* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, March 1, 2011

စေတနာ နှင့် ကံ...

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”

(ဂေါတမမြတ်စွာဘုရား)

“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍ အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။ အလုပ်ဟူသည်မှာလည်း စေတနာကို ဆိုခြင်းဖြစ်၏။ စေတနာပါသည့် အလုပ်သည် ကံမြောက်ပြီး စေတနာမပါသည့် အလုပ်သည် ကံမမြောက်ပေ။ ကံမြောက်လျှင် အကျိုးသက်ရောက်မှုလည်း ရှိမည်ဖြစ်ပြီး ကံမမြောက်လျှင်ကား အကျိုးသက်ရောက်မှုလည်း ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းသည့်အလုပ်ဖြစ်စေ၊ မကောင်းသည့် အလုပ်ဖြစ်စေ စေတနာပါပါဖြင့် လုပ်သည့်အလုပ်သည်သာ ကောင်းကံ၊ မကောင်းကံများ ဖြစ်တတ်သဖြင့် အလုပ်လုပ်သည့်အခါ စေတနာကို အလေးထားကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့် အလုပ်များတွင် စေတနာ မပါမိကြစေဘဲ ကောင်းသည့်အလုပ်များတွင်ကား စေတနာထား လုပ်ကြရန် အသိစကား ပါးကြခြင်း ဖြစ်ပါ၏။

Read more...

Enlightenment

by Cittasamvaro

Monks are not really supposed to talk about Enlightenment. This is a custom – perhaps because monks have a serious rule about not claiming attainments they do not have. But talking about it is not to claim it for oneself.

Accordingly most monks, and also modern lay teachers, tend to avoid the topic of Enlightenment, and concentrate instead on practical matters of dealing with negative emotions, or trying to be mindful.

Enlightenment is then left as something that will happen way down the road, too far off for us mortals to worry about.

Perhaps this is why Mahayana Buddhism introduced the ideas of Buddha Nature.

This Buddha nature is immanent, it is experiencable, and what’s more, it has always been there. You do not have to go through lifetimes of purification … it is your own nature.

In fact, this idea is in the Pali canon; it is in no way a new or different teaching. Mahayana like to claim superiority for their ‘Buddha Nature’ teaching saying that Theravada Buddhism (original Buddhism) is too weak and takes thousands of lifetimes (or at least 7 lifetimes).

This is nonsense of course – Enlightenment in the original Pali suttas, which are universally recognised as the closest to the Buddha’s actual words, was instant. It was immanent.

Still, by having, considering, working with the concept it brings the idea of Enlightenment a lot closer.

Enlightenment is the ‘unconditioned’ ‘unborn and unageing’ ‘supreme security from bondage’ ‘liberation of the heart’ ‘the goal’ ‘the blissful’ ‘the ultimate’ … and many other such descriptions. By definition it is beyond any kind of suffering. By other Indian philosophy it is non-duality – a concept present by definition if not by name in the Pali suttas.

How much talk about what enlightenment is/is not should be undertaken? Does consideration of the topic aid or hinder the practise? Would people get deluded into thinking they have become enlightened? How does having a goal sit with giving up desire – desire implies having a goal right?

Tonight we asked Jeff Oliver to talk on this interesting topic.

Read more...

*ဗောဇ္ဈင်တရားခုနစ်ပါး*

မဟာဗောဓိမြိုင် ဆရာတော်ဘုရား

*ဗောဇ္ဈင်တရားခုနစ်ပါး*


လေးစားစွာဖြင့်

ဖိုးသား

Read more...

The feminine ကို လက်ခံခွင့်ပြုပါ

အလင်းရောင်ဟာ နေရဲ့သဘာဝဖြစ်ပါတယ်။ လှိုင်းလုံးဟာ ပင်လယ်ရဲ့ သဘာဝဖြစ်ပါတယ်။ ပြီးတော့ အေးမြခြင်းဟာ လေရဲ့သဘာဝ ဖြစ်ပါတယ်။ အေးဆေးတည်ငြိမ်မှုနှင့် သမင်တစ်ကောင်၊ ပြီးတော့ ရန်လိုမှုနှင့် ခြင်္သေ့တစ်ကောင် ဒီလက္ခဏာသွင်ပြင်တွေနဲ့ ပြည့်စုံစေတဲ့အရာများဟာ သူတို့ရဲ့ကိုယ်ပိုင် မူရင်းသဘာဝများပဲ ဖြစ်ပါတယ်။ အလားတူ အမျိုးသမီးများနှင့်အမျိုးသားများမှာ တစ်ဦးချင်းတစ်ယောက်ချင်းထံမှ သူတို့ကို ခွဲခြားသိမြင်စေတဲ့ တစ်မူတစ်ဘာသာထူးတဲ့ ကိုယ်ပိုင်သဘာဝများ ရှိကြပါတယ်။

တစ်ကြိမ်တုန်းက လင်းယုန်ငှက်ငယ်တစ်ကောင်ဟာ ကြက်ကလေးငယ်တစ်အုပ်ကြားထဲမှာ နေထိုင်နေခြင်းဖြင့် သူ့ကိုယ်ကို ပုံသွန်းပါတယ်။ ကြက်မိခင်ဟာ သူမက သူမရဲ့သားသမီးငယ်တွေကို ကျွေးမွေးပြုစုကြည့်ရှု့ စောင့်ရှောက်တဲ့ နည်းလမ်းအတိုင်း အဲဒီလင်းယုန်ငှက်ငယ်ကို ကြည့်ရှု့စောင့်ရှောက်ပေးပါတယ်။ ကြက်ကလေးများလို ငယ်ရွယ်တဲ့လင်းယုန်လေးဟာ တီကောင် သန်ကောင်များကို မြေပေါ်မှာ လိုက်ရှာခြင်းဖြင့် ရှင်သန်ကြီးထွားလာပါတယ်။ သို့ဖြစ်- လင်းယုန်ငှက်ငယ်လေးဟာ သူ့ကိုယ်သူ ကြက်ငယ်လေးတစ်ကောင်မျှသာ ဖြစ်တယ်လို့ တွေးထင်နေပါတော့တယ်။ လေထဲသို့ ထိုးတက်ဖို့ ပျံသန်းဖို့ သူ့ရဲ့အစွမ်းအစကို သိနားလည်ခြင်း မရှိခဲ့ပါ။

တစ်နေ့မှာတော့ အခြားလင်းယုန်ငှက်တစ်ကောင်က ကြက်ကလေးများနဲ့အတူ အပျံသင်စ အဲဒီလင်းယုန်ငှက်ငယ်ကို သတိထားမိပါတယ်။ လင်းယုန်ငှက်ငယ်တစ်ကောင်းတည်းရှိတဲ့အခါ “ကောင်းကင်လင်းယုန်ငှက်”ဟာ “ကြက်လင်းယုန်ငယ်”ဆီ ချဉ်းကပ်ပြီး ရေကန်တစ်ခုသို့ လင်းယုန်ငယ်ကို သယ်ဆောင်လာပါတယ်။ ကောင်းကင်လင်းယုန်ငှက်-က “ တို့ရဲ့ ကလေးငယ်! မင်းဟာ ဘယ်သူလဲဆိုတာ မသိလေရော သလား? ဒီမှာ ငါ့ကို ကြည့်ပါ။ ပြီးတော့ ခု ရေထဲမှာ မင်းရဲ့ ကိုယ်ပိုင်ပုံရိပ်ကို ကြည့်ပါ။ ငါ့လိုပဲ၊ မင်းဟာလည်း ကောင်းကင်ထဲမှာ တဟုန်ထိုးပျံသန်းတက်နိုင်တဲ့ စွမ်းရည်ရှိတဲ့ လင်းယုန်ငှက်ငယ်တစ်ကောင်း ဖြစ်တယ်။ မြေကြီးမှ ဘယ်မှ ထလို့ထွက်လို့မရတဲ့ ကြက်ငယ်တစ်ကောင်လို့ မဟုတ်ဘူး” လို့ ပြောပါတယ်။

တဖြည်းဖြည်းနဲ့ လင်းယုန်ငယ်ဟာ သူ့ရဲ့ခွန်အားစွမ်းပကားကို သဘောပေါက်လာပါတယ်။ ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ရဲ့အတောင်ပံတွေကို ဖြန့်ကားလျက် ကောင်းကင်ထဲသို့ တဟုန်ထိုး ပျံသန်းသွားပါတော့တယ်။ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးဟာ လင်းယုန်ငှက်ငယ်အတွက် မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။

အဲဒီနည်းတူ အမျိုးသမီးတစ်ယောက်မှာ စွမ်းရည်အင်အားနဲ့ လွတ်လပ်မှုအတွက် အဆုံးအစမရှိတဲ့ ကောင်းကင်ထဲသို့ မားမားစွင့်စွင့် တိုးဝင်ပျံသန်းဖို့ ဖြစ်နိုင်ခြေအလားအလာ ရှိပါတယ်။ ဒါပေမယ့် ဒီလွတ်လပ်မှုဟာ လက်တွေ့တစ်ခု ဖြစ်လာခြင်းမတိုင်မီ အမျိုးသမီးတစ်ယောက်အတွက် တည်ငြိမ်တဲ့ အားထုတ်ကြိုးစားမှုမှတဆင့် သူမကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရပါ့မယ်။ ဒါက - သူမဟာ သြဇာပါဝါမှကင်းမဲ့တယ်- ပြီးတော့ သူမကို တားမြစ်ဟန့်တားထားတဲ့ များစွာသော အကန့်အသတ်များနဲ့ အားနည်းချက်များက သူမကို ကုန်းနှီးတင်ထားတယ် - ဆိုတဲ့အတွေးပဲ ဖြစ်ပါတယ်။ သူမဟာ ပထမဆုံး ဒီအတွေးများကို ဖယ်ထုတ်ရှင်းလင်းပစ်ရပါ့မယ်။

အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ဖြစ်တည်မှုဆိုင်ရာ ပင်ကိုယ်လက္ခဏာဟာ သူမရဲ့ မိခင်ပမာဆန်တဲ့ ချစ်ခြင်းမေတ္တာ- အသနားအကြင်နာ- သည်းခံနိုင်မှုစွမ်းရည်- တစ်ကိုယ်ကောင်းမဆန်မှုတို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ဒီအရည်အသွေးတွေကို စွန့်လွှတ်ဖို့ ဘယ်တော့မှ စိတ်ကူးမ၀င်သင့်ပါ။ အမျိုးသမီးများဟာ သူတို့ရဲ့ အမျိုးသမီးဆန်တဲ့အရည်အသွေးတွေကို ငြင်းပယ်တယ်ဆိုလျင် ဒါဟာ လောလောဆယ် ကမ္ဘာမှာ တွေ့ကြုံနေရတဲ့ တစ်ဖက်စောင်းနင်းမညီမျှမှုတွေကို ထပ်ဖြည့်ခြင်း တိုးချဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ်။

လာမယ့်ခေတ်ကို The healing power of motherhood အတွက် ပြန်လည်ရှင်သန်နိုးကြားစေဖို့ နှစ်မြှုပ် ထားသင့်ပါတယ်။ ဒါဟာ ကမ္ဘာအတွက် ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုဆိုင်ရာ အကျွန်ုပ်တို့အိမ်မက်ကို ပြီးမြောက်စေဖို့ ခရီးလမ်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးကို ပြီးတော့ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဆက်စပ်တည်မှီနေဖို့ ဖြစ်တယ်- ဆိုလျင် နှစ်ဦးနှစ်ယောက်လုံးဟာ အားအင်ပြည့်ဝတဲ့ စာနာနားလည်မှု- စိတ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံ ဝေဆာရင့်ကျက်မှုနှင့် အသိပညာဆိုင်ရာ ဝေဖန်ပိုင်းခြားနိုင်မှုကို စိုက်ပျိုးရပါ့မယ်။ ဒီအရာများ မရှိဟုဆိုလျင် ဒါမှမဟုတ် ပျက်ကွက်ကင်းမဲ့နေတယ်ဆိုလျင် သဘောထားကွဲလွဲတဲ့ ခံစားချက်များ- မှန်မှန်လှုပ်ရှားမှုကင်းတဲ့ စည်းဝါးမကိုက်တဲ့ပုံစံများ ပြီးတော့ ဆူပူထကြွမငြိမ်သက်မှုများက လူ့မှုအဖွဲ့အစည်းရဲ့ ၀ိသေသလက္ခဏာများ ဖြစ်လာပါလိမ့်မယ်။

စိတ်ထဲမှာ တန်းတူတူညီမှုကို ဖန်တီးရပါ့မယ်။ အမျိုးသမီးများရဲ့ အတွင်းစိတ်စွမ်းအားက မြစ်တစ်ခုလို စီးဆင်းပါတယ်။ မြစ်ရဲ့ရေစီးကြောင်းဟာ တောင်တစ်ခုကို တွေ့ဆုံလျင် မြစ်ဟာ အဲဒါကို ဟိုဟိုသည်ည် ကွေ့ပတ်ဝိုက်လျက် စီးဆင်းသွားပါလိမ့်မယ်။ ကျောက်သားကျောက်ဆောင်များအစုအဝေးတစ်ခုရှိလျင် မြစ်ဟာ အဲဒါတွေကို ဖြတ်သန်းကျော်လွန် စီးဆင်းသွားပါလိမ့်မယ်။ တစ်ခါတစ်ရံ အဲဒါရဲ့ အောက် ဒါမှမဟုတ် အဲဒါရဲ့ အပေါ်က စီးဆင်းသွားနိုင်ပါတယ်။

အလားတူပါပဲ။ Feminine အရှိန်အ၀ါအင်အားမှာ အဲဒါကို တွေ့ဆုံတဲ့ ဘယ်အတားအဆီးပဲဖြစ်ဖြစ် ကျော်လွှားချိုးနှိမ်လျက် ပန်းတိုင်ဆီသို့ ရွေ့လျားကူးပြောင်းဖို့ လုပ်နိုင်စွမ်းပမာဏ ရှိပါတယ်။ တန်းတူရည်တူဟာ ပါဝါရဲ့အကြောင်းတရားတစ်ခု ဒါမှမဟုတ် အနေအထားရဲ့ပြဿနာတစ်ခု မဟုတ် - ဆိုတာကို သတိရသင့်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

အမျိုးသမီးနဲ့အမျိုးသားဟာ သူတို့ဟာ အသိပညာကို တုံ့ပြန်ဖလှယ်ပေးနေကြတယ်ဆိုတဲ့ တူညီတဲ့ အရေးပါမှုဖြင့် နှလုံးသားကို ဂုဏ်ပြုသင့်ပါတယ်။ သူတို့ဟာ အသိညဏ်နှင့်နှလုံးသားကို ရင်းကြားစေ့ စေ့စပ်ညှိနှိုင်းပေးတဲ့ လမ်းတစ်ခုမှာ အလုပ်လုပ်ဖို့ ကြိုးပမ်းသင့်ပါတယ်။ ပြီးတော့ တစ်ဦးကိုတစ်ဦးအတွက် အတုယူစံနမူနာထားထိုက်သူများ ဖြစ်သင့်ပါတယ်။ အဲဒီနောက် တန်းတူရည်တူနှင့် ညီညွတ်မှုက သဘာဝရဲ့အနီးအနားဝန်းကျင်သို့ ရောက်လာပါလိမ့်မယ်။

အညတရသို့ လားရောက်ပါ။ ဆုံးခန်းရောက်သည့်တိုင် ပထမဦးဆုံးကို ဆက်လက်တည်ရှိစေပါ။ ကလေးငယ် တစ်ယောက်လို အလွန်တရာကောင်းတဲ့ ယုံကြည်မှုနဲ့ သည်းခံမှုအသွင်လက္ခဏာ ပြည့်စုံစေပါ။ ဒါဟာ အကောင်းဆုံးလမ်း ဖြစ်ပါတယ်။
ဒီလိုပဲ အကျွန်ုပ်တို့ဆီ သယ်ဆောင်လာတဲ့ ဘ၀နဲ့ ဘ၀ဆိုင်ရာအတွေ့အကြုံအတွက် အကျွန်ုပ်တို့ရဲ့ သဘောထား ဖြစ်သင့်ပါတယ်။ အဲဒီနောက် အကျွန်ုပ်တို့ဟာ ဆက်လက်လေ့လာသင်ကြားနေရပါလိမ့်မယ်။ အကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာများဟာ ဦးတည်ရာလမ်းကြောင်းအားလုံးမှာ အရွယ်ရောက်ရင့်ကျက်လာပါပြီ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ မဟုတ်။ စကြ၀ဠာ ကြီးကျယ်ချင်ကြီးကျယ်သလောက် စိတ်ပိုင်းဆိုင်ရာအတွက် တိုးတက်ဖို့ သင့်တော်လိုက်ဖက်ဖို့ အကျွန်ုပ်တို့ဟာ ကလေးငယ်တစ်ယောက်ပဲ ဖြစ်လာရလိမ့်မယ်လို့ ထင်ပါတယ်။

ဒီတော့ ကြိုတင် လှုပ်ရှားဆောင်ရွက်ကြပါစို့။ သင့်ရဲ့သက်ဆိုင်ရာနယ်ပယ်အ၀န်းမှာ လူအများရဲ့ဒုက္ခခံစားရခြင်းကို သတိမူပါ။ ပြီးတော့ ကြိုးစားအလုပ်လုပ်ပါ။ လေ့လာသင်ယူဖို့က များစွာပါ။ အကျွန်ုပ်တို့ ပြုလုပ်နိုင်တဲ့ အရာကို ပြုလုပ်ကြပါစို့။

Read more...

ရိုးသားမှု၊ ပွင့်လင်းမှု

(၁)
ဂျပန်နိုင်ငံ၊ မေဂျီခေတ်၊ တိုကျိုမြို့မှာ ထင်ရှားကျော်ကြားတဲ့ ဆရာနှစ်ဦးရှိတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းတော့ မတူကြဘူး။ ရှင်ဂွန်းမြို့က အွန်ရှိုလို့ခေါ်တဲ့ ဆရာတစ်ဦးက မြတ်စွာဘုရားပညတ်ထားတဲ့ အကျင့်သီလတွေကို အပြည့်အ၀ လိုက်နာကျင့်သုံးတယ်။ အရက်၊ ဆေး…စတဲ့ မူးယဇ်စေတတ်တာတွေ မသုံးဘူး။ နေ့ခင်း ၁၁-နာရီကျော်ပြီဆိုရင် ဘာကိုမှ မစားတော့ဘူး။ အင်ပါယာတက္ကသိုလ် ပါမောက္ခတစ်ယောက်ဖြစ်တဲ့ တန်ဇန်းလို့ခေါ်တဲ့ အခြားဆရာကတော့ သီလဆို လုံးဝ ဂရုမစိုက်ဘူး။ စားချင်စိတ်ပေါက်လာရင် စားပစ်လိုက်တာပဲ။ အိပ်ချင်စိတ်ပေါက်လာလို့ကတော့ နေ့ခင်းကြောင်တောင်ကြီးလည်း အိပ်ပစ်လိုက်တာပဲ။

တစ်နေ့မှာ အွန်ရှိုဟာ တန်ဇန်းဆီကို သွားလည်တယ်။ အဲဒီအချိန်မှာ တန်ဇန်းက ၀ိုင်သောက်နေတယ်။ တကယ့်ဗုဒ္ဓဘာသာဆိုရင် ဒါမျိုးကို လျှာဖျားနဲ့တောင် တို့တာ မဟုတ်ဘူး။ တန်ဇန်းက အွန်ရှိုကို တွေ့တာနဲ့ “ဟလို ညီမောင်၊ တစ်ခွက်လောက် သောက်ပါအုံး”လို့ နှုတ်ဆက်လိုက်တယ်။ “ကျုပ်လုံးဝ မသောက်ဘူး”လို့ တည်တည်ကြည်ကြည်နဲ့ ပြန်ပြောလိုက်တယ်။ ဒီတော့ တန်ဇန်းက “ခင်များ မသောက်ဘူးဆိုရင် လူဘယ်ဟုတ်တော့မလဲ”လို့ ပြောလိုက်တယ်။

“ဟာ…. အရက်မသောက်တာနဲ့ ခင်ဗျားက ကျုပ်ကို လူမဟုတ်ဘူးလို့ ဆိုရသလား၊ ကျုပ်က လူ မဟုတ်ရင် ဘာလဲ”လို့ ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ အဲဒီအခါ တန်ဇန်းက စကားတစ်လုံးတည်းနဲ့ ဖြေလိုက်တယ်။ “ခင်ဗျားဟာ လူမဟုတ်ဘူး၊ ဘုရားတစ်ဆူပဲ”။

(၂)
ဒီပုံပြင်လေးအကြောင်း ဆွေးနွေးဖြစ်တော့ သူငယ်ချင်းက “ဒါလေး ဖတ်ပြီးတော့ ဒို့ဆီက ဘုန်းကြီးနှစ်ပါးအကြောင်း သွားသတိရမိတယ်”လို့ ဆိုပြီး ဆက်ပြောပါတယ်။ သူတို့နယ်ဘက်မှာ ဘုန်းကြီးနှစ်ပါးရှိကြောင်း တစ်ပါးက ၀ိနည်းစည်းကမ်းကို အလွန်လိုက်နာတဲ့ ဆရာတော်ကြီးတစ်ပါး။ ဣနြေ္ဒလည်း အလွန်ကြီးတယ်။ သူ့ဆိုရင် တပည့်တွေ၊ ဒကာတွေက အလွန်ကြောက်ကြတယ်။ တစ်ပါးကတော့ စကားပြောတာ ပွင့်ပွင့်လင်းလင်းနဲ့ တည့်ဒိုးပြောတတ်တယ်။ ကွမ်းအလွန်စားတယ်။ ကွမ်းအစ်နဲ့ထွေးခံနဲ့ သွားလေရာ ယူသွားတယ်။ သူ့ထက် ကြီးတဲ့၊ ငယ်တဲ့ ဆရာတွေ လေးလေးစားစား ရိုရိုသေသေ ဆက်ဆံတယ်။ ဒကာဒကာမတွေအပေါ်မှာလည်း အလွန်ငဲ့ညှာတယ်။

ပထမဣနြေ္ဒကြီးတဲ့ ဘုန်းကြီးကို လူတွေကော၊ တပည့်တွေကော ဘယ်သူမှ မလေးစားကြဘူး။ ၀ိနည်းသာ လေးစားတာ၊ စိတ်ကောင်းမရှိဘူးလို့ ပြောကြပါတယ်။ မနာလို၊ ၀န်တိုစိတ်များတယ်။ ဂိုဏ်းဂဏခွဲခြားတယ်။ သူ့ဂိုဏ်းဝင် မဟုတ်ရင် ဘုန်းကြီးမဟုတ်ဘူးလို့ကို ထင်တာ။ အချို့(အချို့) ထေရ၀ါဒဘုန်းကြီးတွေလို နေမှာပေါ့။ ရွှေကျင်မှ ရွှေကျင်၊ ရွှေကျင်ဂိုဏ်းမှမဟုတ်ရင် ဘုန်းကြီးမဟုတ်တော့သလိုလို။ ဆွမ်းအတူမစားချင်တာနဲ့ အတူစကားမပြောချင်တာနဲ့။ တစ်ခါတစ်လေ တချို့(တချို့)ထေရ၀ါဒဘုန်းကြီးတွေက မဟာယာနဆိုရင် တစ်တန်းထဲ မထိုင်ချင်ရတာနဲ့။ ဆွမ်းတစ်ဝိုင်းတည်း မစားချင်ရတာနဲ့။ ကိုယ်က သူတို့ထက် ပိုကျင့်နေရင်လည်း ဟုတ်သေးတယ်။ အခုဟာက ဘာမှလည်း ထူးခြားပြီး ကျင့်တာမရှိဘဲနဲ့ ဟိတ်ဟန်ကြီး လုပ်နေကြတာ။ အချို့(အချို့)ထေရ၀ါဒဘုန်းကြီးတွေက မဟာယာနဆိုတာနဲ့ အထင်သေးချင်ကြတယ်။ တကယ်ဆိုရင် ထေရ၀ါဒထက်တောင် စည်းကမ်းကြီးတဲ့ မဟာယာနတွေရှိတယ်ဆိုတာ မသိကြဘူး။ အခု ဒီဘုန်းကြီးကလည်း အဲ့ဒီလိုပဲ နေတယ်။ အဲဒီတော့ သူ့ကို ဘယ်သူမှ မလေးစားကြဘူး။

နောက်တစ်ပါးကိုတော့ တစ်နယ်လုံးက လေးစားကြတယ်။ ကြည်ညိုကြတယ်။ ဒီနေရာမှာ ကိုယ်မြင်မိတာက ပထမဘုန်းကြီးရဲ့ ပွင့်လင်းတဲ့ ရိုးသားတဲ့ စိတ်ဓာတ်ကိုပဲ။ အစကတော့ စည်းကမ်းမရှိဘူးဆိုပြီး အထင်သေးမိမလို့။ နောက်ဆုံးစကားက သူ့စိတ်ဓာတ်ကို ထင်ဟပ်သွားခဲ့တယ်။

ပထမဘုန်းကြီးက သူ ကျင့်နိုင်လို့ ကျင့်တယ်။ ဒုတိယဘုန်းကြီးက မကျင့်နိုင်လို့ မကျင့်ဘူး၊ ဒါပေမယ့် ကျင့်တဲ့ပုဂ္ဂိုလ်ကို ချီးမွှမ်းတယ်။ အမွှမ်းတင်တယ်။ ကိုယ်မကျင့်နိုင်ဘူးဆိုပြီး ကျင့်တဲ့သူတွေကို အပြစ်မမြင်ဘူး။ “သင်က လူမှ မဟုတ်တာ၊ ဗုဒ္ဓ”တဲ့။

(၃)
“ကိုယ်လည်း သူ့ရဲ့ စိတ်ဓာတ်ကို အတော်လေးစားမိပါတယ်”လို့ စကားရင်း တစ်ယောက်က ထောက်ခံရင်း ပြောလိုက်တယ်။ လောကလူသားတွေအားလုံးရဲ့ နေ့စဉ်ဘ၀တွေမှာ ဒီတရားလေးက ဆိတ်သုဉ်းနေတယ်။ ကိုယ်တော့ မလုပ်နိုင်ဘူး။ လုပ်နိုင်သူက လုပ်လို့ အကျိုးရသွားတဲ့အခါ ချီးမွှမ်းဖို့ နေနေသာသာ အပြစ်ကို ရှာပြီး မကောင်းပြောတတ်ကြတယ်။ ကိုယ့်အပြစ်ကို ဖုံးကွယ်ထားတတ်ကြတယ်။ သူတို့က သူများအပြစ်ကို ပြောရင် ကိုယ့်အားနည်းချက်၊ ကိုယ့်အပြစ်တွေ ပျောက်ကွယ်နေလိမ့်မယ်လို့ ထင်နေတတ်ကြတယ်။ ဒါက မှားနေတဲ့ လူသားတွေရဲ့ အားနည်းချက်တစ်ခုပါပဲ။

ကိုယ့်အမြင်မှာတော့ အပြစ်လုပ်ခြင်း၊ မလုပ်ခြင်း၊ လုပ်နိုင်စွမ်းရှိခြင်း၊ မရှိခြင်း၊ လိုက်နာနိုင်ခြင်း၊ မလိုက်နာနိုင်ခြင်း….အဲဒီဘက်တွေအားလုံးကို သိပ်မကြည့်ချင်ဘူး။ လူတစ်ယောက်ဟာ လုပ်နိုင်တာရှိမယ်၊ မလုပ်နိုင်တာလည်း ရှိမယ်။ အစွမ်းအစရှိတဲ့နေရာ ရှိမယ်။ မရှိတဲ့နေရာ မရှိဘူး။ ဒါက ပြဿနာလို့ မထင်ဘူး။ ပြဿနာက အပြစ်ရှိတာကို မရှိသလို လုပ်ချင်တာ၊ လုပ်နိုင်စွမ်းမရှိဘဲနဲ့ ရှိသလို ဟန်ဆောင်တာ၊ မလိုက်နာနိုင်ဘဲနဲ့ လိုက်နာနိုင်သလို ဟန်လုပ်တာ….ခြုံပြောရရင် ရိုးသားမှုမရှိတာဟာ လောကရဲ့ အကြီးမားဆုံး ပြဿနာပဲ။

(၄)
စကားဝိုင်းလေး ပြီးသွားတော့မှ သိမ်မွေ့အေးမြသော လေနုအေးလေးတွေ တိုက်ခတ်နေတာကို သတိပြုမိလိုက်ပါတယ်။ ကောင်းကင်ယံမှာ ကြယ်တစ်လုံးက ကြွေကျသွားတာ တွေ့လိုက်တယ်။
0 comments

Read more...

*ပုထုဇဉ်တို့ မသိနိုင်သော အရာငါးမျိုး*

/01/2011 တောသားလေး , Posted in , 0 Comments

ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံဂတိ-
ဟူသော ဒေသနာအတိုင်း ပုထုဇဉ်တို့ ကြိုတင်မသိနိုင်သော အရာငါးမျိုးတွင် သေခြင်းနှင့် သက်ဆိုင်သောအရာက ငါးမျိုးလုံး ဖြစ်နေသောကြောင့်ဟု ဖြေပါမည်။ ၎င်းငါးမျိုးမှာ-
၁။ ဘယ်အသက်အရွယ်မှာ သေမည်ဟု မသိနိုင်၊
၂။ ဘယ်အနာရောဂါနှင့် သေမည်ဟု မသိနိုင်၊
၃။ နံနက်၊ နေ့လည်၊ ည ဘယ်ကာလ မှာသေမည်ဟု မသိနိုင်၊
၎။ ဘယ်င်္သချိုင်းမှာ ချမည်ဟု မသိနိုင်၊
၅။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု မသိနိုင်ခြင်းတို့ ဖြစ်ပေသည်။
ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်၊ သေခြင်းတရားသည် ရုတ်တရက် ဆိုက်ရောက်လာနိုင်သည်ဟူ၎င်း၊ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ၊ “ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်ခြင်းသည် အမြဲမရှိ” ဟူ၍၎င်း ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။
မေတ္တာရှင်(ရွှေပြည်သာ) အသေမြတ်ချင် သေနည်းသင် စာအုပ်မှ-
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

A Child Learning First - ပညာသင်ဦးစ သူငယ်ကလေး

သူငယ်ကလေး၏ အမည်မှာ မောင်ဌေးလွင် ဖြစ်၏။ ယောက်ျားပီသ၍ ဥပဓိနှင့် ပြည့်စုံသူ ဖြစ်၏။ သွက်လက်၏။ ချက်ချာ၏။ ရုပ်ရည်သန့်၏။ ခန့်၏။ ဖျတ်လတ်သောဉာဏ် ရှိပုံပေါ်၏။ အသား မဖြူမညို ရှိသည်။ မျက်လုံးမျက်ခုံး နှာတံ ပေါ်လွင်၏။ မျက်နှာရွှင်လန်းသည်။ ဒေသ၏ ယဉ်ကျေးမှုအတိုင်း ဆံရစ်ဝိုင်း ဆံထုံးကလေးနှင့် ချစ်စဖွယ် ဖြစ်၏။ မိဘများမှာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၏ တောင်ဘက် ၀က်လက်မြို့နယ် သရိုင်ရွာမှ ဦးဇောတိ ဒေါ်အုန်းလှိုင်တို့ ဖြစ်ကြသည်။

ဇေယျတု၊ သက္ကရာဇ် ၁၂၆၁ - ခု၊ တပို့တွဲလပြည့်ကျော် ၁၄ - ရက်၊ အင်္ဂါနေ့ မြန်မာနေ့ ၁ - ချက်တီးကျော် အချိန်တွင် သတို့သားကို မာတာမိခင် ဖွားသန့်စင်သည်၊ သက်လျှင် ရာကျော် ရှည်စေသောဝ်။

ထိုစဉ်က သရိုင်ရွာ ပင်းကျောင်းကြီး၏ ကျောင်းထိုင်မှာ ဆရာတော် ဦးဇနိတ ဖြစ်၏။ ဦးဇနိတသည် တောမှာ ကျောင်းထိုင်သော်လည်း နှယ်နှယ်ရရ မဟုတ်ပေ။ မန္တလေးမြို့ ရွှေကျင်ကျောင်းတိုက်ကြီး၌ စာချ ဓမ္မာစရိယ ဖြစ်တော်မူခဲ့ပြီး အေးအေးချမ်းချမ်း နေလို၍ သရိုင်ရွာသို့ ကြွရောက်ကျောင်းထိုင်တော်မူခြင်း ဖြစ်၏။ ဤသည်ပင်လျှင် မောင်ဌေးလွင်ဟူသော သာသနာ့ အညွန့်အညှောက်ကလေး သန်မာလာဖို့ အခြေခံအကြောင်းတစ်ရပ် ဖြစ်ခဲ့လေသည်။


ထိုစဉ် တစ်နေ့ . . . . . ။ အချိန်ကား ၁၂၆၇ ခုနှစ် ဆောင်းတွင်းကာလ ဖြစ်၏။ မိခင်က ဆွမ်းအုပ်နီကြီးကို ခေါင်းပေါ်ရွက်၊ အသက်အားဖြင့် ခြောက်နှစ်ခန့်မျှသာ ရှိသေးသော သားသူငယ်ကို လက်ကဆွဲ၍ ကျောင်းဝင်းထဲသို့ ၀င်လာချေပြီ။ ဆရာတော်ကြီးအား အပ်နှံရန် ဖြစ်၏။ ဆရာတော်ကြီး၏ စိတ်တွင် ကြည်လင်ရွှင်ပြသွားလေသည်။ သူငယ်ကိုကြည့်၍ ပီတိလည်း ဖြစ်နေ၏။ ဓာတ်ချင်းဟပ်လေသလော မပြောတတ်။ ရင်တွင်း၌ တလှပ်လှပ် ခံစားနေရသည်။ စောင့်စားခဲ့ရသော အချိန်ကား ရောက်လာခဲ့ပြီတည်း။

ပညာသင်ဦးစ သူငယ်ကလေး။ ။ သူငယ်ကလေး ရောက်လာအပ်နှံသည်မှစ၍ ပင်ကျောင်းဆရာတော်ကြီးမှာ ကြောင့်ကြမဲ့ မနေသာတော့ချေ။ ဦးစွာပထမ မောင်ဌေးလွင်ကလေးကို ဆောင့်ကြောင့်ထိုင် လက်အုပ်ချီစေ၍ ဆရာတော်ကြီးက ပီပီသသ “နမော ဗုဒ္ဓါယ သိဒံ္ဓ”ဟု တိုင်ပေးတော်မူ၏။ မောင်ဌေးလွင်လေးက လိုက်၍ ဆိုရသည်။ ဤသည်မှာ ပုဂံခေတ်မှစ၍ တွင်ကျယ်လာခဲ့သော ရှေးဆရာတော်ကြီးများ၏ ပဏာမ ဘုရားရှိခိုးပင် ဖြစ်၏။ (ဗုဒ္ဓါယ = မြတ်စွာဘုရားအား၊ နမော = ရှိခိုးပါ၏၊ သိဒံ္ဓ = အရာရာ ပြီးမြောက်ပါစေသတည်း-ဟု ဆိုလို၏။) ဗုဒ္ဓဘာသာဝင်များ ဖြစ်၍ ဘုရားကို ဦးစွာ ရှိခိုးလိုက်ခြင်း ဖြစ်ပေသည်။ ရှိခိုးလိုက်သည့်အတွက် “အရာရာ ပြီးမြောက်ပါစေသတည်း”တဲ့။ ဆုတောင်းမှု ပါပါသည်။

ကံ့ကူလက်လှည့်ဆရာတော်။ ။ ထို့နောက် ပင်းကျောင်း ဆရာတော်ကြီးက ထုံးစံအတိုင်း သင်နည်းစနစ်ကို စလေသည်။ ကျောင်းသို့ ရောက်လာစ ကလေးသူငယ်တို့အား လက်ကိုင် သစ်သားသင်ပုန်း မဲမဲကြီးပေါ်တွင် ၀ိုင်းစက်နေအောင် ၀လုံးရေးကျင့်စေသည်မှာ ထုံးစံဖြစ်၏။ ယခု မောင်ဌေးလွင်ကလေးလည်း ဤအတိုင်း လေ့ကျင့်နေရပြီ။ မောင်ဌေးလွင်ကလေးက ကံ့ကူတံကို ကောင်းကောင်း မကိုင်တတ်သောအခါ ဆရာတော်ကြီးက “ဒီလို ကိုင်ရတယ်ကွ”ဟု မိန့်ဆိုကာ မောင်ဌေးလွင်၏ လက်ကလေးကိုပါ အုပ်ကိုင်ပြီး ရေးပြသည်။ ကံ့ကူတံကို နိုင်နိုင်ကိုင်တတ်လာသောအခါ မောင်ဌေးလွင်ကလေး ၀မ်းသာသွားရ၏။ ထို့ပြင် ဆရာတော်ကြီးက အနားမှာ ထိုင်၍ ထပ်မံ သတိပေးပြန်သည်။

“ဟိုး မိုးပေါ်က လမင်းကြီးကို မင်း မြင်ဖူးတယ် မဟုတ်လား။ အေး။ ၀လုံးကို ရေးတဲ့အခါ အဲဒီ လမင်းကြီးလို ၀ိုင်းနေအောင် ရေးရတယ်ကွ။ အခု မင်းရေးတဲ့ ၀လုံးက ဘဲဥလိုလို ကြက်ဥလိုလို ရွှေစောင်းစောင်း ဖြစ်လိုက်၊ သြဇာသီးလို မ၀ိုင်းတ၀ိုင်း ဖြစ်လိုက်နဲ့။ ပြီးတော့ အစလေးတွေလည်း ကျန်ကျန်နေတယ်။ ဘယ်ဟာအစ ဘယ်ဟာအဆုံးမှန်း မသိအောင်၊ ဆက်မိသွားအောင် ရေးရတယ်ကွ”ဟူ၍ ဖြစ်သည်။

ထိုနေ့က မောင်ဌေးလွင်ကလေး ကျောင်းမှ ပြန်လာသောအခါ မိခင်က အပြုံးဖြင့် ပွေ့ဖက်ပြီး ဆီးကြို၏။ “သား ဒီနေ့ ဘာစာတွေ သင်ရသလဲ”ဟု မေးသောအခါ “နမော ဗုဒ္ဓါယ သိဒ္ဓံ ဆိုရတယ်။ ပြီးတော့ ၀လုံးရေးရတယ်။ သား ၀လုံးရေးတတ်ပြီ။ စာတွေ တတ်ပြီပေါ့”ဟု ဖြေသဖြင့် မိခင်က သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်တော့၏။ မောင်ဌေးလွင်ကလေးကား သူ့မိခင် ဘာ သဘောကျ၍ ရယ်သည်မသိ။ ပြူးကွက်ကွက်လေး ပြန်၍ ကြည့်နေသည်။ သူ့အထင်နှင့်သူ ၀လုံးရေးတတ်ရင် ပြီးပြီ။ စာသင်စရာ ကုန်ပြီ ထင်၍ ဖြေနေခြင်း ဖြစ်၏။

တစ်ဆင့်တစ်ဆင့် မြင့်ထက်မြင့်။ ။ နောက်တစ်နေ့လည်း မိခင်က ကျောင်းကို လိုက်၍ ပို့ရှာ၏။ ဆရာတော်ကြီးက ၀လုံးကိုပင် တည်တည်ငြိမ်ငြိမ်နှင့် ၀ိုင်းဝိုင်းစက်စက် ရေးတတ်အောင် ဆက်လက်လေ့ကျင့်စေသည်။ ဤနည်းဖြင့် ၀လုံးကောင်းကောင်း ရေးတတ်သောအခါ နောက်နေ့များတွင် “ကကြီး - ခကွေး” စသော ဗျည်း ၃၃-လုံးကို ရေးပြသည်။ ထို့နောက် ဆရာတော်ကြီးက တစ်လုံးချင်း လက်ဖြင့်ထောက်ပြ၍ အသံထွက်ပုံကို ရှေ့ကတိုင်ပေးသည်။ မောင်ဌေးလွင်ကလေးက နောက်ကလိုက်၍ ဆိုရသည်။ နှုတ်တက်ရအောင် ကျက်မှတ်စေသည်။ ငါးလုံးတစ်စု ငါးလုံးတစ်စု ပိုင်း၍ ကျက်မှတ်ရ၏။ တစ်စုရမှ ရှေ့တစ်စု တိုး၍ ကျက်မှတ်စေသည်။ ပြီးလျှင် နောက်ကပါ ပေါင်း၍ တစ်စုတစ်ရုံးတည်း ရအောင် ဆိုရပြန်၏။

အခြေခံဗျည်း ၃၃-လုံးကို အသံပီသအောင် ဆိုနိုင်သောအခါ မောင်ဌေးလွင်ကလေးမှာ ပျော်နေတော့၏။ သူ့ဘ၀တွင် မကြုံးဖူး မကြားဖူးတဲ့ အသံတွေ ဆိုတတ်နေပြီဟု ကျေနပ်အားရနေသည်။ အိမ်ပြန်ရောက်သောအခါ သူ့မိခင်အား ပီပီသသ ဆိုပြနေ၏။ “သား သင်ရတဲ့ စာထဲမှာလေ ကြီးလေးကြီး ပါတယ်ဗျ။ ဟော ကကြီးတဲ့။ ဃကြီးတဲ့။ ဏကြီးတဲ့။ ဠကြီးတဲ့။”

ထို့နောက်ရက်များတွင် “ကကာ ကိကီ ကုကူ ကေကဲ”စသော အခြေခံ မြန်မာသင်ပုန်းကြီးကို တစ်ဆင့်တက် ပေးပြန်လေသည်။ အခြေခံ သင်ပုန်းကြီးတွင် အသံဟူသမျှ အစုံအလင် ပြထား၏။ အပင့် အရစ် ၀ဆွဲ ဟထိုး အသတ် အကုန်အစင် စုံလင်အောင် သင်ပေးပြီးသောအခါ ဆရာတော်ကြီးက သုံးလေးလုံး၊ လေးငါးလုံး၊ ကိုးလုံးဆယ်လုံးမျှ ပါဝင်စေလျက် ဖွဲ့ကုံးထားသော မြန်မာစကားပြေ ၀ါကျတိုတို ကလေးများကို အစမ်းသဘောဖြင့် ဖတ်ကြားစေသည်။ မောင်ဌေးလွင်ကလေးကလည်း စမ်း၍ စမ်း၍ ဖြည်းဖြည်းဖတ်ရ၏။ မဖတ်တတ်သည်တို့ကို ဆရာတော်ကြီးက ဖေး၍ ကူ၍ ထောက်ပေး၏။

ထို့ပြင် ၀ါကျတိုတိုကလေးများဖြင့် ရေးထားသော ဗုဒ္ဓ၀င် အကြောင်းအရာ အတိုအထွာ ကလေးများကိုလည်း ဖတ်ရ၏။ သံပေါက်ဖြင့် ရေးထားသော ဆုံးမစာ ကဗျားများကိုပါ ဖတ်ကြားရသည်။ ဖတ်ပါများသော် ရဲလာ၏။ ချောအောင်လည်း ဖတ်တတ်လာသည်။ ဖတ်တတ်လေ ၀မ်းသာရလေ ဖြစ်လာ၏။


စာ - ၉၊ ၁၀၊ ၁၁၊ အရှင်ဇနကာဘိဝံသ ၏ တစ်ဘ၀သာသနာ”
ဆရာတော် ဦးဃောသိတ ရေး၊ တတိယအကြိမ်ထုတ်၊ ၂၀၀၀ ခုနှစ်၊ မေလ၊ မဟာဂန္ဓာရုံစာပေ။
(စကားစပ် တစ်လုံးနှစ်လုံး ဖြည့်စွက်ပြီး စာစဉ်ရှေ့နောက် အနည်းငယ် ပြောင်းပါသည်။)

Read more...

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (နိဒါန်း)

မဟာဗောဓိစေတီတော်
၂၀၁၀ ဒီဇင်ဘာလက ဗုဒ္ဓဂါယာကို ဘုရားဖူး ခရီးထွက်ဖြစ်တယ်။ အဲဒီခရီးက တစ်ချို့ အကြောင်းအရာတွေကို စာရေးမယ်လို့ ခရီးသွားစဉ်က စိတ်ကူးခဲ့ပေမယ့် အတွေးတစ်မျိုးကြောင့် မရေးဖြစ်ပြန်ဘူး။ နောက်တော့ ကိုယ်နှင့် သိတဲ့ ဒကာ ကိုစိုးထွန်းနှင့် ဒကာ ဝိမုတ္တိသုခတို့ကို အဲဒီအကြောင်း ရေးရလျှင် ကောင်းမလားလို့ မေးကြည့်မိတော့ ကောင်းပါတယ်လို့ သူတို့တွေက ဖြေကြတယ်။ ဒါနှင့် ကိုယ် ဘုရားဖူးသွားခဲ့တဲ့ နေရာအချို့ အကြောင်း (အပိုင်းလိုက်) ရေးတင်ဦးမည်လို့ ယခင် စိတ်ကူးကို ပြန်ကောက်မိပါတော့တယ်။

ဘုရားဖူးခရီးစဉ်
မြန်မာပြည်က အိန္ဒိယ ဘုရားဖူး ခရီးသည်တွေဟာ များသောအားဖြင့် ဂယာမြို့ကို တိုက်ရိုက်လာကြတယ်။ ဂယာမြို့က ဘုရားပွင့်တော်မူရာ အထိမ်းအမှတ် အသောကမင်းတရားကြီး တည်ထားတော်မူခဲ့တဲ့ မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တဋ္ဌာန၊ အဲဒီ အနီးတစ်ဝိုက်က ဒုက္ကရစရိယာ ကျင့်တော်မူခဲ့ရာ တောင်နှင့် လှိုင်ဂူ၊ သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူရာ နေရာ၊ နေရဉ္ဖရာမြစ်ထဲသို့ ရွှေခွက်မြှောရာ နေရာ၊ သုပ္ပိယငစင် မြက်ရှစ်ဆုပ် လှူရာ နေရာတို့ကို ရှေးဦးစွာ ဖူးမျှော် လည်ပတ်ကြပါတယ်။

ဂယာမှာ အေးအေးသက်သာ ဖူးမျှော်၊ နားနေပြီးမှ တစ်ခြားသော ဘုရားဖူးရာ နေရာတွေကို လိုက်လံ ဖူးမျှော်ကြပါတယ်။ ဗုဒ္ဓဂယာမှ ထွက်ပြီး အခြားမြို့ရွာတွေက ဘုရားဖူးရာ နေရာတွေကို သွားတဲ့အခါ မြန်မာဘုရားဖူးတွေ အခေါ် လက်ျာခရီးနှင့် လက်ဝဲခရီးလို့ နှစ်မျိုး ရှိပါတယ်။ ကားဖြင့် ဗုဒ္ဓဂယာမှသည် ဗာရာဏသီ၊ သာဝတ္ထိ စသည်အတိုင်း လှည့်လည်ပါက လက်ျာခရီးလှည့်လည်ခြင်းလို့ ဆိုကြပြီး၊ ဗုဒ္ဓဂယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော်ကြတာကိုတော့ လက်ဝဲခရီးလို့ ဆိုကြပါတယ်။ အဲဒါကတော့ ဘုရားဖူးခရီးစဉ်အတွင်း ညအိပ် တည်းခိုကြမည့် နေရာ (ဘုန်းတော်ကြီးကျောင်း)ရဲ့ ခရီးသည် ရောက်ရှိ တည်းခိုနေတဲ့အပေါ် အခြေအနေကြည့်ပြီး လှည့်လည်ကြရတာလို့ ဆိုပါတယ်။ တည်းခိုတဲ့ ကျောင်းတွေမှာ ခရီးသည် ပြည့်ကြပ်နေတာမျိုး ဖြစ်မှာကို ရှောင်တဲ့ သဘောပါတဲ့။ စာရေးသူနှင့် ခရီးဖော်တွေ လှည့်လည်ခဲ့ကြတာကတော့ လက်ဝဲခရီးပါ။

စာရေးသူတို့ လှည့်လည်ခဲ့ကြတာကတော့ ရက် အလွန်နည်းလွန်းပါတယ်။ လေးညအိပ်၊ ငါးရက်ခရီးမို့ ခရီးပန်းသလို အေးအေး ဆေးဆေးကြည့်ရှု လေ့လာဖို့၊ စိတ်ကြိုက် ဘုရားအာရုံပြုဖို့ သိပ် အဆင်မပြေလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်သွားခဲ့ရတာပါ။ ဓာတ်ပုံများများ ရိုက်ပြီး ပြီးမှ ပြန်အာရုံပြု ကြည်ညိုရပါတော့တယ်။ ကားသမားကတော့ လိုက်ပို့နေကြသူမို့ မိမိတို့အဖွဲ့က တစ်လုံးတစ်ပါဒမျှ ပြောစရာ၊ လမ်းညွှန်စရာမလိုပါဘူး။ ခရီးလမ်းစဉ်အပါအဝင်၊ ဘယ်မြို့ ဘယ်နေရာမှာ မြန်မာကျောင်း ရှိတယ်ကစလို့ အားလုံးကို နောကျေနေသူမို့ အဆင်ပြေပါတယ်။

မဟာဗောဓိ စေတီတော်အတွင်း ရုပ်ပွားတော်
ဘုရားဖူးသွားသင့်တဲ့ အဓိက နေရာများ
ဘုရားဖူးသွားသင့်တဲ့ နေရာတွေကတော့ သံဝေဂတရား ရစေတတ်တဲ့ အဓိကလေးနေရာပါ။ သံဝေဇနိယ လေးဌာနလို့ ခေါ်ကြပါတယ်။ အဲဒီ လေးနေရာကို အလွယ်တကူ မှတ်မိလွယ်အောင် “ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယ” လို့ လင်္ကာလေး စပ်ပြီး ပြောကြပါတယ်။ အဲဒီမှာ

ဖွား” ဆိုတာက ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၊
ပွင့်” မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြင့်ဆုံး အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာ မဟာဗောဓိ (ပုဒ္ဓဂယာ)၊
ဟော” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြတ်ဆုံးသော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာ မိဂဒါဝန်၊ (ခုခေတ် ဆရဏာတ်၊ ဗာရာဏသီ)
စံ” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ခန္ဓာအကြွင်းအကျန်မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ တို့ ဖြစ်ပါတယ်။ ဒီလေးဌာနကို သံဝေဂရစေတတ်တဲ့ နေရာမြတ်တွေအဖြစ် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ မိန့်ကြားတော်မူခဲ့တာပါ။ (မဟာပရိနိဗ္ဗာနသုတ်)။

ဘုရားဖူး ခရီးစဉ်အတွင်း ထားရမည့် စိတ်ထား
ဘုရားဖူး ခရီးစဉ်သွားတော့မည် ဆိုလျှင် ဘယ်လိုစိတ်ထားမည် ဆိုသည်ကို ကြိုတင် ပြင်ဆင်သင့်ပါတယ်။ ပြင်မလာရင်တော့ ငွေကုန် လူပန်းသလောက် အကျိုး မရနိုင်ပါဘူး။ ကိုယ့်မိသားစုချည်း လာကြတာ မဟုတ်ရင် မပြောပလောက်တဲ့ ကိစ္စလေးတွေနှင့် စိတ်ဆိုးကြ၊ စိတ်ကောက်ကြ၊ မနာလို ဝန်တိုမှုတွေဖြစ်ကြ၊ ပြိုင်ကြ ဆိုင်ကြနှင့် “ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာ” ဖြစ်ကြရတတ်ပါတယ်။ ဥပမာ အတ္တကြီးသူက ဘယ်ရောက်ရောက် အကောင်းဆုံး နေရာချည်း ပြေးပြေးယူတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာတို့၊ ကားပေါ်မှာ နေရာကောင်း လုရင်း စကားများကြရတာ ဒါမှမဟုတ် စကားမပြော ဖြစ်ကြရတတ်တာ စသည်ဖြင့်ပါပဲ။ ဒါတွေက ဖြစ်နေကျ ပြဿနာတွေလို့ ဗာရာဏသီက ဆရာတော် တစ်ပါးက ဆိုပါတယ်။

မဟာဗောဓိစေတီတော်မှာ ပူဇော်ဖို့ ပြင်နေကြသူ တစ်စု
တစ်ချို့ကလည်း ဘုရားဖူးခရီးလား ဈေးဝယ်ထွက်တဲ့ ခရီးလား မကွဲကြဘူးလို့ ဒေသခံလို ဖြစ်နေတဲ့ ဆရာတော်တစ်ပါးထံကနေ သိခဲ့ရပါတယ်။ တစ်ချို့ကြတော့လည်း ဘုရားဖူးဖို့ စိတ်က နည်းနည်း၊ နိုင်ငံခြားဆိုပြီး ထွက်ချင်ဇောကများများနှင့် ထွက်လာလိုက်တာ အိန္ဒိယ လူနေမှုကြည့်ပြီး စိတ်တစ်ပျက်ထဲ ပျက်ကြသူတွေ အကြောင်းလည်း ကြားဖူးပါတယ်။ အိန္ဒိယမှာ အစိုးရက ချမ်းလည်း ချမ်းသာ၊ တော်တော်လည်း ကောင်းပေမည့် လူဦးရေ များလွန်းတာကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့က နှစ်ပေါင်း အများကြီး လိုဦးမှာပါ။ ဘုရားဖူးသွားရာ နေရာတွေ (အထူးသဖြင့် ဘီဟာပြည်နယ်)ဟာ ခုခေတ်မှာတော့ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်ပါ။ ဒါကြောင့် ဘုရားဖူးစိတ်ကို သန်သန်ကြီး မွေးမထားလို့ကတော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်မှာပါ။ စင်္ကာပူလို နိုင်ငံတွေကို ခရီးလည် ထွက်ရတာနှင့်တော့ လုံးဝ လုံးဝ မတူနိုင်ပါဘူး။ ဘုရားဖူး ခရီးကို အလည်အပတ်ခရီးနှင့် မရောထွေးပို့ အရေးကြီးကြောင်း ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ ဒီနေရာတွေဟာ ရှေးဟောင်းနေရာတွေချည်းပါပဲ။ ဒီတော့ ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ရှေးဟောင်း အဆောက်အဦး အပြို အပျက်တွေချည်း မြင်ရမှာပါ။ ဒီတော့ ကိုယ်လာရင်း ခရီးမှာ ထားရမည့် စိတ်ထားကို မေ့နေလို့ကတော့ အုတ်ကျိုး အုတ်ပဲ့ အုတ်ပုံတွေကို လာကြည့်ရသလိုပါလို့လည်း တွေးမိတတ် မြင်မိတတ်ပါတယ်။

ဒါကြောင့် ဒီခရီးကို သွားတော့မယ်ဆိုရင် ဘုရားဂုဏ်တော် (ရတနာသုံးပါးဂုဏ်တော်) များများထုံဖို့ ပွားဖို့နှင့် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခနှင့် အစိုးမရခြင်း အနတ္တသဘောကို များများကြီး နှလုံးသွင်းကာ သွားသင့်ကြောင်း သတိပြုပြီး စိတ်ကို ပြုပြင်ထားသင့်ပါသည်။
ဘုရားရှိခိုး ရွတ်ဆိုနေကြတဲ့ တိဗက်ရဟန်းတော်များနှင့် ဆည်းကပ်သူအချို့
တစ်ချို့ကတော့ ဘုရားဖူးခရီးသွားပြီးလျှင် သေလျှင် အပါယ်မကျကြောင်း၊ နတ်ပြည်ရောက်မည့်အကြောင်း ပြောသံကြားလို့ လာကြသူတွေလည်း နည်းလှမယ် မထင်ဘူး။ ဒါနှင့် ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်လေးကို မဟာပရိနိဗ္ဗာနသုတ်တော်မှ ကောက်နှုတ်တင်ပြရလျှင် -

“အာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်း၊ ရဟန်း မိန်းမ၊ ဥပသကာ၊ ဥပါသိကာမတို့သည် “ဤအရပ်၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏၊” “ဤအရပ်၌ မြတ်စွာဘုရား အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာ တရားကို ဟောတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် ခန္ဓာအကြွင်းအကျန် မရှိသော ငြိမ်းခြင်းသဘောရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏” ဟု အောက်မေ့ သတိယပြီး လာရောက်ကြကုန်လိမ့်မည်။ အာနန္ဒ၊ စေတီ ပုထိုးတို့ကို ဖူးမျှော်ရန် လှည့်လည် သွားလာသော သူတို့သည် ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ့။ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြရကုန်လိမ့်မည်”။

အဲဒီ ဟောကြားချက်မှာ “ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ” ဆိုတဲ့ စကားရပ်ကို သတိပြုသင့်ပါတယ်။ ကြည်ညိုတဲ့ စိတ်နှင့် ကွယ်လွန်မှ နတ်ပြည်ရောက်မှာပါ။ သွားဖူးရုံ ရောက်ဖူးရုံနှင့်တော့ သို့မဟုတ် ကွယ်လွန်ခါနီး ဆဲဆဲမှာ မကောင်းတဲ့ အာရုံ၊ မကောင်းတဲ့ စိတ်တွေနှင့် ကွယ်လွန်သွားလို့ကတော့ နတ်ပြည် မရောက်နိုင်ပါဘူး။ ဒီလို အဓိပ္ပါယ်ကောက်မှလည်း အခြားသော ဗုဒ္ဓရဲ့ ဟောကြားချက်တွေနှင့် ကိုက်ညီမှာပါ။ ဒါကြောင့် ခရီးမသွားခင် ကတည်းက ခရီးစဉ်အတွင်း ထားရမည့် စိတ်ထားကို ကြိုးစားကာ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုချင်ပါတယ်။

ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။

ဘုန်းဉာဏ်

Read more...

ဘုရားပုံတော်

အရှင်ဘုရား-

ဤခေတ်ဘုရားပုံတော်များမှာ နားရွက်တော် ပခုံးတော်ထိ ရှည်လျားစွာ ဖူးတွေ့နေရပါသည်။ မြတ်စွာဘုရား၏ နားတော် ထိုမျှ ရှည်လျားနေလျှင် အတုမရှိ သပ္ပာယ်လှသည့်ပုံတော် မဖြစ်နိုင်ပါ။ သက်တော်ရှိသည့် တကယ့် ဘုရားရှင်မှာထိုကဲ့သို့ ဟုတ်၊ မဟုတ် ဖြေကြားတော်မူပါ ဘုရား။

ဦးလှဟန်(ဖားအံ)

ဤပြဿနာကို သမန္တစက္ခုဒီပနီကျမ်းလာအတိုင်း ရေးသားဖြေဆိုပါမည်။သမန္တစက္ခုကျမ်း၌ ဘုရားသခင် ရုပ်တုတော်များမှာ အဘယ်အကြောင်း ကြောင့် နားရွက်တော်ကို အလွန် ရှည်လျားစွာ ထုလုပ်လေသနည်း ဟူရာ၌သက်တော်ထင်ရှားရှိသော ဘုရားကိုယ်တော်စစ်ကပင် နားရွက်တော် ရှည်သောအဖြစ်ကို အသီတာနုဗျဉ္စနလက္ခာတော် အရာ၌ အာယတာရုစိကဏ္ဏရှည်သောနား၊ နှစ်လိုဖွယ်သော နားရှိသောအဖြစ်ဟု ဆိုသည်။

ဤသို့ဆိုသော လက္ခဏာတော်ကို ထောက်၍ ရုပ်တုတော် များမှာလည်း ကျမ်းဂန်နှင့်ညီအောင် နားရွက်တော်ကို အရှည်ထား၍ ထုလုပ်လေသည်။ (၎င်းင်းကျမ်း-၃၃၁)

သမန္တက္ခုဒီပနီကျမ်းမှာ ကုန်းဘောင်ခေတ် ဘကြီးတော် လက်ထက် မုံရွေးဇေတ၀န် ဆရာတော်ဘုရားကြီး ဆုံးဖြတ်တော်မူသော ကျမ်းဖြစ်ရာ ယခု ပညာရှိ ဆရာတော် သံဃာတော်တို့လက်စွဲ ကျမ်းတစ်ကျမ်းပင် ဖြစ်ပါသည်။

ထိုကျမ်းတွင် မြတ်စွာဘုရား၏ နားတော်နှင့်စပ်၍ အထက်ပါအတိုင်း စတင်ဖြေကြားတော်မူလျက် ရုပ်တုတော်

စနစ်များကို ပြဆိုကာ ပဉ္စဟတ္တာ စသည်ဖြင့် ရှည်ခြင်းငါပါး စသည့် ဆင်းတုတော် စနစ်များကို မှတ်သားဖွယ် ဖြေကြားထားပါသည်။ ဤတွင် အကျယ်မရေးသားပါ။ မေးလိုရင်း နားတော်အကြောင်းကိုသာ ဖြေဆိုပါမည်။ဖော်ပြပါအတိုင်း နားတော်ရှည်ခြင်းမှာ မြတ်စွာဘုရား၏ လက္ခဏာတော် တစ်ပါး ဖြစ်သော်လည်း အာယတာရုစိကဏ္ဏ နှစ်လိုဖွယ်ရှည်သောနားဟု ဆိုသဖြင့် အလွန်တင့်တယ် သပ္ပာယ်စွာ ရှည်မှုကိုသာ ဆိုလိုပါသည်။

ဦးလှဟန်၏စာ၌ သပ္ပာယ်လှသည့်ပုံတော် မဖြစ်နိုင်ပါ ဆိုသည်ကို ထောက်သဖြင့် နှစ်လိုဖွယ် ရှည်လျားမှုထက်ပိုမို နေသည်ဟု ဆိုလိုသဖြင့် ဤခေတ် ရုပ်တုတော်၊ ပန်းချီပုံတော်များမှာ လိုအပ်သည်ထက် ရှည်လျားနေသည်ဟု ညွှန်ပြလိုဟန် ရှိပါသည်။

မှန်ပါသည်။ ဘုရားပုံတော်တွေ့သမျှ (ရုပ်တုတော်တိုင်း မှာပင်) နားတော်သည် ပခုံးသို့ထောက်၍ နေသည်သာများပေသည်။

ဤသည်မှာလည်း အကြောင်း ရှိပေသည်။

တစ်ခါက ဒါယကာတစ်ဦးသည် ရပ်တော်မူရုပ်ပွားတော်ကြီး တစ်ဆူကို ဖူးမြော်ရာ ရုပ်ပွားတော်ကြီး၏လက်တော်၌ လက်ညှိုးတော်နှင့် လက်မတော်အကြားတွင် အသီးကလေးရှည်မျောမျောတစ်လုံး ကိုင်တော်မူထားဟန်ကိုတွေ့ရ၍သူ ကိုးကွယ်သော ဆရာတော်ဘုရားကြီးအား မြတ်စွာဘုရား၏လက်တော်တွင် မည်သည့် အသီးကလေးကို မည်သည့်အတွက် ကိုင်ထားကြောင်း သိလိုပါသည်ဟု လျှောက်ထားရာ ဆရာတော်ကြီးကမြတ်စွာဘုရားဖြစ်တော်မူစက သိကြားမင်းဆက်သသော ကြဇုသီးကို ဘုဉ်းပေးကြောင်း စာရှိသဖြင့် ကြဇုသီးပုံဖြစ်ဟန်ရှိကြောင်း မိန့်ကြားတော်မူပြီးနောက် ဘုရားထုလုပ်သူ ကျောက်ဆစ်ဆရာနှင့်တွေ့ ၍ ထိုကြဇုသီးပုံ ဟုတ်၊ မဟုတ်မေးရာ ကျောက်ဆစ်ဆရာက- ကြဇုသီးပုံ ဟုတ်၊ မဟုတ်တော့ မသိပါ။ လက်ညှိုးနှင့်လက်မ မထိဘဲ ထုရလျှင် လက်ညှိုးမခိုင်ဘဲ ကျိုးသွားဖွယ်ရှိ၍ အခုကလေး ချန်ထား ထုလုပ်ရကြောင်းပါဟု လျှောက်ထားသည်ဟူသတည်း။

ဤစကားအတိုင်းပင် ဤခေတ် ကျောက်ဆင်းတုများမှာလည်း နားရွက်တော်ကို ပခုံးထိမထားလျှင် အထိအခိုက်မခံကျိုးပဲ့ သွားစရာရှိ၍ ပခုံးထောက်ထားဟန်တူပါသည်။တကယ့် သက်တော် ထင်ရှားဘုရားမှာ ထိုကဲ့သို့ ဦးလှဟန် လျှောက်သည့်အတိုင်း သပ္ပာယ်လှသည့်အသွင် ပျက်မျှရှည်လျားမည် မဟုတ်ဟု ယုံကြည်ပါသည်။ထို့ပြင် နားတော်ရှည်ပုံမှာလည်း ရုပ်တုတော်ပုံတော်တိုင်း လိုပင် အဖျားချွန်၍ နေသည်မှာလည်း သဘာဝမကျလှ။ ရှည်သော နားဟူသည်မှာ နားပျဉ်း၊ နားသီးအနေဖြင့် ရှည်လျားသွယ်လျစွာ လှပရုံမျှ ဖြစ်စရာ ရှိပါသည်။ လည်ရေးတော်အထိ ရှည်ရုံဆိုက တင့်တယ်လှပါ၏။ နားတော်အထိ ရှည်စရာ မလိုပါ။ ကျောက်ဆစ်ဆရာ ဆိုသည့်အတိုင်းနားတော်ကျိုးပျက် မသွားရန် ရှည်ထားရဟန်ပင် တူပါသည်။

ထိုမှတစ်ပါး ဤခေတ်ပန်းချီဆရာများသည် ဘုရားပုံတော်များကို ကုလားဘုရားပုံများကို တုပ၍ ဆွဲလေ့ရှိသည်ကို

စာစောင်တိုင်း တွင် တွေ့ရပါသည်။မျက်နှာတော်၊ နဖူးတော်များတွင်လည်း ဥဏှီသလက္ခဏာ ပျောက်ကွယ်အောင် ပကတိလူ၏ နဖူးနှင့်တူအောင်ပုံဖော်လေ့ ရှိပေသည်။ ရောင်လျှံတော် (သျှောင်ထုံးတော်) ပုံမှာလည်း တကယ့် ဆံပင်ကို ထုံးထားသကဲ့သို့ လုပ်လေ့ရှိပါသည်။

အမှန်မှာ အသီတာနုဗျဉ္ဇနအနေဖြင့် မဏိတော် စဉ်းငယ် မောက်ခြင်းကို ထင်ရှားစေရန်သာ ဖြစ်ပါသည်။ထို့ကြောင့် စာစောင်မဂ္ဂဇင်းများ၌ ဘုရားပုံတော် ဖော်ပြရန် ရှိပါက ကြည်ညိုဖွယ်ဖြစ်သော ဥဏှီသလက္ခဏာနှင့်နားတော် သင့်တန်ရုံ ရှည်လျားစေလျက် သင်္ကန်းတော်မှာ လက်ယာဖက် ပခုံးတော်ကိုဖော်ကာ လက်ယာလက်တော်တစ်လျောက်လုံး ညွတ်ပျောင်းစွာဖော်လျက် ကြည်ညိုဖွယ် ပုံတော်များသာ ဖြစ်သင့်ပါသည်။

ထိုအတိုင်း ဖြစ်အောင်လည်း စာစောင်အယ်ဒီတာများက မိမိတို့ စာစောင်များ၌ ဘုရားပုံတော်များကိုပန်းချီဆရာ၏ အကြိုက် အတိုင်း မရေးဆွဲစေဘဲ ကြီးကြပ်စီစဉ်၍ ထည့်ရန် အရေးကြီးလေ သည်။ ဤသည်မှာ အခွင့်သင့်၍တစ်ဆက်တည်း အကြံပြုလိုက်ရခြင်း ဖြစ်လေသည်။

မြတ်သတိဝါဒီ မဂ္ဂဇင်း

ဧပြီလ၊ ၂၀၀၂ ခုနှစ်။

Read more...

စိတ္တသုခ ၏ ၂၇-၂-၂၀၁၁(တနင်္ဂနွေနေ့) အလှူသတင်း

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၇-၂-၂၀၁၁(တနင်္ဂနွေနေ့)တရားပွဲနှင့် ရွှေမြန်မာညီအကိုများ တွေ့ဆုံပွဲ၏ အာဟာရဒါန အလှူရှင်ဖြစ်သော ဆောင်ဆော (성서) ရွှေညီအစ်ကိုများကို အထူး ကျေးဇူးတင်ရှိပါသည်။
တရားပွဲတွင် ဘုန်းတော်ကြီးကျောင်း ဝေယျာဝစ္စအလှူ လှူဒါန်းကြသည့် အလှူရှင်များနှင့် စိတ္တသုခ လူမှုကူညီရေးအသင်း အတွက် စေတနာ ထက်သန်စွာ ငွေကြေးထည့်ဝင် ကူညီလှူဒါန်းကြသော အလှူရှင်များ စာရင်းကို အများကြည်ညိုသဒ္ဓါပွားနိုင်ရန်နှင့် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်-

ဝေယျာဝစ္စအလှူ လှူဒါန်းကြသည့် အလှူရှင်များ

၁။ ဒါဆန်း စက်မှုဇုံမှ မြန်မာညီအကိုများ ………… ဝမ် ၄ဝဝဝဝဝ-
၂။ကိုအောင်ကို(ယုံအမ်း).....................................၁၅၀၀၀၀-
၃။ကိုအာကာ၊ကိုအောင်ကျော်သူ၊ကိုထွန်းမင်း၊
ကိုဟိန်းဗိုလ်ဗိုလ်၊ကိုကျော်ဇောအောင်၊…............…၁၀၀၀၀၀-
၎။ဆောင်ဝမ်း မြန်မာညီအကိုများ………………………… ၅၀၀၀၀-
၅။ကိုစိုင်းဇော်မင်း……………………………………........ ၅၀၀၀၀-
၆။ကိုလေးနိုင်....…………………………………………....၄၀၀၀၀-
၇။ကိုကျော်စွာ………………………………………………..၃၀၀၀၀-
၈။ကိုသက်နှင်းအောင်………….........................…...၃၀၀၀၀-
၉။ကိုကျော်သူစံ………………………………………...……၃၀၀၀၀-
၁၀။ကိုကျင်စိန်………………………………………….......၃၀၀၀၀-
၁၁။ကိုကျော်ဇင်မောင်…………………………......……...၃၀၀၀၀-
၁၂။ကိုမောင်မောင်(ယုံအမ်း).................................၃၀၀၀၀-
၁၃။ကိုကျော်နိုင်……………………………….....………….၂၀၀၀၀-
၁၄။ကိုဝင်းနိုင်ဦး…………………………………..........….၂၀၀၀၀-
၁၅။ကိုအောင်ဇော်ဝင်း…………………….............…….၂၀၀၀၀-
၁၆။ကိုသူရစော……………………………………………....၂၀၀၀၀-
၁၇။ ကိုကျော်ဝဏ္ဏ...............................................၂၀၀၀၀-
၁၈။ကိုဇော်မင်း…………………………………………………၂၀၀၀၀-
၁၉။ ကိုသက်နိုင်……….....................................……၁၀၀၀၀-

စိတ္တသုခ လူမှုကူညီရေးအသင်း အလှူရှင်များ-

၁။ဆရာတော်ဦးဝိစိတ္တ …………….......ဝမ် ၁၀၀၀၀၀-
၂။ရွှေကမ္ဘာ မြန်မာစတိုးမိသားစု.............. ၁၅၀၀၀၀-
၃။ကိုဘုန်းနိုင် UB မြန်မာစတိုး ......………..၁၀၀၀၀၀-
၎။.ကိုသန်းဌေး ……………....................၁၀၀၀၀၀-
၅။ကိုဇော်မိုးဝင်း………………………………. ၁၀၀၀၀၀-
၆။ကိုဇေယျာတင့်..................................၄၀၀၀၀-
၇။ကိုကျော်ဇောအောင်………………………… ၃၀၀၀၀-
၈။ စုပေါင်းလှူဒါန်းငွေ...........................၃၂၀၀၀၀-

လူမှုကူညီရေးအသင်းမှ စုစုပေါင်းအလှူငွေ ဝမ် ၁၁၁၀၀၀၀/(တစ်ဆယ့်တစ်သိန်းတစ်သောင်း တိတိ) ရရှိပါသည်။
ကင်ဆာရောဂါဝေဒနာရှင် ကိုအောင်နိုင်ဝင်း အတွက် ဝမ် ငါးသိန်း ကူညီမှုပေးရန်ဆုံးဖြတ်ကြပြီး ကျန်ငွေခြောက်သိန်း ငါးသောင်းကို ဘဏ္ဍာငွေအဖြစ်ထိန်းသိမ်းထားရှိပါသည်။
(ကိုအောင်နိုင်ဝင်း ၏ကျန်းမာရေးသတင်း သိလိုလျှင် ကလစ် ပါ။)

လူမှုကူညီရေးအသင်းအတွက် ဆွေးနွေးချက်များ-
ဆရာတော် ဦးဝိစိတ္တ- - အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်၊ဘဏ္ဍာငွေ ရရှိမှ ကူညီနိုင်မည်ဖြစ်သည့်အတွက် တတ်အား သရွှေ့ လှူဒါန်းကြရန်၊ကျောင်းအဖွဲ့မှလည်း တတ်အားသ၍ကူညီမှာဖြစ်ပြီး အသင်းအဖွဲ့ တစ်ရပ်အဖြစ် ပေါ်ပေါက် လာအောင်လုပ်ဆောင်ကြခြင်းသာဖြစ်ကြောင်း မိန့်ကြားပါသည်။
ကိုရွှန်းဝင့်နွယ်- -အသင်း ဖွဲစည်းရခြင်းရည်ရွယ်ချက်ကို အကျဉ်းရှင်းလင်း
ကိုဇေယျာတင့်- - ရှေ့ဆက်လက်ဆောင်ရွက်မည့် အသင်း၏လုပ်ဆောင်ချက်ကို တင်ပြ။အကူအညီပေးရန် လိုအပ်လာပါက သက်ဆိုင်ရာစက်မှု နယ်မြေအလိုက် တာဝန်ခံတစ်ယောက်မှ ငွေကြေး ကောက်ခံပေးရန်၊
ကိုဝင်းနိုင်ဦး- - ငွေကြေးကောက်ခံမှုအတွက် လစဉ်နှင့် ကူညီရန်လိုအပ်လာမှ ကောက်ခံမှု နှစ်မျိုးစလုံးကို ဖြစ်စေလို၊ လစဉ်အလှူငွေ ထည့်ဝင်လိုသူရှိက ဘဏ်အကောင့်ထဲ ငွေလွဲထည့်ဝင်နိုင်ကြောင်း အသိပေးထားရန်၊
ကိုအောင်ကျော်ငြိမ်း- - စက်မှုနယ်မြေအလိုက် ပါဝင်ကူညီဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်အမည်၊ဖုန်းနံပါတ်များ လက်ခံထားရှိရန်၊
ကိုလင်းထိန်ဝင်း- -လစဉ်အလှူငွေကောက်ခံထားခြင်းထက် ကူညီရန်လိုအပ်လာမှ စုပေါင်းကောက်ခံ ကူညီမှု မျိုးလုပ်ရန်။

မှတ်ချက်- လူမှုကူညီရေးအသင်းအတွက် မိမိတို့၏သဘောထားများ တင်ပြနိုင်ပါသည်-

Read more...

ဦးနှောက် ကို ပိုကောင်းစေမယ့် အချက် (၁၀) ချက်


ကျွန်ုပ်တို့ဟာ ဦးနှောက် ကိုသုံး နေသမျှ ကာလပတ်လုံး ဦးနှောက် မှတ်ဥာဏ် ပိုကောင်းဖို့ အတွက် အများကြီး မဟုတ်တာ တောင် အနည်းအကျဉ်း လောက်တော့ လေ့ကျင့် သင့်ပါတယ်။ အခုပြောပြမှာကတော့ သင့်ဦးနှောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကြွက်သားတွေကို လေ့ကျင့်၊ ထိန်းကျောင်းပေးမယ့် ထိပ်ဆုံး ၁၀ချက်ဖြစ်ပါတယ်။
10. Sudoku
အတော်များများကတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ နံပါတ်တွေကို ဇယားကွက်ထဲမှာ ဖြည့်ပြီးကစားရတဲ့ ပဟေဠိတစ်ခုဖြစ်ပါတယ်။ http://www.sudokudaily.net/instructions/ မှာ ဘယ်လိုကစားရတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ အများစုကတော့ Sudoku ကို အပျော်ကစားဖို့ နဲ့ စိတ်အပန်းဖြေဖို့ အတွက် ကစားလေ့ရှိပြီး သင့်အတွက် ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ကိုလဲ တိုးတက်စေပါတယ်။ အွန်လိုင်း ၊ သင့် iOS device၊ Facebook ၊ Android တို့မှာသာမက အခြားနေရာစုံမှာ အလွယ်တကူ ကစားနိုင်ပါတယ်။

9. Wikipedia:Random
အရိုးရှင်းဆုံးပြောရရင်တော့ Wikipedia မှ သတင်းခေါင်းစဉ်တွေကို ရှာဖွေလေ့လာကြည့်ဖို့ပါ။ အဲဒါက သင့်ဦးနှောက်အတွက် ဘာကောင်းစေလဲဆိုတော့ Wikipedia ကို နေ့စဉ် ခေါင်းစဉ်အသစ် တစ်ခုကိုရှာဖို့အတွက် အသုံးပြုနိုင်ပါတယ်။

အမြင်အား ၊ရုပ်ထွက်အား ကောင်းတဲ့ Wikipedia အသေးစား Qwiki ကိုလဲ နောက်တစ်ခု အနေနဲ့ အစပြုပြီး သုံးနိုင်ပါတယ်။ အကြောင်းအရာ အသစ်တစ်ခုကို နေ့စဉ် သင်ယူလေ့လာခြင်းက ဦးနှောက်ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါကြောင့် ဘယ်ခေါင်းစဉ်ကို မဆို ရှာဖတ်လိုက်ခြင်းဖြင့် သင့်မနက်ခင်းတိုင်းကို စတင်လိုက်ရအောင်။
http://en.wikipedia.org/wiki/Wikipedia:Random

8. Practice Simple Math Every Day
အထက်တန်းကျောင်းသားဘ၀တုံးက Mad Math Minute ဆိုတာလေးကို မှတ်မိကြမလားတော့ မသိဘူး။ ပေးထားတဲ့ စက္ကန့် ၆၀ အတွင်းမှာ သင်္ချာပုစ္ဆာဘယ်လောက်များများ တွက်နိုင်လဲ ဆိုတာကို စမ်းသပ်တဲ့နည်းလေးပါ။ ကျောင်းသားဘ၀ကစိတ်ရှုပ်စရာလို့ ထင်ခဲ့ပေမယ့်လည်း အခုအချိန်ထိ လေ့ကျင့်ဖို့အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင်ကိုယ်တိုင် စာရွက်တစ်ရွက်ပေါ်မှာ ရိုးရှင်းတဲ့ သင်္ချာပုစ္ဆာတွေကို ချရေးရုံနဲ့ Mad Math Minute ကို ဖန်တီးနိုင်ပါတယ်။

ဒီနေရာ(http://www.superteacherworksheets.com/math-drills-minute.html)မှာလဲ printပါထုတ်လို့ရနိုင်မယ့် ပုစ္ဆာတွေကို စုပေးထားပါတယ်။ ရိုးရှင်းတဲ့ သင်္ချာပုစ္ဆာ တစ်မိနစ်လောက် တွက်လိုက်ခြင်းကသင်ဦးနှောက်ကို ပိုကောင်းလာစေသလို calculator နဲ့တွက်မှ ယုံကြည်နိုင်တာကိုလဲ လျော့ကျစေပါတယ်။

7. Write Instead of Type (More Often)
ကျွန်ုပ်တို့ဟာ keyboard ကိုသုံးနေကျ ဖြစ်ပြီး တော်တော်နှစ်ချိုက်နေကြပါပြီ။ စာရွက်ပေါ်မှာ ခဲတံ၊ ဘောပင် စတာနဲ့ ရေးတာထက်စာရင် keyboard နဲ့ notebook မှာရေးတာက ပိုပြီးလွယ်ကူစေပါတယ်။ သို့သော်လည်း စာကိုလက်နဲ့ချရေးတာက သင်ယူလေ့လာခြင်းကို ပိုပြီး အကျိုးရှိစေပါတယ်။ ဒါကြောင့် သင်ခန်းအသစ်တစ်ခု ဒါမှမဟုတ် အသိပညာအသစ်တစ်ခုကို စလေ့လာတော့မယ်ဆိုရင် သင့် laptop ကို စာရေးဖို့အတွက် မသုံးတာက ပိုကောင်းစေပါလိမ့်မယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ သင့်ဦးနှောက်ရဲ့ filtering system (RAS လို့ခေါ်တဲ့ the reticular activatingsystem)ဟာအချိန်အခိုက်အတန့်အတွင်းမှာ အာရုံစိုက်တဲ့ပေါ်မှာပဲ အလုပ်လုပ်ပါတယ်။ စာချရေးခြင်းက RAS ကို အာရုံစိုက်ဖို့အတွက် သိစေ နှိုးဆော်ပါတယ်။

6. Act Like You're Teaching
သင်မှာ အခြားသူတွေကို စာသင်နေတယ်လို့ ခံစားပြီး လုပ်ဆောင်တတ်တဲ့ ရှိပြီးသားစွမ်းရည်ကို အသုံးချနိုင်ပါတယ်။ ပြီးဖို့လိုနေသေးတဲ့ အလုပ်တွေအတွက် အခြားသူတွေကို မေးတာထက်စာရင် သင့်ကိုယ်သင် ဘာလုပ်ရမယ်၊

ဘယ်လိုလုပ်ရမယ်ဆိုပြီး လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက လိုအပ်တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစား ပြန်မှတ်မိ စေတဲ့အပြင် မမှားသင့်တဲ့ အမှားတွေကို မလုပ်မိအောင်လဲ ရှောင်ပြီးသားဖြစ်နေပါလိမ့်မယ်။

5. Tell Yourself Stories

ပုံပြောခြင်းက သင့်ဦးနှောက်ကိုလေ့ကျင့်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အကြောင်းအရာတွေကို အလွယ်တကူ မှတ်မိစေပါတယ်။ ဘာလို့လဲဆိုတော့ သင်ပြောလိုတဲ့ မှတ်မိစေလိုတဲ့ အရာကို ပုံစံချပြီးသားဖြစ်နေလို့ပါ။ ဒါက သင့်ကို အရေးကြီးတဲ့ အချက်တွေ၊ အသေးစိတ်တွေနဲ့ ဘာကိုမှတ် မိစေချင်တယ်ဆိုတဲ့ စိတ်ခံစားချက်ကိုပါ အာရုံစိုက်ဖို့အတွက် အခွင့်ကောင်း တစ်ခုပေးပါတယ်။ လိုတဲ့ အချက်ကို သိမ်းထား၊ မှတ်ထားဖို့အတွက် သင့်ကိုယ်သင် ပုံမပြောရင်တောင်မှ ယေဘုယျအားဖြင့် ခြုံငုံပြော လိုက်ခြင်းက သင့်မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။

ပုံပြောခြင်းကို Alzeheimer ရောဂါကာကွယ်ဖို့အတွက် ကုသနည်းတစ်ခုအနေနဲ့ လည်းသုံးနိုင်ပါတယ်။ အကယ်၍သာပုံပြောခြင်းက Alzeheimer ဝေဒနာသယ်တွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေတယ်ဆိုရင် ကျွန်ုပ်တို့သာမန် လူတွေအတွက်ဆို ပိုအကျိုးရှိစေမှာဖြစ်ပါတယ်။

4. Lumosity

Lumosity ဟာ webapp တစ်ခုဖြစ်ပြီး ဦးနှောက်ကို အဓိကထား လေ့ကျင့်ပေးတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အခမဲ့ ငါးရက် သုံးနိုင်ပေမယ့် premium account ရှိမယ်ဆိုရင်တော့ ပိုများတဲ့ လေ့ကျင့်ခန်းတွေကို ရနိုင်ပါတယ်။

လေ့ကျင့်ခန်းအကုန်လုံးက နားလည်လွယ်ပြီး ပျော်စရာကောင်းတဲ့ ကစားနည်းလဲဖြစ်ပါတယ်။ လေ့ကျင့် ခန်းအစပိုင်းအကုန်လုံးက memoryကို မဖြစ်မနေ အသုံးပြုရလေ့ရှိပြီး sign up လုပ်ပြီးကတည်းက ပိုကောင်းတဲ့ memoryကို ရွေးချယ်အသုံးပြုခဲ့ပါတယ်။ ကဲ စခဲ့ပြီးပြီဆိုရင်တော့ သင့်မှာ rating ရနေပြီး သင့်ရည်မှန်းချက် ကိုလဲ နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်းက ပိုတိုးတက်စေပါတယ်။
http://www.lumosity.com/

3. Meditate

သင့်ဦးနှောက်ကို ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် ကျန်းမာရေးကောင်းနေမယ်ဆိုရင် စိတ်ဖိစီး မှုများတာကဲ့သို့ ဘယ်အရာမှ သင့်ကို မသတ်နိုင်ပါဘူး။ ဒီတော့ စိတ်ဖိစီးမှုကို လျော့ချဖို့အတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ။ တရားထိုင်ဖို့ရန်တွက် yoga လုပ်သလို အ၀တ်အစားတွေ အသုံးအဆောင်တွေ မလိုပါဘူး။

2. Learn About Your Brain's Faults and Account for Them
အပေါ်က အချက်တွေမှာတော့ သင့်ဦးနှောက်ကို ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ သင်နဲ့ သင့်ပတ်ဝန်းကျင်အတွက်လဲ အဆင်ပြေပါတယ်။ အခြေခံအားဖြင့်တော့ သင့်ဦးနှောက်ဟာ အလုပ်အများကြီးကို ကောင်းကောင်းလုပ်နိုင်ပေမယ့်လည်း အချို့မှားတဲ့အရာတွေလည်း ရှိပါတယ်။ အဲဒီ အမှားတွေကို အချိန်အခါတိုင်းမှာလိုက်ပြင်နိုင်မှာ မဟုတ်ပေမယ့် အနည်းဆုံးတော့ အမှားတွေကနေ သင်ခန်းစာယူပြီး သင့်အတွက် သင့်ဦးနှောက်အတွက် စွမ်းရည်တစ်ခု ရနိုင်ပါတယ်။

1. Exercise and Eat Well
အရင်ကတည်းက သိပြီးသားဖြစ်ပေမယ့် ဒါဟာ အဓိက အချက်တစ်ချက်ဖြစ်ပါတယ်။ အခုလို အထွေထွေ အသိပညာဗဟုသုတ ကိုသိပြီး လိုက်နာသူ အရေအတွက်နဲ့ မလိုက်နာတဲ့သူအရေအတွက်က သိပ်မကွာ လုပါဘူး။
သင်ဟာ ဘယ်လိုလေ့ကျင့်ရမယ်၊ ဘယ်လိုစားရမယ်ဆိုတာကို မသိလို့မလိုက်နာမိဘူးဆိုရင် ဒီမှာ(http://lifehacker.com/#!5741780/use-mullers-exercise-system-for-a-15+minute-no+equipment-workout)ကြည့်ပြီး လေ့လာနိုင်သလို ဘယ်လိုစားသောက်ရမယ်ဆိုတာကိုလဲ
ဒီမှာ(http://lifehacker.com/#!5664322/eat-your-way-to-a-high-energy-workday)ကြည့်နိုင်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းအနည်းငယ်နဲ့ smart diet က သင့်ဦးနှောက်ကို ပိုကောင်းလာစေဖို့ အတွက် လွယ်ကူစေပါတယ်။
(မသီရိအောင်တင်ဆက်သည်.။)

Read more...

သဘိယ ပရိဗိုဇ်၏အမေး နှင့် မြတ်ဗုဒ္ဓအဖြေ...



အမေးပြဿနာကို သင်ပေးသူက နတ်တစ်ပါး
မေးသူက သဘိယ ပရိဗိုဇ်
အမေးခံရသူက ဆရာ(ဘုရား)ကြီး ၆-ဦး နှင့် မြတ်ဗုဒ္ဓ
ဖြေကြားနိုင်သူက မြတ်ဗုဒ္ဓ
နေရာကတော့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း

သဘိယ ပရိဗိုဇ်သည် ဤသို့ မေးလျှောက်ခဲ့ဘူး၏

၁။ အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊
၂။ အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊
၃။ အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
၎။ အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊
၅။ အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၆။ အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၇။ အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊
၈။ အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊
၉။ အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊
၁၀။ အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ (လူလိမ္မာ)ဟူ၍
ဟောကုန်သနည်း၊
၁၁။ အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊
၁၂။ အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊
၁၃။ အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊
၁၄။ အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊
၁၅။ အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊
၁၆။ အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
၁၇။ အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်
သနည်း၊
၁၈။ အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
၁၉။ အဘယ်သို့ သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊
၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊ ဟု
ကျော်စောသူ အယူဝါဒတီထွင်သူ
သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကြကုန်သော
ဆရာ(ဘုရား)ကြီးများ အမည်ခံသူ

ပူရဏကဿပ
မက္ခလိဂေါသာလ
အဇိတကေသကမ္ဗလ
ပကုဓကစ္စာယန
သဉ္စယ ဗေလဋ္ဌပုတ္တ
နိဂဏ္ဌနာဋပုတ္တ
ဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ ထိုအမေး ပြဿနာတို့ကို မေးမြန်း၏။ ထိုဆရာ (ဘုရား)ကြီးများသည် မဖြေနိုင်ကြကုန်၊

ထိုအမေးတို့ကို မြတ်ဗုဒ္ဓမှ ဤသို့ ဖြေကြားတော်မူလေသည်။

၁။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊
သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်းကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊
ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။


၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်) လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။


၃။ မြတ်စွာဘုရား အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊
ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။


၎။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊
ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။


၅။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊
သဘိယ (အကြင်ပုဂ္ဂိုလ်သည် ) မကောင်းမှု အားလုံးတို့ကို အပပြု၍ တည်သော သဘောရှိ၏၊ အညစ်အကြေး ကင်း၏၊ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏၊ သံသရာကို လွန်၍ ပြုဖွယ်ကိစ္စ ပြီးဆုံးပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုအပ်၏။


၆။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏၊ ကောင်းမှု မကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း သိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ် ကို ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုအပ်၏။


၇။ မြတ်စွာဘုရား အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောက အားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် တဏှာဒိဋ္ဌိတို့ဖြင့် ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ လူဟူ၍ လည်းကောင်း၊ နတ်ဟူ၍ လည်းကောင်း ကြံစည်ခြင်းသို့ မရောက်၊
ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ 'နှာတက' ဟူ၍ ဆိုအပ်၏။


၈။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊
အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဉ်မှု အားလုံးတို့ကို လည်းကောင်း၊ အနှောင်အဖွဲ့တို့ကို လည်းကောင်း ဖြေဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုကို မပြုသော 'နာဂ' ဟူ၍ ဆိုအပ်၏။


၉။ မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊
သဘိယ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကို လည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကို လည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကို လည်းကောင်း အာယတန အားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတန အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။


၁၀။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဟောကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီကြ (ကံ)ကို လည်းကောင်း လူ၌ ဖြစ်သော ကျီကြ(ကံ)ကို လည်း ကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကို လည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံ ကျီကြ အားလုံးတို့ကို သိမြင်ပြီး၍ ကျီကြကံ အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ကျီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဆိုအပ်၏။


၁၁။ မြတ်စွာဘုရား အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန် သော အာယတနနှစ်ပါးတို့ကို သိမြင်၍ စင်ကြယ်သော ပညာရှိ၏၊ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ပညာရှိ ဟူ၍ ဆိုအပ်၏။


၁၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ တရားကို လည်းကောင်း သိမြင်၍ ရာဂစသော ကပ်ငြိမှု နှင့် တဏှာဒိဋ္ဌိဟူသော ကွန်ရက်ကို လွန်၍တည်၏၊
ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည် ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။


၁၃။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊
သဘိယ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ ဝေဒကျမ်း အားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏၊ ထိုပုဂ္ဂိုလ်ကို ဝေဒဂူမည်၏ ဟူ၍ ဆိုအပ်၏။


၁၄။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊
အကြင် ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း တဏှာဒိဋ္ဌိမာန ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် နာမ်ရုပ်ဟူသော အနာရောဂါ၏ အမြစ် အဝိဇ္ဇာဘဝတဏှာကို လျော်စွာ သိမြင်၍ ရောဂါ အားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။


၁၅။ မြတ်စွာဘုရား အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှု အားလုံးတို့မှ ကြဉ်ရှောင်၏၊ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏၊ ဝီရိယဟူသော နေရာအိမ်ရှိ၏၊ အကျင့်ပဓာန ရှိသည်ဖြစ်၍ တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ဝီရိယ ရှိသူ ဟူ၍ ဆိုအပ်၏။


၁၆။ မြတ်စွာဘုရား အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
အကြင် ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း
အနှောင်အဖွဲ့ တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏၊ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏၊ ကပ်ငြိမှုအားလုံး၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။


၁၇။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်သနည်း၊
သဘိယ လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရား ဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်း မရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသော တရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူ။
ထိုသူကို အကြားအမြင်များသူ 'သောတ္တိယ' ဟူ၍ ဆိုကြကုန်၏။


၁၈။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကို လည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယ နှစ်ပါး တို့ကို လည်းကောင်း ဖြတ်၍ လေးပါးသော မဂ်ဉာဏ်သို့ ရောက်သဖြင့် သိကြားလိမ္မာ၏၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကို လည်းကောင်း၊ ကာမဂုဏ်တည်း ဟူသော ညွန်ကို လည်းကောင်း ပယ်ဖျောက်၍ တဏှာဒိဋ္ဌိဟူသော ကြံစည်မှု 'ကပ္ပ' သို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။


၁၉။ မြတ်စွာဘုရား အဘယ်သို့သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊
ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက်သင့် ရောက်ထိုက်သော အရဟတ္တ ဖိုလ်သို့ ရောက်၏၊ စရဏတရားတို့၌လည်း လိမ္မာ၏၊ အခါခပ်သိမ်း နိဗ္ဗာန်တရားကိုလည်း သိ၏၊ အလုံးစုံသော ခန္ဓာစသော တရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု 'ပဋိဃ' တို့သည် မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။


၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊
အကြင် ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု 'မာယာ' ကိုလည်းကောင်း၊ မာနကို လည်းကောင်း၊ လောဘ ဒေါသကို လည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇက ဟူ၍ ဆိုကြကုန်၏။ ဟု မြတ်စွာဘုရားသည် မိန့်တော်မူလေ၏။


ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်၏။

အမေးအဖြေအဖြစ် တင်ပြရုံမျှသာ ဖြစ်ပါတယ်…
အစအဆုံးဖတ်နိုင်လျှင် ပိုကောင်းတယ်…
pdf နဲ့တင်ပေးထားမယ် အားသည့်အခါ ဖတ်မှတ်လေ့လာနိုင်ကြပါစေ…

သဘိယသုတ် အစအဆုံး

၆ - သဘိယသုတ်၊ ၃ - မဟာဝဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကနိကာယ်။

Read more...

ရတနာသုံးပါး၌ မညွတ်မကိုင်း အလွန်ရိုင်းသော လူအသွမ်းတို့ကို သူကန်းနှင့်ပမာထား၍ ဒါယကာအား မိန့်တော်မူခြင်း...




Read more...

တူသောအကျိုး

ဆရာလွင်၊ ရှေ့မှာဆိုင်ကယ်။
ဆရာလွင်က ဦးခေါင်းကို ညိတ်ပြလိုက်သည်။ လယ်ကန်သင်းလမ်းအလွန် ကုန်းမြေပြန့်ပေါ်တွင် မြင်လိုက်ရသော ဆိုင်ကယ်ကို တွေ့ရသည်။ ရပ်နားထားခြင်းဖြစ်သည်။

ထိုဆိုင်ကယ်သမားက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ စီးလာရင်း ထိုးရပ်သွားလို့-ဟုစိတ်ပျက်လက်ပျက် ပြောသည်။
ကျွန်တော်တို့လည်း တတ်နိုင်သမျှ အကူအညီပေးရန် ဆိုင်ကယ်ကို စက်သပ်ရပ်လိုက်သည်။ တွန်းနှိုးကြည့်လိုက်တော့ စက်ကနှိုးလာသည်။ ခေတ္တခဏမျှသာ ငါးကြိမ်ခန့် လုပ်လည်း သည်အတိုင်း သည်လိုနှင့် ကျောင်းတက်ချိန် ကျော်လွန်သွားပေပြီ။ ကျွန်တော်တို့ ဆရာနှစ်ယောက် လက်လျှော့လိုက်ရသည်။

ဆိုင်ကယ်ပိုင်ရှင်က-
ဒါနဲ့ ခင်ဗျားတို့က ဘယ်ကလဲ၊
ကျွန်တော်တို့က ရသားရွာကို စာလာသင်ပေးနေရတဲ့ ဆရာနှစ်ယောက်ပါ။ အကူအညီလိုရင် လာပြောနော်။
ရသားရွာ မူလတန်းကျောင်းရောက်တော့ စာသင်ကြားပြီး လေ့ကျင့်ခန်းများ စစ်ဆေးရန် အပေါ်အင်္ကျီထဲမှ မျက်မှန်အိတ်ကို ထုတ်ယူလိုက်တော့ မျက်မှန်အိတ်ကား မရှိတော့လေပြီ။

ဆရာလွင်၊ ကျွန်တော် အိမ်က မျက်မှန်ထည့်ခဲ့လား၊
ထည့်ခဲ့တာပေါ့ ဆရာကြီးရယ်၊ ကျွတ်တော့်ကို စာအုပ်လှမ်းပေးရင်း ဘေးအိတ်ထဲ ထည့်လိုက်တာ။
သည်လိုဆိုလျှင်တော့ လမ်းမှာကျခဲ့တာ သေချာပါတယ်။ အဲဒါမှ ဒုက္ခ၊ မန္တလေးမှာ သွားပြပြီး မျက်မှန်လုပ်လာသည်မှာ မကြာသေး၊ မန္တလေးသို့ တခုတ်တရ သွားလုပ်မှသာ ရနိုင်မည်။ ယခုတော့ ခက်ကပြီ။ ပြန်ရှာလို့ကလည်း စာသင်ပျက်တာသာ အဖတ်တင်တော့မည်။ တွေ့တဲ့သူက ကောက်သွားလောက်ရော့ပေါ-ဟု စိတ်ကို လျှော့ကာ စာကို ဆက်လက်သင်နေမိသည်။

ဆရာတို့-ဆရာတို့
စောစောပိုင်းက လမ်းမှာတွေ့ခဲ့ရသည့် ဆိုင်ကယ်နှင့်လူ။
ဆိုင်ကယ်ဆရာပါလား၊ ကျွန်တော်တို့ ဘာအကူအညီပေးရဦးမှာလဲ၊ အခု ဆိုင်ကယ် အခြေအနေက ဘယ်လိုလဲ။
ကောင်းသွားပါပြီဆရာရယ်။ ဒါ-ဆရာတို့ မျက်မှန်မဟုတ်လား။ အသစ်စက်စက် ကလေးရယ်၊ ဇီးကုန်းအသွား ထန်းတဲနားမှာ တွေ့လို့ ကောက်လာတာ၊ ဆရာတို့မျက်မှန် ဖြစ်မှာပဲဆိုပြီး လာပို့တာ။

ကျေးဇူးအထပ်ထပ် တင်မိပါသည်။ ဒုက္ခရောက်နေစဉ် မဆိုစလောက်သော ကျွန်တော်တို့၏ ကူညီမှုသည် အချည်းနှီးမဖြစ်၊ ယခု ကျွန်တော် ဒုက္ခရောက်နေစဉ် ကူညီခဲ့ဖူးသူက တဖန်ပြန်လည် ကူညီသွားပေသည်။

မှန်ကိုပြုံးကြည့်လျှင် မှန်ထဲမှာ ပုံရိပ်သည် ပြန်ပြုံးပြ၏။ စေတနာမှန်လျှင် တူသောအကျိုးကို ပေးပေသည်။

သျှင်မင်း(မင်းကင်း)
(မြတ်မင်္ဂလာ ၂၀၁၀-စက်တင်ဘာလ)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP