* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, January 21, 2011

ဓမ္မစကြာတရားတော်ကြီး(အသံလွှင့်) - မဟာစည်ဆရာတော်ဘုရားကြီး

ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ရှိခိုးပါ၏။

(၁၃၁၉-ခုနှစ် ဝါဆိုလပြည့်နေ့ညတွင် ဟောတော်မူသည်။)

နိဒါန်း

ဒီကနေ့ဟာ (ဓမ္မစကြာတရားတော်ကြီးကို စတင်ပြီး ဟောခဲ့တဲ့ နေ့က စ၍ ရေတွက်လျှင် ၂၅၄၆-နှစ်မြောက်) ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။
(မြန်မာနှစ် ၁၃၇၂ ခု၊ ခရစ်နှစ် ၂၀၁၁ ခု၊ ယခုအခါ၌ လွန်ခဲ့သောနှစ်ပေါင်း ၂၅၉၉-နှစ်က ဖြစ်၏။)

ဒါကြောင့် ဒီကနေ့ ဓမ္မစကြာအခါတော် အထိမ်းအမှတ်အဖြစ်ဖြင့် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားမယ်။

ဒီတရားတော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၄၆-နှစ်က ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် စတင်ပြီး ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော်ကြီးကို ပါဠိဘာသာဖြင့် “ဓမ္မစက္ကပဝတ္တန”လို့ ခေါ်ပါတယ်။
“တရားစက်ဘီးကို စတင်ပြီး လည်စေတဲ့ တရားတော်”လို့ ဆိုလိုပါတယ်။

စတင် လည်စေပုံကို ထင်ရှား သိပြီး၊ ကြည်ညိုရအောင် ရှေးဦးစွာ ဒီတရားတော်ရဲ့ နိဒါန်း အကြောင်း အတ္ထုပ္ပတ္တိကို အကျဉ်းချုပ် ဖော်ပြပါဦးမယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလောင်းတော်ဟာ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း ကာလပတ်လုံး ဗုဒ္ဓဘုရားဖြစ်ရန်အတွက် ပါရမီတွေကို ဖြည့်ကျင့် ဆည်းပူးခဲ့ပါတယ်။

ဒီလို ပါရမီဖြည့်လို့ ပြည့်စုံတဲ့အခါ နောက်ဆုံးဘဝမှာ လွန်ခဲ့တဲ့ ၂၅၈၁-နှစ်က ကပိလဝတ်ပြည့်ရှင် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မာယာဒေဝီတို့ရဲ့ သားတော် “သိဒ္ဓတ္ထ”မည်တဲ့ မင်းသား ဖြစ်ခဲ့ပါတယ်။

ထိုစဉ်ကာလက ကပိလဝတ် ခေါ်တဲ့ တိုင်းပြည်ရဲ့ တည်နေရာ ဒေသကတော့ ယခုခေတ်အခါမှာ အိန္ဒိယပြည်၏ မြောက်ဘက် နယ်စပ် နီပေါပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားကလေး ၁၆-နှစ် အရွယ်ရောက်သောအခါမှာ မယ်တော် ခမည်းတော်များက ယသော်ဓရာ ခေါ်တဲ့ မင်းသမီးကလေးနှင့် လက်ထပ် ထိမ်းမြားပြီး အင်မတန် ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားစေခဲ့ပါတယ်။

အသက်တော် ၂၉-နှစ် အရွယ်သို့ ရောက်တဲ့အခါမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီး လေးပါးကို တွေ့မြင်ရတဲ့အတွက် အိုတတ်၊ နာတတ်၊ သေတတ်တဲ့ လောကကြီးကို အရွံကြီး ရွံမုန်း စက်ဆုပ်ပြီး အလွန်ပင် သံဝေဂတရား ရတော်မူခဲ့ပါတယ်။

ဒါကြောင့် လူ့ဘောင်မှ ထွက်ခွာပြီး ရဟန်းပြုကာ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ နိဗ္ဗာန်တရားကို ရှာမှီးတော်မူခဲ့ပါတယ်။

ဥရုဝေလတောအရပ်မှာ “ဒုက္ကရစရိယာ” ခေါ်တဲ့ အကျင့်များကိုလည်း ကျင့်သုံးနေခဲ့ပါတယ်။

ဒုက္ကရစရိယာအကျင့်

ကျင့်သုံးပုံကတော့ ထွက်သက် ဝင်သက်များကို လုံးဝ မထွက်ရ မဝင်ရအောင် အောင့်ချုပ်ပြီးတော့လည်း ကျင့်ခဲ့ပါတယ်။

သို့ပေမယ့် ဒီလိုကျင့်တဲ့အတွက် ဘယ်လို အကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။

ပြီးတော့ အစာကိုလည်း ဖြတ်တောက်ပြီးတော့ ခြိုးခြံစွာ ကျင့်ခဲ့ပါတယ်။ တစ်နေ့လျှင် ပဲပြုတ်ရည် လက်တစ်ဆွမ်းမျှကိုသာ သုံးဆောင်ပြီးတော့လည်း နေခဲ့ပါတယ်။
ဒီလို အစာကို ဖြတ်တောက်ပြီး ကျင့်တဲ့အတွက်လည်း ဘာအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။

ဒီလို ကိုယ်ပင်ပန်းအောင် ကျင့်ရတဲ့ အကျင့်မျိုးတွေကတော့ ထိုစဉ်ကာလက အိန္ဒိယနိုင်ငံတဝှန်းလုံးမှာ အကျင့်ကောင်းအနေနဲ့ ခေတ်စားနေတဲ့ “အတ္တကိလမထာနုယောဂ” အကျင့်တွေပါပဲ။
ယခုလည်း ဒီအကျင့်မျိုးတွေဟာ အချို့ဘာသာဝင်တွေထဲမှာ ခေတ်စားနေတုန်းပါပဲ။

ဘုရားအလောင်းတော်မှာ ဒီလို ၆-နှစ်တိုင်တိုင် ကျင့်လို့ ဘာမျှ အကျိုးထူး မပေါ်တဲ့အခါမှာ ဒုက္ကစရိယာအကျင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။
အာနာပါနဈာန်ကို ပွားနိုင်စေရန်အတွက် ကာယဗလအင်အား ပြည့်စေရန် အစာအာဟာရကို ပြန်လည် သုံးဆောင်ခဲ့ပါတယ်။

ထိုစဉ်အခါက ပဉ္စဝဂ္ဂီ ခေါ်တဲ့ ပုဂ္ဂိုလ်ငါးဦးဟာ ဘုရားအလောင်း ဘုရားဖြစ်တဲ့အခါ တရားဦးနာရန် ရည်ရွယ်ပြီး ဘုရားအလောင်းထံမှာ ဝတ်ကြီးဝတ်ငယ် ပြုစုနေကြပါတယ်။

ဘုရားအလောင်း အစာအာဟာရ ပြန်လည် သုံးဆောင်တာကို မြင်ရတော့ “ပဓာန”အလုပ်က ထွက်တယ်၊ ဘုရား မဖြစ်နိုင်တော့ဘူးလို့ အထင်မှားပြီးတော့ သူတို့က ဘုရားအလောင်းအပေါ်မှာ မြှော်လင့်ချက် မရှိဘဲ ဖြစ်သွားကြပါတယ်။

ဒါကြောင့် ပဉ္စဝဂ္ဂီငါးဦးဟာ ဘုရားအလောင်းကို စွန့်ပစ်ခဲ့ပြီး ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သွားရောက် နေထိုင်ကြပါတယ်။

ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

ဘုရားအလောင်းတော်လည်း အစာအာဟာရ သုံးဆောင်လို့ ကာယဗလ အားရှိတဲ့အခါမှာ “အာနာပါနဈာန်”များကို ဖြစ်ပွားစေပါတယ်။

ထို့နောက် ယခု ဗုဒ္ဓဂယာ ခေါ်တဲ့ နေရာတွင် “ဗောဓိညောင်ပင်ကြီး”အောက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ အကြောင်းအကျိုး အဆက်ဆက် ပဋိစ္စသမုပ္ပါဒ်တရားများကို ဆင်ခြင်ပြီးတော့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကို ဝိပဿနာရှုသဖြင့် သစ္စာလေးပါး တရားအလုံးစုံကို အကုန်သိမြင်တော်မူတဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

ဒီလို ဘုရားဖြစ်တော်မူပြီးတဲ့နောက် ဝိမုတ္တိသုခ ခေါ်တဲ့ ဖလသမာပတ်ချမ်းသာကို ခံစားတော်မူကာ ၇-ပါးသော ဌာနတို့၌ ၇-ရက်စီ အားလုံးပေါင်း ၄၉-ရက် သီတင်းသုံး နေတော်မူခဲ့ပါတယ်။

တရားဦးဟောရန် ကြွချီတော်မူခြင်း

ဒီလို နေတော်မူပြီးတဲ့အခါမှာ တရားဦးဟောရန်အတွက် ပဉ္စဝဂ္ဂီတို့၏နေရာ မိဂဒါဝုန်တောသို့ ကြွချီတော်မူခဲ့ပါတယ်။
ဗုဒ္ဓဂယာမှ မိဂဒါဝုန်တောအထိ ၁၈-ယူဇနာ ဝေးကွာတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။ ယခုခေတ် ရထားလမ်းမိုင်အားဖြင့်ဆိုလျှင် ၁၄၂-မိုင် ရှိတယ်လို့ ဆိုထားပါတယ်။

ပဉ္စဝဂ္ဂီတို့၏နေရာသို့ ရောက်တဲ့အခါ အသင့်ခင်းထားတဲ့ နေရာမှာ ထိုင်နေတော်မူပါတယ်။
ဒီလို ထိုင်နေတဲ့အခါမှာ ပဉ္စဝဂ္ဂီတို့က ဘုရားဖြစ်လာမှန်း မသိကြသေးတဲ့အတွက် “ငါ့ရှင် ဂေါတမ၊ ငါ့ရှင် ဂေါတမ”လို့ ရှေးကလိုပင် ပြောနေကျအတိုင်း မရိုမသေ သူငယ်ချင်းပြော ပြောဆိုနေကြပါတယ်။

တရားနာရန် ညွှန်ကြားခြင်း

ဒါကြောင့် မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို ထုတ်ဖော်ပြီး ဒဲ့ဒိုးပဲ မိန့်ကြားတော်မူရပါတယ်။

မိန့်ကြားပုံကတော့ - ပဉ္စဝဂ္ဂီရဟန်းတို့၊ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားကို ငါ့ရှင်ဟူ၍ မခေါ်ကြနဲ့။ ဂေါတမဟူ၍လည်း အမည်ထုတ်ပြီး မခေါ်ကြနဲ့။ ရဟန်းတို့ - ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်တဲ့၊ တရားအလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိတဲ့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ဘုရားစင်စစ် ဖြစ်လာပြီ။ နားစိုက်ကြလော့ ... “သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်”ကို ငါသိလာပြီ။ သင်တို့အား ငါ သွန်သင် ညွှန်ပြပေးမည်။ တရားတော်ကို ငါဟောမည်။ သွန်သင်ညွှန်ပြတဲ့အတိုင်း လိုက်နာ၍ ကျင့်သုံးကြမယ်ဆိုလျှင် သင်တို့ဟာ ရဟန်းပြုခြင်းရဲ့ ရည်မှန်းချက် အကျိုးလည်းဖြစ်၊ အကျင့်မြတ်ရဲ့ အဆုံးပန်းတိုင်လည်းဖြစ်တဲ့ အမြင့်ဆုံးတရားကို ယခုဘဝ မကြာခင်အတွင်းမှာပဲ သင်တို့ကိုယ်တိုင်ပင် မျက်မှောက်တွေ့ပြီး နေကြရပါလိမ့်မယ်လို့ ဒီလို ရဲရဲကြီး ဝန်ခံချက်ပေးပြီး မိန့်ကြားတော်မူပါတယ်။

ဒီလို မြတ်စွာဘုရားက တည့်တည့်ကြီး ပြောပြပေမယ်လို့ ပဉ္စဝဂ္ဂီငါးဦးတို့က မရိပ်မိကြသေးဘူး။
ဒါကြောင့် သူတို့က ဒီလို ပြန်လှန်ပြီး ကန့်ကွက် ပြောဆိုကြပြန်တယ်။

“ငါ့ရှင်ဂေါတမ - သင်ဟာ ဟိုတုန်းက အစာကို ဖြတ်ပြီး ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတာတောင်မှ ပကတိလူသာမန်တရားထက် သာလွန် ထူးမြတ်တဲ့ အရိယာဉာဏ်အမြင် တရားထူးကို မရခဲ့ဘူး မဟုတ်လား။ ဒီတော့ ယခုလို ပဓာနလုပ်ငန်းက ထွက်ပြီး ပစ္စည်းများအောင် အားထုတ်နေတဲ့အခါမှာ အရိယာအမြင် တရားထူးကို ဘယ်မှာ ရနိုင်ပါ့မလဲ”လို့ ဒီလို ကန့်ကွက် ပြောဆိုကြပြန်တယ်။

ဒီတော့ မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို သုံးကြိမ်တိုင်တိုင် ထပ်မံပြီး မဟာကရုဏာတော်ဖြင့် မိန့်ကြားတော်မူပါတယ်။
ပဉ္စဝဂ္ဂီတို့ကလည်း သုံးကြိမ်စလုံးပဲ ကန့်ကွက်နေကြပြန်ပါတယ်။

ဒီတော့ မြတ်စွာဘုရားက သတိပေးတဲ့အနေနဲ့ “ပဉ္စဝဂ္ဂီတို့ စဉ်းစားကြလော့။ ရှေးအခါက ငါဒီလိုပြေားဖူးတာကို သင်တို့ ကြားဖူးပါသလား”လို့ မေးတော်မူလိုက်တယ်။
ဒီတော့မှ ပဉ္စဝဂ္ဂီတို့က သတိရသွားကြတယ်။

“ဟို ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းကတော့ ဘုရားမဖြစ်သေးလို့ ဘာမျှ မပြောခဲ့ပေဘူး။ ယခုပြောတာကတော့ တကယ့်ကို ဘုရားဖြစ်လာလို့ ပြောတာ ဟုတ်ပေလိမ့်မယ်”လို့ သဘောပေါက်ပြီးတော့ “ဟိုတုန်းက ဒီလို မပြောခဲ့ဖူးကြောင်း” ပြန်ကြား လျှောက်ထားကြပါတယ်။

ဆက်လက်ပြီး မိန့်ကြားမယ့် တရားကို နာကြားရန်လည်း ရိုရိုသေသေ နားစိုက်နေကြပါတယ်။

ထိုအခါမှာ မြတ်စွာဘုရားက ဓမ္မစကြာတရားတော်ကြီးကို ဒီလို စတင်ပြီး ဟောကြားတော်မူပါတယ်။

၁ - အယုတ်တရား နှစ်ပါး

ရဟန်းတို့ - ရှင်ရဟန်းဖြစ်တဲ့ သူဟာ ဤအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မမှီဝဲအပ်ဘူး။

ဘယ်ဟာနှစ်ပါးကိုလည်း ဆိုလျှင် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာ ကာမချမ်းသာကို ခံစားနေတာလည်း ပဌမလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။

ဒီ ကာမချမ်းသာကို သာယာခံစားမှုဟာ ယုတ်ညံ့ပါသည်။
ရွာသူရွာသားတို့ရဲ့ အလေ့အလာ ဖြစ်ပါသည်။
အရိယာသူမြတ်တို့ရဲ့ အကျင့်မဟုတ်ပါ။
သေခြင်းကင်းရန်အတွက် အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှ မသက်ဆိုင်ပါ။

ထို့ပြင် သပ္ပါယဖြစ်တဲ့ အစားအစာ, အဝတ်အရုံ, ဥတု, ဣရိယာပုတ်များကိုတောင်မှ မမှီဝဲတော့ဘဲ ကိုယ်ပင်ပန်းအောင် အားထုတ်တဲ့ အကျင့်ကလည်း ဒုတိယလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။

ဒီကိုယ်ပင်ပန်းအောင် ကျင့်မှုဟာလည်း ပင်ပန်းဆင်းရဲရုံမျှသာ ရှိပါသည်။
အရိယာသူမြတ်တို့၏ အကျင့်ကောင်းကား မဟုတ်ပါ။
အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှ မသက်ဆိုင်ပါ။

၂ - မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်တရား

ရဟန်းတို့ - ငါဘုရားသည် အဲဒီ အဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်းအကျင့်ကို သိမြင်လာပြီး၊ ငါသိလာတဲ့ ဒီအလယ်လမ်း အကျင့်ဟာ ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။
အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။
ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

ရဟန်းတို့ - ငါသိလာပြီဆိုတဲ့ ထိုအလယ်လမ်းအကျင့်က ဘယ်ဟာလဲဆိုလျှင် အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်လမ်းပင် ဖြစ်ပေသည်။

အင်္ဂါရှစ်ပါးဟူသည်မှာ -
(၁) သမ္မာဒိဋ္ဌိ - မှန်စွာ သိမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ - မှန်စွာ ကြံခြင်း၊
(၃) သမ္မာဝါစာ - မှန်စွာ ပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တ - မှန်စွာ ပြုလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ - မှန်စွာ အသက်မွေးခြင်း၊
(၆) သမ္မာဝါယာမ - မှန်စွာ အားထုတ်ခြင်း၊
(၇) သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
(၈) သမ္မာသမာဓိ - မှန်စွာ စူးစိုက် တည်ကြည်ခြင်း ဆိုတဲ့ ဤရှစ်ပါးပင် ဖြစ်ပေသည်။

ရဟန်းတို့ - ငါဘုရားသိလာတဲ့ “ဤမဂ္ဂင်ရှစ်ရပ် အလယ်လမ်း အကျင့်မြတ်”သည် ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။
အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။
ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

အဓိပ္ပာယ်ဖော်ပြချက်

ဟော ... ဒီနေရာမှာတော့ မြတ်စွာဘုရားရဲ့ အလိုတော်ကို အနည်းငယ် ဖွင့်ပြီး ပြောရလိမ့်မယ်။

မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက အသက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။
ဒုက္ကရစရိယာ ကျင့်နေတဲ့အခါမှာ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။
နောက်ကာလမှာ ထိုလမ်းမှားနှစ်ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။

ဒါကို ရည်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ” = “ငါဘုရားသည် အဲဒီအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြည်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီ ရဟန်းတို့”ဟု ဟောတော်မူခဲ့ပါတယ်။

မြတ်စွာဘုရား သိလာတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့်ဆိုတာဟာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးထဲက “သမ္မာဒိဋ္ဌိ” တစ်ခုကို ပြောလိုက်လျှင် သူရဲ့နောက်ပါ အခြံအရံဖြစ်တဲ့ အင်္ဂါ ၇-ပါးကိုလည်း ပြောပြီးသား ဖြစ်သွားပါတယ်။

ဒါကြောင့် သမ္မာဒိဋ္ဌိ တစ်ခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြမယ်။

အဋ္ဌကထာများမှာ သမ္မာဒိဋ္ဌိ ၆-မျိုး ဝေဘန်ပြထားပါတယ်။
(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ
(၂) ဈာနသမ္မာဒိဋ္ဌိ
(၃) ဝိပဿနာသမ္မာဒိဋ္ဌိ
(၄) မဂ္ဂသမ္မာဒိဋ္ဌိ
(၅) ဖလသမ္မာဒိဋ္ဌိ
(၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတဲ့ ဒီခြောက်ပါးပင် ဖြစ်ပါတယ်။

ဒီအထဲမှာ ဖလသမ္မာဒိဋ္ဌိနှင့် ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဆိုတာတွေကတော့ အရိယာမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီမဇ္ဈိမပဋိပဒါ အကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။
ကျန်တဲ့ ၄-ပါးကိုသာ ပြောဖို့ လိုပါတယ်။

အဲဒီ ၄-ပါးထဲမှာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ”ဆိုတာ မိမိကိုယ်တိုင် ပြုထားတဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ အားလျော်စွာ ကောင်းကျိုးဆိုးကျိုးကို ခံစားရတယ်လို့ ယုံကြည် သိမြင်တာကိုပဲ ဆိုလိုပါတယ်။

ဒီ ကံ, ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ သမ္မာဒိဋ္ဌိဟာ အရေးကြီးပါတယ်။
ဒီသမ္မာဒိဋ္ဌိအယူရှိပါမှ ဒါန သီလ စသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။
ဘာဝနာကို အားထုတ်ပြီး မဂ်ဖိုလ်ကိုလည်း ရနိုင်ပါတယ်။
ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီး ဒါန သီလစသော ကုသိုလ်ကို ပြုတိုင်း ပြုတိုင်း ဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။
ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန သီလကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။
ဒါကြောင့် ဒီ “ကမ္မဿကတာသမ္မာဒိဋ္ဌိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း တရား”လို့ မှတ်ယူရပါတယ်။

ရူပဈာန် အရူပဈာန်များမှာ ပါတဲ့ ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။
ဒီဈာနသမ္မာဒိဋ္ဌိဟာလည်း ဝိပဿနာရဲ့ အခြေခံဖြစ်လျှင် နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်ပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ဈာနသမ္မာဒိဋ္ဌိဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ အခြေခံတရားများ ဖြစ်နေတဲ့အတွက် ဒီသမ္မာဒိဋ္ဌိနှစ်ပါးကို “မူလမဂ္ဂင်”လို့ မှတ်ရပါတယ်။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကတော့ ဝိပဿနာဉာဏ်ပါပဲ။
ဒီဝိပဿနာက ပြည့်စုံတဲ့အခါမှာ မဂ္ဂသမ္မာဒိဋ္ဌိ ခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖြစ်ပေါ်လာပါတယ်။
ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိကို ပုဗ္ဗဘာဂမဂ္ဂင်လို့လည်း ခေါ်ရပါတယ်။
အရိယာမဂ်ရဲ့ ရှေ့သွားမဂ္ဂင်မို့ ရှေ့ပိုင်းမဂ္ဂင်လို့ ဆိုလိုပါတယ်။

ဝိပဿနာဆိုတာ ဒွါရ ၆-ပါးမှာ ထင်ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုမှတ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိတဲ့ ဉာဏ်ပင် ဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ ဒီလို သဘောမှန်ကို သိနေလျှင် သာယာဖွယ် အာရုံနှင့် တွေ့ရသော်လည်း သာယာမှု ရာဂ မဖြစ်တော့ဘဲ ငြိမ်းနေပါတယ်။
ဒီလို သာယာမှု ငြိမ်းနေတဲ့အတွက် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်တို့ကို သုံးဆောင်သော်လည်း ကာမချမ်းသာကို သာယာ ခံစားတဲ့ ကာမသုခလ္လိကာနုယောဂလည်း မဖြစ်ဘူး။
လုံးလုံး မသုံးဆောင်ဘဲ နေတာ မဟုတ်လို့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ အတ္တကိလမထာနုယောဂလည်း မဖြစ်ဘူး။

ဒါကြောင့် ကိုယ်မပင်ပန်းရအောင် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်ကိုလည်း သုံးဆောင်ရမယ်။
သုံးဆောင်တဲ့အခါမှာလည်း ကိလေသာ မဖြစ်ရအောင် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ရှုရှုပြီး သုံးဆောင်ရမယ်ဆိုတဲ့ ဒီအကျင့်လမ်းဟာ အတ္တကိလမထလမ်းလို တင်းလွန်းတာလည်း မဟုတ်ဘူး။ ကာမသုခလ္လိကလမ်းလို လျော့လွန်းတာလည်း မဟုတ်ဘူး။
ဒီလို မလျော့လွန်း မတင်းလွန်း အလယ်အလတ် ဖြစ်နေတဲ့အတွက် မဇ္ဈိမပဋိပဒါလမ်းလို့ ခေါ်ရပါတယ်။
ဒီ မဇ္ဈိမပဋိပဒါ နည်းလမ်းအရ ဒွါရ ၆-ပါးမှာ ပေါ်လာသမျှ အာရုံတွေကို ရှုရှုနေလျှင် ရှုတိုင်း ရှုတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။
ဒီလို ဖြစ်ပွားလို့ ဝိပဿနာမဂ္ဂင်က ပြည့်စုံတဲ့အခါမှာ အရိယာမဂ္ဂင်များ ဖြစ်ပေါ်ပြီး သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့ကာ သစ္စာလေးပါးကို သိမြင်ရပါတယ်။
ဒါကြောင့် ဒီမဇ္စိမပဋိပဒါ အကျင့်ဖြင့် ကိုယ်တော်တိုင် သိမြင်လာခဲ့တဲ့ သစ္စာလေးပါးကို ဒီလို ထုတ်ဖော်ပြီး ဟောတော်မူပါတယ်။

၃- ဒုက္ခသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။

ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်၊
အိုခြင်းလည်း ဆင်းရဲပင်၊
နာခြင်းလည်း ဆင်းရဲပင်၊
သေခြင်းလည်း ဆင်းရဲပင်၊
မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်၊
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်၊
အလိုရှိတာကို မရခြင်း, မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်၊
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

၎ - သမုဒယသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။

အကြင် တဏှာသည် တဖန် ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။
နှစ်သက် တပ်စွဲခြင်း သဘောရှိ၏။
ထိုထို ရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့လျက် ရှိ၏။
ထိုတဏှာမှာ သရုပ်အားဖြင့် -
ကာမဂုဏ်၌ တပ်မက်သော တဏှာ၊
ဘဝ၌ တပ်မက်သော တဏှာ၊
သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သော တဏှာ ဟူ၍ ၃-ပါး အပြား ရှိ၏။

ဤတဏှာသည် ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။

၅ - နိရောဓသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။

၎င်းမှာ ယင်း တဏှာ ၃-ပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်ထွက် စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။

၆ - မဂ္ဂသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။

၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးမှာ -
(၁) မှန်စွာ သိမြင်ခြင်း၊
(၂) မှန်စွာ ကြံခြင်း၊
(၃) မှန်စွာ ပြောဆိုခြင်း၊
(၄) မှန်စွာ ပြုလုပ်ခြင်း၊
(၅) မှန်စွာ အသက်မွေးခြင်း၊
(၆) မှန်စွာ အားထုတ်ခြင်း၊
(၇) မှန်စွာ အမှတ်ရခြင်း၊
(၈) မှန်စွာ စူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။

အဓိပ္ပာယ်ဖော်ပြချက်

ယခု ပြောပြခဲ့တဲ့ စကားရပ်များဖြင့် ကိုယ်တော်တိုင် သိမြင်လာတဲ့ သစ္စာလေးပါးကို ဖော်ပြပါတယ်။

ဒီလို သိရာမှာ သစ္စာလေးပါးရဲ့ သဘောသဘာဝ အသီးသီးကို သိတဲ့ သစ္စဉာဏ်က ၄-ပါး၊ ပြုသင့်တဲ့ကိစ္စ ၄-ပါးကို သိတဲ့ ကိစ္စဉာဏ်က ၄-ပါး၊ ကိစ္စ ၄-ပါးလုံး ပြီးစီးကြောင်းကို ပြန်လှည့် ဆင်ခြင်တဲ့ ကတဉာဏ်က ၄-ပါးအားဖြင့် ဉာဏ် ၁၂-ပါး ပါဝင်နေပါတယ်။

အဲဒီဉာဏ် ၁၂-ပါး ဖြစ်ပုံကို ဒီလို ဆက်လက်ပြီး ဟောသွားပြန်ပါတယ်။

၇ - ဒုက္ခသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၈ - ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၉ - ဒုက္ခသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၀ - သမုဒယသစ္စာ၌ သစ္စဉာဏ်

“ဤအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၁ - သမုဒယသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန်ကို ပယ်သင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၂ - သမုဒယသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန်ကို ပယ်ပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၃ - နိရောဓသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၄ - နိရောဓသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ပြုသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၅ - နိရောဓသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ပြုပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၆ - မဂ္ဂသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၇ - မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ဖြစ်ပွားစေသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၈ - မဂ္ဂသစ္စာ၌ ကတဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ပွားစေပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၉ - ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ရဟန်းတို့ - ဤအရိယသစ္စာ ၄-ပါး၌ ယခု ပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါး ရှိတဲ့ ယထာဘူတဉာဏ်အမြင် ငါ့မှာ ကောင်းကောင်း မစင်ကြယ်သေးသမျှ ကာလပတ်လုံး “အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်=ဘုရားဉာဏ်ကို ငါရပြီ၊ ငါဘုရားဖြစ်ပြီ”ဟု ဝန်မခံခဲ့သေးပါ ရဟန်းတို့။

၂၀ - ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ

ရဟန်းတို့ - ငါ့မှာ ဤအရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါး ရှိတဲ့ ယထာဘူတဉာဏ်အမြင် ကောင်းစွာ သန့်ရှင်း စင်ကြယ်ပြီးတဲ့အခါကျမှသာလျှင် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွဖြစ်သော လောကကြီးထဲ၌ ရဟန်း၊ ပုဏ္ဏားနှင့်တကွ နတ်လူတို့နှင့်တကွဖြစ်သော သတ္တဝါများထဲ၌ အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိ=ဘုရားဉာဏ်ကို ငါရပြီ၊ ငါဘုရားဖြစ်ပြီဟု ဝန်ခံခဲ့ပါသည် ရဟန်းတို့။

အနုသန္ဓေစကား

ဒီလို ဝန်ခံရာမှာလည်း ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ အတိအကျ မှန်ကန်စွာ သိပြီး ဖြစ်ကြောင်းကို ထပ်လောင်းပြီး နိဂုံးချုပ်အနေနဲ့ ဒီလို မိန့်ကြားတော်မူပြန်ပါတယ်။

၂၁ - ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိပုံ

“ငါ၏ ကိလေသာမှ လွတ်မြောက်မှုဟာ တဒင်္ဂလွတ်ခြင်း, ဝိက္ခမ္ဘနလွတ်ခြင်း မဟုတ်ဘဲ သမုစ္ဆေဒလွတ်ခြင်း, ပဋိပဿဒ္ဓိလွတ်ခြင်း ဖြစ်၍ ဘယ်သောအခါမျှ မပျက်နိုင်တော့ပြီ။
ယခု လက်ရှိဘဝဟာ အဆုံးစွန်သောဘဝ ဖြစ်ပေသည်။
ယခုအခါ တဖန်ဖြစ်ပေါ်မည့် ဘဝသစ် ငါ့မှာ မရှိတော့ပြီ”ဟု ဆင်ခြင်ပြီး မှန်ကန်စွာ သိမြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်လည်း ငါ့မှာ ဖြစ်ပေါ်ခဲ့ပြီ ရဟန်းတို့ဟု မိန့်တော်မူကာ ဓမ္မစကြာတရားဒေသနာတော်ကြီးကို အပြီးသတ် နိဂုံးချုပ်တော်မူခဲ့ပါသည်။

အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ (အကျိုးပြစကား)

ထိုစဉ်အခါက ဒီဓမ္မစကြာတရားတော်ကြီးကို ကြားနာရတဲ့အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာသော နတ်များ မဂ်ဖိုလ်တရားထူးကို ရသွားကြပါတယ်။

လူသားဖြစ်တဲ့ ပဉ္စဝဂ္ဂီရဟန်းငါးဦးထဲက အရှင်ကောဏ္ဍညမှာ “ဖြစ်ပေါ်တဲ့ တရားဟူသမျှဟာ ချုပ်ဆုံးခြင်း သဘောရှိတာချည်းပဲ”လို့ သိမြင်တဲ့ တရားမျက်စိ ခေါ် “သောတာပတ္တိဉာဏ်” ဖြစ်ပေါ်ပြီး “သောတာပန်” ဖြစ်သွားပါတယ်။

မြတ်စွာဘုရား ဥဒါန်းကျူးပုံ

ဒီလို အရှင်ကောဏ္ဍညမှာ တရားမျက်စိပွင့်ပြီး သောတာပန်ဖြစ်သွားတာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော” = “ကောဏ္ဍည သိသွားပေပြီ အချင်းတို့၊ ကောဏ္ဍည သိသွားပေပြီ အချင်းတို့”ဟု ပီတိ သောမနဿအစွမ်းဖြင့် ဥဒါန်းကျူးတော်မူခဲ့ပါတယ်။

ဧဟိဘိက္ခု ရဟန်းအဖြစ် ရပုံ

ထိုအခါမှ အရှင်ကောဏ္ဍညက မြတ်စွာဘုရားထံမှာ ရဟန်းအဖြစ်ကို လျှောက်တောင်းပါတယ်။

မြတ်စွာဘုရားက “ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာထ” = “လာလော့ ရဟန်း၊ တရားတော်မှာ ကောင်းမွန် မှန်ကန်စွာ ဟောထားတဲ့ သွာက္ခာတ တရားတော် ဖြစ်သည်။ အမှန်စင်စစ် ဆင်းရဲကုန်ဆုံးခြင်းကို ပြုနိုင်အောင် မြတ်သော အကျင့်ကို ကျင့်လှည့်ပါလော့”ဟု ခေါ်တော်မူကာ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ရဟန်းပြုပေးတော်မူခဲ့ပါတယ်။

ကဲ ... တရားတော်ကို အဆုံးသတ်တော့မယ်။
ဒီဓမ္မစကြာတရားဒေသနာတော်မှာ ဖော်ပြထားတဲ့ မဂ္ဂင်ရှစ်တန် မဇ္ဈိမပဋိပဒါ အကျင့်လမ်းမှန်ကို မှန်ကန်စွာ ကျင့်နိုင်ကြ၍ အရိယသစ္စာလေးတန် တရားမှန်ကို အလျင်အမြန် သိမြင်ကြပါစေသတည်း။

Read more...

သာသာနကွယ်ကြောင်းတရား ၁၅-ပါး

၁။ ရဟန်းများ တရားမနာခြင်း။(ရဟန်းရှင်လူတို့ တရားမနာခြင်း)။
၂။ စာပေကျမ်းဂန်များကို မသင်ကြားခြင်း။
၃။ နှုတ်တက်အာဂုံ, အရမဆောင်ခြင်း။
၎။ အနက်အဓိပ္ပါယ်ကို သိအောင်မပြုခြင်း။
၅။ ပဋိပတ်ကို မကျင့်ခြင်း။
(အံ-၂၊ ၁၅၅၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဒုတိယ၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်၊ ၁၉၇-၈)
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
................. ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊
................. ဤငါးဖြာတည်း။

၁။ သုတ္တ, ဂေယျ စသော စာပေတရားများကို မသင်ကြားခြင်း (စာသင်အလုပ်ကို ပယ်ဖြုတ်ထားခြင်း)။
၂။ တရားကို အကျယ်မဟောခြင်း။
၃။ စာပေကျမ်းဂန်များကို အကျယ်အားဖြင့် မပို့ချခြင်း။
၎။ စာပေကျမ်းဂန်ကို အကျယ်အားဖြင့် မသရဇ္ဈာယ်ခြင်း။
၅။ အနက်အဓိပ္ပါယ်ကို မကြံစည်ခြင်း။
(အံ-၂၊ ၁၅၆။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်။ ဒုတိယ၊ ဒုတိယသဒ္ဓမ္မသမ္မောသသုတ်။ ၁၉၈-၉)
ဆောင်ပုဒ်။ ။ ထဝါထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနဲ့၊ ကျယ်စွာ့မအံ၊ မကြံမစည်၊ ဤငါးလီတည်း။
................. (နောက်လာထို့ပြင်.....ဤငါးမည်တည်း။(သဗ္ဗမင်္ဂလ ဓမ္မဒေသနာ၊ ၄၉၂)။

၁။ မမှန်မကန်, ပုဒ်, ပါဌ်, အက္ခရာ ပါဠိပျက်များကို လေ့ကျင့်သင်ကြားခြင်း။
၂။ ဆရာသမားတို့၏ အဆုံးအမကို မနာယူခြင်း။
၃။ စာချမည့်ပုဂ္ဂိုလ် ရှားပါးခြင်း။
၎။ အချင်းချင်း ခိုက်ရန်ကွဲပြားခြင်း။ (ကျောင်းလုခြင်း စသည်)။
၅။ လာဘ်လာဘ ပေါများအောင် ပြုလုပ်အားထုတ်ခြင်း။
(အံ-၂၊ ၁၅၇-၈။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဒုတိယ၊ တတိယသဒ္ဓမ္မသမ္မောသသုတ်၊ ၂၀၀-၁)
ဆောင်ပုဒ်။ ။ ဝါတနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျင့်သင်ကြ၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ................. ဤငါးပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။
.................( ဆုံးမခက်သူ၊ ...လာဘ်များအောင်ကြံ။ (သဗ္ဗမင်္ဂလ ဓမ္မဒေသနာ ၄၉၂)
ဤကဗျာသုံးပုဒ်သည် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ကဗျာများဖြစ်၏။

ဤ ၁၅-ပါးတို့ကို ပယ်ရှား၍ ကျင့်ကြံလိုက်နာလျှင် သာသနာတည်ကြောင်း ၁၅-ပါးသည်လည်း အင်္ဂုတ္တိုရ်ပါဠိတော် (အံ-၂၊ ၁၅၅-၁၅၉။ မြန်မာပြန် ဒုတိယ၊ ပ,ဒု,တ သဒ္ဓမ္မသမ္မောသသုတ်များ ၁၉၈-၂၀၂) ၌ပင် လာရှိ၏။


သာသနာတည်ကြောင်းတရား ၁၅-ပါး
၁။ ရဟန်များ တရားကို ရိုသေစွာ နာခြင်း။
၂။ တရား (စာပေကျမ်းဂန်များ)ကို ရိုသေစွာ (ကောင်းစွာ) သင်ယူခြင်း။
၃။ တရား (စာပေကျန်းဂန်များ)ကို နှုတ်တက်အာဂုံဆောင်ခြင်း။
၎။ နှုတ်တက်အာဂုံဆောင်ထားသော တရား (စာပေကျမ်းဂန်များ)၏ အနက်အဓိပ္ပါယ်ကို ကောင်းစွာ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ခြင်း၊
(အနက်အဓိပ္ပါယ်ကို သိအောင်ပြုခြင်း)
၅။ အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအား လျော်သောအကျင့်ကို ကောင်းစွာ ကျင့်ခြင်း။
(ပဋိပတ်ကို ကောင်းစွာ ကျင့်ခြင်း)။
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာတည်ကြောင်း၊ တရားပေါင်းကား၊
................ ရဟန်းများတို့၊ တရားတော်နာ၊ စာပေကိုသင်၊ နှုတ်တွင်ရအောင်၊ သိအောင်လည်းပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကို၊ ............... ကျင့်အပ်မကွာ၊ ဤငါးဖြာတည်း။

၁။ သုတ္တ, ဂေယျ စသော စာပေကျမ်းဂန်တရားများကို သင်ယူခြင်း။
၂။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ဟောကြားခြင်း။
၃။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ပို့ချခြင်း။
၎။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း။
၅။ သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည် ဆင်ခြင် သုံးသပ်ခြင်း။
ဆောင်ပုဒ်။ ။ ထဝါထို့ပြင်၊ စာသင်ပြန့်ပြော၊ အကျယ်ဟောကြ၊ အကျယ်ချနဲ့၊ ကျယ်စွာ့လည်းအံ၊ ကြံကြံစည်စည်၊ဤငါးမည်တည်း။

၁။ မှန်ကန်သော ပုဒ်, ပါဌ်, အက္ခရာ ပါဠိများကို လေ့ကျက်သင်ကြားခြင်း။
၂။ ဆရာသမားတို့၏ အဆုံးအမကို ကောင်းစွာ နာယူခြင်း။
၃။ သုတ်, ၀ိနည်း, အဘိဓမ္မာ တရားတော်များကို ကောင်းစွာ ပို့ချခြင်း။
၎။ ပစ္စည်းလေးပါး ပေါများရန် မကြံဖန်ကြပဲ ဈာန်, မဂ်, ဖိုလ်ကို ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုကြရန်သာ အားထုတ်ခြင်း။
၅။ အချင်းချင်း ဆဲရေးငြင်းခုံ မရှိကြပဲ သံဃာအချင်းချင်း ညီညွတ်ခြင်း။
ဆောင်ပုဒ်။ ။ ဝါတနည်းမှာ၊ အက္ခရာပုဒ်မှန်၊ သင်အံကျက်ကြ၊ ဆုံးမလွယ်ကူ၊ စာချသူများ၊ လာဘ်များမဖန်၊ ခိုက်ရန်ပယ်ရှား၊
................. ဤငါးပါးသည်၊ ဘုရားသာသနာ တည်ကြောင်းတည်း။ (သဗ္ဗမင်္ဂလ ဓမ္မဒေသနာ ၄၉၀၊ ၄၉၂)

မော်လူး
သာသနာ တည်သည်ထက်တည်အောင် ဆောင်ရွက်နိုင်ကြပါစေ။

ဆရာတော် ဦးဇောတာလင်္ကာရ-၏ ပိဋကတ်တော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ-မှ ကူးယူဖော်ပြသည်။

Read more...

“ငရဲပြည်ကို ပြန်ရတော့မယ်”

ပြီးခဲ့သော နှစ်က မြန်မာပြည် ကျေးလက်တောရွာမှ ဆရာတော်တစ်ပါးသည် စင်္ကာပူနိုင်ငံသို့ သူ၏ အသိဆရာ တော်တစ်ပါး၏ ပင့်ဖိတ်မှုကြောင့် အလည်အပတ်ကြွရောက်လာခဲ့သည်။ ထိုဆရာတော်သည် အလွန်အင်မ တန်မှ တိုးတက်သော သန့်ပြန့်သော စင်္ကာပူသို့ ရောက်လာပြီဆိုသည်နှင့်တစ်ပြိုင်နက် သူ့အတွက် အထူးအဆန်း တွေချည်းဖြစ်နေလေသည်။ ထိုဆရာတော်သည် စင်္ကာပူမှ တွေ့ရှိရသော အရာများအပေါ်၌ အထူးအဆန်းဖြစ် မည်ဆိုလျှင်လည်းဖြစ်ကောင်း ဖြစ်ပေရာ၏။ စင်္ကာပူနိုင်ငံသည်ကား မီးနှစ်ဆယ့်လေးနာရီရသည်။ ရေနှစ်ဆယ့်လေးနာရီရသည်။ တိုင်းပြည်ကားသပ်ရပ်သည်။ လှပသည်။ လူတွေကြည့်လိုက်လျှင်လည်း တောက်ပြောင် နေလေသည်။ လေဆိပ်ကြီးသည်ကားလည်း အလွန်အင် မတန်မှ ခမ်းနားလှသည်။ အလွန်အင်မတန်မှ ကြီးမား သော လေယာဉ်ကြီးများ ကိုလည်းတွေ့ရသည်။ မိနစ်တိုင်း နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နေသည်ကို တွေ့ရလေသည်။ မြေအောက်ရထားများကိုလည်း တွေ့ရပေသည်။
နောက်ထူးဆန်းသောအရာတစ်ခုသည်ကား မြန်မာ ဒါယကာ ဒါယိကာမများကပ်ကြသော ဆွမ်း ဆွမ်းဟင်းများပင်ဖြစ်သည်။ တစ်သက်မမေ့စရာ အလွန် အင် မတန်မှ ကောင်းလှပေသည်။ ဆရာတော်၏ ပတ်ဝန်းကျင်နှင့်ယှဉ်လိုက်လျှင်စင်္ကာပူသည်ကားအလွန်တိုးတက်နေသောတိုင်းပြည်တစ်ပြည် ဖြစ်နေလေ သည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် စင်္ကာပူမှာ သုံးလကြာ သီတင်း သုံးနေထိုင်နေစဉ် ကျောင်းအတွင်းဝယ် ကုတ်နေသည် ဟူ၍မရှိပါ။ နေ့စဉ် အပြင်ထွက်ကာ ထူးဆန်းသော အရာ များကို လေ့လာလေ့ရှိသည်။ မှတ်သားလေ့ရှိသည်။ ဒီလိုနှင့် သီတင်းသုံးနေထိုင်လာခဲ့ရာ သုံးလပြည့်၍ မြန်မာပြည်ကို ပြန်ရမည့်နေ့တွင် ဆရာတော်သည် စင်္ကာပူမှ ကျောင်းထိုင်ဆရာတော်ကို အောက်ပါအတိုင်း မိန့် ကြားတော်မူခဲ့လေသည်။
“ယနေ့ တပည့်တော်တော့ နတ်ပြည်ကနေ လူပြည်၊ လူပြည်ကနေ ငရဲပြည်ကို ပြန်ရတော့မယ်၊အော် ၀မ်းတောင် နည်းမိပါတယ်ဆရာတော်ရယ်”ဟူ၍ပင်ဖြစ်သတည်း။
နတ်ပြည်ဟူသည်ကား စင်္ကာပူနိုင်ငံကိုဆိုလိုသည်။ လူပြည်ဟူသည်ကား မြန်မာပြည်ပင်ဖြစ်သည်။ ငရဲပြည်ဟူ သည်ကား အသွားရခက် အနေရခက်သော အလွန်အင်မတန်မှ တောကျသော ဆရာတော်၏ မဖွင့်ဖြိုးသေးသော ဇာတိရွာလေးကိုပင် ဆိုလိုရင်းဖြစ်ပေသည်။ “အော် ဆရာတော်၏ စကားသည်ကား အလွန်ပင် အဓိပ္ပာယ်လေးနက်လှပေ၏။ တော်တော်လေးပင်မှတ်သားဖွယ်ကောင်းလှပေ၏”။

Read more...

ဇန်နဝါရီလ ၂၂ ရက်နေ့တရားအစီအစဉ်များ။

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၁၂း၀၀ နာရီ အထိ...

မုံလယ်တောရဆရာတော် ဦးသံဝရ

၁။ အ၀ိဇ္ဇာဦးစီးပုံနှင့် တဏှာဦးစီးပုံ
၂။ အိုးကွဲ၊ပန်းကန်ကွဲ၊ ဖြစ်ပျက်ဥပမာပြ
၃။ နှလုံးသွင်းမှန်ပုံနှင့်မှားပုံ
၎။ အထင်နှင့်အယူအဆကိုပယ်တာ
၅။ မြို့စွဲ၊အိမ်စွဲ၊လူစွဲဒိဋ္ဌိဖြုတ်
၆။ ပဋိစသမုပ္ပါဒ် ပြတ်ကြောင်း(၃)မျိုး
၇။ နှလုံးသွင်းမှန်တာနှင့်မှားတာ
၈။ သီလပေးနှင့်ပညတ်ပရမတ်ခွဲပြပုံ
၉။ ချစ်မုန်းမပါလင်မယားကွာ
၁၀။ လောသကတိဿရဟန်းအကြောင်း
၁၁။ မယ်ပဋာအကြောင်း
၁၂။ စေတနာအတိုင်းအကျိုးပေးပုံ
၁၃။ ရှင်စူဠပန်အကြောင်း
၁၄။ ဆွမ်းတကာတိဿအကြောင်း

=========================================================

ပါမောက္ခချုပ် အရှင်နန္ဒမာလာဘိဝံသ

၁။ အကြောင်းအရာ(၇)ခု
၂။ အဘိဓမ္မာနေ့အကြောင်းသိကောင်းစရာ
၃။ အကောင်းဆုံးည
၎။ အရှင်သာရိပုတ္တရာ၏နှမတော်
၅။ ဘ၀ကောင်းရွေးချယ်ပါ
၆။ ဗုဒ္ဓဘာသာနှင့်ယနေ့လက်ရှိအခြေအနေ
၇။ ဒကာအရင်း
၈။ ဓမ္မသာခိုကိုးရန်အစစ်အမှန်
၉။ ကောင်းမှုကုသိုလ်စုဆောင်းပါ
၁၀။ သာမန်လူမှလူသားအစစ်သို့
၁၁။ နတ်ဗြဟ္မာများ
၁၂။ နှစ်သစ်မင်္ဂလာအတွက်အကောင်းဆုံးလက်ဆောင်

သင်္ခါရသဘောတို့သည်ပျက်စီးခြင်းသဘောရှိကြသည်၊
သင်ချစ်သားတို့မမေ့မလျှော့သော သတိတရားတို့ဖြင့်
အားထုတ်ကြကုန်လော့….


မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကား

Read more...

စိပ်ပုတီးတန်ခိုး

ခေါင်းစည်းကို ဖတ်ကြည့်လိုက်ရုံနှင့် အချို့စာရှုသူများ၏ စိတ်ဝယ်မေးခွန်းတခုသည် ရုတ်တရက် ဝင်ရောက်သွားလိမ့်မည်ထင်ပါသည်။
စိပ်ပုတီးမှာ တန်ခိုးရှိနိုင်သလား။
စာရေးသူက ဤအကြောင်းအရာများကို တင်ပြချင်နေသည်မှာ ကြာပေပြီ။ သို့ရာတွင် အမြင် အကြား ပေါက်သူလိုလို၊ ထွက်ရပ်ပေါက်သူ ဝိဇ္ဇာလိုလို၊ ပလွှားဝါကြွားရာ ရောက်နေမည်ဖြစ်သဖြင့် မျိုသိပ်ထားခဲ့ပါသည်။ ယခုအခါတွင်ကား စိတ်ကူးတမျိုးပေါက်လာပြန်ပါသည်။ မိမိလိုပင် ယုံကြည် သူများ လက်တွေ့စမ်းသပ် လေ့လာနိုင်ရန် တင်ပြမည်ဟူ၍ဖြစ်သည်။ အမှန်အားဖြင့် ဗုဒ္ဓပိဋကတ်စာပေ၌ ''စိပ်ပုတီး''အကြောင်း မတွေ့ရပေ၊ အချို့ပညာရှင်များက စိပ်ပုတီးသည် ဟိန္ဒူယောဂီကြီးများခံမှ ဆင်းသက်လာသည်ဟုဆိုသည်။ ဟုတ်လောက်ပေသည်။ ရှေးက ကိုရင်သာမဏေများသည် ပုတီးစိပ်ရင် ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်လေ့ရှိသဖြင့် ''ပုတီးစိပ်လေးပါး'' ဟုပင် အမည်တွင်လျက် ရှိသည်။ ကိုရင်ငယ်လေးများကိုတွေ့ရလျှင် ''ကိုရင်ပုတီးစိပ်ပြီးပြီလား''ဟုပင် မေးတတ်ကြသည်။ ယနေ့ ခေတ်တွင် ရဟန်းသာမဏေတို့သာမက ဗုဒ္ဓဘာသာဝင် သီတင်းသည်များပင် စိပ်ပုတီးကို ကိုင်တွယ် သုံးစွဲကြသည်။ စိပ်ပုတီးသည် သူတော်စင် သူတော်ကောင်းတို့၏ အဆောင်အယောင်တခုသဖွယ် ရပ်တည်နေပေ တော့သည်။
အချို့ပုတီးလုံးရေမှာ သုံးဆယ်နှစ်ကောဋ္ဌာသကိုရည်ရွယ်၍ သုံးဆယ့်နှစ်လုံးရှိသည်။ အချို့မှာ ဘုရားရှင်၏ တရာ့ရှစ်ကွက် စက်လက္ခဏာတော်ကိုရည်ရွယ်၍ တရာ့ရှစ်လုံးရှိသည်။ ရှေးခေတ်မြန်မာ လူမျိုးတို့သည် ဓာတ်ဖက်လိုက်စားကြသည်အားလျှော်စွာ တြင်းကြေ-နဝင်းကြေဓာတ်များကို လိုလား နှစ်သက်ကြသည်။ ၁ဝ၈-ကို ပေါင်းသော် ကိုးရ၍ တြင်းလည်းကြေ၊ နဝင်းလည်းကြေသည်။ ဣန္ဒာစရိယ ဓါတ်ကျမ်းစသော ထွက်ရပ်ပေါက်ကျမ်းများတွင်လည်း ဤ ၁ဝ၈-ကို ပြဒါးချုပ်ဆေး သတ်ဆေးအဖြစ် အရေးတကြီး ဖေါ်ပြခဲ့ကြသည်။ ထို့ကြောင့်ပင် စိပ်ပုတီး၌လည်း ၁ဝ၈-လုံး ထားရှိသုံးစွဲကြဟန်တူသည်။


စိပ်ပုတီးကို ဆရာတို့က ဂါထာမန္တန်စုက်ရာ၌ အရေအတွက်သိရန် အသုံးပြုကြသည်။ ဗုဒ္ဓဘာသာ ဝင်တို့က ဗုဒ္ဓ၏ဂုဏ်တော်တို့ကို ရွတ်ပွါးရာ၌ အသုံးပြုကြသည်။ တနည်းအားဖြင့် ''ပုတီး ဘယ်နှစ်ပတ် စိပ်မည်၊ ဘယ်နှစ်ခေါက် ရွတ်ပွားမည်''ဟု အဓိဋ္ဌာန်ပြုရန်အတွက် အသုံးပြုကြသည်။ ထို့ကြောင့်ပင် စိပ်ပုတီး၌ တန်ခိုးရှိနေရန်ကားအမှန်ပင် ခဲယဉ်းလှပေတော့သည်။ ''စိပ်ပုတီးတန်ခိုး''ဆိုသည်မှာ စင်စစ် တင်စားခြင်းမျှသာဖြစ်၏။ စိပ်ပုတီးဖြင့် မှတ်သား၍ (အဓိဋ္ဌာန်ပြုကာ) ဂုဏ်တော်တို့ကို ရွတ်ပွားခြင်း ကြောင့်သာလျှင် ရရှိလာသော တန်ခိုးဖြစ်ပါသည်။
နွေရာသီ၏ အလွန်ပူအိုက်လှသော နေ့တနေ့တွင်ဖြစ်သည်။ ပူအိုက်လွန်းသဖြင့် အိပ်မပျော်တိုင်း ဂုဏ်တော်များကို ပုတီးစိပ်နေမိသည်။ ထိုစဉ် အရှေ့ဣစ္ဆာသယချောင်မှ ''ဆရာအေးကြီး''ရောက်လာရာ စာရေးသူကို စူးစိုက်စွာကြည့်လျက် မေးခွန်းတခုထုတ်လိုက်ပါသည်။
''အရှင်ဘုရား ပုတီးဝါသနာပါသလား''
''ဆိုပါတော့''
''ဒီလိုဆို တပည့်တော် နည်းကောင်းတခုပေးပါရစေ''
''ဒကာကြီးပေးလဲ မှတ်သားရတာပေါ့''
ထိုအခါ ဆရာအေးကြီးက သူ၏ပတီးစိပ်နည်းကို ပေးပါသည်။ အမှန်အားဖြင့် ပုတီးစိပ်နည်း တို့မည်သည် တနည်းမဟုတ် တနည်း ဘုရားရှင်၏ဂုဏ်တော်များနှင့် ဆက်နွယ်နေသည်သာဖြစ်သည်။ ''အရှင်အရဟံ ပုတီးစိပ်နည်း''စသည်ကို စံထိုးကြည့်ပါ။ ပုတီးစေ့လေးများကို တလုံးပြီးတလုံး လှိမ့်ချ လျှက် ဘုရားရှင်ဂုဏ်တော်တို့ကို ရွတ်ပွားနေခြင်းမှာ သမထပွားခြင်းတမျိုးပင် ဖြစ်သည်။ ဗုဒ္ဓါနုဿတိ အာရုံကိုစိုက်၍ စိတ်၌ထုံခြင်းတမျိုးပင် ဖြစ်ပါသည်။ တန်ခိုးရှင်ဖြစ်တော်မူသော ဗုဒ္ဓ၏ဂုဏ်တော်တို့ကို ထုတ်ဖေါ်ရွတ်ပွါးနေလျှင် အဘယ်မှာ စွမ်းရည်သတ္တိ မတက်ဘဲ ရှိချိမ့်မည်နည်း။
''ဒါ-ဆားထုံးဆရာတော်ကြီးရဲ့နည်းပါဘဲ၊ ဒီနည်းအတိုင်း အဓိဋ္ဌာန်ပြီး စိပ်သွားမည်ဆိုရင် အရှင် ဘုရား မနောပေါက်လာတာကို ကိုယ်တိုင်သိရှိလာပါလိမ့်မယ်ဘုရား''
စာရေးသူဝမ်းပန်းတသာပင် မှတ်သားထားလိုက်ပါသည်။ အစတွင် မိမိ၏သက်စေ့မျှသာ အဓိဋ္ဌာန် ၍ စိပ်သည်။ ဂုဏ်တော်များ ကျေညက်အောင်ရရှိလာမှသာလျှင် ပုတီးတပတ်၊ မအိပ်ချင်သည့်အခါ ပုတီးသုံးပတ်စိပ်သည်။ ခရီးသွားရင်းလည်း နှုတ်မှ တတွတ်တွတ်ပွါး၍ လိုက်ပါသွားတတ်၏။ ပုတီးစိပ် နည်းကို မရွတ်ပွါးမိလျှင်လည်း ဂုဏ်တော်တမျိုးမျိုး၊ သို့မဟုတ် သမ္ဗုဒ္ဓေဂါထာ သို့မဟုတ် သဗ္ဗသိဒ္ဓိ ဂါထာကို ရွတ်ပွါး၍ သွားတတ်သည်မှာ အလေ့အကျင့်တခုလို ဖြစ်နေပါ၏။
စာရေးသူ ပုတီးစိပ်နေသည်မှာ စိတ်ငြိမ်ရန်ဟူသော ရည်ရွယ်ချက်တခုသာ ထားပါသည်။ မည်သည့် အကျိုးတရားများ ဖြစ်ထွန်းလာလိမ့်မည်ဟူသော မြှော်လင့်ချက်မထားပါ။ ဆရာကြီးက ''မနောပေါက်တာကို ကိုယ်တိုင်သိရပါလိမ့်မည်''ဟု လျှောက်သွားသော်လည်း မနောပေါက်လိုသည့် ဆန္ဒဖြင့် စိပ်နေသည် မဟုတ်ပါ။ ဘုရားရှင်၏ ဂုဏ်တော်များဖြစ်သည့် ဘုရားရှင်၏ဂုဏ်တော်တို့ကို ရွတ်ပွါးနေခြင်းသည် ကောင်းသည်ဟူသော ခံယူချက်ဖြင့်သာ စိပ်ခဲ့ခြင်းဖြစ်ပါသည်။
အဓိဋ္ဌာန်၍ မှန်မှန်စိပ်လာရာ ထူးခြားချက်များကို အမှန်ပင်တွေ့ရသည်။ တခါသော် စာရေးသူ သည် သူငယ်ချင်းတယောက်နှင့်အတူ ဆားတောင်မှ စစ်ကိုင်းသို့ပြန်ရန် ကားစောင့်နေ၏။ ရန်အောင် မန်းကားကြီးတစင်းသည် ထိုးရောက်လာ၏။ ကားမောင်းသူက ရပ်တန့်ပေးသဖြင့် ကားပေါ်တက်ကြရာ ''ဟာ...ဆားအိတ်ပါတယ် မတင်နိုင်ဘူး။ ဆင်း-ဆင်း''ဟုဆိုကာ ကားစပယ်ရာက မောင်းချခဲ့သဖြင့် မလိုက်ရတော့ပေ။ ဆားအိတ်မှာ ကြီးလှသည်မဟုတ်ပါ။ လေးငါးခြောက်ပိဿာမျှသာ ရှိပါလိမ့်မည်။
စာရေးသူတို့မှာ အောင့်သက်သက်နှင့် နောက်ကားအလာကို စောင့်ကြရပြန်ပါ၏။ နောက်မှ ရောက်လာသည့်ကားက ရှောရှောရှူရှူတင်သဖြင့် စစ်ကိုင်းဘက်သို့ လိုက်ပါခွင့်ရခဲ့ကြ၏။ စစ်ကိုင်းမြို့ အဝင် ရွာထောင်စစ်တပ်အနီးသို့ ရောက်လာသောအခါ အံ့သြထိတ်လန့်ဘွယ် မြင်ကွင်းတရပ်ကို တွေ့ကြရပါတော့သည်။ ရန်အောင် မန်းကားကြီးတစင်းသည် လမ်းဘေးရှိ ကုက္ကိုပင်ကြီးတပင်ကို ဝင်၍ ''အောင်း''ထားခြင်းပင်တည်း။ ကုက္ကိုပင်ကြီးကို အရှိန်အဟုတ်ပြင်းစွာဖြင့် ဝင်၍ဆောင့်ထားသည်ဖြစ်ရာ ကား၏ခေါင်းပိုင်းသည် ရှုံ့တွစုတ်ပြတ် နေလေ၏။ စာရေးသူသည် မှတ်မှတ်ရရပင် ကား၏နံပတ်ကို လှမ်းကြည့်လိုက်ရာ စာရေးသူတို့ကို ရိုင်းပြစွာ နှင်ချထားခဲ့သည့်ကားကြီးဖြစ်နေလေသတည်း။
တခါကမူ စာရေးသူသည် ဝက်လက်မြို့နယ် ဝက်တက်ရွဲရွာကလေးသို့ တရားသွားရောက်ဟော ရသည်။ ညတရားဟောပြီး နောက်တနေ့နံနက်ပါ ဆက်၍ ဟောပေးပါရန် လျှောက်ထားသဖြင့် နံနက် ၁ဝ-နာရီလောက်မှ ပြန်လာခွင့်ရခဲ့သည်။ ဝက်လက်မှ လှတော၊ လှတောမှ စစ်ကိုင်းသို့ ကားအဆင့်ဆင့်စီး၍ ပြန်ရမည်ဖြစ်လေသည်။ ဝက်လက်နှင့်လှတော ကားလမ်းမှာလည်း ကြမ်းတမ်းလှသည်ဖြစ်ရာ၊ ပြောရပါလျှင် အုတ်ခဲ့မျိုသွားတောင် အစာကြေနိုင်သည့် လမ်းမျိုး ဖြစ်ပါသည်။ လှတောလမ်းကိုတွေးလျက် ကျောချမ်းလျက်ရှိပါ၏။
မီးရထားဖြင့် လိုက်သွားရန်ကား အချိန်မဟုတ်၊ နံနက်စောစော ၄-နာရီခန့်ကပင် မြစ်ကြီးနား ရထားသည် မန္တလေးဘက်ဆီသို့ ခုတ်မောင်းသွားပြီ ဖြစ်ပါ၏။ စာရေးသူ၏စိတ်ထဲတွင် ''ယခုအချိန်များ ကုန်တွဲသစ်တွဲများဆွဲသည့် ကြားရထားတစင်းစင်းလာခဲ့သော် ကောင်းလေစွ''ဟု အကြံဖြစ်မိသည်။ ဆရာကြီးပေးသည့် ပုတီးစိပ်နည်းကိုလည်း နှုတ်မှတီးတိုးရွတ်လျက် ဝက်လက်မြို့တွင်းသို့ ဝင်ရောက်ခဲ့ သည်။ ရုံးနှင့်ရဲဌာနအနီးမှဖြတ်၍လျှောက်လာရာ မီးရထားသံလမ်းသို့ပင် ချဉ်းကပ်မိပြီဖြစ်၏။
ထိုစဉ် မြောက်စူးစူးအရပ်မှ တဂျုံးဂျုံးအော်သံပေးလျှက် ကြားရထားကြီးတစင်းသည် ပြေးဝင်လာ လေတော့၏။ အထိန်းရအသိမ်းရခက်သည့် ကျွဲနက်ကြီးတကောင်ပမာ တရှူးရှူးတရှဲရှဲဖြင့် ဘူတာရုံ အတွင်းသို့ ထိုးဆိုက်လာလေတော့သည်။ စာရေးသူ့ရင်တွင် ကြည်နူးမှု၊ အံ့သြမှုတို့သည် ရောထွေး သွားကြလေသည်။ မိမိ၏စိတ်အလိုဆန္ဒအတိုင်းပင် ဖြစ်ပေါ်လာသဖြင့် ဆရာကြီးပြောသည့် ''မနောပေါက်သည်''ဆိုသည်မှာ ဒါများပင်လောဟု မယုံတဝက်ယုံတဝက်ဖြင့် မတင်မကျပင် လက်ခံ လိုက်မိပါသည်။ တိုက်ဆိုင်မှုဆိုသည်မှာလည်း တခါတရံ ဤသို့ပင် ဖြစ်နိုင်သေးသည် မဟုတ်ပါလော။
စဥ့်ကူမြို့နယ် ခမ်းပါးရွာလေးသို့ ရောက်ရှိသွားသောအခါတွင်ကား စမ်းသပ်ကြည့်ရန် အခွင့်ကြုံခဲ့သည်။ ရင်းနှီးသော သူငယ်ချင်းမိတ်ဆွေ ရဟန်းတော်လေးတပါးက ပင့်သွားသဖြင့် အလှူပွဲ တခုတွင် ညတရားဟောရသည်။ ဒါနနှင့်စပ်၍သိုင်းသိုင်း ဝိုင်းဝိုင်းချဲ့ထွင်လျက် ''အကိတ္တိဇာတ်''ကို ဟော ပါသည်။ အလှူကလည်း ရိုးရိုးလှူရန်အပြင် အပိုမဲများဖောက်၍ လှူဒါန်းရန်စီစဉ်ထားသည်။ ညတရား ဟောပြီးသောအခါ စာရေးသူစဉ်းစားမိသည်။ ဒါနအကျိုးတရားတို့ကို သိုင်းသိုင်းဝိုင်းဝိုင်း ဟောခဲ့သည်။ မဲဖောက်လှူသည့်အခါ ညံ့သည့်မဲများပေါက်လာလျှင် ဒါနမျိုးစေ့ ညံ့ဖျင်းရာကျ၍ အဟောနှင့်အပြော မညီဘဲ ရှက်ဖွယ်ရာဖြစ်လိမ့်မည်ဟု တွေးမိသည်။
သို့ဖြစ်၍ ဤတကြိမ်တွင် ''မနောပေါက်သည်''ဟူသော ပုတီးစိပ်နည်းကို စမ်းကြည့်ဦးမည်ဟု အကြံဖြစ်လာသည်။ ထို့ကြောင့် သက်စေ့အဓိဋ္ဌာန်၍ ပုတီးစိပ်သည်၊ မဲကောင်းပေါက်ရန် ဆန္ဒပြုလိုက် ပါသည်။ မဲဖောက်လှူဒါန်း သည့်အခါတွင် အမှန်ပင်နံပါတ်တစ်က ထွက်လာပါသည်။ နံပါတ်တစ်မဲကား ဝတ္ထုငွေ ၁ဝဝ-ကျပ်ဖြစ်သတည်း။ သည်တချီတွင်ကား ကိုယ်တွေ့ကြုံ ယုံရပြီဟု ဆိုရပေတော့၏။
အလားတူပင် ပုဂံသို့ ဘုရားဖူးသွားရတော့မည်ဆိုလျှင် အိပ်မက်ထဲတွင်ကြိုတင်၍ ပုဂံသို့ရောက်ရှိ နေခြင်း၊ အင်းလေးသို့ သွားရတော့မည်ဆိုလျှင် အိပ်မက်ထဲ၌ အင်းလေးသို့ အကြိမ်ကြိမ်ရောက်ရှိ နေခြင်းစသော အခြားအံ့သြဘွယ်ရာ တို့ကိုလည်း ကြုံတွေ့ရပါသည်။ ရှေးဖြစ်မည့် အတိတ်နိမိတ်များကို ကြိုတင်၍သိမြင်နှင့်သည်။ စာရှည်လျားမည်ဖြစ်၍ အကျယ်မရေးတော့ပါ၊ ဆရာကြီးပေးသည့် ပုတီးစိပ်နည်းမှာ---
''ဣတိပိ သော ဘဂဝါ အရဟံ၊
အရဟံ ဝတ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
အရဟံ မေ သုခံ ဒေတု၊
အရဟံ မေ သီသေ တိဋ္ဌတု'' ဖြစ်ပါသည်။
၆-ပုဒ်လုံးဆုံးမှ ပုတီးစေ့တလုံးချရန်ဖြစ်သည်။ မိမိစိတ် မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်၍ စိပ်ရ ပါမည်။ ပုတီးစေ့လေးများကို တလုံးပြီးတလုံး လှိမ့်ချလျက် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ရွတ်ပွားခြင်း သည် သမထပွားခြင်း တမျိုးပင် ဖြစ်သည်ဟု အထက်၌ဆိုခဲ့ပြီ။ သမထတရား ဝိပဿနာတရား တို့မည်သည် အဟောလွယ် အပြောလွယ် အရေးလွယ်သလောက် တကယ်အကျင့်ခက်လှသည်။ ထို့ကြောင့် အချိန်မှန်မှန်ထား၍ သမာဓိအား ကောင်းလာအောင် ရွတ်ပွားဘို့ကား မလွယ်ကူလှပေ။ သမာဓိအား သန်သန်ဖြင့် အချိန်မှန်ထား၍ ကြီုးစားပွားများ အားထုတ်သွားပါက မနောပေါက်ရုံမျှမက ''စေတလုံးပိုင် တန်ခိုးရှင်''ကဲ့သို့ အရာရာ သိဒ္ဓိပြီးမြောက်၍ အမှန်ပင် ခရီးရောက်လိမ့်မည် ဖြစ်ပါသည်။

အရှင်မဟောသဓပဏ္ဍိတ
၁၃၃၈ ခုနှစ်၊ ၀ါဆိုလဆန်း (၈) ရက်

Read more...

Our Real Home (Part 1) - အိမ်အစစ် (အပိုင်း ၁)


ကွယ်လွန်ခါနီး သက်ကြီးရွယ်အို တစ်ဦးသို့ ဟောကြားချက်
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

ရိုရိုသေသေ လေးလေးစားစား တရားနာမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါ။ ဘုန်းကြီး တရားဟောနေတဲ့ အချိန်မှာ ဘုရားရှင် ကိုယ်တော်တိုင် ရှေ့မှာ လာထိုင်နေသလို သဘောထားပြီး ဘုန်းကြီးရဲ့ စကားလုံးတွေကို နားစိုက်ထောင်ပါ။ မျက်စိတွေ ပိတ်ထားပါ။ သက်တောင့်သက်သာ ရှိနေပါစေ။ စိတ်ကို စုစည်းပါ။ စိတ် တည်ငြိမ်နေပါစေ။ သဗ္ဗညုတ ဉာဏ်တော်ရှင် မြတ်စွာဘုရားကို ရိုသေလေးစားတဲ့ အနေနဲ့ ပညာ, သစ္စာနဲ့ ၀ိသုဒ္ဓိ ရတနာ သုံးမျိုးကို နှလုံးအိမ်မှာ တည်ရှိခွင့် ပေးလိုက်ပါ။

ဒီနေ့ ပေးဖို့ကမ်းဖို့ ဘာရုပ်ဝတ္ထုပစ္စည်းကိုမှ ဘုန်းကြီးတို့ ယူမလာပါဘူး။ ဓမ္မပဲ ယူလာခဲ့ပါတယ်။ ဘုရားတရားတော်တွေပဲ ယူလာခဲ့ပါတယ်။ ကောင်းကောင်း နားစိုက်နာယူပါ။ ပါရမီတော်တွေ ထုံးမွှမ်းထားတော်မူတဲ့ ဘုရားရှင် ကိုယ်တော်တိုင်တောင်မှ ခန္ဓပရိနိဗ္ဗာန်ကို ရှောင်လွှဲတော် မမူနိုင်ခဲ့တာ နားလည်းထားသင့် ပါတယ်။ ကိုယ်တော်မြတ်ဟာ အသက်အရွယ် ကြီးရင့်တဲ့ အခါမှာ ခန္ဓာဝန် ချတော်မူခဲ့ပါတယ်။ လေးလံတဲ့ ၀န်ထုပ်ကို ပစ်ချတော် မူခဲ့ပါတယ်။ အခု ဒကာဒကာမတို့လည်း ခန္ဓာကိုယ်အပေါ် မှီခိုရတဲ့ နှစ်တွေ များခဲ့ပြီဆိုတဲ့ အချက်ကို ကျေကျေနပ်နပ် လက်ခံဖို့အတွက် ကြားနာသင်ယူကြရပါမယ်။ အဲဒါ လုံလောက်ပြီလို့ ခံယူသင့်ပါတယ်။

ခန္ဓာကိုယ်ကို အချိန်အကြာကြီး အသုံးပြုခဲ့ပြီးဖြစ်တဲ့ ပုဂံခွက်ယောက်စတဲ့ အိမ်ထောင်ပရိဘောဂတွေနဲ့ နှိုင်းစာနိုင်ပါတယ်။ အဲဒီ ပစ္စည်းပစ္စယတွေဟာ အစက သန့်ရှင်း တောက်ပြောင်နေခဲ့တယ်။ ဒါပေမယ့် အချိန်တော်ကြာအောင် အသုံးပြုပြီးတဲ့နောက်မှာတော့ ပျက်စီးယိုယွင်းစ ပြုလာပါတယ်။ တစ်ချို့ ကွဲပျက်သွားပါပြီ။ တစ်ချို့ ပျောက်ရှသွားပါပြီ။ မပျောက်မပျက် ကျန်ခဲ့တာတွေလည်း ယိုယွင်းလာပါပြီ။ ခိုင်မာသပ်ရပ်မှု မရှိတော့ပါဘူး။ ဒီလို ဖြစ်ရတာဟာ သူတို့ရဲ့ သဘာဝပါပဲ။ ကိုယ့်ခန္ဓာလည်း ဒီသဘောပါပဲ။ မွေးဖွားခဲ့တဲ့ နေ့ကစပြီး လူငယ်ဘ၀, လူရွယ်လူလတ်ဘ၀ကနေ အခုလို အိုမင်းတဲ့ အသက်အရွယ်အထိ ဘ၀တစ်လျှောက်လုံး အဆက်မပြတ် ပြောင်းလဲ လာခဲ့ပါတယ်။ အဲဒီသဘာဝကို လက်ခံရပါမယ်။ အဇ္ဈတ္တတရား, ခန္ဓာကိုယ်ထဲကတရားပဲဖြစ်ဖြစ်, ဒါမှမဟုတ် ခန္ဓာပြင်ပက တရားပဲဖြစ်ဖြစ် ပြုပြင်စီမံပေးရတဲ့ (သင်္ခါရ)တရားတွေမှာ အတ္တ၀ိဥာဉ် မရှိပါဘူး။ သင်္ခါရတရားတို့ရဲ့ သဘာဝဟာ ပြောင်းလဲခြင်းသာ ဖြစ်ပါတယ်။ ဒီအမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အထိ ဆင်ခြင်သုံးသပ်ပါ။

ဟောဒီ ယိုယွင်းနေတဲ့ အသားစု အသားစိုင်ဟာ သစ္စာဓမ္မ ဖြစ်ပါတယ်။ အမှန်တရားပါပဲ။ ဒီခန္ဓာကိုယ်မှာ ရှိနေတဲ့ အမှန်တရားဟာ သစ္စာဓမ္မ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မပြောင်းလဲတဲ့ သွန်သင်ဟောကြားချက်လည်း ဖြစ်ပါတယ်။ ဘုရားရှင်က ခန္ဓာကိုယ်ကိုကြည့်ဖို့, ခန္ဓာကိုယ် စူးစိုက်ရှုမှတ်ဖို့, ခန္ဓာရဲ့ သဘောမှန်နဲ့ အသားကျနေဖို့ ဟောကြား ဆုံးမတော်မူခဲ့ပါတယ်။ ခန္ဓာမှာ ဘယ်လို ခြေအနေတွေ ရှိနေရှိနေ ခန္ဓာနဲ့ ပတ်သက်လို့ သက်တောင့်သက်သာပဲ ရှိနေနိုင်ရမယ်။ ရုပ်ခန္ဓာဟာ လှောင်ပိတ် အကျဉ်းချ ခံနေရတယ်၊ နာမ်ခန္ဓာကိုတော့ ရုပ်ခန္ဓာနဲ့အတူ အကျဉ်းချ မခံစေရဘူးလို့ သေချာသိမှတ် ဆုံးဖြတ်နိုင်ဖို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ ကဲ ဟုတ်ပြီ။ အသက်အရွယ်နဲ့အတူ ရုပ်ခန္ဓာ ဆုတ်ယုတ်ယိုယွင်း လာတဲ့အခါမှာ အဲဒီ ဆုတ်ယုတ်ယိုယွင်းမှုကို မတွန်းလှန်ပါနဲ့။ ဒါပေမယ့် စိတ်ကိုတော့ ရုပ်နဲ့အတူ ကျဆုံးပျက်စီး မသွားပါစေနဲ့။ စိတ်ကို သီးသန့်ထားပါ။ သင်္ခါရတရားတို့ရဲ့ ဓမ္မတာလမ်းကြောင်းဖြစ်တဲ့ အမှန်တရားကို သိမြင်နားလည်းခြင်းအားဖြင့် စိတ်ဓာတ်စွမ်းအင် မြှင့်တင်ပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝပဲ၊ တစ်ခြားနည်းလမ်းနဲ့ မပြောင်းလဲနိုင်ဘူး။ မွေးဖွားပြီးရင် အိုမင်းရမယ်၊ နာဖျားရမယ်၊ နောက်ပြီး သေဆုံးရအုံးမယ်ဆိုတာ ဘုရားရှင် ဟောတော်မူခဲ့တဲ့ တရားတော်ပါပဲ။ ဒါဟာ ကြုံတွေ့နေရတဲ့ တကယ့် အမှန်တရားကြီးပါပဲ။ ခန္ဓာကို ပညာနဲ့ ကြည့်ပါ။ သဘောပေါက် နားလည်ပါ။

တကယ်လို့ ကိုယ့်အိမ်က ရေလွှမ်း ခံရတယ်, ပြာကျသွားအောင် မီးလောင်ခံရတယ် ဆိုရင်တောင်မှ၊ ဘယ်လိုခြိမ်းခြောက်မှု အန္တရာယ်နဲ့ပဲ ကြုံရကြုံရ အိမ်ကို အိမ်လို့ပဲ သဘောထားလိုက်ပါ။ ရေလွှမ်းမိုးမှု ဖြစ်လာပြီဆိုရင် အတွေးထဲမှာ ရေ၀င်မလာပါစေနဲ့။ မီးလောင်မှု ဖြစ်ပွားပြီဆိုရင် နှလုံးသားကို မီးမစွဲပါစေနဲ့။ ရေလွှမ်းခံရတဲ့အိမ်, မီးလောင်ခံရတဲ့အိမ်, ကိုယ့်ခန္ဓာရဲ့ အပြင်ဘက်မှာ ရှိနေတဲ့အိမ်ကို အိမ်လို့ပဲ သဘောထားလိုက်ပါ။ စိတ်ကို တွယ်တာစရာတွေကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါ။ အချိန်တန်ပါပြီ။

အချိန် အကြာကြီး ရှင်သန်ခဲ့ပြီးပါပြီ။ အဆင်းမျိုးစုံ အသွင်မျိုးစုံကို ကိုယ့်မျက်စိနဲ့ မြင်ပြီးခဲ့ပါပြီ။ အသံမျိုးစုံကို ကိုယ့်နားနဲ့ ကြားပြီးခဲ့ပါပြီ။ အတွေ့အကြုံတွေ အများကြီး ရပြီးခဲ့ပါပြီ။ အားလုံးဟာ အတွေ့အကြုံတွေသာ ဖြစ်ပါတယ်။ အရသာရှိတဲ့ အစာတွေ စားပြီးခဲ့ပါပြီ။ ကောင်းတဲ့အရသာ အားလုံးဟာ ကောင်းတဲ့အရသာတွေသာ ဖြစ်ပါတယ်။ ဒါထက်မပိုပါဘူး။ မလိုလားအပ်တဲ့ အရသာတွေဟာ မလိုလားအပ်တဲ့ အရသာတွေသာ ဖြစ်ပါတယ်။ ဒါပါပဲ။ မျက်စိက အဆင်းလှလှကို မြင်ရရင်လည်း ဒါပါပဲ။ လှပတဲ့ အဆင်းပါပဲ။ မလှပတဲ့ အဆင်းဟာလည်း မလှပတဲ့ အဆင်းသာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဂီတသံချိုချိုကို နားနဲ့ကြားတယ်။ အသံဆိုတာထက် မပိုပါဘူး။ နားကလောစရာ သံစဉ်မညီတဲ့ အသံလည်း ဒါပါပဲ။ ရှင်းရှင်းလေးပါ။

ဆင်းရဲသည်ဖြစ်စေ, ချမ်းသာသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ, အိုမင်းသည်ဖြစ်စေ၊ လူဖြစ်စေ, တိရစ္ဆာန်ဖြစ်စေ ကမ္ဘာမှာရှိတဲ့ ဘယ်သတ္တ၀ါမှ အခြေအနေ တစ်ခုတည်းမှာ ကြာရှည် တည်မနေနိုင်ပါဘူး၊ တွေ့ကြုံရတဲ့ အရာမှန်သမျှ ပြောင်းလဲရမယ်, ကွေကွင်းရမယ်လို့ ဗုဒ္ဓရှင်တော် မိန့်မြွှက်ခဲ့ပါတယ်။ ဒါဟာ ပြုပြင်ပြောင်လဲလို့ မရတဲ့ ဘ၀အမှန်တရားပါပဲ။ ကိုယ်တကယ် လုပ်နိုင်တာက လူပုဂ္ဂိုလ်သတ္တ၀ါဆိုတာ မရှိတဲ့အကြောင်း ဘယ်အရာမှ ‘ငါ’, ‘ငါ့ဥစ္စာ’ မဟုတ်တဲ့အကြောင်း သိနိုင်ဖို့ ရုပ်နဲ့နာမ်ကို စူးစိုက်ရှုမှတ်ရုံ ရှိတာပဲလို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ တွေ့ကြုံရတာတွေဟာ အခိုက်အတန့်သာ မှန်ကန်ပါတယ်။ အမည်သညာအားဖြင့်သာ ကိုယ့်အိမ်လို့ ဆိုရတဲ့, ကိုယ်သွားလေရာ ယူဆောင်မသွားနိုင်တဲ့ အိမ်နဲ့ တူပါတယ်။ ကိုယ့်စည်းစိမ်, ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း, ကိုယ့်မိသားစုတွေလည်း အတူတူပါပဲ။ ကိုယ့်ပစ္စည်းဆိုပေမယ့် ကိုယ်မပိုင်ပါဘူး။ သဘာဝတရားက ပိုင်ပါတယ်။ ဒီအမှန်တရားဟာ ကိုယ်တစ်ယောက်တည်းအတွက်သာ မဟုတ်ပါဘူး။ လူတိုင်းအတွက် ဒီလိုပါပဲ။ ဘုရားရှင်နဲ့ သူ့ရဲ့ အရိယာသာဝကတွေ အတွက်လည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ မတူတာက သူတို့ရဲ့ ရှုမြင်ပုံသာ ဖြစ်ပါတယ်။ သင်္ခါရတရားတို့ရဲ့ ဖြစ်ပျက်ပုံနည်းလမ်းကို သူတို့ လက်ခံယူဆပုံက ထူးခြားပါတယ်။ သူတို့မြင်ပုံက အရာရာကို ကိုယ်မပိုင် ဆိုတာထက် တစ်ခြားမပိုဘူးတဲ့။ ဒါ့ကြောင့် ဘုရားရှင်က ခြေဖျားကနေ ဦးခေါင်းအဆုံးအထိ, တစ်ခါ ဦးခေါင်းကနေ ခြေဖျားအထိ ဒီခန္ဓာကိုယ်ကို သုံးသပ်စစ်ဆေးဖို့ မိန့်မြွှက်တော်မူခဲ့ပါတယ်။ ခန္ဓာကိုယ်ကို ကြည့်လိုက်စမ်းပါ။ ဘာတွေ တွေ့ရသလဲ။ တကယ် စင်ကြယ်သန့်ရှင်းတဲ့အရာ ရှိပါသလား။ တည်တံ့ခိုင်မြဲတဲ့ အနှစ်သာရ တွေ့ရပါသလား။ ခန္ဓာကိုယ် တစ်ခုလုံးဟာ အစဉ်မပြတ် တန်ဖိုး လျော့ကျလျော့ကျလို့ နေပါတယ်။ ခန္ဓာကိုယ်ကို ကိုယ်မပိုင်ဘူးလို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝပါပဲ။ ဘာကြောင့်လဲဆိုတော့ သင်္ခါရတရား အားလုံးဟာ ဖြစ်ပျက်ပြောင်းလဲ နေရလို့ပါပဲ။ ခန္ဓာကိုယ်ကို တစ်ခြား ဘယ်လိုနည်းလမ်းနဲ့ ဘာများလုပ်နိုင်ပါသလဲ။ ခန္ဓာကိုယ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ လမ်းစဉ်မှာ မှားယွင်းမှု တစ်စုံတစ်ရာ မရှိပါဘူး။ ခန္ဓာကိုယ်က ကိုယ့်ကို ဆင်းရဲအောင်လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အထင်မှားမှုက ကိုယ့်ကို ဆင်းရဲအောင် လုပ်တာပါ။ အမှန်တရားကို အမှားမှား အယွင်းယွင်း ရှုမြင်သုံးသပ်လိုက်ပြီဆိုရင် မှားယွင်းရှုပ်ထွေးဖို့ သေချာနေပါပြီ။

ခန္ဓာ့သဘာဝဟာ မြစ်ရေလိုပါပဲ။ မြစ်သဘာဝဟာ စုန်မြောစီးဆင်းပါတယ်၊ ဆန်တက် စီးဆင်းတယ်လို့ မရှိပါဘူး။ ဒါဟာ သူ့သဘာဝပဲ။ တစ်ဦးတစ်ယောက်က မြစ်ကမ်းမှာ သွားရပ်, ပုံမှန် လမ်းကြောင်းအတိုင်း အလျဉ်အမြန် စီးဆင်းနေတဲ့ မြစ်ရေကို ကြည့်ပြီး ရူးရူးမိုက်မိုက်နဲ့ မြစ်ရေ ဆန်တက်စေချင် နေတယ်ဆိုရင် သူပဲ ကြေကွဲ ခံစားရပါလိမ့်မယ်။ သူဘာပဲလုပ်လုပ် သူ့ရဲ့သဘောထား မှားယွင်းမှုကြောင့် သူ စိတ်ငြိမ်းချမ်းမှု မရနိုင်ပါဘူး။ သဘာဝရေစီးကို ဆန့်ကျင်တဲ့အတွေး, သူ့ရဲ့ အမြင်မှားမှုကြောင့် သူမပျော်ရွှင်နိုင်ပါဘူး။ သူ့မှာ မှန်ကန်တဲ့အမြင် ရှိမယ်ဆိုရင် ရေဆိုတာ မလွှဲသာ မရှောင်သာ နိမ့်ရာကိုသာ စုန်မြောစီးဆင်းရတယ်လို့ သူ နားလည်ပါလိမ့်မယ်။ အဲဒီ အချက်ကို သဘောမပေါက်သေးသမျှ သူ စိတ်ဆင်းရဲရပါလိမ့်မယ်။ စိတ်မကျေမချမ်း ဖြစ်ရပါလိမ့်မယ်။

နိမ့်ရာစီးဆင်းရတဲ့ မြစ်ဟာ ကိုယ်ခန္ဓာနဲ့ တူပါတယ်။ ခန္ဓာကိုယ်ဟာ နုပျိုပြီးတဲ့နောက် အိုမင်းလာခဲ့ပါပြီ။ အသေဘက် ဦးတည်နေပါပြီ။ ခန္ဓာ့သဘာဝနဲ့ ဆန့်ကျင်ပြီး မမျှော်လင့်ပါနဲ့။ ကိုယ့်မှာ ဒီပြဿနာကို ပြေလည်စေနိုင်တဲ့ စွမ်းအင် မရှိပါဘူး။ သင်္ခါရတရားတို့ရဲ့ ဖြစ်ပုံပျက်ပုံ နည်းလမ်းကို သိမြင်ဖို့, သူတို့အပေါ် တွယ်တာမှုကို ဖယ်ရှားပစ်ဖို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သဘာဝအတိုင်း လက်ခံခြင်းဟာ ကိုယ့်ရဲ့ ခိုးကိုးရာပါပဲ။

ဆရာတော် အဂျန်ချား၏ ဟောကြားချက်ကို ဘာသာပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Original message (Our Real Home) is available at
www.accesstoinsight.org/lib/thai/chah/bl111.html

ရှင်အာစာရ

Picture from (Jan 21, 2011):
http://www.freesangha.com/forums/index.php?topic=2161.0

Read more...

"Brief Biography Of The Buddha"

Biography of a greatest man, the Blessed One

On the full moon day of May, in the year 623 B.C., a noble prince destined to be the greatest religious teacher of the world was born in the Lumbini Park at Kapilavatthu, on the Indian borders of present Nepal. His father was King Suddhodana of the aristocratic Sakkya clan and his mother was Queen Mahā Māyā.
He was conceived the womb of Queen Mahāmāyā in the year 624 B.C and was born in 623 B.C. as soon as he was born, he began to walk seven steps forward by proclaiming as follows:
“I am the chief in the world,
No one is equal to me in the world,
I am supreme,
this birth is the last for me and there wouldn’t be birth anymore.
Aggo hamassami lokassa,
Jettho hamassami lokassa,
Settho hamassami lokassa,
Aya mantima jāti,
Natthi dāti punabhavo.”
and under the each and every steps, lotus flowers appeared on the ground. He was called Siddhartha. Siddhartha means “one who has accomplished his aim.” Two days after the prince was named, his mother, Queen Māyā died. So, he was raised by his foster mother, Maya’s sister Mahāprājapatigotamī who was the step mother of him.
Under the careful eye of his step mother, Mahāpajāpatigotamī, he gradually grew up. Siddhartha was very handsome and healthy and started to learn in the skills of composition, archery, reading, philosophy, Math and so on from all kinds of masters at the age of eight years old. At the early age of sixteen, he married his beautiful cousin of equal age, Princess Yasodhayā. He lived with Princess Yasodhayā, who gave birth to a son named Rāhula, happily and comfortable life for three years.
On that very day Princess Yasodhayā gave birth to a son, in 594 B.C, he left from palace at the age of 29 and practiced torturing the body (dukkaracariyā) for six long years and gained enlightenment under the Bodhi tree, the tree of knowledge or the tree of wisdom, at the age of 35 in 588 B.C.
The method in which he practiced and followed was Middle Way, Eightfold Noble Path. The Buddha expounded the first discourse Dhammacakkapavattana sutta to five ascetics in the Deer Park which located near the Bārāṇasī city in 588 B.C. thereafter; He continued to teach second Sutta, Anattalakkhaṇasutta to the same five ascetics.
In certainly six months, having gained enlightenment and became the Buddha, he started his missionary, at the time, there were sixty Arahants[1] excluding himself, by admonishing and encouraging to his sixty disciples thus....
caratha bhikkha cārikam bahujanahitāya bahujanasukhāya lokānukampāya atthāya hitāya sukhāya devamanussānaṁ.
Go forth and preach the Dhamma,
two monks should not go together in the same way for the well-beings of gods and men,
for the happiness of others,
you must have sympathy,
loving-kindness, compassion to all beings and
guide and correct them to a respectable and peaceful lives.”
Surely, the Buddha started missionary in 588 B.C. After that he expounded his teaching on Eightfold Noble Path to living beings for 45 years for the good of the many, for the happiness of the many, out of immense compassion for the world, for the benefit and happiness of gods and men. His teaching is Anatta-non-soul. Then, he passed away at Lunbhinī garden at the age of 80 in 543 B.C.
(ဥယျာဉ်မှူးလေး)


[1] Those who have completely purified their mind by eradicating and destroying all defilements were called Arahants.

Read more...

Saturday Night Zen! March 19th!

21/01/2011
by Marcus

The Bangkok Seon Club

The next meeting of the Bangkok English-language Seon (Zen) Club will be on March the 19th at 7 to 9pm sharp.
-
As usual, the group will be led by our resident sunim in a short period of meditation and then Dharma discussion around the book ’No River to Cross’ by Zen Master Daehaeng Sunim. And we usually go to a nearby ice-cream place afterwards! All welcome!
-
(But don’t forget the one-day workshop on February 19th first!
———————————-
General information is as follows:
Bangkok Seon Club

The Bangkok Seon Club is an English-language Zen group that meets monthly at the Bangkok Hanmaum Seonwon (One-mind Zen Centre) near Ekamai BTS (map and directions below) to share experiences and study Korean Zen in general, and the teachings of Zen Master Daehaeng Kunsunim in particular.

Meetings are open to all comers interested in Korean Zen, whatever your background in Buddhism or meditation.

Background:

Daehaeng Sunim The Bangkok Hanmaum Seon Center is an overseas branch of Hanmaum Seonwon, established by Seon Master Daehaeng Kunsunim (a female Seon master widely respected throughout Korea) in 1972, and part of the Jogye Order of Korean Buddhism – the largest Buddhist Order in Korea with a history stretching back over 1,200 years.

‘Seon’ by the way, is the Korean word for ‘Zen’, and Master Daehaeng’s teaching is to realize and awaken to our inherent nature, also called Buddha-nature, inherent mind, or Juingong.

Daehaeng Kun Sunim teaches people to

Believe in your foundation, Juingong, and entrust it with everything that confronts you. Then go forward while observing and experimenting with what you experience.

The Bangkok branch of Hanmaum Seonwon was established ten years ago and serves the spiritual needs of Korean residents and visitors in the city. It is very much a centre of the Korean Buddhist community, and many families attend regularly with children of all ages.

The founder does not reside at this branch temple, but it is run by two resident female sunims (monks) who arrange regular ceremonies and teachings.

Our meetings are led by the senior resident Sunim Kun Hyaedan Sunim, who has been ordained for many years, and regular attendees include English-speaking members of the Seon Centre, who kindly and skillfully help with translation, and a number of non-Koreans interested in, and practicing, Seon Buddhism.

A regularly updated group blog written by an American monk in the Hanmaum lineage and four other western Buddhists can be found here: http://wakeupandlaugh.wordpress.com

And an essay specifically on the Bangkok Seon Club with some good pictures can be found on the ‘Wake Up and Laugh’ blog from June 2010, here: http://wakeupandlaugh.wordpress.com/2010/06/10/the-bangkok-seon-club/

Meditation

This Korean lineage differs somewhat from the more well known Japanese Zen schools in meditation style. One surrenders to ones own Buddha-nature (Juingong), a giving up of the self to the natural flow of Dhamma and wisdom. Instructions are given for the formal sitting period at the start of each meeting, so please arrive before time so as not to disturb the sitting.

A few points to note:

  • Please try to arrive in plenty of time as the meetings start with a short meditation, and we try to finish at 9pm sharp too.
  • There are no bare feet in Korean temples, it would be much appreciated if those wishing to come will remember to bring socks!
  • It is a good idea to buy a copy of the book we are studying, ‘No River to Cross’, if you intend to attend regularly. Copies are available at the centre.
  • This is a good chance here in Bangkok to study in a Zen Buddhist temple with fully ordained Zen monks in a close and supportive practice group. See you on Saturday!

Location:

The Bangkok Hanmaum Seon Centre
86-1 Soi 4 Sukhumvit 63
BTS Ekamai Station – Exit 1

Take Exit 1 from Ekamai Station, and go down Ekamai Road (aka Sukhumvit 63). Turn right along Soi 4 and go to the end. Turning left you will see the Centre on your right a few meters along.

A motorcycle from Ekamai can also take you there cheaply. Ask for the ‘Wat Gao-lii’ (Korean temple).

Click map for a lager version:

Korean-Temple

Read more...

ဘ၀အတွက် အဆီအနှစ် “ပေါယနေ့”





မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က လေးဆယ့်ငါးနှစ်တိုင် ဟောကြားသင်ပြခဲ့သော တရားတော်များနှင့် သင်ကြားချက်များကို ယနေ့တိုင်သင်္ဂါယနာတင် ထိမ်းသိမ်းပြီး လိုက်နာကျင့်ကြံနေကြသည့်သူများကို ထေရာ ၀ါဒဗုဒ္ဓဘာသာဟု ခေါ်ပါသည်၊၊ ထေရာဝါဒဗုဒ္ဓဘာသာသည် ယ္ခုအခါ တကမ္ဘာလုံးသို့ ပြန့်နှံ့နေပြီ ဖြစ်သည်၊၊

ထေရာဝါဒနိုင်ငံခြင်း၊ လက်ခံသည့် ပိဋကတ်စာပေခြင်းတူသော်လည်း ဒေသအလိုက် နိုင်ငံအလိုက် ဘာသာ ရေး လက်ခံကျင့်သုံးပုံများ၊ ဘာသာရေးပွဲတော်များကျင်းပပုံများမှာ တနိုင်ငံနှင့်တနိုင်ငံအနည်း ငယ်ကွဲပြား သည်ကို တွေ့ရသည်၊၊ သီရိလင်္ကာနိုင်ငံသည် ထေရာဝါဒနိုင်ငံများထဲတွင် ကမ္ဘာသို့ပိဋကတ်စာပေ ဖြန်ဖြူးရာ၌ အား အကောင်းဆုံးနိုင်ငံဖြစ်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ ပါဠိစာပေကို သီရိလင်္ကာသားတို့ သင်ယူသောအခါ အင်္ဂလိပ်ဘာသာဖြင့် သင်ယူကြသည်က အကြောင်းတခုအဖြစ် ပါဝင်ပါသည်၊၊ နောင်တဖန် သီရိလင်္ကာသားတို့ ပါဠိစာပေသင်ယူသောအခါ ဘာသာရေးရှုထောင့် သက်သက်ကနေကြည့်ပြီး မလေ့လာဘဲ၊ ရှုဒေါင့်ပေါင်းစုံ ကနေကြည့်ပြီး လေ့လာသင် ယူကြသည်ကလည်း အခြားအကြောင်းတခု ဖြစ်ပါသည်၊၊

ထိုအကြောင်းများကြောင့် သီရိလင်္ကာသားတို့၏ ပါဠိစာပေတတ်ကျွမ်းမှုမှာ ဘာသာရေးစာ၊ ဘာသာရေးအသိ ပညာသက်သက်မဟုက်တော့ဘဲ ကမ္ဘာ့အသုံးချစာပေအဆင့်သို့ ရောက်သည်ဟု အရှင် ထင်မြင်မိပါသည်၊၊ သီရိလင်္ကာပါဠိပညာရှင်များထံတွင် အရှင်တို့သင်ယူခဲ့ရသည့် အတွေ့အကြုံအရ ပါဠိပါမောက္ခကြီးများမှာ ပါဠိ စာပေဖြင့် မည်သည့်အကြောင်းအရာကိုမဆို အဖြေထုတ်ပေးနိုင်သည်ကို တွေ့ရသည်၊၊ ဆိုလိုသည်မှာ သိပ္ပံသ ဘောတရား အကြောင်းအရာများကိုဖြစ်စေ၊ အခြားပညာရေးနယ်၊ အတတ်ပညာနယ်ပယ်က အကြောင်းအရာ များကိုဖြစ်စေ ပါဠိစာပေဖြင့် ကောင်းကောင်းညှိပြတတ်ကြသည်ကို အံ့သြစရာတွေ့မြင်ရပါသည်၊၊

အခြားထေရာဝါဒနိုင်ငံများ၏ ပါဠိစာပေတတ်ကျွမ်းမှုမှာ ဘာသာရေးစာပေအဖြစ်ဖြင့်သာ တတ်ကျွန်းနာလည် သဘောပေါက်ကြခြင်း ဖြစ်ပါသည်၊၊ သိပ္ပံပြဿနာတရပ်ကို ပါဠိစာပေအမြင်ဖြင့်ရှင်းလင်းပြဖို့
တစုံတယောက်က တောင်းဆိုလာလျင် “ဒါတွေသည် ဒုက္ခမှလွတ်ကြောင်းမဟုက်၍” ဗုဒ္ဓမဟောခဲ့ဟူ၍ ယတိပြတ်ငြင်းပယ် တတ်သည်ကို အတွေ့အကြုံအရ သိရသည်၊၊ သီရိလင်္ကာပါဠိစာပေရှင်များမှာ ထို့သို့မဟုက်ဘဲ ပြဿနာအရပ်ရပ်ကို အဘိဓမ္မာရှုဒေါင့်၊ ၀ိယနရှုဒေါင့်၊ သုတ္တန်ရှုဒေါင့်တို့မှ နှိုင်းယှဉ်ပြီး အံ့သြဖွယ်ရှင်းလင်း ပြတတ်ကြပါသည်၊၊

ဤဆောင်းပါးတွင် သီရိလင်္ကာပြည်သူများ ပါဠိစာပေဗဟုသုတများရခြင်း၏ အကြောင်းတခုကို စာဖတ်သူများ တွေ့ရမည် ဖြစ်ပါသည်၊၊ သီရိလင်္ကာသားတို့ ဘာသာရေးအလုပ်တွင် စာပေကိုပါထည့်သွင်းပြီး သင်ယူတတ်ကြ ပုံကို တွေ့ရမှာဖြစ်ပါသည်၊၊

မြန်မာနိုင်ငံတွင် တစ်လကို လေးသီတင်းသတ်မှတ်၍ လဆန်းရှစ်ရက် ဥပုသ်နေ့၊ လပြည့်ဥပုသ်နေ့၊ လပြည့် ကျော်ရှစ်ရက် ဥပုသ်နေ့နှင့်၊ လကွယ်ဥပုသ်နေ့ဟူ၍ ဥပုသ်နေ့များသတ်မှတ်ကာ သီတင်းသီလဆောက်တည်ကြပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် ဥပုသ်နေ့အစား “ပေါယနေ့”ဟူ၍သတ်မှတ်ကာ သီလဆောက်တည် ကြပါသည်၊၊
တလလျင် ပေါယနေ့ တစ်နေ့တည်းသာရှိပါသည်၊ တနှစ်လုံးမှ ပေါယနေ့ (၁၂)ရက်သာ သတ်မှတ် ထားကြပါသည်၊၊ လစဉ် လပြည့်နေ့ကို ပေါယနေ့ဟုသတ်မှတ်ပြီး သီလဆောက်တည်ကြပါသည်၊၊

“ပေါဟောယ” ဆိုသော သီရိလင်္ကာစကားလုံးမှ “ပေါယနေ့”ဟု ဖြစ်လာသည်ဟု မှတ်သားရပါသည်၊၊
“ပေါဟောယ”ဆိုသော စကားလုံးသည်လည်း “ဥပေါသထ”ဆိုသော ပါဠိစကားလုံးမှ ဆင်းသက်လာသည်ဟု လေ့လာရပါသည်၊၊ “ဥပေါသထ”စကားလုံး၏ အဓိပ္ပါယ်မှာ မြန်မာလို”ဥပုသ်နေ့”ဟူ၍ ဖြစ်ပါသည်၊၊

"ဥပ၀သထ"ဟူသောပါဠိပုဒ်ကို (ဥပ+၀သထ)ဟုနှစ်ပုဒ်ခွဲပြီး မြန်မာဘာသာပြန်လိုက်သောအခါ “နေခြင်း”ဟူ၍ အဓိပ္ပါယ်ရပါသည်၊၊ “နေခြင်း”ဆိုရာတွင်လည်း ညနေစာစားခြင်းနှင့် အခြားသော အပျော်အပါး(ကာမဂုဏ်)တို့မှ ကင်းလွတ်ပြီး၊ တရားဓမ္မဖြင့်စိတ်နှင့်ကိုယ်ကို သီလဖြင့်ဆောက်တည်၍ နေခြင်းဟူ၍ အတိအကျ အဓိပ္ပါယ်ပြန် ဆိုရပါသည်၊၊ ဤဖွင့်ဆိုချက်အရ ဥပုသ်နေ့ဟူသည်မှာ ဓမ္မဖြင့်နေသည့်နေ့၊ တနည်း သီလဖြင့်နေသည့်နေဟူ၍ မှတ်သားရမည် ဖြစ်ပါသည်၊၊

ဤသို့ဆိုလျင် မြန်မာတို့ ဆောက်တည်သော ဥပုသ်နေ့နှင့် သီရိလင်္ကာသားတို့ ဆောက်တည်သော
ဥပုသ်နေ့မှာ ပုံစံအနည်းငယ်ကွာခြားသော်လည်း မူလအဓိပ္ပါယ် ရည်ရွယ်ချက်အားဖြင့် တူညီသည်ဟု မှတ်သားရပါ သည်၊၊ ပေါယနေ့အစဉ်အလာသည် (B.C.247)အရှင်မဟိန္ဒမထေရ် သီရိလင်္ကာသို့ သာသနာပြုရောက်သည်မှ စတင်ခဲ့သည်ဟု သိရပါသည်၊၊

လစဉ်အလိုက် ပေါယနေ့များမှာ--

(၁) မေလ(ကဆုန်လပြည့်)နေ့ကို သီရိလင်္ကာအခေါ်အားဖြင့် ဝေဆခ်-ပေါယနေ့(Wesak Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့သည် ဘုရားအလောင်းတော် ဖွားတော်မူသည့်နေ့ဖြစ်သည်၊ ဘုရားအဖြစ်သို့ ရောက်သည့်နေ့မှာလည်း ဤနေ့မှာပင်ဖြစ်သည်၊၊ ပရိနိဗ္ဗာန်ပြုသည့်နေ့မှာလည်း ဤနေ့ပင်ဖြစ်သည်၊၊ မြတ်စွာဘုရားရှင် သီရိလင်္ကာနိုင်ငံသို့ တတိယအကြိမ်ကြွသော နေ့လည်းဖြစ်သည်၊၊ ဤသို့ နေ့ထူး နေ့မြတ်များနှင့် တိုက်ဆိုင်သည့်အတွက် မေလပြည့်နေ့ကို ပေါယနေ့အဖြစ်သတ်မှတ်ပြီး၊ နိုင်ငံတော် ရုံးများ၊ ကျောင်းများ၊ ဈေးဆိုင်များ၊ ကုမ္ပဏီများအားလုံးကို ပိတ်စေပြီး၊ သီလဆောက် တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဘ၀အတွက်အဆီအနှစ်များကို ထုတ်ယူကြလေသည်၊၊

(၂) ဂျွန်လ(နယုန်လပြည့်)နေ့ကို ဖိုဆွန်-ပေါယ(Posson Masse)နေ့ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် သီရိ လင်္ကာနိုင်ငံသို့ (B.C 247)က အရှင်မဟာမဟိန္ဒမထေရ် သာသနာပြုရောက်လာပြီး သီရိလင်္ကာသားတို့ ဗုဒ္ဓဘာသာ စဖြစ်သည့်နေ့ ဖြစ်ပါသည်၊၊

(၃) ဂျူလိုင်(၀ါဆိုလပြည့်)နေ့ကို ဧစလ-ပေါယနေ့(Essela Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် မယ်တော်မာ ယာသည် ဘုရားအလောင်းတော်ကိုဖွားမြင်မည့် ဆင်ဖြူတော်နိမိတ်ကို အိပ်မက်မြင်မက်သောနေ့ ဖြစ်သည်၊၊ ဘုရားအလောင်းတော် တောထွက်သည်မှာလည်း ဤနေ့တွင်ဖြစ်သည်၊၊ ဘုရား ဖြစ်တော်မူအပြီး နှစ်လအကြာ တရားဦးဓမ္မစင်္ကြာကို ဟောတော်မူသည်မှာလည်း ယနေ့တွင်ဖြစ် သည်၊၊ သံဃာတော်များ ၀ါဆိုဝါကပ် သည့် နေ့လည်း ဖြစ်ပါသည်၊၊

(၄) သြဂုတ်(၀ါခေါင်လပြည့်)နေ့ကို နိကိနိ-ပေါယနေ့(Nikini Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင်
သံဃာတော်တို့ ဒုတိယ၀ါဆိုဝါကပ်ကြရပါသည်၊၊ သံင်္ဂါယနာနှစ်တန် တင်သည့်နေ့ဟုလည်း ဆိုကြပါသည်၊၊

(၅) စက်တင်ဘာ(တော်သလင်းလပြည့်)နေ့ကို ဗိန်နာရေ-ပေါယနေ့(Binnere Masse)ဟု ခေါ်ပါသည်၊၊
သံဃာတော်များအတွက် ပ၀ါရဏာနေ့ဖြစ်ပါသည်၊၊ ကထိန်သင်္ကန်းလှူခွင့်ရသောနေ့လည်း ဖြစ်ပါသည်၊၊

(၆) အောက်တိုဘာ(သီတင်းကျွတ်လပြည့်)နေ့ကို ၀ပ်-ပေါယနေ့(Wap Masse)ဟု ခေါ်ပါသည်၊၊ မဟာပ၀ါရ ဏာနေ့ ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်သည် တပည့်သံဃာတော်တို့အား ဒေသအနှံ့သို့ နိုင်ငံခြားသာသနာပြု အစဆုံးစေလွှတ်သည့်နေ့လည်း ဖြစ်ပါသည်၊၊ အသောကမင်းကြီးမှ အရိဋ္ဌမင်းသားအား သီရိလင်္ကာသို့ စေ လွှတ်၍ ဗောဓိပင်ကို ပင့်စေသောနေ့လည်း ဖြစ်ပါသည်၊၊ အရှင်မဟာမဟိန္ဒ ပရိနိဗ္ဗာန် ပြုသည့်နေ့လည်း ဖြစ်ပါ သည်၊၊

(၇) နိုဝင်ဘာ(တန်ဆောင်မုန်းလပြည့်)နေ့ကို အီလ်-ပေါယနေ့(Ill Masse)ဟု ခေါ်ပါသည်၊၊
တတိယသင်္ဂါယနာအပြီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် သံဃာတော်တို့အားအုပ်စုခွဲ၍ ကိုးတိုင်း ကိုးနိုင်ငံသို့ ပြည်ပသာသနာပြုများ စေလွှတ်သောနေ့ ဖြစ်ပါသည်၊၊ သီရိလင်္ကာသို့ မြတ်ဗုဒ္ဓ၏ ဓာတ်တော်များ စတင်ဆိုက်ရောက်သော နေ့လည်းဖြစ်ပါသည်၊၊

(၈) ဒီဇင်ဘာ(နတ်တော်လပြည့်)နေ့ကို ဥန်ဒုဝပ်-ပေါယနေ့(Undu Wap Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်မှ တောင်ဘက်ကိုင်းကို ကူးယူလာသည့် နေ့ ဖြစ်သည်၊၊ သီရိလင်္ကာသို့ ဘိက္ခုနီသာသနာ စတင်ဆိုက်ရောက်သောနေ့လည်း ဖြစ်ပါသည်၊၊

(၉) ဂျန္န၀ါရီ(ပြာသိုလပြည့်)နေ့ကို ဒုရုသု-ပေါယနေ့(Duruthu Masse)ဟု ခေါ်ပါသည်၊၊ မြတ်စွာဘရားရှင် သက်တော်ထင်ရှားရှိစဉ်က ပထမဆုံးမကြိမ် သီရိလင်္ကာသို့ သာသနာပြုကြွတော်မူသည့်နေ့ ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင် နာဂဒီပကျွန်းသားတို့အား သာသနာစတင်ပြုသောနေ့ ဖြစ်ပါ သည်၊၊

(၁၀) ဖေဖ၀ါရီ(တပိုတွဲလပြည့်)နေ့ကို န၀န်-ပေါယနေ့(Navan Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင်
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန်တို့ သာသနာတော်သို့ဝင်ရောက်ပြီး၊ ရဟန်းပြုသည့်နေ့ ဖြစ်ပါသည်၊၊

(၁၁) မတ်(တပေါင်းလပြည့်)နေ့ကို မေဒင်-ပေါယနေ့(Meding Masse)ဟု ခေါ်ပါသည်၊၊ ထို့နေ့တွင်
မြတ်စွာဘုရားရှင်၏ လက်ယာဘက် အောက်စွယ်တော်မြတ်ကို သီရိလင်္ကာသို့ ဆောင်ယူလာခဲ့ပါသည်၊၊ ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်၊၊

(၁၂) ဧပရယ်(တန်ခူးလပြည့်)နေ့ကို ဘတ်-ပေါယနေ့(Buck Masse)ဟု ခေါ်ပါသည်၊၊ မြတ်စွာဘုရားရှင် သီရိ လင်္ကာသို့ ဒုတိယအကြိမ်မြောက် သာသာနာပြုကြွတော်မူသည့်နေ့ ဖြစ်ပါသည်၊၊ ဤနေ့ ထူးနေ့မြတ်နှင့် တိုက် ဆိုင်သည့်အတွက် ဧပရယ်လပြည့်နေ့ကို ပေါယနေ့အဖြစ်သတ်မှတ်ပြီး၊ နိုင်ငံတော်ရုံးများ၊ ကျောင်းများ၊ ဈေး ဆိုင်များ၊ ကုမ္ပဏီများအားလုံးကို ပိတ်စေပြီး၊ သီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဘ၀အတွက် အဆီအနှစ်များကို ထုတ်ယူကြလေသည်၊၊

ပေါယနေ့များတွင် အရက်သေစာနှင့် အသားမရောင်းရ အမိန့်ကို သီရိလင်္ကာအစိုးရမှ ထုတ်ပြန်ထားပါသည်၊၊ ပေါယနေ့ရောက်ပြီဆိုလျင် သီရိလင်္ကာပြည်သူတို့သည် မိမိတို့ကိုးကွယ်သည့် ဘုန်းတော်ကြီး
ကျောင်းတိုက်များသို့ မနက်စောစော(၆)ခန့်တွင် အရောက်လာကြရပါသည်၊၊ အဖြူရောင်တူညီဝတ်စုံ များကိုလည်း အမျိုးသမီးရော အမျိုးသားများပါ ၀တ်ဆင်ကြရပါသည်၊၊ ပေါယနေ့ သီလဆောက်တည် ရန်လာကြသော ဥပုသ်သည်များသည် ပန်းများ၊ ဆီးမီးများ၊ သစ်သီးများ၊ လှုဖွယ်ပစ္စည်းများ၊ စသည်များကို ယူလာလေ့ ရှိကြပါသည်၊၊

ပေါယနေ့များတွင် မြို့တွင်း၌ လူအလွန်တိတ်ဆိပ်သည်ကို သတိထားမိပါသည်၊၊ ကလေးရော လူကြီးများပါ နီးရာကျောင်းတိုက်များတွင် သီလဆောက်တည်ရန်သွားကြသဖြင့် လမ်းများနှင့် ဈေးများတွင် လူမရှိသလောက် ရှားလှပါသည်၊ လိုင်းကားများပေါ်တွင်လည်း စီးနင်းသူမရှိသလောက် နည်းပါးသည့် နေ့ ဖြစ်ပါသည်၊၊ အရှင်တို့ ခရီးသွားလိုသောအခါ ထိုပေါယနေ့များကိုရွေး၍ သွားလေ့ရှိပါသည်၊၊
------------------------------------------

တနေ့တာ ပေါယနေ့ အစီအစဉ်မှာ အောက်ပါအချိန်ဇယားအတိုင်း ဖြစ်ပါသည်---

(၁) နံနက်(၆)ခွဲတွင် ပေါယနေ့တနေ့တာအစီအစဉ်ကို စပါသည်၊၊

(၂) နံနက်(၆)နာရီခွဲ-ဆရာတော်တိုင်ပေးသည့် ဘုရားရှိခိုးစာဖြင့် တညီတညွတ် ရှိခိုးပြီး၊ ဆွမ်းတော် ဆက်ကပ်ကြရသည်၊၊

(၃) နံနက်(၇)နာရီတွင် နံနက်စာ အစားအသောက်ကို အလှုရှင်တဦးမှ လှုသည်ကို စားကြရပါသည်၊၊

(၄) နံနက်(၈)နာရီတွင် ဆရာတော်ထံမှ သီလဆောက်တည်ပြီး၊ တရားနာယူရပါသည်၊၊

(၅) နံနက်(၉)နာရီတွင် ဆရာတော်ထံမှ ပါဠိစာပေသင်ကြားမှုကို တက်ရောက် သင်ကြားကြရပါသည်၊၊

(၆) နံနက်(၁၀)တွင် ပါဠိစာပေကျွမ်းကျင်သည့် အထူးဖိတ်ခေါ်ထားသော လူပညာရှိတဦးထံမှ ပိဋ ကတ်တော်မှ ခေါင်းစဉ်တခုကို ဆွေးနွေးတင်ပြသည်ကို တက်ရောက်ကြရပါသည်၊၊ ပိဋကသင်ကြား ချိန်ဖြစ်ပါသည်၊၊

(၇) နံနက်(၁၁)နာရီတွင် ဥပုသ်သည်များအားလုံး စုပေါင်း၍ ဘုရားဆွမ်းကပ်ကြရပါသည်၊၊ ဘုရား ဆွမ်းကပ် စာပိုဒ်များကို ဆရာတော်မှ တိုင်ပေးသည်ကို လိုက်ဆိုကြပါသည်၊၊

(၈) နံနက်(၁၂)နာရီတွင် အလှုရှင်တဦးမှ လှူဒါန်းသော နေ့လယ်စာအာဟာကို စားသုံးကြရပါသည်၊၊
နေ့လယ်စာအာဟာရကို စားသုံးနေစဉ်မှာလည်း ပါဠိဆရာတဦးမှ ဆွမ်းနှင့်ဆက်စပ်သော ပစ္စဝေက္ခဏာ ဆင်ခြင်ပုံအကြောင်းအရာများကို ရှင်းလင်းရွတ်ဆိုပြနေပါသည်၊၊ ဥပုသ်သည်များအနေဖြင့် သတိလက်လွတ် အစာအာဟာရကို မစားသုံးစေဘဲ ဆင်ခြင်၍စားသောက်ကြရန် ဤသို့ပြုလုပ်ခြင်း ဖြစ်ပါသည်၊၊ နေ့လယ်စာစားသုံးအပြီးတွင် တစ်နာရီခန့် အနားပေးပါသည်၊၊

(၉) နေ့လယ်(၁)နာရီတွင် ၀ိပဿနာနှင့်စပ်သော တရားတော်ကို ဟောကြားပါသည်၊၊ တရားတော်ကိုနာယူ အပြီး တစ်နာရီခန့် တရားအားထုတ်ကြရပါသည်၊၊

(၁၀) နေ့လယ်(၂)နာရီတွင် လမ်းလျောက်၍ တရားမှတ်ကြရပါသည်၊၊ ထိုအချိန်တွင် အနားယူမည်ဆိုက ယူနိုင်ပါသည်၊၊

(၁၁) ညနေ(၃)နာရီတွင် အထူးပင့်ဖိတ်ထားသော ဓမ္မကထိကဆရာတော်တပါးမှ အထူးတရားပွဲဟောကြား သည်ကို နာယူကြရပါသည်၊၊ တရားပွဲပြီးဆုံးလျင် မိမိမေးလိုရာကို ဓမ္မကထိကဆရာတော်အထံတွင် မေးမြန်းနိုင်ပါသည်၊၊

(၁၂) ညနေ(၅)နာရီတွင် ဆရာတော်ထံမှ ဥပုသ်သည်များအားလုံး ပရိတ်တရား နာယူကြရပါသည်၊၊

(၁၃) ညနေ(၆)နာရီတွင် ဆရာတော်အထံမှ သြ၀ါဒအဆုံးအမများကို နာယူကြရပါသည်၊၊ ဆရာတော် ဆုံးမသည်ကို နာယူအပြီး၊ ညနေ(၇)နာရီခန့်တွင် ပေါယနေ့ တနေ့တာ သီလဆောက်တည်မှု၊ အလှုဒါန ပြုမှုများအတွက် ရေစက်ချ၊ အမျှဝေတရားတော်နာယူပြီး၊ ပေါယနေ့အစီအစဉ်များ အဆုံးသတ်ပါသည်၊၊

သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့၏ ပေါယနေ့ သီလဆောက်တည်ပွဲသည် နံနက်(၆)နာရီမှစတင်ပြီး၊ ညနေ (၇)နာရီခန့်တွင် ပြီးပါသည်၊၊ တချို့ကျောင်းတိုက်များတွင် ညပိုင်းအထူးတရားပွဲများပါ ကျဉ်းပလေ့ရှိသည်၊၊

တနေ့တာလုံးကို တရားဖြင့်နေသည်ဟုပင် ထင်မိပါသည်၊၊ တူညီဝတ်စုံ အဖြူရောင်လေးများကို အမျိုးသမီးရော၊ အမျိုးသားများပါဆင်တူ ၀တ်ဆင်ထားကြသည်ကလည်း ငြိမ်းအေးသည့် သဘောကို ပြသနေသယောင် မြင်ရသူကို အေးမြစေပါသည်၊၊

ထူးခြားမှုလေးတခုကိုလည်း တင်ပြချင်ပါသေးသည်၊၊ သီရိလင်္ကာတို့ ဆရာတော်များရှေ့တွင် တရားနာ ထိုင်သည့်အခါတွင် ဖြစ်စေ၊ ဆွမ်းကပ်သည့်အခါတွင်ဖြစ်စေ ထိုင်သောအခါ သံဃာတော်များဘက်သို့ ခြေဆင်းပြီး ထိုင်လေ့ရှိပါသည်၊၊ အရှင်တို့ သီရိလင်္ကာရောက်စကဆိုလျင် ကိုယ့်ဘက်ကို ခြေဆင်းထား သော အမျိုးသမီး၊ အမျိုးသားများကို တွေ့ရသောအခါ ရိုင်းသည်ဟု ထင်ခဲ့ပါသည်၊၊ နောင်ကြာလာ သောအခါတွင်မှ ဤထိုင်နည်းသည် သူတို့ယဉ်ကျေးမှုအရ ယဉ်ကျေးသည့် ထိုင်ပုံဖြစ်သည်ဟု သိလာ ရပါသည်၊၊

မြန်မာရှေးစကားထဲတွင် “မိန်းမပြင်း ခြေဆင်း၊ ယောကျာင်္းပြင်း ကျောခင်း”ဟု အဆိုတခုရှိပါသည်၊၊ သီရိလင်္ကာတို့ အလှုဒါနပွဲ၊ တရားပွဲ၊ အခြားမင်္ဂလာရှိအခန်းအနားများတွင် ခြေဆင်းပြီး ထိုင်လေ့ရှိသောကြောင့် အရှင်တို့ မြန်မာယဉ်ကျေးမှုနှင့် မတူသည့် ထိုင်ပုံယဉ်ကျေးမှုတခုကို သင်ယူရရှိသည်ဟုသာ သဘောထားရပါ တော့သည်၊၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုပုံစံသည် အခြားလူမျိုးတခုအတွက် ရိုင်းစိုင်းသည့် အပြုအမူတခု ဖြစ်တတ်သည်ဆိုသည့်စကားမှာ ဤနေရာတွင် တကယ်မှန်လေသည်၊၊

ပေါယနေ့ တနေ့တာ လုပ်ငန်းစဉ်များကို သုံးသပ်ကြည့်သောအခါ သာမာန်အားဖြင့် သီလဆောက် တည်သည်ဟု ဆိုသော်လည်း၊ ပါဠိစာပေသင်ကြားချိန်၊ တရားဆွေးနွေးချိန်၊ တရားထိုင်ချိန်၊ တရားနာ ယူချိန်၊ စသည်အားဖြင့် တစ်နေ့တည်းဖြင့် တော်တော်စုံလင်အောင် အလုပ် လုပ်ကြသည်ကို သတိပြုမိသည်၊၊

သီရိလင်္ကာတို့သည် တစ်လလျင် တကြိမ်တည်းသာ ဥပုသ်နေ့အဖြစ်သတ်မှတ်၍၊ သီလဆောက်တည်ကြ သော်လည်း တနေ့တည်းကို စနစ်တကျအချိန်ဆွဲ၍ အကျိုးရှိအောင် သီလဆောက်တည်ကြသည်ကို တွေ့နိုင် သည်၊၊ ဥပုသ်နေ့ သီလဆောက်တည်ပွဲဆိုသည်ထက် မြန်မာနိုင်ငံ ရိပ်သာ တရားစခန်းပွဲနှင့်ပင် ဆင်ဆင်တူ နေပါသည်၊၊ ပေါယနေ့အစီအစဉ်များအားလုံး ပြီးဆုံးသောအခါ ပေါယဥပုသ်သည်တို့ မိမိတို့အိမ်သို့အသီးသီး ပြန်ကြပြီး၊ အိမ်ရှေ့တွင် ပရိတ်ရွတ်ဖတ်ခြင်းများ၊ တရားဆွေးနွေးခြင်းများကို ပြုလုပ်လေ့ရှိကြသည်ဟု ဆိုပါသည်၊၊

တနှစ်တာအတွက် ပေါယနေ့(၁၂)ရက်ရှိသည်၊ ထို(၁၂)ရက်ထဲမှ ဖိုဆွန်-ပေါယနေ့နှင့်၊ ဝေဆခ်-ပေါယ နေ့ကို သီရိလင်္ကာ၏ ဘာသာရေးပွဲတော်ကြီးအဖြစ် သတ်မှတ်၍ တနိုင်ငံလုံးပွဲတော်များကျင်းပလေ့ ရှိပါသည်၊၊ မြန်မာနိုင်ငံ ဘုရားပွဲကြီးများကျင်းပသကဲ့သို့ ဖြစ်ပါသည်၊၊ ပြပွဲအမျိုးမျိုး၊ အတီးအမှုတ်၊ ရိုးရာ အကအခုန်များ၊ ဇာတ်ပွဲများ၊ ဆီမီးထွန်းပွဲများစသည်တို့ ကျင်းပခြင်းဖြစ်ပါသည်၊၊

ပေါယနေ့တနေ့တည်းတွင် ဒါနကုသိုလ်အလုပ်ဖြစ်သည့် ဥပုသ်သည်များအား ဆွမ်းနှင့်၊ ဆေး၊ အဖျော် ရည်လှူဒါန်းမှု ဒါနကုသိုလ်၊ သီဆောက်တည်မှု သီလကုသိုလ်၊ တရားမှတ်ရှုမှု ဘာဝနာကုသိုလ်၊ ပါဠိစာပေ သင်ယူမှု ဓမ္မကုသိုလ်၊ တရားဟောမှု ဓမ္မကုသိုလ်၊ တရားနာယူမှု ဓမ္မကုသိုလ်၊ ဝေယျာဝစ္စ အလှူ၊ စသည့်ကုသိုလ်များကို စေတနာပါပါ လုပ်နေကြသည်ကို တွေ့မြင်ရသည့်အတွက် အရှင့်အနေဖြင့် ပေါယနေ့ကို ဘ၀အတွက် အကောင်းဆုံးအဆီအနှစ်ကို ထုတ်ယူသည့်နေ့ဟူ၍ပင် သဘောပေါက်မိပါသည်၊၊

ဤသို့ဖြင့် သီရီလကာပြည်သူတို့သည် သူတို့၏ဘ၀ကို ဘာသာရေးဖြင့် ပုံသွင်းယူတတ်ကြသည်ကို နည်းယူဖွယ် တင်ပြလိုက်ရပါသည်၊၊ အရှင်တို့တွေ့ရသလောက်ဆိုလျင် သီရိလင်္ကာနိုင်ငံကို ခေတ်ပေါ် ရုပ်ဝတ္ထုက များစွာဆွဲ ဆောင်မှု မပြုနိုင်သေးသည်ကို တွေ့ရသည်၊၊ အနေအထိုင် အစားအသောက် အလွန်ရိုးသော လူမျိုးအဖြစ် ကျန် ရှိနေသေးသည်ကို တွေ့ရပါသည်၊၊ ဘာသာရေးကို နိုင်ငံတော်ပညာ ရေးအဖြစ်နှင့် ယဉ်ကျေးမှုဓလေ့များအဖြစ် ပါ အသိမှတ်ပြုထားကြသော သီရိလင်္ကာတို့၏ နေ့စဉ်ဘ၀သည် လွန်စွာအေးချမ်းသည်ကို တွေ့ရပါသည်၊၊

ပေါယနေ့ဆောင်းပါးကို ဖတ်ရသော “အလင်း စက်” စာဖတ်သူများအားလုံး မိမိတို့၏ ရှည်လျားလှ သော နေ့-ညများထဲမှ အနှစ်ရှိသောနေ့များ ညများကို အတိအကျသတ်မှတ်ပြီး၊ ဘ၀အတွက် အဆီအ နှစ်ဖြစ်သော ကောင်းမှုကုသိုလ်များကို ထုတ်ယူနိုင်ကြပါစေလို့ မေတ္တာဖြင့် ဆန္ဒပြုလိုက်ပါတယ်၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၁.၂၀၁၁)

Read more...

ကာမဒသုတ်... ကဗျာ

ကာမဒသုတ်
(ပါ-၄၅+မြန်-၄၅)

ကာမဒနတ်သား မြတ်ဘုရား လျှောက်ထားစကားပါ။
မညီညွတ်ရာ လမ်းတွေဟာ သွားလာခက်ခဲပါ။
ဘုရားမြတ်စွာ ဤသို့သာ ပြန်ကာမိန့်လိုက်ပါ။
ညီညီမညီ လမ်းတွေသည် သွားပြီအရိယာ။
လမ်းမညီညာ ပုထုမှာ သွားလာဇောက်ထိုး ခက်ခဲပါ။
အရိယာများ ခရီးကား ဖြောင့်ငြားသာယာ လမ်းရှိပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း Print this post

Read more...

မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ

မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ

ဒကာ။ ။ အချင်းချင်းမေတ္တာထားကြ၊ မေတ္တာပွားကြ၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများသူမှာ ခုချက်ချင်း လက်ငင်း အကျိုး တဆယ့်တပါး ရရှိခံစားရတယ်၊ သေရင် ဗြဟ္မာ့ပြည်လားတယ် ဟု ပြောဟောကြပါတယ်၊ မေတ္တာအပို့ခံရသူမှာတော့ ဘယ်လို ချမ်းသာတယ်၊ ဘယ်လို အကျိုးစီးပွားတွေခံစားရတယ်လို့ ဟောပြောတာ မကြားသိရပါဘူး၊ မေတ္တာအပို့ခံရသူတွေအတွက် အကျိုးစီးပွားဖြစ်ပေါ်ခံစားရပုံများ ပိဋကတ်တော်မှာ ပါရှိရင် သိပါရစေ ဆရာတော်။
ဆရာ။ ။ မေတ္တာပို့သ ပွားများပေးခြင်း၊ မေတ္တာခံယူခြင်း နှစ်မျိုးရှိရာမှာ မေတ္တာကို ခံယူသူတို့ဖက်က အကျိုးရရှိပုံတွေလည်း များစွာပဲ ရှိပါတယ်၊ ဒကာကြီးတို့ မယုံကြည်ရင် မေတ္တာအစစ်အမှန်နဲ့ ပွားများပို့သ စမ်းသပ်ကြည့်ကြပေါ့၊ မေတ္တာပို့သူများ လိုက်နာကျင့်သုံးထားရှိရမည့် အင်္ဂါ ၁၅ ပါးနဲ့ အညီ ပို့သပွားများပေးရင် အပို့ခံရသူမှာ မုချချမ်းသာ သုခရရှိနိုင်ပါတယ်။
ဒကာ။ ။ မေတ္တာပို့သသူ၏ လိုက်နာကျင့်သုံးထားရှိရမည့် အင်္ဂါ ၁၅ ပါးဆိုတာ ဘာတွေပါလဲ ဆရာတော်၊ ဒကာကြီးတို့ သိရအောင် ထုတ်ပြပါဦး ဘုရား။
ဆရာ။ ။ မေတ္တာကမ္မဋ္ဌာန်းတရား ပွားများအားထုတ်လိုသူတို့အတွက် မေတ္တာသုတ် ဒေသနာတော်မှာ မြတ်စွာဘုရားဟောကြားတော်မူသော မေတ္တာမပို့ခင် ကြိုတင်ပြင်ဆင် ကျင့်သုံးပြည့်စုံထားရမည့် မေတ္တာပုဗ္ဗဘာဂတရား ၁၅ ပါးဆိုတာက...
(၁) သက္ကော - သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ငါးပါးစွမ်းအားရှိသူ ဖြစ်ရခြင်း။
(၂) ဥဇု - ကိုယ် နှုတ်ဖြောင့်မတ်ရိုးသားရခြင်း။
(၃) သုဟုဇု - စိတ်ထားဖြောင့်မတ်ရိုးသားရခြင်း။
(၄) သုဝစ - ပညာရှိတို့ ဆိုဆုံးမမှုကို လွယ်ကူစွာ လိုက်နာရခြင်း။
(၅) မုဒု - ကိုယ် နှုတ် စိတ်ထား သုံးပါးလုံး နူးညံ့သိမ်မွေ့ ပျော့ပျောင်းနေသူဖြစ်ရခြင်း။
(၆) အနတိမာနိ- မာန်မာနတရား ထောင်လွှားမှု မရှိရခြင်း။
(၇) သန္တုဿက- ရရှိသမျှဖြင့်သာ ရောင့်ရဲ တင်းတိမ်ကျေနပ်သူဖြစ်ရခြင်း။
(၈) သုဘရ - သူတပါးတို့ စောင့်ရှောက်ပေးလှူ မွေးမြူရေး၌ လွယ်ကူစွာ လိုက်နာ ကျေနပ်သူ ဖြစ်ရခြင်း။
(၉) အပ္ပကိစ္စ - မိမိကျင့်ဝတ် ကိစ္စမှ တပါး အခြားကိစ္စများ နည်းပါးသူ ဖြစ်ရခြင်း။
(၁၀)သလ္လဟုကဝုတ္တိ - ပစ္စည်းဥစ္စာများစွာ မထား ငှက်များကဲ့သို့ ပေါ့ပါးလွယ်ကူစွာ သွားလာနေထိုင် အသက်မွေးမှုရှိရခြင်း။
(၁၂) နိပက - အပြစ်ကင်းသော လုပ်ငန်းရပ်တို့၌ ကောင်းစွာကျွမ်းကျင် ရင့်ကျက်သော ဉာဏ်အမြင်ရှိရခြင်း။
(၁၃) အပ္ပဂဗ္ဘ - ကိုယ်နှုတ်စိတ်ထား သုံးပါးလုံး ရိုင်းပြ ကြမ်းတမ်းမှု မရှိ ယဉ်ကျေးသူ ဖြစ်ရခြင်း။
(၁၄)ကုလေသွ နာနုဂိဒ္ဓ - ရဟန်းသည် ဒကာ ဒကာမတို့အပေါ်၌ တဏှာပေမဖြင့်တွယ်တာ ငြိကပ်ခြင်း မရှိစေရ။
(၁၅) - ပညာရှိတို့ ကဲ့ရဲ့ စွပ်စွဲစရာ မကောင်းသော အမှုကိစ္စ ဟူသမျှကို အသေးအဖွဲကလေးမျှဖြစ်စေ ဘာတခုမျှ မပြုလုပ်ရ။
ကဲ...အဲဒီ တဆယ့်ငါးပါးသော “မေတ္တာ ပုဗ္ဗ ဘာဂ ပဋိပဒါ” ခေါ်တဲ့ မေတ္တာမပွားမီ ရှေးဦးစွာ မိမိပြုလုပ်ထားရမည့် ကိုယ်ကျင့်တရားများကို ပြီးစီးပြည့်စုံစွာ ပြုလုပ်ထားပြီးမှ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများမှု ပြုတဲ့သူ၏ မေတ္တာစစ် မေတ္တာမှန်ဟာ အပို့ခံရသူမှာ မုချ ချမ်းသာသုခ ရရှိနိုင်ပါတယ်၊ မယုံရင် စမ်းကြည့်ပေါ့၊ မြတ်ဗုဒ္ဓရဲ့ ဓမ္မက အစမ်းခံနိုင်တဲ့ လက်တွေ့ “ဧဟိ ပဿက” ဂုဏ်ရှိတယ်၊ မှန်းဆပြီး ဟောပြောတာ မဟုတ်ဘူး၊ ကိုယ်တွေ့ဒိဋ္ဌ ဟောပြောချက်တွေ။
ဒကာ။ ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
ဆရာ။ ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။

Read more...

အင်ဒိုခရီးစဉ် (၃)


ဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို
၁၀နာရီ မိနစ် ၅၀ မှာဆိုက်ရောက်ပြီး ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ
လာကြိုနေတဲ့ ဒေါ်ဇင်မာဝင်းနဲ့ ကားဆရာကိုတွေ့ပါတယ်။

နေ့ဆွမ်းစားချိန်ဖြစ်နေလို့ လေဆိပ်ထဲက ထွက်ထွက်ချင်း
ကားပတ်ကင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စားသောက်ဆိုင်မှာ
နေ့ဆွမ်းစားဖြစ်ပါတယ်။

ဒေါ်ဇင်မာဝင်းက စားဖွယ် သောက်ဖွယ်တွေကို မှာပါတယ်။
ဆွမ်းထမင်း၊ ဘဲကင်၊ အင်ဒိုနီးရှားဟင်းသုံးလေးမျိုး၊
ပြီးတော့ ဆက်ကပ်လှူဒါန်းပါတယ်။

ဒီကပ်လှူဒါန်းခြင်းကိစ္စကလဲ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ
ဗုဒ္ဓဘာသာဝင်ဒကာ ဒကာမတွေအတွက် မထူးဆန်းပေမဲ့
ဗုဒ္ဓဘာသာနဲ့ သိပ်ပြီးမရင်းနှီးသေးတဲ့သူတွေ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအတွက်
အတော်ထူးဆန်းတဲ့လုပ်ရပ်ပဲ။

သောကြာနေ့ညတိုင်း စာလာသင်နေတဲ့တရုတ်မကြီးတစ်ယောက်ရှိတယ်။
နဂိုက သူ ဗုဒ္ဓဘာသာအကြောင်း ဘာမှ မသိဘူး။
ဘုရား၊ တရား၊ သံဃာဆိုတာကိုတောင် မကြားဘူးဘူး။
မိမိ မလေးရှားရောက်ပြီး သုံးလလောက်အကြာမှာ
ကျောင်းရောက်လာပြီး စပ်စုတယ်။
ဘာလို့ သင်္ကန်းဝတ်ထားတာလဲ၊ ဘာလုပ်လဲ၊
ဗုဒ္ဓဘာသာဆိုတာဘာလဲ စသဖြင့်။

ဒီလို လဲ ပေါင်းများစွာကို ဖြေကြားပေးရင်း
တဖြေးဖြေးဗုဒ္ဓဘာသာသဘောတရားကို သိလာကာ
ဗုဒ္ဓဘာသာဝင်တို့လုပ်တဲ့အလုပ်ကို လုပ်လာတယ်။

တစ်နေ့ ဆွမ်းပင့်ကပ်တယ်။
စားဖွယ်သောက်ဖွယ်တွေကို စားပွဲပေါ်မှာ ပြင်ဆင်ပေးပြီး
စားဖို့ (ဘုဉ်းပေးဘို့) ပြောပါတယ်။
ဒို့က ဒီလိုစားပွဲပေါ်တင်ပေးထားရုံလေးနဲ့ စားလို့ မရသေးကြောင်း၊
စားပွဲ သို့မဟုတ် စားဖွယ်ဟင်းလျှာတွေကို မြှောက်ပြီးကပ်ရအုံးမည်ဖြစ်ကြောင်း
ပြောပြပါတယ်။

အိုး၊ အဆင်သင့်ခူးခပ်ထည့်ပေးထားပြီဘဲ၊ မလိုပါဘူး၊ နှိုက်သာ စားလိုက်ပါတော့လို့
ပြန်လည်လျှောက်ထားဘူးပါတယ်။

ဂျာကာတာလေဆိပ် စားသောက်ဆိုင်မှာ ထုံးစံအတိုင်း ဒေါ်ဇင်မာဝင်းက
စားပွဲပေါ်က ဆွမ်း၊ ဆွမ်းဟင်းတို့ကို ကပ်ပါတယ်။

ဆွမ်းကပ်တာနဲ့ပတ်သက်လို့ ရဟန်းသံဃာတော်များ
ဆွမ်းဘုန်းပေးနေစဉ် အမြဲလိုလို ကြားနေရတဲ့စကားကတော့
“ဟဲ့၊ ဟင်းခွက်တွေ သွားမကိုင်နဲ့၊ စားပွဲ သွားမထိနဲ့၊
ကပ်ပြီးသွားပြီ၊ အကပ်ပျက်လိမ့်မယ်” ဆိုတာတွေပါဘဲ။

တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ကပ်ပြီးလဲ ကိုင်ကောင်းပါတယ်။
ဘုန်းကြီးက ကပ်ပြီးသား ဆွမ်း၊ ဆွမ်းဟင်းတွေကို ပြန်မစွန့်မချင်း
(ပြန်မပေးမချင်း) ကိုင်ကောင်းပါတယ်။

ဒါနဲ့စပ်လို့ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးထားတဲ့
အခြေခံဗုဒ္ဓဘာသာသင်တန်းထဲက သိဖွယ် မှတ်သားဖွယ်ကို
ကူးပြီး ဖော်ပြလိုက်ပါတယ်။

အကပ်မြောက်ကြောင်း အင်္ဂါငါးပါး
အစားအသောက် တစ်စုံတစ်ရာကို အကပ်ခံလျှင်
၁။ ကပ်သူက ကပ်မည့်စားဖွယ်သောက်ဖွယ်ကို အကပ်ခံသောရဟန်းဆီသို့ ညွတ်ခြင်း၊ ရှေးရှု ဆောင်ခြင်း။
၂။ ကပ်သူသည် အကပ်ခံသူ၏ နှစ်တောင့်ထွာအတွင်း၌ ရှိနေခြင်း။
၃။ အစားအသောက်ထည့်သောဗန်း၊ ဗန်းတင်ထားသောခုံစသည်နှင့်တကွ စားသောက်ဖွယ်သည် အလည်အလတ်စားရှိသော ယောက်ကျားတစ်ယောက် မြှောက်ချီးနိုင်လောက်သည်ထက် ပိုမလေးခြင်း။
၎။ ကပ်သူက ကိုယ်အင်္ဂါတစ်ခုခုဖြင့်ဖြစ်စေ၊ ကိုယ်အင်္ဂါနှင့်ထိစပ်နေသော ဇွန်း၊ ပန်းကန်စသည်ဖြင့် ဖြစ်စေ နှစ်တောင့်ထွာအတွင်း၌နေလျက် ပစ်လွှတ်၍ဖြစ်စေ ပေးခြင်း။
၅။ အကပ်ခံသောရဟန်းက ကိုယ်အင်္ဂါတစ်ခုခုဖြင့်ဖြစ်စေ၊ ကိုယ်အင်္ဂါနှင့်ထိစပ်နေသော သပိတ်၊ ပန်းကန်၊ ခုံစသည် တစ်ခုခုဖြင့်ဖြစ်စေ ခံယူခြင်း။
ဤအင်္ဂါငါးပါးနှင့်ပြည့်စုံမှ အစားအသောက်အကပ်မြောက်သည်။

ယခုကာလ သတိပြုဖို့လိုသည်မှာ ကပ်သူက အကပ်ခံသူ၏ နှစ်တောင့်ထွာအတွင်းသို့ ရောက်လောက် အောင် အနီးသို့လာ၍ ကပ်ရမည်။

မမြှောက်နိုင်လျှင် (မြှောက်နိုင် မမြှောက်နိုင် သံသယဖြစ်ဖွယ်ရှိလျှင်) စားပွဲလိုက် မြှောက်မကပ်ဘဲ တစ်ခွက်စီ ကပ်ရမည်။

သို့မဟုတ် ဆွမ်းပန်းကန်၊ ဟင်းပန်းကန်တချို့ကို ခဏချထား၍ စားပွဲလိုက်ကပ်ပြီးမှ ချထားသောပန်းကန်တို့ကို စားပွဲပေါ်တင်၍ ကပ်ရမည်။

သို့မဟုတ် ဆွမ်းပန်းကန် ဟင်းပန်းကန်များကို မတင်သေးဘဲ စားပွဲခုံချည်းသက်သက် ကပ်ပြီးမှ ဆွမ်း ဆွမ်းပန်းကန်များကို စားပွဲပေါ်တင်၍ ကပ်ရမည်။

ယာဂုအိုးကြီးကို မချီမ နိုင်သောကိုရင်က အိုးကြီးကို မြေကြီးနှင့် ပွတ်လှိမ့်ယူလာပြီးလျှင် ရဟန်း၏လက်နှင့် ထိစေခြင်းဖြင့် အကပ်မြောက်ကြောင်းကို အဋ္ဌကထာဆရာဖွင့်ပြထားသည်။ (၀ိ၊ဋ္ဌ၊ ၃၊ ၁၁၅)

ထို့ကြောင့် အကပ်ခံသည့် ၀တ္ထုတည်ရာမှ မကြွသော်လည်း ရှေးရှုညွတ်လျက် အကပ်ခံသောရဟန်း၏ လက်သို့ရောက်လျှင် အကပ်မြောက်သည်။ သို့ဖြစ်ရာ စားပွဲခင်း၊ ကြမ်းမှလွတ်အောင် မ ဖို့ မလိုကြောင်း သတိပြုသင့်သည်။
အထူးသတိထားရန်

အကပ်ခံထားသော စားဖွယ်သောက်ဖွယ်တို့ကို မစားလိုတော့၍ လူသာမဏေတစ်ဦးဦးအား စွန့်လိုက်မှ ပေးလိုက်မှ အကပ်ပျက်သည်။ မစွန့်သေး မပေးသေးလျှင် လူ သာမဏေများ ထိုစားဖွယ်ကို ထိသော်ကိုင်သော်လည်း အကပ်မပျက်။ ထိကောင်း ကိုင်ကောင်း၏။

ဆွမ်းဘုန်းပေးပြီး လက်၊ ပါးစပ်စသည်ဆေးဘို့ ဘေစင် (Basin) ကို ပြပါတယ်။
ကျောင်းရောက်မှ အကုန်သန့်စင်မယ်ပြောတော့
ကျောင်းကို ညနေမှ ရောက်မှာဖြစ်ကြောင်း၊
အခု ဂျာကာတာမြို့ထဲက လည်စရာ ပတ်စရာနေရာတွေကို
လိုက်ပြမည်ဖြစ်ကြောင်း ပြောပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP