* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 7, 2011

သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း…

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။ အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။

စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။


သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။ ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။


ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။
စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။

Read more...

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။

(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။ ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။

(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။

(၃-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။ ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။

(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဥင်္အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်းမှုကြောင့် ရရှိသည်။

(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။

(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။

(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဗာ၊ သိပ္ပံပညာများကိုလည်းကောင်း၊ အကျင့်သီလနှင့် ကမဿကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။

(၁၂) ချောမွေ့သောအသားအရေရှိခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရားကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။

(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။

(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။

(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။

(၁၇-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသောအသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။

(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။

(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ်ကိန်းသောမျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။

(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။

(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။

(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။

(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။

(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။

(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သော စွယ်တော်လေးချောင်းတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။

မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊ လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။

Read more...

စေတီပုထိုး လိုသေးလို့လား


အခန်းထဲအောင်းပြီး စာဖတ်ရတာငြီးငွေ့လို့ ၀ရံတာထွက်ပြီး
အရပ်လေးမျက်နှာ ဟိုဟိုဒီဒီ ကြည့်လိုက်ရင်
စိမ်းစိမ်းစိုစိုတောင်ကုန်း (သို့မဟုတ်) တောင်တန်းလေးတွေ တွေ့ရတယ်။
ဒီနိုင်ငံရောက်ခါစက ဒီတောင်ကုန်း တောင်တန်းလေးတွေကို ကြည့်ပြီး
တစ်ခုခုလိုနေသလို ခံစားရတယ်။
ဘာလိုနေတယ်ဆိုတာ ရုတ်တရက် အဖြေထုတ်လို့ မရဘူး။
ရောက်ခါစမို့ ကိုယ်နေခဲ့ဘူးတဲ့ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံကို
သတိရလွမ်းဆွတ်လို့ နေမှာပါလေလို့ ထင်ခဲ့မိတယ်။

မြန်မာပြည်ကသူငယ်ချင်းတစ်ပါးက
မြန်မာပြည်ပြန်လာရင် မန္တလေးကို လာဖြစ်အောင် လာခဲ့ပါအုံးဆိုပြီး
Email တစ်ဆောင်ပို့လိုက်တယ်။
သူ့ Email မှာ Attached File နဲ့ ဓာတ်ပုံတစ်ပုံပို့လိုက်တယ်။
ဆီဒိုးနားဟိုတယ် ကျုံးဒေါင့်မှာ သွားပြီး ရိုက်ထားတာ၊
ကျုံးရေပြင်နဲ့ မန္တလေးတောင် နောက်ခံနဲ့ပုံ။
ဓာတ်ပုံကို အသေအချာ စူးစူးစိုက်စိုက်ကြည့်ဖြစ်တယ်။
မျက်တောင်ခတ်ဘို့မေ့သွားတယ်။ အသက်ရှူဘို့မေ့သွားတယ်။

နောက် စကားလုံးတွေ အလိုလိုထွက်လာတယ်။
“ဒီနိုင်ငံက တောင်ကုန်း တောင်တန်းတွေမှာ တစ်ခုခုလိုအပ်နေတယ် ဆိုတာ ဒါပဲ”
ထုံးဖြူဖြူ စေတီပုထိုး၊

မြန်မာနိုင်ငံမှာတော့ ဘယ်တောင်ကုန်းကြည့်ကြည့်၊
စေတီပုထိုးတစ်ဆူဆူကိုတော့ တွေ့ရစမြဲ။
မြန်မာလူမျိုးဆိုတာ
တောင်ကုန်းမြင့်မြင့်တွေ့ရင်
စေတီပုထိုးတည်ပြီး
ဘုရားဒကာ အမည်ခံချင်ကြတာမို့လား။
ဘုရားဒကာ အမည်ခံချင်လွန်းလို့ စေတီပုထိုးတည်လိုက်တာ
ပုဂံလိုဒေသမျိုးမှာဆို သစ်တောကို ပြုန်းရော၊
ဒီနေ့ထိ နလံမထူနိုင်တော့ဘူး။

မြန်မာပြည်မှာ စေတီပုထိုးတွေ သိန်းပေါင်း ထောင်နဲ့သောင်းနဲ့ချီအကုန်အကျခံပြီး
အသစ်ဆောက်နေတာကို တွေ့ရင် အတော် ဘ၀င်မကျဖြစ်မိတယ်။
စေတီပုထိုးပေါတဲ့ မြန်မာနိုင်ငံမှာ စေတီပုထိုးထပ်တည်ဆောက်ဖို့ လိုသေးလို့လား။

ဆင်းရဲမွဲတေနေတဲ့ ကိုယ့်အမိ မြန်မာနိုင်ငံမှာ
စေတီပုထိုး အသစ်တည်ဆောက်မဲ့အစား
အဲ့အတွက်ကုန်ကျငွေတွေကို ပညာရေး၊ ကျန်းမာရေးတွေမှာ အသုံးချလိုက်မယ်ဆိုရင်
ဘယ်လောက်ခရီးရောက်လိုက်မလဲ လို့စဉ်းစားမိတယ်။

ဟိုတစ်နှစ်က မလေးရှားနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ်
မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့လည်မှာ
ရဟတ်လို့ခေါ်သလားတော့မသိဘူး။
အတက်အောက်လည်ပတ်တဲ့ဟာကြီး တစ်ခု တည်ဆောက်တယ်။
လူတွေ စီးနင်းလိုက်ပါသွားရတာ။ ဖြည်းဖြည်း ဖြည်းဖြည်း လည်ပတ်တာ။
အပေါ်ရောက်သွားရင် ကွာလာလမ်ပူမြို့ ရှုခင်းတွေကို ကြည့်လို့ရတယ်။
လိုက်ပါစီးနင်းလိုတဲ့လူတွေ ပိုက်ဆံပေးရတယ်။

လန်ဒန်မှာလည်း အလားတူ တစ်ခုရှိတယ်။
London Eye လို့ခေါ်တယ်ထင်တယ်။ လန်ဒန်ရှုခင်းကို ကြည့်ဘို့။
တစ်ခါစီးချင်ရင် ကိုးပေါင်ပေးရတယ်။
နိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ စီးနင်းလိုက်ပါနေတာကို တွေ့ခဲ့ရတယ်။

ဒီမလေးရှားနိုင်ငံ အစိုးရလည်း UK အစိုးရကို အတုခိုးပြီး
လိုက်လုပ်တာဖြစ်မယ်။ နိုင်ငံအတွက် နိုင်ငံတိုးတက်ဘို့ ဘက်စုံက ဖြစ်တဲ့နည်းနဲ့ ဘဏ္ဍာငွေရှာနေကြတာ။ အတော်အားကျဘို့ကောင်းတယ်။

ဒို့နိုင်ငံလည်း စေတီပုထိုးတွေတည်နေမဲ့အစား
နိုင်ငံတော်အတွက် လိုအပ်တဲ့ဘဏ္ဍာငွေကို ရှာပေးနိုင်တဲ့
လန်ဒန်မှာရှိတဲ့ ကွာလာလမ်ပူမှာရှိတဲ့ မြို့တော်ရှုခင်းကို တစ်နေရာတည်းကကြည့်လို့ရတဲ့
ရဟတ်ကြီးတစ်ခု တည်ဆောက်တာ ပိုအကျိုးရှိမယ်လို့ထင်မိတယ်။
စဉ်းစားမိတာပါ။
ထားပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ်၊

စေတီပုထိုးရှိတဲ့ တောင်ကုန်း ရှုခင်းတွေနဲ့ ယဉ်ပါးလာတဲ့မျက်စိဟာ
ဒီနိုင်ငံက တောင်ကုန်း တောင်တန်းတွေမှာ
စေတီပုထိုးမတွေ့ရတော့ ရင်ထဲဟာမိတာ အမှန်ပဲ။

စေတီပုထိုးဆိုတော့ စေတီပုထိုးနဲ့ဆက်စပ်ပြီး ရှင်အာနန္ဒာကြီးကို သတိရမိပြန်တယ်။

မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့
အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြတယ်။
မြတ်စွာဘုရားကျောင်းမှာရှိနေရင်တော့ ပါလာတဲ့ပစ္စည်း လှူဒါန်းခဲ့ရုံပေါ့။
မြတ်စွာဘုရားမရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။
မြတ်စွာဘုရားကို လှူဒါန်းဘို့စိတ်ကူးနဲ့လာကြတာကိုး။

ဒီတော့ ကျောင်းဒကာ အနာထပိဏ်က ရှင်အာနန္ဒာကို
ဘုရားထံ လှူဒါန်းဘို့လာတဲ့သူတွေ ဘုရားမရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင်
သင့်လျှော်တဲ့နေရာစီစဉ်ဘို့ လျှောက်တယ်။
ရှင်အာနန္ဒာကလည်း ဒီကိစ္စကို မြတ်စွာဘုရားနဲ့တွေ့တော့လျှောက်တယ်။

မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုးကို ပြောပြတယ်။
၁။ ဓာတ်တော်မွေတော်အပါအ၀င် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ

ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တယ်။
မြတ်စွာဘုရားက
စေတီကို ငါဘုရားပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့
တည်ဆောက် ပူဇော်သင့်ကြောင်း၊ ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊
စေတီပုထိုးတော်တွေကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။

စေတီပုထိုးကို ကြည့်၊ ဘုရားအစစ်ကို (သက်ရှိထင်ရှားမြတ်ဘုရားကို)
စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာလို့ နားလည်မိပါတယ်။
တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။

စေတီပုထိုးမတည်သေးဘဲနဲ့ သူတရားအားထုတ်ခဲ့တဲ့ ဗောဓိညောင်ပင်ကို စိုက်ပျိုးပြီး
သူမရှိတဲ့အခါ သူခရီးထွက်နေသခိုက် သူ့ကိုယ်စား ဗောဓိညောင်ပင်ကို ပူဇော်ဘို့
မြတ်စွာဘုရားက ရှင်အာနန္ဒာကို အကြံပြုပါတယ်။

ဒီနောက် ရှင်အာနန္ဒာဟာ ရှင်မောဂ္ဂလာန်ကြီး အကူအညီနဲ့
ဗုဒ္ဓဂယာက ဗောဓိညောင်မျိုးစေ့ကိုယူပြီး
ဇေတ၀န်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။
အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။
ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ
အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။

ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး
သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ ဘုန်းကြီးကျောင်းတိုင်းမှာ
ဗောဓိပင်ကို ဘုန်းကြီးကျောင်း အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။
သီဟိုဠ်ဘုန်းကြီးကျောင်း (၁) ကျောင်းတည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၎၊ သံဃာနေဆောင် တို့ရှိရပါတယ်။

မြန်မာပြည်က ပေ ၄၀×၆၀ အကွက်ခလေးကို ဘုန်းကြီးကျောင်းမြေကွက်အဖြစ်ချပေးပြီး
စေတီပုထိုး မပြောနဲ့၊ ဗောဓိညောင်ပင်မပြောနဲ့၊
ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်တောင် ခြေရဲရဲ မဆန့်ရဲလောက်တဲ့ ကျောင်းမှာ
နေနေကြရတဲ့ မြန်မာနိုင်ငံ သာသနာ့ဝန်ထမ်းများဘ၀ကိုလည်း မြင်ယောင်နေမိတယ်။

Read more...

ရဟန်းနှင့် သေနတ်နှင်းဆီ

(၁)

နံနက် ၁၁.၀၀ နာရီ တိဗက်တက္ကသိုလ်အင်္ဂလိပ်စာဌာန စာသင်ခန်း
စာသင်ခန်းထဲသို့ လှမ်းဝင်လိုက်တော့ အင်္ဂလိပ်စာဆရာမ ပါမောက္ခ မစ္စဘနာဂျီက ခရီးဦးကြိုပြုကာ သူ့အတွက် ထိုင်ခုံတစ်ခု စီစဉ်ပေးသည်..။ စာသင်ခန်းရှေ့နံရံပေါ်တွင် စာရေးရန် အနက်ရောင်သင်ပုန်းကြီးတစ်ချပ်နှင့် ရုပ်ပုံကားချပ်များ၊ မြေပုံများချိတ်ဆွဲပြရန် အ၀ါရောင် သင်ပုန်းကြီးတစ်ချပ်ရှိသည်။ အ၀ါရောင်သင်ပုံကြီးပေါ်တွင် ချောမောသွယ်လျသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံကားချပ်ကို ချိတ်ဆွဲထားသည်..။ ရုပ်ပုံအောက်က စာတမ်းကို သူဖတ်လိုက်သည်.။ ဆီဗီလီယာ ပလပ်သ် (Sylvia Plath (October 27, 1932 – February 11, 1963)) အမေရိနိုင်ငံကန်ဖွားကဗျာဆရာမ..။ စာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူ ၃၀ ခန့်ရှိနေသည်။ တိဘက်လားမားဘုန်းတော်ကြီးများ၊ သီလရှင်များက ထက်ဝက်ခန့်ရှိနေသည်..။ သူက တစ်ခန်းလုံးကို ပြုံးပြလိုက်သည်။ မစ္စဘနာဂျီက သူ့အတွက် ကြာရည်တစ်ခွက် ကမ်းပေးသည်။

အမှန်တကယ်တော့ ဤစာခန်းသည် သူနှင့် မဆိုင်ပါ..။ ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ် သင်တန်းသားသင်တန်းသူများ လက်တွေ့ကွင်းဆင်းပို့ချနေသော စာသင်ခန်းသာ ဖြစ်သည်..။( BEd ဘွဲ့ကို ရွှေပြည်ကြီးတွင် ဘီအီးဒီ ဟု အသံထွက်သော်လည်း အိန္ဒိယနိုင်ငံတွင် ဘီအက်ဒ်ဟုသာ သိကြသည်..။) အင်္ဂလိပ်စာဆရာမက ဘီအက်ဒ်သင်တန်းသား သင်တန်းသူများ အင်္ဂလိပ်စာ သင်ကြားသည်ကို အကဲဖြတ် မှတ်ချက်ပေးရသည်။ စာသင်ခန်းနောက်ဆုံးခုံမှာလည်း သင်တန်းကြီးကြပ်သူဆရာတစ်ဦးရှိနေသည်။ စာသင်ကြားပုံအမူအရာများနှင့် လေယူလေသိမ်းအနေအထားများကို ဝေဘန်တည့်မတ်ပေးသည်..။ ကောင်းလေစွ..။

ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်သူ မစ္စဘနာဂျီက သူမ၏ စာသင်ခန်းသို့ အမြဲတမ်းဖိတ်ခေါ်လေ့ရှိသော်လည်း သူက ကျန်းမာရေးအကြောင်းပြဖြင့် မရောက်နိုင်ခဲ့..။ ခုတော့ ရောက်လာခဲ့ပြီ..။ သူစာခန်းထဲရောက်ချိန်တွင် စာသင်ရန်အလှည့်ကျနေသည့် ကျောင်းသူတစ်ဦးက ကဗျာဆရာမ ဆီလ်ဗီယာ ပလပ်သ်၏ ဘ၀နှင့် ကဗျာကို ဟန်ပါပါသင်နေသည်..။ သေချာကြည့်လိုက်တော့ သူနှင့် မိဂဒါဝုန်လမ်းမပေါ်တွင် တွေ့နေကျ မျက်မှန်ထူထူဝိုင်းဝိုင်းကြီး တပ်ဆင်လေ့ရှိသည့် သေးသွယ်သောကျောင်းသူလေးဖြစ်နေသည်..။ ဖရက်ရှာကျောင်းသူလေးဟု ထင်မှတ်ထားသော သူမက ခပ်တည်တည်ပင် ဆီလ်ဗီယာ ပလပ် လုပ်နေတော့ အံ့သြသွားသည်..။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာမလေး၏ ကြေကွဲဖွယ်လန်ဒန်နေ့ရက်များဆီသို့ စာသင်ခန်းတစ်ခုလုံးကို သူမ ဆွဲခေါ်သွားခဲ့သည်..။

သင်ကြားချိန်မိနစ်နှစ်ဆယ် ကျော်သွားသောအခါ ဆရာမက '' We should give the time to another student'' ဟု သတိပေးသည်။ တစ်ခါတစ်ရံ မလိုအပ်ဘဲ စာသင်ခန်းရှေ့မှာ ၀ါရင့်ဆရာမကြီးတစ်ယောက်ပမာ လမ်းလျှောက်ရင်း စာရှင်းပြခြင်းက သူမ၏ အသံကို ဆွဲဆောင်မှုအားနည်းစေသည် ဟု သူက ထင်မြင်နေခိုက် နောက်တန်းမှာ ထိုင်နေသည့် ဆရာကလည်း သူ့အတွေးနှင့် ထပ်တူ မှတ်ချက်ပေးသည်ကို ကြားရ၏။

သူက နာရီကို ကြည့်ကာ ထိုင်ရာမှ ထဖို့ရန် ပြင်လိုက်သည်..။ မစ္စဘနာဂျီက '' ဘန္တေကြီး နောက်ကျောင်းသားတစ်ယောက်ကိုလည်း အားပေးလိုက်ပါဦး စိတ်ဝင်စားဖို့ ကောင်းပါတယ်..'' တဲ့..။ ဒိုရ်ဂျီ ဆိုသော တိဘက်ကျောင်းသားလေး ၀င်လာသည်..။ ထိုကျောင်းသားက အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး ဂျဝါဟလာနေရူး၏ ရုပ်ပုံကားချပ်ကြီးတစ်ခုနှင့် အရေးကြီး ခုနှစ်သက္ကရာဇ်များရေးထားသည့် စက္ကူဖြူတစ်ချပ်ကို အ၀ါရောင်သင်ပုန်းကြီးပေါ်တွင် ပင်အပ်များဖြင့် သွက်လက်မြန်ဆန်စွာ ချိတ်ကပ်လိုက်သည်။

ထို့နောက် ပါမောက္ခဆရာကြီးတစ်ဦး၏ ဟန်ပန်မျိုးဖြင့် စာသင်ခန်းဘက်ကို မျက်နှာမူကာ '' အိန္ဒိယနိုင်ငံပထမဆုံးဝန်ကြီးချုပ်ကို သိပါသလား '' ဟု မေးလေသည်..။ အစပိုင်းတွင် မေးခွန်းများမေးလိုက် ဖြေလိုက်ဖြင့် အဆင်ပြေသော်လည်း မိနစ်နှစ်ဆယ်နှင့် သင်ခန်းစာပမာဏမမျှတသည့်အတွက် ခုနှစ်သက္ကရာဇ်များအစဉ်အတိုင်းမကျတော့.။ အိန္ဒိယ လွတ်လပ်ရေးရပြီးမှ နေရူးကြီးထောင်ထဲသို့ ပြန်ရောက်သွားသည်..။ သင်ပုန်းကြီးပေါ်တွင် တဒေါက်ဒေါက်ရေးရင်း မေးခွန်းများကို တရစပ်မေးတော့ အဖြေနှင့် ညှိမရတော့..။ မည်သို့ဆိုစေ သင်ကြားချိန်မိနစ်နှစ်ဆယ်ကို ခပ်ရဲရဲပင် ကျော်ဖြတ်သွားသည်.့ ကျောင်းသားကို သူ သဘောကျသည်။ ကြိးကြပ်သူဆရာက '' စာသင်နေစဉ် မေးခွန်းမေးသည့်အခါ သင်ပုန်းကြီးကို မကြည့်ဘဲ သင်တန်းဘက်သို့ မျက်နှာပေးပြီး မေးပါ '' ဟု သင်ပေးသည်။

အော်....ရုပ်ပုံကားချပ်၊ မျက်နှာအမူအရာ၊ လက်ဟန်ပန်အနေအထား၊ စကားလုံးအထားအသို စသော သင်ထောက်ကူအရာဝတ္ထုများ.....။

(၂)

နံနက် ၁၁း၄၅ နာရီ ပါဠိစာပေဌာနစာသင်ခန်း
သူ့ ပါဠိစာသင်ခန်းလေးထဲ ၀င်လိုက်သည်နှင့် သူ့တပည့်များက '' ဂုရုဂျီ ပရ်ဏာမ် '' ဟု မဇ္ဈိမထုံးစံ ဂါရ၀စကားဖြင့် နှုတ်ဆက်သည်။ သူက သင်ပုန်းကြီးပေါ်တွင် သေနတ်တစ်လက်နှင့် နှင်းဆီပန်းတစ်ပွင့်ပုံကို တွန့်တွန့်ကွေးကွေး ရေးခြစ်လိုက်သည်.။ အနည်းငယ်တော့ တူဟန်ရှိသည်။ လှတာတော့ လုံးဝမလှ.. သူက မင်းဝေအောင်မှ မဟုတ်တာ ကိစ္စမရှိ။
သူရေးဆွဲထားသည့်ပုံကို မသေချာမှာ စိုး၍ Gun ( for) Rose ဟု ဆက်ရေးလိုက်သည်..။ နီပေါလ်ကျောင်းသားက '' Guru Ji, It should be Gun & Rose .'' သူက နေပါဦးကွာ သဘောဖြင့် လက်ပြကာ သင်ခန်းစာဆီ သွားကြစို့ လုပ်လိုက်သည်..။

တက္ကသိုလ်ဥပစာတန်းများတွင် သူသင်နေရသည်က ပိဋကတ်စာပေကောက်နှုတ်ချက်များဖြစ်သည်။ ဇာတကနှင့် ဓမ္မပဒ၀တ္ထုများ၊ ဗုဒ္ဓ၀ံသအဋ္ဌကထာထုတ်နှုတ်ချက်များက ဗုဒ္ဓအရှင်နှင့် ဗုဒ္ဓခေတ်အိန္ဒိယကို ထင်ဟတ်စေနိုင်သည့်အတွက် ကျောင်းသားများ စိတ်ဝင်စားကြသည်။ ပါဠိသဒ္ဒါနှင့် တွဲဖက်ပြီး ပါဠိဖတ်စာအဖြစ် သင်ကြားပေးခြင်းဖြစ်သည်.။ ပါဠိတော်မူရင်းအတိုင်းသင်ကြားရခြင်းဖြစ်၍ တစ်ခါတရံ ရှင်းပြရသည်မှာ လက်ပေါက်ကပ်လှသည်..။ ၀ိဇ္ဇာတန်းများတွင်တော့ ထေရ၀ါဒဗုဒ္ဓအဘိဓမ္မာကို သင်ပေးရသည်..။

ပြီးခဲ့သည့်လက ရွှေပြည်ကြီးမှာ လူတိုင်းနီးပါးသိနေကြသည့် ဘုရားအလောင်းယုန်မင်းဇာတ်ကို ပိဋကတ်မူရင်းအတိုင်း တစ်လုံးချင်း ဘာသာပြန်ပြီး သူသင်ပြသည်..။ ဘုရားအလောင်းယုန်မင်း၏ မိတ်ဆွေများဖြစ်သည့် ဖျံ၊ မျောက် နှင့် မြေခွေးတို့အကြောင်း ရှင်းပြတော့ ဖျံကို တပည့်များက မသိကြ..။ဖျံက ပါဠိလို ဥဒ္ဒ၊ အင်္ဂလိပ်လို Otter ..။

ထိုနေ့က အိန္ဒိယမြောက်ပိုင်းသားသုံးယောက်၊ ရုရှားနိုင်ငံသား မွန်ဂိုတစ်ယောက်နှင့် အိန္ဒိယ ကနာတာကားပြည်နယ်သူတစ်ယောက်ပါဝင်သည့် သူ့ပါဠိစာသင်ခန်းလေးသည် တိတ်ဆိတ်သွားခဲ့သည်..။ မြစ်ချောင်းအင်းအိုင်နှင့် ဝေးလှသည့် အညာသားတစ်ဦးမျှဖြစ်သော သူက ဖျံဆိုသော သတ္တ၀ါဆိုသည်မှာ ရေထဲတွင် ကျက်စားလေ့ရှိကြောင်း၊ ရေကူးကျွမ်းကျင်ကြောင်း စသည် ခပ်တည်တည် ရှင်းပြသည်..။ သူတပည့်ကျော်များက နားမလည်ဟန် ခေါင်းခါပြ မျက်မှောင်ကြုတ်ပြကြသည်..။ သို့နှင့် သူက ပန်းချီကျော်ကြီးတစ်ယောက်ဂိုက်အပြည့်ဖြင့် ဖျံတစ်ကောင်၏ ပုံကို သင်ပုန်းကြီးပေါ်တွင် ခြစ်ခြုတ်ရေးဆွဲပြလိုက်သည်..။ '' Oh Guru Ji, that is a mouse.'' သေရော..။

နောက်နေ့မှာတော့ သူ့ နုတ်ဘုတ်ခ်သေးသေးလေးတွင် အင်တာနက်မှ ဖျံပုံများ ရနိုင်သမျှ ဆွဲချကာ ပြလိုက်ပါမှ လင်းသွားကြသည်..။ ဘာပဲဖြစ်ဖြစ် သူ့ လွယ်အိတ်ထဲတွင် နုတ်ဘုတ်ခ်သေးသေးလေးနှင့် အင်တာနက်မိုဒမ်တစ်ချောင်းအမြဲဆောင်ဖြစ်တော့သည်..။ တကယ်လည်း အလုပ်ဖြစ်ခဲ့သည်..။ ရှင်းကြစေ လင်းကြစေသတည်း..။

ယနေ့ သင်ရမည့် သင်ခန်းစာက မင်းကျင့်တရားများနှင့် သက်ဆိုင်သည့် ရာဇောဝါဒဇာတ်ဖြစ်သည်..။ ဇာတ်လမ်းအကျဉ်းက ဗုဒ္ဓဘုရားအလောင်းသည် ကာသိတိုင်းနိုင်ငံ၊ဗာရာဏသီမြို့တော်၏ ဘုရင်ဗြဟ္မဒတ်ဖြစ်ပြီး တိုင်းပြည်ကို တရားနှင့်အညီ အုပ်ချုပ်သဖြင့် ဥပဒေစိုးမိုးကာ နိုင်ငံအ၀ှမ်းအေးချမ်းသာယာသည်။ နောက်ဆုံး အမှုအခင်းပဋိပက္ခများ မရှိတော့၍ တရားရုံးများကိုပင် ပိတ်သိမ်းရတော့သည်။ ဘုရားအလောင်းတော်က တိုင်းပြည်၏ သဘောထားအမှန်ကို ကိုယ်တိုင်သိလို၍ စုံစမ်းရန် မြင်းရထားဖြင့် ထွက်လာခဲ့သည်။ ပြည်သူပြည်သားအားလုံး၏ ဘုရင်းမင်းမြတ်သက်တော်ရှည်ကြောင်း ဆုတောင်းသံများကိုသာ ကြားရသည်။ သို့နှင့် မြို့တော်အပြင်ပသို့ ခရီးဆက်ခဲ့ရာ ဂင်္ဂမြစ်ကမ်းတစ်နေရာတွင် ကောသလတိုင်းနိုင်ငံ သာဝတ္ထိမြို့တော်ဘုရင် မလ္လိကာနှင့် တွေ့ရသည်။ မလ္လိကာသည်လည်း ဘုရားလောင်းနည်းတူ ကျင့်သုံးသဖြင့် မြို့ရွာငြိမ်းချမ်းသာယာဝပြောလေသည်။

ယခု ပြည်သူ့အသံကို ကြားလိုသော ဘုရင်းမင်းမြတ်နှစ်ပါး ထိပ်တိုက်ဆုံကြပြီ.။ မြစ်ကမ်းဘေးလမ်းက ကျဉ်းလှသည်။ မြင်းရထားတစ်စီးသာ သွားနိုင်လေမည်..။ မလ္လိကာဘုရင်၏ မြင်းရထားထိန်းက ဗြဟ္မဒတ်ဘုရင်၏ ရထားထိန်းကို လမ်းဖယ်ပေးရန် ပြောသည်။ ဗြဟ္မဒတ်ဘုရင်၏ ရထားထိန်းကလည်း ဧကရာဇ်တစ်ပါး၏ မြင်းရထားဖြစ်၍ လမ်းဖယ်မပေးနိုင်ကြောင်း ငြင်းဆိုသည်..။ သို့နှင့် မေးခွန်းများမေးကြရင်း ဧကရာဇ်ဘုရင်များဖြစ်နေကြသည်ကို သိသွားသောအခါ ဘုရင်နှစ်ပါး၏ အသက်အရွယ်က အစ တိုင်းပြည်အခြေအနေအဆုံး အားလုံး တပြေးညီဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရသည်..။ နောက်ဆုံးတွင် ဧကရာဇ်မင်းနှစ်ပါး၏ နိုင်ငံရေးပေါ်လစီကို ကိုယ်စီ တင်ပြကြသည်..။

မလ္လိကာအစိုးရ၏ နိုင်ငံရေးပေါ်လစီ..
ဒဠှံ ဒဠှဿ ခိပတိ၊
မလ္လိကော မုဒုနာ မုဒုံ။
သာဓုံ ပိ သာဓုနာ ဇေတိ၊
အသာဓုံ ပိ အသာဓုနာ။

အကြမ်းဖက်အမုန်းသမားအတွက် ချေမှုန်းရေးလမ်းစဉ်
စေ့စပ်ရေးသမားအပေါ် စားပွဲဝိုင်းဖိတ်ခေါ်ပေါ်လစီ
လက်ကမ်းသူကိုတော့ အလံဖြူငြိမ်းချမ်းရေး
ပဋိပက္ခရန်လိုမှုအတွက် ထိပ်တိုက်ရင်ဆိုင်ရေး....

ဗြဟ္မဒတ်အစိုးရ၏ နိုင်ငံရေးပေါ်လစီ
အက္ကောဓေန ဇိနေ ကောဓံ၊
အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊
သစ္စေနာလိက၀ါဒီနံ။

အမုန်းရန်ငြိုးကို အပြုံးနဲ့ သင်ပုန်းချေ..
အဆိုးမြင်မူဝါဒများဆီ အကောင်းမြင်ချဉ်းကပ်မှု
ပိတ်ဆို့မှုအတွက် တံခါးဖွင့်...
မိုးလုံးပြည့်များအတွက် ပွင့်လင်းမြင်သာမှု။

ဂါထာနှစ်ပုဒ်ကို နှစ်ပုဒ်ကို သူ ရှင်းပြလိုက်တော့ တပည့်လားမားရဟန်းဖြစ်သူ လော့ဘ်ဆန်နေဂီက ''ယာပို ဒု ယာပိုဒု '' (သိပ်ကောင်းတာပဲ ဂုရု ဂျီး ) ဟု ကောင်းချီးပေးသည်။ သူက မလ္လိကာဘုရင်၏ နိုင်ငံရေးမူဝါဒကို Gun to Gun Policy ဟု ချခင်းပြလိုက်ပြီး ဗုဒ္ဓဘုရားအလောင်းတော်ဗြဟ္မဒတ်ဘုရင်၏ ကျင့်သုံးမှုကိုတော့ Gun for Rose Approach ဟု အမည်တပ်ပေးလိုက်သည်။ အဟမ်း..။ ရော့ခ်ဂီတအပြင်းစားများကို သီဆိုတီးခတ်လေသည့် Gun & Rose နှင့် လုံးဝမသက်ဆိုင်ကြောင်း...။

နီပေါလ်ကျောင်းသား တော့ပ်ဂေးကတော့ ဘယ်ရထားထိန်းက လမ်းဖယ်ပေးသလဲ ဆိုတာကို စိတ်ဝင်စားနေသည်..။
ဇာတကထဲမှာတော့ မလ္လိကာဘုရင်က ရထားပေါ်မှ ဆင်းလာပြီး ဗြဟ္မဒတ်ဘုရင်ကို ဦးညွှတ်ကြောင်း ရှင်းပြကာ သူက ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်..။ မလ္လိကာအစိုးရ၏ ပေါ်လစီက နိုင်ငံရေး(Politics)ဆန်လွန်းပြီး ဗြဟ္မဒတ်ဘုရင်၏ ချဉ်းကပ်မှုက ဘာသာရေး( Religious)ဘက် နွှယ်လွန်းသည်ဟု သူက ထင်နေသည့်အတွက် ''ဒီပေါ်လစီနှစ်ခု ချိန်ခွင်ထဲ ထည့်ကြည့်ကြပေါ့ကွာ '' ဟု ပြောကာ သူ စာသင်ခန်းထဲမှ ထွက်လာခဲ့တော့သည်..။

စာသင်ဆောင်လုပ်သား လက်ချမန်းကတော့ သူရေးဆွဲထားခဲ့သော သေနတ်နှင့် နှင်းဆီပန်းပွင့်ကို သင်ပုန်းပေါ်မှ ဖျက်ရင်း'' ပါဠိဂုရုကြီးတော့ ဘာတွေ သင်ခဲ့ပါလိမ့် '' ဟု တွေးကောင်းတွေးနေပါလိမ့်မည်..။

ဓမ္မဂင်္ဂါ
(၆-၄-၂၀၁၁)

Read more...

သင်္ကြန်မှာ ဒုလ္လဘရဟန်း ဝတ်တော့မည် ဆိုလျှင်



သင်္ကြန်ကာလမှာ လူအတော်တော်များပဲ ဒုလ္လဘရဟန်း ဝတ်ကြတယ်။ အမျိုးသမီးတွေလည်း တရားရိပ်သာ ဝင်သူဝင်၊ ဒုလ္လဘ သီလရှင် ဝတ်သူဝတ်ကြနှင့် သာသနာတော်တွင်းကို ကိုယ်တတ်နိုင်သလောက်၊ အချိန်ရသလောက် ဝင်ရောက်တတ်ကြပါတယ်။ တစ်ချို့ဆို စီးပွားရေး လူမှုရေးတွေနှင့် လုံးချာလိုက်နေတဲ့ ကြားက ကြိုးစားပြီးတော့ အချိန်လုကာ ဝတ်ကြရသူတွေလည်း အများကြီးပဲ။ တစ်ချို့ဆို ပြည်ပမှာ အလုပ်လုပ်နေရင်း အချိန်ရခိုက် ကိုယ့်နိုင်ငံပြန်၊ မိဘ ဆွေးမျိုးတွေနှင့်တွေ့၊ တွေ့လို့မှ အားမရသေးမှီ ရသလောက် ရက်ကလေးအတွင်း သာသနာ့ဘောင် ဝင်ချင်တဲ့ သဒ္ဓါတရားကြောင့် ရဟန်းပြုလိုက်သေးတယ်။ ရှင် ရဟန်းအဖြစ်ဟာ ရခဲလှတဲ့ အရာတွေထဲက တစ်ခု (ဗဗ္ဗဇိတဘာဝေါ ဒုလ္လဘော) လို့ ရှင်တော် ဘုရား ဟောကြား သတိပေးတော်မူထားတယ် မဟုတ်ပါလား။ သဒ္ဓါတရားလည်းကောင်း ၊ ရည်ရွယ်ချက်ကလည်း ကောင်းနှင့်မို့ သာဓုခေါ်ထိုက်တဲ့ လုပ်ရပ်တစ်ခုပါ။

ဒါပေမဲ့ ဒီနေရာမှာ စေတနာ ဗလဘွ သိနေဟနှင့် သတိပေးချင်တာလေး တစ်ခု ရှိပါတယ်။ အစွဲကင်းကင်း၊ သာစေ နာစေဆိုတဲ့ ရည်ရွယ်ချက် အဖျင်းတွေ မပါရှိပဲ ဆွေးနွေးတင်ပြချင်ပါတယ်။ အဲဒါကတော့ ရဟန်းဝတ်တော့မယ်ဆိုရင် ကိုယ့်ဆရာဖြစ်မယ့် ဆရာတော်နှင့် ရဟန်းပြုမည့် ကျောင်းကို အသေအချာ ရွေးဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ များသောအားဖြင့်တော့ လူတော်တော်များများက အဲဒီ ရွေးချယ်မှုကို သိပ်မလုပ်ကြဘူး။ မြန်မာပြည်မှာက နီးရာ သွားပြီး ရဟန်းပြုလိုက်တာမျိုးလည်း ရှိတယ်။ ကိုယ်နှင့် ခင်မင် ရင်းနှီးနေတဲ့ ဆရာတော်မို့ သူ့ကျောင်းမှာပဲ သင်္ကန်းဝတ်လိုက်တယ်။ ဘိုးဘွား မိဘ အစဉ်အဆက် ကိုးကွယ်လာတဲ့ ဘုန်းကြီးမို့ ဆိုပြီး သူ့ထံ၊ သူ့ကျောင်းမှာပဲ သင်္ကန်းဝတ်လိုက်တတ်ကြတယ်။ ကျုပ်တို့ လူမျိုးက “ပုဂ္ဂိုလ်ခင်လျှင် တရားမင်”တတ်ကြတယ်လေ။

တကယ်တော့
တကယ်တော့ ကိုယ်မှာ အချိန်မရတဲ့အထဲ လုပြီး ရခဲလှတဲ့ ရှင်၊ ရဟန်းအဖြစ်ကို ခဏပဲ ဖြစ်ဦးတော့၊ လိုချင်လှလွန်းလို့ သင်္ကန်းဝတ်ရတာပါ။ ဒီတော့ ရဟန်းပြုရကျိုး နပ်ဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။ သေသေချာချာ မစီစစ်၊ မစဉ်းစားမိပဲ ဒီလို အလွယ်လုပ်မိတော့ တစ်ကယ်လို့များ မျှော်မှန်းသလို ကုသိုလ် မဖြစ်ပဲ အချိန်ပဲ ကုန်လာလျှင်၊ ဒါမှမဟုတ် သဒ္ဓါတရား ပျက်လာလျှင်၊ ဒါမှမဟုတ် ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဖြစ်လာလျှင် မခက်ပါလား။ ရဟန်းဘဝ ဆိုတာက သိက္ခာပုဒ်တော်တွေက အများသားပါကလား။ ရဟန်းတရား မရှိပဲ ပြည်သူ့ဆွမ်း စားရတာထက် ရဲရဲညီးနေတဲ့ သံတွေခဲတွေ စားရတာကမှ တော်သေးတယ်လို့ ဆိုပဲ။ ဒါ့အပြင် သက်သက်သာသာနှင့် စိတ်ကြိုက်နေချင်မှတော့ ဘာလို့ ရဟန်းဝတ်နေတော့မှာလဲ ဆိုတာကလည်း စဉ်းစားစရာ တစ်ချက်ပါ။

အချို့နေရာများမှ ပစ္စက္ခ သာသနာရေး အခြေအနေ
ခုနှစ်တွေမှာ တစ်ဖြေးဖြေးနှင့် စာသင်တဲ့ သံဃာတော် အရေအတွက်က နည်းနည်းလာပြီး ပြင်ပကျောင်းလို့ ခေါ်တဲ့ စာမသင်၊ တရားမထိုင်ပဲ နေလို့ရတဲ့ ကျောင်းတွေမှာ သံဃာတွေက များများလာပြီ။ ခေတ်နဲ့အညီ အတန်းသတ်မှတ်တာ၊ သင်ရိုးညွှန်းတမ်း ပြုပြင် ရေးဆွဲခြင်း မရှိပဲ ဒီအတိုင်း ပုံသေကြီး ဖြစ်နေတဲ့ စာသင်နည်း၊ တစ်တိုင်းပြည်လုံး တစ်ပြေးညီ စာဖြေနေရာကနေ (အာဏာနှင့်) ပြည်နယ်နှင့် တိုင်းခွဲပြီး စာမေးပွဲတွေ ကျင်းပစေလို့ အကျင့်ပျက် အရည်အသွေးကျပြီး စာသင်အား နည်းလာတာ စသည်ဖြင့် သံဃာတော်တွေ စာသင်နည်းလာပြီး လမ်းဘေးရောက်လာရခြင်းရဲ့ အကြောင်းတွေက အများကြီးပါ။ သံဃာ့နာယက အဖွဲ့ အဆင့်ဆင့်ရဲ့ သံဃာတော်များ အရေး လုပ်ဆောင်ချက် မရှိသလောက် အားနည်းတာဟာ အဓိက အကြောင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်က အစဉ်အလာကြီးတဲ့ ပခုက္ကူက စာသင်တိုက်ကြီး တစ်တိုက်မှာ အဆောင်တိုင်းနီးပါးမှာ ချဲထီဒိုင်ခံကြ၊ ရောင်းကြ၊ ထိုးကြ၊ သစ်စက်မှောင်ခို လက်ခံကြတဲ့ သတင်းကို နိုင်ငံခြား သတင်းဌာန တစ်ခု (ဒီဗွီဘီ)က ထုတ်လွင့်တာ ကြားလိုက်ရသေးတယ်။ အလွန်ပဲ စိတ်မသက်မသာ ဖြစ်ရပါတယ်။ စာရေးသူလည်း ကျောင်းဆောင်ပေါင်း အစိတ် သုံးဆယ်ခန့် ရှိတဲ့ အဝိုင်းတစ်ခုမှာ တည်းခိုဖူးတယ်။ ရိပ်သာ သုံးကျောင်းလောက်က လွဲလို့ ကျန်တဲ့ကျောင်း တစ်ကျောင်းမှ စာမသင်ကြဘူး။ ဒီအတိုင်း ချဲထိုး၊ နှစ်လုံးထီထိုးနှင့် ရက်၊ လ၊ နှစ်တွေ ကုန်ကြပေါ့။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ တရားတစ်ပုဒ်မှာ ကြားလိုက်ရတယ်။ ဟို သူ ရဟန်းမဝတ်ခင်တုန်းက သူသိတဲ့ ဘုန်းကြီးတွေဟာ စားပြီး အိပ်နေတာတွေချည်းပဲတဲ့။ ဒီလိုတွေ့ မြင်ကြရ ကြားကြရတော့ သဒ္ဓါတရားတွေ ပျက်ကုန်ကြတာပေါ့။

တစ်ချို့ ဒကာ ဒကာမတွေလည်း မသိနားမလည်ရှာကြဘူး။ ဒီတော့ အထက်မှာ ပြောခဲ့သလို ပုဂ္ဂိုလ်ခင်တော့ တရားမင်သွားကြပြန်တယ်။ ခင်ရာ ဆွေးမျိုးဆိုသလို ဘာစာမှ မသင်ပေမဲ့ ချဲနံပါတ်ပေး၊ ချဲအကြောင်း ထီအကြောင်း ပြောတဲ့ ကိုယ်တော်နှင့် ခင်မင်၊ ရင်းနှီး၊ လှူကြတန်းကြနှင့်ပေါ့။ ဒီတော့ အဲဒီလို အပြင်ကျောင်းမှာ နေတဲ့ ကိုယ်တော်တွေက ဘာစာမှ သင်စရာ မလိုပဲ ဆွမ်းကွမ်း ပြည့်ပြည့်စုံစုံ၊ အသုံးအဆောင် စုံစုံလင်လင် ချမ်းချမ်းသာသာနှင့် နေကြရတယ်။ ဒီတော့လည်း မပြည့်မစုံနှင့် ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ စာသင်နေကြရှာတဲ့ ကိုယ်တော်လေးတွေက သူတို့ကို အားကျပြန်တယ်။ ဒီလိုနှင့် သူတို့လည်း စာမသင်တော့ပဲ သူတို့လို လိုက်နေကြပြန်တယ်။ ဒီလိုနည်းနှင့် စာသင်သံဃာတွေ အပြင်ကျောင်း (ကျောင်းစည်းကမ်း အရ ပရိယတ္တိဖြစ်စေ၊ ပဋိပတ္တိဖြစ်စေ လုပ်စရာ မလိုတဲ့ကျောင်း) ရောက်ကုန်ကြတာ မနည်းမနောပါပဲ။ တစ်ချို့နေရာနှင့် တစ်ချို့ ကျောင်းတွေမှာ ဒီလိုမျိုး ဖြစ်နေတဲ့ ပစ္စက္ခ သာသနာရေး အခြေအနေကိုတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံ အသိအမှတ်ပြုရမှာပဲ။ ဒီလို အမှန်ဖြစ်နေတာကို အသိအမှတ်မပြုလျှင် ပြုပြင်နိုင်ဖို့ ပို အားနည်းမယ်။ အားနည်းပြီး ပြုပြင်မှု မရှိလျှင် တစ်စတစ်စနှင့် အားလုံးအတွက် လုံးပါးပါးသွားနိုင်ပါတယ်။

တစ်ချို့လူတွေက အထက်က ပြောခဲ့သလို သဒ္ဓါတရား ရှိလွန်းလို့ မရတဲ့ အချိန်လေးကြားက အချိန်လုပြီး သင်္ကန်းဝတ်ကြပေမယ့် အဲဒီလို ကျောင်းတွေ သွားဝတ်မိတော့ ကိုသိုလ်ထက် အပြစ်က ပိုများသလို ဖြစ်ကြရတယ်။ ဘာမှ မလုပ်ပဲ စား၊ အိပ်၊ ချဲထိုး၊ ဗွီဒီယိုပဲ တစ်နေကုန် ထိုင်ကြည့်တဲ့ ကျောင်းကို သွားဝတ်မိပြီး အလိုမကျ ဖြစ်ကြရတယ်။ ထွက်ပြီး ပြောင်းဝတ်ဖို့ကလည်း မလွယ်။ တစ်ချို့လည်း ရောယောင်ပြီး ကျောင်းခံ ကိုယ်တော်တွေလို ဖြစ်သွားကြတယ်။ တစ်ချို့လည်း အလိုမကျ ဖြစ်ကြရတယ်။ တစ်ချို့လည်း အထင်သေးပြီး သဒ္ဓါတရား ပျက်ကုန်ကြတယ်။ အဲဒီလိုတွေ မဖြစ်ခဲ့ရင်တောင် သေချာ စဉ်းစားကြည့်တော့ ကုသိုလ် သိပ်မဖြစ်လှဘူးပေါ့။

စဉ်းစားပြီး ရွေးချယ်သင့်
ဒါကြောင့်မို့ ရဟန်းဝတ်တော့မယ် ဆိုလျှင် ကိုယ့်ရဲ့ ဆရာဖြစ်မည့် ဆရာတော်ကို အရင်ဆုံး စဉ်းစားသင့်တယ်။ တစ်ချို့လူတွေက ကိုယ့်အလို လိုက်တာကို ကြိုက်ကြတယ်။ ဘယ်ဘုန်းကြီးက သူ့ကို ဘယ်လို အရေးပေးကြောင်း စတဲ့ မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ပြန်ပြောတာတွေကို အတော်ပဲ ကြုံဖူးပါတယ်။ တကယ်က အဲဒါမျိုးတွေက အရေးပါလှတာ မဟုတ်ပါဘူး။

ကိုယ် မသိသေးတာတွေကို သင်ပြမယ်။ ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို အဆင်ပြေ မပြေ၊ ကုသိုလ်ဖြစ်ကြောင်း ဘယ်လောက် လုပ်ဖြစ် မလုပ်ဖြစ် စတာတွေကို ကြည့်ရှုပြီး စိတ်ထဲမှာတင် တေးမှတ်မထားပဲ လိုအပ်သလို ပြောဆိုဆုံးမပေးတဲ့ သူသာ တကယ့် ဆရာ တော်ထိုက်တာပါ။

ဆရာနှင့် ပတ်သက်လို့ မန်လည်ဆရာတော်ဘုရားကြီးက “နာနာ ကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင် မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” လို့ အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ကတော့
နိဓီနံဝ ပဝတ္တာရံ၊ ယံ ပေဿ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။
(အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသော ရွှေအိုးကို ပြောကြားလာသူ ကဲ့သို့ ထင်မှတ်ကြည့်ရှု၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ် သောသူအား မြတ်၏၊ မယုတ်ပါပေ။) လို့ မိန့်တော်မူခဲ့ပါတယ်။
(ဓမ္မပဒ၊ ၇၆၊ ထေရ၊ ၉၉၃၊ သာရိပုတ္တသုတ္တနိဒ္ဒေသ)

ဒီနေရာမှာ မေးစရာ ရှိတာက “နှိမ်ချဆုံးမလေ့ ရှိသော” ဆိုတဲ့ စကားက ဘာကို ဆိုလိုတာပါလဲ။ တကယ်တော့ တစ်ယောက်က တစ်ယောက်ကို အထင်အမြင်သေး၊ မတူ မတန်သလို ချိုးနှိမ်ပြီး ဆက်ဆံတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့။ တပည့် တစ်ပါးက ရဟန်း သာမဏေတို့နှင့် မသင့်လျှော်တာကို ပြောတဲ့၊ ပြုတဲ့ အခါမှာဖြစ်စေ၊ ရဟန်း သမဏေတို့ရဲ့ အပြောအဆို၊ အမူအကျင့်၊ အနေအထိုင် စတာတွေနှင့် လွဲချော်နေတဲ့ အခါမှာဖြစ်စေ ဆရာက မြင်လျှင် ပြောဆို ဆုံးမရမှာပါ။ အဲဒါမျိုးတွေကို မြင်လျှက်နှင့် “ဒီကိုရင်က ငါ့ကို ရိုရိုသေသေ ဆည်းကပ် ပြုစု လုပ်ကျွေးနေတာ။ ဒီ ဦးဇင်းကတော့ သူ့မိသားစုက ငါ့ကို လှူတန်း ဆည်းကပ်နေတာ။ သူ့ကို ပြောဆိုလိုက်လျှင် ငါ့ကို ပြုစု လုပ်ကျွေးတော့မှာ မဟုတ်ဘူး၊ ငါ့ကို လှူဒါန်းတော့မှာ မဟုတ်ဘူး” လို့ တွေးပြီး ပြောဆို ဆုံးမမှု မပြုပဲ နေတာမျိုးကို နှိမ်ချဆုံးမလေ့ မရှိဘူးလို့ ပြောလိုတာ ဖြစ်ပါတယ်။ ရဟန်း သာမဏေတို့နှင့် မသင့်မတော် ချွတ်ချော် လွဲမှားနေတာတွေကို တွေ့မြင် ကြားသိလျှင် ကိုယ်ကျိုးမငဲ့ပဲ တပည့်အကျိုးကိုပဲ ငဲ့ကွက်ကာ (အကျိုးကို လိုလား ကောင်းမြတ်သော နှလုံးသားဖြင့်) အပြစ်ကို ထောက်ပြ ဖွင့်ပြော ဆုံးမလေ့ရှိသူကို “နှိမ်ချဆုံးမလေ့ ရှိသော” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ်သော သူအား မြတ်၏၊ မယုတ်ပါပေ” ဆိုတဲ့ စကားမှာ “မြတ်၏” ဆိုတာကတော့ ကုသိုလ်တရား တိုးပွားတာ၊ အကျိုးများတာ စသည့် ကောင်းကျိုးတရား တိုးပွားတာကို ပြောတာဖြစ်ပြီး၊ “မယုတ်ပါပေ” ဆိုတာကတော့ အဲဒီလို ကောင်းကျိုးတရားတွေ မဆုတ်ယုတ် မပျက်စီး မလျော့ပါးဘူးလို့ ဆိုလိုတာပါ။


နောက်တစ်ခုက ကိုယ် နေထိုင်ရမည့် ကျောင်းရဲ့ အခြေအနေ၊ စည်းမျဉ်း စဉ်းကမ်း စတာတွေကို အကြမ်းဖျဉ်းလောက်တော့ လေ့လာပြီး ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ့် အလိုလိုက်ပြီး ပြောဆိုဆုံးမမှု မပေးတဲ့ ကျောင်း၊ သင်ကြားမှု၊ တရားထိုင်စေမှု၊ ရဟန်းသစ်ရဲ့ ကုသိုလ်တရား တိုးပွားမှုတွေ အတွက် လိုအပ်တာတွေကို ကြည့်ရှု စောက်ရှောက်မှု စသည် မရှိတဲ့ ကျောင်းမျိုးကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။ လူ့ဘဝမှာ မိဘနှင့် ပတ်ဝန်းကျင်က အရေးကြီးသလို ရဟန်းဘဝမှာလည်း ဆရာဘုန်းကြီးနှင့် ပတ်ဝန်းကျင်က အရေးကြီးပါတယ် ရဟန်းဝတ်ဖြစ်တဲ့ ခဏမှာ တတ်နိုင်သမျှ ကုသိုလ်ဖြစ်ဖို့က အရေးအကြီးဆုံး မဟုတ်လား။ ဒါကြောင့် ရွေးချယ်မှုပြုဖို့နှင့် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ဖို့ အရေးကြီးပါတယ်။

ဘယ်နေရာကို ရွေးချယ်ရမှန်း မသိဖြစ်နေတဲ့ ဒုလ္လဘရဟန်း ဝတ်မည့်သူအတွက် အသင့်တော်ဆုံး နေရာကို ယေဘုယျသဘော ညွှန်ပြရလျှင်တော့ တရားရိပ်သာတွေဟာ အကောင်းဆုံး နေရာတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ မဖြစ်မနေ တရား အားထုပ်နေရတာမို့ ကုသိုလ်ဖြစ်ခွင့် များနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အထူးပြု ပြောလိုတာက တစ်ခြား ဆရာကောင်းတွေ၊ နေရာကောင်းတွေလည်း အများကြီး ရှိပါတယ် ဆိုတာကိုပါပဲ။ စာသင်တိုက်တွေကတော့ သံဃာတော်မြတ် အများအပြားကို စာပေပို့ချ အုပ်ချုပ်နေရတာမို့ အလုပ်ရှုပ်နေနိုင်ပြီး ကိုယ့်အပေါ် အာရုံစိုက်နိုင်ချင်မှ စိုက်နိုင်မယ်လို့ ထင်ပါတယ်။ ပရိယတ္တိအလုပ်ကို ကြိုးစားပြီး လုပ်နေကြတဲ့ သံဃာတော်အပေါင်းရဲ့ ဂုဏ်ကို အာရုံပြုကာ လေးမြတ်စွာ ရှိခိုးပါကြောင်းလည်း အခွင့်သင့်တုန်း ဖော်ပြပါရစေ။

အချုပ် တင်ပြရလျှင်တော့ ရွေးချယ်ဖို့ လိုပါတယ်။ ဒီ ရွေးချယ်ခွင့်ဟာ သင့်ရဲ အခွင့်အရေး ဖြစ်ပြီး သင်ကိုယ်တိုင် စဉ်းစား ဆုံဖြတ် ရွေးချယ်ရမှာပါ။ ထို့နည်းတူ ရွေးချယ်မှုနှင့် အတူ ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်ကလည်း သင့်ရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။

မေတ္တာစိတ်ဖြင့်
ဘုန်းဉာဏ်

ဓာတ်ပုံများကို http://myomamusic.com/photo/photo/list မှ ယူပါသည်။

Read more...

နာနာဘာဝနှင့်တွေ့ဖူးသူများ(၆)

Wednesday, 06 April 2011 08:18 | Written by မေတ္တာဥယျာဉ် |
နာနာဘာဝနှင့်တွေ့ဖူးသူများ (၆)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“ကွယ်လွန်ကြရင် မကျွတ်လွတ်ကြတဲ့ ပြိတ္တာ(နာနာဘာဝ)တွေ ဖြစ်ကြတာက များဟန် တူတယ်ဗျ” ဟု စာချဆရာတော်များ ဆွမ်းဝိုင်း၌ ပိဋကတ်နှစ်ပုံ ခွဲဆောင် စာချ ဦးသုနန္ဒက စကားစလာသည်။

“ဟုတ်လောက်တယ်၊ ဘာလို့လဲဆိုရင် သေသူကို ခေါ်နိုင်စွမ်းရှိတဲ့ ဆရာတွေက တဆင့် ခေါ်ရင် ရောက်လာကြတာ များတယ်ဆိုတော့၊ အနီးအပါး မှာဘဲ ပြိတ္တာ(နာနာဘာဝ)ဖြစ်နေတာမို့ပေါ့” ဟု စာချတစ်ပါးက မှတ်ချက်ပြုသည်။

“ဗုဒ္ဓဘာသာ အများစုမှာ အကုသိုလ် ကြီးကြီးမားမား မရှိကြပေမယ့် ကွယ်လွန်ခါနီး မှာတော့ သမီးသားဇနီးမယား စီးပွားဥစ္စာတွေကို ပုထူဇဉ်ပီပီ စွဲလန်းပြီး သေကြရတာက များကြလို့ ထင်ရဲ့” ဟု စာချတစ်ပါးက ထောက်ခံသည်။ထောက်ခံမည်ဆိုလည်း ထောက်ခံချင်စရာ။

“အနုသယကိလေသာဆိုတာ ခန္ဓာမှာ ဖြစ်ဖို့အသင့်လေ၊ သာမန် စိတ်ဓာတ်မျိုးနဲ့ ပိုင်းဖြတ်နိုင်ဖို့ဆိုတာ အခက်သားကလား၊ တရားအားထုတ် ကြရာမှာလဲ လောက်လောက် လားလား တရားထုတ်ကြသူတွေက အနည်းအကျဉ်းရယ်၊ ရိပ်သာသံယောဇဉ်၊ ကမ္မဋ္ဌာနာစရိယ သံယောဇဉ် အစွဲတွေနဲ့ တရားထိုင် တတ်ကြတာက များလှတယ် ၊ ပြီးတော့ ရိပ်သာမှ ထွက်ရင် ကိလေသာက ထူမြဲ၊ အကုသိုလ်ကလည်း မကင်းနိုင်ကြ၊ နေ့စဉ်လည်း တရားထိုင်ဖြစ် ကြတာ မဟုတ်တော့ အခွင့်သာလိုက်တာနဲ့ နာနာဘာဝ (ပြိတ္တာ) ဘဝကို ရောက်စေတတ်တဲ့ လောဘ ဖြစ်တော့တာဆိုတော့ မကျွတ် မလွတ်ဖြစ် မယ်ဆို ဖြစ်ချင်စရာ”ဟု စာရေးသူကလည်း နှိုင်းနှိုင်း ချိန်ချိန် ပြောဖြစ်၏။

နောက်နေ့တွင် တိုက်တိုက် ဆိုင်ဆိုင် ကွယ်လွန်သူ မိခင်ကို အကြောင်းပြု ကပ်လှူသော အထိမ်းအမှတ် ဆွမ်းသွတ် ကုသိုလ်ပွဲသို့ ကြွရသည်။ ရဟန်းတော် များသာမက ကျောင်းက ကိုရင်လေးတွေ အားလုံးကိုလည်း ပင့်ကြ၏။ ရေသန့် ပုလင်းများကိုလည်း လှူဒါန်းဖွယ်ရာအဖြစ်နဲ့ အစီအရီ တွေ့ရ၍ မေးကြည့်တော့-
“ အမေက သူကွယ်လွန်ခါနီးမှာ ရေငတ်ပြီး သေရတာဖြစ်လို့ ရေလှူပေးပါလို့ ပြောတယ်၊ နောက် ကျောင်းက ကိုရင်လေးများကိုလည်း အကုန်ပင့် ပါဆိုလို့”ဟု သမီး ဖြစ်သူက လျှောက်ထားပါသည်။

ကွယ်လွန်သူ ဒကာမကြီးက စာရေးသူကို လွန်ခဲ့သော(၁၄)နှစ်က သိမ်ထပ်ပေးထားသော ရဟန်းအမဖြစ်၍ မိသားစုနှင့် မစိမ်းလှ၍ “ဟဲ့ နင့်အမေက ဘယ်လို လာပြောလို့တုန်း”ဟု မေးရာ-
“တမြန်နေ့က သာကေတက ဆရာကို သွားမေးတာ၊ ၊ပြောတာတွေ အားလုံးမှန်တယ်၊ ကွယ်လွန်တုန်းက ဝတ် သွားတဲ့ အဝတ်ကစ၊ အိမ်ရှိမိသားစုတွေ အမည်အားလုံး ကွက်တိဘုရား”ဟု လျှောက်ပါသည်။

သာကေတဖက်မှာ ကွယ်လွန်သူ၏ ဝိဉာဉ်ကို ခေါ်ပေးနိုင်စွမ်းရှိသော ဆရာရှိအကြောင်းကို ယခင်ကပင်ကြား ဖူးထား၏။ ဖျာပုံဖက်က အတူနေ တပည့် ဦးဇင်းတစ်ပါး သူ့ရဟန်းအမ ကွယ်လွန်တုန်းကလည်း မေးဖူး၍ မှန်ကန်ကြောင်းကို ထိုတုန်းကပင် သိထား၏။

“အေးဗျ၊ ခေါ်လို့ မေးလို့ ရတယ်ဆိုရင်တော့ တို့ဘုရားဟော အလိုဆိုရင် ပြိတ္တာ(နာနာဘာဝ)ဖြစ်နေတာ ကုသိုလ်ပြု၊ အမျှအတမ်းပေးဝေလို့ ကြားသိပြီး သာဓုခေါ်နိုင်ရင် ကျွတ်လွတ်ရင်တော့ ဘဝကောင်း၊ ဂတိကောင်း ရောက်နိုင်ပါတယ်၊ နင့်အမေကို အမည်ခေါ်ပြီး ကျကျနန အမျှပေးဝေပါ” ဟု ပြောပြရသည်။

“ဟဲ့ နေစမ်းပါဦး၊ နင့်အမေက ယခု ဘယ်မှာ ရောက်နေတယ်လို့ပြောလဲ” ဟု တဖန် မေးပြန်ရာမှာတော့။
“ဆရာတော့် ဘုရားဝင်းက တံခွန်တိုင်နဲ့ အိမ်နဲ့ ကူးနေတာတဲ့ဘုရား” ဟု ပြန်လျှောက်ပါမှ စာရေးသူ ကျောချမ်းတော့သည်။

စာရေးသူသည် အမှတ်(၁) စစ်မှု့ထမ်းဟောင်းစံပြရွာ၊ (လေးဒေါင့်ကန်)ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လွန်ခဲ့သော ၁၉၉၄-ခုနှစ်ကစပြီး ထိုရွာတွင် ဘုန်းတော်ကြီးကျောင်းမရှိ၍ ကျောင်းတိုက်အသစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါ ဘုရား ကျောင်းကန်များဖြင့် အတော်ပြည့်စုံလာ ၏။

ရွာက ဒကာ ၊ ဒကာမများသည် မိသားစုဝင်တစ်ဦး သေဆုံးပါက ထုံးစံအတိုင်း ရက်လည်ဆွမ်းသွတ်ကြ၏။ သစ်ခက် သစ်ကိုင်းဖြင့်လည်း သေသူကို ညနေပိုင်း သုသာန်သွား ဖိတ်ထားကြ၏။ နောက်နေ့ ဆွမ်းသွတ်ပြီးပါက ထိုသစ် ခက်သစ်ကိုင်းကို သုသာန်သို့ ပြန်မပို့ကြတော့ဘဲ ကျောင်းဘုရား ဝင်းတွင် လာရောက် ထားလေ့ရှိကြသည်။

ယခင် ဘုရားမတည်ခင်က ကျောင်းဝင်းအတွင်းရှိ ဗောဓိပင်၌ လာထားကြ၏။ ဘုရားတည်ပြီး နောက်မှာ ဘုရားပတ်လည် စိုက်ပျိုး ထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်တို့၏ ဗောဓိပင်များတွင် လာရောက်ထားကြသည်။

ထို့ကြောင့် “ ဆရာတော့် ဘုရားဝင်းက တံခွန်တိုင်နဲ့ အိမ်နဲ့ ကူးနေတာတဲ့ ဘုရား” ဟု ပြန်လျှောက်ခြင်းဖြစ်၏။ စာရေးသူက ဥပုသ်နေ့များတွင် တရားဟောရင်း အမြဲထည့်ပြောနေရသည်။ “ခင်ဗျားတို့ ဖိတ်တုန်းကဖိတ်ပြီး အိမ်မှာ မထားဘဲ။ ကျုပ်ကျောင်းဘဲ လာထားကြတယ်။ အဲဒါ မှတ်ထား၊ “မသေခင်ချစ်၊ သေလျှင်ပစ်၊ အနှစ်မပါ ငါ့ခန္ဓာ”တဲ့။ ထားကြပါ၊ မကျွတ်မလွတ်တဲ့ ကုသိုလ်ကောင်းကျိုးမျှော် နာနာဘာဝ အမှန် ဖြစ်နေ ရင်လည်း ကျောင်းမှာက အမြဲ ဘုရားဝတ်တက်၊ သီလဆောက်တည်၊ တရားထိုင်၊ တရားနာပြီး အမျှပေးဝေနေတော့ ကုသိုလ်ယူ သာဓုခေါ်နိုင်ရင် ဘဝ
ကောင်း၊ ဂတိကောင်း ရောက်သွားကြမှာဘဲလို့” ပြောကာ ခွင့်ပြုပေးနေရသည်။

မထားပါနဲ့လို့ မပြောရက်သဖြင့် ခွင့်ပြုပေးထားရသည်။လူ့ခန္ဓာကို စွန့်သွားကြသော သတ္တဝါတို့၏ ဘဝယန္တရား သည် ဘုရားçရဟန္တာ မဖြစ်သေးသမျှ ရပ်ဆိုင်းသွားခြင်းမရှိ။ ဆက်ဖြစ်ကြရ၏။ ကြားဖူးကြသည့် ဂတိငါးပါး တစ်ပါးပါး ရောက်ကြရမည်။ ထိုဂတိငါးပါးတွင် ပေတဂတိသည် ရည်ညွှန်း ကုသိုလ်ပြုပေးခြင်းဖြင့် ကောင်းရာမွန်ရာ ဘဝရောက် နိုင်သည်။ ဒါတောင် သေသူမှာ သူလွန်ကျူးခဲ့သည် အကုသိုလ်ကုန်ခြင်းနှင့် သီလရှိသူ သံဃာဖြစ်ခြင်း အင်္ဂါနှစ်ရပ်ပြည့် စုံရသေးသည်။

မြင်နိုင်ကောင်းသော အရာများမဟုတ်၍ ကျောင်းဘုရားဝင်းတွင် ရှိနေကြသလား၊ မရှိကြဘူးလားဆိုတာ မည်သူမျှ တတ်အပ်မပြောနိုင်ပေ။ ရွာက ကွယ်လွန်ပြီး မကျွတ်လွတ်သူတွေ မရှိကလည်း အခြား မကျွတ်လွတ်ကြသော ပြိတ္တာ နာနာဘာဝတွေကတော့ ရှိနေကြမှာပါဘဲ။

ရုပ်နာမ်ဟူသော သင်္ခါရလောကသည် ပုဂ္ဂိုလ်သတ္တဝါဟုခေါ်ဆိုသော သတ္တလောကပေါ်တွင် မှီကြရသည်။ သတ္တလောကသားတို့သည်လည်း (၃၁)ဘုံခေါ် ဩကာသလောကတွင် မှီတင်း နေထိုင်ကြရကုန်၏။ ပေတလောကသားတို့သည် သတ္တလောကစာရင်းဝင်ဖြစ်၍ အမှီနေရာ၌ သာ ဖြစ်တည်နေကြရမြဲ။ ထို့ကြောင့် သတ္တလောကမရှိသော ဩကာသလောမည်သည် မရှိနိုင်။

ယမန်နှစ်က ဒီဇင်ဘာ တရားစခန်းတွင် သီလရှင် ဆရာလေးတစ်ဦးက တရားမှတ်နေရင်း သူ့အာရုံထဲတွင် ဤကျောင်းတိုက်ဝန်းကျင်မှာ အဘိုးအိုအဖွားအို ပေတတွေ အများကြီးဟု တရားစစ်ရင်းလျှောက်၍ “အိမ်း ဘုန်းကြီးရွာက အငြိမ်းစား စစ်မှု့ထမ်းဟောင်းရွာဆိုတော့ အဘိုးအို၊ အဖွားအိုတွေချည်း များသကွယ့်၊ သေကြတာလည်း သက်ကြီးရွယ် အိုတွေ၊ ဆရာလေးရဲ့ စိတ်မှာ ထင်တာတေ ဟုတ်ချင်လည်းဟုတ်မယ်၊ အမျှပေးဝေပေးပါ။ အဲဒါတွေမြင်တာက တရားရှု မှတ်ခြင်းမှ လမ်းလွဲနေတယ်၊ရှုသိစိတ်ကို အရှုခံအာရုံပေါ်ရောက်အောင် ပြန်တင်ပြီး ရှုပါ၊ နိမိတ်အာရုံနောက် စိတ်မလိုက်ပါဖို့ လိုတယ်” ဟု ပြောဖြစ်ခဲ့သည်ကို အမှတ်ရပြီး “ငါ့ရွာက၊ ကွယ်လွန်သွားကြတဲ့ ဒကာကြီး၊ ဒကာမကြီးတွေ ငါ့ကျောင်းဝင်းအတွင်း အမှတ်ပင် ရှိနေကြတာလားမသိ” ဟုပင် အတွေးဝင်မိပါသေးသည်။

နေ့လည်ပိုင်း ယင်းဒကာမကြီးရဲ့ဒကာကြီး ကျောင်းလာပြီး စကားပြောလို့ “ခင်ဗျား ဒကာမကြီးက သားတွေ သမီးတွေတော့ မေးပြီး ဗိုလ်ကြီးကိုတော့ မမေးဘူးလား” ဟု မေးရာ-
“နောက်ကျောက သုဒ္ဓေါတော့ မပါဘူးဘုရာ့” ဟု ဖြေရှာသည်။ (စစ်မှုထမ်းဟောင်းရွာဖြစ်၍ ရွာက ဒကာကြီးများကို စာရေးသူက ယခင်ရာထူး အတိုင်း ခေါ်လေ့ရှိသဖြင့် ဗိုလ်ကြီးဟု ခေါ်ခြင်းဖြစ်သည်။)

“ကြေကွဲစရာပေါ့နော်” “ ဗိုလ်ကြီးကရော သတိမရဘူးလား”
“ဘဝတွေခြားပြီးကိုဘုရာ့၊ ဘုရားရှိခိုးတဲ့ အချိန်ဆို အတူတူဘုရား ရှိခိုးနေကြမို့ အဲဒီအချိန်တော့ သတိရသား ” တဲ့။ အဖိုးကြီးမှာ မျက်ရည်များပင် သီသီဝေ့လို့ ဖြေရှာသည်။

သမုဒယနွယ် တွယ်ငင်ရစ်ဖွဲ့ ချည်နှောင်ခဲ့သည်က ကာလကကြာရှည်၊ ငယ်ကပေါင်းခဲ့သည့် ငယ်ပေါင်းတွေမို့ လွမ်းငွေ့တွေက ဝေဆဲ၊ လွမ်းတေးတွေက သီဆိုလို့ မဆုံးနိုင်၊ သမုဒယနွယ်ဆိုတာ ဖြတ်ဖို့က အတော်ခက်လှ၍ သမုဒယ အမျှင်တန်းဖြင့် သေခန်းဖြတ်ကြရပေမယ့် ပုထုဇဉ်တို့အဖို့ ဘဝသာခြားသည်၊ သံယောဇဉ်က မကုန်နိုင်ကြ၍ မကျွတ် လွတ်နိုင်ဘဲ ပေတဘဝတွေ ဖြစ်ကြရတာ မဆန်းလှ။

“ဆရာတော်ရယ်၊ သေကွဲ ကွဲကြရတာ သံယောဇဉ်ကုန်ကြလို့မှ မဟုတ်တာ၊ မိသားစုဘဝတွေဆိုတာ သံယောဇဉ်က ဖြတ်နိုင်ခဲသားကလား၊ သမီးများက သွားမေးကြတာဘုရာ့၊ ဒီလို မကျွတ်နိုင်တဲ့ဘဝတွေ ဖြစ်ကြမှာဘဲ” ဟု တွေးတွေးဆဆဖြင့် ပြောပြပြီး၊ သူငယ်စဉ် သူဇာတိရွာ တွင် ဖြစ်ခဲ့သည့် အကြောင်းအရာများကို ဤသို့ဖေါက်ချပါတော့သည်။

“ တပည့်တော်က ကျိုက်လတ်မြို့၊ ဝဲဒေါင့်ရွာသားဘုရား၊ ရွာက ဦးချစ်စုဆိုတဲ့လူြွေမကိုက်လို့ သေဆုံးပြီး သူက အိမ်မက်ပေးတယ်ဘုရာ့” “ဘယ်သူကို ပေးတာလဲ” ဆိုတော့၊ ရွာထဲက မအေးတင်ကို ပေးတာ။ ဘယ်လိုပေးတာလဲ ဗိုလ်ကြီးဆိုပြန်တော့။

“ဂုံမင်းဟင်းချိုသောက်ချင်လို့ ၊ သူအသက်ရှင်စဉ်က လုပ်ကိုင်တဲ့ လယ်ကွင်းအနီး ကမ်းနားက ထိန်ပင်မှာ ခု နေရတယ်၊အဲ အမေကို ပြောပြပေးပါ၊” ထမင်းပို့သလိုမျိုး တောင်းထဲမှာ ထည့်လာခဲ့ပါ၊ အဲဒီ ထိန်ပင်အောက်ရောက်ရင် ချစ်စုရေ၊ ချစ်စုရေ-လို့ သုံးကြိမ်ခေါ်ပါ၊သူ ယခု မဝရေစာ စားနေ ရတယ်၊ နားလည်းလေးနေတယ်၊ ဒါကြောင့် ကျယ်ကျယ်ခေါ်ပေးပါလို့” အိမ်မက်ပေးတာဘုရာ့။
“အဲဒီတော့ သူအိမ်မက်ပေးတဲ့အတိုင်း သွားကျွေးရောဆိုပါတော့”

“ကိုချစ်စု အမေက မယုံဘူးဘုရာ့၊ ဒီတော့ သွား မကျွေးဘူးပေါ့”၊
“ယုံဖို့ဆိုတာကလဲ ခက်သားကလား ဗိုလ်ကြီးရဲ့၊ ကိုယ်တိုင်ကိုယ်ကျ သိရမြင်ရတာမှ မဟုတ်တော့တာ” ။

“ ဒါတော့ ဒါပေါ့ ဘုရား၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သိပ်အပန်းကြီးတာမှ မဟုတ်တာ သေသူ့ဆန္ဒကို ကျန်သူများက ဖြည့်ပေးကြရ

မှာပေါ့။ တပည့်တော်သမီးတွေက ဒီအတိုင်းတွေပြီး သူတို့အမေဆန္ဒကို မနက်ကဖြေ့ပေးကြတာဘုရား၊ သေသူမရရင် ဆွေမျိုးတွေရ၊ ဆွေမျိုးတွေ
မရရင် ကုသိုလ်အလုပ် အားထုတ်ကြတဲ့ မိသားစုတွေရဆိုပြီး ” ဆရာတော်ဘဲ ဟောနေတာ အချည်းနှီး မဟုတ်ဆိုဘုရာ့” တဲ့။

“ ကဲ ဟုတ်ပါပြီ ဆက်ပါဦး နောက်တော့ ဘာတွေ ဆက်ဖြစ်သေးလဲ”
“ ကိုကျော်ရန်အမ တောကအပြန်မှာ ချောက်သတဲ့၊ သူမက မကြောက်လို့ ငုံးယောင်ဆောင်ပြီး ခြောက်ပါမှ လန့်သွားတာ။အဲဒီကျမှ ဝင်စီးပြီး ပူးပြောတယ်ဘုရာ့” တဲ့။

“ ဘယ်လို စီးပြီးပူးပြောတာတုန်း ဗိုလ်ကြီးရဲ့ ဆက်ပါဦး” ဟု စာရေးသူက စိတ်ဝင်စွာ တိုက်တွန်းဖြစ်၏။
“ကျော်ရန်တို့များကွာ သူငယ်ချင်းအရင်းကြီး ဖြစ်ပြီး ငါ့ကို ဘာမှ မကျွေးဘူး၊ သူကျတော့ အမဲသားဟင်းနဲ့ စားနေတယ်။ ငါ့မှာ စပါးကျီ(စပါးဂိုဒေါင်)

စောင့်ကြီး ကျဲချတာလေးနဲ့ဘဲ မဝတဝ စာနေးရတယ်” တဲ့။

ကျန်သူများက “ဟဲ့ ချစ်စု၊ နင့်အမ(အမေ)ကို ခေါ်ပေးရမလား ဆိုတော့”
“အမ(အမေ)ကို မခေါ်နဲ့၊ အမက မကျွေးလို့ ငါဘာမှ မစာရဘူး၊ အမကို ပြောလိုက် အလှူအတန်းလေးလုပ်ပြီး ငါ့ကို အမျှဝေပါလို့ ” ပြောပြီး ဝင်ပူးနေခြင်းမှ ထွက်သွားကြောင်းကို ပြောပြသည်။

မကျွတ်လွတ်ကြသည့် တမလွန်ဘဝရောက်ကြသူများသည် မိမိတို့ချစ်ကျွမ်းဝင်သူများကို အိမ်မက်ဖြင့်သော်လည်းကောင်း၊ အခြားပူးဝင်ခြင်းဖြင့် သော်လည်းကောင်း အသိပေးတတ်ကြသတဲ့။

စာရေးသူတို့ငယ်စဉ်က ထိုကဲ့သို့ နာနာဘာဝက ပူးပြော၊ အိမ်မက်ပေးပြောရင် သူစားချင်သော ထမင်းဟင်း များကို တောင်းထဲတည့်၍ ညနေအချိန် ရွာပြင်ထွက်၊ ဖက်ရွက်ပေါ်တွင် ထမင်းဟင်းပုံပြီး သေသူ၏အမည်ကို ခေါ်ကာ ကျွေးပေးရ၏။ ဒါကို ဒေသအခေါ် ခေါစာပစ်သည်ဟု ဆိုကြသည်။ ထိုကိစ္စကို ရွာသားဖြစ်သူ အဘညက်ကြီးက ဆောင်ရွက်ပေးလေ့ ရှိသည်။ စာရေးသူတို့ ဘုန်းကြီးကျောင်းသားများ ညနေကျောင်းဆင်းချိန် ရွာပြင် လယ်ကွင်းထဲတွင် အဘညက်ကြီး ခေါစာပစ်နေသည်ကို မကြာမကြာတွေ့ရ၏။ တွေးတိုင်း အဘညက်ကြီးကိုယ်တိုင် စားနေတာကိုလည်း အမြဲမြင်တွေ့ကြရ၏။

ရွာသူ(စုန်းမ)ပူးပြောက ထိုနည်းအတိုင်း စုန်းမ စားချင်သောဟင်းကို တောင်းထဲထည့်ပြီး လူခြေတိတ်ချိန် ညပိုင်းတွင် ရွာထဲမှာပင် ကျွေးပေးရ သည်။ ယင်းကို ဒေသအခေါ် ရွာချသည်ဟု ဆိုကြသည်။

စာရေးသူ၏အဖွားသည် မကြာမကြာ စုန်းပူးခံရလေ့ရှိ၍ အဘကိုယ်တိုင် လူခြေတိတ်ချိန် ညပေါင်းများစွာ၌ ရွာချရလေ့ရှိပါသည်။ အဘကို ဘယ်စုန်းမ လာစားသလဲလို့ မေးရင် ရွာထဲက ခွေးတွေသာ လာစားကြောင်း အမြဲ ပြောသည်။အမေကြီး(အဖွား)ကတော့ “ အဲဒါ စုန်းမက ခွေးယောင်ဆောင် လာစားတာ ” ဟု အမြဲ ထုချေလေ့ရှိ၏်။

ကျေးလက်ရှိ အရွယ်လွန် ဇနီးမယားတို့သည် စုန်းပူးခံရသည်ဟူသော အကြောင်းပြချက်ဖြင့် ခင်ပွန်းသယ်၏ ဂရုစိုက်မှု့ကို ခံယူလိုစိတ် ရှိဟန်တူသည်ကို ယခုအရွယ်ရောက်မှ စာရေးသူ စဉ်းစားမိပါသည်။ ဘကြီး(အမေ၏အစ်ကို) ၏ဇနီး အရီး မသိန်းလည်း မကြာမကြာ စုန်းပူးခံရရုံမျှမက နတ်လည်း ဝင်းပူးတတ်သဖြင့် ဘကြီးမှာ ရွာချလိုက်ရ၊ ကနားပေးလိုက်ရဖြင့် လုပ်ပေးနေရသည်မှာ အရီး မသိန်း သေမှ နားရသည်။

မြေးဖြစ်သူငမောင် ရှင်ပြုတုန်းက ရေစက်ချကာနီး အရီးမသိန်း ဝင်ပူးခံနေရလို့ ဘကြီးမှာ အကြိုက်ဆောင်ပေးနေရသဖြင့် ကိုယ်တိုင်ရေစက်ပင် မချနိုင်ခဲ့ကြောင်းကို ဦးလေးဖြစ်သူ ကိုသန်းထွန်းပြောပြ၍ သိရ၏။

ယခင်က နှစ်စဉ်နှစ်တိုင်း စာရေးသူသည် ဇာတိရွာသို့ ပြန်၍ ကထိန်ခင်းလေ့ရှိ၏။တစ်နှစ်တွင် ကထိန်ပြီးနောက်နေ့၌ စာရေးသူ၏ အစ်ကို လတ်ဖြစ် သူ မောင်ကျော်မြင့်၏ဇနီး မအေးမြင့် စုန်းပူးကြောင်းကို စောစောစီးစီး ကျောင်းသို့ သတင်းရောက်လာ၏။

“ အင်း ဒို့ မိသားစုတွေကလည်း စုန်းပူးခံရလို့ကို အဆုံးနိုင်ပါလား” ဟု စားရေးသူမှာ တွေးမိ၏။ အမေ ဆွမ်းအုပ်လာပို့လို့ မေးကြည့်တော့ ဆရာဦးမြင့်စိုး ဆေးထိုးပေးလို့ ကောင်းသွားကြောင်း ပြောပြသည်။ ရွာမချရလို့ တော်ပါသေးရဲ့-ဟု အမေ့ကို ပြောရသည်။

အမေကြီး စုန်းပူးခံရတိုင်း အဘအပေါ် သူ၏မကျေနပ်ချက်တို့ကို ပြောပြီး အမြဲ ပွဲကြမ်းလေ့ရှိ၏။ အလားတူ အရီးမသိန်းကို စုန်းပဲပူးပူး၊နတ်ပဲဝင်ဝင် “ဘကြီး ဘာဖြစ်မယ်၊ညာဖြစ်မယ်နဲ့” ဆိုကာ ခြိမ်းချောက်လေ့ရှိသည်ကို စာရေးသူ သိထားသဖြင့် “မင်းမိန်းမ မအေးမြင့် မနက်က စုန်းပူးတော့ ဘာတွေပြောလဲဆိုတာ ငါပြောပြနိုင်တယ်၊ အမေနဲ့မင်းအပေါ် သူမကျေနပ်ချက်တွေကို တစ်တစ်ခွခွ ပြောတယ်မဟုတ်လား” ဟု အစ်ကိုဖြစ်သူကို မေးရာ၊ ဟုတ်မှန် ကြောင်း ပြောပြ၍ “မင်း မိန်းမ စုန်းပူးခံရတာ အင်ကြီး ထင်ပါတယ်ကွာ၊အေး နောက် မင်း ဆေးဖိုးမကုန် ချင်ရင် တော့ မိန်းမကို များများချစ်ပြ” ဟု ပြောလိုက်ရ၏။

တွေ့မြင်ကြသူတို့ ပြောပြချက်အရ နာနာဘာဝ ပြိတ္တာမှန်သမျှ ပိဋကတ်တော်၌ ပြဆိုသည့်အတိုင်း စုတ်စုတ် ပြတ်ပြတ်ချည်းသာ ဖြစ်ကြသည်။
ပိဋကတ်တော်လာ ပြိတ္တာ နာနာဘာဝ(၃)မျိုးကို ဤသို့ ပြဆိုထားသည်။
ခုပ္ပိပါသ-အမြဲတမ်းငတ်မွတ်ဆာလောင်နေရသော ပြိတ္တာ။
ပရဒတ္တူပဇီဝီ-လူသားတို့၏ ပေးကမ်းမှုဖြင့် အသက်ရှင်နေရသော ပြိတ္တာ။
နိဇ္ဈာမတဏှိက-အမြဲပူလောင်မှုဖြင့် ဆာလောင်နေရသော ပြိတ္တာ-တို့ ဟူ၍ ဖြစ်သည်။

ယခု နာနာဘာဝဟူ၍ ပြောနေကြသော ပြိတ္တာသည် ပရဒတ္တူပဇီဝီ-လူသားတို့၏ ပေးကမ်းမှုဖြင့် အသက်ရှင်နေရသော ပြိတ္တာဖြစ်၏။ ကုန်မကုန်သရွှေ့ မစားကြရသော်လည်း ငတ်ငတ်ပြတ်ပြတ်ဖြင့် အသက်ရှင်သန်နေနိုင်သည်။
ပြိတ္တာများတွင် အသေငယ်ဆုံးသော ပြိတ္တာသည် နှမ်းစေ့၊မုန်ညင်းစေ့ကို ကိုးစိပ်ဆယ်စိပ် စိပ်ပြီး တစ်စိပ်စာ ပမာဏမျှ သေးငယ်ကြကုန်၏။ ထို့ကြောင့် တစ်နေရာထဲမှာပင် ပြိတ္တာပေါင်း များစွာနေနိုင်ကြသည်။

“ဆရာ့တော်ကျောင်း ဘုရားဝင်းထဲမှာ သစ်ခက်သစ်ကိုင်းများကို လာထားကြတာဆိုတော့ ဆရာတော့ကျောင်းမှာ နာနာဘာဝတွေ အများအပြား ရှိနေမှာနော်” ဟူ၍ စာရေးသူ ကြောက်တတ်မှန်းသိ၍ ခြောက်နေသေး၏။

“အံမယ် ဗိုလ်ကြီးကလဲ နာနာဘာဝဆိုတာ နေရာတိုင်းရှိတတ်တာပါနော်၊ မမြင်ကြရလို့သာ မမြင်တာ၊ ဘုန်း ကြီး တန်ဆောင်မုန်းလတုန်းက ဥက္ကံမြို့ မတ္တရာကျောင်းကို ကထိန်ညတရား သွားဟောတယ်။အဲဒီကျောင်းမှာ ယခင်ကျောင်းထိုင်ဆရာတော်ကြီးက တစ်ပါးတည်း သီတင်းသုံးတာ၊ ညညဆို ကျောင်းအရှေ့ဖက်က သုသာန်သွားပြီး တရားအားထုတ်သတဲ့၊ သရဲတွေက မချောက်တဲ့အပြင် ဆရာတော်ကြီးကျောင်းကို သူခိုးဓားပြတွေ မဝင်နိုင်အောင်လို့ စောင့်ရှောက်တောင်ပေးကြဆိုဘဲ၊ ယခုလည်း ကွယ်လွန်သွားကြသူများကို ဘုန်းကြီးက တရားစခန်းတွေလုပ်ပြီး အမျှပေးဝေ နေတာမို့ သူတို့ကလည်း ဘုန်းကြီးကို ပြန်စောင့်ရှောက်ကြဦးမှာပါ” ဟု ရယ်ဖွယ်ပြန်ပြောလိုက်၏။

ဗိုလ်ကြီးကိုလည်း ဘုန်းကြီးက ဖြစ်ရပ်မှန် နာနာဘာဝဇာတ်လမ်းလေးပြောရဦးမယ်။ နာမည်နဲ့ဆေးရုံကိုတော့ထည့်မပြောတော့ဘူးနော်၊ဒါပေမဲ့ အမှန်ဖြစ်ခဲ့တာ။

ရန်ကုန်မြို့၊ပုဂ္ဂလိကဆေးရုံကြီးတစ်ရုံရဲ့ ရှယ်ခန်းမှာ လူနာစောင့် အမျိုးသမီးက သနက်ခါးသွေးထားပြီး ရေချိုး တယ် ။ရေချိုးပြီးပြန်ထွက် လာတော့ သွေးပြီးသား သနက်ခါးတွေ မရှိတော့ဘူးတဲ့။ အခန်းထဲမှာလည်း သူနဲ့လူနာသာရှိတာ၊ ပြန်သွေးပြီး လိမ်းမည်လုပ်တော့ တစ်စုံ တစ်ယောက်က လုပြီးလိမ်းသလိုမျိုး အကြိမ်ကြိမ် ဖြစ်နေလို့ မနေရဲကြတော့ဘဲ အဲဒီ အခန်းရဲ့ အောက်တည့်တည့်အခန်းကို ပျောင်းပြီး တက်ကြရသတဲ့။

ညပိုင်းမှာတော့ အပေါ်ခန်းမှ တဒုံးဒုံးတဒိုင်းဒိုင်းဖြစ်နေလို့ အစောင့်တွေကို ခေါ်ပြောရတယ်၊ဆေးရုံစောင့်တွေ၊ သူနာပြုတွေ အားလုံးကြားကြရ သတဲ့။ ဆေးရုံပိုင်ရှင်ကို ပြောပြကြရတာပေါ့။ ဆေးရုံပိုင်ရှင်က ဘုန်းကြီးပင့် ပရိတ်ကမ္မဝါစာရွတ်ပြီး နှင်ထုတ်လိုက်တယ်။ဒါပေမယ့် ပြဿနာက ပြီးမသွားဘဲ ပိုင်ရှင်ကို အိမ်မက်ပေးပါတယ်။

“ဘယ်လို အိမ်မက်မျိုးပေးတာလဲဘုရား”
“ သူဟာ ဒီဆေးရုံကြီး မဆောက်ခင်ထဲက ဒီမှာ နေလာတာပါတဲ့။ဒါကြောင့် သူ့အတွက် နေရာသစ်ပေးပါလို့ အိမ်မက်မှာ လာပြောရှာသတဲ့။ အဲဒီဆေးရုံကြီးမှာ သူ့အတွက် နေရာပေးထားတယ်ဆိုပဲ။ ဒါကြောင့် နာနာဘာဝကင်းတဲ့ နေရာမရှိဘူးလို့ ပြောတာပေါ့” ဟု ပြောပြီး စကားကို လက်စသတ်လိုက်သည်။

ဗိုလ်ကြီးအငြိမ်းစား အဖိုးအို ပြန်သွားအပြီးမှာတော့ သိမ်ကျောင်းပေါ်မှနေ၍ ဘုရားဝင်းအတွင်းရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်တို့၏ အမှတ် အသား ဗောဓိပင်များရှိရာသို့ မျက်နှာမူကာ ဤဝန်းကျင်တွင် ကုသိုလ်ကောင်းမှု့၏ကောင်းကျိုးကို မျှော်လင့်အားထား မကျွတ်မလွတ်ကြသူ နာနာဘာဝများရှိပါက ဤကျောင်းတိုက်တွင် ဆောင်ရွက်အားထုတ်အပ်သော ကုသိုလ်ကောင်းမှုများကို ကြားကြပါစေ၊ သိကြပါစေ၊ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေ၊ဤကောင်းမှု့ကြောင့် မြင့်သော၊မြတ်သော ဘဝဂတိတို့သို့ ရောက်နိုင်ကြပါစေဟူ၍သာ အမျှပေးဝေ လိုက်ရပါတော့သတည်း။-

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK] 2011-ခု၊ ဧပြီလ ၆-ရက်၊ ဗုဒ္ဓဟူးနေ့ ။

Read more...

မဟာသင်္ကြန် အစီစဉ်



ကုသိုလ်လုပ်ရမှာ မကြောက်ကြနဲ့ ။
ချမ်းသာရမှာ ကြောက်သလို ဖြစ်သွားမယ်။
မြတ်စွာဘုရားရှင်အား
စိတ်ထားကြည်ကြည်လင်လင်လေးနဲ့ 
ရေပူဇော်ကြမယ်နော်။




ဒီလိုလေး ရေပက်ချင်ရင်တော့ လူစုလာခဲ့ကြပါ။
လာတဲ့ လူအချင်းချင်း ရေပက်ကြပေတော့။

ဝါ၀ါပန်းတွေတော့ရှိတယ်။တွေ့ တယ်။
ပိတောက်ရွှေဝါတော့ မဟုတ်ဘူး။
( လွမ်းမိသေးတယ်၊ ပန်းရွှေဝါ )




ဟိုး ရှေး အခါက ဟောသလိုမျိုး
ယဉ်ကျေးသိမ်မွေ့ စွာ
အ၀တ်လုံခြုံစွာနဲ့ ပဲ
မြန်မာ မဟာသင်္ကြန်မှာ
ရေပက်ရေလောင်း ပြုလုပ်ကြတယ်။
( တကယ်တော့ ကိုယ်လည်း အဲဒီခေတ်ကိုမမီ။
ပုံတွင်သာ မြင်ဖူး၏)။



သင်္ကြန်ပွဲတော်ကို အောက်ပါအစီစဉ်အတိုင်း ကျင်းပ သွားပါမည်။


သင်္ကြန်ပွဲတော် အစီစဉ်


ဧပြီလ ၁၃ရက် အတွက် အထူး အစီစဉ်
မဟာသင်္ကြန် အကြိုနေ့ 

၁။ မနက် ၈ နာရီမှ ၉ နာရီ အထိ မြတ်ဘုရားကျမ်းဂန်များကို ရွတ်ဖတ်ပူဇော်ခြင်း

၂။ မနက် ၉ နာရီမှ ၁၀ နာရီခွဲ မြတ်စွာဘုရားအား ရေသပ်ပါယ် လှူဒါန်းခြင်း

၃။ မနက် ၁၀နာရီခွဲမှ ၁၁နာရီအထိ ပရိတ်တရား ရွတ်ဖတ်ခြင်းနှင့်
သင်္ကြန်အနုမောဒနာ ဟောကြားခြင်း

၎။ မနက် ၁၁ နာရီမှ ၁၂ နာရီအထိ ဆွမ်းအလှူခံ၊ နေ့ ဆွမ်းဘုဉ်းပေးခြင်း

၅။ မနက် ၁၂နာရီမှ နေ့ လည် ၁ နာရီတွင်
လာရောက်ကြသော လူပရိသတ်များ နေ့ လည်စာ သုံးဆောင်ခြင်း

၆။ နေ့ လည် ၁ နာရီမှ ၂ နာရီအထိ သန့် ရှင်းရေး ပြုလုပ်ကြခြင်း

၇။နေ့ လည် ၂ နာရီမှ ၃ နာရီအထိ မြတ်စွာဘုရားအား ရေသပ်ပါယ် လှူဒါန်းခြင်း

၈။ည ၇နာရီခွဲမှ ၈ နာရီခွဲ အထိ မြတ်ဘုရားကျမ်းဂန်များကို ရွတ်ဖတ်ပူဇော်ခြင်း

မှတ်ချက်။ ။ နေ့ စဉ် ညစဉ် ၁၃ရက်မှ ၁၇ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ
မနက် ၈နာရီ တစ်ချိန် ည ၇ နာရီခွဲ တစ်ချိန် ပုံမှန် တစ်နေ့  နှစ်နာရီနှုန်း
ပူဇော်သွားမည် ဖြစ်ပါသည်။


အသိပေး ဖိတ်ကြားလွှာ


ရပ်ဝေးရပ်နီး နိုင်ငံရပ် အသီးသီးမှ မှီတင်းနေထိုင်ကြကုန်သော
သူတော်စင် မြန်မာ မိသားစုတို့ အား တရားတော် နာယူနိုင်ရန်အတွက်
တိုက်တွန်းနှိုးဆော် အသိပေး ဖိတ်ကြားလိုက်ပါသည်။

ဗောဓိဝိဟာရကျောင်းတိုက်
ဖရိုက်ဇင်းမြို့ ၊ ဂျာမဏီနိုင်ငံ
အသင်းဂေါပက
(ကိုယ်စား)

အရှင်တေဇောဘာသ ( မြင်းခြံ)


မြတ်ရောင်နီ
( ၀၆ ၊ ၀၄ ၊ ၂၀၁၁ )

Read more...

ကိုမိုးကောင်း ၏ ကျန်းမာရေးစရိတ် ကူညီသူများစာရင်း(နောက်ဆက်တွဲ)

ကိုမိုးကောင်း ၏ ကျန်းမာရေးစရိတ် အတွက် ဆက်လက်ကောက်ခံရရှိမှုကို တင်ပြပါသည်-

(၁)ဒေဂူး စိတ္တသုခလူမှုကူညီရေးအသင်း ဝမ် သုံးသိန်း
(၂)ဆရာတော်ဦးဝိစိတ္တ ......................ဝမ် ငါးသောင်း
(၃)ဒေါက်တာ ဒေါ်နီနီ.........................ဝမ် ငါးသောင်း
(၄)ကိုမင်းနိုင်...................................ဝမ် ငါးသောင်း
(၅)ကိုထွန်းအေးကျော်........................ဝမ် ငါးသောင်း
(၆)ကိုညီဇော်...................................ဝမ် သုံးသောင်း
(၇)ကိုစိုးသန်း..................................ဝမ် နှစ်သောင်း
(၈)ကိုသီဟဇော်...............................ဝမ် နှစ်သောင်း
(၉)ကိုကျော်သူဆန်း..........................ဝမ် နှစ်သောင်း
(၁၀)ကိုဇော်သူသက်ဝင်း.....................ဝမ် နှစ်သောင်း
(၁၁)ကိုမျိုးမြင့်ဦး..............................ဝမ် နှစ်သောင်း

ကျန်းမာရေးစရိတ်ကူညီလိုသော သူငယ်ချင်းများ၊အခြေအနေ စုံစမ်းသိရှိလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။
(၁)ကိုမော်ကြီး (ဖုန်း- ၀၁၀ ၆၅၅၁ ၄၄၄၀)
(၂) ကိုရွှန်းဝင့်နွယ်(ဖုန်း-၀၁၀ ၅၁၃၂ ၅၂၉၉)
(၃) ကိုဇေယျာတင့် (ဖုန်း-၀၁၀ ၉၈၃၈ ၁၉၈၆)

ဘဏ်အကောင့်..... 07 91 0004685
DAEGU BANK
MAUNG KYAW KYAW MIN
Posted by cittasukha 5:39 AM 0 comments

Read more...

အတိတ်ကောက်မှား... (ဖျာပုံတင်ဝင်းနိုင်) ကဗျာ

Read more...

လျှပ်စစ်မီးတိုင်များ လဲလှယ်ပြီးစီးခြင်း

အလှူရှင်များ
မေတ္တာရှင်ဆရာတော်မှ မတည်ငွေ (၃၀၀၀၀၀) သုံးသိန်းကျပ်။
ကိုဖြိုးကိုထက် ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး ၁၅၀၀၀၀ တစ်သိန်းငါးသောင်းကျပ်။

ဝင်းဝင်းဖယောင်းတိုင် အမွေးတိုင်မိသားစု မှ ၁၀၀၀၀၀ တစ်သိန်းကျပ်။
ကိုထွန်းထွန်း (စင်ကာပူ) ၅၀၀၀၀ ငါးသောင်းကျပ်။
မအိချို(စင်္ကာပူ) ဓါတ်တိုင်အလှူငွေ (50S$) = ၃၄၅၀၀ ကျပ် သုံးသောင်းလေးထောင်ငါးရာကျပ်။
ကိုမောင်ဇော်မင်း(ကယ်လီဖိုးနီးယား) US $50 = ၄၆၀၀၀ ကျပ် လေးသောင်းခြောက်ထောင်ကျပ်။
မေတ္တာရှင်ဆရာတော်မှ ထပ်မံလှူဒါန်းငွေ ၃၀၀၀၀၀ သုံးသိန်းသိန်းကျပ်။
ဦးကောဝိဒ ၂၀၀၀၀ နှစ်သောင်းကျပ်။
ဒါယကာ ကိုဇော်လတ် (စကားဝါ) လမ်းမီးချောင်းတစ်ချောင်းတို့လှူဒါန်းခဲ့ကြပါသည်။
လျှပ်စစ်မီးတိုင်များ လဲလှယ်ခြင်းကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၄) နေ့တွင် လဲလှယ်ပြီးခဲ့ခြင်းဖြစ်ပါသည်။

5398432.jpg

5398433.jpg

5398407.jpg

5398411.jpg
0 comments

Read more...

*ကဗျာထဲမှာ တရားရှာ…*


“ကဗျာထဲမှာ တရားရှာ”

လေးစားရိုသေစွာဖြင့်

ဖိုးသား

Read more...

ယဉ်ကျေးမှုသင်တန်း

(၁၃၇၁) ခုနှစ် တပေါင်းလပြည့်ကျော် (၄) ရက်နေ့
ဗုဒ္ဓဘာသာဝန္ဒနာ ဆိုင်ရာ ယဉ်ကျေးမှု သင်တန်းကို စတင်ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့ပါသည်။ တည်ရာဋ္ဌာန- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာ၊ ရေလည်ကျောင်းတိုက်တာအတွင်း၌ ကျင်းပခဲ့ပါသည်။သင်တန်း၏ သတ်မှတ်အဆင့်များမှာ အခြေခံအဆင့်၊ ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့် ဟူ၍ အဆင့်အားဖြင့် ငါးဆင့်ကို စီစဉ်ပြီး ဖွင့်လှစ်ခဲ့ရာ အခြေခံအဆင့်ကို အားလုံးသော ကလေးသူငယ်များ သင်ကြားစေပါသည်။
ပထမ ကနဦးနှစ်၌ ကျောင်းသူ၊ ကျောင်းသားပေါင်း (၁၅၀) ကျော်တို့ စတင်ခဲ့ရာအားလုံးထဲမှ ဆံကာတင် ကျန်ရစ်သော ကျောင်းသား၊ ကျောင်းသူပေါင်း (၂၄) ယောက်ဖြင့် အောင်ပန်းတွေ ပွင့်လန်းခဲ့ပေသည်။ ရာခိုင်နှုန်းအားဖြင့် နည်းသော်လည်း ရှေ့နှစ်လှမ်းတိုး၍ နောက်တစ်လှမ်းဆုတ်ခြင်းသည်လည်း အောင်မြင်မှုပေ။
(၁၃၇၂)ခုနှစ် တပေါင်းလပြည့်ကျော် (၄) ရက်နေ့
ယခုနှစ်၌ကား အခြေခံအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့် ပေါင်းသုံးဆင့်ကို သင်ကြားပေးနေပါသည်။ ယဉ်ကျေးမှုဆိုင်ရာ သင်တန်းကို တက်ရောက်ကြသော သင်တန်းသူ၊ သားအပေါင်း (၁၅၀) ကျော်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အခြေခံအဆင့်၌ (၃၀) ကျော်၊ ပထမအဆင့်၌ (၁၀၀) ကျော်နှင့် ဒုတိယအဆင့်၌ (၂၀) ကျော်တို့ကို သင်ကြားလျှက် ဗုဒ္ဓ၏အခြေခံတရားတို့ကို သင်ကြားသူတို့၏ နှလုံးသားဝယ် ဘုရားတစ်ဆူတည်သကဲ့သို့ သင်ကြားပို့ချလျှက်ရှိပါသည်။
ဒီနေရာမှာ ကုံလုံဆရာတော်ကို ၄င်း၏ဆရာမှ ဆုံးမစကားတစ်ခွန်းကို တင်ပြပါရစေ။ အဘယ်နည်းဟူမူကား-ဆရာတော်လေးရေ..အထက်ကိုနေပါဦး အောက်ကိုလုံအောင်ဖုံးပါ- ဟူသော ဆုံးမစကားကို တိုတိုနဲ့လိုရင်းကို ခြုံငုံပြီး ဆုံးမစကားကို မြွက်ဟခဲ့ပါသည်။ အကျွန်ုပ်သည်လည်းပဲ ထိုဆုံးမစကားကို တစ်ဆင့်ခံ နာယူပြီး သကာလ ’’အော်..ဟုတ်ပေသားပဲ သိပ်လိုအပ်သော အချက်ပေတကား’’ ဟု သတိချပ်မိပေသည်။ အဓိပ္ပါယ်ကား- ဦးစွာပထမ ယခုခေတ်ကာလမှာ သာသနာလုပ်ငန်းအများစုကို လေ့လာစေလိုပါသည်။ ဘယ်ဟာက သာသနာမှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေပါသနည်း။ အစောကဆုံးမစကားထဲမှ အထက်ဆိုတာနဲ့ ယခုလုပ်ဆောင်နေသော ၀ိပဿနာ လုပ်ငန်းတွေနှင့် ကိုက်ညီနေပေသည်။ဝိပဿနာလုပ်ငန်းများကား ထွန်းကားနေပေသည်။ ထွန်းကားတွင်ကျယ်နေသော လုပ်ငန်းကို ကုံလုံဆရာတော်အား မလုပ်စေလိုသေးပဲ မတွင်ကျယ်သေးသော လူတိုင်းလိုလို ဂရုမထားမိသေးသော အောက်ကိုလုံအောင် ဖုံးခိုင်ခြင်းသည် ကလေးသူငယ်ကလေးများကို ဗုဒ္ဓစာပေနှင့် နီးနိုင်သမျှ နီးအောင် အနည်းဆုံးအားဖြင့် ဘုရားရှိခိုးတတ်၊ ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး စသည် တို့ကို ကပ်တတ်အောင် ဆရာတော်က အောက်ဟုသုံး၍ လုံအောင် ဖုံးခိုင်းခြင်းပေတည်း။ အလွန်တရာမှပညာရှိပီသစွာ ပညာသားတို့ဖြင့် ဆုံးမထားပေသည်။
ထိုစကားကား မှန်၏။ အဘယ်ကြောင့်ဆိုသော် လူကြီးဟူသည် ကလေးမှ ဖြစ်ပေါ်လာရသည်မဟုတ်ပါလော့။ ကလေးဘ၀မှ သင်ကြားပေးလိုက်သော စာပေတို့သည် ၄င်းတို့ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ရင်ထဲတွင် ဘုရားတစ်ဆူတည်ပေးခဲ့သော အုတ်မြစ်သည် ခိုင်သည်ထက်ခိုင် မြဲသည်ထက်မြဲလာမည်။ ခိုင်မာမြဲမြံလာခဲ့သော အုတ်မြစ်ကို အခြေတည်၍ နောင်လာလတံ့သော သာသနာကို ပုခုံးပြောင်း သယ်ဆောင်ကာ အဓွန့်ရှည်ကြာမည်မဟုတ်ပါလော့။ သာသနာ၏ ညီနောင်များကို ဤနေရာ၌ မှာချင်သည်မှာ မိမိတို့၏ မွေးဖွားရာဇာတိနေရာများ၊ သာသနာ ထွန်းကားမှု အားနည်းနေသော နေရာ၊ မိမိတို့ လက်လှမ်းမှီရာ နေရာဒေသ အားလျှော်စွာ သာသနာ့လုပ်ငန်းများကို ထွန်းကားစေလိုသော ဆန္ဒများ ပြင်းပြကြပါလျှင် ကုံလုံဆရာကို ဆုံးမသော သြ၀ါဒကို နည်းခံကာ အောက်ကို လုံအောင် ဖုံးစေလိုပါသည်။ သို့ကြောင့် ညီနောင်တို့အား အထူးတိုက်တွန်းစေလိုသည်ကား ဘာသာရေးကို မသိနားမလည်သေးသော ကလေးသူငယ်များကို နှလုံးသားဝယ် ဘုရားတည် ပြီး သာသနာပြုကြပါဟု တိုက်တွန်းလျှက် သာသနာအတွက် ကြိုးစားရင်းဖြင့် ပီတိပွားစေအပ်ပါသတည်း။

Read more...

အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အလှူ

E-mail

အလှူမှတ်တမ်းများ - လစဉ်အလှူမှတ်တမ်းများ
စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ အောင်ဇေယျာမင်း ပရိယတ္တိ စာသင်တိုက်/ ပရဟိတကျောင်း၊ အလယ်ရွာကြီးကျေးရွာ၊ လှိုင်သာ ယာမြို့နယ်၊ ရန်ကုန်တိုင်းသို့ လှူဒါန်းမှုအား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက် လှူဒါန်းခဲ့ပါသည်။ သွားရောက်ချိန်တွင် ယခင်စုံစမ်းခဲ့တဲ့ သီးလရှင်နှင့်ကျောင်းသူလေးများအသုံးပြုရန် ရေချိုး ကန် တည်ဆောက်နေဆဲဖြစ်ပြီး အမိုးနှင့် အကာများ မပြုလုပ်ရသေးဘဲ ဖြစ်နေမှုကို ဆက်လက် အပြီး သတ်တည်ဆောက်နိုင်ရန်နှင့် အခြား လိုအပ်ရာ အသုံးပြုနိုင်ရန်အတွက် အလှူငွေ ၈၆၄၀၀၀/ိ- ကျပ် လှူဒါန်းခဲ့သည်။ လှူဒါန်းမှု မှတ်တမ်းအစုစုတို့အား ပတ္တာနုမောဒနာ ဖြစ်နိုင်ပါစေရန်နှင့် အပရစေတနာ ပွားများနိုင်စေရန် အလို့ငှာ မှတ်တမ်းပုံများဖေါ်ပြလိုက်ပါတယ်။

အလှူမှတ်တမ်းဓာတ်ပုံများ

Read more...

ပြောင်းဖူးနှင့် နှလုံးရောဂါ

ပြောင်းဖူး စားသုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။
ပြောင်းဖူးသည် ပူနွေးစိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းသော အသီးအနှံတမျိုး ဖြစ်သည်။ ပြောင်းဖူးသည် ချိုသော အရာသာရှိသည့်အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။
ပြောင်းဖူးတွင် ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အမိုင်နိုအက်ဆစ်နှင့် အသားဓာတ်များလည်း ပါဝင်သည်။ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံးသွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်သည်ဟု အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ရုံသာမက ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်ဟု ကနေဒါဆေးသိပ္ပံ ပညာရှင်များက ပြောကြား ခဲ့သည်။

မင်းစောထက်
Label-ကျန်းမာရေး

Read more...

ထိုင်းက တတိယ နိုင်ငံ ထွက် မည့် သ-မြန်မာများ ကို အိမ်ပြန်ခိုင်း မည်

ထိုင်း အစိုးရ ၎င်း ၏ နိုင်ငံ တွင်း ရှိ မြန်မာ ဒုက္ခသည် များ ဆက်လက် ထား ရှိ လို တော့ ခြင်း မရှိ
တော့ ဟု ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။ ထိုင်း – မြန်မာ နယ်စပ် တွင် ဒုက္ခသည် စခန်း
၉ ခု ထက် မနည်းရှိပြီး ၁၄၅ ၀၀၀ ကျော် နေထိုင်ကြသည်။

၁၉၈၀ ပြည့် လွန် နှစ် များ တွင် နယ်စပ် တိုက် ပွဲ များ ကြောင့် ဒုက္ခသည် စခန်းများ ကို စတင် တည်
ထောင် ခဲ့ရသည်။ ထိုင်း အစိုးရက စခန်း တွင်းသာ မက မြို့ ပေါ် နေ ဒုက္ခသည် များ နှင့် နိုင်ငံ ရေး
ခိုလှုံ သူများ ကို လည်း အလို မရှိ တော့ ဟု ပြောသည်။

Thailand wants Myanmar asylum seekers to go home - official

THcamp510
Myanmar's ethnic Karen children look out from their school at the Mae La refugee camp near the Thailand-Myanmar border, October 2010. REUTERS/Damir Sagolj
MAE SOT (AlertNet) – Thailand has no plan to give refugee status to tens of thousands of asylum seekers living in crowded camps along the border with Myanmar, a senior regional official says.
Samart Loifah, governor of Tak province which is home to the largest camp, said it was time to consider starting a programme to get people to return to Myanmar voluntarily.
And he urged international donors to reduce spending on the camps to encourage people to leave.
Loifah rejected international requests that Thailand restart an abandoned screening process to determine which people are genuine refugees from Myanmar, as opposed to economic migrants.
Since the 1980s hundreds of thousands of people have fled Myanmar, formerly known as Burma, following repeated military crackdowns on ethnic minorities and political activists.
There are around 145,000 people in nine camps on Thailand’s western border with Myanmar. But about 50,000 of them have not been screened and are not registered with the Thai authorities, according to Thailand Burma Border Consortium (TBBC), an NGO which has worked with refugees from Myanmar for 25 years.
“The province and the ministry of interior have no policy to give them refugee status. We do not think a screening process is a good idea,” Loifah told AlertNet.
“There are tens of thousands in these camps who have no refugee status but they refuse to leave so we have to continue giving them shelter and assistance.”
Aid agencies and donors have asked Thailand to restart its refugee screening and registration process at the camps which they say has been dormant since 2005.
The European Commission, the United Nations refugee agency (UNHCR) and TBBC have also pressed the Thai government to loosen restrictions on the movement of residents and allow them to work outside the camps so they become more socially integrated.
The government says it is considering the proposal, but observers say it is unlikely that Thailand, already struggling with more than a million illegal Myanmar migrants, would agree to such a request.
Loifah said the asylum seekers destroyed natural resources in the province and made the locals feel they were better cared for than Thais.
Their presence has also strained relations with Myanmar which thinks Thailand is “giving shelter to a resistance movement”, he said.
NEW ARRIVALS
The first camps along the border were set up in 1984 after a major offensive by the Myanmar army against ethnic Karen insurgents pushed 10,000 Karen refugees across the porous border.
Since then, sporadic clashes, political and economic instability and abuse and discrimination towards indigenous ethnic groups has continued to fuel an influx of asylum seekers.
But critics say food aid, healthcare, education and skills training and possible resettlement are encouraging people to cross the border and seek shelter in the camps.
Some 65,000 refugees have been resettled in third countries in the past five years, mainly in the United States. Yet the camp population remains the same, partly due to births but also due to new arrivals.
Dave Mathieson of Human Rights Watch said while abuse of the resettlement programme was a concern it should not “obscure the fact that the replenishment of the people in the camps is because of the continuing human rights violations in eastern Burma”.
TIME FOR VOLUNTARY RETURN?
Despite the formation of a new civilian government in Myanmar last week, few believe things will change fundamentally especially in ethnic regions.
However, donors are concerned about whether everyone in the camps is a genuine refugee.
“If you talk to people from the camps, it is difficult to determine who has fled from fighting and who is there for economic and/or educational reasons,” David Verboom, head of the regional office of the European Commission’s humanitarian aid office ECHO, told AlertNet.
“As a humanitarian donor, with limited funding, our job is to target and support the refugees that are in the camps based on humanitarian needs.”
Loifah said Myanmar was no longer violent and “we should start considering asking them to return voluntarily”.
But the United Nations’ refugee agency UNHCR said voluntary returns should only happen if there was no longer any fighting and refugees could sign papers saying they wanted to go back.
“That means Myanmar would have to be welcoming them home and guaranteeing their rights when they go home. UNHCR would need to be able to monitor their safety when they go home. It’s fairly clear that none of these conditions exist right now in the areas these refugees come from,” said UNHCR spokeswoman Kitty McKinsey.
Loifah said he would be happy to work with the European Union and the UNHCR if they started reducing spending on assistance to the camps to persuade residents to leave.
“Ideally, the province would like to be able to set a deadline for closing these camps but realistically, it’s hard to do so because of international organisations. So it’s likely to drag on,” he added.
See also: A life in limbo; Inside Thailand’s Myanmar refugee camps

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP