* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 17, 2011

*သီလ၏ အကျိုးကျေးဇူးများ*

3/16/2011 တောသားလေး , Posted in သိမှတ်ဖွယ်ရာဓမ္မစာပေများ , 1 Comment

သီလစောင့်ထိန်းခြင်း၏ အကျိုးကျေးဇူးတို့သည် အလွန်များပြားလှပေ၏။
၁။ “အာနန္ဒာ…အပြစ်ကင်း၍ ကောင်းမြတ်သော သီလအကျင့်တို့သည် စိတ်နှလုံး သာယာ ချမ်းမြေ့ခြင်း အကျိုး၊ စိတ်နှလုံး ချမ်းသာအေးမြခြင်း အာနိသင်ရှိကုန်၏” ဟု အရှင်အာနန္ဒာအား မြတ်စွာဘုရား မိန့်ကြားတော်မူ၏။
၂။ “အို-သူကြွယ်တို့- ဤလောက၌ သီလနှင့် ပြည့်စုံသောသူ၏ အကျိုးတို့သည် ဤ ၅-ပါးတည်း” ဟူ၍ အောက်ပါ အကျိုး ၅-ပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။
(၁)သီလနှင့်ပြည့်စုံသူသည် မမေ့မလျော့သည့် အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်ဥစ္စာကို ရ၏။
(၂)သီလနှင့်ပြည့်စုံသူ၏ ကောင်းသော ကျော်စောသတင်းသည် ထက်ဝန်းကျင်သို့ ပြန့်နှံ့၏။
(၃)သီလနှင့် ပြည့်စုံသူသည် မင်းပရိတ်သတ်ဖြစ်စေ၊ ပုဏ္ဏားပရိတ်သတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိတ်သတ်သို့ ဖြစ်စေ၊ ရဟန်းပရိတ်သတ်သို့ ဖြစ်စေ၊ ချဉ်းကပ်ဝင်ရောက်လျှင် မကြောက်မရွံ့ ရဲရဲရင့်ရင့် ကျက်သရေရှိသည့် ရွှင်လန်းသော မျက်နှာဖြင့် ချဉ်းကပ်ရ၏။
(၄)သီလနှင့် ပြည့်စုံသူသည် မိမိပြုခဲ့သော ကောင်းမှု ကုသိုလ်တို့ကို ထင်မြင်၍ မတွေမဝေ ကြည်ကြည်လင်လင် သေရ၏။
(၅)သီလနှင့် ပြည့်စုံသူသည် ခန္ဓာပျက်ကြွေ၍ သေလွန်သည်ရှိသော် ကောင်းမှုပြုသူတို့ လားရာဖြစ်သော နတ်ပြည်လောကသို့ ဧကန်မချွတ် ရောက်ရ၏။
(မဟာဝဂ်ပါဠိတော် မြန်မာပြန်။ ၈၅)
ဒေါက်တာမင်းတင်မွန် ၏ မြတ်သီလ စာအုပ်မှ ကူးယူပြီး ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

နှစ်ကူးအစီအစဉ်

ဘာမင်ဂန်မြို့ရှိပြတိုက်ရှေ့
၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှပင့်ဆောင်ခဲ့ပြီး သမ္မာသမ္ဗောဓိဘုန်းတော်ကြီးကျောင်း (ကပုန်း) တွင် သီတင်းသုံးပူဇော်လျက်ရှိသည့် ဆင်းတုတော်ရုပ်ပွားတော်ကြီး၏ ၁၁- နှစ် မြောက် ဗုဒ္ဓ ဓမ္မ သံဃ ပူဇနိယပူဇော်ပွဲ နှင့် မြန်မာနှစ်ကူးအလှူတော်မင်္ဂလာပွဲကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်စဉ်က ပါဝင်လှူဒါန်းကူညီခဲ့ကြသော အလှူရှင်များအပါအဝင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

လန်ဒန်မြို့၊ Thames မြစ်ဘေး
ကျင်းပမည့်နေ့ရက်
၁၂၊ ၄၊ ၂၀၁၁ ညနေ (၆) နာရီ ဆံချ
၁၃၊ ၄၊ ၂၀၁၁ နံနက် (၉) နာရီ သိမ်ဝင်၊ နံနက် (၁၀း၃၀) သိမ်ဆင်း
၁၇၊ ၄၊ ၂၀၁၁ နံနက် (၆) နာရီ ဘုရားအနေကဇာတင်၊ ဘုရားပူဇော်၊ ဆုတောင်းအမျှဝေ
နံနက် (၇) နာရီ အရုဏ်ဆွမ်းဆက်ကပ်
နံနက် (၈) နာရီ ပရိသတ်များဧည့်ခံ
နံနက် (၁၁) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ (၁) နာရီ သီလယူ၊ တရားဟော/နာ၊ ရေစက်ချ။

ကျင်းပမည့်နေရာ
သမ္မာသမ္ဗောဓိဘုန်းတော်ကြီးကျောင်း (ကပုန်း)
နံပါတ် ၁၉၊ ဂျလန် ၃၈၊ ဒေစာဂျာယာ၊ ကပုန်း။
မြန်မာနှစ်ဆန်း (၁) ရက် (၁၇၊ ၄၊ ၂၀၁၁) တနင်္ဂနွေနေ့တွင်
ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ကြွရောက်လာသောဧည့်ပရိသတ်အပေါင်းတို့အား ဦးသက်ဆွေ၊ ဒေါက်တာစီလေးခိုင်မိသားစုတို့က
ဆွမ်းထမင်း တို့ဖြင့် တည်ခင်းဧည့်ခံလှူဒါန်းပါမည်။

Read more...

The Elderly - ထေရ်ကြီးဝါကြီး ထေရ်ကောင်းရှင်ကောင်း လူကြီးသူမ လူကောင်းသူကောင်း


• န တေန ထေရော သော ဟောတိ၊
ယေနဿ ပလိတံ သိရော။
• He is not a Thera (or) not an elder one,
Just because his head is gray.
• ဦးခေါင်း၌ ဆံပင်ဖြူရုံမျှဖြင့်
မထေရ်ကြီးမမည်ပေ၊ လူကြီးမဟုတ်ပေ။

ဒီ ဓမ္မအဆိုအမိန့်၊ ဓမ္မဒေသနာတော်ဟာ ဓမ္မပဒပါဠိတော် ဂါထာ (၂၆၀)၊ လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထုမှာ လာရှိပါတယ်။ ဒီ ဒေသနာတော်ရဲ့အဓိပ္ပာယ်ကို ဉာဏ်မီသလောက် ဖွင့်ဆိုရေးသားပြီး ထေရ်ကြီးဝါကြီး ထေရ်ကောင်းရှင်ကောင်းနဲ့ လူကြီးသူမ လူကြီးလူကောင်းတို့ရဲ့ ဂုဏ်ထူးဝိသေသတွေကို တစ်နည်းတစ်ဖုံ၊ သွယ်ဝိုက်သောအားဖြင့် ဖော်ညွှန်းဖွဲ့ဆိုချင်ပါတယ်။

ပါဠိလို “ထေရ”၊ မြန်မာလို“ထေရ်” ၊ “မထေရ်” ဆိုတဲ့စကားဟာ ယေဘုယျအားဖြင့် အသက်အရွယ် ကြီးရင့်မှုကို ရည်ညွှန်းပါတယ်။ “စိရဋ္ဌာယီ”ဆိုတဲ့ “အချိန်ကာလ ကြာရှည်လေးမြင့်စွာ ဖြစ်တည်နေနိုင်ခြင်း” သတ္တိသဘောကို ဖော်ညွှန်းပါတယ်။ အသက်အရွယ် အိုမင်းကြီးရင့်သူကို ဆိုလိုတာပါ။ ဒါကတော့ အများနားလည်ထားကြတဲ့ “ထေရ” ၊ “ထေရ်” ၊ “မထေရ်”ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ် ဖြစ်ပါတယ်။

နောက်အဓိပ္ပာယ် တစ်မျိုးက သီလ သမာဓိ ပညာစတဲ့ ဂုဏ်သိက္ခာတွေ ကောင်းမှုဘုန်းကံ အရှိန်အဝါတွေနဲ့ တည်တံ့ခိုင်ခန့်တဲ့ ပုဂ္ဂိုလ်မြတ်၊ တည်ကြည်လေးနက်တဲ့ ပုဂ္ဂိုလ်မြတ်လို့ ဆိုလိုပါတယ်။ ဒီတော့ “ထေရ”ဆိုတဲ့ ပါဠိပုဒ်ကို မြန်မာလို အဓိပ္ပာယ်နှစ်မျိုး ဖွင့်ဆိုနိုင်တာပေါ့။

(၁) ဘာဂုဏ် ဘာအရည်အချင်းမှ မရှိချင်နေပါစေ အသက်အရွယ် ကြီးရင့်အိုမင်းလာပြီ ဆိုရင် “ထေရ”လို့ ခေါ်ဆိုနိုင်ပါတယ်။
(၂) အသက်အရွယ် ငယ်ငယ် ကြီးကြီး၊ ဂုဏ် အရည်အချင်းတွေ ရှိနေမယ်ဆိုရင် “ထေရ”လို့ ခေါ်ဆိုနိုင်ပါတယ်။

ထေရလို့ ခေါ်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်နှစ်မျိုး ရှိတဲ့နေရာမှာ ဂုဏ်အရည်အချင်းနဲ့ ပြည့်စုံသူသာ တကယ့်“ထေရ” ဖြစ်တဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် မိန့်တော်မူခဲ့ပါတယ်။

စာပေဗဟုသုတ အရည်အသွေး၊ ကိုယ်ကျင့်သီလ အရည်အသွေး၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ သည်းခံနိုင်မှုစွမ်းရည်၊ အမြင်ကျယ် သဘောထားကြီးမှုစွမ်းရည်၊ ရက်ရောမှု အရည်အချင်း၊ ငြူစူတွန့်တိုမှု ရှင်းတဲ့ အရည်အချင်း စတဲ့စတဲ့ ကိုယ်ရည်ကိုယ်သွေး ဂုဏ်အရည်အချင်းတွေ တစ်စက်ကလေး တစ်ဆင့်ကလေးမှ တိုးတက်မလာဘဲ အသက်သာ ကြီးလာပြီး အချိန်မစီးတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ “မောဃဇိဏ္ဏ”လို့ ဘုရားရှင် ရှုတ်ချတော် မူပါတယ်။ “အကျိုးမဲ့အိုမင်းသူ”ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

ဒီ “ထေရ”ဆိုတဲ့ ပါဠိဝေါဟာရကို “ထေရ်”၊ “မထေရ်”၊ “မထေရ်ကြီး”လို့ မြန်မာပြန်ပြီး ရဟန်းတော်များ အတွက်သာ ရည်ညွှန်းကြပါတယ်။ တကယ်တော့ ဒီဝေါဟာရဟာ လူဒကာ ဒကာမတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီစကားလုံး ဒီဝေါဟာရကို ရဟန်းတော်များအတွက် “ထေရ်ကြီး ဝါကြီး၊ ထေရ်ကောင်း ရှင်ကောင်း”လို့ မြန်မာပြန်ပြီး၊ လူဒကာဒကာမတွေအတွက် ဆိုရင်တော့ “လူကြီး သူမ၊ လူကောင်း သူကောင်း”လို့ မြန်မာပြန်နိုင်ပါတယ်။

ဘဝမှာ ရှင်ဆိုရင်လည်း ရှင်ကောင်းရှင်မြတ်၊ လူဆိုရင်လည်း လူတော်လူကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ မြင့်မြတ်မှ လူဖြစ်ရကျိုး နပ်ပါတယ်။ အထက်တန်းကျမှ ရှင်ဝတ်ရတာ တန်ပါတယ်။ လူပဲဖြစ်ဖြစ် ရှင်ပဲဖြစ်ဖြစ်၊ ကြီးကြီး ငယ်ငယ် ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေးပေါ့ ဘုရားရှင် ချီးကျူးတော်မူတဲ့ “ထေရ” ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထေရဖြစ်ဖို့ ကြိုးစားတဲ့အခါ၊ ဂုဏ်အရည်အချင်းတွေ ရှာဖွေစုဆောင်းတဲ့ အခါမှာတော့ အပေါ်ယံ အကြွားအဝါဂုဏ်၊ အတုအပဂုဏ်တွေကို ဂရုမစိုက်ဘဲ စစ်မှန်တဲ့ဂုဏ်၊ ထိုက်တန်တဲ့ ဂုဏ်တွေကိုသာ ကြိုးစားရှာဖွေ စုဆောင်းနိုင်ဖို့ အရေးကြီးပါတယ်။

စာပေဗဟုသုတအရည်အသွေး၊ ကိုယ်ကျင့်သီလအရည်အသွေး၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ သည်းခံနိုင်မှုစွမ်းရည်၊ အမြင်ကျယ် သဘောထားကြီးမှုစွမ်းရည်၊ ရက်ရောမှု အရည်အချင်း၊ ငြူစူတွန့်တိုမှု ရှင်းတဲ့ အရည်အချင်း စတဲ့စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပြည့်ဝ သည်ထက် ပြည့်ဝလာအောင် လေ့ကျက်ဆည်းပူးရပါမယ်။ ဒီလို ကောင်းမြတ်တဲ့ ဂုဏ်အရည်အချင်းတွေကို ကိုယ်တိုင်ဖြည့်ကျင့်ယူမှ ရနိုင်ပါတယ်။ ဝယ်ယူလို့ မရနိုင်ပါဘူး၊ တောင်းယူဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဒါပေမယ့် ဂုဏ်အရည်အချင်းဆိုတာကို ဝန်းကျင်လောကမှာရှိတဲ့ လူသားတွေကလည်း သတ်မှတ်ပြဌာန်း ပေးနိုင်ပါသေးတယ်။ အဲဒီလို လောကသတ်မှတ်ချက် တွေဟာလည်း အရာခပ်သိမ်း အခါခပ်သိမ်း မှန်ကန်တယ်လို့ မရှိနိုင်ပါဘူး။ လောကသဘာဝ ဆိုတာက အမှန်နည်းနည်း အမှားများများ မဟုတ်ပါလား။ ဒီတော့ ဂုဏ်တုဂုဏ်ရောင်၊ တံဆိပ်ခတ် အရည်အချင်း ဆိုတာတွေ ဖြစ်လာပါတယ်။

အပေါင်းအသင်း၊ ဆွေမျိုးအသိုင်းအဝိုင်း၊ ရာထူးဌာနန္တရ၊ ဥစ္စာဓန၊ ဘွဲ့ထူးဂုဏ်ထူး၊ ဘွဲ့ဒီဂရီ၊ အောင်လက်မှတ်၊ ဂုဏ်ပြုသဝဏ်လွှာ စတဲ့ လောကသင်္ကေတတွေနဲ့ ဂုဏ်အရည်အချင်းကို တိုင်းတာကြပါတယ်။ ဒီလို ဂုဏ်သင်္ကေတ တစ်ခုခုပြည့်စုံလာတဲ့အခါ လူဆိုရင် ဂုဏ်သရေရှိ လူကောင်းသူကောင်းအဖြစ် လေးစားကြပါတယ်၊ ရှင်ဆိုရင်လည်း ဘုန်းတန်ခိုးကြီးမားတဲ့ ရှင်ကောင်းရှင်မြတ်အဖြစ် ဦးခိုက် ကြည်ညိုကြပါတယ်။

ဒီတော့ အများစုက လောကရဲ့လေးစားမှု ရရှိအောင်၊ လောကရဲ့ ဦးခိုက်ကြည်ညိုမှုကို ခံယူနိုင်အောင် လောကသားအများစု အထင်ကြီး လေးစားကြတဲ့ ဂုဏ်သင်္ကေတတွေကို အပတ်တကုတ် ရှာဖွေစုဆောင်းကြ ပါတော့တယ်။ ဂုဏ်သင်္ကေတတွေကို အသည်းအသန် ဖြစ်လာရင် မသမာမှုတွေလည်း ပါဝင်လာနိုင်တာပေါ့။ “ဂုဏ်သင်္ကေတတွေ ရရှိရေးအတွက် ဘယ်လို မသမာမှုတွေ ကျူးလွန်ကြသလဲ”လို့ မေးလာရင် “တနည်းနည်းနဲ့ ကံငါးပါး ကျူးလွန် ဖောက်ဖျက်ကြလိမ့်မယ်”လို့ပဲ လွယ်လွယ်ကူကူ ထိထိမိမိ ဖြေဆိုရပါလိမ့်မယ်။

ဗုဒ္ဓဘာသာအမြင်နဲ့ ပြောရရင် ကုသိုလ်ရမှ ဂုဏ်ရပါတယ်၊ ကုသိုလ်ရှိမှ ဂုဏ်ရှိပါတယ်။ ကုသိုလ်ရဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ကံငါးပါးကို စောင့်ထိန်းနိုင်ခြင်း ဖြစ်ပါတယ်။ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလမှ မလုံဘူးဆိုရင်တော့ တစ်ခြား လေးစား အားထားလောက်တဲ့ ကုသိုလ်အရည်အချင်း၊ ကုသိုလ်ဂုဏ်တွေလည်း ပြည့်စုံမလာနိုင်ပါဘူး။ ဒီတော့ ကံငါးပါးကို ယုတ်ယုတ်မာမာ ကျူးလွန်ချိုးဖျက်ပြီး ဂုဏ်တုဂုဏ်ရောင်၊ တံဆိပ်ခတ် အရည်အချင်း ဆိုတာတွေ မစုဆောင်းမိဖို့ အရေးကြီးပါတယ်။

ဘာဂုဏ် ဘာအရည်အချင်းမှ တိုးတက်မလာဘဲ ဆံပင်ဖြူ ခါးကိုင်း နားထိုင်းရုံ သက်သက်နဲ့ အသက်အရွယ် ကြီးရင့်လာရတာမျိုး မဖြစ်ကြစေဖို့၊ ဂုဏ်အရည်အချင်းလို့ နာမည်တပ်ထားတဲ့ မာယာဝတ်ရုံ မခြုံမိကြစေဖို့၊ တန်ဖိုးရှိတဲ့ ကုသိုလ်အရည်အချင်းများ ပြည့်ဝကြစေဖို့ အရေးကြီးလှပါကြောင်း...။

Picture from (17 March 2011): http://abstractartpainting.wordpress.com/2009/09/page/2/

Read more...

တမ်းတမိခြင်း

တမ်းတခြင်း
မွေးမေမေ………….သားလေ
အမေ့ကိုတွေးပြီး မျက်ရည်ဝေခဲ့တယ်
အမေ့ကိုလွမ်းပြီး ငိုခဲ့ရတယ်
တမ်းတမိတိုင်းလည်း မျက်ရည်ဝေခဲ့ရပါတယ် အမေရယ်…

ဘာဖြစ်လို့လဲသိလား
အမေဟာ သားတို့ကိုခွဲ
လောကကို မျက်နှာလွဲခဲ့လို့ပေါ့၊

သားဖြင့်လေ
အမေ့မေတ္တာ စမ်းရေပမာဆိုတဲ့အရသာ
မေတ္တာအနန္တကြီးမားလှတဲ့ ချစ်ခင်ကြင်နာမှုတွေကို
အပြည့်အ၀မပေးခဲ့ပါလားလို့
မဟုတ်တယုတ် အတွေးစုပ်တွေနဲ့
ရောင်ရမ်းမှန်းဆ အပြစ်တင်ချခဲ့မိပေါ့..

အမေ့သားတစ်ယောက်
လောကအလယ် အမေရယ်လို့
တအားကုန်းအော် ခေါ်လဲမရ မျက်ရည်စတွေနဲ့
အားငယ်ရပါတယ် အမေရယ်..

ဒါတွေ အမေကြားရဲ့လား
ဒါတွေ အမေသိပါရဲ့လား
သားကိုလေ.. ယုယပိုက်ထွေး
အေးမြတဲ့အနမ်းလေးတွေ ပေးပါလဲ့တော့လား
အမေရယ်………….

(၂၈.၁.၂၀၀၅ )ကိုရင်လေးငယ်ဘ၀ အမေကို သတိရမိခြင်းက ဖြစ်ပေါ်လာတဲ့ ကာရံမညီခဲ့တဲ့ တမ်းတခြင်းလေးပါ။

Read more...

ကိုယ်နာသော်လည်း စိတ်မနာပါစေနှင့်…

တစ်ခါက ရန်ကုန်မြို့ရှိ၊ ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ဆေးကုသမှု ခံယူနေရသည့် ရဟန်းဒကာကြီး တစ်ဦးထံ ကျန်းမာရေး သတင်းသွားမေးရင်း ရောက်ရှိသွားခဲ့၏။ အသက်အရွယ် ကြီးရင့်လာမှုနှင့် ရောဂါဝေဒနာ နှိပ်စက်မှု ဒဏ်များကြောင့် ခန္ဓာကိုယ် အလွန်ပင်ပန်းနေသည့် ဒကာကြီးသည် စာရေးသူကို မြင်ရသည့်အခါ ဝမ်းမြောက်မှုနှင့်အတူ ကုတင်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး လက်အုပ်ချီကာ အရိုအသေးပေးလေ၏။ စာရေးသူလည်း ဒကာကြီး သက်သာသလိုသာ နေပါဟုပြောရင်း သူ့ကျန်းမာရေး အခြေအနေကို မေးမြန်းကာ တရားစကား အနည်းငယ် ဟောကြားပေးဖြစ်ခဲ့၏။ အသက်အရွယ် ရလာသော်လည်း တရားအလုပ် အားထုတ်မှုတွင် အားနည်းလှသည့် ဒကာကြီးသည် ရောဂါဝေဒနာ ရလာမှုအပေါ်တွင် အလွန်ခံစားနေရသည့် သဘောရှိ၏။ ထို့အတူ အကြောက်တရားလည်း ဖြစ်ပေါ်နေဟန် ရှိ၏။ နာပြီးရင် သေရမည်ဟူသည့် နိယာမကို လက်ခံလာသဖြင့်လည်း ပို၍ကြောက်လာဟန် ရှိပေ၏။ ပုထုဇဉ်များ၏ သဘောသဘာဝအရ ဒုက္ခတရား အားကြီးလာသည့်အခါ အားကိုးရာ ဘာသာတရားကို ရှာလေ့ရှိသည့်အတိုင်း ဒကာကြီးလည်း ဘာသာတရား၏ အားကိုးရာကို ရှာလာဟန် ရှိပေ၏။ ထို့ကြောင့်လည်း စာရေးသူနှင့် တွေ့ဆုံသည့်အခါ ဒကာကြီးက “အရှင်ဘုရား အိုမင်းမစွမ်း ဖြစ်လာပြီး နာကျင်မှုတွေ ပြည့်နှက်လာတဲ့ တပည့်တော်တို့လို သူတွေအတွက် ဘုရားပေးတဲ့ တရားဆေးလေးများရှိရင် ဟောကြားပေးပါလားဘုရား”လို့ တောင်းဆိုလာလေ၏။ ဒကာကြီး၏ တောင်းဆိုချက်အရ စာရေးသူလည်း ဘုရားစကား အငှါးသုံးကာ “ဒကာကြီးရေ အိုပြီးနာလာကြတဲ့ သူတွေအတွက် ဘုရားရှင်က ကိုယ်နာသော်လည်း စိတ်မနာအောင် နေနိုင်ခြင်းဟာ အကောင်းဆုံး နေထိုင်နည်းပဲ ဖြစ်တယ်လို့ မိန့်တော်မူပါတယ်”စသည့် စကားဖြင့် အစချီကာ တရားစကား ဟောကြား ပေးဖြစ်ခဲ့၏။

မှန်၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင် “ကိုယ်နာသော်လည်း စိတ်မနာစေနှင့်”ဟူသော အထက်ပါ စကားတော်ကို မိန့်တော်မူခဲ့ဖူး၏။ ဗုဒ္ဓဘုရား လက်ထက်တော်အခါက နကုလပိတာ အမည်ရသည့် သူကြွယ်တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူကြွယ်သည် မြတ်စွာဘုရား၊ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ ဘေသကဠတောတွင် သီတင်းသုံးနေတော်မူသည့် သတင်းကို ကြားသိပြီးနောက် ဘုရားရှင်ထံ သွားရောက်ဖူးမျှော်ကာ တရားစကား လျှောက်ထားလေ၏။ သူကြွယ်က “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အိုမင်းမစွမ်းဖြစ်ကာ အရွယ်သုံးပါးတွင် နောက်ဆုံးအရွယ်သို့ ရောက်ရှိလာပါပြီ၊ ခန္ဓာကိုယ်သည်လည်း မပြတ်နာကျင်လျက် ဘုရားတရားသံဃာတော်များကိုလည်း အမြဲတစေ မဖူးမြင်နိုင်တော့ပါဘုရား၊ သို့ဖြစ်ပါ၍ မြတ်စွာဘုရားသည် တပည့်တော်အား တရားစကား မိန့်ကြားတော်မူပါဘုရား…” ဟု မြတ်ဗုဒ္ဓအား လျှောက်ထားလေ၏။

ထိုအခါ ဘုရားရှင်က “သူကြွယ် သင်၏စကားသည် အမှန်ပင်ဖြစ်ပေ၏၊ ဤခန္ဓာကိုယ်သည် အမြဲနာကျင်နေသည့် သဘောရှိ၏၊ ဤခန္ဓာကိုယ်ကို ရွတ်ဆောင်ထားသူမှန်သမျှ တစ်စုံတစ်ဦးမျှ တဒင်္ဂအားဖြင့်သော်လည်း အနာကင်းခြင်းဟူသည် မရှိနိုင်ကြပေ၊ သူကြွယ် ထို့ကြောင့် သင့်ကိုသင် ငါသည်နာကျင်သော ကိုယ်ရှိသူဖြစ်ပါလျက် ငါ၏စိတ်သည် နာကျင်မှုကင်းသူ ဖြစ်လတ္တံ့ဟုသာ ကျင့်အပ်၏” ဟု နကုလပိတာအား မိန့်ကြားတော်မူလိုက်၏။

ဘုရားရှင်၏ အထက်ပါ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော စကားတော်ကို ကြားနာပြီးနောက် အလွန်ကျေနပ်နှစ်သက်စွာဖြင့် နကုလပိတာသည် ဘုရားရှင်အထံတော်မှ ထွက်ခွါသွားပြီး အရှင်သာရိပုတ္တရာ မထေရ်ထံ အဖူးအမျှော် ရောက်ခဲ့ပြန်လေ၏။ အရှင်သာရိပုတ္တရာ မထေရ်ထံ ရောက်သည့်အခါ စိတ်နှလုံး ကြည်လင်နေသည့် နကုလပိတာ သူကြွယ်ကိုကြည့်ကာ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် သင့်ကို ကြည့်ရသည်မှာ စိတ်နှလုံး ကြည်လင်နှစ်သက်နေသည့် သဘောရှိ၏ အဘယ်အကြောင်းကြောင့်နည်းဟု” မေးတော်မူလေ၏။ သူကြွယ်က “အရှင်ဘုရား တပည့်တော် ဘုရားရှင်အထံတော်မှ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော တရားစကားတော်ကို နာကြားခဲ့ရသောကြောင့် အလွန်ကျေနပ် နှစ်သက်မှုကို ဖြစ်ရပါသည်ဘုရား” ဟု လျှောက်ထားလေ၏။ ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ နကုလပိတာအား “သူကြွယ် သို့ဆိုလျှင် သင်သည်မြတ်စွာဘုရားရှင်အား အဘယ်မျှဖြင့် နာကျင်သော ကိုယ်ရှိသူဖြစ်၍ အဘယ်မျှဖြင့် နာကျင်သော စိတ်ရှိသူဖြစ်သနည်း၊ အဘယ်မျှဖြင့် နာကျင့်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်းဟူသော မေးခွန်းများကို ထပ်မံမေးလျှောက်ခဲ့သလော”ဟု မေးတော်မူလိုက်၏။ ထိုအခါမှ သူကြွယ်မှာ “အရှင်ဘုရား တပည့်တော် ထိုမေးခွန်းကို မမေးလျှောက်မိပါဘုရား…၊ အရှင်ဘုရား အနေဖြင့်သာ တပည့်တော်အား လိုအပ်သည့်အချက်များကို ဖြည့်စွက်ဟောကြား ချီးမြှင့်တော်မူပါဘုရား”ဟု ပြန်လည်လျှောက်ထားရင်း အရှင်သာရိပုတ္တရာ၏ တရားစကားကို ဆက်လက်နားကြားတော်မူလေ၏။

အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယအဆင့်သို့ မရောက်သေးသော ပုထုဇဉ်တို့သည် ရုပ်ကို အတ္တဟူ၍ ရှု၏၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ထို့အတူ ဝေဒနာ (ခံစားခြင်း)၊ သညာ (မှတ်သားခြင်း)၊ သင်္ခါရ (ပြုပြင်စီရင်ခြင်း)၊ ဝိညာဏ (အထူးမှတ်သိခြင်း)ကို အတ္တဟူ၍ ရှု၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့်တည်၏၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု ရှုမြင်နေသူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်၏”ဟု ဖြေကြားပေးတော်မူ၏။

ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်ရှိသူ မဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယာတပည့်သည် ရုပ်ကိုအတ္တဟူ၍ မရှု၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်ခြင်း၊ တစ်မျိုးတဖုံဖြစ်ခြင်း ရှိနေသော်လည်း ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏကို အတ္တဟူ၍ မရှု၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့် မတည်၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်သော်လည်း ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု မရှုမြင်သူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်သော်လည်း နာကျင်သော စိတ်ရှိသူကား မဖြစ်” ဟု ဖြေကြားပေးတော်မူ၏။

နကုလပိတာသူကြွယ်သည် အရှင်သာရိပုတ္တရာ အထံတော်မှ ထိုတရားစကားတော်ကို နာကြားပြီးသည့် အခါတွင်လည်း အလွန်ကျေနပ် နှစ်သက်မှုဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ခဲ့လေ၏ (သံယုတ်ပါဠိတော်၊ ခန္ဓဝဂ္ဂသံယုတ်၊ နကုလပီတုသုတ်)။ ဤကား နကုလပိတာသူကြွယ်ကို မိန်ကြားတော်မူခဲ့သည် “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော ဘုရားရှင်၏ စကားတော်ကို အခြေခံသည့် နကုလပိတာနှင့်စပ်သည့် တရားစကားတော်ပင် ဖြစ်ပါ၏။

ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ တရားစကားတော်အရ နာကျင်မှုသည် ကိုယ်၏နာကျင်ခြင်း၊ စိတ်၏နာကျင်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ရှိသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုသည် အကောင်းဆုံး အကျင့်ပင်ဖြစ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။ အမြဲမပြတ် ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်တရား၏ ဖောက်ပြန်မှုအပေါ်တွင် ငါ၊ ငါ၏ခန္ဓာ၊ ငါ၏ရုပ်တရား စသည့် ငါစွဲများကြောင့် ဖောက်ပြန်ခြင်းသဘော အမှန်ကို မသိရှိဘဲ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၏ စွဲရာနောက်သို့ လိုက်ပြီးရင်း လိုက်နေမိကြသဖြင့် ပုထုဇဉ်များမှာ ကိုယ်လည်းနာကျင်၊ စိတ်လည်းနာကျင် ဖြစ်နေကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်၊ ဝေဒနာ စသည့်အရာများတွင် ငါ၊ ငါ၏ဥစ္စာစသည့် ငါစွဲအတ္တများ မရှိဘဲ ထိုအရာတို့၏ ဖောက်ပြန်ပျက်စီးမှု သဘောသဘာဝကို အရှိအတိုင်း သိရှိမည်ဆိုပါက ဖောက်ပြန်ခြင်းသဘောအရ ဖြစ်တတ်သည့် ကိုယ်၏နာကျင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စိတ်၏နာကျင်ခြင်းကား ရှိလာမည်မဟုတ်ပေ။ ကိုယ်၏နာကျင်ခြင်းကား ဘဝသံသရာကျင်လည်နေပြီး ခန္ဓာရှိနေသမျှ တွေ့ကြုံနေရမည်ဖြစ်သဖြင့် အရေးကြီးသည်မှာ စိတ်မနာစေဖို့သာ ဖြစ်ပါ၏။ ထို့ကြောင့် စိတ်မနာစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာများတွင် ငါစွဲအတ္တများဖြင့် မလွှမ်းမိုး မတွယ်တာမိအောင် ကြိုးစာကျင့်ကြံ နေထိုင်ကြရမည်သာ ဖြစ်ပါ၏။ ထိုသို့နေထိုင်နိုင်ပါက ဘုရားစကားတော်အတိုင်း ကိုယ်နာသော်လည်း စိတ်နာမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဤ၌ အဓိကပြောလိုသည်မှာ ကိုယ်နာသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုအကြောင်း ပြောလိုရင်း ဖြစ်ပါ၏။ ကိုယ်နာပြီး ဆေးရုံပေါ်တွင် နာကျင်မှုကို ခံနေရသည့် ရဟန်းဒကာကြီးအား စိတ်မနာအောင် ကျင့်သုံးနေထိုင်ဖို့ သတိပေးစကားအဖြစ် ပြောကြားပေးဖြစ်ခဲ့သည့် ဘုရားစကားတော်ကို ပြန်လည်ပူဇော်ရင်း စာဖတ်သူများအားလည်း စိတ်မနာအောင် ကျင့်သုံးနိုင်ကြဖို့ တဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါ၏။ တဖက်တွင်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ ရုပ်တရား၏ သိသိသာသာ ဖောက်ပြန်မှုကို ခံစားလာရသည့် စာရေးသူ မိမိကိုယ်ကို မိမိ သတိပြုမိစေရန် အချက်ပြ သတိပေးခြင်းလည်း ဖြစ်ပါ၏။

ထို့ကြောင့် ခန္ဓာရှိသူမှန်သမျှ ဖောက်ပြန်မှုများ ရှိနေကြမည်ဖြစ်ပြီး ဖောက်ပြန်နေသမျှ နာကျင်မှုများလည်း ရှိနေကြမည် ဖြစ်ရာတွင် ထိုနာကျင်မှုသည် စိတ်၏နာကျင်မှုအထိ မဖြစ်ကြစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသည့် ခန္ဓာတရားများအပေါ်တွင် အမှန်အတိုင်း သိမြင်နိုင်အောင် ကြိုးစားရင်း ကိုယ်နာသော်လည်း စိတ်မနာကြစေရန် စိတ်နာကျင်မှုကို ဖြစ်စေတတ်သည့် ရုပ်၊ ဝေဒနာ စသည့်ခန္ဓာများအပေါ်တွင် ငါစွဲစင်အောင် သတိပညာတရားများ လက်ကိုင်ထားလျက် တရားအလုပ်သာ ကြိုးစားအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more...

WBU Meditation course

by Cittasamvaro

The World Buddhist University announces the following program. Please contact them directly if you would like to join – it is not arranged by Little Bangkok Sangha

Samadhi Course

————-

Background : The course is for beginners, who need an introduction to a Samadhi practice based on a technique of reciting in mind ‘Buddho’ together with concentrating on breaths. The practice has for generations been handed down in Thai society. Thai forest monks have mostly gotten familiar with it, because it is a best way to create a mind power for safety and mental strength in dwelling in a dangerous forest. Today, lay people are busied with daily jobs, the practice has been applied for them and now, to increasing practitioners, known as ‘easy but beneficial’. On this occasion, you are invited to attend the course, lasting 3 days and without any charges except 200 baht for fee only.

Date : 1-3 April, 2011.

Application Period : Now until March 25.

Instructor: Khantibalo Bhikkhu, the Director of the Willpower Institute, Wat Dhammamongkol, Sukhumvit 101, and Dr. Banjob Bannaruji, the Director of the Spiritual Development Institute, the World Buddhist University. They experienced the Samadhi practice with Phra Dhammamongkolnan (Luang Phor Viriyang), who was once a student of Luang Poo Man, a best wellknown forest monk in northeastern part of Thailand, and who is now regarded as the great Samadhi master in Canada, where he succeeds in teaching meditation that leads to the constant increasing of new practitioners.

Place : the World Buddhist University Building.

Schedule

1 April 1911

Morning

8.30 – 900 Register

Homage to the Triple Gem

9.00 – 9.30 Welcome by the Rector General of the WBU.

9.30 – 10.00 Lecture on “The Objective of Samadhi Meditation Through

Reciting in mind ‘Buddho’

10.00 – 10.15 Coffee / Tea Break

10.15 – 10.45 Walking Meditation Together With Reciting in mind

‘Buddho’

10.45 – 11.15 Sitting Meditation Together With Reciting in mind ‘Buddho’

11.15 – 11.30 Reports

11.30 – 13.00 Lunch

Afternoon

13.00 – 13.30 Lecture on “Focusing on Breaths Together With

Reciting in mind ‘Buddho’

13.30 – 14.00 Walking Meditation Together With Reciting in mind

‘Buddho’

14.00 – 14.30 Sitting Meditation Together With Reciting in mind

‘Buddho’

14.30 – 14.45 Coffee / Tea Break

14.30 – 15.00 Reports

2 April 1911

Morning

8.30 – 900 Register

Homage to the Triple Gem

9.00 – 9.30 Lecture on “Sati (Mindfulness) as The Foundation of

Samadhi”

9.30 – 10.00 Walking Meditation Together With Reciting in mind

‘Buddho’

10.00 – 10.30 Sitting Meditation Through Reciting in mind ‘Buddho’

10.30 – 10.45 Coffee / Tea Break

10.45 – 11.30 Reports

11.30 – 13.00 Lunch

Afternoon

13.00 – 13.30 Lecture on “Samadhi in Daily Life”

13.30 – 14.00 Walking Meditation Together With Reciting in mind

‘Buddho’

14.00 – 14.30 Sitting Meditation Together With Reciting in mind ‘Buddho’

14.30 – 14.45 Coffee / Tea Break

14.30 – 15.00 Reports

3 April 1911

Morning

8.30 – 900 Register

Homage to the Triple Gem

9.00 – 9.30 Lecture on “Hindrances to Samadhi”

9.30 – 10.00 Walking Meditation Together With Reciting in mind

‘Buddho’

10.00 – 10.30 Sitting Meditation Together With Reciting in mind ‘Buddho’

10.30 – 10.45 Coffee / Tea Break

10.45 – 11.30 Reports

11.30 – 13.00 Lunch

Afternoon

13.00 – 13.30 Lecture on “The Samadh’s Benefits for Happy Living”

13.30 – 14.00 Walking Meditation Together With Reciting in mind

‘Buddho’

14.00 – 14.30 Sitting Meditation Together With Reciting in mind ‘Buddho’

14.30 – 14.45 Coffee / Tea Break

14.30 – 15.00 Reports

Afternoon

13.00 – 13.30 Lecture on “Focusing on Breaths Together With Through

Reciting in mind ‘Buddho’

13.30 – 14.00 Walking Meditation Through Reciting in mind ‘Buddho’

14.00 – 14.30 Sitting Meditation Through Reciting in mind ‘Buddho’

14.30 – 14.45 Coffee / Tea Break

14.30 – 15.00 Reports

More informations, please contact 02 2580369, 02 6610617.

Read more...

နဇီရတိ မဆွေးမြေ့



အဘယ်အရာသည် ဆွေးမြေ့ပါသနည်း...

အဘယ်အရာသည် မဆွေးမြေ့ပါသနည်း...

အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း...

အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း...

အဘယ်အရာသည် ညဥ့်နေ့တို့၌ ကုန်ပါသနည်း...

အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း...

ရေမဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်း...

အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊
လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊


မြတ်စွာဘုရားကို ရိုသေစွာဖြင့် မေးလျှောက်ပါ၏၊ 76


၆ - နဇီရတိသုတ်၊ ဆေတွာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

တိဘက်ပြည် ဗုဒ္ဓသာသနာသမိုင်း... (မောင်အံ့ ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး)























Read more...

ထာဝရဘုရား (ဂေါ့ဒ်)၊ ဗုဒ္ဓဘာသာနှင့် ဆူနာမီ


၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
(တစ်နေ့က ဖေ့စ်ဘွတ်မှာ စာရေးသူကို ဒကာတော် ဝိမုတ္တိသုခက တက်ဂ် တစ်ခု လုပ်လာပါတယ်။ အဲဒါက Shravasti Dhammika ရဲ့ God, Buddhism and the Tsunami ဆိုတဲ့ ဆောင်းပါးပါ။ Shravasti Dhammika ရဲ့ 'Good Questions and Good Answers' စာအုပ်ကို ချမ်းမြေ့ဆရာတော်က ဘာသာပြန်ပြီး စာအုပ် ထုပ်ဝေဘူးပါတယ်။ (နာမည် အတိအကျ မမှတ်မိပါဘူး။) ဒါကြောင့် သူ့ကို မြန်မာ ဗုဒ္ဓဘာသာဝင်တွေ သိကြပါတယ်။ အခု အထက်ဖော်ပြ ခေါင်းစီးပါ စာကို ဘာသာပြန်ပြီး တင်လိုက်ပါတယ်။)

မှတ်မိနေသမျှထဲမှာ အကြီးဆုံး သဘာဝ ကပ်ဘေးဆိုးကြီး ဖြစ်တဲ့ လတ်တလော ဆူနာမီက အတ္တရှာပုံတော်ကြီး လုပ်ဆောင်စေခဲ့တယ်။ ထာဝရဘုရားသခင် (ဂေါ့ဒ်)နှင့် ဘာသာရေးယုံကြည်မှု ရှာဖွေမှုမျိုး လုပ်ဆောင်စေဖို့လို့ ပြောဖို့ မဟုတ်ပါဘူး။ လူတွေဟာ ကပ်ဆိုးကြီးကို သူတို့ ဘာသာရေး ယုံကြည်ချက်များနှင့် ဆက်စပ်ပတ်သက်ပြီး ကြိုးစားရှင်းပြကြတယ်။ စင်္ကာပူနိုင်ငံထုတ် အင်္ဂလိပ်သတင်းစာ အများအပြားက ဒီကိစ္စနှင့်ပတ်သက်ပြီး ဆောင်းပါးများနှင့် ပေးစာ အများအပြားကို ပုံနှိပ်ထုပ်ဝေပြီး ဖြစ်ပါတယ်။ အခုအထိတော့ ခရစ်ယန် အမြင်တွေပဲ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ကျွန်ုပ် ရေးသားလိုပါတယ်။ ဒီ ပြဿနာနှင့် ပတ်သက်လို့ အမြင် နှစ်ရပ် ရှိပါတယ်။ ပထမတစ်ခုက ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးတွေကို ဘာသာတရားတွေက ဘယ်လို တုန့်ပြန်ခဲ့ကြတယ် ဆိုတာကိုပါ။ ဒီသဘောနှင့် ဆိုရင်တော့ ကမ္ဘာ့ဘာသာတရားတွေဟာ အများကြီး တူနေတာကို တွေ့ရပါတယ်။ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယန်၊ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့ဟာ သူတို့တွေရဲ့ ဘာသာရေး ဆက်သွယ် ပေါင်းစည်းမှုကို ထည့်တွက်မနေပဲ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ သူတို့တွေရဲ့ နှစ်လုံးသားတွေကိုရော ပိုက်ဆံအိပ်တွေကိုပါ ဖွင့်ထားကြပါတယ်။ ဗုဒ္ဓဘာသာက မူဆလင်တွေကို ကူညီ၊ မူဆလင်က ခရစ်ယန်ကို ကူညီ၊ ခရစ်ယန်က ဟိန္ဒူကို ကူညီနှင့်ပေါ့။

ဒုတိယအမြင်ကတော့ ဘာသာတရားတွေက ဆူနာမီကို ဘယ်လို ရှင်းလင်းပြကြသလဲ ဆိုတာပါ။ ဒီသဘောနှင့်ဆိုရင်တော့ ဘာသာတရား အသီးသီးကြားမှာ သဘောတူညီတာက အနည်းငယ်ပဲ ရှိပါတယ်။ ဇန်နဝါရီ (၁)ရက်နေ့ထုပ် စထရိတ် တိုင်းမ် သတင်းစာမှာ အင်ဒီ ဟို (Andy Ho)က “ဆူနာမီဖြစ်တဲ့ အချိန်မှာ ဂေါ့ဒ် ဘယ်ရောက်နေခဲ့သလဲ” ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဇန်နဝါရီ (၉)ရက်နေ့မှာတော့ အဲဒီသတင်းစာမှာ တန် တားန် (Tan Tarn) ရေးတဲ့ ‘Evil? No Way, Come Hell and High Water’ ဆိုတဲ့ ဆောင်းပါးတစ်စောင် ပါလာခဲ့ပါတယ်။ စာရေးသူ နှစ်ယောက်လုံးက ဆူနာမီလို သဘာဝဘေးဆိုးကြီးတွေက ကရုဏာရှင် ထာဝရဘုရားသခင် ရှိတယ်ဆိုတဲ့ အယူအပေါ်မှာ သံသယပွားစေကြောင်း ပြောကြပါတယ်။ ဒီနည်းနှင့် သူတို့တွေဟာ လူတွေ ဂေါ့ဒ်ကို စတင် ယုံကြည်ကြကတည်းကိုက တည်ရှိလာခဲ့တဲ့ သဘာဝကျတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံသယတွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ သံသယတွေကို တင်ပြကြပါတယ်။ အက်ဒ်မွန် ချူးက ဇန်နဝါရီ (၂၉) ရက်နေ့ထုတ် စထရိ တိုင်းမှာ ဟိုနှင့် တာန်တို့ မေးထားတဲ့ မေးခွန်းတွေကို ကြိုးစားဖြေထားပြီး ဂေါ့ဒ်က ဘာကြောင့် ဆူနာမီ ဖြစ်ခွင့်ပြုရသလဲ ဆိုတာနှင့် ပတ်သက်တဲ့ ရှင်းလင်းချက် ပေးပါတယ်။

ချူးရဲ့ ရှင်းလင်းချက်က ရိုးရိုးလေးပါပဲ။ ဂေါ့ဒ်က မကောင်းမှုကို ဘာကြောင့် ခွင့်ပြုတာလဲ ဆိုတာရဲ့ ရိုးစင်းတဲ့ အကြောင်းပြချက်က မကောင်းမှုကို ခွင့်မပြုခဲ့ရင် ကောင်းမှုအများအပြား ပျောက်ကွယ်သွားမှာပေါ့ ဆိုတာပဲ ဖြစ်ပါတယ်။ သူ့အမြင်ကို ထောက်ကူပေးဖို့ သောမတ်စ် အကွိုင့်နတ်စ်ရဲ့ “မကောင်းမှု မရှိလျှင် ဘုရားသခင်လည်း မရှိ၊ အကြောင်းကတော့ ကောင်းမှု အစုစုကို ယူဆောင်သွားခဲ့မယ်ဆိုလျှင် မကောင်းမှုလည်း ရှိမှာ မဟုတ်တော့လို့ပါ။ …” နောက်ထပ် တစ်ဖန် “ဂေါ့ဒ်က မကောင်းမှု တည်ရှိခွင့် မပေးလျှင် ကောင်းမှုတွေလည်း ယူဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ လေဓာတ် မဖောက်ပြန်ခဲ့လျှင် မီးဓာတ် ဖြစ်ပေါ်မည် မဟုတ်၊ မြည်းသတ္တဝါကို မသတ်လျှင် ခြင်္သေ့၏ အသက်လည်း ရှိတော့လိမ့်မည် မဟုတ်”ဆိုတာကို သူက ကိုးကားထားပါတယ်။

ကျွန်ုပ်ကတော့ ချူးရဲ့ ဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ဆန်းစစ်ကြည့်လိုပါတယ်။ ချူးရဲ့ ရှင်းလင်းချက်ကို ဖတ်ပြီးနောက် စိတ်ထဲ အရင်ဆုံး ဝင်လာတာကတော့ သူ့ရှင်းချက်က ဂေါ့ဒ်ဟာ ဉာဏ်ပညာရှိတယ်၊ မေတ္တာတရား ရှိပြီး တကယ့် နတ်ဘုရားဖြစ်တယ်ဆိုတဲ့ အယူအဆနှင့် အကြီးအကျယ် ဆန့်ကျင်နေပုံ ပေါ်တယ်။ မကောင်းမှု (ဥပမာ သေဆုံးမှု ဆူနာမီနှင့် ပတ်သက်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု)က ကျွန်ုပ်တို့ကို ကရုဏာတရား၊ စိုးရိမ်ပူပန်မှုနှင့် စေတနာကောင်းတွေကို ထုပ်ဖော်ပြသခွင့် ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ ဒါကို လုပ်ဖို့အတွက် ဂေါ့ဒ်ဟာ ရက်စက်မှုနည်းတဲ့ နည်းလမ်းကို မစဉ်းစားနိုင်ဘူးလား။ အခြားတစ်ယောက် ကောင်းမှု လုပ်ခွင့်ရဖို့အတွက် တစ်ယောက်သောသူမှာ ထိခိုက် ခံစားရတယ် ဆိုတာ တရားမျှတပါရဲ့လား။ ချူးရဲ့ ဆွေးနွေးမှုကို ယုတ္တိရှိတဲ့ ကောက်ချက်အဖြစ် ယူဆမယ်ဆိုရင် အဲဒါက ဘယ်လို ပြဿနာရှိတယ်ဆိုတာကို စတင်ကြည့်ရပါလိမ့်မယ်။ အဲဒီယုတ္တိကိုပဲ သုံးပြီးတော့ ကင်ဆာရောဂါဟာ ဆရာဝန်တွေကို ဆေးကုသဖို့ အခွင့်အရေးပေးတဲ့အတွက် ကောင်းတယ်လို့ ပြောရမလိုပါပဲ။ ဥပဒေနှင့် အညီနေထိုင်တဲ့ ပြည်သူတွေပါလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရအောင် ရာဇဝတ်ကောင်တွေကို ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အားပေးသင့်တယ်လို့ ပြောရမလိုပါပဲ။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနိုင်စေဖို့ ကျွန်ုပ်တို့တွေက မကြာခဏ စစ်ပွဲ ဆင်နွှဲသင့်ပါတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

တတိယ ပြဿနာအဖြစ်နှင့်ရော၊ ချူးရဲ့ ရှင်းလင်းချက်မှာ အကြီးဆုံး ပြဿနာပါ ဖြစ်ကောင်း ဖြစ်နိုင်တာက ကောင်းမှုကို မကောင်းမှုကို တုန့်ပြန်ဖို့ ဒါမှမဟုတ် မကောင်းမှုနှင့် နှိုင်းယှဉ်ဖို့မျှလောက်အထိ နိမ့်တဲ့ အနေအထား ရောက်အောင် လျှော့ချလိုက်တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ဦးအတွက်တော့ ကောင်းဖို့အတွက်ဖြစ်စေ၊ ကောင်းမြတ်ခြင်းကို နားလည်ဖို့အတွက်ဖြစ်စေ သို့မဟုတ် ကောင်းအောင်ကြိုးစားဖို့ အတွက်ဖြစ်စေ မကောင်းမှုဆိုတာ မလိုအပ်ပါဘူး။ တစ်ခါတစ်ရံတော့ မကောင်းတာက ကောင်းတာကို လုပ်ဖို့ တိုက်တွန်း နှိုးဆွပေးနိုင်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ကျွန်ုပ်ကို ပိုကောင်းစေတာက ကောင်မြတ်မှုရဲ့ အလှအပတရားနှင့် ပျော်ရွှင်ဝမ်းမြောက်ရမှုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ကို ပိုကောင်းမြတ်အောင် ကြိုးစားစေတာက ဟစ်တလာ သို့မဟုတ် ပိုလ် ပေါ့အကြောင်း ဖတ်ခြင်း မဟုတ်ပါဘူး။ သူတို့အကြောင်း ဖတ်တာထက် ပိုမိုမြင့်မြတ်တဲ့ ကောင်းမြတ်မှုကို ကျင့်သုံးဖို့ ကျွန်ုပ်ကို နှိုးဆွပေးတာက ဗုဒ္ဓ၊ ဂန္ဓီ သို့မဟုတ် မာသာ ထရီဆာတို့ပါ။ အချုပ်ပြောရရင်တော့ ကောင်းမြတ်မှုကို သိဖို့အတွက်ဖြစ်စေ၊ ကောင်းတာလုပ်ဖို့အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဘာကြောင့် ထာဝရဘုရားက မကောင်းဆိုးဝါးမှုကို ဖြင့်ခွင့်ပြုတာလဲဆိုတာနှင့် ပတ်သက်တဲ့ ချူးရဲ့ ရှင်းလင်းချက်က ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။

ဇန်နဝါရီလ ၂၉ ရက်နေ့ထုပ် စထရိတ် တိုင်းမ် သတင်းစာပါ အခြား စာတစ်စောင်မှာတော့ အန်သနီ ယို (Anthony Yeo) က ဆူနာမီဟာ “လူသားတွေအတွက် ဂေါ့ဒ်ရဲ့ အော်လန်” ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီစကားရပ်ဖြင့် “ကျွန်ုပ်တို့တွေ ကမ္ဘာကြီးကို ဂရုစိုက်ကြဖို့နှင့် ညီညီညွတ်ညွတ် နေထိုင်ဖို့ လိုတယ်လို့ ကျွန်ုပ်တို့တွေကို ပြောဖို့ ဂေါ့ဒ်က ကြိုးစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ယိုက ဆိုလိုတာပါ။ သူဟာ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အလားတူ ကန့်ကွက်မှုမျိုး ရှိတုန်းပါပဲ။ မေတ္တာတရား ထားပါတယ်ဆိုတဲ့ နတ်ဘုရားက သူ့ရဲ့ သတင်းစကား ဖြန့်ဖို့ ထိတ်လန့် တုန်လှုပ် ချောက်ချားမှုနည်းပြီး ပျက်စီးမှုလည်း လျှော့နည်းတဲ့ နည်းလမ်းတစ်ခု တစ်လေကိုများ မစဉ်းစားတတ်ခဲ့လေသလား။ အာရှတိုက် ကမ်းခြေအစိတ်အပိုင်းကြီးကို ပျက်စီးစေတာဟာ ကမ္ဘာကြီးကို ဂရုစိုက်သင့်တယ်လို့ လူသားတွေကို ပြောဖို့ရာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါရဲ့လားလို့လည်း တစ်စုံတစ်ယောက်က မေးနိုင်ပါတယ်။

ရိုးစင်းပြီး နားလည်လွယ်တဲ့ မေးခွန်းနှစ်ခုကို မေးပြီးတော့ ဒီ ရှုပ်ထွေးလှတဲ့ ငြင်းခုံ ဆွေးနွေးချက်များနှင့် ရှင်းလင်းချက်တွေကို ဖြတ်ထုပ်ပစ်လို့ ရတယ်လို့ ကျွန်တော် အမှန်တကယ် တွေးမိပါတယ်။ “ဆူနာမီ ဖြစ်တော့မယ်လို့ သိပြီး သင့်မှာလည်း အဲဒါကို ရပ်ပစ်ဖို့ တန်ခိုးစွမ်းအား ရှိမယ်ဆိုရင် သင် ရပ်ပစ်လိုက်မှာလား။” စာနာမှု တစ်စိုးတစ်စိရှိတဲ့ လူတိုင်းတောင်မှ “ရပ်ပစ်မယ်ဗျာ“လို့ ပြောလိမ့်မယ်ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ဒီကနေ ဆက်လိုက်လာတဲ့ သိသာထင်ရှားတဲ့ မေးခွန်းက “ဒီလိုဆိုရင် ဂေါ့ဒ်ဟာ ဘာကြောင့် ရပ်မဖြစ်ရတာပါလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို တစ်ဦးတစ်ယောက်က ဘယ်လို ဖြေသလဲဆိုတာကတော့ သူ့ဘာသာတရားက ဘာလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ဒါမှမဟုတ်လဲ သူ့မှာ ကိုးကွယ်ရာ ဘာသာတရား ရှိ မရှိအပေါ် မူတည်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဒီမေးခွန်းအတွက် ရိုးရှင်းပြီး နားလည်ရ လွယ်တဲ့ အဖြေ၊ ရှုပ်ထွေး ခက်ခဲတဲ့ ဘာသာရေး ယုံကြည်မှုဆိုင်ရာ ငြင်းခုံမှုတွေလည်း မလိုအပ်တဲ့ အဖြေရှိတယ်လို့ လူအများအပြားက ပြောကြပါလိမ့်မယ်။ အဲဒီအဖြေကတော့ “ဂေါ့ဒ်ဆိုတာ မရှိတဲ့အတွက်ကြောင့်”ပါ။


၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု

ဒီလိုဆိုရင် ဆူနာမီလို သဘာဝကပ်ဘေးတွေကို ဗုဒ္ဓဘာသာက ဘယ်လို ရှင်းပြပါသလဲ။ အဲဒီ အဓိပ္ပါယ်မျိုးနှင့်ဆို ရှင်းပြစရာ မရှိပါဘူး။ ကျွန်ုပ်တို့ကို ကြိုးစား ရှင်းပြစေတာက အားလုံးကို သိမြင်တော်မူတဲ့၊ အားလုံးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့၊ တန်ခိုးတော် အနန္တရှိတဲ့ ဂေါ့ဒ်ကို ယုံကြည်မှုနှင့် ဒီ ယုံကြည်မှုနှင့် ဆန့်ကျင်ဟန်တူတဲ့ သက်သေအထောက်အထားတွေကို အရေးမပါလေဟန်၊ မလေးနက်လေဟန် လုပ်တဲ့ ဂေါ့ဒ်ကို ယုံကြည်သက်ဝင်မှုပါပဲ။ ဂေါ့ဒ်ကိုသာ စိတ်ကူးပုံထဲက ထုပ်ပစ်ကြည့်လိုက်မယ်ဆိုရင် အဖြေက သိပ်ကို ရှင်းပါတယ်။ စကြာဝဠာကြီးက ပြင်ပ အလို ဆန္ဒတွေကို မလိုက်နာပါဘူး။ စကြာဝဠာကြီးက ကျွန်ုပ်တို့တွေနှင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းတွေကို ဂရုမပြုပါဘူး။ ကမ္ဘာမြေကြီးရဲ့ တင်းမာတဲ့ မျက်နှာပြင်လွှာပြားကြီးတွေဟာ ရွေ့လျှားနေတတ်ပြီး တစ်ခါတစ်ရံမှာတော့ ပျက်စီးမှုတွေကို ဖြစ်စေတဲ့ နည်းမျိုးနှင့် ရွေ့လျှားတတ်ပါတယ်။ မိုးတွေ ရွာတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မိုးတွေ အရမ်းကာရော ရွာလွန်းတတ်သလို တစ်ခါတစ်ရံမှာတော့ ရေ မလောက်မင ရွာတတ်ပြီး လူသားတွေကို ဆင်းရဲဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဗက်တီးရီးယားပိုးလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒါတွေက ကျွန်ုပ်တို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အခြေတည်လာပြီး ရောဂါ ရစေတတ်ပါတယ်။

ကျွန်ုပ်တို့ဟာ စွမ်းအားကြီးမားလှတဲ့ စကြာဝဠာထဲမှာ နေထိုင်ကြပြီး တစ်ခါတစ်ရံ ဖြစ်ပျက်တာတွေက ကျွန်ုပ်တို့ အကျိုးစီးပွားအတွက် ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ထိခိုက်နစ်နာမှု ဖြစ်တတ်ပါတယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်တည်ပုံ ဖြစ်တည်နည်းပါပဲ။ ဗုဒ္ဓဘာသာကတော့ ဒါဟာ ဘာကြောင့် အဲဒီလို ဖြစ်တာလဲဆိုတာကို ရှင်းပြမှုနှင့် မပတ်သက်ပါဘူး။ ဗုဒ္ဓဘာသာကတော့ စကြာဝဠာဟာ ဒုက္ခတရား (the universe is dukkha) ဖြစ်တယ်လို့ ရိုးရိုး အဓိပ္ပါယ်ရှိတဲ့ အဆိုကိုပဲ ပေးပါတယ်။ တစ်ခါတစ်ရံတော့ ကျွန်ုပ်တို့ရဲ့ အိပ်မက်တွေ၊ အလို ဆန္ဒတွေနှင့် အကွဲကွဲ အလွဲလွဲပေါ့။ ဗုဒ္ဓဘာသာ အလေးထားတာက ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒတွေကို ပြုပြင် မွမ်းမံပြောင်းလဲဖို့ သင်ကြားပေးရေးပါပဲ။ ဒါမှလဲ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရမှု နည်းပါးစေနိုင်မယ်လေ။ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရတဲ့အခါမှာလည်း ဘယ်လို တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ ဘယ်လို ရောင့်ရဲရမယ်ဆိုတာ သင်ပြဖို့ပဲ ဖြစ်ပါတယ်။

(မူရင်းကြည့်လိုပါက http://sdhammika.blogspot.com/2008/06/recent-tsunami-greatest-natural.html)

ပုံများကို http://www.bbc.co.uk/news/world-asia-pacific-12763625 မှ ကူးယူပြီး ဖြည့်စွက် တင်ပြထားပါသည်။

ဘုန်းဉာဏ်

Read more...

ဟီရိုရှီးမား ဝေဒနာ ပြန်လည်ရှင်သန်

ငလျင်ဒဏ်ကြောင့် ယခုဖြစ်ပျက်နေသော ရွာလုံးကျွတ် ပျောက်ဆုံး ပျက်စီးမှုများနှင့် အဆောက်အဦများ မီးဟုန်းဟုန်း တောက်လောင်နေသည့် ပုံရိပ်များမှာ အဏုမြူဗုံး ကြဲချ ခံခဲ့ရသည့် လွန်ခဲ့သော ၆၅ နှစ် အတိတ်က နာကျင်ဖွယ် ဖြစ်ရပ်များကို ဟီရိုရှီးမား မြို့သားများအား ပြန်ပြောင်း အမှတ်ရစေသည်။

သို့ရာတွင် ဤ နျူကလီးယား ကံကြမ္မာဆိုး ပုံရိပ်များနှင့် ပတ်သက်၍ ပြောချင်သည်ထက် ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအားကို ရရှိရန် ကြိုးစားလုပ်ဆောင်ပုံကို ပြောင်းလဲရန် ထောက်ပြကြခြင်းဖြစ်သည်။

“တတိယအကြိမ်မြောက် အဏုမြူဗုံးဒဏ် ခံရသလိုပါပဲ” ဟီရိုးရှီးမား အဏုမြူဘေးဒဏ်မှ ကျန်ရစ်သူ အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်သည့် ကီဂျီရို မတ်ဆူရှိမက ပြောပြသည်။ “ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျနော်တို့ ကိုယ်တိုင်ပြုလုပ် ဖန်တီးထားတဲ့ ဗုံး

ဂျပန်တစ်နိုင်ငံလုံးတွင် အဏုမြူ စွမ်းအင်စက်ရုံ ၅၂ လုံး ရှိနေသည်။ လျှပ်စစ်စွမ်းအား သုံးပုံတစ်ပုံမှာ နျူကလီးယား စွမ်းအင်မှ ရရှိနေခြင်းပင်။ ဤစက်ရုံများကို တည်ဆောက်ခဲ့ရာတွင် နှစ်သုံးဆယ် လည်ပတ်ရန် ဒီဇိုင်းချခဲ့ကြသည်။ သို့ရာတွင် စွမ်းအင် ကုမ္ပဏီများအနေဖြင့် စက်ရုံအသစ်များ ဆောက်လုပ်ရန် လူထု၏ ကန့်ကွက်မှုကို ရင်ဆိုင်ရသဖြင့် ဤစက်ရုံများ အနေဖြင့် နှစ် ၄၀ မှ နှစ် ၅၀ အထိ လည်ပတ်ရတော့မည်ဟု အကီရာတာရှီရို ကပြောပြသည်။

ဟီရိုရှီးမား သတင်းစာ သတင်းထောက် တစ်ဦးဖြစ်သူ တာရှီရိုမှာ နျူကလီးယားစွမ်းအင်နှင့် ဓါတ်ရောင်ခြည် အကျိုးဆက်တို့ကို နှစ် ၃၀ ကျော် အထူးပြု တင်ပြနေခဲ့သူပင်ဖြစ်သည်။ သူ၏ အလုပ်ရှင်ဖြစ်သူ ချုဂိုကူရှင်ဘွန်းမှာ နျူကလီးယား လက်နက်များ ဖျက်သိမ်းရေးအတွက် တိုက်တွန်းလှုံ့ဆော်နေသူ တစ်ဦးပင်။ နျူကလီးယားစွမ်းအားဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် အစီရင်ခံ တင်ပြနေခဲ့သူလည်းဖြစ်သည်။

“ဒါကတော့ရင်ဖြင့် အလှည့်အပြောင်းကောင်း ဖြစ်နိုင်ပါတယ်။” တာရှီရိုက ဂျပန်အရှေ့မြောက်ဖက်တွင် ပျက်စီးနေသည့် နျူကလီးယား စက်ရုံများအပေါ် စိုးရိမ်မကင်းဖြစ်မှုများနှင့် ပတ်သက်ပြီး ကောက်ချက်ပြုခြင်း ဖြစ်သည်။ စွန့်ပစ်စရာမလိုပဲ စွမ်းအင်သစ် ဖန်တီးနိုင်သည့် အရင်းအမြစ်များ renewable energy resources နှင့် ပတ်သက်သည့် သုတေသနအတွက် ပိုမို ရင်းနှီး မြှုပ်နှံရန်အတွက် ဂျပန်အစိုးကို တိုက်တွန်းလျက် ရှိသူလည်းဖြစ်သည်။

“အဏုမြူဗုံးနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အတွေ့အကြုံရှိခဲ့လို့ ဟီရိုရှီးမားအနေနဲ့ ဒီကိစ္စကို ဦးဆောင်ဖို့ ကျနော် မျှော်လင့်ပါတယ်။” သူက ပြောပြသည်။

A-Bomb မှ အသက်ရှင် ကျန်ရစ်သူ မတ်ဆူရှိမက ယခုရက်ပိုင်းအတွင် ဓါတ်ရောင်ခြည် ထိမှန် ခံရဖွယ်ရှိသည့် သူများအတွက် စိုးရိမ်နေသည်။ သို့ရာတွင် နျူးကလီးယား စွမ်းအင်ကို အစားထိုးရန် အခြားသော ရေရှည် နည်းလမ်းကိုမူ မမြင်ရသေး။ “ကံမကောင်းတာကတော့ ဒီ တိုင်းပြည်ငယ်လေး ဖြစ်နေတာပါ။ ဂျပန်မှာက စွမ်းအင်များများ မရှိဘူး။ မရှိမဖြစ် လိုအပ်နေတဲ့ မိစ္ဆာပါပဲ။”

နိုင်ငံသားများ အဏုမြူ သတင်းအချက် အလက်စင်တာမှ ရှိုဂျီကီဟာရာက ဂျပန်အစိုးရ အနေဖြင့် ထိခိုက်ခဲ့သည့် နျူကလီးယား စက်ရုံများက လူထုအပေါ် အန္တရာယ် ဖြစ်နိုင်ချေနှင့် ပတ်သက်ပြီး သတင်း ပြည့်ပြည့်၀၀ မပေးဘဲ ထားသည်ဟု ယုံကြည်နေသည်။

“ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့က A-Bomb အသက်ရှင် ကျန်ရစ်သူတွေဟာ တသက်တာလုံး သူတို့ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်စိတ်နဲ့ ရှင်သန်နေခဲ့ကြရတယ်။ အခုတော့ ဒီလူထုဟာလည်း အဲဒီလိုမျိုး နေရပါတော့မယ်။” ကီဟာရာ၏ မိဘများနှင့် ဆွေမျိုးများမှာ အဏုမြူဗုံးဒဏ်မှ ကျန်ရစ်ခဲ့ကြသူများဖြစ်၏။

ချုဂိုကူ စွမ်းအားကုမ္ပဏီသို့ သူက စာတစ်စောင် ပေးထားသည်။ ဟီရိုရှီးမားမြို့က မိုင် ၅၀ အကွာရှိ ကာမီနိုဆာကီမြို့တွင် နျူကလီးယား စက်ရုံအသစ်ဆောက်လုပ်မည့် အစီအစဉ်များကို ရပ်တန့်ရန် တောင်းဆိုထားခြင်းပင်။ ဤစီမံကိန်းနှင့် ပတ်သက်ပြီး နှစ်အတော်ကြာကြာ စာများစွာကို ရေးသား ပေးပို့ခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်မှာ နောက်ဆုံးအကြိမ်ပင်ဖြစ်လိမ့်မည်ဟု သူ့ဖက်က အကောင်းမြင်ထားသည်။

မတ်ဆူရှိမက ယခု ကပ်ဘေး အကျပ်အတည်းမှာ တတိုင်းပြည်လုံးအတွက် အလှည့်အပြောင်းဖြစ်မည်ဟုလည်း ယုံကြည်နေသည်။ “ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအားစက်ရုံ မရှိဘဲတော့လည်း မဖြစ်ပါဘူး။ ဒါပေမဲ့ အခုအချိန်ကစပြီးတော့ ဂျပန်ကုမ္ပဏီတွေ အနေနဲ့ စက်ရုံအသစ်တွေ ထပ်ဆောက်ဖို့ကတော့ ခက်ခဲတော့မှာပါ။”

မောက္ခနိုင်ငံတကာ သတင်

Read more...

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၁၈)၊ ဒမ္ဘူလကျောက်လိုဏ်ဂူကျောင်းတော်

ဒမ္ဘူလမြို့ ရွှေဘုရားကျောင်း

ကားကလေးသည် တရိပ်ရိပ်ပြေးလွှားနေ၏။ စိမ်းလန်းသည့် လယ်ကွင်းများကိုလည်းဖြတ်ကျော်ခဲ့၏။ တောတောင်များ၊ မြို့ရွာများကိုလည်း ဖြတ်ကျော်ခဲ့၏။ (၄)ညအိပ်၊ (၅)ရက် ဘုရားဖူးခရီးအတွက် သီရိလင်္ကာရူပီး (၃၅၀၀၀) ဖြင့် ငှါးယူလာခဲ့သော ကားကလေးသည် မြန်မာရဟန်းတော်(၈)ပါးကို တင်ဆောင်ကာ သီရိလင်္ကာအဝှန်းသို့ ပြေးလွှားနေလေသည်။

မှန်ပါ၏။ စာသင်ကာလ (၂)လ ပြည့်ခါနီး၊( First Term ကုန်ခါနီး)တွင် ဘုရားဖူးခရီးထွက်ရန် အကြောင်းဖန်လာ၏။ ပုံမှန်အားဖြင့်ဆိုလျှင် သီရိလင်္ကာရောက် မြန်မာရဟန်းတော်များအနေဖြင့် First Term အကုန် ကျောင်းပိတ်ရက်အတွင်း (သို့မဟုတ်) အတန်းတင်စာမေးပွဲကြီးအပြီးတွင် နီးရာနီးရာ ရဟန်းတော်များစုပေါင်း၍ ဘုရားဖူးထွက်လေ့ရှိကြပါသည်။ ထိုသို့ဘုရားဖူးထွက်ခြင်းဖြင့် ဗုဒ္ဓါနုဿတိကုသိုလ်ရနိုင်ကြသည်သာမက တက္ကသိုလ်၌ပြဋ္ဌာန်းထားသော Architecture ဘာသာရပ်အတွက်လည်း အထောက်အကူများစွာရနိုင်ကြလေသည်။ စာရေးသူတို့အဖွဲ့ကား စင်္ကာပူနိုင်ငံမှတစ်ဆင့် ဘုရားဖူးကြွရောက်လာကြသော ဆရာတော်နှစ်ပါးကို အကြောင်းပြု၍ ပုံမှန်ထက် ရက်အတန်ငယ်စောကာ ဘုရားဖူးထွက်လာကြခြင်းဖြစ်လေသည်။

၂၀၁၀ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ဝိုင်း၊ သီရိသောမာရုံကျောင်းဆရာတော် ဘဒ္ဒန္တသောမာစာရ၊ ရွှေပေါက္ကံမြို့သစ်၊ (၂၁)ရပ်ကွက်၊ ပုဂံလမ်း၊ ပစ္ဆိမာရုံကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလတို့နှစ်ပါး စင်္ကာပူ၊ ဇယမင်္ဂလာကျောင်းဆရာတော်၏ တိုက်တွန်းစီမံပေးမှုဖြင့် သီရိလင်္ကာသို့ဘုရားဖူးရောက်လာကြ၏။

မကုဋာရာမကျောင်း၏ ထုံးစံအတိုင်း နာယကဆရာတော်များ၏ စီမံပေးမှုဖြင့် ဧည့်သံဃာတော်များ သီတင်းသုံးရန် သီးသန့်ထားရှိသောအခန်းတွင် သီတင်းသုံးစေပြီးလျှင် ဘုရားဖူးထွက်ရန်ကားငှါးခြင်း၊ လိုအပ်သည်များကိုဝယ်ယူစုဆောင်းခြင်းများကို ဆောင်ရွက်ကြရလေသည်။ ထိုကိစ္စအဝဝကို သမိုင်းသုတေသီဆရာတော် ဦးဣန္ဒာစာရက ဦးဆောင်စီမံပါသည်။

မတ်လ (၁၂)ရက်နေ့တွင် ဧည့်သည်ဆရာတော်နှစ်ပါး၊ ဆရာတော်ဦးဓမ္မဝံသ၊ ဦးဣန္ဒာစာရ၊ ဦးပညိန္ဒြိယ၊ ဦးသုမန၊ ဦးဝဏ္ဏသာမိ နှင့်စာရေးသူတို့အဖွဲ့သည်

တမ္ဘူလမြို့၏ နာမည်ကျော် Golden Rock Temple (ရွှေကျောက်ကြီးကျောင်းတော်)သို့ စတင်ရောက်ရှိကြ လေသည်။ တောင်ခြေရင်းရှိ Golden Buddha (ရွှေဘုရားကြီး) အဆောင်တော်အတွင်းသို့ ဝင်ရောက်ဖူး မျှော်ကြပြီး တောင်ပေါ်သို့ဆက်တက်ကြပါသည်။

တောင်ပေါ်သို့တက်ရာ ကျောက်သားလမ်းကလေးသည် တက်ဆင်းသွားလာနေကြသည့် ဘုရားဖူးများဖြင့်စည်ကားနေပေသည်။ လမ်းဘေးတစ်လျှောက်တွင် ကြာပန်းရောင်းသူများ၊ ဒေသထွက် ကျောက်ရောင်စုံများကိုရောင်းချနေကြသူများ၊ ဒမ္ဘူလတောင်အမှတ်တရပစ္စည်းများကို ရောင်းချနေသူများဖြင့် စည်စည်ကားကားရှိလှပါသည်။

ကုလားမကလေးတစ်ဦးက “Sadu, take a photo”ဟု ပြုံးပြုံးရွှင်ရွှင်ပြောလာသဖြင့် ဓာတ်ပုံရိုက် ယူခဲ့ရပါသေးသည်။ “နာမမုခသယ်=နာမည်ဘယ်လိုခေါ်သလဲ” ဟု တစ်ခွန်းတည်းသာ တတ်ထားသော ဆင်ဟာလိဘာသာစကားဖြင့် မေးလိုက်သောအခါ သွားတက်ကလေးပေါ်အောင်ပြုံးပြရင်း သုန္ဒရီ (Sundari) ဟုပြန်ဖြေလေသည် ။ သူငယ်ချင်းတစ်ပါးက “သုန္ဒရီကလည်း အသားမဲလိုက်တာကွာ၊ သီရိလင်္ကာရောက်ကတည်းက အသားဖြူတဲ့ လင်္ကာသူရယ်လို့ တွေ့ကိုမတွေ့မိဘူး၊ ရာမလက္ခဏဇာတ်မှာပါတဲ့ သီတာဒေဝီ ချောတယ်ဆိုတာ ဘယ်လိုလုပ်ပြီးယုံရမလဲမသိဘူး” ဟုပြောသဖြင့် ပြုံးရယ်ကာ ခေါင်းညိတ်ကြရလေသည်။

နာမည်ကျော် ဒမ္ဘူလကျောက်လိုဏ်ဂူကျောင်းတော်

တောင်ထိပ်သို့ရောက်သောအခါ မောလာခဲ့သမျှ အံ့သြကြရပါတော့၏။ အာဂဗုဒ္ဓဘာသာများပါပေ။ ဧရာမကျောက်တုံးကြီးကို ဧရာမဂူခေါင်းကြီးများဖြစ်အောင်ဖန်တီးပြီး တောမှီရဟန်းတော်များအတွက် ကျောင်းသင်္ခမ်းဖြစ်အောင် လှူဒါန်းခဲ့ကြသည်ကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ရလေသည်။ သမိုင်းသုတေသီ အရှင်ဣန္ဒာစာရက “ဤကျောင်းသည် ဝဋ္ဋဂါမဏိမင်းကြီး (1st century BC) ၏ ကောင်းမှုတော်ဖြစ်ကြောင်း၊ စစ်ဘေးစစ်ဒဏ်မှ ပုန်းရှောင်ရန်အတွက် သူကိုယ်တိုင်ရသေ့ရဟန်းအသွင်ဖြင့် ဤလိုဏ်ဂူ၌နေထိုင်ခဲ့ဖူးကြောင်း၊ စစ်နိုင်၍ မင်းပြန်ဖြစ်သောအခါ လိုဏ်ဂူကိုရှေးကထက်ပိုမိုကြီးမားအောင် ထွင်းထုပြုပြင်၍ သံဃာတော်များကိုလှူဒါန်းကြောင်း နိဒါန်းချီပြီး ရှည်လျားစွာရှင်းပြလေသည်။

လိုဏ်ဂူတစ်ခုလုံးသည် ကျောက်သားအတိဖြင့်ပြီး၏။ ကျောက်တစ်လုံးတည်းကို အခန်းပေါင်း မြောက်များစွာဖြစ်အောင် ထွင်းထုထားခြင်းဖြစ်၏။ တစ်ရာထက်မနည်းသော ဗုဒ္ဓရုပ်ပွါးတော်များကို ရပ်တော်မူ၊ လျောင်းတော်မူ၊ ထိုင်တော်မူ စသည့်ပုံစံမျိုးစံဖြင့် ဖူးတွေ့ကြရလေသည်။ နံရံများ မျက်နှာကြက်များတွင်လည်း လှပသေသပ်သော ပန်ချီဆေးရေးများဖြင့် ခြယ်မှုန်းပူဇော်ထားကြသည်ကို ဝမ်းမြောက်ကြည်နူးစွာ တွေ့မြင်ကြရလေသည်။ စာရေးသူတို့ မြန်မာပြည်၊ ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးဘုရားကဲ့သို့ပင် ဖြစ်သည်ဟု အနီးစပ်ဆုံးဆိုနိုင်ပါသည်။

“တောင်ထိပ်မှာပဲဖြစ်ဖြစ် တောင်အောက်မှာပဲဖြစ်ဖြစ် ရေချိုရှိရင် ကြာပေါက်နိုင်ပါတယ်”

(ဒမ္ဘူလတောင်ထိပ်မှ ကြာကန်ငယ်)

သီရိလင်္ကာတစ်ဝှန်းလုံးတွင် ဤသို့သော လိုဏ်ဂူပေါင်း တစ်ထောင့်နှစ်ရာကျော်ရှိကြောင်း သိရပါသည်။ အချို့သော သမိုင်းသုတေသီတို့က သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်စတင်ရောက်ရှိခါစအချိန်က ဤသို့သော လိုဏ်ဂူများသည် ရဟန်းတော်များ သီးတင်းသုံးရာ ပင်မကျောင်းများဖြစ်ခဲ့ကြလိမ့်မည်ဟု ယုံကြည်ယူဆကြ၏။ တောနေရဟန်းသာမဏေများအနေဖြင့် ဤသို့သော ကျောက်လိုဏ်ဂူများကို တရားအားထုတ်ရာနေရာ (Meditation Place) အဖြစ်ရွေးချယ်ခဲ့ကြသည်ဆို၏။

တကယ်စင်စစ်တွင်လည်း ကျောက်လိုဏ်ဂူများသည် ဗုဒ္ဓသာသနာတော်သမိုင်း၌ များစွာအရေးပါလှပါ၏။ ဣန္ဒသာလလိုဏ်ဂူ၊ နန္ဒမူလိုဏ်ဂူ၊ သတ္တပါဏိလိုဏ်ဂူ စသည်တို့သည် ထင်ရှား၏။ ဣန္ဒသာလလိုဏ်ဂူတွင် ဘုရားသခင်သည် နတ်တို့သနင်း သိကြားမင်းကို သက္ကပဉှသုတ္တန်ကို ဟောတော်မူခဲ့၏။ နန္ဒမူလိုဏ်ဂူသည် ပစ္စေကဗုဒ္ဓာအရှင်မြတ်တို့ သီတင်းသုံးရာနေရာဖြစ်၏။ သတ္တပါဏိလိုဏ်ဂူသည် ပထမသင်္ဂါယနာတင်ရာ လိုဏ်ဂူဖြစ်ခဲ့၏။

သီရိလင်္ကာနိုင်ငံရှိအချို့သော ကျောက်လိုဏ်ဂူများတွင် “အာဂတာနာဂတ စတုဒိသာ သံဃဿ ဒေမ”စသည်ဖြင့် ရေးထိုးထားကြသည်ဆိုပါ၏။ ဆိုလိုသည်မှာ ဒကာဒကာမများက ကျောက်လိုဏ်ဂူများကို ရဟန်းတော်များ သီတင်းသုံးနိုင်လောက်သည်အထိ ဖန်တီးပြုပြင်ကြပြီး အရပ်ရပ်ကရောက်လာသည့် မည်သည့်ရဟန်းတော်မဆို သီတင်းသုံးနိုင်ပါကြောင်း ကျောက်စာရေးထိုးလှူဒါန်းထားခဲ့ကြခြင်း ဖြစ်လေသည်။

သီရိလင်္ကာရှိ ကျောက်လိုဏ်ဂူများကို သူတို့၏ပုံသဏ္ဍာန်ကိုလိုက်၍ အမည်နာမတပ်ကာမှည့်ခေါ် ကြသည်မျိုးလည်းရှိလေသည်။ ဥပမာအားဖြင့် သီဟမုခ (ခြင်္သေ့ပါးစပ်)ဂူ၊ ဟတ္ထိကုစ္ဆိ (ဆင်ကျောကုန်း)ဂူ စသည်တို့ဖြစ်လေသည်။ အစောပိုင်းကာလက လူသူမနီး တောကြီးမျက်မည်းထဲမှ တောနေရဟန်း သာမဏေများ တရားအားထုတ်ခဲ့ရာ အချို့သော ကျောက်လိုဏ်ဂူများသည် ယခုအခါ၌ကား ရှေးဟောင်း ကျောက်လိုဏ်ဂူပြတိုက်များအဖြစ်သို့ရောက်ရှိပြောင်းလဲလာခဲ့ရလေသည်။

မည်သို့ဆိုစေ… Cave Monastery ခေါ် ကျောက်လိုဏ်ဂူများသည် ဗုဒ္ဓသာသနာတော်အတွက် အဖိုးမဖြတ် နိုင်သောနေရာများအဖြစ် ယနေ့တိုင်ဆက်လက်ရပ်တည်လျက်ရှိနေကြလေသည်။ ဤလိုဏ်ဂူကြီး အတွင်း၌ တရားဓမ္မဖြင့် မွေ့လျော်တော်မူနေခဲ့ကြမည့် အရှင်မြတ်ကြီးများ၏ သီလ သမာဓိ ပညာမွှေးရနံ့ တို့သည်လည်း လိုဏ်ဂူများအနှံ့ သင်းပျံ့မွှေးကြိုင်လျက်ရှိနေဆဲဖြစ်ပါသတည်း။

အပိုင်း (၁၉) ကို ဆက်ရေးပါမည်။

အရှင်ဝိသာရဒ (ရမ္မာဝတီ)

Read more...

လင်ဟူသည်

ပြီးတဲ့လပိုင်းလောက်က မယား (၇) မျိုး အကြောင်းရေးခဲ့ဖူးတယ်။ ကွန်မန့်တွေထဲ ‘‘လင်’’ အကြောင်း စိတ်ဝင်စားသူတွေလဲ များပြားတွေ့ရတယ်။ အော်--မယား အကြောင်းသိပြီး လင်အကြောင်းလေးလဲ သိချင်လို့ဖြစ်မှာပါ။ ကိုယ်ကိုတိုင်က လင် မဖြစ်ဘူးတော့ လင်ဆိုတာကို ဘယ်လိုရေးရမလဲပေါ့။ လင်ဆိုး လင်ကောင်းကို သိချင်ကြပုံပါပဲ။ မယားအမျိုးမျိုးတောင်ရှိသေးတာပဲ လင်အမျိုးမျိုးလဲ မရှိတော့ဘူးလား ဘုရားတဲ့။ လင်ယောက်ျားအကြောင်း ရေးပါဦးဘုရားတဲ့။ စာထဲက အရေးကြီးတာလေးတွေ စုစည်းပြီး တင်ပြလိုက်ပါတယ်။

လင်ကောင်း လင်မြတ်

လင်ဝတ် ၅ ပါး၊ ကျင့်ဆောင်ငြား၊ ယောက်ျားမြတ်မဟာ။ လင့်ကျင့်ဝတ် ၅ ပါး ကျင့်သုံးနေသော လင်ယောက်ျားကို ယောက်ျားမြတ်, လင်မြတ်ဟူ၍ ခေါ်ဆိုရပါမည်။ ဆန့်ကျင်ဘက်ကို ယူသော ထိုကျင့်ဝတ်များ မလိုက်နာသော လင်ယောက်ျားကား လင်ညံ့ လင်ဖျင်းဟူ၍ သတ်မှတ်သည်။

ကျင့်ဝတ် ၅ဖြာ

၁။ မိမိမယားအပေါ်၌ မလေးမစားမကျင့်ရ၊ စိမ်းစိမ်းကားကား မနေရ။

၂။ ရသမျှပိုက်ဆံကို မယားဖြစ်သူ (အိမ်သူသက်ထား) အား အပ်နှင်းရမည်။

၃။ မိမိ မယား အိမ်သူမှ တပါး အခြားမိန်းမသားများ၌ ဖောက်ပြန်သော မှားယွင်းသော အကျင့် မကျင့်ရ။

၎။ မိမိအိမ်သူ မယားအား အစားအစာများ အ၀တ်အထည်များ တံဆာများကို မြတ်မြတ်နိုးနိုး ပေးကမ်းခြင်း ဆင်မြန်းပေးရခြင်း။

၅။ မိမိအိမ်သူ မယားအား ချစ်ခင်ရခြင်း၊ မြတ်နိုးကြည်ဖြူသဒ္ဓါထားရခြင်း။

ဤ ၅-ပါးသော တာဝန်များသည် လင်သားတစ်ယောက်၏ မိမိအိမ်သူမယားအပေါ် ဆောင်ရွက်ရမည့် ဗုဒ္ဓပေးသော လူမှုရေးကျင့်ဝတ်များဖြစ်သည်။

လင်ညံ့ လင်ဖျင်း

ညံ့သောလင် ဖျင်းသော လင် မကောင်းသော လင်ဟူသော မကောင်းဂုဏ်တို့နှင့်ပြည့်စုံသော လင်သည်လည်း ရှိပါသေးသည်။ ရှောင်ရန် ဆောင်ရန်လေးတွေဖြစ်ပါတယ်။ သိလည်းသိထိုက်သည်။ စာပေမှာ လင်ညံ့လင်ဖျင်းကို အောက်ပါအတိုင်းတွေ့ရသည်။ ထို ၈-ပါးသော အင်္ဂါရပ်များကို ပြုကျင့်ခြင်း ပြည့်စုံနေသော ယောက်ျားသည် အမျိုးသမီးများ၏ အထင်သေး အမြင်သေးခံရတတ်သည်။

၁။ ဒလိဒ္ဒံ-ဆင်းရဲမွဲတေခြင်း။

၂။ အာတုရံ-အနာရောဂါစွဲကပ်နေခြင်း။

၃။ ဇိဏ္ဏ-အသက်ရွယ်အိုးမင်းနေခြင်း။

၎။ သုရာသောဏ္ဍ- အရက်သေစာ စွဲနေသော ယဇ်ထုပ်ဖြစ်နေခြင်း။

၅။ မုဒ္ဓ-နုံအ, ဖျင်းအ, ထုံထိုင်းခြင်း။

၆။ ပမတ္တာ-မယားအပေါ် ဤ နမော်နမဲ့နိုင်ခြင်း၊ မေ့လျော့နေခြင်း။

၇။သဗ္ဗကိစ္စေသု အနုဝတ္တာ-ဘယ်ကိစ္စမဆို သူများနောက် လိုက်နေခြင်း။ ဦးဆောင်လိုစိတ် မရှိခြင်း။

၈။သဗ္ဗဓနအနုပ္ပါဒါ-ရှာဖွေသမျှ ရသမျှသော ပစ္စည်းတို့ကို မယားဖြစ်သူအား မအပ်နှင်းခြင်း။ မပေးခြင်းတို့ဖြစ်သည်။

(ဇာတကပါဠိ-ဒုတိယ, ၁၂၀ နှင့် ၎င်းအဋ္ဌကထာ ပဉ္စမအုပ် စာမျက်နှာ ၄၆၇ တို့၌ တွေ့နိုင်သည်။

ကဲအမိတို့ရေ--ကောင်းကောင်းရွေးနိုင်ဖို့နဲ့ မောင်ရင်တို့လဲ သူတို့လေးတွေ စိတ်ကြိုက်ဖြစ်အောင် ကျိုးစားလိုက်ကြလေ။ စာပေအရသာ ဖော်ပြလိုက်ပါသည်၊ တကယ့်လက်တွေ့ဘ၀မှာ ဘာက ပိုအရေးကြီးတယ် မကြီးဘူးဆိုတာကိုတော့ လက်တွေ့ဘ၀သမားတွေက ပိုသိပါလိမ့်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၁
0 comments

Read more...

ပြောဖြစ်ခဲ့မယ်ဆိုရင်

Tuesday, 15 March 2011 02:36 | Written by မေတ္တာဥယျာဉ်

မောင်တေဇာဟန်နှင့် မမေဇင်စိုးတို့အတွက် မင်္ဂလာစကား

ပြောဖြစ်ခဲ့မယ်ဆိုရင်

အရှင်ဉာဏိကာဘိဝံသ

ရပ်ဆွေရပ်မျိုး ရင်းနှီးတဲ့ ဒကာမိသားစုရဲ့ သမီးကြီး မင်္ဂလာဆွမ်းကျွေးပွဲမှာ မိခင်ဖြစ်သူက အရှင်ဘုရားလည်း ကလေးတွေအတွက် မင်္ဂလာသြဝါဒစကား မိန့်ကြားပါဦးလို့ ဆွမ်းအလှူရေစက်ချအခမ်းအနား မစမီမှာ လျှောက် ကြားပါတယ်။ အလွန်ရင်းနှီးလို့ ခုလိုလျှောက်ကြားတာပါ။ သို့ပေမယ့် အစဉ်အလာအရ သံဃာတော်တွေမှာက သိက္ခာကြီးတဲ့ သံဃာတော်၊ ဒါမှမဟုတ် သိက္ခာကြီးသူက တာဝန်ပေးတဲ့ သံဃာတစ်ပါးပါးကသာ တရားဟော ရေစက်ချ လုပ်လေ့ရှိတာလေ။ ဒါမှ မဟုတ်လည်း သက်ဆိုင်ရာ နေရာဌာနရဲ့ တာဝန်အရှိဆုံး ဆရာတော် တစ် ပါးပါးကသာ ဒီတာဝန်မျိုးကို ယူလေ့ရှိတာ။

ဒီလိုမှ မဟုတ်ပဲ ကိုယ်ကိုယ်တိုင်က သိက္ခာဝါကြီးသူကြားမှာ တပည့်တော်လည်း အနည်းအကျဉ်းပြောပါရစေဆိုပြီး အစီအစဉ်ကို ကြားဖြတ်ပြောလို့က သင့်တာမျိုးမှ မဟုတ် တာ။ ဒါက အစဉ်အလာ ယဉ်ကျေးမှုအရ မသင့်တဲ့အရာမျိုး။

ဒီတော့ လျှောက်ထားတဲ့ ဒကာမကြီးကို သြဝါဒစကားကို ဆရာတော်ချီးမြှင့်ပါလိမ့်မယ်လို့ ပြောဖြစ်ခဲ့တယ်။ သို့ ပေမယ့် ပြောစေချင်တဲ့စကားကို ပြောမပေးဖြစ်ခဲ့တာအတွက် တစ်ခုခု လိုသွားသလို ခံစားမိပါတယ်။ ဒါကြောင့် ရင်းနှီးသူတွေမို့ ပြောစေချင်ခဲ့တဲ့၊ မပြောဖြစ်ခဲ့တဲ့ သြဝါဒစကားကို ဒီစာနဲ့ပဲ ပြောလိုက်ပါတယ်။ ခုလိုပြောလိုက် တာက အရှည်သဖြင့် မှတ်မှတ်ရရ ပိုကျန်သွားတာပေါ့လည်း ထင်မိပါတယ်။ အမှတ်တရ၊ ထာဝရ မင်္ဂလာလက် ဆောင်ကောင်း ဖြစ်နိုင်လိမ့်မယ်လို့လည်း ထင်မိပါတယ်။ ဖြစ်နိုင်ပါစေကြောင်းလည်း ဆုတောင်းပေးလိုက်ပါ တယ်။

တကယ်လို့သာ ဒီမနက်မှာ မင်္ဂလာသြဝါဒစကားပြောရမယ်ဆိုရင် ဘာကိုများပြောဖြစ်ခဲ့လေမလဲလို့ ပြန်စဉ်းစား ကြည့်မိပါတယ်။ ဒီလိုစဉ်းစားကြည့်မိတော့ နံနက်စောစောပိုင်းက ပုံပြင်လေးတစ်ပုဒ် ဖတ်ဖြစ်တာကို သတိရမိပါ တယ်။ ဒီဖတ်ဖြစ်ခဲ့တဲ့ ပုံပြင်လေးကို အခြေခံပြီး စာတစ်ပုဒ်ရေးဦးမယ်လို့လည်း ဖတ်နေရင်း စိတ်ကူးဖြစ်မိတယ်။ ဒါကြောင့် တကယ်လို့သာ သြဝါဒစကား ပြောရမယ်ဆိုရင် ဖတ်ခဲ့သမျှထဲမှာ သူကအလတ်ဆတ်ဆုံး ဖြစ်နေလို့ ဒီပုံပြင်လေးကတော့ ပြောဖြစ်တဲ့အထဲမှာ ပါဝင်မှာ သေချာတယ်လို့ ပြန်လည်တွေးမိပါတယ်။

ပုံပြင်လေးက ဒီလိုပါ။ သူတော်စင်တစ်ဦး ဘုရားသခင်နဲ့ စကားပြောခွင့်ရပါတယ်။ ဒီအခိုက် သူသိပ်သိချင်လွန်း တဲ့ မေးခွန်းတစ်ခုကို သူတော်စင်က ဘုရားသခင်ကို မေးပါတယ်။ ဒီမေးခွန်းကို သူကမေးချင်နေခဲ့တာ ကြာပါပြီ။ ဒါက အရေးကြီးတဲ့ မေးခွန်း။ လူတော်တော်များများလည်း သိချင်နေတဲ့ မေးခွန်းပါ။ နေ့စဉ်နဲ့အမျှ ဒီအကြောင်း အရာကို ပြောနေကြ၊ ကြားနေရပေမယ့် ဘယ်သူမှ ဒီအကြောင်းအရာကို တိတိကျကျ သိသူတော့လည်း မရှိပါ ဘူး။ သူတော်စင်ကိုယ်တိုင်လည်း အထပ်ထပ်အခါခါ ဒီအကြောင်းအရာကို သူ့တပည့်တပန်းတွေကို ပြောကြား နေပေမယ့်လည်း ဒီအကြောင်းအရာကို တိတိကျကျတော့ မသိပါဘူး။ ဒါကြောင့် ဘုရားရှင်နဲ့တွေ့ခိုက် သူက ဒီမေးခွန်းကို မေးခဲ့တာပါ။ သူသိချင်တဲ့ မေးခွန်းက "ကောင်းကင်ဘုံနဲ့ ငရဲဘယ်လို ကွာခြားသလဲ" ဆိုတာကိုပါ။

သာမန်ဆိုရင် ဒီမေးခွန်းရဲ့ အဖြေက လွယ်လွယ်လေးလို့ ထင်စရာရှိတာကြောင့် သိသလိုထင်ရပေမယ့်လည်း အဖြေကို တိတိကျကျ ပိုင်ပိုင်နိုင်နိုင်သိသူကိုတော့ သူတော်စင်ကြီးက မတွေ့ခဲ့ဖူးပါဘူး။ ကောင်းကင်ဘုံနဲ့ ငရဲဘုံ ကို တိတိကျကျသိတဲ့သူကို တွေ့ဖူးသလားလို့ မှန်ကြည့်တဲ့အခါတိုင်း သူ့ရုပ်ပုံကို သူကြည့်ပြီးလည်း အခါခါ မေးကြည့်ဖူးပါတယ်။ ဒါပေမယ့် ဒီအဖြေကို တိတိကျကျ ဖြေနိုင်တဲ့သူကိုတော့ မှန်ထဲမှာတောင်မှပဲ မတွေ့မိသေး ဘူးလို့ပဲ အဖြေထွက်ပါတယ်။ ဒါကြောင့် ဘုရားသခင်နဲ့တွေ့ရခိုက် သူက ဒီမေးခွန်းကို မေးခဲ့တာပါ။

ဘုရားသခင်က သူတော်စင်ကြီးကို တံခါးနှစ်ပေါက်ရှိတဲ့ အဆောင်တစ်ခုရှိရာကို ခေါ်သွားပါတယ်။ မထမ တံခါး ကိုဖွင့်ပြီး အခန်းတွင်းမှာရှိနေတဲ့ အရာတွေကို ပြပါတယ်။ အခန်းကြီးရဲ့အလယ်မှာတော့ ခမ်းနားကြီးကျယ်တဲ့ စားပွဲကြီးတစ်လုံး။ စားပွဲကြီးရဲ့ အလယ်တည့်တည့်မှာတော့ အရောင်အဆင်း အနံ့အရသာနဲ့ ပြည့်စုံတဲ့ စားချင့်စ ဖွယ် ဟင်းအိုးကြီးတစ်လုံးကို တင်ထားပါတယ်။ အငွေ့တွေကလည်း တထောင်းထောင်းနဲ့ဆိုတော့ သူတော်စင် ကြီးမှာ ဝင်ရောက်စားချင်စိတ်တွေတောင် ဖြစ်မိတယ်တဲ့။ သွားရည်များတောင် ကျလုမတတ်ဖြစ်မိရပါတယ်တဲ့။

စားပွဲဘေးမှာတော့ အလွန်တရာပိန်လှီပြီး လူနာရုပ်ပေါက်နေသူတွေက ဝိုင်းဖွဲ့ကာ ထိုင်နေကြပါတယ်။ အရယ် အပြုံးလည်း မရှိ။ တစ်ဦးအပေါ်တစ်ဦးလည်း အလိုမကျဟန်။ သူတို့ကိုမြင်ရရုံနဲ့ပဲ ဒီလူတွေဟာ အင်မတန်ဆာ လောင်မွတ်သိပ်နေတယ်ဆိုတာ သိနိုင်ပါတယ်တဲ့။ သူတို့အားလုံးရဲ့လက်ထဲမှာတော့ အလွန်ကြီးမားပြီး လက်နဲ့ မတန်လောက်အောင် ရှည်လျားလှတဲ့ ဇွန်းကြီူးတွေကိုလည်း ကိုယ်စီကိုင်လို့။ ဒီဇွန်းကြီးတွေနဲ့ စားပွယ်အလယ် မှာရှိတဲ့ အိုးထဲကဟင်းတွေကို ဇွန်းနဲ့အပြည့် လှန်းခပ်နိုင်တာကြောင့် သူတို့အသီးသီးရဲ့ ဇွန်းတွေထဲမှာတော့ ဟင်းတုံးတွေက အလျံအမောက်။ သို့ပေမယ့် ဇွန်းရိုးကြီးတွေက အလွန်ရှည်လွန်းတာကြောင့် သူတို့ပါးစပ်ထဲကို ဇွန်းထဲကဟင်းတွေကို ပြန်လည်သွတ်သွင်းဖို့တော့ မတတ်နိုင်ဖြစ်နေကြပါတယ်။ ခုလို အလွန်ဆာလောင်မွတ် သိပ်ခိုက်မှာ ခုလောက်အဆင်းအနံ့ကောင်းပြီး အရသာနဲ့ပြည့်စုံမယ့် ဟင်းတွေကို မြင်နေရပြီး လက်ထဲမှာ ဇွန်း တွေကိုယိစီရှိကြပါလျက်ကယ်နဲ့ စားမရနိုင်ဖြစ်နေကြတာအတွက် ပိုလို့ပင် အခံရခက်နေကြပုံကိုလည်း မြင်ရပါ တယ်တဲ့။

သူတော်စင်ကြီးခမျာ ဒီဆင်းရဲသားတွေရဲ့ဖြစ်အင်ကိုကြည့်ပြီး စိတ်မသက်သာဖြစ်မိသလို အားမလိုအာမရလည်း ဖြစ်မိပါတယ်တဲ့။ အလွန်မှလည်းး တုန်လှုပ်ချောက်ချားဖြစ်မိပါတယ်တဲ့။ ဒီတော့ ဘုရားသခင်က ကဲဘယ်လိုလဲ ငရဲကို မြင်ပြီမဟုတ်လားလို့ သူတော်စင်ကြီးကို မေးပါတယ်တဲ့။

နောက်ပြီး တခြားတစ်ဖက်မှာရှိတဲ့ တံခါးပေါက်ကိုလည်း ဖွင့်ပြလိုက်ပါတယ်။ ဒီအခန်းတွင်းမှာလည်း အရင် အခန်းထဲကအတိုင်း စားပွဲကြီးတစ်လုံးမှာ လူတွေဝိုင်းထိုင်နေတယ်။ စားပွဲပေါ်မှာလည်း စောစောကလိုပဲ အနံ့ အရသာနဲ့ပြည့်စုံတဲ့ ဟင်းအိုးကြီးတစ်လုံး တင်လို့ပါပဲ။ ထိုင်နေသူတွေရဲ့လက်ထဲမှာလည်း ဇွန်းရှည်ကြီးတွေကို ကိုယ်စီကိုင်ထားလို့။ ဒါပေမယ့် ဒီအခန်းထဲက လူတွေကတော့ စိုစိုပြည်ပြည် ဝဝဖြိုးဖြိုးနဲ့၊ ကျန်းမာရေးလည်း ကောင်းကြတဲ့ပုံ။ နောက်ပြီးတစ်ဦးနဲ့တစ်ဦးလည်း ရယ်ရယ်မောမော ပြောပြောဆိုဆိုနဲ့။ သူတို့အသီးသီးမှာရှိနေ တဲ့ အပျော်က သူတော်စင်ကြီးဆီကိုတောင် ကူးစက်လာသလို ခံစားရတယ်။

ဒီတော့ ဘုရားသခင်က သူတော်စင်ကြီးကို "ခု ကောင်းကင်ဘုံဆိုတာ ဘာလဲဆိုတာ သိပြီမဟုတ်လား"လို့ မေး လိုက်ပါတယ်။ ဒီတော့ သူတော်စင်ကြီးက အင်း ကောင်းကောင်းနားမလည်ပါဘူး။ ဘာကိုဆိုလိုတာလဲ၊ ရှင်းပြဦး ဘုရားသခင်လို့ ပြန်ပြောပါတယ်။

ဒီတော့ ဘုရားသခင်က အဖြေက ရှင်းရှင်းလေးပါလေ။ ခုလို ပြဿနာကို ဖြေရှင်းဖို့ အသိဉာဏ်လိုပါတယ်။ အသိဉာဏ်ရှိရင် ဒီလိုပြဿနာမျိုးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိနိုင်ပါတယ်။ ဒုတိယအခန်းတွင်းမှာရှိနေ သူတွေက တစ်ယောက်ကိုတစ်ယောက် အပြန်ပြန်အလှန်လှန် ခွံ့ကျွေးရင် ဒီပြဿနာကို ဖြေရှင်းနိုင်တာဆိုတာ ကို သူတို့နားလည်ပါတယ်။ ဒါက အသိဉာဏ်ပညာရဲ့လက္ခဏာလေ။ ဒါကြောင့်သူတို့က ကိုယ်စားဖို့ချည်းသာ မကြည့်ပဲ သူများကို ဘယ်လိုခွံ့ကျွေးရမယ်ဆိုတာကို စဉ်းစားပါတယ်။ ကိုယ်က သူများကိုခွံ့ကျွေးတော့ အခြား သူများကလည်း ကိုယ့်ကိုယ်ပြန်လည်ခွံ့ကျွေးလိုကြပါတယ်။ ဒါဟာ တစ်ဦးအပေါ်ထားတဲ့ မေတ္တာနဲ့ အကြင်နာ တရားရဲ့ လက္ခဏာပဲပေါ့။ ဒီတော့ သူတို့တွေက အပြန်ပြန်အလှန်လှန်ခွံ့ကျွေးကြတော့ အားလုံးစားနိုင်ကြတာ ပေါ့။ နောက်ပြီး တစ်ဦးအပေါ်ကြင်နာစိတ်၊ညှာတာစိတ်ကြောင့် အချင်းချင်း ချစ်ခင်စိတ်တွေလည်း တိုးလာတာ ပေါ့။ ချစ်ခင်ကြင်နာသူတွေ အတူတကွ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့နေရာဟာ လောကရဲ့ချမ်းသာသုခတွေနဲ့ ပြည့်လျှမ်းနေတဲ့နေရာပဲပေါ့။ ကောင်းကင်ဘုံဆိုတာက အသိဉာဏ်ရှိသူတွေ၊ မေတ္တာအကြင်နာ ကြွယ်ဝသူတို့ရဲ့ နေရာပဲလေ။

အဲတစ်ဖက်အခန်းထဲကသူတွေကတော့ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း စဉ်းစားနိုင်တဲ့အသိ ဉာဏ် သူတို့မှာ မရှိဘူး။ နောက်ပြီး အခြားသူတွေကို ခွံ့ကျွေးဖို့ထက် ကိုယ်စားဖို့သက်သက်ကိုသာ စဉ်းစားတဲ့သူ တွေဖြစ်တယ်။ ဒါဟာ လောဘရဲ့လက္ခဏာ၊ အတ္တရဲ့ သင်္ကေတတွေပေါ့။ ကိုယ့်ဖို့ချည်းသာ ကြည့်လွန်းနေသူတွေ၊ လောဘကြီးလွန်းသူတွေဆိုတာ အမှန်လမ်းကို ရှာဖွေဖို့ မေ့နေတတ်ပါတယ်။ လိုချင်လောဘတွေ များတဲ့နေရာ၊ အတ္တမာန်မာနတွေ ထူပြောတဲ့နေရာမျိုးဆိုတာ ဘယ်မှာ နေပျော်စရာနေရာမျိုး ဖြစ်ပါ့မလဲ။

လောကထဲမှာ ကိုယ့်ဖို့ကိုယ်သာ စဉ်းစားတဲ့သူတွေများလာရင် ပထမအခန်းထဲကသူတွေလို မြင်ရလျက် မကြင် ရတဲ့ အဖြစ်မျိုးတွေ၊ တွေ့ရလျက် မခင်နိုင်တဲ့ အဖြစ်မျိုးတွေ အများကြီး ဖြစ်လာမှာမို့ လောကကြီးက နေပျော် ဖွယ် လောကကြီး ဖြစ်တော့မှာ မဟုတ်ပါဘူး။ မမြင်နိုင်သေးတဲ့ ကောင်းကင်ဘုံတွေ ငရဲဘုံတွေထက် မြင်နိုင်တဲ့ ကောင်းကင်ဘုံတွေ ပိုကျယ်လာအောင်၊ ငရဲဘုံတွေ ပိုငယ်လာအောင်၊ ပျောက်ဆုံးသွားအောင် လုပ်လျင်ကိုပဲ ဘဝက တော်တော်လည်း အဓိပ္ပါယ်ရှိလာပါပြီ။

ခုလို လင်ရယ် မယားရယ်လို့ဖြစ်လာတော့ တစိမ်းပြင်ပြင်တွေကနေ လောကထဲမှာ အရင်းနှီးဆုံးသူတွေ ဖြစ်လာ ကြပြီ။ နှစ်ကိုယ်တစ်ကိုယ် ဖြစ်လာကြပြီ။ အနာဂတ်အတွက် လှပတဲ့မျှော်လင့်ချက်တွေနဲ့ ဘဝပုံစံတစ်ခုကို အတူ လက်တွဲထူထောင်ကြမယ်ဆိုတဲ့ စိတ်ကူးတွေလည်း ရှိကြမှာပါ။ အောင်မြင်တဲ့၊ ချမ်းမြေ့ပျော်ရွှင်တဲ့ မိသားစုတစ် ခုကို တည်ဆောက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ရှိကြမှာပါ။ ဒီတော့ ချမ်းသာအောင်မြင်တဲ့ မိသားစု တစ်ခုဖြစ်ချင်တယ်ဆိုရင် အဓိက ဘယ်လိုစိတ်ဓာတ်မျိုးမွေးမြူဖို့လိုသလဲ ဆိုရင်တော့ ကိုယ့်ဖို့ ကိုယ့်အတွက်ဆို တဲ့ စိတ်ကိုဖျောက်ပြီး သူ့ဖို့သူ့အတွက်ဆိုတဲ့ စိတ်ထားမွေးမြူကြဖို့ လိုပါလိမ့်မယ်။ ဒါဟာ လူ့အဖွဲ့အစည်း၊ မိသား စု အသိုက်အမြုံတစ်ခုအတွက် အကောင်းဆုံးလိုအပ်ချက် ဖြစ်ပါလိမ့်မယ်။ နှစ်ကိုယ့်တစ်ကိုယ်တင်မက နှစ်ကိုယ့် တစ်စိတ်ဖြစ်တဲ့အထိပါ ကြိုးစားကြဖို့လိုပါလိမ့်မယ်။ သူနဲ့ကိုယ်ဟာ မကွဲမပြားတစ်သားတည်းပါပဲဆိုတဲ့ အသိမျိုး ထားနိုင်ကြမယ်ဆိုလျင်တော့ ဘယ်မှာလာ အချင်းချင်းအပေါ်မှာ နားမလည်နိုင်တာမျိုး၊ မစာနာတာမျိုး ရှိပါ တော့မလဲ။ အဆင်မပြေ၊ မသင့်မတင့်တာမျိုးရယ်လို့လဲ ရှိနိုင်ပါတော့မလဲ။

ဘဝတစ်ခုရယ်လို့ တည်ဆောက်ကြရင် အခက်အခဲဆိုတာ အနည်းနဲ့အများတော့ တွေ့ကြမှာပါ။ ဘယ်လိုအခက် အခဲနဲ့ပဲ ကြုံရကြုံရ၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အသိဉာဏ်စွမ်းအားသာရှိမယ်ဆိုရင် ဒီအခက်အခဲကို ကျော် ဖြတ်နိုင်မှာ အမှန်ပါပဲ။အချင်းချင်း အပြန်ပြန်အလှန်လှန် ညှာတာမှုတွေ၊ စာနာနားလည်မှုတွေသာရှိရင် ဘယ်လို အခက်အခဲကိုမဆို အေးအေးချမ်းချမ်းနဲ့ အတူတကွ လက်တွဲလို့ ဖြေရှင်းနိုင်မှာပါပဲ။

ပုံပြင်လေးကတော့ ကောင်းကင်ဘုံနဲ့ ငရဲ၊ဘာကွာသလဲဆိုတာကို ခွဲခြားပြခဲ့ပါတယ်။ ဒီပုံပြင်လေးဟာ ချမ်းသာနဲ့ ဆင်းရဲ၊ ကောင်းခြင်းနဲ့ မကောင်းခြင်း၊ စာနာမှုနဲ့ မစာနာမှု၊ ကြင်နာမှုနဲ့ ရက်စက်ခြင်း၊ တစ်ကိုယ်ကောင်းသမားနဲ့ အများကောင်းကျိုးကိုကြည့်သူရယ်လို့ အဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုးစတဲ့ အခြားသောဆန့်ကျင်ဖက်အရာတွေ ကိုလည်း ပြောပြနိုင်တယ်လို့ ကိုယ်ကတော့ ထင်မိပါတယ်။ ဒါကြောင့် မင်္ဂလာ မောင်မယ်တို့လည်း တကယ့်ချမ်း သာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုတယ်ဆိုရင်ဖြင့် ကိုယ့်အတွက်ဆိုတဲ့စိတ်ထား ဖယ်ရှားပြီး သူ့အတွက်ဆိုတဲ့ စိတ်ထားလေးကိုသာ အပြန်အလှန် ထားသွားကြမယ်ဆိုရင်တော့ ပျော်ရွှင်စရာ ငြိမ်းချမ်းတဲ့အိမ်ထောင်တစ်ခုကို အမှန်ပင် တည်ဆောက်နိုင်ပါလိမ့်မယ်ရယ်လို့ မင်္ဂလာလက်ဆောင်စကား အမှတ်တရ ပါးချင်ပါတယ်။ အားလုံး ဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေသားလို့လည်း ထပ်ဆင့်ကာ ဆုတောင်းပေးလိုက်ပါတယ်။ ။

Read more...

ခန္ဓာရှုကွက်တရားတော်များ

ခန္ဓာရှုကွက်တရား-၁

ခန္ဓာရှုကွက်တရား-၂

ခန္ဓာရှုကွက်တရား-၃

ခန္ဓာရှုကွက်တရား-၎

ခန္ဓာရှုကွက်တရား-၅

ခန္ဓာရှုကွက်တရား-၆


the attachments to this post:

Khandar
Khandar

ခန္ဓာရှုကွက်တရား-၆
ခန္ဓာရှုကွက်တရား-၆

ခန္ဓာရှုကွက်တရား-၅
ခန္ဓာရှုကွက်တရား-၅

ခန္ဓာရှုကွက်တရား-၎
ခန္ဓာရှုကွက်တရား-၎

ခန္ဓာရှုကွက်တရား-၃
ခန္ဓာရှုကွက်တရား-၃

ခန္ဓာရှုကွက်တရား-၂
ခန္ဓာရှုကွက်တရား-၂

ခန္ဓာရှုကွက်တရား-၁
ခန္ဓာရှုကွက်တရား-၁


Read more...

မွေးနေ့လက်ဆောင်

ဘယ်သွားရမှန်းမသိတဲ့ လိပ်စာလေးနဲ့အတူ
နှစ်ဆယ့်သုံးခုမြောက်ဘူတာကို
လက်ပြနှုတ်ဆက်လိုက်ရတယ်။

လမ်းတလျှောက်
ရာသီတွေက ဆိုးလွန်းတော့
မျက်နှာဖုံးတွေကိုပဲ
အထပ်ထပ် အားကိုးခဲ့ရပေါ့…။

မခိုနားရသေးတဲ့ ဘူတာလေးရေ
မင်းအရိပ်မပြလည်း
ကြိုသိနှင့်ပြီးသားပါ
ငါနဲ့ ကြယ်တွေတစ်ပွေ့တစ်ပိုက် လသာည
အရင်ကလိုပဲ
ကျွန်းအထပ်ထပ်ခြားပစ်အုံးမယ် မဟုတ်လား။

“ရွှေဆိုတာ ငရဲမီးနဲ့တို့လို့ မစား
မီး ဖုတ်လို့မမဲ
တူ ထုလို့မကွဲ
နန်းဆွဲလို့လည်း မပြတ်ဘူး…။
စမ်းသပ်ချက်တွေ
မခံနိုင်ရင်
ရွှေလုပ်မနေနဲ့လေ
ရွှေရည်ပြည့်တဲ့ ရွှေအစစ်
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”

အစွယ်တွေချွန်သထက် ချွန်လာဖို့
ဆာလောင်တာတွေ အတိုင်းဆမဲ့ ဆာလောင်လာဖို့
ငါ့ဘတ်ဒေးမှာ
ဒီလက်ဆောင်နဲ့ပဲ
နှစ်သိမ့်လိုက်တော့တယ်။

မော်ကွန်းသစ်
(၂၃နှစ်ပြည့်မွေးနေ့အတွက်)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP