ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Monday, April 4, 2011
အသုဘ(၁၀)ပါးနှင့် သမထကမ္မဋ္ဌာန်း ( ၄၀ )
ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်နှင့်၊
တစ်ဆယ် နုဿတိ၊ လေးရှိ ပမညာ၊ ဧ သညာတည့်၊
တစ်ဖြာ ဓာတု၊ လေးခု အရူ၊ ပေါင်းရုံးယူ၊
ရေမူ ကမ္မဋ္ဌာန်းလေးဆယ်တည်း ။
ကသိုဏ်း ၁၀ ပါး
အသုဘ ၁၀ ပါး
အနုဿတိ ၁၀ ပါး
အပ္ပမညာ ၄ ပါး
အာဟာရေ ပဋိကူလသညာ ၁ ပါး
စတုဓာတု ၀၀တ္ထာန် ၁ ပါး
အာရုပ္ပ ကမ္မဋ္ဌာန်း ၄ ပါး အားဖြင့် ပေါင်း သမထကမ္မဋ္ဌာန်း လေးဆယ် ဖြစ်၏။
ကသိုဏ်း ( ၁၀ ) ပါး
ဤနေရာ၌ ကသိုဏ်းဆိုသည်မှာ အလုံးစုံကို ခြုံမိအောင် ရှုရသော ကသိုဏ်းဝန်း ကမ္မဋ္ဌာန်းအာရုံ ဟု ဆိုလို သည်။
၁။ ပထ၀ီကသိုဏ်း မြေကသိုဏ်း
၂။ အာပေါကသိုဏ်း ရေကသိုဏ်း
၃။ တေဇောကသိုဏ်း မီးကသိုဏ်း
၎။ ၀ါယောကသိုဏ်း လေကသိုဏ်း
၅။ နီလကသိုဏ်း အညိုရောင်ကသိုဏ်း
၆။ ပီတကသိုဏ်း အ၀ါရောင်ကသိုဏ်း
၇။ လောဟိတကသိုဏ်း အနီရောင်ကသိုဏ်း
၈။ သြဒါတကသိုဏ်း အဖြူရောင်ကသိုဏ်း
၉။ အာလောကကသိုဏ်း အလင်းရောင်ကသိုဏ်း
၁၀။ အာကာသကသိုဏ်း အာကာသဟင်းလင်းပြင်ကသိုဏ်း အားဖြင့် ဆယ်မျိုးရှိလေသည်။
အသုဘ ကမ္မဋ္ဌာန်း ( ၁၀ )ပါး
အသုဘ ဆိုသည်မှာ " မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် " ဟု ဆိုလို၏။
၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၂။ ၀ိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက် ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၃။ ၀ိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍ ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၎။ ၀ိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၅။ ၀ိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၆။ ၀ိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊
၇။ ဟတ ၀ိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊
၁၀ ။အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ် အရိုးကောင်၊ အားဖြင့် ဆယ်မျိုး အပြားရှိလေ၏။
အနုဿတိ ကမ္မဋ္ဌာန်း ( ၁၀ ) ပါး
အနုဿတိ ဆိုသည်မှာ " အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် အောင့်မေ့ခြင်း " ကို ဆိုလိုပေသည်။
၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်များနှင့် ရုပ်သဏ္ဍာန် ပုံတော်ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ = တရားတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၃။ သံဃာ နုဿတိ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၎။ သီလာနုဿတိ = မိမိ စောင့်ထိန်းထားသော သီလတို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၅။ စာဂါ နုဿတိ = မိမိ ပြုခဲ့ဖူးသော ဒါနကုသိုလ်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၆။ ဒေ၀တာ နုဿတိ = နတ် ဗြဟ္မာတို့ ကဲ့သို့ပင် မိမိမှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ်တွေ များစွာ ရှိပေ၏ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၇။ ဥပသမာ နုဿတိ = နိဗ္ဗာန်၏ အေးငြိမ်းသော သဘောကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၈။ မရဏာ နုဿတိ = သေခြင်းသဘောကို သတိ သံဝေဂဥာဏ် အဆင့်သို့ ရသည့်တိုင်အောင် အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၉။ ကာယဂတာသတိ = ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသ အစု ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဇီဝ အတ္တ သတ္တ၀ါ မဟုတ်ကြ၊ ပထ၀ီစသော ဓာတ်သဘောမျှသာ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့် မေ့ခြင်း၊
၁၀။ အာနာပါနဿတိ = ထွက်လေ ၀င်လေကို သတိကပ်ကာ ရှုမှတ်နေခြင်း။
အပ္ပမညာ ကမ္မဋ္ဌာန်း ( ၄ ) ပါး
အပ္ပမညာ အဓိပ္ပါယ်
အပ္ပမညာ ဆိုသည်မှာ " အတိုင်းအရှည် မရှိသော သတ္တ၀ါ ပညတ်ကို အာရုံပြုနေသော တရား " ဟု ဆိုလိုပေသည်။
ဗြဟ္မ၀ိဟာရတရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည် ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် အထက်ပါ အပ္ပမညာ လေးပါးကိုပင် ဗြဟ္မ၀ိဟာရတရား လေးပါး ဟုလည်း ခေါ်တွင်သည်။
ဗြဟ္မစိုရ် တရား ဟူသည်မှာ မေတ္တာစသော ဗြဟ္မစိုရ်တရားလေးပါးကို ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့် ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်သည်။
၁။ မေတ္တာ = သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်းကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု ခေါ်၏။
၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အဂတိမလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။
၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ၀မ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။
၎။ ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တ၀ါကို မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ်ထားသည့် ကုသိုလ် အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ်အလတ် စိတ်သဘောကို ဥပေက္ခာ ဟု ခေါ်အပ်၏။
အာရုပ္ပ ကမ္မဋ္ဌာန်း ( ၄ )ပါး
၁။ အာကာသာနဉ္စာယတနဈာန် = အဆုံးအပိုင်းခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ဖြစ် သောဈာန်။
၂။ ၀ိညာနဉ္စာယတနဈာန် = ပထမ အရူပဈာန်စိတ်၏ အဆုံးအပိုင်းခြား မရှိခြင်းကို အာရုံပြု၍ဖြစ်သောဈာန်။
၃။ အာကိဉ္စညာ ယတနဈာန် = ပထမအရူပဈာန်စိတ်၏ မရှိခြင်း ( နတ္ထိဘောပညတ် ) ကို အာရုံပြု၍ဖြစ်သော ဈာန်။
၎။ နေ၀သညာ နာသညာယတနဈာန် = သညာ၌ အပြစ်မြင်၍ တတိယအရူပဈာန်၏ ငြိမ်သက်ခြင်းသဘော ကို ရှုဆင်ခြင်လျက် ဖြစ်ပေါ်လာသောဈာန်။
စတုဓာတု ၀၀တ္ထာန် ကမ္မဋ္ဌာန်း ( ၁ )ပါး
ပထ၀ီ အာပေါ တေဇော ၀ါယော ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘောကို ပိုင်းခြားထင်ထင်သိမြင်အောင် ပွားများသော ကမ္မဋ္ဌာန်းကို စတုဓာတု ၀၀တ္ထာနကမ္မဋ္ဌာန်း ( ဓာတ်ကမ္မဋ္ဌာန်း ) ဟု ခေါ်တွင်လေသည်။
ပထ၀ီဓာတ် ၏သဘောသည် ခက်မာခြင်း၊ ကြမ်းတမ်းခြင်း၊ နုညံ့ခြင်းသဘော ရှိ၏။
အာပေါဓာတ် ၏သဘောသည် ယိုစီးခြင်း၊ ဖွဲ့စီးခြင်း၊ သိပ်သည်းခြင်း၊ ပူးတွဲခြင်း၊ လုံးခဲခြင်း သဘောတရားများ ရှိ၏။
တေဇောဓာတ် ၏သဘောသည် ပူခြင်း၊ နွေးခြင်း အေးခြင်းသဘောတရားများ ရှိ၏။
ဝါယောဓာတ် ၏သဘောသည် ထောက် ၊ ကန် ၊ တောင့် ၊ တင်း ၊ လှုပ်ရှားခြင်း၊ ရွေ့လျားခြင်း သဘောတရားများရှိ၏။
အာဟာရေ ပဋိကူလ သညာ ကမ္မဋ္ဌာန်း( ၁ )ပါး
စားမျိုအပ်သော အစာ အာဟာရတို့၌ စက်ဆုပ်ဖွယ် အမှတ်သညာဖြစ်အောင် ဆင်ခြင်ပွားများသော ကမ္မဋ္ဌာန်း ကို အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း ဟု ခေါ်တွင်၏။
ဤကမ္မဋ္ဌာန်းကို အားထုတ်လေ့ရှိသော ယောဂီသည် စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဟူသော ကဗဠီကာရာဟာရ ဟုဆိုအပ်သော အစားအသောက် မှန်သမျှကို ဆင်ခြင်ပုံ ( ၁၀ ) မျိုးဖြင့် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် နှလုံးသွင်းရ၏။ ယင်းဆယ်ပါးတို့မှာ --
၁။ သွားခြင်းအားဖြင့် အစားအသောက်တို့ကို ဆင်ခြင်ခြင်း၊
၂။ ရှာမှီးခြင်းအားဖြင့်
၃။ သုံးဆောင်သောအားဖြင့်
၎။ သည်းခြေ စသော တည်ရာ အားဖြင့်
၅။ စု၍တည်ရာ အစာသစ်အိမ်အားဖြင့်
၆။ မကြေ မကျက်သေးသော အားဖြင့်
၇။ ကြေကျက်ပြီးသော အားဖြင့်
၈။ ပြီးစီးသော အကျိုးအားဖြင့်
၉။ ယိုထွက်ခြင်းအားဖြင့်
၁၀။ ပေကျံခြင်းအားဖြင့် ဆင်ခြင် နှလုံးသွင်းရ၏။
ဤဆယ်မျိုးသော ဆင်ခြင်ပုံများကို ၀ိသုဒ္ဓိမဂ် အာဟာရေ ပဋိကူလသညာ အခန်း၌၄င်း၊ ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပ ဘေဒနီကျမ်း ( ဒု၊ ၃၇၂ - ၆ ) ၌၄င်း အကျယ် လေ့လာနိင်ပါသေးသည်။ ဤသို့အားဖြင့် ၀ိပဿနာသို့ မရောက်ခင် သမထကမ္မဋ္ဌာန်းပေါင်း ( ၄၀ ) အရေအတွက် ရှိလေ၏။ ကမ္မဋ္ဌာန်းလေးဆယ် ရှုမှတ်ပွားများပုံနှင့် ၀ိပဿနာတက်ပုံများကို ဥာဏ်စဉ်များနှင့် ကိုယ်ကျင့်သတိပဋ္ဌာန် ခေါင်းစဉ် ဆောင်းပါးဖြင့် ဆက်လက် ဖော်ပြပါအုံးမည်။
မေတ္တာဖြင့် --
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
ဧပရယ်နွေနှင့် သေခြင်းတရား
မြန်မာပီပီ ပန်းတောက်ပန်းမြင်လျှင်တော့ တူးပို့ ~ ~ ~တူးပို့ ~~~~ ကိုဇော်ဝမ်းလဲ တွဲလျက်သား ပါနေတော့သည်။ ပန်းတောက်ပန်းလေးတွေ အချိန်တန် ပွင့်ကြသည်။ တူးပို့ သီချင်းသံ အချိန်မှန်ဖွင့်ကြသည်။ မရိုးသော ရနံ့နှင့် မေ့မရနိုင်တဲ့ သံစဉ်တွေပါ။ မရိုးသောရနံ့ မေ့မရတဲ့ တူးပို့ သံစဉ်တွေ မပြောင်းလဲ ကောင်းနေဆဲ ဖြစ်သော်လည်း၊ တူးပို့ပိုင်ရှင်သည်ကား လူ့လောကတွင် မရှိတော့။
ပိတောက်ရနံ့တို့ တူးပို့ ~~ တူးပို့~~ သံစဉ်တွေကတော့ စီးမြဲစီးနေခဲ့ပေမယ့်လို့ မိမိတို့ခံစားနိုင်သည့် ဤခန္ဓာကိုယ်သည်ကား မပြောင်းလဲပဲ နေမည်မဟုတ်ပေ။ လူသားတိုင်း အားလုံးအား တန်းတူရည်တူအခွင့်အရေးဖြင့် နောက်ဆုံးပို့ပေးသည့် သေခြင်းတရားကတော့ မဖြစ်မနေ မိမိအနားသို့ ခြင်းကပ်လာလိမ့်မည်သာ။ ချမ်းသာဆင်းရဲ၊ ကြီးသူငယ်သူမခွဲခြားပဲ လူသားတိုင်း တပြေးညီသက်ဆိုင်မှုတွေ ပေးထားလိုက်သည့်အရာသည်ကား ထိုသေခြင်း တရားပင်မဟုတ်ပါလော။
အချို့သော သူများက သေခြင်းတရားကို သိသိသာသာစိတ်ဝင်စားနေကြပြီး တချို့က စိတ်ဝင် စားရကောင်းမှန်းမသိနဲ့ နေနေကြသည်။ တချို့ကား စိတ်ဝင်စားလို့ နေမှန်းမသိပဲ မိမိ၏ မသိစိတ်ကတော့ စိတ်ဝင်နေကြသည်။ လောကရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအရာသည်လည်း ထိုသေခြင်း တရားပင်ဖြစ်သည်။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲလို့ သတိရမိလိုက်ပါ။ နှစ်ဟောင်းမှာ မသေခဲ့ပေမယ့် နှစ်သစ်မှာ ငါဟာ အချိန်မရွေးသေနိုင်တယ် အသက်တစ်နှစ်လည်း ကြီးလာပြီ၊ သေရဖို့နေစွဲတွေ လျှော့ကြလာပြီ၊ နှစ်သစ်ရဲ့ ရက်စွဲနေ့ တစ်နေ့မှာ ငါဟာသေသွားနိုင်ပါလားလို့ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်စေချင်ပါတယ်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီးကာလ၊ နှစ်ဟောင်းကိုစွန့်ခွါပြီး နှစ်သစ်သို့ခြေမချခင် လမ်းစုံမှာ ခြေစုံရပ်လို့ နှစ်ဟောင်းမှာ အပိုအလုပ်တွေနဲ့ အချိန်ကုန်ခဲ့သည်လား၊ အချိန်တွေကို ဖြုန်းခဲ့သလား ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးခဲ့သည်လား ဘ၀အတွက် ပစ္စုပ္ပန် တမလွန် အတွက် အရည်အသွေးမှီအောင် ဆောင်ရွက်ခဲ့သည်လားဟု ဆင်ခြင်ပြီး သေခြင်းတရားကို အောင့်မေ့နေဖို့လိုအပ်ပါသည်။
အခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်သို့ ကူးတော့မည်အချိန်မှာ မိမိအတွက် လုပ်ပိုင်ခွင့်တွေ ကန့်သက်ထားတဲ့ သေခြင်းတရားကိုတော့ အောင့်မေ့တတ်ပါမှ အဆင်ပြေတော့မည်။
4.4.2011 အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း လောင်းလှူခြင်း
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းအလှူရှင် ကိုလေး (စင်ကာပူ) အဖွားဒေါ်စကောင်းမှု
နေ့ဆွမ်းလောင်းလှူခြင်း
ဆွမ်း+ပဲ ကိုဖြိုး၊ကိုထက်(ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး) မန္တလေးမြို့
ဆီ ဒေါ်ချိုကုန်မျိးစုံရောင်းဝယ်ရေး (ရွှေဘိုမြို့) မှဖြစ်ကြပါသည်။
ငါးဟင်း
ဗူးသီး+အသားတု ဟင်း
ပါလချောင်ကြော်
စသည့်ဟင်းလျာများကို
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ၂၀၁၁ ခုနှစ်ဘုံဆွမ်းအလှူရှင်များအဖွဲ့ မှဖြစ်ကြပါသည်။
ကင်မရာအခက်အခဲကြောင့် ဓါတ်ပုံများအနည်းငယ်သာ ရိုက်ပို့ပေးနိုင်ခဲ့ပါသည်။













ပဲတင်သံ (၁)
"Ashinindaka သို့ လျှောက်ထားလွှာ" ဆိုတဲ့ Researcher ဆိုသူရေးတဲ့စာနဲ့ပတ်သက်ပြီး
ဒီလို တုန့်ပြန်ကြပါတယ်။
ဒါပေမယ့် ရှိခိုး မရှိခိုးဆိုတာမှာ အ၀တ်အစားပေါ်လည်း ထည့်တွက်ရဦးမယ်..
သံဃာတော်ဆိုတာ သင်္ကန်းရုံထား၊ ဆံပယ်ထားတာကိုက ကြည်ညိုဖွယ်၊ ရှိခိုးထိုက်ဖွယ် ဖြစ်နေပြီလို့ မှတ်သားဖူးတယ်ဘုရား၊ အဲဒါ ဟုတ်တယ်မှတ်လား ဘုန်းဘုန်း။ :)
ကိုးကွယ်တယ်ဆိုတာ လူမှုရေးအရလေးစားလို့မဟုတ်ပါဘူး။
ဘာသာရေးအရ ကိုယ်မကျင့်ကြံနိုင်တဲ့၊ ကောင်းမွန်တဲ့ အကျင့်တွေ ကျင့်ကြံနေတဲ့၊
ကိလေသာတရားတွေ အထိုက်အလျောက် ကင်းစင်နေတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး ကိုးကွယ်တာပါ။
ဒါကတော့
သံဃံသရဏံ ဂစ္ဆာမိ ကို ကောင်းကောင်း သဘောမပေါက်သေးတာဘဲဖြစ်မယ်။
အရှင်ဘုရားတို့က လူတွေကို သရဏဂုဏ် သုံးပါးလောက်တော့ ကောင်းကောင်း သဘောပေါက်အောင်းဆုံးမပေးပါဦးဘုရား။
သံဃံသရဏံ ဂစ္ဆာမိဆိုတာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဆိုတဲ့ အရိယာသံဃာလေးရပ်ကို မြတ်စွာဘုရားရှင် ဆိုလိုတာပါ။
ဒါကို နားလည်ဝန်ခံဖို့တော့ လိုအပ်ပါတယ်။
အရဟတ္တဓဇဖြစ်တဲ့ သင်္ကန်းကို ရုံလွှမ်းပြီး ရဟန်းအကျင့်မြတ်ကို လေးလေးစားစား ကျင့်နေတဲ့ သံဃာတွေကို ပုထုဇဉ်သံဃာဖြစ်စေ အရိယာသံဃာဖြစ်စေ လူဒကာတွေက ရှိခိုးကြ၊ အရိုအသေပြုကြပါတယ်။ ရဟန်းတော်များကလဲ လေးစားကြည်ညိုဖွယ်ဖြစ်အောင်၊ ဆွမ်းခံဘုဉ်းပေးထိုက်သူဖြစ်အောင် ကျင့်ကြံနေထိုင်ရပါတယ်။ ဝိနည်းဆိုတာ မြတ်စွာဘုရားရှင် ပညတ်ခဲ့တာ ဖြစ်ခဲ့အတွက် ဝိနည်းကို သရော်စော်ကား ပြောဆိုချင်ရင် မြတ်စွာဘုရားကျွေးတဲ့ဆွမ်းကို ဆက်မဘုဉ်းဘဲ ဒေဝဒတ်လို သာသနာတော်ထဲကနေ ထွက်သွားဖို့သာ ရှိပါတယ်။
နဝကမ္မ ကိစ္စကတော့ ဒီခေတ်ကာလမှာ မသုံးမကိုင်ရင် ဘယ်မှ သွားမရလာမရ.. ဖျားနာရင်တောင် ဆေးကုမရ. သီတင်းသုံးရာ နေရာမှာ လောကသဘာဝ ပြဿနာကြီးငယ် ကြုံရလို့ ပြောင်းရ ရွှေ့ရမယ်ဆိုရင်တောင် ဘတ်စ်ကားခမှ မရှိရင် ဘာမှ လုပ်မရ ဖြစ်နေတဲ့အတွက် ဘတ်စ်ကားခ ဆေးဖိုးဝါးခ.. ဖတ်ရှု ကျက်မှတ်ရမည့် စာအုပ်စာတမ်း စသည့် လိုအပ်ချက်များအတွက် (မြတ်စွာဘုရားရှင်ကို လေးစားရိုကျိုးစွာ ပန်ကြားအသနားတော်မြတ်ခံပြီး) ကိုင်ဆောင်ရတာ ဖြစ်ပါတယ်။ ကားတွေ လေယာဉ်တွေ ရထားတွေ မပေါ်ခင်ကတော့ သံဃာဆို လှေသမားကလဲ အခမဲ့ပို့ပေး၊ သမားတော်ကလဲ အခမဲ့ကုပေးဆိုတော့ နဝကမ္မ မကိုင်လို့ ရပါတယ်။ ဒီခေတ်လဲ မကိုင်ဘဲ တောင့်ခံနေတဲ့ သံဃာတော်တွေ ရှိပါသေးတယ်။ (ထိုအရှင်မြတ်တို့ကို လေးစားရိုသေစွာ ကန်တော့လိုက်ပါတယ်ဘုရား။)
ဒါပေမယ့် ဒီလို တောင့်ခံနေတဲ့ အရှင်မြတ်များကလဲ မကိုင်နိုင်တဲ့ သံဃာများကို အပြစ်မတင်ကြပါဘူး။ ရိုးသားစွာ ဓုတင်ဆောင်သည့် ပုဂ္ဂိုလ်ဟာ ဓုတင်မဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကို မကဲ့ရဲ့သည့်နှယ် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံခါနီးမှာ ဝိနည်းငယ်တွေကို နှုတ်နိုင် ဖျက်နိုင်ကြောင်း နောင်အနာဂတ်ကို မျှော်မြင်ပြီး မိန့်တော်မူခဲ့ပေမယ့် ဝိနည်းဧတဒဂ် အရှင်ဥပါလိ၊ ဓုတင်ဧတဒဂ် အရှင်မဟာကဿပ၊ ဗဟုသုတ လုံ့လ ဥာဏ် အလုပ်အကျွေး စတဲ့ ဧတဒဂ် ငါးခုသခင် အရှင်အာနန္ဒာတို့က လွှတ်ပေးလိုက်ရင် ဘုရားရှင့်အာဏာကို ရဟန်းဆိုးတို့ မရိုမသေပြုမှာစိုးလို့၊ ဒီလိုရဟန်းမျိုးတွေက ဝိနည်းကို သူ့ထက်ငါ ပြင်ရင်ဖျက်ရင် ကြာရင် ဝိနည်းဆိုလို့ ဘာတစ်ခုမှ မကျန်တော့မှာစိုးလို့ မပြင်မဖျက် မူလအတိုင်းထားဖို့ သဘောတူညီ ဆုံးဖြတ်ခဲ့ကြတာပါ။ ''ငါတို့ကို ဝိနည်းစည်းကမ်းတွေနဲ့ ချုပ်ချယ်ခဲ့တဲ့ ရဟန်းကြီးဂေါတမ မရှိတော့ဘူး၊ ငါတို့ နေချင်သလို နေလို့ရပြီ'' ဆိုတဲ့ ကြွေးကြော်သံဟာ လောကသနင်း ပရိနိဗ္ဗာန် စံပြီးပြီးချင်း ထွက်လာလို့ အလောင်းတော်ကို သဂြိင်္ုဟ်ပြီးတာနဲ့ သံဃာယနာ အမြန်ဆုံး တင်ခဲ့ရပါတယ်။ ဝိနည်းကို မပြင်မဖျက် မူလအတိုင်းထားဖို့ဆိုတာ ဒီလိုကြွေးကြော်သူတွေရဲ့ အန္တရာယ်ကြောင့် ဆိုရပါမယ်။
တစ်ခုလေးတော့ ရွှေဖလားမှာ ဒေါင့်စွန်းပဲ့နေသလို မြင်လိုက်ရလို့ တရားတော်မြတ်ကို ကာကွယ်တဲ့အနေနဲ့ ဖြေရှင်းလိုပါတယ်။ ဒုက္ခသစ္စာ ဆိုတာဟာ အဆိုးမြင်ဝါဒ (negative thinking) များ ဖြစ်နေမလား ဆိုတဲ့ သုံးသပ်ချက်ကိုပါ။ ဒါဟာ မြတ်စွာဘုရားရှင် ရှာဖွေတွေ့ရှိခဲ့တဲ့ လောကရဲ့ အမှန်တရား (universal truth) ဖြစ်ပါတယ်။ ကြံစည်တွေးတောရုံအဆင့် (thinking) မဟုတ်ပါ။
လောကဥပမာ ဆောင်ရရင် ကမ္ဘာကြီးကို အက်တလာ့စ် ဘီလူးကြီးက ထမ်းထားတယ်ဆိုတဲ့ ဂရိဒဏ္ဍာရီကို ယုံတဲ့လူတွေက စိတ်ထဲမှာ ဒီအတိုင်းပဲ ပုံဖော်တွေးထင်ထားတယ် ဆိုပါစို့။ ဒါဟာ သူတို့ထင်မြင်ချက် Thinking ဖြစ်ပါတယ်။ ဒါကို ယုတ္တိယုတ္တာရှိရှိ အဆိုတင်နိုင်ရင် ဒါဟာ သီအိုရီတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် မှန်ကန်ကြောင်း သက်သေမပြနိုင်ရင်
သီအိုရီတိုင်းဟာ truth မဟုတ်ပါ။
မြတ်စွာဘုရားရှင် ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုက္ခသစ္စာဆိုတာက မှန်ကန်ကြောင်း လူသားတိုင်းရဲ့ ဘဝတွေက သက်သေပြနေပါတယ်။ အဖန်ဖန် ဇာတိပဋိသန္ဓေ ဖြစ်ရခြင်းသည် ဒုက္ခတဲ့.. ထာဝရအသက်ကို လူတော်တော်များများက တောင့်တကြတယ်။ တစ်ခါ မွေးဖွားပြီးရင် ဘယ်တော့မှ မသေတော့တဲ့ (ဘယ်တော့မှ ထပ်ထပ်မမွေးရတော့တဲ့) ထာဝရဘုံတစ်ခုမှာ နေချင်တယ်။ ဒီလိုဘုံမျိုး အနန္တစကြဝဠာရဲ့ ဘယ်နေရာမှာမှ မရှိဘူး။ သံသရာမှာ ကျင်လည်နေသရွေ့ မွေးဖွားခြင်းနဲ့ သေခြင်းကို ရှောင်လို့ မလွတ်နိုင်ဘူးဆိုတာ မြတ်စွာဘုရား ရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားပါ။ ဒီအမှန်တရားဟာ မြတ်စွာဘုရားက ဒုက္ခလို့ မမိန့်ခဲ့ဦးတော့ လူသားတွေအတွက် ဧရာမ ဒုက္ခကြီးပါပဲ။ ဇာတိပဋိသန္ဓေ ဆိုတာ ဘဝဟောင်းပျက်လို့ ဘဝသစ်ကို ရွှေ့ရတာ ဖြစ်တဲ့အတွက် ကိုယ်တပ်မက်တဲ့ ဘဝတွေ ပျက်ပြီးရင်းပျက် သေပြီးရင်း သေနေရမှာ ဘယ်လိုလားနိုင်မလဲ။ ဒါပေမယ့် ဒီအမှန်တရားဟာ ဒီလိုဖြစ်စေလို့ မြတ်စွာဘုရား တီထွင်ခဲ့တာ မဟုတ်ဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ လောကနိယာမ ဖြစ်ပါတယ်။ အဆိုးမြင်ခြင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း မြင်ခြင်းသာ ဖြစ်ပါတယ်။
အိုရခြင်းသည် ဒုက္ခတဲ့။ ဒါဟာ ဒုက္ခလို့ လူတွေ မယူဆရင် ပါးရေနားရေတွေ တွန့်တာလျော့အောင် ပလတ်စတစ်ဆာဂျရီနဲ့ ခွဲစိတ်၊ အရေပြားတင်းအောင် ဆေးထိုး၊ ဆံပင်ဖြူကို ဆေးဆိုးနဲ့ သူတို့ ဘာလို့ ငွေကုန်ခံ လုပ်နေကြမလဲ။
နာရခြင်းသည် ဒုက္ခတဲ့။ ဒါကို ဒုက္ခလို့ မြင်လို့ အနာကင်းကျန်းမာအောင် အားကစားလုပ်ကြ၊ အစားအစာကိုလဲ healthy food ဆိုတာကို ရွေးစားကြ၊ ဆီရှောင်ကြ အအီအဆိမ့်ရှောင်ကြ ဆိုတာတွေ ခေတ်စားနေတာပေါ့။ နာရခြင်းဟာ သုခသာဆိုရင် ဒါတွေ ဘယ်လုပ်နေစရာလိုလဲ။
သေခြင်းသည် ဒုက္ခတဲ့။ ဒီဒုက္ခကို ဘုရားရဟန္တာတွေ မကြောက်ပေမယ့် ပုထုဇဉ် အင်မတန်ကြောက်ပါတယ်။ သေစကား ကြားရရင် နောက်တာတောင် သည်းမခံနိုင်ဘဲ ဒေါသထွက်ကြတဲ့သူတွေဟာ ဒီဒုက္ခကို သိပ်ကြောက်လို့ပေါ့။
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဒုက္ခတဲ့။ ဒါဟာ အဆိုးမြင်ဝါဒပါ၊ ဒုက္ခမဟုတ်ပါဘူးလို့ သက်သေပြချင်ရင်တော့ သူတကယ်ချစ်မြတ်နိုးသူနဲ့ ကွဲလို့ ဝမ်းသာလုံးဆို့ပြီး ထကနေသူကို ရှာပြီး သက်သေပြရပါလိမ့်မယ်။
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ နေရခြင်းသည် ဒုက္ခတဲ့။ သဗ္ဗညုတဥာဏ်တော်သခင် ရှာဖွေတွေ့ရှိခဲ့တာ မှန်လိုက်တာ။ မချစ်မနှစ်သက်သောသူနှင့် အတူတကွ နေရခြင်းဆင်းရဲဆိုတာ တော်ရုံလူကို ရူးသွားမတတ် သတ်သေချင်မတတ်ကို ဆိုးပါတယ်။
ခံဖူးပြီးသားသူတွေ သိပါလိမ့်မယ်။
လို၍ မရခြင်းသည် ဒုက္ခ တဲ့။ ဒီထက်မှန်တာ ရှိတော့မလား။ လိုတာ ဘာမှမရရင် ပျော်လိုက်တာ ပျော်လိုက်တာဆိုပြီး ဘယ်သူ ဝမ်းသာလုံးဆို့နေမှာလဲ။
ခန္ဓာကို ရခြင်းသည် ဒုက္ခတဲ့။ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ်အစုကို ရလို့ စက္ကန့်မလပ် မမြဲခြင်းတရားတွေ ဖိစီးနှိပ်စက်ခံနေရတာ။ မမြဲခြင်း အနိစ္စသဘောကို တစ်စက္ကန့်ရဲ့ ကုဋေတစ်သိန်းပုံ တစ်ပုံလေး ရပ်ပေးပါ ပြောလို့တောင် မရဘူး။ စိတ်စေတသိက်တွေက တစ်စက္ကန့် (မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်)ကို အကြိမ်ပေါင်း ကုဋေတစ်သိန်းကျော် speed နဲ့ ဖြစ်ပြီး ချုပ်ပျက်သွားလို့။ ကိုယ့်ဈာပနအသုဘသဘင်ကို အလိုမရှိတဲ့ လူသားတွေဟာ ကိုယ့်ရုပ်နာမ်ကို စက္ကန့်တိုင်း အကြိမ်ပေါင်း ကုဋေချီပြီး အသုဘချနေရတာ မသိကြလို့ပါ။ သိရင် ''ဒါဟာ ဒုက္ခမဟုတ်ဘူး၊ သုခပဲ၊ ငါမက်မောလှတဲ့ရုပ်နာမ်တွေ စက္ကန့်တိုင်း ပျက်စီးပြီးရင်း ပျက်စီးနေတယ်၊ ပျော်စရာ ချမ်းသာသုခကြီးပဲ'' ဆိုပြီး ဘယ်သူ ကြွေးကြော်နိုင်မှာလဲ။
ဒါတွေဟာ ဒုက္ခမဟုတ်ဘူး၊ သုခ လို့ သက်သေပြနိုင်ရင်တော့ ဒုက္ခသစ္စာဆိုတာ အဆိုးမြင်တယ်ဆိုတဲ့ ထင်မြင်ချက်ကို လက်ခံပါတယ်။
သူတော်ကောင်းမိတ်ဆွေ researcher အနေနဲ့လဲ ရတနာသုံးပါးကို လေးစားကြည်ညိုသူဆိုတာ ရေးတဲ့စာမှာ အထင်အရှား တွေ့နေရပါတယ်။
ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်တော်မြတ်ကို လုံးဝမမီနိုင်ပေမယ့် မိမိရဲ့ စွမ်းနိုင်သမျှသော နာယူမှု၊ ကျင့်ကြံမှုအားနဲ့ ဘုရားရှင်ကိုယ်စား၊ တရားတော်မြတ်ကိုယ်စား ဖြေရှင်းတာကို ကြည်ဖြူမယ်လို့ ယူဆပါတယ်။
သာသနာကို ဆက်လက် စောင့်ရှောက်ပေးနိုင်ပါစေ။
http://www.ashinkusala.com/2011/03/blog-post_14.html
http://www.ashinkusala.com/2011/03/blog-post_28.html
လေ့လာပါဦး။
သူ့အရပ် နှင့် သူ့ဇာတ်
လူတိုင်းအတွက်ပဋ္ဌာန်း( ဣန္ဒြိယပစ္စ္စည်း)
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
“ဣန္ဒြိယပစ္စည်း”ဆိုတာ မြန်မာလိုတော့ “အစိုးရတဲ့ ပစ္စည်း”လို့ အဓိပ္ပာယ် ရပါတယ်။ ဘာကို အစိုးရ တာလဲလို့မေးမယ် ဆိုရင်တော့ ပဋ္ဌာန်းပစ္စည်းတွေကို အမည်ပေးထားပုံနှင့် ပတ်သက်လို့ အရင်ကလဲပြောခဲ့ ဖူးပါတယ်၊
“အကျိုးပစ္စယုပ္ပန်ကို ထောက်ဆပြီး အကြောင်းပစ္စည်း တရားတို့ကို အမည်ပေး တယ် ” ဆိုတာလေ။
အကျိုးပစ္စယုပ္ပန်နဲ့ အတူတူဖြစ်တဲ့ပစ္စည်းကို သဟဇာတပစ္စည်း၊ အကျိုးပစ္စယုပ္ပန် ဖြစ်ချိန်မှာ ထင်ရှားရှိနေသေးတဲ့ပစ္စည်းကို အတ္ထိပစ္စည်း၊ အဝိဂတ ပစ္စည်း။ ထင်ရှားမရှိတော့တဲ့ ပစ္စည်းမျိုးကို နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း စသည် အမည်ပေးပါတယ်။ အခုလဲ ဘာကိုအစိုးရလို့ ဣန္ဒြိယပစ္စည်းခေါ် သလဲဆိုရင် “အကျိုးပစ္စယုပ္ပန်တရားတို့ကို အစိုးရတဲ့အတွက်ကြောင့်”လို့ သဘောပေါက် ရပါလိမ့်မယ်။
ပစ္စည်းတရားက ပစ္စယုပ္ပန်တရားကို အစိုးရတယ်ဆိုတာ ဒီပစ္စယုပ္ပန်တရားက ဒီပစ္စည်းတရားရဲ့ ခွင့်ပြုချက်အတိုင်းသာ ဖြစ်ခွင့်ရနေတဲ့ သဘောမျိုးကို ဆိုလိုတာပါ။ ဥပမာ အဆင်းကိုမြင်ပြီးသိတဲ့ စက္ခုဝိညာဏ်စိတ်ဆိုတာ မျက်စိလို့ခေါ်တဲ့ စက္ခုပသာဒ အကြည်ဓာတ်ရုပ်ဝတ္ထုကို မှီခွင့်ရရှိမှသာ အဆင်းကို “မြင်တယ်သိတယ်” ဆိုတဲ့ ဒဿနကိစ္စကို ဆောင်ရွက်ခွင့်ရတယ်၊ (မြင်ခွင့်ရတယ်)၊
စက္ခုဝတ္ထုချို့တဲ့ (မျက်စိကန်း) နေလို့ဖြစ်စေ၊ မျက်လုံးမှိတ်ထားလို့ဖြစ်စေ ရူပါရုံနဲ့ စက္ခုဝတ္ထုတို့ တွေ့ဆုံခွင့်မရခဲ့လျှင် စက္ခုဝိညာဏ် စိတ်ဟာလည်း စက္ခုအကြည်ဓာတ်ကို မှီခိုခွင့်မရတဲ့အတွက် မြင်ခြင်းကိစ္စကို ဆောင်ရွက်ခွင့်မရပါဘူး။ အဲဒီလို အမိန့်မပေးသော်လည်း ပေးသလို ဖြစ်နေတဲ့သဘောကိုပဲ ဣန္ဒြိယ(အစိုးရတယ်)လို့ ခေါ်တာပါ။
ပဋ္ဌာန်းပစ္စည်းတွေထဲမှာ “အစိုးရတယ်” ဆိုတဲ့ ပစ္စည်းနှစ်ခုရှိပါတယ်။ အဓိပတိပစ္စည်းနဲ့ ဣန္ဒြိယပစ္စည်းပါ။ ဒီပစ္စည်းနှစ်မျိုး ဘာထူးသလဲဆိုရင်တော့ အဓိပတိပစ္စည်းက အခြားအဓိပတိ တရားများကို တားမြစ်ပြီး တစ်ပါးတည်းသာ အစိုးရတယ်၊ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ဒေသကိုသာမက နယ်ပယ်အားလုံးကို အစိုးရတယ်၊ ဒါကြောင့် တစ်ပြည်လုံးကို အစိုးရတဲ့ ပြည်ရှင်မင်းများနဲ့တူတယ်လို့ ဥပမာပေးပါတယ်။
ဣန္ဒြိယပစ္စည်းကတော့ အခြားဣန္ဒြိယ ပစ္စည်းတရားတွေကို ဟန့်တားခြင်းမရှိဘဲ ပစ္စယုပ္ပန်တရားတို့ကို မိမိသို့ အစဉ်လိုက်စေခြင်း မျှသက်သက် အဖြစ်နဲ့ အစိုးရပါတယ်။ ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနကို အုပ်ချုပ်တဲ့ ဝန်ကြီးများနဲ့တူတယ်လို့ ဥပမာပေးကြပါတယ်။
အဓိပတိပစ္စည်းက ဒီခန္ဓာကိုယ်မှာ တစ်ချိန်မှာ အဓိပတိတရားတစ်ခုသာ ဖြစ်ခွင့်ရှိတယ်၊ အခြားပြိုင်ဘက် အဓိပတိဆိုတာ မရှိရဘူး။ ဣန္ဒြိယတော့ ဒီခန္ဓာကိုယ်မှာ စက္ခု၊ သောတစတဲ့ ပသာဒဝတ္ထုတွေ တစ်ပြိုင်နက် အများကြီးဖြစ်တည်ခွင့်ရှိတယ်။ အချင်းချင်းဟန့်တား ကန့်ကွက်ခြင်း မရှိပါဘူး။ ဒါကြောင့် ဣန္ဒြိယပစ္စည်းကို ဣန္ဒြိယပစ္စယော = တစ်ပြည်တွင်း၌၊ ချင်းချင်းမဟန့်၊ သီးမသန့််ဘဲ၊ ခွဲခန့််ပိုင်စ်စား၊ မင်းးအများသို့။ သုံုံးးပါးပြားလတ်၊ သဟဇာတ်နှင့်။ ဓာတ်ပဉ္စဝိဉယဏ၊ ကမဂုဏ်အား၊ တူဆယ့်ငါးတွင်၊ အခြားမသွေ၊ မိမိသို့လိုက်စေခြင်းဟူသော ဣန္ဒြိယသတ္တိထူးဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်ဣနြေ္ဒတရားကိုယ် ရှစ်ပါးဟူသော သဟဇာတိနြ္ဒိယိယ၊ မဇ္ဈိမယု က၊ ပသာဒရုပ်ငါးခု ဟူေူသော ပုရေဇာတိနြ္ဒိယိယ၊ ဇီဝီတရုပ်တည်းးဟူေူသော ရူပဇိဝိတြိနြ္ဒိယ သုံးပါး ပစ္စည်းတရား” လို့ အနက်မြန်မာပြန်တာပါ။
အဘိဓမ္မာ ဝိဘင်းကျမ်းမှာ ဣနြေ္ဒတရားများကို အရေအတွက်ရနိုင်သမျှ ခွဲခြမ်းဝေဖန်ပြီး (၂၂)မျိုး ဟောတော်မူပါတယ်။
တရားကိုယ်အနေနဲ့ ရေတွက်မယ်ဆိုရင်တော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန(စိတ်)၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီး (၁၆)ပါး ရှိပါတယ်။
ဒီ (၁၆)ပါးထဲမှာ၊ စက္ခုစတဲ့ငါးပါးရယ်၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ရုပ်ဇီဝိတတို့ရယ် ပေါင်း(၈)ပါးက ရုပ်ဣနြေ္ဒများဖြစ်ပါတယ်။
နာမ်ဇီဝိတ၊ စိတ်(မန)၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဆိုပြီး နာမ်ဣနြေ္ဒကလဲ(၈)ပါးပဲ ရှိပါတယ်။
ဒီတရားတွေ အစိုးရပုံနဲ့ ပတ်သက်လို့ ဣန္ဒြိယဝိဘင်းအဋ္ဌကထာမှာ ပြထားတာကတော့ -
စက္ခုနြေ္ဒစတဲ့ ငါးပါးတို့က စက္ခုဝိညာဏ်စတဲ့ ငါးပါးကို မိမိရဲ့ အခြင်းအရာသို့ လိုက်စေခြင်းဖြင့် အစိုးရတယ်။
မနိနြေ္ဒက သဟဇာတ်(အတူဖြစ်ဖက်)တရားတို့ကို မိမိအလိုသို့ လိုက်စေခြင်းဖြင့် အစိုးရတယ်။
ဘာဝရုပ်(၂)ခုတို့က လက်ခြေတို့ရဲ့ သွယ်လျခြင်း၊ ဖုထစ်ခြင်းစတဲ့ မွေးရာပါအသွင်သဏ္ဌာန်၊ အရွယ်အားလျှော်စွာ ဖြစ်ပေါ်တတ်တဲ့ မုတ်ဆိတ် ကျင်စွယ်ရှိမှု မရှိမှုစတဲ့ အရိပ်နိမိတ်၊ ဗန်း၊ ဆန်ကော၊ ထွန်၊ ထယ်စသည်တို့နဲ့ ကစားခြင်းစတဲ့ အပြုအမူ၊ ကနွဲ့ကလျနိုင်ခြင်း ၊ ဒေါက်ချီ မောက်ချီနိုင်ခြင်းစတဲ့ ပြောဆို သွားလာဟန် အမူအရာတို့ကို အစိုးရတယ်။
ရုပ်ဇီဝိတက အတူဖြစ်ဖက် ကမ္မဇရုပ်တို့ကို၊ နာမ်ဇီဝိတက အတူဖြစ်ဖက်နာမ်တရားတို့ကို စောင့်ရှောက်အစိုးရတယ်။
သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿဝေဒနာတို့က ချစ်ခြင်း၊ မုန်းခြင်း၊ လောဘဖြစ်ခြင်း၊ ဒေါသဖြစ်ခြင်းစတဲ့ ကြမ်းတမ်းတဲ့ အဖြစ်ကို ရောက်စေတဲ့ ခံစားမှုကို၊ ဥပေက္ခာဝေဒနာက အလယ်အလတ်အခြင်းအရာကို ရောက်စေတဲ့ ခံစားမှုကို အစိုးရတယ်။
သဒ္ဓါစတဲ့ ဣနြေ္ဒငါးမျိုးတို့ကတော့ မယုံကြည်မှု၊ ပျင်းရိမှု၊ မေ့လျော့မှု၊ ပျံ့လွင့်မှု၊ အမှန်မသိမှုတို့ကို လွှမ်းမိုးဖယ်ရှားပြီး ယုံကြည်မှု၊ ကြိုးစားအားထုတ်မှု၊ အာရုံကို မပျောက်ပျက်အောင် အောက်မေ့ သတိရမှု၊ စိတ်ကို အာရုံအပေါ်မှာကျရောက်တည်ငြိမ်မှု၊ အမှန်အတိုင်း ပိုင်းခြားသိမြင်မှုကစပြီး သံယောဇဉ်တွေ အဆင့်ဆင့် ပယ်သတ်မှုကိစ္စတွေကို အစိုးရတယ်လို့ ဖွင့်ဆိုပါတယ်။
ရုပ်ဣနြေ္ဒ(၈)ပါးထဲက ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်(၂)မျိုးကို ပဋ္ဌာန်းဒေသနာတော်မှာ ဣန္ဒြိယပစ္စည်းအဖြစ်နဲ့မဟောပါဘူး။
မဟောရခြင်းရဲ့ အကြောင်းကတော့ ဘာဝရုပ်(၂)ခုတို့ဟာ ယောကျာ်း၊ မိန်းမတို့ရဲ့ အသွင်သဏ္ဌာန်၊ ပြုံးဟန် ရယ်ဟန်၊ ကစားခုန်လွှား အပြုအမူ၊ သွားလာလှုပ်ရှားမှု အသွင်အပြင် စသည်ကို အစိုးတရပြုရမှာဖြစ်ပါတယ်။ လူ့ပြည်မှာ ပထမဆုံး ပဋိသန္ဓေဝိညာဏ်နဲ့အတူ ဘာဝရုပ်တို့ တစ်ပြိုင်နက် ဖြစ်ပေါ်လာသော်လည်း အသွင်သဏ္ဌာန် စသည်တို့က ရက်သတ္တ(၇)ပတ် ကျော်လောက်မှ စတင်ဖြစ်ပေါ်လာတာ ဖြစ်လို့ ဘာဝရုပ်ရှိတိုင်း အသွင်သဏ္ဌာန် စသည်ကို အစိုးရမှု မမြဲပါဘူး။
ဗြဟ္မာတို့ သဏ္ဌာန်မှာကျတော့ ပုရိသအသွင်သဏ္ဌာန် ထင်ရှားရှိပေမယ့် ပုရိသဘာဝရုပ် ရယ်လို့ မရှိပြန်ပါဘူး၊ ဒါကြောင့် ဘာဝရုပ် တို့ရဲ့အစိုးရမှုဟာ မမြဲဘူးလို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် ဖွားမြင်ပြီးလို့ လူလားမြောက်သည့် တိုင်အောင်လည်း ဘာဝရုပ် တို့ကြောင့် ယောကျာ်း၊ မိန်းမရယ်လို့ဖြစ်ပြီး မွေးရာပါ အသွင်သဏ္ဌာန်တွေ ရှိနေသည့် တိုင်အောင်၊ အပြုအမူတို့ အမူအရာတို့က ပုံမှန်ဟုတ်ချင်မှ ဟုတ်ပါမယ်၊ ယောကျာ်းလျာ၊ မိန်းမလျာတွေ ဖြစ်နေတတ်တာတို့၊ တချို့ဆိုရင် လိင်ပြောင်းသွားတာတို့အထိ ရှိကြလို့လည်း ဘာဝရုပ်တို့ရဲ့ အစိုးရမှုဟာ မမြဲပါဘူး။ အဲဒီလို အစိုးရမှုမမြဲတဲ့အတွက် ဣန္ဒြိယပစ္စည်းအဖြစ်နဲ့ မဟောဘူးလို့ အဋ္ဌကထာဆရာက မိန့်ဆိုပါတယ်။
ထပ်ပြီးစိစစ်ကြည့်မယ်ဆိုရင် ဘာဝရုပ်တို့က အစိုးရတယ်ဆိုတဲ့ အသွင်သဏ္ဌာန်တို့၊ ပုံစံ၊ ဟန်ပန်အမူအရာတို့ဆိုတာတွေဟာ ပရမတ္ထတရားတွေ မဟုတ်ပါဘူး၊ ပညတ်အထူးတွေ သာဖြစ်ပါတယ်၊ ဒါကြောင့်လဲ ဣန္ဒြိယပစ္စည်းအဖြစ်နဲ့ မဟောတာလို့ ဆိုနိုင်ပါလိမ့်မယ်၊
အထူးသဖြင့် ပရမတ္ထတရားကိုသာ ဟောတဲ့ ပဥှာဝါရလို နေရာမျိုးမှာဆိုရင် ဟောလို့ကို မရလို့ မဟောတာဖြစ်ပါလိမ့်မယ်။
ပဋ္ဌာန်းဣန္ဒြိယပစ္စည်းမှာ မဟောပေမယ့် ဘာဝရုပ်တို့ရဲ့ အစိုးရတဲ့ အရှိန်အဝါကို လျှော့တွက်လို့တော့ မရပါဘူး။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်အခိုက်မှာ ဘာဝရုပ်(၂)ခုထဲက တစ်ခုခု ပါလာပြီဆိုရင် ပဋိသန္ဓေစိတ်ရဲ့ ဋ္ဌီအခိုက်မှာဖြစ်တဲ့ ဥတုဇရုပ်ကစပြီး ဖြစ်ဖြစ်သမျှရုပ်တွေဟာ ဘာဝရုပ်တို့ရဲ့ အမိန့်အတိုင်းပဲ လိုက်နာရပါတယ်။ ဆိုလိုတာကတော့ ဣတ္ထိဘာဝရုပ်ရှိသူရဲ့ သန္တာန်မှာ ဖြစ်ဖြစ်သမျှ ကမ္မဇ၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇရုပ်တွေဟာ မိန်းမတို့ရဲ့ အသွင်သဏ္ဌာန်၊ ခန္ဓာကိုယ် အချိုးအစားများချည်းဖြစ်ရပါတယ်။ ဘယ်ဥတုဇရုပ် အာဟာရဇရုပ်ကမှ မုတ်ဆိတ် ကျင်စွယ်ရယ် လို့ ဖြစ်မသွားပါဘူး၊ ဘာဝရုပ်အမိန့်အတိုင်းပဲ ကြီးခြင်း၊ သေးခြင်း၊ ခိုင်မာခြင်း၊ သွယ်လျခြင်းတို့ ဖြစ်ပေးရပါတယ်၊
ဒါကြောင့် ဘာဝရုပ်တို့ကို ဣန္ဒြိယပစ္စည်းအဖြစ်နဲ့မဟောပေမယ့် ဣန္ဒြိယတရားအနေနဲ့တော့ မရှိမဖြစ်ထည့်သွင်းထားရတာပါ။ ဒါနဲ့တောင် အထီးမဟုတ် အမမဟုတ်ဆိုတဲ့ ဗရုတ်သုတ်ခတွေက ဝင်နှောက်ချင်ပါသေးတယ်။
ဘာဝရုပ်တရားများနဲ့ ပတ်သက်လို့ နောက်ထပ် အသိအမြင် ရှင်းထားဖို့လိုတာ တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ လူ့ဘဝမှာ လူဖြစ်ရတာချင်း အတူတူဖြစ်ပေမယ့် “မိန်းမဖြစ်ရတာက ကုသိုလ်ကံအားနည်းလို့၊ ယောကျာ်းဖြစ်ရတာက ကုသိုလ်ကံ အားကြီးလို့” ဆိုပြီး အထင်အမှတ် မှားနေကြတဲ့ ကိစ္စပါ။ အထင်အမှတ် မှားသလို ဒီလိုပဲ မှားမှားယွင်းယွင်း ပြောကြဆိုကြတာတွေလည်း ကြားဖူးကြမယ် ထင်ပါတယ်။
အမှန်ကတော့ ယောကျာ်း မိန်းမဖြစ်ရတာဟာ ကုသိုလ်ကံအနည်း အများနဲ့ မဆိုင်ပါဘူး၊ အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ်၊ သံယောဂသုတ် (အံ၊၂-၄၄၀)မှာ မြတ်စွာဘုရားရှင် ဟောတော် မူတာကတော့ - “မိန်းမဟာ မိန်းမရဲ့ဘဝ၊ မိန်းမတို့ရဲ့အမူအကျင့်နဲ့အဝတ် တန်ဆာတို့ကိုပဲ သာယာ နှစ်သက်နေမယ်၊ မိန်းမအဖြစ်နဲ့ပဲ ယောကျာ်းများအပေါ်လဲ သာယာနှစ်သက် စွဲလမ်း နေမယ် ဆိုရင် မိန်းမဟာ မိန်းမအဖြစ်က်ကို မလွန်မြောက်နိုင်ဘူးး၊ မိန်းမသေပြီးးရင် မိန်းမပဲ ပြန်ဖြစ်နေမယ်။ ယောင်္ကျာများလဲ အလားတူပူပဲ ယောကျာ်းဘဝမှာ သာယာပြီး ယောကျာ်း အဖြစ်နဲ့ပဲ မိန်းမများ အပေါ်ပဲ သာယာစွဲလမ်းမယ်ဆိုရင် (ကာမေသု မိစ္ဆာစာရကံလို ကံတစ်ပါးပါးကဟန့်တားခြင်း မပြုသေးသမျှ) ယောကျာ်းသေပြီး ရင် ယောကျာ်းပဲ ပြန်ဖြစ်နေမယ်”လို့ မိန့်ပါတယ်။
ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းဆိုတာ ကုသိုလ်ကံ အကြီးအသေးနဲ့ မဆိုင်ဘူး အစွဲဥပါဒါန်နဲ့သာ ဆိုင်တယ်လို့ ဆိုလိုတာပါ။
မှန်ပါတယ်၊ ယောကျာ်း မိန်းမဖြစ်ရတာ၊ အထီးအမဖြစ်ရတာဟာ ကုသိုလ် အကုသိုလ်နဲ့ဆိုင်မယ်၊ ကုသိုလ်ကံ အကြီးအသေးနဲ့ ဆိုင်မယ်ဆို ရင် မြတ်စွာဘုရားရှင်တို့ရဲ့ ပါရမီဖြည့်စဉ်ကာလ ဘဝဖြစ်ရပ်တွေထဲမှာ ဘုရားလောင်းပြီးရင် ကုသိုလ်တရား အလွန်အားကြီးတဲ့ ယသောဓရာ အလောင်း ဟာ ယောကျာ်းဘဝတွေ ပြောင်းလဲဖြစ်သွားနိုင်ပြီး ကုသိုလ်အားနည်းတဲ့ ဒေဝဒတ်အလောင်းက မိန်းမဖြစ်သွား လောက်ပါတယ်။ တခြား အသင်္ချေ တိုင်အောင် ပါရမီတွေဖြည့်ကြရတဲ့ ခေမာထေရီတို့ ဓမ္မဒိန္နာတို့စတဲ့ ထေရီမကြီးတွေရဲ့ အလောင်းတွေ လည်း ကုသိုလ် အားကြီး သူတွေပဲ ဖြစ်ကြ လို့ ယောကျာ်းဘဝတွေပြောင်းလဲ ဖြစ်သွားကြမှာပေါ့။ ဒီလိုသာ ကုသိုလ်ကံအားကြီးလို့ ယောကျာ်း ဘဝပြောင်း ပြီးဖြစ်ကြမယ်ဆိုရင် ပါရမီပြည့်သူ တိုင်း ယောကျာ်းချည်း ဖြစ်သွားကြလောက်ပါတယ်။
မြတ်စွာဘုရားရှင်(သံယောဂသုတ်မှာ) ဟောတော်မူတဲ့အတိုင်း ဘယ်လောက်ပဲ ကုသိုလ်တွေ ပါရမီတွေ အားကြီးနေနေ မိန်းမဘဝ အပေါ်ဥပါဒါန် မပြတ်သမျှ မိန်းမသာဖြစ်ရတယ်၊ ယောကျာ်းဘဝ ဥပါဒါန်မပြတ်သမျှ ယောကျာ်းသာဖြစ်ရတယ်လို့သာ အမြင်ရှင်းရှင်းမှတ်ယူကြဖို့ပါ။
အပြောင်းအလဲအနေနဲ့ ဖြစ်လိုရင်တော့ မိန်းမက မိန်းမဘဝအပေါ်မှာ ဥပါဒါန်ပြတ်ပြီး ယောကျာ်းဘဝကို ရည်သန်တဲ့ သီလစတဲ့ ကုသိုလ်ြ ပုရင် ယောကျာ်း ဘဝကို ပြောင်းလဲတယ်။ ယောကျာ်းများကတော့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိရင် ယောကျာ်းဘဝက မိန်းမဘဝ ကို ပြောင်းလဲ တယ်လို့ ကျမ်းဂန်များမှာ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေမှာလည်း ယောကျာ်းဦးရေကလျော့ပြီး မိန်းမဦးရေက တိုးနေပါတယ်။ စဉ်းတော့ စဉ်းစားစရာပါပဲ၊ အထူးသဖြင့် ယောကျာ်းများအနေနဲ့ ကိုယ့်ကိုယ်ကျင့်တရားကို စိစစ်ဆင်ခြင်ပြီး သတိထား စရာကောင်းတဲ့ အချက်ပါပဲ။
ဣန္ဒြိယပစ္စည်းအဖြစ်နဲ့ ဟောထားတဲ့ ရုပ်ဣနြေ္ဒ(၆)ပါးထဲမှာ စက္ခု၊ သောတစတဲ့ ပသာဒဣနြေ္ဒ(၅)ပါးတို့က အကျိုးပစ္စယုပ္ပန်ဖြစ်တဲ့ ဝိညာဏ်စိတ်တွေ မဖြစ်မီ ရှေးကကြိုတင်ပြီးဖြစ်ကြလို့ ပုရေဇာတပစ္စည်းလဲမည်ပါတယ်။ ပစ္စယုပ္ပန်တရားတွေအပေါ် အစိုးရတဲ့အတွက် ဣန္ဒြိယပစ္စည်းလဲမည်ပါတယ်။ ဒါကြောင့် ဒီဣနြေ္ဒ(၅)ပါးကို “ပုရေဇာတိန္ဒြိယ” ပစ္စည်းလို့ခေါ်ပါတယ်။
ရုပ်ဇီဝိတကတော့ ကလာပ်တူ ကမ္မဇရုပ်တွေကို စောင့်ရှောက်ပြီး အစိုးရတဲ့အတွက် ရူပဇီဝိတိန္ဒြိယပစ္စည်းလို့ပဲ ခေါ်ပါတယ်။
ဒီနေရာမှာ အဘိဓမ္မာနဲ့ ပတ်သက်လို့ သိမှတ်စရာကလေးတွေ နည်းနည်းရှိပါတယ်။ ဒီဣန္ဒြိယပစ္စည်းမှာပါတဲ့ “ဇီဝိတ” ဆိုတာ မြန်မာလို “အသက်”လို့ ခေါ်တဲ့တရားပါပဲ။ နာမ်ဇီဝိတက နာမ်တရားတို့ရဲ့ အသက်ဖြစ်ပါတယ်။ ရုပ်ဇီဝိတက ကမ္မဇရုပ်တို့ရဲ့ အသက် ဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ကြီးထဲမှာ အသက်လို့ခေါ်စရာ ဒီပရမတ္ထတရား (၂)ပါး (ရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတ)ကလွဲလို့တခြား အတ္တçလိပ်ပြာ၊ ဝိညာဉ်ကောင်ဆိုတာ လုံးဝမရှိပါဘူး။
နောက်ထပ်သိစရာတစ်ခုက နာမ်ဇီဝိတတရားဟာ စိတ်စေတသိက်ဆိုတဲ့ နာမ်အားလုံးတို့ရဲ့ အသက်ဖြစ်ပါတယ်။ ရုပ်ဇီဝိတကတော့ ကမ္မဇရုပ်တို့ရဲ့ အသက်သာဖြစ်ပါတယ်။ ရုပ်အားလုံး (၄မျိုးလုံး)တို့ရဲ့ အသက်မဟုတ်ပါဘူး။
ရုပ်တရားတွေအကြောင်း အာဟာရပစ္စည်းမှာလဲ အထိုက်အလျောက်ပြောခဲ့ပြီးပေမယ့် ဒီမှာလဲ ထပ်ပြောပါဦးမယ်။ ဒီခန္ဓာကြီးဆိုတာ ကမ္မဇရုပ်တွေ၊ စိတ္တဇရုပ်တွေ၊ ဥတုဇရုပ်တွေ၊ အာဟာရဇရုပ်တွေဆိုတဲ့ ရုပ်(၄)မျိုးအစုအပေါင်းကြီးဖြစ်ပါတယ်။
ဒီရုပ်(၄)မျိုးထဲမှာ ကမ္မဇရုပ်ကလွဲလို့ ကြွင်းရုပ်(၃)မျိုးတို့က ပစ္စပ္ပန်မှာ ထင်ရှားရှိတဲ့ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့်ဖြစ်ကြတာပါ။
ဒါကြောင့်ဒီရုပ်(၃)မျိုးတို့ကို သူတို့ရဲ့ မိဘသဖွယ်ဖြစ်တဲ့ စိတ်çဥတုçအာဟာရတို့က ထင်ရှားရှိပြီး စောင့်ရှောက်ပေးနေကြတဲ့အတွက် မိဘရဲ့စောင့် ရှောက်မှုကို ရနေတဲ့သားသမီးများနဲ့တူပါတယ်၊ တခြားအစောင့်အရှောက် မလိုအပ်ပါဘူး။ သီးခြား “ရုပ်သက်”ရယ်လို့ ရှိစရာ မလိုအပ်တော့ဘူးလို့ ဆိုလိုပါတယ်။
ကမ္မဇရုပ်တွေဆိုတာကတော့ အတိတ်ကပြုခဲ့တဲ့ကံကြောင့် ဖြစ်ကြတဲ့ ရုပ်တွေဖြစ်လို့ သူတို့ဖြစ်ပေါ်ချိန်မှာ သူတို့ရဲ့မိဘသဖွယ် ဖြစ်တဲ့ ကံတရားက ထင်ရှားမရှိတော့ပါဘူး။ ဒါကြောင့် ကမ္မဇရုပ်တွေဟာ မိဘမဲ့သားသမီးများသဖွယ် ဖြစ်နေပါတယ်။
မိဘမဲ့လိုဖြစ်နေတဲ့ ကမ္မဇရုပ်တွေကိုတော့ သူတို့အထဲကပဲ တခြားတာဝန်ကိစ္စအထူးမရှိတဲ့ ဇီဝိတရုပ်က “အကိုကြီး အဖအရာ၊ အမကြီး အမိအရာ” ဆိုသလို စောင့်ရှောက်ပေးနေရပါတယ်။ ဒါကြောင့် ဇီဝိတရုပ်ဆိုတာ ရုပ်အားလုံးတို့ရဲ့ အသက်မဟုတ်ဘဲ ကမ္မဇရုပ်တို့ရဲ့ အသက်သာဖြစ်ရတာပါ။
မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
http://www.ashinsirinda.com/ 2011-ခု၊ ဧပြီလ ၃-ရက်၊ တနင်္ဂနွေနေ့။
၂၀၀၀အဖွဲ့ (2000 GROUP) မှ မြရတနာတွင် ဆောင်ရွက်မှုများ
စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။
ကျောင်းဆရာတော်နှင့်သံဃတော်များအား နေ့ဆွမ်းကပ်လှူကြပြီး ကလေးများအား နေ့လည်စာ ကျွေးမွေးကြပြီး ဆေးခန်းများဖွင့်လှစ်ပေးခြင်း ဖန်မီးအိမ်အဖွဲ့မှ ဗလာစာအုပ်များလှူဒါန်းပေးခြင်းနိဗ္ဗာန်ဈေးများဆောင်ရွက်ခြင်းများကို ဆရာမ ဒေါ်မေအေးဦး
မှဦးဆောင်၍ အားကြိုးမာန်တက်စွာဖြင့်ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါအဖွဲ့အစည်းမှ မြရတနာရပ်ကွက်တွင် ၂၀၁၁~၂၀၁၂ ပညာသင်နှစ်အတွက်
၆ တန်းမှ ၇ တန်းတက်ရောက်မည့်ကလေးငယ်များအတွက် ကလေးရှစ်ယောက်ရှိတာ
ကလေးငါးဦးအတွက်ပညာသင်ကြားစားရိတ်တစ်ဦးလျှင် တစ်သိန်းကျပ်စီလှူဒါန်းပေးခဲ့
ကြပါသည်။ စာဖတ်သူများဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။