* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, February 25, 2011

ရေ၀တီ

ရေ၀တီဆိုတဲ့နာမည်လေးက တော်တော်လေးလှတာပါ။ နာမည်ကြားရုံနဲ့တင် သူ့အကြောင်း သိချင်နေတာပါ။ ပြီးတော့နာမည်လေးက လှသလို သူ့ရဲ့ဘဝသမိုင်းလေကလည်း လှမှာပဲဆိုပြီး တကူးတကကို ရှာဖတ်ကြည် ဖြစ်ပါတယ်။

ဖတ်ကြည့်မှအထင်နဲ့အမြင် တက်တက်စင်အောင် လွဲတော့တာပါ။ ရေဝတီရဲ့ဇာတ်လမ်းလေးကဒီလိုပါ။

တစ်ခါတုန်းက နန္ဒိယဆိုတဲ့ အမျိုးသားကောင်းလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထုးခြားချက်ကတော့ ဒါနပြုတာသိပ်ဝါသနာပါတာပါ။ အိမ်ရှေ့မှာ ဆွမ်းစားဇရပ်ဆောက်ပြီး ရဟန်းသံဃာတော်တွေကိုဆွမ်းလောင်း ဆွမ်းကပ်ရုံတင်မကပဲ မရှိဆင်းရဲသားတွေကိုလည်း နေ့စဉ် ထမင်းပေးလှူတာပါ။ ဒါနကို စေတနာပါပါနဲ့ နေ့စဉ်ပြုနေတော့ စီးပွားရေးကလည်းဆထက်ထမ်းပိုး ပိုပိုအဆင်ပြေလာပါတယ်။ ဒါနရဲ့အကျိုးကို လက်တွေ့ခံစားနေရတော့ နန္ဒိယက သူ့ရဲ့အလှူဒါနကို လျော့မသွားစေဘဲ တိုးတိုးပဲ လှူနေပါတော့တယ်။

နန္ဒိယရဲ့အိမ်ရှေ့မှာ ရေဝတီဆိုတဲ့အမျိုးသမီးလေးရှိပါတယ်။ နန္ဒိယနဲ့ မောင်နှမတစ်ဝမ်းကွဲ တော်ပါတယ်။ နန္ဒိယအမေနဲ့ ရေဝတီအဖေက မောင်နှမအရင်းပါ။

နန္ဒိယအမေက သူ့သားနန္ဒိယကို တူမရေဝတီနဲ့ နေရာချပေးချင်ပါတယ်။ ဒါပေမယ့် နန္ဒိယက ငြင်းပါတယ်။ နန္ဒိယငြင်းရတဲ့အကြောင်းရင်းကတော့ ရေဝတီဟာ ဘာသာရေး စိတ်ဝင်စားမှုနည်းလို့ပါတဲ့။

ဒီတော့ နန္ဒိယရဲ့အမေက သူ့တူမကို အကြံသွားပေးရပါတယ်။

“တူမလေးရယ် နန္ဒိယက ဒါနပြုတာ သိပ်ဝါသနာပါတာ။ နန္ဒိယဆွမ်းလောင်းတဲ့အခါ လာကူရတယ်။ ရဟန်းသံဃာတော်တွေ ကြွလာတဲ့အခါမှာ သပိတ်ကို လှမ်းယူရတယ်။ ဆွမ်းစားပြီးတဲ့အခါလည်း သပိတ်တွေကို ဆေးပေးရတယ်။ ငါ့တူမကလည်း ညံ့လိုက်ပါဘိ”

ရေဝတီက အဒေါ်ပြောတဲ့အတိုင်း လာကူပါတယ်။ ရက်ကလေးကြာလာတော့ အမေလုပ်သူက နန္ဒိယကို”သားရယ် ဟိုမှာတွေ့လား၊ ရေဝတီက သိပ်လိမ္မာတာပဲ။ သပိတ်တွေကို ကိုယ်တိုင်ဆေးပေးနေတာ” လို့ တူမ ကောင်းကွက်ကလေးကို ပြပါတယ်။

နောက်ဆုံးတော့ နန္ဒိယနဲ့ ရေဝတီ ညားရောပဲ ဆိုပါတော့။

ညားခါစမှာတော့ ရေဝတီက ဟန်ဆောင်ပန်ဆောင် နန္ဒိယနဲ့အတူတူ လိုက်လုပ်ပါသေးတယ်။ ဒါပေမယ့် စိတ်ထဲကတော့ လုံးဝကို မပါပါဘူး။

နောက် နန္ဒိယက ဣသိပတနကျောင်းတိုက်ကြီးထဲမှာ ကျောင်းဆောင်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။

နန္ဒိယက လှူတာတောင် ရိုးရိုးရေစက်ချ မလှူပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ လက်တော်ကို ရေလောင်းပြီးရေစက်ချ လှူတာပါ။ မြတ်စွာဘုရားရင်ကိုယ်တိုင်ကလည်း နန္ဒိယရဲ့အပြုအမူကို ကျေကျေနပ်နပ်နဲ့ခွင့်ပြုပါတယ်။

နန္ဒိယရဲ့ သဒ္ဓါတရားက သိပ်ထက်သန်နေတော့ ထူးထူးခြားခြားဘာထဖြစ်သလဲဆိုတော့ တာဝတိံသာနတ်ပြည်မှာ ကြိုဗိမာန်ပေါက်တော့တာပါပဲ။ ဗိမာန်တင် မကပါဘူး။ ပြုစုမယ့် နတ်သမီးတွေ ကလည်းအသင့်ကြိုစောင့်နေကြပါတယ်။

နန္ဒိယကသာ ဒါနတွေပြုပြီး နတ်ပြည်မှာ ကြိုဗိမာန်ပေါက်နေတာ၊ ရေဝတီကတော့ နန္ဒိယပြုလုပ်နေတာ တစ်စက်မှကို သဘောမကျပါဘူး။ သူ့စိတ်ထဲ လှူရင်ကုတ်တယ်လို့ပဲ ထင်နေတာပါ။ မပြောရဲလို့သာ အသာကြည့်နေရတာပါ။ စိတ်ထဲကတော့ လုံးဝမကြည်ဖြူပါဘူး။

ဒီလိုနဲ့ တစ်နေ့တော့ နန္ဒိယဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ ခရီးထွက်ဖို့ ကြုံလာပါတယ်။ ခရီးမထွက်ခင် ရေဝတီကို”ရေဝတီရေ၊ ခရီးထွက်နေတုန်းမှာ ရဟန်းသံဃာတွေလောင်းတဲ့ ဆွမ်းဝတ်ကို ဂရုစိုက်လောင်းနော်၊ မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ဝတ်ကိုလည်း မလျော့စေနဲ့၊ ဂရုစိုက်လုပ်ပါ” လို့မှာခဲ့ပါတယ်။

ဒါပေမယ့် ရေဝတီက နန္ဒိယ ခရီးထွက်သွားတာနဲ့ ရဟန်းသံဃာတော်တွေကို ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲ လောင်းပါတော့တယ်။ မရှိဆင်းရဲသားတွေကိုတော့ လုံးဝ မပေးလှူတော့ပါဘူး။

နန္ဒိယ ကုန်ရောင်းကုန်ဝယ်ကိစ္စပြီးလို့ သူ့မြို့ကိုပြန်လာတဲ့အခါ အိမ်မရောက်ခင် သတင်းဆိုးကို အရင်ကြားလိုက်ရပါတယ်။ ဒါကြောင့် သူ့အိမ်ကို မဝင်သေးဘဲ “ရေဝတီ အိမ်ပေါ်ကအခုဆင်း” လို့ လူတစ်ယောက်ကို လွှတ်ပြီး ဆင်းခိုင်းလိုက်ပါတယ်။ နန္ဒိယပြောတဲ့အတိုင်း ရေဝတီလည်း အိမ်ပေါ်က ဆင်းသွားရရှာပါတယ်။

နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက “နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။

နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက”နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။

ရေဝတီ အိမ်ပေါ်ရောက်ပြီး မကြာခင်ကာလမှာဘဲ နန္ဒိယလည်း ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တော့ သူ့အတွက် ကြိုပေါက်နေတဲ့ တာဝတိံသာနတ်ဗိမာန်မှာ နတ်သားသွားဖြစ်ပါတယ်။

နန္ဒိယကွယ်လွန်တော့ ရေဝတီက သိပ်ဝမ်းသာသွားပါတယ်။ သူ့အထက်မှာ ဘယ်သူမှ မရှိတော့ပါ။

ရေဝတီ ပထမဆုံး ဖျက်ဆီးပစ်လိုက်တဲ့ဝတ်က မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ ဒါနဝတ်ပါ။ နောက်ထပ်ပြီး ဖျက်ဆီးတာက ရဟန်းသံဃာတော်တွေကို နေ့စဉ် ဆွမ်းလောင်းလှူတဲ့ဝတ်ပါ။

ဝတ်ဖျက်ရုံတင်မကဘဲ ရဟန်းသံဃာတွေ ဆွမ်းလာခံတဲ့အခါ ရေဝတီက “ဒီကိုယ်တော်တွေကြောင့် ငါ့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာ” လို့ဆိုပြီး ရေရွတ်ဆဲရေးပါသတဲ့။ သူရေရွတ်ဆဲရေးအထဲမှာ ရဟန္တာတွေလည်း ပါပါတယ်။ ရဟန္တာတွေကို ရေရွတ်ဆဲရေးလိုက်တဲ့ အကုသိုလ်ကံဟာ ရေဝတီအတွက် အကြီးမားဆုံး ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ အသေးစားအကုသိုလ် အခြံအရံတွေကလည်း ဝိုင်းဝိုင်းလည်နေတာဆိုတော့ နောက်ဆုံး အရှင်လတ်လတ် ငရဲကျသွားရပါတော့တယ်။

ရေဝတီရဲ့ဇာတ်သိမ်းပိုင်းလေးကိုဖတ်ပြီး “သြော်…. ရေဝတီရယ်” လို့စုပ်သပ်ရင်း ခေါင်းထဲကို တစ်ခြားဝတ္ထုလေးတွေလည်းဆင့်ကာဆင့်ကာ ဝင်လာပါတယ်။

ပထမဆုံးဝင်လာတာက ဗောဓိမင်းသားဝတ္ထုပါ။

ဗောဓိမင်းသားတို့ လင်မယားဟာ သားသမီး သိပ်လိုချင်ကြပါတယ်။ ဒါပေမယ့် မရကြပါဘူး။ နောက်ဆုံး ဘယ်လိုအကြံထုတ်သလဲဆိုတော့ မြတ်စွာဘုရားကို အိမ်ပင့်မယ်။ မြတ်စွာဘုရားကြွလာတဲ့အခါ နင်းသွားဖို့အခင်း ဖြန့်ခင်းထားမယ်။ မြတ်စွာဘုရား အခင်းပေါ်နင်းသွားတဲ့အခါ “သားသမီးရရပါလို၏“ လို့ဆိုတောင်းမယ်ပေါ့လေ။ သူ့အဓိဋ္ဌာန်နဲ့သူပါ။

မြတ်စွာဘုရားရှင်က ဗောဓိမင်းသားအိမ်ကို ကြွတော့လာပါတယ်။ ဒါပေမယ့် သူတို့တောင်းမယ့်ဆု မပြည့်နိုင်ဘူးဆိုတာသိလို့ အခင်းကိုမနင်းပါဘူး။ ဗောဓိမင်းသားကတော့ ဇွတ်နင်းခိုင်းနေပါတယ်။

နောက်ဆုံးတော့ မြတ်စွာဘုရားက သူတို့သားသမီးမရနိုင်တဲ့ အကြောင်းကိုပြောပြရပါတယ်။ သင်္ဘောပျက်တော့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတယ်။

အဲ့ဒီကျွန်းမှာ စားစရာမရှိတာနဲ့ ငှက်ဥလေးတွေကို ဖောက်စားကြပါသတဲ့။ နောက် ငှက်ဥကလေးတွေကုန်တော့ ငှက်ကလေးတွေကို သတ်စားကြပါသတဲ့။ အဲ့ဒီ အကုသိုလ်ကံကြောင့် သားသမီး မရတာပါတဲ့။ တကယ်လို့သာ ဇနီးမောင်နှံနှစ်ယောက်ထဲက တစ်ယောက်ယောက်ကသာ မစားခဲ့ရင် သားသမီးရမှာပါတဲ့။

နောက်ဝတ္ထုတစ်ခုက အားလုံးသိကြတဲ့ သူဆင်းရဲ မောင်ပုဏ္ဏဝတ္ထုလေးပါ။ အရှင်သာရိပုတ္တရာကို ခင်ပွန်းက ရေဒပူကပ်တယ်။ ဇနီးကခင်ပွင်းအတွက် ယူလာတဲ့ ထမင်းကို အရှင်သာရိပုတ္တရာကို ကပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ကွယ်ရာမှာ ကပ်လှူကြပေမယ့် တစ်ယောက်ကုသိုလ်ကို တစ်ယောက်က ကျေနပ်သဘောတူခဲ့ကြပါတယ်။

အတွေးထဲမှာ ဝတ္ထုလေးတွေက ဆင့်ကာဆင့်ကာ ဝင်လာခဲ့ပါတယ်။

ထားပါတော့လေ၊ မျက်မှောက်လောကမှာ ခင်ပွန်းလုပ်သူကအပြင်မှာ စီးပွားထွက်ရှာနေရတယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇနီးလုပ်သူက ခင်ပွန်းရဲ့မမြင်ကွယ်ရာမှာ ဆွမ်းလောင်းတာတို့၊ တခြားပန်းကပ်တာတို့ လုပ်နေမယ်။ ဒါကို ခင်ပွန်းလုပ်သူက မမြင်တွေ့ရပေမယ့် ကျေနပ်သဘောတူနေရင် ကုသိုလ်က ဇနီးမောင်နှံနှစ်ယောက်လုံး အတူတူဖြစ်နေတာပါ။ ကျေနပ်သဘောတူနေဖို့ပဲ အရေးကြီးပါတယ်။

တကယ်လို့ ခင်ပွန်းလုပ်သူက ကျေနပ်သဘောတူမှုမရှိခဲ့ရင်တော့ ဇနီးပြုတဲ့ ကောင်းမှုကိုသိုလ်တွေဟဟာ ဇနီးအတွက်ပဲ ဖြစ်နေမှာပါ။

ဒါက ကောင်းတဲ့ကုသိုလ်ဘက်က ပြောတာပါ။ မကောင်းတဲ့အကုသိုလ်ဘက်က ပြောမယ်ဆိုရင်လည်း ဥပမာပေါ့လေ ခင်ပွန်းလုပ်သူက မသမာတဲ့နည်းနဲ့ စီးပွားရှာနေမယ်။ ဒါမှမဟုတ် လာဘ်စားနေမယ်။ ဒီကိစ္စကို ဇနီးလုပ်သူကကျေကျေနပ်နပ်နဲ့ သဘာတူနေမယ်။ လာဘ်စားလို့ရလာတဲ့ ပစ္စည်းကို ကျေကျေနပ်နပ်နဲ့ သုံးဆောင်နေမယ်ဆိုရင် အကုသိုလ်က ဇနီးမောင်နှံ အတူတူ ဖြစ်နေမှာပါ။

တကယ်လို့ ဇနီးလုပ်သူက သဘောမတူခဲ့ရင်တော့ အကုသိုလ်က ခင်ပွန်းအတွက်ပဲဖြစ်နေမှာပါ။

အပြစ်ဆိုတာ ပြုပြီးရင် အပြစ်ရဲ့ အကျိုးကို ကာလတစ်ခုမှာတော့ခံရမှာ ဧကန်ပါ။

တကယ်စဉ်းစားကြည့်ရင် လူတစ်ယောက်ရဲ့ဘဝမှာ ငွေကအဓိကမပြဋ္ဌာန်းပါဘူး။ ငွေထက်ပြဋ္ဌာန်းတဲ့ အရာတွေအများကြီးရှိပါတယ်။

ငွေတွေ၊ တိုက်တွေ၊ ကားတွေ၊ ရာထူးဂုဏ်သိန်တွေ မရှိပေမယ့် ကိုယ်ကျင့်သီလလေး ဖြူဖြူစင်စင်ရှိမယ်။ ဂုဏ်တော်မေတ္တာပွားတဲ့ သမထကိုယ်ကျင့်သီလလေးရှိမယ်။ အချိန်ရသမျှ ဝိပဿနာတရားလေး အားထုတ်နေမယ်ဆိုရင် ဘဝကတော်တော်လေးအဓိပ္ပါယ်ရှိနေတာပါ။ ကိုယ်ကျင့်သီလမဲ့ပြီး ပစ္စည်းဥစ္စာတွေနဲ့ အသက်တစ်ရာရှည်ရတာထက် ကိုယ်ကျင့်သီလရှိပြီး တစ်ရက်ပဲအသက်ရှည်ရတာ ပိုမြတ်ပါတယ်။

ကိုယ်ကျင့်သီလကော၊ ပစ္စည်းဥစ္စာကော ပြည်စုံနေတယ်ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဂွတ်ရှယ်ပါပဲ။

ဇနီးမောင်နှံဆိုတာ အတိတ်ရေစက်ကြောင့် တွေ့ကြရတာပါ။ သဘောတူသင့်တာကို သဘောတူပြီး၊ သဘောမတူသင့်တာကို လုံးဝသဘောမတူ ရပါဘူး။ တားသင့်တာကို တားရပါမယ်။

ရေဝတီဟာ ခင်ပွန်းရဲ့အပြုအမူတွေကို ငြိမ်ငြိမ်လေးသာလိုက်ပြီး သဘောတူနေရင် တာဝတိံသာနတ်ပြည်မှာ နန္ဒိယနဲ့အတူစံစားနေရမှာပါ။ လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်းဝတ္ထုတွေဟာ အဓိကမပြဋ္ဌာန်းဘူးဆိုတာ ရေဝတီ လူ့ပြည်မှာရှိနေတုန်း သိမသွားရှာပါဘူး။ ငရဲရောက်မှပဲ ဒီပစ္စည်းဝတ္ထုတွေကတစ်ဆင့် သူ့ကိုငရဲချလိုက်တယ်ဆိုတာ သိရတာပါ။ သိချိန်မှာ နောက်ကျသွားပါပြီ။ နောက်ကျမှ ရတဲ့အသိက အသုံးမဝင်တော့ပါဘူး။ ဒါပေမယ့် ရေဝတီက လူ့ပြည်မှာ ကျန်ခဲ့တဲ့လူသားအားလုံးကို တရားပြသွားခဲ့ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ ကိုယ့်စိတ်ကလေးကို သတိထားစောင့်ရှောက်လိုက်ဖို့ပါပဲ။

ဒိဆောင်းပါးလေးကို မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ရအောင်းပါ။

အကုသိုလ်နှင့်၊ ကိုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှန်ယူ မှန်စွာ၊ မရရာဘူး၊

ကျမ်းကိုး-

၁။ဝိမာနအဋ္ဌကထာ၊စာမျက်နှာ ၂၀၄

၂။ဟောစဉ်တရားတော်များ(စတုတ္ထတွဲ) မင်းကွန်းဆရာတော်ဘုရားကြီး

Future Light မဂ္ဂဇင်း

မေ၊ ၂၀၀၅။

Read more...

ကျွန်မမှတ်မိနေသော ဓမ္မကထိက ဦးဇင်းလေး


စာမိတ်ဆက်

ကမ္ဘာ့သာသနာပြု အကျော်အမော် သီတဂူ ဆရာတော်ကြီးသည် ယခုနှစ် ၁၃၇၂ တပေါင်းလပြည့်နေ့ (၁၉-၃-၂၀၁၁) နေ့တွင် သက်တော်(၇၄) နှစ်ပြည့်သည်၊ ထိုမွေးနေ့ပွဲအတွက် ဘုန်းဘုန်းသီတဂူစတားက ဆရာတော်ကြီးအား စာပေများဖြင့် ပူဇော်ကြမည်ဟု သူ၏အင်တာနက်စာမျက်နှာတွင် ကြော်ငြာထားသည်ကို တွေ့ရပါသည်။ မွေးနေ့ပွဲကို တပည့်တွေက စာပေတွေနဲ့ သူတို့နည်း သူတို့ဟန်တွေနဲ့ ပူဇော်ကြမည်၊ ဆရာတော်ကြီးရဲ့ တပည့်အရင်း ကျွန်မကလဲ တတ်သလောက်မှတ်သလောက်လေးနဲ့ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုပါသည်။ ဘုန်းဘုန်းသီတဂူစတားကလဲ ပူဇော်ပေးပါရန် တိုက်တွန်းပါသည်၊ အားပေးပါသည်။ ကျွန်မ၏ဆန္ဒနှင့် ဘုန်းဘုန်းသီတဂူစတား၏ အားပေးမှုတို့ကြောင့် မွေးနေ့ပူဇာပို့စ်ကို ရေးသားပူဇော်ခွင့် ရလိုက်သည်အတွက် အထူး ပီတိဖြစ်မိသည်။

ဓမ္မကထိက ဦးဇင်းလေး

ငယ်စဉ် ကလေးဘ၀တုန်းက အသံကြည်လင်ပြတ်သားပြီး တရားဟော အလွန့်အလွန်ကောင်းသော ဦးဇင်းတစ်ပါးရဲ့ တရားခွေကို အဖေနဲ့အမေတို့သည် နာကြားလိုက်ရသည်ဆိုလျှင်ဘဲ အသံရှင် ဦးဇင်းလေးကို ကိုယ်တိုင်ဖူးမျှော်လိုသည်။ လိုက်လံရှာဖွေ ကိုးကွယ်ခဲ့ကြသည်။ ကျွန်မရဲ့ အဖေနဲ့အမေတို့က တရားခွေကိုနာကြားရပြီး အသံကိုသာကြားကြရပြီး အသံရှင်ကို အရမ်းကြည်ညိုသောကြောင့် အသံရှင်ကိုလိုက်လံ စုံစမ်းမေးမြန်းသောအခါ ဘယ်သူမှ မသိကြဘဲ နောင် (၆) လခန့်ကြာသောအခါ တရားအသံရှင် ဦးဇင်းလေးကို ကင်းဘဲလ်လမ်း (ငါးထပ်ကြီး သုရားလမ်း) ရှိ ထူးကြီးဆရာတော်ကျောင်းတွင် ဖူးမျှော်ခွင့်ရသည်။ အသံရှင် ဦးဇင်းလေးသည် ထိုကျောင်းတိုက်တွင် ခေတ္တ သီတင်းသုံးနေသည်။ တွေ့ချင် ဖူးမျှော်ချင်သောကြောင့် လိုက်လံရှာဖွေကြရသည်။ တည်းခိုသည့် ကျောင်းကိုတွေ့တော့မှ ကျွန်မတို့မိသားစုတွေ အရမ်းဝမ်းသာသွားကြပြီး အသံရှင်ဦးဇင်းကို ဖူးမျှော်ကန်တော့ရန် ကျောင်းအတွင်းသို့ ၀င်သွားလိုက်သောအခါ အသံရှင်ဦးဇင်းလေးက ငါးထပ်ကြီးဘုရားကို ဘုရားဖူးရန်ကြွသွားနေသည်။ အချိန်ကြာအောင် စောင့်ရလိမ့်မယ်ဟု လူတစ်ယောက်က ပြောသည်။ ကျွန်မတို့ မိသားစုကလဲ အချိန်ဘယ်လောက်စောင့်ရ စောင့်ရ စောင့်မည်။ အသံရှင်ဦးဇင်းကို မဖူးမရခြင်း မပြန်ဘူးဆိုတဲ့ ဇွဲလေးနဲ့ စောင့်နေကြသည်။ တစ်နာရီကျော်ကျော်ကြာတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ မျက်နှာကြည်လင်လင် ဥပဓိရုပ်ကောင်းကောင်း အသံရှင်ကိုယ်တော်ချောကို ဖူးတွေ့ခွင့်ရလိုက်သည်။ ကျွန်မတို့အားလုံးရဲ့ ရင်ထဲမှာ ပီတိတွေဖြစ်ကာ မိသားစု သုံးယောက်လုံး အရမ်းပျော်သွားသည်။ ဦးဇင်းလေးရဲ့ ဘွဲ့ကိုမေးကြည့်လိုက်တော့ အရှင်ဥာဏိဿရတဲ့။ ယခုအခါ သဲကုန်းဆရာတော်ဟူ၍၎င်း၊ သပိတ်အိုင်တောရဆရာတော်ဟူ၍၎င်း၊ နောက်ပိုင်းတွင် ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်ဟူ၍၎င်း ထင်ရှား ကျော်ကြားကာ ပြည်တွင်းပြည်ပ တက္ကသိုလ်များမှ ချီးမြင့်သော ဒေါက်တာဘွဲ့များနှင့် ဒေါက်တာ အရှင်ဥာဏိဿရ ဟု လူအသိများလာသည်။

ဆရာတော်၏တပည့် ဖြစ်ခွင့်ရ
ကျွန်မတို့ မိသားစုက သီတဂူဆရာတော်ရယ်လို့ နာမည်မရှိသေးခင်ကထဲက သဲကုန်း သပိတ်အိုင် ဆရာတော်ရဲ့ ဟောပြီး ထွက်သမျှသော တရားခွေများကို ၀ယ်ယူကာ တရားဓမ္မဒါန ပြုလုပ် ကုသိုလ် ယူခဲ့ပါသည်။ ဆရာတော်၏တရားပွဲရှိသည့် နေရာများကိုလဲ လိုက်လံနာယူကြပါသည်။ ကျွန်မတို့ရပ်ကွက် တရားပွဲများကိုလည်း အဖေအမေတို့မှ ဦးဆောင်ကျင်းပလေ့ရှိသည်။ ဆရာတော်၏ဓမ္မပူဇာအတွက်လည်း ကျွန်မတို့မိသားစုက ဓမ္မဒါနကုသိုလ်အမြဲယူခဲ့ကြသည်။ နောက်ပိုင်းတွင် ဆရာတော်နှင့်တွေ့ပါများ၊ ဆရာတော်၏ ရေအလှူတော် ဆေးအလှူတော်များကို တစ်ဖက်တစ်လှမ်းမှ ကိုယ်နိုင်သမျှ လှူဒါန်းရင်း ဆရာတော်၏ တပည့်အရင်း ဒကာအရင်းတွေဖြစ်လာကြသည်။

ရေအလှူတော်စတင်
ဆရာတော်ကြီးသည် မလွန်ဆန်လှူအသင်းအတွက် နေ့မအား ညမနား နယ်တကာ ခြေဆန့်ပြီး လှေတစ်တန် လှည်းတစ်ဖုံ ဆိုက်ကားတစ်မျိုး ယာဉ်အမျိုးမျိုးစီးကာ တရားဟောရင်း စစ်ကိုင်းတောင်ရိုး သဒ္ဒမ္မသီတဂူချောင်ကို စတင်တည်ထောင်ပြီး ထိုချောင်မှာပဲ သီတင်းသုံးနေခဲ့သည်။ မိုးရေကိုသာ အားထားသုံးနေကြရတဲ့ အညာနွေပူပူမှာ ရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြတဲ့ တောင်တန်းပျော် သူတော်စင်တွေအတွက် ရေအခက်အခဲလေးကို ဖြေရှင်းနိုင်ရန် ‘‘တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ်’’ ဆိုတဲ့ သံန္နိဋ္ဌာန်နဲ့ သီတဂူရေအလှူစီမံကိန်းကြီးကို စတင်ကာ အကောင်အထည်ဖေါ်ခဲ့သည်။
ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီး ဧရာဝတီမြစ်ကြီးမှ မြစ်ရေများကို ရေစုပ်စက်ကြီးများနှင့် စုပ်ယူကာ တောင်ရိုးတွေပေါ်တွင် တည်ဆောက်ထားသော ရေလှောင်ကန်ကြီးများသို့ ပို့ပြီး ထိုမှတဆင့် သူတော်စင်များနေထိုင်ရာ ချောင်များသို့ ရေကုသိုလ်ပြုနိုင်ခဲ့ကြပါသည်။ ထိုနေ့မှ စ၍ သူတော်သူ့မြတ်တို့ နေရာ စစ်ကိုင်းတောင်ကြီးသည်လည်း စိမ်းလန်းစိုပြည်လာသည်၊ သူတော်စင်များလဲ မိုးဘယ်လောက် ခေါင်ခေါင် မမှုတော့ပေ၊ မပူပင်ရတော့ပေ။ (ယခုအခါ သောက်ရေသန့်စက်ကြီးများဖြင့် ရေသန့်ကာ စစ်ကိုင်းတောင်ပျော် သူတော်စင်တို့သည် ရေသန့်ကို သုံးနိုင်တော့သည်။)
ထိုကဲ့သို့ စိမံကိန်းကြီး များလည်ပတ်နိုင်အောင် ဆရာတော်သည် နေ့ညမနားဘဲ စေတနာရှင်တို့ ရှိရာ ပြည်တွင်းပြည်ပ နေရာအနံ့အပြား အရောက်သွားကာ ရှာရဖွေရသည်။ ကျွန်မ သိသလောက်ဆိုရင်ဘဲ တစ်နေ့လျှင် တခါတရံ ညပွဲ၊ တခါတရံ ဆည်းဆာပွဲနှင့် ညပွဲ၊ တစ်ခါတရံဆို နေ့ပွဲပါသဖြင့် သုံးပွဲ လောက် ဟောရပြောရသည်။ ယခုလို အသက်အရွယ်နှင့်မမျှ အလုပ်လုပ်နေသည်မှာ တကယ့်ကို ကြည်ညိုလေးစားရပါတယ်။ ဤကဲ့သို့သာသနာပြုလုပ်ငန်းတွေ အောင်မြင်နေခြင်းသည် ကြိုးစားခြင်း ရိုးသားခြင်း၊ မှန်ကန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုလျင် ဘယ်သူမှ မငြင်းနိုင်ပါဘူးရှင်။

ဆေးရုံ စတင်
စီမံကိန်းတစ်ခု အထိုင်ကျသွားပြီနောက်မကြာမီမှာပင် စီမံကိန်းအသစ်တစ်ခုကိုလဲ စတင်လိုက်ပါသည်။ ‘‘သူအိုသူနာများကို စောင့်ရှောက်ခြင်းသည် ငါ့ဘုရားကိုလည်း စောင့်ရှောက်ရာရောက်၏’’ ဟူသော မြတ်ဗုဒ္ဓ၏စကားတော်အရ သီတဂူအာယုဒါနဆေးရုံတော် စီမံကိန်းကြီးကို အကောင်အထည်ဖေါ်သည်။ ထိုဆေးရုံတော်ကြီးက သာသနာ့နွယ်ဝင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် ဖိုးသူတော် ယောဂီသူတော်စင်များကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများပေးသည်။ လူဝတ်ကြောင်တို့ထံမှရရှိသော ဆေးကုသစရိတ်များသည် ထိုရဟန်းသာမဏေ သီလရှင် ယောဂီတို့၏ ဆေးအလှူဖြစ်သွားသည်။

တိုးချဲ့ဆေးရုံများ
ယ္ခုအခါတွင် မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသ အသီးသီးတွင် သီတဂူစက္ခူဒါနှင့် အာရောဂျဒါန ဆေးရုံ ၁၁ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသော ဆေးရုံ ၇ ခုကို တည်ဆောက်ဆဲဖြစ်သည်။ ထိုဆေးရုံများမှ ပြည်တွင်ပြည်ပရှိ ဆရာဝန်ကြီးများက မျက်စိဝေဒနာရှင် ထောင်ပေါင်းများစွာကိုလဲ မျက်စိအလင်း ပေးပြီး အသက်များစွာကိုလည်း ကယ်တင်နိုင်ခဲ့သည်။ သီတဂူအာယုဒါနဆေးရုံမှ နွေးထွေးစွာ ပြုစု ကုသပေးမှု့ကြောင့် တောင်ရိုးတခွင် ဓူရနှစ်ဖြာ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြသော သူတော်စင်တို့ ကျန်းမာပျော်ရွှင်စွာ လုပ်ဆောင်နိုင်နေကြပါသည်။

အော်စတင်ကသီတဂူ
ထို့အပြင် ဆရာတော်သည် ပြည်ပသာသနာပြု လုပ်ငန်းအနေဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့တွင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းကို တည်ထောင်ထားပါသည်။ ပြည်ပနိုင်ငံများတွင် ဗုဒ္ဓသာသနာ ထွန်းကားစေရန် ရည်သန်လျက် ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့စည်းကို ထိုဒေသမှာပင် တည်ထောင်ထားသည်။ ထိုကျောင်းတော်အတွင်း မြန်မာ့ရှေးဟောင်းလက်ရာ ရွှေစည်းခုံစေတီပုံတူကို တည်ထားကိုးကွယ်ရန် ယခုခါ အတော်အတန် ပြီးစီးနေပါသည်။

အဆင်မြင့်တက္ကသိုလ်များ
ဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကို ကမ္ဘာသို့ ပြန့်စေရန်မှာ ရှေးဟောင်းမပျက်သော ခေတ်နှင့်လျော်ညီသော ပညာရေးသည် အခိုင်အမာ ဖြစ်ဖို့လိုအပ်သည်ဟု ယူဆကာ သီတဂူကမ္ဘာ့ဗူဒ္ဓ တက္ကသိုလ်ကြီးကို စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေးတို့တွင် နိုင်ငံတကာတက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ တည်ဆောက်ထားသည်။ ထိုတက္ကသိုလ်ကြီးများက ဒီပလိုမာ ကျောင်းသား ဘီအေနှင့် အမ်အေ အောင် ကျောင်းသား ရဟန်း၊ သီလရှင် များစွာကိုလဲ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ မိမိတက္ကသိုလ်ကြီးတွင်အခိုင်အမာ ရပ်တည်နိုင်ရန် အလွန်တော်သည့် တပည့်များကို ရွေးချယ်ကာ အိန္ဒိယနိုင်ငံရှိ ပူနေးတက္ကသိုလ်၊ ဟိုက်ဒရာဘက်တက္ကသိုလ်၊ ဒေလီတက္ကသိုလ်၊ ဘုံဘေတက္ကသိုလ်၊ ပန်ဂျပ်တက္ကသိုလ်၊ ဟိန္ဒူဗာရာဏသီတက္ကသိုလ်၊ နာဂဇုနတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များ။ အမေရိကန်နိုင်ငံ ဟာဝိုင်ယီတက္ကသိုလ်၊ အင်္ဂလန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ Assumption တက္ကသိုလ် နှင့်အခြားနိုင်ငံများရှိ တက္ကသိုလ်များသို့ စေလွတ်ကာ အမ်အေဘွဲ့နှင့် ဒေါက်တာဘွဲ့များကို ရယူစေခဲ့သည်။ ထိုတက္ကသိုလ်ကြီးများမှ ဌာနမှူးများက ဆရာတော်ကြီးကို ရံဖန်ရံခါ Lecture များပေးရန် ပင့်ဖိတ်သဖြင့် ကြွခဲ့ရသည်။ စာပေများကို ဆရာတော် ကိုယ်တိုင် အားလပ်ချိန်များတွင် ပြည်တွင်း/ပ တပည့်ရဟန်းများကို မမောနိုင်မပန်းနိုင် ပို့ချပေးပါသည်။ ရခဲတဲ့ လူ့ဘ၀မှာ အချိန်ကို တန်ဘိုးရှိရှိ အသုံးချတဲ့ ဆရာတော်ရဲ့ ပင်ကိုအလေ့ကျင့်လေးများကို ကြည်ညိုလို့ မဆုံးဖြစ်ရပါသည်။

နိုင်ငံတကာ ၀ိပဿနာဌာနကြီး
လူ့လောကကြီးတွင် ချမ်းသာခြင်းအစစ်ကို လူသားတိုင်း လိုချင်ကြသည် ရှာဖွေနေကြပါသည်။ ထိုချမ်းသာအစစ်ကို ရနိုင်တဲ့နည်းလမ်းသည် ၀ိပဿနာကမ္မဌာန်း အားထုတ်ခြင်းဖြစ်ပါသည်။ ထို စိတ်ချမ်းသာမှု့တွေကိုပေးနိုင်တဲ့ တရားလိုလားကြတဲ့ ချမ်းသာအစစ်ကို ရှာဖွေနေကြတဲ့ သူတွေအတွက် အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာကမ္မဌာန်းဌာနကြီးကို ဖွင့်လှစ်နိုင်ရန် အင်တိုက်အားတိုက် စတင်အကောင်အထည်ဖော်နေပါသည်။ ထိုဌာနကြီးသည် စစ်ကိုင်းတောင်တွင် တည်ရှိသည်။ ဆရာတော်၏ မေတ္တာ ကရုဏာ ဥာဏ်အမျှော်အမြင်ကြီးမားစွာ လုပ်ဆောင်နေသော သာသနာပြုလုပ်ငန်းတစ်ခုဖြစ်ပါသည်။

လူမှုရေးများ
၂၀၀၈နှစ် မေလတွင် အောက်မြန်မာပြည်ဘက် ဧရာဝတီတိုင်းတွင် နာဂတ်စ် မုန်တိုင်းတိုက်ခတ် မှု့ကြောင့် သိန်းနဲ့ချီသော လူအသက်တွေ ဆုံးရှုံးခဲ့ရသည်။ အသက်ရှင် ကျန်ရစ်သောလူသန်းပေါင်းများစွာ မိမဲ့ ဖမဲ့ ဖြစ်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဆရာတော်ကြီးဦးဆောင်မှုဖြင့် သီတဂူသာသနာပြုအဖွဲ့ဝင်အားလုံးက ထိုဒေသသို့ သွားရောက်ကာ ကယ်ဆယ်ရေးများကို တိကျ မှန်ကန် ထိရောက်စွာ ကယ်တင်စောင့်ရှောက်နိုင်ခဲ့ကြသည်။ ဆရာတော်ကြီးသည် ပြည်တွင်းပြည်ပ တပည့် ဒကာ/ဒကာမများရဲ့ လှူဒါန်းမှု့တွေကို စနစ်တကျ စုစည်းသည်။ ၈.၈ ဘီလျံကျော်သော အလှူငွေများနှင့် အ၀တ်အထည်အမျိုးမျိုးနှင့် စားစရာများစွာကို လှူဒါန်းနိုင်ခဲ့သည်။
ဆရာတော်ကြီးသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ နေရာဒေသတွေဆီသို့ လှေငယ်၊ သင်္ဘော၊ ထော်လာဂျီတွေနဲ့ မိုးထဲ လေထဲ ချောင်းတွေ မြောင်းတွေကို ကျော်ဖြတ်ပြီး ကိုယ်တိုင်သွားရောက်ခဲ့သည်။ ဆရာတော်ကြီးသည် မိမိ၏ခန္ဓာကို မငဲ့ကွက် မိမိ၏ အသက်အရွယ်ကို မေ့ကာ လူမှူ့ရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက် လုပ်ဆောင်နေတာကို ကျွန်မတို့ မျက်မြင် ကိုယ်တွေ့ဖြစ်ပါသည်။ ကျွန်မတို့ကိုယ်တိုင် ဆရာတော်ကြီးနှင့်အတူလိုက်ပါပြီး ဆရာတော်ကြီး၏ မျိုးချစ်ပြည်ချစ် ဘာသာချစ်စိတ်တွေကို တွေ့လိုက်ရတော့ ကျွန်မ အတွေးတစ်ခုဝင်လာသည်။ ဘာလဲဆိုတော့ ဆရာတော်ကြီးက ပြည်တွင်း ပြည်ပ မြို့ကြီးပြကြီးတွေမှာ နောက်ဆုံးပေါ် ပါဂျဲဒိုး၊ လင့်ခရိုဇာကားကြီးတွေစီးပြီး ဇိမ်နဲ့ နေနိုင်ရဲ့သားနဲ့ အခုလိုဆင်းရဲတဲ့နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ကာ မေတ္တာ ကရုဏာတွေ ပေးနေတဲ့အကြောင်း တွေးမိလေလေ ပိုပြီးပိုပြီး တိုးကာတိုးကာကြည်ညိုမိပါတော့သည်။

နိဗ္ဗာန်မလိုချင်သော ဆရာတော်
ငါ နိဗ္ဗာန်မရောက်ချင်သေးဘူး ငါ့လုပ်ငန်းတွေ မပြီးသေးဘူးဟု မကြာမကြာ မိန့်လေရှိသည်။ ဆရာတော်ကြီးက နိဗ္ဗာန်ရောက်ဖို့ထက် ဒုက္ခရောက်နေသူကို ကယ်တင်စောင့်ရှောက်ခြင်း ဆိုတဲ့ မေတ္တာ၊ကရုဏာ စိတ်တွေနဲ့ သာသနာပြု လုပ်ငန်းတွေကို အသက်ရှင်နေသ၍ လုပ်ဆောင်ချင်သေးတယ်လို့ဆိုပါတယ်။ ကျွန်မတို့မိသားစုကလဲ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်း လုပ်ငန်းတွေမှာ တစ်တတ်တစ်အား ပါဝင်ပြီး ကုသိုလ်ယူနိုင်ရပါ လို၏လို့ အမြဲ ဆုတောင်းနေရပါသည်။
ကျွန်မမှတ်မိနေသော ဦးဇင်းလေးက ယခုဆို ကမ္ဘာသိဆရာတော်ကြီးတစ်ပါးဖြစ်နေပါပြီ။ သူ၏ သာသနာပြုစိတ်ဓာတ်နှင့် သာသနာပြု လုပ်ငန်းတွေကတော့ အလွန်ကြီးကျယ် ခန်းနားလှပါတယ်။ နာမည်မကျော်ကြားခင် ဦးဇင်းလေးဘ၀ကထဲက ကြည်ညိုခဲ့ရသော ဆရာတော်ကြီးသည် ယခုနှစ်ဆို ၇၄ နှစ်တောင်ပြည့်ပါပြီ။ တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် ကျေးဇူးရှင် ကျွန်မမှတ်မိနေသော ဦးဇင်းလေးမှ သည်--သီတဂူဆရာတော်ကြီးရဲ့ သက်တော်(၇၄) နှစ်ပြည့် မွေးနေ့ရက်မြတ်တွင် ဤပို့စ်ဖြင် ပူဇော်ကန်တော့လိုက်ပါသည်ဘုရား။
ကျေးဇူးရှင်ဆရာတော် အသက်ရာကျော်ရှည်ပြီး ပြည်တွင်းပြည်ပ သာသနာပြု လုပ်ငန်းတွေကို ဆထက်တပိုး ထမ်းဆောင်နိုင်တဲ့ ကျန်းမာ သက်တော်ရှည် ဆရာတော်ကြီး ဖြစ်ပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေမိ ပါတော့သတည်း။။။။။။။။
ဤပို့စ်ဖြင့် ကျေးဇူးရှင်သီတဂူဆရာတော်ကြီး၏ (၇၄)နှစ်ပြည့် မွေးနေ့ပူဇာအဖြစ် ပူဇော်ပါသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)

xxxxxxxxxxxxxxxxx

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၂-၂၀၁၁

Read more...

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၆ )

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။
(မေး) တချို့အနောက်နိုင်ငံမှာ စိတ်ရောဂါတမျိုးဖြင့် ကိုယ့်အသက်ကို သေကြောင်းကြံကြ သေကြပါတယ်။ အဲဒါ ဗုဒ္ဓဘာသာတိုင်းပြည် အနေနဲ့တော့ တရားတော်အရ ဘယ်လိုပါလဲ။

(ဖြေ)
ဗုဒ္ဓဘာသာတိုင်းပြည်မှာက ကိုယ့်ကိုယ်ကို သတ်လို့ရှိရင်။ အဖန်ငါးရာ သေရမယ်ဆိုတဲ့ လှန့်လုံးလေးက ရှိထားတယ်။

အဖန်ငါးရာဆိုတဲ့ လှန့်လုံးလေး---
သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ထပ်မလိုက်ပါဘူး။ ရှေးကရှိနေရင်သာ ဘ၀ငါးရာ လိုက်တာပါ။ ရှေးကမရှိရင်တော့ သေဖို့တော့ မလိုက်ပါဘူး။ ပြီးတော့ တခုက တရားတော်ထဲမှာ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မသတ်ရဘူး။ ဘယ်လောက် စိတ်ညစ်ညစ်၊ ကိုယ့်ကိုယ်ကို သတ်ရင် အာပတ်သင့်တယ်။ သေအောင် အစာငတ်မခံရဘူး။ ခုနကလို လည်ပင်းညှစ်သတ်တာတွေ ဘာတွေ မပြောနဲ့ အစာငတ်ကို မခံရဘူး။ အာပတ်သင့်တယ်။

မြန်မာတွေ သတ်သေတာနဲ့---
အဲဒီလိုပဲ အဆက်ဆက်က တရားတွေရှိတော့ မြန်မာလူမျိုးများက ကိုယ့်ကိုယ်ကို သတ်ဖို့တော့ သိပ်မလွယ်လှဘူး။ ပြီးတော့ အထိုက်အလောက် ကံတို့ဘာတို့ ယုံကြည်ထားတာဖြစ်တော့ ကံကောင်းလို့ရှိရင် ပြန်ကောင်းဦးမှာပဲဆိုတဲ့ မျှော်လင့်ချက်ကလေးက ရှိတယ်။ ရှိတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူက အင်မတန်နည်းတယ်။ နိုင်ငံခြားမှာတော့ ဒီလိုမျှော်လင့်ချက်ကလည်းမရှိတော့ တရားကလည်း မရှိတော့ အို-သေတာပဲကောင်းတယ်၊ သေရင်သူတို့က ပြီးတယ်ထင်ပြီး တော့လေ သတ်ကြတယ်။ ဒါဟာ အတွေ့အကြုံ ဗဟုသုတလိုက်ပြီးတော့ ကွာသွားကြတာ။
*********************************************************************

(မေး) အနောက်နိုင်ငံ ရုပ်ဝါဒီသမားအချို့က ပြောပါတယ်။ စိတ်သည် အလွန်နူးညံ့သိမ်မွေ့သောရုပ်ပင် ဖြစ်တယ်လို့။

(ဖြေ)
ခုနက ဘုန်းကြီး ပထမဟောတုန်းကပဲ ပြောသွားပြီ။ စိတ်မှာ အထည်ကိုယ် ရုပ်မရှိဘူးလို့ ပြောသွားပြီ။ သူတို့က မှန်းပြောတာ၊ ဗုဒ္ဓမြတ်စွာက တိုက်ရိုက်သိလို့ ဟောတော်မူတာ။

အထည်ကိုယ်မရှိ---
ပြီးတော့ စိတ်ဟာလည်းပဲ အထည်ကိုတမျိုးပါပဲလို့ ဆိုတဲ့ဥစ္စာ။ ဒီကနေပြီးတော့ ဆိုပါတော့၊ အင်မတန်ဝေးတဲ့ မိမိနေခဲ့ဖူးတဲ့ ပညာသင်ကြားဖူးတဲ့နိုင်ငံခြားတခုခုကို မှန်းဆလိုက်ရင် ရုပ်ကသွားနေတာမဟုတ်ဘူး။ စိတ်ကလည်း ဟိုသွားတာမဟုတ်ဘူး။ ဒီကပဲ-အာရုံကို ယူလို့ရတယ်။ ပြီးတော့ရုပ်မှာ အထည်ကိုယ်ရှိတာလည်း ဓာတ်ကြီးလေးပါးက မ-တည်လို့ အထည်ကိုယ်ဖြစ်နေတာ။ စိတ်မှာ အဲဒီ-မ,တည်စရာ ဘာမှ မရှိဘူး။ ဓာတ်သဘောပဲရှိတယ်။ စိတ်ဆိုတဲ့ အသိဓာတ်သဘောရှိတယ်။ အထည်ကိုယ်မရှိပါဘူး။

ဘုန်းကြီးတို့က သနားမိ---
ဒီတော့ ဘုန်းကြီးတို့က အဲဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ဘာသာကို ပညာအဖြစ်နဲ့ လိုက်စားဖို့သိပ်ကောင်းပါတယ်။ အနောက်နိုင်ငံက ပညာရှိတွေလို့ ဆိုပေမယ့်လို့ ဗုဒ္ဓတရားကို မရတော့ဘူး။ သူတို့ ဉာဏ်မီသမျှ ခန့်မှန်းကြတာပါ။ အဲဒါကိုတော့ ဘုန်းကြီးတို့ သနားမိပါတယ်။ ဒီလောက်ဝေးသွား တာဟာ ဘာဖြစ်လို့တုန်းဆိုတော့ အခြေခံနည်းနည်းကွာသွားကြလို့ ဒီလိုဖြစ်ရတာပါ။

ဒါကြောင့် ဒီနိုင်ငံမှ အကယ်၍သာ ဗုဒ္ဓရဲ့တရားတော်ကို ဘာသာတမျိုးအဖြစ်နဲ့သာ လေ့လာကြလို့ ရှိရင် နို်င်ငံခြားက လူတွေအပေါ်မှာ ဆရာကောင်းကောင်း လုပ်လို့ရတယ်။
********************************************************************

(မေး) ဒီဘ၀မှ နောက်ဘ၀သို့ မည်သို့ကူးပြောင်းကာ စုတေစိတ်ကျသောအခါ စိတ်နဲ့ရုပ်တို့ နောင်ဘ၀သို့ မည်သို့ ကူးပြောင်းပါသနည်း။

(ဖြေ)
သိပ်မေးလို့ ကောင်းတာပေါ့။-ဒါ။

(မေး) အရှင်ဘုရား၊ နောက်ဆုံးနိဗ္ဗာန်ရောက်ပြီဆိုတာနဲ့ စိတ်နဲ့ ရုပ်တို့ မည်သို့အဆုံးသတ်ပါသလဲ။
(ဖြေ)
ဒါကြောင့်မို့ ပြဿနာနှစ်ခု ခွဲမေးတယ်။
ပြဿနာတခုတည်းကို နှစ်ခန်း၊ သုံးခန်း မေးလိုက်လို့ရှိရင် ဖြေရတာ၊ နားထောင်ရတာ ရှုပ်သွားလိမ့်မယ်။ ပထမမေးခွန်းက ဒီဘ၀က စိတ်တွေ၊ ရုပ်တွေ ပြောင်းသွားသလား၊ ဘယ်လိုလုပ်ပြီးတော့ နောက်ဘ၀ကို ကူးစက်သွားပါသလဲ၊ သိပ်လည်းမေးထိုက်တယ်။ သိပ်လည်း လေ့လာထိုက်တယ်။

စိတ်တွေ ရုပ်တွေ ဖြစ်ပျက်---
ဘုန်းကြီးတို့ ခုနက စိတ်တွေဟာ ဖြစ်ပျက်၊ ဖြစ်ပျက်-ပြောခဲ့တယ် မဟုတ်လား။ ရုပ်တွေလည်းဖြစ်ပျက်-ဖြစ်ပျက်ပဲ။ ဒါကို ပထမဆုံး လက်ခံ-မခံ၊ ဒါ အရေးကြီးပြန်တယ်။ ဟုတ်တယ်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက စိတ်တွေ အပြောင်းအလဲရှိတယ်ဆိုတာကို လက်ခံဖို့ ပထမဆုံးက ဘုန်းကြီးအခြေခံပြောခဲ့တယ်နော်။ စိတ်ဆယ့်ခုနစ်ချက်မှာ ရုပ်တချက် ဖြစ်ပျက်တယ်ဆိုတော့၊ လက်ဖျောက်တချက်တီးမှာ ရုပ်ပေါင်းဘယ်လောက် အဖြစ်အပျက်ရှိရမယ်။ ဒါ သင်္ချာသမားတွေက တွက်လို့ရတယ်။ ဘုန်းကြီးပြောခဲ့ပြီနော်။

စိတ်ပြောင်းလွဲပုံ---
အဲဒါ လက်ခံလို့ရှိရင် ခုန်ပြီးတော့ ပြောလိုက်မယ်။ ဒကာတို့ရဲ့ ခုစိတ်ဟာ ဆိုပါတော့ ခုန်ပြောမယ်။ တနာရီလောက်ဆိုတော့ ဘာမှ အစပ်မရှိတော့ဘူး။ တမျိုးပြောင်းချင်လည်း ပြောင်းလို့ရတယ်။ ပြောင်းချင်တိုင်း ပြောင်းနိုင်တယ်။ ဒီလို အဓိပ္ပါယ်မရဘူးလား။ လက်ဖျောက်တချက်တီး ကုဋေတသိန်းမက အဖြစ်အပျက်ရှိတယ်ဆိုတော့ စိတ်ပြောင်းနိုင်တယ်။ ခုနကပဲ စကားပြောရာက မကျေနပ်စိတ်ဆိုတာ ဒေါသစိတ်၊ နောက်တော့ တောင်းပန်တော့ ကျေနပ်တယ်ဆိုတဲ့ ဥစ္စာကဘာတုံး၊ သောမနဿစိတ်၊ ချစ်လို့ရှိရင်လည်း လောဘစိတ်။ ဉာဏ်ရှိလို့ ရှိရင်လည်းပဲ ကုသိုလ်စိတ်၊ ဒီလိုဖြစ်မယ်။ ပြီးတော့ ဒီစိတ်ဟာ ခဏလေးတောင်မှ အပြောင်းအလွဲရှိတယ်နော်။

ဘုန်းကြီးကြိုးစားပြောနေတယ်---
ဒီတော့ ဘုန်းကြီးတို့ ခုနက ပထမဆုံး လူ့ဘ၀မှာ ကံကြောင့် ရုပ်ကလေး ၃-ခု ဖြစ်တယ်လို့ ပြောကြတယ်မဟုတ်လား။ ကံဟာ ဘယ်လိုသဘောလဲဆိုတော့ ခု ဘုန်းကြီးပြောနေတဲ့ဥစ္စာဟာ ဒကာတို့ကို မူတည်ပြီးတော့ ပြောပေမယ့် ပရိသတ်တွေ နားလည်အောင် ဘုန်းကြီးကြိုးစားပြီးတော့ ပြောနေတယ်နော်။ ကြိုးစားတယ်ဆိုတာ ဉာဏ်နဲ့ကြိုးစားရတာပဲ။ အားနဲ့ခွန်နဲ့ ကြိုးစားရတာမဟုတ်ဘူး။ ဉာဏ်နဲ့ကြိုးစား ပြီးတော့ ပြောနေတာ။ အဲဒီပြောနေတဲ့အချိန်မှာစေတနာဆိုတဲ့ စေတသိက်ထဲမှာ လှုံ့ဆော်မှုတရား တခုပါတယ်။ ဒီလိုနားလည်စေချင်တယ်၊ နားလည်အောင်လည်း ပြောနေတယ်-ဆိုတဲ့ အခါမှာ ခုနက စိတ်-စေတသိက်တွေက တကလာပ် တကလာပ် သဘောမျိုးနဲ့ ပေါင်းဖြစ်တာ၊ အတူတူဖြစ်တာ။

ကံဆိုတာ ဘာတုံး---
အဲဒီ အတူတူဖြစ်တဲ့အထဲမှာ စေတနာက လှုံ့ဆော်မှုက အင်မတန်များနေတာ။ ဘုန်းကြီးရဲ့ လှုံ့ဆော်မှုက အင်မတန်များနေတယ်။ အဲဒီတော့ ဘာခေါ်တုံးလို့ဆိုတော့ ကံ-လို့ နာမည်သာတပ်တာပေါ့။ ဒီစေတနာပဲ။ ကံလို့ဆိုတာ ဘာတုံး၊ ကံက ဘယ်အဓိပ္ပါယ်တုံးဆိုတော့ အလုပ်။ ကောင်းသောအလုပ်ကို လုပ်နေတယ်။ အရင်းခံ ဘယ်သူတုံး၊ စေတနာ။ အရင်းခံ စေတနာကို ဘာခေါ်လိုက်မလဲ။ ကံလို့ ခေါ်လိုက်။ အမှန်တော့ အားလုံး အလုပ်တွေပဲ။ အားလုံးရဲ့ စိတ်-စေတသိက်တွေရဲ့ အလုပ်တွေပဲ။ အလုပ်ပေမယ်လို့ ဒီအထဲ ဘယ်သူက ဗျာပါရများနေတုံးဆိုတော့ ဘုန်းကြီးတို့ရဲ့ စေတနာက ဗျာပါရသိပ်များတာပဲ။ လူတွေသိစေချင်တာက အဲဒီဟာ ကံလို့ခေါ်တယ်။

ကံတရားလည်းပျက်---
ဒါဖြင့် လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက ဖြစ်တယ်ဆိုတော့ အဲဒီကံတွေဟာလည်း ကုဋေတသိန်းမက ဖြစ်မှာပေါ့။ မဖြစ်ပေဘူးလား။ စေတနာတွေကလေ ကုဋေတသိန်းမကဖြစ်တော့ ဖြစ်ဆိုရင် ပျက်သွားမှာပေါ့၊ ဟုတ်ပေဘူးလား။ ဆိုပါတော့၊ ပရိသတ်ကြီးတွေလည်း ပြန်သွားကြပြီ။ ဘုန်ကြီးလည်း နားနားနေနေနဲ့ နေတယ်။ လာတဲ့သူတွေ ဟိုစကားပြော ဒီစကားပြောနေတယ်ဆိုတော့ ဒီကံဟာ အဲဒီနောက်က အချိန်မှာ ရှိသေးသလား၊ မရှိဘူးနော် မရှိဘူး။

ကမ္မသတ္တိ---
ဒါဖြင့် ပြီးပြီးပျောက်ပျောက်လား၊ ဒီမှာ သိလိုက်ဖို့ကောင်းတာ၊ ပြီးပြီးပျောက်ပျောက်လားဆိုတော့ ဗုဒ္ဓမြတ်စွာက ကမ္မသတ္တိ၊ ခုနက စေတနာရဲ့သတ္တိကို ဟောတော်မူတယ်။ စေတနာရဲ့ သတ္တိဟာ ပဋိသန္ဓေစိတ် ၀ိပါက်စိတ် ဖြစ်တယ်။ စေတနာကံက ဟိုမှာသွားပြီး အကျိုးပေးတာ။ ခုနက ကမ္မဇကလာပ် ၃-စည်းဆိုတာ ဒီစေတနာက သွားပြီးတော့ အကျိုးပေးတာ။ ခု စေတနာမျိုးကို ဘုန်းကြီးမှာ တဘ၀တည်း အကောင်းစေတနာတွေ မနည်းဘူး။ မရှိပေဘူးလား။ မကောင်းစေတနာတွေလည်း မနည်းဘူး၊ မရှိပေဘူးလား။ ပြီးတော့ ဟိုဘက်ဘ၀များစွာကလည်း အကောင်းစေတနာတွေ မနည်းဘူး၊ မကောင်းစေတနာတွေလည်း မနည်းဘူး။ ရှိတယ် ဒါတွေဟာ အကုန်လုံးချုပ်တယ်။ ဘုန်းကြီးလည်း မမှတ်မိတော့ဘူး။ မမှတ်မိတော့ သူတို့ အကျိုးပေးနိုင်သလား။ ဗုဒ္ဓမြတ်စွာက စေတနာဆိုတဲ့ ကံဟာ ချုပ်သွားတယ်။ မှန်တယ်။ ပျောက်သွားတယ်။ ကိုယ်တောင် မမှတ်မိဘူး။ ဟိုဘ၀များစွာက ပြုတဲ့ဥစ္စာတွေ ဘယ်နည်းနဲ့မှ မမှတ်မိဘူး။ သို့ပေမယ့် ဘာကျန်နေတုံးဆိုတော့ ကမ္မသတ္တိ ကျန်နေတယ်။ ဒီကမ္မသတ္တိက အင်မတန်ကောင်းတယ်။ သတ္တိအင်မတန် ကျန်နေတယ်။ သတ္တိချင်းမတူဘူး။

ဘာဖြစ်လို့ ကမ္မသတ္တိကျန်မှန်း သိရတုံးဆိုတော့ ဘုရားရှိခိုးနေတဲ့လူ ဆယ်ယောက်လောက်မှာပဲ တယောက်က စေတနာ သိပ်ထက်သန်တယ်။ တယောက်က ပထမလူလောက် မထက်သန်ဘူး၊ ဒုတိယလူလောက် နောက်တယောက်က မထက်သန်ဘူး။ အဲဒီလူက တတိယဖြစ်သွားပြန်ပြီ။ စေတနာက ဆယ်ယောက်မှာ စေတနာ ၁၀-ခု တန်းထားလိုက်၊ စိတ်ကူးနဲ့ အကုန်လုံး ချုပ်သွားတာပဲ။ သို့ပေမယ့် သတ္တိချင်း မတူဘူး။ လိုက်နေတာပါ။ ကမ္မသတ္တိလို့ခေါ်တယ်။ ဒါကို သိဒ္ဓေယျသိဒ္ဓ။ ဘုရားကို ယုံကြည်ပြီးတော့ နောက်အနုမာနနဲ့ ယုံကြည်ရမှာရှိတယ်လေ။ အဲဒီတော့ လိုက်ပြီးတော့ လာနေတာ၊ ဘုန်းကြီးတော့ မသိဘူးပေါ့၊ ဒါပေမယ်လို့ ဘုန်းကြီးရဲ့ ခန္ဓာအစဉ်မှာတော့ သူကလိုက်နေတယ်။

သတ္တိတွေ ဘယ်လိုလုပ်လိုက်နေတုံး---
သတ္တိတွေ အများကြီး၊ အဲဒီသတ္တိတွေအများကြီးထဲက စိတ်တခုချင်းချုပ်သွားလို့ရှိရင် သတ္တိတွေက ဘယ်လိုလိုက်နေတုံးဆိုတော့ ဘ၀များစွာက ပြုလာတဲ့ကမ္မသတ္တိ ဒီမှာလည်း ပါနေတယ်ဆိုပါတော့။ စိတ်မှာလည်းပဲ စိတ်မှာ၊ ရုပ်မှာလည်းပဲ ပါနေတယ်။ စိတ်ချုပ်သွားပြန်၊ ရုပ်ချုပ်သွားပြန်တော့ ဒီစိတ် ဒီရုပ်ထဲမှာ သတ္တိက ပါနေတယ်။ သတ္တိလိုက်နေတာ။ အခုဘုန်းကြီးပြောတာ နားလည်သလား။ စိတ်တွေ ရုပ်တွေ ချုပ်သွားပေမယ့်လို့ ကမ္မသတ္တိက လိုက်ပြီးတော့ နေတယ်။ သတ္တိကနော်၊ အရာဝတ္ထု မဟုတ်ဘူးနော်၊ သတ္တိနော်။

ဒေါက်တာနှစ်ဦး မတူ---
ဆိုပါတော့။ ဒေါက်တာဟာ လူမမာကို စိတ်ချမ်းသာအောင် လုပ်တတ်တဲ့သတ္တိ ရှိတယ်။ အပြောကလေးနဲ့ ပြောတတ်တယ်။ သူက ချိုချိုလေးပြောလိုက်ရင် ဟိုက သဘောကျ၊ ဒါ သတ္တိပဲ။ လူတိုင်း ဒီလိုပြောတတ်ရဲ့လား။ သတ္တိရှိရဲ့လား။ သူက ဆေးတို့ဘာတို့ ထိုးပေးခါနီးမှာ ဒီဆေးလေးဟာလေ ဆိုပါတော့ နှမရယ်၊ ဒီဆေးကလေး သောက်လိုက်လို့ရှိရင် စိတ်တွေချမ်းသာပြီးတော့ ရုပ်တွေ ကောင်းလာမှာပါ။ အပြောကောင်းတော့ သောက်ပြန်ရော၊ မသောက်ချင်ဘူးဆိုပေမယ့် အဲဒါတွေက သတ္တိတွေပါလာတာ။ အဲဒီသတ္တိဟာ ဘယ်ကရတုံးဆိုတော့ အမေအဖေက သင်ပေးလိုက်တာ မဟုတ်ဘူး။ ဘ၀များစွာက လိုက်နေတာ။ ပြုခဲ့တဲ့ဘ၀က ကောင်းတဲ့ကမ္မသတ္တိတွေက လိုက်နေတာ။ တယောက်တော့ ဒီလိုသတ္တိတွေက သိပ်ပြီးမထင်ရှားတော့ သောက်ချင်သောက်၊ မသောက်ချင်နေလေ။ ၀တ္တရားအတိုင်း ပြောတဲ့ဥစ္စာ။ ဒီဆေးထိုး၊ မခံချင်ဘူးလား၊ မခံချင်ဘူး၊ အရူးက မခံချင် မထိုးဘူး။ ငါကတော့ ၀တ္တရားပဲ ပြီးပြီးတာပဲ။ ဒီမှာ သူက သတ္တိက သိပ်မလိုက်လာဘူး။ (ရှေ့လဆက်ရန်)

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
(မြတ်မင်္ဂလာ ၂၀၁၀-ဇွန်လ)

Read more...

*ပညာပါရမီ ပညာရေးကူညီမှု အသင်းအတွက် တိုက်တွန်းနှိုးဆော်လွှာ*

by Pyae Sone Aung on Tuesday, February 22, 2011 at 11:50am

ပညာပါရမီအတွက် လှူဒါန်းနိုင်သော နေရာများ..

(စာလုံးများ သေးနေလို့ရှိရင် ပုံကို ကော်ပီကူးပြီး ဖတ်ရှုပေးပါခင်ဗျာ)

read more >>> http://www.pannaparami.com/ (ပညာပါရမီ ပညာရေးကူညီမှုအသင်း)

လေးစားစွာဖြင့်

ဖိုးသား

Read more...

*ဆရာအောင်သင်း၏ အတွေးစကားများ*

2/23/2011 တောသားလေး , Posted in , 0 Comments

ကျွန်တော် ဒီပိုစ်လေးကို ဆရာအောင်သင်း၏ အတွေးစကားများ စာအုပ်မှ ကောက်နုက်ပြီး ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အားလုံးသော လူငယ် လူရွယ်များအတွက် အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။

အိမ်ထောင်ပြုခြင်း
ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြုလိုက်တာပဲ။
(မြန်မာတို့ရဲ့ လူ့အဖွဲ့အစည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေးကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။
သင့်ဘ၀၊ ဇန်န၀ါရီ၊ ၉၄

အသိပညာနှင့် ထိန်းကွပ်သောအလှ
မိန်းခလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်မဟုတ်ဘူး။
အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်း သိတယ်။
လှပတဲ့ ရုပ်ရည်ကို ပညာနဲ့ကွပ်ပေးလိုက်တဲ့အခါမှာ အလှဟာပိုပြီး တောက်ပြောင် လာတယ်ဆိုတာကိုလည်း သိတယ်။
ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ ဆင်ခြင်နေထိုင်တယ်။
အဲဒီမိန်းခလေးမျိုးဟာ ရှားတာတော့ အမှန်ပဲ။
ချစ်ခြင်းခံရတာကတော့ အဲဒီမိန်းခလေးမျိုးတွေသာလျှင် ဖြစ်ပါတယ်။
မျိုးဆက်သစ်
အချစ်ကို အချိုသတ်ထားပါ
ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင်
အချစ်ကို အချိုသတ်ထားပါ။
အမွေ

ရည်းစားနဲ့ထဘီ
(နင်တို့မိန်းကလေးတွေဟာ) တစ်သက်လုံးပေါင်းရမယ့် လင်လောင်းလျာ ရည်းစားထားတာကျတော့ ထဘီရွေးသလောက်မှ အပင်ပန်းခံပြီး ရွေးပါရဲ့လားလို့ အောက်မေ့မိတယ်။
ထဘီကျတော့ ကိုယ်နဲ့လိုက်ရဲ့လား၊ အိမ်မှာရှိတဲ့ အင်္ကျီတွေ၊ လက်ကိုင်အိတ်တွေနဲ့ လိုက်ပါ့မလားဆိုတာ စဉ်းစားကြတယ်။
ရည်းစားထားလိုက်တော့ ငါ့စိတ်နေစရိုက်နဲ့ သင့်ပါ့မလား၊ ငါ့မိဘဆွေမျိုးဝန်းကျင်နဲ့ သူနဲ့ အဆင်ပြေပါ့မလား ဆိုတာမျိုး စဉ်းစားကြပါရဲ့လားလို့ တွေးမိတယ်။
ထဘီသင်ခန်းစာ
(တစ်ခါတုန်းကတပည့်တွေ) ရုပ်ရှင်ကြေးမုံ

မိခင်တွေ အသိပညာမြင့်မှ
နပိုလီယန်နှင့် မဒမ်ကင်ပန်ဆိုသော အမျိုးသမီးကြီးတို့၏ အမေးအဖြေကို သွားပြီး သတိရလိုက်မိသည်။
“ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲ”
“မိခင်ကောင်းတွေပါပဲရှင်”
“အောင်မလေး၊ စကားတစ်လုံးတည်းနဲ့ စနစ်ကြီးတစ်ခုပြီး သွားတာပါပဲလား ကရို့”
မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ) အသိပညာမြင့်မလာဘဲ မျိုးဆက်သစ်လူငယ်တွေ မြင့်မလာနိုင်ပါ။
သို့မှသာ “အမေ့သားကောင်းများ” မြောက်မြားစွာ ပေါ်ထွက်လာမည်ဟု ကျွန်တော် ယုံကြည်ပါသည်။
အမေ့သား

မိမိကိုယ်သာ ကိုးကွယ်ရာ
လူငယ်ဘ၀တွင်ဖြစ်စေ၊
လူကြီးဘ၀ရောက်သောအခါတွင်ဖြစ်စေ၊
မိသားစုတစ်ခု အနေဖြင့် ဖြစ်စေ၊
နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဖြစ်စေ၊
နိဗ္ဗာန်မဂ်ဖိုလ် ရရာရကြောင်း၌ ဖြစ်စေ၊
“မိမိကိုယ်သာ ကိုးကွယ်ရာ” ဟု သေသေချချာ နှလုံးပိုက်ရတော့မည်ဖြစ်ပါသည်။
စာစီစာကုံး

ကြီးပွားမှုနှင့် ဗေဒင်
ကိုယ်ဖတ်ဖူးတဲ့ အတ္တုပ္ပတ္တိတွေကို မှတ်မိသလောက်ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ဗေဒင်လက္ခဏာက ဟောလိုက်တဲ့ အတိုင်းဆောင်ရွက်လို့ ကြီးပွားလာခဲ့ရတယ်ဆိုတာမျိုး တစ်ခါမျှ မတွေ့ဖူးပါဘူး။ စိတ်ဆန္ဒပြင်းပြလွန်းလို့ အောင်မြင်ကြီးပွားသွားတယ်ဆိုတာမျိုးကိုပဲ တွေ့ရတတ်လေ့ရှိပါတယ်။
ဗေဒင်နှင့် ဘ၀ရည်မှန်းချက်
သင့်ဘ၀၊ ဇူလိုင်၊ ၉၄

သိသူမသိသူ
၁။ အကြင်သူသည် မသိ။ မိမိမသိကြောင်းကိုလည်း မသိ။ ထိုသူကား လူမိုက်တည်း။ ရှောင်ပါ။
၂။ အကြင်သူသည် မသိ။ မိမိမသိကြောင်းကိုကား သိ၏။ ထိုသူကား လူရိုးတည်း။ ကူညီလိုက်ပါ။
၃။ အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုကား မသိ။ ထိုသူကား အိပ်ပျော်နေသူတည်း။ နှိုးလိုက်ပါ။
၎။ အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုလည်း သိ၏။ ထိုသူကား ပညာရှိတည်း။ ဆည်းကပ်ပါ။
(တရုတ်စကားပုံ)
အမွေ

စာဖတ် ၀ါသနာ
စာဖတ်ဝါသနာကို ပျိုးထောင်လိုက်မိခြင်းသည် လူငယ်တစ်ယောက်၏ ဘ၀ကို တိုးတက် သွားစေနိုင်သည်သာမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်လိုက်နိုင်ပါသည်။
စာစီစာကုံး

အလိုလို ကုသိုလ်ရနေသူများ
သီးခြား အထူးကုသိုလ်ပြုနေစရာ မလိုဘဲ မိမိဝတ္တရားကို (ကောင်းမွန်စွာ) ဆောင်ရွက် လုပ်ကိုင်နေရုံနှင့် ကုသိုလ်ရနေသူ သုံးဦးရှိသည်တဲ့။ ထိုသူများကတော့ ရဟန်းတော်၊ ပြည့်ရှင်မင်းနှင့် အိမ်ရှင်မ (ဇနီး) တို့ဖြစ်ကြသည်။
စောင့်စည်းမှု
သင့်ဘ၀၊ ဇွန်၊ ၉၅

တက္ကသိုလ် ဆိုတာ
တက္ကသိုလ်ဆိုတာ စာတင် သင်တာမဟုတ်ဘူး၊ စဉ်းစားနည်းကို ပဓာနထားပြီးသင်တာ၊ စာသာတက်ပြီး စဉ်းစားနည်ကို မတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။ စဉ်းစားနည်းကိုသာရခဲ့ရင် ဘယ်ဘာသာယူပြီး ဘာဘွဲ့ကိုပဲရရ အဓိပ္ပာယ်ရှိတယ်။ သူများဖြစ်ရင် (တစ်ခါတုန်းက တပည့်တွေ) ကိုယ်ပိုင် ဥာဏ်ဖံြွ့ဖိုးမှု၊ ကိုယ်ပိုင်ဆင်ခြင်ဥာဏ် ဖံြွ့ဖိုးအောင် ကြိုးပမ်းခြင်းမှာ ပညာရေးတကာတို့၏ ဦးတည်ချက် ဖြစ်ပါသည်။ ထိုဥာဏ်မျိုးကိုမပေးနိုင်လျှင် ဟိုလူပြောဟုတ်နိုး၊ ဒီလူပြောဟုတ်နိုး စကားလုံးပြောင်တာကို အကောင်းထင်၊ အလင်္ကာကို အဟုတ်မှတ်၊ ဆင်ခြင်မှုကင်းမဲ့ပြီး တစ်မျိုးသားလုံး အောက်တန်းကျ သွားနိုင်သည်။
ဝေဖန် ချင့်ချိန်၍
ပေဖူးလွှာ၊ မေ။

သူရသတ္တိရှင်
ရှေးခေတ်ကဆိုရင် “ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ” တဲ့။ မျိုးဆက်သစ် အသက်ကလေး တစ်ချောင်းကို မျိုးဆက်ဟောင်း မိခင်က အသက်စွန့်ပြီး မွေးလိုက်ရတာလို့ဆိုသင့်တယ်။ မိခင်တစ်ယောက်ရဲ့ တခြားကျေးဇူးတွေကို ဘေးဖယ်ထားလိုက်ဦး ။ ကလေးမွေးဝံ့တဲ့ “သူရသတ္တိရှင်” တစ်ဦးအဖြစ်လောက်နဲ့ကိုပဲ ဘယ်လောက် အံ့သြကြည်ညိုစရာ ကောင်းနေပြီလဲ။
မျိုးဆက်သစ်

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ် ပညာတက်ချင်တက်မယ်၊ ဘွဲ့ရချင်ရမယ်၊ အသုံးမကျရင် လူရာမ၀င်ဘူး။
ပတ်ဝန်းကျင်အတွက် မင်းဟာအမြဲတမ်း အသုံးဝင်နေအောင်လုပ်ပါ။
တချို့ ဆိုရင် ပညာမတက်ဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ အသုံးဝင်အောင်လုပ်တယ်။
အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အသုံးဝင်အောင်လုပ်နေတာ။
ဘာမှအသုံးမ၀င်ရင် အသုံးမကျတဲ့ကောင်ဖြစ်သွားမှာပေါ့။
စာပေထဲကလူငယ့်သမိုင်း
မန်း-ဓမ္မသာလာဟောပြောပွဲ

ရိုးဖြောင့်မှု အရင်းအနှီး
အခြားအခြားသော အရင်းအနှီးများကို တန်းတူညီမျှ လူတိုင်းမရနိုင်စေကာမူ ရိုးဖြောင့်မှု အရင်းအနှီးကိုတော့ဖြင့် မည်သူမဆို လိုချင်လျှင်ရနိုင်ပါသည်။
ရိုးဖြောင့်မှု အရင်းအနှီး

ရိုးဖြောင့်မှု ဂုဏ်
လူငယ်များအနေနှင့် အတက်ပညာ၊ အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည်တို့တွင် တစ်ယောက်နှင့် တစ်ယောက် မတူနိုင်ကြပါ၊ အကန့်အသတ်ရှိနိုင်ကြပါသည်၊ သို့သော် ရိုးဖြောင့်မှုတွင်ကား မည်သူမဆို အစွမ်းကုန်ရိုးသားနိုင်ခွင့် ရှိကြပါသည်။ ထိုရိုးဖြောင့်မှုဂုဏ်ကို ရအောင် ကြိုးပမ်းလျက် အရင်းအနှီး ထူထောင်နိုင်ပါလျင် ကြာလေ အမြတ်ထွက်လေ ဖြစ်လာလိမ့်မည်။
ရိုးဖြောင့်မှု အရင်းအနှီး

အပေါင်းအသင်း သန့်ရှင်းမှု
ပတ်ဝန်းကျင် သန့်ရှင်းမှုသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသကဲ့သို့ အပေါင်းအသင်း ပတ်ဝန်းကျင် သန့်ရှင်းမှုသည်လည်း စာရိတ္တ ကျန်းမာရေးအတွက် အလွန်အရေးကြီးလေသည်။
စာစီစာကုံး

လောကကို စောင့်ရှောက်သော အရာ
လောကကြီးကို ပြိုကွဲပျောက်ပျက် မသွားရလေအောင် ထိန်ကွပ်ပေးထားသည့်အရာမှာ ကိုယ်ကျင့်တရားပင် ဖြစ်ပါသည်။ ထိုကိုယ်ကျင့်တရားကို ခိုင်မာစွာ ချမှတ်ပေးထားသည်မှာလည်း ဘာသာရေးပင်ဖြစ်သည်။
မြန်မာနှင့် သံဃာ ( ရွှေတိဂုံ ရေကြည်တော်အသင်း မဂ္ဂဇင်း )

ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၃-ဖေဖော်ဝါရီ-၂၀၁၁)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း လောကချမ်းသာစေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ဓာတ်ငွေ့ပိုက်လိုင်းများ ဆက်သွယ်သော လုပ်ငန်းနှင့်






ကျောင်းဆောင်အုတ်မြစ်တွင် လွန်ခဲ့သော ရက်များက ကျထားသော ဆီးနှင်းများမှ ပျော်လာသော ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပစ်နေကြစဉ်။




0 comments

Read more...

Dipeyin Sayadaw's Ovada - ဒီပဲရင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒ

Dipeyin Sayadaw's Ovada

Read more...

စွမ်းအင်ကိုယ်စီနဲ့ လမ်းကိုတည် ဓမ္မစာစဉ် - အရှင်သုမင်္ဂလ (ဒယ်အိုး)

ငြိမ်ငြိမ်လေးထိုင်ပြီး အကြာကြီး စာဖတ်စာရေး မလုပ်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်စုလောက်ကြာခဲ့ပြီ။ ဒီတော့ ငြိမ်ငြိမ်ထိုင်ပြီး အချိန်ကြာကြာလုပ်ရတဲ့အလုပ်နဲ့ ကိုယ်နဲ့ သိပ်အဆင်မပြေတော့ဘူး။ မလုပ်ချင်တော့။ နေ့စဉ်နှင့်အမျှ ပြေးလွှားပြီး တစ်မြို့ပြီးတစ်မြို့၊ တစ်နေရာပြီးတစ်နေရာ သွားလိုက်လာလိုက်၊ တရားဟောလိုက်၊ စကားပြောလိုက်နဲ့ အချိန်တွေကိုသုံးစွဲရတာ ကျင့်သားရနေတော့ ဘယ်အချိန်မှာထိုင်ပြီး စာရေးရမယ်ဆိုတာ တိုင်ပင်ကိုက်လို့မရဘူးဖြစ်နေတယ်။ စာတွေရေးချင်တယ်၊ ရေးပေးချင်တယ်၊ ရေးဖို့ စဉ်းစားထားတာတွေအများကြီး။ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး။

ဒီလိုနေရင်းက စင်္ကပူနိုင်ငံမှာ တရားဟောပေးဖို့ ဒကာကြီးကို ဒီးဒူ (ခ) ရောဘတ်ဦးက လျှောက်ထားလာပါတယ်။ စင်္ကပူမှာ (၃)ရက် တရားဟောပေးဖို့လျှောက်ရင်းက (၃) ရက်တရားပွဲမှာတစ်ရက်လျှင် တရားဒကာတစ်ယောက် တာဝန်ယူမှာဖြစ်ပြီး ဓမ္မဒါနအဖြစ် တရားပွဲလာ တရားနာပရိသတ်ကို ဓမ္မဒါနစာအုပ်လေးတွေ ဝေချင်တဲ့ ဆန္ဒပြင်းပြနေကြပါတယ်။ အဲ့ဒီအတွက်အရှင်ဘုရားမှ (၃) ရက်စာတစ်ရက်လျှင် တစ်ပုဒ်-တစ်အုပ် ရေးပေးတော်မူပါဆိုပြီး လျှောက်ထားလာတယ်။

ပြီးတော့ဆက်လျှောက်တာက တပည့်တော်တို့အတွက် ရေးတဲ့အခါမှာ ဒါန၊ သီလ၊ ဘာဝနာဆိုပြီးတော့ (၃)အုပ်ရေးပေးပါဘုရား၊ တပည့်တော်အပါအ၀င် အတော်များများ ဗုဒ္ဓဘာသာများမှာ ဒါနဘယ်လိုပြုရမယ်။ ဘယ်လိုပြုမှ အကျိုးများမယ်ဆိုတာ မသိကြသူများပါတယ်ဘုရား၊ အရှင်ဘုရားတို့ ပြောကြဟောကြလို့ လူဖြစ်ကျိုးနပ်ဖို့ဒါန၊ သီလ၊ ဘာဝနာပြုကြရမယ်ဆိုတာတော့သိကြရပါပြီ။

ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာအကြောင်း သိသင့်သလောက်သိကြရအောင် အရှင်ဘုရားက ရေးသားချီးမြှင့်ပေးတော်မူပါလို့ လျှောက်ထားလာတယ်..

စွမ်းအင်ကိုယ်ဆီနဲ့လမ်းကိုတည် ဓမ္မစာစဉ်မှ အမှာစာကောက်နှုတ်ချက်ဖြစ်ပါတယ်. Download စွမ်းအင်ကိုယ်ဆီနဲ့ လမ်းကိုတည် ဓမ္မစာစဉ်

Read more...

တေဇောလေးမျိုး

သန္တပ္ပန ဒဟနနှင့် ဇီရဏပေ ပါစကေ လေးထွေ တေဇပြား။

သန္တပ္ပနတေဇော
ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသောရှိသော ကိုယ်ငွေ့ကို "ဥသ္မာတေဇော"ဟုခေါ်၏။ ထိုဥသ္မာတေဇောအပြင် သန္တပ္ပနစသော တေဇောလေးမျိုးရှိသေး၏။ ထိုတွင် ဥသ္မာတေဇော ဖောက်ပြန်လာသောအခါ အပူဒီဂရီတိုးတက်လျက် တစ်ရက်ခြား နှစ်ရက်ခြား (ငှက်ဖျား ဖျားသလို) ဖျားစေတတ်သော တေဇောသည် သန္တပ္ပနတေဇောမည်။ (သံ-ပြင်းစွာ၊ တပ္ပန- ပူလောင်တတ်သော တေဇော)။

ဒဟနတေဇော
ထိုသန္တပ္ပနတေဇောထက်ပင် အပူဒီဂရီလွန်တက်၍ ပူလှချေရဲ့ လောင်လှချေရဲ့ ယပ်ခပ်ပေးပါ စန္ဒကူးနံ့သာ လိမ်းပေးပါ ရေချိုးချင်တယ် စသည်ဖြင့် ညဉ်းညူရလောက်အောင် ပူလောင်သော တေဇောသည် ဒဟနတေဇောမည်၏။ မီးကဲ့သို့လောင်ကျွမ်း တတ်သော တေဇောတည်း။

ဇီရဏတေဇော
ဆံဖြူအောင် သွားကျိုးအောင် မျက်စိမွဲအောင် အသားအရေတွန့်အောင် အရွယ်ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောသည် ဇီရဏတေဇောမည်၏။ ဤပြခဲ့သော တေဇောသုံးပါသည် ခန္ဓာကိုယ်၌ အမြဲပါရှိကြသည်မဟုတ်။ သန္တပ္ပနနှင့် ဒဟနသည် ဖျားနေတဲ့အခါ၌သာ မူလကိုယ်ငွေ့ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း။ ဇီရဏတေဇောသည် ရောဂါတစ်ခုခု အမြဲစွဲကပ်သောအခါ သို့မဟုတ် အရွယ်ဆုတ်ယုတ်ချိန်အခါ၌ မူလကိုယ်ငွေ့ ဖောက်ပြန်လာသော တေဇောတည်း။

ပါစကတေဇော
စားသောကအပ်သမျှသော အစာအာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောသည် ပါစကတေဇောမည်၏။ ၀မ်းမီးဟု ခေါ်ကြသည်။ အစာသစ်အိမ်နှင့် ကပ်လျက်တည်ရှိသတတ်။ ထိုပါစကတေဇောကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏။ ရှေ့ကံကြောင့် ဖြစ်ရကား အချို့သူတို့၌ ၀မ်းမီးညံ့၏။ အချို့၌ လွန်ကဲ၏။ လွန်ကဲနေသူ ညံ့နေသူတို့၌ ၀မ်းမီး၏ အနီးအပါးဝယ်ရှိသော စိတ္တဇ ဥတုဇ အာဟာရဇတေဇောတို့ကို တက်သိနားလည်ကြသော ဆေးဆရာတို့ထံ မေးမြန်ပြုပြင်က ၀မ်းမီးမှာ အထောက်အပံ့ ရနိုင်စရာ ရှိသည်။ ကံ့ကြောင့်ဖြစ်ပေါ်လာသော ၀မ်းမီးခေါ် ပါစကတေဇောကား ကံ၏အရာဖြစ်၍ ကံနှင့်သာ ဆိုင်သည်။

ကျမ်းကိုး- သင်္ဂြိုဟ်ဘာသာဋီကာ/ ရူပသမုဒ္ဒေသ-နှာ- ၄၄၅
ကျမ်းပြုသူ- အရှင်ဇနကာဘိဝံသ

Read more...

သဗ္ဗာသဝသုတ် အဆက်

ဘုရားသခင်သည် ပယ်ရှင်းရန် နည်းလမ်းနှင့် တကွဖြစ်သော အောက်ပါ အာသဝတရား ခုနစ်မျိုးကို ဟောကြားတော်မူသည်။

၁) မြင်ခြင်း(ဒဿန)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

၂) ပိတ်ဆို့ခြင်း(သံဝရ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

၃) မှီဝဲခြင်း(ပဋိသေဝန)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

၎) သည်းခံခြင်း(အဓိဝါသန)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

၅) ရှောင်ကြည်ခြင်း(ပရိဝဇ္ဇနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

၆) ပယ်ဖျောက်ခြင်း(ဝိနောဒနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

၇) ပွါးများခြင်း(ဘာဝနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ

မြင်ခြင်းဖြင့် ပယ်အပ်သောအာသဝေါတရားတို့ဟူရာ၌ မြင်ခြင်းဟူသည် အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းကိုဆိုလို၏။ မှန်၏။ အရိယာသူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသောသူသည် သူတော်ကောင်းစကားကို ကြားနာခွင့်မရနိုင်ပေ။ သူတော်ကောင်း တရားကို မကြားနာရသော် သူတော်ကောင်းတရား၌ နားလည်လိမ္မာသူဖြစ်မလာနိုင်ပေ။ သူတော်ကောင်းတရား၌ မသိနားမလည် မလိမ္မာသော် နှလုံးမသွင်းသင့်သောတရားကို နှလုံးသွင်းခြင်း၊ နှလုံးသွင်းသင့်သောတရားကို နှလုံးမသွင်းမိခြင်း ဟူသော ချွတ်ချော်မှားယွင်းမှုကြီးတို့ကို ပြုလုပ်မိတတ်ကြလေသည်။ ထိုသို့ နှလုံးသွင်း ချွတ်ချော်မှားယွင်းခြင်းကြောင့် မဖြစ်သေးသော အာသဝတရားတို့လည်း ဖြစ်လာတတ်၏၊ ဖြစ်ပြီးသော အာသဝတရားတို့လည်း တိုးပွါးအားကြီးလာတတ်လေသည်။

ဤနေရာ၌ စာရေးသူ၏ နှလုံးသွင်းမှားယွင်းမှုများစွာထဲမှ တစ်ခုကို နမူနာပြုလိုပါသည်။ ရမ်းဗြဲမြို့၊ ဓမ္မဝိဇယကျောင်းတွင် ကျောင်းထိုင် စဉ်ကဖြစ်ပါ၏။ ဓမ္မဝိဇယကျောင်းသည် မြို့နယ် လျှပ်စစ်ဓာတ်အားပေးလိုင်း၏ အစွန်အဖျားကျသော တစ်နေရာတွင်တည်ရှိ၏။ ထိုအချိန်က ညနေ (၇း၀၀) နာရီမှ (၁၀း၀၀)နာရီအထိသာ တစ်ရက်ခြားတစ်ကြိမ်စီ လျှပ်စစ်မီးရရှိကြ၏။ လျှပ်စစ်မီးလာပြီဆိုလျှင် ဗို့အားမြှင့်စက်မြှင့်သံတို့သည် တဖြောင်းဖြောင်း ထွက်ပေါ်လာလေ့ရှိ၏။ ကနဦးကမှ ဗို့အား ၁၂၀ မျှသာရောက်ရှိသော စာရေးသူတို့ကျောင်းတွင် ၃ မိနစ်ခန့်ကျော်လျှင်ပင် ဗို့အား ၃၀ မျှသာ ရှိရစ်လေတော့သည်။ ဘယ်မီးသီး ဘယ်မီးချောင်းကို ဘယ်လိုလင်းအောင် ထွန်းမည်နည်း။

မီးမလာမှာ သေချာသောနေ့၌ ဘယ်သို့မျှခံစားချက်မဖြစ်သော်လည်း မီးလာသည့်နေ့၌မူ မနသိကာရမမှန်နိုင်တော့ပြီ။ "ဒီလောက်တောင်ဗို့အားမြှင့်စက်သုံးလှတာ ဒီလမ်းတစ်လျှေက်ကအိမ်တွေ ရှိသမျှ တီဗွီတွေ, မီးချောင်းတွေ အကုန်လောင်ကျွမ်း ကုန်ရင် ကောင်းမှာပဲ" ဟူသော နှလုံးသွင်းမှားယွင်းမှုက မဖိတ်ခေါ်ပါပဲ ပေါ်ပေါက်လာတော့သည်။ ထိုသို့နှလုံးသွင်းမှားယွင်းသည်နှင့် ဗို့အားမြှင့်စက် သုံးသူတွေအပေါ်ငြူစူခြင်း၊ မနာလိုခြင်း၊ ပျက်စီးဆုံးရှုံးစေလိုခြင်း စသော အာသဝတရားတို့သည် နှလုံးသွင်းမှားသူ မိမိကိုယ်ကိုသာ လောင်မြိုက်စေလေတော့သည်။

သို့သော် ဆရားကောင်းသမားကောင်းများထံ ချည်းကပ်၍ ဗုဒ္ဓတရားတော်များကို သင်ယူထားခဲ့ဖူးသော အသိတရားများက စာရေးသူကို ကယ်တင်ခဲ့ပါသည်။ "ငါ့နှယ် ဒီအကြံဆိုးတွေဟာ မဟုတ်သေးပါဘူး၊ ကုသိုလ်ဖြစ်အောင် ကြံစမ်း၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းစမ်း"ဟု ကိုယ့်ကိုကိုယ် ဆုံးမမိလေသည်။ နှလုံးသွင်းမှုကိုလည်း "အင်း..၊ ဒီတစ်မြို့လုံး ကြိုက်သလိုသုံးနိုင်အောင် ဓာတ်အားပေးနိုင်လောက်တဲ့ စက်ကြီးတစ်လုံးသာရောက်လာရင် သိပ်ကောင်းမှာပဲ" ဟု ပြောင်းလဲလိုက်မိလေသည်။ ထိုရောခဏ၌ နှလုံးသွင်းမှားသဖြင့် အာသဝတရားတို့ ပူးဝင်နှိပ်စက်ခြင်းခံနေရသော စိတ်သည် အမူးပြေပျောက်၍ အမှန်ရောက်သောသူကဲ့သို့ ရွှင်လန်းပေါ့ပါးသွားခဲ့ရလေသည်။ ထိုသို့နှလုံးသွင်း မှန်လိုက်သည်ကို အကြောင်းပြု၍ ဗို့အားမြှင့်စက်ကို တစ်ဖုန်းဖုန်းလှည့်ကာ စိတ်ရှုပ်နေကြရရှာသောသူတို့အပေါ်၌ ထိုဒုက္ခတို့မှ လွတ်မြောက်စေလိုသော (ကောင်းမြတ်သော) မေတ္တာတရားတို့ကိုသာ ပွါးပို့မိလေတော့သည်။

ဇာတ်လမ်းကိုအနည်းငယ်ဆက်ရပါလျှင် အစပိုင်းက စာရေးသူ ကြံစည်တောင့်တခဲ့သကဲ့သို့ မည်သူ့အိမ်က တီဗွီ, မီးချောင်းမျှလည်း မလောင်ကျွမ်းခဲ့ပါ။ တစ်မြို့လုံးကို လင်းထိန်စေနိုင်လောက်သော ဓာတ်အားပေးစက်ကြီးလည်း ရောက်မလာခဲ့ပါ။ သို့သော် မကြာမြင့်မီကာလ၌ပင် စာရေးသူတို့ကျောင်းအတွက် သီးသန့်မီးစက် အလှူရှင်တစ်ယောက်တော့ဖြင့် ပေါ်ပေါက်ခဲ့ပါသည်။ (စာရေးသူ၏ စိတ်သည် အာသဝတရားတို့ကြောင့် ညစ်ညူးထိုင်းမှိုင်းခဲ့ရစဉ်က ဘာကောင်းကျိုးမှ မရခဲ့သည့်အပြင် ပူလောင်မှု အမျိုးမျိုးကိုသာ ခံစားခဲ့ရသော်လည်း၊ မေတ္တာတရားတို့ကြောင့် ကြည်လင်အေးမြခဲ့ရပြီးနောက်ပိုင်းတွင် သိသာသော ကောင်းကျိုး တရားတို့ ဖြစ်ပေါ်ခဲ့ရကြောင်း သတိပြုမိကြသည် ဆိုပါလျှင် ကိုယ့်မကောင်းကြောင်းကိုကိုယ် ထုတ်ဖော် ရေးသားရကျိုးနပ်ပါပြီ။)

စာရေးသူသည် သူတော်ကောင်းဆရာသမားများကို ဖူးမြင် ချည်းကပ်၍ ဗုဒ္ဓတရားတော်များကို ကြားနာမှတ်သားခဲ့ရသောကြောင့်သာ မိမိ၏ နှလုံးသွင်းမှားကို ပယ်ဖျောက်၍ နှလုံးသွင်းအမှန်သို့ ရောက်စေနိုင်ခဲ့သည်ကို သတိပြုမိကြစေလိုပါသည်။ ဤသို့ သူတော်ကောင်းတို့ကို ဖူးမြင်ချည်းကပ်၍ ဗုဒ္ဓတရားတော်များကိုနာယူခြင်းဖြင့် နှလုံးသွင်းမှန်ကန်စေကြပြီးလျှင် ပယ်ရှင်းနိုင်သော အာသဝတရားတို့ကို ရည်ညွှန်း၍ (မြင်ခြင်းဖြင့်ပယ်အပ်သော အာသဝတရား) တို့ဟူ၍ ဘုရားသခင် ဟောကြားတော်မူလေသည်။

ထို့ထက်အလွန်လည်း ဘုရားသခင်သည် သူတော်ကောင်းတို့ကို မဖူးမြင်ခြင်းကြောင့်၊ သူတော်ကောင်းတရား၌ မလိမ္မာခြင်းကြောင့် မသင့်သောအားဖြင့် နှလုံးသွင်းမှားယွင်းပုံများကို.....

ထိုသူ (အရိယာ-သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, အရိယာ-သူတော်ကောင်း တရား၌ မလိမ္မာသော, အရိယာ-သူတော်ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' မရှိသော အကြားအမြင်မရှိသူ ပုထုဇဉ်) သည် ဤသို့ မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်း၏။

''ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးသလော။

အတိတ်ကာလ၌ မဖြစ်ခဲ့ဖူးသလော။

အတိတ်ကာလ၌ အဘယ်သူ ဖြစ်ခဲ့ဖူးသနည်း။

အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့ဖူးသနည်း။

ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်ခဲ့ဖူးသနည်း။

ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့လော။

အနာဂတ်ကာလ၌ မဖြစ်လတ္တံ့လော။

အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်လတ္တံ့နည်း။

အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း။

ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်လတ္တံ့နည်း'' ဟု (နှလုံးသွင်း၏)။

ယခုပစ္စုပ္ပန်ကာလ၌လည်း-

''ငါဖြစ်သလော။

ငါမဖြစ်သလော။

ငါအဘယ်သူ ဖြစ်သနည်း။

ငါအဘယ်သို့ ဖြစ်သနည်း။

ငါသည် အဘယ်မှ လာသနည်း။

ထိုငါသည် အဘယ်သို့ သွားလတံ္တနည်း'' ။

ဤသို့ အဇ္ဈတ္တသန္တာန်၌ သို့လော သို့လော တွေးတော ယုံမှားခြင်းဖြစ်၏၊ (ဤသို့ မသင့်သောအကြောင်း အားဖြင့် နှလုံးသွင်း၏)။" ဟု ဟောတော်မူလေသည်။ ထို့သို့နှလုံးသွင်းမှားယွင်းမှုကြောင့် အာသဝတရားတို့ တိုးပွါးပုံကိုလည်း.....

"ဤသို့ မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား ဒိဋ္ဌိခြောက်ပါးတို့တွင်တစ်ပါးပါးသော ဒိဋ္ဌိဖြစ်၏၊ ''ငါအား အတ္တသည် ရှိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့် ဒိဋ္ဌိဖြစ်၏၊ ''ငါအား အတ္တသည် မရှိ'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အတ္တဖြင့်သာလျှင် အတ္တကို သိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အတ္တဖြင့်သာလျှင် အနတ္တကိုသိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အနတ္တဖြင့်သာလျှင် အတ္တကို သိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ တစ်နည်းအားဖြင့် ထိုသူအား ''ငါ၏ ထိုအတ္တသည် ပြောဆိုတတ်၏၊ သိမြင်ခံစားတတ်၏၊ ထိုထိုယောနိ ဂတိဝိညာဏဋ္ဌိတိ သတ္တာဝါသ သတ္တနိကာယ (အာရုံ)တို့၌ ကောင်းမှုကံ, မကောင်းမှုကံတို့၏အကျိုးကို (သိမြင်) ခံစားတတ်၏၊ ငါ၏ ထိုအတ္တသည် မြဲ၏၊ ခိုင်မြဲ၏၊ တည်မြဲ၏၊ ဖောက်ပြန်သောသဘောမရှိ၊ မြဲသော အရာတို့နှင့် တူစွာ ထို့အတူပင် တည်လတ္တံ့'' ဟု ဤသို့သော ဒိဋ္ဌိဖြစ်၏။" ဟု ဟောတော်မူလေသည်။ ထိုသို့အာသဝတရား တိုးပွါးသူတို့၏ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပုံကိုလည်း....

"ရဟန်းတို့ ဤမှားသောအမြင်ကို မိစ္ဆာဒိဋ္ဌိ, ဒိဋ္ဌိတောအုပ်, ဒိဋ္ဌိခရီးခဲ, ဒိဋ္ဌိဆူးငြောင့်, ဒိဋ္ဌိဖောက်ပြန်လှုပ်ရှားမှု, ဒိဋ္ဌိသံယောဇဉ်ဟူ၍ ဆိုအပ်၏၊ ရဟန်းတို့ ဒိဋ္ဌိသံယောဇဉ်နှင့် ယှဉ်သော အကြားအမြင်မရှိသူပုထုဇဉ်သည် (ပဋိသန္ဓေတည်၍) ဖြစ်ခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း (ကိုယ်) ဆင်းရဲခြင်းစိတ်မကောင်းခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်၊ ထိုဆင်းရဲ 'ဒုက္ခ'မှ မလွတ်ဟု (ငါဘုရား) ဟောတော် မူ၏။" ဟု ဟောတော်မူလေသည်။

ထို့အပြင်လည်း ဘုရားသခင်သည် သူတော်ကောင်းတို့ကို ဖူးမြင်ခြင်း, သူတော်ကောင်းတရား၌လိမ္မာခြင်းတို့ကြောင့် နှလုံးသွင်းမှန်မှန်ကန်ကန်သွင်းတတ်ပုံ, နှလုံးသွင်းမှန်မှုကြောင့် အာသဝတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်၍ ရရှိနိုင်သော ကောင်းကျိုးတရားတို့ကို ဟောတော်မူလိုရကား.....

"ထိုသူ (အရိယာ-သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, အရိယာ-သူတော်ကောင်းတရား၌ လိမ္မာသော, အရိယာ-သူတော်ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' ရှိသော အကြားအမြင်ရှိသူ အရိယာသာဝက) သည်....

''ဤသည်ကား ဒုက္ခတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခဖြစ်ကြောင်း သမုဒယတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း အကျင့် (လမ်းစဉ်) တည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ဤသို့သော အကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား (ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိသော ခန္ဓာ၌ ငါ့ဟာ ငါ ငါ့ကိုယ်ဟု အမှားမြင်ခြင်း) သက္ကာယဒိဋ္ဌိ, (ဘုရားစသည်တို့၌ ယုံမှားခြင်း) ဝိစိကိစ္ဆာ, (နွား ခွေး စသည်တို့၏ အကျင့် အလေ့ဖြင့် စင်ကြယ်၏ဟု အကျင့်အလေ့တို့ကို အမှားသုံးသပ်ခြင်း) သီလဗ္ဗတပရာမာသ သံယောဇဉ်သုံးပါးတို့သည် ပပျောက်ကုန်၏။ ရဟန်းတို့ ဤအာသဝတို့ကိုမြင်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။"ဟု မြင်ခြင်းဖြင့် ပိတ်အပ်ကုန်သော အာသဝတရားတို့ကို ဟောကြားတော်မူလေသည်။

အပိုင်း (၁၅) ကိုဆက်ရေးပါမည်။

အရှင်ဝိသာရဒ (ရမ္မာဝတီ)

Read more...

အနာဂတ်ကိုမျှော်ကြည့်ပါ

ခက်တော့ခက်တယ်၊ ခက်တာက ပြောရလည်းခက် ဆိုရလည်းခက် လုပ်ရလည်းခက်တယ်လို့ဆိုရမှာပဲ၊ တကယ်လည်း နေရာတိုင်း အခက်ကတွေ့နေတာကိုးဗျ။ သာသနာတော်ထဲမှာက ပိုတောင်ခက်လာသေး အဓမ္မနဲ့ ဓမ္မက ဘုရားရှင်သက်တော် ထင်ရှားရှိကတည်းကိုက အားပြိုင်လာနေကြတာ ဒီဘက်ခေတ်ရောက်လာတဲ့အထိပဲ။

အဓမ္မတွေများလာလေလေ လူအပါအ၀င် သုံးဆယ်တစ်ဘုံသားတွေအတွက် အပါယ်လေးဘုံ ပိုပြီးကျယ်ပြန့် လာလေလေပဲ ၊အယောင်ပြဓမ္မကိုဖန်တီးရင်းအဓမ္မကိုဖန်တီးနေကြတဲ့ လောကဖျက်သတ္တ၀ါတွေ လူယောင်ဖန်ဆင်းပြီး
လောကထဲရောက်နေကြတာ မနည်းဘူးကော။ အဲလိုလောကဖျက်သတ္တ၀ါတွေကြောင့်တရားရိပ်သာတွေက စီပွားရေး ကုမ္ပဏီတစ်ခုလိုဖြစ်လာနေကြတယ်။

ရိပ်သာဖြစ်မြောက်ရေးအတွက် အများဆုံးလှူနိုင်တဲ့သူက ဒီရိပ်သာရဲ့ဥက္ကဋ္ဌတွေဖြစ်လာပြီး တာဝန်ရှိဆရာတော်တွေကိုမျက်ကွယ်ပြု ဘေးမှာထားပြီးကျောင်းဂေါပကလို့ပြောရမလား ရိပ်သာအကျိုးတော်ဆောင်အဖွဲလို့ပြောရမလားအဲဒီအဖွဲ့တွေက အဲဒီရိပ်သာကို အားလုံးချုပ်ကိုင် အာဏာသိမ်းတော့တာပါပဲ။

ပြီးတော့ရိပ်သာတွေထဲမှာက စီပွားရေးသမား သူဋ္ဌေးကြီးတွေပေါလာတော့ ဘုရားတကာအမည်ခံခြင်တဲ့ သူဋ္ဌေးလေးတွေက အခွင့်အရေးရဖို့ဒီသူဋ္ဌေးကြီးတွေနဲ့အဆက်သွယ်ရခြင်တော့ မလှူချင်လည်းလှူပြီးရိပ်သာထဲမှာနေရာရအောင်ယူပြီး နောက်တော့အားပြိုင်လာကြတယ်ဂေါပကနေရာလုပွဲပေါ့ဗျာ၊ ကျောင်းထိုင်ဆရာတော်ဆီကို ဘယ်သူကဘယ်လိုဘုရား
ဘယ်ဝါကဘယ်နည်းဘုရား ဆိုသလို တိုင်ဦးရာနိုင်ဆိုသလိုဖြစ်နေကြတာလည်းမနည်းပါလား။

ကျနော်အားလုံးကိုမဆိုလိုပါ တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်နေတဲ့သူတော်ကောင်းအနည်းငယ်ရှိနေပါသည် အများစုကတော့ ရိပ်သာတစ်ခုခု နာမည်ကြီးကျောင်းတိုက်တစ်ခု နာမယ်ကြီးဆရာတော်တစ်ပါးပါးကို အိပ်ထဲထည့်ချင်သောစေတနာက
သာသနာတော်ကိုချည်းမြောက်ထောက်ပံ့ချင်စိတ်ထက်ပိုပါသည်။

ဆရာဒကာလက်တွဲညီမှသာသနာအရောင်တက်မည်ကို သိပါသော်လည်း တစ်ဦအမှားကို တစ်ဦးက မထောက်ပဲနေသော်
သာသနာတော်ပျက်လိမ့်မည်၊ အခုကျနော်တို့ခေတ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကိုမပျက်ပျက်အောင်နည်းပေါင်းစုံနဲ့ အဖျက်ခံနေရတယ်လို့ ကျနော်ထင်သည်၊ ငွေရှိသူကငွေနဲ့ဖျက်သည်၊အာဏာရှိသူက အာဏာနဲ့ဖျက်သည်
သာသနာတော်ကိုပြုချင်ရောင်ဆောင်ပြီး မဟုတ်သောဝါဒဖြင့် သာသနာတော်ကိုဖျက်ဆီးနေကြသူများလည်း ရှိပါသည်၊

ပိုပြီးတော့သနားစရာကောင်းတာက လုပ်သမျှမှန်တယ်ထင်ပြီးလိုက်လုပ်နေကြသော နောက်လိုက်များဖြစ်ကြ၏
ဒီတော့ ကိုယ့်လုပ်ရပ်ဟာ သာနာတော်အတွက် အကျိုးဖြစ်စေလား အကျိုးမဲ့လား အနာဂတ်ကိုကြည့်ပေးပါလို့။

ငြိမ်းချမ်းကြပါစေ
ဥပသကာ

ကိုဥပါသကာ အီးမေးလ်မှ ပေးပို့လာသည်ကို ပြန်လည်မျှဝေပါသည်။ ဟုတ်သင့်သလောက်တော့ ဟုတ်နေကြဟန်ရှိပါသည်။ စာရင်းဇယားမရှိ၍ သေချာတော့ မသိပါ။ (အရှင်ယော)

Read more...

သတိပဋ္ဌာန်နှင့်ဝိပဿနာ

သတိပဋ္ဌာန်ဆိုသည်ကား သတိဖြင့်လျှောက်ရမည့်လမ်းကြောင်းဟု အဓိပ္ပါယ်ရသည်။ သမာဓိကျင့်စဉ်ကိုဖြစ်စေ၊ ပညာကျင့်စဉ်ကိုဖြစ်စေ၊ မည်သည့်ကျင့်စဉ်ကို ကျင့်စေကာမူ သတိဖြင့်သာ ကျင့်သုံးရမည်ဖြစ်သည်။ သတိ၏အဓိပ္ပါယ်ကို အဘိဓမ္မာ-အဋ္ဌကထာ၌ သုံးမျိုးဖွင့်ပြကြသည်။

(၁) စိတ်ကိုတစ်ခုတည်းသောအာရုံ၌ စွဲမြဲစွာထားနိုင်သော သတ္တိအထူးရှိသည်။ (အပိလာပန)
(၂) စိတ်ထဲ၌ ရှုတ်ထွေးခြင်း၊ ထိုင်းမှိုင်းခြင်းတို့ကို ဖယ်ရှား၍ ငုတ်နေသော သဘာဝ လက္ခဏာတို့ကို ဖေါ်ထုတ်နိုင်သော စွမ်းရည်သတ္တိအထူးလည်းရှိသည်။ (အသမ္မောသန)
(၃) စိတ်ကို စောင့်ရှောက်ထိမ်းသိမ်းနိုင်သော သတ္တိအထူးလည်းရှိသည်။ (အာရက္ခ)

ယောဂီပုဂ္ဂိုလ်သည်သမထကမ္မဋ္ဌာန်းကိုပဲကျင့်သည်ဖြစ်စေ၊ ၀ိပဿနာကမ္မဋ္ဌာန်းကိုပဲ ကျင့်သည်ဖြစ်စေ သတိဖြင့်သာ စတင်ကျင့်သုံးရမည်ဖြစ်သည်။ ဆိုလိုသည်ကား စိတ်တည်း ဟူသော နွားရိုင်းကို ကာယဟူသောတိုင်ငုတ်၌ သတိဟူသောကြိုးဖြင့်ချည်၍ ၀ီရိယဟူသော ကြိမ်လုံးဖြင့် ရိုက်နှက်ရမည်ဖြစ်သည်။ ယောဂီပုဂ္ဂိုလ်ကား နွားကျောင်းသား၊ စိတ်ကနွား၊ သတိက ကြိုး၊ ၀ီရိယက ကြိမ်လုံးဖြစ်သည်။ (မဟာသတိပဋ္ဌာနသုတ်အဋ္ဌကထာ)

ဤ၌ ကာယဟူသည် ရူပကာယ၊ နာမကာယဟူ၍ နှစ်မျိုးရှိသည်။ ရူပကာယ၌ ထွက်လေ၀င်လေ (သို့) ဓာတ်လေးပါးတို့သည် ကမ္မဋ္ဌာန်းအားထုတ်ရာ၌ အဓိကကျသော ကမ္မဋ္ဌာန်းအာရုံ ကာယတို့ဖြစ်ကြကုန်၏။ နာမကာယ(mental body)၌ ဝေဒနာ၊ စိတ်၊ စေတသိက်၊ အားလုံးတို့ပါဝင်ကြသည်။ ဤကာယနှစ်မျိုးစလုံးအပေါ်၌ အသေးစိပ်ရှုပုံကို မဟာသတိပဋ္ဌာနသုတ်၌ အခန်းပေါင်း-၁၃-ခန်းတို့ဖြင့် အသေးစိပ် ဗုဒ္ဓရှင်တော် ဟောကြားထားခဲ့ပါသည်။မဟာသတိပဋ္ဌာနသုတ္တန်၊ အာနာပါနအခန်း၌ သုံးသပ်နည်း-၄-ပါး ဖေါ်ပြထားသည်ကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက ၅-မျိုးထပ်မံ၍ အသေးစိပ်ဖွင့်ပြထားလေသည်။ ၀ိသုဒ္ဓိမဂ်ကျမ်းသည် ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ကျမ်းဖြစ်သည်။ ယောဂီတိုင်းလေ့လာသင့်သော ကျမ်းတစ်ခု ဖြစ်သည်။ ၀ိသုဒ္ဓိမဂ်၌ ဖေါ်ပြထားသော အာနာပါနရှုနည်း ၅-မျိုးတို့တွင် ဂဏနာနည်းမှာ (counting method) ကလေးသူငယ်များပင်လျှင် ကျင့်သုံးနိုင်သော နည်းတစ်ခုဖြစ်သည်။ ဝေဒနာနုပဿနာခန်း၌ ဝေဒနာသုံးမျိုး၊ စိတ္တာနုပဿနာခန်း၌ စိတ်-၁၆-မျိုးတို့ကို အသေးစိပ်ဟောကြားတော်မူထားပါသည်။ ဓမ္မာနုပဿနာခန်း၌ နီဝရဏခန်း၊ ခန္ဓာခန်း၊ အာယတနခန်း၊ ဗောဇ္ဈင်ခန်း၊ သစ္စာခန်းဟူ၍ ၅-ခန်းခွဲခြားကာ ဟောကြားတော်မူထား ပါသည်။ ဤ၌ အံ့သြဖွယ်ကောင်းသည်မှာ သတိပဋ္ဌာန်လေးပါး၏အဆုံးဝယ် သစ္စာလေးပါးဖြင့် နိဂုံးချုပ်ထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိပဋ္ဌာနသုတ်၏ လမ်းညွှန်ချက်အတိုင်း လိုက်ပါအားထုတ်နိုင်လျှင် သစ္စာဉာဏ်သို့ ဆိုက်ရောက်နိုင်ကြောင်း လွယ်ကူစွာ သိရှိနိုင်ပါသည်။မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန်စံခါနီး ကုသိနာရုံ၌ အရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့သော စကားတစ်ခွန်းရှိပါသည်။

“ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ”တိ။ (ပရိနိဗ္ဗာနသုတ်)

ဤနေရာ၌ ဆိုလိုသည်မှာ ပိဋကတ်သုံးပုံသည် ကျွန်ုပ်တို့၏ ဆရာသမားဖြစ်သည်ဟု မှတ်ယူနိုင်ရမည်။ ခံယူနိုင်ရမည်။ မဟာသတိပဋ္ဌာနသုတ်ကို စံထား၍ ပိဋကတ် သုံးပုံ၏စုဝေးရာ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာကို၎င်း၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာကြီး၏ မှီခိုရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကို၎င်း၊ ကမ္မဋ္ဌာနာစရိယဆရာများနှင့် ယောဂီပုဂ္ဂိုလ်များအားလုံး ဆရာအဖြစ်ဖြင့် မှီခိုသင့်ကြပါသည်။ ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ်၌ ကာယေ ကာယာနုပဿီ ၀ိဟရတိ-ဟု မြတ်ဗုဒ္ဓ ဟောတော်မူပါသည်။ ဤ၌ ကာယဟူသောပုဒ်ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ပထ၀ီကာယ၊ အာပေါကာယ၊ တေဇောကာယ၊ ၀ါယောကာယ အစရှိသည်ဖြင့် ရုပ်တို့၏အစုအပေါင်းကို အစိပ်စိပ်ခွဲ၍ရှုရန် ဖွင့်ပြထားပါသည်။ ပထ၀ီကာယံ အနိစ္စတော အနုပဿတိ - ပထ၀ီဓာတ် တို့၏အစုအပေါင်းကို အနိစ္စမြင်အောင်ရှုရမည်ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောတော်မူ ထားသည်ကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက (၁) အနိစ္စ၊ (၂) အနိစ္စလက္ခဏာ နှစ်မျိုးထပ်မံ၍ ဖွင့်ဆိုပြပါသည်။ အနိစ္စဟူသည် ခန္ဓာငါးပါး (အနိစ္စန္တိ ခန္ဓပဉ္စကံ)၊ သို့ဖြစ်ခြင်းကြောင့် အနိစ္စလက္ခဏာကို ရှုလိုသော ယောဂီပုဂ္ဂိုလ်သည် ခန္ဓာငါးပါး တစ်ပါးပါးကို မြင်အောင်ရှေးဦးစွာရှုရမည်ဖြစ်သည်။ ခန္ဓာတစ်ပါးပါး၌ သတိဖြင့် စိတ်ကို စွဲမြဲစွာချည်နှောင်ထားနိုင်ပါလျှင် ထိုခန္ဓာ၌ရှိနေသာ လက္ခဏာနှစ်မျိုး (၁) သဘာဝလက္ခဏာ၊ (၂) သာမညလက္ခဏာတို့ကို အလိုအလျှောက် တွေ့မြင်လာလိမ့်မည်ဖြစ်ပါသည်။ သဘာဝလက္ခဏာဟူသည် ခန္ဓာတစ်ခုစီ၏ ကိုယ်ပိုင် လက္ခဏာဖြစ်သည်။ သာမညလက္ခဏာဟူသည် ရုပ်နာမ် ခန္ဓာအားလုံးနှင့်ဆိုင်သော လက္ခဏာဖြစ်ပါသည်။ သာမညလက္ခဏာဟူသည် အခြားမဟုတ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတို့ပင် ဖြစ်သည်။ ထို့ကြောင့် သတိ၏အရေးပါအရာရောက်ပုံမှာ စိတ်ကို ခန္ဓာတစ်ခုခုပေါ်၌ စွဲမြဲစွာချည်နှောင်ထားနိုင်ခြင်း၊ ထို့ပြင် ခန္ဓာ၌ ငုတ်နေသော လက္ခဏာနှစ်မျိုးကို ဖေါ်ထုတ် ပေးလိုက်ခြင်းတို့ပင်ဖြစ်သည်။ ဤနေရာ၌ ယောဂီပုဂ္ဂိုလ်တို့သည် အနိစ္စနှင့်အနိစ္စလက္ခဏာတို့ကို ကွဲကွဲပြားပြား နားလည်ဘို့ရန်လိုအပ်ပါသည်။ အနိစ္စဟူသည် ခန္ဓာ၊ အနိစ္စလက္ခဏာဟူသည် ဥပ္ပါဒ-ဖြစ်ပေါ်လာခြင်း၊ ၀ယ-ပျက်စီးသွားခြင်း၊ အညထတ္တ-ဖေါက်ပြန်ပြောင်းလဲသွားခြင်းတို့ပင် ဖြစ်ပါသည်။ ဤအချက်ကို ၀ိသုဒ္ဓိမဂ်က ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၌ ယဒနိစ္စံ တံ ဒုက္ခံ-ဟု ဟောကြားတော်မူထားသောကြောင့် ခန္ဓာ၏အနိစ္စသဘော လက္ခဏာ သုံးချက်သည်ပင်လျှင် ဒုက္ခလက္ခဏာဖြစ်ပါသည်။ ယံ ဒုက္ခံ တဒနတ္တာ-ဟု ဟောတော်မူထားသောကြောင့် အနိစ္စ ဒုက္ခဖြစ်နေသော ခန္ဓာသည်ပင်လျှင် အနတ္တဖြစ်ပါသည်။ အနိစ္စကို နိစ္စသို့၊ ဒုက္ခကို သုခသို့၊ မည်သည့်တန်ခိုးရှင်မျှ ပြောင်းပြန် မလှန်နိုင်သောကြောင့် အနတ္တဖြစ်ပါသည်။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့်ခန္ဓာ၊ ခန္ဓာငါးပါးနှင့် အနိစ္စ-ဒုက္ခ-အနတ္တတို့သည် အတူတူပင်ဖြစ်ပါသည်။ ထို့ကြောင့် သစ္စာနှင့်ဝိမုတ္တိကို ရှာဖွေလိုသော ယောဂီပုဂ္ဂိုလ်သည် သတိပဋ္ဌာန်နှင့် ၀ိပဿနာကို စနစ်တကျ အားထုတ်တတ်ဘို့ တတ်ကျွမ်းသောဆရာတို့ကို ယုံကြည်စိတ်ဖြင့် ချဉ်းကပ်ခြင်းသည် ပထမဖြစ်ပါသည် (သဒ္ဓါဇာတော ဥပသင်္ကမတိ)။ သင်ယူခြင်းသည် ဒုတိယ၊ တတ်ကျွမ်းသောဆရာတို့ကို မေးမြန်းခြင်းသည် တတိယ၊ ကျင့်ကြံအားထုတ်ခြင်းသည် စတုတ္ထဖြစ်ပါသည်။သင်ယူရာ၌ အထိုက်အလျှောက် ဓမ္မဉာဏ်ကို ရနိုင်ပါသည်။ ဤဉာဏ်အဆင့်ကို သုတမယဉာဏ်ဟု ခေါ်ပါသည်။ (သောတာဝဓာနေ ပညာ သုတမယဉာဏံ)
ဆရာတို့ထံမှ သင်ကြား၍ရခဲ့သောပညာကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် လေးနက်စွာ တွေးတောဆင်ခြင် သုံးသပ်သဖြင့် ဖွင့်ဖြိုးလာသောဉာဏ်ကို စိန္တာမယဉာဏ်ဟုခေါ်ပါသည်။ သင်ယူခြင်း တွေးတောကြံစည်ခြင်းဖြင့် ရရှိသောအသိဉာဏ်ကို ခန္ဓာ၌သွင်း၍ ကရဇကာယ၌ ဉာဏ်သွင်း၍ ဆင်ခြင်သုံးသပ်သဖြင့် ရရှိလာသောဉာဏ်အဆင့်ဆင့်တို့ကို ဘာဝနာမယဉာဏ်ဟုခေါ်ပါသည်။ ဘာဝနာမယဉာဏ်အမျိုးအစားတို့ကို ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဉာဏ်စဉ်-၁၂-ပါးဟု ဖေါ်ပြထားပါသည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ သုတမယ ဉာဏ်မှစ၍ရေတွက်လျှင် ဉာဏ်စဉ်အားလုံး ၇၃-ပါးတို့ကို ဖေါ်ပြထားပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကြောင်းတို့ဖြင့် ရေပြင် မြေပြင် ဝေဟင်မှာ ခရီးသွားကြသောပုဂ္ဂိုလ်တို့သည် မိမိ၏ခရီးပန်းတိုင်သို့ လမ်းမှားသို့မရောက်မကွေ့ကောက်ပဲ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ဘို့ရန် မြေပေါ်ကို ကောင်းစွာမတ်ရပါသည်။ လမ်းပျက် တံတားပျက်တို့ကို ရှောင်ရပါသည်။ ထို့အတူပင် သစ္စာလမ်းကြောင်း ၀ိမုတ္တိလမ်းကြောင်း နိဗ္ဗာန်လမ်းကြောင်း ကောင်းကောင်းကြီးဖြောင့်စေဘို့ ၀ိပဿနာလမ်းစဉ်၏ အပြစ်များ ဖြစ်သော ဥပက္ကိလေသ-၁၀-ပါးတို့ကိုလည်း လေ့လာရှောင်ရှားသင့်ပါသည်။ ယခုအကြမ်းပြင်းမျှ ဖေါ်ပြခဲ့သော သစ္စာတရား ၀ိမုတ္တိတရားတို့ကို ရှာဖွေသော လမ်းကြောင်းကြီး၌ သတိသည်သာလျှင် ပဓာနဖြစ်ပါသည်။ သတိတစ်လုံးကို နှုတ်လိုက်လျှင် သီလ သမာဓိ ပညာအားလုံးကိုပါ ပယ်နှုတ်ပြီးသားဖြစ်နေပေလိမ့်မည်။ သီလ သမာဓိ ပညာ ဤသုံးပါးသည်ပင်လျှင် မြတ်ဗုဒ္ဓ၏သာသနာဖြစ်ပါသည်။ သမာဓိဈာန်အိမ်၊ ၀ိပဿနာဉာဏ်အိမ်ကြီးတစ်ခုခုကို တည်ဆောက်မည်ဆိုလျှင် သတိသည် အခြေခံအုတ်မြစ်ဖြစ်ရပါသည်။ ထို့ကြောင့် သတိသည်သာလျှင် နိဗ္ဗာန်သို့သွားရာ တစ်ခုတည်းသော လမ်းကြောင်းကြီးဖြစ်ပါသည်။

“ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ”

သီတဂူဆရာတော်

--------------------------------------------

မှီငြမ်းကိုးကားသောကျမ်းစာရင်းများ-
၁။ မဟာသတိပဋ္ဌာနသုတ် - မဟာဝဂ္ဂ-ဒီဃနိကာယ်
၂။ မဟာပရိနိဗ္ဗာနသုတ် - မဟာဝဂ္ဂ-ဒီဃနိကာယ်
၃။ နိဒါန၀ဂ္ဂသံယုတ် - သံယုတ္တနိကာယ် (ပ)
၎။ စင်္ကီသုတ် - ဗြဟ္မဏ၀ဂ်-မစ္ဇျိမနိကာယ်
၅။ ၀ိသုဒ္ဓိမဂ် - ၁ / ၂

မှတ်ချက်။ ။ ပရတော အဿုတွာ ပဋိလဒ္ဓပညာ အတ္တနော စိန္တာဝသေန နိပ္ဖန္နတ္တာ စိန္တာမယာ။
ပရတော သုတွာ ပဋိလဒ္ဓပညာ သုတ၀သေန နိပ္ဖန္နတ္တာ သုတမယာ။
ယထာ တထာ ၀ါ ဘာဝနာဝသေန နိပ္ဖန္နာ အပ္ပနာပ္ပတ္တာ ပညာ ဘာဝနာမယာ။

Read more...

သမ္ဗုဒ္ဓေဂါထာ ငါးမျိုး

၁။ အရှေ့ကျွန်းသမ္ဗုဒ္ဓေ
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
သဗ္ဗတေဇံ သဗ္ဗဂုဏံ။
သဗ္ဗသုခံ လဘတုမေ၊
ဆရဝီ ဆရာ ဆရီဆ ဆာယံ။
ပစ္စဗုဒ္ဓါ မဟာတေဇံ၊
သဗ္ဗညုတာ ဥာဏဝရံ။
သဗ္ဗသတ္တရု သဗ္ဗဘယံ၊
ဝိနဿန္တု အသေသတော။ ။


၂။ မြောက်ကျွန်းသမ္ဗုဒ္ဓေ
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ပဉ္စသတ သဟသာနိ။
ဒွါဒသဉ္စ သဟသာကေ၊
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ မဟာဖုလ္လေ၊
နမာမိ သိရသာမဟံ။
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၃။ အနောက်ကျွန်း သမ္ဗုဒ္ဓေ
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဝီသဉ္စ ဣမေဗုဒ္ဓါ။
ဧကတိံသ သဗ္ဗေဗုဒ္ဓါ၊
ဒွတ္တိံသစ မဟာဗုဒ္ဓါ။
ပဉ္စဝီသာ ဗုဒ္ဓါ နတ္တိ၊
တေတ္တိံသ ဗုဒ္ဓါဘာဝနာ။
ဧတေန ဗုဒ္ဓဂုဏေန၊
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၎။ တောင်ကျွန်းသမ္ဗုဒ္ဓေ
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၅။ အောင်သမ္ဗုဒ္ဓေ
သမ္ဗုဒ္ဓေ အဌဝီသတိ၊
မမဂစ္ဆဟိ ပုရတော။
ပဉ္စဗုဒ္ဓါ မဟာတေဇော၊
မမသီသေ နိသေသတိ။
ဒိဗ္ဗတီတင်္ခ ရက္ခ န္တု၊
မေ ဇယမင်္ဂလံ အဂ္ဂံ။
သဗ္ဗေပိ မေ နမဿာမိ၊
ဂုဏေ အာပတ္တိ ပုဂ္ဂလေ။
အရိယာနဉ္စ သဗ္ဗေသံ၊
သာဝကာနဉ္စ သဗ္ဗေသော။ ။

Read more...

“တစ်စိတ်တဝမ်းတည်း”


ဆိုးလ် မြို့တော်ကြီးက၊ ဟန်ဂူရွာက သူကြီးနဲ့ အဖွဲ့ လာလည်မယ်ဆိုတော့ စိုးရွံ့ တုန်လှုတ်တာတော့ အမှန်။
ပြောရရင် ဟန်ဂူရွာသူကြီးကို အားနာနေတာ။သူက ဆိုးလ်ကို လာဖို့ ဖိတ်ရတာ ခဏခဏ။ကိုယ်က အသွားအလာနည်းတဲ့သူ။
တစ်ပတ်မှာ ခြောက်ရက် သူဌေးက ကျွန်တော့်ကို ပိုင်တယ်။တနင်္ဂနွေ တစ်ရက် က သူငယ်ချင်းတွေပိုင်တယ်။ ကိုယ်ပိုင်တဲ့နေ့ ကို မရှိပါဘူး။
အဲဒီတော့ ဟန်ဂူရွာသူကြီးကို ကိုယ်ကအပြစ်ရှိသူတစ်ယောက်အနေနဲ့ ဘယ်လိုမျက်နှာကြည့်မတုန်း။
နောက်ပြီး နှစ် နှစ်သားသာသာ ရှိသေးတဲ့ စိတ္တသုခ ကို လာမယ်ဆိုတော့ ဆရာဘုန်းကြီးနဲ့ တပည့်ကျော်တွေက ချည့်နဲ့နဲ့ ကျောင်းကို အတင်းကျားကန်နေကြရတာ။
သူတို့မြို့တော်ကြီးက ကျောင်းတွေလို ပြည့်စုံတာမဟုတ်လေတော့ဧည့်ဝတ် မကျေမှာ စိုးပါဘိသနဲ့။ပြီးတော့ သူကြီးဆိုသူက ချောင်းကြည့်တတ်တာ ဝါသနာပါလေတော့ စိတ္တသုခမှာ ပြောစရာတွေများ ပါသွားမှာဖြင့် ခက်ပြီ။
ကဲလေ..ဘာပဲဖြစ်ဖြစ် အိမ်ရှင်ဆိုတော့ ခရီးဦးကြို စကြတာပေါ့။
ဒုံဒေဂူး ဘူတာမှာသွားကြိုဖြစ်ခဲ့ပါတယ်။
နှုတ်ခမ်းမွေးစစ လူကြမ်းမင်းသားနဲ့တူတဲ့ သူကြီးနဲ့ အဖွဲ့ကို ပထမဦးစွာ ကားကြပ်ကြပ်နဲ့ စတွေ့ပေးလိုက်ပါတော့တယ်။
ဘုန်းကြီးကျောင်းရောက်တော့စကားစမည်ပြောကြဆိုကြ၊ခဏနေတော့ ထမင်းစားထွက်ကြတာပေါ့။
ကိုရီးယားတွေ နှစ်ကူးပိတ်ရက်ရဲ့ အဓိက ရက်မှာမှ ဧည့်သည်တွေကို ဘာကျွေးရမှန်းမသိဖြစ်ရပါတော့တယ်။ နို့..ဆိုင်တွေအကုန်ပိတ်ထားတယ်လေ...။အဲဒီမှာ ဒုတိယအကြိမ် တွေ့ပေးလိုက်တာပေါ့။ ထမင်းစား ဖို့ဆိုင်ရှာရပြီလေ...။
ဧည့်သည်တွေကို ဒုက္ခပေးသလိုဖြစ်နေပြန်ပေါ့။မတတ်နိုင်ဘူးလေ။
ပြီးတော့ 갓바위 ဆိုတဲ့ ဘုရားကို လိုက်ပို့ပေးလိုက်ပါတယ်။ရောက်တုန်းရောက်ခိုက် ဘုရားဖူး ကုသိုလ်ပေါ့။
အင်း...ဘာပဲပြောပြော ဆရာသမားတွေ လာလည်တာ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။
သူတို့ဆီက များပြားလှတဲ့ အတွေ့အကြုံတွေ သိခွင့်ရတယ်။ အလုပ်သမားတွေရဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေ ပိုသိရတယ်။
မကြာခင်ကာလမှာ ကိုရီးယားရောက် မြန်မာများအတွက် မြန်မာပြည်ကနေ စာရေးဆရာတွေ ပင့်ဖိတ်ပြီး စာပေဟောပြောပွဲ ကျင်းပမယ်ဆိုတော့ စာပေ စိတ်ဝင်စားတဲ့မြန်မာတွေ။စာပေဟောပြောပွဲ ငတ်နေကြတဲ့ မြန်မာတွေ အတွက်တော့ အခွင့်ကောင်း တစ်ခုတော့ ရဦးတော့မှာပေါ့။
ရှေ့ဆက်ပြီးတော့ ဒေဂူးနဲ့ ဆိုးလ် လူမှုရေး ကိစ္စတွေကအစ မြန်မာအလုပ်သမားရေးရာတွေအတွက် လက်တွဲ လုပ်ကြဖို့ တိုင်ပင်နှီးနှော ဖြစ်ကြတာကတော့ အမြတ်ထွက်ခဲ့ပါတယ်။
ကိုရီးယားနှစ်သစ်ကူးပိတ်ရက် တွေ့ဆုံပွဲလေးမှာ မြန်မာတွေအချင်းချင်း တစ်မြို့စီခြားပေမဲ့ တစ်စိတ်တဝမ်းတည်း ရှိကြောင်းပြလိုက်ရတာ ကျွန်တော်တို့အတွက် ဝမ်းသာစရာနေ့ရက်လေးပါပဲဗျာ...။

Read more...

They Just Keep On Coming

Two days ago I received a message from Ciprian Salagean, a Rumanian Buddhist, telling me that my book Good Question Good Answer is now available on line in Rumanian and will be published as a book in that language soon. And just today my friend and student Eric Gibert informs me that his French translation of the same book is now on line too. Efforts are underway to have it published in book form also. It seems without trying I managed to write a book that, well, answers peoples questions about the Dhamma.
The Rumanian version is at
and the French version is at

Read more...

ချမ်းသာစွာ ဘဝနေနည်း

အမှန်တရားကို ချစ်မြတ်နိုးသော အရှင်ဓမ္မ ပီယ နှင့် မူလပျက် တရားကို အဓိက ထားဟောကြားသော မူလဓမ္မ ဆရာတော် ဦးဝိဇယ တို့ တရားဆွေးနွေးပွဲ

ဓမ္မ ပီယ – အရှင်ဘုရား၊ လူ့ ဘဝရောက်တုန်း လူဖြစ်မရှုံး ပဲ ချမ်းသာစွာ ဘဝကို တည်ဆေက်နိုင်ရေး အတွက် အဓိက ဘာတွေ လိုအပ်ပါသလဲဘုရား။
ဦးဝိဇယ – မနုသတ္တ ဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘဝဆိုတာ အလွန်ရခဲတဲ့ ဘဝ တစ်ခုဖြစ်ပါတယ်..ဘုရား။ အလွန်ရခဲတဲ့လူ့ဘဝရောက်တုန်း လူဖြစ်မရှုံးလိုသူတိုင်း မသိမဖြစ်လိုအပ်တာတွေကတော့ လူ့ဘဝရောက်ခိုက် မသိလိုက် ရလျှင် လူဖြစ်ရှုံးနိုင်သော

၁။ စွန့်လွှတ်ခြင်း ကုသိုလ် တရားနှင့် စွဲလန်းခြင်း အကုသိုလ် တရားတို့အကြောင်း။

၂။ စိတ် ပြေးခြင်းအထင် တရားနှင့် မပြေးခြင်း အမြင်တရားအကြောင်း။

၃၊ အရှိတရား သတိထားနိုင်မှ သတိပဌာန် တရားအကြောင်း။

၎။ မူလ ဓမ္မ ခေါ် မူလပျက် သုညတ တရားအကြောင်း။

၅။ ငါစွဲ အတ္တဖြုတ်ပုံတရားအကြောင်း ။

ငါးမျိုးသော တရားများကို မသိမဖြစ်လိုအပ်ပါတယ်ဘုရား။

မှတ်ချက်- ဤ ခေါင်းစဉ်များ ဖြင့်ဆက်လက်၍ ဖေါ်ပြပါမည်။

This entry was posted on Wednesday, February 23rd, 2011 at 9:39 pm and is filed under ချမ်းသာစွာဘဝနေနည်း. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback

Read more...

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၉)

နိဝါတတရား
နိဝါတတရားဆိုတာ ဖြစ်နေတာနှင့် ဖြစ်ဦးမည့်အရာတွေ ကြားမှာရှိတဲ့ ခြားနားမှုကို သိဖို့ရန် ပညာရှိရဲ့ တိုင်းတာစရာ ကြိယာ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကိုယ်မိမိ နှိမ်ချတဲ့ အနေနှင့် ကိုယ်တော်မြတ်၏ မင်းသွေးမင်းမာန်များကို စွန့်ပစ်ကာ သာသနာပြုအလုပ် တာဝန်များကို စတင်တော်မူခဲ့ပါတယ်။ ကိုယ်တော်မြတ်ဟာ အရဟန္တအဖြစ်သို့ ရောက်ရှိတော်မူခဲ့သော်ငြားလည်း ပင်ကိုသဘဝ ကင်းလွတ်တော်မူမသွားခဲ့သည့် အပြင် ထောင်လွှားသည့် လေသံမျိုးလည်း ရှိတော်မမူခဲ့ချေ။ ရှင်တော်မြတ်၏ ဒေသနာတော်များ၊ ပုံဆောင်တရားတော်များမှာ ကိန်းကြီးခမ်ကြီးနိုင်ခြင်းမျိုး အလျှဉ်းမရှိပါချေ။ အညတရအဖြစ်ဆုံး လူများအတွက်ပင်လျှင် ရှင်တော်ဗုဒ္ဓ အချိန်ပေးတော်မူခဲ့ပါသည်။ ဟာသဥာဏ်တော်လည်း ပျောက်ကွယ်သွားခြင်း အလျှင်း မရှိပေ။

အချိန်မဖြုန်းပါနဲ့
လူတစ်ယောက်ရဲ့ ဘဝကို အနာဂတ်အကြောင်း တွေးပူပြီး အချိန်ဖြုန်းတာ၊ အတိတ်ကို တန်းတ ပူပန်ပြီး အချိန်ဖြုန်းတာ၊ ပျင်းပျင်းရိရိ မေ့မေ့လျော့လျော့ အချိန်ဖြုန်းတာတွေဟာ ကမ္ဘာမြေပေါ်က အကောင်းဆုံး သတ္တဝါအဖြစ် သူရထားတဲ့ မြင့်မြတ်တဲ့ နေရာအတွက် သင့်တော်မှု မရှိဘူးဆိုတာကို ပြတာပါပဲ။ ဒီနည်းဖြင့် သူနှင့်ထိုက်တန်တဲ့ နေရာကို အဆင့်လျှော့ချပေးမည့် မကောင်းတဲ့ကံကို ဖန်တီးပါလိမ့်မည်။ ဒါကို စိတ်မှာမှတ်ထားပြီး အသက်ရှင်စဉ် ကုသိုလ်ကောင်းမှု လုပ်ပါ။ အချိန်ဖြုန်းခြင်းဖြင့် သင့်ကိုယ်သင်သာ ဒုက္ခဖြစ်စေသည် မဟုတ်၊ သင့်အချိန်သည် သင်ပိုင်သလို အများအားဖြင့် သူတစ်ပါးအချိန်လည်း ဖြစ်နေရကား သူတစ်ပါးကိုလည်း ဒုက္ခပေးပါသည်။

Read more...

လုံခြုံရေး…

လောကီဘုံသား လူအများအတွက် ဘဝမှာ လုံခြုံရေးက သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေဟာ လူတိုင်းလူတိုင်းအတွက် တကယ့်ကိုပဲ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့၊ လက်ရှိရရှိထားတဲ့ လူ့ဘဝလိုမျိုး ကောင်းတဲ့ ဘဝခန္ဓာကနေ နိမ့်ကျမသွားဖို့နဲ့ ကောင်းတဲ့စိတ်စေတနာလေးတွေ မယိမ်းယိုင်သွားဖို့ ဆိုတဲ့အချက်တွေဟာ လူတိုင်းတောင့်တနေတဲ့ အရာတွေဖြစ်သလို ဒီတောင့်တချက်များ ပြည့်စုံဖို့လည်း နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတတ်ကြပါတယ်။ လူအတော်များများဟာ တောင့်တပေမယ့်လည်း တောင့်တတဲ့အတိုင်း မပြည့်နိုင်ပဲ ဖြစ်နေကြသလို စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတို့ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် မပေးနိုင်ဘဲ ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့ စစ်မှန်တဲ့ လမ်းညွန်မှုအတိုင်း လက်တွေ့လိုက်နာ ကျင့်ကြံသူများကတော့ ဒီအရာတွေရဲ့ လုံခြုံရေးအတွက် ကောင်းကောင်းကြီး အာမခံနိုင်ကြမှာ ဖြစ်သလို လက်တွေ့လည်း လုံခြုံစိတ်ချနေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်က စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်စေတနာရဲ့ လုံခြုံရေးအတွက် အကောင်းဆုံးလမ်းတွေကို ညွန်ပြပေးတော်မူပါတယ်။ ဘုရားရှင် ပေးတော်မူတဲ့ လမ်းစဉ်ဟာ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်သုံးရမယ့် လမ်းစဉ်သာဖြစ်ပြီး သူများက အစားထိုးလုပ်ပေးလို့ရတဲ့ နည်းစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တကယ့်ကိုပဲ မိမိတို့ လိုလားတောင့်တတဲ့ လုံခြုံရေးကို လိုချင်တဲ့သူများ အတွက်တော့ ဘုရားပေးတဲ့ လမ်းစဉ်ဟာ အကောင်းဆုံး လက်တွေ့အသုံးချ လမ်းစဉ်ဖြစ်ကြောင်း ဆိုကြခြင်း ဖြစ်ပါတယ်။

ဘုရားပေးတဲ့ ဒီလမ်းစဉ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ဒါနပြုရေး၊ သီလဆောက်တည်ရေး၊ ဘာဝနာပွားရေး လမ်းစဉ်ပဲဖြစ်ပါတယ်။ ဒါနဟာ စည်းစိမ်ဥစ္စာများ လုံခြုံရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး သီလကတော့ ဘဝလုံခြုံရေးအတွက် အာမခံပေးမှာဖြစ်ကာ ဘာဝနာကတော့ စိတ်ဓာတ်လုံခြုံရေးအတွက် တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ဒါနလုပ်နေသူဟာ စည်းစိမ်ဥစ္စာများ လုံခြုံအောင် လုပ်နေသူဖြစ်ပြီး သီလစောင့်ထိန်းနေသူဟာ ဘဝလုံခြုံအောင် လုပ်နေသူဖြစ်ကာ ဘာဝနာအလုပ် အားထုတ်နေသူကတော့ စိတ်လုံခြုံအောင် လုပ်နေသူပဲ ဖြစ်ပါတယ်။ ဒါနသီလဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်နေသမျှ ဒီကုသိုလ်တွေရဲ့ တန်ခိုးတွေဟာလည်း တိုးပွားနေမှာဖြစ်ပြီး ဒီလိုတန်ခိုးတွေ ပိုင်ဆိုင်းထားသူတွေဟာလည်း တကယ့်ကို တန်ခိုးရှင်တွေဖြစ်နေကာ တန်ခိုးကြီးလေ လုံခြုံစိတ်ချမှုလည်း အားကြီးလေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

တကယ်တော့ လောကသားများ လိုလားတောင့်တပါတယ် ဆိုတဲ့ စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတွေရဲ့ လုံခြုံစိတ်ချရေးဟာ ဒါနသီလဘာဝနာတွေကလွဲလို့ တခြားအရာတွေနဲ့ ထိန်းပေးလို့ မရပါဘူး။ တစ်ခြားတခြားသော တန်ခိုးရှင် ဖန်တီးရှင်တွေက ဘယ်လိုပုံစံမျိုးနဲ့ပဲ လုံခြုံစိတ်ချအောင် ထိန်းသိမ်းနိုင်ပါစေ ဒါနလုပ်ပြီး၊ သီလဆောက်တည်ပြီး၊ တရားဘာဝနာ အားထုတ်ပြီး ထိန်းတာလောက် ဘယ်လိုမှ စိတ်ချအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုံခြုံမှုတွေဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ လုပ်ပေးနိုင်တဲ့ အရာတွေ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ် လူအတော်များများ ကြိုးစားနေကြတာက စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို အဓိကထား ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချရေးဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲထားထား၊ ဘယ်လိုလူကပဲ စောင့်ရှောက်စောင့်ရှောက် ဒီပစ္စည်းဥစ္စာတွေရဲ့ လုံခြုံမှုဟာ စိတ်မချရပါဘူး။ ဒီစည်းစိမ်ဥစ္စာတွေဟာ အမြဲစိုးရိမ်မှုကို ဖြစ်စေတတ်တဲ့အပြင် ရေး၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သူဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့လည်း အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အချိန်မရွေး၊ နေရာမရွေး ပျောက်ပျက်တတ်တဲ့ သဘောရှိနေပါတယ်။ စည်းစိမ်ဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုဆောင်းပေမယ့် အချိန်တန်တော့လည်း ပျောက်ပျက်သွားတတ်ပြန်ပါတယ်။ တစ်ခါတလေ ဒီပစ္စည်းဥစ္စာတွေ မပျောက်ပျက်အောင် နည်းအမျိုးမျိုးနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေမယ့်လည်း သူ့ရဲ့လုံခြုံစိတ်ချမှုဟာ နည်းနည်းမှ အာမခံချက် မပေးနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုဟာ ဒါနပြုခြင်းမှတပါး အခြားမရှိဘူးဆိုတဲ့ အဖြေပဲ ထွက်လာခဲ့တော့တာ ဖြစ်ပါတယ်။

ဒါနပြုခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ ပျောက်ပျက်မှုကနေ ကာကွယ်ပေးခြင်းဖြစ်သလို ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံတိုးပွားမှုကိုလည်း ထိန်းသိမ်းပေးခြင်း ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ကိုယ်မသေခင်မှာလည်း အချိန်မရွေး ပျက်စီးဆုံးရှုံးသွားတတ်သလို သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံမှုနဲ့ နောင်သံသရာအတွက် ယူဆောင်သွားမှုတို့အတွက် ဒီစည်းစိမ် ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ပေးခြင်းမှတပါး အခြားမရှိဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ အရာတွေကို အရင်းပြုပြီး စိတ်စေတနာ ကောင်းကောင်းနဲ့ ပေးကမ်းလှူဒါန်းမှုကို ပြုပေးခြင်းဟာ ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုအတွက် ထာဝရမပျက်စီးနိုင်တဲ့ အနုဂါမိက ရွှေအိုးမြုပ်နေတာ ဖြစ်တဲ့အတွက် များများပြုနိုင်လေ များများလုံခြုံစိတ်ချရလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးအတွက် ဒါနပြုပေးရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဒီလိုပါပဲ။ ဘဝခန္ဓာ လုံခြုံရေးအတွက်လည်း သီလဆောက်တည်ပေးရမှာ ဖြစ်ပါတယ်။ ဘဝခန္ဓာဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ ဆက်ဆံနေရတဲ့အတွက် အနှစ်ချုပ်ကြည့်ရင် ဘာမှမက်စရာ မရှိလှပါဘူး။ ဒီလို အနှစ်မရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့်လည်း ဒီဘဝ၊ ဒီခန္ဓာကို အမှီပြုပြီး ဖြစ်လိုက်ရတဲ့ရောဂါ၊ ဖြစ်လိုက်ရတဲ့ ပြဿနာတွေဟာ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ ရုပ်ခန္ဓာရှိနေသမျှ ရောဂါဆိုတာလည်း ရှိနေမှာဖြစ်တဲ့အတွက် ရောဂါစုကြီးကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဟာ ဒီဘဝဒီခန္ဓာရဲ့ လုံခြုံမှုအတွက် သီလကလွဲပြီး တခြားဘယ်အရာတွေနဲ့မှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

သီလဆိုတာ ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်ကြံပြီး ကိုယ့်ရဲ့ဘဝကို လှအောင်၊ ကိုယ့်ရဲ့ဘဝကို လုံခြုံအောင် သီလအကျင့်နဲ့ပဲ ထိန်းပေးရမှာ ဖြစ်ပါတယ်။ ဘဝကောင်းဖို့နဲ့ ရရှိလာတဲ့ ဘဝခန္ဓာလှဖို့၊ လုံခြုံဖို့အတွက် သီလအကျင့်က အရမ်းအရေးကြီးပါတယ်။ ရောဂါတွေနဲ့ ဆက်ဆံရတဲ့ ဒီဘဝဒီခန္ဓာကြီးမှာ ရောဂါပေါင်းစုံ ရနေခြင်းဟာ တစ်နည်းပြောရရင် သီလမလုံခြုံတဲ့ အတွက်ကြောင့်လို့လည်း ပြောနိုင်မှာ ဖြစ်ပါတယ်။ သီလမလုံခြုံတဲ့အတွက် ဘဝခန္ဓာဟာလည်း လုံခြုံစိတ်ချမှု မရှိဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ လက်တွေ့ဘဝတွေမှာ ကြည့်လိုက်မယ်ဆိုရင် ခန္ဓာရတဲ့သူချင်းအတူတူ တစ်ချို့က ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ ဖြစ်နေရသလို၊ တစ်ချို့ကတော့ ခြေမစုံလက်မစုံ ဖြစ်လာသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့က ကျန်းမာရေး ကောင်းနေပေမယ့် တစ်ချို့ကျတော့ မွေးကတည်းက အနာရောဂါ အစုံနဲ့ မွေးလာသူတွေ ရှိနေပြန်ပါတယ်။ တစ်ချို့ဆိုရင် ဘဝခန္ဓာ ရလာပေမယ့် လူ့ဘဝလူ့ခန္ဓာ မဟုတ်ဘဲ အလွန်နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝခန္ဓာ ရလာသူတွေအထိ ရှိတတ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ သီလမလုံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝခန္ဓာလုံခြုံဖို့အတွက် သီလဆောက်တည်ခြင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အရေးကြီးဆုံးဖြစ်တဲ့ စိတ်လုံခြုံဖို့ အတွက်ကတော့ ဘာဝနာနဲ့ ခြုံကြရမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ စိတ်ဆိုတဲ့သဘောဟာ တဒင်္ဂအခိုက်အတန့်အတွင်းမှာ အရာအထောင်မက ပြောင်းလဲဖြစ်ပျက်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် အာရုံပေါင်းစုံနဲ့ အတွေးပေါင်းစုံရဲ့ ချယ်လှယ်မှုကြောင့် စိတ်အစဉ်ဟာ အမြဲမပျက် ဖောက်ပြန်နေတတ်ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့ သဘောကိုက ကောင်းတဲ့သဘောကနေ မကောင်းတဲ့သဘောကို ရောက်ရှိသွားတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာများများ ဖောက်ပြန်လေ အဲဒီစိတ်ပိုင်ရှင်မှာ မကောင်းတဲ့သဘောတွေ များများတိုးလေလေ ဖြစ်နေမှာဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်နဲ့နေနေရလေ လုံခြုံစိတ်ချရမှုလည်း နည်းလေလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမကောင်းတဲ့ စိတ်အတွေးတွေနဲ့ မလုံမခြုံဖြစ်တတ်တဲ့ စိတ်ကို လုံခြုံစိတ်ချမှု ရှိရလေအောင် ဘာဝနာနဲ့ ထိန်းပေးဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာဝနာ အလုပ်ဟာ စိတ်အစဉ်ကို ထိန်းချုပ်ပေးတဲ့ စိတ်ထိန်းကိရိယာ တစ်ခုပဲ ဖြစ်ပါတယ်။ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပွားများအားထုတ်ပြီး ထိန်းပေးတဲ့ သမထဘာဝနာပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ရုပ်မှာ ပေါ်လာသမျှ အာရုံတွေကို ကိလေသာ ကြားမခိုအောင် သတိကပ်ပြီး အရှိအတိုင်း ဉာဏ်နဲ့ယှဉ်ကာ သိမှတ်ပေးရတဲ့ ဝိပဿနာ ဘာဝနာပဲ ဖြစ်ဖြစ် ဘယ်လိုဘာဝနာ အလုပ်ကိုပဲ လုပ်နေလုပ်နေ ဒါဟာ စိတ်ကိုလုံခြုံအောင် လုပ်ပေးနေတာ ဖြစ်တဲ့အတွက် များများလုပ်နိုင်လေ စိတ်မှာများများ လုံခြုံလေပဲ ဖြစ်ပါတယ်။ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်မျိုးမျိုးကို ကြိုးစားအားထုတ်နေပါက ကိလေသာ ကြားမခိုနိုင်ဘဲ စိတ်အစဉ်မှာ သန့်စင်နေတတ်တဲ့အတွက် သန့်ရှင်းစင်ကြယ်နေတဲ့ စိတ်ဟာ လုံခြုံမှုအပြည့်ရှိတဲ့ စိတ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိလေသာများနေတဲ့စိတ်ဟာ မကောင်းတဲ့ အတွေးများနဲ့ ကြောက်လန့်နေရပြီး ကြောက်လန့်မှုရှိနေတဲ့ စိတ်ဟာ လုံခြုံမှု မရှိတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိလေသာ တရားတွေကြောင့် အကြောက်တရားများနဲ့ မလုံမခြုံဖြစ်နေတတ်တဲ့ စိတ်ကို လုံခြုံစိတ်ချရမှုရှိအောင် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဘဝမှာ သတ္တဝါတွေဟာ လုံခြုံရေးအတွက် အမျိုးမျိုး ကြိုးစားကြတဲ့ နေရာမှာ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကတော့ အထူးလိုလားတောင့်တတတ်တဲ့ ကြိုးစားမှုတွေ ဖြစ်နေတဲ့အတွက် ဒီအရာတွေရဲ့ လုံခြုံရေးအတွက် တခြားအရာတွေနဲ့ ကြိုးစားကြတာထက် ဒါနသီလဘဝနာ အလုပ်များနဲ့ ကြိုးစားတာက အကောင်းဆုံး ဘဝလုံခြုံရေးပဲ ဖြစ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ လက်ရှိအချိန်မှာလည်း ရန်သူမျိုးငါးပါးတွေနဲ့ မပြတ်ဆက်ဆံနေတဲ့အပြင် သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို ဒါနပြုလုပ်ပေးခြင်းနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘဝခန္ဓာဆိုတာလည်း အနာရောဂါ အမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘဝခန္ဓာကိုယ်ရဲ့ လုံခြုံမှုဟာ ဒီဘဝလည်း လုံခြုံ၊ နောင်သံသရာမှာလည်း လုံခြုံမှုကို ဖြစ်စေတတ်တဲ့ သီလဆောက်တည်မှုနဲ့ပဲ လုံခြုံအောင် ကြိုးစားရမှာဖြစ်ပြီး စိတ်ဆိုတာကလည်း ကိလေသာအာရုံတွေနဲ့ အမြဲနှိပ်စက်ခံရတတ်တဲ့အပြင် မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီစိတ်အစဉ် လုံခြုံရေးအတွက်လည်း ကိလေသာကြားခိုမှုကို တားမြစ်ပေးနိုင်တဲ့ ဘာဝနာ အလုပ်နဲ့ပဲ လုံခြုံအောင် စောင့်ရှောက်ကြရမှာ ဖြစ်တယ်ဆိုတာ သဘောပေါက် စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံရေး၊ လုံခြုံရေးလို့ ဆိုနေကြတဲ့ သတ္တဝါတွေ အနေနဲ့ တစ်ခြားတခြား လုံခြုံရေးတွေထက် မိမိတို့ဘဝရဲ့ အဓိက လုံခြုံရမယ့် အရာတွေဖြစ်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကိုသာ ဦးစားပေးကြရမှာ ဖြစ်တဲ့အတွက် ဒီအရာတွေ လုံခြုံမှုရှိအောင် ဒါနအလုပ်၊ သီလအလုပ်၊ ဘာဝနာအလုပ်များကို ကြိုးစားအားထုတ်ရင်းနဲ့ပဲ အချိန်ရှိခိုက် လုံခြုံရေးအတွက် အားစိုက်လိုက်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP