* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, February 22, 2011

ချစ်ခြင်းမေတ္တာနှင့် ကမ္မဌာန်း

အကျွန်ုပ်တို့အချို့ဟာ ချစ်ခြင်းမေတ္တာရဲ့ပဓာနအနှစ်သာရကို ခံစားရပြီးလျင် ရှင်သန်နေတဲ့ချစ်ခြင်းမေတ္တာရဲ့ မီးတောက်မီးလျံကို ဆက်လက်ထိန်းသိမ်းရာမှာ အခက်အခဲ ဖြစ်ပေါ်လာပါတယ်။ တကယ့်အခိုက်အတံ့တစ်ခုဟာ ချစ်ခြင်းမေတ္တာရဲ့ခံစားတွေ့ကြုံမှုကို စကားလုံးနှင့် မှတ်ညဏ်ထဲသို့ ကူးပြောင်းသွားပါတယ်။ စိတ်ဟာ လွှဲပြောင်းတာဝန်ယူပါတယ်။ အဲဒီတော့မှပဲ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့မစစ်မှန်တဲ့ ရုပ်ပုံကားချပ်တစ်ခုကို ဖန်တီးရာမှာ အဆုံးသတ်သွားပါတော့တယ်။

ချစ်ခြင်းမေတ္တာကို မျက်မှောက်အခိုက်မှာသာလျင် ခံစားနိုင်တယ်ဆိုတဲ့ အချက်ကို နားလည်သဘောပေါက်ဖို့ အလွန်အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အတွေးအားလုံးဟာ ချစ်ခြင်းမေတ္တာကို ငြင်းပယ်ပါတယ်။ ပြီးတော့ တစ်ဦးတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ မစစ်မှန်တဲ့ကမ္ဘာထဲမှာ ရှိနေဖို့ မသိမှုဆီသို့ တစ်ဦးချင်းအလိုက်ကို တွန်းအားပေးပါတယ်။

တစ်ဦးချင်းအလိုက် အခြေခံအားဖြင့် တပ်မက်မှုနဲ့ သူတစ်ပါးလက်အောက်ခံဖြစ်တဲ့ မလွတ်လပ်တဲ့ အတွေးများရဲ့ ကွန်ယက်ထဲမှာ နွံနစ်နေပါတယ်။ မှားယွင်းတဲ့ပျော်ရွှင်မှုထဲသို့ သယ်ဆောင်လာတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ တဖြည်းဖြည်းများလာတဲ့ အတွေးများက - အဲဒီအရာကို ဆုံးရှုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခများဆီသို့ လမ်းကို မနားမနေ ပေးပါတယ်။

ဘက်ပေါင်းစုံ ပေါင်းစည်းထားတဲ့- လိုက်ဖက်အတွဲညီတဲ့- အနုစိတ်တိုင်းနိုင်တဲ့ တစ်ဦးချင်းအလိုက်သာလျင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ မီးတောက်မီးလျံကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ ရဲ့အိုင်ထဲမှာ တကယ်ပဲရှိနေရလောက်အောင် ပစ္စပ္ပုန်အခိုက်အတံ့မှာ အမြစ်တွယ်နေထိုင်ဖို့ တစ်ဦးချင်းအတွက် မရှိမဖြစ် ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တိုင် ချစ်ခြင်းမေတ္တာမှာ ရှိတဲ့ တစ်ဦးချင်းကသာလျင် အခြားသူများကို ချစ်ခြင်းမေတ္တာဆိုင်ရာ အနုပညာလက်ရာကို သိရှိနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာာက ဝေဆာလာပြီး ပစ္စုပ္ပန်အခိုက်အတံ့မှာ သူကိုယ်တိုင်က အမူအရာဖြင့် ဖော်ပြလာတယ်- ဆိုတာ သိရှိခြင်းရဲ့နောက် - ပစ္စုပ္ပန်မျက်မှောက်မှာ တစ်ဦးတစ်ယောက်ကို အမြစ်တွယ်သလားဆိုတဲ့ မေးခွန်းဟာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာပါတယ်။ တကယ်လို့ တစ်ဦးတစ်ယောက်က ပစ္စုပ္ပန်မှာ ဖြစ်တယ်ဆိုလျင် - ပြီးတော့ သူကိုယ်တိုင်နှင့် အခြားသူများကို ချစ်ခြင်းမေတ္တာသက်ဝင်တယ်ဆိုလျင် - ဒီနောက် ကမ္မဌာန်းတရား ဟာ သူ့အတွက် တစ်စုံတစ်ခုလို့ မဆိုလိုတော့ပါ။

သင်ဟာ ငြိမ်းချမ်းမှု- သဟဇာဖြစ်မှုနဲ့ ရွှင်မြူးတက်ကြွမှုမှာ ဖြစ်မနေဘူး- ဆိုတာကို ခံစားတွေ့သိရလျင် အဲဒီအခါ ကမ္မဌာန်းတရားဟာ ချစ်ခြင်းမေတ္တာနဲ့ဘ၀ကို သင့်အထံ ပြန်လည်သယ်ဆောင်လာနိုင်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ကိုယ်ပိုင် ခံစားမှုကင်းခြင်းနှင့် လုပ်နေကျအပြုအမူများကို သက်သေပြုနိုင်ဖို့ ဒိဋ္ဌမျက်မြင်တွေ့ဖို့ ကမ္မဌာန်းတရားက သင့်မှာ နေရာကို ဖန်တီးပေးပါတယ်။ သင့်ရဲ့ ကိုယ်ပိုင် အာရုံခံစားမှု မရှိခြင်းနဲ့ပတ်သက်လို့ ဒီတကယ့် တွေ့ဆုံမြင်မိခြင်းက သင့်မှာ တုံ့ပြန် အာရုံခံစားတတ်မှုဆိုင်ရာ တံခါးများကို ဖွင့်ပေးပါတယ်။

မိမိရဲ့ကိုယ်ပိုင်ချို့ယွင်းချက်ကို သိမြင်ခြင်းရဲ့ ဒီခံစားတုံ့ပြန်နိုင်မှုဟာ အသိညဏ်ဆိုင်ရာ ဦးတည်ရာလမ်းကြောင်းကို အစပျိုးပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်းမရှိဘဲ, ပြီးတော့ စိတ်ပိုင်းဆိုင်ရာ အဓိပ္ပါယ် ကောက်ယူနိမိတ်ဖတ်ခြင်းမရှိဘဲ - မိမိကိုယ်တိုင်နှင့်အခြားသူများကို ရှု့မြင်ခြင်းဟာ တက်ကြွ နိုးကြား ရလောက်အောင် တကယ့်ကို စိတ်ကို လွတ်လပ်ပေါ့ပါးစေပါတယ်။ ဘ၀ရဲ့ရင်းမြစ်တစ်လျောက် လှုပ်ရှား ဆောင်ရွက်ခြင်းဆိုင်ရာ သဘာဝစီးဆင်းခြင်းဟာ သင့်ကို ပျော့ပျောင်းအောင်နှင့် သဘောပေါက် လက်ခံလွယ်အောင် ပြုလုပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထုတ်လုပ်ခဲ့တဲ့ မှားယွင်းတဲ့စိတ်ကူးများဟာ မျက်မြင်ဒိဌ လက်တွေ့သဘာဝကျခြင်းရဲ့ရှေ့မှာ ကျိုးပျက်သွားပါတယ်။ သင်တစ်ဦးချင်းအနေဖြင့် သင်ဟာ သင်ကိုယ်တိုင်နှင့်အတူတကွ ဖြစ်တည်ခြင်း - ပစ္စုပ္ပန်မျက်မှောက်နှင့်အတူ စီးဆင်းခြင်းရဲ့ သင့်ရဲ့မူရင်း အပြစ်ကင်းစင်ခြင်းကို နောက်ထပ်တဖန် ပြန်လည်လို့ ရရှိပါတယ်။ ပစ္စုပ္ပန်မျက်မှောက်မှာ ဒီဖြစ်တည်ခြင်းဟာ- နောင်တမရှိဘဲ လက်တွေ့ဒိဌသဘာဝကျခြင်းကို ရင်ဆိုင်ဖို့- သန့်ရှင်းဖြူစင်တဲ့ အသိပညာတစ်လျောက် ရောက်ရှိလာတဲ့ - ချစ်ခြင်းမေတ္တာဆိုင်ရာ တံခါးများကို မနားမနေ ဖွင့်ပါတယ်။

ကမ္မဌာန်းတရားဟာ အချိန်ပိုစုဆောင်းထားတဲ့ မသိမှုဆိုင်ရာဖုန်မှုန့်ကို ဆေးကြေားသုတ်သင်ပါတယ်။ သင့်ရဲ့ရင်းမြစ်များကို သင့်ရဲ့အတွင်းအတ္တကို ပြန်လည်ရရှိဖို့ သင်ဟာ ကမ္မဌာန်းတရားကို အသုံးပြုလေလေ - သင်ဟာ သင့်ရဲ့အလားအလာကို သိခြင်းမှ သင့်ကို တားဆီးထားတဲ့ - သင့်ရဲ့မသိစိတ်ဖိနှိပ်မှုများကို သိရှိ နားလည်လာလေလေ ဖြစ်ပါတယ်။ မသိစိတ်ဖိနှိပ်မှုက ထင်ရှားပေါ်လွင်လာသည်နှင့်တပြိုင်နက်- ပြီးတော့ သူတို့ဟာ သိစိတ်ရဲ့ လှိုင်းကို လမ်းကြောင်းကို ဖြတ်သန်းသွားသည်နှင့်တပြိုင်နက်- သင်ဟာ အကျဉ်းသားဘ၀မှ လွတ်မြောက်လာပါတော့တယ်။ ဒီလွတ်ငြိမ်းမှုမရှိဘဲ သင်ကိုယ်တိုင်နှင့်အခြားသူများအတွက် ဘယ် ကြိုးပမ်းမှုမျိုးကမဆို အလဟဿဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်လာပါတယ်။

ကမ္မဌာန်းတရားဟာ ကိုယ်တိုင်ချည်နှောင်မှုမှ ကိုယ်တိုင်လွတ်လပ်ဖို့ တစ်ဦးချင်းအလိုက်ကူညီလျက် သိစိတ်နှင့် မသိစိတ်ကို တံတားခင်းပေးပါတယ်။ ပြီးတော့ စိတ်ရဲ့နှောင်ဖွဲ့မှုမှ သူကိုယ်တိုင် လွတ်လပ်ပြီးတဲ့သူကသာလျင် သူရဲ့သဘာဝအခြေအနေ(ချစ်ခြင်းမေတ္တာကိုယ်တိုင်က ချစ်ခြင်းမေတ္တာသက်ဝင်တဲ့ သဘာဝအခြေအနေ)သို့ ပြန်ရောက်ရှိလာနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာသက်ဝင်နေတဲ့လူတစ်ယောက်ကသာလျင် လက်တွေ့သဘာဝကျမှု ရှိနိုင်ပြီး ပညာသားပါစွာ အဲဒါကို ရင်ဆိုင်နိုင်ပါတယ်။ ကမ္မဌာန်းတရားဟာ တစ်ဦးချင်းအနေဖြင့် ရှိတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ တကယ့် ပင်လယ်သမုဒ္ဒရာနှင့် ပူးပေါင်းစေဖို့ တစ်ဦးချင်းအလိုက်ကို ရယူတဲ့ လက်နက် ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ တစ်ဦးချင်းတစ်ယောက်ချင်းဟာ ချစ်ခြင်းမေတ္တာမှာ ကမ္မဌာန်းတရားကို လူပုဂ္ဂိုလ်အဖြစ် တင်စားသုံးနှုန်းတယ်, လူပုဂ္ဂိုလ်အသွင်ဖြင့် ကိုယ်စားပြုတယ်- ဆိုတဲ့ အမှန်တရားသို့ မျက်နှာမူဖို့ ရောက်ရှိလာပါတော့တယ်။

Read more...

Four Ariyas (Part 2) - အရိယာလေးမျိုး (အပိုင်း ၂)

၂။ ဒဿနအရိယာ

ရုပ်ဆင်းအင်္ဂါအားဖြင့်လည်းကောင်း၊ နေပုံထိုင်ပုံ သွားပုံလာပုံ စားပုံသောက်ပုံ အမူအရာ ဣရိယာပုထ် အားဖြင့်လည်းကောင်း ရှုမြင်ရသူတို့ စိတ်နှလုံး နှစ်ခြိုက်ဖွယ်ကောင်းသူ၊ အသွင်အပြင် အမြင်အားဖြင့် ကြည်လင်ရွှင်ပြနေသူ၊ ချစ်မြတ်နိုးဖွယ်ကောင်းသူ၊ ကြည်ညိုစရာ ကောင်းသူသည် “ဒဿနအရိယာ” မည်၏။ (ပသန္နေန ဒဿနီယေန သမန္နာဂတော)
ရုပ်ဆင်းအင်္ဂါ တင့်တယ်မှု မတင့်တယ်မှု ကွဲပြားရာ၌ အတိတ်ကံ စီမံအပ်သော ခန္ဓာကိုယ် အချိုးအစားအပြင် ရုပ်ခန္ဓာကို ညှိုးနွမ်းစေနိုင်သော ကိလေသာ အပူအပန် နည်းခြင်းများခြင်း သည်လည်း ပဓာနအကြောင်း ဖြစ်၏။ အတိတ်ကံ စီမံအပ်သော ကမ္မဇရုပ်ကို အရင်းတည်သည့် လက်ရှိခန္ဓာ ချောမောလှပမှု ပြေပြစ်ခန့်ငြားမှု မရှိသော်လည်း၊ တာတေလံအောင် အရုပ်ဆိုး အကျည်းတန်သော်လည်း ကိလေသာ ပူပန်မှု နည်းပါးသောကြောင့် ကိုယ်အဆင်းအင်္ဂါ ကြည်လင်သူ နှစ်လိုကြည်ညိုဖွယ်ရာ ရှိသူများကိုလည်းကောင်း၊ အတိတ်ကံကြောင့် ခန္ဓာကိုယ် အချိုးအစား ချောမောပြေပြစ် လှပခန့်ငြားစေကာမူ ကိလေသာ ဖျက်ဆီးအပ်သော စိတ်ဓာတ်ကြောင့် အလှပျက်ရသူ လူ့အော့ကြောလန်များကိုလည်းကောင်း လောက၌ အထင်အရှား တွေ့မြင်နိုင်၏။
ဘုရားရဟန္တာ အရိယာ သူတော်စင်တို့၏ စိတ်ဓာတ်သည် ကိလေသာ ပူပန်မှု ကင်းသောကြောင့် စင်ကြယ်၏။ စင်ကြယ်သော စိတ်ကြောင့် ကိုယ်ရေအဆင်း တောက်ပတင့်တယ်၏။ စိတ်အစဉ်၌ ကိလေသာ မရှိသောကြောင့်၊ စိတ်အစဉ်၌ ကောက်ကျစ်ရှုပ်ထွေးမှု ကင်းသောကြောင့် “စိတ်၏တံခါးပေါက်”ဟု ခေါ်ဆိုကြသော မျက်စိမျက်နှာသည်လည်း ကြည်လင်ရွှင်ပြ ရွှန်းလဲ့တောက်ပ နေ၏။ ချစ်ခင်လေးမြတ် ကြည်ညိုစရာ ကောင်း၏။
“အတီတံ နာနုသောစန္တိ၊ နပ္ပဇပ္ပန္တိ နာဂတံ။
ပစ္စုပ္ပန္နေန ယာပေန္တိ၊ တေန ၀ဏ္ဏော ပသီဒတိ။”ဟု ဒေ၀တာသံယုတ် အရညသုတ်[i]၌ နတ်သားတစ်ယောက်ကို ဘုရားရှင် ဟောတော်မူသည့်အတိုင်း ပြီးခဲ့သည့် အတိတ်ကိုလည်း မကြောင့်ကြ၊ မရောက်သေးသည့် အနာဂတ်ကိုလည်း မတောင့်တ၊ ပစ္စုပ္ပန် အခိုက်အတန့်၌ ရနိုင်သမျှဖြင့် တင်းတိမ်ရောင့်ရဲ မျှတနိုင်သောကြောင့် ဘုရားရဟန္တာတို့၏ အဆင်းရူပကာယသည် အစဉ်အမြဲ ကြည်လင်ရွှင်ပြ လန်းဆန်းတောက်ပနေ၏။ ကြည်ညိုစရာ ကောင်းနေ၏။
ဘုရားရှင်သည် ကိလေသာ ကင်းစင်တော်မူ၍ ရုပ်ဆင်းအင်္ဂါ တင့်တယ်သပ္ပာယ်ခြင်း၌ အမြတ်ဆုံး ဖြစ်တော်မူ၏။ ပါရမီတော် အဟုန်တို့ကြောင့်လည်း ဘုရားရှင်သည် တင့်တယ်သော အဆင်းအင်္ဂါနှင့် ပြည့်စုံတော်မူ၏။ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်စသော ဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော်တို့သည်လည်း ကိလေသာ ကင်းစင်သောကြောင့် ရုပ်ဆင်းအင်္ဂါ တင့်တယ် သပ္ပာယ်တော်မူကြ၏။ မှန်၏။ သာမန် ပုထုဇဉ်တို့သည်ပင် လောဘငွေ့ ဒေါသငွေ့စသော ကိလေသာ အငွေ့အသက် နည်းပါးနေခိုက် ရုပ်ဆင်းအင်္ဂါ ကြည်လင်၍ ရှုချင်စဖွယ် လန်းဆန်းတက်ကြွ နေပေသည်။ အချဉ်းခပ်သိမ်း ကိလေသာ လုံးဝကင်းသော အရိယာတို့၏ ရုပ်အဆင်းကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
ဤ နေရာ၌ ရူပကာယ လှပတင့်တယ်မှုအပေါ် တွယ်တာတပ်မက်၍ သာယာဖွယ် ရှာခြင်းကို ဘုရားရှင် ကဲ့ရဲ့တော်မူကြောင်းကိုလည်း သတိထားသင့်၏။ သို့သော် သပ္ပာယ် တင့်တယ်သော ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်သာဝကတို့ကို ဖူးမြင်၍ ခိုင်မြဲသောသဒ္ဓါ မတုန်လှုပ်သောသဒ္ဓါ တည်ငြိမ်သော ချစ်ခင်လေးမြတ်မှုတို့ကို ပွားစေနိုင်လျှင် “ဒဿနာနုတ္တရိယ - အမြတ်ဆုံး မြင်တွေ့မှု” ဖြစ်ကြောင်း အနုတ္တရိယသုတ်[ii]၌ ဘုရားရှင် ဟောတော်မူ၏။
ဘုရားရဟန္တာတို့၏ ရူပကာယ အသရေတော် တင့်တယ်ခြင်းကြောင့် ရုပ်ဆင်းအင်္ဂါ တင့်တယ်မှုကို အမှီပြု၍ သဒ္ဓါတရား တိုးပွားကြသူ ရူပပမာဏ ပုဂ္ဂိုလ်တို့ ကောင်းကျိုးရကြ၏။ ဖူးမြင်ရသူတို့ ကုသိုလ် တိုးပွားကြောင်းဖြစ်သော ကိလေသာကင်းသည့် ဘုရားရဟန္တာတို့၏ တင့်တယ်သော ရူပကာယ အသရေတော်သည် အရိယာတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်၏။
ဖူးမြင်ရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက် ကြည်ညိုစေနိုင်သော သွားလာ နေထိုင် စားသောက်မှု ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့သည့် ပုထုဇဉ် ရသေ့ရဟန်းတို့သည် ဘုရား ရဟန္တာ အရိယာ သူတော်စင်တို့နှင့် တစ်စိတ်တစ်ဒေသအားဖြင့် တူညီသောကြောင့် အရိယာများပင် ဖြစ်ကြ၏။ “ဒဿနအရိယာ”များ ဖြစ်ကြသည်။ အလားတူပင် ခန္ဓာကို သတိဖြင့် ရှုမှတ်နေသူ၊ ဣရိယာပုထ် သိမ်မွေ့သည့် သူတော်စင်တို့ကို လူပင်ဖြစ်သော်လည်း “ဒဿနအရိယာ”ဟု ဆိုနိုင်၏။
သင်္ခပါလဇာတ်တော်[iii]လာ ပုထုဇဉ်မျှသာဖြစ်သော အာဠာရရသေ့သည် “ဒဿနအရိယာ” မည်၏။ ဤ ဇာတ်တော်၌ အရှင်အာနန္ဒာလောင်း ဗာရာဏသီမင်းသည် အရှင်သာရိပုတ္တရာလောင်း အာဠာရရသေ့၏ ဣရိယာပုထ်ကို မြင်မြင်ချင်း ကြည်ညို၏။ အပြစ်ကင်းသော ကိုယ်ရောင်ကိုယ်ဝါနှင့် ကြည်လင်တောက်ပသော မျက်စိရှိသည့် ရသေ့မြတ်ကို “အရိယာ”ဟူသော ဝေါဟာရဖြင့် ချီးကျူးထား၏ (အရိယာဝကာသော)။
ထိုအာဠာရရသေ့သည် ကြည်လင်တောက်ပသော မျက်စိ ရှိ၏ (ပသန္နနေတ္တော)။ ကိုယ်ရေအဆင်း အပြစ်ကင်း၍ တင့်တယ်၏ (အရိယာဝကာသော)။ ချောမောပြေပြစ် လှပ၏ (အဘိရူပေါ)။ နတ်ကဲ့သို့ တင့်တယ်သောအဆင်း ရှိ၏ (ဒေ၀၀ဏ္ဏော)။ ရုပ်အဆင်းအားဖြင့် အရိယာနှင့် တူ၏ (အရိယသဒိသော)။ အရိယာတို့၏ ကိုယ်ပွား အရိယာတို့၏ ပုံတူသဖွယ် ဖြစ်၏ (အရိယပဋိရူပကော)။
ဗာရာဏသီမင်းကို မြင်မြင်ချင်း ကြည်ညိုစေနိုင်သော အာဠာရ ရသေ့ကဲ့သို့ ဣရိယာပုထ် စင်ကြယ်သော၊ ကြည်ညိုဖွယ်ရာ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံသော ရသေ့ရဟန်း သူတော်ကောင်း၊ လူသူတော်ကောင်းတို့သည် “ဒဿနအရိယာ” မည်၏။
လယ်တီဆရာတော် (ဦးဉာဏဓဇ) ၏ အလိုအားဖြင့် ပရမတ္ထအရိယာသည် “ဒဿနအရိယာ” မည်၏[iv]။ ဤ၌ ဆရာတော်သည် “ဒဿန”အရ မဂ်ဉာဏ်ကို ယူ၏။
သပြေကန်ဆရာတော် (အရှင်ဝါသေဋ္ဌာဘိဝံသ)၏ ပရိတ်ကြီး နိဿယသစ်[v]၌လည်း “ဒဿန”အရ သောတာပန်ပုဂ္ဂိုလ်ကို ယူ၏ (သီလ၀ါ ဒဿနေန သမ္ပန္နော - အဖွင့်)။
(ဆက်ရန်)

[i]. သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ စာ - ၅
[ii]. အင်္ဂုတ္တရပါဠိ၊ ၂၊ စာ - ၂၈၆
[iii]. ဇာတကအဋ္ဌကထာ၊ ၅၊ စာ - ၁၇၅
[iv]. ပရမတ္ထဒီပနီ၊ စာ - ၂၃၄။ အနုဒီပနီပါဌ၊ စာ - ၁၆၇
[v]. ပရိတ်ကြီးနိဿယသစ် (၁၉၉၉ ခုနှစ်ထုတ်)၊ စာ - ၄၀၇

Picture from (20 Feb 2011):
http://www.sumopaint.com/image/?id=842700

Read more...

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၈)

တစ်ဘက်စောင်းနင်း ကင်းပါစေ
သင်စိတ်ဆိုးနေတဲ့အခါ သို့မဟုတ် ရန်စခံနေရတဲ့အခါ ဘယ်ကိစ္စမှာမဆို အလျှင်စလို ဆုံးဖြတ်ချက် ချတာမျိုး မလုပ်ပါနှင့်။ အဲဒီလိုအခါမျိုးမှာ ချမိတဲ့ မည်သည့် ကောက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်မဆို တစ်နေ့မှာ သင် ဝမ်းနည်းစရာကိစ္စမျိုး ဖြစ်လာတတ်တယ်။ ပထမဆုံး သင့်စိတ်ကို တည်ငြိမ်ခွင့်လေး ပေးပါ။ အဲဒီလိုဆိုရင် သင့်ဆုံးဖြတ်ချက်က ဘက်မလိုက်တဲ့ (တစ်ဘက်စောင်းနင်း ကင်းတဲ့) ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မည်။

သည်းခံခြင်းကို ပြုစုပြိုးထောင်ပါ။ အကြောင်းကတော့ တစ်ခြားလူတွေရဲ့ ဒုက္ခသုက္ခတွေကို ကိုယ်ချင်းစာဖို့ ကူညီတတ်လို့ပါ။ မလိုအပ်ပဲ ဝေဖန်တာမျိုးကို ရှောင်ကြဉ်ပါ။ အတော်ဆုံးလူသည်ပင် အမှားမကင်းနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်အောင် ကြိုးစားပါ။ တစ်ပါးသူမှာ တွေ့ရတဲ့ အားနည်းချက်မျိုးကို သင့်မှာလဲ တွေ့ရနိုင်တာပါပဲ။ အဲဒါကိုပဲ ဖန်အိမ်ထဲမှာ နေနေစဉ် သူများကို ခဲနှင့် မပစ်ပေါက်ပါနဲ့လို့ ပြောကြတာပဲလေ။

(Ven. K. Sri DhammanandaHow to Overcome Your Difficulties ကို ဘာသာပြန်ခြင်းမှ အဆက် ဖြစ်ပါတယ်)။

ဘုန်းဥာဏ်

Read more...

အနာဂါမ်နှင့် ရဟန္တာအကြောင်း သိကောင်းစရာ တရားတော်...

ဦးရိပ်သာဆရာတော်၏
အနာဂါမ်နှင့် ရဟန္တာအကြောင်း သိကောင်းစရာ တရားတော်...






















Read more...

ကြီးကျယ်ခမ်းနားသော မွေးနေ့

၁၃၇၂ နှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၁) နေ့ သည် သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) ပြည့်ဖြစ်သည်။ ထိုနေ့ကို နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပ အနယ်အနယ် အရပ်အရပ်ရှိ သီတဂူတပည့်များကား စည်းကားသိုက်မြိုက်စွာ ပူဇော်ကြသည်။ ယခုနှစ်မှာလည်း အလွန်ကြီးကျယ်သော အလှူဒါနပွဲကြီးများ ပြုလုပ်ကာ ဆရာတော်ကြီး၏မွေးနေ့ပွဲကို ပါဝင် ပူဇော်ကြမည်။ ဆရာတော်ကြီးသည် အလှူဒါပြုရာဝယ် မွေ့လျော်သူဖြစ်ရာကား တပည့်များကလည်း ဆရာတော်ကြီးအကြိုက်ကိုသိသည့်အားလျော်စွာ အောက်ပါ အလှူဒါန အမျိုးမျိုးပြုလုပ်ကာ ပူဇော်ကြမည်ဖြစ်သည်။


လှူဒါန်းမှုအစီအစဉ်များ

၁။ တပေါင်းလ္ဆန်း( ၁၃)ရက် ( ၁၇-၃-၂၀၁၁)

နံနက် ၅ နာရီအချိန်မှစ၍ သီလရှင် (၁၀၀၀) ကျော်တို့အား မုန့်ဟင်းခါးကျွေးမွေးပြီး အ၀တ်စုံများနှင့် လှူဖွယ်များ လှူဒါန်းမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

နံနက်မုံ့ဟင်းခါးကို ဗိုလ်စိန်မှန်သီတဂူအထောက်ကူပြုအဖွဲ့ ရန်ကုန်မှ လှူဒါန်း။
နေ့ဆွမ်းကို ကျည်တောက်ပေါက်ကျေးရွာ သီတဂူအထောက်ကူပြုအဖွဲ့ စဉ့်ကူး၊ မန္တလေးမှလှူဒါန်း။
သီလရှင်အ၀တ်စုံ (၁၀၀၀) ကို ကျောင်းအမကြီး သီတဂူဒေါ်ညွန့်ညွန့်အေး မန္တလေးမှ လှူဒါန်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၂။ တပေါင်းလ္ဆန်း( ၁၄)ရက် ( ၁၈-၃-၂၀၁၁)

နံနက် ၅ နာရီအချိန်မှစ၍ ပင့်သံဃာ (၁၂၀၀) တို့အား သင်္ကန်း၊ သပိတ်၊ ဆွမ်းဟင်းအပြည့်စုံနှင့် အခြားလှူဖွယ်မျိုးစုံတို့ကို လှူဒါန်းမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

နံနက်အရုဏ် ရွှေတောင်ခေါက်ဆွဲဆွမ်းကို သီတဂူဦးဟန်နှင့် သီတဂူဒေါက်တာမြတ်သူ ရန်ကုန်မှ လှူဒါန်း။
နေ့ဆွမ်းကို ဦးဆန်းဝင်းအောင်+ဒေါ်လှလှဝင်း ကျောက်ပန်းတောင်း၊ မန္တလေးမှလှူဒါန်း။
သင်္ကန်းအစုံ (၁၂၀၀) ကို သီတဂူဆရာတော်ကြီးကလှူဒါန်း။
သပိတ်အလုံး (၁၂၀၀)ကို မန္တလေးသီတဂူကျောင်းအမများက လှူဒါန်း။
ငါးသလောက်များကို (ဦးတီတိုး)+ ဒေါ်နန်းအိစံ မိသားစု ရန်ကုန်မှ လှူဒါန်း။
ဘဲဥအလှူများကို သနပ္ပင်မြို့ သီတဂူတပည့်များက လှူဒါန်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၃။ တပေါင်းလ္ဆန်း( ၁၅)ရက် ( ၁၉-၃-၂၀၁၁) လပြည့်နေ့

နံနက် ၅ နာရီအချိန်မှစ၍ ဆွမ်းဦးပုညရှင်စေတီတော်ရင်ပြင်တော်တွင် ပင့်သံဃာ (၅၀၀)တို့အား သပိတ် သင်္ကန်း ဆွမ်းဘောဇဉ်တို့ဖြင့် ဆွမ်းကြီးလောင်းလှူခြင်း။ ကြွရောက်လာသော ပရိသတ်အားလုံးကို ခိုတောင်မုံ့တီဖြင့် ကျွေးမွေးပြုစုမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

အရုဏ်ခိုတောင်မုံ့တီဆွမ်းကို သီတဂူဦးကံတင်+ဒေါ်ဋ္ဌေးဋ္ဌေးမိသားစု မန္တလေးမှ လှူဒါန်း။
နေ့ဆွမ်းကို ဦးတင်းထွန်း+ဒေါ်မော် မိသားစု မြေနဲရွာ၊ မုံရွာ၊ စစ်ကိုင်းမှ လှူဒါန်း။
သင်္ကန်းအစုံ (၅၀၀) ကို သီတဂူဦးတင်ဦး+ဒေါ်လှလှမြင့် (ရွှေစင်ရတနာရွှေဆိုင်) မိသားစု ရန်ကုန်မှ လှူဒါန်း။

စာတုဒိသာအလှူ

၁။ အရပ် လေး မျက်နှာမှ ကြွရောက်လာသော ပရိသတ်အပေါင်းတို့အား စတော်ဘယ်ရီဖာလူဒါ ကို ကျောင်းအမ သီတဂူဒေါ်ညွန့်ညွှန့်အေး မန္တလေးမှ လှူဒါန်း။
၂။ မုန့်ပြားသလပ်များကို မန္တလေးကျောင်းအမများက လှူဒါန်းကြမည်။
၃။ ဘူးသီးကြော်များကို ဘိုကလေးမြို့မှ သီတဂူတပည့်များက ကျွေးမွေးမည်။
၎။ ထန်းသီးမုန့်များကို ရေစကြိုမြို့မှ သီတဂူတပည့်များက ကျွေးမွေးကြမည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဖျော်ဖြေရေးအစီအစဉ်များ

၁။ နေ့စဉ်နံနက်တိုင်း သီတဂူဂီတဉ္ဇလီအဖွဲ့မှ ဓမ္မတေးများဖြင့် သီဆိုပူဇော်ကြပါမည်။
၃။ တပေါင်းလ္ဆန်း( ၁၄)ရက် ( ၁၈-၃-၂၀၁၁) ညတွင် မြို့မတေးဂီတအဖွဲ့က ဇေယျာကွက်သစ် အားကစားကွင်း၌ ဓမ္မတေးများဖြင့် အထူးဖျော်ဖြေမည်။
၂။ တပေါင်းလ္ဆန်း( ၁၅)ရက် ( ၁၉-၃-၂၀၁၁) ညတွင် သီတဂူဂီတဉ္ဇလီအဖွဲ့မှ ဓမ္မတေးများဖြင့် အထူး သီဆိုပူဇော်ကြပါမည်။ (ဇေယျာကွက်သစ် အားကစားကွင်း)

အားလုံးအားလုံးသော သီတဂူချစ်ခင် ဓမ္မမိတ်အပေါင်းတို့---- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းသို့ ထိုနေ့ ထိုနေရာမှာ ထိုအလှူပွဲကြီးမှာ အတူစုံပြီး ထိုထိုသော စားဖွယ်သောက်ဖွယ်များနှင့် ဖျော်ဖြေရေးများဖြင့် ဧည့်ခံပြုစုမှာ ဖြစ်လို့ ကြွရောက်အားပေးကြပါလို့ ဖိတ်မန်လိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၂-၂၀၁၁

Read more...

တေဇောလေးမျိုး

သန္တပ္ပန ဒဟနနှင့် ဇီရဏပေ ပါစကေ လေးထွေ တေဇပြား။

သန္တပ္ပနတေဇော

ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသောရှိသော ကိုယ်ငွေ့ကို "ဥသ္မာတေဇော"ဟုခေါ်၏။ ထိုဥသ္မာတေဇောအပြင် သန္တပ္ပနစသော တေဇောလေးမျိုးရှိသေး၏။ ထိုတွင် ဥသ္မာတေဇော ဖောက်ပြန်လာသောအခါ အပူဒီဂရီတိုးတက်လျက် တစ်ရက်ခြား နှစ်ရက်ခြား (ငှက်ဖျား ဖျားသလို) ဖျားစေတတ်သော တေဇောသည် သန္တပ္ပနတေဇောမည်။ (သံ-ပြင်းစွာ၊ တပ္ပန- ပူလောင်တတ်သော တေဇော)။

ဒဟနတေဇော

ထိုသန္တပ္ပနတေဇောထက်ပင် အပူဒီဂရီလွန်တက်၍ ပူလှချေရဲ့ လောင်လှချေရဲ့ ယပ်ခပ်ပေးပါ စန္ဒကူးနံ့သာ လိမ်းပေးပါ ရေချိုးချင်တယ် စသည်ဖြင့် ညဉ်းညူရလောက်အောင် ပူလောင်သော တေဇောသည် ဒဟနတေဇောမည်၏။ မီးကဲ့သို့လောင်ကျွမ်း တတ်သော တေဇောတည်း။

ဇီရဏတေဇော

ဆံဖြူအောင် သွားကျိုးအောင် မျက်စိမွဲအောင် အသားအရေတွန့်အောင် အရွယ်ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောသည် ဇီရဏတေဇောမည်၏။ ဤပြခဲ့သော တေဇောသုံးပါသည် ခန္ဓာကိုယ်၌ အမြဲပါရှိကြသည်မဟုတ်။ သန္တပ္ပနနှင့် ဒဟနသည် ဖျားနေတဲ့အခါ၌သာ မူလကိုယ်ငွေ့ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း။ ဇီရဏတေဇောသည် ရောဂါတစ်ခုခု အမြဲစွဲကပ်သောအခါ သို့မဟုတ် အရွယ်ဆုတ်ယုတ်ချိန်အခါ၌ မူလကိုယ်ငွေ့ ဖောက်ပြန်လာသော တေဇောတည်း။

ပါစကတေဇော

စားသောကအပ်သမျှသော အစာအာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောသည် ပါစကတေဇောမည်၏။ ၀မ်းမီးဟု ခေါ်ကြသည်။ အစာသစ်အိမ်နှင့် ကပ်လျက်တည်ရှိသတတ်။ ထိုပါစကတေဇောကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏။ ရှေ့ကံကြောင့် ဖြစ်ရကား အချို့သူတို့၌ ၀မ်းမီးညံ့၏။ အချို့၌ လွန်ကဲ၏။ လွန်ကဲနေသူ ညံ့နေသူတို့၌ ၀မ်းမီး၏ အနီးအပါးဝယ်ရှိသော စိတ္တဇ ဥတုဇ အာဟာရဇတေဇောတို့ကို တက်သိနားလည်ကြသော ဆေးဆရာတို့ထံ မေးမြန်ပြုပြင်က ၀မ်းမီးမှာ အထောက်အပံ့ ရနိုင်စရာ ရှိသည်။ ကံ့ကြောင့်ဖြစ်ပေါ်လာသော ၀မ်းမီးခေါ် ပါစကတေဇောကား ကံ၏အရာဖြစ်၍ ကံနှင့်သာ ဆိုင်သည်။

ကျမ်းကိုး- သင်္ဂြိုဟ်ဘာသာဋီကာ/ ရူပသမုဒ္ဒေသ-နှာ- ၄၄၅
ကျမ်းပြုသူ- အရှင်ဇနကာဘိဝံသ

Read more...

မေတ္တာရောင်ပြန်

လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ကျင်းညောင်ရွာ၌ အဘိုးဦးထွန်းရှင်နှင့် အဘွားဒေါ်အုံးမြတို့ နေထိုင်ကြသည်။
အဘိုးအဘွားတို့သည် သမီးသုံးဦးရှိရာတွင် အငယ်ဆုံးသမီးဖြစ်သူ မကြည်ဌေးနှင့်သာ နေထိုင်၏။ မကြည်ဌေးသည် အလယ်တန်းပြ ဆရာမဖြစ်၍ ရွာနှင့် ၂-မိုင်ကျော်ခန့်ဝေးသော ကျောင်းသို့ နေ့စဉ်လိုလို သွားရ၏။ အဘိုးဦးထွန်းရှင်သည် အသက်အရွယ်ကြီးလာ၍ လယ်ယာလုပ်ငန်းများကို ကိုယ်တိုင်မလုပ်နိုင်၊ အလုပ်သမားများကိုသာ ငှါးရမ်းပြီး ကြီးကြပ် စေခိုင်းနေရ၏။
တနေ့ အဘိုး ဦးထွန်းရှင်သည် ပျိုးကြဲထားသော ယာခင်းများကို ကြည့်ရှုရန် တံစဉ်တချောငှ်းင့် ခြင်းတောင်းတလုံးကိုယူကာ အိမ်မှထွက်လာခဲ့သည်။
အဘိုး ဦးထွန်းရှင်သည် ယာခင်းထဲသို့ ရောက်သောအခါ ပေါင်းမြက်များကို နုတ်ယူရှင်းလင်းနေစဉ် မိမိယာခင်းနှင့် မလှမ်းမကမ်းတွင် လူအများ စုရုံးနေပြီး နွားသံ၊ လူသံ ရောယှက်နေသော အသံစုံကို ကြားရသောကြောင့် သွားရောက်ကြည့်ရှုသည်။ ထိုအခါ နွားမတကောင်ကို သတ်ဖြတ်ရန် ပြင်ဆင်နေသော အနိဋ္ဌာရုံကို မြင်တွေ့ရသဖြင့် စိတ်မကောင်းကြီးစွာဖြစ်ရသည်။

နွားသတ်သမားများသည် နွားမကို သတ်ဖြတ်ရန် နှာခေါင်းကြိုးနှင့် လည်ပင်းကြိုးကို သစ်ပင်နှင့်တွဲပြီး တင်းကျပ်စွာ ချည်နှောင်နေကြသည်။
အခြားသောသူများကလည်း နွားမကို ရုန်းထွက်မပြေးနိုင်အောင် ရှေ့ခြေထောက်နှင့် နောက်ခြေထောက် တို့ကို သစ်လုံးတပ်လျက် ကြိုးဖြင့်ချည်နှောင်နေကြသည်။ နွားသတ်ခေါင်းဆောင်ကလည်း နွားမ၏ ဦးခေါင်းကုပ်ဆက်ကို ထုသတ်ရန် ပုဆိန်ဖြင့် အဆင်သင့် ချိန်ရွယ်ထားသည်။

နွားမငယ်သည် သေရမည်ကို ကြောက်လန့်၍ မျက်စိနှစ်ဖက် နီရဲလျက် မျက်ရည်များ ဖြိုင်ဖြိုင်စီးကြကာ အသံကုန်ဟစ်၍ အော်နေရှာသည်။ အဘိုးဖြစ်သူ ဦးထွန်းရှင်သည် အမှတ်တမဲ့ နွားမငယ်အနီးသို့ ချဉ်းကပ်မိရာ အန္တရာယ်ပြုမည့် လက္ခဏာမပြ၊ အဘိုးဦးထွန်းရှင်၏ လက်ကိုလျှာဖြင့် ပွတ်သပ်လျက် အသက်ဘေးမှ ကယ်တင်ပေးပါဟူသော အမူအရာဖြင့် အော်၍ တောင်းပန်နေသယောင်ဖြစ်သည်။

အဘိုးဦးထွန်းရှင်သည် ငါရှိလျက်နှင့် ငါ့ရှေ့မှာ ဒီနွားမလေး မသေစေရ၊ အသက်ဘေးမှ မရရအောင် ကယ်တင်ပေးမည်-ဟု ဆုံးဖြတ်လိုက်သည်။ နွားသတ်သမားများအား ဒီနွားမကို မသတ်ကြရန်နှင့် ကြိုက်သည့်ဈေးဖြင့် ရောင်းချပေးရန် ပြောဆိုပြီး ဈေးမဆစ်ဘဲ ၀ယ်ယူခဲ့သည်။ အိမ်ရောက်သောအခါ မြက်ကို ကိုယ်တိုင်ခုတ်စဉ်းလျက် နှမ်းဖတ်နှင့်ရောကာ နွားမလေးကို ကောင်းမွန်စွာ ကျွေးမွေးလေသည်။

အဘိုး ဦးထွန်းရှင်သည် နွားမလေးကို ကယ်တင်လိုက်ချိန်မှစ၍ ယနေ့အထိ အမဲသားကို လုံးဝမစား တော့ပေ။ အသက်ရှင်နေသရွေ့ ဘယ်သောအခါမှ မစားတော့-ဟု ယတိပြတ် ဆုံးဖြတ်လိုက်သည်။
အဘိုးဦးထွန်းရှင် ၀ယ်ယူသည့်အချိန်မှစ၍ ယနေ့အချိန်အထိ နွားမလေးက နွားသားပေါက် ၁၃-ကောင် တိတိ မွေးဖွားပေးခဲ့သည်။ မွေးဖွားပေးခဲ့သောနွားများအားလုံး နွားမတကောင်မျှမပါဘဲ လယ်ယာလုပ်ငန်းတွင် အသုံးပြု၍ရသော နွားလား (နွားထီး)များကိုသာ မွေးဖွား၍ ကျေးဇူးဆပ်ခဲ့သည်။ အရွယ်ရောက်ပြီးသော နွားထီး(ခိုင်းနွား)တကောင်၏ တန်ဖိုးမှာလည်း ကျပ်ငါးသိန်းကျော်ခန့်ဖြစ်သည်။

အဘိုးဦးထွန်းရှင်သည် အသက်အရွယ်ကြီးလာ၍ နွားစာကို ကိုယ်တိုင် ရှာဖွေမကျွေးနိုင်သောအခါ နွားကျောင်းသားများကို အခကြေးငွေပေး၍ ထိန်းကျောင်းစေခဲ့သည်။ နွားမလေးသည်လည်း အသက်အရွယ်အိုမင်းလာ၍ အခြားနွားများနှင့် အတူ နွားစားကျက်သို့လိုက်ပါ၍ မစားသောက်နိုင်။ ဤသောအခါ ကျေးရွာရှိ လူအများက ရောင်းချပစ်ရန် အမျိုးမျိုးတိုက်တွန်း ပြောကြားကြသည်။ သို့သော် အဘိုးဦးထွန်းရှင်က လုံးဝမရောင်းပေ။

ဘာမျှ မျှော်လင့်ချက်မထားဘဲ နွားမ၏ အသက်ချမ်းသာရေးဟူသော မေတ္တာနှင့် စိတ်ထားသန့်သန့်ဖြင့် မွေးမြူခဲ့သော စေတနာတို့ကြောင့် ဘ၀မခြားဘဲ တူသောအကျိုးကို မုချခံစားရသည်ဟု ဦးထွန်းရှင် ယုံကြည်မိပါတော့သည်။( ကိုယ်တွေ့ဖြစ်ရပ်မှန် ဖြစ်သည်)

ဆရာငယ် (မြိတ်-သဇင်)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)

Read more...

နဲနဲလေးတော့ လွဲနေတယ် (၁၇)...

ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး…
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊ ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း တော်တော်များများကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံးလုပ်မှု တစ်ခုဟာ အရမ်းခေတ်စားလာနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားကိုးဆူပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာထက် ဘုရားကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆိုကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ်တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွားတဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ဘုရားကိုးဆူ ပူဇော်တာကို အကြောင်းပြုပြီး ဂြိုဟ်ကြီးကိုးလုံးပါ ပူဇော်တယ်ဆိုတဲ့ အချက်က ပိုဆိုးပါတယ်။ ဒီလိုလုပ်နေကြတဲ့ သူတို့လုပ်ရပ်တွေဟာ ဘုရားရဟန္တာကို ပူဇော်ကြတာထက် သူတို့သူတို့ရဲ့ လောကီအကျိုးစီးပွား တိုးတက်ရေး၊ ရာထူးဌာနန္တရ စသည်တည်မြဲရေးကို ဦးတည်ပြီး ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်ပသနေတယ်ဆိုတဲ့ အချက်ကပိုပြီး ထင်ရှားနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ရန်ကုန်မှာပဲ ဖြစ်ဖြစ်၊ မန္တလေးမှာပဲ ဖြစ်ဖြစ်၊ တစ်ခြားတစ်ခြား မြို့ကြီးများမှာပဲ ဖြစ်ဖြစ် လူကြီးပိုင်း အတော်များများဟာ မေးလိုက်လို့ရှိရင် ဘယ်လူကြီးအိမ်မှာ၊ ဘယ်သူဋ္ဌေးအိမ်မှာ ဘုရားကိုးဆူပွဲရှိလို့ သွားကြတယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ ပြန်လည်ဖြေကြားတာကို ခဏခဏ ကြားရတတ်ပါတယ်။ ဘုရားကိုးဆူပွဲ သွားတဲ့အချိန်ကလည်း များသောအားဖြင့် ညအချိန်ပဲ ဖြစ်နေတာ များပါတယ်။ ဒီလိုဆိုရင် ဘုရားကိုးဆူပူဇော်ပွဲကို ညပိုင်းမှာလုပ်တယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ မနက်အစောပိုင်းမှာ လုပ်တာတွေလည်း ရှိကြမှာပါ။ ဘယ်လိုအချိန်တွေပဲ လုပ်လုပ် လုပ်တဲ့အခါမှာ သစ်သီးစတဲ့ စားသောက်ဖွယ်များလည်း ကပ်လှူကြမှာ အမှန်ပါပဲ။ ဒါဆိုရင် ညဖက်ကြီးမှာ၊ ဒါမှမဟုတ် အရုဏ်မတက်မီ အချိန်ကြီးမှာ ဘုရားရဟန္တာတွေကို အသီးအနှံစတဲ့ စားသောက်ဖွယ်ရာတွေ ကပ်လှူခြင်းဟာ ဝိကာလ အချိန်ကြီး ဖြစ်နေတဲ့အတွက် အပ်စပ်မှုက မရှိပါဘူး။

ပြီးတော့ ဘုရားကိုးဆူကို အကြောင်းပြုပြီး ဘုရားရဟန္တာတွေကို နေရာချထားတာတွေလည်း ကြည့်ပါဦး လောကဓာတ် အစီအစဉ်တွေ အပြည့်နဲ့ ဖန်တီးထားသလို ဖြစ်နေပါတယ်။ သူတို့လောကဓာတ် ဆရာတွေ ဖန်တီးတဲ့ ဒီဘုရားကိုးဆူ ပူဇော်ထားရှိပုံ စနစ်က
(၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍လည်းကောင်း
(၂) အရှင်သာရိပုတ္တရာ = ဗုဒ္ဓဟူသား၊ တောင်အရပ် လက်ျာဘက်တွင်လည်းကောင်းး
(၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက်အရပ်၊ လက်ဝဲဘက်တွင်လည်းကောင်း
(၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင်အရပ်တွင်လည်းကောင်း
(၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်တွင်လည်းကောင်း
(၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက်မျက်နှာအရပ်တွင်လည်းကောင်း
(၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ်တွင်လည်းကောင်း
(၈) အရှင်ရေ၀တ = အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်တွင်လည်းကောင်း
(၉) အရှင်ဂ၀မ္ပတိ = ရာဟုသား၊ အနောက်မြောက်ထောင့် အရပ်တွင်လည်းကောင်း
ထားပြီး ပူဇော်ကြတဲ့ စနစ်ဖြစ်ပါတယ်။

ဒီလိုထားရှိပူဇော်ပုံတွေအရ ဒါဟာ ဘုရားရဟန္တာတွေကို ကြည်ညိုလို့ ပူဇော်တဲ့ပုံစံ မဟုတ်တော့ဘဲ လောကီအကျိုးစီးပွား တိုးတက်ရေးအတွက် ကိုယ်လိုသလို ဘုရားရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့ ပုံစံဆိုတာ အလွန်ထင်ရှားလှပါတယ်။ ဘုရားရဟန္တာကို ပူဇော်တာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဘုရားရဟန္တာတွေကို အသုံးချပြီး လုပ်စားတာကတော့ အတော်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပူဇော်မယ်ဆိုရင် ဘယ်ရဟန္တာက ဘယ်နေရာမှာနေ၊ ဘယ်လိုအချိန်မှာကြွ ဆိုတာတွေ မလိုအပ်ပါဘူး။ နှလုံးသားမှာ ဘုရားဂုဏ်နဲ့ သံဃာ့ဂုဏ်တွေ ကိန်းနေပြီး ပူဇော်နိုင်ရင် ပြီးတာပါပဲ။ ဒီလိုပူဇော်ဖို့ အတွက်ဆိုရင် ဘယ်လိုအချိန် ဘာပူဇော်မှုတွေမှ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာ အတိုင်းပဲ မနက် အရုဏ်တက်ချိန်ကစပြီး နေမွန်းမတည့်မီ အချိန်အထိ အပ်စပ်တဲ့ လှူဖွယ်ဝတ္ထုတွေ၊ အပ်စပ်တဲ့ အစားအသောက်တွေနဲ့ ကပ်လှူကာ ထိုအရှင်မြတ်များရဲ့ ဂုဏ်ကိုအာရုံပြုပြီး ပူဇော်နိုင်ကြပါတယ်။ ပွင့်တော်မူပြီးသား ဘုရားရှင်များနဲ့ ဘုရားသာသနာတွင်းမှာရှိတဲ့ ရဟန္တာမှန်သမျှ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ကြပါတယ်။ ဘယ်ဂြိုဟ်ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာရယ်လို့ ခွဲခြားသတ်မှတ် ပူဇော်ဖို့မလိုပါဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တွေဟာ နှလုံးသားမှာ ထုံနေအောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်နည်းကသာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်ပါတယ်။

ခုတော့ အဲဒီလို မဟုတ်ဘဲ ဘုရားရဟန္တာတွေနဲ့ ဂြိုဟ်တွေပေါင်းစပ်ပြီး လောကီနည်းတွေအရ လုပ်နေကြတာဆိုတော့ ပူဇော်ရာမရောက်ဘဲ ကိုယ်ကိုးကွယ်တဲ့ အနှိုင်းမဲ့ အရှင်မြတ်တွေကို ဂြိုဟ်စောင့်နတ်ပုံစံ၊ တစ်ခုခုကို စောင့်ကြပ်ကာကွယ်ပေးတဲ့ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချလိုက် သလို ဖြစ်နေပါတယ်။ တကယ်သာ အဲဒီလို လောကီအစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက် လုပ်နေကြမယ်ဆိုရင် ကုသိုလ်ထက် အပြစ်က ပိုများနိုင်တဲ့အပြင် ဒီလိုလုပ်နေကြတဲ့ ဗုဒ္ဓဘာသာတွေရဲ့ လုပ်ရပ်ဟာ လွဲနေရုံတင်မဟုတ်ဘဲ လွတ်နေတဲ့ပုံကို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေကြတဲ့ အလွဲတွေထဲမှာ ဘုရားကိုးဆူပူဇော်မှုဟာလည်း ဘာသာရေးကို လောကီရေးနဲ့တွဲစပ်ပြီး ခုတုံးလုပ်အသုံးပြုထား သလိုဖြစ်တဲ့ မလွဲသင့်တဲ့ အလွဲတစ်ခုလို ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးကို အချိန်မီပြုပြင်ပြီး ဘုရားရဟန္တာတွေရဲ့ ဂုဏ်တော်သက်သက်ကို အာရုံပြုကာ သင့်လျောက်လောက်ပတ် အပ်စပ်တဲ့အရာတွေနဲ့ အပ်စပ်တဲ့အချိန်မှာ ပူဇော်နိုင်ကြစေဖို့ စေတနာကောင်းနဲ့ အသိပေးရင်း လွဲနေကြတဲ့ အလွဲတစ်ခုအဖြစ် သတိပြုဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါတယ်။

Read more...

ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးမိသားစု

အန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဆိုရမ်ပြည်နယ်၇ှိ လက်သမားဆရာတစ်ဦးသည် မိန်းမ (၃၉)ယောက်
သားသမီး (၉၄) ယောက်နှင့် မြေး (၃၃)ယောက်ရှိပြီး ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးမိသားစုဖြစ်နိုင်ဖွယ်
ရှိပါသည်။၊ချွေးမများပါပေါင်းလျှင် မိသားစုဝင်စုစုပေါင်း (၁၈၁) ယောက်ရှိပြီး အခန်းပေါင်း (၁၀၀ )ရှိသော(၄)ထပ်အိမ်ကြီးတွင်စုပေါင်းနေထိုင်ကြပါသည်။
တစ်နပ်စာဟင်းလျှာအတွက် ကြက်အကောင်ရေ ၃၀၊အာလူးပေါင်ချိန် ၁၃၂ ပေါင်၊ဆန်ပေါင်ချိန် (၂၂၀) ပေါင် ထိချက်ပြုတ်ရပါသည်။
အသက်၆၇နှစ်အရွယ် စီအိုနာ အမည်ရှိသော ထိုသူသည် မိမိအတွက်လှပသော အခန်းကြီးတစ်
ခန်းထားရှိပြီး ကျန်ရှိသော( ၉၉) ခန်းမှာ မိန်းမနှင့်သားသမီးများအတွက် ထားရှိကာ မိန်းမဖြစ်သူများသည်

Read more...

The ‘Exclusive’ Trap

by Cittasamvaro

Foreigners to Thailand often comment on the ‘mix of animism and Brahmanism’ with the more traditional Theravada Buddhism. Newcomers here tend to read a couple of suttas on Mindfulness or the Four Noble Truths and then point fingers at activities of Buddhist cultures as ‘non-Buddhist’, animist or Brahmanic.

But this idea of Buddhism becoming ‘mixed’ with other ideas is perhaps a remnant from being brought up in ‘Christian cultures’ – (the use of quotation marks here recognises that these terms are vast over-simplifications.)

Traditional Christianity for the most part, had claims of exclusivity. If you believed or practised anything else, you were wrong, and very likely doomed. This view was the driving force during the Dark Ages, when even literature or public plays were strictly limited to Christian stories by an all controlling church (see the book ‘Morality Play’ for a dramatisation of the life of a travelling troupe of performers).

Buddhism was never like that.

The Sandaka Sutta (m76) finishes with a response of a Brahmin Sandaka to a teaching by Ananda:

It is wonderful Ananda, it is marvellous! There is no lauding of one’s own Dhamma and no disparaging of the Dhamma ot others; …. But these Ajivakas … laud themselves and disparage others

Ok – so Sandaka himself is here lauding Ananda and disparaging his previous sect, but the point remains that Ananda had no interest in promoting Buddhism as exclusively true and other sects as mistaken.

Magandiya, another brahmin in a sutta that bears his name too M75), tried to join the Buddha and the newly forming sangha after a sermon – but was told to wait for 4 months first out of respect for his former school.

In fact many times the Buddha advises people inspired by his teachings to keep on supporting other sects and groups. In the Mahaparinibbana Sutta, which outlines the last days of the Buddha’s life, he specifically tells the Vajjian laypeople to maintain customs of old, and not to neglect local shrines :

“What have you heard, Ananda: do the Vajjis show respect, honour, esteem, and veneration towards their shrines, both those within the city and those outside it, and do not deprive them of the due offerings as given and made to them according to tradition?”

The robes that Bhikkhus wear, are also not ‘Buddhist’, but from the Samana tradition which predates Buddhism probably by about 4000 years. The local people had many expectations of those who wear robes – such as they should not be in town joining in singing, dancing and shows etc.. All pre-Buddhist ideas that were upheld by the new Sangha.

And for animist rites - how about when the Buddha cast his bowl into the stream demanding that it float upstream if he was destined to attain enlightenment? Is this not some kind of ‘non-Buddhist’ ‘superstitious’ rite?

On the night of Enlightenment, the Buddha reportedly called on Darani the earth goddess to be witness to all the good deeds he had done in the past. After each deed through many lifetimes he had poured water on the earth to symbolically share merits – a custom Thai’s still do in temples. This water pouring is a Brahmanic tradition also.

Other times he confirmed tree and air spirits, and many times taught about ghost realms. He also gave chants to the monks to ward off unpleasant influence.

One such example is the Metta Sutta – the chant that all Theravada monks memorise by heart in the original Pali. The monks once had been having a hard time meditating in the forest. The Buddha told them there were some unfriendly devas in the area, and that by chanting these stanzas of Metta (loving kindness) it would placate the angry devas and their meditation would be able to progress. And it worked too.

If you talked about your meditation with a monk now, and he advised that your building had an unpleasant astral influence, for which you should recite a particular chant – you would probably again, point the finger of animism at him.

Another chant was given to ward off attacks by animals – the 2 footed, 4 footed, many footed and the footless kind of animals. How many people would see a Thai monk doing this chant and think that it is ‘not Buddhism’ or ‘nothing to do with the Four Noble Truths’, being instead simple animism?

Sure – many customs are not going to get you Enlightened; like praying for something you want at the Erawan shrine or having a monk draw a Khmer symbol on your new car or above your door in a new house. But then, getting married, drinking coffee or buying an ipad is not gonig to get you enlightened either – but that is no indication that the person is deluded as to Buddhism.

Thus the Thai love of some Hindu shrines, and folklore customs is quite ok with Buddhism. There is no clause of exclusivity that you follow only the Four Noble Truths, otherwise you don’t understand Buddhism or are an ‘animist’. Our teachings are there, available for anyone who wishes to use them to enquire within. There is no threat, no discord with other teachings, religions, shrines, or folk customs.

It should be clear then that even ‘original’ Buddhism was full of aspects that are today condemned as being non-Buddhist. The religion grew up and was practised in a society that accepted many of these things as the norm. The monks even adopted many of the practises – such as the gatherings on the full and half moon days. The lines between superstition, animism and the tradition of Enlightenment were blurred right from the outset, and there is nothing wrong with this approach.

Read more...

လပြည့်နေ့အလှူတော်( ၁၇.၀၂.၂၀၁၁-ကြာသာပတေးနေ့)



ကုသိုလ်ဆိုတာ မေ့နေလျှင်
တိရစ္ဆာန်နှင့် မထူးတော့
ကုသိုလ်ဆိုတာ ဒီနည်းနဲ့လည်း ရ
ဟိုနည်းနဲ့လည်း ရနေမှကောင်းတယ်။ (ဆရာတော် အရှင်ဇနကာဘိဝံသ)

တစ်နေ့ ညနေခင်း စာရေးသူတို့ တက္ကသိုလ်အဆောင်ကို အဆောင်မှုးရောက်ရှိ လာခဲ့ပါတယ်။ လာမည့် ၁၇ ရက်နေ့ လပြည့်နေမှာ မိဘမဲ့ကလေးများ။ ဆင်းရဲ ချိုတဲ့စွာ ပညာသင်ကြားနေရှာသော သာမဏေများ နှင့် ကျောင်းသို့ လာရောက် ဥပုသ်စောင့် ကုန်သော ပုဂ္ဂိုလ်အပေါင်း တို့ အား နေ့လည်စာ ကျွေးမွေး လှူဒါန်း မည်ဖြစ်တဲ့အတွက် မိမိ တို့နိုင်သလောက် ထည့်ကြရန် စာရေးသူကို ပြောလာပါတယ်။
စာရေးသူမှာလည်း ကျောင်းစရိတ်က သွင်းထားတာ မကြာသေးတော့ မိမိလက်ထဲမှာ ငွေးကြေးက များများစားစားမရှိပါဘူး။ မိဘမဲ့ကလေးနဲ့ ဆင်းရဲ ချိုတဲ့စွာ ပညာသင်ကြား နေကြတော်မူကုန်သော သာမဏေတွေကို လှူဒါန်းတဲ့ ပွဲတစ်ခုဆိုတော့ တအားစိတ်ဝင်စား သွားခဲ့ပါတယ်။
စာရေးသူလည်း ဟိုတုန်းက ဆင်းဆင်းရဲရဲနဲ့ ပညာကို နှစ်ပေါင်းများစွာ သင်ကြားလာခဲ့ရတော့ မိဘမဲ့ကလေးများနဲ့ သာမဏေတွေ အပေါ်မှာ မိမိ နိုင်သလောက် လှူဒါန်းလိုစိတ် ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ ဖြစ်ချင်တာ ဖြစ်ဆိုပြီး နေ့လည်စာအပြင် နိုင်သလောက်လည်း အားလုံးကို တပည့်တော် အကုန်တာဝန်ယူမယ်ဆိုပြီး အဆောင်ဘုန်းတော်ကြီးကို လျှောက်ခဲ့တယ်။
လူဦးရေက ဘယ်လောက်တောင်လာမှာလဲဆိုပြီး အဆောင်မှုးကို မေးကြည့်တော့ အားလုံး ၂၅၀ ကျော်ကျော်လောက် လာလိမ့်မယ်လို့ပြောတယ်။ ဒါနဲ့ စာရေးသူ သူများတွေထံမှာ ခေတ္တခဏ ပေးထားတဲ့ ငွေလေးတွေကို လိုက်စုပါတယ်။
ရသင့်သလောက်လည်း ရလာခဲ့ပေမယ့် ငွေက မလောက်လို့ ရှရှားမှာ ပညာသင်ကြားနေတဲ့ တပည့်များဖြစ်ကြတဲ့ မောင်ဇော်ဖြိုးသူ ။ မောင်သက်ဖြိုးနိုင်၊ မောင်ထွန်းထွန်းနိုင်။ မောင်သိန်းမင်းအောင်။ မောင်ပြည့်ဖြိုးအောင်။ မောင်စည်သူအောင် တို့ကို ပြောလိုက်တော့ သူတို့တတွေကလည်း ဝမ်းသာအားရနဲ့ ချက်ချင်းပဲ သူတို့ ဦးဆောင်းထည့် ကာ ညတွင်းချင်းပဲ သူတို့အဆောင်က သူငယ်ချင်းတွေကို ကိုယ်စီကိုယ်ငှ လိုက်စုပြီး ရသလောက်လှူမယ် ပြောလာခဲ့ပါတယ်။ ထိုင်းနိုင်ငံက တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မနန်းယုယခိုင် ကလည်း ရှရှားက မောင်သက်ဖြိုးနိုင်နဲ့ ဆက်သွယ်ပြီး စာရေးသူကို နိုင်သလောက် လှူဒါန်းပါမည်ဟု လျှောက်ထားလာခဲ့ပါတယ်။
လပြည့်နေ့ မတိုင်ခင်ရက်မှာပဲ ရှရှား နဲ့ ထိုင်းက ငွေရောက်လာခဲ့တယ်။ ငွေရောက်လာတာ နဲ့ စာရေးသူလည်း ဈေးသွားက နေ့လည်စာ အတွက် နဲ့ လှူဒါန်းဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်ဝယ်ယူခဲ့တယ်။ ၁၆ ရက်နေ့ ညတစ်ညလုံး သူငယ်ချင်းနှစ်ယောက်။ ကုလား ဒကာတွေနဲ့ အတူ နောက်တစ်နေ့ နေ့လည်စာတွက် စတင် ချက်ပြုတ်ခဲ့ပါတယ်။
နောက်နေ့မနက်ရောက်တော့ အဆောင်ဆရာတော်က ဒီနေ့ မိဘမဲ့ကလေးတွေတော့ လာနိုင်မှာမဟုတ်ဘူး သူတို့အတွက် စီစဉ်ထားတဲ့ ပစ္စည်းတွေနဲ့ ငွေကို ဆရာတော် ပေးတဲ့ သူတို့ အဖွဲ့ရဲ့ ဘဏ်အကောင့်ထဲကို ထည့်လိုက်ပါတယ်။ ရောက်လာတဲ့ သူတွေက စာရေးသူတို့ မှန်းထားတာတဲ့ ၂၀၀ ပတ်ဝန်လောက် ပိုရောက်လာပါတယ်။ အားလုံးပေါင်း လူပေါင်း ၄၀၀ နီးပါလောက်ဖြစ်သွားပါတယ်။
နောက်ဆုံးတော့ အလွန့်ကို ဝမ်းမြောက်ဖွယ်ရာ အလှူတစ်ခု ဖြစ်ခဲ့ပါတယ်။ စာရေးသူရဲ့ ဖြစ်ချင်တဲ့ အလှူဆန္ဒကို ဝမ်းသာအားရနဲ့ ဝိုင်းပြီး ပါရမီ ဖြည့်ပေးခဲ့ကြတဲ့ ရှရှားက တပည့်တွေနဲ့ ထိုင်းမှာ ဒကာမ မနန်းယုယုခိုင် တို့အားလုံးကို ကျေးဇူးတင်ပါတယ်။

"ကိုယ့်ကျိုးသူ့ကျိုး၊
ဆောင်သယ်ပိုးက၊
အကျိုးကမ္ဘာတည်လိမ့်မည်" တဲ့

စာရေးသူတို့ ဗုဒ္ဓဘုရားရှင်က လောက၌ ပုဂ္ဂိုလ် လေးမျိုးကို ဟောကြားခဲ့ပါတယ်။ အဲဒါတွေကတော့
ကိုယ်ကျိုးသူကျိုး ဘာမျှမဆောင်ရွက်သူ

ကိုယ်ကျိုးမျှသာ ဆောင်ရွက်သူ
သူတစ်ပါးအကျိုးမျှသာ ဆောင်ရွက်သူ
ကိုယ်ကျိုးသူကျိုး နှစ်မျိုး ဆောင်ရွက်သူ

၁ = စား၊ ဝတ်၊ နေရေး ဟူသော လောကရေးရာ၌ လည်းကောင်း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် လောကုတ္တရာ ရေးရာ၌လည်းကောင်း၊ မိမိလည်းအားမထုတ်၊ သူတစ်ပါးကိုလည်း မတိုက်တွန်းလျှင်၊ ထိုသူမျိုးသည် ခြေရောလက်ပါ ဘာမျှမပါသူနှင့် တူသည်ဟု ဆိုပါသည်။ ဤလူသည် ဤလောကဝယ် အညံ့ဆုံးသူဖြစ်သည်ဟု ဆိုပါသည်။
၂ = အချို့သည် မိမိ အကျိုးအတွက် အားတက်သရော လုပ်ကိုင်ဆောင်ရွက်ကြသည်။ အရာရာ၌ မိမိအကျိုးအတွက်သာ ကြည့်ပြီး သူတစ်ပါးအအကျိုးကို စိတ်မဝင်စား။ မိမိအတွက် အကျိုးမရှိက ဘာမျှမလုပ်၊ အများအကျိုးကို လုပ်ရမည်ဆိုလျှင် အကြောင်းအမျိုးမျိုးပြကာ ရှောင်နေတတ်သည်။ ကိုယ့်ဖို့ တစ်ဖို့သာရှိသော ထိုသူမျိုးသည် လက်သာပါ၍ ခြေမပါသူနှင့် တူပါသည်။ ထို ပုဂ္ဂိုလ်သည်လည်း အညံ့စား ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။
၃ = အချို့သည် သူတစ်ပါး ကြီးပွားချမ်းသာအောင် အကြံပေးတတ်သည်။ သူတစ်ပါးကိစ္စကို လိုက်လံဆောင်ရွက်ပေးတတ်သည်။ မိမိ ကြီးပွားရာ ကြီးပွားကြောင်း ကိစ္စကို ပေါ့ပေါ့ဆဆ ပြုလုပ်နေတတ်ကြသည်။ ကုသိုလ်ရေးတွင် သူတစ်ပါးကို ဒါန၊ သီလ၊ ပြုရန် တိုက်တွန်းတတ်၏။ မိမိကမှု ဘာမှမလုပ်၊ ထိုသူသည်ကား ခြေထောက်သာပါ၍ လက်မပါသူနှင့်တူ၏၊ သွားလာဖို့သာတတ်သည်။ လက်မပါသောကြောင့် မယူတတ်။ ထိုလူမျိုးသည်လည်း အညံ့စားပုဂ္ဂိုလ်မျိုးဟူ၍ သတ်မှတ်ခေါ်ဝေါ်ရပါမည်။
၎ = အချို့သည် မိမိအကျိုး သူတစ်ပါးအကျိုးကို မျှတအောင် ရွက်သည်။ မိမိကြီးပွားအောင်လည်း ထထ ကြွကြွ ဆောင်ရွက် တတ်သည်။ သူတစ်ပါး ကြီးပွားအောင်လည်း နည်းလမ်းညွန်ပြ အကူအညီပေးတတ်သည်။ လောက ရေးရာတွင်သာမက ဘာသာရေးတွင်လည်း ကိုယ်တိုင်လုပ်သလို သူတစ်ပါး လုပ်ချင်အောင် လုပ်လာအောင် တိုက်တွန်းအားထုတ်သည်။ ထိုသူကား မြတ်သော ယောင်္ကျားပုဂ္ဂိုလ်ဖြစ်တော့သည်။ ဤ ပုဂ္ဂိုလ်သည် ခြေရော လက်ပါ အင်္ဂါပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုလူသည် ချီးမွမ်းအပ်၊ မြတ်နိုးအပ်သော ပုဂ္ဂိုလ်ဖြစ်လေသည်။
လောကအပေါ် တကယ်တမ်း ချစ်တတ်ဖို့ ကြင်နာတတ်ဖို့ ဆိုသည်မှာ လွယ်သည်တော့မဟုတ်ပါ။ မလွယ်သောလည်း မွေးမြူလျှင် ရပါတယ်။ မွေးမြူခြင်းဆိုသည်မှာ မိမိ၏ အကျိုးစီးပွားကို စွန့်၍ လောကအတွက် အနစ်နာခံခြင်းဖြစ်တယ်။ အနစ်နာမခံနိုင်ဘဲနှင့်တော့ လောကအပေါ် ချစ်၍ မရ၊ ကြင်နာ၍ မရ၊ ထိုကြောင့် လောကအပေါ် တကယ်တမ်း ချစ်နိုင်ရန်။ ကြင်နာနိုင်ရန် မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အနှစ်နာခံခဲ့ပါတယ်။ လောက အပေါ် ချစ်တတ်ဖို့ ၊ ကြင်နာတတ်ဖို့ အတွက် အနစ်နာခံခြင်းနှင့်ပတ်သက်၍

"တစ်စတစ်စ ၊ စွန့်ဝံ့မှလျှင်
ဘဝနောက်နှောင်း၊
ဆက်တိုင်းကောင်း၏" ( ဦးရွှေအောင်၏ မစ္ဆရိယ သူဌေး ဝတ္ထုမှ)

ဟူ၍ မိမိအနေဖြင့် အနစ်နာခံနိုင်အောင် တဖြည်းဖြည်းချင်း ကျင့်ယူရန် ပညာရှိများက သွန်သင်ခဲ့ခြင်းဖြစ်တယ်။ အမှန်အားဖြင့် အနစ်နာခံခြင်း မရှိဘဲလျက် လောကအပေါ် ချစ်ပါသည်၊ ကြင်နာပါသည် ဟူ၍ ဆိုလျှင် ထိုချစ်ခြင်းနှင့် ကြင်နာခြင်းသည် မိမိ၏ အတ္တစိတ်ကို ဖုံးကွယ်ရန် အသုံးပြုသော " ဒိုင်း" သာဖြစ်ပေလိမ့်မည်။

ဒါနကုသိုလ်ပြုတာ ပစ္စည်းတွေ လျော့သွားတာမဟုတ်ပါဘူး။ စိုက်ပျိုးရေး သမားတစ်ဦးဟာ ဂျုံ၊ စပါးတစ်ဆုပ်လောက် သူ့လယ်ထဲမှာ စိုက်ပျိုးလိုက်ရင် တစ်ဆုပ်စာတော့ စွန့်လိုက်ရတာပါပဲ။ ဒါပေမယ့် အဲဒီတစ်ဆုပ်ဟာ အပင်တွေ ပြန်ပေါက်ပြီး သီးလာတဲ့အခါ အဆုပ်ပေါင်းများစွာ ပြန်ရနိုင်တယ်။ အဲဒီသဘောမျိုးပါ။

သူများစိတ်ဓါတ်၊ မြတ်၊မမြတ်၊ လိုက်မှတ်၍သာ မနေနဲ့

သူများစကား၊ မှန်၊အမှား။ ခွဲခြား၍သာ မနေနဲ့
သူများအလုပ်၊ ဟုတ်, မဟုတ် ၊ သရုပ်ခွဲကာ မနေနဲ့
သူများအကြောင်း ၊ ကောင်း မကောင်း ၊ ငဲ့စောင်းကြည့်ကာ မနေနဲ့
မကောင်း သူများ ကောင် သူများ ၊ ခံစားရမှာ ၊ ဧကန်ကွဲ့၊
မိမိစိတ်ဓါတ်၊ မြတ်၊ မမြတ် ၊မပြတ်စိစစ်ပါ။
မိမိစကား၊ မှန်၊ အမှား ၊ ခွဲခြား ကြည့်နေပါ။
မိမိ အလုပ် ၊ ဟုတ်၊ မဟုတ် ၊ သရုပ်ခွဲကြည့်ပါ။
မိမိအကြောင်း၊ ကောင်း မကောင်း ၊ ငဲ့စောင်းကြည့်နေပါ။
မကောင်း မိမိ၊ ကောင်း မိမိ၊ ကံရှိ ခံရမှာ။
မမြတ်စိတ်ဓါတ် ၊ စွန့်ပစ်လတ်၊ မြင့်မြတ်စိတ်ထားပါ။
အမှားစကား၊ မပြောကြား ၊ စကားမှန် ပြောပါ။
မဟုတ်၊ အလုပ်။ မပြုလုပ် ၊ အဟုတ် လုပ်ကိုင်ပါ။
မိမိအရေး ၊ ထောက်လှမ်းတွေး ၊ စစ်ဆေးပြုပြင်ပါ။

ယနေ့ ပြုလုပ်ရသော ကုသိုလ်ကောင်းမှု အားလုံးကို မြင်အပ်သော သူ မြင်အပ်သောသူ အားလုံးနှင့် သုံးဆဲ့တစ်ပုံမှာ ကျင်လည်နေကြကုန်သော အားလုံးသော ပုဂ္ဂိုလ် သတ္တဝါအပေါင်းတို့ အား အမျှ .. အမျှ.. အမျှ ပေးဝေငှပါ၏။ အမျှ ရ၍ ကိုယ်စိတ် နှစ်ဖျာ ကျမ်းမာချမ်းသာကြပါစေ..

သာဓု.. သာဓု.. သာဓု..။

စာရေးသူ နှင့် အတူတကွ လှူဒါန်းသူများစာရင်း
မောင်ဇော်ဖြိုးသူ ( စိန့်ပီတာစပတ်- ရုရှား)
မောင်ထွန်းထွန်းနိုင်၊ မောင်သက်ဖြိုးနိုင် နှင့် သူငယ်ချင်းများ( ကုစ် - ရှရှား)
မောင်စည်သူအောင် နှင့် သူငယ်ချင်းများ (အမ်ယူစီတီအာ -မော်စကို- ရှရှား)
မောင်သိန်းမင်းအောင်။ မောင်ပြည့်ဖြိုးအောင် နှင့် သူငယ်ချင်းများ( မီဆာ- မော်စကို- ရှရှား)
မနန်းယုယုခိုင် (Rankanhaeng university -ဘန်ကပီ- ထိုင်း)









မောင်ငြိမ်းချမ်းလေး

Read more...

အစားမက်တဲ့ ဗုဒ္ဓ


ဓာတ်ပုံ http://ramkshrestha.wordpress.com/2010/12/04/the-greedy-buddha/

အင်္ဂလန်နိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးက ထိုင်း၊ မြန်မာနှင့် နီပေါတို့ကဲ့သို့သော ဗုဒ္ဓဘာသာသံတမန်များကို ဖိတ်ခေါ်ပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်များကို စီးပွားရေးအတွက် အသုံးချနေကြခြင်းနှင့် ပတ်သက်ပြီး သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာသံရုံးမှ ဒေါ်သီတာအောင်၊ ထိုင်းသံရုံးမှ ဘွန်းရောက်နှင့် နီပေါသံရုံးမှ ဘူဆဲလ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ လန်ဒန်မြို့၊ ဖူဟမ်းအရပ်မှာရှိတဲ့ Greedy Buddha (အစားမက်သော ဗုဒ္ဓ) စားသောက်ဆိုင် ကိစ္စဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်မှာ နီပေါအစားအသောက်များ ရောင်းချသော ဆိုင်ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးတွင် တစ်ဦးချင်း၊ တစ်နိုင်ငံချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အရေးယူလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြကြောင်း သီရိလင်္ကာသံမှူးက ပြောကြားခဲ့ပါတယ်။ သံတမန်များကလည်း စားသောက်ဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆိုင်ရာ ဘာသာရေး၊ ယဉ်ကျေးမှုအဖွဲ့အစည်းများကို ကိုယ်နဲ့ဆက်စပ်ရာကိုသာ ဖော်ပြရေးသားဖို့ ပြောကြားခဲ့ကြပါတယ်။ နီပေါသံရုံးကလည်း ပြည်ပရောက်နေတဲ့ နီပေါပြည်သူများနှင့် ဘုန်းတော်ကြီးများကို ဗုဒ္ဓနာမည်ကို သုံးပြီး ဗုဒ္ဓဘာသာကို စော်ကားနှောက်ယှက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြဖို့ ဆော်သြလိုက်ပါတယ်။ အခြားသံရုံးတာဝန်ခံများကိုလည်း အလားတူ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ သီရိလင်္ကာသံရုံးက ပေးပို့တဲ့သတင်း ဖြစ်ပါတယ်။

မူရင်း သတင်းကတော့ ဒီမှာ ပါ
အနောက်နိုင်ငံသားတွေ ယဉ်ကျေးတာတို့ ဘယ်ဘာသာတွေက ယဉ်ကျေးတာတို့ ဆိုတာ ဘယ်မှာလဲ။ ဒါတွေဟာ တစ်ဦးချင်းတွေ၊ အများနဲ့မဆိုင်ဘူးလို့ ဆိုရပေမယ့် ဗုဒ္ဓဘာသာတွေဟာ ခရစ်ယာန်တွေရဲ့ ခရစ်တော်နဲ့ ပတ်သက်တဲ့ စော်ကားမော်ကားလုပ်တဲ့ စားသောက်ဆိုင်အပါအ၀င် စီးပွားရေးဆိုင်ရာတွေမှာ ယေရှုနာမည်ကို အသုံးမပြုကြဘူး။ အခု ကမ္ဘာမှာ တွေ့နေရတာက ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓပုံတော်တွေကို ကမ္ဘာ့နေရာအနှံ့မှာ စော်ကားမော်ကား ပြုလုပ်နေကြတယ်။ ကဲ ……

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP