* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, February 8, 2011

သစ္စာသိပုံ ဉာဏ်မျိုးစုံ နှင့် ဘဝပန်းလေး မနွမ်းစေချင်

ဗုဒ္ဓရှင်တော်သည် သစ္စာ ၄-ပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးမှသာ ကောဏ္ဍညစသော သာဝကငါးဦးအား တရားဦးအဖြစ်ဖြင့် ဟောကြားတော်မူခဲ့သည်။

ယင်းသို့ သိတော်မူရာတွင် သာမန် ထိုးထွင်း သိရုံမျှ မဟုတ်ဘဲ သစ္စာတစ်ပါး တစ်ပါးတွင် ဉာဏ် ၃-မျိုး ၃-မျိုး စိတ်ဖြာ၍ ကျယ်ဝန်းစွာ သိတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ယင်းသို့ စိတ်ဖြာ၍ သိသော ဉာဏ်တော်ဆိုသည်မှာလည်း ဘုရားမဖြစ်မီ ရှေးအခါက ကြားရုံမျှပင် မကြားဖူးသော သစ္စာလေးပါးတရားတို့၌ ပညာမျက်စိ ပွင့်လင်းခြင်းပင် ဖြစ်သည်။
အသိဉာဏ်တရား ထင်ထင်ရှားရှား ဖြစ်ခြင်းပင် ဖြစ်သည်။
အမျိုးမျိုး အဖုံဖုံ သိတော်မူခြင်းလည်း ဖြစ်၏။
သိသင့်သိထိုက်သမျှ အလုံးစုံကို သိမြင်ခြင်းလည်း ဖြစ်၏။
အသိဉာဏ် အလင်းရောင်ကြီး ထင်ရှား ပေါ်ပေါက်လာခြင်းလည်း ဖြစ်တော့သည်။

ခွဲခြမ်းစိတ်ဖြာ၍ သိတော်မူပုံကား -

ဒုက္ခသစ္စာ၌ -
၁။ ‘ဤတရားသည် ဆင်းရဲခြင်း အမှန်တရားတည်း’ဟု လည်းကောင်း၊
၂။ ‘ဤဒုက္ခတရားသည် ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိရမည့်တရားတည်း’ဟု လည်းကောင်း၊
၃။ ‘ဤကဲ့သို့ ပိုင်းခြား၍ သိရမည့် ဒုက္ခသစ္စာတရားကို ငါသည် ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိခဲ့ပြီ’ဟု လည်းကောင်း၊
ဤသို့ ၃-မျိုး စိတ်ဖြာ၍ သိတော်မူလေသည်။

၎င်းသိပုံ (ဝါ) ဉာဏ်တော် ၃-မျိုးတွင် -
နံပါတ်(၁)ဉာဏ်ကို ‘သစ္စဉာဏ်’ (သစ္စာတရား အမှန်တရားဟု သိသောဉာဏ်) ဟုလည်ကောင်း၊
နံပါတ်(၂)ဉာဏ်ကို ‘ကိစ္စဉာဏ်’ (သစ္စာတရား၌ ပြုလုပ်ရမည့်ကိစ္စကို သိသောဉာဏ်)၊
နံပါတ်(၃)ဉာဏ်ကို ‘ကတဉာဏ်’ (သစ္စာတရား၌ ပြုလုပ်ရမည့်ကိစ္စကို ပြုလုပ်ပြီးပြီဟု သိသောဉာဏ်) ဟု လည်းကောင်း အသီးသီး ခေါ်ဝေါ်လေသည်။

(နောက် သစ္စာများ၌လည်း ဤနည်းတူ မှတ်ပါ။)

သမုဒယသစ္စာ၌ -
၁။ ‘ဤတဏှာသည် ဒုက္ခ၏အကြောင်း အမှန်တရား’ဟု လည်းကောင်း၊
၂။ ‘ဤတဏှာသည် ပယ်စွန့်ရမည့် တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ဤပယ်စွန့်ရမည့် တဏှာတရားကို ငါသည် ပယ်စွန့်ပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူသည်။

နိရောဓသစ္စာ၌လည်း -
၁။ ‘နိဗ္ဗာန်တရားသည် ဒုက္ခ၏ အပြီးသတ်ချုပ်ငြိမ်းခြင်းတရား အမှန်’ဟု လည်းကောင်း၊
၂။ ‘ဤနိဗ္ဗာန်တရားသည် မျက်မှောက်ပြုရမည့် ကိုယ်တိုင်ထိုးထွင်း၍ သိရမည့်တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ယင်းသို့ မျက်မှောက်ပြုရမည့် နိဗ္ဗာန်တရားကို ငါသည် မျက်မှောက်ပြုပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူသည်။

ထို့အတူ မဂ္ဂသစ္စာ၌လည်း -
၁။ ‘ဤမဂ္ဂင်ရှစ်ပါးသည် ဒုက္ခငြိမ်းရာသို့ ပို့ဆောင်တတ်သော တရားအမှန်’ဟု လည်းကောင်း၊
၂။ ‘ဤမဂ္ဂင်ရှစ်ပါးတရားသည် ပွားများအောင် အားထုတ်ရမည့် တရားဖြစ်သည်’ဟု လည်းကောင်း၊
၃။ ‘ဤပွားများအောင် အားထုတ်ရမည့် မဂ္ဂင်ရှစ်ပါး တရားကို ငါသည် ပွားများအောင် လုပ်ပြီးခဲ့ပြီ’ဟု လည်းကောင်း သိတော်မူလေသည်။

ဤသို့လျှင် သစ္စာတစ်ပါးတစ်ပါး၌ အမှန်တရားဟု သိသောဉာဏ်၊ ပြုရမည့်ကိစ္စကို သိသောဉာဏ်၊ ၎င်းကိစ္စကို ပြုပြီးပြီဟု သိသောဉာဏ်အားဖြင့် ၃-မျိုးစီ ဖြစ်ရကား ၃-မျိုးလေးလီ ပေါင်းလိုက်လျှင် သစ္စာ ၄-ပါး၌ ဉာဏ် ၁၂-ပါး ရလာလေသည်။

မှတ်ကျောက်ပမာ သုံးစရာ

ဗုဒ္ဓရှင်တော်သည် အထက်ပါ ဉာဏ် ၁၂-မျိုး ဖြစ်ပုံကို ဟောပြတော်မူပြီးနောက် ဆက်လက်၍ “ချစ်သားတို့ - ငါသည် ဤသစ္စာ ၄-ပါးတရားကို ၃-မျိုးလေးလီအားဖြင့် ၁၂-မျိုး ခွဲခြမ်းစိတ်ဖြာ၍ သိသော အသိဉာဏ်ကို မရသေးသမျှ၊ ယင်းအသိဉာဏ် ကောင်းကောင်းကြီး မစင်ကြယ်သေးသမျှ၊ နတ်, လူ, ဗြဟ္မာ စသည်တို့နှင့်တကွဖြစ်သော ဤလောကကြီး၌ အမြင့်မြတ်ဆုံးဖြစ်သော၊ တရားခပ်သိမ်းကို ကိုယ်တိုင် အမှန်အတိုင်းသိသော အသိဉာဏ်ကို ရပြီ (ဝါ) ဘုရားဖြစ်ပြီဟု ဝန်မခံခဲ့ပေ။
ထိုဆိုခဲ့ပြီး အသိဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် သန့်သန့်ရှင်းရှင်းကြီး ရပြီးသောအခါမှ စ၍သာလျှင် ဘုရားဖြစ်ပြီဟု ဝန်ခံခဲ့သည်”ဟု ဟောတော်မူသည်။

ဤစကားဖြင့် ‘သစ္စာ ၄-ပါးကို ၁၂-မျိုး စိတ်ဖြာ၍ ပိုင်ပိုင်နိုင်နိုင် သိသောပုဂ္ဂိုလ်မှသာ လောကတွင် သမ္မာသမ္ဗုဒ္ဓဟူသော ဘွဲ့ထူးကို ခံယူထိုက်သည်’ ဟူသော အဓိပ္ပာယ်ကိုလည်း သိစေတော်မူသည်ပင် ဖြစ်သည်။
ယင်းသို့ မိန့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓဘာသာဝင်နှင့်တကွ သတွာအားလုံးတို့အား စစ်ဆေး စမ်းသပ်ကြည့်စရာ မှတ်ကျောက်တစ်ခု, လက်နက်ကိရိယာကောင်းတစ်ခု ပေးအပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။

မည်သူပင်ဖြစ်စေ ကိုယ့်ကိုကိုယ် ဘုရားဟု ဝန်ခံလာသောသူမျိုးကို ‘သင်သည် သစ္စာ ၄-ပါးကို သိ၏လော?၊ ထိုသစ္စာ ၄-ပါးတရားကို ၁၂-မျိုး ၁၂-ဖုံ ခွဲခြမ်းစိတ်ဖြာ၍ ထိုးထွင်း သိမြင်ခဲ့ပြီလော?ဟု မေးကြည့်၍ ‘မသိဘူး’ဟု ဆိုလျှင် ‘ထိုသူသည် ဧကန္တ ဘုရားအစစ် မဟုတ်၊ အတုသာ ဖြစ်သည်’ဟု ပိုင်ပိုင်ကြီး ဆုံးဖြတ်ရပေမည်။

သည်သာမကသေး။ မည်သူ၏ တရားကိုမဆို တရားစစ် တရားမှန် ဟုတ်,မဟုတ် စစ်ဆေးလိုလျှင်လည်း ဤသစ္စာ ၄-ပါး ဒေသနာ လက်နက်ကိရိယာကောင်းကိုပင် သုံးရပေမည်။

မည်သည့်တရားတွင်မဆို သစ္စာ ၄-ပါးတရားမျိုး ရှိ,မရှိ စစ်ဆေး၍ မရှိလျှင် တရားစစ် တရားမှတ် မဟုတ်ဟု ရဲရဲကြီး ဆုံးဖြတ်နိုင်ပေသည်။

သို့ဖြစ်ရကား သစ္စာ ၄-ပါးတရားတော်သည် ဘုရားစစ် ဟုတ်,မဟုတ်၊ တရားစစ် ဟုတ်,မဟုတ် စစ်ဆေး စမ်းသပ်ဖို့ရန် လက်နက်ကိရိယာကောင်းကြီးတစ်ခုလည်း ဖြစ်ပါပေသည်။

(အရှင်သီလာနန္ဒာဘိဝံသံ၏ “တရားဦး” မှ)

+++++

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ ဓမ္မသင်တန်းအဖြစ် “ဓမ္မစကြာ”သင်တန်းကို ဆရာတော် အရှင်စက္ကိန္ဒက မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ပို့ချပေး၏။

ရှေးဦးစွာ သင်တန်းသူ သင်တန်းသားများက ယခင်ပို့ချခဲ့ပြီးသည်အထိ ဓမ္မစကြာကို ရွတ်ဆို ပူဇော်ကြသည်။

ယခုတစ်ပတ်တွင် သစ္စာတစ်ပါးစီ၌ ဉာဏ် ၃-ပါး၊ သစ္စာလေးပါး ဉာဏ်သုံးမျိုး၊ သုံးမျိုးလေးလီ ဉာဏ် ၁၂-ပါးအကြောင်း မှတ်သား ရွတ်ဆို လေ့လာ သင်ယူကြရ၏။



ဓမ္မစကြာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ပညာနန္ဒက “ဘဝပန်းလေး မနွမ်းစေချင်” တရားခေါင်းစဉ်ဖြင့် ဟောကြား ချီးမြှင့်လေသည်။




+++++

ရွှေဘုံပေါ်မှာ နေရတော့၊ တရားမသိရင်၊ ရင်လေးတယ်။
တဲကုတ်ထဲမှာ ရေပေမယ့်၊ တရားသိရင်၊ ရင်အေးတယ်။
နေရေးသေရေး၊ အစဉ်တွေး၍၊ ရင်အေးအောင် ကြံကြစေလိုတယ်။
မြင်ရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
ကြားရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
နံရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
စားရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
တွေ့ထိရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
ကြံစည်ရာမှာ၊ ‘ငါ’မလုပ်နဲ့၊ နာမ်နှင့်ရုပ် ဖြစ်ချုပ် ရှုရမယ်။
အဲဒါမှ ဗုဒ္ဓဝါဒ ပီသပါပေတယ်။

+++++

တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အဝဝတို့ကို အမျှပေးဝေကြပါသည်။

သာဓု ... သာဓု ... သာဓု။
0 comments 

Read more...

စွဲလမ်းခြင်းနဲ့ အကြင်နာအသနားပိုခြင်း ဆိုင်ရာ

စွဲလမ်းမှုဖြစ်တဲ့အရာကို အကျွန်ုပ်တို့ သိပါတယ်။ ဒါ့ကြောင့် အကြင်နာအသနားပိုတဲ့အရာကို နားလည်ဖို့ တကယ်မခက်ခဲပါ။ စွဲလမ်းမှုဟာ ဇီဝဗေဒရောဂါဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အဲဒါက ပြင်းထန် ပူလောင်ပါတယ်။ ဇီဝဗေဒဆိုင်ရာ သတိလစ်နေသော မသိစိတ် စွမ်းအင်များက သင့်ကို ပိုင်ဆိုင်လုနီးပါး လက်ဝယ်ရှိနေပါတယ်။ သင်ဟာ သင့်ရဲ့ကိုယ်ပိုင်အရှင်သခင် မဖြစ်နိုင်တော့။ သင်ဟာ အစေခံကျွန်တစ်ယောက်မျှသာ ဖြစ်ပါတယ်။

အကြင်နာအသနားပိုမှုက သင်ဟာ ဇီဝဗေဒ(biology)နဲ့ ဇီဝကမ္မဗေဒ(physiology)ကို ကျော်လွန်ပြီးသွားပြီလို့ ဆိုလိုပါတယ်။ သင်ဟာ အစေခံကျွန်တစ်ယောက် မဖြစ်နိုင်တော့။ အရှင်သခင် ဖြစ်ပါတယ်။ ယခု သင်ဟာ မရည်ရွယ်ဘဲ သတိမမူမိဘဲ လုပ်ကိုင်ဆောင်ရွက်ပါတယ်။ သင်ဟာ လုံးဝလွတ်လပ်ပါတယ်။ အဲဒီနောက် စွဲလမ်းမှုဖြစ်လာတဲ့ တူညီတဲ့စွမ်းအင်ကို အကြင်နာအသနားပိုခြင်းဆီသို့ ပြောင်းလဲပါတယ်။

စွဲလမ်းမှုဟာ တပ်မက်ခြင်း ဖြစ်ပါတယ်။ အကြင်နာအသနားပိုမှုက ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။ စွဲလမ်းမှုက အလိုအာသီသဖြစ်ပါတယ်။ အသနားအကြင်နာပိုခြင်းက အလိုအာသီသမှကင်းပါတယ်။ စွဲလမ်းမှုက အလိုကြီးမှု ဖြစ်ပါတယ်။ အကြင်နာအသနားပိုခြင်းက မျှဝေခြင်း ဖြစ်ပါတယ်။ စွဲလမ်းမှုက အခြားသူများကို အသုံးချခံ တစ်ခုအဖြစ် အသုံးပြုချင်ပါတယ်။ အကြင်နာအသနားပိုမှုက အခြားသူများကို သူမကိုယ်တိုင် ဒါမှမဟုတ် သူကိုယ်တိုင်ဆီသို့ အပိုင်းအစတစ်ခုအနေနှင့် လေးစားမြတ်နိုးပါတယ်။

စွဲလမ်းမှုက သင့်ကို မြေပေါ်မှာ- ရွှံ့ နွံမှာ ကြိုးဖြင့်ချည်းပြီး လံထားပါတယ်။ ပြီးတော့ သင်ဟာ ဘယ်တော့မှ ကြာပန်းတစ်ခု ဖြစ်မလာပါ။ အကြင်နာအသနားပိုမှုက သင့်ကို ကြာပန်းတစ်ခုဖြစ်အောင် ပြုလုပ်ပါတယ်။ သင်ဟာ တောင့်တမှု, အလိုကြီးမှု, ဒေါသရဲ့ ရွှံ့နွံကမ္ဘာကို ကျော်လွှားနိုင်ဖို့ကို စတင်ပါတယ်။ အကြင်နာအသနား ပိုခြင်းဟာ သင်စွမ်းအင်များရဲ့ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါတယ်။

သင့်ရဲ့စွမ်းအင်အားလုံးဟာ ရေသွယ်မြောင်းသို့ ဆက်လက်စီးဆင်းသွားပါတယ်။ ဒီစွမ်းအင်အားလုံးဟာ ပြုန်းတီးမှု မဖြစ်တော့တဲ့အခါ သူတို့ဟာ သင့်ရဲ့အတွင်းရေကန်ကို သင့်ရဲ့အတွင်းဖြစ်တည်ခြင်းကို ဖြည့်ဆည်းဖို့ စတင်ပါတယ်။ သင်ဟာ ပြည့်ဝလာပါတယ်။ ကြီးမားတဲ့နှစ်သက်ပျော်ရွှင်မှုတစ်ခု သင့်မှာ ဖြစ်ပေါ်လာပါတယ်။ သင်ဟာ ပြည့်လျှမ်းလာခြင်းကို စတင်တဲ့အခါ သင်ဟာ အမှန်တကယ်အသိပိုင်ရှင်တစ်ယောက် ဖြစ်လာပြီး ဖြစ်ပါတယ်။ ပြီးတော့ သင်ဟာ မကုန်ခန်းနိုင်တဲ့ရင်းမြစ်တစ်ခုဆီသို့ ရောက်ရှိလာပြီး ဖြစ်ပါတယ်။

အကြင်နာအသနားပိုမှုဟာ သော့ချက်စကားလုံးတစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ကမ္မဌာန်းတရားထဲသို့ နက်နက်နဲနဲသွားတဲ့အခါမှသာလျင် သင်ဟာ အဲဒါကို နားလည်လာပါလိမ့်မယ်။ ကမ္မဌာန်းတရားဟာ စွဲလမ်းမှုကို အသနားအကြင်နာပိုခြင်းဆီးသို့ ဆက်သွယ်ဖို့ သော့ချက်ဖြစ်ပါတယ်။ သင်ဟာ ပို၍ နိုးကြားသောအသိသတိ ရှိရပါလိမ့်မယ်။ ယခု သင်ဟာ သတိမမူမိပါ။

အကျွန်ုပ်တို့ဟာ စက်ရုပ်(robot)များလို နေထိုင်ပါတယ်။ သင်ဟာ စက်ရုပ်တစ်ရုပ်လို ဖြစ်လေလေ သင်ဟာ အသုံးကျလေလေ ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်းဟာ သင့်နှင့် အကောင်းဆုံးဖြစ်လေလေ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒါဟာ စက်ရုပ်လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နေလို့ပါ။ နိုးနိုးကြားကြား ဖြစ်နေတာ - အသင့် အနေအထားဖြစ်နေတာ- သတိပြုမိနေတာဟာ အန္တရာယ်ရှိပါတယ်။ ဒါဟာ မျက်ကန်းလူများရဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေလို့ပါ။ မျက်လုံးများ ရှိနေခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်ဖို့ ဖြစ်နေပါတယ်။

ဒါပေမယ့် အသိသတိနိုးကြားမှုကို ဖန်တီးခြင်းမရှိဘဲ သင်ဟာ ဘယ်တော့မှ အလှအပကို သိလာလိမ့်မယ် မဟုတ်ပါ။ ဘ၀ဟာ သင့်အပေါ်မှာ နှင်းအပ်ပြီးပြီဆိုတဲ့ ကောင်းချီးမင်္ဂလာကို သင်ဟာ ဘယ်တော့မှ သိလာလိမ့်မယ် မဟုတ်ပါ။ တိုးတက်ကြီးပွါးဖို့- သင့်တော်လိုက်ဖက်လာဖို့- သင့်အတွက် ပေးအပ်ခဲ့ပြီးတဲ့ ကြီးမားတဲ့ အခွင့်အရေးကို ဘယ်တော့မှ သင်ဟာ သိလာလိမ့်မယ်မဟုတ်ပါ။

Socrates က ပြောပါတယ်။ “သင် မသိဘူးဆိုတာကို သင် သိလာလျင်- ဒါဟာ တကယ့် စတင်နေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီနောက် ဒါဟာ သင့်အတွက် သိဖို့ ဖြစ်နိုင်ပါတယ်”။ “ငါ မသိနားမလည်ဘူး”ဆိုတာကို သိရှိလာခြင်းက အမှန်တရားအတွက်- သင့်ရဲ့အမှန်တရားအတွက် သင့်ရဲ့ကိုယ်ပိုင်အတွင်းဘက်မှာ စူးစမ်း ရှာဖွေခြင်းရဲ့- စိစစ်မေးခွန်းထုတ်ခြင်းရဲ့- ဖြစ်နိုင်ခြေအလားအလာကို ဖန်တီးပါတယ်။

အကြင်နာအသနားပိုခြင်းဟာ စွဲလမ်းမှုရဲ့ အဆုံးစွန် ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ သင်ဟာ စွဲလမ်းမှုအတွင်း တည်ရှိပါတယ်။ ဒါပေမယ့် သင်ဟာ သင်တည်ရှိတဲ့အတိုင်း သင်ဟာ မှန်ကန်တယ်ဆိုတာကို ဆက်လက် တွေးထင်နေပါတယ်။ သင်ဟာ သင်ကိုယ်တိုင် အကာအကွယ် ဆက်လက်ပေးနေပါတယ်။ ပြီးတော့ သင့်ရဲ့ ဥစ္စာပစ္စည်းကုံလုံပြည့်ဝတဲ့ စက်ရုပ်ဆန်တဲ့ ဘ၀ကို နှောင့်ယှက်တဲ့ဘယ်အရာဖြစ်ဖြစ် သင်ဟာ ဆန့်ကျင်အာခံပါတယ်။

သင်ဟာ အကျွန်ုပ်ထံသို့ ရောက်ရှိလာတဲ့အခါ သင်ဟာ အသိသတိနိုးကြားဖို့ လာခြင်းမဟုတ်ပါ။ သင်ဟာ လှပသော ချိုမြသော အိပ်မက်ကို မက်နိုင်ရန်အလို့ငှါ သင် အကျွန်ုပ်ထံသို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဒါဟာ ရောက်ရှိလာခြင်းရဲ့ သင့်ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ဒီနေရာမှာ တည်ရှိခြင်းရဲ့ အကျွန်ုပ်ရည်ရွယ်ချက်တော့ မဟုတ်ပါ။

သင်ဟာ ဒီနေရာမှာ ဖြစ်တည်သည်နှင့်တပြိုင်နက် သင့်ကို တိုက်မိငြိမိ ဖမ်းယူမိပါတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျွန်ုပ်ဟာ သင်ရဲ့အိပ်မက်ကို အဝေးသို့ယူခြင်းကို စတင်ပါတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျွန်ုပ်ဟာ သင့်ရဲ့ စိတ်လှည့်စားမှု အတွေးအထင်မှားများကို ဖျက်ဆီးချေမှုန်းဖို့ ဆက်လက် ထွက်ခွါ သွားရောက်ပါတယ်။

သင့်ရဲ့ စိတ်လှည့်စားမှု အတွေးအထင်မှားများကို လွှတ်ချလျင်လွှတ်ချချင်း- သင့်ရဲ့ အိပ်မက်များဟာ အစိတ်စိတ် အမြွာမြွာ ပြိုကွဲလျင်ပြိုကွဲချင်း- ကြီးမားနက်ရှိုင်းတဲ့ အသိသတိနိုးကြားလာခြင်းဟာ - (သင့်ကို အမှန်တကယ် အသိပိုင်ရှင်တစ်ယောက်ဖြစ်အောင် ပြုလုပ်တဲ့ ကြီးမားနက်ရှိုင်းတဲ့ အသိသတိ နိုးကြားလာခြင်းဟာ) - သင့်အတွက် သင့်ကို စောင့်မျော်နေပါတယ်။ ပြီးတော့ အကြင်နာအသနားပိုသူတစ်ယောက် အဖြစ်….။

Read more...

မြတ်စွာဘုရားရှင်၏ နေ့စဉ်ဆုံးမစကား


အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊
ဗုဒ္ဓါပ္ပါဒေါ ဒုလ္လဘေည လောက သ္မိံ။
မနုဿတ္တဘာဝေါ ဒုလ္လဘော၊
ဒုလ္လဘော သဒ္ဓါ သမ္ပတ္တိ၊
ပဗ္ဗဇိသဘာဝေါ ဒုလ္လဘော၊
သဒ္ဓမ္မဿဝနံ ဒုလ္လဘံ၊
ဧ၀ံ ဒိဝသေ ဓိဝသေ သြ၀ဒေဟိ။
“အို… သူတော်ကောင်းအပေါင်းတို့ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံကြပါစေ။ လောကမှာ ဘုရားအဖြစ်လည်း ရခဲလှပါသည်။ လူအဖြစ်လည်း ရခဲလှပါသည်။ သဒ္ဓါတရားနှင့် ပြည့်စုံမှုလည်း ရခဲလှပါသည်။ ရဟန်းအဖြစ်လည်း ရခဲလှပါသည်။ တရားနာရမှုလည်း ရခဲလှပါသည်။” ဟု မြတ်စွာဘုရားရှင်က အထက်ပါအတိုင်း နေ့စဉ်ဆုံးမတော်မူပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

*ငါ*

ငါပြောမှမှန်၊ ငါကြံမှဟုတ်
ငါ့ကိုယ်ငါ ငါပွဲထုတ်
ငါစွဲသရုပ်။
ငါပြင်မှယဉ်၊ ငါဆင်မှလှ
ငါ့ကိုယ်ငါ ငါအားကျ
ငါစွဲအတ္တ။                                                                                            
ငါထင်ရာ ငါတကောရယ်နဲ့
ငါ့သဘော ငါ့အမြင်
ငါသာလျှင် စင်းလုံးချော
ငါ့အပြော သဲလဲစင်
ငါ့ကိုယ်ငါ ရှေ့တန်းတင်
ငါ့ကိုယ်လျှင် ငါတင်စား
ငါတကားရယ်နဲ့
ငါ့အမှား ငါမမြင်တဲ့
ငါ့အသွင် အရှက်ကင်းတယ်
သိမ်ဖျဉ်းဘိတကား..။ ။
စစ်ပြန် မဂ္ဂဇင်းထဲကပါ။ စာရေးသူကိုတော့ မသိပါဘူး..။
ကိုယ့်အပြစ် ကိုယ်ကြည့်တာနည်း သူများအပြစ်သာ အကြည့်များတတ်တဲ့ ကိုယ့်ကိုယ်ကို သတိပေးလို့ အနတ္တသဘောကို ဆင်ခြင်ရင်း…
ЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮЮ
လေးစားစွာဖြင့်
ဖိုးသား
2/8/2011, TUE:, 1:18:38 AM

Read more...

ဒု၊ သ၊ န၊ သော

 ရေးသားသူ.... ညခင်းနှင့်လမင်း on Feb 6, 2011 at 2/06/2011

ကောသလမင်းကြီးသည် တစ်နေ့တွင် လင်ရှိမယားတစ်ယောက်ကို မတရားသော နည်းဖြင့်ရရန် ကြံစည်နေရာ ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည် နှင့် ဒု၊ သ၊ န၊ သော ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရပါသည်။ မိုးလင်းသောအခါမှ မလ္လိကာဒေ၀ီ၏ အကြံပေးမှုဖြင့် ဘုရားထံမှောက် အရောက်သွားကာ ညက အသံနက်ကြီးများ အကြောင်းကို မေးလျှောက်ပါသည်။ ထိုအခါ မြတ်ဗုဒ္ဓက-

ဒီအသံနက်ကြီးလေးခုသည် အသင်မင်းကြီး၏ အသက်အန္တရာယ်အတွက်မဟုတ်၊ လူ့ဘ၀က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြသော သူဌေးသားလေးယောက် လောဟကုမ္ဘီငရဲအိုးသို့ ကျရောက်ရာ နှစ်ပေါင်းများစွာကြာမှ အိုးနှုတ်ခမ်းပေါ်သို့ ခေါင်းလေး တစ်ခါသာ ပေါ်နိုင်သည်။ ထိုသို့ ပေါ်ချိန်ကလေးတွင် မိမိတို့၏ မိုက်ပြစ်များ၊ လူ့ဘ၀တန်ဖိုးများကို ပြောဆိုကြရာ ဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်လျှင် စကားတစ်လုံးစီသာပြောဆိုပြီး ငရဲအိုးတွင် ပြန်၍နစ်ကြရသည်ဟု ရှင်းပြတော်မူပါသည်။ ၄င်းအသံလေးမျိုးတွင် သော ဟူသော စကားလုံး အဓိပ္ပါယ်သည်...

ငါသည် ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသော လူ့ဘ၀ကို ပြန်၍များရခဲ့လျှင် သူတော်ကောင်းများ၏ တရားကိုလည်း ကောင်းစွာ နာယူပါ့မယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလကိုလည်း ပြည်စုံအောင် စောင့်ထိန်းပါတော့မယ်။ ကုသိုလ်တရားမှန်သမျှ အလုံးစုံကို ကြိုးစားအားထုတ်ပါတော့မည်ဟု..ဆိုခြင်းပင်ဖြစ်သည်။

ဘုရားရှင်၏ ကျေးဇူးကြောင့် ငရဲပြည်မှ နောင်တသံကို ဖတ်ရှုကြားနာကြရသော ကျမတို့သည်လည်း လူ့ဘ၀တန်ဖိုးကို လူ့ဘ၀မှာပင် စောစောစီးစီးသိရသဖြင့် ကျေးဇူးများလှပါသည်။ သိပြီးနောက် လည်း ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးကိုလည်း သိဖို့လိုအပ်ပါတယ်။ထို့ကြောင့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးက-

အကယ်၍သာ၊ မြတ်ဗုဒ္ဓါသည်
လူ့ရွာထင်ရှား၊ မပွင့်ငြားက
င်္ိဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ
ယခုခါသော်၊ မြတ်ဇိနော်သည်
ပွင့်ပေါ်ထင်ရှား၊ ဟောညွှန်ကြား၍
ဲဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ၊များလှကျေးဇူးပေ..ဟု စပ်ဆိုတော်မူခဲ့ပါသည်။



ညခင်း

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

Sexy ၀တ်စုံ


အသောကမင်းကြီးရဲ့ ကျေးဇူးနဲ့ ဘီစီ ၂၃၅ ခန့်မှာ
ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို မွန်ပြည်နယ် သထုံတ၀ိုက်ရောက်လာတယ်ပဲ ဆိုပါစို့။
အဲ့ဒီအချိန်ကစပြီး သထုံတ၀ိုက် ဗုဒ္ဓဘာသာ အတော်စည်ပင်ပြန့်ပွါးခဲ့ပုံပေါ်ပါတယ်။

ဒါ့ကြောင့် သထုံဒေသမှာရှိတဲ့ မွန်လူမျိုးတွေဟာ
မြန်မာနိုင်ငံအလည်ပိုင်းနဲ့ အထက်ပိုင်းမှာရှိတဲ့လူမျိုးတွေထက်စောပြီး
ဗုဒ္ဓဘာသာအရသာနဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို
သုံးဆောင်ခံစားကျင့်သုံးခွင့်ရခဲ့တယ်လို့ မှတ်ယူနိုင်တယ်။

ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စာပေများကို
သထုံတ၀ိုက်မှာရှိတဲ့ မွန်လူမျိုးတွေက အရင်ကျင့်သုံးခွင့်ရတဲ့အတွက်
ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆင့်အတန်း၊ စာပေမြင့်မားမှုမှာ
သူတို့က ရှေးပိုကျတယ်လို့ ဆိုနိုင်ပါတယ်။

လူနဲ့သူနဲ့တူအောင်နေနိုင်တာ သူတို့က ပိုစောတယ်လို့ဆိုရမယ်။

ဒါ့ကြောင့် အညာသားရှင်ဘုရင် အနော်ရထာတို့ မွန်ဘုရင် မနူဟာမင်းဆီသွားပြီး
ပိဋကတ်သုံးပုံတောင်းတော့
“မင်းတို့လိုအရိုင်းအစိုင်းတွေနဲ့ ပိဋကတ်နဲ့လားလားမှ မထိုက်” လို့
ပြောလွှတ်လိုက်တာဖြစ်မယ်။
ထား။

ဒီနေရာမှာ ပြောချင်တာက
သထုံတ၀ိုက်မှာ အသောကမင်းလက်ထက်ကစပြီး
ဗုဒ္ဓဘာသာစတင်ရောက်ရှိထွန်းကားလာတယ်လို့ ပြောလိုရင်းဖြစ်တယ်။

နောက်ပိုင်းနှစ်အတန်အကြာ အေဒီ ၁၁ ရာစုမှာ
မွန်ပြည်နယ်မှာ မနူဟာဆိုသူ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတယ်။
သူနဲ့ခေတ်ပြိုင်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးဘက်က ရှင်အရဟံဆိုတဲ့ဘုန်းကြီးရှိတယ်။

အညာ ပုဂံဒေသမှာက
သူနဲ့ခေတ်ပြိုင် အနော်ရထာ ရှင်ဘုရင်လုပ် အုပ်ချုပ်နေတယ်။
အဲ့အချိန် ပုဂံဒေသမှာ အနော်ရထာမင်းတို့တတွေက အရည်းကြီးတွေ ကိုးကွယ်ကြတယ်။

ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့မွန်ပြည်နဲ့ အရည်းကြီးကိုးကွယ်နေတဲ့ ပုဂံပြည်
ဘာသာယဉ်ကျေးမှု အတော်ကွာဟမှုရှိပါတယ်။

သထုံတ၀ိုက် ဗုဒ္ဓဘာသာယဉ်ကျေးမှုမြင့်မားနေချိန်
ကမ္ဗောဒီးယားမှာ ခမာဘုရင်တွေ အုပ်စိုးတယ်။

ဒီခမာဘုရင်တွေက ဟိန္ဒူဘာသာဝင်တွေ။
ဒါ့ကြောင့် ကမ္ဗောဒီးယားနိုင်ငံမှာ ထင်ရှားတဲ့ အန်ကောဝပ်ကျောင်းတော်ကြီးကို ကြည့်လိုက်ရင်
ဟိန္ဒူယဉ်ကျေးမှု ဘယ်လောက်လွှမ်းမိုးသွားတယ်ဆိုတာ ခန့်မှန်းသိရှိနိုင်တယ်။
အဲ့ဒီ ဟိန္ဒူခမာဘုရင်တွေ နယ်ချဲ့လာတာ ထိုင်းကိုရောက်လာတယ်။
ထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်ဘက်ကို ရောက်လာတယ်။

ဟိန္ဒူတွေ ဗုဒ္ဓဘာသာထွန်းကားတဲ့ မွန်ပြည်နယ်ဘက်ရောက်လာတော့
ဗုဒ္ဓဘာသာဘုန်းကြီးတွေ သိပ်အဆင်မပြေဘူးပေါ့။

မနူဟာမင်းလက်ထက် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်တဲ့ ရှင်အရဟံလည်းပဲ
ဟိန္ဒူဘာသာဝင်တွေဝင်ရောက်လာတဲ့ မွန်ပြည်နယ်မှာ သိပ်နေလိုဟန်မရှိတော့လို့ ထင်ပါရဲ့။
အထက်ဗမာပြည် ပုဂံကို ကြွပါတယ်။
ပုဂံပြည် တောထဲတစ်နေရာမှာနေနေပြီးတော့ တရားကျင့်နေပါတယ်။

မုဆိုးတစ်ယောက်က သားကောင်လိုက်ရင်းနဲ့
တောထဲမှာနေနေတဲ့  မွန်ပြည်နယ်သားရဟန်းတော် ရှင်အရဟံကို တွေ့သွားတယ်။
ခေါင်းပြောင်ပြောင် ပခုံးတစ်ဖက်ဖေါ်ထားတဲ့ ရှင်အရဟံကိုတွေ့တော့
ပုဂံသားမုဆိုးမျက်စိထဲ အတော်ထူးဆန်းသွားတယ်။

ဟုတ်တယ်။ အခုခေတ်မှာလဲပဲ
ခေါင်းပြောင်ပြောင်နဲ့ ပခုံးတစ်ဖက်ဖော်ထားတဲ့ ရဟန်းတော်တွေရဲ့ အသွင်အပြင်ကို
ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ သီဟိုဠ်၊ ထိုင်း၊ မြန်မာနိုင်ငံက လူတွေက
မထူးဆန်းပေမဲ့ တခြားနိုင်ငံက လူတွေက အထူးအဆန်းဖြစ်ပြီး ကြည့်လေ့ရှိတယ်။

အိန္ဒိယမှာနေတုန်းကဆိုရင် ကုလားတစ်ယောက်က
သင်္ကန်းကို လာကိုင်ပြီး
“ဒီဝတ်စုံက မြန်မာနိုင်ငံက ရိုးရာဝတ်စုံလား” လို့တောင် မေးဘူးတယ်။

ဘုရားရှင်က မြို့ထဲရွာထဲ သွားရင် သင်္ကန်းရုံသွားဘို့ ပညတ်ထားတဲ့ဝိနည်းစည်းကမ်းရှိပါတယ်။
အဲ့ဝိနည်းစည်းကမ်းကို မလိုက်နာပဲ ပခုံးတစ်ဖက်ဖော်သွားရင်
မြန်မာနိုင်ငံတွင်းမှာဆိုရင် ဘာမှ အထူးအဆန်းမဟုတ်ပေမဲ့
တခြားနိုင်ငံတွေမှာဆိုရင် အတော်အဆင်မပြေတာ တွေ့ရတယ်။

အိန္ဒိယက ကုလားတစ်ယောက်က ဒီအ၀တ်အစားက
လူရိုင်းတွေ ၀တ်တဲ့အ၀တ်အစားနဲ့တူတယ်တဲ့။

မလေးရှားက တရုတ်မတစ်ယောက်က
ဒီလိုပခုံးတစ်ဖက်ဖော်ပြီး ၀တ်ထားတဲ့အ၀တ်အစားဟာ
အတော့်ကို sexy ဖြစ်တယ်တဲ့။

ရဟန်းတော်များ သင်္ကန်းမခြုံပဲ သင်္ကန်းမရုံပဲ မြို့တွင်းရွာတွင်းသွားရင်
ဒီလို အဆင်မပြေမှုလေးတွေ ရှိတာတော့ အမှန်ပဲ။
ဒါ့ကြောင့် သင်္ကန်းကို သေသေချာချာ သပ်သပ်ယပ်ယပ် ရုံပြီးမှသာ
သွားသင့်ပါတယ်။

တောထဲမှ တစ်ကိုယ်တည်း ဦးခေါင်းပြောင်ပြောင်နဲ့ ပခုံးတစ်ဖက်ဖော်ထိုင်နေတဲ့
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်တဲ့ရှင်အရဟံကို မြင်လိုက်တဲ့အချိန်
မုဆိုးမျက်စိထဲ မယုံနိုင်လောက်အောင်ကို ဖြစ်သွားတယ်။
 လူရော ဟုတ်ရဲ့လား၊ တစ္ဆေလား၊ သရဲလားစသဖြင့် တွေးတော့တာပေါ့။

မုဆိုးက ပါလာတဲ့မြှားနဲ့ချိန်တွယ်ပြီး
ငြိမ်ငြိမ်နေဘို့ အသာအယာလိုက်လာဘို့ပြောဆိုကာ
ရှင်အရဟံကို အနော်ရထာမင်းရှိရာ နန်းတွင်းကို ခေါ်ဆောင်သွားတယ်။

Read more...

ပန်းဦး

အနော်ရထာမင်းလဲ ရှင်အရဟံကို မြင်တော့
ဒါမျိုးကိုယ်တော် အရင်တစ်ခါမှ မမြင်ဘူးတော့
အတော်ထူးဆန်းနေတာပေါ့။

ရှင်အရဟံကလည်း
သွားတဲ့နေရာ၊ လာတဲ့နေရာ၊ ပြောတဲ့နေရာ ဆိုတဲ့နေရာတွေမှာ
အတော်လေးကို ဣနြေ္ဒရရ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်ရှိပုံပေါက်ပါတယ်။

အနော်ရထာမင်းက သူကိုးကွယ်နေတဲ့ အရည်းကြီးရဟန်းတွေနဲ့
ရှင်အရဟံကို ချိန်ထိုးကြည့်ပုံပေါက်တယ်။

အရည်းကြီးရဟန်းတွေကို အဲ့ခေတ်က ရှင်မထီးလို့ခေါ်ပါတယ်။

စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတဲ့ ရှင်မထီးရဲ့ပုံပန်းသဏ္ဌာန်က
“ရှေးအတီတွေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊
မုဆိတ်မွေး ဗလပြစ်၊ မဲညစ်သည့် စီဝရံနှင့်၊
တာတေလံ အကျင့်ဆိုးသော၊
ရှင့်သိုးတကာ့ခေါင်ထီး၊ ရှင်မထီး” တဲ့။

ရှင်မထီးဆိုသူ အရည်းကြီးတွေက
ဆံပင်ကို လက်လေးသစ်လောက်ရှည်အောင်ထားလေ့ရှိတယ်တဲ့။
မုဆိတ်မွေးက ဗလပြစ်နဲ့။
စီဝရံဆိုတာက ပါဠိစကား၊ မြန်မာလို သင်္ကန်း။
ဒါ့ကြောင့်သူတို့ဝတ်ဆင်တဲ့သင်္ကန်းက မဲညစ်ညစ်အရောင်ရှိတဲ့သင်္ကန်း။

အခုခေတ်တောင် တချို့ဆရာတော်တွေ ဒီလိုသင်္ကန်းဝတ်တာတွေ့ဘူးတယ်။

ဆံရှည်ထားတာ၊ မုတ်ဆိတ်မွေးဗလပြစ်ရှိတာ၊
ညစ်ထေးထေးသင်္ကန်းဝတ်တာဟာ ပြဿနာတော့ မဟုတ်ပါဘူး။
ပြဿနာက တာတေလံ အကျင့်ဆိုးသော ဆိုတာပဲ။
အကျင့်ဆိုးတာက တာတေကိုလံနေတာပဲ။
အကျင့်ဆိုးတာက ပတ်ဝန်းကျင် သူတို့ကို ကိုးကွယ်နေတဲ့သူတွေကိုပါ
ထိခိုက်နေတော့ ပြဿနာပေါ့။

ရှင်မထီး အရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးတာနဲ့ပတ်သက်ပြီး
လေ့လာသိရှိရတာက

အနော်ရထာမင်းလက်ထက် ပုဂံပြည် ရှင်မထီးအရည်းကြီးတွေကို
ပန်းဦးဆက်သရတဲ့အလေ့ရှိတယ်တဲ့။
ပန်းဦးဆက်သရတယ် ဆိုတာက
အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့မယ်ဆိုရင်
မင်္ဂလာလက်ထပ်ပွဲ ကျင်းပကြရတယ်။
ဒီလို မင်္ဂလာပွဲလက်ထပ်ကျင်းပပြီးတဲ့အချိန်
သတိုးသားက သတိုးသမီးကို ရှင်မထီး အရည်းကြီးရဟန်းတော်ကြီးတွေကို
ဆက်ကပ် လှူဒါန်းရတယ်တဲ့။
သတိုးသားနဲ့ သတိုးသမီးအတူမအိပ်ခင် သတိုးသားက သတိုးသမီးကို
အရည်းကြီးရဟန်းတော်တွေကို ဦးဦးဖျားဖျားလှူဒါန်းတာကို
ပန်းဦးဆက်သတယ်လို့ ခေါ်တယ်။

ဆိုလိုတာက သတိုးသမီးနဲ့ အရည်းကြီး တစ်ညအိပ်စေတယ်ပေါ့။

အနော်ရထာမင်းရဲ့ ပုဂံပြည်မှာ ဒီလို တာတေလံအကျင့်ဆိုးကြီး အမြစ်တွယ် တည်ရှိနေခဲ့ပါတယ်။
အဲ့ဒီခေတ် အဲဒီအခါက ဒီလိုလုပ်ရင် ကုသိုလ်ရတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတဲ့အတွက်
ဒီလိုလုပ်ငန်းတွေကို အချိန်တန်ရင် ပျော်ပျော်ရွှင်ရွှင်ပဲ ပြုလုပ်လေ့ရှိခဲ့ပါတယ်။
သူတို့ကို သူတို့တော့ ဒါမျိုးကို စိတ်သန့်သန့်နဲ့ ပြုလုပ်လေ့ရှိပြီး
တာတေလံ အကျင့်ဆိုးလို့ ဘယ်ယူဆပါ့မလဲ။

ဆံပင်က လက်လေးသစ်လောက်ရှည်ပြီး မုဆိတ်မွေးဗလပြစ်နဲ့
မဲမဲညစ်ညစ်သင်္ကန်းတွေဝတ်ဆင်ထားတဲ့ တာတေလံအကျင့်ဆိုးကြီးကို
လက်ခံကျင့်သုံးနေတဲ့ ရှင်မထီးအရည်းကြီးတွေ
ခေတ်ကောင်းနေချိန် စည်ပင်ပြန့်ပွါးနေချိန်

ဦးခေါင်းပြောင်ပြောင် သင်္ကန်းကို သပ်သပ်ယပ်ယပ်ဝတ်ဆင်ထားတဲ့
မွန်ပြည်နယ်က ရှင်အရဟံ ပုဂံပြည် အနော်ရထာမင်းရဲ့ နန်းတော်ထဲ
မုဆိုးကောင်းမှုနဲ့ ရောက်လို့သွားပါတယ်။

အနော်ရထာမင်းကြီးက
ဘာလဲ၊ ဘယ်သူလဲလို့မေးတော့
ရှင်အရဟံလို့ခေါ်ကြောင်း၊
ဗုဒ္ဓဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်တစ်ပါးဖြစ်ပါကြောင်း
ပြောတော့
အနော်ရထာမင်းကြီးက
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဟောကြားပေးဘို့ လျှောက်တယ်။
ရှင်အရဟံက
အပ္ပမာဒေါ အမတံ ပဒံ စတဲ့ ဓမ္မပဒပါဠိတော်ထဲမှာပါတဲ့
ဂါထာတစ်ပုဒ်ကို အခြေခံပြီးဟောလိုက်တာ
အနော်ရထာမင်းကြီး ချက်ချင်းပဲ ရှင်အရဟံကို သဘောကျသွားတယ်။

ရှင်အရဟံဟောကြားလိုက်တဲ့ ဗုဒ္ဓဘုရားရှင်တရားတော်ကို
သက်ဝင်ယုံကြည်သွားတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းသူ့ကိုယ်သူ ကြေငြာပြီး
ရှင်မထီး အရည်းကြီးတွေကို လူဝတ်လဲစေတယ်။
ရှင်မထီးအရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးတွေကို ပပျောက်အောင်
ရှင်အရဟံနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။
ဒါ့ကြောင့် ဒီနေ့ ဒီလို ပန်းဦးဆက်တဲ့အလေ့အကျင့်တွေမရှိတော့ဘူး။

ဒီနေရာမှာ ပြောချင်တာက
တကယ်လို့သာ ရှင်အရဟံမထေရ်
ပုဂံပြည်သွားပြီး သာသနာမပြုခဲ့ရဘူးဆိုရင်
ဒီနေ့ ဒီအချိန်အခါ ပန်းဦးဆက်တဲ့အလေ့အကျင့် မရှိနိုင်တော့ဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူး။
ဒါပေမဲ့ ရှင်အရဟံ ဗုဒ္ဓဘာသာရဟန်းတော် ကျေးဇူးကြောင့်
ဒီအကျင့်ဆိုးကြီး ကွယ်ပျောက်သွားခဲ့ပါပြီ။

ဒီတစ်ချက်နဲ့တင်
ဒို့နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့
ရတနာသုံးပါးထဲက သံဃရတနာကို အလွန်အမင်း ကျေးဇူးတင်ထိုက်ပါတယ်။
သံဃံ သရဏံ ဂစ္ဆာမိ လို့ခေါ်တဲ့ သံဃရတနာကို လှိုက်လှိုက်လှဲလှဲ ကိုးကွယ်သင့်ပါတယ်။

ဟုတ်တယ်လေ။ စဉ်းစားကြည့်ပါအုံး။
ရှင်အရဟံသာ ကံအားလျှော်စွာ ပုဂံမြေကို ခြေချခွင့်မရခဲ့ရင်
ကိုယ့်သတိုးသမီးကို ကိုယ့်ဇနီးသစ်လေးကို
ဆံကေသာ လက်လေးသစ်
မုဆိတ်မွေး ဗလပြစ်
မဲညစ်တဲ့သင်္ကန်းကြီးဝတ်ထားပြီး
တာတေလံ အကျင့်ဆိုးတဲ့ ရှင်မထီးအရည်းကြီးကို
ဒီနေ့ခေတ်တိုင်အောင် ဦးဦးဖျားဖျား လှူဒါန်းနေရအုံးမှာ။

Read more...

ပန်းစံပယ်လေး တစ်ပွင့် အကြောင်း



နာမည်အရင်းက ပန်စံပယ်ပါ။ ကျွန်မကို မွေးဖွားပြီးနောက် အဖေနဲ့ အမေ က ဒီနာမည်လေးကို ပေးခဲ့တာပါ။ အမေကလေ စံပယ်ကို အမြဲတန်း ဆုံးမတယ် ငယ်ငယ်လေးကတည်းက

"ပန်းစပယ် သမီးလေး।

.ရှင်.. မေမေ ..သမီးကို ဘာပြောမလိုလဲ "

သမီးက မိန်းခလေးနော် .မိန်းခလေးဆိုတာ နေတာ ထိုင်တာ သွားတာ လာတာ ပြောတာက အစ အစစ အရာရာ ဆင်ဆင် ခြင်ခြင် နေရမယ်။

ပြီးတော့ မေမေတို့က ဗုဒ္ဓ ဘာသာလူမျိုးတွေ ဖြစ်တယ်။ ဒီတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးကနေ ဆင်းသတ်လာတဲ့ သမီးလေးကလည်း မြန်မာဆန်ဆန် ယဉ်ယဉ် ကျေးကျေးနဲ့ ဘာသာရေးတရားကို ကိုင်းရှိုင်းရမယ်နော် သမီး။

ဒါက စံပယ်ကို ငယ်ငယ်လေးကတည်းက အမေ ဆုံးမခဲ့တဲ့ စကားလေတွေပါ။ ပြီးတော့ မနက်ဆို အိပ်ယာက စောစောထ တစ်ကိုယ်ရေ သန့ှ်ရှင်းရေးလုပ်ပြီး မြတ်စွာဘုရားကို ပန်း၊ ဆီမီး၊ ရေချမ်း ဆွမ်း အစရှိတာတွေကို ရိုရိုသေသေနဲ့ ကပ်လှူ ပူဇော် အမျှအတန်း ပေးဝေ ပြီး အိမ်မှု့ကိစ္စတွေ ကို မေမေနဲ့ အတူတူ နေ့တိုင်း လုပ်ရတယ်။

ဒီလိုနဲ့ မေမေရဲ့ သင်ကြားမူအောက်မှာပဲ စံပယ် လူလားမြောက်လာပြီး ခုဆို အသက်က ၁၅ နှစ် ၁၀ တန်းကျောင်းသူလေး တစ်ဦးဖြစ်နေပြီးလေ။ လူတိုင်းက စံပယ်ကို ပြောကြတယ်။ စံပယ်က ယဉ်ယဉ် ကျေးကျေးနဲ့ အရမ်းချစ်ဖို့ ကောင်းတာပဲတဲ့။

ကျောင်းမှာ ဆိုရင်လည်း စံပယ်က ကျောင်းသူတွေ ကြားထဲမှာလည်း သိပ်လှပြီး ယဉ်ကျေး လိမ္မာ တဲ့ မိန်းကလေး တစ်ယောက်အဖြစ် လူသိများပါတယ်။ ကျောင်းသူလေးတွေက ဆို စံပယ်ကို ပြောကြတယ်။

"စံပယ်က ကျက်သရေရှိပြီး အရမ်းလှတာ ပဲနော်


အို.. မမနွယ်ကလဲ .ဘာတွေ လာပြောနေတာလဲ

ဒို့က တကယ်ပြောတာ စံပယ်ရဲ့ မယုံရင် မိညို ကိုမေးကြည့် ဟုတ်တယ် မဟုတ်လား မိညို

ဟုတ်တယ် စံပယ်ရဲ့ မမနွယ်ပြောတယ် မှန်တယ်

ရှက်လိုက်တာ တကယ်ပဲ သိလား.."

ရှက်စရာလား မမနွယ်က မှန်တာပြောတာလေ စံပယ်ဆံပင်လေးတွေကို ကြည့်လိုက်ပါဦး သူများတွေနဲ့ တူလားလို့ အရွယ်နဲ့ မလိုက်အောင် ရှည်ပြီး ဆံပင်ထိပ်ကလေးတွေ ကော့တက်နေတာ ဘယ်လောက် လှလိုက်သလဲ။

ခြေချောင်းလက်ချောင်းတွေကလည်း ဖော့ဖရောင်းလေးတွေလို့ သွယ်လို့။ တန်းလို့။ သွားလေးတွေကလည်း ရယ်လိုက်ရင် သွယ်တန်းပြီး ဖြူဖွေးနေတာပဲ။

မျက်လုံးကလေးတွေလည်း ကြည့်ဦးမလား တောက်ပ ရွှမ်းလဲ့ နေလိုက်တာ သမင်မျက်လုံးလေးအတိုင်းပဲ ၊ မျက်ခုံးကျတော့လည်း ဇင်ယော်ငှက်ကလေး ပျံနေတဲ့ ပုံစံ။

မျက်တောင်ဆိုလည်း ကြည့်လေ မမနွယ်တို့လို ဆိုင်သွားပြီး ပြင်နေစရာမလိုအောင် ကော့ပြန်တက်နေတာ။ နှာတံလေးကလည်း စင်းနေတာပဲ။ နုတ်ခမ်းလေး ကျပြန်တော့လည်း လေးကိုင်းလေးသဖွယ် ကွေးညွတ်ပြီး နှင်းဆီးရောင်လေး သမ်းနေတာ။

ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်လေ သူများတွေလို မရှည်လွန်း မပုလွန်းနဲ့ ပြောစရာကို မလိုအောင် လှနေလိုက်တာ မိန်းမှချင်းတောင် မနာလိုဘူး သိလား စပယ်။

"ဟုတ်တယ် မမနွယ် မိညိုတောင် စံပယ်ကို ကြည့်ရင်း မနာလို ဖြစ်ဖြစ်လာတယ်


အို တော်ပါတော့ မမနွယ် နဲ့ မမ ညိုရယ် စံပယ် တကယ် ရှက်လာပြီး သွားတော့မယ် နော် "

ဆိုပြီး မိမိကို ချီးကြူးနေကြတဲ့ မမနွယ် တို့ မိညိုတို့ နားကနေ အမြန်ဆုံးထွက်လာခဲ့ရတယ်။ ကြာကြာနေရင် စံပယ် ရှက်လို့ သေလိမ့်မယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ် စံပယ်ကလည်း ကိုယ်တိုင် သိတာပေါ့။ ဒါမေမေ့ ကျေးဇူးတွေပေါ့။ မေမေက ငယ်ငယ်လေးကတည်းက စံပယ်ကို ဒီလို ပုံစံဖြစ်အောင်ဆိုပြီး ပုံသွင်းထားတာလေ။

ဒီလိုနဲ့ စံပယ် မိဘရင်ခွင် ကြားထဲမှာ မိဘရဲ့ ဆိုဆုံးမမူတွေ အောက်မှာပဲ ယဉ်ကျေးသိမ်မွေ့စွာ နေပြီး ၁၀ တန်းကို ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ မိဘတွေ က အစ တစ်နယ်လုံး စံပယ်လေးကို ချီးကျူးလိုက်ကြတာ။ စပယ်လည်း တအားပျော်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် နောက်နှစ်ဆို စံပယ်အလွန်တက်ချင်လှတဲ့ တက္ကသိုလ် ကြီးကို တက်ရတော့မယ်လေ။

ခုဆို စံပယ် ရန်ကုန်မြို့ကြီးကို ရောက်လာပြီး ရန်ကုန်တက္ကသိုလ်ကြီးမှာ တက္ကသိုလ် ကျောင်းသူလေး တစ်ဦး ဖြစ်နေပြီးလေ။ ဒါစံပယ် ဖြစ်ချင်တဲ့ ဆန္ဒလေ။ စံပယ်က တက္ကသိုလ်ရှေ့က အမျိုးသမီး အဆောင်မှာနေပါတယ်။ အခန်းက နှစ်ယောက်နေ အခန်းဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့်နဲ့ သန့်သန့် ရှင်းရှင်းရှိပါတယ်။

ကျောင်းက စဖွင့်ကာစ ဆိုတော့ စံပယ် အခန်းမှာ ဘယ်သူမှ မရှိဘူး။ စံပယ် တစ်ယောက်ထဲ နေရတာလေ။ မေမေ ဆုံးမခဲ့တဲ့ အတိုင်း မနက်ဆို စောစောထ ဘုရားဝတ်တက် မေတ္တာပို့ မိဘတွေကို ကန်တော့ အကုန်ပြီးမှ လုပ်စရာရှိတာ ဆက်လုပ် အလုပ်မရှိရင် စာဖတ်။ ဒီလိုနဲ့ နေလာရင်း စံပယ်အခန်းကို သူငယ်ချင်း အသစ် တစ်ယောက် ရောက်လာခဲ့တယ်။

အဲဒီနေ့က စံပယ် အခန်းထဲမှာ ပျင်းပျင်းရှိတာနဲ့ စာဖတ်နေပါတယ်။ တံခါးဖွင့်သံ ကြားလိုက်လို့ ကြည့်လိုက်တော့ ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက် ဝတ်စားထားတာက ခေတ်ဆန်ဆန်နဲ့

" အခန်းထဲ ရဲရဲ တင်းတင်းပဲ ဝင်လာပြီး ဟေ့ ယူ့ မင်္ဂလာပါ အိုင့် နာမည်က ရိုစီ တဲ့ 


ဒီအခန်းမှာ နေမှာလေ မှတ်ထားနော် ဒါနဲ့ ယူ့နာမည်ကရော ဘယ်သူလည်း

ပန်းစံပယ်ပါ မရိုစီ စံပယ်လည်း မင်္ဂလာပါ "

တွေ့ရတာ ဝမ်းသာပါတယ် ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲနုတ်ဆက်လိုက်ကြတယ်။ ရိုစီ ဆိုတဲ့ ကောင်းမလေး ကို သေချာ ကြည့်လိုက်တော့ အသက်က စံပယ်လောက်ပဲ ရှိလိမ့်မယ်။

နာမည်က လူနဲ့လိုက်တယ်။ လူကလည်း တအားခေတ်ဆန် လှပနေပြီး ဆိုရှယ် ကျလွန်းတဲ့ မိန်းခလေး တစ်ယောက်ပဲ။ ဆံပင်ကလည်း ခေတ်ပေါ် စတိုင်နဲ့ စံပယ်လည်း မခေါ်တက်ပါဘူး။

ကြည့်ပါဦး မျက်နှာမှာလည်း စံပယ်လို သနပ်ခါး လိမ်းထားတာ မဟုတ်ပဲ ခေတ်ပေါ် အသုံးအဆောင်တွေ ကို အသုံးပြုပြီး သူ့နေရာနှင့်သူ ချယ်သထားတော့ လှပလွန်းတဲ့ ဆေးရောင်စုံ အရုပ်ကလေး တစ်ရုပ်လိုပါပဲ။ မြင်မြင်ရင် စံပယ် သူ့ကို အားကျစိတ်တွေ ဖြစ်သွားခဲ့တယ်။

"ရိုစီက အရမ်းလှတာပဲနော်


အို ယူလည်း လှပါတယ်

ယူ့ ဆံပင်ကြီးက အရှည်ကြီးပဲနော်

မျက်နှာလေးကလည်း အေးအေးချမ်းချမ်းနဲ့ ချစ်စရာလေးပါ"

ဆိုပြီး သူကပြန်ပြောပါတယ်။ ဒီင်္လိုနဲ့ သူနဲ့ စံပယ် သူငယ်ချင်းတွေ ဖြစ်ပြီး အတူသွား အတူလာ နေခဲ့ကြပါတယ်။ တက္ကသိုလ်တွေလည်း ဖွင့်နေပြီး ရိုစီနဲ့က အတန်းလည်းတူ ၊စာသင်ခန်းကလည်းတူ ၊နေတဲ့ အခန်းကလည်း တူဆိုတော့ ဘယ်သွားသွားမခွဲ ဖြစ်ကြဘူး။

ကျောင်းမှာလည်း တစ်ယောက်က ခေတ်ဆန်ပြီး ချောလိုက်တာ၊ တစ်ယောက်က အေးချမ်းပြီး ချောလိုက်တာ ဆိုပြီး သူငယ်ချင်းနှစ်ယောက် ခေတ်စားခဲ့ပါတယ်။

ဒီလိုနဲ့ ကျောင်းမှာ သူက စံပယ်ထက် သာတယ် ဆိုပြီး ကျောင်းသားတွေက ရိုစီကို ကျောင်းမှာ "ကွင်း" ပေးလိုက်ပါတယ်။ စံပယ်လည်း ဝမ်းသာခဲ့ပါတယ်။

ဒီလိုနဲ့နေလာခဲ့တာ ကြာတော့ ရိုစီအကြောင်းကို ပိုပို သိလာခဲ့တယ်။ ညည ဆို အပြင်ကို ယောက်ျားလေး တစ်စုနဲ့ ညကလပ်တွေ ဘားဆိုင်တွေ သွား ပြန်လာရင် ခေါင်းတောင်မထူးနိုင်တော့ဘူး။

မနက်ရောက်လို့ မေးကြည့်တော့ ညကလပ်မှာ သွားပြီးက ခဲ့တဲ့ အကြောင်းတွေ တအားပျော်ဖို့ကောင်းတာတွေ ကို အစုံပြောပြီး စံပယ်ကို နောက်နေ့ အဲဒီကို လိုက်ခဲ့ဖို့ ခေါ်တယ်။

စံပယ်လည်း ပထမတော့ ငြင်းပေမယ့် နောက်ပိုင်း သူခေါ်တာ များတော့ အားလည်းနာတာနဲ့ သူနဲ့ အတူသွားဖို့ သဘောတူခဲ့တယ်။

"စံပယ်ရေ ဘာလည်း ရိုစီ ဒို့ အိပ်ခန်းထဲမှာရှိတယ် လာလေ ဘာပြောမလို့လဲ


ပြောစရာ ရှိလို့ပေါ့ စံပယ်ရဲ့

ဘာများလည်း ထူးထူး ဆန်းဆန်း

အေးပြောမယ် စံပယ် ကပွဲကို လိုက်မယ်ဆိုရင် ဆံပင်ကို ဖြတ်မှ ဖြစ်မယ်နော် ဆံပင်ရှည်နဲ့ ဆို မကောင်းဘူး သွားလို့

စံပယ် ဒီအတိုင်း သွားလို့ မရဘူးလား ရိုစီ

စံပယ်ကလည်း ကောင်းမလား လို့ ကလပ်ကို သွားတာ ဘုရားကျောင်း သွားတာမဟုတ်ဘူးလေ

လာပါ ဆံပင်ဆိုတာ ညပ်ပစ်လည်း ခဏပဲ ပြန်ရှည်လာမှာပါ ဆိုင်သွားပြီး

စံပယ်ကို ဒို့ အကုန်ပြင်ပေမယ်
" လာ

ဆိုပြီး ဈေးထဲမှာရှိတဲ့ နာမည်ကြီး ဆံပင်ညှပ်ဆိုင်မှာလေ စံပယ် ဆံပင်တွေ အကုန်ဖြတ် ခေတ်ပေါ် စတိုင် ဆံပင်တိုတိုလေးနဲ့ ဖြစ်သွားတယ်။ စံပယ် ဆံပင်တွေ ကိုကြည့်ပြီး နှမြောလိုက်တာ။ မတက်နိုင်ဘူးလေ စံပယ်က ကလပ်ကို သွားပြီး ရိုစီလို နေချင်တာကို။

ရိုစီက ဆံပင်ညှပ်ဆိုင် ပြီးတော့ အလှပြင်ဆိုင်ကို ခေါ်သွားပါတယ်။ စံပယ်တစ်ကိုယ်လုံး ကို ရိုစီက သူမ စိတ်ကြိုက်ပြင်ပါတော့တယ်။ စံပယ်ကလည်း သဘောကြတယ်လေ အဲဒီလိုမျိုးနေရတာကို။ အားလုံးပြီးလို့ စံပယ် မှန်လည်း ကြည့်လိုက်ရော

မှန်ထဲက ပုံကို တစ်ခါမှ မမြင်ဘူးတဲ့ သူတစ်ယောက်ကို ကြည့်နေတဲ့ ပုံစံနဲ့ မှန်ထဲကို စိုက်ကြည့်နေမိခဲ့တယ်

"ရိုစီ ဒါ စံပယ်ပါနော် ကြည့်ပါဦး ဆံပင်က တိုတို


မျက်နှာပေါ်မှာလည်း ဆေးရောင်စုံလေးတွေနဲ့ ဝတ်စားထားတာတွေကလည်း

ခေတ်မှီ အဝတ်အစားတွေ လှလိုက်တာ ရက်ရက်စက်စက် တအားကို ပေါ့ပါးသွားတာပဲ ရိုစီ ကျေးဇူးနာ် ဆိုပြီး "

နှစ်ယောက်သား အဆောင်ကို ပြန်လာပါတယ်။ ဒီလိုနဲ့ စံပယ်က ညဘက် ညဘက် ရိုစီနဲ့ အတူ ကလပ်တွေ သွား ယောကျားလေးတွေနဲ့ အတူတူက အတူတူ သွားလာနေထိုင် တဲ့ အဆင့်ထိ ရောက်လာခဲ့ပါတယ်။

ခုဆို ကျောင်းမှာ စံပယ်ကို ကျောင်းသားတွေက ရိုစီထက် လှတယ်ဆိုပြီး "ကွင်း" ပေးလိုက်ကြတယ်လေ။ ပျော်လိုက်တာ တအားပဲ။

မနက်စောစောထတဲ အကျင့်တွေ ၊ ဘုရား ဝတ်တက် ဆွမ်းကပ် စတာတွေ အားလုံး မလုပ်ဖြစ်တော့ပဲ အရာအားလုံးဟာ ရိုစီနဲ အတူ ပြောင်းလဲသွားပါတယ်။ ဒီဘဝလေးမှာ ပျော်ရွှင်နေလို့ အတိတ်က စံပယ် ကိုတောင် မမှတ်တော့ပါဘူး။

ဒီလိုနဲ့ ကျောင်းတွေ တက်လိုက် ညကလပ်တွေကို သွားလိုက်နဲ့ စာသင်နှစ်တစ်ဝက်ကျော်ကျော်မှာ စံပယ် ရည်စားတစ်ယောက် ရခဲ့ပါတယ်။ ချစ်သူနဲ့ နေ့ဆိုရင် နေရာအစုံလိုက်သွား။

ည ဆိုရင် ကလပ်သွားပြီး ကလိုက်နဲ့  နေထိုင်လာတာ ကြာတော့ ချစ်သူသက်တန်း ၁ လလောက်အရမှာ ချစ်သူ အဆင့်ကနေ ကျော်လွန် သွားခဲ့ကြပါတယ်။

ဒီလိုနဲ့ တက္ကသိုလ် စာသင်နှစ် သုံးပုံ နှစ်ပုံလောက်မှာ ရိုစီကို နိုင်ငံခြားမှာ ရှိတဲ့ သူမ မိဘတွေက လာခေါ်သွားပါတယ်။ ခုဆို အဆောင်က အခန်းမှာ စံပယ် တစ်ယောက်တည်းပေါ့။

ရိုစီမရှိတော့ ပိုပြီးလွတ်လပ်သွားတယ်။ အမြဲတန်း ချစ်သူက အဆောင်ကို လာတွေ့ပါတယ်။ သိပ်မကြာတဲ့ ရက်တစ်ရက်မှာ မထင်မှတ်ပဲ  စံပယ်ချစ်သူကို ဆေးရုံတင်လိုက်ရတယ် ဆိုတာ သိလိုက်ရတယ်။

ဆေးရုံကို သွားတွေ့တော့လည်း သူ့မိဘတွေက ဘယ်သူ့ကိုမှ အတွေ့မခံပါဘူး။ သူ့မိဘတွေကို စံပယ်က သူရည်းစားပါ သူနဲ့ တွေ့ခွင့်ပေးပါဆိုတော့ စံပယ်ကို သနာစရာလေးလို့ ကြည့်ပြီး တွေ့ခွင့်လုံးဝ မပေးပါဘူး။ ဒီလိုနဲ့ ချစ်သူနဲ့ မတွေ့ရတာ ၄ လနီး ပါးလောက် ဖြစ်သွားခဲ့တယ်။

ညကလပ် လည်း ရည်းစားမရှိတော့ မသွားဖြစ်တော့ပါဘူး။ ဆေးရုံးကို သွားမေးပြန်တော့ ဆေးရုံကနေ ဆင်းပြီး နိုင်ငံခြားကို ဆေးသွားကုတယ်ပဲ နောက်ဆုံးသိလိုက်ရပါတယ်။ မကြာခင် စာမေးပွဲလည်း ရှိတယ်ဆိုတော့ စာကို ပြန်ပြီး အာရုံစိုက်ခဲ့ပါတယ်။

ဒီလိုနဲ့ စာမေးပွဲ ဖြေမယ့် ရက်မှာ စံပယ် အကြီးအကျယ် ဖျား ပြီး သတိပါလစ်သွားခဲ့ပါတယ်။ အဆောင်က သူငယ်ချင်းတွေက စံပယ်ကို ဆေးရုံတင်လိုက်ခဲ့ကြတယ်။

စံပယ် သတိရတော့ စာမေးပွဲ ဖြေနေတာ ၃ ရက်တောင် ရှိနေပြီးတဲ့။ ဝမ်းနည်းပြီး ငိုလိုက်ရတာ အမောပါပဲ။ သူငယ်ချင်းတွေ က လာပြီး အားပေးကြပါတယ်

"အားမငယ်ပါနဲ့ စံပယ်ရယ် စာမေးပွဲ ဒီနှစ်မဖြေရလည်း နောက်နှစ် ညည်းဖြေလို့ရပါတယ်။


စိတ်မညစ်နဲ့နော် ကျန်းမာရေးကို ပဲ ဂရုစိုက်ကြားလား စံပယ်အိမ်ကို မှာပေးရမလား ပြောလေ ဒို့မှာပေးမယ်

သူငယ်ချင်းက ဒီလိုပြောလိုက်တော့ စံပယ် လန့်သွားတယ် စံပယ်ကို ဒီလိုပုံသာ အမေမြင်သွားရင်

အမေရင်စို့ပြီး သေလိမ့်မယ် မခေါ်ပါနဲ့ ရပါတယ် စံပယ်လည်း ကောင်းနေပြီးပဲ ကျေးဇူးပါပဲ


အေးလေ ဒါဆိုလည်း ပြီးရော ဒီမှာ ဒို့ ချက်လာတဲ့ ကြက်စွတ်ပြုတ်ကလေး

ပူတုန်းသောက်လိုက်နော် စံပယ် အစားကို များများစားနော်


ဒါမှ အားရှိပြီး နင်မြန်မြန် ကျမ်းမာလာမှာပေါ့

နင့်ကြည့်ရတာ ဟိုတနုးကလိုမဟုတ်ဘူး တအားပိန်သွားတယ်။


ကျန်းမာရေး သေချာ ဂရုစိုက်နော် မနက်စာမေးပွဲက ရှိသေးတယ် ပြန်လိုက်ဦးမယ်နော်"

ဆိုပြီး ထွက်သွားတဲ့ သူငယ်ချင်းတွေကို ကြည့်နေလိုက်မိတယ်။ ဟုတ်တယ် သူတို့ ပြောတာမှန်တယ် ။
ခုတစ်လော စံပယ် တအားပိန်သွားတယ်။ အစာလည်း စားနိုင်ပါတယ်။ ဆရာ ဝန်လာမှ သေချာ မေးကြည့်မယ်ဆိုပြီး အိပ်ယာပေါ် ပြန်လဲနေလိုက်တယ်။ စံပယ် ကျန်းမာရေးက တစ်ဖြေးဖြေးနဲ့ ဆိုးလာပါတယ်။ ရွာက အမေလိုက်လာတော့ စံပယ်ကိုကြည့်ပြီး ငိုလိုက်တာ

"သမီး စံပယ် ဘယ်လို ဖြစ်သွားရတာလည်း ကွယ်

မေမေ မကြည့်ရက် မမြင်ရက်နိုင်အောင်ပါလား


မေမေကိုယ်တိုင် ပြုပြင်ပေးထားတဲ့ ဆံပင် အရှည်နေရာမှာ တိုတိုလေးဖြစ်နေပါရောလား

မျက်နှာမှာ လည်း မြန်မာ့သေနပ်ခါးအစား ခေတ်ပေါ် ပစ္စည်းတွေ နဲ့ လိမ်းခြံထားတာတွေဟာ ခုထိရှိပါသေးလား

အမလေး အမေ မဖြေ နိုင်အောင်ပါပဲလား သမီးရယ် စံပယ်လည်း အမေနဲ့ အတူ ငိုနေရုံကလွဲလို့ မတက်နိုင်တော့ပါ"


တစ်နေ့ညနေပိုင်းမှာ စံပယ် မျက်လုံးလေး စင်းပြီး မှေးနေတုန်း ဆရာဝန် အခန်းထဲကို ဝင်လာပါတယ်။ ပြီးတော့ အမေ့ကို ပြောသွားတယ်. စံပယ် ဖြစ်နေတဲ့ ယခု ရောဂါကလေ

"AIDS.. AIDS " တဲ့

ဘုရားရေ ..ဒါဖြစ်နိုင်ပါမလား ဆိုပြီး မျက်လုံးဖွင့်အကြည့် စံပယ်ကိုကြည့် ပြီး ငိုနေတဲ့ အမေကို မျက်ရည်တွေ ကြားထဲမှာ စံပယ် မြင်လိုက်ရပါတယ်။
အမေဆို စံပယ်ကို ဖတ်ဖတ်ပြီး ငိုနေလိုက်တာ သေမတက်ပါပဲ။ အမေ စံပယ်ကို ခွင့်လွတ်ပါတော့ အမေရယ်လို့ စိတ်ထဲကနေ တွေးပြီး မေ့မြော်သွားခဲ့ပါတယ်။
သတိပြန်ရလာတော့ စံပယ် တအားမောနေပါတယ်။ အမေကို ကြည့်လိုက်တော့လည်း မျက်ရည်နဲ့ မျက်ခွက်

"အမေ


သမီးပြောလေ အမေ ဘာလုပ်ပေးရမလဲ သမီး ဘာစားချင်လည်း ပြော.. အမေကို

အမေ သမီးမိုက်ကို ခွင့်လွတ်ပါ။  ခွင့်လွတ်ပါနော် အမေ॥

သမီး အမေ့ စကားကို နားမထောင်မိလို့  ခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။

အမေ့ စကားကို သမီးနားထောင်ရင်  ခုလိုဖြစ်မှာ မဟုတ်ဘူးအမေ။

မောနေမယ် သမီးရယ် စကားတွေ  သိပ်မပြောပါနဲ့လား

သမီးပြောပါရစေ အမေ  သမီးပြောပါရစေ အမေရယ်

ငယ်ငယ် က အမေ သမီးကို လပြည့်ဝန်းကြီးအောက်မှာ ပြောခဲ့တယ်လေ

ဆံပင်ဆိုတာ မြန်မာမိန်းခလေးတွေ ရဲ့ ကျက်သရေ တဲ့ မြန်မာမိန်းခလေးဆိုတာ ယဉ်ယဉ် ကျေးကျေးနဲ့ သွားရမယ်

ထိုင်ရမယ် ပြောရမယ်တဲ့ ဘာသာရေး တရားကိုလည်း ကိုင်းရှိုင်းရမယ်


အကျင့်သီလနဲ့လည်း ပြည့်စုံရမယ် ဆိုတာလေ အဲဒါတွေကို သမီးမလိုက်နာ နိုင်ခဲ့မိဘူးအမေ။

သမီးကို ခွင့်လွတ်ပါ နောက်ဘဝများ ရှိခဲ့ရင် ဒီလို ဘဝမျိုးမဖြေစ်ပါရစေနဲ့


ဘဝတိုင်းမှာ   မြန်မာပီပီ ယဉ်ယဉ် ကျေးကျေး သိမ်မွေ့လိမ္မာတဲ့   အမျိုးကောင်းသမီးလေ ဖြစ်ပါစေသား"

အမေ သမီးကို ခွင့်လွတ်ပါနော်။ သမီးလေ အပေါင်းအသင်း မှားခဲ့ပါတယ် အမေ။ ခု တော့ သမီးဘဝက ငယ်ငယ်ရွယ်ရွယ် ပညာရေးတပိုင်းတစနဲ့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရပြီးအမေ။


"သမီးရယ် တော်ပါတော့ မပြောပါနဲ့တော့ အမေမခံစားနိုင်တော့ဘူး သမီးရယ် အမေ သေသာ သေလိုက်ချင်တယ်"


အမလေး အဖြစ် ဆိုးလိုက်တာ သမီးရယ် ဟင့် .........ဟင့် ..........ဟင့်

သမီး အသက်ရှင် လည်း ငယ်ငယ်က ချီးကြူးမှုတွေ လုပ်ခဲ့ကြတဲ့ လူတွေ။ သမီးကို ကြည့်ပြီး ဂုဏ်ယူနေခဲ့ကြတဲ့ ဆွေးမျိုးအသိုင်းအဝန်းတွေ ကြားထဲမှာ သမီးဘယ်လို နေရမှာလည်း အမေရယ်။ နောင်တတွေ ရပါပြီး။ နောင်တရပေမယ့်လည်း သမီးနောက်ကျခဲ့ပြီးအမေ။

သမီးတအားမောနေပြီး အမေ သမီးလေ အမေတို့ အပေါ်မှာ ကံသုံးပါးနဲ့ ပစ်မှားမိခဲ့တာ ရှိရင် ခွင့်လွတ်ပါအမေ။ သမီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးပါတယ် အမေရယ်။ နော် .. အမေ.. နော်။

အမေ သမီင်္းမနေရတော့ဘူးဆိုတာ သိပါတယ်။ ငယ်ငယ်က ညတိုင်း မေမေ သင်ပေးခဲ့တဲ့ သီးချင်း မေမေ ဆိုခိုင်းလို့ သမီး ညတိုင်း ဆိုပြရတယ်လေ။ ခု သမီး မဆိုနိုင်တော့ဘူး အမေ။


"သမီးကို ဆိုပြပေးပါလား  ဟင်


 
ကောင်းပြီး   သမီး  အမေ ဆိုပြမယ် နော်  သမီး  နားထောင်ပါ

ဟုတ်ကဲ့ အမေ "

ဆိုပြီး အမေ သီချင်းဆိုသံကို မျက်လုံးလေး မှိတ်ပြီး နားထောင်နေမိတယ်။ အမေက ငိုသံနှင့် ကလေးဘဝကလို  စံပယ် နဖူးပေါ်က ဆံပင်လေးတွေကို လက်ကလေးနဲ့   သပ်သပ်ပြီး စတင်ဆို ပါတော့တယ်။

"အဖေ၊ အမေ မြန်မာသွေးမို့ ၊ မြန်မာမလေး အစစ်ပါရှင်

မြန်မာဆန်အောင် တမင်ရွှေးလို့ ၊ စံပယ်လေးလို့ နာမည်တွင်

မြန်မာ့အမြင် ရှုမငြီးအောင်၊ ကြက်တောင်စီးနဲ့ အလှပြင်

မြန်မာ့ ရိုးရာ သနပ်ခါးနဲ့ ၊ ပါးကွက်ကြားလေ ပါးမှာတင်

ရင်ဖုံးအင်္ကျီ ချိတ်ထမီအလှနဲ့ ၊ မြန်မာပီသ ဝတ်စားဆင်

သူများဟန်ပန် ဘယ်မတုနဲ့ ၊ ကိုယ့်ယဉ်းကျေးမှု ကိုယ်ချစ်ခင်

ရှုတိုင်းယဉ်॥ ရှုတိုင်းယဉ်"

အမေ မျက်ရည်များနှင့် သီးချင်းဆိုနေတာကို နားထောင်ရင် စိတ်ထဲကနေ ယူကြုံးမရတဲ့စိတ်တွေ နောင်တရတဲ့ စိတ်တွေနဲ့  သမီးကို ခွင့်လွတ်ပါအမေ။
သမီးလေ နောက်ဘဝ ဆက်တိုင်း ဆက်တိုင်း မြန်မာနိုင်ငံမှာ မွေးဖွားလို့ မြန်မာ အမျိုးသမီးလေး တစ်ယောက် ဖြစ်ခဲ့ရင်လေ ဘယ်နိုင်ငံတွေ ဘယ်ဒေသတွေရောက်ရောက် မြန်မာ မလေးလို့ နေပါမယ် အမေရယ်။

ခု အမေ ကို သမီးနုတ်ဆက်ခဲ့ပါတယ် ...သွားတော့မယ် အမေရယ်॥ သမီး မိုက်သွားပါပြီး အမေ...
...........................................................................................................................
 

ဒီ ပိုစ်လေးကို စာရေးသူ ပြည်တွင်း ပြည်ပ မှာ ရှိကြတဲ့ မြန်မာ အမျိုးသမီးငယ်လေးများ အတွက် ပညာပေး ဗဟုတ အဖြစ် ရေးလိုက်ပါတယ်။ ကိုယ်ပိုင် ဆောင်းပါးလေး ဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်ထံကမှ ကူးယူ ဖေါ်ပြထားခြင်းမရှိပါဘူး။

ပြည်တွင်း ပြည်ပမှာ အလုပ်လုပ် ကျောင်းတက်နေကြကုန်သော ညီမငယ်များ ဒီပိုစ်လေးကို ဖတ်ပြီး သင်္ခန်းစာ ယူနိုင်ကြပါစေ။ အပေါင်းအသင်း ဆိုတာ လည်း ကြည့်ပြီး ပေါင်းကြပါလို့ တိုက်တွန်းရင်း

အားလုံးကျမ်းမာချမ်းသာကြပါစေ။

မောင်ငြိမ်းချမ်းလေး

Read more...

ဆင်းရဲဒုက္ခငြိမ်းစေဖို့ ကျင့်သင့်တာကို သင်ကျင့်ပါ...




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

Info - အင်ဖို


http://www.mrmrt.info/
Mr Mrt launched by Ashin Acara
Buddhist Info Reliable Enjoyable

Read more...

မေတ္တာကမ္မဋ္ဌာန်း

မေတ္တာဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ကုသိုလ်ရရုံ ပွားများနည်း

မေတ္တာပွားများနည်းသည် ကုသိုလ်ရရုံ ပွားများနည်း, ဈာန် အပ္ပနာ ရအောင် ပွားများနည်းဟု ၂-မျိုးရှိသည်၊ ထို ၂-မျိုးတို့တွင် ကုသိုလ်ရရုံ ပွားများနည်းမှာ တစ်ကျောင်းလုံး, တစ်တိုက်လုံး, တစ်အိမ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး စသည်ဖြင့် သတ္တဝါအများကို တစ်လုံးတည်း အာရုံပြု၍ ဤသတ္တဝါတို့သည် ချမ်းသာပါစေ, သတ္တဝါခပ်သိမ်း အကုန်လုံး ချမ်းသာပါစေ, ကိုယ်ရောစိတ်ရော ချမ်းသာပါစေ ဟု ချမ်းသာစေလိုသော စိတ်ဆန္ဒ အဖန်ဖန် ဖြစ်ရသည်၊ ပွားများရသည်။

ဤသို့ဖြစ်ရာ ပွားများရာမှာလည်း သားငယ်အား အလွန်ချစ် ခင်သောမိခင်သည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်းသော သားငယ်ကို အလွန်သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ တကယ်အမှန် ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ မေတ္တာတည်း၊ စိတ်ကမပါဘဲနှင့် နှုတ်ကချမ်းသာပါစေ ဟုဆိုရုံနှင့် မေတ္တာမဟုတ်၊ စိတ်ကချမ်းသာစေလိုသော ဆန္ဒမရှိပါဘဲနှင့် ''အဝေရာ ဟောန္တု, အဗျာပဇ္ဇာ ဟောန္တု'' စသည်ကို အနက်ပါဠိရွတ်၍နေငြားသော်လည်း ထိရောက်သော မေတ္တာပို့ဟု မဆိုသာ၊ ကုသိုလ်ရရုံမျှသာ ဖြစ်လေသောကြောင့် ကုသိုလ်ရရုံ မေတ္တာဘာဝနာဟု ဆိုရသည်။

ကုသိုလ်ရရုံ မေတ္တာပွားများနည်း ပြီး၏။


ဈာန်ရအောင် မေတ္တာပွားများနည်း

ဈာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ''ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်းသာသုခကို အလိုရှိ၏၊ နှစ်သက်၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါကဲ့သို့ ဆင်းရဲ ဒုက္ခကို မုန်းကြ၏၊ ချမ်းသာ သုခကို အလိုရှိကြ၏ နှစ်သက်ကြ၏၊ ငါသည်လည်း ချမ်းသာသုခကို အလိုရှိ၏၊ သတ္တဝါ ခပ်သိမ်းလည်း ချမ်းသာသုခ ရကြပါစေ'' ဟုခပ်သိမ်းသော သတ္တဝါတို့၌ ချမ်းသာစေလိုသော စိတ်ဆန္ဒကို ညွတ်စေ၍-ဤယခုနေ့မှစ၍ ရှေးလွန်ခဲ့ပြီးသော ၂-နှစ် ၃-နှစ်လောက် ကျအောင်သော်လည်းကောင်း, ၅-နှစ် ၁ဝ-နှစ် လောက်ကျအောင်သော် လည်းကောင်း ထို့ထက် အလွန်သော်လည်းကောင်း၊ ဤအတွင်း၌ မိမိသွားဖူးသမျှ, ရောက်ဖူးသမျှ, နေဖူးသမျှ, အရပ်တို့၌ မိမိနှင့်တွေ့ဖူး, မြင်ဖူး, ကြုံဖူး, စကားပြောဖူး, အတူနေဖူး, အတူထိုင်ဖူး, အချင်းချင်း ကျေးဇူးပြုဖူးသမျှသော ပုဂ္ဂိုလ်ကြီးငယ်တို့ကို အကုန်ပြန်၍ စဉ်းစား၍, တွေး၍, အမှတ်ရ၍, ဤယနေ့တွေ့ဖူး, ကြုံဖူးသော ပုဂ္ဂိုလ်ကြီးငယ်မှစ၍ နောက်ပြန် အစဉ်အတိုင်း ဤသူသည် ငါကဲ့သို့ အသက်နှင့်သူပဲ၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ရာမှ ရောဂါဝေဒနာ ဘေးရန်အန္တရာယ် မတွယ်မငြိပါစေနှင့်။ ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော ချမ်းသာပါစေ-ဟု မိမိတွေ့ဖူးသမျှကြုံဖူးသမျှ, ပုဂ္ဂိုလ်ကြီးငယ် သတ္တဝါတို့ကို တစ်ယောက်ချင်း, တစ်ယောက်ချင်း နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့၍ သွားရာ၏၊ မိမိနှင့် မတွေ့မမြင်ဖူးငြားသော်လည်း အဝေးက လှမ်း၍ မိမိကို ကျေးဇူးပြုဖူးတဲ့သူဆိုလျှင် တိရစ္ဆာန်ကလေးတောင် မကျန်စေနှင့်၊ အကုန်ပါအောင်ပို့။

ဤသို့ နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့သွား၍ ၁ဝ-နှစ်လောက်က တွေ့ကြုံဖူးတဲ့ အဆုံးစွန် ပုဂ္ဂိုလ်သို့ကျလျှင် ထိုသူမှ တစ်ဖန်လှည့်ပြန်၍ ယခုတွေ့ဖူးတဲ့သူကျအောင် အနုလုံ အစဉ်အတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်း ပို့၍လာရာ၏၊ ကာယဂတာသတိ ပွားများရာ၌ကောဋ္ဌာသတို့ကို အနုလုံ, ပဋိလုံ အခေါက်ခေါက် အပြန်ပြန် ကြည့်ရှု ဘိသကဲ့သို့ မိမိတွေ့ကြုံဖူးသမျှ ပုဂ္ဂိုလ်သတ္တဝါတို့ကို နောက်ပြန် ရှေ့ပြန် ပဋိလုံ, အနုလုံအားဖြင့် တစ်ယောက်ချင်း, တစ်ယောက်ချင်း အခေါက်ခေါက် အပြန်ပြန် မေတ္တာ ပို့၍ပို့၍ သွားသည်ရှိသော် ဤ သတ္တဝါတွေထဲ၌ တဏှာပေမ မဖက်ဘဲ ကုသိုလ်မေတ္တာ သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး, မေတ္တာစိတ် ကြပ်ကြပ် အသက်ဝင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လတ္တံ့။

ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဉာဏ်နှင့်ကြည့်၍ ဤသူသည်ငါ့အား သနားချစ်ခင် ရှာတယ်၊ ဤမည်သော, ဤမည်သော ကျေးဇူးဥပကာရ ပြုရှာဖူးတယ်၊ စောင်မရှာတယ်၊ ဤသူသည် ငါကဲ့သို့ အသက်နှင့် သတ္တဝါဖြစ်တယ်၊ ဆင်းရဲကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုချင်ရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ခု ရောဂါဝေဒနာ ဘေးရန်အန္တရာယ်မတွယ်မငြိပါစေနှင့်၊ ကိုယ်ရော စိတ်ရော အေးအေးမြမြ ချမ်းသာပါစေ-ဟု ထိုပုဂ္ဂိုလ်ကို ခြေဖျားမှသည် ဦးခေါင်း ဦးရေကျအောင်, ဦးခေါင်းဦးရေမှသည် ခြေဖျားကျအောင် အပြင်ရော တစ်ကိုယ်လုံး အနှံ့အပြား မေတ္တာစိတ် ဖြန့်ဖြန့်နှံ့နှံ့ ပို့သရာ၏၊ နှလုံးသွင်းရှိ စိတ်ကလေး ကိုလည်း မေတ္တာစိတ်နှင့်ဝင်၍ ဤသူ၏စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေဟု ဖြန့်နှံ့ပို့သရာ၏။

ဤကဲ့သို့ အဖန်ဖန် မေတ္တာစိတ် ဖြန့်နှံ့၍ပို့သနေလျှင် ကြာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိနှင့် မြင်ရဘိသကဲ့သို့ ထင်မြင်၍, အနီး၌ချဉ်းကပ်၍ နေဘိသကဲ့သို့ ထင်မြင်၍လာ၏၊ ချစ်ခင်ခြင်းမေတ္တာစိတ်လည်း အလွန် အားကြီး၍လာ၏၊ မေတ္တာစိတ်တွေ တဖွားဖွားဖြစ်၍ ထို ပုဂ္ဂိုလ်၌သာ တွယ်၍နေတော့၏၊ များစွာ မပြေးလွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟနိမိတ်ရပြီဟူ၍မှတ်၊ ဥဂ္ဂဟဖြစ်အောင် ထင်မြင်ရသော ထိုပုဂ္ဂိုလ်ကို အဖန်ဖန်မေတ္တာစိတ် ဖြန့်နှံ့သို့သသည်ရှိသော် ကြာသောအခါ စိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်၍ အလွန်ငြိမ်သက် တည်ကြည်၍ ဈာန်အဂါင်္ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန်ဇော အပ္ပနာဝီထိကျလာ၏၊ ပထမဈာန်ကို ရ၏။

ထိုသို့ ပထမဈာန်ကိုရပြီးသောရောဂီသည် ပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍ ကသိုဏ်း၌ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ကျအောင် တက်အပ်၏၊ ဖြစ်စေအပ်၏၊ ဤသို့တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍, အာရုံပြု၍ စတုတ္ထဈာန်ကျအောင် ရပြီး၍ ဝသီဘော်နိုင်ပြီးသောအခါ မိမိတွေ့ဖူး ကြုံဖူး၍ ပထမမေတ္တာပို့၍ ချန်ထားခဲ့သော ပုဂ္ဂိုလ်တို့ကိုလည်း တစ်ယောက်ချင်း တစ်ယောက်ချင်း, စေ့အောင် ဤနည်းတူ မေတ္တာစိတ်ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထဈာန်ကျအောင် ဖြစ်စေအပ်၏။

ထို့နောင် မိမိမတွေ့ဖူးသော်လည်း ကြားဖူးသမျှသော အရပ် ၁ဝ- မျက်နှာရှိ အလုံစုံသော သတ္တဝါတို့ကို တစ်ယောက်ချင်းသော် လည်းကောင်း, အပေါင်းများစွာ သတ္တဝါကို တစ်လုံးတည်း အာရုံပြု၍ သော် လည်းကောင်း မေတ္တာစိတ်ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထဈာန် ကျအောင် ဖြစ်စေအပ်၏။

မိမိ၏ရန်သူပုဂ္ဂိုလ် ထိုသို့မေတ္တာပို့ရာ၌ ထိုပုဂ္ဂိုလ် အပေါင်းတို့တွင် မိမိမုန်းသော ငြိုးသောရန်သူရန်ဖက်များတွေ့ရှိ၍ ထိုရန်သူ၌ အကယ်၍ မေတ္တာဈာန် မဖြစ်နိုင်ဘဲ မဝင်စားနိုင်ဘဲ မုန်းသောစိတ်, မြင်ပြင်းကပ် သောစိတ်, ဒေါသစိတ်များ ဖြစ်ပေါ်လာခဲ့လျှင်-
''န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပဗ္ဗော''
စသောဘုရားရှင် ဟောကြားတော်မူသော အနမတဂ္ဂသုတ်တော်မြတ် အတိုင်း ထိုရန်သူသည် အသင်၏ ရန်သူမဟုတ်၊ ရှေးရှေး ဘဝတို့က အမိ-အဖစသည်ဖြစ်၍ အသင့်အား ကျေးဇူးပြုဖူးလှပြီ၊ ဤစိတ်ထဲ၌ ဖြစ်ပေါ်လာသော ဒေါသသည် သာလျှင် အသင်၏ရန်သူတည်း၊ ထိုပုဂ္ဂိုလ်သည် အသင့်ကို ဈာန်မှလျော့အောင် လည်း မလုပ်၊ ငရဲသို့ကျအောင်လည်းမချ၊ အသင်၏ ရန်သူမဟုတ်၊ ဤဒေါသသည်သာလျှင် အသင့်ကို ဈာန်မှလျော့ကျအောင် ညှင်းဆဲသော, ငရဲကျ အောင်ချသော ရန်သူကြီးတည်း။

အသင်သည် ရန်သူမဟုတ်သောသူကို မမုန်းနှင့်၊ မမြင်ပြင်းနှင့်၊ ရန်သူဖြစ်သော ဒေါသကိုသာ မုန်းလော့၊ မြင်ပြင်းလော့၊ ပယ်ဖျက် သတ်ဖြတ်လော့ဟု မိမိကိုယ်ကိုမိမိ ဆုံးမ၍ မိမိရန်သူ အစစ်ဖြစ်သော အမျက်ဒေါသကိုသာလျှင် သတ်ဖြတ်ပြေငြိမ်းစေ၍ ထိုရန်သူပုဂ္ဂိုလ်၌ ရှေးရှေးက အမိအဖ စသည် ဖြစ်ဖူးသောအဖြစ်ကို အောက်မေ့ဆင်ခြင်၍ ယခုလည်း အမိရင်း, အဖရင်း စသည်ကဲ့သို့ မှတ်လျက် မေတ္တာဈာန် ကျစေ ဖြစ်စေအပ်၏။

အကယ်၍ အမိ, အဖစသည်ကဲ့သို့ မမှတ်နိုင်ဘဲ သူစိမ်းအနေနှင့် ထင်၍နေလျင် သြ သူလဲ ငါလိုပဲ၊ အသက်နှင့်အကောင်ပဲ၊ ဆင်းရဲဒုက္ခကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုလားရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေဟု ကိုယ်ချင်းစာ၍ မေတ္တာဈာန်ဇောကျစေ, ဖြစ်စေအပ်၏၊ အကယ်၍ ဤကဲ့သို့လည်း ကိုယ်ချင်း မစာနိုင်၍ မုန်းစိတ်မပျောက်ခဲ့ဘဲ မေတ္တာဈာန်ဇော ထိုသူ၌ မကျင့်နိုင်ခဲ့ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် သူခပ် သိမ်းတို့၌ မေတ္တာဈာန် ကျစေပြီးမှ နောက်ဆုံးမှ ဤရန်သူ လူမုန်း၌ ကျစေအပ်၏။

ရန်သူ မဟုတ်သော သူတို့၌ မေတ္တာဈာန်ဇော ကျဖန် ဖြစ်စ်ဖန်များ၍ မေတ္တာစိတ် ထက်သန်အားကောင်းသောအခါ အလွန်မုန်းသော ရန်သူ၌လည်း မေတ္တာဈာန် ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ ဈာန်ဇော မကျစေနိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ထိုရန်သူမုန်းကို နှလုံး မသွင်းအပ်၊ အာရုံမပြုအပ်၊ မေတ္တာမပို့အပ်၊ တောထဲ၌ရှိသော မြက်မှိုက်, ထင်းချောင်းတို့နှင့်အတူသာ ထားအပ်တော့သည်၊ ရှိသည်ဟူ၍ပင် မမှတ်အပ်၊ အနာရမ္မဏဥပေက္ခာ ပြုအပ်၏၊ မေတ္တာဈာန်ဇော ကျစေနိုင်သော ထိုရန်သူမှကြွင်းသော ခပ်သိမ်းသော သတ္တာဝါတို့ကိုသာလျှင် မေတ္တာဈာန်ဇော ဖြန့်နှံ့ပို့သအပ်၏။

မေတ္တာဗြဟ္မဝိဟာရ ပွားများပုံ ပြီး၏။
မူလလယ်တီဆရာတော်
ကမ္မဋ္ဌာန်းကျမ်းကြီးမှ



Read more...

ဒါနစစ်တမ်း

စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းကို ''ဒါန''ဟု ခေါ်ပါသည်။ ပါရမီ ၁ဝ-တွင်၎င်း၊ ပုညကြိယာဝတ္ထု ၁ဝ-ပါးတွင်၎င်း၊ မင်းကျင့်တရား ၁ဝ-ပါးတွင်၎င်း၊ ဒါနပါဝင်လျက်ရှိပါသည်။ ဘုရားအလောင်း သုမေဓာ ရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း ကျင့်စဉ်ကောင်းတို့ကို စူးစမ်းရှာဖွေရာတွင် ပထမဆုံး ဒါနကို တွေ့မြင် ရလေသည်။ ထိုဒါနကို စေတနာဒါန၊ ဝတ္ထုဒါနဟု ၂-မျိုး ခွဲနိုင်သည်။
    လှူလိုသောအခါ  ဖြစ်ပေါ်လာသော စေတနာသည် ''ပုဗ္ဗစေတနာ''မည်၏။ လှူနေသောအခါ ဖြစ်ပေါ် လာသော စေတနာသည် ''မုဉ္စစေတနာ''မည်၏။ လှူပြီးသောအခါ ဖြစ်ပေါ်လာသော စေတနာသည် ''အပရစေတနာ''မည်၏။ ပုဗ္ဗ-မုဉ္စ-အပရ စေတနာ ၃-တန်ကို ''စေတနာဒါန''ဟု ခေါ်သည်။ ဆွမ်းသင်္ကန်း စသော လှူဖွယ်ဝတ္ထု ပစ္စည်းစုံတို့ကိုကား 'ဝတ္ထုဒါန' ဟုခေါ်ဆိုရသည်။ နောက်ဘဝသံသရာဝယ် အကျိုးပေး ရာ၌ ဆွမ်းသင်္ကန်းစသော ဝတ္ထုများက အကျိုးပေးကြသည်မဟုတ်ပါ။ ဒါနပြုသူ၏ သန္တာန်၌ဖြစ်သော စေတနာဒါနများကသာ အကျိုးပေးကြပါသည်။ လှူဖွယ်ဝတ္ထု  ဒါနစုကား စေတနာထက်သန်စေဖို့ရာ အာရုံမျှသာဖြစ်သည်။ ထို့ကြောင့် လှူဖွယ်ဝတ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ် ပေသည်။
     ထိုဒါနကိုပင် ၃-မျိုး ၃-စား ခွဲနိုင်ပါသည်။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အစားအဝတ်များကိုသာ လှူလျှင် ဟီနဒါန (ယုတ်ညံ့သောအလှူ)ဖြစ်သည်။ မိမိ သုံးစားသောပစ္စည်းနှင့် တန်းတူပစ္စည်းကို လှူလျှင် မဇ္ဈိမဒါန (အလတ်စားအလှူ) ဖြစ်ပေသည်။ မိမိ သုံးစားသော ပစ္စည်းထက် သာလွန်ကောင်းမြတ်သော ပစ္စည်းတို့ကို လှူလျှင်ကား ပဏီတဒါန (မွန်မြတ်သောအလှူ) ဖြစ်ပေသည်။ တစ်ဖန် ဟီနဒါနကိုပင် ဒါသဒါန-ကျွန်အနေမျိုးဖြစ်သော အောက်တန်းစားအလှူဟု၎င်း၊ မဇ္ဈိမဒါနကို သဟာယဒါန-မိတ်ဆွေသူငယ်ချင်း အနေမျိုး ဖြစ်သော အလတ်တန်းစားအလှူဟု၎င်း၊ ပဏီတဒါနကို သာမိဒါန-အရှင်သခင်မျိုးဖြစ်သော အထက်တန်းစား အလှူဟု၎င်း ထပ်ဆင့်၍ခွဲခြားနိုင်ပေသည်။
တစ်နည်းအားဖြင့်ဆိုသော် အလှူဒါနပြုတုန်း၌ စိတ်ဆန္ဒလုံ့လဝီရိယ သဒ္ဓါတရားတို့ညံ့လျှင် ဟီနဒါန ဖြစ်သည်။ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါတရားတို့  မှန်မှန်သာရှိလျှင် မဇ္ဈိမဒါနဖြစ်သည်။ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါတရားတို့ ထက်သန်လျှင်ကား ပဏီတဒါနဖြစ်ပါသည်။ ဤတွင် ကုသိုလ်ပြုသူချင်း တူသော်လည်း စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါတရားတို့ ထက်သန်မှု၊ မသန်မှု လိုက်၍ အကျိုးပေးရာ၌ ကွာဟချက် ရှိနိုင်ပုံများ ကိုလည်း စဉ်းစားကြည့်နိုင်ကြပါသည်။ ဥပမာ- ဆရာတစ်ဦးတည်းက တစ်ကြိမ်တည်း သင်ပြပေးသော တပည့်များပင် တတ်သိပုံချင်း ခြားနားချက်ရှိနေသကဲ့သို့ပေတည်း။
     ဘုရားဒကာ ကျောင်းဒကာ အလှူဒကာစသောဂုဏ်၊ အင်မတန် သူတော်ကောင်းတာပဲစသော ချီးမွမ်းမှုကို လိုလား၍ ပြုသောဒါနသည် ဟီနဒါနတည်း။ နောင်သံသရာ၌ အကျိုးရ၊ မရကို ဂရုမစိုက်ပဲ အကျိုးမရချင်နေပါစေ၊ သူတော်ကောင်း ပညာရှိဆိုတာ ပေးကမ်းချီးမြောက် ရိုးထုံးစံတည်းဟု သဘောထား လျက် သူတစ်ပါး စားစေဝတ်စေလိုသော စေတနာသက်သက်ဖြင့် ပေးလှူစွန့်ကြဲခြင်းသည် ပဏီတဒါန တည်း။ ယင်းသို့ လျှင် ဒါနပြုသူတို့၏ စေတနာထားပုံ ရည်ရွယ်ချက်တို့ကို လိုက်၍ အယုတ်အလတ် အမြတ်အားဖြင့် ဒါနသုံးမျိုး ကွဲပြားနိုင်ပြန်လေသည်။
     ထို့ပြင် ဘဝစည်းစိမ် ခံစားလို၍ပြုသော ဒါနသည် ဟီနဒါနတည်း။ မိမိ၏ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ ရောက်ဖို့ အခြေခံ ဖြစ်ပါစေဟု ဆုတောင်း ၍) ပြုသောဒါနသည် မဇ္ဈိမဒါနတည်း။ သတ္တဝါများ၏ သံသရာလွတ်မြောက်ရေးကို မြှော်တွေးလျက် ဘုရားအလောင်းတို့ ဖြည့်ကျင့်အပ်သော ဒါနပါရမီမျိုးကား အမြတ်ဆုံး ပဏီတဒါနဖြစ်သတည်း။ ဤကား တစ်မျိုးထက် တစ်မျိုး စိတ်ထားတတ်၍ မြတ်ပုံ ဖြစ်ပါသည်။ အလှူဒါနပြုရာတွင် စေတနာသန့်ရှင်းမှလည်း အကျိုးသန့်ရှင်းနိုင်ပါသည်။ စေတနာမသန့်ရှင်းလျှင် အကျိုးပေး မသန့်ရှင်းနိုင်ပါ။
     မှန်ပါသည်။ ဂုဏ်ကို၎င်း၊ လာဘ်ကို၎င်း၊ ဘဝစည်းစိမ်ကို၎င်း လိုချင်တောင့်တ၍ စွန့်ကြဲပေးကမ်း လှူဒါန်းလျှင် လောဘပါဝင်နေသောကြောင့် မသန့်ရှင်းသောဒါနဖြစ်သည်။ ဤအလှူနှင့်စပ်၍ စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း၊ နှလုံးမသာယာခြင်းဖြစ်ရလျှင်းလည်း ဒေါသ ဒေါမနဿတို့ ပါဝင်နေသောကြောင့် မသန့်ရှင်းသော ဒါနသာ ဖြစ်ရပေမည်။ ထို့ကြောင့် အလှူဒါနပြုရာတွင် လောဘ ဒေါသ စသော အပြစ်အနာ အဆာတို့မှ ကင်းဝေးစေလျက် အထက်တန်းကျသောအလှူ မွန်မြတ်သောအလှူဖြစ်သော ပဏီတဒါန မြောက်ရန် အတွက် ကြိုးပမ်းသင့်ကြပေသည်။
     ယခုကာလ၌ ဒါနသည် သံသရာရှည်စေသည်ဟု အယူသီးတတ်ကြသည်။ သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်ဖွဲ့ မနေသင့်ပါချေ။ ဒါနပြုရာတွင် ပြုသူတို့၏ စိတ်မစင်ကြယ်မှုကြောင့်သာ လူတွင်ပါ၍ နွားကျား ကိုက်ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေပါ၊ ဤဒါနကြောင့် လူချမ်းသာ နတ်ချမ်းသာ ခံစားရတော့မည်ဟု ရည်ရွယ်မှု တဏှာဇောက သံသရာရေယဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။
    ’’သုမနာ, သဒ္ဓါ၊ သီလ၊ ပုညအားဖြင့် တူညီသော ပုဂ္ဂိုလ် ၂-ဦးတွင် ဒါနရှင်သည် လူ၌ဖြစ်စေ၊ နတ်၌ဖြစ်စေ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ထင်ပေါ်ကျော်ဇောခြင်း၊ အစိုးတရရှိခြင်း အားဖြင့် ဒါနမဲ့သူထက် အမြဲတန်း ထူးခြားသာလွန်ပေသည်။ သို့ရာတွင် အရဟတ္တဖိုလ် တရားထူးသို့ ဆိုက်ထိရာ၌ကား အတူတူပင်တည်း’’ ဟု သုမနမင်းသမီးလေး၏ အမေးကို ဗုဒ္ဓမြတ်စွာ ဖြေရှင်းမိန့်ဟချက် ရှိခဲ့ပါသည်။ (သုမနာသုတ် ပဉ္စကအင်္ဂုတ္တိုရ်) မိန့်ကြားချက်၌ ဒါနရှင်က အရဟတ္တဖိုလ်တရားထူးရရာ (ကျွတ်တန်းဝင်ရာ)၌ နောက်မကျပုံကို  စာရှုတို့ တွေ့ရှိ ရမည်ဖြစ်သည်။ ထို့ကြောင့် ဒါနသည် သံသရာကို မရှည်စေဟု ဧဝကန် မှတ်ယူရပေမည်။
     ကုသိုလ်ပြုစဉ်၌ လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ပြုသော ကုသိုလ်သည် ဝဋ္ဋနိဿိတကုသိုလ် မည်၏။ သံသရာဝဋ်မှ ကျွတ်ဖို့မမျှော် သံသရာဝဋ်အတွင်း၌ ခံစားဖို့သာမျှော်သော ကုသိုလ်ကို ဆိုလိုပါ သည်။ နိဗ္ဗာန်ကို မျှော်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် ဝိဝဋ္ဋနိဿိတ ကုသိုလ်မည်၏။ ဤကုသိုလ် ၂-မျိုးတွင် အလှူဒါနပြုရာတွင်ဖြစ်စေ သီလစသည် ဆောက်တည်ရာတွင်ဖြစ်စေ၊ ဝိဝဋ္ဋနိဿတမှန်လျှင် သံသရာမှ  အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်းဆုကို ပြည့်စေနိုင်ပါသည်။ ထို့ကြောင့် ဒါနပြုတိုင်းပြုတိုင်း ဝိဝဋ္ဋနိဿိတဒါန မျိုးဖြစ်ရန် အရေးကြီးလှပေသည်။
     ဒါနနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြဖွယ်ရာများ ဒါန၏ အကျိုးကျေးဇူးတို့ကို ဝတ္ထုသာဓကများဖြင့် ဖေါ်ပြရလျှင်ကား ဆုံးနိုင်ဖွယ်ရာ မရှိချေ။ သို့သော် ဆောင်းပါးတိုလေးမျှသာ နေရာပေးနိုင်သော ဓမ္မဗျူဟာ တွင် တိုတိုကျဉ်းကျဉ်းမျှသာ ဖော်ပြလိုက်ရပေသည်။ တိရစ္ဆာန်လေး တစ်ကောင်အား ဝဝ လင်လင်ရှိအောင် ထမင်းတစ်ထပ် ကျွေးသော ဒါနကလေးသည်ပင် ဘဝပေါင်း တစ်ရာတိုင်တိုင် -
(၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားကြီးခြင်း၊
(၅) ဥာဏ်ပညာကြီးခြင်း၊
ဟူသော အကျိုးငါးပါးကို ရရှိနိုင်ပေသည်။ အခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်းပင် တူသော် လည်း အရာရာ ဒါနရှင်တို့ကသာ သာလွန်မြင့်မြတ် တတ်ကြသည်။
'    ''အချင်း - သီဟစစ်သူကြီး ဒါနပြုသူ၌ လက်တွေ့ ဒိဋ္ဌရရှိနိုင်သော အကျိုး ၅-မျိုးရှိသည်''။
(၁) ဒါနရှင်သည် လူတိုင်း၏ ချစ်ခင်လေးစားမှုကို ခံယူရသည်။
(၂) ဒါနရှင်အိမ်သို့ သူတော်စင်များ အမြဲကြွရောက် ချီးမြောက်လေ့ရှိကြသည်။
(၃) ဒါနရှင်မှာ အမြဲတမ်း ကောင်းသတင်း ကြွယ်လျက်သာရှိသည်။
(၄) မည်သည့် အခမ်းအနား ပွဲသဘင်မျိုးမှာမဆို ဒါနရှင်သည် ရှိုးတိုးရှန်းတန့် မဖြစ်ပဲ ရဲတင်းစွာ ဝင်ထွက်နိုင်သည်။
(၅) ကွယ်လွန်သောအခါ သုဂတိဘဝသို့ ရောက်ရသည်ဟု ဒါနအကျိုး ၅-မျိုးကို သီဟ စစ်သူကြီးအား ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ဘူးလေသည်။ (သီဟသေနာပတိသုတ် ပဉ္စကအင်္ဂုတ္တိုရ်) ယနေ့ခေတ် ဒါနရှင်တို့သည်လည်း မိမိတို့ကိုယ်တိုင်ပင် ဤအကျိုးတရားများကို လက်တွေ့ခံစားနေရသည်ကို သတိပြုကြည့်လိုက်လျှင် တွေ့ရှိကြ ရမည်ဖြစ်ပါသည်။
    (ဆောင်)    အများချစ်အပ်၊ သူမြတ်တို့ချဉ်း၊ ကောင်းသတင်းကြွယ်၊ ပွဲလယ်ဝင်ရဲ၊ ခန္ဓာစဲသော်၊ ရောက်မြဲ နတ်ဌာန်၊ ဤငါးတန်၊ မှတ်ရန် ဒါနအကျိုးတည်း။ အချုပ်ဆိုရလျှင် စာရေးသူတို့နိုင်ငံသည် အလှူဒါန ပြုကြရာတွင် အရက်ရောဆုံး အထက်သန်ဆုံး နိုင်ငံဖြစ်ပါသည်။ ဤစေတနာတွေကြောင့် ငတ်မွတ်ခေါင်းပါးခြင်းစသော ဘေးအန္တရာယ် အသွယ်သွယ်တို့ ကင်းဝေးလျက် ရှိသည်ဟုပင် ဆိုရပေမည်။ သို့သော် ဗုဒ္ဓဘာသာဝင်တို့၏ ခေါင်တိုင်စခန်းမှာ တစ်ဘဝ အရေး မျှသာ မဟုတ်သေးပါ၊ ခန္ဓာဝန် ကိလေသာဝန်ပြတ်ငြိမ်း၍ ဒုက္ခဇာတ်သိမ်းရာ နိဗ္ဗာန်သို့တိုင် ဖြစ်ပါ သည်။ ထို့ကြောင့် ''အဒ္ဓါ ဣမာယ ပဋိပဒါယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ၊ ဤဒါနအကျင့်ဖြင့် အိုနာသေရေး ဆင်းရဲဘေးမှ ဧကန်လွတ်မြောက်ရတော့မည်''ဟု နိဗ္ဗာန်ကို မြှော်မှန်းပြီးလျှင် တည်ကြည်သော စိတ်ထားဖြင့် နှစ်ထောင်းအားရ လှူဒါန်းဝေငှ၍ အထက်တန်းကျသော ပဏီတဒါနမျိုးကို ထူထောင်ကြ ရန်ပင် ဖြစ်ပါသည်။
     ''အို - အသင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့၊ လူနတ်တို့၏ စည်းစိမ်ချမ်းသာကို မတောင်းတ ကျော်ဇောခြင်း ကိတ္တိသဒ္ဒပကာသနမျှကို ဆန်ခြမ်းမျှမလိုပဲ ဘုံသုံးပါးကို ရာဇဝတ်နှောင် ထောင်အိမ်ပုံ၊ သုံးဘုံသူ တို့ကို ရာဇဝတ်ကောင်ထောင်သား၊ ကာမဂုဏ် ၅-ပါး အာရုံတရားတို့ကို အဆိပ်ပမာ စိတ်မှာထင်လျက်၊ မရွှင်မှိုင်တွေး၊ ထိုင်ကာငေးမျှ၊ ပူဆွေးသော ဓမ္မသံဝေဂဖြင့်၊ ဒါန-သီလ-သမထ- ဝိပဿနာဘာဝနာ  အလုပ်တို့ကို ကြိုးစား အားထုတ်နိုင်ပါစေသတည်း။


အရှင်မဟောသဓပဏ္ဍိတ
ဓမ္မဗျူဟာ (အတွဲ ၁ဝ၊ အမှတ် ၉ )

Read more...

Good Question Good Answer

I’m happy to announce that my book Good Question Good Answer has just been published in German. That makes 28 languages this small but perennially popular book has appeared in. If you would like a copy they are available from Deutche Buddhistiche Union E.V.

Read more...

ဆရာဒကာတို့၏ အောင်ပွဲ (၂)



ကပ္ပိယဆန်းကြယ်
ဘာလိုလိုနှင့် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်လာခဲ့သည်မှာ (၂)ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ တိတိကျကျပြောရလျှင် ၂၀၀၉ခုနှစ် ကိုရီးယားနိုင်ငံ နှစ်သစ်ကူးနေ့ (၂၉-၁-၂၀၀၉)က စတင်ဖွင့်လစ်ခဲ့သည် ဤကျောင်းတော်သည် ၂၀၁၁ခုနှစ်၏ ကိုရီးယားနိုင်ငံ နှစ်သစ်ကူးနေ့တွင် (၂)တင်းတင်း ပြည့်မြောက်ပြီး ဖြစ်ပါသည်။ (၂)နှစ်ဟူသည့် ကာလသည် သိပ်မကြာလိုက်ဟု ထင်ရသော်လည်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကား များပြားလှပါသည်။ တောင်ကိုရီးယားနိုင်ငံ အောက်ပိုင်းတွင် ရောက်ရှိနေကြသည့် မြန်မာများ၏ သာရေးနာရေး လူမှုရေးများတွင် အကူအညီအထောက်အပံ့ ဖြစ်စေရန်နှင့် မြန်မာရှိလျှင် ဘုန်းကြီးကျောင်းရှိမှ ပြည့်စုံသည်ဟု ခံယူထားကြသည့် မြန်မာတို့၏ သဒ္ဓါပြယုဂ်တစ်ခုအဖြစ် တည်တံ့စေရန် ရည်စိတ်သန်၍ တည်ထောင်ခဲ့သည် ဤကျောင်းတော်သည် ထိုရည်မှန်းချက်အတိုင်း တစ်နိုင်တစ်ပိုင် လျှောက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။

စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ပံ့ပိုးခဲ့ကြသူများတွင် အချို့သူများသည် မြန်မာနိုင်ငံတွင် ပြန်ရောက်၍ ဆိုင်ရာလုပ်ငန်းများဖြင့် လှုပ်ရှားမှုများ ရှိနေလင့်ကစား ဒယ်ဂူးမြို့တွင် ကျန်နေခဲ့သည့် ကျောင်းတော်ကြီး၏ သက်ဝင်လှုပ်ရှားမှုများကား အသစ်အသစ် လက်ဆင့်ကမ်းမှုများဖြင့် အရှိန်အဟုန်မြင့်စွာ လည်ပတ်နေပြီ ဖြစ်ပါသည်။ ဆရာနှင့်ဒကာ အပေးအယူမျှစွာဖြင့် တာဝန်ကိုယ်စီ ကျေပွန်နေသည့် ဤကျောင်းတော်သည် ရောက်လာသူများအား ကျောင်းရိပ်ကန်ရိပ် အေးချမ်းရိပ်ကို ပေးစွမ်းပေးနေနိုင်ရုံမျှမက ကိုရီးယားနိုင်ငံသား ဧည့်သည်များကိုပင် မြန်မာများ၏ ဘုန်းတော်ကြီးကျောင်း၊ မြန်မာများ ကိုးကွယ်ထားသည့် ကျောင်းထိုင်ဆရာတော်၊ မြန်မာများ၏ သာရေးနာရေး လူမှုရေးများနှင့် ကုသိုလ်ရေးများ ပြုလုပ်ရာ နေရာဌာနတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်နေပြီ ဖြစ်ပါသည်။

ကျောင်းထိုင်ဆရာတော်၊ ကျောင်းအကျိုးဆောင်အဖွဲ့၊ ကျောင်းဒကာဒကာမများ စသည်ဖြင့် အမည်နာမ အသီးသီးတပ်ထား ကြသော်လည်း အားလုံး၏ စိတ်ဆန္ဒကား ဤကျောင်းတော်ကြီး ရေရှည်တည်တံ့နေရေးနှင့် သာရေးနာရေး လူမှုရေများတွင် အတူတကွ ဝမ်းမြောက်ဝမ်းသာ ဆောင်ရွတ်နိုင်ရေးပင် ဖြစ်ပါသည်။ ထိုတူညီသည် ဆန္ဒအတိုင်းပင် ဆရာတော်၏ ဦးဆောင်မှု၊ ကျောင်းအကျိုးဆောင်များ၏ လှုပ်ရှားမှု၊ ကျောင်းဒကာဒကာမများ၏ ပံ့ပိုးမှုများဖြင့် တစ်စိုက်မတ်မတ် ဆောင်ရွတ်နိုင်ခဲ့ကြသဖြင့် ယခုဆိုလျှင် ဤကျောင်းတော်၏ တည်တံ့ရေးမှာလည်း အားရဖွယ် ဖြစ်လာခဲ့ပြီး သာရေးနာရေး လူမှုရေး လှုပ်ရှားမှုများ အနေဖြင့်လည်း ကျောင်းတော်တွင် အမြဲမပြတ် ဆောင်ရွတ်မှုများ ရှိနေကြသည့်အပြင် မြန်မာပြည်တွင်သို့လည်း အခါအားလျော်စွာ အများပေါင်းစု၍ ကောင်းမှုများကို ပြုလုပ်ပေးပိုး လျက်ရှိပါသည်။ မြန်မာပြည်တွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များ၊ အများပြည်သူ အကျိုးပြုလုပ်ငန်းများ၊ အရေးပေါ် သဘာဝဘေးဒုက္ခ ကြုံသူများ စသည့် အဓိကလိုအပ်ရာ နေရာများသို့လည်း ဆရာဒကာ ညီညွတ်စွာဖြင့် အများပေါင်းစုကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခဲ့၊ ပေးစဲ၊ ပေးနေဦးမှာ ဖြစ်ပါသည်။ သာရေးနာရေးပွဲများ ပြုလုပ်သည့်အခါတိုင်း အောင်ပွဲတစ်ခုအဖြစ် ဖော်ပြရလျှင် အောင်ပွဲများ အမြောက်အများ ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း ကျောင်းတည်ထောင်ခြင်း အထိမ်းအမှတ် နှစ်ပတ်လည်တွင် ပြုလုပ်လှူဒါန်းသည့် အောင်ပွဲကြီးများကိုသာ ဆရာဒကာတို့၏ အောင်ပွဲအဖြစ် ရည်ရွယ်၍ ပြောကြမည် ဆိုပါက ယခုနှစ်၏အောင်ပွဲသည်ကား ဒုတိယမြောက် အောင်ပွဲကြီးပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းတည်ထောင်ခြင်း (၂)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ယခုနှစ်၏ အလှူပွဲကိုကား ဆရာဒကာတို့၏ အောင်ပွဲ (၂)ဟု တင်စားဖော်ညွန်းပြခြင်း ဖြစ်ပါသည်။

ယခုနှစ်၏ အောင်ပွဲသည်ကား ထူးထူးခြားခြား ဓမ္မအလှူအောင်ပွဲအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည့် အောင်ပွဲတစ်ခုအဖြစ် ပြောနိုင်မည် ဖြစ်ပါသည်။ ကျောင်းတည်ထောင်ခြင်း (၂) ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် ဤအောင်ပွဲတွင် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ပင့်ဖိတ်လျက် အဝေးရောက် ဗုဒ္ဓဘာသာမြန်မာများအား တရားရေးအေး အမြိုက်ဆေးကို တိုက်ကျွေးခဲ့ပြီး မြန်မာများ၏ ဓမ္မပူဇာ အလှူတော်များကိုလည်း ဆရာတော် အရှင်ဆေကိန္ဒ၏ သာသနာပြု လုပ်ငန်းများတွင် ဆက်ကပ်လှူဒါန်းခြင်းဖြင့် ထာဝရ မပျက်စီးနိုင်သည့် အနုဂါမိက ရွှေအိုးကြီးကို မြုတ်နှံနိုင်ခဲ့ပါသည်။ မအားလပ်သည့်ကြားမှ ဘူးဖျောင်းရှိ ဓမ္မဒူတစင်တာသို့ ကြွရောက်ခိုက်နှင့် ကြုံလာခဲ့သည့် ဆရာတော် အရှင်ဆေကိန္ဒအား ကြိုတင်လျှောက်ထားကာ ဆရာတော်၏ ကြွရောက်ချီးမြှောက်မှုဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့သည့် စိတ္တသုခ ကျောင်းဒကာဒကာမတို့၏ ဓမ္မပူဇာ၊ အာမိသပူဇာ အလှူသည်ကား အမှန်ပင် ဆရာဒကာတို့၏ အောင်ပွဲတစ်ခုပင် ဖြစ်ခဲ့ပါသည်။

ထိုအောင်ပွဲတင် ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ဟောကြားဆုံးများမှုများသည် အလွန်ပင် တန်ဘိုးများခဲ့ပါသည်။ မအားလပ်သည့်ကြားမှ တရားတော်နာ ကြွရောက်လာခဲ့သည့် တရားနာပရိတ်သတ်များ၏ သဒ္ဓါတရား အားကောင်းမှုများကိုကြည့်ကာ ဆရာတော်မှ ဗုဒ္ဓဓမ္မ၏ လက်တွေ့အသုံးချမှုများကို ဟောပြောပြသ ဆုံးမတော်မူခဲ့ပါသည်။ ဒုက္ခဒုက္ခဟု အများက ငြီးနေကြရာတွင် ထိုဒုက္ခသည် မည်သူလုပ်၍မျှ ဖြစ်သည်မဟုတ်ဘဲ မိမိကိုယ်တိုင်လုပ်၍သာ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်တိုင် လုပ်ခဲ့သည့် ဒုက္ခဖြစ်သဖြင့်လည်း ထိုဒုက္ခကို ကုစားရန်မှာ မိမိသာ ဖြစ်ကြောင်း၊ ကိုယ်ဒုက္ခဖြစ်လျှင် ကိုယ်နှင့်ပြင်၍ စိတ်ဒုက္ခဖြစ်လျှင် စိတ်နှင့်ပြင်ကာ ကြုံလာသမျှကို ဉာဏ်နှင့်ယှဉ်ကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆရာတော်က ဆုံးမဟောကြားတော်မူ ပေးခဲ့ပါသည်။ လက်တွေ့အဖြစ်အပျက် လေးများဖြင့် ချိန်ထိုးကာ ဟောကြားချီးမြှင့်ပေးသွားသည့် ဆရာတော်၏ ဓမ္မဒေသနာတော်သည် စိတ္တသုခ ကျောင်းဒကာဒကာမများ၏ နှစ်ပတ်လည် အောင်ပွဲတွင် အထူးပနှံ တင့်တယ်ခဲ့ပါသည်။ ထို့ကြောင့် ကပ္ပိယတစ်ယောက် ဖြစ်သည့် ကျွန်တော့်အနေဖြင့် ထိုနေ့၏ နှစ်ပတ်လည်အောင်ပွဲကို ဆရာဒကာတို့၏ အောင်ပွဲဟု တင်စားပြောဆိုခြင်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ။ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းသည် အရှိန်အဟုန်ဖြင့် အောင်ပွဲအလီလီကို ဆောင်ကျင်းပေးနေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဆရာဒကာတို့၏ ညီညွတ်မှုနှင့်အတူ ဦးဆောင်မှုလည်းကောင်း၊ ပံ့ပိုးမှုလည်းကောင်းနေခဲ့သည့် ကျွန်တော်တို့၏ ကျောင်းဆရာနှင့် ကျောင်းဒကာများသည် အမှန်ပင် အောင်မြင်နေပြီ ဖြစ်ပါသည်။ ထိုအောင်ပွဲနှင့် တစ်ဆက်တည်းပင် ဆရာတော် အရှင်ဆေကိန္ဒ၏ တရားပွဲအပြီး နှစ်ပတ်လည် အစည်းအဝေးကြီးတွင်လည်း စိတ္တသုခ ကျောင်း၏ ပဓာနနာယက ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တမှလည်း သြဝါဒစကား မိန်ကြားခဲ့ပါသည်။

ဆရာတော်က ယခုကဲ့သို့ အချိန်အတိုအတွင်းမှာ ဤကျောင်းတော်ကြီး တိုးတက်အောင်မြင်လာခဲ့ခြင်းသည် ဆရာဒကာ ညီညွတ်ကြသည့် အတွက်ကြောင့်သာ ဖြစ်ကြောင်း၊ ဆရာကလည်း ဓမ္မဖြင့် ချီးမြှောက် စောင့်ရှောက်ပေးနေသကဲ့သို့ ဒကာကလည်း အာမိသဖြင့် ထောက်ပံ့လှူဒါန်း ပေးနေကြသဖြင့် တာဝန်ကိုယ်စီ ကျေပွန်ကာ အဖုအထစ်မရှိ အောင်မြင်မှု ရနေခြင်း ဖြစ်ကြောင်း၊ သေချာတွေးကြည့်လျှင် ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်၍ ဝိုင်းဝန်းလှုပ်ရှား ပေးနေကြခြင်းသည် ဘယ်သူဘယ်သူ့အတွက်မှ မဟုတ်ကြောင်း၊ ဆရာတော်အတွက်လည်း မဟုတ်သလို ဒကာအတွက်လည်း မဟုတ်ကြောင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနှင့် ဗုဒ္ဓယဉ်ကျေးမှုများဖြင့် ထုံလွှမ်းထားသည့် မြန်မာလူမျိုးများ အတွက်သာ ဖြစ်ကြောင်း၊ ဆရာတော်ကိုယ်တိုင်ပင် ယခုကဲ့သို့ ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံး နေထိုင်ပေးနေသည့် ရည်ရွယ်ချက်မှာ (၁) ကိုရီးယားရောက် မြန်မာများအတွက် (၂) ထေရဝါဒဗုဒ္ဓဘာသာကို စိတ်ဝင်းစားကြသည့် ကိုရီးယားများအတွက် နှင့် (၃) မြန်မာကိုရီးယားတို့၏ လှူဒါန်းမှုများကို အသုံးပြုကာ မြန်မာပြည်တွင်းရှိ ပရဟိတ လုပ်ငန်းများအတွက်သာ ဖြစ်ကြောင်း၊ မိမိအတွက်ဆိုလျှင်ကား မည်သည့်နေရာတွင်မဆို နေထိုင်သီတင်းသုံးနိုင်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆရာဒကာ ညီညွတ်စွာ ဆောင်ရွတ်ခဲ့သဖြင့် အောင်ပွဲရနေခြင်းများသည် မိမိတို့အတွက် မဟုတ်ကြသဖြင့် ဆက်လက်၍လည်း ညီညီညွတ်ညွတ်ဖြင့် အောင်ပွဲအလီလီ စွပ်ခူးနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် သြဝါဒစကား မိန့်ကြားပေးခဲ့ပါသည်။

မှန်ပါသည်။ ဆရာတော် အမိန့်ရှိသကဲ့သို့ပင် ကျွန်တော်တို့ကလည်း ဤကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် တစ်တတ်တစ်အား ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။ မိမိတို့အတွက် ကြိုးစားခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံအတွက် ကြိုးစားခြင်း ဖြစ်သဖြင့် ကျောင်းတော်နှင့်ပတ်သက်သည့် ကိစ္စများတွင် တစ်နိုင်တစ်ပိုင် ပါဝင်ဆောင်ရွတ်ကြရမည် ဖြစ်ပါသည်။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်သော်လည်း နှမ်းစေ့ပေါင်းများလာသည့် အခါ ဆီအဖြစ် စားသုံးနိုင်ကြည် ဖြစ်သဖြင့် နှစ်တစ်စေ့လောက်ဖြစ်ဖြစ် ကုသိုလ်ပါဝင်ကြရမည် ဖြစ်ပါသည်။ ဆရာတော်၏ မေတ္တာဓာတ်ကို ခံယူးရင်း ဆရာတော်၏ သာသနာပြု လုပ်ငန်းများတွင် ပံ့ပိုးလှူဒါန်းပြီး ကျောင်းတော်ကြီး၏ ရပ်တည်ရေးအတွက်လည်း တစ်ထောင့်တစ်နေရာမှ တာဝန်ယူကြရမည် ဖြစ်ပါသည်။ ကျွန်တော်အမြင်အရ ပြောရလျှင် ဆရာတော်နှင့် ကျောင်းတော်အတွက် ကျွန်တော်တို့၏ ပံ့ပိုးလှူဒါန်းမှုများသည် ကုသိုလ်လည်းရ ပရဟိတလည်း လုပ်ဖြစ်သည့် ပံ့ပိုးလှူဒါန်းမှုများပင် ဖြစ်ပါသည်။

ထို့ကြောင့် အချုပ်အားဖြင့် ပြောလိုသည်မှာ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း (၂)ပြည့်အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည် ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ အထူးတရားပွဲသည် ကျွန်တော်တို့ဆရာနှင့် ကျွန်တော်တို့ ဒကာများအတွက် ဓမ္မအလှူ၊ အာမိသအလှူ၊ သာသနာပြု အလှူ ဖြစ်ခဲ့သည့် ဆရာဒကာတို့၏ နှစ်ပတ်လည် အောင်ပွဲတစ်ခု ဖြစ်ကြောင်း၊ ထိုအောင်ပွဲမှသည် နောင်လာမည့် နှစ်များတွင်လည်း နှစ်စဉ်နှစ်စဉ် ယခုကဲ့သို့ အောင်ပွဲများကို ကျင်းပနိုင်ရန် ဆရာဒကာ ညီညွတ်စွာဖြင့် ပူပေါင်းပါဝင် ကုသိုလ်ရှင်များ ဖြစ်ကြစေရန် ကြိုးစားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားရင်း ဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း (၂)ပြည့် အောင်ပွဲကို ဆရာတော်ဒကာတို့၏ အောင်ပွဲ (၂)အဖြစ် တင်စားကာ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။
စိတ္တသုခ၊ ပြည့်စုံကြ၊ ဒုက္ခထွေထွေ၊ ကင်းပါစေ…
မေတ္တာဖြင့် ကပ္ပိယဆန်းကြယ်

Read more...

More on Ego by D. Hawkins

06/02/2011
by Cittasamvaro
Amusing description of the ‘ego-mindvs the ‘aware-mind’ from the book ‘I’, David Hawkins p 425
To the ego, peace sounds inactive and passive because the ego thinks in terms of ‘doing’ something, such as seeking control, gain, or avoidance. The ego darts through traffic, pushes the speed limit, and watches for police cars. It fumes at delays and stupid drivers; it tailgates and curses under its breath at slow traffic. It blows its horn and passes on curves. It is driven by the hope o beating time and jumping the line. It shakes its fist at the driver who moves ahead in line and it vows terrible vengeance. While all this is going on, simultaneously the ego is planning work strategies, talking on the cell phone, and listening to the radio.

Great stuff.

Read more...

သီတဂူဆေးရုံတော်များ

သီတဂူအာယုဒါနဆေးရုံ စစ်ကိုင်း
သီတဂူစက္ခုဒါနဆေးရုံ သီပေါမြို့၊ ရှမ်းပြည်နယ်
သီတဂူစက္ခုဒါနဆေးရုံ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသ
သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ မင်းတပ်မြို့၊ ချင်းပြည်နယ်
သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်၊ စစ်ကိုင်း
သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောက်မြို့၊ မကွေးတိုင်းဒေသ

သီတဂူဆရာတော်ကြီး ဦးဆောင်ပဓာနပြုလျက် သီတဂူသာသနာပြုအဖွဲ့ကြီး၏ အဓိက စီမံကိန်းများဖြစ်သော စစ်ကိုင်းတောင် ရေအလှူတော် (1982 ခုနှစ်)၊ သီတဂူအာယုဒါန ဆေးရုံအလှူတော် (1989)နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အလှူ ဟူသော စီမံကိန်းကြီး ၃ ရပ်ကို ပင်မထားကာ ဘာသာရေး လူမှူကယ်ဆယ်ရေးနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများကို မနားမနေ အင်တိုက်အားတိုက် ဆောင်ရွက်လာရာ အလွန်အောင်မြင်လာခဲ့သည်။

သီတဂူသာသနာပြုအဖွဲ့ကြီးကို ၁၉၈၀ ကဆုန်လပြည့်နေ့တွင် တည်ထောင်သည်။ ထိုအဖွဲ့ကြီးကို သာသနာတော်တွင် အလေးဂရုပြုအပ်သော ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူကာ ဦးဆောင်ပဓာနအဖြစ် သီတဂူဆရာတော်ကြီးက ဆောင်ရွက်ပြီး ထိုအဖွဲ့ကြီးတွင် senate ဆရာတော်များအဖြစ် ဆရာတော်ကြီး လေးပါးက ဆောင်ရွက်လျက် သီတဂူဝန်ဆောင်သံဃာ့အဖွဲ့နှင့် အထက်/အောက်မြန်မာပြည် ကပ္ပိယကာရအဖွဲ့တို့ဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်။

သီတဂူဆေးရုံများ

ယခုအခါ စစ်ကိုင်းတောင် သီတဂူအာယုဒါနဆေးရုံအပြင် မြန်မာနိုင်ငံ တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ်ကြီး (၇)ပြည်တို့၌ သီတဂူအရောဂျဒါဆေးရုံ၊ သီတဂူစက္ခုဒါနဆေးရုံအမည်ရှိ ၁၆ ခုကို တိုးချဲ့ တည်ဆောက်လျက်ရှိသည်။

ဖွင့်လှစ်ပြီးဆေးရုံးများ

၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။

၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။

၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။

၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။

၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။

၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေသ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။

၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။

တည်ဆောက်ဆဲဆေးရုံးများ

၁၂။ သီတဂူအာရောဂျဒါနဆေးရုံ
မြိုင်ကြီးငူဒေသ၊ ကရင်ပြည်နယ်

၁၃။ သီတဂူစက္ခုဒါနဆေးရုံ
လွိုင်ကော်မြို့၊ ကယားပြည်နယ်

၁၄။ သီတဂူစက္ခုဒါနဆေးရုံ
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

၁၅။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။

၁၆။ သီတဂူစက္ခုဒါနဆေးရုံ
သံတွဲမြို့၊ ရခိုင်ပြည်နယ်။

မှတ်ချတ်။ ။ ဓာတ်ပုံများမစုံသေးသဖြင့် ရောက်ရှိလာပြီးသော ဓာတ်ပုံများကိုသာ တင်လိုက်ရပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

၆-၂-၂၀၁၁

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP