* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, February 15, 2011

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၅ )

(ယခင်လမှ အဆက်)
(မေး) ရုပ်စိတ်တော့ ရှင်းပါပြီ၊ တပည့်တော် သိချင်တာက စိတ်ရုပ်နဲ့မျှလို့ သန္ဓေတည်တော့ ဘယ်ဟာအရင်။
အမူအရာကြည့်ပြီး သိရ---
အာကပ္ပသိဒ္ဓ-သူ့ရဲ့စကားပြောတဲ့အရာကို ကြည့်ရင် ဉာဏ်ရှိတဲ့သူက သူတဖက်သားကို ကောင်းသော စိတ်ဓာတ်နဲ့ ပြောနေတာပဲ။ မှန်းလို့ရတယ်။ မကောင်း မတရားသော စိတ်နဲ့ပြောနေတာပဲ၊ မှန်းလို့ရတယ်။ ဒီလောကကြီးမှာ ဒီလိုမှန်းမှန်းပြီးတော့ပေါ့လေ။ ဒါပေမယ့် ဉာဏ်ရှိတဲ့သူမှ မှန်းလို့ရတယ်နော်။ ဉာဏ်မရှိဘဲ သွားမှန်းလို့ရှိရင် အလွဲတွေ မှန်းတာပဲ။ ဆိုပါတော့ အမျိုးသမီးက သူ့ဘာသာသူ သွားနေတဲ့ဥစ္စာဟာ၊ သူ့ဘာသာသူ ကြည့်တဲ့ဥစ္စာ ငါ့ကို ဘယ်လိုဆိုရင် အနုမာနနဲ့ မှန်းကြည့်ရင် တည့်ချင်မှ တည့်မယ်။ တော်တော်ကြာရင် ပါးချခံရမည်မဟုတ်လား။ ဒီတော့ အနုမာနသိဒ္ဓက ဉာဏ်ရှိမှဖြစ်တယ်။ ဉာဏ်မရှိလို့ရှိရင်တော့ ခုနကလို ဖြစ်တတ် ပျက်တတ်ပါတယ်။

ဘုရားကို ယုံကြည်ပြီးသိရ---
ပစ္စက္ခသိဒ္ဓ-အနုမာနသိဒ္ဓ-အာကပ္ပသိဒ္ဓ၊ အဲဒီ သုံးမျိုးနဲ့ မဟုတ်ဘဲ ဉာဏ်ကလည်း သူတပါးရဲ့ စိတ်ကို သိတတ်တဲ့ ပရစိတ္တ၀ိဇာနနဉာဏ်လည်း မရ၊ အတွင်းကို သိတတ်တဲ့ ဒိဗ္ဗစက္ခုဉာဏ်လည်း မရတော့ သိဒ္ဓေယျသိဒ္ဓ၊ ဒီလောက်ဉာဏ်ကြီးတဲ့ ဘုရားဟောထားတဲ့ဥစ္စာ ဘယ်တော့မှ မလွဲဘူး ဆိုပြီးတော့ ယုံကြည်တော့ကာ ဘုန်းကြီးတို့က ပဋိသန္ဓေဖြစ်တဲ့အခါမှာ စိတ်နဲ့ ခုနက ကမ္မဇကလာပ်စုစည်းတာ၊ စိတ်ကလည်းပဲ ရှေးကံကြောင့်ဖြစ်တဲ့ စိတ်မို့လို့ ဉာဏ်ထက်တယ်။ ဉာဏ်မထက်ဘူးဆိုတဲ့ဓာတ်ဟာ ဒီမှာပါလာတယ်။ စိတ်ကောင်းတယ်၊ စိတ်မကောင်းဘူးဆိုတဲ့ဓာတ်ဟာ ဒီပဋိသန္ဓေစိတ်ထဲမှာ ပါလာတယ်။ အဲဒီလို ပြောနိုင်တာက သိဒ္ဓေယျသိဒ္ဓ၊ ဘုရားယုံကြည်လို့ ပြောနိုင်တာ။ ဒီလောက်ဉာဏ်ကြီးတဲ့ဘုရားဟာ အမှားအယွင်းယွင်း ဘယ်တော့မှ မဟောဘူး။ ဘာပြုလို့တုံး၊ ဘာအကျိုးရှိလို့ ပြောရာ ဟောရမှာတုန်း။ ဒီလိုအနေမျိုးနဲ့ ဘုရားကိုယုံကြည်သောအားဖြင့် ဘုန်းကြီးက ဒါကိုလက်ခံပြီးတော့ သိဒ္ဓဖြစ်တယ်။
******************************************************************************

(မေး) အခုန ကံတရားအကြောင်း ဟောသွားတာ တပည့်တော်က စိတ်ရောဂါနဲ့ပတ်သက်လို့ ၀ါသနာပါတာ။ စိတ်ရောဂါလည်း ကံတရားကြောင့် ဖြစ်သလား။ သို့မဟုတ်-စိတ်ပညာဆရာများအလိုအရ ပတ်ဝန်းကျင်ကြောင့်လား။

(ဖြေ)သူတို့ရဲ့ အယူအဆလေးကို မပြောပေးနဲ့။ ဒါမှ ဘုန်းကြီးတို့ရဲ့ လမ်းစဉ်ကို သိမယ်။ ဒီလိုဆိုပါတော့ မိမိကုနေတဲ့ နေရာတွေမှာ အရူးတွေဘာတွေ တွေ့ရတယ်။ ဒါက ဘုန်းကြီးတို့ကံက အင်မတန် သတ္တိစွမ်းပါတယ်။ တဘ၀လုံး သူ့ရဲ့သတ္တိ ပြန့်နေပါတယ်။ သို့သော်လည်း သူ့သတ္တိက နည်းနည်း ကလေးရယ်၊ ပတ်ဝန်းကျင်က သိပ်များတာပဲ။

ပစ္စည်းပျက်လို့ ရူး---
ဆိုပါတော့ပေါ့။ ပစ္စည်းပျက်လို့ ရူးတယ်။ ပစ္စည်းပျက်လို့ စိတ်တွေ တခါတည်းဖောက်ပြန်သွားပြီးတော့ ရူးတယ်။ သို့ပေမယ့် အရင်းခံ ကံကလေးကတော့ နည်းနည်းလေး လိုက်လာတယ်။ လူတိုင်း ပစ္စည်းပျက်တဲ့ လူတိုင်း ရူးသလားလို့။ ပစ္စည်းပျက်တဲ့လူတိုင်း မရူးပါဘူး။ သူတော့ ရူးလာတယ်။ ဒါဖြင့် ဟိုလူလည်း ပစ္စည်းပျက်တယ်။ သူတော့ ဘာလို့မရူးသလဲ။ သူတော့ဘာလို့ ရူးသလဲ။ ဒီလိုဆိုတော့ မူလကံချင်းက ဓာတ်ချင်း မတူပြန်ဘူး။ ဒီမှာ ရုပ်တွေက ရှိနေသေးတယ်။ ကံကြောင့် ဖြစ်တဲ့ရုပ်တွေက ရှိနေတော့ သျူတော့ ပစ္စည်းပျက်တယ်။

ပတ်ဝန်းကျင်ကြောင့် ရူး---
တခါ စိတ်က အို-ဒါ ပျက်မှာပေါ့။ ပျက်လည်း ဘာဖြစ်လဲ။ ငတ်မသေပါဘူး။ သူက ဒီလိုသွားလိုက်တယ်။ ဟိုတယောက်ကတော့ ပစ္စည်းပျက်တယ်လို့ဆိုတော့ စိတ်ကိုညစ်လို့၊ ငါတော့ လူစဉ်မမီတော့ပါဘူး။ သေတာပဲကောင်းပါတော့တယ်။ လူ့ပြည်မှာ မနေချင်ပါဘူးလို့၊ သူက လွန်ကဲသွားတယ်။လွန်ကဲသွားတော့ ရူးသလိုလို နှမ်းသလိုလို နေရာက ရူးပြီ ရူးပြီတဲ့-ဆိုတော့ အစတုန်းက မရူးတရူး၊ နောက်တော့ သူများက ရူးပြီတဲ့ ရူးပြီတဲ့လို့ သမုတ်လိုက်တော့ အရူးဖြစ်သွားတာပဲ။ ပတ်ဝန်းကျင်က ရူးပြီတဲ့ ရူးပြီတဲ့လို့ မသမုတ်ဘဲနဲ့ ငါက ဘယ်လိုဖြစ်လာတာ။ တနေ့တုန်းက ပျက်တဲ့ပစ္စည်းတွေဟာ ခုပြန်ြီ့းတော့ ဘယ်က ရမတဲ့လဲ စသည်ဖြင့်ပေါ့လေ။ မဟုတ်ပေမယ်လို့ ဖြေဖျော်မှုများ ပေးမယ်ဆိုရင် ရူးကို မရူးဘူး။ အဲဒါကြောင့်မို့ ဘေးက ပတ်ဝန်းကျင်ကြောင့်ဆိုတဲ့ဥစ္စာ အဓိက။

ကံတော့ မကင်းဘူး---
သို့သော်လည်း အခြေခံ ကံကလေးကတော့ မတူကြဘူး။ အဲဒီတော့ ကံက မကင်းစကောင်းဘူးပေါ့။ ကံကြောင့် ရူးတာတော့ မဟုတ်ဘူး။ ပတ်ဝန်းကျင်ကြောင့် ရူးတာ။ သို့သော်လည်း ကံမကင်းဘူး။ မေးသာမေး။ ဘုန်းကြီးက မေးစေချင်လွန်းလို့ကို လက်ခံနေတာ။ ဘာဖြစ်လို့ဆိုရင် အပြည့်အစုံမေးရရင် ဒီပရိသတ်နောက်က ဗုဒ္ဓဘာသာပရိသတ်တွေကလည်း သူတို့သိဒ္ဓေယျသိဒ္ဓနဲ့သာ ယုံကြည်ပြီးတော့ နေတာ။ ဒါကြောင့် ဘုန်းကြီးက မေးသာမေးလို့ မေးစေချင်လွန်းလို့ကို ဘုန်းကြီးက အမေးခံနေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အများ ဒါမှ နည်းနည်း ဉာဏ်ရှင်းလာမယ်။
*******************************************************************************

(မေး) တပည့်တော်တို့ နိုင်ငံခြားတွေ ဘာတွေ သွားတော့ သူတို့က မေးကြတယ်။ စိတ်ရောဂါနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာက ရောဂါဖြစ်ပုံ-ပျက်ပုံ ဘယ်လိုဆိုသလဲ-တဲ့။

(ဖြေ)ခုနကပြောပြီ၊ တချို့ကတော့ ကံကြောင့် သက်သက်ရူးတယ်။ ဘုန်းကြီးတို့ စာထဲမှာ ပဋာစာရာ ရူးတာဝတ္ထုအဖြစ်နဲ့ လာတယ်။

သူဌေးသမီး ပဋာစာရာ---
ပဋာစာရာက နောက်ကို ကောင်းလည်းကောင်းလာတယ်။ မကောင်းခင်ကလည်း အင်မတန် သွက်သွက် လည်အောင် ရူးတဲ့ သူဌေးသမီး။ သူက ပထမဆုံးအိမ်မှာ ခိုင်းထားတဲ့ ကျွန်နဲ့ လိုက်ပြေးလို့ မိဘတွေက အသိအမှတ်မပြုဘူး။ မပြုတော့ သူလွတ်လွတ်မှာ နေတယ်။ လွတ်လွတ်မှာ နေရာက နောက်တော့ မိဘတွေဆိုတဲ့ ဥစ္စာဟာ ဘယ်လိုမှ သားသမီးကိုမပြတ်နိုင်ပါဘူးဆိုပြီးတော့ ဖွားခါနီးကျတော့ မိဘတွေဆီ သွားပါရစေလို့ ခွင့်တောင်းတော့ ယောက်ျားက သူရဲ့အမှားတွေလည်း မြင်နေတာ ဖြစ်တော့ မသွားဝံ့ဘူး။ တောင်းတောင်းပန်ပန်နဲ့၊ မသွားပါနဲ့ မသွားပါနဲ့။ သူကလည်းပဲ သားဦးဖွားရမယ့်ကိစ္စကို နည်းနည်း ကြောက်ကြောက်လန့်လန့် ဖြစ်နေတော့ အမေတို့ အနားမှာ ဖွားချင်တယ်။ ဒါနဲ့ သူတိတ်တိတ် ထွက်ပြေးတယ်။ နောက်တော့ ယောက်ျားက လိုက်ရှာတယ်။ လိုက်တော့ကို လမ်းမှာပဲပေါ့လေ မွေးဖွားပြီးတော့ ကဲ-ဒီကိစ္စနဲ့ သူ့အမေဆီ ပြန်ချင်တဲ့ဥစ္စာ ဒီကိစ္စလည်းပြီးပြီ။ ဘာမှလည်း ရောဂါမဖြစ်တော့ဘူးဆိုပြီး ပြန်သွားတယ်။

ယောက်ျားကို မြွေကိုက်---
ဒုတိယတယောက် ဖွားခါနီးကျတော့ ဒီလိုပဲသွားချင်တယ်။ သွားချင်တော့ ဟိုမှာက ညကြီးမင်းကြီးမှာ ဒီကလည်း ယောက်ျားကလည်း လိုက်လို့မီပါပြီ။ ညကြီးမင်းကြီးဖွားရတယ်။ ဖွားရတော့ မီးတို့ဘာတို့ရဖို့ရန် ထင်းတို့ဘာတို့ အရှာမှာ ယောက်ျားက ပိုးထိလို့ မြွေကိုက်လို့ ဆုံးတယ်။ အဲဒါနဲ့သူက မလာနိုင်၊ မလာနိုင်-နဲ့သာ နေရှာတယ်။ နောက်တော့ မနက်သူလိုက်ရှာတော့ တွေ့နေပြီ။ နောက်တော့ သူ့နေရာ သူပြန်မယ့်အနေမျိုးနဲ့ သို့မဟုတ်-အမေအဖေဆီ ပြန်ဖို့လားတော့ မသိဘူး ပေါ့လေ။ တနေရာသွား ရတော့မယ်။

သားငယ်စွန်ချီ သားကြီးရေနစ်---
သွားတော့ ချောင်းကလေးတခု တွေ့တယ်။ ချောင်းကလေးတခုကို တွေ့တော့ သားနှစ်ယောက်ကို ပိုက်ပြီးတော့ သူမကူးနိုင်ဘူး။ ဒါနဲ့ တယောက်စီ၊ သားကြီးကို အရင်၊ သားငယ်ကလေး အရင် ယူသွားသလားတော့ မသိဘူး။ ဟိုဘက် ချောင်းတဖက်ရောက်ရော။ တယောက်ကဒီမှာ ချောင်းတဖက်မှာ နေတယ်။ အဲဒါရောက်တော့ ပြန်ပြီးတော့ သားတယောက်ကို သားတစ်မှတ်လို့ စွန်ကချီသွားရော။ အဲဒီတင် လှမ်းပြီးတော့ သူလက်ခုပ်လက်ဝါးတီးပြီးတော့ ခြောက်တဲ့ဥစ္စာ သားကြီးက သူ့ကိုခေါ်တယ်လို့ ထင်ပြီး ရေထဲ ဆင်းလာခဲ့တယ်။ ဆင်းလာခဲ့တော့ သားကြီးရေနစ်ပြီးတော့ သေရော။ အဲဒါ ပတ်ဝန်းကျင်ပေါ့။ ပတ်ဝန်းကျင်က လှုပ်ရှားတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်က ကံကြောင့် ဒီလိုဖြစ်လာတာ။ ကံအရင်းခံ ပြီးတော့ ဒီလိုကိုး။

မိဘရော မောင်ရော သေ---
ဒီလိုနေရာမှာ ကံကလည်း တော်တော်ကြီးမားတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကလည်း အင်မတန် ကြီးမားတယ်။ ရူးကိုရူးရှာတယ်။ သူဌေးသမီး။ ပြီးတော့ အဲဒီလို ကယောင်ကတမ်းနဲ့နေရာက ဘာပဲဖြစ်ဖြစ် မိဘတွေတွေ့၊ ပြီးရော ပေါ့လေ၊ ဆိုပြီးလာတော့ မနေ့ညက ငလျင်ကြီးတွေ လှုပ်၊ မိုးကြီးတွေရွာလို့ သူတို့ရဲ့အုတ်တိုက်ကြီး ပြိုပြီးတော့ မိဘနှစ်ယောက်ရော၊ မောင်ရော အုတ်တိုက်ပိပြီးတော့ သေရောတဲ့။ ကဲ-ပတ်ဝန်းကျင် ဘယ်လောက်ဆိုးတုံး။ အဲဒီမှာ သူ့အမိအဖတွေလည်းသေတယ်။ အိမ်လည်းပြိုတယ် ဆိုတော့ ဒီပတ်ဝန်းကျင်ရဲ့ အနေနဲ့ ရစရာမရှိအောင် ရူးသွားတယ်။

တရားဟောလို့ ရဟန္တာဖြစ်---
ဗုဒ္ဓမြတ်စွာတွေ့တော့ ဗုဒ္ဓမြတ်စွာက လောကမှာ မသေလည်းဘဲ အမေဆိုတဲ့ဥစ္စာလည်း တကယ့်အရေးမှာ အားမကိုးနိုင်ပါဘူး။ သေရမယ့်ဘေးဆိုတာ အမေလည်း အားကိုးလို့ မရပါဘူး။ ခုနက သူတွေ့တဲ့ဒုက္ခကို အမေလည်း မတားနိုင်ပါဘူး။ နောက်မှသာ သက်သာအောင် လုပ်နိုင်တာပဲ။ အဖေလည်း မတားနိုင်ပါဘူး။ မောင်ဖားမိဘများလည်း မတားနိုင်ပါဘူး။ ဆွေမျိုးတွေလည်း မတားနိုင်ပါဘူးလို့ ဟောတော့ ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာအရှိန်ကြီးက အင်မတန်ကြီးကျယ်နေတာကိုး။ ဉာဏ်တော်နဲ့ ချော့ချော့မော့မော့ဟောတော့ တခါတည်း အရူးပျောက်ပြီး သူ့ကိုယ်သူ နည်းနည်းရှက်ပြီးတော့ အ၀တ်အစားလေးတွေ ဘာလေးတွေ ၀တ်ချင်လာတယ်။ ၀တ်ပြီးတော့မှ ဗုဒ္ဓမြတ်စွာက တရားဟောလို့ တခါတည်း ဘိက္ခုနီမ, လုပ်ပြီးတော့ ရဟန္တာမ ဖြစ်တယ်။

ကံပတ်ဝန်းကျင်စိတ်---
ပတ်ဝန်းကျင်က အင်မတန်ဆိုးဝါးတယ် ဆိုပေမယ့် ပတ်ဝန်းကျင်ချည်း မဟုတ်သေးဘူး။ တခါတခါ ကံလည်းတော်တော် ဆိုးဆိုးဝါးဝါး လိုက်လာပါတယ်။ ဘယ်သူက အားကောင်း ဆိုတာကတော့ တချို့တချို့လူများအတွက်တော့ ကံကတော်တော် အလေးချိန်စီးလိမ့်မယ်။ တချို့တချို့လူများအတွက် ပတ်ဝန်းကျင်က အလေးချိန် စီးလိမ့်မယ်။ ပတ်ဝန်းကျင်က အလေးချိန်စီးချင်း တူလည်းပဲ ကိုယ့်စိတ်ဓာတ် ခိုင်-မခိုင်ကိုး။ အို ဘယ်နယ်နေနေ သေတော့လည်း သေပစေပေါ့၊ ငါတော့ လူထဲမှာ လူရာဝင်အောင် ကြိုးစားမယ်-လို့ စိတ်တင်းနိုင်လို့ရှိရင် ပတ်ဝန်းကျင်က ဒီလိုဖြစ်ပေမယ့်လို့ သူကမရူးဘူး။ သို့သော်လည်း များသောအားဖြင့်က ဒီလိုဒုက္ခတွေတွေ့ရင်ပဲ ရူးသလိုလို ဖြစ်တတ်တာကိုး။
(ရှေ့လဆက်ရန်)

မဟာဂန္ဓာရုံ ဆရာတော်
(မြတ်မင်္ဂလာ ၂၀၁၀-ခု မေလ)

Read more...

. "Intention and way to become as a Buddha"

It is not much difficult to clearly understand and know that why he became as a Buddha if we have a clearly look and read to the following an immensely meaningful quotation:
“atthāya hitāya sukhāya devamanussānaṁ buddho loke uppajjati.”
“This of course is my own intention to be a greatest leader. That is why; I arose in this universe as a Buddha for the goods and benefits of the many, for the happiness of the many, out of compassion for the world, for the benefit and happiness of gods and men.”
He became as a greatest leader, Buddha for the benefits and goods and happiness of gods and men and living beings, including animals, as well.
As we know, people those who are living in this world are facing any difficulties, problems in their day to day lives. As a matter of fact, they are not happy but sorrow because of those kinds of problems and difficulties which couldn’t produce any even smallest happiness for those. He wished to free from suffering, sorrows and problems all living beings. For this reason, he became as a Buddha try to help and try to make any living beings to belong happy and peaceful lives. Look, how compassionate he is.
In one of his previous stories, he was boon as brahma who was wise and rich named Sumeddha. Later, he renounced his properties and became an astetic who attained Jhāna. At that time, although he had perfects and qualities which can help to attain Arahanthood if he wished, he didn’t have desire to free from the cycle of birth and death alone but he r enounced his personal salvation and wanted to help others to free from the cycle of birth and death which cannot produce happiness and peace but can spring immense suffering.
That is why, he received the assurance from the Dīpinkarā Buddha who interpreted omens that he would definitely become a Buddha named Gotama in the future. From on that period, he practiced and cultivated Dasa Pāramī, ten Perfections[1] to serve and rescued all living beings from the suffering and unhappiness. He desperately cultivated those Ten Perfections countless life, life after life for the welfare of all living beings.
“Mahākāruṇiko hitāya sabba pāṇinam pūretvā pāramī sabbā patto sambhodhi muttamam.[2]
He who is a Great Compassionate One, the protector attained to the Supreme Enlightenment having performed or cultivated all the Perfections for the welfare of all living beings.
The verse can mention and show the real and immensely meaningful intention that why and how he became as a Buddha.
(ဥယျာဉ်မှူးလေး)


[1] Let us see the names and meaning of Ten Perfections in the next chapter, “The Great Qualities of Buddha”
[2] This stanza can be found in the Pubbahṇa Parit.

Read more...

ပန်းနှင့် သူရဲ့ရနံ့

ကမ္ဘာမြေပေါ်မှာ အလွန်လှပတဲ့အရာဟာ ဘုရားရှင်တို့ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကို ကျေးဇူးတင်ရှိခြင်းပဲ ဖြစ်ပါတယ်။ ကလေးများက အရွယ်ရောက်ပြီးသူများ ရှု့မြင်မိတာထက် အလှတရားကို ပိုလို့မြင်ပါတယ်။ သူတို့ရဲ့ တအားကောင်းတဲ့ အတွင်းသန့်ရှင်းဖြူစင်မှုကြောင့် သူတို့တွေဟာ အရာရာတိုင်းမှာ အလှအပကို မြင်ကြပါတယ်။ ဒါ့ကြောင့် သူတို့လေးတွေဟာ အတ္တကမ္ဘာမှာ အေးငြိမ်းတဲ့အတွက် အကျွန်ုပ်တို့ဟာ သူတို့ကို တန်ဖိုးထားရပါမယ့်။ လေးစားမြတ်နိုးရပါ့မယ်။

စိတ်က တိုးတက်လာတဲ့အခါ အဲဒါကလည်းပဲ ပြုစုပျိုးထောင်ပေးမှုအသီးသီးကို ဖြတ်သန်းသွားပါတယ်။ ပြီးတော့ မှားယွင်းမှု အပြစ်အနာအဆာများကို ရှာဖွေဖို့ စတင်ပါတယ်။ အဲဒါက တကယ်လှပပြီး ကောင်းတဲ့အရာ ဖြစ်လျင်တောင် အကျွန်ုပ်တို့ဟာ အရုပ်ဆိုးအကြည်တန်မှုနှင့် မသန့်ရှင်းမစင်ကြယ်မှုကိုပဲ မြင်ချင်ကြပါတယ်။ အကယ်၍ ကျွမ်းကျင်ပြောင်မြောက်တဲ့ ပန်းချီပန်းပုစတဲ့ အနုပညာရှင်က တစ်ခုခုကို ဖန်တီးပြီးပြီဆိုလျင် အကျွန်ုပ်တို့က မူမမှန်ချက်များကို ရှာဖွေပါတော့တယ်။

သို့စေကာမူ ကလေးတွေဟာ သူ့တို့ရဲ့ တကယ့်ကိုယ်ပိုင်အဖြစ် အရာရာတိုင်းကို သတ်မှတ်ပါတယ်။ တကယ်ပါပဲ သူဟာ လူတိုင်းနဲ့အရာရာတိုင်းအပေါ် အလှတရားကို မြင်ပါတယ်။ အခြားအရာများနဲ့နှိုင်းယှဉ်ကြည့်လိုက်ယင်တော့ သူ့မှာ ဘာမှမရှိဘူးလို့ ထင်ရပါတယ်။ အတွင်းကမ္ဘာမှာတော့ အရာရာတိုင်းဟာ လှပနေပါတယ်။

ဘုရားရှင်တို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဘုရားရှင်တို့ရဲ့အလှအပဟာ ခွဲထုတ်လို့မရပါ။ ချစ်ခြင်းမေတ္တာဟာ ပန်း ဖြစ်ပါတယ်။ အလှအပကတော့ ရနံ့ဖြစ်ပါတယ်။ သူတို့ဟာ အတူတကွသွားပါတယ်။ ပန်းတပွင့်ဟာ ဒြပ်ရှိအရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းဟာ သူ့ရဲ့အရည်အသွေးကို ပေးနိုင်စွမ်းရပါ့မယ်။ အဲဒါကတော့ သူ့ရဲ့ ကိုယ်ပိုင်ရနံ့ပဲ ဖြစ်ပါတယ်။

သင်ဟာ ပန်းတစ်ပွင့်ရဲ့အနီးသို့ ရောက်ရှိလာမှသာလျင် သင်က အဲဒါရဲ့အလှအပကို တွေ့မြင်ပါလိမ့်မယ်။ တန်ဖို့းထားပါလိမ့်မယ်။ ဒါပေမယ့် သင်က အဝေးမှာဖြစ်နေယင်တောင်မှ အဲဒီရဲ့ရနံ့ကတော့ လေထဲမှာ စိမ့်ဝင်ပျံ့နှံ့နေနိုင်ပါတယ်။ ပန်းတစ်ပွင့်ဟာ ရနံ့တစ်ခုခု မရှိလျင် သူ့ရဲ့ဂုဏ်ကျေးဇူးတစ်ဝက်ဟာ ထွက်ခွါသွားပါတော့တယ်။ အလှအပဟာ ချစ်ခြင်းမေတ္တာဖြစ်တဲ့ပန်းမှ ရှေးဦးကြိုတင်လို့ လာပါတယ်။ ပန်းနဲ့ရနံ့ဟာ မခွဲမခွါ တစ်ခုတည်းတစ်ပေါင်းတည်း ဖြစ်ပါတယ်။

ကမ္ဘာမြေကြီးရဲ့ငိုငြီးသံနဲ့ ကောင်းကင်ဘုံရဲ့ပြုံးရွှင်မှုက တွေ့ဆုံကြုံကြိုက် အသိအကျွမ်းဖြစ်သွားတဲ့အခါ အလှအပရဲ့ပြည့်စုံမှုဟာ အရုဏ်ကျင်း မိုးလင်းသွားပါတယ်။ ပျော်ရွှင်မှုဟာ အကျွန်ုပ်တို့အားလုံးက ဖမ်းယူချင်တဲ့ ငှက်တစ်ကောင် ဖြစ်ပါတယ်။ ဒါဟာ အကျွန်ုပ်တို့အားလုံးက ပျံသန်းနေတာကို တွေ့မြင်ချင်တာတူညီတဲ့ ငှက်မျိုးပဲ ဖြစ်ပါတယ်။

သာယာမှုအလိုဆန္ဒနဲ့ပျော်ရွှင်မှုကြားထဲမှာ ခြားနားထားသလား? တကယ်တော့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုများစွာက ၀မ်းသာကျေနပ်မှုကို အမြဲတမ်း လိုက်ပါလေ့ရှိပေမယ့် သာယာမှုအလိုဆန္ဒကိုတော့ အားမလိုအားမရဖြစ်ခြင်းက လိုက်ပါလာလေ့ ရှိပါတယ်။ ပြင်ပပျော်ရွှင်မှုနဲ့ အတွင်းပျော်ရွှင်မှုဆိုပြီး ပျော်ရွှင်မှု နှစ်မျိုးရှိပါတယ်။ အဲဒီကြားထဲမှာ နုးညံ့တဲ့ခြားနားမှု ရှိပါတယ်။ ပြင်ပပျော်ရွှင်မှုရဲ့ပိုင်ရှင်ဟာ အခြားတစ်ဦးတစ်ယောက်မဟုတ်သလို အကျွန်ုပ်တို့ ကိုယ်တိုင်လဲမဟုတ် -ဆိုတာ အကျွန်ုပ်တို့ ခံစားမိပါတယ်။ အကျွန်ုပ်တို့ဟာ တကယ့်မကြာခဏဆိုသလို အခြားသူများထံမှ အဲဒီပျော်ရွှင်မှုကို ဆွဲယူလုယူချင်ကြပါတယ်။

အတွင်းပျော်ရွှင်မှုက အဲဒီအရာလိုမဟုတ်ပါ။ အကျွန်ုပ်တို့က ကမ္မဌာန်းတရားကို အားထုတ်တဲ့အခါ ဒါမှမဟုတ် အာရုံပြုစဉ်းစားဆင်ခြင်တဲ့အခါ အဲဒီအချိန်မှာ အကျွန်ုပ်တို့ဟာ ပျော်ရွှင်မှုရဲ့ဝိညာဉ် ဖြစ်တယ် - ဆိုတာ အကျွန်ုပ်တို့ ခံစားမိပါတယ်။ အတွင်းမှာ အကျွန်ုပ်တို့ပိုင်ဆိုင်တဲ့ဒီပျော်ရွှင်မှုဟာ ရေပန်းတစ်ခုလို ဖြစ်ပါတယ်။ ဒါက အလိုအလျောက် သဘာဝဖြစ်ပါတယ်။ အတွင်းပျော်ရွှင်မှုဟာ စိုးရိမ်ကြောက်လန့်ခြင်း မရှိပါ။ လိုအပ်တဲ့ဆန္ဒရှိလျင် မျက်စိတစ်မှိတ်အတွင်း လျက်တပြက်အတွင်း အကျွန်ုပ်တို့လူသားသဘာဝကို ပြောင်းလဲနိုင်ပါတယ်။

အကျွန်ုပ်တို့ဟာ တစ်စက္ကန့်အတွက်ပင် မှန်ကန်တဲ့အတွင်းပျော်ရွှင်မှုကို တွေ့ကြုံခံစားရမယ်ဆိုလျင် ကမ္ဘာကြီးဟာ လုံးဝကွဲပြားခြားနားတယ်ဆိုတာ- အကျွန်ုပ်တို့ ခံစားမိပါလိမ့်မယ်။ ကမ္ဘာကြီးဟာ အဆက်မပြတ် တိုက်ခိုက်နေခြင်းနဲ့ မလှပတဲ့အရာအားလုံးကို ပြုလုပ်နေပါတယ်။ အဲဒီအတွက်ကြောင့် အကျွန်ုပ်တို့ဟာ ပျော်ရွှင်မှုရှိချင်တယ်ဆိုလျင် ဖန်တီးခံလက်ရာ သက်ရှိသက်မဲ့အရာအားလုံးရဲ့ အချို့သောရှု့ထောင့်အားလုံးဆီသို့ အကျွန်ုပ်တို့ရဲ့ အခြေအနေများကို ပြုပြင်ပြောင်းလဲရပါလိမ့်မယ် - ဆိုတာ ခံစားမိပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့ရဲ့ အတွင်းပျော်ရွှင်မှုဖြင့် ကမ္ဘာကြီးကို ကြည့်ရှု့နိုင်တဲ့အခါမှသာလျင် ကမ္ဘာကြီးဟာ ပြောင်းလဲသွားခဲ့ပြီးပြီဆိုတာ- အကျွန်ုပ်တို့က တွေ့မြင်ရပါလိမ့်မယ်။

အကျွန်ုပ်တို့ဟာ ဒီအတွင်းပျော်ရွှင်မှုကို ဘယ်လို ရရှိနိုင်မလဲ? အတွင်းပျော်ရွှင်မှုဟာ အကျွန်ုပ်တို့ဘ၀ရဲ့ ၀င်သက်တစ်ရှု-ထွက်သက်တစ်ရှိုက်ဖြစ်တယ်- ဆိုတာ တကယ်သတိပြုမိတယ်ဆိုလျင်, အကျွန်ုပ်တို့ဟာ ပျော်ရွှင်မှုမရှိဘဲ မတည်နိုင်ဘူး- ဆိုတာ ခံစားမိတယ်ဆိုလျင်, ပြီးတော့ အကျွန်ုပ်တို့ဟာ အဲဒီပျော်ရွှင်မှုမရှိလျင် တကယ့်အခိုက်အတံ့အတွင်း သေဆုံးလိမ့်မယ်- ဆိုတာ ခံစားမိလျင်, - အဲဒီနောက် အကျွန်ုပ်တို့ကိုးကွယ်ရာ ဘုရားရှင်က သူ့ရဲ့ရွေးချယ်ထားတဲ့ ပျော်ရွှင်ဖွယ်ဖြစ်တဲ့ ကောင်းချီးမင်္ဂလာကို အကျွန်ုပ်တို့အပေါ့် ကြဲဖြန့်ပါတော့တယ်။

စစ်မှန်တဲ့ပျော်ရွှင်မှုဟာ အကျွန်ုပ်တို့က အရှိကိုအရှိအတိုင်း အမြဲမပြတ်အဆက်မပြတ် သတိထားမိခြင်းအသိမှ လားရောက်ပါတယ်။ အကျွန်ုပ်တို့ဟာ တစ်နေ့ ၂၄-နာရီကြာ ကမ္မဌာန်း မထိုင်နိုင်ပါ။ ဒါပေမယ့် အကျွန်ုပ်တို့ စိတ်ကူးစိတ်သန်းရဲ့ စွမ်းအားများနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ဟာ ဘ၀ရဲ့ဖြစ်တည်လာမှုကို ကျေနပ်နှစ်သက်စွာ လက်သင့်ခံသဘောထားခြင်းဖြင့် တစ်နေ့ ၂၄-နာရီကြာ ခံစားသုံးဆောင်မိဖို့ပဲ ဖြစ်ပါတယ်။

Read more...

ရှေ့လ (၃)ရက်နေ့ပြန်ခဲ့မည်

Monday, 14 February 2011 13:00


အမေ...

တစ်နှစ်တစ်ခါ၊ သားမျက်နှာကို

မြင်ပါရလို၊ တောင်းဆုဆိုသည့်

အမိဆန္ဒ၊ ပြည့်စေရဖို့

ရှေ့လ သုံးရက် ပြန်ခဲ့မည်။

အမေ...

ရဟန်းမိခင်၊ ဖြစ်ပါချင်ကြောင်း

ဆုတောင်းသမျှ ၊ အမေ့ဆန္ဒလည်း

ယခုဘဝပြည့်စေ့မည်။

အမေ...

ရဟန်းမိခင်၊ မဖြစ်ခင်က

ပလ္လင်အလှူ၊ အမေလှူ၍

လှူသည့်ပလ္လင်၊ ဓမ္မခွင်ဝယ်

တင့်တယ်ရွှင်လန်း၊ သားရဟန်း၏

ဟောညွှန်းမြွက်ဖော်၊ တရားတော်ကို

နာပျော်ရလို၊ တောင်းဆုဆိုသည့်

အမိဆန္ဒ၊ ပြည့်စေရဖို့

တရားဓမ္မလည်း ဟောပါမည်။

အမေ...

အမေ့လက်ရာ၊ ချွေးနဲစာဖြင့်

ကောင်းရာဖွေလျှက်၊ ကိုယ်တိုင်ချက်သည့်

ဟင်းခွက်ပူပူ၊ ဆွမ်းပူပူလည်း

ကြည်ဖြူမေတ္တာ၊ ပို့သကာဖြင့်

ကောင်းစွာဘုဉ်းပေးချင်ပါသည်။

အမေ...

တစ်နှစ်တစ်ခါ၊ သားမျက်နှာကို

မြင်ပါရလို၊ တောင်းဆုဆိုသည့်

အမိဆန္ဒ၊ ပြည့်စေရဖို့

ရှေ့လ သုံးရက် ပြန်ခဲ့မည်။

အရှင်ဝိသာရဒ (ရမ္မာဝတီ)

Last Updated on Monday, 14 February 2011 16:36

Read more...

ဘုန်းတော်ကြီးကျောင်း နေ့အလိုက် ဆွမ်းအလှူရှင်များ...

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်၏ ဆွမ်းကိစ္စအတွက် လှူဒါန်းကြသည့် နေ့အလိုက် ဆွမ်းအလှူရှင်များကို အများကြည်ညိုသဒ္ဓါ ပွားနိုင်ကြစေရန် တင်ပြအပ်ပါသည်။
  • တနင်္ဂနွေနေ့ >> United Brothers စတိုးနှင့် စားသောက်ဆိုင်
  • တနင်္လာနေ့ >> ကိုကျော်ကျော်မင်း
  • အင်္ဂါနေ့ >> ကိုဇေယျာတင့်၊ ကိုမျိုးမင်းသန့် (ပထမပတ်၊ ဒုတိယပတ်)ရွှေကမ္ဘာမိသားစုနှင့်ကိုရဲကျော်သူ သူငယ်ချင်းတစ်စု (တတိယပတ်၊ စတုတ္ထပတ်)
  • ဗုဒ္ဓဟူးနေ့ >> ကိုထွန်းထွန်းလင်း
  • ကြသပတေးနေ့ >> ကိုရီးယားယောဂီ 이현주
  • သောကြာနေ့ >> ကိုသန်းဌေး
  • စနေနေ့ >> ကိုလင်းထိန်ဝင်း၊ ကိုလင်းလင်းစိုး
သီးသန့် ဆွမ်းစာရိတ်အလှူရှင်များ = ကိုလှထွန်း၊ ဂယောင်ဆန် စက်မှုဇုန် မြန်မာလူငယ်များ

Read more...

မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့်ဖင်လန်နိုင်ငံမှဘူမိဗေဒပညာရှင်များကအတည်ပြု ဘာကြောင့်ပါလိမ့်

ကျနော်တို့ မြေကြီးရဲ့ေမြေအောက်အလွှာတွင် ရွေ့လျှားမှုအကြောင်းလေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှဘူမိဗေဒပညာရှ
င်များနှင့် ပြည်ပကငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့
နော်ဝေးနိုင်ငံမှဘူမိဗေဒပညာရှင်များရယ်ပူးပေါင်းပြီး...ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား
နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ် ။ ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအေညက်အနက်ကိုးမိုင်အရောက်မှာဇာတ်လမ်းက
စတော့တာပဲ။ ပူးပေါင်းတွင်းတူးအဖွဲ့ ခေါင်းဆောင် ဆိုဗီယက်ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့ လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်
ဟာ ထိန်းမရအောင်တုန်ခါလာတာကိုတွေ့ ရှိရပါတယ် ။ ဘာကြောင့်တုန်ခါသလဲဟုစစ်ဆေးကြ
တဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကိုရောက်
နေလို့  ထိမ်းမရအောင်လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ ရှိပါတယ် အဲဒီအခါမှာတော့လုံးဝမခံ
မရပ်နိုင်အောင်နာကျင်တယ်လို့  အော်ဟစ်နေကြတဲ့အသံကိုစတင်ကြားရပါတယ်။ ပထမတော့သူတို့ ရဲ့တွင်းတူးစက်နဲ့  ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်
ထား ကြပေမဲ့ သေချာစူစမ်းပြီးနားထောင်တဲ့အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာကြားနေ
ရတယ်အသံတွေဖြစ်တာကြောင့် နားတွေတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့ ကဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကိုတွင်းထဲချပြီး အသံဖမ်းနားထောင်တဲ့အခါမှာတော့
မခံမရပ်နိုင်အောင်အော်ဟစ်နေတဲ့လူတစ်ယောက်ရဲ့အသံကို သဲသဲကွဲကွဲစတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့ အတူလူပေါင်းထောင်ပေါင်းများစွာ သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာဒေါက်တာ ဒီမီထရီအက်ဇာကော့အပါအ၀င်.တခြားပညာရှင်တွေရော..တွင်းတူးလုပ်သားတွေပါ
အံ့သြတုန်လှုပ်မှုများစွာဖြစ်ခဲ့ရပါတယ် အဲဒီအသံတွေကိုအလွန်ဆွဲအားကောင်းတဲ့အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကိုဆက်မလုပ်တော့ပဲ တွင်းပေါက်ကိုအဖုံးဖုံးပြီးပိတ်ထားလိုက်ကြတယ်။ ဒါဟာငရဲကိုတွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ့ လောကကိုဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။“ ကျနော်အခုခင်ဗျားတို့ ကိုပြောပြနေတဲ့ဟာတွေကတွင်းတူးအဖွဲ့ ခေါင်းဆောင်
ဒေါက်တာ ဒီမီထရီအက်ဇာကော့ နဲ့ တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ ရဲ့ ပြောကြားချက်တွေပါပဲ“ဒီသတင်းတွေကိုဖင်လန်နိုင်ငံကအင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ်စာစောင်ကရေးသားဖော်ပြကြတယ် ။ ဒီကျနော်တို့ ကမာမြေကြီးရဲ့အောကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ပူအိုက်စွတ်စိုတဲ့တောဟာ ဖာရင်ဟိုက်အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲရှိတယ်။
မြေကြီးအောင်ကိုးမိုင်အကွာကအပူချိန်ဒီဂရီဖာရင်ဟိုက် 2000ရှိတယ်လို့ တွက်ချက်သိရှိရတယ် ။ သူတို့ မူလခန့် မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို့ တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် ကဆိုပါတယ်.။
တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့်ဘူမိဗေဒပညာရှိချုပ် တို့ ဟာ နော်ဝေးနိုင်ငံရဲ့အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့သတင်းစာကြီးက 1990ခုဇန်န၀ါရီလ4ရက်နေ့ မှာ
တွေ့ ဆုံမေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ်ပြောတာတွေကိုသတင်းစာမှာရေးသားဖော်ပြခဲ့ကြတယ် ။အဲဒီသတင်းစာမှာတော့...
ဒီကမာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာတကယ်ရှိနေပြီ တွင်းတူးတွေ့ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။
ဒီလိုတွေ့ ရှိမှုတွေပြီးတဲ့ နောက်မှာ နော်ဝေးနိုင်ငံနဲ့  ဖင်လန်နိုင်ငံမှ.ဘူမိဗေဒပညာရှင်တချို့ ..အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လိုသတင်းစာတွေမှာရေးသားဖော်ပြခဲ့ ကြတယ်။ အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့နိုင်ငံခြားသား
အားလုံးကို. တွေ့ ရှိချက်အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင်မထားတော့ပဲ. ပြည်ပကိုပြန်ပို့ လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကိုကြားတဲ့အခါမှာ ဆိုဗီယက်အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက်သာသနာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။
ဒါပေမဲ့ ငွေဘယ်လောက်ဆိုတာကိုတော့တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကိုမေးလို့ မရခဲ့ပါဘူး။
ခန့် မှန်းရသလောက်ကတော့တစ်ဦးစီကို သိန်းဂဏန်းလောက်ပေးပုံရတယ်လို့  မီဒီယာသမားတွေကထင်မြင်ချင်ဖြင့်ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ့် ကတော့သူရရှိတဲ့ ငွေတွေကိုတပြားတချပ်မှမယူပဲကယ်ဆယ်ရေးလုပ်ငန်းတွေကို လှူဒန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်းပေါက်ကြားတဲ့အခါမှာတော့သူ့ အသက်လဲဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်
ဆိုဗီယက်အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာလှုက်ရှားသံဟု..ဆိုပြီ.ပယ်ချခဲ့ပါတယ်။ နောက်စာတစ်စောင်ကတော့နော်ဝေးနိုင်ငံသားအေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူရေးခဲ့တဲ့စာပါပဲ။ သူဟာ.နော်ဝေးနိုင်ငံ
တရားရေးဝန်ကြီးဌာန၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံတစ်ယောက်လဲဖြစ်တယ် ။ စာရေးတဲ့ နေ့ စွဲက ၁၉၉၀ခု ဇန်န၀ါရီလ ၇ ရက်နေ့ 
သူ့ စာထဲမှာရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမစ်ရုံးပိတ်ရက်မှာသူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ်ရောက်နေချိန်မှာနော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့  ဟောင်းလောင်းပေါက်ဟင်းလင်းပြင်ကိုတွေ့ ရပြီး..လူထောင်းပေါင်းများစွာရဲ့ အော်ဟစ်သံကိုကြားရကြောင်းသတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကိုဟာသဆိုပြီးပြရယ်ပြုခဲ့ပါသေးတယ်ဟုဆိုပါတယ်။ ဒါပေမဲ့မကြာပါဘူး ပြည့်ပြည့်စုံစုံရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကိုဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာအရမ်းအံ့သြတုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံးမှာတော့သူ့ ကို
ဘုရားသခင်ထံမှာအပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။

ကျမ်းည္မန်း။ ။အကုသိုလ်နှင့်ငရဲပြည်ဟူသောစာအုပ်မှ ဘာသာပြန်သူ ဘကြီးဇင်ရေးသားသောစာအုပ်မှဖြစ်ပါသည်။ ကိုရန်နောင်၏ တင်ပြချက်။

အခု အသံဖိုင်ကိုဖွင့်ကြည့်ရင် အရင်ဆုံး ရေဒီယိုကြေငြာသူရဲ့ စကားသံကိုကြားရပါမယ်
...
၁ မိနစ်လောက်နေမှ ငရဲမှ အော်ဟစ်သံကို ကြားရပါလိမ့်မယ် ...
အသံတွေကတော့ လုံးထွေးနေပါတယ် ... နားကြပ်နဲ့နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ်
...
http://www.4shared.com/audio/gLpWvue-/Siberian_hell_sound.html


http://www.youtube.com/watch?v=8iPIXq_jGMQ
Prev: သြကာသ နှင့် ဆုတောင်းအဖွင့်

Read more...

ဘူဂျန်ဗယ်လီသို့ တစ်ခေါက်

မလေးရှားနိုင်ငံမှာ ဟိုးရှေးရှေးတုန်းက ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်လို့ လူအများ ပြောလေ့ရှိကြတယ်။ ပြောသာပြောနေကြရတာ ဘယ်ကဘယ်လို အထောက်အထားတွေ ရှိတယ်မှန်း မသိခဲ့ဘူး။ ဘယ်မှာ စေတီပုထိုးကြီး ရှိခဲ့တယ်၊ ဘယ်မှာ ဗုဒ္ဓကျောင်းဆောင်တွေရှိခဲ့တယ်လို့ ဆိုနိုင်တဲ့ ထင်ရှားတဲ့ အဆောက်အအုံတွေလည်း မတွေ့ဖူးဘူး။ ၇၊ ၀၂၊ ၂၀၁၁-ခုနှစ်မှာ ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာမအိုးကျောင်းဆရာတော်ကြီးနဲ့အတူ ထူးဆန်းတဲ့နေရာတစ်ခုကို သွားခွင့်ကြုံခဲ့ပါတယ်။ ဆရာတော်ကြီးဟာ သက်တော် ၉၂-နှစ်ရှိပြီ ဖြစ်ပေမယ့် လမ်းလျှောက်နေနိုင်ပါသေးတယ်။ ထူးဆန်းတဲ့နေရာဆိုတာကတော့ ပီနန်းမြို့ကနေ ၁-နာရီခန့် ကားစီးသွားရတဲ့ ဘူဂျန်ဗယ်လီ (Bujung Valley) ဆိုတဲ့အရပ်ပါပဲ။

တောတောင်တွေ ထူထပ်တဲ့အရပ်ဒေသလေး ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ လျှောက်လည်ကြည့်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ ခန့်က အပျက်အစီးတွေကို တွေ့ခဲ့ရတယ်။ စာရေးထားတာကတော့ များသောအားဖြင့် ဟိန္ဒူကျောင်း၊ ဟိန္ဒူအထိမ်းအမှတ်…စသည်တွေပဲ များပါတယ်။ လက်တွေ့အဆောက်အအုံဟောင်းတွေကို လိုက်ကြည့်တော့ ဟိန္ဒူကျောင်းထက် ဗုဒ္ဓဘာသာကျောင်း၊ ဗုဒ္ဓဘာသာအဆောက်အုံတွေ၊ စေတီတွေများ ဖြစ်နေမလားလို့ သံသယဖြစ်မိပါတယ်။ ကိုယ်ကလည်း သမိုင်းပညာရှင်မဟုတ်လေတော့ ထူးထူးခြားခြား အကဲမဖြတ်တတ်ပါဘူး။ စိတ်ထဲမှာ ထင်နေတာပဲ ရှိပါတယ်။ စာဖတ်သူတွေလည်း ဓာတ်ပုံတွေ ကြည့်ကြည့်ပေါ့။

အဲဒီ အပျက်အစီးတွေ မှတ်တမ်းမှာ အားလုံးနီးပါးကို ဟိန္ဒူသင်္ကေတတွေလို့ မှတ်တမ်းတင်ထား၊ ကောက်ချက်ချထားတာ များပေမယ့် တစ်ခုကတော့ ဗုဒ္ဓဘာသာ အဆောက်အအုံလို့ ကမ္ဗည်းတင်ထားပါတယ်။ နှစ်ကာလကိုတော့ အေဒီ ၅-ရာစုလို့ သက်မှတ်ပေးထားပါတယ်။ အချို့အပျက်အစီးတွေမှာလည်း နှစ်ကာလသတ်မှတ်တဲ့နေရာမှာ အေဒီ ၄-ရာစုကနေ ၁၂-ရာစုလို့ သတ်မှတ်တာ များပါတယ်။ ဒီတော့ အေဒီ ၅-ရာစုခန့်မှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဟာ ခေတ်ပြိုင်ထွန်းကားခဲ့တယ်လို့ ဆိုရမယ်ထင်ပါတယ်။

နောက်များ အချိန်ရရင် မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းလေး ရေးချင်စိတ် ဖြစ်မိပါတယ်။





















Read more...

ဘဝနှင့်ကြာ

ဘ၀မှာ လောကကောင်းကျိုးဖြစ်စေ၊ မိမိကောင်းကျိုးဖြစ်စေ ကြိုးစားနေတဲ့ သူတွေအဖို့ ခက်ခဲ့ 
တဲ့ပြဿနာတွေကိုတစ်ခါတစ်ရံမှာအနည်းနဲ့ အများတွေကြုံရင်ဆိုင်ရစမြဲဖြစ်မှာပါ။ ဤလောကမှာအခက်
အခဲ တွေနဲ့ မတွေ့ ကြုံမဆုံခဲ့ ရဘူးဆိုတဲ့ သူရယ်လို့ တော့ ရှိမယ်မထင်ပါဘူး။ ကြာပန်းလေးတစ်ပွင့် ဟာ
ရေပေါ်သို့ ရောက်ရှိရန် အခက်အခဲ့ မျိုးစုံနဲ့ ရွှံညွန်တွေကို ထိုးဖေါက်ရေထုကြီးကို ဖြတ်သန်းပြီး ရေပေါ်မှာ
ရွှေကြာရယ်လို့ လှပ၀င့်ထည်ခဲ့ တာဟာ သူရဲ့ ကြိုးစာချက်ပဲ့ပေါ့ ။ ဒါပေမဲ့ ကြာပန်းလေးရဲ့ ရေပေါ်သို့ 
ရောက် နိုင်ရေးအတွက် ခက်ခက်ခဲ့ ခဲ့ ကြိုးစားခဲ့ တာတွေကိုတော့ မည်သူမျှစဉ်းစားနိုင်ခဲ့ မှာမဟုတ်ပါဘူး။
ကြာပန်းလေးရဲ့ ရေပေါ်သို့ ရောက်လာတဲ့ အချိန် လှပတင့် တယ်မှုအပေါ်မှာ အမြတ်တနိုးစွဲမက်နှစ်သက်
ကြပြီး ဘုရားမှာကပ်လှုချင်တဲ့ သူရယ်၊ ခေါင်းပေါ်မှာပန်ချင်တဲ့ သူရယ်လို့ အလုအယက် ဈေးပြိုင်ပေးပြီး
တန်ဖိုးတက်စေခဲ့ ပါတယ်။ ဒါပေမဲ့ခွန်အားကုန်ခန်း၍ရေပေါ်သို့ မရောက်ရှိနိုင်ခဲ့ ဘဲ အငုံဘ၀နဲ့  လမ်းတစ်
ဝက်မှာပုတ်သွားကြတဲ့  ကြာပန်းတွေလည်းရှိတတ်ပါတယ်။ လူသားတွေရဲ့ ဘ၀ဆိုတာလည်းကြာပန်းလေး
တွေလိုပဲပေါ့ ။ သက်မဲ့ အရာဝတ္တုလေးတွေတောင် အခက်အခဲ့ တွေနဲ့ ရင်ဆိုင်ကြရတယ်ဆိုရင် သက်ရှိလူ
သားတွေအဖို့ကတော့ ဒီထက်ပိုများပေလိမ့် မယ်။
ကမ္ဘာကျော်စာရေးဆရာ ဒေါက်တာကေသရိံဓမ္မာနန္ဒပြောတဲ့ စကားတစ်ခွန်းကိုအမှတ်ရစေခဲ့ ပါ
တယ် ။ Life is a continuous Journey best with problems. As long as we live in this world, problems and troubles will always be a part and parcel of human experience. ‘ဘ၀ဆိုတာဟာ ခက်ခဲ့ တဲ့ ပြဿနာတွေနဲ့  အကောင်းဆုံးဖြစ်ဖို့ လျှောက်လှမ်းနေရတဲ့  ခရီးတစ်ခုပါ။
ဤလောကမှာ ငါတို့ နေထိုင်နေစဉ် ခက်ခဲ့ တဲ့ ပြဿနာဒုက္ခတွေဟာ လူ့ လောကအတွေ့ အကြုံရဲ့ အစိတ်
အပိုင်းတစ်ခုပဲဖြစ်ပါတယ်” တဲ့။ သစ္စာရောင်ခြည်ရဲ့ဆောင်းပါးတစ်ပုဒ်မှကောက်နှုတ်ချက်

Read more...

ဓမ္မသေနာပတိ မောင်းထောင်ဆရာတော်...

အရှင်ဉာဏာဘိဝံသ မထေရ်

ဓမ္မသေနာပတိ သာသနာပိုင် မောင်းထောင်ဆရာတော်...ဂန္ထ၀င်ကျော် ရဟန်းတော်များ



Read more...

အနာဂတ်ကာလ မပွင့်သေးသော ဘုရားများအား ရှိခိုးသင့်၊ မရှိခိုးသင့်

အရှင်ဘုရား-

ယေ စ ဗုဒ္ဓါ အတီတာ စ

ယေ စ ဗုဒ္ဓါ အနာဂတာ

ပစ္စုပ္ပန္နာနဉ္စ ယေ ဗုဒ္ဓါ။

အဟံ ၀န္ဒာမိ သဗ္ဗဒါ။

ဤဘုရားရှိခိုးဂါထာတွင် အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်၌ ဖြစ်တော်၊ ပွင့်တော်မူကုန်သော မြတ်စွာဘုရားတို့အား ရှိခိုးပါ၏ဟု ဆိုလိုရာ ပစ္စုပ္ပန်၊ အတိတ်ဘုရားတို့အား ရှိခိုးခြင်းမှာ ဖြစ်နိုင်သော်လည်း အနာဂတ် မပွင့်သေးသော ဘုရားတို့အား ရှိခိုးခြင်းမှာ သင့် မသင့် သိလိုပါသည် ဘုရား။

ဤပြဿနာကို ရှင်းလင်းဖြေကြားတော်မူပါ အရှင်ဘုရား။

ခင်ထွေးကြီး

စာရေးဆရာမ၊ ရန်ကုန်။

ဤအကြောင်းနှင့် ပတ်သက်၍ ပါရမီခန်းပျို့တွင်-

ဒီပင်္ကရော လောက၀ိဒူ

အာဟုတီနံ ပဋိဂ္ဂဟော

မမကမ္မံ ပကတ္တေတွာ

ပဒက္ခိဏံ ပါဒမုဒ္ဓရိ။

ယေ တတ္ထ အာသုံဇိနပုတ္တာ

သဗ္ဗေ ပဒက္ခိဏမကံသု

နရာ နာဂါ စ ဂန္ဓဗ္ဗာ

အဘိဝါ ဒေတွာန ပက္ကမုံ။

၂၁။ သေဋ္ဌ ဇေဋ္ဌ၊ ကျေးဇူးစသော၊ အပ္ပမေယျ၊ ဤဆုံးမဟု၊ သိရခဲလှော်၊ ကျယ်ဝန်းမြော်သည်၊ နောင်တော်စောထွတ်၊ ဗျာဒိတ်မှတ်သား၊ ရွတ်ခဲ့ကိုယ်တိုင်၊ ငါဖို့ပိုင်ဟု၊ ချက်ရိုင်ကျွတ်သုံး၊ ကြာပြီးဆုံးမှ၊ စက်ဘုန်းလက္ခဏာ၊ တစ်ရာမက၊ စဲစဲလှလျက်၊ ပုံချခတ်နှိပ်၊ ရွှေတံဆိပ်သို့၊ ဦးထိပ်အဖျား၊ ရပ်တံ့နားပြီး၊ ဘုန်းကြီးကြရငှန်း၊ ရှစ်ဆုပ်ပန်းဖြင့်၊ ကြဲဖျန်းလက်ယာ၊ လှည့်ခဲပါ၍၊ စကြာခြေသော်၊ ကြွခဲ့သော်တည့်၊ ထိုရော်အခါ၊ နောက်တော်ပါသည့်၊ အရာခပ်သိမ်း၊ ရှင်လေးသိန်း လည်း၊ ကြည့်စိန်းဖြိုးဖြိုး၊ ဘုရားမျိုးကို၊ စိုက်ပျိုးပေထ၊ သုံးလူဘဟု၊ ရှေ့မှ တလျဉ်း၊ အကြီးစဉ် လျဉ်၊ ရှောင်ကြဉ်ရွံ့ရှာ၊ ပတ်လက်ယာဖြင့်၊ ပါခဲ့ နောက်တော်…”

(ပါရမီ-၇၂။၇၃။)

ဆိုလိုသည်မှာ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာ ရှင်ရသေ့အား နောင်အခါ ဘုရားဖြစ်လတ္တံဟု ၀ယတ ဗျာဒိတ် ပေးတော်မူပြီးလျှင် ဤသူသည် ဘုရားလောင်းတည်းဟု ပန်းရှစ်ဆုပ်ဖြင့် ပူဇော်ပြီးလျှင် ခြေတော်ဖြင့် လက်ယာရစ် ကွေ့ဝိုက် အရိုအသေပေးပြီ၊ ကြွတော်မူ ၏ ။ နောက်ပါ ရဟန္တာလေးသိန်းတို့ကလည်း ဒီပင်္ကရာမြတ်စွာဘုရား အတူပင် လက်ယာရစ်ဝိုက် အရိုအသေပေးကာ ကြွတော်မူကြလေ၏ဟု ဆိုလိုပါသသည်။

နောင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာ့မင့်မှ ပွင့်တော်မူမည့် သုမေဓာ ရှင်ရသေ့ ( ဂေါတမဘုရား အလောင်း) အား ဒီပင်္ကရာ မြတ်စွာဘုရားကိုယ်တော်တိုင်နှင့် ရဟန္တာလေးသိန်းတို့ လေးလေးစားစား လက်ယာရစ်ကြွသွား၍ ပူဇော်ခဲ့ကြောင်း ဆိုပေရာ အနာဂတ် မြတ်စွာဘုရားတို့အား ရှိခိုးပူဇော်သင့်ကြောင်း အထူးဆိုဖွယ်ရာ မလိုတော့ပေပြီး။

ထို့ပြင် စေတိယာကျင်း၊ မြေအခင်း၊ ပဉ္စင်းရှိခိုးအပ်လိမ့်နည်း ဟူသော ပုစ္ဆာအဖြေတိဖလသမဏစိန္တာကျမ်း (၄င်း ၆၅၅) တွင် နောင်တည်လတ္တံသော စေတီကိုရည်မှတ်၍ တည်လတ်အံ့သော မြေအရပ်ကို ရဟန်း၊ ပဉ္စင်းပင် ရှိခိုးအပ်၏ ဟူသော အဖြေ၌-

ထေရောမဟာ စေတိယဋ္ဌာနံ ပုပ္ဖေဟိပု ဇေတွာ ၀န္ဒိ

ပါရာဇိကံအဋ္ဌကထာအနက်ကား-

ထေရော- မဟိန္ဒအမည်ရှိသော ရဟန္တာမထေရ်မြတ်သည်၊ မဟာစေတီ ယဋ္ဌာနံ- မဟာစေတီတည်လတ္တံသော မြေအရပ်ကို၊ ပုပ္ဖေဟိ- ပန်းတို့ဖြင့်၊ ပူဇေတွာ- ပူဇော်၍၊ ၀န္ဒိ- ရှိခိုး၏။

မေတ္တေယျ စသော သမ္မာသမ္ဗုဒ္ဓ ဘုရားတို့ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါ ဘုရားတို့ကိုလည်းကောင်း ဘုရားဖြစ်သော ခဏကို ရည်မှတ်၍ ရှိခိုအပ်၏။

ထို့ကြောင့် ၀ိမတိ ၀ိနောဒနီဋီကာ၍-

“အနာ ဂတေ ပန မေတ္တယျာဒိဗုဒ္ဓ ပစ္စေကဗုဒ္ဓါစ ဗုဒ္ဓဘာဝ က္ခဏ ဥဒဿ ၀န္ဒိတဗ္ဗာဝ သဘာဝေနေ ၀ိသိဋ္ဌပုဂ္ဂလတ္တာတိ ဂဟေတဗ္ဗံ “ ဟု မိန့်အပ်ပြီး။

ပုထုဇဉ်ရဟန်း ဂဟဋ္ဌဖြစ်သူ လူတို့မှာ ဆိုဖွယ်ရာမရှိ၊ ရှိခိုးအပ်သည်သာတည်းဟု မှတ်လေ။

ယခုအခါ အုတ်ပုံကို ရှိခိုး၍ အကျိုးမရှိ ဟူသော မိစ္ဆာတို့၏ စကားကို ယောင်မှား၍ အချို့ အချို့သော ဗုဒ္ဓဘာသာ ပညာနည်းပါး။

အပ္ပသုတ ပုဂ္ဂိုလ်များက အတ္တနောဝါဒ မိမိတို့ ကြံဆ၍ မုချမြတ်နိုး ရှိခိုးထိုက်သော ဓါတ်တော်ကျောင်းမည် အုတ်စေတီကို လျက်ပေါ့ပြက် ဖျင်း ယုံကြည်မြတ်နိုး ရှိခိုးခြင်းကို မပြုအပ်ဟု ပြောဆိုလေ့ရှိကြ၏ ။

ယင်းသို့ ပြောဆိုသော အချက်ကို အယူပျက်ဟူ မှတ်လေဟု တိဖလသမဏစိန္တာကျမ်းတွင် မှာထားသည်ကို ဖတ်ရှုရပါသည်။

မြတ်သတိဝါဒီမဂ္ဂဇင်း၊

ဇန်န၀ါရီလ၊ ၂၀၀၂ ခုနှစ်

Read more...

Mindfulness with Sound – Mon 21st Feb @ BIA

12/02/2011
by Cittasamvaro

‘Mindfulness with Sound’

Explore consciousness and sound in an experimental performance and meditation session by composer Gary Hall.

Focus the mind using music, as well as natural and human sounds, for one hour at sunset. Gentle original and improvised music, joining together with the shifting light and sounds of evening, leads us toward calmness of mind and body.

Session leader and performer Gary Hall, with over 30 years experience of electronic music composition, has developed a unique approach to meditative sound. Using techniques of improvisation as well as composition, a dense ambient sound field is both object and facilitator of concentration. Come and join us.

Monday 21 February, 18:00 in Meditation/Meeting Hall #1 (2nd Floor)

And Gary adds:

The plan is to regularize with sitting/performances on the 1st and 3rd Monday of each month. So far it’s me solo, but the plan is to bring in other collaborators and artists as things progress.

Gary Hall

Location

This event is at the brand new Buddhadasa Indapanno Archives in Suan Rot Fai, near Mor Chit BTS station.

BIA 2This is the branch of Suan Mokh where the famous Buddhadasa Bhikkhu lived and taught for many years, and which is still a majour item on the spiritual tourism of Thailand agenda.

The place is beautiful, and vast. Overlooking the parklands near Mor Chit BTS, the complex includes a library, book shop, huge verandah overhanging the lake, and lots of art and sculpture. In following years this place will definitely become the most vital centre of Buddhism in Bangkok. Expect a lot of great events to happen here.

Directions:

Go to Mor Chit BTS Station and walk through the park for about 20 minutes. Motorcycles are an option – but come on, you could do with the exercise, and it is a lovely park! You can also take a taxi from the BTS for about 45 baht. MRT users can go to Chatuchak Station or Pahonyothin station exit 3 (which is a slightly closer, but less pleasant walk)

Read more...

ဆိုးတေခဲ့ပေမဲ့


ရှင်အရဟံနဲ့ အနော်ရထာ ဆရာဒကာလက်တွဲညီညီ သာသနာပြုပြီးတဲ့နောက်
သာသနာစည်ပင်ပြန့်ပွါးလာတယ်။
ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်လို့ခေါ်တဲ့
ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အဆက်ဆက် သာသနာဆက်လက်တည်တံ့လာတယ်။

သမိုင်းခေတ်တလျှောက် ဗုဒ္ဓသာသနာအတက်အကျရှိခဲ့ပေမဲ့လို့
ဆရာတော်သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးကြောင့်
မြန်မာ့မြေပေါ်မှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့တယ်။
ခေတ်အဆက်ဆက်မှာ ဆရာတော်သံဃာတော်အရှင်သူမြတ်တွေ
နည်းမျိုးစုံနဲ့ သာသနာတည်တန့်ခိုင်မြဲပြန့်ပွါးဘို့အရေး
ကြိုးပမ်းအားထုတ်ခဲ့တာကို လေ့လာသိရှိရတယ်။

အချို့ခေတ်က အချို့ဆရာတော်ကြီးများ ဗုဒ္ဓစာပေတွေကို
ကဗျာ၊ ရတု၊ တေးတပ်၊ ပျို့စတဲ့ ကိုယ်အားသန်တဲ့အရေးအသားမျိုးတွေရေးသားပြီး
ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ကြတော့ နိဿျလို့ခေါ်တဲ့ ပါဠိတစ်ပုဒ် မြန်မာတစ်ပုဒ် ဘာသာပြန်နည်းစနစ်နဲ့
ဗုဒ္ဓပါဠိစာပေတွေကိုရေးသားကာ ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို
ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ဆရာတော်တွေက ဗုဒ္ဓပါဠိစာပေတွေကို
သာမန်အရပ်သားလူတန်းစားထဲကို ရောက်စေဖို့ သာမန်လူတန်းစားဖတ်နိုင်ဖို့
ရည်ရွယ်ချက်နဲ့ စကားပြေအရေးအသားတွေနဲ့ ရေးသားကာ
ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ဆရာတော်ကြီးများဆို ပါဠိဘာသာကျမ်းစာအုပ်ကြီးများ၊
ဋီကာကျမ်းများရေးသားကာ သာသနာပြုခဲ့ကြပါတယ်။
သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ကုန်ဘောင်မင်းဆက်ထဲက မင်းတုန်းမင်းလက်ထက်ရောက်လာပါတယ်။
မင်းတုန်းမင်းဆိုတာက မန္တလေး ရတနာပုံမြို့သစ်ကို တည်ထောင်ခဲ့တဲ့မင်းပါ။
သူ တချို့ကိစ္စတွေမှာ ဆိုးတေခဲ့ပေမဲ့
သာသနာကိုတော့ အတော်ထောက်ပံ့ခဲ့ပါတယ်။

မြို့တော်သစ်မှာ ကောင်းမှုတော် လောကမာရဇိန်၊ ကျောက်တော်ကြီးဘုရား အတုမရှိကျောင်းတော်ကြီးတွေဟာ
(သူကြီးဘုရား ရွာသားကောင်းမှုလို့ပဲ ပြောပြော)
သူဦးစီးတည်ထားခဲ့တာတွေပါ။
ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်ကြီးကိုတောင် သူ ထီးတော်အသစ် တင်လှုခဲ့ပါသေးတယ်။

ဒါ့အပြင် မင်းတုန်းမင်းကြီးဟာ
ပိဋကတ်သုံးပုံပါဠိတော်တို့ကို ပေထက်အက္ခရာတင်ခဲ့ပါတယ်။
ပေထက်အက္ခရာတင်တာနဲ့တင် အားမရပဲ
ပိဋကတ်တော်များ အရှည်တည်တံ့ရေးအတွက်
ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်ဘို့ ဆန္ဒရှိလာပြန်လို့
စကျင်တောင်မှ ကျောက်ပြားများကိုမှာယူပြီး
ကျောက်ထက်အက္ခရာတင်လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။

မင်းတုန်းမင်းလက်ထက် ပိဋကတ်ကျောက်စာမူကို
မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားအတွင်းမှာ လေ့လာနိုင်ပါတယ်။
အုတ်တံတိုင်းသုံးကန့် ကန့်ထားပြီး ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကို
သူ့အကန့်နဲ့သူ စနစ်တကျ ထားရှိထားခဲ့တဲ့ မင်းတုန်းမင်းရဲ့ စီမံမှုကို
မချီးကျူးလို့ မဖြစ်ပါဘူး။
ပိဋကတ်တော်တို့ကို ကျောက်စာအဖြစ်မှတ်တမ်းတင်ရာမှာ
၁။ ၀ိနည်းငါးကျမ်းပါဠိတော် (၁၁၁) ချပ်
၂။ အဘိဓမ္မာပါဠိတော် (၂၀၈) ချပ်
၃။ သုတ္တန်ပါဠိတော် (၄၁၀) ချပ်
စုစုပေါင်းကျောက်ချပ်ရေ (၇၂၉) ချပ်ရှိပါတယ်။

မင်းတုန်းမင်းကြီးဟာ ရှေးရှေးသောမင်းများဖြစ်တဲ့
အဇာတသတ်၊ ကာလာသောက၊ သီရိဓမ္မာသောက၊ ၀ဋ္ဓဂါမဏိမင်းတို့လို
ပိဋကတ်တော်ကို နှုတ်ဖြင့်ရွတ်ဆိုသော
သံဂါယနာတင်ပွဲ ပြုလုပ်လိုသောဆန္ဒ ဖြစ်ပေါ်လာပြန်ပါတယ်။

ဒါ့ကြောင့် မြန်မာသက္ကရာဇ် ၁၂၃၃၊ သာသနာနှစ် ၂၄၁၅၊ ခရစ်နှစ် ၁၈၇၁ မှာ
မင်းတုန်းမင်း အုပ်စိုးစဉ် ပဉ္စမသံဂါယနာတင်ပွဲကို ကျင်းပဖြစ်ခဲ့ပါတယ်။
ဒီသံဂါယနာတင်ပွဲမှာ ပိဋကတ်တော်များကို နှုတ်ဖြင့် ရွတ်ဆိုကြရာ
၅-လနှင့် ၃-ရက်ကြာမှ ပြီးမြောက်ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။

photo: http://kokomaunguk.blogspot.com/2010_03_01_archive.html


Read more...

နွေလယ်မြက်ခင်းထဲက ပူအေးခြင်း စကားပွဲ

Sunday, 13 February 2011 04:27 | [IMG]/templates/ashinsirinda/images/Written by မေတ္တာဥယျာဉ် |
နွေလယ် မြက်ခင်းထဲက ပူအေးခြင်း စကားပွဲ

အရှင်ဉာဏိကာဘိဝံသ
(ကာာလီဖိုးနီးယားတက္ကသိုလ်)

စာရေးမယ်ဆိုပြီး စထားတဲ့ အစလေးတွေက ကွန်ပြူတာထဲမှာ အများကြီး။ တခါခါမှာတော့ အဲဒီအစလေးတွေကို ပြန်ကြည့်ပြီး ဆက်ရေးဖြစ်ခဲ့တာတွေရှိတယ်။ အချို့ကိုတော့ ဘာကိုအကြောင်းပြုပြီး ဘယ်လိုစထားခဲ့မှန်း မသိလို့ ဘယ်လို ဆက်ရတော့မယ်မှန်း မသိတာကြောင့် ပြန်ဖျက်ပစ်ခဲ့ရတယ်။

ခုဒီစာလေးကတော့ တော်တော် များများ စထားလို့ အကြောင်းအရာက မမေ့နိုင်သေးဘူး။ ဒါပေမယ့် အချက်အလက်အချို့ကိုတော့ ပြန်ပြီး စဉ်း စား မရနိုင်တော့ဘူး။ ဒါကြောင့် သတိရသလောက်ကိုပဲ ပြန်ရေးလိုက်ပါတယ်။

သြဂုတ်ရဲ့ နွေနှောင်းရက်ကျန်များက ပူနိုင်လွန်းလှစွာလို့ ပြောရမှာပါ။ ဖာရင်ဟိုက် ၁ဝ၁- ဒီဂရီ တဲ့။ အအေးကဲ တဲ့ ရာသီများနဲ့သာ အထိအတွေ့များတဲ့ အရပ်မှာနေသူတွေအဖို့ ၁ဝ၁ ဒီဂရီဆိုတာက ပူလိုက်တာရယ်လို့ ညည်း ညူဖွယ်ရာပါပဲ။ သို့ပေမယ့် သွားစရာရှိတာ သွား၊ လုပ်စရာရှိတာ လုပ်ကြရတဲ့ လူသားတစ်ဦးရဲ့ဘဝမှာ ပူရန် ကောဆိုပြီး ငြိမ်ငြိမ်လေး ထိုင်နေလို့က လူတိုင်းအဖို့ ရနိုင်တဲ့အခွင့်အရေးမျိုးးမှ မဟုတ်တာ။ ဒီတော့လည်း သွား စရာရှိသွား၊ လုပ်စရာရှိလုပ်၊ စားစရာရှိစား။ ဘယ်မှာ ငြိမ်ငြိမ်လေး အခန်းထဲမှာကုပ်ကာ အပူရှောင်နေလို့ ဖြစ်ပါ့ မလဲလေ။

ကိုယ်က ငြိမ်းငြိမ်းချမ်းချမ်းလေးကို သဘောကျပေမယ့် ငြိမ်ငြိမ်လေးတော့လည်း နေတတ်သူ မဟုတ်ပြန်ဘူး လေ။ ဒီတော့လည်း ငယ်ဘဝက မရခဲ့လို့ တခဲ့ရတဲ့ ကျောင်းတက်ခြင်းကို ခုချိန်ထိ အချိန်မှန်မှန် လုပ်ဖြစ်နေခဲ့ တယ်။ ဒါကြောင့် အချိန်ရောက်လာလျင်ဖြင့် ကျောင်းလွယ်အိတ်ပြင်ကာ ကျောင်းတက်ဖို့ အသင့်ဖြစ်နေတတ် တယ်။ ဒီနေ့မှာလည်း နွေအရှိန်ရဲ့ နေထိန်ထိန်အောက်မှာ ကျောင်းလွယ်အိတ်ကိုလွယ်လို့ ကျောင်းတလင်း မြက် ခင်းပြင် နံဘေးကနေ ပြေးလုမတတ် လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ ဒီနေ့က ဒီစာသင်ရာသီရဲ့ ကျောင်းစဖွင့်တဲ့ နေ့ လေ။

အများစုသော ကျောင်းသားတွေက နွေဒဏ်ကို အာခံနိုင်စေဖို့ အပါးဆုံးနဲ့ အတိုဆုံး အဝတ်အစားတွေကို ဝတ် ဆင်ကြပါတယ်။ အနည်းစုလောက်သာ အကျီင်္လက်ရှည်၊ ဘောင်းဘီရှည်ဝတ်သူ ရှိပါတယ်။ ဒီတော့ ခုလောက် ပူပြင်းတဲ့ နွေနေ့လယ်ထီးထီးအောက်မှာ လုံလုံခြုံခြုံ ထူထူထဲထဲနဲ့ အစဉ်အလာဝတ်ရုံကို စနစ်တကျ ဆင်မြန်း ထားတဲ့ ကိုယ့်အသွင်က အများအမြင်မှာ ဘယ်လိုမှ မလန်းနိုင်ပဲ ဆန်းနေလေမှာ အသေအချာပေါ့။ ကိုယ့်ကိုယ် ကို ပင်ပန်းအောင် ဒီလိုဝတ်စုံကိုမှ ဆင်မြန်းရန်ကောရယ်လို့ တွေးထင်သူလည်း ရှိကောင်းရှိမှာပေါ့။

ကားရပ်ရာနေရာကနေ စာကြည့်တိုက်ကို ရောက်ဖို့က ငါးမိလောက် လမ်းလျှောက်ရတယ်။ အဆောင်အချို့နဲ့ သစ်ပင်ရိပ်အချို့အောက်ကို ဖြတ်လျှောက်ရပေမယ့် နေပူပြင်းပြင်းအောက်ကို ဖြတ်ရတဲ့အခါလည်း ရှိတယ်။ ဒီ အရိပ်လွတ်ခိုက်အချိန်လေးမှာ အပေါ်ကပူတဲ့ နေရဲ့အရှိန်ပါမက အောက်က ကွန်ကရိအခင်းကနေ ပြန်ဟပ်တဲ့ အရှိန်ကလည်း တော်တော်လေးပူပြင်းတာကို သတိထားမိတယ်။ ဒီလိုအချိန်လေးအတွင်း အပူဒဏ်အတန်ငယ် သက်သာစေဖို့ ခပ်မြန်မြန်လေး လျှောက်ဖြစ်တယ်။ အပူကြောက်သူထဲမှာ ကိုယ်လည်းတစ်ယောက်အပါအဝင် ပေါ့။ ကိုယ်လျှောက်ရာ ကွန်ကရိလမ်းရဲ့ ဘေးတစ်ဖက်မှာတော့ မြက်ခင်းပြင်ကျယ်ကျယ်က တစ်ကွင်းလုံး စိမ်း လန်းလို့။ အချို့နေရာများမှာတော့ သစ်ပင်အချို့။ အချို့ နေရာများမှာတော့ နှင်းဆီပန်းခင်းရဲ့ ရောင်စုံ အလှက ရှုမဝ၊ ကြည့်မဆုံးချင်ဖွယ်ရာ၊ ဖြာဖြာဝေလို့။

ကျောင်းတလင်းမြက်ခင်းပြင်ရဲ့ သစ်ပင်ရိပ်အောက်မှာ အလျားမှောက်ကာ စာဖတ်နေတဲ့ အတန်းဖော်ဟောင်း တစ်ယောက်က ခပ်သုတ်သုတ်လျှောက်နေတဲ့ ကိုယ့်ကို "ဟေး အရှင် မပူဖူးလားရယ်"လို့ နှုတ်ဆက်ပါတယ်။ ရုတ်တရက်တော့ ဘယ်ကနေအော်လိုက်မှန်း မသိလိုက်ဖူး။ နောက်မှ အတန်းဖော်ဟောင်း မိတ်ဆွေမှန်းသိလို့ "အေး အပြင်က အပူထက် အတွင်းအပူက ပိုပြီးပူတယ်လေ။ ဒါကြောင့် အပြင်အပူသက်သာအောင် လုပ်ဖို့ထက် အတွင်းအပူသက်သာအောင်လုပ်ဖို့က ပိုအရေးကြီးတယ်"လို့ သူ့ကို ပြန်ဖြေလိုက်တယ်။ သူက အရင်ကလည်း သူတို့မိတ်ဆွေလေးငါးဦး စုပေါင်းထိုင်တဲ့ မက်ဒီတေးရှင်းအဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်ဖူးတယ်။ ဒါပေမယ့် သူတို့တွေ ထိုင်မှာက ခုလိုပဲ ကျောင်းတလင်း မြက်ခင်းပြင်ထဲမှာ။ ဒါကြောင့် အဲဒီအချိန်က သူ့ဖိတ်ခေါ်တာကို ငြင်းခဲ့ဖူး တယ်။

သူက ကိုယ်နဲ့ စာသင်ခန်းနှစ်ခန်းလောက် အတူတက်ထားဖူးသူမို့ ကိုယ့်အကြောင်းကို အနည်းအကျဉ်းသိထား သူလေ။ ဒါကြောင့် ကိုယ်နဲ့မက်ဒီတေးရှင်းနဲ့ ရင်းနှီးတယ်ဆိုတာကိုလည်း သိထားသူ။ စာသင်အတန်းတတန်းရဲ့ အဖွဲ့နဲ့လုပ်ရတဲ့ သင်္ခန်းစာတစ်ခုမှာလည်း တစ်ဖွဲ့တည်း ပေါင်းလုပ်ဖူးတဲ့သူ။ ဒါကြောင့် ကိုယ်ပြောလိုက်တဲ့ အပြင်ပူတွေ၊ အတွင်းပူဆိုတာနဲ့ပတ်သက်ပြီး သူ့အတွက် အထူးအဆန်း စကားကို ကြားရတော့မယ်ဆိုတာ သူ သဘောပေါက်ပုံရပါတယ်။ အား၊ ဟုတ်ပြီ။ ဒီမှာလာ ခဏအချိန်ပေးပါဦး။ အတွင်းပူ အပြင်ပူလေးအကြောင်း ကျေးဇူးပြုပြီး ရှင်းပြပါဦးလို့ တောင်းဆိုပါတယ်။ သူနဲ့အတူရှိနေတဲ့ သူ့မိတ်ဆွေ သုံးလေးဦးကလည်း အေးဟုတ် တယ်။ တို့လည်း စိတ်ဝင်စားတယ်။ အဲဒါ ပြောပြပါဦးလို့ သူတို့ကလည်း တောင်းဆိုပါတယ်။ ဒါကြောင့် အပြင်ပူ၊ အတွင်းပူဆိုတဲ့အကြောင်းကို သူတို့လဲလျောင်းနေတဲ့ သစ်ပင်အောက်မှာပဲ ခဏဝင်ထိုင်ပြီး ရှင်းပြခဲ့တယ်။ အမှတ်မထင် ကျင်းပဖြစ်တဲ့ မြက်ခင်းပြင် တရားပွဲလို့လည်း ပြောမယ်ဆိုက ပြောနိုင်ပါလိမ့်မယ်။

နေပါဦး။ မင်းတို့က ဘာဖြစ်လို့ ခုဒီနေရာမှာထိုင်နေတာလဲ-လို့ သူတို့ကို မေးခွန်းထုတ်လိုက်ပါတယ်။ ပူလို့လေ၊ အေးအောင် ဒီမှာထိုင်နေတာ။ ဟိုမှာ၊ စာကြည့်တိုက်ကြီး။ အဲဒီထဲမှာဆို လေအေးစက်တွေတပ်ထားလို့၊ အေး နေတာပဲ။ အေးချင်တယ်ဆိုရင် အဲဒီထဲသွားထိုင်ရင် ပိုအဆင်မပြေဖူးလားလို့ ပြန်မေးလိုက်တော့ သူတို့ထဲက တစ်ယောက်က ဟာ အဆင်မပြေဖူး။ အဲဒီစာကြည့်တိုက်ထဲက လေအေးစက်အအေးမျိုးကို သူမကြိုက်ဖူး။ ခု နေပူကျဲကျဲထဲက ခုလိုသစ်ပင်ရိပ်အောက်က မြက်ခင်းပြင်မှာထိုင်လို့ ရတဲ့ခံစားမှု အအေးက ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒါဆို မင်းက အေးတာကိုတော့ သဘောကျတာသေချာတယ်နော်။ ဒါပေမယ့် အဲယားကွန်းနဲ့ အေးတဲ့အအေးကို သဘောမကျဘူး။ ဒါဆို အအေးခြင်းတူပေမယ့် အေးပုံမတူဘူးဆိုတာ အလွယ်နဲ့ နားလည်နိုင်တယ်။ နောက်ပြီး မြက်ခင်းပြင်မှာ ထိုင်ပြီးခံစားရတဲ့ ခံစားမှုကို ပိုသဘောကျတယ်လို့လည်း ဆိုတယ်။ ဒါဆို အေးတာကို သဘော ကျတာလား။ မြက်ခင်းစိမ်းစိမ်း မြင်ရတာကို သဘောကျတာလား။ ဒါမှမဟုတ်လဲ နေရောင်ပြင်းပြင်းရဲ့ အပူနဲ့ အလင်းကို သဘောကျတာလားလို့ ထပ်ဆင့်မေးလိုက်တော့ အင်း၊ ရှုပ်ကုန်ပြီ။ ဟုတ်တယ်၊ အေးရုံသက်သက် ကို သဘောကျတာ မဟုတ်တာတော့ သေချာတယ်လို့ ပြန်ပြောပါတယ်။ အေး၊ ဒို့ဘာကြောင့် ဒီနေရာထိုင်ဖြစ် နေတာလဲ လို့ တစ်ယောက်ကိုတစ်ယောက် မေးကြတယ်။

ကဲထားပါတော့။ အအေးသက်သက်ကိုသာ သဘောကျတယ်ဆိုလျင် စာကြည့်တိုက်ထဲက အအေးက ဒီထက် ပိုပြီး မင်းတို့အတွက် ပိုနှစ်သက်စရာကောင်းမယ် မဟုတ်လား။ ဒီတော့ တစ်ယောက်က အေး၊ ဟုတ်တယ်။ ငါ ဒီနေရာကို ထိုင်နေတာ အအေးသက်သက်ကို ကြိုက်လို့မဟုတ်ဘူး။ နောက်တစ်ယောက်ကလည်း ငါလဲ မင်း လိုပဲ၊ အအေးသက်သက်ကြောင့် ဒီမှာထိုင်နေဖြစ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပဲလေ။ ဒို့တွေအားလုံးဟာ ကိုယ်ဘာအတွက်ကြောင့် လှုပ်ရှားနေကြတယ်ဆိုတာ တိတိကျကျ မသိပဲ လုပ်ဖြစ် နေတာတွေ တော်တော်များပါတယ်။ ဒို့တွေဟာ ဒို့လုပ်နေတဲ့အရာကို ဒို့တကယ် သိတယ်ထင်ပြီး လုပ်နေပေ မယ့် တကယ်တော့ ဒို့တွေ တကယ်မသိကြပါဘူး။ တကယ် မသိရုံတင်မက တခါခါမှာ ပြောင်းပြန်အသိ၊ အမှား သိတွေနဲ့တောင်မှပဲ လုပ်တတ်လေ့ရှိကြပါတယ်။ အဲဒီလို ဘာမှမသိပဲ လုပ်နေကြမှုရဲ့ နောက်မှာ ကိုယ့်လုပ်ကိုင်မှု ကြောင့် တစ်စုံတစ်ခု ရရှိလာတယ်ဆိုလျင်လည်း အဲဒီရရှိလာမှုကို အပြည့်အဝ မကျေနပ်တတ်ကြပါဘူး။ ဘာ ကြောင့်လဲဆိုရင် ကိုယ်တကယ်လိုချင်တဲ့အရာကိုက ဘာရယ်လို့ တိတိကျကျ မသိကြပဲ လုပ်ခဲ့ကြတဲ့အတွက် ရ လာတဲ့အရာဟာ ကိုယ်အမှန်တကယ်လိုချင်ခဲ့တဲ့အရာ မဟုတ်ပဲဖြစ်နေတတ်တာကြောင့်ပါ။ ခု မင်းတို့ ပူလို့ ဒီမှာ အအေးခံနေကြတယ်။ ဒါပေမယ့် မင်းတို့အပြည့်အဝ ကျေနပ်မှုကို ရနေကြမယ်တော့ မဟုတ်ပါဘူး။ မကျေနပ်မှု ဆိုတာ စိတ်ကို အလိုမကျဖြစ်စေခြင်း၊ ပူလောင်စေခြင်းတစ်ခုပါ။

ဒါဆိုလိုချင်တဲ့အရာကို တိတိကျကျသိပြီး ရှာဖွေခဲ့ကြသူတွေရော ကိုယ်လိုချင်တဲ့အရာ ရလာတဲ့အခါမှ တကယ် ကျေနပ်ကျရဲ့လားလို့ မေးစရာရှိပါတယ်။ လောကမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ကိုယ့်ရှိတဲ့အရာ၊ ရထားတဲ့ အရာနဲ့ အပြည့်အဝ ကျေနပ်နိုင်သူဆိုတာကတော့ မရှိနိုင်ပါဘူး။ သို့ပေမယ့် ကိုယ်လိုချင်တဲ့အရာနဲ့ ကိုယ်ရတဲ့ အရာ တစ်ထပ်တည်းကျတဲ့သူအချို့ကတော့ ကိုယ်ဘာလိုချင်မှန်းမသိခဲ့ပဲ ရှာဖွေခဲ့လို့ ရလာတဲ့အရာကို မကျေ နပ်နှိုင် ဖြစ်တတ်သူတွေနဲ့စာလျင်တော့ ပိုမို ကျေနပ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဘာလိုချင်သလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

ဒါဟာ ဒီနေရာမှာ ကိုယ်က ကိုယ်လိုချင်တဲ့အရာကို ဘာလိုချင်မှန်း မသိမှုဆိုတဲ့အရာတစ်ခုထဲကို အခြေခံပြီး မင်းတို့ကို ပြောပြတာပါ။ မသိခြင်းကို အခြေခံပြီး ဖြစ်တဲ့ဖြစ်စဉ်လေးတစ်ခုကို ပြောနေတာပါ။ တခြားမကျေနပ်မှု၊ စိတ်ဆိုးမှု၊ မနာလိုဝန်တိုဖြစ်မှုစတာတွေကြောင့် ဖြစ်ရတဲ့ အတွင်းပူတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါ တွေကို မင်းတို့ကိုယ်တိုင်ကြုံဖူးကြမှာပါ။ တကယ်တော့ ဒို့အားလုံး ရဲ့ရင်ထဲမှာ ရှိနေတဲ့ ဒီအတွင်းပူတွေဟာ ခု အပြင်မှာ ပူနေတယ်ဆိုတဲ့ ဖာရင်ဟိုက် ၁ဝ၁ ဒီဂရီထက် ပိုပူပါတယ်။ ပြောရရင် အဲဒီအပူနဲ့ နှိုင်းစာရင် အခုမင်း တို့ ပူတယ်လို့ထင်နေတဲ့ အပြင်အပူသည်ပင်လျင် အေးမြတဲ့အရာဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒို့တွေက ဒါကို သတိမထားမိတတ်ကြပါဘူး။

ဒီဖာရင်ဟိုက် ၁ဝ၁ ကို ကာကွယ်ဖို့ ခုမင်းတို့လို သစ်ပင်ရိပ်အောက်မှာ ဝင်ရောက်ခိုလှုံရင် အတန်အသင့် သက် သာရာ ရနိုင်တယ်။ ဒီထက်ပိုပြီး သက်သာစေချင်ရင်လည်း ဟိုမြင်ရတဲ့ စာကြည့်တိုက်ထဲကို ဝင်နေလို့ရတယ်။ အပြင်အပူဒဏ်တွေကို ကာကွယ်ဖို့က ကာကွယ်စရာတွေ အများကြီးပါ။ အေးဒို့ရင်ထဲမှာ ရှိနေတဲ့ အပူတွေကို ကာကွယ်ဖို့ကတော့ တစ်နည်းထဲပဲရှိတယ်။ အဲဒါက ဘာလဲလို့ မင်းတို့ မမေးလည်း ငါကတော့ ဒီနေရာမှာ ပြော ရလိမ့်မယ်။ အဲဒါကတော့ ဟောဒီက ကိုယ့်မိတ်ဆွေကြီး လုပ်နေတဲ့မက်ဒီတေးရှင်းပဲဆိုပြီး ကိုယ့်ကိုဖိတ်ခေါ် တဲ့မိတ်ဆွေဆီကို ညွှန်ပြလိုက်တယ်။

မက်ဒီတေးရှင်းဟာ နည်းအမျိုးမျိုးရှိပါတယ်။ ဒီအနောက်တိုင်းက လက်ခံထားတဲ့ အချို့မက်ဒီတေးရှင်းဆိုတာ တွေဟာ အရှေ့တိုင်းက လက်ခံထားတဲ့ မက်ဒီတေးရှင်းဆိုတာနဲ့ ကွာခြားနိုင်ပါတယ်။ ဒါကြောင့် မင်းတို့တွေ ဖတ်ဖူးကြားဖူးတဲ့ မက်ဒီတေးရှင်းနဲ့ ခုဒို့ပြောမယ့် မက်ဒီတေးရှင်းဆိုတာ ကွာခြားကောင်း ကွာခြားပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာ အထူးပြုပြောချင်တာကတော့ ခု ဒို့ပြောမယ့် မက်ဒီတေးရှင်းကတော့ ဒို့ရဲ့ ဗုဒ္ဓညွှန်ကြားမှုကို အခြေခံပြီး လက်တွေ့လုပ်ခဲ့တဲ့ ကိုယ်တွေ့လုပ်ရပ်ပေါ်မှာ အခြေခံပြီး ပြောမှာဖြစ်တယ်။ ကြံဆပြီးပြောထားတာ မဟုတ်သလို လူပြောသူပြော၊ ဖတ်မှတ်ထားတာကို အခြေခံပြီး ပြောတာ သက်သက်လည်း မဟုတ်ပါဘူး။

အကျဉ်းချုံးပြောရရင် မက်ဒီတေးရှင်းဆိုတာ ကိုယ့်မှာရှိနေတဲ့ အရှိတရားကို အမှန်အတိုင်း သိအောင်လုပ်ခြင်းပဲ။ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်ဘာလုပ်နေတယ်ဆိုတာ သိနေခြင်းပဲ။ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်တိုင် သိပြီး လုပ်နေတာပဲ မဟုတ်လားလို့ မေးစရာရှိတယ်။ ကိုယ်ဘာလုပ်မယ်ဆိုတာ သိပေမယ့် ကိုယ်ဘာလုပ်နေ တယ်ဆိုတာကို သိသူတော့ အတော်နည်းပါတယ်။ ဥပမာ ခု မင်းတို့ဘာကြောင့် ဒီနေရာမှာ ထိုင်ကြမယ်ဆို တာကို သိကောင်းသိမယ်။ ဒါပေမယ့် မင်းတို့ဒီနေရာမှာ ထိုင်နေချိန်ကစပြီး မင်းတို့ဘာကြောင့် ဒီနေရာမှာထိုင် နေတယ်ဆိုတာကိုတော့ သတိပြုမိတော့မယ် မဟုတ်ဘူး။ အဲဒီထိုင်နေချိန်ကစပြီး ဒီထိုင်ခြင်းနဲ့စပ်ပြီး မင်းတို့ရဲ့ ကိုယ်နဲ့စိတ်မှာ ဖြစ်နေတဲ့ဘယ်အရာကိုမှလည်း အမှတ်ပြုမိတော့မယ် မဟုတ်တော့ဘူး။ အစောက ကိုယ်ပြော ခဲ့တယ်။ ဒို့တွေဟာ ကိုယ်အမှန်တကယ် ဘာလိုချင်နေတယ်။ ဘာဖြစ်ချင်နေတယ်ဆိုတာကို တိတိကျကျ မသိပဲ လုပ်ငန်းတော်တော်များများကို လုပ်နေကြတယ်လို့ ပြောခဲ့တယ်။ ဒီထက်ပိုပြီး တိတိကျကျ ပြောရရင် ကိုယ့်မှာ ဘာဖြစ်နေတယ်ဆိုတာကို မသိပဲလုပ်နေကြတယ်။

မင်းမက်ဒီတေးရှင်း တစ်ခုခုလုပ်နေရင် မင်းအခုလောလောဆည် လိုနေတဲ့အရာဟာဘာလဲ၊ မင်းမလိုချင်ဖြစ်နေ တာဘာလဲလို့ ကွဲကွဲပြားပြား သိလာလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် မင်းက ကိုယ့်ကိုယ်ကို စောင့်ကြည့်နေတာ ကြောင့်ဖြစ်တယ်။ အဲဒီလို စောင့်ကြည့်နေရင် မင်းအမှန်အတိုင်း တွေ့ကိုတွေ့လာလိမ့်မယ်။ အများအားဖြင့် ဒို့ တွေဟာ အပြင်လောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုသာ ကြည့်တတ်လေ့ရှိတယ်။ ဒို့ရဲ့လိုအပ်ချက် အား လုံးကိုလည်း ပြင်ပက အရာဝတ္ထုတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ယောက်ယောက်ဆီကနေသာလျင် ရနိုင်လိမ့်မယ်လို့ ထင် တတ်ကြတယ်။ ကိုယ့်လိုအပ်ချက် တစ်ခုခုကိုလည်း ပြင်ပဝတ္ထုတစ်ခုခု၊ အခြားသူတစ်ဦးဦးနဲ့သာပဲ ဖြည့်စွက်လေ့ ရှိကြတယ်။

ကိုယ်မလိုချင်တဲ့အရာတွေနဲ့ တွေရတဲ့အခါမှာလည်း နည်းတူပါပဲ။ ကိုယ့်မလိုချင်မှုဟာ အခြားအရာဝတ္ထု၊ အခြား သူတစ်ဦးဦးနဲ့ ဆက်စပ်ပစ်လေ့ရှိပါတယ်။ တကယ်တော့ လိုချင်မှုပဲဖြစ်ဖြစ်၊ မလိုချင်မှုပဲဖြစ်ဖြစ်၊ အဲဒီလိုဖြစ်မှုတွေ ဟာ ကိုယ့်ဆီမှာသာလျှင် အခြေခံပါတယ်။ ဒီတော့ ဒီလိုအခြေခံ အကြောင်းရင်းရှိရာဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်ထဲ မှာ ပြန်မရှာပဲ အခြားပြင်ပတစ်ခုခု၊ တစ်ဦးဦးဆီမှာ ရှာနေသမျှတော့ ဘယ်သောအခါမှ မှန်ကန်တဲ့အဖြေကို ရနိုင် လိမ့်မယ် မဟုတ်ပါဘူး။

နောက်ပြီးလည်း ဒို့တွေဟာ တစ်ခုခုအပေါ်မှာ စူးစိုက်ထားတဲ့အချိန်လည်း သိပ်တိုတောင်းလွန်းတယ်။ တစ်ခုခုရဲ့ အခြေမှန်ကို အရှိအတိုင်းသိအောင် အချိန်မပေးတတ်ကြဘူး။ ဘယ်အရာကိုပဲဖြစ်ဖြစ်၊ မှန်မှန်ကန်ကန် ပြည့်ပြည့် ဝဝ မသိနိုင်ဘူးဆိုလျင် ဘယ်တော့မှလည်း ပြည့်ဝတဲ့ တိကျတဲ့ အဖြေမှန်ကို ရနိုင်မယ် မဟုတ်ဘူး။ မပြည့်ဝ၊ မတိကျတဲ့အဖြေနဲ့ဆိုလျင်လည်း ဘယ်တော့မှ အဆုံးသတ်အမှန်တရားကို တွေ့နိုင်မယ် မဟုတ်ဘူး။ ဒါကြောင့် မင်းအမှန်လိုချင်တဲ့အရာကို ရဖို့ မင်းဘာလိုချင်သလဲဆိုတာ တိတိကျကျ သိဖို့လိုတယ်။ ဒါကို ကိုယ့်ကိုယ်ကို ဂရုတစိုက် ပြန်လည်ဆန်းစစ်ခြင်းကနေ ရနိုင်ပါတယ်။ ဒါပေမယ့် အချိန်တော့ မင်းပေးရလိမ့်မယ်။ ဒါဟာ ချက် ခြင်းချည်းပဲ ရုတ်တရက် ရလဒ်ကောင်းတစ်ခုကို ပေါ်ထွက်စေနိုင်တာမျိုးထဲမှာ ပါဝင်တဲ့ အရာတစ်ခုတော့လည်း မဟုတ်ဘူးပေါ့။

ခုတော့ ဒီလောက်ပဲ ထားလိုက်စို့။ နောင်အလျင်းသင့်တဲ့အခါမှ ပြောသေးတာပေါ့။ ကိုယ်ကတော့ ခုချိန်မှာ စာ ကြည့်တိုက်ထဲက အအေးက ကိုယ့်အတွက် ပိုအဆင်ပြေမယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီထဲမှာ အအေးအပြင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေလည်း ရှိနေတယ်။ ကိုယ်သုံးချင်တဲ့ ကွန်ပြူတာနဲ့ အင်တာနက် လည်း ရှိနေတာကြောင့်လို့ ကိုယ့်မိတ်ဆွေတွေကိုပြောပြီး သူတို့နားက ထွက်ခဲ့တယ်။ ကိုယ်ပြောတာ နားလည် မလည်ဆိုတာကိုတော့ သူတို့ကို မမေးဖြစ်ခဲ့တော့ပါဘူး။ ။

မေတ္တာများဖြင့်
မေတ္တာဥယျာဉ်

2011-ခု၊ ဖေဖော်ဝါရီလ ၁၃-ရက်၊ တနင်္ဂနွေနေ့ည။

Read more...

တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဒုက္ခခံကာကြံစည်တယ်






လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား...။

သူမသိနားမလည်တာတွေက အများသား
ရေမကူးတက်ဘူး...
စက်ဘီးမစီးတက်ဘူး...
စန္ဒရားမတီးတက်ဘူး...
သီချင်းကောင်းကောင်းနားမထောင်ခဲ့ရဘူး...
မိန်းမမပိုးတတ်ဘူး...။

ဘိလပ်ပြန်သန်းကို မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ပိုးခဲ့ရသူ..
VIP ဆိုတဲ့စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ..
လမ်းဘေးမှာ..
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
မင်္ဂလာဆောင်မှာ..
ခဲဖိုးတောင်းတာနားမလည်တဲ့သူ...
လွတ်လပ်ရေးကိုစဉ်းစားရင်း..
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ..
လွတ်လပ်ရေးကိုစဉ်းစားရင်း..
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ...
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ဝန်ကြီးချုပ်....
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ဝန်ကြီးချုပ်....။

ပြည်သူတွေကြားမှာ
ဝင့်ဝင့်ထွားထွား
သူရဲကောင်းပေမဲ့
အိမ်ထောင်ရှင်ဖခင်
ဇနီးကို ချစ်တတ်တဲ့သူ......။
" ကြည်.....ပဲပြုပ်နဲ့နံပြားရရင် စားချင်တယ် "
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
ကွဲကွဲပြားပြားသိသူ
လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
ခံစားဖို့အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှု့မှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
" အောင်ဆန်း(သို့) အရိုင်း" တဲ့...။

လုပ်သက်ကခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေကအဖုံဖုံ
အသက်က၃၀မရှိ့တရှိ့...။

စစ်ပြီးရင်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးရင်
သူလုပ်ချင်တာက
လူရယ်ချင်စရာဗျာ
စာရေးဆရာ...တဲ့......။

လွတ်လပ်ရေးရရင် အနားယူ
ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
အားရင်အားသလို
သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ...
ကြည်ညိုလို့ရော..
စာကောင်းလို့ရော..
ထိုခေတ်က ဆောင်းပါးကြေး
အမြင့်ဆုံးရတဲ့လူ.......။
ကြမ်းတမ်းရင့်ထော်
လူစိတ်မှ ရှိရဲ့လားလို့
အထင်မမှားပါနဲ့...
လွတ်လပ်ရေးအတွက်
သူ ရဲရင့်ရပေမဲ့..
စတုတ္ထမြောက်ရင်သွေး
သမီးကလေး
ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
မျက်ရည်တွေဝဲ
သူ စိတ်ဆင်းရဲခဲ့ဖူးတယ်....။
ဒီ အောင်ဆန်းလက်တောက်လေးကို
ဘာကြောင့်
နေမဝင်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ........။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုက်
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့မြန်မာတွေထက်
ပိုသတ္တိရှိ့တဲ့အောင်ဆန်း
ဒီလိုအောင်ဆန်း
သူ့သွေးသားအရိုးအချည်တွေအားလုံး
လွတ်လပ်ရေးတခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
တကယ့်အရိုးခံအောင်ဆန်းပေါ့.....။

ရိုးတာမှအလွန်ရိုး
ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
မိန်းမခေါ်ဦးမလား ဆိုလို့
ရှက်သွေးဖြာခဲ့ဖူးတဲ့သူ.......။

ပိုက်ဆံမရှိလို့
ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ..
ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
ကားပျက်နေတာတောင်
အခွင့်အရေးတောင်းသူတွေကိုမုန်းလို့
သူတို့ကားအကူအညီ မယူပဲ
ရုံးကို လမ်းလျှောက်သွားတဲ့သူ.........။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ ၊ ချို တို့ကအစ
"ငါတို့ အားကိုးပါရစေ" ဆိုလာကြ...
ရှေးဘိုးဘွားမိဘပြည်သူတွေက
"ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ" "ပြုံးပျော်ကြ"
လူငယ်သွေးသောက်မြန်မာတွေက...
" ငါတို့စွန်ပါရစေ " ဆိုပြီးရှေ့ထွက်လာကြ
စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
တကယ့်ဗမာတွေ........
မဟာအောင်ဆန်းနောက်က
ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခတ်သံဟာ
အဲဒီအချိန်က
ဝိတိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေအေးခဲစေခဲ့သပေါ့....။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ...
ကချင်တွေကလည်း ကချင်စကားမဟကြ...
အောင်းဆန်းကိုယုံကြည်စွာနဲ့
သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
အားလုံးသောတိုင်းရင်းသားတွေ....။

ဒီပြည်လုံးကျွတ် အားကိုးစုစည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်း
လက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မှီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ...
မျက်နှာမပျက် အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ....
အောင်ဆန်းနဲ့အတွေ့မှာပေါ့......။

ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ......။

ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
အင်္ဂလိပ်ဆိုတာဝေလာဝေး
သူငယ်နှပ်စားမဟုက်ဘူး။
ဒင်းတို့တွေတောင်
ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် " ရရင်ရ မရရင်ချ "ဆိုတာ
အောင်ဆန်းဝါဒ....
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်သီးတည်းသောကိုယ်စားလှယ်
ငါတို့အောင်ဆန်းပေါ့.....။

ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
ဂရုမစိုက်ပဲ
မြန်မာနိုင်ငံသားတွေကို
အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
သူ ကိုယ်တိုင်..
အမျိုးသားကျောင်းထွက်
ဒါပေမဲ့ အင်္ဂလိပ်စာကို
ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ.....။

အင်္ဂလိပ်စာတတ်ရင်
ဘာထူးလဲလို့မေးတဲ့လူတွေကို
စေ့စေ့ကြည့်ရင်း
"အနည်းဆုံး အင်္ဂလိပ်တွေကို
အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ " လို့
ခပ်ရင့်ရင်ပြောခဲ့တဲ့သူ........။
မြန်မာမှာရော
ကမ္ဘာမှာပါ..
ရှာမှရှား အမျိုးသား
အင်္ဂလိပ်လိုရေးပြီး
ဒီမိန့်ခွန်းကို ကြည့်ပြီး
မြန်မာလို လက်တန်းပြောခဲ့တဲ့သူ......။
ဗိုလ်အောင်ဆန်း
ဒီအချိန်ဆို (၉၃)နှစ်ရှိ့ပြီ
(အောင်ဆန်းပြောမယ်)
အဘိုးရဲ့စကားနားထောင်......။

"မမေ့နဲ့......မင်းတို့ကနေ့ရှုနေတဲ့လေဟာ
ငါတို့....မနေ့က ချွေးစက်တွေဆိုတာ...မမေ့နဲ့...
မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့
ငါတို့.... ဗုံးပေါလအော ကျဆုံးပေးခဲ့ရတာ...မမေ့နဲ့....
မင်းတို့ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့.....အလောင်းကောင်တွေဆင့်ပြီး
ထမ်းတင်ပေးခဲ့တာ.... မမေ့နဲ့...........။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိ့တယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့.....။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းမြစ်ပေါ့
သူ့အဘိုးကို သူလွမ်းတက်နေပြီ...၊
သူ့သားကြရင်လည်း သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ်မှာထားရအုံးမယ်။ ။


နောက်ဆက်တွဲ ။ ။ ဤကဗျာနှင့်အတူပါသော သီချင်းလေးမှာ လေးဖြူ၏ အဖေ သီချင်းလေးဖြစ်ပါတယ်။
မထူးခြားဘူးထင်ပေမဲ့ ဤသီချင်းလေးဟာ ဗိုလ်ချုပ်ကိုရည်ရွယ်၍ ရေးစပ်ခဲ့သော
သီချင်းလေး ဖြစ်ပါတယ်...။ VCD ရိုက်ကူးရာမှာ ဗိုက်ချုပ်နောက်ခံနဲ့ ဇာတ်ဝင်ခန်း
ထည့်ဖို့အငြင်း ခံခဲ့ရဖူး(ဆင်ဆာမရ)သော သီချင်းလေးပါ...။ သေသေချာချာ
ပြန်နားထောင်ကြည့်ပါဦး။

ဝန်ခံချက်...။ ။ ဤကဗျာနှင့်ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာသော်လည်းကောင်း ၊
သမိုင်းကြောင်းသော်လည်းကောင်း လွဲမှားနေမှု တစ်စုံတစ်ရာရှိနေပါက ၊ ရှိခဲ့ပါက
တခြားသူတစ်ယောက်၏ အမှားမဟုတ်ပဲ...ကျွန်တော် zaw357@gmail.com ၏
ညံဖျင်းမှုအမှားသာဖြစ်ပါသည်..။
(တကယ်တော့ ဗိုလ်ချုပ်အကြောင်းကရေးလို့ မကုန်ပါဘူးဗျာ..။)
.......................................................................................................................
တခြားသူငယ်ချင်းများကိုလဲ ဝေမျှပေးပါဦး သူငယ်ချင်းတို့ရေ........
............................................................................................................................
(You do all performance on everything is your morally.)
(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။် ကိုယ်ကျင့်တရားပင် ဖြစ်သည်။)


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP