* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 14, 2011

ဧပြီလ (၁၅)ရက်နေ့ တရားအစီအစဉ်များ။

မြန်မာစံတော်ချိန် ၀၀း၀၀နာရီမှ ၂၄း၀၀နာရီအထိ

မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော

သံဝေဂတရားတော်များကို

လွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကို မြတ်နိုး၊ တရားနှင့် မွေ့လျော်သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူးတရားမြတ်များကို ရှာတွေ့နိုင်ကြပါစေ။

Read more...

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဗုဒ္ဓ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၁၄)

သောတာပန်စသော အရိယာသာဝကများကို သုတ၀ါစသောဂုဏ်ပုဒ်များဖြင့် ဘုရားရှင်၏ စကားတော် များကို ကြားနာပြီး သူများဟု ဆိုထားပါသည်။ နားထောင်တတ်သဖြင့် ကြားနာပြီးသူများ ဖြစ်ကြရပါသည်။ ပုထုဇဉ်များကတော့ ဘုရားရှင်၏ စကားတော်များကို ကြားနာချင်ယောင်ဆောင်နေတတ် ကြပါသည်။ တစ်နည်းအားဖြင့် ကြားနာဆဲအဆင့်မှာပင် မကြားဆယ်ချက်၊ ကြားတစ်ချက်ဖြင့် အချိန်တွေကို စားသုံးနေကြပါသည်။ ထို့ကြောင်ပင် နားထောင်ကောင်းသူများဖြစ်ရန်လိုပါသည်၊ ခေါင်းငြိမ့်ရုံတွင် ရပ်မနေဘဲ ခေါင်းကို သုံးတတ်ရန် တွေးခေါ်မြော်မြင်တတ်ရန်လည်း လိုပါသည်။ မသိပါက ဟန်ဆောင်မနေဘဲ သိအောင်ကြိုးစားတတ်ရန်လည်း အရေးကြီးလှပါသည်။ သိပြီးရင်လည်း ဖြန့်ဝေပေးရန်လည်း လိုပါသည်။ သုတေသနသဘောပါသော ဖြန့်ဝေပေးသည့် လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်ရပါဦးမည်။ ထို့နောက်တွင် နောင်လာနောင်သားများအတွက် လုပ်ဆောင်ချက်များကို စာတမ်းပြုစု မှတ်တမ်းတင်ထားရပါမည်၊ စာတစ်လုံး ဘုရားတစ်ဆူဟု အဆိုရှိပါသည်။ သုတေသနထွန်းကားသော နိုင်ငံများသည် တိုးတက်သည်။ ယနေ့ခေတ်တွင် တရုပ်ပြည်သည် သုတေသနလုပ်ငန်းကို ဦးစားပေးနေသည်ဟု သိရပြီး ၂၀၁၃ခုနှစ်ဆိုပါက အမေရိကန်ကိုပင် ကျော်သွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်နေကြပါသည်။ သုတေသနပြုလုပ်ပြီးပါက ချောင်ထိုးမထားဘဲ အကောင်အထည် ဖေါ်တတ်ရပါမည်။ ထို့နောက် အသီးအပွင့်ဝေေ၀ဆာသော သစ်သီးပင်များကဲ့သို့ အလှအပခံစားခြင်း၊ အသီးအပွင့်အ၇ွက် အခက်လက်များကို အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ကြရပေမည်။ အင်းဝခေတ် စာဆိုအကျော် အရှင်မဟာရဋ္ဌသာရ စကားနှင့်ဆိုရပါမူ သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး ဤရှစ်လုံး သာဖြစ်ပါသည်။

ဤသည့်ရည်ရွယ်ချက်မှာ အထွေအထူးမဟုတ် သိတတ်၊မြင်တတ်စေရန်ဖြစ်သည်။ ခြေထောက်မရှိဘဲ ဧ၀ရက်တောင်ကြီးကို နှစ်ကြိမ်တက်သည်ပဲဆိုဆို၊ လက်နှစ်ဖက်မရှိဘဲ မည်သည့်သမုဒ္ဒရာကို နှစ်ခေါက်မကလို့ ဆယ်ခေါက်ပင် ဖြတ်ကူးနိုင်ပါစေဦး အသိဥာဏ်မရှိဘဲနှင့်တော့ မည်သူမှ အများကောင်းစားအောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပေ။ ထို့အတွက် ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ် တစ်ဆယ့်လေးခု မြောက်ဝဂ် ဖြစ်သည့် ဗုဒ္ဓ၀ဂ်မှ အသိဥာဏ်ရယူရန် ဘုရားစကားတော်ကို မှတ်သားတတ်စေရန်လိုပါသည်။

လောကတွင် အနိုင်အရှုံး နှစ်မျိုးရှိရာ လူတိုင်းက အနိုင်ကို အလိုရှိတတ်ပေသည်။ သို့သော်လည်း အနိုင်ချည်းလည်း မရတတ်ပေ၊ အရှုံးချည်းလည်း မရပ်တည်နိုင်ပါ။ အသီးသီး၏ ဇွဲ၊၀ီရိယကို အခြေပြု၍ ရလာဒ် ပြောင်းသွားတတ်ပေသည်။ ရလာဒ်ပြောင်းသည်မှာ အမြစ်ပြတ် မသုတ်သင် နိုင်သောကြောင့် ဖြစ်ပါသည်။ မဂ်တရားရထားပြီးသော အရိယာများအတွက်မူကား ကိလေသာစိတ် တစ်ဖန်ပြန်မပေါ်တော့သဖြင့် အမြဲတန်း အနိုင်ရသော အောင်ပွဲ အစစ်ဖြစ်ပေသည်။ လောကလွန် အနိုင်မျိုးဖြစ်ပေသည်။ လောကသားတို့၏ အနိုင်သည် စိတ်မချရပေ၊ သို့အတွက်ကြောင့် လောကုတ္တရာအနိုင်ကို တွေ့အောင် ရှာဖွေသင့်ပေသည်။

မြတ်ဗုဒ္ဓဥာဏ်တော်ကြီးမြတ်ပုံမှာ အံ့စရာပင်ဖြစ်ပေသည်။ ဂင်္ဂါမြစ်တွင်းမှသဲများကို တစ်မှုံစီ ရေတွက်သော် ကုန်နိုင်ဖွယ်ရှိပေသည်။ မဟာသမုဒ္ဒရာတွင်းမှရေများကို တစ်စက်ချင်းခပ်ထုတ်သော် ကုန်နိုင် လောက်ပေသည်။ မြင့်မားသော တောင်ကြီးမှ မြေစိုင်ခဲများကို တူးဖြိုသော် တဖြည်းဖြည်း ကုန်သွားပေမည်။ မြတ်ဗုဒ္ဓ၏ဥာဏ်တော်မှာကား ကုန်သည်ဟုမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ဥာဏ်ရှင်ဘုရားရှင်သည် ဈာန်တရားများကို ဆင်ခြင်ခြင်း၊ အမြဲအသုံးပြုခြင်း၊ ဆောက်တည်ခြင်း၊ အထမြောက်အောင်ဆောင်ရွက်ခြင်း၊ အကြိမ်ကြိမ် သက်ဝင်ခြင်းနှင့် ကိလေသာဓာတ် လုံးဝပြတ်စဲခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။ အဘိဓမ္မာတရား ဟောတော်မူပြီး တာဝတိသာနတ်ပြည်မှ အပြန် သင်္ကဿနဂိုရ်ပြည်မှ ဆင်းတော်မူသည့်နေ့တွင် စကြာဝဠာ တိုက်တစ်သောင်းမှ နတ်များကို လူများက မျက်ဝါးထင်ထင် တွေ့မြင်ရသည်ဟု သိရပြီး ထိုနေ့တွင် ဘုရား ဖြစ်ရပါလို၏ဟု ဆုမတောင်းဘဲနေသူ တစ်ဦးတစ်ယောက်မှ မရှိဟု ကျမ်းစာများတွင် ပြဆိုပါသည်။ လောကရှုထောင့်မှ တင်ပြရလျှင် ဘုရားရှင်သည် တလောကလုံး၏ ဘုရင်ဖြစ်တော်မူပါသည်။

တစ်လောကလုံး၏ ဘုရင်ကို ဓမ္မရှုထောင့်မှ တင်ပြရပါလျှင် ဒွါရခြောက်ပါးသာလျှင် ဖြစ်ပါသည်၊ ဒွါရခြောက်ပေါက်ကို နိုင်အောင် မပိတ်နိုင်ကြပါလျှင် ကိလေသာမိုး ယိုပါမည်။ ဒွါရခြောက်ပေါက်ကို မစောင့်ရှောက်မှုကြောင့် လူသားထုကြီးသည် အမှန်ကို ထင်ထင်ရှားရှားမမြင် ယောင်ဝါးကြီးဘ၀ဖြင့် ခရီးသွားနေကြသည့် လူမိုက်ကြီးများ ဖြစ်နေကြပါသည်။ မစောင့်ရှောက်နိုင်ခြင်းမှာ အင်အားမရှိ၍ ဖြစ်ပါသည်။ အင်အားရှိလာအောင် ၀ီရိယအတော်စိုက်ပါမှ ရရှိမည်ဖြစ်ပါသည်။ ၀ီရိယဓာတ်ဖြင့် ကုသိုလ်ကို အားထုတ်ခဲ့မှုကြောင့် လူ့ဘ၀ကို ခက်ခက်ခဲခဲ ရခဲ့ကြခြင်းဖြစ်ပြီး လူ့ဘ၀တွင် ရှာရဖွေရသည်မှာလည်း ခက်ခက်ခဲခဲပင်ဖြစ်ပြန်ရာ လွယ်လွယ်နှင့် ရတာ ဘာမှ မရှိပါ။ ဤသို့သောအနေအထားတွင် မိမိတို့၏ ဘ၀ကို မြင့်တက်စေတတ်သည့် အကြံကောင်း၊ ဥာဏ်ကောင်းများကို ပေးမည့် သူကား ရွှေထက်ပင် ရှားလေသည်။ အကြံကောင်း ဥာဏ်ကောင်းတို့ကို ဖြစ်ပေါ်စေသည့် ပထမဆုံးဟောပြောတတ်သူ အမှန်သိမြင် ဥာဏ်ရှင် ဘုရားကို ဖူးမြင်ရန်အခွင့်မှာ အလွန်ပင် ခက်ခဲလှသော အနေအထားဖြစ်ပါသည်။ ယခုမူ ယူတတ်သူအတွက် အရာအားလုံးက အဆင်သင့်ပင် ဖြစ်နေပေပြီ တစ်ချက်ကလေးမှ မချွတ်ချော်စေရန် အရေးကြီးလှပေသည်။ ချွတ်ချော်မှုမဖြစ်စေရန် အတွက် စည်းကမ်းထားပေးရသည်။

လောကတွင် စည်းကမ်းသည် အရေးကြီးလှပေသည်၊ စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သလိုပင် တိုင်းပြည်တစ်ခု၏ သာယာဖွံ့ဖြိုးမှုအတွက်လည်း အဆုံးအဖြတ်ပေးသည့် ပြဒါးတိုင်ဖြစ်ပေသည်။ ထို့ကြောင့် စည်းကမ်းများကို ဖေါ်ပြရာ အခြေခံ ဥပဒေကို တိုင်းပြည်တည်ထောင်ခါစမှ ရေးဆွဲကြပါသည်။ သို့သော် ကိလေသာ တန်းလန်းနှင့် လူသားများရေးဆွဲထားသည့် ဥပဒေဖြစ်သည့်အတွက် ထင်ရာစိုင်းထားသည့် သဘောများမကင်းတတ်ရှိနေပေရာ တိုင်းပြည်တစ်ခုနှင့် တစ်ခု မတူသလိုပင် တိုးတက်မှုလည်း ခြားနား ကြရပေသည်။ ခိုင်မာသည့် ကောင်းမွန်သည့် အခြေခံ ဥပဒေရှိပြီး လက်တွေ့ လိုက်နာ ဆောင်၇ွက်သော တိုင်းပြည်သည် တိုးတက်ပါသည်။ ဤအတူပင် ဗုဒ္ဓသာသနာတော်တွင် လည်း ၀ိနည်းသည် အရေးကြီးလှပါသည်။ သာသနာတော်၏ အသက်ဟုပင် အဋ္ဌကထာဆရာမြတ်တို့ တင်စား ခေါ်ဝေါ်ကြလေ သည်။ ထူးခြားသည်မှာ ဘုရားတစ်ဆူ၏ ၀ိနည်းနှင့် ကျန်ဘုရားတစ်ဆူ၏ ၀ိနည်း အတူတူပင်ပင်ဖြစ်ပါသည်။ ၀ိနည်းတွင် အာဏာဒေသနာ၊ သြ၀ါဒဒေသနာဟု နှစ်မျိုးရှိပေရာ (၂၂၇) သွယ်စည်းကမ်းများကို အာဏာ ဒေသနာဟု ခေါ်ပြီး သုံးဂါထာမျှသော အဆုံးအမကို သြ၀ါဒဒေသနာဟု ခေါ်ပါသည်။ ထိုသုံးဂါထာကို ၀ိနည်းမပညတ်မှီ ဘုရားရှင်တိုင်း ဟောတော်မူသော်လည်း ကာလအားဖြင့် မတူတတ်ပေ။ ၀ိပဿီဘုရားရှင်သည် ခုနှစ်နှစ်မှ တစ်ကြိမ်သာ ဟောတော်မူပြီး သိခီနှင့် ဝေဿဘူ ဘုရားရှင်တို့ကမူ ခြောက်နှစ်၊ ကကုသန္ဓနှင့် ကောဏာဂမနဘုရားရှင်တို့ကမူ တစ်နှစ်တစ်ကြိမ်၊ ကဿပဘုရားရှင်ကမူ ခြောက်လတစ်ကြိမ် ဟောတော်မူပြီး ဂေါတမဗုဒ္ဓကမူ တစ်ဆယ့်ငါးရက်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ဟောတော်မူပါသည်။ ထိုစည်းကမ်းတို့ကို လိုက်နာရန်မှာ ခန္တီတရားလိုပေသည်။ သည်းခံမှု မရှိပါက မည်သည့်စောင့်ထိန်းမှုကိုမှ မဆောင်ရွက်နိုင်ပေ၊ သာသနာတော်တွင် ဥတ္တမတပဟုခေါ်သည့် သည်းခံမှုသည် မြင့်မြတ်သည့်အပြင် ပဓာနလည်း ကျပေသည်။ သို့မှသာလျှင် ဥတ္တမ၀ဒဟုခေါ်သည့် နိဗ္ဗာန်သို့ ရောက်နိုင်ပေသည်။ လောကလူသားတို့သည် နိဗ္ဗာန်ကို ပို့ပေးနိုင်သော ဘုရားရှင်ကို ပထမ နေရာတွင် ထားကြပါသည်။

လောကတွင်ငွေသည် အရေးပါသဖြင့် ဒုတိယဘုရားသခင်ဟု တင်စားတတ်ကြပါသည်။ ငွေသာရှိလျှင် လုပ်သမျှတင့်တယ်သည်၊ ဂုဏ်ရှိသည်ဟုလည်း သီချင်းရေးစပ်ကြပါသည်။ လောကအမြင်တွင် အမှန်ပင် ဖြစ်သဖြင့်လည်း လူများက လက်ခံထားကြပါသည်။ ရဟန်းတော်များအတွက်မူ ငွေသည် သေမင်းတမန် ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက ငွေရလာပါက သူ့ထံ ရန်သူလာသည်ဟု မှတ်ယူပြီး ရန်သူကို မိတ်ဆွေဖြစ်သွားစေရန် ကုသိုလ်လမ်းကြောင်းသို့ရောက်အောင် လမ်းလွှဲတော်မူပါသည်။ေ၇ွှကျင် ဆရာတော်ဘုရားကြီးကမူ ၀တ္ထု၊ မာတု ဤနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်း ဟုဆိုပါသည်။ ငွေနှင့် အမျိုးသမီးသည် ရဟန်းဘ၀အတွက် ဖြောင့်ဖြောင့်မှန်မှန် ရပ်တည်နိုင်ရန် အလွန်ပင် ခက်ခဲသော အတားအဆီး ကြီးများ ဖြစ်ကြပါသည်။ ငွေသည် မကောင်း၊ မာတုဂါမသည် မကောင်းသောကြောင့် မဟုတ်၊ ထင်ထားကြသည့်အတိုင်း အကောင်းကြီးမဟုတ်၊ အကောင်းလေးသာ ဖြစ်ပေသည်။ နည်းပါးသော အကောင်းလေးအတွက် များပြားသော ဒုက္ခ အစိုင်အခဲကြီးကို ရင်ဝယ်မပိုက်မိစေရန်အတွက် တဏှာကို ပယ်သတ်စေလိုခြင်းဖြစ်ပါသည်။ သို့အတွက် အိပ်မက်ပမာ ခဏကောင်းလေးကို စွန့်လွှတ်ကြပါဟု ဟောတော်မူပါသည်။ စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်မှ သံသရာမှလွတ်ပါမည်။

လောကတွင် ကိုးကွယ်မှုမှားပါက အမှားတကာ့တွင် အဆိုဆုံးပင် ဖြစ်ပါသည်။ ဆရာမှားတော့ တသံသရာလုံးမှောက် ဟုပြောဆိုတတ်ကြပါသည်။ ဗုဒ္ဓမပွင့်မှီက ဆရာကြီးလုပ်နေခဲ့သော သာသနာပြင်ပ ရသေ့ဆရာကြီးသည် တောင်၊တော။ဥယျာဉ်၊သစ်ပင်တို့ကို ကိုးကွယ်ကြရန်ဟောပြောရင်း တပည့်တစ်သောင်း အခြံအရံဖြင့် လှည့်လည်နေခဲ့ပါသည်။ ဗုဒ္ဓက သရဂုံသုံးပါးနှင့် လမ်းကြောင်းပြောင်းပြီး အမှန်တည့်ပေး ခဲ့ပါသည်။ အမှန်တည့် ပေးရန်အတွက် ဘုရားရှင်သည် လောကလူသားတို့အတွက် ပေါ်လာရပါသည်။

တောတိုင်းတွင် စန္ဒကူးမတွေ့၊ တောင်တိုင်းတွင် ပတ္တမြားမထွက်၊ ဆင်တိုင်းတွင် အမတေမရှိသလိုပင် အမျိုးတိုင်းတွင်လည်း ပုဂ္ဂိုလ်ထူးမပေါ်နိုင်ပေ။ မစ္ဇျိမဒေသ ချမ်းသာသော မင်းမျိုး၊ ပုဏ္ဏားမျိုး၌သာ ထူးခြားသောသူများပေါ်နိုင်သည်ဟု အဋ္ဌကထာဆရာ ဖွင့်ပြထားပါသည်။ ဤဖွင့်ပြချက် သည် အနာဝသေသ စကားဖြစ်ပါသည်။ ရာနုန်းတစ်ရာ အပြည့်မှန်သော စကား မဟုတ်ပါ။ ဘုရားရှင်ကမူ ကုလ ဟုသာမညသာ ဟောတော်မူပါသည်။ မည်သည့်နေရာတွင် မဆို၊ မည်သည့် မျိုးနွယ်တွင်မဆို ပုဂ္ဂိုလ်ထူးသည် ပေါ်နိုင်ခွင့်ရှိသည် သို့သော် လွယ်လွယ်တော့မဖြစ်နိုင်။ ပေါ်ခဲ့လျှင်လည်း အများချမ်းသာ သည်။ မြတ်စွာဘုရားရှင်တည်းဟူသော ပုဂ္ဂိုလ်ထူးကြီး ပေါ်ပေါက်ခဲ့သောကြောင့်ပင် သတ္တ၀ါတွေ ချမ်းသာ ရာ ရခဲ့ကြပါသည်။

ချမ်းသာမှုနှင့်စပ်ပြီး နာမည်ကြီးစာရေးဆရာ ဆရာဝန်က သူ၏ ကျန်းမာရေး ပညာပေး စာအုပ်တွင် ကာမဂုဏ်ခံစားမှုချမ်းသာသည် သူတွေ့ဖူးသမျှ ချမ်းသာများတွင် အကောင်ဆုံးဟု ရေးထား ပါသည်။ တစ်ချို့က တိုင်းပြည်အုပ်ချုပ်သူ၏ စည်းစိမ်ချမ်းသာကို သွားရည်ယိုကြပေမည်။ အစားမက်သော သူကမူ သလေးထမင်း ဒန်ပေါက်ဟင်းကို စားသုံးရလျှင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့ဟု ဆိုကြပေမည်လား မသိ။ မြတ်ဗုဒ္ဓကမူ ပညာတတ်တွေများပြားမှု၊ စည်းကမ်းတွေလိုက်နာမှု၊ အဖွဲ့အစည်း၏ ညီမျှမှု၊ တစ်ဦးနှင့် တစ်ဦး နို့နှင့်ရေ ရောထားသကဲ့သို့ ချစ်ခင်သော အကြည့်ဖြင့် ကြည့်ရှုနိုင်ခြင်းကို ချမ်းသာခြင်းဟု ဟောတော်မူပါသည်။

ချမ်းသာခြင်းအစစ်အမှန်ကို သိသွားတော်မူကြကုန်သော ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓနှင့် ဗုဒ္ဓ၏သာဝကတို့ သည် တဏှာ၊ မာန နှင့် ဒိဋ္ဌိဟူသော လောဘ၊ သောကနှင့် ပရိဒေ၀တည်းဟူသော ဒေါသ တို့ကို မောဟကို ပယ်သတ်သော အရဟတ္တမဂ် ဥာဏ်သန်လျက်ဖြင့် ခုတ်ထွင်ပြီးဖြစ်လေရာ ချမ်းသာအစစ်ကို တကယ် သိသူများ ဖြစ်ကြလေသည်။ သူသူငါငါ ထင်သော ချမ်းသာမျိုးသည် ပိုးဖလံမျိုး မီးကိုတိုးသော အဖြစ်မျိုးနှင့်တိုးမှာ စိုးရလေသည်။ ထို့ကြောင့်ပင် အမှန်ညွှန်ပြတတ်သော ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ဗုဒ္ဓ၏ သာဝကတို့သည် ပူဇော်ရာအစစ် ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်ကြ လေသည်။

ဤဗုဒ္ဓ၀ဂ်တွင် စာမျက်နှာပေါင်း (၃၉) ခု ၊ ၀တ္ထုပေါင်း (၉) ခု၊ ဂါထာပေါင်း (၄၈)၊ ထိုတွင် အဖွင့်ခံ ဂါထာမှာ (၁၈) မျှသာ ရှိပါသည်။ ကျန်ဂါထာများမှာ အကိုးသာဓကများသာ ဖြစ်ပါသည်။ ဂါထာပေါင်း (၄၈) တွင် တစ်ဆယ့်နှစ်လုံးဖွဲ့ဂါထာ တစ်ပုဒ်၊ တစ်ဆယ့်တစ်လုံးဖွဲ့ ဂါထာ နှစ်ပုဒ်၊ ကိုးလုံးနှင့် ဆယ်လုံးရောဖွဲ့ ထားသောဂါထာ နှစ်ပုဒ်နှင့် ရှစ်လုံးဖွဲ့ဂါထာ (၄၃) ပုဒ်တို့ဖြစ်ပါသည်။ ဤဗုဒ္ဓ၀ဂ်တွင် အဋ္ဌကထာဆရာမြတ်က ၀ိသုဒ္ဓိမဂ်၊ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊ ခုဒ္ဒကနိကာယပါဠိတော်။ ၀ိနည်းစူဠ၀ါပါဠိတော်၊ ပါစိတ်ပါဠိတော်၊ ဒီဃနိကာယပါဠိတော်၊ သုတ်မဟာဝါ၊ မစ္ဇျိမနိကာယပါဠိတော၊မစ္ဇျိမပဏ္ဏာသတို့ကိုပါ ကိုးကားပြီး ဖွင့်ပြတော် မူထားပါသည်။

ပထမဆုံးဝတ္ထုမှာ နတ်မင်းကြီး၏ သမီးသုံးယောက်အကြောင်းဖြင့် စတင်ထားပြီး မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား ဟောကြားခြင်းဖြင့် အဆုံးသတ်ထားပါသည်။ ဒုတိယ၀တ္ထုတွင် အဘိဓမ္မာတရား ဟောကြားတော်မူပြီး သင်္ကနဂိုရ်ပြည်မှ သက်ဆင်းလာပုံ အကြောင်းကို ပြည့်ပြည့်စုံစုံ တင်ပြထားပါသည်။ ဤ၀တ္ထုတွင်မှတ်သားဖွယ်များမှာ မြတ်စွာဘုရားဆောင်ရွက်ရမည့်ကိစ္စကို မည်သူမျှ မဆောင်၇ွက်နိုင် ဟူသော ဥပဒေသတစ်ခု၊ သူတော်ကောင်းတို့မည်သည် သူတစ်ပါးကို အခွင့်ပေးပြီး ဂုဏ်ရှိအောင် ဆောင်၇ွက်တတ်သည်ဟူသော ဥပဒေသ၊ မိခင်နတ်သားသည် တုသိတာအထက်နတ်ဘုံမှ အောက်နတ် ဘုံဖြစ်သော တာဝတိံသာသို့ လာ၍တရားနာယူသည်ဟူသော ဗဟုဿုတ၊ သာသနာတွင်း အလှူသည် သာသနာပ အလှူထက် အကျိုးပေးထက်သန်သည်ဟူသော ဥပဒေသတစ်ခု၊ ဘုရားရှင်၏ ၀ါတော်ခုနှစ်ဝါ တွင် ပ၀ါရဏာပွဲ စတင်နေပြီ ဟူသော သမိုင်းအချက်အလက်၊ သံဝေဇနိယလေးဋ္ဌာနရှိသလို အ၀ိဇဟိတ လေးဋ္ဌာနရှိရာတွင်လည်း တန်းခိုးပြပြီး သင်္ကဿနဂိုရ်ပြည်သက်ဆင်းခြင်းသည် တစ်ခုအပါဝင်ဖြစ်သည် ဟူသော မှတ်ချက်တစ်ခု၊ အရှင်သာရိပုတ္တရာမထေရ်၏ မိုးသီးပေါက်ပေါင်းကို စေ့စေ့ငုငု ရေနိုင်မှု ဥာဏ်ရည်တို့ကို မှတ်သားရ ပါသည်။

တတိယ၀တ္ထုတွင် သီလလောက်ဖြင့် ဘ၀တစ်ခု မလုံခြုံသေးကြောင်း သံသရာခရီးသွားများ မှတ်သားဖွယ်ကို တွေ့ရပါသည်။ ထို့ကြောင့် သာသနာတော်နှင့်ကြုံတစ်ခိုက် သူတော်ကောင်းတစ်ရား တွေကို ကြိုက်လိုက်ကြပါဟု ရေးသားလိုက်ရပါသည်။

စတုတ္ထ၀တ္ထုတွင်မူ သြ၀ါဒပါတိမောက်အကြောင်း သိကောင်းစရာများကို ဟောကြား တော်မူ ထားပြီး ပဉ္စမ၀တ္ထုတွင်မူ သာသနာတော်မပျော်သော ရဟန်းတော်တစ်ပါးအကြောင်းကို မှတ်တမ်းပြုထား ပါသည်။ ငွေတစ်ရာလေးနှင့် စိတ်ကူးယဉ်နေသော ထိုရဟန်းတော်လေးသည် စိတ်ကူးထည်းတွင်ပင် ကုန်ဈေးနုန်း ကြီးမြင့်မှုဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ကူးယဉ်အိပ်မက်မှလန့်နိုးခဲ့ရပုံကို ဖေါ်ပြထားပါသည်။

ဆဋ္ဌမ၀တ္ထုတွင်မူ ကိုးကွယ်ရာမှားနေခဲ့သော ဆရာ တပည့်အဖွဲ့ကို ရတနာသုံးပါးကို ကြည်ညို စေခြင်း ဖြင့် လမ်းကြောင်းမှန်ကို ညွှန်ပြထားပုံကို ဖေါ်ကျူးထားပါသည်။ သတ္တမ၀တ္ထုတွင်မူ အာဇာနည်များကြောင့် အများကောင်းစားရပုံကို ပြဆိုထားပြီး အာနန္ဒာမထေရ်၏ အမေးကို ဖြေပြထားပါသည်။ ဤနေရာတွင် အာဇာနည်ဆိုသည်မှာ မြတ်ပညာသခင် ဘုရားရှင်ဖြစ်သည်ဟု အဋ္ဌကထာဆရာက အရကောက် ပြထားပါသည်။

အဋ္ဌမ၀တ္ထုတွင်မူ ချမ်းသာမှု၏ အဓိပ္ပါယ်ကို တိတိကျကျ ဖွင်ဆိုနိုင်ခြင်းမရှိကြသော ရဟန်းတော်များကို မေတ္တာရှေ့ထား ညီညွတ်မှုတရား၏ ချမ်းသာပုံကို ဟောပြတော်မူပြီး နောက်ဆုံးဝတ္ထုတွင်မူ ပူဇော်ထိုက်သူများကို ပူဇော်ခံနိုင်ရခြင်း အကြောင်းနှင့်တကွ ဟောပြတော်မူထားပါသည်။ သို့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိလွတ်ပြီး သောကနှင့် ပရိဒေ၀ ကင်းဝေးစေရန် ကြိုးစားကြပါရန် တိုက်တွန်းရပေသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ ဗုဒ္ဓ၀ဂ်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ

၃။ လောကနီတိ

၎။ ၀ိသုဒ္ဓိမဂ်၊

၅။ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊

၆။ ခုဒ္ဒကနိကာယပါဠိတော်၊

၇။ ၀ိနည်းစူဠ၀ါပါဠိတော်၊

၈။ ပါစိတ်ပါဠိတော်၊

၉။ ဒီဃနိကာယပါဠိတော် သုတ်မဟာဝါ၊

၁၀၊ မစ္ဇျိမနိကာယပါဠိတော် မစ္ဇျိမပဏ္ဏာသ

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

Read more...

နာနာဘာဝနှင့်တွေ့ဖူးသူများ (၈)

နာနာဘာဝနှင့်တွေ့ဖူးသူများ (၈)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“ငါ့သား၊ မသာပစ္စည်းဆောင်၊ ကျောင်းပစ္စည်းရှောင်၊ မသာပစ္စည်းဆောင်၊ ဘုရားပစ္စည်းရှောင်-တဲ့။ ရှေးလူကြီးတွေက ပြောကြတယ်၊ ဒါကြောင့် ဘုန်းကြီးကျောင်းက ပစ္စည်းကို ဘာမှ ယူမလာရဘူးနော်” ဟု ငယ်နုစဉ် ဘုန်းကြီးကျောင်းသို့ ကျောင်းအပ်တော့မည့် စာရေးသူကို အမေက ယင်းဆုံးမ စကားဖြင့် ဆုံးမခဲ့ပါသည်။ ထိုဆုံးမ စကားနှစ်ခွန်းကို ယခုတိုင် စိတ်၌ စွဲထင်နေ၏။

Read more...

Read more...

ဗျသနတရား(၅)ပါး

(၁)ဉာတိဗျသန-ဆွေမျိုးပျက်စီးခြင်း၊ (၂)ဘောဂဗျသန-စီးပွားဥစ္စာ ပျက်စီးခြင်း၊ ရောဂဗျသန-အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း၊(၄)သီလဗျသန-ကောင်းသော အကျင့်အလေ့ သီလပျက်စီးခြင်း၊(၅)ဒိဋ္ဌိဗျသန-ကောင်းမှန်သော ဘာသာအယူ ပျက်စီးခြင်း။

ဝိပတ္တိတရား(၄)ပါး

(၁) ဂတိဝိပတ္တိ= လားရာဂတိ ဖြစ်ရာဘုံဘ၀ ပျက်ခြင်း၊မကောင်းခြင်း။ (၂) ကာလ၀ိပတ္တိ=မင်းနှင့်တကွ လူတို့ တရားမစောင့်ကြသော ကာလပျက်ခြင်း။(၃) ပယောဂ၀ိပတ္တိ=ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုခြင်း။(၄) ဥပဓိဝိပတ္တိ=အမျိုးကားမြတ်၏၊ အဆင်းအင်္ဂါ ချို့တဲ့ခြင်း။

၂၀၀၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကဗျာ

သူငယ်ချင်းတစ်ယောက်ပို့ပေးသည့် Forward မေးလ်မှရရှိခဲ့သော ကမ္ဘာ့ကုလသမဂ္ဂမှ ၂၀၀၆ခုနှစ်အတွက်အကောင်းဆုံးကဗျာအဖြစ် ရွေးချယ်ခဲ့သည့် အာဖရိကန်ကလေးငယ်တစ်ဦးဖွဲ့ဆိုခဲ့သည့် ကဗျာအားမျှဝေနိုင်ရန် ဆီလျော်အောင်ဘာသာပြန်ဆိုခံစားပါသည်။

ကျွန်ုပ်ဖွားစဉ် ဟိုကတည်းက၊ ကျွန်ုပ်အသားမည်းခဲ့သည်

အသက်ပျိုစဉ် ငယ်ရွယ်ချိန်လဲ၊ ကျွန်ုပ်အသားမည်းနေမြဲပဲ

နေပူပူထဲ လျှောက်လှမ်းခဲ့တော့၊ ကျွန်ုပ်အသားမည်းနေဆဲပေါ့

ကြောက်ရွံ့စိုးထိတ် ကြောက်လန့်ချိန်လဲ ကျွန်ုပ်အသားမည်းဆဲပါပဲ

ကျန်းမာချို့တဲ့ လဲပြိုချိန်ဆက်၊ ကျွန်ုပ်အသား မည်းနက်မှောင်လျက်

ဘ၀အသက် နေ၀င်ချိန်ဆီ၊ ကျွန်ုပ်အသားမည်းနေဦးမည်

အဆွေလူသား ကိုလူဖြူအားကို မေးချင်လိုက်သည်

အသင်မွေးစ ဟိုအစဉ်ထဲက၊ ပန်းရောင်အသားမရှိခဲ့လား

သင်သည်ပျိုရွယ် ထိုအချိန်တွင် ဖြူနုသားရည်ရှိခဲ့သည်ပင်

နေပူကြဲထဲ လျှောက်စဉ်ကလဲ သင်၏သားရည် ရဲခဲ့တာပဲ

ချမ်းတုန်အေးစိမ့် ဆောင်းချိန်လိမ့်တော့၊ ပြာရောင်အသားပြောင်းလဲသွားပေါ့

ထိတ်လန့်စိုးရိမ် နေစဉ်ချိန်ကား၊ သင်ရဲ့အသားအ၀ါရောင်များ

ဖျားနာညောင်းကိုက် ချိန်တုန်းခိုက်က၊ စိမ်းရောင်အသား မမေ့ငြားနှင့်

မီးစာနေ၀င် နောက်ဆုံးချိန်တွင် ဖြူရော်အသားသို့ပြောင်းသွားမည်ပင်

အဘယ်ကြောင့်များ အကျွန်ုပ်အား ခြားနားသားရောင်ဖြစ်သည်ဆောင်၍ ခွဲခြားပြောဆိုရသနည်း။



စာဖတ်သူများပိုမို၍ ခံစားနိုင်ရန်မူရင်းကဗျာအားဖေါ်ပြပေးလိုက်ပါတယ်။



Nominated by UN as the best Poem of 2006, written by an African Kid



When I born, I black

When I grow up, I black

When I go in Sun, I black

When I scared, I black

When I sick, I black

And when I die, I still black



And you white fellow:



When you born, you pink

When you grow up, you white

When you go in sun, you red

When you cold, you blue

When you scared, you yellow

When you sick, you green

And when you die, you grey

And you calling me colored?


မှတ်ချက်။ ။forward mail မှ ရသောကဗျာလေးဖြစ်ပြီး ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

နှစ်သစ်နဲ့ ဆန္ဒ

နှစ်သစ်ခုခါ မင်္ဂလာကို
သာယာငြိမ့်ညောင်း ကဗျာကောင်းဖြင့်
မေတ္တာဖြန့်ဝေ တေးသီချွေသည်
သီတဂူစန်းလ ပမာဆလျှက်
ချမ်းမြသာယာကြပါစေ။
နှစ်ဟောင်းညစ်ကြေး ကိုယ်စီဆေး၍
နှစ်သစ် ကုသိုလ်
ထိုထိုယူလျှက် ဘ၀ပင်လယ်
အပြောကျယ်လည်း
ကူးခတ်လွန့်လူး အခွင့်ထူးကို
ရင်ဝယ်ပိုက်ထား
အမိသားလို ထွေးပွေ့ယုယနိုင်ကြပါစေ။ ။

Read more...

ရသေ့ကြီး ဦးခန္တီ နှင့် လာဘ်ပွင့် ဂါထာတော်ထူး

တုမှေ စိတ္တံ စ ကာယော စ၊ သဗ္ဗဒေ၀ မနုဿ စ။
သီတံ ဥဒကေ ဣစ္ဆိတံ၊ ပတ္တံ ဟောတု မေ မေတ္တံ။


အနက်အားဖြင့်---
ခပ်သိမ်းသော နတ်လူတို့သည် ကိုယ်စိတ်နှစ်ဖြာ သီတာရေပမာ အေးမြသာယာပြီး တောင့်တအပ်သော အလိုရှိရာဟူသ၍ ပြည့်ဝကြပါစေ။
ကျွန်ုပ်သည်လည်း နတ်လူတို့၏ မေတ္တာကို ခံယူနိုင်ပါစေ။


အဆိုပါ ဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်၍ ဖြူစင်သောစိတ်ဓာတ်ဖြင့် သီလလုံခြုံပါလျှင် ကြံစည်လုပ်ကိုင်သမျှ လုပ်ငန်းအ၀၀တို့ အဆင်ပြေချောမွေ့စေပြီး စီးပွားလာဘ်လာဘများ တိုးတက် လာလိမ့်မည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။


သုတေသီ ဆရာငြိမ်း
(ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ)

ရသေ့ကြီး ဦးခန္တီ-နှင့် လာဘ်ပွင့် ဂါထာတော်ထူး

မြန်မာနိုင်ငံတ၀ှမ်း၌ ရသေ့ကြီး ဦးခန္တီဆိုလျှင် မသိသူမရှိ။ ထင်ရှားသော သာသနာပြု ပုဂ္ဂိုလ်တပါး ဖြစ်ပါသည်။ ရဟန်းဝတ်ခဲ့စဉ်ကလဲ ရဟန်းဘွဲ့အမည်မှာ ဦးခန္တီ-ပင်ဖြစ်၏။ ငယ်နာမည်မှာကား မောင်ရွှေမြ ဖြစ်လေသည်။ လူပြန်တော်ဘ၀ သင်္ကန်းစွန့်သောအခါ ကပ်ကျော်ဘဘကြီး ဦးစိုးမင်း ၀ိဇ္ဇာဂိုဏ်းချုပ်အဖြစ် ထင်ရှားခဲ့ပြန်သည်။

မောင်ရွှေမြ ဘ၀တွင် ရှိစဉ်က ရက်ကန်းစင်တောင် ဆရာတော်ကြီးသည် ဆင်သေရွာနေ ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးဆိုင်-ထံသို့ အတတ်ပညာများ သင်ကြားနာယူစေရန် အပ်နှံခဲ့သည်။ ထိုမှတဖန် ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးဆိုင်က မောင်ရွှေမြအား ဂန္ဓာရီဝိဇ္ဇာအတတ်များကို သင်ယူစေရန် ထုံးဖိုရွာနေ သောကြာသား ဆရာကြီး ဦးရဲသူ-ထံ အပ်နှံပြန်လေသည်။ မောင်ရွှေမြလည်း ဆရာကြီး ဦးရဲသူထံမှ န၀င်း-စမ-ဂါထာ-မန္တာန်-ကျမ်းဂန် စကားအဓိပ္ပါယ်သွားတို့ကို ဆရာတဆူ ပါရဂူမြောက်သည်အထိ သင်ကြားတတ်မြောက်ခဲ့ လေသည်။

ထိုမှတဖန် မြန်မာပြည်အထက်ပိုင်းရှိ ၀န်းသိုမြို့အတွင်း နဘဲကျင်း အရပ်တွင် နေထိုင်သော ပရိက္ခရားမင်းသား ဘွဲ့ခံ ဆရာငြိမ်း-ထံ အပ်နှံလိုက်ရာ ဆရာငြိမ်းက မောင်ရွှေမြ၏ သွင်ပြင်လက္ခဏာ များကို အကဲခတ်လေ့လာပြီး နောင်အခါ၌ ၀ိဇ္ဇာဓိုရ်ဂိုဏ်းကြီး၏ အကျိုးကို ရည်မျှော်၍ သိပ္ပဥဿုံအလုံးစုံကို ၄င်းတတ်စွမ်းသမျှ မချွင်းမချန် သင်ကြားပေးလိုက်လေသည်။ ထိုသို့ အတတ်ပညာများ စုံသည်ကိုပင် အားမရသေး၊ ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးငြိမ်းနှင့် မဟိဒ္ဓိဂိုဏ်းဆရာတို့က မယ်တော်ကြီး-ဟု နှုတ်စကား သမုတ်ခြင်းခံရသည့် အမေမုံး-ထံတွင် အပ်နှံပြီး တတ်သင့်တတ်ရာ ပညာများကို သင်ယူစေခဲ့ပြန်ပါသည်။


သို့ဖြင့် မဟိဒ္ဓိဂိုဏ်းဝင် သူတော်စင်ဆရာကြီး အသီးသီးတို့ထံမှ ၀ိဇ္ဇာမယ-ဂန္ဓာရီ-စမန၀င်း-အင်းမန္တရား အတတ်စုံ၍ အသက် ၁၈-နှစ်သို့ ရောက်လေသောအခါ မွေးဇာတိချက်ကြွေ အောက်ပြည်အောက်ရွာ သထုံဇင်းကျိုက်သို့ န၀င်းသိုက်အရ ပြန်လာခဲ့သည်။ ထို့နောက် ကျိုက်ထိုမြို့အနီး ကော့ဌေးရွာဆရာတော် နှင့် ခလွန်ရွာ ဆရာတော်ကြီး နှစ်ပါးထံတွင် ဥပသမ္ပဒ ကံဆောင် ရဟန်းဘောင်သို့ ရောက်ခဲ့သည်။ ဆရာတော်များက ရှင်ခန္တီ-ဟူ၍ ပညတ်အမည် မှည့်ခေါ်တော်မူခဲ့သည်။


ရဟန်းတော် ဦးခန္တီသည် ဆရာတော်ကြီးများထံတွင် ပရိယတ်စာပေများကို သင်ကြားနာယူ လေ့ကျက်ရင်း ပါရမီဓာတ်ခံ မျိုးစေ့မှန်စွာဖြင့် ဆည်းပူးတတ်မြောက်ခဲ့သော စမ၊ န၀င်း၊ အင်းဆေး၊ မန္တာန် စသည့် အတတ်စုံလင်စွာဖြင့် ဝေဒနာရှင် ဒုက္ခိတသတ္တ၀ါအပေါင်းအား ဇီဝိတဒါန မေတ္တာဇော စေတနာဖြင့် ဆေးကုသကယ်တင်ပေးခဲ့ရာ ဝေဒနာရှင်အပေါင်း သက်သာပျောက်ကင်းကြသဖြင့် နာမည်ထင်ရှား ကျော်ကြားတော်မူလေ၏။


ထိုအချိန်ကာလသည် မြန်မာနိုင်ငံတော်တ၀ှမ်းလုံး ထီးကျိုးစည်ပေါက်လျက် ရှိ၏။ သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က သာသနာတော်ကြီး မညှိးမှိန်ရလေအောင် အစွမ်းကုန်ကြိုးပမ်းလျက် ရှိကြသည်။ မြန်မာသက္ကရာဇ် ၁၂၅၂-ခုနှစ်တွင် မဟိဒ္ဓိဂိုဏ်းဝင် သူတော်စင်များ ဖြစ်ကြသည့် ဆံရှည်ဆရာတော်၊ ရက်ကန်းစင်တောင် ဆရာတော်၊ စသည့် ၀ိဇ္ဇာဓိုရ်ဆရာကြီးများက မန္တလေးမြို့တွင် သာသနာပြုရန် ၀ိဇ္ဇာဓိုရ်အစည်းအဝေးကြီးတရပ်ကို ကျင်းပရန် ရောက်ရှိလာခဲ့ကြရာ ထိုအစည်းအဝေး ကြီးမှ ရဟန်းတော်ဦးခန္တီအား သာသနာပြုပုဂ္ဂိုလ်ထူးအဖြစ် တညီတညွတ်တည်း ရွေးကောက်ခဲ့ကြသည်။


ရဟန်းတော် ဦးခန္တီသည် ရဟန်းဝါ (၂၉)၀ါ အရတွင် လူဝတ်လဲခဲ့သည်။ ထို့နောက် ကပ်ကျော် ဘဘကြီး ဦးစိုးမင်း-ဟု ထင်ရှားလာခဲ့၏။ သို့တိုင် ဦးခန္တီဟူသော အမည်နာမသည် မကွယ်ပျောက်ခဲ့။ သည့်နောက် ရသေ့ကြီး ဦးခန္တီ တဖြစ်လဲကာ မြန်မာပြည်အောက်ပိုင်းသို့ပါ ကြွလှမ်းခဲ့ပြန်သည်။ ထိုကာလများ၌ ရသေ့ကြီးဦးခန္တီသည်---


(၁) ဟံသာဝတီခရိုင် နံယောဘုရားကြီး
(၂) သိမ်ဆိပ်၊ ကျိုက္ကော်မဥတောင်ထိပ်ဘုရား
(၃) သထုံမြို့ ရှင်ဗုဒ္ဓဃောသ တည်ထားခဲ့သော ဉာဏ်တော် ၁၂၅-တောင်ရှိ စေတီတော်
(၄) မော်လမြိုင်မြို့အနီး ခရုံဂူအတွင်းရှိ ဉာဏ်တော် ၁၅-တောင်ရှိ ရုပ်ပွားတော်ကြီးတဆူ
(၅) နှစ်ထပ်တိုက်ကြီးတလုံးနှင့် သိမ်တော်ကြီး
(၆) ၁၅-ခန်းရှိ သုဓမ္မာဇရပ်ကြီးတလုံး
(၇) ၁၀-ခန်းရှိ ဇရပ်ကြီးတလုံး
(၈) လေးမိုင်ခွဲရှိ ပေတရာ လမ်းမကြီး
အစရှိသည့် သာသနိကအဆောက်အအုံများ လူမှုရေးလုပ်ငန်းများကို ဦးဆောင်လှူဒါန်းခဲ့သည်။


ရသေ့ကြီး ဦးခန္တီသည် မြန်မာနိုင်ငံ နေရာဒေသအနှံ့ ကြွမြန်းကာ ရောက်ရှိသတင်းသုံးရာ နေရာဒေသ အသီးသီးတွင် ၄င်း၏ဘုန်းကံစေတနာ ဒေသနာတို့ကြောင့် လှူဒါန်းရရှိလာခဲ့သမျှ ၀တ္ထုငွေကြေးအစုစုတို့ကို ပေါင်းလျက် သာသနိကအဆောက်အအုံများကို ဆောက်လုပ်ခဲ့သည်။ ဘုရား စေတီ ပုထိုးတို့ကို တည်ခဲ့၏။ ဤ၌ စာရေးသူ အဓိကထား တင်ပြလိုသည်မှာ ရသေ့ကြီး ဦးခန္တီ ထာဝစဉ်လက်ကိုင်ပြုလေ့ရှိသည့် လာဘ်ပွင့်ဂါထာတော်ထူး ဖြစ်ပါသည်။ ထိုဂါထာတော်ထူးကား---


တုမှေ စိတ္တံ စ ကာယော စ၊ သဗ္ဗဒေ၀ မနုဿ စ။
သီတံ ဥဒကေ ဣစ္ဆိတံ၊ ပတ္တံ ဟောတု မေ မေတ္တံ။ ဟူ၍ ဖြစ်သည်။
အနက်အားဖြင့်---
ခပ်သိမ်းသော နတ်လူတို့သည် ကိုယ်စိတ်နှစ်ဖြာ သီတာရေပမာ အေးမြသာယာပြီး တောင့်တအပ်သော အလိုရှိရာဟူသ၍ ပြည့်ဝကြပါစေ။
ကျွန်ုပ်သည်လည်း နတ်လူတို့၏ မေတ္တာကို ခံယူနိုင်ပါစေ။ ဟူ၍ ဖြစ်သည်။


အဆိုပါ ဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်၍ ဖြူစင်သောစိတ်ဓာတ်ဖြင့် သီလလုံခြုံပါလျှင် ကြံစည်လုပ်ကိုင်သမျှ လုပ်ငန်းအ၀၀တို့ အဆင်ပြေချောမွေ့စေပြီး စီးပွားလာဘ်လာဘများ တိုးတက် လာလိမ့်မည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။


သုတေသီ ဆရာငြိမ်း
(ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ)

Read more...

ဦးဆောင်လမ်းညွှန်မှုအဖြစ် သိစိတ်

သိစိတ်ရဲ့အဆင့်ဟာ မရေမတွက်နိုင် ဖြစ်ပါတယ်။ အားလုံးဟာ သိစိတ်ပါပဲ။ ဒီပြဇာတ်က ရေတွက် မရနိုင်ပါ။ ဘုရားသခင်တို့နဲ့ဆိုင်တဲ့အရာက အဆုံးမရှိပါ။ ဘုရားသခင်ဟာ အနန္တ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရာတိုင်းဟာ မရေမတွက်နိုင် ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အဆင့် ၁၀- ရှိတယ်၊ အဆင့် ၂၀-ရှိတယ် ဆိုတာ မပြောဆိုနိုင်ပါ။ အဲဒါများက မရေမတွက်နိုင် ဖြစ်ပါတယ်။

ဒါက ထင်မြင်ယူဆချက် ဖြစ်ပါတယ်။ ဘ၀ဟာ အဆုံးမရှိ ခရီးတစ်ခု ဖြစ်ပါတယ်။ သင်ဟာ သင်က အဲဒီကို အားလုံးရောက်ရှိပြီးပြီ - ဒါက အဆုံးသတ်ဖြစ်တယ် -ဆိုတာကို မပြောဆိုနိုင်ပါ။ ဒါက အမြဲတမ်း အသစ်စတင်ခြင်း တစ်ခုပဲ ဖြစ်ပါတယ်။

အချိန်ဟာ အရာဝတ္ထု နှစ်ခုအကြား ခရီး, အကွာအဝေးကို ဆိုလိုပါတယ်။ များစွာသောအချိန်တွေမှာ အကျွန်ုပ်တို့က အတိတ်မှာ ဖြစ်ပါတယ်။ အတိတ်မှာ ဖြစ်တဲ့အခါ အကျွန်ုပ်တို့ဟာ အကွာအဝေး, ခရီးကို ဖန်တီး ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အကယ်၍ အကျွန်ုပ်တို့ဟာ အချိန်မှ အပြင်သို့ အဝေးသို့ ထွက်ခွါချင်လျင် အကျွန်ုပ်တို့ဟာ အတိတ်ရဲ့လွတ်လပ်မှု အချုပ်အချယ်ကင်းမှုကို ရှိရပါ့မယ်။ အဲဒီလိုမဟုတ်ယင် အကျွန်ုပ်တို့ အနာဂတ်မှာ နေထိုင်ကြပါတယ်။ ဒီနောက် အကျွန်ုပ်တို့ဟာ အနာဂတ်နဲ့အကျွန်ုပ်တို့အကြား အကွာအဝေး, ခရီး တစ်ခုကို နောက်ထပ် ဖန်တီးကြပါတယ်။ ပြီးတော့ အကျွန်ုပ်တို့ဟာ ယခု ပစ္စုပ္ပန်မှာ မနေထိုင်ဘဲ အနာဂတ်ကို စောင့်ဆိုင်းနေကြပါတယ်။

အချိန်ဟာ ယခုပါ။ ဒါပေမယ့် အကျွန်ုပ်တို့ဟာ အကွာအဝေး- ခရီး တစ်ခုကို ဖန်တီးကြပါတယ်။ အကျွန်ုပ်တို့ဟာ အတိတ် ဒါမှမဟုတ် အနာဂတ် တစ်ခုခုမှာပါ။ အကျွန်ုပ်တို့ဟာ အချိန်မှ လွတ်လပ်မှုကို လိုချင်လျင် အတိတ် အနာဂတ်မှ လွတ်လပ်မှုကို ရရှိရပါ့မယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့လက်ထဲမှာ ပစ္စုပ္ပုန်ခဏတာဖြင့် အမြဲတမ်း ပစ္စက္ခမျက်မှောက်မှာ ဖြစ်ကြရပါ့မယ်။

အကျွန်ုပ်တို့ဟာ ခယရိုကျိုးလွန်းလျင် အတွေးအမြင်ဆိုင်ရာ အကျွန်ုပ်တို့ရဲ့ ခရီးလမ်းများနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ရဲ့ လွတ်လပ်ခွင့်ကို မျက်ခြည်ပျက်ပျောက်ဆုံးသွားစေပါတယ်။ အကျွန်ုပ်တို့ဟာ တစ်စုံတစ်ခုပေါ်မှာ ဆုပ်ကိုင်ထားခြင်းမရှိလျင် လွတ်လပ်ကြပါတယ်။ အကျွန်ုပ်တို့ဟာ စွန့်ခွါထားပစ်ခဲ့ဖို့ လေ့လာသင်ယူလျင် အပြည့်အ၀ လွတ်လွတ်လပ်လပ် အပူအပင်ကင်းကြပါလိမ့်မယ်။

အကျွန်ုပ်တို့ဟာ ဆက်လက်ပွေ့ပိုက်ဆုပ်ကိုင်ထားပြီး အကျွန်ုပ်တို့က အေးအေးလူလူ လွတ်ငြိမ်းခွင့်မရှိပါ-လို့ ပြောဆိုကြပါတယ်။ ဦးစွာပထမ ချန်ထားရစ်ဖို့ လေ့ကျက်သင်ယူပါ။ ပြီးတော့ ဘယ်တော့မှ မပိုင်ဆိုင်ပါနဲ့ -လက်ဝယ်ရှိဖို့ မကြိုးစားပါနဲ့။ အတိတ်အနာဂတ်မှ လွတ်လပ်မှုကို ရယူပါ။ အချိန်က သင်နှင့်အတူ ဖြစ်ပါလိမ့်မယ်။ သင်ဟာ လွတ်လပ်မှု အပြည့်အ၀ ဖြစ်လာပါလိမ့်မယ်။

ဘ၀ရဲ့တန်ဖို့း အသက်ရှင်သန်မှုရဲ့တန်ဖိုးကို သဘောပေါက်နားလည်ခြင်းဖြင့် အဲဒီလိုပြုလုပ်ဖို့ လွယ်ကူပါလိမ့်မယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ဘ၀ရဲ့ အရေးပါမှု တန်ဖိုးရှိမှုကို မသိကြပါ။ ဒါ့ကြောင့် အကျွန်ုပ်တို့ဟာ ပစ္စုပ္ပန်အခိုက်အတံ့ကို ဖြုန်းတီးပစ်ပါတယ်။ အကျွနု်ပ်တို့ဟာ ရှင်သန်နေထိုင်မှုဘ၀မှ ငေးတိငေးမော အမှုမဲ့ အမှတ်မဲ့ အဝေးသို့ အမြဲတမ်း ရောက်ရှိနေကြပါတယ်။ အကျွန်ုပ်တို့ဟာ အတိတ်ကို သတိတရရှိခြင်းများဖြင့် အတိတ် ဒါမှမဟုတ် အနာဂတ်မှာ ဖြစ်ပါတယ်။ ပြီးတော့ အနာဂတ်ကို ကြောက်လန့်ပူပန်ကြပါတယ်။ ဒါက ပုံမှန် လူသားဘ၀- ရှင်သန်နေထိုင်ခြင်းရဲ့ ဦးတည်ရာ လမ်းခရီးပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှ အမြဲတစေ ဝေးကွာနေကြပါတယ်။

ပါဝါ, ယခုမျက်မှောက်ရဲ့ပျော်ရွှင်ကျေနပ်မှုဟာ အလွန်ကြံ့ခိုင်သန်မာပါတယ်။ အလွန်ပဲ လှပပါတယ်။ အလွန့် အလွန်ပဲ ကြီးကျယ်ပါတယ်။ နောက်ပြီး သင်က သင့်ရဲ့မှတ်ညဏ်ကို လွဲသွားတာ လက်လွှတ်လိုက်ရတာ ရှိလိမ့်မယ်မဟုတ် - ဆိုတာ ဖြစ်ပါတယ်။ သင်ဟာ ဘာ့ကြောင့် မှတ်ညဏ်ကို မှီငြမ်းကိုးကားပါသလဲ? တောင်းခံပါသလဲ? တိုင်တည်ပါသလဲ? အကြောင်းက သင် တစ်စုံတစ်ခုကို လွတ်သွားပါတယ်။ သင် တစ်စုံတစ်ခုကို မမိလိုက်ဘဲ လွဲချော်သွားတဲ့အခါ သင်ဟာ အယ်လ်ဘမ်မှတ်တမ်းကို ဖွင့်ပါတယ်။ ယခုပါဝါ ပစ္စုပ္ပန်စွမ်းအားဟာ အလွန်ကျယ်ပြန့်နက်ရှိုင်းပါတယ်။ ပြီးတော့ သင်ဟာ ဘယ်အရာကိုမှ လွတ်သွားလိမ့်မယ် လွဲချော်သွားလိမ့်မယ်မဟုတ်ဘဲ ပြည့်ဝလာပါတယ်။

ပစ္စုပ္ပန်မှာ အကျွန်ုပ်တို့ နေထိုင်တဲ့အခါ အကျွန်ုပ်တို့ရဲ့လုပ်နိုင်စွမ်းအားများက ပိုလို့ တိုးတက်ဖြစ်ထွန်းလာပါတယ်။ အများအားဖြင့် အတိတ်ကို သတိရဖို့ ထောက်ကူဖြစ်မြောက်စေနိုင်တဲ့ အတိတ်နဲ့ပတ်သက်တဲ့ မှတ်ညဏ် အကျွန်ုပ်တို့မှာ ရှိပါတယ်။ မျက်မှောက်ပစ္စက္ခမှာ ရှင်သန်နေထိုင်တဲ့အခါ အကျွန်ုပ်တို့ဟာ မှတ်ညဏ်အပေါ်မှာ အမှီပြုအားထားဖို့ မလိုအပ်တော့ပါ။

လူသားစိတ်ကို တိုးတက်ကြီးထွားအောင်ပြုလုပ်ခြင်းဆိုင်ရာ သဘာဝဖြစ်စဉ်များရဲ့ နောက်ဆုံးရည်ရွယ်ချက်ဟာ နားလည်သဘောပေါက်ခြင်းကို အကျွန်ုပ်တို့ကို ပေးဖို့ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့စိတ်ကို တိုးမြှင့်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဘ၀ရဲ့ ရည်ရွယ်ချက်သာလျင် ဖြစ်ပါတယ်။ ရှိရှိသမျှ သဗ္ဗရနံပေါင်းဟာ ချစ်ခြင်းမေတ္တာနှင့် ဒါမှမဟုတ် ချစ်ခြင်းမေတ္တာမရှိဘဲ - ဆင်းရဲဒုက္ခမရှိဘဲ ဒါမှမဟုတ် ဒုက္ခဆင်းရဲနှင့် ဖြစ်စဉ်များ ပြုပြင်စီမံမှုများ - လက်တွေ့သုတေသနများ စမ်းသပ်လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ သဘာဝရဲ့ ဒီလက်နက်တန်ဆာပလာ အားလုံးက လူသားကို များစွာ သိစိတ်ဖြစ်အောင် အသိနိုးကြာင်းအောင် ပြုလုပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအရ အဲဒီ သိစိတ်နှင့် သက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။ အရာရာတိုင်းဟာ လှုပ်ရှားရွေ့ လျား နေပါတယ်။ ပြောင်းလဲအစားထိုးနေပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့ဟာ ပြဇာတ်ကို ကြည့်ရှု့နေတဲ့ အသိ သက်သေများ ဖြစ်ပါတယ်။ အဲဒါကို နှောင့်ယှက်ခြင်း မရှိပါ။ ၀င်ရောက်စွက်ဖက်ခြင်း မရှိပါ။ ပျော်ရွှင်ယုံ သက်သက်မျှသာ ဖြစ်ပါတယ်။

ဓမ္မဟာ ကြီးကျယ်တဲ့ စကားတစ်လုံးပါ။ ထိုင်ခုံရဲ့ ရှေ့မျက်နှာစာသို့ သင့်ရဲ့ဓမ္မကို ခေါ်ယူ သယ်ဆောင်လာပါ။ အကြောင်းက သင်ရဲ့ကိုယ်ပိုင် လှုပ်ရှာမှုကို သင် စီမံညွှန်ကြားနိုင်ပါတယ်။

ဘ၀ဟာ အပြောင်းအလဲ အတက်အကျဖြင့် ရွေ့လျားလှုပ်ရှားနေပြီး သွားလာရွေ့လျေားနေတဲ့ အပြောင်းအလဲ အတက်အကျမှာ ဦးဆောင်လမ်းညွှန်မှုကို လိုအပ်ပါတယ်။ သိစိတ်ဟာ လမ်းညွှန်ပါပဲ။

Read more...

သီလလုံခြင်း၊ မလုံခြင်းရဲ့ အကျိုး၊ အပြစ်များ…

ပါဏာတိပါတ
ဆောင်ပုဒ်လင်္ကာ =
ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာ့သည်၊ ရှောင်က အပြန်အကျိုးတည်း။

ပါဏာတိပါတခေါ် သူ့အသက်ကို သတ်လေ့ရှိသူများသည်
၁။ မျက်စိ၊ နား၊ နှားခေါင်းစတဲ့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း
၂။ ဖြစ်ရာဘဝ၌ ရုပ်ဆင်းအင်္ဂါ မွဲပြာခြောက်ခမ်း၍ စိုစိုပြေပြေ မရှိဖြစ်တတ်ခြင်း
၃။ အားအင်ချွတ်ယွင်းကာ အားနည်းတတ်ခြင်း
၎။ လျင်မြန်ဖျတ်လတ်ခြင်း မရှိခြင်း
၅။ ကြောက်ရွံ့တတ်ခြင်း
၆။ သူများသတ်၍ သေရခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်စား၍ သေရခြင်း
၇။ အနာရောဂါများတတ်ခြင်း
၈။ အခြွေအရံမရှိ ပျက်စီးတတ်ခြင်း
၉။ အသက်တိုခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ပါဏာတိပါတမှ ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

အဒိန္နာဒါန

ဆောင်ပုဒ်လင်္ကာ =
အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ကအပြန်အကျိုးတည်း။

အဒိန္နာဒါနခေါ် သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်သူသည်
၁။ ဆင်းရဲမွဲတေခြင်း
၂။ ငတ်မွတ်ခေါင်းပါးခြင်း
၃။ အလိုရှိသည့်အရာကို မရနိုင်ခြင်း
၎။ အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာများ ပျက်စီးတတ်ခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

ကာမေသုမိစ္ဆာစာရ

ဆောင်ပုဒ်လင်္ကာ =
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

ကာမေသုမိစ္ဆာစာရခေါ် သူတပါးလင်သား သမီးသားနှင့် ဇနီးမယားကို မှောက်မှားဖျက်စီးသူသည်
၁။ မလိုမုန်းထား ရန်သူများခြင်း
၂။ ပစ္စည်းလာဘ်လာဘ ရှားပါးတိတ်ဆိတ်ခြင်း
၃။ ချမ်းသာမှုမရှိခြင်း
၎။ မိန်းမဖြစ်တတ်ခြင်း
၅။ မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ဖြစ်တတ်ခြင်း
၆။ ယောက်ျားဖြစ်လျင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း
၇။ မျက်နှာပျက်၍ အရှက်ကွဲခြင်း
၈။ စိုးရိမ်ကြောင့်ကြမှု အားကြီးခြင်း
၉။ ချစ်သူများနှင့် ကွေ့ကွင်းရခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

မုသာဝါဒ

ဆောင်ပုဒ်လင်္ကာ =
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။ မရောက်သြဇာ၊ နှုတ်လျာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း။

မုသာဝါဒခေါ် မုသားစကားပြောသူများသည်
၁။ စကားပီပီသသ မပြောတတ်ခြင်း
၂။ သွားများမညီမညာ ဖြစ်တတ်ခြင်း
၃။ အာခံတွင်းပုပ်ညှီနံစော်တတ်ခြင်း
၎။ ကိုယ်အရေအသား ခြောက်ကပ်ခြင်း
၅။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း
၆။ သူတပါးအပေါ် သြဇာအာဏာမတည်ခြင်း
၇။ အပြောအဆို နှုတ်လျှာကြမ်းတမ်းခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

သုရာမေရယ

ဆောင်ပုဒ်လင်္ကာ =
သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဆူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

သုရာမေရယခေါ် အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲသော သူသည်
၁။ အရေးအခွင့် သင့်မသင့်ကို မသိတတ်ခြင်း
၂။ ပျင်းရိတတ်ခြင်း
၃။ မေ့လျော့မူးရူးတတ်ခြင်း
၎။ သူ့ကျေးဇူးကို မသိတတ်ခြင်း
၅။ အရှက်အကြောက် ဟိရီ သြတ္တပ္ပတ္တတရား ကင်းခြင်း
၆။ အရက်သေစာ သောက်စားမိသူမှာ မပြုရဲသည့် အကုသိုလ်မရှိခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

ကျမ်းကိုး =
ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
READ MORE......

Read more...

ပိတောက်ရေ-၂

မနေ့က ညဝက်စောင်းစောင်းမှာ
ကောင်းကင်ဆိုတဲ့မြစ်က
ချောင်းပေါက် မြစ်ရောက်မဟုတ်တဲ့
မစို့မပို့ တခါးတစ်ချပ်ကို ဖွင့်ပြီး
သင်္ကြန်ကို ကြိုလိုက်တာ
ပိတောက်က မရှိဘူး။

ပြီးပြည့်စုံခြင်း ဆန္ဒများ
အနေအထား မှားနေရော့သလား
သင်္ကြန်မိုးက တခြား
ပိတောက်က တနေရာ
ကျိန်စာသင့်တာတော့ မဟုတ်ပါစေနဲ့။

အနာဂတ်ကို မယုံကြည်တဲ့ ပိတောက်
ချစ်ခြင်းတရားတွေ မပျောက်ပါစေနဲ့ကွယ်။

နေရာကွဲလို့ လွဲနေရတာပါ
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို
ကျေးဇူးပြု၍ ယုံကြည်ထားပါ
ငါတို့ ဆုံကြမယ်လေ............နော့။

ပိတောက်ရေ
ပွင့်ဖို့သာ အားတင်းထားပါ
မိုးကတော့ လာမယ်။

Read more...

ပီနန်းမြို့၊ ဓမ္မိကာရာမမြန်မာကျောင်း နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် မှတ်တမ်းဓာတ်ပုံများ























Read more...

ဆရာကောင်း


ရှင်အာနန္ဒာကြီးအကြောင်း ဆက်ပြောရရင်
သူဟာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်လို့ မြတ်စွာဘုရားနဲ့
အနီးကပ်ဆုံးနေရသူဖြစ်တယ်။
ဒါပေမဲ့ မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်
အရိယာနယ်ပယ်ထဲမှာ အောက်ဆုံးအဆင့်ဖြစ်တဲ့ သောတာပန်အဆင့်ပဲ သူရောက်တယ်။

တခြားသူငယ်ချင်းတွေလဲဖြစ် ညီကိုဝမ်းကွဲတွေလဲဖြစ်တဲ့
နန္ဒတို့၊ အနုရုဒ္ဓတို့နဲ့ယှဉ်လိုက်ရင် ရှင်အာနန္ဒာကြီးအနေနဲ့
စိတ်ဓာတ်ကျမယ်ဆို ကျချင်စရာ။
သူတို့တတွေအားလုံ ရဟန္တာဖြစ်ကုန်ကြပြီကိုး။

ဒါကို မြတ်စွာဘုရားလဲ သတိပြုမိခဲ့ပါတယ်။
ပရိနိဗ္ဗာန်စံခါနီးမှာတောင်
“အာနန္ဒာ၊ မင်းလဲ အရင်ဘ၀တွေတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ဘူးတာပဲ။ စိတ်ဓာတ်မကျပါနဲ့။ မကြာခင် ကိလေသာကုန်ခန်းတဲ့ ရဟန္တာဖြစ်မှာပါ”
လို့ ရှင်အာနန္ဒာ့ကို အားပေးစကား ပြောခဲ့ပါသေးတယ်။
ဒီလိုနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာခင် ပထမသင်္ဂါယနာတင်ခါနီးကာလမှာမှ
ရှင်အာနန္ဒာကြီးရဟန္တာဖြစ်သွားတယ်။

သူရဟန္တာဖြစ်ပုံက ထူးဆန်းတယ်။
တရားအားထုတ်ပြီး အိပ်မလို့ သူ့ခုတင်ပေါ် လဲလျောင်းမယ်လို့ လုပ်တဲ့အချိန်
ခြေထောက်က အောက်ကြမ်းပြင်လွတ်၊
ဦးခေါင်းက ခေါင်းအုံးပေါ်ကို မရောက်သေးတဲ့အခါကာလလေးမှာ
ရဟန္တာအဖြစ်သို့ ရောက်ရှိတယ်လို့ စာပေမှာ လာပါတယ်။

(Ananda was the only disciple who attained Arahantship
free from the postures of sitting, standing, walking or sleeping)
ပထမသင်္ဂါယနာလို သမိုင်းဝင်းလုပ်ငန်းကြီးတွေလုပ်ခဲ့ပြီး
အသက် ၁၂၀ အရွယ်မှာ ပရိနိဗ္ဗာန်စံပါတယ်။

ပထမသင်္ဂါယနာပွဲမှာ အရေးအကြီးဆုံးပုဂ္ဂိုလ် နောက်တစ်ဦးကတော့
ရှင်ဥပါလိဖြစ်ပါတယ်။
သူက ဘုရားရှင်တို့ ဇာတိ ကပိလ၀တ်ပြည် သား။
ဆတ္တာသည် မိသားစုက ပေါက်ဖွားလာသူ၊
ဆတ္တာသည် ဆိုတာ
ဆံပင်ညှပ်ပေးတဲ့သူ၊ ဆံပင်ညှပ်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူကို ပြောတာ။
ဒီလို ထူးဆန်းတဲ့ စကားလုံးတွေကို တွေ့ရင်
ဆရာကြီးဦးမြင့်ဆွေ ကို သတိရတယ်။
ဒီဆရာကြီးက အတော်စိတ်ရှည်တယ်။ ဘုန်းကြီးလူထွက်ကြီး။
ဓမ္မာစရိယ (၉) ကျမ်းအောင်ပြီးမှ လူထွက်တာ၊
နာမည်ကြီးခဲ့တဲ့ အနီးစခန်းဆရာတော်တို့လို ဆရာတော်တွေဆီမှာ ပညာဆည်းပူးပြီး
၁၀ တန်းတွေ ဘာတွေအောင်ပြီး ဘီအေဘွဲ့ရတယ်။

ဦးနုလက်ထက်က လန်ဒန်ကို အစိုးရပညာသင်စု (Scholarship) နဲ့
ပညာသင်ခွင့်ရပြီး မဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။

သာသနာ့တက္ကသိုလ် စာသင်သားဘ၀တုန်းက
ဒီဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်) က
ဘာသာဘေဒ (Philology) သင်ပေးတယ်။
သက္ကဋဘာသနဲ့ ပါဠိဘာသာနှီးနွယ်မှု၊ ဒီပါဠိပုဒ်က ဘယ်သက္ကဋပုဒ်က ဆင်းသက်လာတာ၊
ပြာကတမှာက ဘယ်လို စသဖြင့် သူသင်ပေးတယ်။

တွေ့ဘူးတဲ့ အပင်ပန်းခံသင်ပေးတဲ့ဆရာတွေထဲမှာ
ဆရာကြီးဦးမြင့်ဆွေ တစ်ဦးအပါအ၀င်ပါ။
ဂျွတ်ဂျွတ်ကြိုးနဲ့ မိုက်ကိုချည်၊ အကွင်းလေးလုပ်၊
လည်ပင်းမှာတတ်ပြီး ဘောမှာ ရေးလိုက်၊ ပြောလိုက်၊ ဖျက်လိုက်နဲ့၊
သူ့ကြည့်ရတာကိုက အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဆရာကြီးက ဖက်ကြမ်းဆေးလိပ်လဲ သောက်လေ့ရှိတယ်။
ဖက်ကြမ်းဆေးလိပ်သောက်တဲ့အခါ တစ်ခါးတည်း ဘယ်တော့မှ အကုန်မသောက်ပြစ်ဘူး။
သူ့မှာ ၀ါးကျည်တောက်ဗူးလေးပါတယ်။ နှစ်ခါလောက် ရှိုက်ဖွာ ဖွာပြီး
ပါလာတဲ့ ၀ါးကျည်တောက်ဗူးထဲ ပြန်ထည့်ထည့်ထားတယ်။
ဆာတဲ့အခါ မီးညှိ၊ နှစ်ခါလောက် ဖွာ၊ ပြန်ထည့်။
နောက်ဆုံး ဆေးလိပ် တိုစိသွားတဲ့အထိ သောက်တာ။
ဆေးလိပ် ဖင်ဆီခံရောက်တဲ့အထိ သောက်တာ။
ဆေးလိပ်မီးခိုးမထွက်တော့မှ နွှံ့ (စွန့်) ပစ်လေ့ရှိတယ်။

အတော်တော့ စီစစ်တယ်ပြောရမလားပဲ။
ဖိနပ်ဆိုလဲ အပေါစား ဖော့ဖိနပ်နဲ့။ သူစီးတဲ့ဖော့ဖိနပ် ဖနောင့်နေရာ
ဗထက်ချိုက် ဖြစ်တဲ့အထိ စီးတုန်း။

အလားအလာကောင်းလောက်မဲ့ သာသနာအတွက် အားကိုးရလောက်မယ်ထင်တဲ့
ဦးဇင်းလေးတွေဆို သူက အလွန်ချစ်တာ။ အလေအလွင့် ဖြစ်မသွားစေချင်ဘူး။
ခရီးတစ်ခုသွားတုန်းက သူနဲ့ ရထားပေါ်အတူ တစ်တွဲထဲ ကျဘူးတယ်။ ဆုံဘူးတယ်။
သူက သူ့ဇနီးနဲ့အတူထိုင်လိုက်လာတာ။
လမ်းခရီးက တက်စီးလာတဲ့ ကိုယ့်လဲ မြင်ရော သူ့ဇနီးဘေးက ထလာပြီး
ကိုယ့်ဘေးလာထိုင်ကာ စကားတွေ ပြောလာလိုက်တာ မန္တလေး အထိပဲ။
သူ့ဇနီးနား သွားမထိုင်တော့ဘူး။ ဒီလောက်အထိ ဆရာကြီးက ဦးဇင်းတွေကို ခင်တာ။

ဆရာကြီးပြောတဲ့စကားတွေက အင်မတန် မှတ်သားစရာကောင်းတယ်။
အလုပ်တစ်ခုလုပ်တဲ့အခါမှာ
ဟုန်းခနဲ ထတောက်ပြီး သေသွားတဲ့ ကောက်ရိုးမီးလို မလုပ်သင့်ကြောင်း၊
အခု မန္တလေးသာသနာ့တက္ကသိုလ်ထွက် ဦးဇင်းတစ်ပါး
တရားဟော နာမည်ကြီးနေကြောင်း၊ ကောက်ရိုးမီးသာဖြစ်ကြောင်း၊
မကြာခင် ငြိမ်းသွားမှာ ဖြစ်ကြောင်း
(မငြိမ်းခင် သုံးနှစ်လောက် တင်ကြိုပြီး) ပြောပြဘူးပါတယ်။

ဆရာကြီး ဆက်ပြောတာက
အလုပ်လုပ်ရင် မီးတောင်တွေလို ပြုကျင့်သင့်ကြောင်း
မီးတောင်တွေ ပေါက်ကွဲတာဟာ ကောက်ရိုးမီးလို ချက်ချင်း ၀ုန်းကနဲ ပေါက်ကွဲတာ မဟုတ်ကြောင်း၊ နေ့စဉ်နှင့်အမျှ မြေကြီးထဲမှာ ပေါက်ကွဲဘို့ လှုပ်ရှားနေရကြောင်း၊
ပေါက်ကွဲဘို့အတွက် နှစ်ပေါင်းများစွာ လိုကြောင်း
ပေါက်ကွဲလိုက်ပြီဆိုရင်လဲ အထွဋ်အထိပ်သို့ရောက်ကြောင်း ပြောပြပါတယ်။
ဆရာကြီးပြောတဲ့ “ပေါက်ကွဲ” ဆိုတာ အောင်မြင်မှုကို ပြောတာလို့
ပြောစဉ်ကတည်းက နားလည်ခံစားမိပါတယ်။

ဆရာကြီးက ဘာသာ၊ သာသနာနဲ့ မျိုးချစ်စိတ် အလွန်ရှိတယ်။
တောင်တန်းဒေသတွေမှာ သာသနာရောက်ဖို့ သာသနာပြုရဟန်းတော်များ လိုကြောင်း
တွေ့တိုင်းပြောတယ်။ ဒီအတွက် တောင်တန်းသာသနာပြုတက္ကသိုလ် ရှိသင့်ပြီး
လုပ်နိုင်တဲ့အင်အားရှိက လုပ်ဖို့ တည်ထောင်နိုင်တဲ့အင်အားရှိက
တည်ထောင်ဖို့ ပြောလေ့ရှိတယ်။

နောက်ပြီး ဘွဲ့ရပြီးသား ဦးဇင်းငယ်တွေ သူတစ်လူ ငါတစ်မင်းမနေပဲ
အတူတကွ စုစည်းနေထိုင်ပြီး
ပါဠိသုတေသနဌာန (Pali Research Centre) ကို တည်ထောင်ဘို့လဲ တိုက်တွန်းတယ်။
ဦးဇင်းငယ်တွေ တစ်စုတစ်ဝေးတည်းနေပြီး
(အဋ္ဌကထာသူစိ) အဋ္ဌကထာပေါင်းချုပ်ကို ရေးပေးပါရန်လဲ တောင်းဆိုဘူးတယ်။
အဋ္ဌကထာပေါင်းချုပ် ရေးထုတ်လိုက်ရင်
စာသင်သား ဦးဇင်းငယ်တွေ အချိန်တိုအတွင်း ပါဠိအဋ္ဌကထာစာပေတွေကို
လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ပါဠိပညာသင်ခရီး အချိန်တိုတိုနဲ့ ပေါက်နိုင်ကြောင်းကိုလဲ
ထပ်လောင်းပြောကြားလိုက်ပါသေးတယ်။

ဆရာကြီးဟာ သူကတော့ ဘာမှ မလုပ်ဘဲ
သူများကိုချည်း တိုက်တွန်းနေတဲ့ လူစားမျိုးမဟုတ်ပါဘူး။
သူကိုယ်တိုင်လဲ
ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဆိုပြီး
မြို့ကြီး နှစ်မြို့မှာ တက္ကသိုလ်နှစ်ခုဖွင့်လစ်ပြီး သင်ကြားပို့ချနေပါတယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့တက္ကသိုလ်တွေထဲမှာ
ဆရာကြီးတက္ကသိုလ်က သင်တန်းသားအများဆုံးတက္ကသိုလ်ဖြစ်ကြောင်း
သူငယ်ချင်းတွေ ပြောပြလို့ သိရပါတယ်။

ဆရာကြီးဟာ စာသင်သားသံဃာတွေအပေါ်မှာ
ပညာရေးနဲ့ပတ်သက်ပြီး အလွန်စေတနာ ထားရှာတယ်။
သာသနာ့တက္ကသိုလ်မှာ ဦးဇင်းပေါက်စ စာသင်သားဘ၀ကတည်းက
ဆရာကြီးရဲ့ကျေးဇူးကြောင့်
လန်ဒန်က ထုတ်တဲ့ ပါဠိအဘိဓာန်လို ရှားပါး စာအုပ်မျိုးကြီးတွေကို
ကိုင်ဘူး လေ့လာဘူးနေပြီ။ ဆရာကြီးက သူငယ်ငယ်တုန်းက စုဆောင်းထားတဲ့စာအုပ်တွေကို
လိုချင်တဲ့သူရှိက ငှားရမ်းပြီး မိတ္တူကူးစေပါတယ်။
သူကိုယ်တိုင်ကလဲ စာသင်သားဦးဇင်းငယ်တွေကို
တကယ်လိုအပ်တဲ့ အရေးကြီးတဲ့ စာအုပ်တွေကို ညွှန်ပြပြောဆိုပြီး မိတ္တူကူးခိုင်းပါတယ်။
သူ့မှာရှိတဲ့စာအုပ်ဆို အလွယ်တကူ မိတ္တူကူးပေးပါတယ်။

ဆရာကြီးက သူ့မှာ ရှိတဲ့စာအုပ်တွေကို မိတ္တူကူးချင်တဲ့သူလာရင် လွယ်ကူဘို့
စာအုပ်ချုပ်ရိုးများဖြေ (ဖြည်) ထားကြောင်းလဲ ထပ်လောင်းပြောလိုက်ပါသေးတယ်။

တစ်နေ့ စာသင်ခန်းထဲမှာ မြန်မာစကားနဲ့ပတ်သက်လို့ သူပြောပြတာက
မြန်မာစကားလုံးစစ်စစ်တွေရဲ့ တစ်လုံးစီ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါကြောင်း၊
တစ်လုံးစီ တစ်လုံးစီမှာ အဓိပ္ပါယ်ဖော်မရတဲ့ မြန်မာစကားလုံးများဟာ
မြန်မာစကား စစ်စစ်မဟုတ်ကြောင်း၊
ပါဠိဘာသာ သို့မဟုတ် အခြားဘာသာစကားတစ်ခုခုက
ဆင်းသက်လာတာဖြစ်ကြောင်း ပြောပြပြီး
ဥပမာအနေနဲ့ (သူသေတို့ မြှုပ်နှံရာ) သင်္ချိုင်း ဆိုတဲ့စကားလုံးကို ထုတ်ပြပါတယ်။
သင်း ဆိုတဲ့အလုံးမှာ အဓိပ္ပါယ်ဖော်မရသလို ချိုင်း ဆိုတဲ့အလုံးမှာလဲ
အဓိပ္ပါယ်ဖော်မရကြောင်း၊ ဒီလို အလုံးတိုင်း အလုံးတိုင်း အဓိပ္ပါယ်ဖော်မရတဲ့ မြန်မာစကားများဟာ မြန်မာစကားစစ်စစ်မဟုတ်ကြောင်း စာသင်ခန်းထဲမှာ
သူ ပြောဘူးတာ မှတ်သားဘူးပါတယ်။

အခု ဥပါလိရဲ့ လုပ်ငန်းကလဲ ဆတ္တာသည် တဲ့။
ဆရာကြီး ဦးမြင့်ဆွေ ပြောသလိုဆို ဆတ္တာသည်ဆိုတာ
မြန်မာစကားတော့ ဟုတ်ပုံမပေါ်ဘူး။

ဆတ္တာသည် မိသားစုက ပေါက်ဖွားလာတဲ့ ဥပါလိ
အရွယ်ရောက်လာတော့ ဆတ္တာသည် ပဲ လုပ်ရပါတယ်။
သူ့အလုပ်က နန်းတွင်းထဲမှာ။ မင်းညီ မင်းသားတွေကို ဆံညှပ်ပေးရတာ။
သူ ဆံညှပ်ပေးရတာက မြတ်စွာဘုရားရှင်နဲ့ညီကိုဝမ်းကွဲတော်တဲ့ အနုရုဒ္ဓ တို့တတွေ။
မြတ်စွာဘုရား ဇာတိမြေ ကပိလ၀တ်ပြန်ကြွတော့
ခမည်းတော်ရှင်ဘုရင် သုဒ္ဓေါဒန မင်းကြီးက သူ့သားဘုရား
အခြံအရံ နည်းမှာစိုးလို့ဆိုပြီး
ယောက်ကျားသားမှန်သမျှ ဘုန်းကြီးဝတ်ခိုင်းတယ်။
ဥပါလိ ဆံညှပ်ပေးနေရတဲ့ အနုရုဒ္ဓတို့ မင်းညီမင်းသားတွေလဲ ရဟန်းဝတ်ရတော့တာပေါ့။

တိုတိုပြောကြပါစို့။
သူ့အလုပ်ရှင်ဖြစ်တဲ့ မင်းညီမင်းသားတွေ ဘုန်းကြီးဝတ်တော့
ဥပါလိလဲ ဘုန်းကြီးဝတ်ချင်စိတ် ပေါက်သွားတယ်။
ဥပါလိလဲ မင်းညီမင်းသားတွေနဲ့အတူ ခေါင်းတခါထဲ တုံးတယ်။
မြတ်စွာဘုရားက ရဟန်းဘောင် တက်ပေးလိုက်တယ်။

ဒီနေရာမှာ တစ်ခုသတိပြုမိတာက
မြတ်စွာဘုရားက ရဟန်းဘောင်တက်ပေးတဲ့နေရာမှာ
အလုပ်သမားဖြစ်တဲ့ ဥပါလိကို အရင် ရဟန်းဘောင်တက်ပေးတယ်။
အလုပ်ရှင်များဖြစ်ကြတဲ့ မင်းညီမင်းသားတွေကို နောက်မှ ရဟန်းဘောင် တက်ပေးတယ်။

သာသနာတော်မှာက တစ်စက္ကန့်လေးနောက်ကျပြီးမှ
ရဟန်းဘောင်ရောက်လာတဲ့ ပုဂ္ဂိုလ်က တစ်စက္ကန့်လေးစောပြီး ရဟန်းဘောင်ရောက်လာတဲ့ပုဂ္ဂိုလ်ကို
အရိုအသေပေးရမယ်၊ ရှိခိုးရမယ်၊ ဦးချရမယ်ဆိုတဲ့ ဥပဒေသရှိတယ်။

အခု အလုပ်သမားဥပါလိက အရင်ရဟန်းဖြစ်၊ မြတ်စွာဘုရားရဲ့ ညီကိုဝမ်းကွဲဖြစ်တဲ့
မင်းညီမင်းသားတွေက နောက်မှ ရဟန်းဖြစ်တော့
မင်းညီမင်းသားရဟန်းတွေက ဆတ္တာသည်တဖြစ်လဲ ရှင်ဥပါလိကို ရှိခိုးရတော့မယ်။
မြတ်စွာဘုရားကလဲ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တာဖြစ်တယ်။
မင်းညီမင်းသားတွေရဲ့ မာန ကျသွားအောင်လို့တဲ့။
ဒီမာနခံနေရင် ဘယ်လိုမှ တရားထူးရမှာ မဟုတ်ဘူး။ ရဟန္တာမဖြစ်နိုင်ဘူး မို့လား။
ဒါ့ကြောင့် မြတ်စွာဘုရားက မင်းညီမင်းသား ရဟန်းတွေကို
စစချင်း ဆောက်နဲ့ ထွင်းပစ်လိုက်တာ။

ရှင်ဥပါလိ ရဟန်းဖြစ်ပြီး မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းတရားတောင်းတယ်။
တောထဲသွား တရားအားထုတ်ဖို့ မြတ်စွာဘုရားကို လျှောက်တယ်။
မြတ်စွာဘုရားက ဒါကို သဘောမတူပါဘူး။
တောထဲသွားတရားအားထုတ်ရင် ကမ္မဋ္ဌာန်းတရားသာ သိမှာဖြစ်ပြီး
အခြားအခြားသော တရားတော်တွေကို သိမှာ မဟုတ်တော့ဘူး။
ကမ္မဋ္ဌာန်းတရားသာမက အခြားသော သိသင့်သိထိုက်သောတရားတွေကိုပါ
သိရအောင် မြတ်စွာဘုရားက သူ့အနားမှာပဲနေစေပြီး တရားအားထုတ်ခိုင်းတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်ပဲ ၀ိနည်းတရားကို ရှင်ဥပါလိကို သင်ပေးတယ်။
နောက်ဆုံးတော့ ရှင်ဥပါလိမထေရ်ကြီးဟာ
ဝိနည်းစာပေမှာ ၀ိနည်းအရာမှာ ၀ိနည်းတရားမှာ အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း မြတ်စွာဘုရားပြောခဲ့တယ်။
သူလဲ အချိန်တန်တော့ ရဟန္တာဖြစ်သွားပါတယ်။

ပထမသင်္ဂါယနာတင်တဲ့အချိန်မှာ
ဒီရှင်ဥပါလိမထေရ်က ၀ိနည်းပိဋကကို ဖြေရပြီး
သုတ္တပိဋကနဲ့ အဘိဓမ္မပိဋကတို့ကို ရှင်အာနန္ဒာဖြေရပါတယ်။
အမေးဆရာတော်ကတော့ ရှင်မဟာကဿပကြီးတစ်ပါးတည်းပါ။
အမေးဆရာတော်လုပ်တဲ့
ရှင်မဟာကဿပကြီးအကြောင်းကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။
Read more...

Read more...

Buddhist Bells

Bells (gandi) and gongs (kamsa) are metal objects struck to make a noise. Whereas a bell is usually hollow a gong is flat. Speaking of patience and non-retaliation, the Buddha asked us to be like a cracked gong (kamsa upahato) that does not react when struck (Dhp.134). In the centuries after the Buddha monasteries in India and elsewhere throughout the Buddhist world always had bells or drums (bheri) to announce the various times for the monks’ activities. The Pali commentaries mention that certain monasteries in Sri Lanka had mechanical devices (yamayanta) that would ring the bell at designated times. A work called the Ghantastotra (2nd–3rd century CE) and attributed to Asvaghosa, is a hymn to the monastery bell ‘which calls the monks to meditation as a mother calls her children.’ Chinese, Korean and Japanese temples often have wooden bells which are struck to the keep time during chanting. These bells have two fish-like or dragon-like creatures carved in them and are called ‘wooden fish’ (Chinese muyu). The largest functioning bell in the world is the Mingun Bell cast in Burma in 1808 and which weighs 90 tons.

Another huge ‘Buddhist’ bell hangs in the Da Tzong Temple in Peking. Called the Great Yongle Bell it was caste in the early 1400s and weighs 46 tones. It also has the whole of a sutra (I think it’s the Saddharmpundarika Sutra) in raised characters, 230,000 altogether, on it’s outer surface. When I was in Peking in 1984 I bicycled around the city (you could in those days, there weren’t many cars) trying to find the temple. I had asked someone in my hotel to write the name of the temple on a piece of paper in Chinese so I could show it to people if I had trouble locating it. As happens I did have trouble finding the temple but I had even more trouble finding anyone who would give me directions. Everyone I approached to ask for help would either look the other way or wave their hand in my face, the usual Chinese way of saying ‘No!’ or ‘Go away!’ They wouldn’t even look at my piece of paper - so frightened were Chinese in those days of having any contact with what their government called ‘foreign friends’. After half a day of peddling around the city and being rebuffed or ignored I gave up and headed back to my hotel. Ten minutes later I found myself in front of the temple. But my delight was short-lived. Walking to the main entrance I saw a watchman sitting there - and I knew, I just knew. Anyone in China in a decision-making position was officious and obstructive and because the last flickering of Communist idealism still lingered even bribery wouldn’t move them. Friends tell me nowadays its the only thing that will move them. Good-old capatilism! I approached the watchman suitably obsequious and smiling and he gave me a sour look, barked ‘Jaow!’ and went back to reading his paper. Looking beyond him could see the great bell in the hall across the courtyard. I’d been so looking forward to seeing this interesting object and invested half a day in trying to find it, I decided on another strategy. I took some money out of my pocket and started going through the notes while giving the watchman a few sideways glances. No response. All during this time odd locals wandered in and out of the temple. So I never got to see the Great Yongle Bell. But here’s a picture of it.

0 comments

Read more...

*ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား*

ဓမ္မပီယ—- နံပါတ် (၃) မူလပျက် သုညတတရား ဖြစ်တဲ့ *ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား* ကိုလည်း ရှင်းပြဟောကြားတော်မူပါဘုရား။

ဦးဝိဇယ—- (၃၁) ဘုံမှာ ရှိနေ ဖြစ်နေသမျှ အလုံးစုံသော တရားတွေဟာ အဝိဇ္ဇာမာန ပညတ် နှင့်ဝိဇ္ဇာမာန ပညတ် နှစ်မျိုး နှုတ်လိုက်ရင် (သို့မဟုတ်) မူလပျက် သုညကို နားလည်သဘောပေါက်သွားရင် စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘောမျှသာကျန်ပါတော့တယ်ဘုရား။ ထို စက္ကန့်မခြား ဖြစ်ပျက်နေတာကို အနိစ္စ၊ဒုက္ခ၊အနတ္တ ရှုလျှင်တော့ (ဝိဉာဏ်သိဝိပဿနာ) ဟုခေါ်ပါတယ်ဘုရား။

စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘောကို အနိစ္စ ၊ဒုက္ခ၊ အနတ္တ ရှုခြင်းဟာ ဘာကြောင့် ဝိဉာဏ်သိ ဖြစ်ရသလဲဆိုရင် ဖြစ်နိုင် ပျက်နိုင်တဲ့ အနှစ်သာရရှိနေတယ် ဟုထင်နေသောကြောင့် သန္တတိ ဖြစ်စဉ်၊ပျက်စဉ် ကို ထိုးထွင်း မသိသောကြောင့်ပင်ဖြစ်ပါတယ် ဘုရား။

ထိုဖြစ်စဉ် ပျက်စဉ် သန္တတိအစဉ်ကို မူလပျက် သုညတမြင်အောင် ရှုရ မှာဖြစ်ပါတယ်ဘုရား။ထထထို သန္တတိ အစဉ်ကို မူလပျက် သုညတ မြင်ရန်မှာ အောကာင်းအကျိုးကိုနားလည် ဘို့ လိုပါတယ်ဘုရား။

ပဋိသမ္ဘိဒါမဂ် ပါဠိတော် မှာ အဝိဇ္ဇာ ပစ္စယာ ရူပသမုဒယော စသည် ဖြင့် ရုပ်အကြောင်းကို အဝိဇ္ဇာ ၊ တဏှာ၊ ကံ အာဟာရ ဟု လာပါတယ် ဘုရား။ နာမ် ရဲ့အကြောင်းကိုလည်း အဝိဇ္ဇာ ၊ တဏှာ ၊ ကံ ၊ ဖဿဟု လာပါတယ် ဘုရား။ သဘာဝ အသိဉာဏ် နဲ့ ကြည့်လိုက်ပြန်ရင်လည်း အတိတ် တုန်းက အဝိဇ္ဇာ ချုပ်ငြိမ်းအောင် အားထုတ်နိုင် ခဲ့လျှင် လက်ရှိ ရုပ်နာမ် ဖြစ်မလာ နိုင်ပါဘူး။ တဏှာ ချုပ်အောင် အားထုတ်နိုင်ခဲ့လျှင်လည်း လက်ရှိ ရုပ်နာမ် ဖြစ်မလာနိုင်ပါဘူး။

လက်ရှိဘဝမှာ အစာအာဟာရ မစားရလျှင်လည်း ရုပ် နာမ် မဖြစ်နိုင်ပါဘူး။ မျက်စိ နှင့်အဆင်း စသည့် ထိတွေ့ မှု ဖဿ မဖြစ်ရင် လည်းလက်ရှိ ရုပ်နာမ် မဖြစ်နိုင်ပါဘူး။ လက်ရှိရထားတဲ့ စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘော၊ခန္ဓာ ကြီး ဟာ၊ အဝိဇ္ဇာ ၊တဏှာ၊ ကံ၊ အာဟာရ ၊ဖဿ ဆိုတဲ့အကြောင်း မရှိရင် လုံးဝ မဖြစ်လာနိုင် ပါဘူး။

အကြောင်းရှိလို့သာ အကျိုး ခန္ဓာ ရှိရတာပါဘုရား။ အကြောင်း နုတ်လိုက်ရင် စက္ကန့်မခြား ဖြစ်ပျက်နိုင်တဲ့ စွမ်းအားလုံးဝ မရှိပါဘူး။ အတိတ် တုန်းကလည်းမရှိခဲ့ဘူး။ ပစ္စုပ္ပန်မှာလည်း မရှိနိုင်ခဲ့ဘူး။ အနာဂတ်မှာလည် ရှိမလာနိုင်ဘူး။

ကာလ (၃)ပါးလုံးမှာ ကိုယ်ပိုင် ဖြစ်ပျက်နိုင်တဲ့ စွမ်းအား၊ သတ္တိ လုံးဝမရှိသောကြောင့် ၊ မူလပျက် သုညတ သာလျှင် ဖြစ်ပါတယ်ဘုရား။

ဓမ္မပီယ—- အရှင်ဘုရား ပြောပြလို့ ဖြစ်ပျက်သဘောရဲ့ မူလပျက်သုညတ ကို တပည့်တော် နားလည် သလိုပြောရလျှင် ဥပမာ— မီးနှင့် မီးရောင် ဟာ မီးသည်အကြောင်း ၊မီးရောင်သည်အကျိုး၊ အကျိုးဖြစ်တဲ့မီးရောင်ဟာ အကြောင်းဖြစ်တဲ့ မီးမရှိဘဲ ကိုယ့်စွမ်းအား နှင့် တစ်စက္ကန့်လောက်မျှ မလင်းနိုင်ပါဘူး။

မီး မှာ ကိုယ်ပိုင်စွမ်းအား မရှိဘဲ မူလပျက် သုညတ တရားဖြစ်သလို …အဝိဇ္ဇာ ၊တဏှာ၊ ကံ ၊အာဟာရ၊ဖဿ ဟူသောအကြောင်းတရား၊ရုပ် နာမ် နှစ်ပါးဟူသော အကျိုးတရား၊အကျိုးဖြစ်သော စက္ကန့်မခြား၊ဖြစ်ပျက်သဘော ရုပ်နာမ် သည်၊အကြောင်းဖြစ်သော အဝိဇ္ဇာ ၊တဏှာ ၊ကံ ၊အာဟာရ ၊ဖဿ တရားများမပါလျှင် ၊ကိုယ်ပိုင်စွမ်းအားဖြင့် ဖြစ်ပျက်သဘောမျှ မဖြစ်နိုင်သောကြောင့် မူလပျက် သုညတ တရားဖြစ်ကြောင်းကို နားလည်ပါ တယ်ဘုရား။

  • အတိတ် တုံးကလည်း ကိုယ်ပိုင်စွမ်းအားမရှိ၊
  • ပစ္စုပ္ပန်မှာလည်း ကိုယ်ပိုင်စွမ်းအားမရှိ၊
  • အနာဂတ်မှာလည်း ကိုယ်ပိုင်စွမ်းအားမရှိ သောကြောင့်

ဖြစ်ပြီးပျက်သော အပျက် မဟုတ်ပဲ။ ကာလ သုံးပါး မှလွတ်သော မူလပျက် တရားသာ လျှင် ဖြစ်ပါတယ်ဘုရား။

admin @ April 13, 2011

Read more...

"Be A Good Buddhist"


“A man said: You must go. You are taking advantage of the die in order to Baptism.


For me there is no different “A Christian must be a good Christian, a Muslim must be a good Muslim and the Hindu must be a good Hindu” said Madre Teresa./ Mother Teresa”
မာသာထရီဆာ လို့ပြောလိုက်ရင် အိန္ဒိယပြည်က Missionaries of charity မရှိဆင်းရဲဆင်းသားတွေ၊ ရောဂါဝေဒနာခံစားနေရသူတွေ၊ ကုဌနူနာသည်တွေကို အမျိုးဇာတ်စသည်မခွဲခြားဘဲ၊ ဘာသာမခွဲခြားဘဲ၊ အသားအရောင်မခွဲခြားဘဲ၊ အရွယ်မခွဲခြားဘဲ ကြီးမားတဲ့မေတ္တာနဲ့ တစ်ပြေးညီ ကူညီထောက်ပံ့မှု့ ပြုစုပေးခဲ့တဲ (Catholic ကက်သလစ်) ခရစ်ယာန်ဘာသာဝင် သီလရှင်တစ်ပါးဖြစ်တယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ။
တစ်နေ့က စာရေးသူဆီ သူငယ်ချင်းတစ်ယောက်လာတော့ သူ့ဆီကနေပြီးတော့ Madre Teresa/ Mother Teresa ဆိုတဲ့ သူ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ Video တစ်ခုတွေ့တာနဲ့ စိတ်ဝင်စားသွားပြီးတော့ ကြည့်ဖို့ ကူးယူထားမိပါတယ်။ ဒီနေ့ (11/4/110) ကြည့်ဖြစ်တယ်။ ကြည့်တော့ ဘာသွားနားထောင်မိလိုက်လဲဆိုတော့ အထက်ပါ သူပြောတဲ့စကားလေးတစ်ခုက စာရေးသူရဲ့ နားထဲမှာ တစ်ခါတည်းစွဲသွားတယ်။ ဇာတ်လမ်းတစ်ပိုင်းတောင်မပြီးသေးပါဘူး အဲဒီစကားလေး သူပြောလိုက်တာကြားတာနဲ့ Pause ခဏရပ်တန့်ပြီး စာရေးသူ စဉ်းစားမိသွားတယ်။ သူပြောလိုက်ရတဲ့အကြောင်းအရင်းက ဒီလိုပါ။ သူက အိန္ဒိယပြည်ထဲမှာ လမ်းတစ်လျောက်မှာ ဖျားနာခြင်းဝေဒနာ ပြင်းစွာခံစားနေရတဲ့ သူတစ်ယောက်ကို ကားပေါ်ကနေသူလှမ်းမြင်လိုက်တော့ ကရုဏာမျက်လုံးနဲ့ လှမ်းကြည့်လိုက်မိတယ်။ ချက်ချင်းတော့ ဆင်းမကုသပါဘူး ဆေးအိတ်မပါလို့ဖြစ်မယ်။
နောက်ပြီး သူနေတဲ့နေရာရောက်တော့ သူ့ရဲ့တပည့်မတစ်ယောက်ကို ဆေးအိတ်ယူပြီး သူနဲ့ချက်ချင်းလိုက်ခဲ့ဖို့၊ နောက်တစ်ယောက်ကိုလည်း လူနာတင်ကား ambulance ကို လွှတ်ပေးဖို့ ဆေးရုံကို လှမ်းဖုန်းဆက်ခိုင်းပြီးတော့ အစောကမြင်တွေ့ခဲ့တဲ့နေရာကို သွားပါတယ်။ ဟိုရောက်တော့ လူနာလဲလျောင်းနေတဲ့ ဖျာလေးနဲ့ ပုဆိုးလေးတစ်ခုပဲတွေ့တော့ သူလိုက်ရှာတယ် ဘယ်များထသွားလဲပေါ့။ အဲဒီချိန်မှာ ကလေးတစ်ယောက်က သူသေသွားပြီလို သူ့ကို ပြောပြလိုက်တော့ သူသိပ်ဝမ်းနည်းသွားတယ်။ အဲဒီလူနာလဲလျောင်းခဲ့တဲ့နေရာလေးကို ဦးချပြီး ပြန်သွားတယ်ဆိုပါတော့။ နောက်တစ်နေကျတော့ သူဟာ ဟိန္ဒူဘုရားကျောင်းကို သွားပြီးတော့ အဲဒီက အကြီးအမှုးကို ဆေးရုံက လက်မခံတဲ့၊ ဆေးဖိုးဝါးခ မရှိတဲ့ လူနာတွေ လမ်းပေါ်မှာ ဆင်းရဲခြင်းမခံစားရအောင် နားခိုရာလေးရအောင် ဒီဟိန္ဒူဘုရားကျောင်းမှာထားပြီး ကုသပေးဖို့အတွက် အဲဒီနေရာကို လာဝယ်ပါတယ်။ ပိုင်ရှင်ကလည်း သူ့သမီး ယူရိုမှာ ကျောင်းတက်ဖို့အတွက် ငွေအဆင်ပြေဖို့နဲ့ မာသာထရီဆာရဲ့ လုပ်ငန်းအဆင်ပြေဖို့ရောဆိုပြီး ရောင်းလိုက်ပါတယ်။ ပိုင်ရှင်က ရောင်းပေမယ့်လို့ ဘာသာအယူဝါဒပြင်းထန်တဲ့ ဟိန္ဒူဘာသာဝင်တွေက လက်မခံဘူး။ ဓားထုတ်ပြီးတော့ မာသာထရီဇာကို သူတို့ရဲ့ sacred Place မြင့်မြတ်တဲ့နေရာကို နောက်မလာဖိုအမိန့်ပေးတယ်။
နောက်တစ်နေ့ အဲဒီ ဟိန္ဒူကျောင်းကို ခဲတွေနဲ့ပစ်ပေါက်ပြီး ထွက်သွားဖို လူတစ်စုက ဆန္ဒပြတိုက်ခိုက်နေကြပါတယ်။ နောက်ဆုံးတော့ သူဟာ လူနာတွေကို အဲဒီဟိန္ဒူဘုရားကျောင်းတစ်နေရာမှာ ဆေးဝါးကုသပြုစုနေစဉ်မှာပဲ အယူဝါဒပြင်းထန်တဲ့ သူ့ကိုအရင်က ဓားထုတ်ကာခြိမ်းခြောက်တဲ့ ဟိန္ဒူတစ်ယောက်က ပြေးဝင်လာပြီး “မင်းထွက်သွားရမယ်။ မင်းဟာ ဒီလူနာတွေကို မင်းရဲ့ ခရစ်ယာန်ဘာသာဝင်များတိုးပွားဖို့ဆိုတဲ့ အကျိုးအမြတ်အတွက် လုပ်ယူနေတာ ကုသပေးနေတာ။”လိုအော်ဟစ်ပြီး အမိန်ပေးပါတယ်။ မာသာထရီဆာဟာ ခရစ်စယာန်ဘာသာဝင်တစ်ယောက်ဖြစ်လေတော့ သူတို့ဟိန္ဒူဘာသာဝင်တွေကို ဒီလိုကုသပေးသလိုလိုလုပ်ပြီးတော့ ခရစ်ယာန်ဘာသာဝင်ထဲကို ဆွဲဆောင်နေတယ် သိမ်သွင်းနေတယ်လို့ သူတိုကတွေးမြင်ထင်ယောင်မိနေတာပါ။ စိုးရိမ်နေတာပါ။
အဲဒီလိုပြောတော့ မာသာထရီဆာက “င့ါအတွက် ဘာမှခြားနားချက်မရှိဘူး။ ခရစ်ယာန်တစ်ယောက်ဟာလည်း ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ရမယ်။ မွတ်စလင်တစ်ယောက်ဟာလည်း မွတ်စလင်ကောင်း တစ်ယောက်ဖြစ်ရမယ်။ အဲဒီလိုပဲ ဟိန္ဒူတစ်ယောက်ဟာလည်း ဟိန္ဒူကောင်းတစ်ယောက်ဖြစ်ရမယ်။”လို့ သူပြန်ပြောလိုက်ပါတယ်။ ဒီလိုပြောလိုက်တော့ ဟိုလူ တွေဝေပြီးတော့ အခန်းထဲကထွက်သွားပါတယ်။ မာသာထရီဇာ ၀တ်ဆင်ထားတဲ့ အပြာ အဖြူရောစပ်ထားတဲ့ အ၀တ်က သူအဓိပ္ပါယ်နဲ့ သူရှိပါတယ်။ သူပြောတာက အပြာရောင်ဟာ Virgin Mary အပျိုစင်မေရီကို ကိုယ်စားပြုတယ်တဲ့၊ နောက်ပြီး အဖြူရောင်က သန့်စင်ခြင်းကို ကိုယ်စားပြုပါတယ်တဲ့။
" I wouldn’t touch a leper for a thousand pounds. yet, I willingly cure him for the love of God. " ပေါင်တစ်ထောင် ပေးဦးတော့ ငါဟာ အနှုတစ်ယောက်ကို လက်နဲ့မထိဘူးနော်"တဲ့ ဒါသူပြောတဲ့ စကားလေးတစ်ခုပါပဲ။ ဒါပေမယ့်သူဟာ ဘုရားသခင် God ရဲ့မေတ္တာတော်ကြောင့် ထိရုံတင်မကပါဘူး လိုလိုလားလားနဲ့ သေသေချာချာ ကြင်ကြင်နာနာကုသပေးပါတယ်"တဲ့။ တကယ်တော့ သူဟာ သိပ်ကို ကြီးမားတဲ့ ကရုဏာ မေတ္တာရှိတဲ့ သူတစ်ယောက်ပါပဲ။
ဒီနေရာမှာ မာသာထရီဆာ တစ်ခုပြောဖို့ မေ့သွားတယ်။ ဘာလိုလဲဆိုတော့ သူပြောတာ မပြည့်စုံလိုက်ဘူး။ အဲဒီအချိန်မှာ သူတပည့်မလေးတစ်ယောက်က လူနာကို လာကြည့်ဖို့ လှမ်းခေါ်လိုက်ပါတယ်။ လူနာကိုအလေးထားနေသူတစ်ယောက်မို့ ပြောဖို့အချိန်မရလို ကျန်နေတဲ့တစ်ခုကို သူဆက်မပြောလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စာရေးသူက အားနေသူတစ်ယောက်ဆိုတော့ သူပြောဖို့ ကျန်နေခဲ့တာလေးကို ဆက်ပြောဖို့ Film ကို pause လုပ်ပြီး စာချစ်သူကို ဆက်ပြောပါလိုက်ချင်ပါတယ်။ ဒါကတော့ “A Buddhist must be a good Buddhist. ဗုဒ္ဓဘာသာတစ်ယောက်ဟာလည်း ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်ရမယ်” ဆိုတာပါပဲ။ To be a good Buddhist-ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘာလိုအပ်သလဲဆိုတော့ လွန်ခဲ့တဲ့ ၅ လလောက်က စားရေသူတည်းခိုခဲ့ဖူးတဲ့ အဆောင်တစ်ခုရဲ့ ရေချိုးခန်းထဲက နံရံတစ်ခုမှာကပ်ထားတဲ့ Poster ပိုစတာလေးတစ်ခုက မျက်လုံးထဲ တန်းပြေးဝင်လာတယ်။ ပိုစတာလေးက “Be a Buddhist by practise. ကျင့်ကြံအားထုတ်ခြင်းဖြင့် ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ရမယ်။” ဆိုတာလေးကို စာလုံးကြီးနဲ့ ရေးထားတာပါ။
ဟုတ်တာပေါ့၊ ဒီလူကတော့ ဗုဒ္ဓဘာသာဖြစ်တယ်။ ဟိုလူကတော့ ခရစ်ယာန်ဘာသာဖြစ်တယ်။ အဲဒီလူကတော့ မွတ်စလင်ဖြစ်တယ်ဆိုတဲ့ Labels-တံဆိပ်တွေက အရေးမကြီးပါဘူး။ အဓိကလိုရင်းကတော့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘုရားသခင် God ချမှတ်ခဲ့တဲ့ ပညတ်တော် ၁၀ပါးနဲ့ တစ်ခြား စကားတော်တွေအတိုင်း လိုက်နာကျင့်ကြံခြင်းဖြင့် ခရစ်ယာန်ဘာသာကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်သင့်ပါတယ်။ မွတ်စလင်တစ်ယောက်ကလည်းပဲ အလ္လာရှင်မြတ်ချမှတ်ခဲ့တဲ့ တရားတော်အတိုင်း လိုက်နာကျင့်ကြံခြင်းဖြစ် မွတ်စလင်ဘာသာကောင်းတစ်ယောက် ဖြစ်အောင် နေထိုင်သင့်ပါတယ်။ ဒီလိုပဲ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့လည်း ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်အတိုင်း တိတိကျကျလိုက်နာကျင့်ကြံခြင်းဖြင့် ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ကျင့်သုံးသင့်ပါတယ်။ အမည်ခံရုံမျှနဲ့ ဗုဒ္ဓဘာသာတစ်ယောက်စစ်စစ်မဖြစ်သလို၊ ဗုဒ္ဓရဲ့ ဓမ္မတွေကို မကျင့်ကြံ မလိုက်နာဘဲနဲ့တော့ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်လာမယ်မဟုတ်ပါဘူး။
ဆရာတော် ဒေါက်တာကေသရီဓမ္မာနန္ဒရဲ့ စကားလေးသွားသတိရမိတယ်။ “Pracitse your religion, respect other religions- သင့်ဘာသာက ပြဌာန်းထားတဲ့အတိုင်း လေးလေးနက်နက် လိုက်နာကျင့်ကြံပါ။ ဒါပေမယ့်လို့ တစ်ခြားဘာသာတွေကိုလည်း လေးစားပါ၊ မစော်ကားပါနဲ့တဲ့။” စာရေးသူ ဒီစကားလေးကြားမိကတည်းက သိပ်လေးစားသွားတာ၊ ပြီးတော့ မေ့မရတဲ့ တန်ဖိုးရှိတဲ့စကားလေးတစ်ခုပါပဲ။ ဒီစကားအတိုင်း ဗုဒ္ဓဘာသာများဟာ လိုက်နာကြပါတယ်။ တစ်ခြားဘာသာတွေလို မိမိဘာသာထဲကို အတင်းအားဓမ္မ အကြမ်းနည်းနဲ့ အတင်းဝင်ခိုင်း မ၀င်ဘူးဆို အသက်အန္တရာယ်ထိအောင်တောင် ခိုက်ရန်ပြုကြတတ်ပါတယ်။ လူကို လူလိုမြင်ပြီး မိမိရဲ့ လုပ်စရာရှိတာကိုပဲ လုပ်သင့်ပါတယ်။
ဒီတော့ သူများဘာသာကို လေးစားပါ။ မစော်ကားပါနဲ့၊ အပြစ်မပြောပါနဲ့၊ ပြီးတော့တော့ မိမိဘာသာနဲ့ ပတ်သက်ပြီးတော့ ခရစ်ယာန်လည်းပဲ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်အောင်၊ ဗုဒ္ဓဘာသာလည်းပဲ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်အောင်၊ မွတ်စလင်လည်းပဲ မွတ်စလင်ကောင်းတစ်ယောက်ဖြစ်အောင် မိမိတို ကိုးကွယ်ဆည်းကပ်တဲ့ အနန္တဉာဏ်ရှင်တို့ ဟောပြခဲ့တဲ့ တရားနည်းအတိုင်းကျင့်ကြံရပါမယ်။
ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဗုဒ္ဓဟောကြားထားတဲ့တရားတွေကို ကျင့်ကြံဖို့ကတော့ ဦးစွာပထမ သိအောင်လေ့လာရပါမယ်။ အသိနောက်မှာ အကျင့်လိုက်လို့ရမယ် မဟုတ်ပါလား။ ဗုဒ္ဓကတော့ လူသားချင်း ကိုယ်ချင်းစာဖို့၊ မေတ္တာထားဖို့၊ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ကောင်းကျိုးတရားတွေ ပြုလုပ်ဖို့စသည်အားဖြင့် ကောင်းတဲ့အရာတွေကို ထာဝရပြုလုပ်ဖို့ပါပဲ။ ဒါက အကျဉ်းအားဖြင့် ပြောလိုရင်းပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သာသနာရေး ဦးစီးဌာနက ထုတ်ထားတဲ့ ဒီ အာဒိကလျာဏပိုင်း၊ မဇ္စျေကလျာဏပိုင်း၊ ပရိယောသာနကလျာဏပိုင်းအားဖြင့် သုံးပိုင်းခွဲပြထားတဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက် (ဗုဒ္ဓဘာသာကောင်းတစ်ယောက် Google reader အတွက်ပါ) ဆိုတဲ့ စာအုပ်ကို ပြည့်ပြည့်စုံစုံလေ့လာစေချင်ပါတယ်။ နောက်ပြီး စာရေးသူ၏ ဗုဒ္ဓအလိုကျ ကျင့်ကြံဖို့ ဆိုတာလေးကိုလည်း ပြန်ဖတ်စေချင်ပါတယ်။
ဒီတော့ စာချစ်သူ To be a good Buddhist-ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့အတွက်တော့ “Be a Buddhist by practise. ကျင့်ကြံအားထုတ်ခြင်းဖြင့် ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ရမယ်။” ဆိုတာကို အမှတ်တရရှိစေချင်ပါတယ်။
“I must be a good Buddhist. ငါဟာ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ရမယ်”လို့ ခိုင်မာတဲ့ သန္နိဌာန်ကို ချမှတ်ပြီး ဗုဒ္ဓဓမ္မကို တကယ်တိတိကျကျ ကျင့်ကြံလိုက်စမ်းပါ။ စာချစ်သူတို့ ဘ၀လှပစေချင်တဲ့ ဆန္ဒတစ်ခုကြောင့် တိုက်တွန်းလိုက်မိတာပါ။
(ဥယျာဉ်မှူးလေး)

Read more...

သီတဂူမေတ္တာကရုဏာ (တာလေ)


၁၂-၄-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူတပည့်များသည် ရှမ်းပြည်တောင်ပိုင်း တာချီလိတ် တာလေဒေသဘက်သို့ သွားရောက်ခဲ့ကြသည်။ ထိုအရပ်ဒေသသည် ၂၀၁၁ နှစ် မတ်လ ၂၄ရက်က ပြင်းထန်သော မြေငလျင်ကြောင့် အသက် အိုးအိမ် များစွာ ပျက်စီးဆုံးရှူံးခဲ့သည်။
သီတဂူ၏ သာသနာပြုနည်းများတွင် Ministery မေတ္တာကရုဏာ အလှူတော်များ ပြုလုပ်ခဲ့သည်မှာ နှစ်များစွာရှိခဲ့သည်။ ယခုအခါ လောလောလတ်လတ် ဖြစ်ပျက်ခဲ့သော တာလေမြေငလျင်ခံ ဒေသသို့ သွားရောက်ပြီး မေတ္တာကရုဏာအလှူဒါနများ ပြုလုပ်ခဲ့သည်။

၁၂-၄-၂၀၁၁ နေ့သည် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း ၂၁ အား ပေးလှူသည့် မေတ္တာ ကရုဏာတော် အလှူပွဲဖြစ်သည်။ သီတဂူဆရာတော်ကြီးနှင့် တပည့်သီတဂူဒကာ ဒကာမများက သိန်းပေါင်း နှစ်ထောင့်တစ်ရာ (၂၁၀၀) ကျပ်တို့ကို ထိုကျောင်း ၂၁ အတွက် လှူဒါန်းသည်ဟု သိရသည်။


လှူဒါန်းရန် ကျောင်းစာရင်း

ပြည်မြန်မာသူတွေအတွက် ကျော်ခွ မ၀င်နိုင်ရင် ဓာတ်ပုံများ ကြည့်ခွင့်မရတာကို စိတ်မကောင်းဖြစ်သည်။


ဓာတ်ပုံနှင့် သတင်းများ ပေးပို့သော တာချီလိတ်သား မောင်စိုးနိုင်ထွန်းအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၂-၄-၂၀၁၁

Read more...

Buddhism and Health Vidcast III

Tony has posted up his latest vidcasts in his ‘Buddhism and Health’ series with two very interesting guests … :)

http://www.youtube.com/user/BodyandSpirit

http://www.youtube.com/user/BodyandSpirit#p/u/0/BjM11_fL6vk

[ youtube=http://www.youtube.com/user/BodyandSpirit#p/u/0/BjM11_fL6vk ]

Read more...

သမာပတ်ဝင်စားပုံ...



















Print this post

0 comments:

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP