* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, February 19, 2011

လူငယ်နှင့် ၀ိပဿနာ

ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ ?

ဒီမေးခွန်းရဲ့အဖြေကို မဖြေခင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

မဟာဓနသူဌေးသားရဲ့ ၀တ္ထုလေးပါ။

မြတ်စွာဘုရားလက်ထက်တော်က ကုဋေရှစ်ဆယ်ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ရှိပါတယ်။ သူဌေးသားရဲ့ မိဘတွေက သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက် စားမကုန်ဘူးဆိုပြီး ပညာမသင်စေဘဲထားကာ၊ သီချင်းဆိုတာ၊ တီးမှုတ်တာလောက်ပဲ သင်စေပါတယ်။ အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋှေရှစ်ဆယ်ချမ်းသာတဲ့ ပညာမတတ်တဲ့ သူဌေးသမီးတစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။

နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့ နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြ ရောပဲဆိုပါတော့။

သူဌေးဆိုတော့ ဘုရင့်ဆီကို နေ့စဉ် အခစားဝင်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့ အရက်သမားတွေက စည်းရုံးဖို့ပြင်ဆင်ကြပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီက ပြန်အလာ လမ်းမှာ အရက်သမားတွေက အရက်ကို သောက်ပြ၊ အမြည်းကို စားပြနဲ့ ” အရှင့်သူဌေးသား အသက်တစ်ရာရှည်ပါစေ၊ အရှင်သူဌေးသားကို အမှီပြုပြီး စားနိုင်သောက်နိုင်ရပါလို၏” လို့ ဆုတောင်းကြပါတယ်။ ဒီလိုနဲ့ အရက်သမားတွေနဲ့ ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတယ်။

စာထဲမှာ ပြထားတာကတော့ သူဌေးသားက ငွေတွေကို ဘေးမှာပုံပြီး သူရဲ့သောက်ဖောက်သောက်ဖက် အရက်သမားတွေနဲ့ ပန်းတွေဝယ်ခိုင်းလိုက်၊ နံ့သာတွေဝယ်ခိုင်းလိုက်၊ ပြီးတော့ တီးတတ်၊ မှုတ်တတ်တဲ့သူတွေခေါ်တီးခိုင်း၊ မှုတ်ခိုင်း၊ သီချင်းဆိုတတ်တဲ့သူတွေခါ် သီချင်းဆိုခိုင်း၊ ကတတ်တဲ့လူတွေကို ကခိုင်း၊ ဆုငွေတွေကို တစ်ထောင် နှစ်ထောင်မျိုး ဆုချလိုက်၊ အရက်တွေသောက်လိုက်နဲ့ အလုပ်မလုပ်ပဲ အရည်ချဉ်းထိုင်သောက်နေလိုက်တာ ပစ္စည်းတွေကုန်ခမ်းပြီး တောင်းစားရတဲ့ဘ၀ရောက်သွားရောပဲ ဆိုပါတော့.

တစ်နေ့ မြတ်စွာဘုရားက တောင်းစားနေတဲ့ သူဌေးလင်မယားကို ရဟန်းသာမဏေတွေက စားကြွင်းစားကျန်တွေ ပေးနေတာ တွေ့မြင်တော့ အရှင်အာနန္ဒာကို အောက်ပါအတိုင်း မိန့်တော်မူပါတယ်။

ချစ်သားအာနန္ဒာ အခုမြင်နေရတဲ့နှစ်ယောက်ကို ကြည့်စမ်းပါ။ သူဌေးသားဟာ ပထမအရွယ်မှာ တကယ်လို့ စီးပွားရှာလိုက်ရင် ဒီမြို့မှာ ပထမအချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ အိမ်မှထွက်ပြီး ရဟန်းပြု တရားအားထုတ်လိုက်မယ်ဆိုရင် အနာဂါမ်ဖြစ်လိမ့်မယ်။ မယားကလည်း သကဒါဂါမ်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သတိဥာဏ်ဝင်ပြီး တတိယအရွယ်မှာ စီးပွားရှာလိုက်မယ်ဆိုရင်လည်း တတိယအချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုတရားအားထုတ်မယ်ဆိုရင်တော့ သကဒါရါမ်ဖြစ်လိမ့်မယ်။ မယားက သောတာပန်ဖြစ်လိမ့်မယ်။

အခုအရွယ်မှာတော့ အချိန်တွေလွန်ခဲ့လှပြီ။ လူ့စည်းစိမ်တွေမှ ဆုတ်ယုတ်ခဲ့သလို ရဟန်းအဖြစ်ဆိုတဲ့ မဂ်ဖိုလ်တွေမှလည်း ဆုတ်ယုတ်ခဲ့ပြီ။ ရေခြောက်သွေ့နေတဲ့ ရေအိုင်ကို ရောက်ရှိနေတဲ့ ကြိုးကြာငှက်လို့ ဖြစ်ခဲ့ရရှာပြီ”

အားလုံးကြားဖူးထားတဲ့ ၀တ္ထုလေးပါ။

အထက်က၀တ္ထုလေးမှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို မှတ်ချက်ချပြတဲ့စကားလေးက အဓိကလိုရင်းပါ။ မြတ်စွာဘုရားရဲ့ အဓိကလိုရင်း မှတ်ချက်ကလေးကိုပဲ ကိုင်ပြီး ပြောရအောင်ပါ။

လောကလူသားတွေပြောနေကြတဲံစကားရှိပါတယ်။ ဘာလဲဆိုတော့ ” ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာတဲ့”

ဒီဆောင်းပါးမှာတော့ တရားထူးတရားမြတ်ရဖို့ နည်းလမ်းကိုပဲ ဦးစားပေးရေးသွားမှာဆိုတော့ ကျန်တဲံအစိတ်အပိုင်းတွေကို မသုံးသပ်တော့ပါဘူး။

ဒီတော့ တရားထူးတရားမြတ်ရဖို့ ဘယ်အရွယ်ဟာ အခွင့်အရေးအသာဆုံးလဲဆိုရင် မြတ်စွာဘုရားရှင်ရဲ့စကားတော်ကို ထောက်ပြီး ပထမအရွယ်ဟာ တရားထူးတရားမြတ်ရဖို့ အခွင့်အရေးအသာဆုံးပါ။

မဟာဓနသူဌေးသားဝတ္ထုလေးကို ထပ်အာရုံပြုကြည့်ပါဦး။

မဟာဓနသူဌေးသားလင်မယားဟာ ပထမအရွယ်မှတြော့ တရားအားထုတ်ရင် ယောက်ျားက ရဟန္တာဖြစ်ပြီး မိန်းမိက အနာဂါမ်ဖြစ်ရမှာပါ။

ပထမရွယ်မှာ သတိမေ့ပြီး တရားအားမထုတ်ဖြစ်တာ ထားလိုက်ပါဦး။

ဒုတိယအရွယ်မှာ သတိသံဝေဂဖြစ်ပြီး တရားအားထုတ်မယ်ဆိုရင်လည်း ယောက်ျားက အနာဂါမ်တည်ပြီး မိန်းမက သကဒါဂါမ်ဖြစ်ရမှာပါ။

ဒုတိယအရွယ်မှာ သတိမေ့ပြီး တရားအားမထုတ်ဖြစ်တာ ထားလိုက်ပါဦး.

တတိယအရွယ်မှာ သတိသံဝေဂဖြစ်ပြီး တရားအားထုတ်လိုက်မယ်ဆိုရင်လည်း ယောက်ျားလုပ်သူက သကဒါဂါမ်ဖြစ်ပြီး မိန်းမလုပ်သူက သောတပန်ဖြစ်ရမှာပါ။

အခုတော့ အရွယ်သုံးပါးလွန်ခဲ့ပြီဖြစ်သလို တရားထူးတရားမြတ်တွေနဲ့ ဝေးသွားခဲ့ရပါပြီ။

ဒီဝတ္ထုလေးကို ထောက်ပြီး တရားထူးတရားမြတ်ရဖို့ ပထမအရွယ်ဟာ ပထမအခွင့်အရေးအသာဆုံးပါ။ ဒုတိယအရွယ်ဟာ ဒုတိယအခွင့်အရေး အသာဆုံးပါ။ တတိယအရွယ်ဟာ တတိယအခွင့်အရေးအသာဆုံးပါ။

အဓိကပြောလိုရင်းကတော့ ငယ်ရွယ်နုပျိုနေတဲ့ ပထမအရွယ်ဟာ တရားထုးတရားမြတ်ရဖို့ အခွင့်အရေး အသာဆုံးဖြစ်သလို တရားအားထုတ်လို့ အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်။

စာရေးသူကတော့ လူငယ်တွေနဲ့ တွေ့ရတဲ့အခါတိုင်း ” တရားအားထုတ်တာ ငယ်လေကောင်းလေပဲ” ဆိုပြီး အထူးပဲတိုက်တွန်းဖြစ်ပါတယ်။

လူငယ်တွေဟာ လောကီအာရုံတွေနဲ့ အများကြီးမတွေ့ရသေးတော့ တကယ့်အဖြူထည်လေးတွေပါ။ အရောင်မတင်ရသေးပါဘူး။

အရောင်မတင်ရသေးတဲ့ အဖြူဆွတ်ဆွတ်မှာ ဘာအရောင်တင်တင် စွဲပါတယ်။ ဒါကြောင့် အဖြူထည်အရွယ်လေးတွေမှာ ၀ိပဿနာအရောင် ဆိုးပေးရင် သိပ်စွဲလွယ်သလို သိပ်လည်း ခိုင်ခန့်ပါတယ်။

ဣသာမစ္ဆရိယ ရာဂ လောဘ ဒေါသ သောကစတဲ့ ကိလေသာ အညစ်အကြေးတွေ နည်းနေသေးတာရယ်၊ ရုပ်ကလည်းနုပျို၊ နာမ်ကလည်း နုပျိုနေတာရယ်ကြောင့် တရားအားထုတ်ရတာ အကောင်းဆုံးအရွယ်ပါပဲ၊ ရုပ်ကလည်းနုပျို၊ နာမ်ကလည်း နုပျိုနေတာရယ်ကြောင့် တရားအားထုတ်ရတာ အကောင်းဆုံးအရွယ်ပါပဲ။

ရုပ်ကလည်းနုပျို နာမ်ကလည်း နုပျိုနေတဲ့အချိန်ဟာ ဘာလုပ်လုပ် တက်တက်ကြွကြွရှိသလို ရုပ်နောက်ကို နာမ်ကကောင်းကောင်းလိုက်နိုင်သလို နာမ်နောက်ကိုလည်း ရုပ်ကကောင်းကောင်းလိုက်နိုင်ပါတယ်။

ကမ္မဌာန်းဆရာက ထိုင်ဆိုလည်း ထိုင်လိုက်နိုင်တာပါပဲ။ ထဆိုလည်း ထလိုက်နိုင်တာပါပဲ။ စင်္ကြံလျှောက်ဆိုလည်း လျှောက်လိုက်နိုင်တာပါပဲ။ ဒီလိုပြင်မှတ်လိုက်ဆိုလည်း မှတ်လိုက်နိုင်တာပါပဲ။ ဒါဟာ နုပျိုခြင်းရဲ့ အခွင့်အရေးတွေပါပဲ။

နုပျိုခြင်းဆိုတာ ဘ၀မှာ တစ်ကြိမ်သာရတာပါ။ ဘ၀မှာတစ်ကြိမ်သာရတဲ့ နုပျိုခြင်းဆိုတဲ့ အခွင့်အရေးကို ရနေတုန်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ပစ်လိုက်တာဟာ ဘ၀အတွက် အဓိပ္ပါယ်ရှိသွားတာပါပဲ။

နုပျိုတုန်းမှာ တရားအားထုတ်ပါဆိုတော့ ပညာသင်ကြားမှု အလုပ်လုပ်မှု အားလုံးကို စွန့်လွှတ်ပြီး အားထုတ်ရမှာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။

ဝိပဿနာတရားအားထုတ်တယ်ဆိုတော့ ကိုယ့်ဟာကိုယ် အားထုတ်လို့မရပါဘူး။ ဆရာလိုပါတယ်။ နည်းလိုပါတယ်။ ဆရာနဲ့ နည်းရဖို့အတွက် ရိပ်သာတစ်ခုခုမှာ ဆယ်ရက်ဖြစ်စေ၊ ဆယ့်ငါးရက်ဖြစ်စေ ၀င်ရပါ့မယ်။ တစ်လလောက် ၀င်လိုက်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူဆန်ဆန်ပြောရင်တော့ သင်တန်းတက်လိုက်တာပါပဲ၊ ဒါဆို နည်းကောင်းကောင်းရသွားပါပြီ၊ နည်းရပြီဆိုရင် ကိုယ့်အိမ်မှာ အချိန်ပိုင်းလေးနဲ့ အားထုတ်သွားလို့ရပါတယ်။

မနက်နာရီဝက် ၊ နေ့ခင်းနာရီဝက်၊ ညနာရီဝက်လောက် အားထုတ်သွားနိုင်တယ်ဆိုရင်ပဲ မဆိုးပါဘူး။ တရားအားထုတ်ပြီးစမှာ စိတ်ထားလေးတွေက ကောင်းနေတတ်ပါတယ်။ စိတ်ထားလေးကောင်းနေတော့ ဘယ်သူနဲ့ပဲ စကားပြောပြော အဆင်ကိုပြေနေတာပါပဲ။ တစ်ဖက်သားက မချေမငံပြောလာရင်တောင် ကိုယ်ကလည်း သည်းခံပြီးသား ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် နေ့ခင်းပိုင်းလောက်အရောက်မှာတော့ စိတ်ထားလေးက နည်းနည်းညံ့ချင်လာပါပြီ။ ဒီတော့ ဘက်ထရီအားကုန်တဲ့အခါ ချာဂျင်ပြန်သွင်းရသလိုပါပဲ။ ကိုယ့်နှလုံးသားထဲကို ၀ိပဿနာချာဂျင်နာရီဝက်လောက် ဒါမှမဟုတ် ဆယ့်ငါးမိနစ်လောက် ပြန်သွင်းရပါတယ်။

ဒီလိုပါပဲ ညပိုင်းကျတော့ စိတ်ထားလေးက ညံ့ချင်လာပြန်ပါပြီ။ ဒါကြောင့် တစ်ခါ ၀ိပဿနာချာဂျင် နာရီဝက်၊ ဆယ့်ငါးမိနစ်လောက် ထပ်သွင်းရပါတယ်။ တစ်နေ့ကို ၀ိပဿနာချာဂျင် မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညတစ်ခါ တစ်နေ့သုံးခါလောက်တော့ နေ့စဉ်သွင်းပေးရပါတယ်။ ဒီအပြုအမူလေးတွေဟာ ကိုယ့်ဘ၀နဲ့ကိုယ်လုပ်ငန်းခွင်ကို အထောက်အကူပြုပြီးသားဖြစ်နေတတ်ပါတယ်။

တစ်နေ့ တစ်နေ့ လူမျိုးစုံတွေနဲ့ တွေ့နေရတာဆိုတော့ ဆုံးဖြတ်ချက် မှားမသွားအောင် ကိုယ့်နှလုံးသားကို ၀ိပဿနာချာဂျင်လေးတွေ အားကုန်ခါနီးတိုင်း ပြန်ပြန်သွင်းသွင်းပေးရပါတယ်။

တကယ်လို့ တစ်စုံတစ်ယောက်နဲ့ အဆင်မပြေဖြစ်ပြီး စကားကို ပက်ကနဲ့ ပြောပြောမိခဲ့ပြီဆိုရင် ကိုယ့်ကိုယ်ကို သတိထားကြည့်လိုက်ပါ။ ၀ိပဿနာချာဂျင် အားကုန်နေလို့ဆိုတာ တွေ့ရပါလိမ့်မယ်။

တရားအားထုတ်လို့ရတဲ့အရသာဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ဒါက အားထုတ်ဖူးသူတိုင်း သိပါတယ်။ မ၀င်ဖူးသေးရင်သာ ဖြစ်ပါ့ဖြစ်ပါ့မလား ဆိုပြီး စိုးရိမ်နေတတ်တာပါ။ ရိပ်သာထဲရောက်သွားရင်တော့ သူလိုကိုယ်လို လူတွေအများကြီးနဲ့တွေ့ပြီး အဆင်ပြေသွားကြတာပါပဲ။

ကဲ ထားပါတော့။

တတိယအရွယ်အိုမှ တရားဝင်ပြီပဲဆိုပါတော့။

တတိယအရွယ်ဆိုတာ ရုပ်ကလည်းအို၊ နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊ ထရတာလည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ်တစ်ခါလောက် ပြင်ပြင်နေရပါတယ်။ တချို့ဝတဲ့သူတွေဆိုရင် ထိုင်ရတာ တော်တော်လေးခက်ခဲပါတယ်။ တစ်ချို့ဆိုရင် လူတွဲနဲ့မှ ထိုင်နိုင်ထနိုင်ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာပါ။

နာမ်အိုတယ်ဆိုတာက သတိတွေမေ့မေ့နေတာပါ။ ဥပမာ အခန်းထဲဆေးယူသွားမယ်ဆိုပြီး ၀င်သွား၊ အခန်းထဲကျတော့ ငါဘာယူမလိုပါလိမ့် ဆိုပြီး မေ့နေ၊ အခန်းထဲကနေ အပြင်ပြန်ထွက်လာပြီးမှ သြော် ငါ ဆေးယူဖို့ ၀င်သွားတာပဲဆိုပြီး သတိရပြီး အခန်းထဲပြန်ဝင်ရ၊ ဒါ နာမ်အိုမှုရဲ့ လက္ခဏာတချို့ပါ။

တရားထိုင်တဲ့အခါမှာလည်း ရုပ်အိုလာတဲ့အတွက် ကြာကြာမထိုင်နိုင်၊ ကြာကြာမထိုင်နိုင်တော့ မကြာခဏပြင်၊ မကြာခဏပြင်တော့ သမာဓိပျက်၊ နောက် နာမ်ကအိုလာတဲ့အတွက် ကမ္မဌာန်းအာရုံပေါ်မှာ သတိက ကောင်းကောင်းမကပ်နိုင်တော့ပါဘူး။ နာမ်နဲ့လုပ်ရတဲ့အလုပ်မှာ နာမ်က အိုသွားတဲ့အတွက် ကောင်းကောင်းအလုပ် မလုပ်နိုင်တဲ့သဘောပါ။

ဒီတော့ သမာဓိက တော်တော်နဲ့မဖြစ်၊ သမာဓိမဖြစ်တော့ ဥာဏ်စဉ်တွေက မထင်နဲ့၊ ကမ္မဌာန်းဆရာက တရားစစ်တဲ့အခါကျတော့ ရှေ့က ယောဂီငယ်ငယ် ကလေးမလေးတွေက ” ဘယ်လိုမှတ်လိုက်တယ်ဘုရား၊ ဘယ်လိုမှတ်လိုက်တယ်ဘုရားနဲ့” လျှောက်စရာတွေ တစ်လှေကြီးနဲံ လျှောက်သွား၊ ကိုယ့်မှာတော့ ဘာမှလျှောက်စရာမရှိ၊ ဒီတော့ စိတ်ဓါတ်တွေကျပြီး အိမ်ပြန်ချင်စိတ်ပေါက်လာ၊ အိမ်ပြန်ရောက်ပြီး နောက်တခါတရားဝင်ဖို့ သားသမီးတွေက တိုက်တွန်းရင် တစ်ကြိမ်တည်းနဲ့ သေမလောက်ကြောက်သွားတော့တာပါပဲ၊

ဒါ တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ်အိုခြင်းရဲ့ ဆိုးပြစ်လက္ခဏာတွေပါပဲ။

နောက် တတိယအရွယ်ရဲ့ ဆိုးကျိုးလဲတစ်ခုရှိပါသေးတယ်။

ယောဆရာတော်ဘုရားရဲ့ တရားတွေထဲမှာ အိုလာပြီဆိုရင် ” အိုပယ်ဖြစ်တတ်တယ်” ဆိုတဲ့ စကားလုံးလေး မကြာခဏပါလေ့ရှိပါတယ်။ အိုပယ်ဆိုတဲ့စကားလုံးကလေးက သိပ်လှတာပါ။ အိုလာပြီဆိုရင် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေက ကိုယ့်ကို ပယ်ထားလိုက်တာပါ။

ထမင်းကျွေးရုံ၊ အ၀တ်ဆင်ရုံကလွဲလို့ အကြံဥာဏ်ယူတာ တိုင်ပင်ဆွေးနွေါ်တာတွေ မရှိတော့ပါဘူး။ ကိုယ့်နဲ့ခပ်လှမ်းလှမ်းမှာ မြေးတွေက တိုးတိုးတိုးတိုးနဲ့ စကားပြောနေမယ်။ ကိုယ်ကဒါကို ဟဲ့ မြေးတို့ ဘာတွေပြောနေတာလဲ လို့ သွားမေးမယ်။ ဒီတော့ မြေးတွေက အို ဒါလူကြီးတွေရဲ့ ကိစ္စမဟုတ်ပါဘူး၊ လူငယ်ကိစ္စပါလို့ ပြန်ပြောခံရ။

တချို့ဆို ငွေကြေးချမ်းသာပါရဲ့၊ ပညာလည်းတတ်ပါရဲ့၊ မိသားစုအသိုင်းအ၀ိုင်းကလည်း ပေါပါရဲ့၊ သတင်းစာ စာအုပ်ကြော်ငြာလေးကိုဖတ်ပြီး ” သားရေ အရှင်ဆန္ဒာဓိကရဲ့ နောက်ဆုံးထွက်စာအုပ်ကလေး ၀ယ်ခဲ့ပါဦး” လို့ မှာဖြစ်လိုက်ပါရဲ့။

တစ်ရက်လာလည်း ပါမလာ၊ နှစ်ရက်လာလည်း ပါမလာ၊ ရက်တွေသာကြာသွားတယ်၊ လိုချင်တဲ့ စာအုပ်ကမရ၊ ကိုယ်တိုင်ထွက်ဝယ်ဖို့ကျတော့လည်း ကားရှိပေမယ့် မောင်းပို့မယ့်သူမရှိ၊ ဒါတွေဟာ အိုပယ်ရဲ့ ထင်ရှားတဲ့လက္ခဏာဆိုး တချို့ပါ။ တခြား ဒီထက်ဆိုးတဲ့ ကိစ္စတွေလည်း ရှိချင်ရှိဦးမှာပါ။

တကယ်လို့ဥာ ပထမအရွယ်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့ရင် သူတို့ဘယ်လောက်ပဲ ” အိုပယ်” လုပ်ထားလုပ်ထား၊ ကိုယ်က ကိုယ့်ဝိပဿနာတရားလေးနဲ့ နေနေလိုက်ရင် ” အိုပျော်” ဖြစ်သွားမှာပါ။

ဝိပဿနာတရားဆိုတာ တစ်ယောက်တည်း တစ်စိတ်ထည်းအားထုတ်ရတာဆိုတော့ သူတို့ အိုပယ်လုပ်လေ ကိုယ့်အတွက် တရားမှတ်ရတာ အကောင်းဆုံးဖြစ်လေပါပဲ။

တရားထူးတရားမြတ်ရတာကို ခဏထားလိုက်ပါဦး။ လူ့ဘ၀သက်တမ်းကို ယေဘုယျ ခုနှစ်ဆယ့်ငါးနှစ်နဲ့တွက်လိုက်ရင် အသက်နှစ်ဆယ့်ငါးနှစ်အတွင်းဟာ တရားအားထုတ်ဖို့ ပထမအကောင်းဆုံးအရွယ်ပါ။ အသက်ငါးဆယ်အတွင်းဟာ တရားအားထုတ်လို့ ဒုတိယအကောင်းဆုံးပါပဲ၊ ကျန်တဲ့ တတိယအရွယ်သက်တမ်းကိုတော့ ဆက်မပြောပါရစေနဲ့တော့။ ကိုယ့်အရွယ် ကိုယ်ပြန်ကြည့်ပြီး ဆုံးဖြတ်ဖို့ပဲ လိုပါတယ်။

လူ့ဘ၀ကိုရလာတယ်။ လူ့ဘ၀ကိုရလာပြီး လူ့ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿနာတရားလေးမှ အားထုတ်မသွားရဘဲ သေသွားမယ်ဆိုရင် လူ့ဘ၀ကို ရလာတာ ဘာမှအဓိပ္ပါယ်မရှိတော့ဘူ။ လူဆိုတာ သေမျိုးပါ။ မသေခင်လေးမှာ ဒီဝိပဿနာတရားလေးတော့ ကုသိုလ်ဖြစ်လောက်ပဲဖြစ်ဖြစ်၊ ဗဟုသုတဖြစ်လောက်ပဲဖြစ်ဖြစ်၊ ပါရမီပါသွားအောင် အားထုတ်သွားသင့်ပါတယ်။

လောကီထဲမှာ နေနေကြတာဆိုတော့ လောကီအာရုံတွေနဲ့တော့ ကင်းလို့မရပါဘူး၊ ဒါပေမယ့် မော်ဒန်တွေ ၊ ပို့စ်မော်ဒန်တွေ၊ မန်ယူတွေ၊ အာစင်နယ်တွေ၊ နှစ်လုံး သုံးလုံးတွေ၊ ရားထူးဌာနန္တရတွေ၊ အပြန်အလှန်တုံ့ပြန်မှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေနောက် တစ်ကောက်ကောက်လိုက်နေရမှုတွေနဲ့တော့ အရွယ်သုံးပါးလုံးကို အချိန်ကုန်မသွားသင့်ပါဘူး။ ဒါတွေကို သင့်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ သဘောထားသင့်ပါတယ်။ ဘ၀ရဲ့ အဓိက အခန်းကဏ္ဍထဲမှာ ရှိမနေသင့်ပါဘူး။

ကဲ စာဖတ်သူ ” ဘယ်အရွယ်မှာ တရားအားထုတ်လို့ အကောင်းဆုံးလဲလို့ ” မေးလာခဲ့ရင် ပထမအရွယ်ပါပဲ၊ ဘ၀မှာ တကြိမ်သာရတဲ့ နုပျိုခြင်းကို ၀ိပဿနာအရာမှာ ကောင်းကောင်းကြီး အသုံးချပစ်လိုက်စမ်းပါ။ ဒီစာစုကို သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။

အိုရမည့်ဘေး မရောက်သေး မျှော်တွေးဆင်ခြင်ပါ။

မအိုသေးခင် တရားဝင် အဆင်ပြေလှသည်။

အိုသေအခါတွင် တရားဝင် အဆင်မပြေပြီ၊

အိုသောခါမှ တရားမရ မှားကြပါလိမ့်မည်။

ကျမ်းကိုး

၁။ ဓမ္မပဒ ( ဒုတိယ၀တ္ထုတွဲ)

မဟာဓန သူဌေးသားဝတ္ထု။

၂။ သိကောင်းစရာ ဤခြောက်ဖြာ။

သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ဇန်န၀ါရီ၊ ၂၀၀၆

Read more...

Benefit of Mere Listening to Others Chanting

Benefit of Mere Listening to Others Chanting

Read more...

မျှော်လင့်ချက်…

“အရှင်ဘုရားအပေါ် တပည့်တော်တို့က အရမ်းကို မျှော်လင့်ထားတာပါ…၊ ဒို့ကမင်းအပေါ် ဘယ်လောက်အထိ မျှော်လင့်ထားတယ်ဆိုတာ မင်းအသိဆုံးပါ…၊ သူ့ဘဝက တကယ့်ကို မျှော်လင့်ချက် ကင်းမဲ့သွားပါပြီ…၊ ကိုယ်မျှော်လင့်သလို ဖြစ်မလာတော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့…၊ ဘာမျှော်လင့်ချက်မှ မရှိတော့လည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး…” စသဖြင့် မျှော့်လင့်ချက်နဲ့ ပတ်သက်ပြီး အသုံးပြုလေ့ ရှိကြတဲ့ စကားများကို ကြားဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အသုံးပြုခဲ့ဖူးကြသလို သူများက အသုံးပြု ပြောသွားတာကို ခံရတာတွေလည်း ရှိကြမှာပါ။ ဘာတွေမျှော်လင့်ထားလို့ ဘယ်လိုတွေ ဖြစ်စေချင်တာလဲ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တဲ့အခါ အဖြေက အဓိပ္ပါယ်မဲ့ မျှော်လင့်ချက်တွေ ဖြစ်နေတာကိုလည်း တစ်ခါတရံ တွေ့ရမှာ ဖြစ်ပါတယ်။

မျှော်လင့်ချက်ဆိုတာလည်း အခက်သား ဖြတ်ဖို့တော်တော်ခက်တဲ့ အရာပါ။ တစ်ခါတလေ ဘာမှမမျှော်လင့်ပါဘူးလို့ ဆိုလာသူတွေဆီကတောင် တုံ့ပြန်လာတဲ့ တုံ့ပြန်မှုတွေက မျှော်လင့်ချက်ရဲ့ အရိပ်အယောင်တွေ အနေနဲ့ တန်ပြန်မှုတွေ ရှိနေတာကို သတိထားမိနိုင်ပါတယ်။ သေချာတွေးကြည့်တော့ အရိယာမဖြစ်သေးသမျှ မျှော်လင့်ချက်ဆိုတာ ရှိနေကြမယ်ဆိုတာ သဘောပေါက်မိပါတယ်။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရသူတွေလို့ ဆိုတဲ့အတိုင်း မျှော်လင့်ချက်တွေကတော့ ကိုယ်စီရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ မျှော်လင့်လို့ ရမယ်ဆိုရင် ကိုယ့်ထက်သာတဲ့ သူတွေဆီကလည်း မျှော်လင့်နေကြမှာ ဖြစ်သလို ကိုယ့်အောက်နိမ့်ကျတဲ့ သူတွေဆီကလည်း မျှော်လင့်နေကြတာတွေ ရှိကောင်းရှိနေကြမှာ ဖြစ်ပါတယ်။ ရှိလည်းရှိတတ်ကြပါတယ်။ မျှော်လင့်လို့ ရသလောက် မျှော်လင့်နေကြမယ့် သတ္တဝါတွေ ဖြစ်နေတဲ့အတွက် သာတဲ့သူတွေကလည်း မျှော်လင့်ကြမှာ ဖြစ်သလို နာတဲ့သူတွေကလည်း မျှော်လင့်ကြမှာ ဖြစ်ပါတယ်။ ရှိတဲ့သူတွေလည်း မျှော်လင့်ကြမှာ ဖြစ်သလို မရှိတဲ့သူတွေကလည်း မျှော်လင့်ကြမှာ ဖြစ်ပါတယ်။ ပေးကမ်းနိုင်သူတွေ ထံကလည်း မျှော်လင့်တတ်ကြသလို အပေးခံသူတွေ ထံကလည်း မျှော်လင့်တတ်ကြပါတယ်။ အရင်းစစ်တော့ လိုချင်ခြင်း ဆန္ဒတွေ ရှိနေသမျှ မျှော်လင့်ချက်တွေက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

စကားစပ်လို့ ဘုန်းဘုန်းရဲ့ အတွေ့အကြုံလေးတစ်ခုကိုတောင် သတိရမိပါသေးတယ်။ ဒီတစ်ခေါက် မြန်မာပြည် ပြန်တုန်းက မရောက်တာကြာပြီဖြစ်တဲ့ ဘုန်းဘုန်းရဲ့ ဇာတိရွာကို ကြွသွားဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းကြွလာမယ် ဆိုတာကို မကြွခင်တည်းက ကြိုပြီးသတင်း ရထားတဲ့ ဆွေတော်မျိုးတော်တွေနဲ့ ရွာကလူတွေကတော့ မျှော်လင့်ချက် အမျိုးမျိုးနဲ့ပေါ့။ ဘုန်းဘုန်းလာရင် သူတို့အတွက်နဲ့ ရွာအတွက် ဘာလုပ်ပေးလိမ့်မယ်၊ ညာလုပ်ပေးလိမ့်မယ် စတဲ့ ကိုယ်ထင်ရာ ကိုယ့်အတွေးတွေနဲ့ ဟိုလျှောက်ပြော၊ ဒီလျှောက်ပြောတတ်တဲ့ ရွာသူရွာသား တစ်ချို့ကြောင့်လည်း ရွာကလူတွေရဲ့ မျှော်လင့်ချက်က ပိုကြီးသွားတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ တကယ်တော့ ဘုန်းဘုန်းတို့ရွာ အပါအဝင် မြန်မာနိုင်ငံ တစ်ဝှန်းမှာ ဘယ်နေရာကြည့်ကြည့် လိုနေတဲ့ နေရာတွေက များနေတဲ့အခါဆိုတော့ သူတို့ခမျာမှာလည်း မျှော်လင့်လို့ရနိုင်တဲ့ သူတွေဆီက မျှော်လင့်လို့ ရသလောက်တော့ မျှော်လင့်ကြတာ နေမှာပါ။ အထူးသဖြင့် နိုင်ငံခြားရောက်နေကြတဲ့ သူတွေဆိုရင် ဘာပဲဖြစ်ဖြစ် သူတို့ထက်တော့သာနေ၊ သူတို့ထက်တော့ အဆင်ပြေနေကြမယ်လို့ တွေးထင်နေကြလို့ မျှော်လင့်ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့အထင် ဟုတ်သင့်သလောက်တော့လည်း ဟုတ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ရှိတဲ့သူတွေ အားလုံးတော့ သူတို့ထင်သလို မဟုတ်ဘူးဆိုတာ နိုင်ငံခြားရောက်နေကြတဲ့ သူတွေက အသိဆုံး ဖြစ်မှာပါ။

အဲဒီလို မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ကြိုဆိုနေကြတဲ့ ရွာကိုရောက်တော့ ဘုန်းဘုန်းမှာ သူတို့မျှော်လင့်သလောက် မလုပ်ပေးနိုင်ခဲ့တဲ့ အခြေအနေကြောင့် တစ်ချို့က “ဘုန်းကြီးကလည်း မျှော်သာမျှော်လင့် လိုက်ရတယ်၊ နောက်ဆုံးတော့လည်း ဘာမှမဟုတ်ပါဘူးကွာ”ဆိုတဲ့ တုံ့ပြန်မှု စကားပဲ နားထဲပြန်ရောက် လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီအသံတွေကို နားထဲကထုတ်ပြီး တစ်ရွာလုံးနီးပါး အမျိုးတွေ ဖြစ်နေတဲ့ ရွာသူရွာသားတွေကို ဘုန်းဘုန်းက အကျိုးအကြောင်း ပြောပြရပါတယ်။ “ဒီမှာ အားလုံးနီးပါး အမျိုးတွေ ဖြစ်နေတဲ့အတွက် စားသောက်စရာပဲ ဖြစ်ဖြစ်၊ လက်ဆောင်တစ်ခုခုပဲ ဖြစ်ဖြစ် ပေးလိုက်မယ်ဆိုရင် ရတဲ့သူတွေအတွက်လည်း ဘာမှမဟုတ်သလို ရလိုက်တဲ့ အရာဟာလည်း ခဏပဲ ဖြစ်မှာပါ။ မျှော်လင့်သလောက် မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဘုန်းဘုန်းဆန္ဒကတော့ နည်းနည်းလေးရပြီး နည်းနည်းပဲစားလိုက်ရတဲ့ အရာလေးတွေ ပေးတာထက်စာရင် ရေရှည်အကျိုးရှိမယ့် လုပ်ငန်းလေးတွေပဲ လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါကြောင့် ရေရှည်အကျိုးဖြစ်ထွန်းမယ့် တစ်ရွာလုံးရဲ့ ပညာရေး ပဒေသာပင်နဲ့ အများအကျိုးရှိစေမယ့် စာကြည့်တိုက်ပဲ လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဆွေတော်မျိုးတော်တွေ အနေနဲ့လည်း သူ့ကျတော့ပေးတယ်၊ ငါ့ကျတော့ ပေးတယ်ဆိုတဲ့ စကားမျိုး မပြောကြဘဲ အများအတွက် အကျိုးရှိတာကိုပဲ မျှော်လင့်ကြဖို့နဲ့ ဘုန်းဘုန်းစွမ်းနိုင်သမျှလည်း အများအကျိုးရှိမယ့် အလုပ်လေးတွေ လုပ်ပေးပါမယ် ဆိုတာကို အထူးပြောချင်ပါတယ်…” စသဖြင့် ပြောဆိုကာ သူတို့ရဲ့ ပုဂ္ဂလိကဆန်တဲ့ မျှော်လင့်ချက်ကို ပြေရာပြေကြောင်း ပြောပြပေးခဲ့ ရပါသေးတယ်။

အဲဒါပါပဲ။ ပေးတဲ့သူနဲ့ ယူတဲ့သူရဲ့ မတူညီတဲ့ မျှော်လင့်ချက်ဆိုတာ။ ဘုန်းဘုန်းပေးလိုတာက အများအကျိုးပြု တစ်ခုခု၊ သူတို့မျှော်လင့်တာက ငါ့အတွက်တစ်ခုခုဆိုတော့ ပေးသူယူသူ အသွင်မတူဘဲ ယူသူဆီကလာတဲ့ တုံ့ပြန်မှုက ပေးသူရဲ့ စိတ်အစဉ်ကို ညစ်နွမ်းစေတာ အမှန်ပဲ ဖြစ်ပါတယ်။ တစ်ဖက်က ပြန်တွေးကြည့်တော့ ပေးသူဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကရော “ဘာကိုမျှော်လင့်ပြီး ပေးတာလဲ၊ မျှော်လင့်တဲ့အရာကို ပြန်ရမှ ပေးမှာလား၊ ဒါဆိုရဲ့ ကိုယ့်ရဲ့ပေးမှုက ဒါကြောင့်ဒါလုပ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက် မသွားနိုင်ဘူးလား…” စသဖြင့် အတွေးပေါင်းစုံနဲ့ အလှုပ်ရှုပ်သွား ပြန်ပါတယ်။ ပြီးတော့ “တကယ်စေတနာ အမှန်နဲ့ ပေးကြမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စေတနာ မပျက်ဖို့၊ ကိုယ့်စိတ်မကွက်ဖို့လည်း ကြိုးစားသင့်တယ်” ဆိုတဲ့ ကောက်ချက်ချ အတွေးလည်း ဘုန်းဘုန်းစိတ်ထဲမှာ ရောက်လာခဲ့ပါတယ်။

ဟုတ်ပါတယ်။ ပေးနိုင်တဲ့သူတွေ၊ ပေးဖို့ကြိုးစားတဲ့သူတွေ ကြည့်လိုက်ရင် တစ်ချို့က ကိုယ်ပေးလိုက်တဲ့ အရာအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီးနဲ့ ပေးနေတာကို တွေ့ရတတ်ပါတယ်။ ပေးကြတဲ့သူတွေမှာ တစ်ချို့က ရယူသူတွေထံက “ဟာ… သူကတော့ ဘယ်လောက်ကို ပေးနိုင်တာ၊ ဘယ်လိုကို ပေးနိုင်တာ၊ သိပ်ပြီး သဒ္ဓါတရားကောင်းတာ၊ သူလိုလူမျိုးတော့ ရှာမှရှား”စတဲ့ ချီးမွန်းသံများကို မျှော်လင့်ကာ ကြားလိုကြတဲ့သူတွေ ရှိတတ်သလို၊ ကိုယ်ပေးတာကို ယူထားတဲ့အတွက် ရယူသူတွေ အနေနဲ့ ကိုယ့်အပေါ်ကို “အရိုအသေပေးတာ၊ လေးစားတာ၊ စကားနားထောင်တာ၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေလိုတာ” စတဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပေးသူတွေအနေနဲ့ သူတို့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပေးလည်းပေးရသေး စိတ်မှာအညစ်အကြေးလည်း ဖြစ်ရသေးဆိုသလို ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် အဆဲခဲရတဲ့ သဘောမျိုးပေါ့။

အရင်းစစ်တော့ ဒါဟာ မျှော်လင့်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပေးသူကလည်း မျှော်လင့်ကြသလို ယူသူကလည်း အလိုက်မသိ ပေးနိုင်တာထက် ပိုပြီးမျှော်လင့်မိကြလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ကား ရယူသူတွေက အများဖြစ်နေပြီး ဘယ်သူ့ကို ဘယ်လိုစိတ်ထားနဲ့၊ ဘယ်လိုမျှော်လင့်ချက်နဲ့ ယူပါလို့ ပြောရမှာ ခက်တဲ့အတွက် ပေးသူတွေကိုယ်တိုင်ပဲ ကိုယ့်ရဲ့ပေးကမ်း ထောက်ပံ့မှုအပေါ် စိတ်စေတနာ ပြတ်သားစွာ ပေးကမ်းတတ်ဖို့ လိုပါတယ်။ ကိုယ့်စိတ်ကို မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နဲ့ မပေးမိအောင် လေ့ကျင့်ဖို့ပဲ လိုပါတယ်။ မပေးခင်က ဉာဏ်နဲ့ယှဉ်ပြီး ပေးသင့်ပေးထိုက်တာ၊ လုပ်ပေးသင့် လုပ်ပေးထိုက်တာကို လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ပြီး ပေးပြီးတဲ့နောက်ပိုင်းမှာတော့ မျှောလင့်ချက်တွေနဲ့ နောင်တတွေ မရှိရအောင် ကြိုးစားလေ့ကျင့်ဖို့ပဲ ရှိပါတယ်။

လွတ်မြောက်မှုကို ဦးတည်တဲ့ ဗုဒ္ဓဘာသာ ကျင့်စဉ်အရ ပြောရရင်တော့ ပေးကမ်းတဲ့အပေါ်မှာ လောဘတဏှာ ဦးစီးတဲ့ မျှော်လင့်ချက် သံယောဇဉ်တွေနဲ့ မပေးမိကြဖို့ပဲ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ပေးတဲ့အခါမှာ ဘယ်သူတွေဘာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ တုံ့ပြန်လာပါစေ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါစေ ကိုယ့်စိတ်စေတနာမှာ မျှော်လင့်ချက်ကင်းတဲ့၊ သံသရာဝဋ်မှ လွတ်မြောက်ရာကို ဦးတည်တဲ့၊ လွတ်လွတ်စွန့်ကြဲတဲ့ စိတ်နဲ့ ပေးနိုင်အောင်ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ မပေးခင်ကတည်းက ပေးသင့်ပေးထိုက်တဲ့ပုဂ္ဂိုလ်၊ ပေးသင့်ပေးထိုက်တဲ့ နေရာစတာတွေကို ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ပြီး ပေးဖို့ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဒီအပေါ်မှာ ဘာဖြစ်ရပါစေ၊ ဘယ်လိုဖြစ်ရပါစေ စတဲ့ မျှော်လင့်တောင့်တချက်တွေ မရှိဖို့ လိုပါတယ်။ ဒီလို ဉာဏ်နဲ့ယှဉ်ပြီး မျှော်လင့်ချက်ကင်းတဲ့ ပေးကမ်းမှုမျိုး ဖြစ်ပြီဆိုရင်တော့ ပေးကမ်းတဲ့အတွက် ကံတရားရဲ့ တန်ပြန်သက်ရောက်မှုက သူ့အလုပ် သူလုပ်သွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာက လောကမှာ မျှော်လင့်ချက် ကိုယ်စီရှိကြရာမှ ပုဂ္ဂိုလ်အမျိုးမျိုးဆီက၊ အရာအမျိုးမျိုးနဲ့ မျှော်လင့်ချက် အမျိုးမျိုးကို တောင့်တနေကြတဲ့ သတ္တဝါတွေဟာ အတ္တဆန်တဲ့ ငါစွဲမျှော်လင့်ချက်များနဲ့ မျှော်လင့်တောင့်တ နေသမျှ မျှော်လင့်မှုဟာ အဆုံးသတ်ကြမှာ မဟုတ်သလို အဲဒီမျှော်လက်ချက်များရဲ့ နောက်ကွယ်မှာလည်း စိတ်အစဉ်မှာ အကုသိုလ်တရားများနဲ့ လေးလံထိုင်းမှိုင်း ညစ်နွမ်းတတ်တဲ့ သဘောရှိတဲ့အတွက် တစ်ခုခုကို ပေးလိုသူပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ရယူလိုသူပဲ ဖြစ်ဖြစ် ပေးလိုရလိုတဲ့ မျှော်လင့်ချက်ကို ဉာဏ်နဲ့ယှဉ်တဲ့ ပေးကမ်းမှုနဲ့ မျှော်လင့်တောင့်တချက်နည်းတဲ့ ရယူမှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ရင် မျှော်လင့်ချက်ကင်းတဲ့ စိတ်စေတနာ အပြည့်နဲ့သာ လွတ်မြောက်မှုကို ဦးတည်တဲ့ ပေးကမ်းမှုမျိုးနဲ့ မေတ္တာဓာတ်အပြည့်ပါတဲ့ ရယူမှုမျိုးဖြစ်အောင် လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးသူယူသူ ဘယ်သူပဲ ဖြစ်ဖြစ် မျှော်လင့်ချက်နဲ့ ပေးကာ မျှော်လင့်ချက်နဲ့ ယူနေသမျှ ပေးသူရောယူသူပါ စိတ်အစဉ်မှာ အလိုမကျမှုများ ဖြစ်တတ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်တတ်တဲ့ မျှော်လင့်ချက်ကို ပညာ၊ သတိ၊ မေတ္တာနဲ့ညှိကာ ပေးသူကလည်း မျှော်လင့်ချက်ကင်းကင်းနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ယူသူကလည်း မျှော်လင့်ချက်များကို ဘေးဖယ်၍ ရရှိလာတဲ့အပေါ်မှာ ကျေးဇူးတရား၊ မေတ္တာတရား များနဲ့ ရယူနိုင်အောင် ကြိုးစားရင်း အားလုံးသော မျှော်လင့်ချက်များရဲ့ကင်းရာ သံသရာဝဋ်မှ ထွက်မြောက်အောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတော့ကြောင်း…

Read more...

ရွှေမောဓေါစေတီတော်မြတ်ကြီး (ပဲခူးမြို့)

ပဲခူးမြို့ ရွှေမောဓေါစေတီတော်မြတ်ကြီး၏
မြောက်ဘက်မုဉ်ဦးမှ တည့်တည့်ဆင်းသွားလျှင်
“ကသစ်ဝိုင်ဓမ္မရိပ်သာ” သို့ လွယ်ကူစွာ ရောက်နိုင်ပါမည်။

မွန်တို့ဌာနေ ရာမညပြည် မှ ကူးယူဖေါ်ပြပါသည်။
ကျွန်တော် ရန်ကုန်-မန္တလေး ကို ရထားဖြင့် ခရီးနှင်တဲ့အခါတိုင်းမှာ ပဲခူးမြို့အ၀င် ရောက်တိုင်း ထိန်ညီးတောက်ပ မီးရောင်များနဲ့ အလွန်သပ္ပာယ် ရွှေမောဓေါစေတီတော်ကို အမြဲတမ်း ဖူးမျှော်ကြည်ညိုလေ့ရှိပါတယ်။ ကျွန်တော် လူမှန်းသူမှန်းမသိ အိပ်တတ်တဲ့အကျင့်ရှိပေမဲ့ ပဲခူးမြို့အ၀င်ရောက်တိုင်း ကျွန်တော်အမြဲတမ်း နိုးနေတတ်ပါတယ်။ ထိုစေတီတော်ကို လက်အုပ်ချီမိုးရှိခိုးသည့် အခါတိုင်းမှာ စေတီတော် ရဲ့သမိုင်းကြောင်းကို သိချင်နေခဲ့ပါတယ်။ အခု စာမေးပွဲတွေပြီးလို့ computer မှာရှိတဲ့ history of mon ethnic ကို လှန်လှောဖတ်ရင်း ဒီအကြောင်းကို တွေ့လို ကျွန်တော်လို သိချင်တဲ့ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များအတွက် ရေးလိုက်တာပါ။
ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ) မြို့ ကျက်သရေဆောင် ရွှေမောဓေါဘုရားဟာ ပဲခူးနယ်တ၀ိုက်မှာ အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ထောင်စုနှစ်တစ်ခုအထိ သက်တမ်းကြာရင့်ခဲ့ပြီဖြစ်တဲ့အတွက် စေတီတော် တည်ထားကိုးကွယ်စဉ်တုန်းက ဒဏ္ဍာရီ(foundation myth) ဟာ တိမ်မြုပ်ပျောက်ကွယ်သွားပါပြီ။ ဒီဘုရားဟာ ပဲခူးဒေသရဲ့ ဘာသာရေး သက်တမ်းတစ်လျှောက်မှာ အဓိကကျတဲ့ သာသနိကအမွေနှစ်ဖြစ်နေပေမဲ့ စေတီတော်ရဲ့ မူရင်းသမိုင်းရာဇ၀င် (foundation myth) ပျောက်ကွယ်သွားတာဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ယနေ့ခေတ် ဘုရားသမိုင်းရာဇ၀င်က ဆံတော် နှစ်ဆူ ကို ဌာပနာ ထားပါတယ်လို့ဆိုပါတယ်။ တကယ့်မူရင်း က တော့ အံတော် ကို ဌာပနာ ထားဖြစ်ပါတယ်။
ယခုခေတ် ဘုရားသမိုင်းရာဇ၀င်ကတော့ ရွှေတိဂုံစေတီတော်သမိုင်းနဲ့ခပ်ဆင်ဆင်ပါဘဲ။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နဲ့ ဘလိက မဟုတ်ပါ)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူ ပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါတယ်။ ဘုရားသမိုင်းဟာ အမျိုးမျိုးကွဲပြားနေကြပေမဲ့ အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ် (၁၆-၁၇ရာစု) ကို အခြေခံထားကြပါတယ်။ ဘိုးတော်ဘုရားလက်ထက်ကို အခြေခံထားတဲ့ဘုရားသမိုင်း မှာ ကုန်သည်ညီနောင်နှစ်ဦးဟာ မဟာသလ နဲ့ စူဠသလ (Maha-sala and Cula-sala) လို့ဖော်ပြထားပါတယ်။
မူရင်း သမိုင်းရာဇ၀င်( Foundation myth) ကတော့ ဟသာင်္ကုန်းဘက်ကိုထိုးဆင်းသွားတဲ့ အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့တဲ မွန် နဲ့ ပါဠိ ကျောက်စာမှာ ဖော်ပြထားပါတယ်။ အဲဒီကျောက်စာတွေဟာ (၁၅) ရာစုမှာ တချိန်တည်းရေးထိုးခဲ့ပါတယ်။ ဒါကို Donald M. Stadtner က သူ့ရဲ့စာတမ်းမှာ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါတယ်။ မွန်ကျောက်စာမှာ ဂ၀မ္ပတိ က ကုသိနာရုံ(Kusinagara) ကနေ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါတယ်။ အဲဒီ အံတော်ဟာ အလိုအလျောက် (၃၃)ဆူပွားလာခဲ့ပါတယ်။ သထုံဘုရင်ဟာ အဲဒီအံတော်တွေကို ဌာပနာပြီး စေတီ (၃၃) ဆူ တည်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ကို တည်ထားကိုးကွယ်ကြတယ် လို့ မွန် နဲ့ ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါတယ်။ အဲဒီ (၃၃) ဆူထဲက တစ်ဆူဟာ Madhava လို့ ပါဠိကျောက်စာမှာ ဖော်ပြထားပါတယ်။ အဲဒီကနေ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရပါတယ်။- နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြပါတယ်။ အဲဒီကနေတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာ ကနေ ရွှေမောဓေါလို့ အမည်တွင်လာခဲ့ပါတယ်။
ဖြည့်စွက်။ ကျွန်တော်သိခဲ့တဲ့ ပါးစပ်ရာဇ၀င်တစ်ခုကို ကြုံတုန်းဖောက်သည်ချချင်ပါရစေ။ အမှန်တကယ်ဆိုရသော် အခုကျွန်တော်ရေးမည့်အကြောင်းအရာသည် ကိုးကားချက်ကျမ်းတစ်စောင်ပေတဖွဲ့ မရှိတဲ့အတွက် ပါးစပ်ရာဇ၀င်ဟု ခေါင်းစဉ်တပ်လိုက်ရတာပါ။ အားလုံးမှန်သည်ဟု မဆိုချင်ပါသော်လည်း အားလုံးနီးပါးမှန်သည်ဟု ကျွန်တော်ဆိုလိုချင်ပါသည်။
မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓေါစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ရွှေမောဓေါစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ရွှေမောဓေါစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာေ၇ှးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဥာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။

လေးစားစွာဖြင့်
SAITNON

ကိုးကားချက်။
THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts 10-13 October 2007, Chulalongkorn University Bangkok Thailand


ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီ ခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။
ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟုလည်းကောင်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟုလည်းကောင်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု လည်းကောင်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ (၈၂၄) ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်းစူဠ သိရိမာသောကသည် သာသနာနှစ် (၂၃၇) ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာ တည်ကြောင်း ထင်ရှားသည်။ ထိုတိုက်စေတီကို မဓဝါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် (၂၃၈) ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။
ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥေယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် (၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂) ခုနှစ်များတွင် (၂၂) ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် (၇၅၈) ခုနှစ်တွင် နောက် (၂၃) ကြိမ်မြောက် ပြိုပြန်လေသည်။
ရွှေမော်ဓော ဘုရားသည် ငလျင်လှုပ်သော မြေကြောပေါ်တွင် တည်ခဲ့သြဖင့် (၃၂) ကြိမ်တိုင်တိုင် ပြိုပျက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးခေတ် ရွှေမော်ဓော ပြန်လည်တည်ဆောက်ရေးအဖွဲ့က ငလျင်ဒဏ်မခံနိုင်သော အုတ်ရိုးသတ်သတ်စေတီမျိုးကို မတည်ဘဲ သံရိုးခံကျောက်ကျစ်အင်္ဂတေနှင့် အုတ်ရိုးဖက်စပ်၍ တည်ခဲ့သည်။
ရွှေမော်ဓော ဘုရားပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပြုလုပ်ရာ အထူးပင် စည်းကားပါသည်။
(ကျမ်းကိုး။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ စာမျက်နှာ ၄၅၀ – ၄၅၅)

Read more...

Welcome to Dhamma Dipa




Dhamma Dipa (Island of Dhamma) is one of the many centres around the world dedicated to the practice of Vipassana meditation as taught by S. N. Goenka.

It is situated in Herefordshire in the west of England. Residential meditation courses are held here throughout the year. Courses are also held at non-centre sites in East Anglia, Sussex, Ireland and elsewhere from time to time. Dhamma Dipa is owned and managed by Vipassana Trust, a registered educational charity.


Introduction to Vipassana meditation

Vipassana means "to see things as they really are". It is a process of self-purification by self-observation. It is an ancient technique from India, which was originally taught by the Buddha. The teaching is universal and not connected with any religious organisation and can be practised by anyone without conflict with existing religious beliefs or absence of beliefs. For those who are not familiar with Vipassana Meditation we recommend visiting the International Vipassana Website for an introduction.
Applying for a course

Vipassana meditation is taught during ten-day residential courses. This period has been found to be the minimum necessary for new students to understand the technique and its benefits through their own experience. To apply for a course please read the Code of Discipline and then find a convenient date in the UK Course Schedules, and submit an online application form.
Course finances

Courses are run solely on a donation basis. No charges are made, not even to cover the cost of food and accommodation. All expenses are met by donations from those who have already completed courses, experienced the benefits of Vipassana and wish to give others the same opportunity. Neither the teacher nor the assistant teachers receive remuneration; they and others who help on the courses volunteer their time freely.

Read more...

Buddhism and the Blues

by Cittasamvaro

Here is a recent article from http://www.psychologytoday.com/ on Buddhism …. as with most ‘pop’ articles it is not terribly in depth or that accurate in some of the comments. Nonetheless it is indicative of the popularity of Buddhism as it creeps into the mainstream awareness of Western society. What do you think:

Buddhism and the Blues

Buddhist psychology’s core techniques of meditation and awareness may have much to offer ordinary Westerners.

By Hara Estroff Marano, published on October 01, 2003 – last reviewed on January 03, 2011

To most people Buddhism is an ancient Eastern religion, although a very special one. It has no god, it has no central creed or dogma and its primary goal is the expansion of consciousness, or awareness.

But to the Dalai Lama, it’s a highly refined tradition, perfected over the course of 2,500 years, of analyzing and investigating the inner world of the mind in order to transform mental states and promote happiness. “Whether you are a believer or not in the faith,” the Dalai Lama told a conference of Buddhists and scientists at the Massachusetts Institute of Technology, you can use its time-honored techniques to voluntarily control your emotional state.

Yes, the Dalai Lama is the spiritual leader of over 300 million Buddhists worldwide. Yes, he is the head of the Tibetan government in exile. But in the spirit of Buddhism, the Dalai Lama has an inquiring mind and wishes to expand human knowledge to improve lives. At its core, Buddhism is a system of inquiry into the nature of what is.

He believes that psychology and neuroscience have gone about as far as they can go in understanding the mind and brain by measuring external reality. Now that inner reality—the nature of consciousness—is the pressing subject du jour, the sciences need to borrow from the knowledge base that Buddhism has long cultivated.

A comprehensive science of the mind requires a science of consciousness. Buddhism offers what MIT geneticist Eric Lander, Ph.D., called a “highly refined technology” of introspective practices that provide systematic access to subjective experience. Yet Buddhist psychology offers more than a method of investigation. Its core techniques of meditation and awareness may have much to offer ordinary Westerners, whose material comforts have not wiped out rampant emotional distress.

The Buddhist view of how the mind works is somewhat different from the traditional Western view. Western psychology pretty much holds to the belief that things like attention and emotion are fixed and immutable. Buddhism sees the components of the mind more as skills that can be trained. This view has increasing support from modern neuroscience, which is almost daily providing new evidence of the brain’s capacity for change and growth.

Buddhism uses intelligence to control the emotions. Through meditative practices, awareness can be trained and focused on the contents of the mind to observe ongoing experience. Such techniques are of growing interest to Western psychologists, who increasingly see depression as a disorder of emotional mismanagement. In this view, attention is hijacked by negative events and then sets off a kind of chain reaction of negative feeling, thinking and behavior that has its own rapidity and inevitability.

Techniques of awareness permit the cultivation of self-control. They allow people to break the negative emotional chain reaction and head off the hopelessness and despair it leads to. By focusing attention, it is possible to monitor your environment, recognize a negative stimulus and act on it the instant it registers on awareness. While attention as traditional psychologists know it can be an exhausting mental activity, as Buddhists practice it it actually becomes a relaxing and effortless enterprise.

One way of meditation is to use breathing techniques in which you focus on the breathing and let any negative stimulus just go by—instead of bringing it into your working memory, where you are likely to sit and ruminate about it and thus amplify its negativity. It’s a way of unlearning the self-defeating ways you somehow acquired of responding catastrophically to negative experiences.

Evidence increasingly suggests that meditation techniques are highly effective at helping people recover from a bout of depression and especially useful in preventing recurrences. Medication may be needed during the depths of an acute episode to jump-start brain systems, but at best “antidepressants are a halfway house,” says Alan Wallace, Ph.D., head of the Santa Barbara Institute for the Study of Consciousness. But meditation retrains the mind to allow ongoing control over the content of thoughts and feelings.

Read more...

လစဉ် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ ကျင်းပမည်

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်မည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများကို အောက်ဖော်ပြပါ လရက်များ၏ တနင်္ဂနွေနေ့များတွင် စုပေါင်းကျင်းပမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှမများအား အတူတကွ ကူသိုလ်ယူ ပါဝင်နိုင်ကြစေရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။ လစဉ်လတိုင်း အလှူပွဲကျင်းပမည့် ရက်မတိုင်မီ ကြိုတင်၍ ထပ်မံအသိပေး တင်ပြပါမည်။

ကျင်းပပြုလုပ်မည့် လနှင့် နေ့ရက်များ

  • February = 27 – 2 – 2011 (၁၃၇၂ခုနှစ်၊ တပို့တွဲလဆုတ် ၉ရက်)၊ တနင်္ဂနွေနေ့
  • March = 27 – 3 – 2011 (၁၃၇၂ခုနှစ်၊ တပေါင်းလဆုတ် ၈ရက်)၊ တနင်္ဂနွေနေ့
  • April = 17 – 4 – 2011 (၁၃၇၃ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ရက်)၊ တနင်္ဂနွေနေ့ (သင်္ကြန်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ)
  • May = 29 – 5 – 2011 (၁၃၇၃ခုနှစ်၊ ကဆုန်လဆုတ် ၁၂ရက်)၊ တနင်္ဂနွေနေ့
  • June = 26 – 6 – 2011 (၁၃၇၃ခုနှစ်၊ နယုန်လဆုတ် ၁၀ရက်)၊ တနင်္ဂနွေနေ့
  • July = 17 – 7 – 2011 (၁၃၇၃ခုနှစ်၊ ဝါဆိုလဆုတ် ၂ရက်)၊ တနင်္ဂနွေနေ့ (တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ)
  • August = 28 – 8 – 2011 (၁၃၇၃ခုနှစ်၊ ဝါခေါင်လကွယ်)၊ တနင်္ဂနွေနေ့
  • September = 25 – 9 – 2011 (၁၃၇၃ခုနှစ်၊ တော်သလင်းလဆုတ် ၁၃ရက်)၊ တနင်္ဂနွေနေ့ (၁၁ - ၁၂- ၁၃ ကိုရီးယားနိုင်ငံ၏ ချူဆောက်ပိတ်ရက်များလည်း ရှိသည်)
  • October = 23 – 10 – 2011 (၁၃၇၃ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်)၊ တနင်္ဂနွေနေ့ (စုပေါင်းမဟာဘုံကထိန် အလှူပွဲ)
  • November = 27 – 11 – 2011 (၁၃၇၃ခုနှစ်၊ နတ်တော်လဆန်း ၂ရက်)၊ တနင်္ဂနွေနေ့
  • December = 1 – 1 – 2012 (၁၃၇၃ခုနှစ်၊ ပြာသိုလဆန်း ၈ရက်)၊ တနင်္ဂနွေနေ့ (ခရစ်နှစ်သစ်ကူးနေ့)
တရားနာချိန် = နေ့လယ် ၁နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၃နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။ ။ အခြေအနေအရ ရက်ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ပြောင်းလဲခဲ့ပါက ကြိုတင်အကြောင်းကြားပါမည်။ တရားပွဲနှင့်တွေ့ဆုံပွဲ ကျင်းပမည့် ရက်များတွင် ဆရာတော်ဆွမ်းအလှူနှင့် ပရိတ်သတ်များအတွက် အာဟာရဒါန လှူဒါန်းလိုသူများသည် ကျောင်းအကျိုးဆောင်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး၊ အလှူရှင်မရှိသည့် ရက်များတွင်ကား ကျောင်းအကျိုးဆောင်အဖွဲ့မှ စီစဉ်ဆောင်ရွက် လှူဒါန်းပေးမည် ဖြစ်ပါသည်။ အခြားအခြား ကြားရက်များတွင် မိမိတို့ စိတ်ဆန္ဒအရ သားရေးနားရေး အလှူဒါနပွဲများ ပြုလုပ်လိုပါကလည်း အောက်ဖော်ပြပါ ကျောင်းအကျိုးဆောင်များထံတွင် ဆက်သွယ်စီစဉ် ဆောင်ရွက်နိုင်ကြပါသည်။

ကိုရွှန်းဝင့်နွယ် (010-5132-5299)
ကိုဘုန်းနိုင် (010-7252-1676)
ကိုလင်းထိန်ဝင်း (010-4345-1980)

Read more...

အတွေးအမြင်

ဆရာက ကျောင်းသား နှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အတော် စဉ်းစားယူရတဲ့ သင်္ချာ ဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
“ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်” …. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင် တော့ပါဘူး…
နောက်တစ်ယောက် ကတော့ ဒီလိုမြင်ပါတယ်
“ဆရာ့ မေးခွန်းတွေက အတော် အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစား ဖြေကြည်.ဦးမှပဲ” … သူကတော့ မေးခွန်း အတော် များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်….
ဒီအဖြစ် အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက် တစ်ခုဟာ အစစအရာရာ အဆင်ပြေ ချောမွေ.စေဖို.အတွက် ဘယ်အတိုင်း အတာထိ အရေးပါ အရာရောက်တယ် ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူ တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲ ရှိရှိ၊ ဘာ ရည်ရွယ်ချက်နဲ.ပဲ မေးမေး “ဒုတိယ ကျောင်းသား” လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်…။
(၂)
ဆရာက ကျောင်းသား တစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး “က” တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်…. ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။ ဆရာ့ဘက်က ကြည့်တော့ အဖြေက “ယ” ဖြစ်နေတာကိုး…
နောက်ကျောင်းသား တစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်…ကျောင်းသားက ရေးပြီး” စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်… ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်….
ဒီအဖြစ်ပျက်လေးမှာ “ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ် ဆိုတာပါပဲ”… ကျောင်းသား နှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ… ဒါပေမဲ့ ပထမ ကျောင်းသားဟာ သူ.ဘက် အမြင်အတိုင်း ဆရာ့ကို ပြတာကိုး… ဒီနေရာမှာ သတိထားရမှာက ဒုတိယ ကျောင်းသားဟာ ဆရာ့ဘက်က “က” လို. မြင်ရအောင် သူက “ယ”လို. အမှားကြီးေ ရးလိုက်တာ မဟုတ်ပါဘူး… သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ဖန်တီးလိုက်တာပါ…
အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများ မြင်နိုင်မလည်းလို. စဉ်းစားတွေးခေါ် ချင့်ချိန်ပြီး သူ.ရဲ့ ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို. လိုပါလိမ့်မယ်…. အဲဒါမှလည်း ကိုယ်မှန်တယ် ဆိုတာကို သူနားလည် လက်ခံနိုင် လာမှာပါ… အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ် ဆိုတာကို ကိုယ့်ဘက်က အမြင် တစ်ခုတည်းနဲ. ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ် ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေ တစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး…
(၃)
ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ် ရပ်ခိုင်းထားပြီး အပြစ်ပေး ထားပါတယ်… အချိန် အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို.လက်ယပ် ခေါ်လိုက်တယ်… ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက ရပ်နေတာ ကြာပြီဖြစ်တဲ့ အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို. တွေးနေချိန်ပါ… ကျောင်းသားက လိုရာတွေးပြီး ထိုင်ချလိုက် ပါတယ်… အဲ့မှာတင် ပြဿနာက စတက်ပါတော့တယ်…
ဒါဟာ misunderstanding (နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body Language လို.ခေါ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ် စကားပြော ဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှု လွဲချော်တာတွေ ဖြစ်တတ်ပါတယ်… အဆိုးဝါးဆုံး ကတော့ အထက်က ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့ စိတ်အာရုံ (Emotion)ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့ စကားကို တလွဲ အဓိပ္ပာယ် ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား နားလည် သုံးသပ်မိတာ တွေပါပဲ၊ ဘယ်ဘာသာစကားနဲ.ပဲ ပြောပြော ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လို ရည်ရွယ်ချက်နဲ. ပြောတယ် ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင် ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်…
(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုး တစ်ချောင်း ထောင်ပြီး ဒီလိုပြောပါတယ်…”မင်းတို. အားလုံး လက်ညှိုး ထောင်လိုက်ပါ” ကျောင်းသား အားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ ဆရာ ခိုင်းတဲ့ အတိုင်းလိုက်လုပ် ကြပါတယ်… အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး… “အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ” လို. ထပ်ပြောပါတယ်… ကျောင်းသား အားလုံးဟာ ဆရာ လုပ်တဲ့အတိုင်း နားထင်ကို လိုက်ထောက် ကြပါတယ်…ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက သဘောပေါက် လိုက်ကြပါတယ်… “ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ”
ဒီအဖြစ် အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်း မကျမှုကို တွေ.ရပါလိမ့်မယ်… တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကိုအရင် ရောက်သွားတဲ့ သဘောပါ… အမြင်အာရုံဟာ အလင်းကို အခြေခံပြီးအကြား အာရုံကတော့ အသံမှာ အခြေခံပါတယ်… အလင်းရဲ့ အလျင်ဟာ အသံရဲ့ အလျင်ထက် ပိုမြန်တဲ့ အတွက် ဒီလိုဖြစ်ခြင်း ဖြစ်ပါတယ်…
ဒီသဘော တရားလေးကို ကောင်းစွာ နားလည်မယ် ဆိုရင် ကိုယ်ပြောမယ့် စကားနဲ. သင့်တော်မယ့် လိုက်လျော ညီထွေ ဖြစ်မယ့် ဟန်ပန် အမူအရာ ထားမှသာလျှင် ကိုယ်ပြောမယ့် စကား အရာထင်မှာပါ… သိပ်ဆိုးတဲ့ ကလေး တစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက ပြုံးစိစိ လုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ…
အဲဒီလိုပါပဲ ကိုယ့်လက်အောက် ငယ်သားတွေကို မင်းတို. ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့် မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ် ထုတ်ပစ်မယ် ဆိုတဲ့ ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်…

အရှင်းဆုံး ပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ… လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ် ရှိတာကိုသာ ပြောမယ်ဆိုရင် သူ.ရဲ့ မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်…
(၅)
ဆရာက ကျောင်းသားတွေကို စာရွက် အဖြူရောင် ထောင်ပြပြီး ဒါ ဘာအရောင်လဲလို. မေးပါတယ်… ကျောင်းသား အားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်… “အဖြူရောင်ပါ …”
ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို. မေးပြန်ပါတယ်… မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်… အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး “ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်”… ကျောင်းသား အားလုံး ဖြေရန် စွံ.အ သွားပါတော့တယ်…
ဒီအဖြစ် အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါး ဆန်းပြားမှုကို တွေ.မြင်နိုင်ပါတယ်…. လူတစ်ယောက်က ချမ်းသာမယ်… နောက်တစ်ယောက်က ပိုချမ်းသာမယ်…နောက်တစ်ယောက်ကပိုပြီး ချမ်းသာမယ် စသဖြင့်ပေါ့… သတ်မှတ်ချက် တွေမှာ အဆုံးသတ်မျဉ်း မရှိသလို အစစ်အမှန် ဆိုတာလည်း မရှိနိုင်ပါဘူး… ဒါကြောင့် ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေေ တွကို သေချာမှုမရှိတဲ့ သတ်မှတ်ချက်တွေ လာရောက် လွှမ်းမိုးတာ မခံစေဘဲ တကယ့် အရှိတရား (Being) မှာပဲ စူးစိုက် နှစ်မြှုပ် ထားနိုင်ဖို. လိုပါတယ်….ဒီလိုမှလည်း နည်းလမ်းကျပြီး မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ…
(၆)
ဆရာက မေးပါတယ်… “အဖြူမဟုတ်ရင် ဘာလည်းကွ”…။ အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်…
တစ်ကယ်က “အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ” ကျနော်တို.လည်း လူ.လောကထဲက ပြဿနာရပ် တော်တော် များများမှာ အဲဒီ ကျောင်းသားလေး လိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကို မစဉ်းစားပဲ၊ ဆန်.ကျင်ဘက် အမြင် (Opposite View) တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ် ကြပါတယ်… ဥပမာ ကိုယ်သိထားတဲ့ အမှန်တရား တစ်ခုနဲ. အခြားလူ ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ မှားနေတယ် ဆိုပြီး ရုတ်တရက် ကောက်ချက် ချမိတတ်ပါတယ်… ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတွေ တစ်ခုထက် ပိုပြီး ရှိနိုင်တယ် ဆိုတာ၊ စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking) အပေါ် မူတည်ပြီး အဖြေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်တယ် ဆိုတာတွေကို နားလည် ထားရပါမယ်… “ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး ငါလည်းမှန်တယ်၊ မင်းလည်း မှန်တယ် ဒါပေမယ့် ဘယ်သူ.ရဲ့ လမ်းကြောင်းက ပိုပြီး အားကောင်းတယ် ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ…
ပြဿနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို. သိမိသမျှ၊ ဖတ်မိသမျှ၊ ကျင့်ကြံ အားထုတ်မိသမျှ ပေးဝေ လိုက်ရပါသည်…
မေးလ်မှ ရရှိလာမှုလေးကို ထပ်ဆင့် မျှဝေလိုက်ခြင်းပါ…။

Read more...

တရားမှန်ကန်ကြောင်းကို ဘာနဲ့တိုင်း ပြီး ယုံကြည် လက်ခံ ရမလဲ

ဓမ္မဓရ= တပည့်တော် အနေနှင့်ရှင်းသလောက် ဖြစ်ပါပြီဘုရား။ ဒါပေမယ့် သည် တရားမှန်ကန်ကြောင်းကို ဘာနဲ့တိုင်း ပြီးယုံကြည် လက်ခံရမလဲ ဘုရား။

ဦးဝိဇယ= တပည့်တော် က တရားဟော တာ မဟုတ်ပါဘူးဘုရား။ လောကကြီးရဲ့ သဘာဝ ရှိတဲ့ အတိုင်းကို တပည့်တော် ဥာဏ်မှီ သလောက် ဘဝ အရှိကို ကြည့်ပုံကြည့်နည်း ပြောပြခြင်းသာ ဖြစ်ပါတယ်။အရှင်ဘုရားရဲ့ ခန္ဓာ ကဟောတဲ့တရားကိုဘဲ တပည့်တော် ပြောပြတဲ့ အသိနဲ့ နာယူပါ။ ခန္ဓာ က ဟောတဲ့တရားကို ပဲ တပည့်တော် ပြောတဲ့ အသိနဲ့နာယူပါ။ ခန္ဓာ ကပြောတာနဲ့ မကိုက်ညီ ရင် မယုံပါနဲ့ ဘုရား။

တရားစစ်မစစ် သိချင်ရင်တော့ တရားဂုဏ်တော် ( ၆) ပါးနဲ့ စစ်ရပါတယ်။ တရားဂုဏ်တော်(၆)ပါးနှင့် ကိုက်ညီ လျှင်ဘယ်သူဟောဟော မှန်တာ တွေ ချည်းပါပဲဘုရား။ တရားဂုဏ်တော် (၆) ပါး နှင့်စစ်ပုံကတော့

(၁)သွာက္ခာတော ဘဂဝတာဓမ္မော =မြတ်စွာဘုရားသည် တရားတော် ကို အစ အလယ် အဆုံး၊ ( ၃)ပါး အစုံ၊ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံစွာဟောကြားတော် မူပါပေသည်။ အစ၏ ကောင်းခြင်းမှာ =ကြားနာယုံပင် အပူစင်ခြင်း၊ အလယ်၏ ကောင်းခြင်းမှာ= ကျင့်ကြံလိုက်နာလျှင် ချမ်းသာခြင်း။ အဆုံး၏ ကောင်းခြင်းမှာ = ကျင့်ပြီးလျှင်လည်း လွန်စွာ ငြိမ်းအေးခြင်း။ ဤ (၃)ချက်နှင့် ပြည့်စုံပါတယ်။

ဓမ္မဓရ= အစ၏ ကောင်းခြင်းမှာ အလွန်ပင် ပြည့်စုံပါတယ်ဘုရား။ဤတရားကို ကြားနာရသော အခါ – ဘယ်ဘက်ကိုမှ အစွန်းမထွက်ဘဲ အကောင်းထင်ခြင်း၊ အဆိုးထင်ခြင်းမှ လွတ်ကင်းသောကြောင့် အပူစင်ပါတယ်ဘုရား။ အလယ်၏ ကောင်းခြင်းနှင့်လည်း အလွန်ပင် ပြည့်စုံပါတယ်။ နာတာ တခြား၊ ကျင့်တာ တခြား မဟုတ်ပဲနာရင်းကျင့်၊ကျင့်ရင်းနာရတဲ့ အတွက် ကြောင့်၊ဝိဇ္ဇာ စရဏ (၂)မျိုးပါသွားသောကြောင့် အသိဥာဏ် အဆင့်ဆင့်တက်ခါ ချမ်းသာပါတယ်။

အဆုံး၏ ကောင်းခြင်းနှင့်လည်း သာ၍ ပင်ပြည့်စုံပါတယ်။နာရင်း ၊ ကျင့်ရင်း လုပ်သော အခါ အဟုတ်ထင်ခြင်း ခိုင်းတာတွေကို ပယ် စွန့် နိုင်သောကြောင့် ဘဝရပ်တည်ရာ ရကာ၊ ငြိမ်းချမ်းစွာနေနိုင်ခဲ့ပါတယ်။ ကျင့်လေ ငြိမ်းချမ်းလေလည်း ခံစားရပါတယ်ဘုရား။ဤ ဂုဏ် အတွက် အားလုံး ပြည့်စုံပါတယ်ဘုရား။

ဦးဝိဇယ=(၂) ဓမ္မော တရားတော်မြတ်သည် သန္ဒိဋ္ဌိကော= ကျင့်ဆောင်သူတို့အား၊ ယခု ပစ္စက္ခ ၌ ပင်တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် လည်းပြည့်စုံပါပေ၏။ ကိုယ်တွေ့ဖြစ်ရမယ်။ ဒီလိုလုပ်ရင် ဟိုလိုရမှာတဲ့၊ စသည်ဖြင့် မျှော်လင့်ချက်နှင့် လုပ်ရတာမျိုး မဟုတ်ဘူး ဟု ဆိုလိုပါတယ်။

ဓမ္မဓရ= ဤ ဂုဏ်တော် နဲ့တော့ ပိုပြီး ထိထိ မိမိ ပြည့်စုံပါတယ်။ တပည့်တော် လုပ်ခဲ့ရတဲ့ တရားဟာ -ကိုယ်တွေ့ တရားတွေပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်နဲ့ လုပ်ခဲ့ရတာ မရှိပါဘူး။ လိုချင် ဖြစ်ချင်ရချင်တဲ့မျှော်လင့်ချက်တွေကို ၊ ပယ်နိုင်အောင်၊ခွာနိုင်အောင် ၊ အပြီး အပြတ် စွန့်နိုင်အောင် လုပ်ပြီး ငြိမ်းချမ်းမှု၊ကိုလည်း ကိုယ်တွေ့ ခံစားခဲ့ရပါတယ်။ လက်ရှိဘာကိုပင် သုည မြင်အောင်ကြည့်တဲ့ နည်းများ ဖြစ်သောကြောင့် ဤ ဂုဏ်တော် နဲ့ ထိထိမိမိ ကိုက်ညီနေတာကို တွေ့သိ ခံစားလို့ရပါတယ်။

ဦးဝိဇယ= (၃) ဓမ္မော = တရားတော်မြတ်သည် ၊ အကာလိကော- ကာလမရွေး ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည် ရသော၊ ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါပေ၏။ ဝိပဿနာ တရားမှန်လျှင် အချိန်စောင့်စရာမလိုပါဘူးတဲ့။ အကြွေးမဟုတ်ဘူး၊ ယခု ရှုလျှင် ယခု ငြိမ်းသောတရားမျိုး ဖြစ်ရမယ်။ လက်ငင်း တရားမျိုး ဖြစ်ရမယ်။

ဓမ္မဓရ=ဤ ဂုဏ်တော် နှင့်လည်းညီ ညွတ်ပါတယ်ဘုရား။လိုချင်သောစိတ်ဟာ အကြွေးယူသောစိတ်ဖြစ်ပါတယ်။ဖြစ်ချင်နေတဲ့စိတ်ဟာ ကာလ ကိုစောင့်မျှော် နေတဲ့စိတ် ဖြစ်ပါတယ်။ ရချင် နေတဲ့ စိတ်ဟာ ယခုဖြစ်လျှင် ယခုမငြိမ်းသော စိတ်ဖြစ်ပါတယ်။ ယခု အားထုတ်ရသော တရားမှာ လိုချင်၊ ဖြစ်ချင်ရချင်သောစိတ်ကို အဓိက ငြိမ်းသတ်ရတာ ဖြစ်တဲ့အတွက် အခုရှုလို့ အခုငြိမ်းရင် အခုကောင်းကျိုးရပါတယ်။ ရှုတိုင်း ရှု တိုင်း ဘဝရဲ့ ဘာမှ မဟုတ်ကြောင်း ကိုနား လည်သဘောပေါက်တဲ့အတွက် ( ဘဝ ရဲ့ အဓိပ္ပါယ် ကို သိပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝ ဖြစ်လာပါတယ်)။ ထို့ကြောင့်ကာလ စောင့်စရာ မလိုခြင်း အကာလိက ဂုဏ်တော် နှင့်လည်း ပြည့်စုံညီညွတ်ပါတယ်ဘုရား။

ဦးဝိဇယ= ( ၄) ဘဂဝတော = မြတ်စွာ ဘုရား၏ ၊ ဓမ္မော -တရားတော်မြတ်သည်။ ဧဟိပဿိကော= လာပါ၊ ရှုပါ၊ကျင့်ကြံပါ၊ – ဟု မပါပါအောင် ခေါ် ဆောင် သွတ်သွင်းတိုက်တွန်းခြင်းငှာ၊ ထိုက်တန်သောဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံပါပေ၏။ မြတ်စွာ ဘုရား၏ တရားတော်ဟာ ( နည်းနည်း ကျင့်လျှင် နည်းနည်း ချမ်းသာတယ်။ များများကျင့်လျှင် များများချမ်းသာတယ်) ကျင့်မိဘို့ပဲလိုတယ်။

လုပ်သလောက်ရနိုင်တယ်။ ဤ အကြောင်းများကြောင့် တရားအရသာကို ခံစားနိုင်ကြကုန်သော သူတော်ကောင်းတွေဟာ ( တရားကျင့်ကြပါ) လို့ တိုက်တွန်းကြတယ်။ချမ်းသာမှာ သေချာပေါက်ဖြစ်သောကြောင့် တိုက်တွန်းခြင်းငှာ လည်း ထိုက်တန်ပါပေတယ်။

ဓမ္မဓရ= တရားအရသာကို တပည့်တော် သိသလောက်ကိုပဲ ဤ ဂုဏ်တော် နဲ့ အလွန်ကိုက်ညီပါတယ်။ ဘာမှ မဟုတ်တာကို အဟုတ်ထင်ပြီး ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း ရောက်နေကြကုန်သော သတ္တဝါတွေ၊ လူတွေကို တွေ့ရတဲ့အခါအလွန်သနားမိပါတယ်။( ဘာမှ မဟုတ်ဘူး) ဆိုတာ ကို သူတို့သိစေချင်တယ်။ သိစေချင်တာကြောင့်ပြောပြတယ်။ ပြောပြသော်လည်း င့ါ အဖွဲ့သား ။ ဖြစ်စေချင်လို့ အုပ်စု ဖွဲ့ လိုသောစိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။အနှောင်အဖွဲ့ မရှိဘဲ ချမ်းသာနေတာကို မြင်ချင်လို့ ပြောပြပါတယ်။ ကိုယ်ပြောတဲ့ အတိုင်းမလုပ်လျှင်လည်း စိတ်မဆိုးပါဘူး။ ပြောတဲ့ အတိုင်းမလုပ်မှ ချမ်းသာနေရင်လည်း ဝမ်းမြောက်တာပါဘဲ။ ဘာမှ အခက် အခဲမရှိပါဘူး။ မေတ္တာ အစစ် ၊ ကရုဏာ အစစ်၊ မုဒိတာ အစစ်၊ ဥပေက္ခာ အစစ် ထားနိုင်ပါတယ်။ဘယ်သူ့ကိုမှ ကိုယ့်ကြောင့်စိတ်ဆင်းရဲသွားတာမျိုး၊ မဖြစ်စေလိုပါဘူး။ ငါဆိုတာ မရှိဘူး – အမှန် အတိုင်းသိထားမှတော့ ငါ့အဖွဲ့ ၊ ငါ့ပရိသတ်၊ သူ့အဖွဲ့၊သူ့ ပရိသတ်၊ ငါ့ဘာသာ၊ သူ့ဘာသာ၊ ) စသော အနှောင်အဖွဲ့ မရှိ တော့ လွတ်ငြိမ်းချမ်းသာ ကို မိမိ ခံစားရသလို ပုဂိုလ် သတ္တဝါ မရွေး ခံစားစေချင် လို့ (လာပါ- ရှုပါ ၊ ကျင့်ပါ ) လို့ ခေါ်ဆောင်ခြင်း ဖြစ်ပါတယ်။ တရားမသိခင်ကတော့ ကိုယ့် အထင်ကို အကောင်းထားပြီး ပြောရ ရေးရတာဆိုတော့ အုပ်စု ဖွဲ့ သလိုတော့ဖြစ်နေပါတယ်။ အထင်ချင်းတူရင် ငါ့ဘက်သားလို့ သတ်မှတ်ပြီး စွဲကြတာဟာ သတ္တဝါ တွေရဲ့ သဘာဝ ပါဘဲ ဘုရား။

ဥိးဝိဇယ= ( ၅) ဘဂဝ တော= မြတ်စွာ ဘုရား၏ ဓမ္မော- တရားတော် မြတ်သည် ၊ သြပါနေယျိကော- မိမိ ကာယ အဇ္ဈတ္တ ရရှိပေါက်ရောက် ကိုယ်တွေ့ မြောက်အောင် ကပ်၍ ဆောင်ထိုက်သော ဂုဏ် အထူးနှင့်လည်း ပြည့်စုံပါပေ၏ တဲ့။

ဓမ္မဓရ=ဤ ဂုဏ်တော် နဲ့လည်း တပည့်တော် ခံစားရတာ နဲ့တော့ တစ်ထပ်တည်း တစ်သားတည်း ကျပါတယ်ဘုရား။ တရားကို သေသေချာချာ ရှုတတ်လိုက်တာဟာ ( လိုတရ – ဣ စ္ဆာ သယ ရွှေအိုး) ကိုရလိုက်သလိုပါ ဘဲ။ ဘာကြောင့်လည်းဆိုတော့ – - ဣ စ္ဆာ သယရွှေအိုးရထားတဲ့ သူတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး အတွက်၊ ထိုရွှေ အိုးထဲက နေ နှိုက်လိုက်ရင်၊ ကိုယ်လိုချင်တဲ့၊ စား စရာ ဝတ်စရာ၊နေစရာ ဆေးပစ္စည်း အစရှိတာ တွေ အားလုံးရကြပါတယ်။ ထိုရွှေအိုးကြောင့် အားလုံး ရရှိလာ သော အရာဝတ္ထု များကို ကိုယ်သွားရာ သယ်ဆောင်မသွားဘဲ၊ ရွှေအိုးကိုသာ သယ်ဆောင်သွားပါတယ်။ ရွှေအိုးကိုတော့မိမိ အသက်နဲ့ ထပ်တူထားပြီး စောင့်ရှောက်ထိန်းသိမ်းကြပါတယ်။ ထို့ အတူ ယခု ရှု ပွားခဲ့ရသောတရားသည် စိတ်ချမ်းသာမှုကို အပြည့် အဝပေးနိုင်ပါတယ်။ သတ္တဝါတွေ အားလုံး လှုပ်ရှားနေကြတာ ချမ်းသာဘို့သာ ဖြစ်ပါတယ်။ အလိုပြည့်ဘို့သာ ဖြစ်ပါတယ်။လိုနေသရွေ့ အလိုကလည်း ဘယ်တော့မှ ပြည့်ကြမှာ မဟုတ်ပါဘူး။

အလို မပြည့် သမျှလည်း ချမ်းသာကြမှ မဟုတ်ပါဘူး။ တရားက အလို ပြည့်အောင် လုပ်ပေးနိုင်ပါတယ်။ အလို မရှိအောင်၊ လုပ်ရတော့ အလိုနည်းလေ၊အလိုပြည့်လာလေ၊ အလို မရှိတော့တဲ့ အခါ မှာ ၊ အားလုံးပြည့်စုံတဲ့ အရသာကို ခံစားကြရပါတယ်။ တရားအရသာ ဟာ အကောင်အထည်ပြောပြဘို့တော့ခက်ပါတယ်။

စားဝတ်နေရေး၊ကျန်းမာရေး ပြည့်စုံသည် ဖြစ်စေ၊ မပြည့်စုံသည် ဖြစ်စေ ၊ အလိုအာသာကို မလာအောင် အားထုတ်ထားတော့ အလိုပြည့်စုံတဲ့အရသာကို ခံစား နေရပါတယ်။ တောင့်တခြင်း ၊ ကြောင့်ကြခြင်း ကင်းပြီး ငြိမ်းချမ်းတည်ကြည် တဲ့ အရသာကို အားထုတ် တိုင်းရနိုင်တော့ ဆောင်ထားခြင်းငှာ အလွန် ထိုက်တန်တဲ့တရားဖြစ်နေပါတယ် ဘုရား။

ဦးဝိဇယ= (၆) ဝိညူဟိ= တရားသိသူ ရှင်လူ အပေါင်း၊ သူတော်ကောင်းတို့သည်။ ပစ္စတ္တံ = အသီးသီးသော မိမိတို့ သန္တာန်မှာ ဝေဒိတဗ္ဗော-ချမ်းသာလေစွ၊ကောင်းလေစွ ဟု၊ကာယစိတ္တ၊ သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ၊ ဂုဏ်ထူးဝိသေ သနှင့်လည်းပြည့်စုံတော် မူ ပါပေ၏ တဲ့ ဘုရား။

ဓမ္မဓရ= ဤ ဂုဏ်တော် နှင့်လည်းကိုက်ညီ ပါတယ်ဘုရား။ တပည့်တော် တို့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြတယ် ဆိုတာ ၊ ကိုယ့် ဘဝ ရဲ့ အဓိပ္ပါယ်ကို မသိသောကြောင့် အဟုတ်ထင်ခြင်း၊ လိုချင်ခြင်း များ၏ လွှမ်းမိုးနှိပ်စက်မှုကို ခံနေကြရပါတယ်။

ဘဝကို အဟုတ်ထင်ပြီး အဓိပ္ပါယ်ရှိချင်လေ၊ ဆူပူမှုများက နှိပ်စက်လေ၊ ဘဝက အဓိပ္ပါယ် မရှိလေ ဖြစ်နေကြပါတယ်

ပညတ်နယ် (၂)မျိုးကလည်း တကယ်မရှိသောကြောင့် ဘာ မှ မဟုတ်ခြင်း၊ သဘောနယ် နှင့် သုည နယ်ကအမှန်ရှိသော်လည်း သဘောမျှရှိ၍ ဘာမှ မဟုတ်ခြင်း၊ဟူသော ဘာမှ မဟုတ်သော ဘဝ အဓိပ္ပါယ်ကို ( ဘာမှမဟုတ်ဘူး ) ဟုသိမြင်ခြင်းသည် အေးဆေး တည် ငြိမ်စွာ နေနိုင်ပါတယ်။

အဓိပ္ပါယ်ရှိသော ဘဝကို ရရှိထားသောကြောင့် စိတ်ရော ကိုယ်ပါ ချမ်းသာမှုရနေပါတယ်။ ဘဝရဲ့ အဓိပ္ပါယ်ကို မသိသောကြောင့် ဆင်းရဲခဲ့တာတွေကို တွေးမိသည် ဖြစ်စေ။

သူတပါးကို တွေ့ရသည် ဖြစ်စေ၊ကိုယ့်ကိုကို ကံကောင်းတယ်လို့ ခံစားနားလည်နေပါတယ်။ ဤ ဂုဏ်တော်နှင့်ကိုက်ညီကြောင်း တပည့်တော် ကိုယ်တွေ့ ခံစားချက် ဖြင့် လျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား။

တပည့်တော် ကျင့်တဲ့ တရားဟာ တရား ဂုဏ်တော် ( ၆ )ပါးနှင့်ကိုက်ညီနေပါတယ်။

Tags:

Read more...

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၁၃)၊ Buddhist Doctrine of the Pali Nikayas: ဘာသာရပ်အကြောင်း

စာရှုသူမိတ်ဆွေများကို ကေလနိယတက္ကသိုလ်၌ နောက်ထပ်လေ့လာခဲ့ရသော စိတ်ဝင်စားဖွယ်ရာ ဘာသာရပ်တစ်ခုနှင့် ဆက်လက် မိတ်ဆက်ပေးလိုပါသည်။ သည် Buddhist Doctrine of the Pali Nikayas: Analysis and Interpretation ဘာသာရပ်သည် မယူမနေရ (compulsory)ဘာသာရပ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဤဘာသာရပ်ဆိုင်ရာ Topics ဧရိယာမှာ ကြီးမား ကျယ်ပြန့်လှပါသည်။ နားလည်အောင်ပြောရပါလျှင် ဤဘာသာရပ်ကိုလေ့လာကြရရာ၌ ခေါင်းစီးတစ်ခုအတွက် နိကာယ်ငါးရပ်လာ တရားတော်များထဲမှ လိုက်လျောညီထွေဖြစ်မည့် ဟောကြားတော်မူချက်များကို သိမ်းဆည်းစုဆောင်း၍ ဘယ်နိကာယ် ဘယ်သုတ္တန်က ဘယ်သို့ဆိုသည်၊ ဘယ်နိကာယ် ဘယ်သုတ္တန်ကမူ ဘယ်သို့ပြောသည်၊ ဤနေရာတွင် ဘယ်သုတ္တန်နှင့်အညီ ဘယ်သို့ဖြစ်သင့်သည်၊ ဘယ်သို့ယူရမည် စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဘုရားဟောတော်မူလိုရင်း အဓိပ္ပါယ်များကို ထိထိမိမိကောက်ယူနိုင်အောင် လေ့လာကြရပါသည်။

မှန်ပါသည်။ ဘုရားဟောဒေသနာတော်များကို လေ့လာလိုက်စားကြသူချင်းပင် တူသော်လည်း သုတ္တန်တစ်ခုနှင့်တစ်ခု ချိန်ညှိမယူနိုင်ပဲ တစ်ခုတည်းကိုသာ ကိုင်စွဲထားကြသူများနှင့် တစ်ခုနှင့်တစ်ခု ချိန်ညှိယူနိုင်သူတို့ ရရှိအပ်သော အသိအမြင်တို့မှာ လွန်စွာပင် ကွာခြားသွားနိုင်ကြလေသည်။ ဘုရားဟောတော်မူသော ဒေသနာတော်အားလုံးသည် ဓမ္မဓိဋ္ဌာန်သဘောကိုဆောင်သည် မှန်သော်လည်း အခြေအနေ အချိန်အခါ နေရာဒေသ တရားနာပုဂ္ဂိုလ်တို့၏ စရိုက်သဘာဝကိုလိုက်၍ ထိုက်သင့်သလို ဟောတော်မူခဲ့သည်မျိုးလည်း ရှိသေးကြောင်းကို သတိပြုကြရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရှေးဆရာတော်ကြီးများက "ကျမ်းသိမခက် ကျမ်းညှိခက်၏"ဟု မိန့်တော်မူခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဤဘာသာရပ်သည် နိကာယ်ငါးရပ်ဆင်းသက်လာပုံမှစ၍ ကျမ်းညှိပုံ, အဓိပ္ပါယ် ကောက်ယူပုံတို့ကိုအထိ လေ့လာသင်ကြားကြရသည့် ဘာသာရပ် တစ်ခုလည်းဖြစ်သည်ဟုဆိုက မှားအံ့မထင်ပါ။

ဤဘာသာရပ်နှင့်ပတ်သက်၍ စာရေးသူတို့လေ့လာဆွေးနွေးခဲ့ရသော ခေါင်းစီးအချို့ကို တွဲစပ်လေ့လာခဲ့ရသော သုတ္တန်အချို့နှင့်ယှဉ်တွဲ၍ မေးခွန်းသဖွယ် ဖော်ပြလိုပါသည်။

၁) မဟာသတိပဋ္ဌာနသုတ္တန်၊ သဗ္ဗာသဝသုတ္တန်၊ ဒွေဓာဝိတက္ကသုတ္တန်၊ ဝိတက္ကသဏ္ဍာနသုတ္တန် စသည်တို့ကိုကိုးကား၍ Buddhist Meditation (ဗုဒ္ဓဝါဒအရ တရားအားထုတ်ရှုမှတ်ပုံ)အကြောင်းကို ဆွေးနွေးဖော်ပြရန်

၂) သိင်္ဂါလောဝါဒသုတ္တန်၊ မင်္ဂလသုတ္တန် စသည်တို့ကိုကိုးကား၍ Buddhist Ethic for Lay People (ဗုဒ္ဓဘာသာဝင်တို့၏ ကိုယ်ကျင့်တရား) အကြောင်းကို ဆွေးနွေးပြရန်၊

၃) ဗြဟ္မဇာလသုတ္တန်၊ သာမညဖလသုတ္တန်၊ အမ္ဗတ္ထသုတ္တန်၊ ပေါဋ္ဌပါဒသုတ္တန် စသည်တို့ကို ကိုးကား၍ Contemporary Religious and Philosophical Traditions in India (အိန္ဒိယနိုင်ငံရှိ (ဗုဒ္ဓဝါဒနှင့်)ခေတ်ပြိုင် ဘာသာရေး, အတွေးအခေါ်အယူဝါဒဆိုင်ရာ ဓလေ့ထုံးတမ်းများ) အကြောင်းကို သုံးသပ်ဆွေးနွေးပြရန်၊

၎) စက္ကဝတ္တိသုတ္တန်၊ ကူဋဒန္တသုတ္တန် ၊ ရာဇောဝါဒသုတ္တန် စသည်တို့ကို ကိုးကား၍ Buddhist attitude to Politics (ဗုဒ္ဓဘာသာတို့၏ နိုင်ငံရေးသဘောထား) အကြောင်း သုံးသပ်ဆွေးနွေးရန်၊

၅)သက္ကပဉှသုတ္တန်၊ မဟာသမယသုတ္တန်၊ အာဋာနာဋိယသုတ္တန်၊ ဓမ္မပဒဂါထာ၊ ထေရ-ထေရီဂါထာ စသည်များတို့ကို ကိုးကား၍ Buddhist Attitude to Aesthetic (ဗုဒ္ဓဘာသာတို့၏ ကဗျာ, ဂီတစသော အနုပညာအပေါ်သဘောထား) အကြောင်းကို သုံးသပ်ဆွေးနွေးရန်...။

၁) နံပါတ်ဖြစ်သော Buddhist Meditation အကြောင်းကိုလေ့ ပြညွှန်းထားသောသုတ္တန်တို့နှင့် တွဲစပ်၍ လေ့လာကြည့်ကြပါမည်။ မဟာသတိပဋ္ဌာနသုတ္တန်သည် ဒီဃနိကာယ်, မဟာဝဂ္ဂပါဠိတော်၌လည်းကောင်း၊ မဇ္ဈိမနိကာယ်, မူလပဏ္ဏာသပါဠိတော်၌ လည်းကောင်း လာရှိသောသုတ္တန်ဖြစ်ပြီး အရှုခံတရားတို့ကို ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ ဟူ၍ လေးစုလေးပုံပိုင်းခြားကာ ရှုမှတ်ဆင်ခြင်ပုံအသီးသီးကို အသေးစိတ်ပြညွှန်ရာ သုတ္တန်တစ်ခု ဖြစ်ပေသည်။

ထိုသုတ္တန်တွင်...

ဘုရားသခင်သည် မဟာသတိပဋ္ဌာနသုတ္တန်တစ်ခုလုံး၏ လိုရင်းအကျဉ်းချုပ်ကို ဦးစွာဟောကြားတော်မူ၍ ထိုလိုရင်းအကျဉ်းချုပ်ဖြင့် စိတ်စင်ကြယ်လိုသူ၊ စိုးရိမ်ပူပန်ရခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်လိုသူ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းစေလိုသူ၊ အရိယမဂ်ကိုရလိုသူ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူတို့အတွက် ဤသတိပဋ္ဌာန်လေးပါး လမ်းကြောင်းမှတစ်ပါး တစ်ခြားမရှိကြောင်း ဦးစွာသိရှိစေတော်မူလေသည်။

ထို့နောင်မှ ထိုသတိပဋ္ဌာန်တရားကိုအားထုတ်မည့် သူတို့သည်....

(က) ပြင်းစွာအားထုတ်သော လုံ့လ ရှိကြရမည်ကိုလည်းကောင်း

(ခ) ဆင်ခြင်ရှုမှတ်မှု သမ္မဇဉ်ဉာဏ်နှင့် ပြည့်စုံကြရမည်ကိုလည်းကောင်း

(ဂ) သတိမပြတ်ရှိရမည်ကိုလည်းကောင်း

(ဃ) အရှုခံတရားတို့အပေါ်၌တပ်မက်ခြင်း(အဘိဇ္ဖျာ)၊ အရှုခံတရားတို့အပေါ်၌စိတ်ပျက်ခြင်း(ဒေါမနဿ)တို့ကို ပယ်ဖျောက်၍ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့၌ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို အကြိမ်ကြိမ် ရှုမှတ်လျှက်နေရမည့် အဖြစ်ကိုလည်းကောင်း သိစေတော်မူလေသည်။

ထို့နောင်မှ.....

ကာယာနုပဿနာကိုဆင်ခြင်ရာအပိုင်း၌ ထွက်သက်လေ ဝင်သက်လေကို မည်သို့မည်ပုံ ရှုမှတ်ဆင်ခြင်ရမည်မှ စ၍ သူသေကောင်ကိုးမျိုးကို ဆင်ခြင်ပုံအထိ အပိုင်းကဏ္ဍ ခြောက်မျိုးပိုင်းခြားကာ အသေးစိတ် ညွှန်ပြထားသည်။

ဝေဒနာနုပဿနာကိုဆင်ခြင်ရာ၌ သုခ၊ ဒုက္ခ၊ အဒုက္ခမသုခ ဝေဒနာတို့ကို မည်သို့မည်ပုံ ရှုဆင်ခြင်ရမည်ကို နည်းကိုးပါးဖြင့် ညွှန်ပြထားသည်။

စိတ္တာနုပဿနာကိုဆင်ခြင်ရာ၌ ရာဂနှင့်တကွဖြစ်သောစိတ်၊ ရာဂကင်းသောစိတ် စသည့်စိတ်တို့ကို မည်သို့မည်ပုံ ရှုမှတ်ဆင်ခြင်ရမည်ကို နည်းတစ်ဆယ့်ခြောက်ပါးဖြင့် ညွှန်ပြထားသည်။

ဓမ္မာနုပဿနာကိုဆင်ခြင်ရှုမှတ်ရာ၌ နီဝရဏတရား(၅)ပါး၊ ခန္ဓာ(၅)ပါး၊ အာယတန(၁၂)ပါး၊ ဗောဇ္ဈင်(၇)ပါး၊ သစ္စာ(၄)ပါး ဟူ၍ အပိုင်းငါးပိုင်းခွဲခြားပြီးလျှင် ၎င်းတို့အသီးသီးကို မည်သို့မည်ပုံ ရှုမှတ်ဆင်ခြင်ရမည်ကို အသေးစိတ် ညွှန်ပြထားပါသည်။

ဤနေရာ၌ ဤမဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်သည် တရားအားထုတ်ရှုမှတ်ဆင်ခြင်မှု သက်သက်ကိုသာ ပြညွှန်တော်မူသည့် သုတ္တန် သက်သက်သာဖြစ်သည်ကို သတိပြုကြရမည်ဖြစ်ပါသည်။ တရားအားထုတ်ကြသူတို့သည်လည်း လူသားများဖြစ်သည့် အားလျော်စွာ ပတ်ဝန်းကျင်နှင့်ကင်းကွာ၍ မဖြစ်နိုင်စကောင်း၊ အရညဝါသီ တောမှီရဟန်းပင် ဖြစ်စေကာမူ စားဝတ်နေရေး ရှိကြသေးသည့်အလျောက် အပိုအလုပ်များကို လျှော့ချကြရုံမှတပါး ဗာဟီရကိစ္စအကုန်လုံးကို ဖြတ်တောက်၍ မရနိုင်စကောင်းပါပေ။

ထိုသို့ ပတ်ဝန်းကျင်နှင့်မကင်းကွာနိုင်သည့်အလျှောက် ပတ်ဝန်းကျင်နှင့် အပြန်အလှန် ဆက်ဆံကြရသောအခါမျိုး၌ မဟာသတိဋ္ဌာနသုတ္တန်၌ ဟောတော်မူထားသည့်အားလျော်စွာ "သွားတယ် သွားတယ်၊ ရပ်တယ် ရပ်တယ်၊ မြင်တယ် မြင်တယ်၊ ကြားတယ် ကြားတယ်" စသဖြင့် ရှုမှတ်နေ၍ မဖြစ်နိုင်တော့ပေ။ အပြန်အလှန် ပြောကြရခြင်း၊ မပြောဆိုပဲရှောင်လွဲကြရခြင်း စသည်တို့ကို ထိုက်သင့်သလို ပြုလုပ်ကြရမည်သာ ဖြစ်ပေသည်။ ထိုသို့ထိုက်သင့်သလိုဆောင်ရွက်ကြရရာ၌ အာသဝတရားတို့ကြောင့် မူးယစ်မေ့လျော့ခြင်း မရှိကြရစေရန် သဗ္ဗာသဝသုတ္တန်ဒေသနာတော်၌ နည်းပေးညွှန်ပြထားသည့်အတိုင်း လေ့လာကျင့်သုံးသင့်ကြလေသည်။

သဗ္ဗာသဝသုတ္တန်ဒေသနာတော်သည် မဇ္ဈိမနိကာယ်၊ မူလပရိယာယဝဂ်၌လာရှိ၏။ ထိုသုတ္တန်ကို ဘုရားရှင်ကိုယ်တော်တိုင်က သဗ္ဗာသဝသံဝရ(အာသဝအားလုံးကို ပိတ်ပင်ကြောင်း) ဒေသနာတော်ဟူ၍ ချီးမွှမ်းတော်မူထား၏။ ထိုသုတ္တန်၌ "ရဟန်းတို့၊ ငါသည် သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူ၏၊ မသိသူမမြင်သူတို့အား အာသဝတို့၏ကုန်ခြင်းကို ဟောတော်မမူ။ ရဟန်းတို့ အဘယ်ကို သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူသနည်းဟူမူ- သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းကို လည်းကောင်း၊ မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းကိုလည်းကောင်း သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူ၏" ဟု တရားနာပုဂ္ဂိုလ်တို့ဘက်မှ သင့်သောအကြောင်း အားဖြင့် နှလုံးသွင်းခြင်း မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းကို ခွဲခြားသိမြင်သူ ဖြစ်စေရန် အရေးကြီးကြောင်း ဦးစွာဟောကြားတော်မူသည်။

ထိုသို့နှလုံးသွင်းကွာခြင်းခြင်း၏ အကျိုးရလာဒ်ကွာဟပုံကိုလည်း....

"ရဟန်းတို့၊ မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အာသဝတို့သည်လည်း တိုးပွါးကုန်၏၊ ရဟန်းတို့ သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အာသဝတို့သည်လည်း ပပျောက်ကုန်၏။" ဟု ခွဲခြားညွှန်ပြတော်မူလေသည်။ ထို့ကြောင့် ဗုဒ္ဓ၏တရားအားထုတ်နည်းကို လေ့လာကျင့်သုံးကြမည့်သူတို့သည် အရာရာတွင် ယောနိသောမနသိကာရ (သင့်သောအကြောင်းအားဖြင့်) နှလုံးသွင်းတတ်ရန် လွန်စွာအရေးကြီးလှကြောင်း ဦးစွာ သတိပြုကြရမည်ဖြစ်ပေသည်။

ဤနေရာ၌ သဗ္ဗာသဝသုတ္တန်၏ အဓိကပစ်မှတ်မှာ အာသဝေါကုန်ခန်းရေးပင်ဖြစ်ရကား အာသဝဟူသည် အဘယ်ကိုခေါ်သည် အဘယ်သို့သဘောသတ္တိရှိသည်ကို ဖော်ပြရပါလိမ့်ဦးမည်။ အာသဝဟူသည် ကြာမြင့်စွာ စိမ်ထား ထုံးထားအပ်သည့် (မုဒရက်သီးရည် စသော) အရာဝတ္ထု၊ အရက်၊ သေရည်၊ စိမ်ရည်။ ကိုခေါ်ကြောင်း အဘိဓာန်တို့က ဖွင့်ဆို၏။ "အာသဝါဝိယာတိ အာသဝါ"ဟူသော ဝိဂြိုဟ်အရ ထိုစိမ်ရည်အရက်နှင့် အလားသဏ္ဍာန်တူသော သတ္တဝါတို့၏ခန္ဓာအစဉ်၌ ကြာမြင့်စွာ ထုံထားစိမ်ထားအပ်သော တဏှာ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ တည်းဟူသောတရားသုံးပါးကို မူးယစ်စေတတ်သောသတ္တိချင်း တူသောကြောင့် "အာသဝတရား"ဟု ခေါ်ဆိုရလေသည်။

မှန်၏။ အလွန်ကြာမြင့်စွာ စိမ်ထားထုံထားအပ်သော စိမ်ရည် အရက်တို့သည် သောက်သုံးသူကို မူးယစ်စေတတ်သကဲ့သို့....

၁) ကာမဂုဏ်တို့၌တပ်မက်မူးယစ်စေတတ်သော တဏှာ (ကာမတဏှာ= ကာမာသဝ/ ကာမ+ အာသဝ)၊

၂) လူ့ဘုံ,နတ်ဘုံစသည့် ဘုံဘဝကြီးငယ်တို့၌ တပ်မက်မူးယစ်စေတတ်သော တဏှာ (ဘဝတဏှာ= ဘဝါသဝ/ ဘဝ+အာသဝ)

၃) အယူဝါဒမှားယွင်းမှုတို့၌ တပ်မက်မူးယစ်စေတတ်သော ဒိဋ္ဌိ ( မိစ္ဆာဒိဋ္ဌိ= ဒိဋ္ဌာသဝ/ ဒိဋ္ဌိ+အာသဝ)

၎) ဒုက္ခသစ္စာစသည်တို့ကို အမှန်အတိုင်း မသိမြင်မှု၌ တပ်မက်မူးယစ်စေတတ်သောအဝိဇ္ဇာ (အဝိဇ္ဇာ= အဝိဇ္ဇာသဝ/ အဝိဇ္ဇာ+အာသဝ) တို့ကို (မူးယစ်စေတတ်သော သတ္တိချင်းတူသောကြောင့်) ရူပကအလင်္ကာ နည်းအားဖြင့် ထပ်တူပြု၍ အာသဝတရားတို့ဟူ၍ ဘုရားသခင် ဟောကြားတော်မူလေသည်။

အာသဝမည်သော စိမ်ရည်အရက်နှင့် အာသဝအမည်ရသော တဏှာ, ဒိဋ္ဌိ, အဝိဇ္ဇာတို့ သဘောချင်းတူမျှပုံကို အနည်းငယ်ဆက်၍ စဉ်းစားကြပါဦးအံ့။ ဆေးပညာအလိုအရ လူသားတို့၏သွားလာလှုပ်ရှား ပြောကြားသမျှကို မမှားမယွင်းရလေအောင် အာရုံကြောများမှ တစ်ဆင့် ဦးနှောက်က ပဲ့ထိန်းပေးနေ၏။ စိမ်ရည် အရက်၌ပါရှိသော (Alcohol) ဓာတ်သည် သွေးကြောမှတစ်ဆင့် ဦးနှောက်သို့ရောက်ရှိပြီး ဦးနှောက်၏ ပဲ့ထိန်းစနစ်ကို ကချွတ်ကချော်ဖြစ်စေ၏။ ထိုအခါ ဦးနှောက်၏အစီအစဉ်များပျက်စီးပြီး သည်နေရာ၌ခြေထောက်ချမည်ဆိုလျှင် ထိုနေရာသို့ချမိခြင်း၊ သည်စကားကိုပြောမည်ဆိုလျှင် ဟိုစကားကိုပြောမိခြင်း စသည့် မူမှန်အတိုင်းမဟုတ်တော့သော လုပ်ဆောင်ပြောဆိုချက်များကို ပြုလုပ်ပြောဆိုမိတတ်လေသည်။

အကျိုးရှိမည် မရှိမည်၊ လမ်းစဉ်ဟုတ်သည် မဟုတ်သည်ကိုလည်း ဝေဖန်စဉ်းစားနိုင်စွမ်းကင်းမဲ့သွားပြီး ထင်မိထင်ရာ ကြံစည်မိတတ်လေသည်။ ထိုသို့ထင်မိထင်ရာ ကြံစည်ယူဆမိသမျှကိုလည်း အမှန်ဟုပင် ယူဆတတ်လေသည်။ ၎င်းကိုပင် မူးယစ်သည်ဟု ခေါ်ဆိုရလေသည်။ စင်စစ်တွင် စိမ်ရည်အရက်၌ပါရှိသော (Alcohol)ဓာတ်ကြောင့် ဦးနှောက်၏ပုံမှန် ဆောင်ရွက်နေကြ အစီအစဉ် (Program) များကို ပျက်စီးသွားသည်ကိုပင် မူးယစ်သည်ဟုခေါ်ဆိုကြခြင်းဖြစ်လေသည်။ (ထို့ကြောင့်ပင် မူးဖန်များ၊ ဦးနှောက်အစီအစဉ်များကို ဖျက်ဆီးခံရဖန်များလာသူတို့သည် ရူးကြောင်မူးကြောင် ဖြစ်သထက်ဖြစ်လာ ကြခြင်းဖြစ်ပေသည်။ တစ်ခုသတိပြုသင့်သည်မှာ စိမ်ရည်အရက်ဟူသည် သောက်သုံးသူတို့၏ ဦးနှောက်ကိုသာ ဖျက်ဆီးနိုင်ပြီး မသောက်သုံးပဲ ရှောင်လွှဲသူတို့အား ဖျက်ဆီးခြင်းမပြုနိုင် ဟူသောအချက်ပင် ဖြစ်လေသည်။)

ထိုနည်းတူစွာပင် ကာမဂုဏ်, ဘုံဘဝ တို့၌တပ်မက်ယစ်မူးစေတတ်သော တဏှာ (ကာမာသဝ, ဘဝါသဝ)၊ အယူဝါဒမှားတစ်ခုခု၌ တပ်မက်ယစ်မူးစေတတ်သော ဒိဋ္ဌိ (ဒိဋ္ဌာသဝ)၊ ဒုက္ခသစ္စာစသည်ကိုအမှန်အတိုင်းမသိမြင်မှု၌ တပ်မက်ယစ်မူးစေတတ်သော အဝိဇ္ဇာ (အဝိဇ္ဇာသဝ) တို့သည် ပင်ကိုအားဖြင့်ကြည်လင်တောက်ပနေသော စိတ်ကို ညစ်ညူးထုံမှိုင်း မူးယစ်သွားစေတတ်လေသည်။ ထိုအာသဝတရားတို့ ပူးဝင်နှိပ်စက်ခံရသူတို့သည် ပဉ္စာနန္တရိယကံကိုပင် ကျူးလွန်မိတတ်သည်အထိ မူးယစ်ထုံထိုင်းသွားတတ်ကြရကား သာမန်ကျူးလွန်နေကျဖြစ်သည့် (ပဉ္စာနန္တရိယကံမှတစ်ပါးသော) အကုသိုလ်ကံတရားများကို ကျူးလွန်ရာ၌မူ လက်တွန့်ခြင်း ရွံ့ကြောက်ခြင်းမရှိ ကျူးလွန်မိမြဲဓမ္မတာ ဆိုသလို ထပ်ခါထပ်ခါ ကျူးလွန်မိတတ်ကြရှာလေသည်။ (အရက်ကြောင့် အရှက်အကြောက်ကင်းမဲ့သွားကြရပုံ, ချောက်ကမ္ဘားစသည်၌ အလဲလဲအပြိုပြို ဖြစ်ကြရပုံနှင့် အာသဝတရားများကြောင့် အကုသိုလ်အမှု ကျူးလွန်ရန် အရှက်အကြောက် (ဟီရိ, သြတပ္ပတရား) ကင်းမဲ့သွားကြရပုံ, အပါယ်ငရဲစသောချောက်ကမ္ဘားစသည်၌ အလဲလဲအပြိုပြို ကျရောက်ကြရပုံတို့ကို မြင်သာအောင်ပုံဖော်ကြည့်ပြီးလျှင် အာသဝတရားတို့၏သတ္တိ၊ အာသဝတရားတို့၏ ဆိုးဝါးမှုတို့ကို မြင်သာအောင် ကြည့်ရှုသုံးသပ်တော်မူကြရာပါ၏)

အရှင်ဝိသာရဒ (ရမ္မာဝတီ)

အပိုင်း (၁၄)၌ Buddhist Doctrine of the Pali Nikayas: Analysis and Interpretation ဘာသာရပ်အကြောင်း ဆက်ရေးပါမည်။

Read more...

ရွှေတိဂုံစေတီတော်မှာကျင်းပတဲ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဓာတ်ပုံများ 2.17.2011

Thursday, 17 February 2011 04:57 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2010-08-01-23-12-57/746--2172011.pdf]PDF [/LINK] | [LINK=/2010-08-01-23-12-57/746--2172011.html?tmpl=component&print=1&layout=default&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAxMC0wOC0wMS0yMy0xMi01Ny83NDYtLTIxNzIwMTEuaHRtbA%3D%3D] အီးမေးလ်[/LINK]
2011-ခု၊ဖေဖော်ဝါရီလ ၁၇-ရက်၊ကြာပသတေးနေ့ညနေပိုင်းက ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းဘေးမှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ဘုရားသွားရင်း ကြုံလို့ မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများပါ။ ဓာတ်ပုံဝါသနာရှင်များကြည့်ရှုခံစားစေချင်သလို မြန်မာပြည်ကို လွမ်းတတ် သတိရတတ်သူများအတွက် အလွမ်းပြေ သတိရစေဘို့ ရည်ရွယ်ပါတယ်။


[*][LINK=http://www.addtoany.com/share_save#url=http%3A%2F%2Fashinsirinda.com%2F2010-08-01-23-12-57%2F746--2172011.html&title=%E1%80%B1%E1%80%9B%E1%82%8A%E1%80%90%E1%80%AD%E1%80%82%E1%80%AF%E1%80%B6%E1%80%B1%E1%80%85%E1%80%90%E1%80%AE%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BD%E1%80%AC%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%90%E1%80%B2%E1%80%B7%20%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%94%E1%80%9B%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%AC%E1%80%91%E1%80%99%E1%80%94%E1%80%B2%E1%80%91%E1%80%AF%E1%80%AD%E1%80%B8%E1%80%BB%E1%80%95%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%20%E1%80%93%E1%80%AC%E1%80%90%E1%80%B9%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%202.17.2011&description=Ashinsirinda][IMG]http://static.addtoany.com/buttons/share_save_171_16.png[/IMG][/LINK][/*]

Read more...

CDMA 800 ငါးသိန်းဖုန်းများ၏ ရှေ့ကုတ်နံပါတ်အား (၀၁ မှ ၀၉)သို့ ပြောင်းလဲ

CDMA 800 ငါးသိန်းဖုန်းများ၏ ရှေ့ကုတ်နံပါတ်အား ၀၁ မှ ၀၉ သို့ ပြောင်းလဲမှု ဖေဖော်ဝါရီလ ၂၀ ရက်သို့ ရွှေ့ဆိုင်း


CDMA 800 ငါးသိန်းဖုန်းများ၏ ရှေ့ကုတ်နံပါတ်အား ယခုလ ၁၅ ရက်နေ့တွင် ၀၁ မှ ၀၉ သို့ ပြောင်းလဲမည်ဟု သတ်မှတ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ငါးသိန်းဖုန်းများတွင် ရှေ့ကုတ်ဂဏန်း ၀၁ မှ ၀၉ သို့ ပြောင်းလဲခြင်းကို မူလက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြောင်းလဲရန် သတင်း ထုတ်ပြန်ခဲ့သော်လည်း အဆိုပါနေ့တွင် ပြောင်းလဲမည် မဟုတ်တော့ဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။

''၀၁ ကနေ ၀၉ ကို ချိန်းတဲ့ အချိန်မှာ ဖုန်းခေါ်ဆိုရ ခက်တာတွေ ဖြစ်နိုင်ပါတယ်။ အရင်ကပြောင်းဖို့ သတ်မှတ်ခဲ့တဲ့နေ့က ဖုန်းဆက်သွယ်မှုများနိုင်တဲ့ ရုံးဖွင့်ရက် ဖြစ်နေတော့ ရုံးပိတ်ရက်ဖြစ်တဲ့ ၂၀ ရက်နေ့မှာ ၀၉ ကုတ်နံပါတ်ကို ပြောင်းလဲဖို့ လုပ် သွားပါမယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။

ငါးသိန်းဖုန်းများ၏ ကုတ်နံပါတ်အား ၀၁မှ ၀၉သို့ ပြောင်းလဲလိုက်ပါက ယခင်က သတ်မှတ် နယ်မြေထက် ကျော်လွန်ကိုင်ဆောင်လျှင် ၀န်ဆောင်ခအနေဖြင့် ပေးဆောင်ရသည့် ငွေကျပ် ၁၀ အား ထည့်သွင်းပေးဆောင်ရမည် မဟုတ်ကြောင်းနှင့် ငါးသိန်းဖုန်းများကို မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသုံးပြုခွင့်ပေးရန် စီစဉ်လျက် ရှိကြောင်းလည်း ထပ်မံ သိရှိရပါသည်။

Read more...

ဆန်းကြယ်အံ့ဖွယ် ခရမ်းချဉ်

မိုက်တ်သည် အင်္ဂလိပ်လက်ဝှေ့ အားကစားသမားဖြစ်သည်။ လက်ဝှေ့ထိုးခြင်းမှ အနားယူလိုက်သောအခါ ၀လာသည်။ ၂၀၀၃-ခုနှစ် သြဂုတ်လတွင် အသက် ၂၉-နှစ်ရှိ မိုက်တ်သည် သူ့မိခင်၏ ဇာတိဖြစ်သော စပိန်နိုင်ငံ ပုနီသြလ်မြို့ငယ်လေးသို့ အပန်းဖြေခရီး ထွက်ခဲ့သည်။ တနှစ်တခါ ကျင်းပမြဲဖြစ်သော ခရမ်းချဉ်သီးပွဲတော်နေ့နှင့် ကြုံဆုံတိုက်ဆိုင်သည်။ တိုးဝှေ့လူအုပ်ထဲမှမိန်းမချောလင်ဒါနှင့် မြင်လျှင်မြင်ချင်း ချစ်ခင်စွဲမက်ကြပြီး ၄-လအကြာ၌ အိမ်ထောင်ပြုကြလေသည်။

မိုက်တ်သည် ဤမြို့လေးကို နှစ်သက်သည်။ ယောက္ခမကလည်း မိုက်တ်ကို ဤမြို့တွင်ပင်နေစေလိုသည် ဖြစ်၍ ခရမ်းချဉ်သီး အရောင်းအ၀ယ်လုပ်ငန်းကို တည်ထောင်ပေးသည်။ လင်ဒါတို့ တမိသားစုလုံး ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်ကြသည်။ ခရမ်းချဉ်သီး ငန်းအသည်းကြော်ချက်၊ ခရမ်းချဉ်သီးပြောင်းဖူး ဟင်းရည်ပျစ်၊ ခရမ်းချဉ်သီးတို့ဟူးကြော်ချက် စသည့် အနံ့အရသာကောင်း၍ အဆင်းပါလှသော ဟင်းမျိုးစုံချက်စားလေ့ရှိသည်။ သို့သော် မိုက်တ်ကတော့ အကျင့်အရ ခရမ်းချဉ်သီးကို အသီးတမျိုးကဲ့သို့ အစိမ်းစားရသည်ကို ပိုနှစ်ခြိုက်သည်။

တနှစ်ကျော်သွားပြီးသော တနေ့တွင် ယခင်လက်ဝှေ့အသင်း ဆရာဝန်၏ တယ်လီဖုန်းရသည်။ သူနှင့်တချိန်တည်း လက်ဝှေ့ထိုးခြင်းမှ အနားယူသွားသူတယောက်သည် အ၀လွန်၍ နှလုံးသွေးကြောရောဂါ ရုတ်တရက်ဖြစ်ပွား ဆုံးပါးသွားသည့်အတွက် သူ့ကို ဆေးစစ်ဆေးရန် အထူးတလည်မှာကြားလေသည်။

အ၀လျှော့ရန်မရှိသော မိုက်တ်သည် ဆေးစ်သောအခါ နှလုံးသွေးကြော မူမမှန်ခြင်းနှင့် သုက်ရည်ဂလင်း (Prostate Gland) ရောင်ရမ်းခြင်းတို့ကို တွေ့ရှိရသည်။ လွန်ခဲ့သော ၆-လခန့်ကပင် သူမကြာခဏ ရင်ဝတွင် တစ်ဆို့တို့ ဖြစ်တတ်သည်ကို၎င်း။ တခါတရံ ခေါင်းမူးအားယုတ်သည်ကို၎င်း၊ တခါတရံ ဆီးသွားရ ခက်သည်ကို၎င်း၊ ယခုမှ သတိထားမိလေသည်။ မိမိကိုယ်ကို အသက်ငယ်သည်၊ အားကစားအခံရှိသည် ဆိုပြီး လျစ်လျူရှုထားခဲ့သည်။ ယခုမူ ဆေးရုံမှ စားဆေးတပုံကြီး ယူဆောင်လာသည့်အပြင် အားကစားလေ့ကျင့်သော စက်ကိရိယာများလည်း ၀ယ်ယူလေ့ကျင့်ရတော့သည်။

ကိုယ်အလေးချိန် လျော့သွားသော်လည်း ရောဂါအခြေအနေသည် ကောင်းမလာပါ။ သူစိတ်ပူလာသည်။ လက်ဝှေ့အသင်း ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းတိုင်ပင်သည်။ ဆရာဝန်ကလည်း လက်ဝှေ့အသင်း၏ အကြံပေးဆရာဝန်ကြီးဖြစ်သူ အော့စ်ဖို့ဆေးတက္ကသိုလ် ပါရဂူ ရှိခက်စ်ထံ တင်ပြလိုက်သည်။

ပါရဂူက ရှင်းပြသည်မှာ နှလုံးသွေးကြောရောဂါနှင့် သုက်ရည်ဂလင်းရောင် ရောဂါတို့သည်
(၁) ကိုယ်တွင်း အဆီဓာတ်များခြင်း။
(၂) နှလုံးဝန်ပိခြင်း။
(၃) သွေးလှည့်ပတ်မှုနှေးခြင်း။
(၄) သွေးကြောယိုယွင်းခြင်းတို့နှင့် သက်ဆိုင်သည်။

အချို့သူသည် သွေးကြောအတွင်း၌ လွတ်လပ်ရယ်ဒီကယ် (အောက်ဆီဂျင်နှင့် ပေါင်းစပ်ပြီးသော အဆီတမျိုး ပိုများနေ၍ သွေးကြောကို မာကျောစေနိုင်သည့်အတွက် သွေးလည်ပတ်မှု မချောမွေ့တော့ဘဲ နှလုံးသွေးကြောရောဂါ ဖြစ်စေတတ်သည်။

လွတ်လပ်ရယ်ဒီကယ်သည် ဦးနှောက်သို့ သွားသောသွေးကြောတွင် ပိတ်ဆို့နေလျှင် အသက်သေစေနိုင်သော လေဖြတ်ခြင်းဖြစ်နိုင်သည်။ မျိုးပွားအင်္ဂါသို့ ဆက်သွယ်သော သွေကြောကို ပိတ်ဆို့ခဲ့လျှင် သုက်ရည်ဂလင်း ရောင်ရမ်းသောရောဂါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် မိုက်တ်၏ ရောဂါများ ပျောက်ကင်းစေရန် ကိုယ်အလေးချိန်လျှော့ချရုံနှင့် မရဘဲ သွေးကြောများ သွေးလည်ပတ်မှု ချောမွေ့မှ ဖြစ်ပါမည်။

ပါရဂူ၏ အကြံပြုချက်ဖြင့် မိုက်တ်သည် အင်တီအောက်ဆီဒင့် ဆေးများ စသောက်သည်။ သို့သော် ဤဆေးများ၏ဘေးထွက်ဆိုးကျိုးသည် ပြင်းထန်သည်။ မိုက်တ် ဒုက္ခရောက်သည်ကို လင်ဒါမကြည့်ရက်၍ သူ့ဖခင်ကဲ့သို့ ချက်ပြီး ခရမ်းချဉ်သီးစားရန် တိုက်တွန်းလေသည်။ သို့နှင့် မိုက်တ်သည် ဆေးရပ်ထားပြီး ခရမ်းချဉ်သီးချက်များကို များများစားလေသည်။

၆-လခန့်ကြာသောအခါ မိုက်တ်ကိုယ်တိုင် သွေးကြောသွေးလည်ပတ်မှု ချောမွေ့လာပြီဟု ခံစားရလေသည်။ ဆေးစစ်ကြည့်သောအခါ သွေးအတွင်းရှိ လွတ်လပ်ရယ်ဒီကယ်များ လျော့နည်းသွားပြီး နှစ်လရှည်ကြာစွာ ဒုက္ခပေးသော သုက်ရည်ဂလင်း ရောင်ရမ်းနာပါ သက်သာလာပြီ။
ပါရဂူသည် ဤအကြောင်းကို အလွန်စိတ်ဝင်စားပြီး အော့စ်ဖို့ ဆေးတက္ကသိုလ်မှ သုတေသနအဖွဲ့ တဖွဲ့ကို ဦးဆောင်ခေါ်ယူကာ ပုနိသြလ်မြို့ကလေးသို့ လာရောက်လေ့လာလေသည်။ မြို့သူများ၏ အသားရေသည် အဖြူရောင်ထဲ အနီရောင်သန်းနေသည်။ မြို့သားလူအိုများပင် ကျန်းမာသန်စွမ်းသည် မြို့ကလေး ပတ်ဝန်းကျင်တွင် ခရမ်းချဉ်သီး စိုက်ပျိုးကြသည်။ ခရမ်းချဉ်ဆော့စ်နှင့် အခြားခရမ်းချဉ်သီး အချောကိုင်စက်ရုံများ ထူထောင်ထားကြသည်။ ခရမ်းချဉ်သီးသည် ဤမြို့ငယ်၏ စီးပွားရေးပင်ရင်း ဖြစ်ရုံသာမက မိသားစုတိုင်း၏ ထမင်းစားဝိုင်းတွင်လည်း အဓိကအစားအစာ ဖြစ်သည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်စီဓာတ် ပါဝင်၍ ဓာတ်မပျက်စီးရန် အစိမ်းစားသင့်သည်ဟု သိပ္ပံပညာရှင်များ တိုက်တွန်းခဲ့သည်မှာ ရှေးပဝေသဏီက ကိစ္စဖြစ်သည်။ ယခု ခရမ်းချဉ်သီးအကျက်တွင် မည်သို့သော လျှို့ဝှက်ချက် ရှိလေမည်နည်း။

ခရမ်းချဉ်သီးကို ၈၈.C ထိ အပူပေးပြီး သုံးအုပ်စု ခွဲလိုက်သည်။ က-အုပ်စုကို ၂-မိနစ်၊ ခ-အုပ်စုကို ၁၅-မိနစ်၊ ဂ-အုပ်စုကို မိနစ် ၃၀-ကြာအောင် ချက်ပြီး အစိမ်းနှင့် နှိုင်းယှဉ်ကြည့်သည်။ အပူပေးချိန် ကြာလေ ဗီတာမင်စီဓာတ် နည်းလေဖြစ်သည်။ သို့သော် အခြားဓာတ်တမျိုးသည် အပူပေးချိန်ကြာလေ များလာလေဖြစ်သည်။ ဤဓာတ်မှာ ခရမ်းချဉ်နီဓာတ် ဖြစ်သည်။

လွတ်လပ်ရယ်ဒီကယ်များစွာ သွင်းထားသော စမ်းသပ်သွေးရည်ထဲသို့ ခရမ်းချဉ်နီဓာတ် ထိုးသွင်းစမ်းသပ် ကြည့်ရှုသည်။ ခရမ်းချဉ်နီဓာတ်မှ ရှင်းလင်းနိုင်သော လွတ်လပ်ရယ်ဒီကယ် အရေအတွက်သည် ဗီတာမင် အီး၏ အဆ-၁၀၀ ဖြစ်ပြီး ဗီတာမင် စီ၏ အဆ-၁၀၀၀ ဖြစ်သည်ကိုလည်း နှိုင်းယှဉ်တွေ့ရှိသည်။

ဤအားကောင်းသော သဘာဝ အင်တီအောက်ဆီဒင့်ကို နိုင်ငံပေါင်းစုံမှ အသည်းအသန်ရှာဖွေနေကြ သည်မှာ အချိန်အတော်အတန် ကြာပြီ။ အကြောင်းမှာ လူတို့သည် အသက်ရှင်ရန် နေ့တိုင်း အောက်ဆီဂျင်ကို ရှူးသွင်းရသည်။ အောက်ဆီဂျင်သည် လူကို အသက်ရှင်ရပ်တည်စေနိုင်သည့် တချိန်တည်းတွင် လူကို အန္တရာယ်ပြုသော လွတ်လပ်ရယ်ဒီကယ်များကိုလည်း ဖြစ်ပေါ်စေသည်။ လွတ်လပ်ရယ်ဒီကယ်ဖြစ်ပေါ်မှု လွန်ကဲလျှင် လူကို ပို၍ လျင်မြန်စွာ အိုမင်းစေပြီး ကျန်းမာရေးကို ထိခိုက်လာသည်။

ခရမ်းချဉ်နီဓာတ်သည် သုက်ရည်ဂလင်းကို မည်သို့ အကျိုးသက်ရောက်သည်ကို လေ့လာရန် ခရမ်းချဉ်သီးအနီဓာတ်ကို သုက်ရည်ဂလင်းသို့ တိုက်ရိုက်ထိုးသွင်းပေးပြီး စောင့်ကြည့်သည့်အခါ သုက်ရည်ဂလင်းနှင့် ကျောက်ကပ်အထက်ဂလင်းတို့တွင် ယင်းဓာတ်များ စုနေပြီး ဂလင်းအရည် ထုတ်လွှတ်မှုကို တိုးပွားစေသည်။ ဤအရည်သည် သုက်ရည်တွင် အဓိကဖွဲ့စည်းပါဝင်သော အရည်ပင်ဖြစ်သည်။

တဖန် အမျိုးသမီးများကို သုတေသနပြုသောအခါ ခရမ်းချဉ်နီဓာတ်သည် မ,ဟော်မုန်းကို သိသာစွာ ထုတ်လွှတ်စေနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် ယောက်ျားများကို ယောက်ျားပီသစေပြီး မိန်းမများကို လှပစေသော ခရမ်းချဉ်သီးကို ချစ်မေတ္တာသီး-ဟု အာနိသင်သိသူများက တင်စားခေါ်ဝေါ်ကြသည်။

၁၉၉၇-ခုနှစ် သြဂုတ်လ ၂၂-ရက်နေ့တွင် ရှိခက်စ် ပါရဂူသည် မိမိ၏ သုတေသန တွေ့ရှိချက်များကို ကမ္ဘာသို့ ကြေညာလိုက်သည်။ အလေးထားစားသုံးသူများလာသည်။ အချို့က အကျိုးမထူးဟု ဆိုကြသည်။ ပါရဂူသည် ဆက်လက်စမ်းသပ်လေ့လာသည့်အခါ အချို့သူများသည် ခရမ်းချဉ်းနီဓာတ်၏ တုံ့ပြန်မှုမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် လူတို့၏ ခရမ်းချဉ်နီဓာတ်ကို လက်ခံတုံ့ပြန်နိုင်စွမ်းသည် တယောက်နှင့်တယောက် မတူညီဟု ကောက်ချက်ချသည်။

ကံအားလျော်စွာ မိုက်တ်သည် ခရမ်းချဉ်နီဓာတ်ကို လွန်စွာလက်ခံတုံ့ပြန်လွယ်သောသူတယောက် ဖြစ်နေ၍သာ ရောဂါပျောက်ကင်းသွားခြင်းဖြစ်သည်။ ၂၀၀၈-ခုနှစ် ဖေဖော်ဝါရီလမှစ၍ ခရမ်းချဉ်သီးမှ ခရမ်းချဉ်နီဓာတ်ကို စီးပွားဖြစ် အမြောက်အမြား ထုတ်ယူရန် ကြိုးစားသည်။ တနှစ်ကျော် ကြာပြီး နောက်မှ အော့စ်ဖို့ဆေးတက္ကသိုလ် လက်အောက်ရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီစက်ရုံမှ နှလုံးသွေးကြောနှင့် သုက်ရည်ဂလင်းအတွက် အာဟာရဖြည့်စွက်အားဆေး-ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ နှလုံးရောဂါရှင် ၁၅၀-ကို ၈-ပတ်ကြာ တိုက်ကျွေးစမ်းသပ်သည်။ ဘေးထွက်ဆိုးကျိုး လုံးဝမခံစားရဘဲ ကိုလက်စ်ထရော လုံးဝသုညဖြစ်သွားသည်ကို တွေ့ရသည်။

အမေရိကန် Time မဂ္ဂဇင်းမှ ခရမ်းချဉ်သီးကို ၂၁-ရာစု၏ ကျန်းမာရေးထိပ်ခေါင် အသီးဘုရင်ဟု တင်ပေးလိုက်သည်။ မဂ္ဂဇင်းမှ ဖော်ပြသော အကြောင်းရင်းမှာ-
(၁) ခရမ်းချဉ်နီဓာတ်သည် မော်တော်ကား အိတ်ဇောမှ ထုတ်လွှတ်သော ညစ်ညမ်းဓာတ်ငွေ့နှင့်
ဆေးလိပ်သောက်သူ၏ ကင်ဆာဖြစ်စေနိုင်သော အခိုးငွေ့မှ ကာကွယ်ပေးနိုင်သည်။
(၂) ခရမ်းချဉ်နီဓာတ်တွင် ပါဝင်သော သဘာဝ အင်တီအောက်ဆီဒင့်သည် ကင်ဆာဖြစ်စေနိုင်သော
လွတ်လပ်ရယ်ဒီကယ်ကို ထိန်းချုပ်နိုင်သည်။
(၃) ခရမ်းချဉ်သီးတွင် ပါဝင်သော Glutathion (Tathio) ဓာတ်သည် အဆိပ်အတောက်ပြယ်စေနိုင်ကာ
ဆဲလ်များ အိုမင်းခြင်းကို နောက်ကျစေနိုင်ပြီး ကင်ဆာဖြစ်ပေါ်မှုကို လျော့နည်းစေနိုင်သည်။
ထို့ကြောင့် သုက်ရည်ဂလင်းရောဂါရှိသူ၊ ၀ဖိုင့်သူများ သွေးတွင် ကိုလက်စ်ထရောဓာတ် မြင့်သူများနှင့် အသားအရေ စိုပြည်လှပလိုသူများသည် ခရမ်းချဉ်သီးဟင်း ချက်စားသော အလေ့အထ မွေးယူလျှင် အကျိုးများစွာ ဖြစ်ထွန်းမည်မှာ မလွဲပေ။
( တရုတ်ဘာသာ Zhiyin 2009-သြဂုတ်လထုတ် မဂ္ဂဇင်းမှ ကောက်နုတ်ဘာသာပြန်ပါသည်)

ပါမောက္ခ ဒေါ်ခင်ဖြူ
(မြတ်မင်္ဂလာ ၂၀၁၀-ဇူလိုင်လ)

Read more...

(၂၁၂၁) ပုံပြင်


စာဖတ်သူတွေ အပျင်းပြေအောင် ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးမိတယ်။ ပုံပြင်ကို ဘယ်လို ခေါင်းစဉ်တပ်ရမယ်မှန်း မသိတာနဲ့ “ပုံပြင်”လို့ပဲ နာမည်ပေးလိုက်တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက မြန်မာဆိုတဲ့နိုင်ငံတစ်ခု ရှိခဲ့ဖူးသတဲ့။ မြန်မာတွေဟာ အတော်ဆင်းရဲကြသတဲ့။ ဆင်းရဲတော့ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားတို့၊ စင်္ကာပူတို့ … စတဲ့နိုင်ငံတွေမှာ ဆင်းဆင်းရဲရဲနဲ့ အလုပ်သွားလုပ်ရှာကြရတာပေါ့ကွယ်။ သူတို့တွေဟာ ကံကောင်းတာနဲ့ ကံဆိုးတာ နှစ်မျိုး ရှိသတဲ့။ ကံကောင်းတာက သူတို့ ဆင်းဆင်းရဲရဲ နိုင်ငံခြားမှာ လုပ်ကိုင်နေရပေမယ့် ကျန်ခဲ့တဲ့ မြန်မာကလူတွေက နိုင်ငံခြားထွက် အလုပ်လုပ်သူဆိုပြီး အထင်ကြီးကြတာပါပဲတဲ့။ ကံဆိုးတာကတော့ နိုင်ငံခြားဆိုတာ တစ်သက်လုံးနေလို့ မရဆိုတော့ ပြန်လာတဲ့အခါ ဘာမှ မလုပ်တတ်မကိုင်တတ်ဖြစ်ကုန်ကြတာပဲပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ ကိုယ့်နေရပ်မှာ အဆင်မပြေတော့ ပြေတဲ့အရပ်ကို လာပြီး အလုပ်တွေ လုပ်နေခဲ့ကြရတယ်။

အဲ့ဒီလို အဆင်မပြေကြတဲ့အထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း လုပ်ကြတယ်တဲ့။ အဲဒီခေတ်က နာမည်အကြီးဆုံးကတော့ ဒမိဠ ဆိုတဲ့ ဘုန်းကြီး ဖြစ်ပါတယ်တဲ့။ သူက စာကလည်း တတ်တယ်။ အပြောကလည်း ကောင်းတယ်။ မဟုတ်တာ၊ မမှန်တာ အကုန်ပြောတတ်တော့ မြန်မာနိုင်ငံမှာ ကြည်ညိုသူ အတော်ပေါသတဲ့။ သူက နိုင်ငံခြားကို လာ၊ လူပေါင်းဆံ့တဲ့သူတွေကို လိုက်ရှာ။ အဲဒီလိုလူတွေကို လိုက်ပေါင်း။ တရားပွဲတွေ ကျင်းပ။ မြန်မာလူမျိုးဆိုတာ အဲ့ဒီအခါက ဗုဒ္ဓဘာသာကို အသည်းစွဲ ကြည်ညိုထောက်ပံ့ကြတယ်တဲ့။ အဲဒီလိုဆိုတော့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါအားကောင်းမှုကို အသုံးချတာပေါ့ကွယ်။ ဒမိဠကို အားကျပြီး စားပေါက်စားလမ်း ထွင်တဲ့ဘုန်းကြီးတွေလည်း ပေါလာတာပေါ့ကွယ်။ ဒါကလည်း ဒို့ဘာသာ လွှမ်းမိုးဖို့ အခွင့်ကောင်းပေါ့ကွယ်။

အဲဒီခေတ်က ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာတွေဟာ အလုပ်တွေ အပျက်ခံ၊ ကျောင်းတွေ အပျက်ခံပြီး တရားတွေနာ၊ အလှူတွေလုပ်…စတာတွေနဲ့ အချိန်ကုန်ကြတယ်တဲ့။ စီးပွားရေးသမားကလည်း စီးပွားရေးတွေအပျက်ခံပြီး တရားတွေ နာ၊ တရားတွေ ထိုင်၊ ကျောင်းသားကလည်း ကျောင်းစာမကျက်၊ တရားတွေ ကျက်၊ တရားတွေ နာ။ ဘုန်းကြီး ဝေယျာဝစ္စတွေနဲ့ အချိန်ကုန်။ သူတို့ ဂေါတမဘုရားက လောကီလောကုတ်မျှအောင် အားထုတ်ကြိုးစားဖို့ ဟောထားပေမယ့် ဘုန်းကြီးတွေရဲ့ မြှောက်လုံးပင့်လုံးတွေနဲ့ မြန်မာတွေကလည်း အမြှောက်ကြိုက်၊ အကြွားသန်လူမျိုးဆိုတော့ လူတွေဟာ လောကီကို စိတ်မ၀င်စားဘဲ လောကုတ်ကိုပဲ စိတ်ဝင်စားလာတော့တာပေါ့ကွယ်။

အဲဒီခေတ်အခါက သနားစရာကောင်းတဲ့ မြန်မာတွေဟာ (တစ်နိုင်ငံလုံး အတိုင်းအတာနဲ့) စုတ်ပြတ်သတ်ပြီး စားဝတ်နေရေးက အဆင်မပြေ၊ စာလည်း ကောင်းကောင်းမသင်ရ၊ လူ့အဆင့်အတန်းလည်း မမီ၊ ပိုက်ဆံကလည်း မွဲ၊ အခြေခံရုပ်ဝတ္ထုလေးတောင် မပြည့်စုံတဲ့ မြန်မာတွေဟာ စိတ်ဓာတ်တွေကလည်း ဘယ်မှာ လူဝင်ဆန့်တော့မလဲ။ ဒါပေမယ့် သူတို့ဟာ ဒီအခြေအနေဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်လို့ သနားစဖွယ် ပြောနေခဲ့ကြသတဲ့ကွယ်။

ဒီတော့ မွဲနေတဲ့ မြန်မာတွေဟာ မွဲပြီးရင်း မွဲကြတယ်တဲ့။ မွဲတော့ ပညာသင်ခွင့်တွေ ဆုံးရှုံး၊ ပညာမတတ်တော့ စိတ်ဓာတ်တွေက အောက်တန်းကျ၊ စိတ်ဓာတ်တွေ အောက်တန်းကျတော့ မွဲ၊ …… ဒီလိုနဲ့ပဲ သံသရာ လည်လာလိုက်တာ။ နောက်ဆုံး ဗုဒ္ဓဘာသာလည်း မြန်မာနိုင်ငံက ကွယ်ပျောက်ခဲ့ရသတဲ့။ မြန်မာနိုင်ငံဆိုတာ အာဖဂန်တို့၊ ပါကစ္စတန်တို့၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့လို ဗုဒ္ဓဘာသာ အကြီးအကျယ် ထွန်းကားခဲ့ဖူးတာပေါ့။

“အမှန်တရားဆိုတာ ကြာကြာ ဖုံးကွယ်ထားလို့ မရ”ဆိုတဲ့ စကားလိုပေါ့၊ ဒို့ရဲ့ မြင့်မြတ်မှန်ကန်တဲ့ ဘုရားသခင်ရဲ့ တရားတော်တွေဟာ အခု ဗုဒ္ဓဘာသာအမှောင်ကို ထွင်းဖောက်ပြီး အလင်းရောင်အောက်မှာ ထွန်းတောက်ခဲ့ရတာပေါ့ကွယ်။ ဒို့ဘုရားသခင့်သာသနာ မြန်မာမှာ လွှမ်းအောင် ဘိုးဘွားတွေ ဘယ်လောက်အားထုတ်ခဲ့ရမလဲဆိုတာ အခု တွေ့နေရတဲ့ ရွှေတိဂုံပြတိုက်ကို ကြည့်ရင် သိမှာပေါ့။ အဲဒီခေတ်က ဗုဒ္ဓဘာသာတွေဟာ အဲဒီရွှေတိဂုံပြတိုက်ကြီးကို နေ့စဉ်လာပြီး ဦးတိုက်ကြသတဲ့။ သမိုင်းအချက်အလက်တွေအရ ဗုဒ္ဓဘာသာ အတော်ထွန်းကားခဲ့တယ်လို့ သိရတယ်။ အခု ရွှေတိဂုံရှေးဟောင်းပြတိုက်ကြီးဟာ အဲဒီခေတ်အခါက ဗုဒ္ဓ္ဓဘာသာကိုးကွယ်သူတွေနဲ့ နေ့စဉ်စည်ကားခဲ့တယ်တဲ့။

အာဖဂန်မှာ၊ ပါကစ္စတန်မှာ ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့သလိုမျိုး အခုတော့ မြန်မာမှာလည်း ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့ဘူးပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်လေး ပေါ်ပေါက်တဲ့ ခေတ်ကာလကို သမိုင်းပညာရှင်တွေက ခရစ်နှစ် ၂၁၂၁-ခုနှစ်လို့ မှတ်တမ်းပြုထားပါတယ်။ သမိုင်းဆိုတာ တစ်ယောက်အမြင် တစ်ယောက်မတူတော့ ဒီပုံပြင်လေးကို ၂၁၂၁ လူသားတွေထဲမှာ သဘောမကျသူတွေလည်း ရှိကောင်းရှိပါမယ်။ အမှန်ပြောတာ မကြိုက်တဲ့ လူမျိုးထဲမှာ မြန်မာက ထိပ်ဆုံးမှာ ပါသတဲ့ကွယ်ဆိုတဲ့ စကားလေး ပုံပြောသူက ထည့်မသွားခဲ့ဘူး။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP