* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, February 17, 2011

ဗုဒ္ဓနှင့် ၀ဇ္ဇီစစ်ပွဲ


ပါဠိစာပေမှာ ဘ၀အတွက် တိုးတက်လိုသူများအတွက် တိုးတက်ကြောင်းကျင့်စဉ်များ၊ မတိုးတက်လို သူများအတွက် ပျက်စီးကြောင်းကျင့်စဉ်များ၊ ဘ၀ကြင်ဖော် ရှာဖွေလိုသူများအတွက် ချစ်သူရည်းစား စကားပြောနည်းများ၊ အိမ်ထောင်တစ်ခုကို တည်ဆောက်နည်းများ၊ အဖွဲ့အစည်းကြီးများကို
ဖွဲ့စည်းတည်ထောင်နည်းများ၊ စီမံခန့်ခွဲ၊ကိုင်တွယ်နည်းများကို လေ့လာရရှိနိုင်သည်၊၊

စာရေး၊ စာဖတ်ဝါသနာပါသူများအတွက် စာရေးနည်း၊ စာဖတ်နည်းများ၊ စစ်ဝါသနာပါသူများအတွက် စစ်တိုက်နည်းများ၊ ဘ၀နှင့်သံသရာကို ငြီးငွေ့သူများအတွက် သံသရာမှလွတ်ရာလွတ်ကြောင်း နည်းလမ်းများ အပြင်၊ တိုင်းပြည်အုပ်ချုပ်ပုံ နည်းလမ်းများ၊ တိုင်းပြည်တစ်ခု၏ တိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်း
ကျင့်စဉ်များကို လက်တွေ့ကျကျ လေ့လာသိမြင်နိုင်သည်၊၊

ပါဠိစာပေတွင် ဖော်ပြထားသော Theory and method များကို အသေးစိတ်လေ့လာ၊ သုတေသနပြုပြီး ကျင့်သုံးလိုက်နာမည်ဆိုလျင် အလိုရှိရာပန်းတိုင်များသို့ ရောက်ရှိ၊ ရရှိမှာဖြစ်သည်၊၊ “အလင်း စက်”စာဖတ်သူ များသို့ “တိုးတက်ကြောင်း”ဟု အမည်ပေးထားသည့် “အပရိဟာနိယဓမ္မ”ကို အရှင် တင်ပြလိုက်ပါသည်၊၊

ပါဠိစာပေတွင် အပရိဟာနိယဓမ္မ(ခေါ်) တိုးတက်ကြောင်းတရား စုစုပေါင်း(၄၂)ပါးရှိသည်၊၊ ဤ(၄၂)မျိုးသော အရိဟာနိယဓမ္မများကို မဟာဝဂ္ဂပါဠိတော်တွင် ဗုဒ္ဓရှင်တော် သင်ပြထားပါသည်၊၊ အပရိဟာနိယဓမ္မ(၄၂)မျိုး တွင် ဗုဒ္ဓရှင်တော်သည် ရဟန်းတော်များအတွက် (၃၅)မျိုး ပါဝင်ပြီး၊ တိုင်းပြည်တစ်ခု တိုးတက်ဖို့အတွက် (၇)မျိုး ပါဝင်ပါသည်၊၊

တိုင်းပြည်တိုးတက်ကြောင်း(၇)မျိုးဟု စာပေတွင်တိုက်ရိုက်ဆိုထားသော်လည်း အရှင့်အနေဖြင့် ဘ၀တိုးတက် ကြောင်းဟု ပိုလွန်ပြီးသုံးသပ်မိပါသည်၊၊ မှန်ပါသည်၊ စာဖတ်သူလည်း ယ္ခုတင်ပြမည့် တိုး တက်ကြာင်း(၇)မျိုးကို လေ့လာပြီးလျင် “အပရိဟာနိယဓမ္မ”ခုနှစ်မျိုးသည် နိုင်ငံတစ်ခု တိုးတက်ရေးတွင်မကဘဲ၊ ဘ၀တိုးတက်ကြောင်း အခြေခံလိုအပ်ချက်များဖြစ်သည်ကို သိမြင်သဘောပေါက်လာမည် ဖြစ်ပါသည်၊၊

မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ အစဉ်သဖြင့် တိုးတက်လာစေရန် မရှိမဖြစ်လိုအပ်သည့် အခြေခံ သဘောတရားများကို ဗုဒ္ဓရှင်တော်သည် အခြားသောဟောကြားချက်၊ သင်ပြချက်များထက် ထူးခြားပြီး၊ လိုအပ်ချက်အတွက် ညွန်ပြထားခဲ့ပါသည်၊၊ ဤခုနှစ်မျိုးသော တိုးတက်ကြောင်း အခြေခံလိုအပ်ချက်များကို လိုက်နာကျင့်သုံးနိုင်လျင် မိသားစုတစ်စု၊ တိုင်းပြည့်တစ်ခု၊ အဖွဲ့အစည်းတစ်ခု တိုးတက်မှာဖြစ်ပြီး၊ ဤအခြေခံလိုအပ်ချက်များကို သွေဖီလွဲချော် ကျင့်သုံးမိကြလျင် မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုသည် မြေကြီးလက်ခပ်မလွဲ ပျက်စီးရမှာဖြစ်ပါသည်၊၊

“အပရိဟာနိယ” ကို မဆုတ်ယုတ်ကြောင်း အခြေခံလိုအပ်ချက်ဟု တိုက်ရိုက်ပါဠိစာပေ ဘာသာဗေဒနည်းဖြင့် ဘာသာပြန်ဆိုနိုင်ပါသည်၊၊ အရှင့်အနေဖြင့် တိုးတက်ကြောင်းအခြေခံလိုအပ်ချက်ဟူ၍ အတည့်ဘာသာ ပြန်လိုက်ပါသည်၊၊

ရှင်းလင်းသုံးသပ်ချက်များကို မတင်ပြမှီ အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံကျင့်စဉ်ကို ဗုဒ္ဓရှင်တော် သင်ပြရခြင်း၏ နောက်ခံသမိုင်းကြောင်းကို တင်ပြပါမည်၊ ဗုဒ္ဓခေတ်က အိန္ဒိယတိုက်ကြီးတွင် Statesပေါင်းများစွာရှိသည့်အနက် “မဂဓတိုင်း”နှင့် “၀ဇ္ဇီတိုင်း”တို့သည် အပါအ၀င်ဖြစ်သည်၊၊(၀တ်ဇီ-ဟုဖတ်ရန်)

“မဂဓတိုင်း”ကို “အဇာတသတ်မဟာရာဇာ” အုပ်ချုပ်မင်းပြုပြီး၊ “၀ဇ္ဇီတိုင်း”ကို “၀ဇ္ဇီမင်း”ကပင် အုပ်ချုပ်သည်၊၊ ရှေးခေတ်အိန္ဒိယမြေပုံအရ မဂဓတိုင်းနှင့် ၀ဇ္ဇီတိုင်းတို့သည် အိမ်နီးခြင်းနိုင်ငံနှစ်ခု ဖြစ်သည်၊၊ “တိုင်း”ဟု
ခေါ်သော်လည်း ကိုယ်ပိုင်မင်းများဖြင့် “ဂဏစနစ်”ကို တည်ထောင်ပြီး အုပ်ချုပ်ကြသည့် နိုင်ငံများပင်ဖြစ်သည်၊၊ “ဂဏစနစ်”ကို “ဒီမိုကရေစီစနစ်”ဟုလည်း ဆိုကြပါသည်၊၊

စာပေအထောက်ထားများအရ ၀ဇ္ဇီတိုင်းသည် သာယာပြီး၊ ချမ်းသာ၊ ၀ပြောသည့် နိုင်ငံဖြစ်သည်၊၊ ရေ မြေသဘာဝ အခြေခံကောင်းသောနိုင်ငံလည်း ဖြစ်သည်၊ ရုပ်ရေအဆင်းလည်း အလွန်လှပသော လူမျိုးများ နေထိုင်သည့်နိုင်ငံ ဖြစ်ကြောင်းဆိုပါသည်၊၊ တစ်ခါက မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များအား “ချစ်သားရဟန်းတို့ တာဝတိံသာနတ်ပြည်က နတ်သား နတ်သမီးများကိုမမြင်ဘူးလျင် ၀ဇ္ဇီလူမျိုးများကို ကြည့်ကြကုန်လော”ဟု မိန့်တော်မူဘူးပါသည်၊၊ မြတ်စွာဘုရားပင် ချီးမွှန်းလောက်အောင် ချောမော၊ လှပသောလူမျိုးများ ဖြစ်သည်၊၊

ဤသို့စသည်ကြွယ်ဝမှု၊ ဂုဏ်ရည်တို့နှင့်ပြည့်စုံသောဝဇ္ဇီနိုင်ငံကို အိမ်နီးခြင်းမဂဓနိုင်ငံပြည့်ရှင် အဇာတသတ်မင်း လိုချင်နေသည်မှာ မဆန်းပေ၊ အဇာတသတ်ဘုရင်သည် ၀ဇ္ဇီနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန်အရေးကို ပညာရှိအမတ်ကြီးဖြစ်သည့် “၀ဿကာရ”အား မြတ်စွာဘုရားထံသို့ စေလွှတ်ပြီး အကြံဉာဏ်ရယူစေသည်၊၊

ဝဿကာရအမတ်သည် မြတ်စွာဘုရားရှင်နေတော်မူရာ ဂိဇ္ဈကုတ်တောင်သို့လာရောက်ပြီး၊ မြတ်စွာဘုရားကို အရိုသေပြုအပြီးတွင် သူ၏လာရင်းကိစ္စဖြစ်သည့် ၀ဇ္ဇီနိုင်ငံအား တိုက်ခိုက်သိမ်းပိုက်ရေးကို ဆွေးနွေးပါသည်၊၊
ထိုအချိန်တွင် မြတ်စွာဘုရား၏အနီးတွင် ညီတော်အာနန္ဒာရဟန်း ရှိနေပါသည်၊၊ မြတ်စွာ ဘုရားရှင်သည် ၀ဿကာရ၏ လျောက်တင်ချက်ကို တစ်စုံတရာဖြေကြားခြင်း မပြုဘဲ၊ အရှင်အာနန္ဒာအား မေးခွန်းခုနှစ်မျိုးကို မေးတော်မူပါသည်၊၊ ဤမေးခွန်း ခုနှစ်မျိုးသည်ပင် “အပရိဟာနိယဓမ္မ” ခုနှစ်မျိုး ဖြစ်ပါ သည်၊၊

(၁) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးပွဲလုပ်ကြကုန်၏လော၊ အကြိမ်များစွာ စည်းဝေးပွဲများ ပြု လုပ်ကြကုန်၏လော၊၊

(၂) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေးပွဲများ ပြုလုပ်ကုန်၏လော၊ စည်းဝေးပွဲများပြီးဆုံးသည့် အချိန်တွင် တညီတညွတ်တည်း စည်းဝေးရာစားပွဲမှ ထကုန်၏လော၊ ၀ဇ္ဇီတိုင်းပြည်ရေးရာ ကိစ္စရပ်များကို
ညီညီညွတ်ညွတ် လုပ်ကြကုန်၏လော၊၊

(၃) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် ရှေးကမရှိဘူးသော ပညတ်ချက်အသစ် အသစ်များကိုမညတ်ဘဲ ရှိကုန်၏လော၊ ပညတ်ခဲ့ပြီးသော ကျင့်ထုံးများကိုလည်း လိုက်နာကျင့်သုံးကုန်၏လော၊၊

(၄) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အသက်အရွယ်ကြီးကုန်သော လူအိုများကို အရိုအသေပေးကုန်၏လော၊ အလေးအမြတ်ပြုကုန်၏လော၊ ပူဇော်မှုပြုကုန်၏လော၊ ကြီးသူတို့၏စကားကို လိုက်နာသင့်သည်ဟု ထင်မှတ်ကြ ကုန်သလော၊၊

(၅) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး/ငယ်များကို အနိုင်အထက် ပြုကြကုန်သလော၊၊

(၆) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် မြို့အတွင်းအပြင်ရှိ နတ်ကွန်းစေတီများကို အရိုအသေပြုကြကုန်သလော၊ အလေးအမြတ်ပြုကြကုန်သလော၊ မြတ်နိုးပူဇော်ကြကုန်သလော၊ ထိုနတ်ကွန်း စေတီတို့အား ရှေးကပြုမြဲ
ဖြစ်သည့်ဗလိနတ်စာကို ပေးကုန်၏လော၊၊

(၇) အာနန္ဒာ,၀ဇ္ဇီတိုင်းသို့ မလာရောက်သေးသော ရဟန္တာတို့သည်လာခြင်းငှာ၊ လာပြီးသောရဟန္တာတို့သည် ၀ဇ္ဇီတိုင်းအတွင်းတွင် ချမ်းသာစွာနေခြင်းငှာ တရားနှင့်အညီစောင့်ရှောက် ကာကွယ်မှုပေးလျက်၊ လုံခြုံမှုကို ကောင်းကောင်းစီမံပေး၏လော၊၊

ဤမေးခွန်းခုနှစ်မျိုးအတွက် အဖြေကို အရှင်အာနန္ဒာသည် “မှန်ပါ,အရှင်”ဟူသော အဖြေတစ်ခုတည်းကို ပေးခဲ့ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် အရှင်အာနန္ဒာအား မေးခွန်းများကို မေးပြီး၊ အရှင်အာနန္ဒာ၏ အဖြေစကားကို ကြားရ ပြီးသောအခါ၊ ၀ဿကာရ ပညာရှိအမတ်၏ဘက်လှည့်လျက် “ငါသည် ၀ဇ္ဇီမင်းတို့အား အပရိဟာနိယဓမ္မ= တိုင်းပြည်တိုးတက်ကြောင်း အခြေခံလိုအပ်ချက်ခုနှစ်မျိုးကို သင်ပြခဲ့ပြီးဖြစ်သည်၊ အကယ်၍ ၀ဇ္ဇီတို့သည် တိုးတက်ကြောင်းခုနှစ်မျိုးကို လိုက်နာနေသေးသည်ဆိုလျင် ၀ဇ္ဇီတို့အတွက် တိုးတက်မှုသာဖြစ်နိုင်သည်၊ မဆုတ်ယုတ်နိုင်”ဟု မိန့်တော်မူသည်၊၊

ဆိုလိုသည်မှာ ဘုရားရှင်သင်ပြထားသည့် “အပရိဟာနိယဓမ္မ” ခုနှစ်မျိုးကိုသာ လိုက်နာနေသေးလျင် ၀ဇ္ဇီမင်းတို့အား မဂဓတိုင်းသခင်အဇာတသက် စစ်တိုက်၍ မအောင်မြင်နိုင်ဟု ဖြစ်ပါသည်၊၊ အပေါ်တွင် ဖော်ပြပြီးသည့် တိုးတက်ကြောင်း အခြေခံလိုအပ်ချက် ခုနှစ်မျိုးကို တစ်ခုခြင်းရေတွက်လျင်--

(၁) မကြာခဏ စည်းဝေးခြင်း၊
(၂) အညီအညွတ် စည်းဝေးပြီး၊ ညီညီညွတ်အကောင်ထည်ဖော်ခြင်း၊
(၃) စည်းဝေးပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်း၊၊
(၄) ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်း၊၊
(၅) အမျိုးသမီးများကို လေးစား တန်ဖိုးထားခြင်း၊
(၆) ရိုးရာကိုးကွယ်မှုကို မမေ့တတ်ခြင်း၊
(၇) ဘာသာရေးနယ်ပယ်မှ သူတော်စင်များကို စောင့်ရှောက်ခြင်း၊၊

မြတ်စွာဘုရားဆွေးနွေးသည့် တိုးတက်ကြောင်းအခြေခံလိုအပ်ချက်ခုနှစ်မျိုးကို မဂဓ၏ပညာရှိအမတ်ကြီး ကြားသိလိုက်သောအခါ “အရှင်ဘုရား အပရိဟာနိယဓမ္မခုနှစ်မျိုးလုံးကိုမဆိုထားဘိ တစ်မျိုးတည်းကို လိုက်နာနေလျင်ပင် တိုးတက်ကြောင်း၊ မရှုံးနိမ့်ကြောင်းဖြစ်ပါသည်”ဟု လျောက်တင်ပြီး၊ ၀ဿကာရအမတ်သည် မြတ်စွာဘုရားအားနှုတ်ဆက်လျက် ပြန်လည်ထွက်ခွာခဲ့ပါသည်၊၊

အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံလုပ်ငန်းစဉ်ကို ဗုဒ္ဓရှင်တော် သင်ပြဟောကြားရခြင်း၏ အထက်ပါ အကြောင်းအတ္ထုပ္ပတ္တိတွင် ထူးဆန်းသည့်အတွေးနယ်ချဲ့စရာများစွာ ပါဝင်နေသည်၊၊ ပါဠိစာပေ ပညာရှင်များစွာ တို့သည် ဤအကြောင်းအရာများနှင့်ဆက်စပ်၍ မေးခွန်းများစွာကို မေးခွန်းထုတ်ခဲ့ကြသည်၊၊

အဇာတသတ်ရှင်ဘုရင်သည် တိုင်းပြည်တစ်ခုကို စစ်တိုက်ပြီး
သိမ်းယူမည့်အရေး ဗုဒ္ဓအားအဘယ့်ကြောင့် ဆွေးနွေးစေရပါသနည်း……..၊၊


မြတ်စွာဘုရားရှင်သည် စစ်ရေးနိုင်ငံရေး ပရိယာယ်ကျွမ်းကျင်လှသည့် ၀ဿကာရပညာရှင်အမတ်ကြီး နည်းရသွားစေလောက်သည့် အရိပ်အမြွက်စကားကို အဘယ့်ကြောင့် မိန့်တော်မူခဲ့ပါသနည်း……..၊၊

အကြမ်းဖတ်မှုကို မလိုလားသော ဗုဒ္ဓရှင်တော်သည် လူပေါင်းသန်းနှင့်ချီ သေဆုံးရမည့်စစ်ပွဲကြီးကိုဆင်နွှဲရန် လာရောက်တိုင်ပင်သည်ကို ဗုဒ္ဓရှင်တော် အဘယ့်ကြောင့်မတားမြစ်ခဲ့ပါသ နည်း………..၊၊

ဗုဒ္ဓရှင်တော်၌ အဇာတသတ်ရှင်ဘုရင်အား ကူညီရန်ဆန္ဒရှိခဲ့ပါသလား………၊စသည်တို့သည် ပါဠိစာပေ ပညာရှင်တို့အတွက် အတွေးနက်စေသည့် မွေးခွန်းများ ဖြစ်နေခဲ့သည်၊၊ ဤအကြောင်းအရာများကိုပင် ကမ္ဘာ့ပါဠိစာပေ ပညာရှင်တို့ Research ပြုရန် ခံတွင်းတွေ့စေသည့် Problemsများလည်း ဖြစ်နေခဲ့ သည်၊၊ Deegalle Mahindaသည် ဤပြဿနာကိုပင် (Norms of War in Theravada Buddhism)အမည်ဖြင့် စာတမ်းပြုစုပြီး (United Nations University)မှ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်၊၊

စစ်ရေး သို့မဟုက် နိုင်ငံရေးဟု ခေါ်ဆိုနိုင်သော အရေးအရာသို့ ဗုဒ္ဓရှင်တော်သည် သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်မျှဝင်ရောက် ပတ်သက်ခဲ့ဘူးသည်ကို ပါဠိစာပေမှတ်တမ်းတွင် တွေ့ရသည်၊၊

ပထမအကြိမ်မှာ-သကျစစ်တပ်နှင့် ကောလိယစစ်တပ်တို့ နှစ်ပြည်ထောင်အလယ်ရှိ“ရောဟိနီမြစ်ရေ”ကို သူပိုင်သည်၊ ငါပိုင်သည်ဟု ရေပိုင်နက်လုကြရာမှ၊ ဆွေမျိုးတော်စပ်သည့် တိုင်းပြည်နှစ်ခု စစ်တိုက်ပြီး၊ ရေလုကြမည့်ဆဲဆဲတွင် ဗုဒ္ဓရှင်တော်သည် စစ်တပ်ကြီးနှစ်တပ်၏အလယ် ကောင်းကင်ယမ်တွင် တန်ခိုးဖြင့်ရပ်ပြီး၊ နှစ်ဘက်စစ်သည်တို့အား စစ်ပြေငြိမ်းရေးတရားတော်များကို ဟောကြားပြီး၊ စစ်ပွဲကို ဖြန်ဖြေခဲ့ရသည်၊၊

ဒုတိယအကြိမ်မှာ-ကောသလတိုင်း၏မဟာရာဇာ “၀ိဋဒူပ”သည် ဗုဒ္ဓ၏ဆွေတော်မျိုးတော်တို့နေထိုင်ရာ“သကျ”တိုင်းပြည်အား စစ်တိုက်၍ဖြက်ဆီးမည်ကို ဗုဒ္ဓရှင်တော်သည် ၀ိဋဒူပရှင်ဘုရင်အားတွေ့ဆုံ၍ စစ်မပြုရန် ငြိမ်းချမ်းရေးတရားဟောခဲ့ရသည်၊ သို့သော် ၀ိဋဒူပသည် မြတ်စွာဘုရား၏စကားကိုမနာယူဘဲ စစ်ပြုသဖြင့် သကျတစ်ပြည်လုံး ပျက်စီးပြီး၊ ပြာပုံဖြစ်ခဲ့ရသည်၊၊

တတိယအကြိမ်မှာ-ဤစာတမ်းတွင် တင်ပြလျှက်ရှိသည့် မဂဓတိုင်းနှင့် ၀ဇ္ဇီတိုင်းတို့၏ စစ်ပွဲဖြစ်သည်၊၊

ဗုဒ္ဓရှင်တော် ပါဝင်ပတ်သက်ခဲ့ရသော စစ်ပွဲများကို သုံးသပ်သောအခါ စစ်ပွဲနှစ်ပွဲသည် ဗုဒ္ဓကိုယ်တော်တိုင်၏ ဆွေတော်မျိုးတော်ခြင်း ဖြစ်ကြသည့် စစ်ပွဲများဖြစ်သည်၊၊ “မဂဓ”နှင့် “၀ဇ္ဇီ”စစ်ပွဲမှာမူ ဆွေမျိုးတော်စပ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးယုံကြည်ချက်ဖြင့် လာရောက်တိုင်ပင်သည့် စစ်ပွဲဖြစ်သည်၊၊ ဆွေမျိုးခြင်း ဖြစ်ကြမည့် စစ်ပွဲနှစ်ပွဲကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် သံဃာ့ကိုယ်စားမဟုက်ဘဲ ပုဂ္ဂလိကသဘောဖြင့် သွားရောက်တားမြစ်ခဲ့သည်၊၊ “မဂဓ”နှင့် “၀ဇ္ဇီ”စစ်ပွဲအတွက် “၀ဿကာရအမတ်”နှင့် ဆွေးနွေးသောအခါတွင်မူ ဗုဒ္ဓ၏အနားတွင် အရှင်အာနန္ဒာရှိနေပြီး၊ သံဃာ့ကိုယ်စားလှယ်အဖြစ်ဖြင့် “အပရိဟာနိယဓမ္မ”ကို ဆွေးနွေးခဲ့သည်ကို တွေ့ရသည်၊၊

တိုးတက်ကြောင်း အခြေခံကျင့်စဉ်=အပရိဟာနိယဓမ္မကို အသေးစိတ်လေ့လာကြည့်လျင်-

(၁) မကြာခဏ စည်းဝေးခြင်း၊
မကြာခဏစည်းဝေးခြင်းဟူသည်မှာ အဖွဲ့အစည်းတခုအတွက် အလွန်အရေးပါသည်ကို သိနိုင်သည်၊၊ စည်းဝေးညှိနှိုင်းမှု မရှိသောအဖွဲ့အစည်းသည် အထက်ကလုပ်သည်ကို အောက်ပိုင်းအဖွဲ့သားများက မသိ၊ အောက်လက်ငယ်သားတို့ ဘာလုပ်နေသည်ကိုလည်း အထက်ပိုင်းလူကြီးများက သိခွင့်မရဘဲ၊ နောက်ဆုံး စိတ်ဝမ်းကွဲပြီး၊ အဖွဲ့အစည်းပျက်သည့်အခြေသို့ ရောက်ရတော့သည်၊၊

မျက်နှာခြင်းဆိုင် ဆွေးနွေးခြင်းဖြင့် အဖွဲ့သားခြင်း ရင်းနှီးမှု၊ ချစ်ကြည်မှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှု၊ ပို၍ကောင်းမွန်သည့် အကြံဉာဏ်များကိုရရှိပြီး၊ အဖွဲ့အစည်းတိုးတက်ရသည်၊၊ မိသားစုတွင်လည်း ဤသဘောပင်ဖြစ်သည်၊ နိုင်ငံတွင်လည်း နည်းတူပင်ဖြစ်သည်၊၊


(၂) အညီအညွတ် စည်းဝေးပြီး၊ အညီညွတ်အကောင်ထည်ဖော်ခြင်း၊
အညီအညွတ် စည်းဝေးပြီး၊ ညီညီညွတ်ညွတ်အကောင်ထည်ဖော် ပြုလုပ်ခြင်းဖြင့် အဖွဲ့အစည်းတွင် စည်းလုံးမှုကို ရနိုင်သည်၊၊ “အညီအညွတ်”ဆိုသည့်စကားလုံးကို သတိပြုရမှာဖြစ်ပါသည်၊၊ အဖွဲ့အစည်းတစ်ခုအတွင်း စည်းဝေးသည့်အခါ အညီအညွတ်တက်ရောက်ဖို့ အထူးလိုအပ်သည်၊၊ တစ်ယောက် အကြောင်းတစ်ခုပြပြီး၊ တက်ရောက်ရန်ပျက်ကွက်မည်ဆိုလျင် အစည်းဝေးတွင် ဆွေးနွေးသည့်အကြောင်းအရာ၊ ဆုံးဖြတ်ချက်နှင့် အတည်ပြုချက်ကို မသိတော့ဘဲ၊ ကိုယ့်သဘောအလျောက် ထင်ရာလုပ်ပြီး၊ အဖွဲ့အစည်းအတွင်း စကားဖြစ်ကာ စိတ်ဝမ်းကွဲရတော့သည်၊၊

စည်းဝေးသည့်အခါတွင်လည်း သဘောတူညီချက်ဆုံးဖြတ်တစ်ခုကို မရမခြင်းဆွေးနွေးရမည်၊ အဖွဲ့ဝင်အားလုံး သဘောတူညီသည့် အတည်ပြုချက်များကို ချနိုင်ပြီဆိုမှ ဆွေးနွေးမှုကို အဆုံးသတ်ရမည်၊၊

ထိုစည်းဝေးပွဲဆုံးဖြတ် အတည်ပြုချက်ကိုလည်း မဖြစ်မနေ တညီတညွတ်တည်း အကောင်အထည် ဖော်ရမည်၊၊ ဤသို့ ညီညီညွတ်ညွတ်စည်းဝေးမှု၊ လုပ်ဆောင်မှုတို့သည်လည်း အဖွဲ့အစည်းတစ်ခုအတွင်း တိုးတက်ဖို့အရေးပါသော အခြေခံအကြောင်းတစ်ခု ဖြစ်သည်၊၊ မိသားစုတစ်ခုတွင်လည်း လိုက် နာရမည့် နည်းတစ်ခုဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံတွင်လည်း အထူးလိုက်နာသင့်သည်၊၊ သို့မှသာ တိုးတက် သည့် မိသားစု၊ တိုးတက်သည့်အဖွဲ့အစည်း၊ တိုးတက်သည့်နိုင်ငံများ ဖြစ်လာမည် ဖြစ်သည်၊၊

(၃) စည်းဝေးပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်း၊၊
စည်းဝေးပွဲပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်းသည် အဖွဲ့အစည်းတစ်ခုအတွင်း၊ မိသားစု တစ်စုအတွင်း၊ နိုင်ငံတစ်ခုအတွင်း အလွန်အရေးပါသည့် လိုအပ်ချက်ဖြစ်သည်၊၊ များစွာသောအဖွဲ့အစည်းများ၏ “အက်ကြောင်း”များသည် ဤစည်းကမ်းကို မလိုက်နာကြရာက စတင်ခဲ့ရသည်၊၊

ဆိုလိုသည်မှာ စည်းဝေးပွဲပြီးဆုံးလျင် တစ်စုံတစ်ယောက်မှ စည်းဝေးခန်းမအတွင်း မကျန်ရစ်ဘဲ ထွက်ခွာကြရမည်၊ အဘယ့်ကြောင့်ဆိုသော် တစ်ယောက် နှစ်ယောက်က ချန်နေခဲ့ပြီး တီးတိုးစကား ဆက်ပြီး ပြောနေရစ်ခဲ့မည်ဆိုလျင် အခြင်းခြင်းသံသယ၀င်လာတတ်ပြီး၊ မယုံကြည်မှု၊ စိတ်မချမှုများမှ အဖွဲ့အစည်းကြီးအတွင်းတွင် အုပ်စုငယ်ဖွဲ့မှုများ၊ အားပြိုင်မှုများ ဖြစ်ပေါ်လာတတ်ပြီး အဖွဲ့စည်းပျက်စီး ရတော့သည်၊၊


(၄) ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်း၊၊
ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်းမည်မျှအရေးပါသည်ကို ထူး၍ တင်ပြရန်မလိုဟု အရှင် ယုံကြည်ပါသည်၊၊ ခေတ်ပညာဘွဲ့ဒီဂရီများနှင့်၊ ထက်မြက်မှုခြင်း တူညီနေသည့်တိုင် ဘ၀အတွေ့အကြုံပိုင်းတွင် လူငယ်သည် လူကြီးလောက် မပြည့်စုံနိုင်သည်မှာ သေခြာသည်၊ ထို့ ကြောင့် အဖွဲ့အစည်းအတွင်း ကြီးသူများကိုလေးစားမှု၊ နေရာပေးမှုသည် တိုးတက်မှုအတွက် လိုအပ် သောအကြောင်းတစ်ခုပင် ဖြစ်သည်၊၊ လူငယ်များချည်း နေရာယူထားသည့် အဖွဲ့အစည်းတစ်ခုသည် ပြဿပေါင်း တန်းစီနေတတ်သည်ကို တွေ့ရသည်၊၊

(၅) အမျိုးသမီးများကို လေးစား တန်ဖိုးထားခြင်း၊
သဘာဝအရ အမျိုးသမီးများသည် အမျိုးသားများထက် အားနည်းနေတတ်သည်၊ ပျော့ကွက်၊ဟာ ကွက်များလည်း ရှိနေတတ်သည်၊ သို့သော် ပါးနပ်မှု၊ ရှုပ်ထွေးသည့် အရေးအရာများကို ကိုင်တွယ်ဖြေ ရှင်းရာတွင် အမျိုးသားသည် အမျိုးသမီးများထက် အားသာမှုမရှိကြောင်း သာဓကပေါင်းများစွာက သက်သေပြုလျက်ရှိသည်၊၊ သတိပြုသင့်သည့်အချက်တစ်ခုမှာလည်း အမျိုးသမီးများသည် သီးသန့် ရပ်တည်သူများ မဟုက်ကြဘဲ သူတို့၏နောက်တွင် မိသားစုအပါအ၀င် အမျိုးသားများရှိနေတတ်သည်၊၊ အမျိုးသမီးတစ်ဦးကို အထင်သေးစော်ကားမိရာမှ နောက်တွင်ရှိနေသည့် အခြံရံများ၏ အင်အားကိုရင်ဆိုင်ရပြီး၊ ပျက်စီးရသည့် အဖွဲ့အစည်း၊ နိုင်ငံများစွာရှိသည်၊၊

ကမ္ဘာ့သမိုင်းစာမျက်နှာတို့တွင် အမျိုးသမီးများကိုထိပါးရာက စတင်ဖြစ်ပွားသည့် စစ်ပွဲပေါင်းများစွာ ရှိခဲ့ သည်၊၊ မြန်မာသမိုင်းတွင်လည်း အမျိုးသမီးများကို မလေးမစားဆက်ဆံရာမှ ဖြစ်ခဲ့သည့် စစ်ပွဲများစွာရှိ ခဲ့သည်ကို ပုဂံသမိုင်းတလျောက် များစွာရှိသည်၊၊ ထို့ကြောင့် လူသားခြင်းအတူတူဖြစ်သည့် အမျိုး သမီးများကို တလေးတစားဆက်ဆံမှုသည်လည်းတိုးတက်ဖို့ အခြေခံကျသည့်အကြောင်းပင် ဖြစ်သည်၊၊

(၆) ရိုးရာကိုးကွယ်မှုကို မထီလေးစားမပြုတတ်ခြင်း၊
လူမျိုးအသီးသီးတွင် ရိုးရာအရ ကိုးကွယ်ဆည်းကပ်သော အရာများစွာရှိသည်၊ “နတ်”များလည်း ဖြစ်နိုင်သည်၊ “ဘိုးတော်”၊ “ဘွားတော်”၊ “ထွက်ရပ်ပေါက်”စသည်များလည်း ဖြစ်နိုင်သည်၊ “ဘုရားအဆူဆူ”လည်း ဖြစ်နိုင်သည်၊၊ “သစ်ပင်”၊ “တော”၊ “တောင်”များလည်း ဖြစ်နိုင်သည်၊၊ ကိုးကွယ်ရာဟု အသိမှတ်ပြုထားသည့် “ရုပ်တု”၊ “ရုပ်ပုံကားချပ်”များလည်း ဖြစ်နိုင်သည်၊ “စေတီ”၊ “ပုထိုး”၊ “နတ်ကွန်း”၊ “နတ်နန်း”များလည်း ဖြစ်နိုင်သည်၊၊

အိန္ဒိယ၏ရှေးဟောင်း ကိုးကွယ်မှုသမိုင်းကို လေ့လာကြည့်သောအခါ ရိုးရာကိုးကွယ်သော “နတ်” အမျိုးပေါင်း သုံးကုဋေကျော်ကျော်ရှိသည်ကို သိရသည်၊၊ ကမ္ဘာတစ်လွှား ပွင့်ပေါ်ခဲ့ကြသည့် ဘာသာအသီးသီးမှ ကိုးကွယ်ရာ “ဘုရား”ဆိုသူများသည်လည်း အိန္ဒိယမြေပေါ်တွင် ပေါ်ထွန်းခဲ့ကြသည်ကို တွေ့ရသည်၊၊ မြန်မာနိုင်ငံတွင် အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းဟု ရိုးရာကိုးကွယ်မှု ရှိသည်၊၊ မည်သို့ဆိုစေ ရိုးရာကိုးကွယ်မှုကို မလေးမစားမပြုသင့်ချေ၊၊ ကိုးကွယ်မှုတွင် ကြောင်း+ကျိုးဆီလျော်မှုမရှိ ဖြစ်ကောင်း ဖြစ်နေတတ်သည်၊၊

အစဉ်အလာအရ ကိုးကွယ်ဆည်းကပ်မှုဟူသည်ကို academic study သဘောအရ အကျိုး+အကြောင်း၊ ယုတ္တိတန်၊ မတန်စစ်ဆေး၍ ရသည်မဟုက်၊၊ ကမ္ဘာပေါ်တွင် ကိုးကွယ်မှုတွင်မှမဟုက် အခြား နေရာများစွာတွင်လည်း ယုတ္တိဗေဒဖြင့် စမ်းသတ်၍မရသည်များ ရှိသည်၊၊ လူတို့သည် တစ်ခါတရံ ပညာအတော်အတန် သင်ကြားပြီးလျင် ရိုးရာကိုးကွယ်မှုများကို ရန်ရှာတတ်ကြသည်၊၊ ရိုးရာကိုးကွယ်မှုကို ပြစ်ပယ်သောအားဖြင့် အကျိုးထက်၊ အဆိုးကိုသာရတတ်ကြောင်း သာဓကများစွာက သက်သေ ပြလျက်ရှိသည်၊၊

တချို့ရိုးရာအစဉ်အလာရ ကိုးကွယ်နေသောအရာများမှာ ရှိချင် ရှိမည်၊ မရှိချင်လည်း မရှိဖြစ်နိုင်သည်၊၊ မှန်ချင် မှန်မည်၊ မမှန်လိုကလည်း မမှန်ဖြစ်နိုင်ပြန်သည်၊၊ မည်သို့ဆိုစေ ရိုးရာကိုပြစ်ပယ်ကောင်းသည် မဟုက်၊၊ ဘိုးဘွားစဉ်ဆက် ကိုးကွယ်၊ ပူဇော်ဆည်းကပ် ခဲ့သည်များကို အစဉ်အလာမပျက် ပူဇော်ပသရန် လိုအပ်သည်သာ၊၊ မြတ်စွာဘုရားရှင်သည် ရိုးရာကိုမမေ့ရန် နေရာများစွာတွင် သတိပေးလေ့ရှိသည်၊၊ ရိုးရာကိုမမေ့ခြင်းသည် မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံတို့၏ တိုးတက်ဖို့ အကြောင်းခံကျသော အကြောင်းတစ်ခုပင် ဖြစ်ပါသည်၊၊

(၇) ဘာသာရေးနယ်ပယ်မှ သူတော်စင်များကို စောင့်ရှောက်ခြင်း၊၊
ဘာသာရေး နယ်ပယ်အသီးသီးမှ သူတော်စင်ဟု သမုတ်ခံရသူများကို စောင့်ရှောက်ခြင်းသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများ၏ လုပ်ရပ်ဖြစ်သည်၊၊ ဘာသာရေးနယ်ပယ်အမျိုးမျိုးမှ “ဘုန်းတော်ကြီး”များ၊ “သံဃာတော်”များ၊ “လူပုဂ္ဂိုလ်များ”ကို အနိုင်အထက်မပြုမိစေရန် အထူးသတိထားသင့်သည်၊၊ ဤသူတော်စင်များ၏နောက်တွင် အခြံအရံပရိတ်သတ်များစွာ ရှိနေတတ်သည်ကို သတိပြုရမည်၊၊ မည်သည့် ဘာသာကိုးကွယ်သူမှ မိမိဘာသာ၏ ခေါင်းဆောင်များကို ရိုင်းပြစော်ကားသည်ကို နှစ်သက်နိုင်ကြမည် မဟုက်ချေ၊၊

ဤစည်းကမ်းကို မလိုက်နာမိရာမှ ဘာသာရေးစစ်ပွဲများစွာ ဖြစ်ရသည်ကိုလည်း သမိုင်းတလျောက် တွေ့ရသည်၊၊ ထို့ကြောင့် ဘာသာအလိုက် “ဘုန်းတော်ကြီး”များ၊ “သံဃာတော်”များ၊ “လူပုဂ္ဂိုလ်”များကို လေးလေးစားစား ဆက်ဆံရုံမျှမက အထူးစောင့်ရှောက်သင့်သည်၊၊ ဤသို့ဖြင့် ဘာသာခြင်းလေးစားယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရရှိပြီး၊ တိုးတက်အောင်မြင်သည့် နိုင်ငံ၊ မိသားစု၊ အဖွဲ့စည်း ဖြစ်လာနိုင်သည်၊၊

(မှတ်ချက်/ ဤရှင်းလင်းချက်များသည် အရှင်၏ သေးငယ်လွန်းသည့် အသိဉာဏ်လေးမှ ထွက်သမျှ သာဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်၏ “အပရိဟာနိယဓမ္မ”သင်ကြားချက်သည် အရှင် တင်ပြနိုင်သည် ထက် အဆများစွာသာလွန်ကြောင်း ရိုးသားစွာဝန်ခံလိုပါသည်၊၊)

အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံကျင့်စဉ်ခုနှစ်မျိုးသည် တမျိုးခြင်းသီးသန့်စီမဟုက်ဘဲ၊ တမျိုးနှင့်တစ်မျိုး ဆက်စပ်နေပါသည်၊ ထို့ကြောင့်ပင် ၀ဿကာရအမတ်ကြီးက မြတ်စွာဘုရားရှင်အား “တိုးတက်ကြောင်း ခုနှစ်မျိုးလုံးကိုမဆိုထားဘိ တစ်ပါးတည်းကို ကျင့်သုံးလျင်ပင် ဧကန်မုချတိုးတက်မှု ရနိုင်ကြောင်း”လျောက်ထားခဲ့သည်ကို သတိပြုရမည်၊၊

“၀ဿကာရ ပညာရှင်အမတ်”ကြီးသည် မြတ်စွာဘုရားအထံမှ “အပရိဟာနိယဓမ္မခုနှစ်မျိုး”ကို ကြားနာ ဆွေးနွေးပြီး၍၊ သူ၏အရှင်ဖြစ်သူ “အဇာတသတ်မင်း”ထံရောက်သောအခါ မြတ်စွာဘုရား ဆွေးနွေးသ မျှအလုံးစုံကို ပြန်လည်တင်ပြခဲ့သည်၊၊ ဤသို့ဖြင့် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းပြီးသောအခါ “အဇာတသတ်မင်း”နှင့် “၀ဿကာရအမတ်”တို့သည် ကြီးကျယ်သည့် လျို့ဝှက်အစီအမံကြီးတစ်ခုကို ပြုလုပ် လိုက်ကြပါတော့သည်၊၊

ထိုလျို့ဝှက်ချက်ကြီးမှာ-အဇာတသတ်သည် အမတ်ကြီးဝဿကာရအား ညီလာခံအလယ်တွင် အမျက် ဒေါသ အကြီးအကျယ်ထွက်ပြီး၊ ၀ဿကာရအမတ်ကြီးအား ဦးခေါင်းမှ ဆံပင်များကို တစ်ပင်မကျန်ရိပ်စေလျက်၊ ထုထောင်းရိုက်နှိက်ပြီး၊ သူ၏မဂဓနိုင်ငံတော်မှ နှင်ထုတ်လိုက်လေသည်၊၊

ဝဿကာရအမတ်ကြီးသည် ကြီးကြယ်သည့်ရာထူးမှ လျောကျရုံမျှမက ပြည်နှင်ဒဏ်၊ ထုထောင်းရိုက် နှက်ဒဏ်များကို ခံထားရ၍ သေလုမျောပါးမျှ ဝေဒနာခံစားရသည်၊၊ မဂဓတိုင်းအပြင် နယ်စပ်ဒေသ၊ လမ်းကြိုလမ်းကြား တောင်းရမ်းစားသောက်ရသည့် သူတောင်းစားကြီးအသွင်သို့ ကျရောက်သွား တော့သည်၊၊

ဤသို့ဤပုံအဆင့်သို့ကျရောက်နေသော သူတောင်းစားတဖြစ်လဲ မဂဓ၏အမတ်ပညာရှင်ကြီး ၀ဿကာရကို ၀ဇ္ဇီမင်းသားတို့တွေ့ရှိသွားပြီး၊ နန်းတော်သို့ခေါ်ကာ အကျိုးအကြောင်းကို စုံစမ်းမေးမြန်းကြလေသည်၊၊ ဖြစ်ပုံအကြောင်းအရာအစုံအလင်ကို ၀ဿကာရအမတ်ကြီးမှ သနားစဖွယ် ပြောပြသောအခါ ၀ဇ္ဇီမင်းသားတို့သည် ၀ဿကာရအမတ်ကြီးအား သူတို့ထံတွင်ခစားစေပြီး၊ တိုင်းပြည်ရေးရာ အကြံဉာဏ်များကို ပေးစေလေသည်၊၊

မဂဓဘုရင် အဇာတသတ်ကို စိတ်နာလှသော ၀ဿကာရအမတ်ကြီးသည် ၀ဇ္ဇီမင်းများထံတွင် တာဝန်ကို အထူးကြိုးစားလုပ်ကိုင်ပြပြီး၊ ၀ဇ္ဇီမင်းတို့၏ ယုံကြည်မှုကို ရယူနိုင်ခဲ့လေသည်၊၊ တစတစ ၀ဿကာရ အမတ်ကြီးသည် ၀ဇ္ဇီမင်းတို့၏အတွင်းလူအဖြစ်သို့ ရောက်ရှိယုံမျှမက တချို့မင်းသားငယ်များကို စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်နိုင်သူအဆင့်အထိ ရောက်လာသည်၊၊

အထူးလျို့ဝှက်ကြံစည်ထားသော ၀ဿကာရအမတ်ကြီးသည် ၀ဇ္ဇီ၏၀င်ပေါက်၊ ထွက်ပေါက်မှအစ၊ အ တွင်းရေးများအားလုံးကို သူ၏သခင်အဇာတသတ်အား လျို့ဝှက်သတင်းပေးပို့နေသည်ကို ၀ဇ္ဇီမင်းသားတို့ မသိပါလေ၊၊ ၀ဿကာရအမတ်သည် ၀ဇ္ဇီမင်းသားငယ်များကိုလည်း အခြင်းခြင်းစိတ်ဝမ်းကွဲအောင် အမျိုးမျိုးကြံဆောင်လေသည်၊၊

ဝဿကာရ၏လှည့်ဖျားမှုအောက်တွင် ၀ဇ္ဇီမင်းသားတို့သည် အခြင်းခြင်းယုံကြည်မှု၊ လေးစားမှု၊ စည်းလုံးမှုများ မရှိကြတော့ဘဲ၊ အခြင်းခြင်းတိုက်ခိုက်သည့်အဆင့်သို့ ရောက်ရှိခဲ့တော့သည်၊၊ ၀ဿကာရနှင့် အဇာတသတ်ဘုရင် အသုံးပြုသော စစ်ပရိယာယ်ကို ပါဠိစာပေတွင် “မိထုဘေဒ”ဟု အထူးစကားလုံးဝေါဟာ ရဖြင့် မှတ်တမ်းပြု ဖော်ပြထားပါသည်၊၊ ဤအချိန်တွင် အဇာတသက်ရှင်ဘုရင်၏ စစ်တပ်ကြီးများသည် ၀ဿကာရ၏ လျို့ဝှက်လမ်းညွှန်မှုဖြင့် ၀ဇ္ဇီပြည်အတွင်းသို့ ၀င်ရောက်လာပြီး၊ နတ်ပြည်တမျှ သာယာဝပြော၊ စည်ကား၊ လှပသည့် ၀ဇ္ဇီတိုင်းပြည်ကြီးကို အလွယ်တကူ တိုက်ခိုက်သိမ်း ယူလိုက်ပါတော့သည်၊၊

ဝဇ္ဇီတို့ တပ်ပျက်ပြီး၊ စစ်ရှုံး၊ တိုင်းပြည်ကို သူ့ကျွန်အပြုခံလိုက်ရသည်မှာ သူတို့၏စစ်ရေးနှင့်၊ ရဲစွမ်းသတ္တိ ညံ့ဖျင်း၍ မဟုက်ဘဲ၊ “အပရိဟာနိယဓမ္မ” မရှိတော့ခြင်းကြောင့်ဖြစ်ရသည်ကို စာဖတ်သူ သတိပြုမိမည်ဟု ယုံကြည်ပါသည်၊၊ အပရိဟာနိယဓမ္မ(ခေါ်)တိုးတက်ကြောင်းအခြေခံကျင့်စင်ခုနှစ်မျိုးကိုသာ ၀ဇ္ဇီမင်းတို့ မမေ့လျော့လိုက်နာကြလျင် မဂဓစစ်တပ်ကို ရှုံးနိမ့်ဖွယ် အကြောင်းမရှိပါချေ၊၊

တိုးတက်ကြောင်းကျင့်စင်ကိုမေ့လျော့မိ၍သာ စစ်ရှုံးပြီး၊ သူ့ကျွန်ဘ၀သို့ ၀ဇ္ဇီမင်းတို့ကျရောက်ပြီး၊ ဘ၀ပျက်၊ နိုင်ငံပျက်ကြရသည်ကို စာဖတ်သူတို့ သတိထား၊ အတုယူပြီး၊ တိုးတက်ကြောင်း အခြေခံကျင့်စင် (ခေါ်)အပရိဟာနိယဓမ္မကို လေ့လာ၊ အသုံးချ၊ လိုက်နာကျင့်ကြံခြင်းဖြင့် တိုးတက်သောမိသားစုဘ၀၊ နိုင်ငံ၊ နိုင်ငံသားဘ၀များကို ပိုင်ဆိုင်ကြပါစေလို့ အရှင် ဆန္ဒပြုလိုက်ပါသည်၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာ ၀ိဟာရ-သီရိလင်္ကာ
(၁၄.၂.၂၀၁၁)

(မှတ်ချက်/ ဤစာတမ်းကို မဟာ၀၀္ဂပါဠိ၊ မဟာပိရိနိဗ္ဗာနသုတ်၊၊ အင်္ဂုတ္တရနိကာယ်၊ သာရန္ဒဒသုတ်၊၊ ဝေသာလီ(ပါရဂူ)၊၊ Paper on “The Buddha and the Magadha and Vajji War”. “The norms of War in Theravada Buddhism” တို့ကို ကိုးကား၍ ရေးသားအပ်ပါသည်၊၊)

Read more...

တရားမင်းသခင် - ၆။ ဇွတ်တွန်းသည့် အမတ်ချုပ်ကြီး


အမတ်ချုပ်ကြီး၏ လျှောက်ထားချက်ကို နားထောင်နေသူ သိဒ္ဓတ္ထ မင်းသားသည် သူ၏ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်သော အမူအရာဖြင့် စကားတုံ့ဆို၏။
“ဒီမယ် အမတ်ချုပ်ကြီး။ ကောလိယ နေပြည်တော်ကို ဘာဖြစ်လို့ အောင်နိုင်ချင်ရတာလဲ။ မြစ်ရေ အားလုံးကို ကိုယ့်အတွက်ချည်း အသုံးပြုလို့ သင့်တော်ပါ့မလား။”

“သင့်တော်ပါတယ် အရှင့်သား။ ကျွန်တော်မျိုးတို့ရဲ့ စိုက်ကွင်းတွေ၊ ကျေးရွာတွေ၊ မြို့တွေအတွက် ရေအလျှံပယ် ရပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းသွားပါလိမ့်မယ်။ သကျနေပြည်တော်ဟာ ဇမ္ဗူဒိပ်မှာ အကြွယ်ဝဆုံး ဖြစ်လာပါလိမ့်မယ်။”

“အဲဒါတော့ ဟုတ်ပါပြီလေ။ ကောလိယ နေပြည်တော် ဘာဖြစ်သွားမလဲ။”

“ကောလိယတွေ ဘာဖြစ်သွားသွား ကျွန်တော်မျိုးတို့နဲ့ မဆိုင်ပါဘူးလေ။ ကျွန်တော်မျိုးတို့ ပြည်သူတွေ ငြိမ်းချမ်းတယ် ကြွယ်ဝတယ်ဆိုရင် တစ်ခြား နေပြည်တော်တွေ ဘာဖြစ်နေနေ ကျွန်တော်မျိုးတို့ အရေးကိစ္စ မဟုတ်ပါဘူး အရှင့်သား။”

“အမတ်ချုပ်ကြီး။ အဲဒါဟာ မျှတတဲ့ တရားဥပဒေကို ကျင့်သုံးခြင်း ဟုတ်ပါရဲ့လား။”

“ဘုရင့်ဥပဒေကို ကျင့်သုံးခြင်း ဖြစ်ပါတယ်။ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းနိုင်တဲ့အခါ ရန်သူ့ဘက်မှာ ဘာတွေပဲ နစ်နာနစ်နာ ကိုယ့်တိုင်းပြည် အကျိုးရှိမယ်ဆိုရင် ပြဿနာကို စစ်ရေးအရ ဖြေရှင်းခြင်းဟာ ဘုရင့်တာဝန် . . . . .”

အမတ်ချုပ်ကြီး ဥဒယ စကားမဆုံးမီ သည်းမခံနိုင်တော့သော သုဒ္ဓေါဒန မင်းကြီးက ကြားဖြတ်၍ မိန့်တော်မူ၏။
“ဒီမယ် သားတော်။ သားတော်က ဘာဖြစ်လို့များ ကောလိယတွေအတွက် တွေးပူနေရတာလဲ။ ကိုယ့်ပြည်သူတွေအကြောင်းကိုယ် ဘာဖြစ်လို့ မစဉ်းစားရတာလဲ။”

“သကျလား ကောလိယလားဆိုတာ ပြဿနာ မဟုတ်ပါဘူး ခမည်းတော်ဘုရား။ မှားသလား မှန်သလားဆိုတာသာ စစ်ကြောစရာ ဖြစ်နေပါတယ် ဘုရား။”

အမတ်ချုပ်ကြီး ဥဒယက ကြားဝင်၍ ပြောပြန်၏။
“မှားသလား မှန်သလားဆိုတာ စဉ်းစားစရာ မဟုတ်ပါဘူး။ ခတ္တိယတွေ ကျင့်သုံးပုံက တစ်သီးတစ်ခြားပါ။ ခတ္တိယတွေရဲ့ အစဉ်အလာဟာ ကိုယ့်ပြည်သူဘက်က ကိုယ် ရပ်တည်တာ ဖြစ်ပါတယ်။ အခြေအနေက တောင်းဆိုလာရင် ခတ္တိယတွေ စစ်ခင်းပါတယ်။ အရှင်မင်းသား။ သာကီဝင်တွေရဲ့ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ အရှင့်သားရဲ့ တာဝန်တော်မြတ် ဖြစ်ပါတယ်။ မှန်တာတွေ မှားတာတွေ စဉ်းစားမနေပါနဲ့။ သကျတွေဟာ မင်းသားကိုပဲ တခဲနက် မျှော်လင့်နေကြပါတယ်။ သကျတွေကို လက်နက်တပ်ဆင်ပေးပြီး စစ်ပွဲမှာ ဦးဆောင်နိုင်တဲ့သူဆိုလို့ မင်းသားပဲ ရှိပါတယ်။ မင်းသားရဲ့ ဘုန်းတော်ကြောင့် သကျတွေရဲ့ ဒီတာဝန်ကို ထမ်းဆောင်ခွင့် ရနေပါတယ်။ အရှင့်သား စစ်မှုတာဝန် ထမ်းရွက်လိုက်ခြင်းဟာ ဒီပြဿနာပြေလည်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။”

အမတ်ချုပ်ကြီး ဥဒယ စကားအရှည်ကြီး ပြောပြီးချိန်၌ သူပြောရန် အချိန်တန်ပြီဖြစ်ကြောင်း သိဒ္ဓတ္ထမင်းသား နားလည်လိုက်၏။
“ခမည်းတော် ဘုရား။ ခတ္တိယတွေရဲ့ အစဉ်အလာဟာ ဘာပဲဖြစ်နေဖြစ်နေ သားတော်ဟာ လူသားတွေကို အလုပ်အကျွေးပြုဖို့၊ အမှန်တရားအတွက် တာဝန်ထမ်းရွက်ဖို့ မွေးဖွားလာခဲ့တယ်လို့ ထင်မိပါတယ် ဘုရား။ သားတော်မှာ လူတွေကို သတ်ဖြတ်ပြီး ပြဿနာ ဖြေရှင်းလိုစိတ် မရှိပါ ဘုရား။ ဒါမျိုး ဘယ်တော့မှ လုပ်မှာလည်း မဟုတ်ပါ ဘုရား။ ဒီလို အပြုအမူမျိုးကို စက်ဆုပ်လှပါတယ် ဘုရား။ သာကီဝင်တွေပဲဖြစ်ဖြစ်၊ ကောလိယတွေပဲဖြစ်ဖြစ်၊ အင်္ဂတိုင်းသားတွေပဲဖြစ်ဖြစ်၊ မဂဓတိုင်းသားတွေပဲဖြစ်ဖြစ်၊ ဟို တောင်ပိုင်းက မဟိသတိုင်းသားတွေပဲဖြစ်ဖြစ် လူသားချင်း အတူတူပဲလို့ မြင်မိပါတယ် ဘုရား။”

ဥဒယသည် မင်းသားကို စောဒကတက်၏။
“စိုက်ကွင်းတွေ ဥယျာဉ်တွေ ကျေးရွာတွေ၊ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးပြီး သကျတွေကို မျိုးဖြုတ်မယ့် တိုက်ခိုက်မှုမျိုး ၀င်ရောက်လာတယ်ဆိုရင် အရှင့်သား ဘာလုပ်မလဲ။ မင်းသားက ပါဏာတိပါတပြစ်မှု ကျူးလွန်ရမှာ ကြောက်တဲ့အတွက် ရန်သူတွေ နန်းတော်ထဲ ၀င်လာပြီး ကိုယ့်လည်ပင်းပေါ် ဓားတင်တဲ့အထိ ထိုင်စောင့်ကြည့်နေမှာလား။”

သိဒ္ဓတ္ထသည် ခိုင်မာပြတ်သားစွာ ပြန်လည်ပြောဆို၏။
“မဟုတ်သေးပါဘူး အမတ်ကြီး။ အဲဒီလို မတရားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်လာခဲ့ရင် ပထမဆုံး ဓားဆွဲမယ့်သူဟာ ကျွန်တော်မျိုးပါ။ အမှန်တရားအတွက် မကြောက်မရွံ့ မဆိုင်းမတွ ခုခံတိုက်ခိုက်မှာပေါ့။ ဒီနေ့ ကြုံခဲ့ရပုံကို ပြောရအုံးမယ်။ မြို့တော်ရဲ့ ဇမ္ဗု့သပြေဥယျာဉ်မှာ ညီတော်ဝမ်းကွဲ ဒေ၀ဒတ်နဲ့ ထိပ်တိုက် တွေ့ခဲ့တာပါ။ သူက ပြစ်မှုမြောက်တဲ့နည်းနဲ့ ဒီဃမ္ဘရ ရသေ့ကြီးကို သူ့ရဲ့ ပျော်တော်ဆက်လို လုပ်နေတယ်။ ရသေ့ကြီးကို ၀တ်လစ်စလစ် ပြည့်တန်ဆာမ တစ်ယောက်ရဲ့ အင်္ဂါဇာတ်ကို ရှိခိုးခိုင်းတယ်။ အဲဒါကို ဟားတိုက်တယ်။ သူ့လုပ်ရပ်ကို ကြည့်မရလို့ စိတ်ပေါက်ပေါက် ရှိတာနဲ့ သူ့ကို မှောက်ကျသွားအောင် ထိုးထည့်လိုက်တယ်။ ခမည်းတော် ဘုရား။ လူသားကောင်းကျိုး ဖွံ့ဖြိုးစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ သားတော်ကို မတရားတာတွေ၊ မကောင်းမှုတွေ ပြုလုပ်ဖို့ မတိုက်တွန်းပါနဲ့ ဘုရား။ တရားမျှတမှုအတွက် ဆိုရင်တော့ စစ်ခင်းချင် ခင်းရပါစေ။ တရားမျှတမှုအတွက် အသက်စွန့်ဖို့ သားတော် အဆင့်သင့် ရှိနေပါတယ် ဘုရား။”

(ဆက်ရန် . . .)

Read more...

သိမ်နှုတ်မင်္ဂလာ နှင့် သြ၀ါဒခံသံဃာ့ပူဇာ (ဥူးသုမင်္ဂလ) (အဆက်-အဆုံးထိ)

(၇)



(၈)



(၉)



(၁၀)



(၁၁)



(၁၂)



(၁၃)



(၁၄)



(၁၅)



Read more...

စွန်းလွန်းဆရာတော်နှင့် အနာဂါမ် ဒေါ်ငွေဘုံ တွေ့ဆုံခဏ်း

ဘို့ကြီးနဲု့ ချိုထောင်၊ ကုန်းခေါင်ခေါင် ဟိုအချက်၊

လှည်းကွက်ချည်း ရုန်း-နိုင်ပေါင်။

နွားမတွေ ဟိုတစ်စု၊ ချိုတစ်ခုမျှ မပါပေါင်၊

ဘို့ ဆိုတာ ဝေလာဝေး၊

ခွါလေးက သေးမြှောင်မြှောင်၊ ကိုယ်ကောင်က လှီကင်း၊

နွားမတွေ ထိုတစ်သင်းရယ်က၊

လှည်းပေါ်မှာ ကုန်တွေသွင်း၊ ရုန်း-ချက် ကပြင်း ။

ဒါယိကာမများသည် ယုံယုံကြည်ကြည်နှင့် ဟိုနှယ် ဒီနှယ် မတွေးဆပဲ ဆရာသမား ဆုံးမသွန်သင် ပြသ သည့်အတိုင်း သံသယကင်းကင်း ရှင်းရှင်းထားကာ နောက်မဆုတ်တမ်း အားထုတ်ကြသည်နှင့် တရားတွေ့လွယ်သော်လည်း ရဟန်းတော်များနှင့် လူဒါယကာများသည် မိမိတို့ကလဲ ပညာ ဗဟုဿုတ နှင့် ပြည့်စုံသင့်သလောက် ပြည့်စုံထားကြတော့ နှိုင်းချိန် စဉ်းစားနေတာနဲ့ တရားမတွေ့လွယ်ကြောင်း ကို စွန်းလွန်းဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဆရာတော်ဘုရားကြီးထံ နည်းခံ အား ထုတ်ခဲ့ဖူးသော သထုံအပိုင် ခရွဲရွာဆရာတော် ဘုရားက စပ်ဆိုထားခဲ့တဲ့ စာချိုးတပိုဒ်ပါ။

( ယင်းဆရာတော်ကား နှယ်နှယ်ရရ မဟုတ်ပါပေ၊ သေက္ချတောင်ဆရာတော် ဦးတိလောက ၊ ဦးဥတ္တမ နှင့် ခရွဲဆရာတော်သုံးပါး တို့သည် စိတ်တူကိုယ်တူ " ဒီဘ၀ ဒီခန္ဓာကိုယ်နှင့် တစ်မဂ် တစ်ဖိုလ် ရအောင် အားထုတ်ကြမည်၊ သတ္တ၀ါတွေကို ကောင်းကင်ကနေပြီး တရားဟောနိုင်မှ ပြန်ကြ တော့မယ် " ဟု စိတ်ပိုင်းဖြတ်ကာ တရားရှာ ထွက်ခဲ့ကြဖူးသည်။ နောက်ပိုင်း ဒုက္ခအမျိုးမျိုး တွေ့ပြီး လိုရင်းကိစ္စ မပြီးမြောက်နိုင်တာနှင့် ပြန်လှည့်ခဲ့ရသည် ဟု ဆို၏။

ပြန်လာပြီး နောက်ပိုင်း၌ စွန်းလွန်းဆရာတော်ကြီးသည် ဘယ်လိုနည်းနဲ့မှ ဘယ်လို ပုဂ္ဂိုလ်ကမှ သိမ်သမုတ်လို့ မရ တောကြမ်းသည် ဟု နာမည်ကြီးနေသော သထုံမြို့ နေမိန္ဓရ တောင်တော်သို့ သိမ်သမုတ်ရန် ကြွလာသည့် အခိုက်၌ သိမ်သမုတ်ခြင်းကိစ္စလည်း ပြီးစီးအောင်မြင်ပြီဖြစ်ရာ အထက်ပါ ခရွဲဆရာတော်က သမထတည်ထောင်ပုံ၊ စသည်ဖြင့် နိဒါန်းပြိုး မေးမြန်းလေတော့သည်။ ထိုအခါ စွန်းလွန်းဆရာတော်က အရှင်ဘုရား ဟောဟို ကွမ်းအစ်ထဲမှာ ကွမ်းရွက် ဘယ်နှစ်ရွက်ရှိသလဲ ဖြေနိင်ပါသလား ဘုရား ? ဟု မေးသည့်အခါ တပည့်တော် အဲဒီလောက်အထိ အာရုံမပြုနိုင်သေးပါဘု ရား ဟု လျောက်ထားတော့မှ ကွမ်းရွက် ဘယ်နှစ်ရွက် ရှိသည် ဟု စွန်းလွန်းဆရာတော်က ဖြေကြားတော်မူလေသည် )

နောက်တဖန် မာတုဂါမများ တရားထူးရကြပုံနှင့် ပက်သက်၍ တင်ပြပါအုံးမည်၊ အနာဂါမ် ဒေါ်ငွေဘုံ ဟု ကျော်ကြားနေသူ မင်းကွန်းဆရာတော်ဘုရားကြီး၏ တပည့်မတစ်ယောက် သည် မောင်ရင်ပေါ်ချောက်တွင် တရားပေါက်၍ ရဟန်းကိစ္စပြီးသော ပုဂ္ဂိုလ်တပါးရှိကြောင်း ကြားသိရ သည်နှင့် ဟုတ် မဟုတ် စုံစမ်းလိုသည်ဖြစ်ရာ စွန်းလွန်းဆရာတော် သီတင်းသုံးနေရာ မောင်ရင်ပေါ် ချောက်သို့ လာရောက်လေသည်။ ဆရာတော်၏ တပည့် ဒကာ များသည် ဆ၇ာတော်နှင့် ဒေါ်ငွေဘုံ တို့ ၏ အမေးအဖြေများကို နားထောင် ကြားနာလိုသည်ဖြစ်၍ ကျောင်းသို့ လာရောက်စုရုံးနေစဉ်ပင် ဒေါ်ငွေဘုံလည်း ရောက်ရှိလာလေသည်။

ဒေါ်ငွေဘုံ ရောက်ရှိစဉ်ခဏ မေးခွန်းများ မမေးမှီကပင် စွန်းလွန်းဆရာတော်သည် ပရိကံ မှ မဂ်ကျသည် အထိ သဘာဝကျကျနှင့် အမိန့်ရှိတော်မူသည့်အပြင် ဆက်လက်မေးလျောက်မည့် ၀ိပဿနာ အကြောင်းအရာ များကိုပါ တစ်ခုမကျန် ကြိုတင်ဖြေဆိုတော်မူလေသည်။ ထိုအခါ ဒေါ်ငွေဘုံက အရှင်ဘုရား၏ တရားကျင့်စဉ် လမ်းတလျောက်တွင် သတိကို အဓိက ထားခြင်းသည် သဘာဝ ကျလှပါသည်ဘုရား ဟု လျောက်ထားကာ '' ဒါမှ ငါ့သား - ဒါမှ ငါ့သား " ဟု လက်ခမောင်း ခတ်ကာ ၀မ်းမြောက်ဝမ်းသာ ထခုန်သောအခါ စွန်းလွန်းဆရာတော်က " သားတော်ချင်ရင် ကျွေးမှ - အမေ တော်မှာ " ဟု ပြန်လည် အမိန့်ရှိတော်မူလေသည်။

ဒေါ်ငွေဘုံသည် နောက်တနေ့တွင် ကျောင်းတွင်းရှိ သံဃာတော်များအား ဆွမ်းကပ် လှူဒါန်း၍ သာဓု အနုမောဒနာ ပြုပြီးမှ ပြန်သွားလေသည်။

( သူက ငါ့ထံကို ချက်ချင်းမလာပဲ ကျောင်းဝိုင်းထဲက ဇရပ်တစ်ခုမှာ တည်းခိုပြီး စုံစမ်းနေတုန်း ငါက သူမေးမည့် ပုစ္ဆာတွေကို အာရုံပြုထားပြီး ဖြစ်လေတော့ ကြိုတင်ဖြေဆိုနိုင်တာပေါ့၊ သူမေးမဲ့ ဟာတွေဟာ မခေလှဘူး၊ သဘာဝကျလှတယ်၊ စာလဲတတ်တယ်၊ ၀တ်စားနေထိုင်ပုံ သပ်သပ် ရပ်ရပ် နဲ့ တည်ကြည်တဲ့ အမူအရာ ရှိတယ် လို့ ဒေါ်ငွေဘုံကို စွန်းလွန်းဆရာတော်ကြီးက ချီးမွမ်း တော်မူခဲ့ဖူးလေသည်။

ကျမ်းကိုး။ ။ စွန်းလွန်းဆရာတော် အတ္ထုပ္ပတ္တိ နှင့် တရားအားထုတ်နည်း

Read more...

အိပ်မက်မက်ခြင်း…

zayar: အိပ်မက်မက်ခြင်း ၊ သေငယ်ဇောမျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့ သို့  ရောက်ခြင်းကို အဘိဓမ္မာသဘောနှင့် ရှင်းပြပေးပါ ။ တပည့်တော်သင်္ဂြိုဟ် ၉ ပိုင်းမှာ ဘုံပိုင်းအထိတော့ လေ့လာဘူးပါတယ်း အဲဒီကိစ္စကို မစဉ်းစားတတ်လို့ ပါ။

အဖြေ။ ။အိပ်မက်မက်ခြင်း…

တနည်း
၁… ကြိုဖြစ်မှာကိုမက်ခြင်း…
၂… သွေးလေချောက်ချားလို့မက်ခြင်း…
၃… စွဲလမ်းလို့မက်ခြင်း…
၎… နတ်တို့ ဖန်ဆင်းလို့ မက်ခြင်း…

တနည်း
မနောဒွါရမှာ အာရုံထင်တတ်တာနဲ့ပါတ်သက်ပြီး မဟာဂန္ဓာရုံဆရာတော်ဘုရားက ဒီလို လင်္ကာစီထားတာ တွေ့ရပါတယ်…

တွေ့ အကြား၊ နှစ်ပါးရယ်နှင့်၊ စပ်၍ကြုံ၊
သဒ္ဓါယုံ ကိုယ့်အကြိုက်ကယ်နှင့်၊
ခြင်းရာကို ကြံကာနှိုက်၊ ကိန်းဆိုက်အာရုံ၊
ဉာဏ်အမှု ကြံ၍ရှု၊ နှစ်သက်ပုံ ကံအဟုန်တန်ခိုး၊
ဓါတ်ခေါဘံ၊ နတ်များငယ် ဆော်ဖန်လို့၊
လျော်ကန်တော်မှန် သိတာကြောင့်၊
ဘ၀င်မှာ ထင်လာငြိရတယ်၊ ကျမ်းရိုးလက်ရှိ။

အဓိပ္ပါယ်ကတော့…
ကိုယ်တိုင်တွေ့ကြုံ ဖူးတာတွေဟာ အာရုံထင်လာတတ်ပါတယ်…
သူများပြောသံ ကြားဖူးတာတွေဟာ အာရုံထင်လာတတ်ပါတယ်…
သူတစ်ပါးပြောဟောတာကို ယုံကြည်ခြင်းကြောင့် အာရုံထင်လာတတ်ပါတယ်…
မိမိကြိုက်နှစ်သက်ရာတွေလည်း အာရုံထင်လာတတ်ပါတယ်…
ကြံစည်စဉ်းစားတာတွေဟာ အာရုံထင်လာတတ်ပါတယ်…
ကံကြောင့်လည်း အာရုံထင်လာတတ်ပါတယ်…
တန်ခိုးကြောင့်လည်း အာရုံထင်လာတတ်ပါတယ်…
သွေးလေ ဓါတ်ချောက်ချားလို့လည်း အာရုံထင်လာတတ်ပါတယ်…
ရူးနေသူဟာလည်း အာရုံမျိုးစုံ ထင်လာတတ်ပါတယ်…
နတ်တွေကြောင့်လည်း အာရုံထင်လာတတ်ပါတယ်…

သေကာနီးထင်တဲ့ အာရုံကတော့…
ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ပါးပါး ဖြစ်နိုင်ပါတယ်…
ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှ အာရုံတို့ကို ကမ္မနိမိတ်လို့ခေါ်ပါတယ်…
အဲဒီအာရုံတွေဟာ အဆင်းအသံ စသည်ဖြင့် အာရုံခြောက်ပါးလုံး ရတတ်ပါတယ်…
ကမ္မနိမိတ်မှာ ပဓာနအာရုံနဲ့ အပဓာနအာရုံဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားပါတယ်…

ဥပမာ…
ဘုန်းကြီးကို ဆွမ်းလှူတယ် ဆိုပါစို့…
ဘုန်းတော်ကြီးက ပဓာနအာရုံဖြစ်ပြီး…
ဆွမ်း ဆွမ်းဟင်းစသည်က အပဓာနအာရုံလို့ ခေါ်ပါတယ်…

ကျောင်းလှူဘူးတယ်ဆိုရင်လည်း ကျောင်းကြီးက ပဓာနအာရုံဖြစ်ပြီး…
အတွင်းပစ္စည်း ကုလားထိုင်စသည် အသုံးအဆောင်တို့က အပဓာနအာရုံလို့ ခေါ်ပါတယ်…

နတ်ပြည် ငရဲပြည်စသည် အာရုံများကတော့ သွားရမည့်နေရာတွေ ဂတိနိမိတ်အနေနဲ့ ပေါ်တတ်ပါတယ်…
အဲဒီမှာလည်း နိမိတ်နှစ်မျိုး ခွဲထားပါတယ်…
တိုက်ရိုက်ရောက်မည့်အရပ် လူ့ဘုံ နတ်ဘုံ ငရဲဘုံစသည်ကို ဥပလဘိတဗ္ဗ လို့ ခေါ်ပြီး…
ရောက်သည့်ဘုံမှာ သုံးဆောင်ရမည့် အခြံအရံပစ္စည်းများကိုတော့ ဥပဘောဂလို့ခေါ်ပါတယ်…
ငရဲမီး ငရဲထိန်း နတ်သား မင်းသမီး ဥယျာဉ် စသည်တို့ ဖြစ်ပါတယ်…

ဒီလိုထင်မြင်လာတာတွေကတော့ အကျိုးပေးမည့် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အစွမ်းကြောင့်သာ ဖြစ်ပါတယ်…

လေ့လာလို့ သိသလောက် ကျဉ်းကျဉ်းလေးသာ ပြောပြခြင်း ဖြစ်ပါတယ်…
များများလေ့လာကြပါ လေ့လာကြတာ ၀မ်းသာပါတယ်…


အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...
ဦးလောကနာထ
၂.၁၄.၂၀၁၁

Read more...

အညာသိကောဏ္ဍညဟု တွင်ရခြင်းနှင့် အလှူဦး ကိုးမျိုး

..... ဘုရားကိုယ်တော်မြတ် ရွှေနှုတ်တော်က ‘အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော - အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား၊ အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား’ ဥဒါန်းကျူးရင့်တာကို စွဲပြီးသကာလ နောက်တချိန်၌ အရှင်ကောဏ္ဍညကို ‘အညာသိကောဏ္ဍည’လို့ ခေါ်တယ်။

ဘာပြုလို့တုန်းဆိုတော့ ‘ခါဏုကောဏ္ဍည’တို့ဆိုတာ ရှိသေးတယ်။ သစ်ငုတ်ကြီးလို့ အထင်ခံရတဲ့ ဦးကောဏ္ဍညက ရှိသေးတော့ ဒီအရှင်ကောဏ္ဍညကိုတော့ ‘အညာသိကောဏ္ဍည’လို့ မြတ်စွာဘုရားက ‘အညာသိ ဝတ ဘော ကောဏ္ဍညော’လို့ ဥဒါန်းအကျူးခံရတဲ့ ကောဏ္ဍညလို့ သိသာအောင် ဒီဘုရားသာသနာမှာဖြင့် လူ့ပြည်လောက,က အစဆုံး ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်ပါပဲတဲ့။

ဘာပြုလို့ အစဆုံး ကျွတ်တမ်းဝင်တုန်း။ အတိတ်ဘဝက သူ့ကောင်းမှုတွေ ရှိခဲ့တယ်နော်။
အတိတ်ဘဝက ပါရမီပြည့်စုံလို့ သာဝကဗောဓိဆုကြီး ပွင့်ခါနီးဖြစ်တဲ့ မကြာမီ တစ်ခုသော ဘဝက သူတို့ ညီနောင်နှစ်ယောက် ကောင်းမှုကုသိုလ် အတူတူ ပြုခဲ့ကြတယ်။

အဲဒီလို ပြုခဲ့ကြတဲ့ နေရာမှာ - အရှင်ကောဏ္ဍညအလောင်းအလျာ အစ်ကိုကြီးက လယ်သမားဘဝမှာ လယ်လုပ်တော့ ဒီကနေ့ မျိုးကြဲတော့မယ်ဆိုပြီးတော့ မျိုးထုတ်လာရင် မျိုးဦးဆိုပြီး အဲဒီထဲက တစ်ဆုပ်နှစ်ဆုပ် စသည် ယူပြီးတော့ အဲဒါလည်း လှူလိုက်တန်းလိုက် ကျွေးမွေးလိုက်တာပဲတဲ့။ သူက အဦး ဒီလို လှူတယ်။ (၁ - မျိုးဦးအလှူ)

အဲဒီ မျိုးဦးကျွေးပြီးတော့ လှူပြီးပြီ တန်းပြီးပြီဆိုတဲ့အခါကျတော့ စိုက်လိုက်လို့ စပါးပင်လေးပေါက်၊ အဲဒီထဲက စပါးနှံလေးထွက်၊ နို့ရည်ကလေးရယ်လို့ ရောက်လာရင်ပဲ သူ့ညီကို တိုင်ပင်တယ်။ “ဟေ့ ... တို့စပါးပင်တွေ အနှံထွက်လာပြီ။ နို့ရည်တွေ ရောက်လာပြီ။ တို့ လှူကြအုန်းစို့လားကွယ်” ... ဒီလို ပြောတဲ့အခါကျတော့ ညီဖြစ်တဲ့ပုဂ္ဂိုလ်က “စပါးဖြင့် ခုမှ အနှံထွက်စ၊ အင်မတန် သူဖျက်ဆီးချင်တယ်။ သဘောမတူနိုင်ဖူး ကိုကြီးရယ်”လို့ ပြောတော့။ အစ်ကိုကြီးဖြစ်တဲ့ ပုဂ္ဂိုလ်က ဒီလိုဖြင့် ငါလှူချင်သလို လှူရမှာ မဟုတ်ဘူး။ ဒီတော့ ယခုအချိန်ကပဲ တစ်ဝက်ခွဲမှပဲဆိုပြီး သူတစ်ပိုင်း ကိုယ်တစ်ပိုင်း ဒီလို ခွဲခဲ့တယ်။

အဲဒီတော့ အစ်ကိုကြီးက မိမိပိုင်တဲ့ အပိုင်းက စပါးမှာ အနှံထွက်လို့ နို့ရည်လေးတွေ ဝင်လာရင်ပဲ အဲဒါ နို့ရည်လေးတွေ ညှစ်၊ သကြားတို့ တင်လဲတို့ ထောပတ်တို့နဲ့ ဖျော်ပြီးတော့ ကျွေးမွေး လှူတန်းခဲ့တယ်။ ဒါလဲ အဦးပဲ။ နို့ရည်ဦးတဲ့။ (၂ - နို့ရည်ဦးအလှူ)

အဲဒီ နို့ရည် တော်တော်ခဲလို့ မုန့်ဆမ်းလုပ်လောက်ပြီ ဆိုတဲ့အခါကျတော့လည်း မုန့်ဆမ်းဦးဆိုပြီးတော့ တခါတည်း အဦးဆုံး လှူလိုက်ပြန်တာပဲတဲ့။ (၃ - မုန့်ဆမ်းဦးအလှူ)

စပါးဘဝမှာပင် တော်တော်ကြာတော့ စပါးတွေ ရင့်လို့ စပါးရိတ်ပြီဆိုတော့ ပထမဆုံး ရိတ်လိုက်တဲ့ လက်ဆုပ်ကို လှူလိုက်တာပဲ။ (၄ - ရိတ်ဦးအလှူ)

ကောက်လှိုင်းထုံးပြန်ပြီဆိုတော့ ပထမကောက်လှိုင်းထုံးဟာ သူလှူဖို့ ထားလိုက်တာပဲ။ လှူလိုက်တာပဲ။ (၅ - ကောက်လှိုင်းဦးအလှူ)

ကောက်လှိုင်းထုံးပြီးတော့ လှည်းနဲ့တိုက်နိုင်တဲ့ ပုဂ္ဂိုလ်က ရှိတယ်။ လှည်းနဲ့ မဟုတ်တော့ ငါးလှိုင်း ဆယ်လှိုင်း စသည်ကို တစ်ဝန်တစ်ဖွဲ့ ဖွဲ့ပြီးသကာလ ခေါင်းနဲ့ရွက်ယူတဲ့အခါမှာလည်း ပထမဆုံးဖွဲ့တဲ့ ပထမဝန်ကိုဖြင့် သူလှူရန်ပဲတဲ့။ အဦးပဲဆိုပြီး လှူတယ်။ လှူချင်တဲ့ပုဂ္ဂိုလ်ကျတော့နော်။ (၆ - ဝန်ဖွဲ့သယ်ယူဦးအလှူ)

အဲဒီကနေပြီးသကာလ ကောက်နယ်တလင်းထဲမှာ ချပြီးတော့ စပါးနယ်။ အဲဒီလိုအခါမှာလည်း ပထမဆုံးနယ်လို့ရတဲ့ စပါးအဦးကလေးကို သူစုထားတယ်။ တလင်းဦးတဲ့။ (၇ - တလင်းဦးအလှူ)

အဲဒီတလင်းဦးထဲကနေပြီးတော့ တော်တော်ကြာတော့ စပါးလှေ့လို့ အမှိုက်သရိုက်တွေ စင်ကြယ်ပြီဆိုတဲ့အခါကျတော့ အဲဒါ လှေ့ဦးယူပြန်ပြီ။ လှူပြန်ပြီ။ (၈ - လှေ့ဦးအလှူ)

အဲဒီ စပါးလှေ့ဦးပြီးသကာလ ကျီထဲသွင်းတော့မယ်ဆိုတော့ ပထမဆုံး ထမ်းလာတဲ့ စပါးကို ကျီဦးဆိုပြီးသကာလ လှူပြန်တယ်။ (၉ - ကျီဦးအလှူ)

အဲဒီလို အဦးကိုးချက် နေရာ နေရာတိုင်းက အဦးအဖျားယူပြီးတော့ လှူဒါန်းတဲ့အတွက် ဒီဘုရားသာသနာမှာ သူကား အစဆုံး သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီးသကာလ ကျွတ်တမ်းဝင်ရတဲ့ တပည့်ဖြစ်ပါတယ်တဲ့။

အဲဒီလို ညီအစ်ကိုနှစ်ယောက်ရှိကြတဲ့အနက် ညီငယ်ကတော့ အစ်ကိုကြီးလို အဦးတွေ ခဏ ခဏတော့ မလှူနိုင်ဘူး။ စပါးသိမ်းပြီးတဲ့ နောက်ကာလကျတော့မှ တစ်ကြိမ်ထဲပဲ နောက်ဆုံးမှ လှူတော့မယ်ဆိုတဲ့ အဲဒီစေတနာဖြင့် သူကလည်း လှူပါ၏။ သို့သော် လှူတဲ့သူက နောင်တချိန် ဒီဘုရားသာသနာတော်ကျတော့ နောက်ဆုံး ပစ္ဆိမသာဝကဖြစ်တဲ့ အရှင်သုဘဒ္ဒကြီး လာပြီး ဖြစ်တယ်တဲ့နော်။

အဲဒီစပါးကို ကိုးကြိမ်လှူခဲ့တဲ့ အစ်ကိုကြီးကတော့ သာဝကဦးဖြစ်တဲ့ အရှင်ကောဏ္ဍည ဖြစ်ခဲ့ပါတယ်။
ဒါပေမယ်လို့ အဲဒီကောင်းမှုကလေးတင် ကွက်ပြီးတော့ မကြည့်လေနဲ့နော်။
သူတို့ ဆုတောင်းကိုက ဟိုတုန်းက လာခဲ့တဲ့ ဆုတောင်းအတိုင်း လာခဲ့တာ။
ဒါပေမယ်လို့ ပါရမီပြည့်လို့ ပါရမီအထွတ်တပ်တော့မယ်ဆိုတဲ့အခါကျတော့ သူတို့ဖြစ်မယ့် ဗောဓိဉာဏ်ရဲ့ ပွင့်မယ့် အစီအမံအတိုင်း အဦးကိုးချက်လှူရတယ်။ နောက်ဆုံးမှ လှူတယ်ဆိုတဲ့ အကြောင်းတွေဟာ ဖန်တီး ဖန်တီးပြီးတော့ ပြောစရာဖြစ်ပေါ်၍ လာရတာပါပဲတဲ့။


(မင်းကွန်းဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်” မှ)

+++++

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် စနေနေ့ဝယ် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ဆရာတော် အရှင်စက္ကိန္ဒက “ဓမ္မစကြာ”သင်တန်းကို သင်ကြား ပို့ချပေး၏။



ဓမ္မစကြာသင်တန်းပြီးနောက် ညနေ ၅ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပရာ အရှင်နန္ဒဝံသက အမှတ်မှား, အသိမှား, အယူမှားတို့မှ ကင်းဝေးကြစေလိုကြောင်း “အလိမ်ညာဘေးမှ ကင်းဝေးကြပါစေ”တရားတော်ကို ဟောကြား ချီးမြှင့်၏။



ရေကန်အတွင်း တောဘဲငန်းများကို မိမိပိုင်ဆိုင်သော ယဉ်ကျေးသည့် ရွာဘဲငန်းများအဖြစ် ထင်မှတ်နေသူတစ်ဦးအတွက် အချိန်တန်လျှင် တောဘဲများ ပျံသွားမည့်အရေးနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း လင်္ကာများဖြင့် မှတ်သားဖွယ် ဟောကြားသွား၏။





ဥပုသ်စောင့်သွား၊ တရားနာ ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
သားနဲ့သမီး၊ ဇနီးနဲ့ပျော်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။

သတိပဋ္ဌာန်တရား၊ ပွားများရန် ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
သားနဲ့သမီး၊ ပစ္စည်းနဲ့ပျော်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။

ဥပုသ်စောင့်သွား၊ တရားနာ ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
မြေးထိန်းမြစ်ထိန်း၊ အေးကိန်းမပေါ်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။

တရားပွဲပြီးသော် ငါးမိခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။
0 comments

Read more...

Buy Bharat Ek Khoj |Discovery of India


PRATYAHARA


PRATYAHARA PRATYAHARA is the first process in the mental part of our task. The previous practices, Asana, Pranayama, Yama, and Niyama, are all acts of the body, while mantra is connected with speech: Pratyahara is purely mental.

And what is Pratyahara? This word is used by different authors in different senses. The same word is employed to designate both the practice and the result. It means for our present purpose a process rather strategical than practical; it is introspection, a sort of general examination of the contents of the mind which we wish to control:

Asana having been mastered, all immediate exciting causes have been removed, and we are free to think what we are thinking about. A very similar experience to that of Asana is in store for us. At first we shall very likely flatter ourselves that our minds are pretty calm; this is a defect of observation.

Just as the European standing for the first time on the edge of the desert will see nothing there, while his Arab can tell him the family history of each of the fifty persons in view, because he has learnt how to look, so with practice the thoughts will become more numerous and more insistent.

As soon as the body was accurately observed it was found to be terribly restless and painful; now that we observe the mind it is seen to be more restless and painful still. ("See diagram opposite.") A similar curve might be plotted for the real and apparent painfulness of Asana. Conscious of this fact, we begin to try to control it: "Not quite so many thoughts, please!" "Don't think quite so fast, please!" "No more of that kind of thought, please!" It is only then that we discover that what we thought was a school of playful porpoises is really the convolutions of the sea-serpent.

The attempt to repress has the effect of exciting. When the unsuspecting pupil first approaches his holy but wily Guru, and demands magical powers, that Wise One replies that he will confer them, points out with much caution and secrecy some particular spot on the pupil's body which has never previously attracted his attention, and says: "In order to obtain this magical power which you seek, all that is necessary is to wash seven times in the Ganges during seven days, being particularly careful to avoid thinking of that one spot."

{diagram on page 26, nothing else, graph with following text beneath: BD shows the Control of the Mind, improving slowly at first, afterwards more quickly. It starts from at or near zero, and should reach absolute control at D. EF shows the Power of Observation of the contents of the mind, improving quickly at first, afterwards more slowly, up to perfection at F. It starts well above zero in the case of most educated men. The height of the perpendiculars HI indicates the dissatisfaction of the student with his power of control. Increasing at first, it ultimately diminishes to zero.} course the unhappy youth spends a disgusted week in thinking of little else. It is positively amazing with what persistence a thought, even a whole train of thoughts, returns again and again to the charge.

It becomes a positive nightmare. It is intensely annoying, too, to find that one does not become conscious that one has got on to the forbidden subject until one has gone right through with it. However, one continues day after day investigating thoughts and trying to check them; and sooner or later one proceeds to the next stage, Dharana, the attempt to restrain the mind to a single object. Before we go on to this, however, we must consider what is meant by success in Pratyahara.

This is a very extensive subject, and different authors take widely divergent views. One writer means an analysis so acute that every thought is resolved into a number of elements (see "The Psychology of Hashish," Section V, in Equinox II). Others take the view that success in the practice is something like the experience which Sir Humphrey Davy had as a result of taking nitrous oxide, in which he exclaimed: "The universe is composed exclusively of ideas." Others say that it gives Hamlet's feeling: "There's nothing good or bad but thinking makes it so," interpreted as literally as was done by Mrs. Eddy. However, the main point is to acquire some sort of inhibitory power over the thoughts. Fortunately there is an unfailing method of acquiring this power.

It is given in Liber III. If Sections 1 and 2 are practised (if necessary with the assistance of another person to aid your vigilance) you will soon be able to master the final section. In some people this inhibitory power may flower suddenly in very much the same way as occurred with Asana.

Quite without any relaxation of vigilance, the mind will suddenly be stilled. There will be a marvellous feeling of peace and rest, quite different from the lethargic feeling which is produced by over-eating. It is difficult to say whether so definite a result would come to all,or even to most people. The matter is one of no very great importance. If you have acquired the power of checking the rise of thought you may proceed to the next stage.

From - MEDITATION THE WAY OF ATTAINMENT OF GENIUS
Posted by Prashant Soul-One at 4:19 AM 40 comments

Read more...

The Great Qualities of The Buddha


Now, let’s try to see the great qualities of Bhodhisatta[1] or Buddha. Actually, there are many Buddha’s qualities because he is a Perfected One. Ten Perfections are well-known as the qualities of Buddha. I now enumerate those, namely,
I. Generosity- he cultivated and performed any generosities not only material things such, giving alms, clothes, his possessions to others, but also offered his personal life, such as his own flesh, eyes, ears, legs, heart, kidney and even his life ( ex. In the Mahakapi Jataka) to others those who want or need and to free from dangers and sufferings. The Buddha gave great generosity or offering “the gift of truth excels all other gifts.”
II. Morality- he is one who endowed with virtues and morality. It is the basic essential of all meritorious deeds. Leader should be a person who has virtues to do good things for his followers and correct them. Otherwise, he is not worthy person for a leader. He will do any mistakes and wrong things himself, at the result of this his followers or his society cannot become progress and success.

III. Renunciation- he gives up or renounces his wealth and properties and worldly pleasures to get rid of worldly fetters on his way to Enlightenment. To become a Buddha. One who attaches to his properties and worldly pleasures cannot become a Buddha.

IV. Wisdom- one who doesn’t have wisdom or knowledge cannot become a leader. As he was illiterate, he cannot manage anything and cannot guide and show the correct way and correct understanding. No one wants to follow to one who doesn’t have knowledge and wisdom because wisdom can help anyone or any society to develop and progress instantly. The Buddha was a greatest leader because he had fully wisdom and knowledge. For that he can show and guide his followers the way to happiness.

V. Energy or perseverance- leader must have this quality, perseverance. He is not a lazy person not wasting his precious time. He does his jobs right now but not postpones another day. He never gives up anything which is difficult because of his energy. Because of energetic person, five-hundred caravans were survived (ex. In the Apaṇṇak Jātaka) this is the quality of the Buddha.

VI. Tolerance- leader has the endurance of suffering caused others and forbearance of other’s mistakes, scolds, gossiping, insults, abuses, shove and so on. He never become furious one and doesn’t allow thoughts to come his own mind and heart. On the other hand, he corrects them, guides them and show way to the end of suffering. This is the quality of the Buddha, too.

VII. Truthfulness- leader never tell lies and harsh words, malicious words and meaningless talk and frivolous talk and abuse words in his whole life. He always avoid from speaking those kinds of speeches. He never speak those evil speeches which can harm and break others and harmonious and unity of society. On the contrary, leader always says good words such as polite, pleasant, gentle, sincere, truth, sweet and kind words, which can develop and bring harmonious life and community and happiness, not only to his followers but also to all living beings. Leader knows that “a harsh word can wound more deeply than weapons.[2] the greatest leader, the Buddha, taught “a pleasant speech is so sweet like honey, truthful speech is so beautiful like a flower and unpleasant and untruthful speeches are unwholesome like filth.” This is a quality of the Buddha.
VIII. Determination- leader must has a strong determination or resolution to face and overcome any difficulties and problems so that to get immense achievements. One who doesn’t have such strong determination will easily give up any difficulties and problems and even if not much difficulties and problems as well without using his even a small effort. Leader, the Buddha, has unshakeable and (sturdy) strong determination. For instance, “although my skin, my bones and my nerves and my flesh will waste away and my blood go dry I wouldn’t leave and stand from this seat till I have gained the Enlightenment, Highest Wisdom which leads to real Happiness, Nibbāna.” This is also a great quality of the Buddha.

IX. Loving-kindness- it can bring and produce happiness and peace in both our and other’s mind. Leader, the Buddha, has full of loving-kindness to all living beings not only to his followers who are Buddhists but also other religious people. Buddha always treated and embraced to all living beings without differentiation and distinction of caste, race, rich, poor, beauty, ugly, color and creed and so on. He treats all as his own son, Rāhulā even his greatest personal enmity, Devadatta. As we know, In the Kāraṇīya Metta Sutta, the Buddha said “just a mother would protect her only child, at the risk her own life, even so let him cultivate boundless heart towards all livings.”
“Mātā ythā niyam putta, Māyusā eka putta mnu rakkhe Evampi sabba bhūtesu, Mānasam bhāvaye apari mānam.[3]
“let thoughts of boundless of love pervade the whole world or universe, above, below, across and any directions without any obstruction, without any hatred and without any enmity.”
“Mettanca sabba lokasmin, mānasam bhāvaye apari mānam, uddham adho ca tiriyanca, asambādham avera’ masapattam[4]
The Buddha has this great quality, too.

10- Equanimity- it is not much easy to for me to explain for this and not easy to cultivate this quality. The literally meaning is “Having a balanced mind which withstands both pain and pleasure, praise and blame and fame and defame and happiness and sorrow.” this means when leader is doing something which is beneficial and useful for welfare of others, he definitely has to face good and bad situations and environment or society, at the time, he doesn’t need to care of them but he has to do his work until to achieve without hesitation.

While he is doing the benefits of living beings, he would undoubtedly face “Eight Vicissitudes”, namely, “gain (lobho) Loss (alobho) fame (yaso) defame (ayaso) praise (pasamsa) blame (nandi) happiness (sukha) sorrow (dukkha).” Sometimes, he is so happy, at the time, he satisfy himself much but is unhappy or sorrow, too, by this time, he extremely depress and downhearted by nature. This is unavoidable or inevitable in this world. He has to understand and cultivate equanimity like greatest leader, the Buddha. This is a quality of Buddha, too.

We can find other qualities of the Buddha known as “Nine fold Virtues the Buddha”
1. Worthy One.
2. Fully Enlightened One
3. Endowed with wisdom and conduct.
4. Well-farer, sublime.
5. Knower of the three worlds.
6. Incomparable leader of persons to be tamed.
7. Teacher of gods and men.
8. Awakened One
9. Holly One.

Another important quality of the Buddha is “yathā vādī tthā kārī” “what he says, he practice it.”
“Do not do evils, Do good deeds, entirely purified His own mind”
(ဥယျာဉ်မှူးလေး)


[1] On who is cultivating and developing Ten Perfections to become a Buddha is called Bhodhisatta.
[2] This is one of the ancient proverbs.
[3] According to Myanmar Buddhist Pāli Text.
[4] According to Myanmar Buddhist Pāli Text

Read more...

အပြစ်ပြောသူကို ချစ်သောသူလို့ မှတ်ထင်နိုင်ပါစေ



ဆုံးမသင့်ရာ၊ ဆုံးမပါ၊ ခါခါဘယ်မပြတ်။

ယုတ်မာအကျင့်၊ မပြုလင့်၊ တားသင့်သည်သာမှတ်။

ထိုဆုံးမမှု၊ တားသည့်သူ၊ ဂုဏ်ယူချစ်ခင်အပ်၊

ထိုကျင့်မူရာ၊ သူယုတ်မာ၊ စိတ်မှာမကျေနပ်။

ရှိတတ်သည်များ၊ သတိထား၊ မမှားလွန်မွန်မြတ်။

~~~~~~~~~~~~ ~~~~~~~~~~~~

လူတို့သည် မိမိအား အပြစ်ဟု သဘောထားနိုင်သည့် စကားမျိုးကို ဆိုပြောလာလျှင် မနှစ်သက်နိုင်၊ လက်ခံလိုက်နာခြင်း။ ပြုပြင် ပြောင်းလဲခြင်း စသည်များကို လုပ်ဆောင်ခြင်း မရှိကြပါပေ။

အမှန်တကယ် အကျိုးလိုလားစွာ စိတ်ထားဖြင့် ပြောစေကာမူ မိမိအပြစ်ဟု ဆိုပါချေက ထိုပြောသူကို ပြန်လည်ကာ အမျက်ပွားခြင်း၊ မုန်းတီးသောစိတ်များဝင်ခြင်းနှင့် ထိုသူအား ဆက်ဆံရေး နယ်ပယ်တွင် မြင်တွေ့လိုသောစိတ်များ ကုန်ခမ်းခြင်း အနေအထား ရောက်တတ် ကြသည်မှာ ဓမ္မတာပင်။ အပြစ်ကို အပြစ်ဟုမြင်သာ ထင်ရှားအောင် ထောက်ပြ ပြောဆိုသူတို့သည် အကယ်စင်စစ် မိတ်စစ် မိတ်ကောင်းအမှန်ဖြစ်၍၊ အပြစ်တည်းဟူသော အညစ်အကြေး အတင်မခံရစေရန် သတိပေးပြောဆိုခြင်း မရှိသူတို့မှာ မိတ်တုမိတ်ယောင်သာ ဖြစ်ကြပေရာ အမှားကျူးလွန်သူဖြစ်ခါ အနည်းနှင့်အများ ဒုက္ခဆင်းရဲ ရောက်စေရန် ရေငုံနှုတ်ပိတ် နေတတ်ကြသည်။

လူတို့၏ သဘောမှာကား မှားမှန်းသိသော်လည်း ထိုအမှားကိုပင် ခုံမင် နှစ်ခြိုက် ပြုလိုက်ရမှ ကျေနပ်နှစ်သိမ့်နိုင်ကြသည့် အနေအထားရှိကြသည်၊ မတားဆီး မိပိတ်ပင်၊ လိုက်လျော တိုက်တွန်းပြုသူကိုပင်လျှင် ခုံမင်နှစ်ခြိုက်ကာ ပိုမိုပေါင်းသင်းဆက်ဆံကြလေသည်။

ထိုသဘော စိတ်ထားမျိုးရှိသူတို့ကို ဘုရားအမှူးရှိသော သူတော်မြတ် သူတော်စင်တို့က လူမိုက်အနေဖြင့်စွဲထင် ပယ်လတ်ကြကုန်ပြီး၊ အမှန်စင်စစ် ပညာရှိသူတော်စင် သူတော်မြတ် ဖြစ်ပါမူ ပြုပြင်သော ဆုံးမခြင်း သက်ဝင်သည့် အပြစ်ပြောစကားတို့ကို လေးစားစွာ နှစ်လိုနာယူခြင်း ရှိကြပြီး ပြုပြင်ပြောင်းလဲ ဆင်ခြင်ခြင်းများနှင့်အတူ ထိုသူကိုပင် ကျေးဇူးတင် ရှိကာ လေးစားမြတ်နိုးမူ ထားကြသည်ပင်။

ဗုဒ္ဓရှင်တော်၏ လက်ယာတော်ရံ အဂ္ဂသာဝကကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် သာမည သာမဏေငယ်လေး၏ အမှတ်မထင် ပြောဆိုသည့် စကားတစ် ခွန်းကိုပင် အလေးအနက်ပြုကာ ပြုပြင်ရုံမျှမက နောက်တွင်လည်း ထိုသို့မြင်သိသော ချို့ယွင်းမှုတို့ကို အသိပေး ပြောဆိုပါရန်ကိုလည်း မိန့်ဆို တော်မူခဲ့ဖူးပေသည်။

ဤသည်ကား မွန်မြတ်တော်မူလှသည့် သူတော်သူမြတ်တို့၏ သဘောထားနှင့် စိတ်မြတ်တရား တို့ပင်ဖြစ်သည်။

ဆုံးမသွန်သင် လမ်းကောင်းမြင်နိုင်ဖို့ ညွှန်ပြသည့် သဘောအနေဖြစ်သော အပြစ်ကို ထောက်ပြခြင်းများကို နှစ်လို နာယူနိုင်ခြင်း မရှိချေက သူတော်စင်တို့၏ ပစ်ပယ်ခြင်းနှင့် လက်တွေ့ ကြုံကြရမည့် အမှားလမ်းတို့သည်သာဖြစ်လျက် လူမိုက်စာရင်း အပ်နှင်းပြီးသူ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ထိုလူမိုက်စာရင်းဝင် လူမျိုး မဖြစ်ကြစေရန် မိမိတို့၏ ချို့ယွင်းချက်များကို စေတနာမှန် စိတ်ထားမှန်ဖြင့် အမှားကင်းစေသော လမ်းကို ညွှန်ပြနိုင်သူ၊ ညွှန်ပြသူတို့ကို အစစ်အမှန် ရွေးချယ်ပြီး ပေါင်းသင်းကြကာ မိမိတို့ ဘ၀လမ်းကို သန့်စင်သည့်၊ အမှားနည်း သည့် လူမျိုးဖြစ်ကြအောင် ကြိုးပမ်းကြပါဟု…………

ကိုရင်လေး
၁၅.၂.၂၀၁၁

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP