ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Sunday, March 6, 2011
တက္ကသိုလ်စာမေးပွဲ
မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀န မွေးနေ့အလှူ
ကပ်လှူခဲ့ပြီး ဆရာတော်မှ တပါးလျှင်န၀ကမ္မ တစ်ထောင်ကျပ်စီ လှူဒါန်းပေးခဲ့ပါသည်။ ၁၇.၂.၂၀၁၁ ရက်နေ့တွင်လည်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာရှိ သုခမေတ္တာမိဘမဲ့ကျောင်း ၊ဒိုးပင်ပရဟိတကျောင်း၊မျက်မမြင်ကျောင်း၊အာရှအလင်းရောင် အမျိုးသမီး မိဘမဲ့ ကျောင်းများသို့ ပစ္စည်းနှင့်ငွေသား သိန်း၄၀ ကျော်ဖိုးခန့်လှူဒါန်းပေးခဲ့ပါသည်။၁၈.၂.၂၀၁၁ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့ မြရတနာရပ်ကွက်ရှိ ကလေးများအားကြာဇံဟင်း တိုက်ကျွေးခြင်း ကုသိုလ်ပြုခဲ့ပါသည်။
ဒါနပျက်စီးမှု
အရှင်ဘုရား-
သီလဆောက်တည်ပြီး သီလကို ကောင်းကောင်းမွန်မွန် မထိန်းနိုင်ဘဲ သီလပျက်လျှင် အပြစ်ရှိသလို ဒါန ပြုလုပ်ရာကလည်း ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ လူတို့သည် သီလခံယူပြီး သီလ မပျက်အောင် ထိန်းသိမ်းသလို ဒါနပြုပြီး ဒါနမပျက်စီးအောင် ထိန်းသိမ်းသင့်ကြောင်း ဆရာတော်များက ဟောပြောမှု မရှိပါသဖြင့် ဒါနပြုပြီး ပေါ့ပေါ့ဆဆ နေကြသူများ ရှိပါသည်။
ထို့ကြောင့် သီလကို မပျက်အောင် ထိန်းသိမ်းရသလို ဒါနကို လည်း မပျက်အောင် မည်ကဲ့သို့ ထိန်းသိမ်းရမည်။ ပျက်လျှင် မည်မျှ လောက် အပြစ်ရှိသည် ဆိုသည်ကို သိလိုပါသည်။ ဖြေကြား ပေးတော်မူပါ ဘုရား။
မောင်ခိုင်ဝင်း၊ သန်လျင်။
သီလခံယူပြီးလျှင် သီလကို မပျက်စီးအောင် ထိန်းသိမ်းရ သကဲ့သို့ပင် ဒါနပြုရာကလည်း ဒါနကို မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါသည်။ သီလက ပါဏာတိပါတာ-သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟု သမာဒိယာမိဆို၍ ဆောက်တည် ထားရာမှ သူတစ်ပါးအသက်ကို သတ်မိသွားလျှင် သီလပျက်သွားသကဲ့သို့ ဒါနတွင် သမာဒိယာမိဆို၍ ဆောက်တည် ထားမှုမျိုးမရှိ၊ ပေးလှူထားသော ပစ္စည်းမှာလည်း အလှူခံပုဂ္ဂိုလ်လက်ထဲတွင်ရှိရာ မည်ကဲ့သို့ ဒါနပျက်မှုမျိုး ဖြစ်နိုင်ပါ သနည်းဟု မေးမြန်းဖွယ်ရာ ရှိပါသည်။
သီလပျက်မှုမှာ အလွန်သိသာ၍ ဒါနပျက်မှုမှာ သိသာနိုင်သောကိစ္စ မဟုတ်၍ ပြသနာတစ်ရပ်သဖွယ် ဖြစ်နေပါသည်။ သီလ ခံယူရာက ကာယကံ၊ ၀စီကံတို့ဖြင့် ခံယူခြင်း၊ ဆောက်တည်ခြင်း ပြုရသကဲ့သို့ ဒါနကိုမူ ကာယကံ၊ ၀စီကံတို့သာမက မနောကံဖြင့် ထိန်းသိမ်းမှုပါ အရေးကြီးပေသည်။ ဒါနတွင် စေတနာသည် အရေးကြီးလှ၏။ ဒါန မပြုမီကပင် ပုဗ္ဗစေတနာက ရှေ့သွားပြုပေးရပြီး လှူဒါန်းမှု မုဉ္စစေတနာ၊ လှူဒါန်း ပြီးနောက် အပရစေတနာတို့ကလည်း အရေးကြီးသောနေရာမှ ပါဝင်လာပေသည်။
သီလပျက်ရာက ခံယူပြီးနောက် စောင့်ရှောက်ထိန်းသိမ်းမှု အရေးကြီး၍ စောင့်ရှောက်မှု ဖောက်ပြန်ချို့ယွင်းခြင်းကြောင့် သီလပျက် ရမှု၊ ရှင်းရှင်းဆိုရလျှင် စောင့်ရှောက်ပြီးမှသာ ပျက်စီးမှု ဖြစ်လာနိုင်သော်လည်း ဒါနကိစ္စတွင်မူ ပုဗ္ဗ၊ မုဉ္စနှင့် အပရ စေတနာ သုံးချက်လုံးမှပင် ပျက်စီးမှု ရှိနိုင်ပေသည်။
မလှူမီ ရှေ့အဖို့က ပျက်စီးခြင်း၊ လှူဆဲမှာပင် ပျက်စီးခြင်း၊ လှူပြီးနောက် ပျက်စီးခြင်းများ ဖြစ်တတ်၍ ထိုစေတနာသုံးချက်လုံးမှာပင် ပျက်စီးမှုကြောင့် အပြစ်ရှိမှုများလည်း တွဲဖက် ဖြစ်ပေါ်လာနိုင်ပေသည်။
ဤသို့ စေတနာသုံးချက်မှ တစ်ချက်ချက် ပျက်စီးခဲ့သဖြင့် ဖြစ်ပေါ်လာသောအပြစ်တို့မှာ ဒါနအကျိုးပေးရာ ကာလကသာ ထင်ရှား သဖြင့် သီလပျက်သကဲ့သို့ ချက်ချင်း သိသာနိုင်ဟု ဆိုသင့်ပါသည်။
ဤအကြောင်းကို ဇာတ်ဝတ်္ထုများဖြင့်သာ ဆရာတော် သံဃာ တော်များက တင်ပြ ဟောပြောလေ့ ရှိကြပေသည်။
မလှူမီက ပုဗ္ဗစေတနာပျက်လျှင် ငယ်ရွယ်စဉ်ကပင် အကျိုးပေး ချို့ယွင်းတတ်ပုံ၊ အပရစေတနာပျက်လျှင် အိုမင်းသောအခါ ဆင်းဆင်းရဲရဲဖြစ်ပုံ၊ မုဉ္စ စေတနာ ပျက်ကွက်ပါမူ အင်္ဂါချို့တဲ့ခြင်း ဖြစ်တတ်ပုံတို့ကို ဇာတ်တော် နိပါတ်တော် များမှာ ထင်ရှားလေသည်။
ပုဗ္ဗစေတနာပျက်စီးပုံမှာ-
အမျိုးသမီးတစ်ဦးသည် အိမ်နံရံကို ရွှံ့စေးများ လိမ်းကျံနေစဉ် ပစ္စေကဗုဒ္ဓ တစ်ပါးကလည်း ကျောင်းနံရံတွင် ရွံ့စေးလိမ်းကျံလို၍ လာရောက်အလှူခံရာ အမျိုးသမီးက ရွှံ့စေးကို မလှူလို၍ အလှူခံသော ပစ္စေကဗုဒ္ဓ အရှင်မြတ်အား မျက်စောင်းထိုး၍ ကိုယ်တော်နှယ် တွေ့ရာအလှူခံတာပဲ၊ ရွှံ့စေးကို ဘာလုပ်ဖို့ အလှူခံ နေပါလိမ့်ဟု ကဲ့ရဲ့စကားဆိုမိပြီး ။ သြော် ... လိုအပ်လို့ အလှူခံတာ ဖြစ်မှာပေါ့လေဟု တွေးမိပြီး ရွှံ့စေးကို ပစ္စေကဗုဒ္ဓ အရှင်အား လှူဒါန်းလိုက်ကြောင်း၊ ထို့ကြောင့် နောင်ဘ၀တွင် မျက်စိစွေစောင်းခြင်း၊ အရုပ်ဆိုးခြင်း စသော အကျိုးမဲ့မှု ဖြစ်လာပြီး ရွှံ့စေးအလှူကြောင့် ကိုယ်အတွေ့ ကောင်းသော အကျိုးရသောဝတ္ထု (ပဉ္စပါပီဝတ္ထု)ဖြင့် ပုဗ္ဗစေတနာပျက်၍ အပြစ်ရပုံကို ဖော်ပြလေသည်။
အပရစေတနာပျက်မှုကိုမူ-
ပဒုမဒေ၀ီဝတ္ထုတွင် စည်းစိမ်ရှင် မိဖုရားကြီးဘ၀မှ ပျက်စီးရပုံ ကို ဖော်ပြ၍၊ မုဉ္စစေတနာပျက်ယွင်းမှု အတွက်မူ ကိုယ်အင်္ဂါချို့တဲ့ခြင်း အပြစ်တို့ကို ရတတ်ကြောင်း ဆိုပေသည်။
ဤအကြောင်းကို အကျယ်တ၀င့် မဖော်ပြတော့ဘဲ မဃဒေ၀ လင်္ကာလာ လင်္ကာတစ်ပိုဒ်ကို ထုတ်နုတ်ဖော်ပြ၍ သိစေလိုပေသည်။
မဃဒေ၀လင်္ကာ ပုဒ်(၂၈၅)တွင်
“ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မူနည်ရုပ်မြတ်၊ မမှတ်အညီ၊ လာရောက်ပြီတိုင်း၊ ဒုသီသုသီ၊ အလဇ္ဖီက၊ လဇ္ဇမကြွင်း၊ မချန်ခြွင်းဘဲ၊ ၀မ်းတွင်းခိုင်ကျည်၊ သူမည်မည်၌၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန် မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်။
လှူထွေရှေးဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင် ခါဝယ်က၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက်္ခီယက္ခ၊ သူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏။
ဤတွင် ဘုရားလောင်း ကုသမင်းသည် မလှူမီ ပုဗ္ဗစေတနာ ပျက်ကွက်မိ၍ ပညာရှိသော်လည်း ဘီလူးတမျှ အရုပ်ဆိုးရကြောင်း ဖော်ပြထားလေသည်။
ထို့အတူ ပဉ္စပါပီ အရုပ်ဆိုးရသည်မှာလည်း ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် ဖြစ်ကြောင်း ဆိုလိုပေသည်။ နောက်မှတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွှဲစည်းစိမ်၊ ဂုဏ်သိန်နိမ့်ကျ၊ ဖြစ်တတ်ကြ၏။ ပဒုမ၀တီ၊ ဒေ၀ီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှု့နှိုင်းဆ၊ ထောက်အပ်စွရှင့်။
အပုတ္တက သူဌေး ဟူသည် မြတ်စွာဘုရား လက်ထက်က ထင်ရှား၏။ ဥစ္စာကုဋေလေးဆယ်မျှ ချမ်းသာသော်လည်း မုဉ္စစေတနာ တွန့်တိုခဲ့၍ အပုတ္တကသူဌေးသည်၊ သူဌေးဘ၀တွင် သားသမီး မရဘဲ ၀တ်စားမှုကလည်း နှမြောလွန်းလှ၍ ဆန်ကွဲထမင်း၊ ပုံးရည် ဟင်းသာစားပုံ၊ အ၀တ်ကြမ်း၊ အ၀တ်စုတ်သာ ၀တ်ရပုံတို့ကို ဖော်ပြထား၏။
မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ ညှိုးနွမ်း ရော်ရမည်ကိုကား...။
လှူဆဲ မုဉ္စအခါ တွန့်တိုသူတို့မှာ မွေးကတည်းက လက်ခြေ အင်္ဂါ ချို့တဲ့စွာနှင့် မတင့်တယ် ဖြစ်ကြရကြောင်း ဆိုသည်။
ထို့ကြောင့် ဒါနစေတနာက စေတနာသုံးချက် တစ်ချက်ချက် ပျက်စီးလျှင် အကျိုးပေးပုံကို တင်ပြသည်။ စေတနာသုံးချက်လုံး ပျက်စီးလျှင်ကား အရွယ်သုံးပါးမှာပင် ဆိုးဆိုးဝါးဝါးဖြစ်တတ်ပုံကို မျှော်ထောက်၍ “ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်” ဆိုသကဲ့သို့ ဒါန၏ ဆန့်ကျင်ဘက် မစေရေမစွက်မိအောင် သတိဆောင်သင့်ကြပေသည်။
မြတ်သတိဝါဒီမဂ္ဂဇင်း Read more...Child Thought - ကလေးအတွေး
(. . . မှ အဆက်)
မြန်မာတွေ နေတဲ့မြန်မာပြည်
သစ်ပင်ကမ္ဘာ၊ ရုက္ခရွာ၌ ၊
ရသာချိုမြ၊ သီကင်းလှသည့် ၊
ဗန္ဓရသရက်၊ ပင်ပျိုထက်ဝယ် ၊
တွယ်ဖက်တက်လျှောက်၊ နွယ်ယှက်ပေါက်သည့် ၊
ဂွေးတောက်ကပ်ပါး၊ ပူးဝင်ပွား၍ ၊
တူးခါးဖန်သက်၊ ရသာပျက်ကာ ၊
မျိုးဆက်သိမ်ဖျင်း၊ မျိုးပျက်ခြင်းကို ၊
ထင်လင်းရှု့ မြင်၊ ပမာတင်၍ ၊
ဆင်ခြင်သုံးသပ်ကြည့်ပါလေ ၊၊
လူတို့ ကမ္ဘာ၊ သတ္တရွာ၌ ၊
နေရာပိုင်းရှာ၊ စည်းရိုးတား၍ ၊
မြေသားပထ၀ီ၊ တိုင်းဌာနီဟု ၊
တည်ရာပိုင်နက်၊ နယ်မြေထက်ဝယ် ၊
ဆက်ဆံချုပ်ခြား၊ အုပ်စိုးလာလျှက် ၊
ရှည်ကြာမှီတင်း၊ နေထိုင်းရင်းမှ ၊
သက်ဆင်းပေါက်ပွား၊ နိုင်ငံသားတို့  ၊
မြေသားစဉ်ဆက်၊ ပေါင်းနွယ်ဖက်ကြ ၊
မျိုးဆက်တစ်ခု၊ ၀ံသာနုကို ၊
ပြုစုတည်တံ၊ သွေးသန့်သန့်ဖြင့် ၊
ခန်းငြားထည်ဝါခဲ့ကြသည် ၊၊
သို့သော် ခန့်ညား၊ စည်းဝိုင်းတားလျှက် ၊
နေငြားသော်လည်း၊ လူ့ရွာထဲဝယ် ၊
စည်းကွဲချိုးဖောက်၊ တိုးဝင်နှောက်ပြီး ၊
ဂွေးတောက်ပင်နှယ်၊ ကပ်ပါးနွယ်၍ ၊
နယ်ကျော်ကြိုးရှုပ်၊ အမျိုးဖြုတ်မည့် ၊
သွေးစုပ်ရန်ဆွယ်၊ အသွယ်သွယ်ကို ၊
တွယ်ကပ်မှီခွဲ၊ ရှိစမြဲတည့် ၊၊
ဇွဲလုံးလပွား၊ သတိထား၍ ၊
တရားသစ္စာ၊ ဖြောင့်မှန်စွာဖြင့် ၊
တာဝန်သယ်ပိုး၊ စောင့်ကြပ်မိုးလော ၊၊
မျိုးနွယ်ညံ့ဖျင်း၊ သီငုံကင်းကာ ၊
လူချင်းမျိုးဖုံ၊ မျိုးမတုံးရေး ၊
နှလုံးမြဲမြံ၊ သန်ဒိဌာန်ဖြင့် ၊
အားမာန်ဝင့်ကာ၊ ကြူရင့်ပါအံ့ ၊
ကမ္ဘာအရှည်၊ မြန်မာတည်၍ ၊
တည်သည့်ဒို့မြေ၊ မြန်မာနေမည် ၊
မိုးမြေသိမ့်သိမ့် တုန်စေသတည်း ၊၊ ၊၊
မြင့်ကြူနိုင် (မုံရွာ)
ရည်ရွယ်ချက် (၂) ခု
၁၅၊ ၂၊ ၂၀၁၁ နေ့ကမြန်မာပြည်ကို ခဏပြန်ဖြစ်တယ်။
ပြန်ရခြင်းရဲ့ နံပါတ် (၁) ရည်ရွယ်ချက်က
ရန်ကုန်မှာ တည်ထောင်နေတဲ့ တည်ဆောက်နေတဲ့
Dhamma Garden Centre
(ဓမ္မဥယျာဉ်ကျောင်း) အခြေအနေကို ကြည့်ဘို့ဖြစ်တယ်။
ကျောင်းကို တာဝန်ယူတည်ဆောက်နေတဲ့
အင်ဂျင်နီယာကြီး ဦးကျော်ရွှေနဲ့ ဦးဒေ၀ိန္ဒ (M.A)
(လက်ထောက်မော်ကွန်းထိန်းဟောင်း၊ မန်း သာသနာ့တက္ကသိုလ်) အဆိုအရ
မေလ လဆန်းပိုင်းလောက်မှာ ဆောက်လက်စ အဆောက်အဦတစ်ဆောင်ပြီးစီးမှာဖြစ်ပြီး
အဲ့ဒီအဆောင်ထဲမှာ စာသင်ခန်းတစ်ခန်းနဲ့ ကွန်ပြူတာသင်တန်းခန်းတစ်ခန်းပါဝင်မှာဖြစ်တဲ့အတွက်
ဝါဆိုပြီး ၀ါတွင်းကာလတွေမှာ သင်တန်းများစတင်ဖွင့်လှစ်နိုင်တော့မှာဖြစ်ကြောင်းပြောပါတယ်။
မကြာမီအတောအတွင်းမှာ လုပ်ငန်းတစ်ခုအောင်မြင်ဘို့အတွက်
Material Power ပြည့်စုံတော့မှာဖြစ်လို့
Man Power ဖြစ်တဲ့ သင်ကြားပေးဘို့ဆရာများ အဆင်သင့်ဖြစ်စေရန်
အချင်းချင်း ခေါင်းချင်းဆိုင် တိုင်ပင်ဖြစ်ပါတယ်။
ဒီအတွက် အခြေခံကွန်ပြူတာသင်တန်းနဲ့ အခြေခံအင်္ဂလိပ်စာသင်တန်းကို
ဆရာတော်ဦးဒေ၀ိန္ဒက တာဝန်ယူသင်ကြားပေးမှာဖြစ်ပြီး
အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းကို
ဒေါက်တာနောဓိဥာဏ (Ph.D)
ကထိက၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒသာသနာပြုတက္ကသိုလ်၊ ရန်ကုန် က
တာဝန်ယူသင်ကြားပေးမယ်ဆိုတဲ့အဖြေတစ်ခုထွက်လာပါတယ်။
ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံက တရုတ်လူမျိုးတွေဖြစ်လို့လာပါပြီ၊
ဆိုလိုတာက လူလေးယောက်မှာ တစ်ယောက်က တရုတ်လူမျိုးဖြစ်လာပါပြီ။
ဆိုတော့
ဒီနေ့ခေတ်မှာ တရုတ်ဘာသာစကားကို မသင်လို့မဖြစ်တော့ပါဘူး။
ဒီအတွက် တရုတ်ဘာသာစကားသင်ပေးမဲ့
တရုတ်တန်းက တရုတ်ဆရာတစ်ယောက်ကို ဆက်သွယ်နေပါတယ်။
တရုတ်စကားပြောသင်တန်းကိုလဲ
Dhamma Garden Centre မှာ
ဝါတွင်းအမှီ ဖွင့်လစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မြန်မာပြည်ကို ခဏပြန်ရခြင်းနောက်ရည်ရွယ်ချက်တစ်ခုက
မန္တလေးမှာရှိတဲ့ ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်) နဲ့တွေ့ဘို့ပါ။
နှောင်ကြိုး ခိုင်ခြင်း မခိုင်ခြင်း...
ငွေသား နဲ့ နှလုံးရောဂါ
သင်္ဘောသီး နုနုနဲ့ ၀ဲနှင်းခူ
သင်္ဘောသီး နုနု တလုံးရှာ၊
ထိပ်ဝကို ဓားနှင့်လျှပ်၊ အစေးထွက်လာလိမ့်မယ်။
အဲဒီ သင်္ဘောသီးထိပ်နဲ့ အနာကို ပွတ်တိုက်ပေး၊ ယားကျိကျိနဲ့ ခံလို့ကောင်းတယ်။
သွေး ညိုညို ပုပ်ပုပ်ကြီးတွေ ထွက်လာတယ်၊ ဆက်တိုက်ပေး။
အရည်ကြည်တွေ ထွက်လာပြန်ရော၊ ဆက်ပြီး ပွတ်တိုက်ပေး။
သွေးနီရောင်တွေ ထွက်လာတော့ နာလာလိမ့်မယ်။
သွေးထွက်လာလို့ နည်းနည်းကြာတော့ ရပ်ထားပြီး အနာကျက်ဆေး တခုခု ၀ယ်လိမ်းပေးလိုက်ပါ။
မကြာပါ အလွှာအလွှာလိုက် ကွာကျပြီး အသားနုတက်ပြီး သက်သာပျောက်ကင်းသွားပါတော့သည်။
သင်္ဘောသီးက ပိုးတွေ(အဆိပ်တွေ)ကို စုပ်ယူတဲ့သဘောပါ။ ဒါကြောင့် မြွေကိုက်ခံရတဲ့သူကို သင်္ဘောသီးထိပ်ဝနဲ့ တိုက်ပေးပြီး အဆိပ်ထုတ်ပေးတာ ဖြစ်မယ်။
နောက်ပြီး ပွေးခြောက်တွေကိုလည်း သင်္ဘောသီး နုနုနဲ့ ကုလို့ရတာ လက်တွေ့ပါ။
စိုးလင်းအောင် (မြန်အောင်)
(နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)