ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Saturday, January 22, 2011
ရဟန်းနှင့် အမေ
အချိန်ရရင် အမေနဲ့ အဖေအကြောင်းလေးဆက်ရေးပါဦးမယ်.. မပြည့်စုံသေးပါဘူးထင်ပါတယ်..
အင်္ဂလိပ်စာ အထူးသင်တန်း (TOEFL)
)
အင်္ဂလိပ်စာ အထူးသင်တန်း (TOEFL)
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၏ စီမံချက်ဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အင်္ဂလိပ်စာအထူး (TOEFL) သင်တန်းကို ၁၅-၀၁-၂၀၁၁ နေ့က ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်တွင် စတင်ဖွင့်လှစ်သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းသားများ တက်ရောက်ကြသည်။
အောက်ဆရာများက အောက်ပါဖော်ပြပါ ဘာသာရပ်, အချိန်အလိုက် ယူကြပါသည်။
၁။ ဆရာကြီး ဦးကျော်ဋ္ဌေး
အင်္ဂလိပ်စာ နားစွမ်းရည် (listening skill), အင်္ဂလိပ်စာ သဒ္ဒါ (Grammar), စကားလုံး အမှားအမှန်ရွေးခြယ်ခြင်း (words choice), အစရှိသည်များ။
Mon, Wed, Fri နံနက် ၈-၃၀ နာရီမှ ၁၀-၃၀။ ၁၂-၃၀ မှ ၁-၃၀ အထိ။
၂။ Miss Jackie (USA)
Writing skill စာစီစာကုံး (Essay)
Mon, Tue ညနေ ၄ နာရီမှ ၆ နာရီအထိ
၃။ Miss Veneuss (University of Virginia) USA
စာဖတ်စွမ်းရည် (Reading skill) and vocabulary
၎။ Mss Paular (USA)
အင်္ဂလိပ်သဒ္ဒါ (Grammar)
၅။ ဆရာကြီး ဒေါက်တာ ခင်မောင်ညွှန့်
အထွေထွေ (General Knowledge)
၆။ ဆရာကြီး ဒေါက်တာ မျိုမြင့်
အထွေထွေ (General Knowledge)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁-၂၀၁၁
It Hasn't Yet Got Late, Old and Changed - မနှောင်းသေးပါဘူး မဟောင်းသေးပါဘူး မပြောင်းသေးပါဘူး
ကြည်ညိုလိုက်စမ်းပါ
လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။
မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။
သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။
လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။
နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။
သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။ ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။
သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။
စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။
စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။
ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။
တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။
အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။
မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..
မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။
ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………
ဦးမနက်ဖြန်
Posted by အရှင်နာယကာလင်္ကာရ
at 1/21/2011 09:22:00 PM
Labels: အသိပညာပေး
မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု
ဆရာ။ ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။
မဇ္ဈိမတိုက်ပါဋလိပုတ်ပြည်သား ၀ိသာခအမည်ရှိတဲ့ သူကြွယ်တယောက်ဟာ သီရိလံကာဒီပခေါ်တဲ့ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော် ထွန်းကားတဲ့သတင်းစကားကို ကြားသိရသောအခါ သီဟိုဠ်ကျွန်းသို့သွားရောက်ကာ တရားအားထုတ်လိုသောကြောင့် မိမိစည်းစိမ်ဥစ္စာတွေကို သားမယားတို့အားလွှဲအပ်စွန့်လွှတ်လျက် သီဟိုဠ်ကျွန်းဘက်သို့ ကူးသွားပြီး မဟာဝိဟာရကျောင်းတိုက်ကြီး၌ ရဟန်းပြုကာ ငါးလပတ်လုံး ရဟန်းတော်များ၏ ကျင့်ဝတ်သိက္ခာ ၀ိနည်းတရားတော်များကို တတ်ကျွမ်းနားလည်အောင် သင်ကြားပြီးနောက် မဟာဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာလျက် ကမ္မဋ္ဌာန်းတရားပွားများ အားထုတ်နိုင်ရန် သင့်လျော်မည့်ကျောင်းတိုက်များကို ရှာပြီးလျှင် တကျောင်း တကျောင်း၌ လေးလစီမျှ သင်ကြားပွားများ အားထုတ်ကာ နေလေ့ရှိတယ်တဲ့။
“တပည့်တော် မြစိမ်းပင်စောင့်နတ်ပါ ဘုရား၊ အရှင်မြတ်တို့ ဤအရပ်မှ ကြွသွားတော့မည်ဆို၍ ငိုရပါသည် ဘုရား” ဟုလျှောက်ထားတယ်။
“ငါ ဤအရပ်၌ နေထိုင်သီတင်းသုံးခြင်းအားဖြင့် အသင်နတ်မင်းတို့မှာ ဘယ်လိုချမ်းသာသုခမျိုး အကျိုးစီးပွားတွေကို ရရှိခံစားရပါသလဲ”
“အရှင်မြတ်တို့ ဤစိတ္တလတောင်ကျောင်းသို့ ကြွရောက် သီတင်းသုံးကာ မေတ္တာ ဘာဝနာတရားတော်များ ပွားစီးပို့သ၍ နေတော်မူသော မေတ္တာဓာတ် တန်ခိုးတော်ကြောင့် ဤအရပ်၌ ဆိုးသွမ်းကြမ်းတမ်းခက်ထန်သော စကားတို့ဖြင့် မသင့် မတင့် ရှိကြကုန်သော နတ် ဘီလူး စသည်တို့ဟာ အရှင်မြတ်၏ မေတ္တာဓာတ်ကြောင့် အချင်းချင်း ချစ်ခင်ကြင်နာသော စိတ်ထားရှိကြပါကုန်သည်၊ သင့်တင့်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ကြရပါကုန်သည်၊ အချင်းချင်းလည်း မေတ္တာတရားရကြကုန်ပါသည်၊ အရှင်မြတ်ဘုရားကြွတော်မူပါက ထိုနတ်ဘီလူးတို့သည် ကြမ်းတမ်းခက်ထန် ယုတ်မာဆိုးသွမ်းသော စကားတို့ဖြင့် ငြင်းခုံ ခိုက်ရန်မှု ပြုကြပါလိမ့်မည်၊ ဘုရား” ဟုလျှောက်ထားတယ်။
“အိမ်း…ငါ သည်အရပ်မှာနေသဖြင့် သင်တို့ချမ်းသာမည်ဖြစ်လျှင် နောက်ထပ်လေးလ နေပေးဦးမည်” ဆိုကာ လေးလစေ့၍ ကြွမည်ပြုသောအခါ ထိုမြစိမ်းပင်နတ်က ငိုကြွေးလျှောက်ထားတောင်းပန်ပြန်၍ ၀ိသာခ မထေရ်မြတ်ဟာ အရပ်တပါးသို့ ကြွမသွားဖြစ်တော့ဘဲ ဤအရပ်မှာပင် ပရိနိဗ္ဗာန် စံဝင်ရရှာတယ် တဲ့၊ ပိဋကတ်တော်မှာ ဒါမျိုးတွေ များစွာပဲ ရှိပါတယ်။
ကဲ…အဲဒီဝတ္ထုအကြောင်းအရာကို ထောက်ဆသောအားဖြင့် မေတ္တာပို့သူမှာသာ အကျိုးစီးပွား သုခချမ်းသာတရားတို့ရတာမဟုတ်ပဲ၊ မေတ္တာအပို့ခံရသူတွေမှာလည်း အချင်းချင်း သင့်တင့်ကြကာ ချမ်းသာသုခ ရရှိကြတာတွေကို ယုံကြည်စွာဖြင့် မေတ္တာတရားလည်း ပို့သကြပေါ့၊ သူတပါးပို့သတဲ့ မေတ္တာကိုလည်း ခံယူကြပေါ့၊ ကျေနပ်လောက်ပါပြီနော်။
ဒကာ။ ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။
မေတ္တာဆိုတာ “သူတပါးတို့၏, သတ္တ၀ါတိုင်း၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးထွားမှုကို လိုလားတောင့်တနေမှုဟာ မေတ္တာပဲ” အဲဒီတရားကို ပွားများနေလျှင် စင်ကြယ် မွန်မြတ်သော နေခြင်းဖြစ်၍ ဗြဟ္မ၀ိဟာရ- ဗြဟ္မာတို့၏ နေခြင်း အကျင့်တရားမို့ ယင်းကို ဗြဟ္မစိုရ်တရားလို့လည်း ခေါ်ကြတယ်၊ ကဲ…နားထောင်မှတ်သားပေတော့။


ဗုဒ္ဓ ၄-မျိုး
၂။ ပစ္စေကဗုဒ္ဓ=နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းတို့ပတ်လုံး ပါရမီတို့ကို ဖြည့်ကျင့်လျက် ကိုယ်တော်တိုင် သစ္စာလေးပါးတရားတို့ကို သိတော်မူသော ပစ္စေကဗုဒ္ဓါ။
၃။ စတုသစ္စဗုဒ္ဓ=သစ္စာလေးပါးတရားကို သိတော်မူသော ရဟန္တာ။
၎။ သုတဗုဒ္ဓ=ကျမ်းဂန် အကြားအမြင် ဗဟုသုတရှိသော ပုဂ္ဂိုလ်။
စတ္တာရော ဟိ ဗုဒ္ဓါ သဗ္ဗညုဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စတုသစ္စဗုဒ္ဓေါ သုတဗုဒ္ဓေါတိ။ တတ္ထ သမတိံသ ပါရမိယော ပူရေတွာ သမ္မာသမ္ဗောဓိံ ပတ္တော သဗ္ဗညုဗုဒ္ဓေါ နာမ။
ကပ္ပသတသဟဿာဓိကာနိ ဒွေ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ သယမ္ဘုတံ ပတ္တော ပစ္စေကဗုဒ္ဓေါ နာမ။
အဝသေသာ ခီဏာသဝါ စတုသစ္စဗုဒ္ဓေါ နာမ။
ဗဟုဿုတော သုတဗုဒ္ဓေါ နာမ။(သံ-ဋ္ဌ ၁-၂၄)
စတ္တာရော ဟိ ဗုဒ္ဓါ သုတဗုဒ္ဓေါ စတုသစ္စဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ သဗ္ဗညုဗုဒ္ဓေါတိ။ တတ္ထ ဗဟုဿုတော ဘိက္ခု သုတဗုဒ္ဓေါ နာမ။
ခီဏာသဝေါ စတုသစ္စဗုဒ္ဓေါ နာမ။
ကပ္ပသတသဟဿာဓိကာနိ ဒွေ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ သာမံ ပဋိဝိဒ္ဓ ပစ္စေကဗောဓိဉာဏော ပစ္စေကဗုဒ္ဓေါ နာမ။
ကပ္ပသတသဟဿာဓိကာနိ စတ္တာရိ ဝါ အဋ္ဌ ဝါ သောဠသ ဝါ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ တိဏ္ဏံ မာရာနံ မတ္ထကံ မဒ္ဒိတွာ ပဋိဝိဒ္ဓသဗ္ဗညုတဉာဏော သဗ္ဗညုဗုဒ္ဓေါ နာမ။(အံ-ဋ္ဌ ၁-၈၉-၉၀)
မနှောင်းသေးပါဘူး
သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။
သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ
လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို
တွေ့ခဲ့ဘူးပါတယ်။
သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ
၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓ၀င်ပန်းချီပြိုင်ပွဲ၊
ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။
(ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အ၀မသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ)
ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို
အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။
မြန်မာပြည်က အောင်ခြင်းရှစ်ပါးလို ဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့
ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို
မိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက်လူကြီးလူငယ်တွေ
တငေးတမောလာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။
အတော်ကြည်နူးစရာပါ။
ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓ၀င်တွေကို
သိပြီး ပန်းချီရေးဆွဲနိုင်ရတာလဲ။
နောက်အံ့သြဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။
အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့
အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။
အသက်၁၈ နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။
အဲ့ကောလိပ်မှာ နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။
အဲ့တုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ
အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။
တစ်နေ့
အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။
မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။
အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။
သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့
I thought the girls in your country are not pretty as their complexion is dark;
But some are pretty and lovely လို့ထင်တယ်။
ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။
ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့
အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက
တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ
တဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံ
ဆိုတဲ့ ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။
ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။
ဂါထာရဲ့အဓိပ္ပါယ်က
From craving springs grief, from craving springs fear;
For him who is wholly free from craving
There is no grief, much less fear. တဲ့။
မြန်မာလိုတော့
လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး
လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာ
စိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။
ဒီနေရာမှာ ပြောချင်တာက
သီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်
ဒီလိုပါဠိဂါထာတွေကို သိနေပြီး လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။
စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့
Sunday Dhamma School
(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်
ဆိုတာ သိလာရတယ်။
သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်း
တနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။
ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။
ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။
ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ
Sunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။
Sunday Dhamma School ကို စတင်တည်ထောင်သူကတော့
အမေရိကန်နိုင်ငံသား သာသနာ့အလံကို တည်ထွင်သူ
Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။
ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။
နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီး
စည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။
သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။
အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများက
Sunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီး
ဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။
အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။
ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။
ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။
ဆရာဖြစ်သင်တန်းမှာ
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။
Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း
အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို
၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။
အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။
၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။
ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓ၀င်ကဗျာများ၊ ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊
ရှေးဟောင်းယဉ်ကျေးမှုဗိသုကာများအကြောင်း၊
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊
ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့
အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီး
ကျောင်းကို လာကြရပါတယ်။
ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကို ယူလာပြီး
ကျောင်းဝင်းရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။
၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး
ပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။
ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။
ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။
၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။
သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ
စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး
စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။
ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊
၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။
နောက်တစ်ခုထပ်သိရတာက
ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း
Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။
ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊
Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့
အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။
ဦးစားပေးခံရတယ်တဲ့။
သီဟိုဠ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီး
သီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့ မြန်မာဘုန်းကြီးတစ်ပါးက
အခုလိုပြောဘူးတယ်။
“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ
ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊
ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီး
အခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက်
ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊
ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”
ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။
ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံဘူး။
ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်
သီဟိုဠ်သားတွေပဲ တင်ပြနေတာ။
ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။
ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်
အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။
ဒီထက်နောက်ကျသွားရင်တော့…။
ဝန်ခံချက်၊ နန္ဒစိုးမင်း (တန့်ဆည်) ရေးသည့်
ယခင်ဓမ္မစကူးလ်နှင့် ယခုဆန်းဒေးစကူးလ်ကို မှီငြမ်းကာ
တင်ဆက်လိုက်ပါသည်။
photo: google search
အိပ်မက်ပြုံး
အိပ်မက်ပြုံး
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
တစ်ယောက်သောသူက သူ့စိတ်ကူးအိပ်မက်ကို လှောင်တယ်။ လှောင်တဲ့သူက သူချစ်ရသူဖြစ်နေတယ်။ အဲဒါ ဘယ်လို လုပ်ရမလဲတဲ့။ တစ်ယောက်က မေးတယ်
She laughs at my dreams but I dream about her laughter.
"သူမက ကိုယ့်အိပ်မက်ကို ရယ်တယ်။ ကိုယ်ကတော့ သူမရယ်တာကို အိပ်မက်မက်လိုက်တယ်"။
အဓိပ္ပါယ် လှပပြီး ချစ်စရာကောင်းတဲ့ ဒီစကားလေးကို ဘယ်သူပြောထားခဲ့တယ် မသိဘူး။ သဘောကျမိတာ ကြောင့် မကြာမကြာ သတိရနေမိ တတ်တယ်။ ဒီစကားလေးထဲမှာ ကဲ့ရဲ့ခြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း အားမာန်နဲ့ အတူ ကိုယ့်ကို ရယ်ပွဲဖွဲ့သူ အပေါ်မှာပင်လျင် ခွင့်လွှတ်နိုင်စွမ်းနဲ့ ချစ်မြတ်နိုးနိုင်စွမ်းတွေ ပေါင်းစုကာ ပျော်ဝင်နေ တယ်လို့လည်း ခံစားမိတယ်။ ရင့်ကျက်သူတို့မှသာလျင် ထားနိုင်မယ့်စိတ်ဓာတ်။ မြင့်မြတ်သူတို့မှသာလျင် ပွားနိုင် မယ့် အလှတရား။ အတုယူကာ အတူပြုသင့်တဲ့ စကားလေးပေါ့။
အများအားဖြင့် သာမန်သူတွေအဖို့ ကိုယ့်စိတ်ကူးအိပ်မက်တွေကို အထင်အမြင်သေးသူ၊ ရှုတ်ချလှောင်ပြောင်သူ အပေါ်မှာ ခွင့်လွှတ်သည်းခံကာ မေတ္တာထားနိုင်ဖို့ဆိုတာက မလွယ်လှပါဘူး။ ကိုယ်က မုန်းသူတွေရဲ့ လှောင် ပြောင်မှုမျိုးဆို လုံးဝသည်းမခံနိုင်လောက်အောင်ပင် ဖြစ်တတ်ပါတယ်။ ကိုယ့်ကို လှောင်ပြောင်သူအပေါ် ဆထက်တိုးလို့ အမုန်းတရားလည်း ပွားတတ်ပါတယ်။ အခွင့်ရတာနဲ့ တစ်နည်းနည်းနဲ့ အနိုင်ယူလက်စားခြေစိတ် မျိုးလည်း မွေးမိတတ်ပါတယ်။ ကိုယ်က ချစ်ခင်သူတွေရဲ့ အထင်အမြင်သေးမှုကို ခံရတဲ့ အခါမျိုးမှာတော့ ချစ်ခင် သူကို မမုန်းရက်လေတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်လည်မုန်းတီးစိတ်ဖြစ်တော့တာပေါ့။ ကိုယ့်ကိုယ်ကို ညံ့ဖျင်းနိုင်ရန် ကောလို့လည်း ပြန်လည်အပြစ်တင်မိတတ်ပါတယ်။ ဒီကနေတဆင့် သိမ်ငယ်စိတ်လည်း ဝင်တတ်တာမို့ အရာရာ အပေါ်မှာ ယုံကြည်မှုနည်းပါးပြီး ကိုယ်စွမ်းကိုယ်စ ကျဆင်းသွားတာမျိုးအထိပင် ဖြစ်တတ်ပါတယ်။ ကိုယ်ဘာလုပ် လုပ် ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ သိမ်ငယ်စိတ်က ရှိနေတာမို့ မလုပ်မီကပင်လျင် ရှုံးနိမ့်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမှတ်တမဲ့ ကိုယ်ပြူမူပြောဆိုလိုက်တဲ့ အမူအကျင့်တစ်ခုဟာ ကိုယ်ကချစ်ခင်သူ၊ ကိုယ့်ကိုချစ်ခင်နေ သူတွေအတွက် တခါခါမှာ အကြီးမားဆုံး ဘဝဒဏ်ချက် ဖြစ်စေတတ်တာမို့ အထူးသတိထားလို့ ပြုမူပြောဆိုသင့် ပါတယ်။ ယေဘုယျပြောရလျင်တော့ ကိုယ့်ကို အထင်အမြင်သေးတာ၊ ရှုတ်ချတာမျိုးကို ဘယ်သူမှ မကြိုက်နှစ် သက်တတ်ပါဘူး။
ဒါပေမယ့် အထက်ကစကားလေးကတော့ အဲဒါနဲ့ဆန့်ကျင်စွာပဲ ကိုယ့်ကို အထင်အမြင်သေးသူအပေါ်မှာ အပြစ် မမြင်ပဲ ချစ်ခင်မှုသဘော၊ နှစ်သက်မှုသဘော ထင်ဟပ်နေတာကို တွေ့ရမှာပါ။ ရယ်ပြုံးနေတာကို အိပ်မက်မက် သူအဖို့ စိတ်နှလုံးချမ်းမြေ့မှုကို ဖြစ်စေမှာ အမှန်ပဲလို့လည်း ကိုယ်တွေ့အိပ်မက်နဲ့ယှဉ်လို့ တွေးမိလိုက်ပါတယ်။ သန့်စင်တဲ့ အပြုံးရဲ့နောက်ဆွယ်မှာ လှပတဲ့ မေတ္တာဓာတ်တွေ ပျော်ဝင်နေတတ်တာ။ ဒါ ဘယ်လောက်မြတ်နိုးဖွယ် အရာပါလဲ။ တကယ်တော့ အပြစ်မြင်ရတယ်၊ အပြစ်တင်ရတယ်ဆိုတာ ဘယ်သူ့ကိုပဲ မြင်မြင်၊ တင်တင်။ ကောင်း တာမျိုးမှ မဟုတ်တာ။ ကိုယ်က သူများကို အပြစ်မြင်ရ၊ အပြစ်တင်ရတာပဲဖြစ်ဖြစ်။ သူများက ကိုယ့်ကို အပြစ်မြင် ရ၊ တင်ရတာပဲဖြစ်ဖြစ်။ အပြစ်တင်တဲ့စိတ် ဖြစ်ရကတည်းကိုက အပြစ်မြင်တတ်၊ အပြစ်တင်တတ်သူမှာက အပြစ် ဖြစ်လို့ နေရပြီလေ။ အပြစ်ဆိုတာမျိုးက ကောင်းခြင်းလက္ခဏာတစ်ရပ်မှ မဟုတ်လေတာ။ ဒေါသဆိုတဲ့ အပူ တ ရား၊ အဆူတရားက နောက်နားမှာ ကပ်လျက်ရှိနေတတ်တာမျိုးလေ။
တခါခါမှာ တချို့အရာတွေက စကားအဖြစ် စာအဖြစ် ထုတ်ဖော်ပြောပြ၊ ရေးပြဖို့ ခက်ခဲလွန်းပါတယ်။ ဘယ်လိုပဲ ကြိုးစားကာ ပြောပြော၊ ကိုယ်ပြောလိုတဲ့အတိုင်း တဖက်သားကွက်တိ နားလည်အောင်ပြောလို့ မရနိုင်ပါဘူး။ စာ လုံးတွေ၊ စကားလုံးတွေမှာက အကန့်အသတ်ရှိတယ်လေ။ ကိုယ်ခံစားမိတာ၊ ကိုယ်သိလိုက်တဲ့အရာက အကန့် အသတ်မှ မရှိတာ။ နောက်ပြီး ပုံသဏ္ဌာန်တွေ၊ အရောင်တွေလည်းပဲမှ မရှိတာ။ ဒီတော့ အဲဒီလို ပုံ၊ အရောင်မရှိတဲ့ အရာမျိုးကို စကားနဲ့စာနဲ့ ဘယ်လိုပုံဖော်လို့ ရနိုင်ပါ့မလဲ။ တွေ့ဖူးမလားပါ။ တစ်ယောက်သောသူရဲ့ မျက်ဝန်းကို စိုက်ကြည့်တဲ့အခါမျိုးမှာ သူ့မျက်ဝန်းမှာ ထင်နေတဲ့ စကားလုံးတွေကို။ ဒါပေမယ့် သူဘယ်လိုပဲပြောပြော သူ့နှုတ် ဖျားကထွက်လာတဲ့စကားဟာ သူပြောချင်တဲ့စကားနဲ့ ထပ်တူမဟုတ်ဖူးဆိုတာကို။ ဒါပေမယ့် သင်က သူ့ခံစားချက် ကို အနီးဆုံး နားလည်ပေးနိုင်စွမ်းရှိတဲ့သူဖြစ်ဖို့တော့ လိုတာပေါ့။ နှုတ်ဖျားက ပြောမပြနိုင်တဲ့ နှုတ်ခမ်းသားအလှမှာ ထင်နေတဲ့စကားတွေ။ နှစ်လုံးအလှကြောင့် အပြုံးစမှာ မြင်ရတဲ့ စကားတွေ။
နည်းတူပဲပေါ့။ ကိုယ့်မျက်လုံးထဲကို သင်စိုက်ကြည့်လျင်လည်း ကိုယ့်နှုတ်ကနေ တစ်ထပ်တည်းဖြစ်အောင် ပြော လို့မရနိုင်တဲ့စကားလုံးတွေကို သင်တွေ့ကောင်းတွေ့ရမှာပေါ့။ သင်သာ ကိုယ့်ခံစားချက်ကို နားလည်သူ ဖြစ်ရင်ပေါ့ လေ။
ဘာပဲဖြစ်ဖြစ်ပါ။ သင့်မှာ အိပ်မက်လှလှတစ်ခုကို အတိုင်းအဆမရှိပဲ မက်ခွင့်ရှိပါတယ်။ သင့်အိပ်မက်ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မမက်စေဖို့ ကန့်သတ်ချုပ်ချယ်ခွင့်လည်း မရှိပါဘူး။ အဆုံးအစမရှိတဲ့ စကြ်ာဝဠာကြီး အတွင်းမှာ အဆုံးအစ မရှိနိုင်တဲ့ ဝင်းလက်တောက်ပတဲ့ မျှော်လင့်ဖွယ်တွေက အနှံ့အပြား လွင့်မျောဝဲပျံနေကြ တာ။ လိုချင်တဲ့အရာကို ဆုပ်ကိုင်နိုင်တဲ့စွမ်းအားသာ ရှိမယ်ဆိုလျင်ဖြင့် မမိနိုင်၊ မမီနိုင်တဲ့အရာဆိုတာလည်း ဘယ်ရှိနိုင်ပါ့မလဲ။ ဒါပေမယ့် သတိထားရမှာကတော့ သင်မက်မယ့် အိပ်မက်တွေကို ပျက်ရယ်ပြုမည့်သူတွေ လည်း ရှိနိုင်မယ်ဆိုတာကိုပေါ့။ ပျက်ရယ်ပြုမယ့်သူတွေထဲမှာ သင့်ရဲ့အချစ်ခင်ဆုံးသူတွေလည်း ပါဝင်နိုင်တယ် ဆိုတာကိုလည်း မမေ့စေချင်ဘူးလေ။ ဘယ်သူတွေ ဘယ်လိုပဲ လှောင်ပြောင်ကာ ရယ်သွမ်းသွေးသွေး။ အရေး ကြီးတာကတော့ သူတို့တွေရဲ့ ရယ်နေတာတွေကို အိပ်မက်မက်ပြီး ပြုံးနိုင်တဲ့စိတ်ထား မွေးနိုင်အောင်သာ ကြိုး စားဖို့သာပါပဲ။
အင်း၊ ကိုယ်လား။ကိုယ့်အိပ်မက်ကို ရယ်နေသူတွေ ထာဝရ ပြုံးနေနိုင်အောင် သူတို့တွေ အိပ်မက်ကောင်းကောင်း မက်နိုင်ပါစေလို့ ဆုတောင်းပေးနေလိုက်တယ်လေ။ ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
ကောမာရီဗြဟ္မစရီယသီလ
21 January 2011
အရှင်ဘုရား
အိမ်ထောင်မရှိသော အပျို၊ လင်ကွာ တစ်ခုလပ်နှင့် မုဆိုးမများ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ် ခံယူဖွယ်မလို၊ ခံယူ၍ မရ၊ ထို့ကြောင့် ငါးပါးသီလ ခံယူရာ၌ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ထည့်ပြီး ကောမာရီဗြဟ္မစရီယသီလခံယူရမယ်လို့ ဆရာတော်တစ်ပါးက ဟောပြောပါသည်။ ထိုကောမာရီဗြဟ္မစရိယသီလ အကြောင်း ရှင်းလင်းအောင် ဖြေကြားတော်မူပါဘုရား။
ဒေါ်သန်းသန်းစိန်
သီရီမင်္ဂလာဈေး
ဤကောမာရီဗြဟ္မစရိယ သိက္ခာပုဒ်အကြောင်း ရေရေလည်လည် နားလည်ရန် ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်အကြောင်း ကို အထူးလေ့လာ မှတ်သားရန် လိုပေသည်။ ငါးပါးသီလတွင် တတိယမြောက် သိက္ခာပုဒ်မှာ ယင်း ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ဖြစ်ပါသည်။ မိမိခင်ပွန်း၊ မိမိဇနီးတို့မှ တစ်ပါး တစ်ပါးအခြားသူနှင့် မှားမှားယွင်းယွင်း ဖောက်ဖောက်ပြန်ပြန် ကျင့်ခြင်းဟု ဆိုလိုပါ၏။ ဤ၌ ကာမဘုံသားများဖြစ်၍ မိမိ၏ တရားဝင် ဇနီးခင်ပွန်းချင်း လိင်ဆက်ဆံမှုမှာ မှားယွင်း ဖောက်ပြန်၍ ကျင့်ခြင်းမဟုတ်သဖြင့် အပြစ်မရှိဟု ဆိုနိုင်ပါ၏။
တရားဝင်မဟုတ်သော ယောင်္ကျား၊ မိန်းမတို့၏ ကျင့်ခြင်းကိုသာ ဖောက်ပြန်သော ကျင့်ခြင်းဟု ဆိုပါ၏။ ဥပမာ ယောက်ျားတို့အဖို့ မိမိဇနီး မဟုတ်သော မိန်းမ ပျို အို အားလုံးအား လိင်ဆက်ဆံမှုပြုလျှင် ကာမေသုမိစ္ဆာစာရ ဖြစ်၏။ မိန်းမတို့အဖို့ မိမိကာမပိုင်ရှိသူ( တရားဝင် လင်ယောက်ျားရှိသူ) ဖြစ်လျှင် မိမိ ကာမပိုင်ယောက်ျား၊ တရားဝင် လင်ယောက်ျားမှ တစ်ပါး ယောက်ျားအားလုံးနှင့် မဆက်ဆံရပေ။ ဆက်ဆံလျှင် ယောက်ျား၊ မိန်းမ နှစ်ဦးလုံးပင် ကာမေသုမိစ္ဆာစရာပုဒ်အရ အပြစ်ရှိတော့သည်။
ဤတွင် မိန်းမအနေဖြင့် ကာမပိုင်ရှိ၊ မရှိ ဟူသော စကားကို သတိပြုရမည်။ ကာမပိုင် မရှိသော အပျို၊ တစ်ခုလပ်၊ မုဆိုးမ တို့အဖို့ ဤနေရာ၌ ခြွင်းချက်ဖြစ်သည်။ ဤအကြောင်းကို ပိုမို၍ ရှင်းရှင်းလင်းလင်းသိနိုင်ရန် အဂမနိယ၀တ္ထုလာသော သွားလာမဆက်ဆံအပ်သော မိန်းမနှစ်ကျိပ်(၂၀) ကို သိထားရန် လိုပေသည်။
ယင်းမှာ
၁။ မာတုရက္ခိတ - အမိစောင့်ထိန်းသောမိန်းမ ( အပျိုစင်)။
၂။ ပိတုရက္ခိတ - အဖစောင့်ထိန်းသော မိန်းမ။
၃။ မာတာပိတုရက္ခိတ- မိဖနှစ်ပါးစောင့်ထိန်းသော မိန်းမ။
၎။ဘဂိနိရက္ခိတ- အစ်မ၊ ညီမ စောင့်ထိန်းသောမိန်းမ။
၅။ ဘာတုရက္ခိတ- မောင်ကြီး၊ မောင်ငယ် စောင့်ထိန်းသောမိန်းမ။
၆။ ဥာတိရက္ခိတ- ဆွေးမျိုးစောင့်ထိန်းသောမိန်းမ။
၇။ ဂေါတ္တရက္ခိ- အနွယ်(အသင်းအဖွဲ့) စောင့်ထိန်းသောမိန်းမ။
၈။ဓမ္မရက္ခိတ- တရား(ကျင့်သုံး) စောင့်ထိန်းသောမိန်းမ။
( ဤ ၈ ဦးကို သီးခြားမှတ်ပါ)
၉။ သာရက္ခ - လင်ရှိ( ထိမ်းမြားထားသောမိန်းမ)။
၁၀။ သပရိဒဏ္ဍ - မင်းဒဏ်ထား၍ အစောင့်အရှောက်ခံမိန်းမ။
၁၁။ ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ထား၍ ပိုင်ရှင်ရှိသောမိန်းမ။
၁၂။ ဆန္ဒ၀ါသိနီ- နှစ်ဦးသဘာတူလက်ထပ်ထားသော မိန်းမ။ ( ခိုးရာလိုက်ပြေးသောမိန်းမ)
၁၃။ ဘောဂ၀ါသီနိ- စည်းစိမ်ပေး၍ တစ်ဦးတစ်ယောက်က အပိုင်ယူထားသောမိန်းမ။
၁၄။ ပဋ၀ါသိနီ- အ၀တ်အစားရ၍ မယားဖြစ်နေသောမိန်းမ။
၁၅။ သြဒပတ္တကိနီ- ရေခွက်၌လက်စုံချ၍ လက်ထပ်ထားသောမိန်းမ။
၁၆။ သြဘဋစုမ္ဗဋာ- ထင်းသည်၊ ဈေးသည် စသည်ကို တစ်ဦးတစ်ယောက်က ခေါင်းခုကို ချစေ၍( ရွက်ဆောင်သယ်ပိုးမှုမှ လွတ်စေ၍) အပိုင်ယူထားသောမိန်းမ။
၁၇။ ဓဇာဟဋာ- စစ်တိုက်ရာမှ သုံ့ပန်းအဖြစ် ဖမ်းယူလာသောမိန်းမ။
၁၈။ ကမ္မကာရီဘရိယာ- အိမ်မှုအလုပ်ကို မယားအဖြစ် အိမ်ရှင်က ယူထားသောမိန်းမ။
၁၉။ ဒါသီဘရိယာ- ကျွန်မကို သခင်က မယားပြုသောမိန်းမ။
၂၀။ မုဟုတ္တိက- တစ်ခဏမျှ ပေါင်းသင်းရန် ငှားထားသော မိန်းမ။
( ဤ ၁၂ မျိုးကို သီးခြားမှတ်ပါ)
၁ မှ ၈ အထိ ရှေးမိန်းမ ၈ ဦးမှာ ကာမပိုင်မရှိ တစ်နည်း မိမိကိုယ်ကို မိမိပိုင်သော အပျိုစင်များဖြစ်သည်။( တစ်ခုလပ်၊ မုဆိုးမ များလည်းပါသည်။ ဤ မိန်းမ ၈ ဦးမှာ မိမိကာမကို မိမိသာပိုင်သောကြောင့် ( တစ်နည်း ကာမပိုင် မရှိသောကြောင့်) ယောက်ျားတစ်ပါးနှင့် ဆက်ဆံခြင်းကြောင့် မိန်းမတို့၌ ကာမေသုမိစ္ဆာစာရမဖြစ်၊ အမိအဖစသော စောင့်ထိန်းသူတို့သည် ဘေးရန် အန္တရာယ်မထိ ပါးရန်သာ စောင့်ထိနးကြရခြင်းဖြစ်၍ ကာမကိုမပိုင်၊ ကိုယ့်ကာမကို ကိုယ်သာပိုင်၍ လွတ်လပ်ကြသူများဖြစ်သည်။
ယောက်ျားတို့မှာကား မိမိကာမပိုင်မယား မဟုတ်က မိန်းမ နှစ်ကျိပ်(၂၀) လုံး၌ပင် မဆက်ဆံရပေ။ ဆက်ဆံက ကာမေသု မိစ္ဆာစာရ ဖြစ်တော့သည်။
ထို့ကြောင့် ယောက်ျားတို့အဖို့ အပျိုစင်မိန်းမကိုဖြစ်စေ၊ လင်ရှိမယားကိုဖြစ်စေ မိမိနှင့်မဆိုင်သော မိန်းမတို့အား ဆက်ဆံပြစ်မှားလျှင် အပြစ်အတူတူပင် ဖြစ်သည်။ အပျိုစင်ဖြစ်၍လည်း အပြစ် မလျော့၊ လင်ရှိမယားဖြစ်၍လည်း အပြစ်မပို၊ ကာမေသုမိစ္ဆာစာရဖြစ်၍ ဤအပြစ်အတွက် ငရဲခံရတော့မည်မှာ သေချာလှပေသည်။
မိန်းမများအဖို့ကား နံပါတ် ၉ မှ ၂၀ အထိ ၁၂ ဦးမှာ ကာမပိုင်ရှိသူများဖြစ်၍ မိမိကာမပိုင်မှတစ်ပါး အခြားသော ယောက်ျားနှင့် ဆက်ဆံမိက ကာမေသု မိစ္ဆာစာရ ဖြစ်တော့သည်။ ငရဲမှ မလွတ်နိုင်။
ရှေး ၈ ဦးမှာကား မိမိကာမ မိမိပိုင်၍ ယောက်ျားတစ်ပါးနှင့် ဆက်ဆံခြင်းဖြင့် အပြစ်မရှိ၍ ဤအချိန်တွင် ကာမေသုမိစ္ဆာစရ သိက္ခာပုဒ်ကို ခံယူသော် လည်း မရရှိပေ။
သို့သော် အပြစ်မရှိဆို၍ လွန်ကျူးရမည်ဟု မဆိုလို၊ သံသရာအပြစ်မရှိသော်လည်း လောကပြစ်ကား အလွန်ဆိုးဝါးလှပါသည်။ ဂုဏ်သိက္ခာကင်း နစ်နာခြင်းက နစ်နာသောအဖြစ်သို့ ကျရောက်ရသဖြင့် မိမိကိုယ်ကို တန်ဖိုးထားလျက် ဟီရိသြတ္တပ္ပတရားပွားများ နေထိုင်သင့်ကြပေသည်။
အထူးတလည် ရှောင်ရှားမနေရသည့်အတူတူ ခရီးသွားဟန်လွှဲ ထူးထူးကဲကဲ သမာဒါန၀ိရတီသီလည်း ရကြအောင် ဖော်ပြပါ အပျိုစင်( တစ်ခုလပ်၊ မုဆိုးမ) တို့အဖို့ ကောမာရီဗြဟ္မစရိယသီလကို အစားထိုးစောင့်ရှောက်သင့်ပေသည်။ (အပျိုစင်ဘ၀ဖြင့် မရနိုင်ဘဲ အိမ်ထောင်ပြုသောအခါတွင်ကား ဤကောမာရီဗြဟ္မစရီယသီလကို ဖျက်၍ အဗြဟ္မစရိယ နေရာတွင် ကာမေသုမိစ္ဆာစရာ အစားထိုးကား မူလငါးပါးသီလအတိုင်း ခံယူသွားရမည် ဖြစ်ပေသည်။)
ကောမာရီဗြဟ္မစရိယသီလသည် ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ စသော ရဟန္တာမကြီးများ နုစဉ်ဘ၀က စောင့်ရှောက်ခဲ့ကြသောသီလ ဖြစ်ပေသည်။ အထူးသဖြင့် မိမိတို့အပျိုစင်ဘ၀၌ ထိုသီလကို ခံယူစောင့်ရှောက်ကြရသဖြင့် လူသာဓုခေါ်၊ နတ်သာဓုခေါ် တော်ဝင်အပျိုစင်ကလေးအဖြစ်ဖြင့် အလိုလိုပင် သိဒ္ဓိမြောက်၍နေကာ မှည့်တစ်ပေါက်မစွန်း အချီးမွမ်းခံဘ၀ဖြင့် လှလှပပနေနိုင်သဖြင့် အိမ်ထောင်မရှိသူ အပျိုစင်တိုင်း၊ တစ်ခုလပ်၊ မုဆိုးမတိုင်း ကြိုးစားစောင့်ရှောက် သင့်ပါကြောင်း တိုက်တွန်းလိုပါသည်။
မြတ်သတိဝါဒီ မဂ္ဂဇင်း
အောက်တိုဘာလ၊ ၂၀၀၁ ခုနှစ်။
Read more...ဘာတွေက မညီတာလဲ ဘယ်လိုညှိရမလဲ
ဘုန်းဘုန်းဘုရား
ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား
လူမှာ သဒ္ဓါတရားဖြစ်ဖို့ အရမ်းအရေးကြီးသလို ဒီသဒ္ဓါ လွန်ပြန်တော့လည်း တဏှာကျွန်ပြန်ဖြစ်တယ်ဆို အဲဒါလေးကို သေသေချာချာလေး သိချင်လို့ပါဘုရား။ ထိပ်ဆုံးကနေ အောက်ဆုံးကိုပြန်ကျသွားတော့ ဘာတွေက မညီတာလဲ ဘာတွေနဲ့ ညှိရမလဲဆိုတာနဲ့ ဘယ်လို သာဓကတွေ ရှိခဲ့သလဲ ဆိုတာ သိချင်ပါတယ် ဘုရား။
မကြည်ပြာ(စင်္ကာပူ)
ဟုတ်ပါတယ် ဒကမလေးရေ.. သဒ္ဓါတရားဖြစ်ဖို့ အရေးကြီးသလို သဒ္ဓါလွန်လို့ကွန့်တာ သဒ္ဓါလွန်လို့ တဏှာဖြစ် တတ်တယ်ဆိုတာ ဟုတ်ပါတယ်။
သဒ္ဓါဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှု လို့ခေါ်တဲ့သဒ္ဓါတရား မရှိရင် ဒီလူဟာ ကောင်းတာလုပ်လုပ် မကောင်းတာဘဲ လုပ်လုပ် ဘာမှမထူးပါဘူးကွာ..ဆိုတဲ့ စိတ်ဝင်သွားပါမယ်။ ဒီလိုစိတ်ဝင်သွားရင် မကောင်းတာမှန်သမျှ မလုပ်ရဲတာ မရှိတော့ပါဘူး။ မကောင်းတာမှန်သမျှ လက်ရဲ ဇက်ရဲ လုပ်လာတဲ့ ဒီလူမှာ မကောင်းမှုတွေ ဆက်တိုက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်၊မကောင်းမှုတွေဆက်တိုက်လုပ်ရင် အကုသိုလ်တွေ တပုံတပင်နဲ့ အပါယ်ငရဲကို တန်းသွားရပါလိမ့်မယ်။ ဒါကြောင့် သဒ္ဓါတရားဖြစ်ဖို့အရေးကြီးပါတယ်။
သဒ္ဓါတရားဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုရင်
၁။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့သူတစ်ပါးကို လှူဒါန်းပါ၊ကူညီပါ(စိတ်မကြည် မလင်မဖြစ်ရပါဘူး)၊
၂။ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါ၊
၃။ယုံကြည်ချက်အားလျော်တဲ့ ဥပုသ်သီလ စောင့်ထိန်းပါ၊
၎။ဂုဏ်တော်ပွားပါ တရားထိုင်ပါ(အဘိ၊ဋ္ဌ၊၁၊၁၆၂)-ဒါဆိုရင် ကိုယ့်ရဲ့ သဒ္ဓါတရားတွေ ပြန်ဖြစ်လာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။
သဒ္ဓါလွန်ရင် ကွန့်-တဲ့၊ သဒ္ဓါလွန်လို့ တဏှာဖြစ်ခဲ့တာတွေ ဘုရားလက်ထက်မှာရော ယနေ့ခေတ်မှာပါ ရှိခဲ့ ရှိနေပါတယ်၊ သူ့နာမည်က သုပဗ္ဗာ.တဲ့၊ သံဃာတော်တွေကို သိပ်ကြည်ညိုပါတယ်၊ ကြည်ညိုလွန်း သဒ္ဓါဖြစ်လွန်းတော့..သူစဉ်းစားတာက..သံဃာတော်တွေကို ဒကာ ဒကာမတွေက လှူနေတဲ့ပစ္စည်းတွေ အများကြီးပဲ၊ မလှူတာ တစ်ခုပဲရှိတယ်၊ လူများတွေ မလှူတဲ့ အဲဒီအလှူကို လှူရင် အမြတ်ဆုံးဒါန ဖြစ်လိမ့်မယ်လို့ တွေးပြီး သံဃာတော်များကို မေထုန်အလှူ လှူတယ်၊ (ပါ။၁။နှာ၄၉) ၊ဘုရားရှင်က သံဃာတော်များအတွက် စည်းကမ်းချမှတ်ရသလို သုပဗ္ဗာရဲ့ သဒ္ဓါတရားကိုလဲ အကျိုးမရှိတဲ့ သဒ္ဓါတရားလို့ မိန့်တော်မူပါတယ်။ ပုဂံခေတ်မှာ ပန်းဦးဆက်ရတဲ့ လုပ်ရပ်ကလဲ သဒ္ဓါလွန်တဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါမယ်။
ဟုတ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီတဲ့ သဒ္ဓါတရား ငြိမ်းချမ်းမှုရှိတဲ့သဒ္ဓါ၊ ပြတ်သားတဲ့ သဒ္ဓါတရားဖြစ်ဖို့ ပညာနဲ့ ညှိရပါမယ်။ သဒ္ဓါတရား အားကောင်းပြီး ပညာမပါရင်လဲ တလွဲဖြစ်တတ်တယ်။ နည်းလမ်းမကျဖြစ်လိမ့်မယ်၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပါလိမ့်မယ်၊ ပညာအားကောင်းပြီး သဒ္ဓါတရားမပါရင်လဲ ဘာကိုမှ မယုံကြည်တော့ပဲ လူချော်ကြီး ဖြစ်သွားပြန်ပါတယ်။ မြန်မာပြည်မှာထင်ရှားခဲ့တဲ့ လူသေလူဖြစ်ဝါဒ ကို လေ့လာနိုင်ပါတယ်။ ပညာပဲဦးစားပေးပြီး ယုံကြည်မှု သဒ္ဓါတရားမရှိတော့.. ဘုရားဟောတဲ့ နတ်ပြည်ခြောက်ထပ် ဗြဟ္မာပြည် ၂၀ ဆိုတာ မရှိဘူး..လူသေရင် လူပဲပြန်ဖြစ်မယ်..တိရိစ္ဆာန် နတ် ဗြဟ္မာ ဆိုတာ မဖြစ်နိုင်ဘူး၊ သုံးဆယ့်တစ်ဘုံဆိုတာ မရှိနိုင်ဘူးတွေ ဖြစ်ကုန်ပါတော့တယ်။
ဒါကြောင့် မကြည်ပြာရေ.. သဒ္ဓါတရားကို ပညာနဲ့ ညှိပါ၊ ပညာကိုလဲ သဒ္ဓါနဲ့တိုင်းတာပါ သဒ္ဓါ ပညာမျှတဲ့ ဘ၀ဟာ ငြိမ်းချမ်းသာယာပါလိမ့်မယ်လို့ ဖြေလိုက်ပါရစေ။
ယုံကြည်မှု သဒ္ဓါတရားကလဲ အဆင့်လေးဆင့်ရှိပါသေးတယ်. ဘုရားလောင်းတွေရဲ့ ယုံချက် အာဂမသဒ္ဓါ၊တရားထူးရပြီးတဲ့ အရိယာပုဂ္ဂိုလ်များရဲ့ အဓိဂမသဒ္ဓါ၊ ရတနာသုံးပါးအပေါ်မှာ တကယ့်ကို သက်ဝင်ယုံကြည်တဲ့ ဩကပ္ပနသဒ္ဓါနဲ့ ရတနာသုံးပါးအပေါ်မှာ အစဉ်အလာယုံကြည်တဲ့ ပသာဒသဒ္ဓါဆိုပြီး လေးမျိုးရှိသလို ပညာမှာလဲ သူ့အဆင့်နဲ့သူရှိတယ်ဆိုတာကိုပါ ပူးတွဲမှတ်ထားစေချင်ပါတယ်။
သဒ္ဓါ ပညာ ဟန်ချက်ညီညီဖြင့် အတ္တဟိတ ပရဟိတ.ကို ဆက်လက် လုပ်ဆောင်နိုင်ပါစေ။
အမီတာဘာဗုဒ္ဓ သမိုင်း
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ သေချာသိဖို့ လိုပါပြီ
အမီတာဘာဗုဒ္ဓကို ကိုးကွယ်သော မဟာယာန သုခ၀တီဗျူဟာဂိုဏ်း
သာသနာ ၂၅၀၀-ခရီး (မောင်အံ့ ဘုံဘေ) Read more...
ကုသိုလ် အကုသိုလ်တို့အကျိုးပေးရာ၌ စည်းစနစ်ရှိပုံ
Posted: 20 Jan 2011 03:12 AM PST
ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာ၌ စည်းစနစ် ရှိပုံကို...မလ္လိကာမိဖုရား မေးလျှောက်၍ ဗုဒ္ဓမြတ်စွာ ဖြေတော်မူခဲ့ပါတယ်။အမေး(၁)။ မြတ်စွာဘုရား...ဤလောက၌ တချို့မိန်းမသည် ရုပ်လည်းမချော..ဥစ္စာလည်းမပေါ...
မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
(၁) ဒေါသကြီး၏...သူများက နည်းနည်းပါးပါး မခံချင်စရာ ပြောလျှင် သူက စိတ်ဆိုး၍ မပြီးနိုင်အောင် ဖြစ်သည်။ နေရာတိုင်းမှာ မနှစ်သက် မကျေနပ်သော အမူအရာကို ပြတတ်၏။
(၂) စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းမရှိ။
(၃) ကိုယ်ထက်သာလျှင် မနာလိုတတ်သော (ဣဿာ)စိတ်ရှိ၏။ထိုမိန်းမသည် နောက်ဘ၀၌ ဒေါသကြီးသောကြောင့် ရုပ်ဆိုး၏။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မရှိသောကြောင့် ဥစ္စာပစ္စည်းမွဲ ၍ ဆင်းရဲရ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သောကြောင့် သြဇာအာဏာနည်း သူဖြစ်ရလေသည်။
အမေး(၂)။ မြတ်စွာဘုရား....ဤလောက၌ တချို့မိန်းမသည် ရုပ်မချောပါ၊ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာရှိပါသည်။ ဤသို့ တစ်မျိုးမကောင်း၍ နှစ်မျိုးကောင်းခြင်း ၏ အကြောင်းရင်းကာ အဘယ်ပါနည်း...ဟု မေးလျောက်ပြန်ပါတယ်။
မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
(၁) ဒေါသကြီး၏။
(၂) စွန်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၏။
(၃) ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ အရုပ်ဆိုး၏ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာကား ရှိလေသည်။
အမေး(၃)။ မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏။ သို့သော် စည်းစိမ်ဥစ္စာလည်း မရှိ၊ သြဇာအာဏာလည်း မရှိပါ၊ ဤသို့ တစ်မျိုးကောင်း ၍ နှစ်မျိုး မကောင်းခြင်း၏ အကြောင်း အရင်းကာ အဘယ်နည်း ...ဟုမေးလျောက်လေတယ်။
မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
ဒေါသမကြီးတတ်၊ သို့သော် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်းရှိ၏။ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော်၏။ သို့သော် ပစ္စည်း ဥစ္စာမွဲ၍ ဆင်းရဲသည့်အပြင် သြဇာအာဏာလည်း မရှိတတ်ချေ။
အမေး(၄)။ မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏ ဥစ္စာလည်းပေါပါ၏ သြဇာ အာဏာလည်း ရှိပါ၏၊ ဤသို့ သုံးမျိုးလုံး ကောင်းခြင်း၏ အကြောင်းကား အဘယ်ပါနည်း ဟု မေးလျောက်လေသည်။
မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် ဒေါသလည်း မကြီး..စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ လည်းရှိ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သော စိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော ဥစ္စာပေါ၍ သြဇာ အာဏာရှိသူ ဖြစ်နိုင်လေသည်။
ထိုတရားတော်ကို ကြားနာရသော မလ္လိကာ မိဖုရားသည် ယနေ့မှစပြီး ဒေါသမကြီးသူ၊ စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ရှိသူ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ် မရှိသူ ဖြစ်ပါတော့မည်ဟု လျောက်ထားလေသည်။
ဒေါသကြီးသူဟာ ဒီဘ၀မှာပဲ ဒေါသဖြစ်တုန်း အရုပ်ဆိုးနေသလို နောက်ဘ၀မှာလည်း အရုပ်ဆိုးတော့တာပဲ၊ ဒေါသ မကြီးတဲ့သူကတော့ ဒီဘ၀မှာ အမြဲ စိတ်ကြည်လင်နေ သလို နောက်ဘ၀မှာလည်း ရုပ်အဆင်းပါ ကြည်လင် လှပနေမယ်။မပေးမကမ်း မလှူဒါန်းသူ ဟာလည်း ယခုဘ၀မှာ နှမြောနေတဲ့အတွက် နောက်ဘ၀မှာ နှမြောစရာ မရှိအောင်ကို မွဲတော့မှာပါ။ပေးကမ်းစွန့်ကြဲသူ
ဒါကြောင့် ဒေါသ မကြီးကြဖို့၊ စွန့်ကြဲ ပေးကမ်းကြဖို့၊ ကိုယ်ထက်သာသူကို တော်ပါပေတယ်၊ ရှေးကုသိုလ်ကောင်းပါပေတယ်၊ ယခုဘ၀လဲ လုံ့လ ၀ီရိယကောင်းပါပေတယ် လို့ ချီးမွမ်းနိုင်ကြမှသာ၊ နောက်ဘ၀မှာ ဥစ္စာပေါ ရုပ်ချောပြီး သြဇာအာဏာရှိသူဖြစ်နိုင်မှာပါ။ အစဉ်မပြတ် သတိတရား လက်ကိုင်ထား၍ ကြိုးစားအားထုတ်နိုင်ကြစေပါစေ။
ညခင်း
အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၁)ကြိမ်မြောက် လှူဒါန်းမှုမှတ်တမ်း
သီလရှင်များအား လှူဒါန်းမှုများ - အသောကာရာမ သီလရှင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမှု |
၂၈.၁၁.၂၀၁၀ ရက်(တနင်္ဂနွေနေ့)တွင် ဆရာကြီးဒေါ်သုနန္ဒာ(ဖုန်း ၀၉-၈၆၂၈၈၁၁)ဦးစီးတဲ့ သီလရှင် အပါး (၃၄)ပါး သီတင်းသုံးနေကြတဲ့ အသောကာရာမသီလရှင်စာသင်တိုက် (၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာ ဒုံမြို့နယ်)၌ (၁၁)ကြိမ်မြောက် လှူဒါန်းမှုအား ထိုနေ့မနက် ၁၂း၃၀ နာရီတွင် မင်္ဂလာဒုံဈေးမှာ လှူဖွယ်ပစ္စည်းများဝယ်ယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်ခင်ဗျာ။ အသောကာရာမသီလရှင်စာသင်တိုက်၌ ဒသမအကြိမ်မြောက်အတွက် လှူဖွယ်ပစ္စည်းစာရင်း (၁) စင်းသွယ်ဆန် ၄ အိတ် ( ၄ x ၂၄၈၀၀) = ၉၆၀၀၀/ိ- ကျပ် (၂) ပဲဆီ ၁၀ ပိဿာဗူးကြီး (၁) ဗူး ( ၁ x ၃၃၂၀၀) = ၃၃၂၀၀/ိ- ကျပ် (၃) ကြက်သွန်နီ ၆ ပိဿာ ( ၆ x ၆၅၀) = ၃၉၀၀/ိ- ကျပ် (၄) ကြက်သွန်ဖြူ ၁.၅ ပိဿာ ( ၁.၅ x ၃၈၀၀) = ၅၇၀၀/ိ- ကျပ် (၅) ဆား ၄ ထုပ် ( ၄ x ၁၀၀) = ၄၀၀/ိ- ကျပ် (၆) ကုလားပဲ ၂ ပိဿာ ( ၂ x ၁၈၀၀) = ၃၆၀၀/ိ- ကျပ် (၇) သကြား ၁ ပိဿာ ( ၁ x ၁၈၀၀) = ၁၈၀၀/ိ- ကျပ် (၈) နို့ဆီဗူး ၅ ပိဿာ ( ၅ x ၆၄၀) = ၃၂၀၀/ိ- ကျပ် (၉) မြေပဲ ၁ ပိဿာ ( ၁ x ၂၄၀၀) = ၂၄၀၀/ိ- ကျပ် (၁၀) ကတီပါပဲနီ ၂ ပြည် ( ၂ x ၂၀၀၀) = ၄၀၀၀/ိ- ကျပ် (၁၁) ထောပတ်ပဲဖြူ ၁ ပိဿာ ( ၆ x ၂၀၀၀) = ၁၂၀၀၀/ိ- ကျပ် (၁၂) ကာဘော်လစ်ဆပ်ပြာ ၁၀ တောင့် (၁၀ x ၇၅၀) = ၃၈၀၀/ိ- ကျပ် (၁၃) မင်္ဂလာဒုံဈေးမှ ကျောင်းသို့ ကားငှါးခ = ၄၅၀၀/ိ- ကျပ် (၁၄) ကျောင်းမှဝါယာလက်ဈေးမှတ်တိုင်အထိ ဆိုင်ကယ်ငှါးခ = ၇၀၀/ိ- ကျပ် (၁၅) န၀ကမ္မ၀တ္ထုငွေ = ၁၈၅၅၀/ိ- ကျပ် လှူဒါန်းခဲ့သည့် စုစုပေါင်းအလှူငွေ = ၁၉၃၇၅၀/ိ- ကျပ် ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းဆက်ကပ်ခြင်း၊ မေတ္တာပို့ဘာဝနာ နားကြားခဲ့ကြခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ခဲ့ခြင်း စတဲ့အားလုံးသောကုသိုလ်ကောင်းမှု အစုစုတို့ကို ဓမ္မမိတ်ဆွေများနှင့် သတ္တ၀ါအားလုံးတို့အား အမျှပေးဝေလိုက်ပါတယ်။ သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် ဓမ္မမိတ်ဆွေအပေါင်းအား လှူဒါန်းမှုအစုစုတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှုအစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်း ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေ။ အလှူမှတ်တမ်းဓာတ်ပုံများ
|