* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 3, 2011

သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံတော်

ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ
အမှတ်တရ ပေးစဉ်
သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်းလဲ့လဲ့နှင့် လွင်မိုးတို့က ဖဲကြိုးကိုင်
ရုပ်ရှင်သရုပ်ဆောင်များ ဆရာတော်ကြီးအား နုတ်ဆက်စဉ်
ခွဲစိတ်ပြီးလူနာများ
သီတဂူအာယုဒါနဆေးရုံ မျက်စိဌာန ဒုတိယဆေးရုံအုပ် ဒေါက်တာမိမိခင် စမ်းသပ်စစ်ဆေးစဉ်

သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လာရာမှ ယခုဆိုရင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ ၁၂ ခုနှင့် တည်ဆောက်ဆဲ ဆေးရုံ ၆ ခုတို့ဖြစ်သည်။

ထိုဆေးရုံ ၁၈ ခုတို့တွင် ၂၇-၂-၂၀၁၁ နေ့က ရန်ကုန်းတိုင်း ရန်ကင်းမြို့တွင် သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်ကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံရှိ ဆေးရုံသုံး ပစ္စည်းများအားလုံးကို သီတဂူဆရာတော်ကြီးက လှူဒါန်းသည်၊ ထိုတန်ဖိုးသည် ကျပ်သိန်းနှစ်ထောင် (၂၀၀၀,၀၀၀၀၀) ကျော် ရှိသည်ဟု သိရသည်။

ဖွင့်ပွဲ
ထိုဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သံဃာမဟာနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်မော်ဆရာတော်ကြိး၊ သံဃနာယက ဆရာတော်များ၊ ကျန်းမာရေးဌာန ဒုဝန်ကြီးနှင့်အဖွဲ့၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာစဂျေလွင်၊ ဒေါက်တာရီရီအောင်၊ ဒေါက်တာမိမိခင်နှင့် အခြားမျက်စိ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် သူနာပြုများက မျက်စိ ဝေဒနာရှင် ၁၀၄ ယောက်ကို မျက်စိအလင်းပေးခဲ့ပြီး ခွဲစိတ်စရာမလိုသော မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၃-၂၀၁၁
စာရေးသူ sitagustar
0 comments

Read more...

*ဗုဒ္ဓ၀င်*

3/01/2011 တောသားလေး , Posted in , 1 Comment
ဗုဒ္ဓ၀င်ပုံတော်များကို စုပေါင်းပြီး Video ဖိုင်လေးအဖြစ် ကြည့်နိုင်အောင် ကျွန်တော် ကြိုးစားပြီး လုပ်ထားတာပါခင်ဗျာ။ လိုအပ်တာလေးများရှိရင်လည်း ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး နားလည် ခွင့်လွတ်ပေးကြပါရန်။

ဗုဒ္ဓ၀င် video ဖိုင်ကို ဒေါင်းလော့လိုချင်ပါက ဒီနေရာလေးမှာ ယူနိုင်ပါတယ်ခင်ဗျာ။

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

Four Noble Ones - အရိယာလေးမျိုး

Four Noble Ones - အရိယာလေးမျိုး

Read more...

အရှင်ဂန္ဓသာရာဘိဝံသ (ထိုင်းအမည်-ဖရ မဟာစုမ်ရတ်)၏ ဘ၀ပုံရိပ် တစ်စိတ်တစ်ဒေသ

အရှင်ဂန္ဓသာရာဘိဝံသကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမုတ်ပရာကန်မြို့နယ်၊ ၃-ရပ်ကွက်၊ စုခုမ်ဝိတ်လမ်း၊ အိမ် အမှတ်-၉၃၊ ၂၀၇-နေ ခမည်တော် ဦးနိုင်ကုတ်ခွန်းစဲ့ဟိန်၊ မယ်တော် ဒေါ်မန်းဝမ်စဲ့သန်တို့မှ ၁၉၆၁-ခုနှစ်၊ ဧပြီလ ၂၄-ရက်၊ တနင်္လာနေ့၊ ည -၇-နာရီ၊ ၂၄-မိနစ်အချိန်တွင် ဖွါးမြင် တော်မူပါသည်။ မွေးချင်း ၆-ယောက်အနက် အငယ်ဆုံး သားမြတ်ရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်စုန်လတ်စုစထာဖွန် ဖြစ်သည်။



အရှင်ဂန္ဓသာရသည် အသက် (၁၂)နှစ် အရွယ် ၁၉၇၃-ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၊ ၀ိထယာလိုင်းပတ္တရားကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဖရ (အရှင်)အရိယ၀ံသာသယန်ပုဏသိရီထံ၌ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့အမည်မှာ ရှင်ဂန္ဓသာရ ဖြစ်ပါသည်။ ၁၉၈၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာ့မအိုး(မြန်မာ) ကျောင်းတိုက်၊ ပဓာနနာယက(မြန်မာ) ဆရာတော်ဘုရားကြီး ဘဒ္ဓန္တဓမ္မာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ဒေါက်တာ)ကို ဥပဇ္ဇျာယ်ပြု၍ ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာ့မအိုးကျောင်းတိုက်၊ ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူပါသည်။ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မာနန္ဒထံတွင် သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ အဘိဓမ္မာ၊ ၀ိနည်း၊ ရှုပသိဒ္ဓိနှင့် မြန်မာစာပေများကို သင်ယူခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၃၄၃-ခုနှစ်တွင် ဗာရာဏသီဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော်ဘုရားတို့၏ အာရှ(၆)နိုင်ငံ ခရီးစဉ်၌ ထိုင်းနိုင်ငံ၊ ၀ပ်ထာ့မအိုးကျောင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအခါ ဗာရာဏသီဆရာတော်ဘုရားကြီးအား အရှင်ဂန္ဓသာရမှ ပါဠိဘာသာစကားဖြင့် မေးမြန်းလျောက်ထားရာ ဆရာတော်ဘုရားကြီးက သဘောကျတော်မူသဖြင့် “မြန်မာပြည်တွင် ပညာသင်ကြားဖို့် ဒီဥုးဇင်းလေး ဒို့ဆီလွှတ်လိုက်” ဟု ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မာနန္ဒအား မိန့်ကြားတော်မူခဲ့ပါသည်။
ထိုမိန့်တော်မူချက်ကို အကြောင်းပြု၍ အရှင်ဂန္ဓသာရသည် ၁၉၈၄-ခုနှစ်တွင် ပညာသင်ကြားရန် ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်သို့ ရောက်ရှိခဲ့ပါသည်။

ဗာရာဏသီဆရာတော်ဘုရားကြီးသည် အရှင်ဂန္ဓသာရအား အစစအရာရာ ကြည့်ရှုစောင့်ရှောက်ခဲ့ပါသည်။ ထို့ပြင် အရှင်ဂန္ဓသာရအား အနီးကပ် ကြီးကြပ်ကွပ်ကဲသူမှာ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ(သ-စ-အ -ဓမ္မာစရိယ)ဖြစ်ပါသည်။ ၀ိ-ဗာ တိုက်ရှိ စာချဆရာတော်များ၊ မန္တလေးမြို့၊ ရွှေဘုန်းဝန်ဆရာတော် ဘဒ္ဒန္တအဂ္ဂညဏာဘိဝံသ စသော ဆရာတော်ဘုရားများသည် အရှင်ဂန္ဓသာရ၏ကျေးဇူးတော်ရှင်များပင် ဖြစ်ပါသည်။

ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၌ ကျင်းပသောစာမေးပွဲများကို အတန်းစုံ အောင်မြင်ခဲ့ပြီး အစိုးရ ငယ်-လတ်-ကြီးအတန်းတို့ကို ပါဠိဘာသာဖြင့်လည်းကောင်း၊ ၁၉၈၆-ခုနှစ်တွင် ပြည်မြို့၌ ကျင်းပသော မြို့နယ်စာမေးပွဲကို တစ်ဂဏန်းမှ လည်းကောင်း၊ ၁၉၈၈-ခုနှစ်တွင် ရန်ကုန်မြို့၊ စေတီယင်္ဂဏပရိယတ္တိအသင်းမှ ကြီးမှုးကျင်းပသော စာမေးပွဲကို ဒုတိယ - အမှတ်အများဆုံးဖြင့်လည်းကောင်း၊ ၁၉၉၂-ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ကိုလည်းကောင်း အောင်မြင်ခဲ့ပါသည်။

အရှင်ဂန္ဓသာရသည် ယခုအခါ ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာ့မအိုးကျောင်းတိုက်ဆရာတော် ဘုရားကြီး၏ အနီးတွင် သီတင်းသုံးနေထိုင်လျက် စာသင်သားသံဃာတော်များအား စာပေကျမ်းဂန်များ ပို့ချခြင်း၊ ကျောင်းတိုက်အတွင်း ကမ္မဋ္ဌာန်းကျောင်းဆောင်များ ဆောက်လုပ်လျက် ကမ္မဋ္ဌာန်းတရားများကို ပြသခြင်း၊ ထိုင်းနိုင်ငံ၊ ဘုရင်မင်းမြတ်၏ ယုဝဗုဒ္ဓိကအသင်း ၀ိပဿနာဋ္ဌာနတွင် ကမ္မဋ္ဌာန်းတရားများကို ပြသခြင်း၊ ထိုင်းနိုင်ငံ၊ နခွန်ပထုံမြို့၊ ဗုဒ္ဓဃောသပါဠိစာပေလေ့လာရေး အသင်းတွင် ၀ိပဿနာကမ္မဋ္ဌာန်းတရားများကို ပြသခြင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုံ၊ ၀ပ်ဖိချိုင်ယာကာရာမ်ကျောင်းတိုက်၊ အဘိဓမ္မာပိဋကဋ္ဌာနတွင် စာပေစိစစ်ရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခြင်းဖြင့် သာသနာ့ တာဝန်များကို ထမ်းဆောင်လျှက် ရှိပါသည်။

ထို့ပြင် အရှင်ဂန္ဓသာရာဘိဝံသ ရေးသားပြုစုခဲ့သော ကျမ်းစာများကို မှတ်တမ်းတင်မိသမျှ ဤ၌ ဖော်ပြလိုက်ပါသည်။ (၁)သုဗောဓာလင်္ကာရမဉ္ဖရီ {အလင်္ကာဘာသာပြန်-နှာစုစုပေါင်း-၈၃၅}၊ (၂) ၀ုတ္တောဒယမဉ္ဖရီ {ဆန်းဘာသာပြန်-နှာ-၄၁၄}၊ (၃)ဗာလာဝတာရ {သုဓ်သင်တည်းဖြတ်-နှာ-၁၂၈}၊ (၄)ပဒသင်္ဂဟ {သုဓ်သင်တည်းဖြတ်-နှာ-၂၆၀}၊ (၅) ပဒရူပသိဒ္ဓိမဉ္ဖရီ {ရှုပသိဒ္ဓိဘာသာပြန်-ပထမတွဲ-နှာ-၁၂၁၈}၊ (၆) သံဝဏ္ဏနာမဉ္ဖရီနှင့်သံဝဏ္ဏနာနိယံ {နှာ-၁၄၀}၊ (၇) ကစ္စာယနသာရမဉ္ဖရီ {ဘာသာပြန်-နှာ-၂၂၄}၊ (၈)ဂန္ထာဘရဏမဉ္ဖရီ {နှာ-၂၀၀}၊ (၉)ပဒရူပသိဒ္ဓိကျမ်း၏ခက်ဆစ်ခက်ရာ အမေးအဖြေ {နှာ-၁၇၀}၊ (၁၀) ၀ရတ်တရတနာကရ {သက္ကတဘာသာပြန်-နှာ-၇၉}၊ (၁၁) နေတ္တိပါဠိတော် {ဘာသာပြန်-နှာ-၆၆၄}၊ (၁၂) နေတ္တိအဋ္ဌကထာ {ဘာသာပြန်-နှာ-၆၉၀}၊ (၁၃) နေတ္တိဋီကာ {ဘာသာပြန်-နှာ-၄၀၆}၊ (၁၄) အဘိဓမ္မတ္ထသင်္ဂဟနှင့်ပရမတ္ထဒီပနီ {ဘာသာပြန်-နှာ-၉၁၈}၊ အဘိဓမ္မာအရေးတော်ပုံနှင့်သဒ္ဒါကျမ်းများ၏သမိုင်း {နှာ-၁၃၀}၊ (၁၆) သစ္စသင်္ခေပ {ဘာသာပြန်-နှာ-၁၈၄}၊ (၁၇) အဘိဓမ္မာဝတာရ {ဘာသာပြန်-နှာ-၅၁၀}၊ (၁၈) မဟာသတိပဋ္ဌာနသုတ္တ {မဟာစည်ဆရာတော်စာအုပ်မှဘာသာပြန်-နှာ-၄၅၄}၊ (၁၉) အာနာပါနဒီပနီ {ဘာသာပြန်-နှာ-၅၈}၊ (၂၀) ဗောဇျင်တရားတော် {နှာ-၁၈၈}၊ (၂၁) ဓမ္မစကြာတရားတော် {ဘာသာပြန်-နှာ-၄၀၀}၊ (၂၂) လွယ်ကူသောနည်းဖြင့် သတိပဋ္ဌာန်ကျင်းစဉ် {နှာ-၈၄}၊ (၂၃) သတိပဋ္ဌာန်-တစ်ခု တည်းသောလမ်း {အင်္ဂလိပ်ဘာသာမှ ပြန်-နှာ-၄၂}၊ (၂၄) ရုပ်နာမ်သဘာဝအလင်းပြကျမ်း {နှာ-၇၄}၊ (၂၅) ၀ိပဿနာရှုနည်း {ဘာသာပြန်-ပထမတွဲ-နှာ -၃၄၄}၊ (၂၆) ၀ိပဿနာရှုနည်း {ဘာသာပြန်-ဒုတိယတွဲ-နှာ-၆၆၂}၊ (၂၇) သတိပဋ္ဌာန်ကျင့်စဉ် {နှာ-၁၁၄}၊ (၂၈) ဒါရုက္ခန္ဓောပမသုတ် {အင်္ဂလိပ်ဘာသာမှပြန်-နှာ-၈၂}၊ (၂၉) နမက္ကာရ+မဟာပဏာမ {ဘာသာပြန်-နှာ-၈၆}၊ (၃၀) မေတ္တာဘာဝနာ {နှာ-၈၀}၊ (၃၁) ပဇ္ဇမဓု {ဘာသာပြန်-နှာ-၂၃၅}၊ (၃၂) ပရိတ်ကြီး {ဘာသာပြန်-နှာ-၂၄၀}၊ (၃၃) တေလကဋာဟဂါထာ {ဘာသာပြန်-နှာ-၁၇၇}၊ (၃၄) သူတော်ကောင်းတရားနှင့်ဗြဟ္မစိုရ်တရားလေးပါး {နှာ-၄၂}-စသည်တို့ ဖြစ်ပါသည်။

အရှင်ဂန္ဓသာရာဘိဝံသ ရရှိတော်မူသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များမှာ- ၂၀၀၀-ခုနှစ်၊ ဇွန်လ-၂၅-ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘုရင်မင်းမြတ်၏ယုဝဗုဒ္ဓိကအသင်းမှ ကမ္မဋ္ဌာနစရိယဘွဲ့၊ ၂၀၀၆-ခုနှစ်၊ မေလ ၂-ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပုဂ္ဂလိကလူမှုကယ်ဆယ်ရေးအသင်း (မူလနိထိကျမ်နုန်ထောင်ပစေ့-အသင်း)မှ လူမှုထူးချွန်ဆု၊ ၂၀၀၇-ခုနှစ်တွင် ထိုင်းနိုင်ငံ၊ အိမ်ရှေ့ မင်းသမီးကိုယ်တိုင် ဆက်ကပ်လှုဒါန်းသော ဗုဒ္ဓသာသနာကျမ်းပြုဆိုင်ရာဘွဲ့ (စေမာဓမ္မကျတ်ဘွဲ့)(Outstanding Buddhist Awards)(Semadhammajak Awark) တံဆိပ်တော်နှင့် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ ပါဠိစာပေဋ္ဌာနမှ မဟာပဏ္ဍိတဘွဲ့တံဆိပ်တော်တို့ ဖြစ်ပါသည်။
ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ နှစ်(၅၀)ပြည့် ရွှေရတုမဂ္ဂဇင်းကို မှီးငြမ်းကိုးကားသည်။

Read more...

E-Bahusuta ( 3 )

Read more...

Mind (Pilot Sayadaw )

Mind by Pilot Sayadaw

Read more...

ကျောင်း အလှူ အကျိုး (၇)ပါး

သုံးတန် စေတနာ ညီညွတ်စွာဖြင့် သာသနိက ကျောင်းတန်ဆောင်း အလှူ ဆောက်လှူသူတို့ ကြီးထူကဲဝှန်
ကျိုးရ-ဟန်ကို ကျမ်းဂန် ထောက်ချင့် နိဒါန်းဖွင့်သော်–

၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍
၂။ စိတ်ဝယ်တောင့်တ ဆောက်အုံရ၏
၃။ မထကြက်သီး ကိုယ်လည်း မလှူပ် ကြောက်ရုပ်မထင် ထိတ်လန့်စင်၏။
၎။ ခြင်္သေ့-သစ်-ကျား သားရဲများ နှင့် ဖမ်းစားတဲ့လူ နိပ်စက်မူသား တောသူ-ဖုတ်-ပြိတ် အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက အဆင်းဖောက်ပြန် ကုမ္ဘာဏ်-ရက္ခိုရ် နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်း၏။
၅။ မကောင်း အိပ်မက် မမြင်မက်ဘိ
၆။ ထင်လျှက် သတိ ခိုင်မြဲဘိ၍ ၀ိပရိဏံ ဖောက်ပြန် စိတ်ရင်း ရူးသွပ်ခြင်းမှ ရှင်းရှင်းလွတ်ရှောင်း ကျိုးဆက်ကောင်း၏။
၇။ နောက်နှောင်းဘ၀ ပစ္ဆိမ၀ယ် ဂုဏကဲပို အရဟတ္တဖိုလ် ဟု ထိုထို ကျေးဇူးလွန့်ပြန့်ပြူးသည်
ဆောက်ဦးလှူကျိုး ခွန်နစ်တည်း။

Read more...

သိေဿာဝါဒ သံပေါက်လင်္ကာ အပိုင်း(၂)

လေးမျက်နှာဘုရား
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားလေးဆူတို့အားရည်စူးတည်ထားကိုးကွယ်ခြင်းဖြစ်ပါသည်။
  • ရွာသူစပ်လျှင်း သူ့အတင်း ပြောခြင်း ကျောင်းကွဲ့ သင့်ဘူးတဲ့။
  • ဆုံးမစေလို သူ့ပြစ်ကို လျှောက်ဆိုပါတဲ့ သင့်သေးရဲ့။
  • ဒါ၊ သီ၊ ဘာ-မျိုး ခုနောင်ကျိုး လျှောက်ကိုးပါကွဲ့ ကိုယ်ကျိုးတဲ့။
  • လျှောက်ကိုးပါငြား ရှင်ဘုရား “ပါ”များသုံးကွဲ့ ချိုသာတဲ့။
  • အောက်ငေါက်ဒေါဆောင် ဆူညံအောင် ကြဉ်ဆောင်ပါကွဲ့ ကြားရုံတဲ့။
  • ဘုရားသံယာ ရှေ့ကုန်းခါ ကြမ်းမှာသွားကွဲ့ ဆင်နင်းသလိုတဲ့။ (ဆင်ကြီး ခန္ဓာကြီးသော်လည်း ခြေသံမကြားရ)
  • အိမ်က ကျောင်းလာ များသူငါ ပြုရာခဏ်းကွဲ့ပြီးပြီတဲ့။
  • သံဃာ့ထံလာ ကပ်သူငါ လိမ္မာဘို့ကွဲ့ မှတ်အုံးတဲ့။
  • ဆွမ်းမုန့် ဘောဇဉ် ဘုန်းပေးတွင် ကြွရှင်လျှောက်ကွဲ့ ပင့်နည်းတဲ့။
  • ထမင်းစားသောက် လာသွားလျှောက် ပယ်ဖျောက်လျှောက်ကွဲ့ အပ်ဘူးတဲ့။

Read more...

Saturday March 12 – Meet and Eat

by Cittasamvaro

Meet and Eat at ANNAPURNA, our favourite Indian Vegetarian Restaurant.

Don’t be shy – everyone is welcome. You don’t need to know anyone… the idea is to meet the other faces..

We’ll have one Thai monk from Bodhgaya joining us too – he speaks fluent English and Hindi

Annapunra is on Tanon Pan (near Indian Temple, Silom)

Meet at Annapurna anytime around or after 11am. Leave when you wish. No rules, just lunch, chat and plan stuff :)

Nearest skytrain station is Surasak. From there it is less than an 8 minute walk. The seriously hot or lazy can taxi from Surasak for 37 baht..

Click the wonderful clear map for an even larger version!

Read more...

Wise Words


Read more...

တကယ်သာဖြစ်လိုက်ပါတော့

ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်ငြိမ်သက်လို့…..။ ခါတိုင်း အော်မြည်နေတဲ့ ဌက်ကလေးတွေလည်း ဘယ်များ ရောက်လို့ နေကြပါလိမ့်. ။ ကြားနေကျ ဌက်လေးတွေရဲ့ တေးသံချိုလေး တခုကို တမ်းတမိလိုက်တာ!!!

ဆောင်းလေရဲ့ အအေးဓါတ် လွန်ကဲမှုကြောင့် ခပ်ကွေးကွေးလေး ဖြစ်နေတဲ့ ကျမ ဆက်ပြီးတော့ ကွေးနေလိုက်တယ်.။ စိမ့်ပြီး အေးလိုက်တာ……!

ဟိုးးးးးးးးးးးး မိုးကုတ်စက်ဝိုင်းရဲ့ တခုသော နေရာလေးကို ရောက်သွားခဲ့တယ်.။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ သာယာအေးချမ်းတဲ့ အလင်းတန်းကြီးတခုက အုပ်မိုးလို့.။

အို….. လူတွေ လူတွေအများကြီးပါလား……..

သူတို့တွေ ဘယ်ကိုသွားနေကြပါလိမ့်…!

ကျမသွားမယ့် နေရာကိုများ ဦးတည် သွားနေကျတာများလား..!

ကျမလည်း လူအုပ်နဲ့အတူ တိုးဝင် ရောက်သွားပြီ…

သူတို့ အားလုံးရဲ့ မျက်ဝန်းလေးတွေကလည်း မျှော်လင့်ချက် ရောင်ခြည်တွေနဲ့ တလက်လက် တောက်နေလိုက်တာ… ပန်းတိုင်တခုကို ချီတက် နေကြသလိုပဲ....။

တချို့ လူတွေကို ကြည့်လိုက်တော့ တူညီဝတ်စုံတွေနဲ့ ရင်ထဲ အသည်းထဲက အချိန်ကာလကြာ မြိုသိပ်ထားခဲ့ကြတဲ့ စကားလုံးတွေကို ဖွင့်ဟလို့…။

ကျမရဲ့ ရင်ထဲက ပြောချင်နေတဲ့ စကားလုံးတွေကတော့ လည်ချောင်းဝမှာပဲ တစ်ဆို့ နေပါလားးးးးးးး

တဖြည်းဖြည်း လျှောက်သွားရင်းနဲ့ ရှေ့တူရုဆီကို ကြည့်လိုက်တော့ ကျမတို့ အားလုံးရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ မေတ္တာတရား နက်ရှိုင်းပြီး ရဲရင့်တဲ့ နှလုံးသားပိုင်ရှင် အမေ………!

ကျမတို့ အားလုံးကို ပြောဆို လမ်းပြပေးနေတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းတွေက ရင်ထဲထိအောင် စွဲမြဲ နစ်ဝင်လို့ နေခဲ့ပါပြီ…။

အခက်အခဲတွေ အားလုံးကို ကျော်လွှားရင်ဆိုင်နိုင်ဖို့ ခွန်အားသတ္တိတွေ ကိုလည်း အပြည့်အ၀ ရရှိနေ ခဲ့ကြပါပြီ…။

အားလုံးသော သူတွေရဲ့ ရင်ထဲမှာတော့ ညီညွတ်မှုတွေနဲ့ အရာရာကို မကြောက်မရွံ့ ဇွဲ နဲ့ ချီတက်ဖို့ တာဆူနေခဲ့ကြပါပြီ..။

လိုချင်တာကို ရအောင် အားလုံးသောသူတွေနဲ့ အတူတကွ ကြိုးစားပြီး လုပ်ရမယ်တဲ့…. ။ ကြိုးစားဖို့ အားလုံး အသင့် ဖြစ်နေကြပါပြီ…။

တချက်တချက်တော့ လူအုပ်ကြီးရဲ့ ၀မ်းသာမှုတွေနဲ့ ပြောဆိုနေကြတဲ့ အသံတွေကြောင့် ဘာပြောသံမှ မကြားရလောက်အောင် ဖြစ်သွားခဲ့ရပြန်တယ်..။ ကျမလည်း ပြောချင်လိုက်တာ…! အမေကတော့ ပြောတယ်… ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတာတွေကို အသိပေးပါတဲ့… ကျမပြောလို့ မရပါလားးးးးးးးးးးး ကျမပြောမယ့် စကားလုံးတွေက လည်ချောင်းဝမှာတင်ပဲ အပြင်ကို ထွက်မလာပါလား…………!

ဒါပေမဲ့…………

ကျမရဲ့ ရင်ထဲမှာတော့ သေချာ ထုတ်ပိုးထားတဲ့ စကားလုံးတွေက အစီအရီပါပဲ……..

ကျမ အတွေးရေယာဉ် ကြောကြီးထဲ နစ်မြောနေတုန်း ဟေးးးးးးးးးးးးဟေးးးးးးးးးးးးးးး ဆိုတဲ့ အသံကြောင့် ရုတ်တရက် လန့်သွားတယ်… အော် ကျမတယောက် အတွေးလွန်နေတာကိုး…။

`ကျမ တယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး..။ အများနဲ့ အတူလုပ်မှာ. ကျမတို့ အပေါ်မှာ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်တဲ့´… ကျမ ကြက်သီးထလိုက်တာ….! အမေရဲ့ တည်ကြည် လေးနက်တဲ့ သစ္စာ စကားတွေထဲက တခွန်း…!

အော်…. အမေ. ဘယ်လောက်များ ပင်ပန်းနေရှာရော့မလဲ…

အမေ.. ကျန်းမာပါစေ၊ ချမ်းသာပါစေ…………………….. ဆိုတဲ့ အသံတွေ မိုးကောင်းကင် တခုလုံး ပြည့်လျှံလို့ မြည်ဟိန်းသွားလိုက်တာ.!!!

အပြန်ခရီးမှာတော့ ကျမရဲ့ ရင်ထဲက ပြောချင်နေတဲ့….

အမှန်တရားကို ချစ်မြတ်နိုးပြီး ယုံကြည်ချက်ရှိရှိနဲ့ လျှောက်လှမ်းနေကြတဲ့ သူတွေရဲ့ ရင်ထဲက စစ်မှန်တဲ့ ဆန္ဒတွေ…॥ အနှစ်နှစ် အလလ စောင့်မျှော်နေကြတဲ့ မျှော်လင့်ချက် လင်းရောင်ခြည် တန်းလေးတွေ…। မတူညီပေမဲ့ တူညီကြတဲ့ ညီရင်းတွေရဲ့ ညီညွတ်မှု သံစဉ်တွေ…॥ တဦးနဲ့တဦး နားလည်မှု၊ ယိုင်းပင်းမှု၊ သည်းခံမှု၊ သိတတ်မှု၊ တန်ဖိုးထားတတ်မှု ဆိုတဲ့ အမြင်ကောင်းလေးတွေနဲ့ ဆက်ဆံမှုတွေ…॥ ငြိမ်းချမ်းရေး ရှိဖို့ ရှေ့ဆောင်လမ်းပြပေးပြီး ကျမတို့တွေရဲ့ ယုံကြည်မှု အင်အားကို အမိအရ ဆုပ်ကိုင်ထားနိုင်တာတွေ…॥ ဆိုတဲ့ ပြည့်လျှံနေတဲ့ စကားလုံးတွေကို ထွေးပိုက်ရင်း…।!!!

ခိုင်မြဲတဲ့ ယုံကြည်ချက် အင်အားတွေ တနင့်တပိုးနဲ့ စိတ်ရွှင်လန်း တက်ကြွလို့ လှမ်းလာခဲ့တော့တယ်…

အိမ်ကို ပြန်ရောက်တော့ အတွေးထဲမှာတင် ပျော်နေလိုက်တာ..!

ဗြုန်းဆို စိမ့်ကနဲ အေးစက်သွားပြီး ကြည့်လိုက်တော့ ဟင်…… ကျမရောက်နေတဲ့ နေရာလေးက အမေနဲ့ အဝေးမှာပါလားးးးးးးးးး

အေးစက်နေတဲ့ ပါးပြင်ပေါ်မှာ ဆောင်းလေအေးနဲ့အတူ အေးစက်စက် မျက်ရည်စတချို့ ကပ်ငြိ တွဲခိုလို့…!!!!!

သဒ္ဓါလှိုင်း



Read more...

သာသနာပြု စစ်တမ်း




ယနေ့ခေတ်တွင် “သာသနာပြု”ဟူသော ဝေါဟာရစကားလုံးကို အတော်များများက အသုံးပြုနေကြသည်ကို သတိပြုမိရသည်၊၊ မည်သည့်အပြုအမူနှင့်၊ လုပ်ရပ်ကို”သာသနာပြု”ဟု ခေါ်ဆိုသည်နှင့် “သာသနာပြု”လိုသူ၌ ရှိသင့်သောစိတ်ထားများ၊ စွမ်းရည်များကို စာပေရှုဒေါင့်မှ ဆွေးနွေးတင်ပြလိုက် ပါသည်၊၊

စစ်မှန်သည့် “သာသနာပြု”ဟူသည်ကို နားလည်သဘောပေါက်စေရန် “သာသနာပြု” ဝေါဟာရ၏ မူလအရင်းအမြစ်ကို လေ့လာသင့်ပါသည်၊၊ သို့မှသာ “သာသနာပြု” သဘောအဓိပ္ပါယ်နှင့်၊ မှန်ကန်သည့် “သာသနာပြု”နည်းကို ရရှိမည်ဖြစ်သည်၊၊

သာသနာပြုဟူသော ဝေါဟာရတွင် “သာသနာ”နှင့် “ပြု”ဟူ၍ ပုဒ်နှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားသည်ကို တွေ့ရသည်၊၊ “သာသနာ”ပုဒ်သည် ပါဠိစကားလုံးဖြစ်ပြီး၊ “ပြု”သည် နာမသတ်မြန်မာကြိယာပုဒ် ဖြစ်ပါသည်၊၊

ပုဂံခေတ်အစောပိုင်းဆီက မြန်မာစာပေသည် လုံးဝပြည့်စုံသည့် စာပေတစ်ခု မဟုက်သေးကြောင်း မြန်မာစာပေသမိုင်းတွင် ဖော်ပြထားသည်၊၊ အနော်ရထာခေတ် ပါဠိစာပေပုဂံသို့ ရောက်လာသည်မှ စတင်ပြီး၊ မူလမြန်မာစာပေအတွင်းသို့ ပါဠိသက်ဝေါဟာရများ ဆင်းသက်လာပြီး၊ ကြွယ်ဝသည့် စာပေပုံစံတစ်ခုကို ယနေ့မြင်တွေ့နေရသလို ရရှိခဲ့သည်၊၊

အထက်ပါ “သာသနာပြု”ဆိုသောစကားလုံးတွင် ပါဠိပုဒ်တစ်ခုနှင့် မြန်မာပုဒ်တစ်ခုတို့တွဲစပ်ပြီး အသုံး ပြုထားသည်ကို တွေ့ရသည်၊၊ ဤကဲ့သို့ တွဲပြီးသုံးပြုသည့်ပုဒ်ပေါင်း မြန်မာစကားနှင်၊့ မြန်မာစာပေတွင် မရေ မတွက်နိုင်အောင် များသည်၊၊ တချို့နေရာများတွင်မူ တွဲစပ်၍ပင်မဟုက်ဘဲ ပါဠိပုဒ်ပင်ကိုယ်အတိုင်း မြန်မာမှုပြု၍ အသုံးပြုသည်ကိုပင် တွေ့ရသေးသည်၊၊

ဥပမာအားဖြင့် မေတ္တာ၊ သစ္စာ၊ ဥပေက္ခာ၊ စသော ပါဠိစကားလုံးများ၊ လောဘ၊ ဒေါသ၊ မောဟ၊ စသော စကားလုံးများဖြစ်သည်၊၊ တချို့နေရာများတွင် ပါဠိပုဒ်ကို ပုံစံပြောင်း၍အသုံးပြုထားသည်ကိုလည်း တွေ့ရ ပြန်သည်၊ ဥပမာအားဖြင့် သံယောဇဉ်၊ စိတ်၊ ရုပ်၊ စသည်တို့ဖြစ်သည်၊၊

“သံယောဇဉ်”စကားလုံးသည် “သံယောဇန” ပါဠိပုဒ်ကို မြန်မာမှုပြုထားသည် ဖြစ်ပြီး၊ “စိတ်”သည် “စိတ္တ”မှ၊ “ရုပ်”သည် “ရူပ”မှဆင်းသက်၊ မြန်မာမှုပြုထားသည်ကို လေ့လာရသည်၊၊ “သာသနာပြု” ဝေါဟာရသည်လည်း နည်းတူပါဠိတွဲစပ် အသုံးပြုသည့် မြန်မာစကားလုံးတစ်ခု ဖြစ်ပါသည်၊၊

“သာသနာ”ပုဒ်ကို အဆုံးအမ၊ ဆုံးမချက်၊ သွန်သင်ချက်၊ ညွှန်ကြားချက်၊ သင်ကြားချက်ဟူ၍ မြန်မာ ပြန်နိုင်ပါသည်၊၊ ဗုဒ္ဓရှင်တော် အသက်ထင်ရှားရှိစဉ်(၄၅)နှစ်တာအတွင်း ဆုံးမခဲ့သည်များ၊ ညွန်ကြားခဲ့ သည်များ၊ သင်ကြားခဲ့သည်များကို “သာသနာ”ဟု ခေါ်ဆိုပါသည်၊၊

ဤသင်ကြားချက်များ၊ ဆုံးမချက်များ၊ ဟောပြောချက်များကိုပင် ပါဠိစာပေတွင် “တိပိဋက=ပိဋကတ်သုံးပုံ”ဟု ခေါ်ပါသည်၊၊ ပိဋကတ်သုံးပုံသည် စာအုပ်အရေအတွက်အားဖြင့် အုပ်ရေ(၄၀) ရှိပါသည်၊၊

ဤမျှများပြားသည့် သင်ကြားချက်များကို ဗုဒ္ဓသည် နေရာဒေသအလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ အခြေအနေ အကြောင်းအရာအလိုက် သင့်တော်ရာ တရားဒေသနာများကို ဟောပြောသင်ပြ၊ ဆုံးမသွန်သင်ခဲ့သော်လည်း၊ ထိုဟောပြော၊ သင်ပြချက်များကို အသေးစိတ်အနှစ်ချုပ်ကြည့်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးကို ပုံစံအမျိုးမျိုး၊ ၀တ္ထုဇာတ်လမ်းအမျိုးမျိုး၊ သာဓကအမျိုးမျိုးဖြင့် ဟောပြော၊ သင်ပြခဲ့သည်ကို တွေ့ရသည်၊၊

ပိဋကတ်သုံးပုံစာပေဆိုသည်မှာ ဗောဓိပက္ခိယတရား(၃၇)မျိုး သင်ပြချက်ဟူ၍ မှတ်ယူရပါမည်၊၊ အဆုံးစွန် ဗုဒ္ဓ၏သင်ပြချက်အားလုံးကို အနှစ်ချုပ်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးမှ သစ္စာ(၄)ပါး အဖြစ်သာ တွေ့ရတော့သည်၊၊ ဆိုလိုသည်မှာ သစ္စာလေးပါးကိုသာ သဘောပေါက်သိမြင်လျင် ပိဋကတ်သုံးပုံကို သိမြင်သဘောပေါက်သည်ဟု ဆိုလိုပါသည်၊၊

ဗုဒ္ဓရှင်တော်သည် အထက်ပါဆွေးနွေးတင်ပြချက်ကို “စတုသစ္စ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ”ဟု ညွန်ပြ ထားသည်ကို တွေ့ရပါသည်၊၊ သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြောချက်ဟူ၍မရှိဟု အဓိပ္ပါယ်ရပါသည်၊၊

ဗုဒ္ဓအရှင် လွန်တော်မူပြီး (5-century.A.D)တွင်ရေးသော ၀ိသုဒ္ဓိမဂ်ကျမ်းနှင့်၊ အခြားပါဠိကျမ်းအချို့တွင် ပိဋကတ်သုံးပုံကိုအနှစ်ချုပ်လျင် သီလ+သမာဓိ+ပညာ၊ သုံးမျိုးကိုသာ တွေ့ရသည်ဟုဆိုသော်လည်း ဗုဒ္ဓရှင်တော်၏ တိုက်ရိုက်ဟောကြားချက် အထောက်အထားမရှိဟု ပါဠိပညာရှင်များက ဆိုပါသည်၊၊

ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကမူ “သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြော သင်ပြချက်ဟူ၍ မရှိ”ဟု ပါဠိ စာပေမှတ်တမ်းတွင် မိန့်တော်မူသည်ကို တွေ့ရှိရသည်၊၊ ဤသို့ဆိုလျင် ကျယ်ဝန်းလှသည့် ပိဋကတ်သုံးပုံကို အနှစ်ချုပ်လျင် သစ္စာလေးပါးကိုသာ ရရှိတော့သည်ဟု နောက်ဆုံးကောက်ချက်ကို ရရှိမည် ဖြစ်ပါသည်၊၊

အထက်တွင်တင်ပြချက်များကို ခြုံငုံသုံးသပ်လျင် “သာသနာ”ဟူသည်မှာ သစ္စာလေးပါးဟု မှတ်သားရပါမည်၊၊ စာဖတ်သူအနေဖြင့် ဤမျှဆွေးနွေးတင်ပြလိုက်လျင် သာသနာဟူသည်ကို နားလည်သဘောကျပြီဟု ယုံကြည်ပါသည်၊၊

“ပြု”ဆိုသည်မှာ သစ္စာလေးပါးသင်ပြချက်၊ ဟောပြောချက်၊ ဆုံးမချက်ကို တည်တန့်အောင်၊ ပြန့်ပွားအောင်၊ နားလည်သဘောပေါက်မှု၊ အဓိပ္ပါယ်ယူဆမှုမလွဲအောင်၊ ကြိုးစားသည့်လုပ်ရပ်ကို ခေါ်ပါသည်၊၊ “သာသနာ”နှင့် “ပြု”နှစ်ပုဒ်ကိုပေါင်းစပ်၍ အဓိပ္ပါယ်ဖွင့်ဆိုလျင် ဗုဒ္ဓရှင်တော်ညွှန်ကြားသည့် သစ္စာလေးပါး အနှစ်တရားကို တည်တန့်၊ ပြန့်ပွား၊ အနက်အဓိပ္ပါယ်ကောက်ယူမှုမလွဲအောင် ကြိုးစားမှုဟူ၍ မှတ်သားရပါမည်၊၊

ဤကြိုးစားမှုသည် လွယ်ကူသည်ကား မဟုက်ပါ၊၊ ဗုဒ္ဓဘာသာဆိုသည်မှာလည်း သစ္စာလေးပါး ထိမ်းသိမ်း လိုက်နာ၊ ကျင့်ကြံအားထုတ်မှုပင်ဖြစ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာလေးပါးသင်ပြချက်ကို တည်တန့်၊ ပြန့်ပွား၊ သဘောအဓိပ္ပါယ်မလွဲအောင် ထိမ်းသိမ်းမှုမပြုနိုင်၍ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှ အခြားဘာသာခြား နိုင်ငံများအဖြစ်သို့ကျရောက်သွားသော နိုင်ငံများစွာရှိသည်၊၊

သစ္စာလေးပါး သင်ပြချက်အနှစ်သာရကို မပြည့်အ၀မရှိ၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဘာသာခြားဘာသာများသို့ ကူးပြောင်းသွားသည်များလည်း များစွာပင်ရှိသည်၊၊ ထို့ကြောင့် စစ်မှန်သည့် သာသနာပြုလုပ် ငန်းများ များစွာပင်လိုအပ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ဟောပြောချက် ပိဋကတ်စာပေသင်တန်းများ လွန်စွာလို အပ်ပါသည်၊၊

ပိဋကတ်စာပေသင်ကြားမှုများ၊ ဟောပြောမှုများ၊ ကျောင်းကန်၊ စေတီပုထိုးသာသနိကအဆောက်အ အုံများကို ထိမ်းသိမ်းခြင်းများ၊ အသစ်တည်ဆောက်မှုများအားလုံးသည် သစ္စာလေးပါးသင်ပြချက်ကို တစ်ဘက်တစ်လမ်းက ထောက်ပံ့ရာရောက်သည့်အတွက် သာသနာပြုအစစ် အမှန်ဖြစ်သည်ဟုပင် မှတ်ယူရပါမည်၊၊

ဗုဒ္ဓဘာသာကွယ်ပျောက်မှု၊ တည်ရှိမှုသည် ဗုဒ္ဓရှင်တော်သင်ပြ ဟောပြောခဲ့သည့် စတုအရိယသစ္စဟုခေါ်သော သစ္စာလေးပါးတည်ရှိနေမှု၊ ပျောက်ကွယ်သွားမှုအပေါ်တွင် မူတည်ပေသည်၊၊ ဗုဒ္ဓ၏ သစ္စာသင်ကြားချက် တည်ရှိသောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဟု ခေါ်ဆိုနိုင်သည်၊ သစ္စာတရားပျောက်ကွယ်နေသောနိုင်ငံသည် ဗုဒ္ဓဘာသာပျောက်ကွယ်သောနိုင်ငံဟု ခေါ်ဆိုရပေတော့မည်၊၊

ယနေ့မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံခြားများတွင် ဗုဒ္ဓဘာသာတည်ရှိနေသလား ပျောက်ကွယ်နေပြီလား ဆိုသည့် မေးခွန်းကိုလည်း သစ္စာတရားပေတံဖြင့်တိုင်းတာပြီး ဆုံးဖြတ်အဖြေ ပေးရပါမည်၊၊

သာသနာပြုဆိုင်းဘုတ် ကိုယ်စီတပ်ထားသော်လည်း စစ်မှန်သည့်သာသနာပြု ဟုက်သည်၊ မဟုက်သည်ကို သစ္စာလေးပါးတည်ရှိ ပြန့်ပွားစေသည့်လုပ်ရပ်၊ ကြိုးစားအားထုတ်မှုပါ မပါအပေါ်တွင်အခြေခံပြီး ဆုံးဖြတ်ရပါမည်၊၊ အဆုံးစွန်အားဖြင့်မူ သစ္စာကွယ်သောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာကွယ်သော အရပ် ဒေသနိုင်ငံဖြစ်သည်၊ သစ္စာတရားထွန်းလင်းသောနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းလင်းသော နိုင်ငံဖြစ်သည်၊၊

အာဖဂန်နစ်တန်နိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာဝင်တို့တည်ထားကိုးကွယ်ခဲ့သော ကမ္ဘာ့ ရုပ်တုတော်ကြီများ ယနေ့တိုင်တည်ရှိနေသည်၊ သို့သော်မြတ်စွာဘုရားရှင်၏အဆုံးအမ၊ သစ္စာလေးပါး ကိုနားလည်သူ၊ တည်တန့်အောင်ကျိုးစားသူ၊ ပြန့်ပွားအောင်ကြိုးစားသူ မရှိတော့သည့်အတွက် ထိုဒေသမှ ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့ရသည်၊၊

အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကမ္ဘာ့အကြီးဆုံးဟု မှတ်တမ်းတင်ထားသော ဗောရောဗုဓောစေတီတော်ကြီး ရှိသည်၊၊ သို့သော်ထိုဒေသတွင် သစ္စာတရားကို ပြန့်ပွားတည်ရှိနေအောင် မထိမ်းသိမ်းနိုင်ခဲ့သည့်အတွက် ရာစုနှစ်ပေါင်းများစွာ မူစလင်ဘာသာနိုင်ငံအဖြစ်သို့ ကျဆင်းသွားသည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ အခြားနိုင်ငံများစွာလည်း ရှိပါသေးသည်၊၊

အဋ္ဌကထာကျမ်းပေါင်းများစွာကို ရေးသားသည့် သီရိလင်္ကာနိုင်ငံတွင် သံဃာတော်နှင့် ရဟန်းမဘိက္ခူနီများ သိန်းနှင့်ချီ၍နေထိုင်ခဲ့သော ကျောင်းတိုက်ကြီးများကို ယနေ့တိုင်တွေ့ရသေးသည်၊ သို့သော် နှစ်ရာချီ၍ ဗုဒ္ဓသာသနာတော် ကွယ်ခဲ့ရဘူးသည်၊၊ ယနေ့မြင်တွေ့နေရသော သီရိလင်္ကာဗုဒ္ဓသာသနာမှာ မြန်မာတို့ဆီမှ မျိုးပွားထားသည့် သာသနာတော်ဖြစ်သည်၊၊ သစ္စာတရားပျက်သုဉ်းသဖြင့် သာသနာတော် ပျက်သုဉ်းခဲ့ရသည့် အဖြစ်အပျက်များပင် ဖြစ်ပါသည်၊၊

ဤသာဓကများကိုထောက်ဆ၍ ဗုဒ္ဓသာသနာတော် တည်တန့်ရေးမှာ ရုပ်ပြအဆောက်အဦးများ၊ စေတီပုထိုးများ မဟုက်ဘဲ၊ အနှစ်သာရဖြစ်သည့် သစ္စာလေးပါးတရားကို အစဉ်တည်တန့်ပြန့်ပွားစေရန် အားထုတ်ကြိုးစားမှုဖြစ်ကြောင်း အသိမှတ်ပြုရပါမည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာတရားများ ရှင်သန်အောင် ပြုသည်ကို သာသနာပြုဟု ခေါ်ဆိုကြောင်း စာဖတ်သူတို့ သဘောကျလောက်ပြီဟု အရှင် ထင်မြင်မိပါသည်၊၊
ယ္ခုအခါ သာသနာပြုသူတို့ ထားသင့်သောစိတ်ဓာတ်များနှင့် ရှိသင့်သည့်အရည်အသွေးများကို ဆွေးနွေးပါမည်၊၊

(၁) စေတနာ၊
(၂) သဒ္ဓါ၊
(၃) ခန္တီ၊
(၄) ပညာ၊
(၅) သတ္တိ၊

ဤအရည်အသွေးငါးမျိုးကို အပြည့်အ၀ရရှိထားလျင် သာသနာပြုရာတွင် အောင်မြင်ပြီဟု ယူဆမိပါသည်၊၊ သာသနာပြုသောအခါ မိမိသာသနာပြုသော အရပ်ဒေသရှိလူများစွာတို့အပေါ်တွင် စစ်မှန်သည့် ငြိမ်းအေးစေလိုစိတ်၊ ဗုဒ္ဓဘာသာကျင့်စဉ်အလိုအရ တိုးတက်စေလိုစိတ်ဓာတ်ထားရှိမှုကို စေတနာဟု ရည်ညွှန်းပါသည်၊၊

သဒ္ဓါဆိုသည်မှာ သာသနာပြုရာတွင် လိုအပ်လျင် လိုအပ်သလို ပေးကမ်းဝေငှရဲသည့်စိတ်မျိုးကို ခေါ်ပါသည်၊၊ သာသနာပြုရာတွင် ယူ၍သာသနာပြုသည်ထက်၊ မိမိက တတ်အားသမျှပေး၍ သာသနာပြုနည်းမှာ အောင်မြင်သည့်သာသနာပြုနည်းဖြစ်ကြောင်း သာဓကများစွာက ပြသနေပါသည်၊၊

သာသနာပြုရာတွင် သည်းခံနိုင်မှုသည် အထူးအရေးပါသော အရည်အသွေးတစ်ခု ဖြစ်ပါသည်၊၊ ပုဏ္ဏောဝါဒသုတ္တန်တွင် သည်းခံခြင်းဖြင့် သာသနာပြုအောင်မြင်နိုင်ကြောင်းကို အသေးစိတ်လေ့လာ ရရှိနိုင်ပါသည်၊၊

အောင်မြင်သော သာသနာပြုကောင်းတဦးဖြစ်ရန် ပညာထက်မြက်ဖို့လည်း လိုအပ်ပါသည်၊၊ ပညာ တတ်သည်ဆိုရာတွင် မိမိသာသနာပြုမည့် ဒေသသုံးဘာသာစကား ကျွမ်းကျင်မှု၊ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု များကို နားလည်မှုများလည်း ပါဝင်ပါသည်၊၊

မည့်သည့်လုပ်ငန်းတွင်မဆို အစဦးလုပ်ဆောင်ရသူသည် သတ္တိမရှိ မဖြစ်လိုအပ်ပါသည်၊၊ ရဲဝံ့သည့် စိတ်ဓာတ်ကို ဆိုလိုပါသည်၊၊ အတိုက်ခိုက်များကိုလည်း ရင်ဆိုင်ရဲရန်၊ လိုအပ်လျင် လိုအပ်သလို စွန့်စားမှုများပြုရန်၊ ရုပ်ပိုင်းဆိုင်ရာ ရဲဝံမှု၊ စိတ်ပိုင်းဆိုင်ရာထက်မြက်မှုများ လိုအပ်ပါသည်၊၊

သာသနာ မရောက်ရှိသေးသော ဒေသ၊ မပြန့်ပွားသေးသောဒေသများတွင် သာသနာပြုသောအခါ အခက်ခဲများစွာ မလွဲမသွေရင်ဆိုင်ရပါမည်၊ မည်သည့်အခက်ခဲကိုမဆို သတ္တိရှိသူဖြစ်လျင် အောင်မြင်စွာ ကျော်လွှားနိုင်ပါသည်၊၊ ဤကဲ့သို့ တင်ပြဆွေးနွေးခဲ့သည့် အရည်အသွေးစိတ်ဓာတ်များ ရရှိပိုင်ဆိုင်ထားလျင် မည်သည့်ဒေသတွင်မဆို အောင်မြင်သော သာသနာပြုကောင်းတယောက် ဖြစ်လာနိုင်ပါမည်၊၊ ငါးမျိုးသော သာသနာပြုသူတို့လိုအပ်သည့် အရည်အသွေးများသည် သာသနာပြုစိတ်ဓာတ်ဟုလည်း ခေါ်ဆိုနိုင်ပါသည်၊၊

စာဖတ်သူများအားလုံး စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ သတ္တိရှိရှိဖြင့် ကမ္ဘာကိုဗုဒ္ဓရှင်တော်၏ သစ္စာ တရားများဖြင့် ငြိမ်းချမ်း အေးမြစေသူများ၊ သာသနာပြုကောင်းများဖြစ်လာပါစေလို့ ဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊

အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၂.၂၀၁၁)

0 comments

Read more...

ဌာနေပြန်ခရီး... ကဗျာ



ဌာနေပြန်ခရီး... ကဗျာ

Read more...

Sutta, Dhamma Preaching

alama Sutra - Angutarra Nikaya 3.65
Teaching given by the Buddha given to the Kalama people:

Do not go by revelation;
Do not go by tradition;
Do not go by hearsay;
Do not go on the authority of sacred texts;
Do not go on the grounds of pure logic;
Do not go by a view that seems rational;
Do not go by reflecting on mere appearances;
Do not go along with a considered view because you agree with it;
Do not go along on the grounds that the person is competent;
Do not go along because [thinking] 'the recluse is our teacher'.

Kalamas, when you yourselves know: 'These things are unwholesome, these things are blameworthy; these things are censured by the wise; and when undertaken and observed, these things lead to harm and ill, abandon them...
Kalamas, when you know for yourselves: These are wholesome; these things are not blameworthy; these things are praised by the wise; undertaken and observed, these things lead to benefit and happiness, having undertaken them, abide in them.


Posted by Ymoon Yeemun Oon 温绮雯 at 2/02/2011 08:36:00 PM
Labels: dhamma preaching, sutta

Read more...

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၁၇)၊ သဗ္ဗာသဝနိဂုံး နှင့် နှုတ်ဆက်ခြင်း

Pali Nikayas ဘာသာရပ်အကြောင်းမှ သုတ္တန်တစ်ခုနှင့်တစ်ခုကို ညှိယူခြင်းသဘောကို အပိုင်း(၁၃)၌ မိတ်ဆက်ဖော်ပြခဲ့သည့်အတိုင်း မဟာသတိပဋ္ဌာန သုတ္တန်၊ သဗ္ဗာသဝသုတ္တန်၊ ဒွေဓာဝိတက္ကသုတ္တန်၊ ဝိတက္ကသဏ္ဍာနသုတ္တန် စသည်တို့ကိုကိုးကား၍ Buddhist Meditation (ဗုဒ္ဓဝါဒအရ တရားအားထုတ် ရှုမှတ်ပုံ)အကြောင်းကို ဆွေးနွေးနေကြခြင်းဖြစ်ပါသည်။ ဤအပိုင်းသည် အချို့သောစာဖတ်သူများကို ငြီးငွေ့ကောင်း ငြီးငွေ့စေနိုင်မည် ဖြစ်သော်လည်း တကယ်စင်စစ်တွင် ဤအကြောင်းအရာများကို ချန်လှပ်ထားခဲ့ရန်လည်း မဖြစ်နိုင်ပါ။
စာရေးသူတို့ သီရိလင်္ကာရောက် မြန်မာရဟန်းတော်များအနေဖြင့် မည်သည့်ဘာသာရပ်များကို မည်သို့လေ့လာကြရသည်၊ ၎င်းတို့ကို (တရားအားထုတ်ခြင်း၊ စိတ်သောကရောက်နေသူများကို နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လူမှုရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခြင်း စသော) လက်တွေ့လုပ်ငန်းခွင်တို့၌ မည်သို့မည်ပုံ အသုံးချနိုင်သည်စသည့် သတင်းအချက်အလက်များကို တတ်စွမ်းသမျှပေးသွားရန် ရည်ရွယ်ထားသည့်အလျှောက် ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဂရုဂါရဝထားရာ တရားအားသည့်ဤ အပိုင်းကို အဓိကထား၍ မီးမောင်းထိုးပြရခြင်းလည်းဖြစ်ပါသည်။သို့ရာတွင် ဤဆောင်းပါးများသည် အကြောင်းအရာတစ်ခုတည်းကိုသာ ဇောက်ချ၍ရေးသားအပ်သော ဆောင်းပါးများ မဟုတ်သည့်အတွက် တရားအားထုတ်ခြင်း (Meditation)၊ ဗုဒ္ဓဝါဒအရ စိတ်ကိုစိတ်ဖြင့်ကုသခြင်း (Buddhist Psychotherapy) စသော ဘာသာရပ်တို့ကို ရေဆုံးမြေဆုံး လိုက်လံရှင်းပြခြင်းပြုနိုင်မည်ကား မဟုတ်ပါချေ။ မည်သို့ဆိုစေ ယခုလောလောဆယ်တွင်မူ သဗ္ဗာသဝသုတ္တန်၏ နောက်ပိတ်ဆုံး ခုနစ်ခုမြောက်ဖြစ်သော ပွါးများခြင်း(ဘာဝနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ အကြောင်းကို သဗ္ဗာသဝသုတ္တန် နိဂုံးအနေအားဖြင့် ရေးသားသွားပါမည်။
ဘုရားသခင်သည် အချို့သောအာသဝတရားတို့ကို ပွါးခြင်းဖြင့် ပယ်ရမည်ကို နည်းပေးဟောကြားတော်မူ၏။ ဤ၌ ပွါးခြင်းဟူသည် ဗောဇ္ဈင်ခုနစ်ပါးကို ပွါးများရမည်ဟု ညွှန်ပြတော်မူ၏။ (ဗောဇ္ဈင်တရားများကို ပွါးများခြင်းဟူသည် တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က လေးကြိမ်၊ လေးကြိမ်က ရှစ်ကြိမ် စသည်ဖြင့် မိမိ၏သဏ္ဍာန်၌ ဗောဇ္ဈင်တရားများတိုးပွါးလာအောင် အားထုတ်ရယူခြင်းကို ဆိုလို၏။) ဗောဇ္ဈင်ခုနစ်ပါးကား အောက်ပါအတိုင်းဖြစ်၏။

၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု (သတိ)
၂။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သော ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ (ပညာ)
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သော အားထုတ်မှု (၀ီရိယ)
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောနှစ်သက်ရွှင်လန်
းမှု (ပီတိ)
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောငြိမ်းအေးမှု (ပဿဒ္ဓိ)
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောတည်ကြည်မှု (သမာဓိ)
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောလျစ်လျူရှုမှု (တတြမဇ္ဈတ္တတာ)

ဤဗောဇ္ဈင်တရားတို့ကို မည်သို့မည်ပုံ ပွါးများအားထုတ်ရမည်ကို စာရှုသူမိတ်ဆွေများအားနည်းပေးလိုပါသည်။ ဗောဇ္ဈင်တရားခုနစ်ပါးတွင်.........

၁) သတိသမ္ဗောဇ္ဈင်၊ ၃) ဝီရိယသမ္ဗောဇ္ဈင် နှင့် ၆) သမာဓိသမ္ဗောဇ္ဈင် တို့သည် သမာဓိနှင့်ပတ်သက်သော ဗောဇ္ဈင်တရား (၃) ပါးဖြစ်ကြ၏။ (ယှဉ်ထိုးလေ့လာကြည့်လျှင် မဂ္ဂင် (၈)ပါး၌ သမာဓိမဂ္ဂင်(၃) ပါးဟူသည် ဖော်ပြပါ ၁) ၃) ၆) အမှတ်ပြ ဗောဇ္ဈင်တရားတို့၏ အမည်ကွဲများသာ ဖြစ်ကြောင်း တွေ့ကြရမည်ဖြစ်ပါသည်)။

၁) သတိသမ္ဗောဇ္ဈင် နှင့် ၃) ဝီရိယသမ္ဗောဇ္ဈင် တို့သည် အကြောင်းဖြစ်သော ဗောဇ္ဈင်တို့ ဖြစ်ကြောင်းနှင့် ၆) သမာဓိသမ္ဗောဇ္ဈင် သည် အကျိုးဗောဇ္ဈင်ဖြစ်ကြောင်း ကောင်းစွာသိမြင်နားလည်ကြရပါမည်။ မည်သည့်အရာ၌မဆို အကြောင်းလုံလောက်လျှင် အကျိုးဖြစ်မြဲဓမ္မတာ ဖြစ်ရကား အကြောင်းဗောဇ္ဈင်နှစ်ပါးကိုသာ ထိထိရောက်ရောက်အားထုတ်ပွါးများကြရမည်ဖြစ်ပေ၏။ (ဆိုလိုသည်မှာ သတိနှင့်ဝီရိယ အားကောင်းလျှင် သမာဓိဟူသည် ဖြစ်ပေါ်လာမြဲဖြစ်သည်။ ငါ သမာဓိမကောင်းဘူး၊ စိတ်မတည်ငြိမ်ဘူးဆိုလျှင် သတိ နှင့် ဝိရိယ တစ်ခုခု အပိုအလွန် အယုတ်အလျော့ ရှိနေပြီဖြစ်ကြောင်း သတိပြုမိကြရန်ဖြစ်ပါ၏။ လိုသည်ကိုတိုး၊ ပိုသည်ကိုလျှော့ကြကုန်ရာပါ၏။ ထိုတွင် သတိကား ပိုလွန်သည်မရှိဟူပါ၏။) ဤတရားသုံးပါးစုံညီလာလျှင် အားထုတ်သူ၏သဏ္ဍာန်၌ ၁)သတိသမ္ဗောဇ္ဈင်၊ ၃)ဝီရိယသမ္ဗောဇ္ဈင် နှင့် ၆)သမာဓိသမ္ဗောဇ္ဈင် ဟူသော သမာဓိနှင့်ပတ်သက်သော ဗောဇ္ဈင်တရား (၃)တို့ကို ထိုက်သင့်သလောက် ပွါးများရရှိပြီဟုဆိုနိုင်လေသည်

ထိုတွင်လည်း....

ထိုအခါ အကျိုးတရားတိုင်းတွင် အကျိုးဆက်ဟူသည်ရှိမြဲဖြစ်ပေရကား သမာဓိနှင့်ပတ်သက်သော ထိုဗောဇ္ဈင်တရား (၃)ပါး၏ အကျိုးဆက် (consequences) အဖြစ် ၄)ပီတိသမ္ဗောဇ္ဈင် နှင့် ၅)ပဿဒ္ဓိသမ္ဗောဇ္ဈင် နှစ်ပါးတို့သည် ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ပေါ်၍လာရလေသည်။ ဤဗောဇ္ဈင်နှစ်ပါး ဖြစ်ပွါးလာသောအခါ နှစ်သက်ရွှင်လန်းမှု(ပီတိ)၊ အပူအအေးစသည်မျှတ၍ ဝေဒနာစသောနာမ်တရား(၃)ပါး၏ငြိမ်းအေးမှု (ကာယပဿဒ္ဓိ), စိတ်၏ငြိမ်းအေးမှု (စိတ္တပဿဒ္ဓိ)တို့ အားကြီးလာရကား ထိုအေးငြိမ်းမှုနာမ်တရားတို့၏ အစွမ်းကြောင့် ရုပ်၌ဖြစ်သော ရောဂါဝေဒနာများလည်း ပျောက်ငြိမ်းချမ်းသာခြင်းသို့ ရောက်ကြရလေသည်။

ထို့နောက် ဝိပဿနာပိုင်းသို့ကူးပြောင်းသောအခါ၌ကား ထိုပီတိ, ပဿဒ္ဓိတို့ကို ပယ်ခွါရန်အတွက် ၇)ဥပေက္ခာသမ္ဗောဇ္ဈင်ကို ထိထိမိမိပွါးများကြရ ပါတော့မည်။ မှန်၏။ ဥပေက္ခာသဘောကိုမှ မဆောင်နိုင်လျှင် ပွါးများအားထုတ်ကြပါသည်ဆိုသော ဝိပဿနာဉာဏ် (ဓမ္မဝိစယသမ္ဗောဇ္ဈင်)သည် အားကြီးသောဝိပဿနာဉာဏ် (ဗလဝဝိပဿနာ) အဖြစ်သို့ မည်သို့မျှရောက်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ရှေ့မဟာသတိပဋ္ဌာနသုတ်တော် (အပိုင်း-၁၃) ၌ ဖော်ပြခဲ့သော ....((ဃ) အရှုခံတရားတို့အပေါ်၌တပ်မက်ခြင်း(အဘိဇ္ဖျာ)၊ အရှုခံတရားတို့အပေါ်၌စိတ်ပျက်ခြင်း(ဒေါမနဿ)တို့ကို ပယ်ဖျောက်၍) ဟူသည်နှင့်အညီ တပ်နှစ်သက်စရာအရှုခံတရားတို့၌လည်း ငြိကပ်မနေစေပဲ, စိတ်ပျက်စရာအရှုခံတရားတို့အပေါ်၌လည်း စိတ်မပျက်စေဘဲ ဥပေက္ခာသဘောကိုဆောင်၍ ရှုမှတ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်လေသည်။ ထိုသို့ ကောင်းဆိုးနှစ်တန်သော အရှုခံတရားတို့အပေါ် နှစ်သက်, စိတ်ပျက်ဟူသော အစွန်းနှစ်ဖက်အလည်မှ ဖောက်ထွက်ကာ လျစ်လျူရှုလာနိုင်ပြီဆိုလျှင် ၇) ဥပေက္ခာသမ္ဗောဇ္ဈင်ကို အထိုက်အလျောက် ပွါးများ လာနိုင်ပြီဟု ခေါ်ဆိုနိုင်ပေသည်။

ထိုသို့ အရှုခံတရားတို့အပေါ်၌ နှစ်သက်,စိတ်ပျက် အစွန်းနှစ်ဖက်မှ လွတ်လွတ်ရှောင်ထွက်ကာ ဥပေက္ခာသဘောကိုဆောင်၍ ထိုအရှုခံတရားတို့၏ အမြဲအရှိမှု (အနိစ္စအချက်)၊ ဆင်းရဲမှု (ဒုက္ခအချက်)၊ အစိုးမပိုင်မှု (အနတ္တအချက်)တို့ကို ကွက်ကွက်ကွင်းကွင်း ရှုနိုင်လာလျှင် ထိုသဘောကိုပင် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟု ခေါ်ဆိုရလေသည်။ (ဤဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ဖို့ရန် အနိစ္စစသော သဘောလက္ခဏာသုံးရပ်တွင် တစ်ရပ်ရပ်ဖြင့် တိတိပပရှုမှတ်နိုင်ရမည်ဖြစ်ကြောင်း ကောင်းစွာ သတိပြုတော်မူကြရာပါ၏။) (အထူးမှတ်ချက်။ ။ ထို့ကြောင့်ပင် အချို့သောဆရာမြတ်တို့က ဗောဇ္ဈင်တရားတို့မည်သည် ဥဒယဗ္ဗယဉာဏ်နောက်ပိုင်းတွင်မှ စတင်ဖြစ်ပေါ်သည်ဟု မိန့်ဆိုတော်မူခဲ့ကြခြင်းဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ သို့ရာတွင် ဥပစာအားဖြင့် ထိုဥဒယဗ္ဗယဉာဏ်၏ အကြောင်းဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟ ဉာဏ်တို့၌ဖြစ်သော သတိ,ဝီရိယ စသည့်တရားတို့သည်လည်း ဗောဇ္ဈင်အမည်ရကြောင်း ထပ်လောင်းမိန့်တော်မူကြပါသေးသည်။ )

မည်သို့ဆိုစေ... တရားရှုမှတ်ကြသူများအနေဖြင့် အာသဝတရားများကို ပယ်ရှင်းရန်အတွက် သဗ္ဗာသဝသုတ္တန်လာ ပွါးများခြင်းနည်းလမ်းကို အသုံးပြုမည်ဆိုပါက ဤ၌ ပွါးများခြင်းဟူသည် ဗောဇ္ဈင်တရားတို့ကို ပွါးများခြင်းကို ဆိုလိုကြောင်း သိမှတ်ကြရန်ပင်ဖြစ်ပါသည်။ ထို၌လည်း သမာဓိနယ်ပယ်တွင် အကြောင်းဖြစ်သော သတိသမ္ဗောဇ္ဈင်နှင့် ဝီရိယသမ္ဗောဇ္ဈင် တို့ကိုထိထိမိမိပွါးများအားထုတ်ရန်လိုအပ်ကြောင်း၊ သမာဓိသမ္ဗောဇ္ဈင် အားကောင်းလာသောအခါ ပီတိသမ္ဗောဇ္ဈင်နှင့် ပဿဒ္ဓိသမ္ဗောဇ္ဈင်တို့သည် အကျိုးဆက်အဖြစ် ထင်ရှားပေါ်လွင်လာကြမည်သာဖြစ်ကြောင်း၊ တဖန်..ဝိပဿနာဉာဏ်သို့ကူးရန်အတွက် ထိုပီတိသမ္ဗောဇ္ဈင်နှင့် ပဿဒ္ဓိသမ္ဗောဇ္ဈင်တို့ကို ဥပေက္ခာသမ္ဗောဇ္ဈင်ဖြင့် ပယ်ခွါ၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အထူးပွါးများကြရမည်ဖြစ်ကြောင်း ကောင်းစွာနားလည်သဘောပေါက်ကြရန်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ဘုရားရှင်က...

"ရဟန်းတို့ ယင်းဗောဇ္ဈင် (ခုနစ်ပါး)ကို မပွါးသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) ပွားသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတရားတို့ကို ပွါးခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။"ဟု မိန့်တော်မူလေသည်။

ထို့နောက် နိဂုံးချုပ်အားဖြင့်

"ရဟန်းတို့ အကြင်ရဟန်းသည် မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို မြင်ခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။

မှီဝဲခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်ပြီးကုန်ပြီ။

သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်ပြီးကုန်ပြီ။

ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုရှောင်ကြဉ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။

ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။

ပွါးခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပွါးခြင်းဖြင့်ပယ်ပြီးကုန်ပြီ။

ရဟန်းတို့ ဤရဟန်းကို အာသဝအားလုံးကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေ၏၊ (တပ်မက်မှု) တဏှာကို ဖြတ်ပြီးပြီ၊ သံယောဇဉ်ကို ဖြေပြီးပြီ၊ ကောင်းစွာ မာနကိုမချွတ်မယွင်းသိသောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးပြီဟု ဆိုအပ်၏။" ဟု မိန့်တော်မူလေသည်။

ဆောင်းပါးအဆက်ဝေးသောကြောင့် စာသင်ခန်းမှထွက်၍ တောရကျောင်းသို့ရောက်နေကြသယောင် ထင်မှတ်ကောင်း ထင်မှတ်နိုင်ကြပါသည်။ တကယ်စင်စစ်တွင် စာရေးသူတို့ လေ့လာသင်ကြားကြရသော M.A Course ဟူသည် အားလုံးသိကြသည့်အတိုင်း ဆရာလုပ်သူက လက်ညှိုးမျှသာ ထိုးပြ၍ စာသင်သားများကိုယ်တိုင် သက်ဆိုင်ရာ စာကြည့်တိုက်စသည်၌လိုအပ်သည့် အချက်အလက်စသည်တို့ကို ရှာဖွေစုဆောင်းယူငင်ကာ မိမိဘာသာလေ့လာယူကြရသော အတန်းမျိုးဖြစ်ပါသည်။ လက်ရှိစာရေးသူ မိတ်ဆက်တင်ပြနေသော Buddhist Doctrine of the Pali Nikayas: Analysis and Interpretation ဘာသာရပ်သည်လည်း အပိုင်း(၁၃)၌ဖော်ပြခဲ့သည့်အတိုင်း ခေါင်းစီး (Topic)တစ်ခုကို ဆိုင်ရာသုတ္တန်များဖြင့် စိစစ်၍ ဘယ်သို့ဘယ်ပုံဖြစ်သင့်ကြောင်း သုံးသပ်ကြရသည့်ဘာသာရပ်တစ်ခုဖြစ်ပေရာ မိတ်ဆက်ဖော်ပြရင်းက ထင်မှတ်ခဲ့သည်ထက် ရှည်လျားသွားခဲ့ရပါသည်။

မည်သို့ဆိုစေ စာဖတ်သူမိတ်ဆွေများအနေဖြင့် အကြောင်းအရာတစ်ခုခုကို သုံးသပ်ကြရာ၌ သုတ္တန်တစ်ခုတည်း၏ အဆိုအမိန့်တစ်ခုကိုသာ တရားသေကိုင်စွဲယူထားကြခြင်းထက် သုတ္တန်အများစုမှထုတ်နှုတ်၍ သိုင်းသိုင်းဝိုင်းဝိုင်း သုံးသပ်ယူငင်တတ်အောင် ကြိုးစားအားထုတ်ကြခြင်းက ပို၍သင့်မြတ်ကြောင်း သတိပြုမိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ နဂိုကပင် ထိုသို့ယုံကြည်ရင်းစွဲရှိပြီးသူများအဖို့ရာလည်း ခိုင်မာသော သက်သေကောင်း တစ်ခုအဖြစ် သိမှတ်နိုင်ကြလိမ့်မည်ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ နှစ်သိမ့်မှုတစ်စုံတစ်ရာ ရရှိခဲ့ကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ စာရေးသူအနေဖြင့်မူ သီရိလင်္ကာရောက် မြန်မာစာသင်သားရဟန်းတော်များ လေ့လာဆည်းပူးနေကြရသည့် ဘာသာရပ်များထဲမှ တစ်ချို့တစ်ဝက်ကို မိတ်ဆက်ဖော်ပြပေးနိုင်ခဲ့ခြင်းအတွက် အတိုင်းအတာတစ်ခုအထိ ဝမ်းမြောက်ကြည်နူးခဲ့ရသည်ကိုကား ဖော်ပြရပါလိမ့်ဦးမည်။

နှုတ်ဆက်ခြင်းနှင့် အသိပေးခြင်း

----------------------------------------

ဤဆောင်းပါးများသည် သီရိလင်္ကာရောက်စာသင်သားရဟန်းတော်များ ဘာတွေလုပ်နေကြသနည်း၊ ဘာတွေကို လေ့လာနေကြသနည်း စသည့်မေးခွန်းများအတွက် တစ်စုံတစ်ခုသောအဖြေကို ပေးနိုင်ရန်မျှော်လင့်ပါသည်။ အထူးသဖြင့် (အသစ်ရောက်လာလတ္တံ့သော ရဟန်းတော်များ အပါအဝင်) သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ နှင့် ထောက်ပံ့နေကြသူ ဒကာဒကာမများအကြား ပိုမိုနားလည်မှုရရှိနိုင်ကြရန်ရည်ရွယ်ပါသည်။ မကြာမြင့်မီကာလတွင် ဤဆောင်းပါးများကို တရားဝင်ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ အွန်လိုင်းမှ စာဖတ်သူမိတ်ဆွေများအတွက် စာအုပ်ထွက်ရှိသောအခါ Free Download လုပ်ချနိုင်ရန်ဆောင်ရွက်ပေးသွားပါမည်။

မတ်လ (၃)ရက်နေ့တွင် မြန်မာပြည်ကို ပြန်ရတော့မည်ဖြစ်သောကြောင့် တစ်နှစ်တာကာလအတွင်း ရေးခဲ့သမျှတို့ကို အားပေးဖတ်ရှုလာခဲ့ကြသူ မိတ်ဆွေများအားလုံးကို နှုတ်ဆက်စကားဆိုရပါသည်။ သို့ရာတွင် "လင်္ကာမြေမှာတစ်နှစ်တာ အခန်းဆက်ဆောင်းပါးများ" အတွက် တင်ဆက်ရန်ကျန်ရှိနေသေးသော သီရိလင်္ကာအနှံ့ဘုရားဖူးထွက်ခြင်း အတွေ့အကြုံများ၊ စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများ၊ သီရိလင်္ကာနှင့် မြန်မာ အပြန်အလှန် သာသနာရေး ဆက်သွယ်ဆောင်ရွက်ခဲ့မှုများ၊ Sunday School ကျောင်းများ အကြောင်းတို့ကို စာအုပ်မထွက်ရှိခင် ဖတ်ရှုနိုင်ကြစေရန် ကြိုးစား၍ တင်ပေးသွားရန် စီမံထားပြီးဖြစ်ပါကြောင်းနှင့် ရေးသားခဲ့သမျှများထဲတွင် မနှစ်မြို့စရာ အမှားအယွင်းများပါရှိခဲ့ပါက အနူးအညွတ် တောင်းပန်ရပါကြောင်း နှုတ်ဆက်စကားဆိုရပါသည်။

ရွာတိုင်းအတွက်ကဗျာလက်ဆောင် ဝက်ဆိုဒ်အတွက် အစစအရာရာ ကူညီဆောင်ရွက်ပံ့ပိုးပေးကြပါသော ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းနှင့် စေတနာရှင်မလေးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကား ဆိုရပါသည်...။

မေတ္တာဖြင့်...............

အရှင်ဝိသာရဒ (ရမ္မာဝတီ)

အပိုင်း (၁၈) တွင် မိတ်ဆွေများနှင့်အတူ သီရိလင်္ကာရှေးဟောင်းဗိသုကာပညာရပ် ( Buddhist Art and Architecture)ကိုလေ့လာရင်း သီရိလင်္ကာအနှံ့ ဘုရားဖူးထွက်နိုင်ရန် ပြင်ဆင်နေပါသည်။
Last Updated on Tuesday, 01 March 2011 13:51

Read more...

သူတော်ကောင်းစိတ်ထား


သူတော်ကောင်းဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုစ့်တစ်ခုမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့်.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းဆောင်ပုဒ်လေး ဖတ်မိပြီး ပိုပြီးပြောချင်တဲ့စကားလေးတွေ ရှိလာတဲ့အတွက် ထပ်မံရေးသားခြင်းဖြစ်ပါတယ်။ သူတော်ကောင်းဆိုတဲ့ စကားလုံးလေးကို လူတွေတော်တော်များများ သုံးကြပါတယ်။ ဒီလူက သူတော်ကောင်းပဲ.. သူတော်ကောင်းပဲနဲ့ ဘာကိုကြည့်ပြီးတော့ သူတော်ကောင်းလို့ ပြောတာလဲဆိုတာလေး စဉ်းစားမိပါတယ်။ လူတစ်ယောက်ကိုကြည့်ပြီး ဘယ်လိုအရည်ချင်းတွေနဲ့ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တာလဲ..။ အလှူအတမ်းတွေ များများလုပ်တာကို သူတော်ကောင်းလို့ ပြောတာလား.. ဒါမှမဟုတ် တရားရိပ်သာတွေဝင် တရားအလုပ်တွေလုပ်ပြနေတာကို သူတော်ကောင်းလို့ ပြောတာလား..။ ဘယ်လိုအရည်ချင်းတွေနဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တာလဲ။

သူတော်ကောင်းရဲ့ အရည်ချင်းတွေဟာ ဘယ်လိုအရည်ချင်းတွေလဲဆိုတာကိုတော့.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းအဖွင့်စာသားလေးက မြင်သာအောင် မီးမောင်းထိုးပြနေပါတယ်..။

“သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာဘဲ၊ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ.. သူကတော်တော် မတော်တော် ကိုယ်ကတော်ရမယ်.. သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်.. ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်”
ဆိုတဲ့ဆုံးမစကားလေးပဲ ဖြစ်ပါတယ်။
အင်မတန်မှ နှစ်သက်သဘောကျစရာ ကောင်းလှပါတယ်။ လူအများစုက အပြင်ပန်းပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံတွေကြည့်ပြီး အပေါ်ယံအမြင်နဲ့ သူတော်ကောင်းဆိုတာကို ဆုံးဖြတ်ကြတာများပါတယ်။ တကယ်က အတွင်းက အနှစ်သာရကို မြင်အောင်ကြည့်နိုင်မှသာ သူတော်ကောင်းရဲ့တန်ဖိုးကို သိရှိမှာဖြစ်ပါတယ်။ အလှူတမ်းတွေကို လူမြင်ကောင်းအောင်လုပ်ပြပြီး အတွင်းစိတ်ကသူတစ်ပါးကို ပျက်စီးစေချင်တဲ့သူတွေ တပုံကြီး ရှိကြပါတယ်။ ဘယ်လောက်ကြီးပဲ တရားအလုပ်တွေလုပ်နေပါတယ်.. တရားအားထုပ်နေပါတယ်ပြောပြော.. သူတော်မှ ကိုယ်ကောင်းမယ်ဆိုတဲ့စိတ်ဓါတ်မျိုး ရှိနေပြန်ရင်လည်း သူတော်ကောင်းစစ်စစ် မဖြစ်သေးပါဘူး..။ တရားအလုပ်တွေလုပ်တယ်.. တရားအားထုပ်တယ်ဆိုတာကိုက သူတော်ကောင်းဓါတ်ခံတွေများလာဖို့ သူတော်ကောင်းဓါတ်ခံတွေ တိုးလာဖို့အတွက်ဆိုတာလေးကို သဘောပေါက် နားလည်ထားဖို့ လိုအပ်ပါတယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်လောက်တရားအလုပ်တွေ လုပ်နေပါတယ်လို့ ပြောနေပါစေ.. သူတော်ကောင်းစစ်စစ် မဖြစ်သေးပါဘူး။ သူကတော်တော်မတော်တော် ကိုယ်ကတော်မှကောင်းမှသာ တကယ့်သူတော်ကောင်းတွေ ဖြစ်လာမှာပါ။

ဒီအကြောင်းရာလေးနဲ့ပါတ်သက်လို့ ပြောမိတော့.. ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဟောကြားခဲ့တဲ့ တရားတော်ထဲက အဖြစ်ပျက်လေးတစ်ခုကို ပြောပြချင်မိပါတယ်။ ရွာတစ်ရွာမှာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ သူတော်ကောင်းလို့ နာမည်ကျော်ကြားတဲ့ သူဋ္ဌေးမကြီး တစ်ယောက်ရှိပါတယ်။ သူ့အိမ်မှာလည်း သူ့ကိုအလုပ်ကျွေးပြုနေတဲ့ အခြွေရံတွေများစွာ ရှိတယ်ပေါ့။ ဒီတော့ တစ်နေ့ကျ အိမ်မှာရှိတဲ့ ကျွန်မလေးတစ်ယောက်က.. သူဋ္ဌေးမကြီးဟာ သူတော်ကောင်းမကြီးလို့ နာမည်ကြီးတယ်။ ဒီတော့ ကျွန်မလေးက သူဟာတကယ့်သူတော်ကောင်း ဟုတ်မဟုတ်ဆိုတာကို စမ်းသပ်ချင်မိပါတယ်။ သူနဲ့ဆက်ဆံတဲ့သူတွေ အများစုက သူ့အပေါ်ကောင်းနေလို့.. သူတော်လို့ ကိုယ်ကောင်းနေတဲ့ သူတော်ကောင်းမျိုးလား.. ဒါမှမဟုတ် သူကိုယ်တိုင်ကိုယ်က သူတော်ကောင်းဓါတ်ခံရှိတဲ့အတွက် ဘယ်သူမကောင်းကောင်း သူကကောင်းနေတဲ့ သူတော်ကောင်းလားဆိုတာ သေချာသိချင်တဲ့အတွက် စမ်းသပ်ကြည့်ပါတယ်။ ဒါနဲ့တနေ့တော့ ကျွန်မလေးက အလုပ်မဆင်းပဲ သူ့နေရာမှာ အိပ်နေပါသတဲ့.. ဒါနဲ့သူဋ္ဌေးမကြီးက ဘာလို့အလုပ်မဆင်းတာလဲဆိုပြီး လာမေးပါတယ်..။ ဒါနဲ့ ကျွန်မလေးက ဘာမှမဖြစ်ပါဘူး ဆိုပြီး ပြန်ပြောပါတယ်။ ဒါနဲ့ သူဋ္ဌေးမကြီးလည်း စိတ်ဆိုးမာန်ဆိုးနဲ့ မျက်စောင်းထိုးပြီး ပြန်သွားပါတယ်။

နောက်တနေ့ကျထပ်ပြီး ကျွန်မလေးက အလုပ်မဆင်းပြန်ပါဘူးတဲ့။ ဒါနဲ့ သူဋ္ဌေးမကြီးက ဒုတိယနေ့မှာတော့ ဒီကောင်မတော့ဆိုပြီး အော်ငေါက်ပြီး ပြန်သွားပါတယ်။ တတိယမြောက် အလုပ်မဆင်းတဲ့နေ့မှာတော့ ဘာမှမမေးတော့ပဲ တံခါးမှာချိတ်ထားတဲ့သံချွန်နဲ့ ကျွန်မလေးရဲ့ ခေါင်းကို ပေါက်ထုပြီး စိတ်ဆိုးဆိုးနဲ့ ထွက်သွားပါတော့တယ်။ အဲ့ဒီ့အခါကျမှ ကျွန်မလေးက အော်.. သူဋ္ဌေးမကြီးဟာ ငါကသူ့အပေါ်ကောင်းနေလို့ သူကပြန်ကောင်းနေတဲ့ အမည်ခံသူတော်ကောင်းပဲ.. သူ့ရဲ့ပင်ကိုယ်ဓါတ်ခံက သူတော်ကောင်းဓါတ်ခံအစစ် မဟုတ်ပါလားဆိုတာကို ခွဲခြားပြီး သိသွားပါတော့တယ်တဲ့။ ဖော်ပြပါ အကြောင်းရာထဲက သူဋ္ဌေးမကြီးရဲ့နေရာမှာဆိုလည်း လူအများစုက ဒီလိုပဲလုပ်မိကြမယ် ထင်ပါတယ်။ ငါ့ကိုမလေးစားတာလား.. ငါ့ကိုရွဲ့တာလား ငါ့ကိုပမာမခန့်လုပ်တာလားဆိုပြီး လူအများစုက သူဋ္ဌေးမကြီးလို လုပ်မိကြမှာပါပဲ။ ဒါ့ကြောင့် သူတော်ကောင်းဆိုတဲ့ စကားလုံးလေးဟာ အပြင်ပန်းအနေနဲ့ ပြောလိုက်ရတာ ကြည့်လိုက်ရတာသာ လွယ်ပါတယ်.. တကယ့်အတွင်းထဲမှာရှိနေတဲ့ သူတစ်ပါးရဲ့အတွင်းစိတ် သူတော်ကောင်းဓါတ်ခံကိုတော့ သေချာသိဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။

သူတော်ကောင်းတွေရဲ့ အတွင်းဓါတ်ခံစိတ်ဓါတ်တွေကို ကြည့်ဖို့ခက်ခဲသလို.. သူတော်ကောင်းစစ်စစ်ဖြစ်ဖို့အတွက် ကျင့်ကြံနိုင်ဖို့ဟာလည်း ခက်ခဲပြန်ပါပေတယ်..။ ဒါ့ကြောင့်မလို့လည်း သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ ဆိုတဲ့စကားကို လူတိုင်းနီးပါး သုံးနေကြတာပါ။ သင်မကောင်းလည်း ကျွန်ုပ်ကောင်းမည် ဆိုတဲ့စကားကိုလည်း လူအနည်းစုသုံးကြပါတယ်.. ဒါပေမယ့် တစ်ခါက နှစ်ခါ.. နှစ်ခါကသုံးခါဆိုရင်တော့ မရဘူးဆိုတဲ့သူတွေ ရှိကြပြန်ပါတယ်။ တချို့ဆိုရင်.. သူတစ်ပါးကကောင်းတာတောင် ကိုယ်ကမကောင်းနိုင်တဲ့သူတွေဖြစ်တဲ့အဆင့်ထိ ရှိကြပါတယ်.. ဒါကတော့ သူတော်ကောင်းဆိုတဲ့ စကားလုံးနဲ့ ကြာလေဝေးလေပဲ ဖြစ်နေတော့မှာပါ။ သူဘယ်လိုမကောင်းကောင်း အမြဲတမ်းကောင်းနိုင်မယ့် သူတော်ကောင်းတွေဖြစ်ဖို့အတွက်ကတော့ အမြဲတမ်း သူတော်ကောင်းဖြစ်ချင်တဲ့ စိတ်လေးတွေမွေးပြီး ကျင့်ကြံနိုင်မှသာ ရရှိလာမှာဖြစ်ပါတယ်။

သူတော်ကောင်းဓါတ်ခံအကြောင်းလေး ပြောမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သူတော်ကောင်းဓါတ်ခံအားတွေဟာ ဘယ်လောက်အထိ မြင့်မြတ်တယ်ဆိုတဲ့အကြောင်းလေး ပိုမိုပြီးသိရှိလာရပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါ် အမျိုးမျိုး လုပ်ကြံသတ်ဖြတ်တဲ့သူတွေ.. စွပ်စွဲပုတ်ခတ်တဲ့သူတွေ.. မတော်မတရား သတင်းလွှင့်တဲ့သူတွေ များစွာကို ဘုရားရှင်ကိုယ်တော်တိုင် ကြုံတွေ့ခဲ့ရတာပါ။ ဒါတွေကို ဘုရားရှင် ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာ အားလုံး သဘောပေါက် နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဘယ်သူက ဘယ်လောက်မကောင်းတာတွေပြောပြော မကောင်းတာတွေ ပြုမှုနေပါစေ.. ဘယ်သူ့အပေါ်မှ ဘယ်အကြောင်းကြောင်းကြောင့်မှ စိတ်ရှုပ်စိတ်ညစ်သွားခဲ့တာ မရှိခဲ့ပါဘူး။ ဒီအချက်တွေက ဘုရားရှင်ရဲ့ သူတော်ကောင်းစိတ်ဓါတ်တွေ ဘယ်လောက်အထိ မြင့်မြတ်ကြည်ညိုဖို့ ကောင်းတယ်ဆိုတဲ့အကြောင်းကို သက်သေပြနေတာပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူကိုယ်တိုင်လည်း သူတော်ကောင်းဖြစ်အောင်ကျင့်ကြံမှုတွေနဲ့ သတ္တ၀ါတွေအားလုံးကို ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ပြခဲ့သလို.. သတ္တ၀ါတွေအားလုံးကိုပါ သူ့လိုဖြစ်စေချင်တဲ့စိတ်ထားတွေနဲ့ မြင့်မြတ်သူတွေရဲ့ စိတ်ထားတွေကို လမ်းပြပေးခဲ့တာပါ။ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မေတ္တာတရားတွေကို တန်ဖိုးထားတယ်ဆိုရင်ဖြင့် ဘုရားရှင်ရဲ့ အဆုံးမအတိုင်း လိုက်နာကျင့်သုံးသင့်လှပါတယ်။

ကျွန်တော်တို့တွေဟာ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ဘုရားရဟန္တာအရှင်သူမြတ်တွေလောက်တော့ သူတော်ကောင်းဓါတ်ခံတွေပြည့်ဝနေမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် ရရှိလာတဲ့ဘ၀ ရရှိလာတဲ့အချိန် အခိုက်တန့်လေးမှာ သူတော်ကောင်းဓါတ်ခံစိတ်ဓါတ်ဆိုတာလေး နားလည်းသဘောပေါက်ပြီး သူတော်ကောင်းဖြစ်ချင်တဲ့စိတ်လေးတွေ တတ်နိုင်သမျှ အမြဲမွေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဘုရားရှင်သာဓုခေါ်တဲ့ သူတော်ကောင်းစစ်စစ်ဘ၀ကို ရရှိလာမှာဖြစ်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမသလိုဆိုရင်ဖြင့်.. “လူဆိုတာ မိမိကိုယ်ကို အချိန်တိုင်းမှာ ကောင်းသထက် ကောင်းအောင်ပြုပြင်နေရမယ်.. ဘယ်အချိန်ထိ ပြုပြင်နေရမလဲဆိုလျှင် သေသည့်အချိန်ထိ ပြုပြင်နေရမှာပဲ”ဆိုတဲ့ဆုံးမစကားလေး အတိုင်းပါပဲ.. ဒီစကားလေးကို နှလုံးသွင်းရင်းဖြင့် အချိန်တိုင်းအချိန်တိုင်းမှာ သူကတော်တော်မတော်တော် သူကကောင်းကောင်း မကောင်းကောင်း.. ကိုယ်က တော်နိုင် ကောင်းနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သူတော်ကောင်းစိတ်ဓါတ်လေးတွေ အစဉ်အမြဲ မွေးမြူနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်..။

စာရေးသူ။ မောင်ကောင်း

Read more...

စွဲလျှင်ဆင်းရဲ ဟူသော အကုသိုလ်အကြောင်း

Posted in: ချမ်းသာစွာဘဝနေနည်း | Comments (0)

ဓမ္မပီယ— (စွန့်လျှင်ချမ်းသာ ) ဆိုတဲ့ ကုသိုလ် တရားကိုတော့ ကိုယ့် စိတ်ဖြစ်စဉ် နဲ့ ကိုက်ပြီး သဘောပေါက် ပါပြီ ဘုရား ။ အကုသိုလ် အကြောင်း ကိုလည်း ရှင်းပြ တော်မူပါဘုရား။

ဦးဝိဇယ—-အကုသိုလ်ကို ဒီဇယား ကိုကြည့်ပြီး နားလည် ပါဘုရား။

အကြောင်း (သာဝဇ္ဇ ) + အကျိုး (ဒုက္ခဝိပါက) = အကုသိုလ်ရခြင်း

(၁) မရှိသေးတာကို စွဲလန်းခြင်း + ဆာလောင်မှု ဖြင့် ဆင်းရဲခြင်း =စွဲလျှင် ဆင်းရဲခြင်း။

(၂) ရှိပြီးသားကို ဆုပ်ထားခြင်း + စိတ်မချမှု ဖြင့် ဆင်းရဲခြင်း = စွဲလျှင်ဆင်း ရဲခြင်း။

(၃) ပျက်စီးသွားရင် စိုးရိမ်ခြင်း + ပူလောင်မှုဖြင့် ဆင်းရဲခြင်း = စွဲလျှင် ဆင်းရဲခြင်း။

အကုသိုလ် လက္ခဏာကို (စွဲ လျှင်ဆင်းရဲ) ဟုနားလည် မှတ်သား ပါဘုရား။ (ကိုယ်ပိုင်၊ကိုယ်ဆိုင်) ဟု မရှိမဖြစ် သဘော ကို လိုချင်၊ဖြစ်ချင်၊ ရချင်မှု များဖြင့် စွဲလန်းနေရင် မဆင်းရဲဘူး လားဘုရား။

ဓမ္မပီယ—- (ကိုယ်ပိုင်၊ကိုယ်ဆိုင် )ဆိုတာတွေဟာ ကုသိုလ် တုံးကပြော ခဲ့ တဲ့ အတိုင်း ဟု သဘောပေါက်ပါတယ် ဘုရား။ ကိုယ့်အိမ်၊ကိုယ့်လမ်း၊ ကိုယ့်ရပ် ကွက် စသော (၃၁) ဘုံမှာ မရှိမဖြစ်သေးတာကို လိုချင်၊ ဖြစ်ချင်၊ရချင်နေ တဲ့အခါ ဆာလောင်မှုဖြင့် အလွန် ဆင်းရဲပါတယ်ဘုရား။

ဦးဝိဇယ—-စွဲလန်းတဲ့စိတ်ဟာ အပြစ်မကင်းသော ၊စိတ်ညစ်နွမ်းသော၊ စိတ်ဖြစ်တဲ့အတွက်ကြောင့် ၊……………..

အကုသလာ= သာဝဇ္ဇ ဒုက္ခ ဝိပါကလက္ခဏာ ဟူသော ပါဠိ နှင့် အညီ (သာဝဇ္ဇ) ဟူသော အကုသိုလ် လက္ခဏာ တစ်ပါးနှင့်ညီပြီး ဆင်းရဲသော အကျိုးကိုပေးသောကြောင့် (ဒုက္ခဝိပါက) ဟူသော လက္ခဏာ တစ်ပါးနှင့်လည်း ညီပါသည် ဘုရား။ နောက်တစ်ခုက (ကိုယ်ပိုင်၊ကိုယ်ဆိုင်) ဟု ထင်ထားတာတွေကို စိတ်မချနိုင်ပဲ ဆုပ်ကိုင်ထားလျှင်လည်း မဆင်းရဲဘူးလားဘုရား။

ဓမ္မပီယ—- စိတ်မချနိုင်သော စိတ်ဟာ အစဉ်အမြဲ လေးပင် နေသောကြောင့် မရှိသေးတာ လိုချင်တဲ့ ဆင်းရဲ ထက်ပင် စောင့်ရှောက်ရသော ဒုက္ခက ပိုသောကြောင့် ပိုပြီး ဆင်းရဲပါတယ်ဘုရား။

ဦးဝိဇယ—- စိတ်မချနိုင်ပဲ ဆုပ်ကိုင်ထားသော စိတ်ဟာ အပြစ်မကင်းသော (သာဝဇ္ဇ) စိတ်ဖြစ်ပြီး ဆင်း ရဲ တာကတော့ (ဒုက္ခဝိပါက) အကျိုး ဖြစ်ပါတယ်။ ထို့ကြောင့် အကုသိုလ် လက္ခဏာ နှင့် ညီနေသောကြောင့် အကုသိုလ်စိတ် ဖြစ်ပါတယ် ဘုရား။ (ကိုယ်ပိုင်၊ကိုယ်ဆိုင်) ဟုဆုပ်ကိုင်ထားသော အရာဝတ္ထုများ တစ်ခုခု ပျက်စီး သွားလျှင် လည်း မဆင်းရဲ ဘူးလား ဘုရား။

ဓမ္မပီယ—-ပျက်စီးသွားလို့ စိုးရိမ်သော ဆင်းရဲဟာ မရှိသေးတာ လိုချင်ခြင်း၊ ရှိပြီးသားကိုကိုင်ထားခြင်း၊ အကုသိုလ်ထက် ဝန်ပိုပြီး ဆင်းရဲပါတယ်ဘုရား။ အချို့ဆို ( ရူးသွားတယ်၊ အချို့ ဆိုသေသွားတယ်) အလွန့်အလွန် ပင်ပန်း ဆင်းရဲ ကြပါတယ်ဘုရား။

ဦးဝိဇယ—- ပျက်စီးတာကို စိုးရိမ် စွဲလန်းခြင်း ၊သည် အပြစ်နှင့်တကွ ဖြစ်သော ကြောင့် (သာဝဇ္ဇ )ဟူသော အကုသိုလ် လက္ခဏာ တစ်ပါး နှင့်ပြည့်စုံပြီး အလွန့် အလွန် ပင်ပန်း ဆင်းရဲသောကြောင့် (ဒုက္ခဝိပါက) ဟူသောလက္ခဏာ (၁)ပါးနှင့်လည်း ပြည့်စုံ နေပါတယ်ဘုရား။ ထို့ကြောင့် အကုသိုလ် စိတ်ဟုခေါ် ပါတယ် ဘုရား။

Tags:

Read more...

ကျွံကျနေသည့်လှည်းဘီးကို ၀ိုင်းကူ၍ တွန်းပေးကြပြီ


စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် အား
နှလုံးခွဲစိပ်ကုသနိုင်ရန် ကျွံကျနေသည့်လှည်းဘီးကို ၀ိုင်းကူ၍ တွန်းပေးကြပြီ

SHADE သတင်းဂျာနယ် အတွဲ(၅) အမှတ်(၁၂)၊မှ နေခြည်(မကွေး)ရေးသားသော (လှည်းဘီးကျွံနေသည် ကူ၍တွန်းပေးကြပါ) သတင်းကို ဖတ်ကြားပြီး အလှူရှင်များ ပေါ်ထွက်လာပါသည်။ ရန်ကုန်မြို့တွင် နှလုံးခွဲစိပ်ကုသရန်အတွက် ငွေကျပ်(၃၀)သိန်းခန့် ကုန်ကျမည်ဟု သိရ၍ ဆေးအလှူရှင်များအား ထပ်မံလိုအပ်လျှက်ရှိနေပါသည်။ သို့ပါ၍ စာရေးဆရာ အေးရွှေ(ကေတုမတီ) ဖုန်း (၀၉-၄၉၂၃၉၄၅၂ ) သို့ဆက်သွယ်လှူဒါန်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ဆေးကုသိုလ် အလှူရှင်များမှာ (၁) စာရေးဆရာ အေးရွှေ(ကေတုမတီ) မိသားစုမှ ငွေကျပ်(၃၀၀၀၀၀ိ)သုံးသိန်း။(၂) ဦးဌေးလွင်ဦး+ဒေါ်အေးအေးမော် ဒု ညွှန်မှူး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါန၊ မြိုတ်မြို့မှ ငွေကျပ်(၂၀၀၀၀၀ိ)နှစ်သိန်း။ (၃) ဦးစံထွေး+ဒေါ်ခင်သန်းနု မိသားစု၊ ၂/၄ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၄) ဦးမြစိန် မိသားစု၊ မြန်မာအိုင်ကီကိုင်း၊ ၀ါးခယ်မလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှ ငွေကျပ်(၇၀၀၀၀ိ)ခုနှစ်သောင်း။ (၅)အရာခံ ဗိုလ်ကျော်စိုး+ဒေါ်နန်းကြမ်ဖောင် (ဆ.အ.တ- ၂)၊ တောင်ငူမြို့မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၆) ဗိုလ်ကြီးအေးကို၊ ဧလာစီမံကိန်းလုပ်ငန်းခွင်၊မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၇) ဒေါ်ဖြူဖြူစိုး၊ မူလတန်းပြဆရာမ၊မိထ္ထီလာမြို့မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၈) ဒုအရာခံဗိုလ်လှမိုး (ဆ.အ.တ-၂) ငွေကျပ်(၁၅၀၀၀ိ)တစ်သောင်းငါးထောင်။ (၉) ဗိုလ်မှူးမျိုးဝင်း(ငြိမ်း)+ဒေါ်မဉ္ဇူ မိသားစု၊ နေပြည်တော် မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၁၀) အရာခံဗိုလ်မြင့်လွင်+ဒေါ်ခင်စန်းဌေး မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၁၁)ဗိုလ်ကြီးဝင်းမြင့် မိသားစု (ဆ.အ.တ-၂) မှငွေကျပ်(၁၅၀၀၀ိ)တစ်သောင်းငါးထောင်။ (၁၂)ဗိုလ်ကြီးမင်းသူအောင် (ဆ.အ.တ-၂) မှ ငွေကျပ်(၁၀၀၀၀၀ိ)တစ်သိန်း။ (၁၃) ဒုအရာခံဗိုလ် ၀င်းလှိုင် (ဆ.အ.တ-၂) မှ ငွေကျပ်(၂၀၀၀၀၀ိ)နှစ်သိန်း။(၁၄) ဒုအရာခံဗိုလ် စိုးဦး မိသားစု (ဆ.အ.တ-၂) မှ ငွေကျပ်(၅၀၀၀၀၀ိ) ငါးသိန်း။(၁၅) တောင်ငူမြို့ စာရေးဆရာများ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ မှ ငွေကျပ်(၅၀၀၀ိ) ငါးထောင်ကျပ်။ (၁၆) မန္တလေးမြို့၊ တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) မှ ငွေကျပ်(၁၀၀၀၀၀ိ) တစ်သိန်း။ (၁၇)စာရေးဆရာ တက္ကသိုလ်တေဇာလင်း မှငွေကျပ်(၁၀၀၀၀ိ)တစ်သောင်း။ (၁၈)စာရေးဆရာမောင်ဆူးမင်း (ချပ်သင်း) မှ ငွေကျပ်(၁၀၀၀၀ိ) တစ်သောင်း။ (၁၉)သတင်းထောက် သန်းဖေသား မှ ငွေကျပ်(၁၀၀၀၀ိ)တစ်သောင်း။ (၂၀)မကွေးမြို့ စာရေးဆရာ မောင်မောင်ကြည်သန့်(ရတနာမြေ) မှငွေကျပ်(၁၀၀၀၀၀ိ) တစ်သိန်း။ (၂၁) ဗိုလ်ကြီးမျိုးမောင်သိန်း (ဆ.အ.တ-၂) မှငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။ (၂၂) ဗိုလ်ကြီးသိန်းဇော် (ဆ.အ.တ-၂)မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၂၄) ဗိုလ်ကြီးအောင်အောင်မျိုး (ဆ.အ.တ-၂)မှ ငွေကျပ်(၃၀၀၀၀ိ)သုံးသောင်း။ (၂၅) ဗိုလ်ကြီးဟိန်းဇော်ဖြိုး (ဆ.အ.တ-၂)မှ ငွေကျပ်(၂၀၀၀၀ိ)နှစ်သောင်း။ (၂၆) ဒုအရာခံဗိုလ် လှအောင်နှင့် ငွေစာရင်းဌါန မှ ငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း။
စုစုပေါင်း ငွေကျပ်(၂၁၉၅၀၀၀ိ) နှစ်ဆယ်တစ်သိန်းကိုးသောင်းငါးထောင်ကျပ် တိတိလက်ခံရရှိထားကြောင်း သတင်းရရှိပါသည်။
နှလုံးရောဂါ ဝေဒနာရှင် စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော် အား ဆေးကုသပေးနိုင်ရန်ကော်မတီအဖွဲ့မှာ ဥက္ကဋ္ဌ မကွေးဝင်းမြင့် မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့အလုပ်အမှုဆောင်များ၊ ဘဏ္ဍာရေးမှူးများ အေးရွှေ(ကေတုမတီ) နှင့် စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) တို့ဖြစ်ကြောင်းသိရ၏။ ဆရာရေနံ့သာအောင်ချမ်းဇော်အား နှလုံးခွဲစိပ်ဆေးကုသရန် အတွက် ၂၀၁၁ ခု၊ မတ်လ(၂)ရက်နေ့တွင် မကွေးမြို့မှ ရန်ကုန်မြို့သို့သွားရောက်၍၊ ဆေးကုသခံယူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မှတ်ချက်။ ။ (၂၅-၂-၂၀၁၁) နေ့အထိ ဆေးအလှူရှင်စာရင်းဖြစ်ပါသည်။ နောက်ထပ် ဆေးအလှူရှင်များ စာရင်းအား ထပ်မံ၍ ဖော်ပြပေးသွားပါမည်။

ဝိုင်းကြည်အောင်

SHADE ဂျာနယ် အတွဲ(၅)၊ အမှတ်(၁၅) မှ တဆင့်ကူးယူဖော်ပြပါသည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP