့်
တကယ့် ဟက်ပီးနယူးရီးယားလို့ မြင်ပါတယ်။

ဘာလို့ လဲ ဆိုတော့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတာနဲ့  အဲဒီနေ့ မှာပဲ လူအများစုက
စတုဒ္ဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဘုရားကျောင်းသွား ဥပုသ်စောင့်ကြခြင်း၊
( အဲဒီနေ့  အရက်ဖျက်ခြင်း ၊ တစ်ရက်တိတိ ၊အချို့ လူများ)။
ခေါင်းလျှော်ရည်လှူဒါန်းခြင်း ၊ မိဘများနဲ့  လူကြီးများကို ခေါင်းလျှော်ပေးကြခြင်း ၊
ရှိခိုးကန်တော့ကြခြင်း၊ သံဃာများအား အိမ်ပင့်ဖိတ်ပြီးဖြစ်စေ ရွာမြို့  နေရာအနှံ့ 
ကမ္မ၀ါ ပရိတ်ရွတ်စေခြင်း၊ သံဃာတော်များက တရား ချီးမြောက်ပေးကြခြင်း
စတဲ့ ကောင်းတာလေးတွေကို လုပ်နေကြလို့ ပါပဲ။

ဘုရားရှင် ဒေသနာအရလည်း-
ဣဓ မောဒတိ ပေစ္စ မောဒတိ ၊ ကတပုညော ဥဘယတ္ထ မောဒတိ၊
သော မောဒတိ သော ပမောဒတိ ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။ ( ဓမ္မပဒ)

ဆိုလိုတာကတော့ -
ကောင်းတာလုပ်ထားတဲ့ လူသူအားလုံးဟာ ဒီဘ၀ရော နောက်ဘ၀ပါ
(ဟက်ပီးနယူးရီးယားမအော်ပေမယ့်လည်း ) ပျော်ရတယ်။
ကိုယ်လုပ်ထားတဲ့ ကောင်းတာလေးတွေ ပြန်လည်မြင်ယောင်ပြီးလည်း
ပျော်ရတယ်၊ အရမ်းကို ပျော်ရပါတယ်- တဲ့။

ဒါကြောင့် နှစ်သစ်မှာ အားလုံး ကောင်းတာလေးတွေ ကိုယ်စီလုပ်မယ်လို့ 
နားလည်သဘောပေါက်ထားတာမို့  နှစ်သစ်ဆုမွန် အတိုင်း
နေ့ စဉ်နဲ့ အမျှ ဖြစ်ကြပါစေဟုသာ...။




မြတ်ရောင်နီ

( ၁၆ ၊ ၀၄ ၊ ၂၀၁၁ )
မဟာသင်္ကြန် အတက်နေ့ 



၁၃၇၃ခုနှစ် ၊
နှစ်သစ်ကူး
အထူးလက်ဆောင်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP