* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, January 20, 2011

ဆွန်ကိုင်

(အရင်ကတော့ ဇင်စတိုရီလေးတွေကို အတွေးလေးတွေနဲ့ ဆွေးနွေးခန်းပုံစံ ရေးဖွဲ့ခဲ့ပါတယ်။ ဒီပုံပြင်လေးကိုတော့ ဘာအတွေးမှ ထည့်မရေးတော့ဘူး။ စာရေးဖို့ ဘယ်လိုမှ အချိန်မရနိုင် ဖြစ်နေပါတယ်။ စာဖတ်သူများ ကိုယ်တိုင် စဉ်းစားသုံးသပ်နိုင်ကြပါတယ်။ တစ်ခု သတိထားရမှာကတော့ ဇင်စတိုရီလေးတွေဟာ ပုံမှန်အတွေးအမြင်တွေတော့ မဟုတ်ကြပါဘူး။ သူတို့အယူအဆတွေက လောကလူသားတွေ သာမန် တွေးခေါ်၊ ယူဆထားတာတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ကွဲလွဲနေတတ်ပါတယ်။ သိမ်လည်းသိမ်မွေ့ပါတယ်။ များသောအားဖြင့် လက်တွေ့ကျတဲ့ အတွေးအခေါ်တွေအပေါ်မှာ အခြေခံထားတာ များပါတယ်။ “ပုံပြင်ထဲက ဆွန်ကိုင်ဆိုတဲ့ ကောင်မလေးကို သင် ဘယ်လိုများ နားလည်လိုက်သလဲ”။ ဒီမေးခွန်းက ထွက်လာမယ့်အဖြေတွေက ဒီဇင်ပုံပြင်လေးရဲ့ အနှစ်သာရလို့ ဆိုနိုင်ကောင်းပါရဲ့)

သူမနာမည်ကို ဆွန်ကိုင်လို့ ခေါ်ပါတယ်။ သူမရဲ့ နောက်နာမည်တစ်မျိုးကတော့ ဆုဇု ဖြစ်ပါတယ်။ အရမ်းကို လှပသိမ်မွေ့တဲ့ နာမည်လေးပေါ့။ သူမ အလွန်ငယ်ရွယ်စဉ်ကတည်းက သူမဆန္ဒမပါဘဲ အတင်းအကျပ် လက်ထပ်ခဲ့ရပါတယ်။ လက်ထပ်ပြီး နောက်ပိုင်းမှာ သူမလေးဟာ တက္ကသိုလ်က ဒဿနိကဗေဒမှာ ကျောင်းတက်ခဲ့ပါတယ်။ မြင်ရသူတိုင်းက သူမကို ချစ်ကြိုက်သွားကြတာပါပဲ။ ဒါ့ထက် သူမသွားတဲ့နေရာတိုင်း အခြားသူတွေနဲ့ ချစ်မိသွားခဲ့တာပါပဲ။ တက္ကသိုလ်တက်စဉ်မှာ သူမမှာ အချစ်တွေ ၀န်းရံနေခဲ့တာပေါ့။

နောက်ပိုင်းတော့ သူမလေးဟာ တက္ကသိုလ်က သင်ပေးတဲ့ ဒဿနိကဗေဒကို ကျေနပ်အားရမှု မရှိတော့ပြန်ဘူး။ ဒါနဲ့ ဘုန်းကြီးကျောင်းသွားပြီး ဇင်ဗုဒ္ဓဘာသာကို သွားသင်ပြန်တယ်။ ဘုန်းကြီးကျောင်းရောက်တော့လည်း ဇင်ဗုဒ္ဓဘာသာသင်ကြားတဲ့ ကျောင်းသားတွေနဲ့ ချစ်ကြိုက်လိုက်ပြန်တာပဲ။ ဆိုတော့ ဆွန်ကိုင်ရဲ့ တစ်ဘ၀လုံးဟာ အချစ်တွေနဲ့သာ ပြည့်လျှမ်းနေတော့တယ်။
နောက်ဆုံး ကျိုတိုရောက်တော့မှ သူမဟာ တကယ့် ဇင်ဗုဒ္ဓဘာသာလေ့လာသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကင်နင်က ကျောင်းခွဲတစ်ခုမှာရှိတဲ့ သူမရဲ့အစ်ကိုတွေ (အတန်းဖော်ကျောင်းသားများ)က သူမရဲ့ ရိုးသားမှုအတွက် ချီးမွှမ်းကြပါတယ်။ သူတို့ထဲက တစ်ယောက်က သူမကို လိုက်ဖတ်ညီသူတစ်ယောက်အနေနဲ့ သက်သေပြုပြီးဇင်မာစတာကြီးထံရောက်အောင် ကူညီပေးခဲ့ပါတယ်။

တိတ်ဆိတ်နေသော မိုးကြိုးလို့ အဓိပ္ပာယ်ရတဲ့ ကင်နင်က ကျောင်းထိုင်ဆရာတော် မိုကူရ်ရိုင်းအကျင့်က အလွန်ပြင်းထန်ပါတယ်။ သူကိုယ်တိုင်လည်း သီလတွေ ဖြည့်ကျင့်ပြီး သူ့ကျောင်းမှာနေတဲ့ဘုန်းကြီးတွေကိုလည်း သူ့လိုပဲ ကျင့်ခိုင်းပါတယ်။ ဒီနေ့ခေတ်ဂျပန်နိုင်ငံမှာတော့ ဘယ်လောက်ပဲ စိတ်အားထက်သန်သူ ဖြစ်နေပါစေ ဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာအကျင့်တွေ ပျက်ယွင်းနေပါပြီ။ သူတို့ဟာ သူတို့ ယူထားတဲ့ မိန်းမတွေအတွက်ပဲ စီးပွားရှာနေကြတဲ့ပုံပါပဲ။ ဆရာတော်မိုကူရ်ရိုင်းဟာ သူ့ကျောင်းထဲမှာ မိန်းကလေးတွေ တွေ့လို့ကတော့ တံမြတ်စည်းတစ်ချောင်းကိုင်ပြီး လိုက်မောင်းထုတ်ပစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိန်းမတွေဟာ မောင်းထုတ်လေလေ သူ့ကျောင်းထဲမှာ မိန်းမတွေ ပိုများလာလေလေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို ထူးခြားချက်တွေ ရှိနေတဲ့ကျောင်းမှာ ခေါင်းဆောင်ဘုန်းကြီးတစ်ပါးရဲ့ မိန်းမက ဆွန်ကိုင်ရဲ့ စိတ်အားထက်သန်မှုနဲ့ လှပကြော့ရှင်းမှုကို မနာလို ဖြစ်လာခဲ့တယ်။ သူမဟာ ဇင်အပေါ်မှာ ဘယ်လောက်ထူးချွန်ကြောင်း ချီးမွမ်းကြတဲ့ ကျောင်းသားတွေ အသံကြားတိုင်း သူမ (ခေါင်းဆောင်ဘုန်းကြီးတစ်ပါးရဲ့ မိန်းမ)ဟာ တရွရွနဲ့ နေမထိ ထိုင်မသာ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး ကြံရာမရတော့ ဆွန်ကိုင်နဲ့ သူမသူငယ်ချင်းကို သမုတ်ပြီး မဟုတ်သတင်း လွှင့်ပါတော့တယ်။ ရလဒ်ကတော့ သတင်းလွှင့်ခံရတဲ့ သူငယ်ချင်းရော ဆွန်ကိုင်ပါ နှစ်ယောက်လုံး ကျောင်းကနေ နှင့်ချခံလိုက်ကြရတယ်။

“ငါ မှားချစ်မိတယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဘုန်းကြီးမိန်းမအနေနဲ့ ငါ့သူငယ်ချင်းကို မမျှမတ ဆက်ဆံခဲ့တယ်ဆိုရင်တော့ သူမလည်း ကျောင်းမှာ မနေနိုင်စေရဘူး”လို့ ဆွန်ကိုင် တွေးမိပါတယ်။ ဒါနဲ့ အဲဒီညမှာပဲ မီးပုံးတစ်ခုကို ယူပြီး နှစ်ပေါင်း ၆၀-သက်တမ်းရှိတဲ့ ကျောင်းတော်ကြီးကို မီးပုံရှို့ပစ်လိုက်ပါတယ်။ မိုးလင်းတော့ သူမကို ရဲတွေက ဖမ်းလိုက်ပါတယ်။ ရှေ့နေငယ်လေးက သူမကို စိတ်ဝင်စားသွားပြီး သူမ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါ သူမက “မင်း ငါ့ကို မကူညီပါနဲ့၊ မင်းကူညီရင် နောက်ထပ်ထောင်ထဲရောက်မယ့် ပြစ်မှုတစ်ခုခုကို ငါထပ်လုပ်အုံးမှာပဲ”လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ပဲ ဆွန်ကိုင်ဟာ ထောင် ၇-နှစ် ကျသွားခဲ့ပါတယ်။ ၇-နှစ်ပြည့်ပြီးတဲ့နောက် ထောင်က ထွက်လာတော့ အသက် ၆၀-ရှိတဲ့ ထောင်ဝါဒကြီးက သူမကို စွဲလန်းချစ်ခင် သွားခဲ့တယ်။ ဒါပေမယ့် အခုအခါမှာ လူတိုင်းက သူမကို ထောင်ထွက်တစ်ယောက်အနေနဲ့ပဲ ကြည့်ကြပါတယ်။ ဘယ်သူမှလည်း အပေါင်းအသင်း မလုပ်ကြဘူး။ ဒီဘ၀၊ ဒီခန္ဓာနဲ့ ဉာဏ်အလင်း ရရှိပြီးသူများလို့ သက်မှတ်ထားတဲ့သူတွေကတောင် သူမကို ရှောင်ဖယ်နေကြပါတယ်။ တကယ်တော့ ဆွန်ကိုင် တွေ့ရှိထားတဲ့ ဇင်ဆိုတာက တစ်မျိုး၊ ဇင်ဂိုဏ်းသားတွေ လက်ခံထားတဲ့ ဇင်ဆိုတာက တစ်မျိုးတစ်ဘာသာ ဖြစ်နေပါတယ်။ သူမရဲ့ ဆွေမျိုးတွေကတောင် သူမကို အဆက်အသွယ်ဖြတ်လိုက်ကြပါတယ်။ ဒီလို ဆင်းဆင်းရဲရဲ နေလာရတော့ သူမဟာ နေမကောင်းဖြစ်ပြီး အားနည်းလာခဲ့ပါတယ်။

သူမဟာ ရှင်ရှုဆိုတဲ့ ဘုန်းကြီးနဲ့ တွေ့ပါတယ်။ သူက မြတ်စွာဘုရားရှင်ရဲ့ မေတ္တာတရားအကြောင်းကို သင်ပေးပါတယ်။ သူ့ဆီမှာ နှစ်သိမ့်စရာနဲ့ စိတ်ငြိမ်းချမ်းမှုတွေ ရှာတွေ့ခဲ့ပါတယ်။ သူမဟာ အသက် ၃၀-မပြည့်သေးခင် အလှသွေးတွေ ကြွယ်နေစဉ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူမကိုယ်သူမ ကာကွယ်ဖို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် အားထုတ်မှုတွေက အချည်းနှီးသာ ဖြစ်ခဲ့ပါတယ်။ အချို့အရာတွေကတော့ အမျိုးသမီးစာရေးဆရာတစ်ဦးကို ရေးခိုင်းတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဂျပန်ပြည်သူတွေ လက်ထဲကို သူမစာပေတွေ ရောက်လာခဲ့ပါတယ်။ အခုတော့ ဆွန်ကိုင်ကို ငြင်းပယ်ခဲ့တဲ့သူတွေ၊ ဆွန်ကိုင်ကို အမနာပပြောသူတွေ၊ ဆွန်ကိုင်ကို မုန်းတီးသူတွေဟာ နောင်တမျက်ရည်တွေနဲ့ သူမအတ္ထုပ္ပတ္တိကို ဖတ်ရှုနေကြရပါတော့တယ်။

Read more...

အကျိုးတရားက ဘယ်လိုသက်ရောက်ပါစေ အကြောင်းမဟုတ်ပါ- ကြိုးပမ်းအားထုတ်မှုကို မွေ့ လျော်ပါ

အကျွန်ုပ်တို့မှာ အလှိုဆန္ဒများစွာနဲ့ရည်မှန်းချက်များစွာ ရှိကြပါတယ်။ အကျွန်ုပ်တို့ လိုချင်တဲ့အရာကို အမြဲတမ်း အကျွန်ုပ်တို့ မရကြပါ။ အကျွန်ုပ်တို့ထဲမှ အချို့က အကျွန်ုပ်တို့ရရှိတဲ့အရာနဲ့ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် အချို့သူများကတော့ မကျေနပ်မှုများ- အာသာဆန္ဒမပြည့်မ၀မှုများဖြင့် ဆက်လက်တည်ရှိနေကြပါတယ်။ အချို့သူများက မစွန့်လွှတ်နိုင်ကြသေးပေမယ့် သူတို့ဟာ ကြိုးစားနေကြပါတယ်။ ဘယ်ချဉ်းကပ်မှုက မှန်ကန်တဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါသလဲ?

အကျွန်ုပ်က အခြားချဉ်းကပ်မှုကို အကြံပြုပါ့မယ်။ သင်ဟာ အလိုဆန္ဒတစ်ခု ရှိနိုင်တယ်။ အဲဒါကို ဖြည့်ဆည်းဖို့ သင့်ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုကို စိုက်ထုတ်ပါ။ အချိန်ပေးပါ။ ရင်းနှီးမြှုပ်နှံပါ။ ဒါပေမယ့် အဲဒီဖြစ်ပေါ်လာမဲ့ အကျိုးတရားထက် ပိုမိုကောင်းမွန်တဲ့ လုံးလ၀ီရိယဖြင့် သင့်ကို အမှန်တကယ်ပျော်ရွှင်အောင် ပြုလုပ်ပါ။

ညည်းညည်းညူညူ မကျေနပ်စွာ ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ပြီး အလိုဆန္ဒများ ရရှိတဲ့အခါမှသာ ပျော်ရွှင်တဲ့သူများ ရှိပါတယ်။ သူတို့မှာပြင်းပြတဲ့စွမ်းပကားမရှိ ဒါမှမဟုတ် စိတ်အားတက်ကြွထက်သန်မှုက အကျိုးအမြတ် ရလဒ်မှာ ပျော်ရွှင်ဖို့ ကျန်ရစ်နေတဲ့ ချန်ထားရစ်တဲ့ - ဤသို့သော အတိုင်းအတာတစ်ခုအတွက် ကြိုးစားအားထုတ်မှုကို ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်ကိုယ်သူတို့ ပင်ပန်းနွမ်းနယ်စေတဲ့သူများရှိပါတယ်။ အကျွန်ုပ်ရဲ့ နည်းလမ်းကတော့ - ဘယ်လိုအကျိုးတရားပဲ သက်ရောက်သက်ရောက် အကြောင်းမဟုတ်ပါ- ကြိုးပမ်းအားထုတ်မှုကို မွေ့ လျော်ပါ- ဆိုတာပဲ ဖြစ်ပါတယ်။

အကျွန်ုပ်ရဲ့ ချဉ်းကပ်မှုဟာ သွားရမည့်ရည်မှန်းချက် နေရာဆီသို့ ချီတက်သည့်ခရီးကို တက်ရောက်ဖို့ ပါဝင်ဆင်နွှဲဖို့ ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ယင် အကျွန်ုပ်တို့ ပျော်ရွှင်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်သို့ မရောက်ယင်တောင် ဘယ်သူဖြစ်ဖြစ် ပြိုင်ပွဲကို ၀င်ပြိုင်ရခြင်းမှာ ရင်ဖိုရခြင်း ပီတီဖြစ်ရခြင်းရဲ့ ခံစားမှုကို ယူငင်နိုင်ပါတယ်။ ကြည်နူးဖွယ်ကောင်းတဲ့ ပင်ပန်းနွမ်းလျမှုက ခန္ဓာကိုယ်တစ်လျှောက်လုံး ခံစားသိမြင်စေပါတယ်။ အကျွန်ုပ်ရဲ့ပျော်ရွှင်မှုများဟာ ပန်းတိုင်တစ်ခုသို့ ရောက်ရှိခြင်းမှ ဆင်းသက်လာတာ မဟုတ်ပါ။ ဒါပေမယ့် အကျွန်ုပ်ဟာ အဲဒါကို အကျွန်ုပ်ရဲ့ကြိုးစားမှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဆင်နွှဲခဲ့တဲ့ အပတ်တကုတ် ရုန်းကန်လှုပ်ရှားမှုမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ယခု အကျွန်ုပ်ဟာ သင့်ကိုပြောဆိုခြင်းဖြင့် တိုက်တွန်းပါတယ်။ အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့ သင်ကြားမှုကို နိဂုံး ချုပ်ပြီးဆုံးတဲ့အခါ - သင်က အကျွန်ုပ်ကို တဖြောင်းဖြောင်းမြည်တဲ့သြဘာကို ပေးမှသာလျင် အကျွန်ုပ်ဟာ ပျော်ရွှင်မှုကို ခံစားရလိမ့်မယ်လို့ ဆိုကြပါစို့။ ဒါက အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့သင်ကြားမှုမှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နေတာမဟုတ်ဘူးလို့ ဆိုလိုပါတယ်။ တကယ်တမ်းအတိအကျဆိုရရင်တော့ အကျွန်ုပ်ရဲ့စိတ်ဟာ သီးသန့် တစ်စုံတစ်ရာဖြစ်တဲ့ပန်းတိုင်တစ်ခုကို ပိုင်းဖြတ်ထားတယ်လို့ ဆိုလိုပါတယ်။ တကယ့်ဒီနှီးနွှယ်ဆက်စပ်မှုက အကျွန်ုပ်ရဲ့ သင်ကြားမှုနဲ့ပတ်သက်လို့ အကျွန်ုပ်ရဲ့အကောင်းဆုံးကို ပေးခြင်းမှ အကျွန်ုပ်ကို တားမြစ်နိုင်ပါတယ်။ ပြီးတော့ ဒါဟာ ပန်းတိုင်သို့ အကျွန်ုပ်ရဲ့ရောက်ရှိမှုအတွက် အဟန့်အတားတစ်ခုလို ပြုမူပါတယ်။

ဘောလုံးကို ကစားခြင်းဟာ ပျော်ရွှင်မှုရဲ့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အောင်နိုင်ခြင်းကတော့ အခြားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပြဿနာက အောင်မြင်မှုဖြင့် ပျော်ရွှင်မှုကို အကျွန်ုပ်တို့ဟာ တစ်ခုတည်းလက်ခံ တန်းတူသဘောထားတာ ဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုနဲ့ဆိုင်တဲ့အတီးအမှုတ်များကို သူတို့ရဲ့ဖျော်ဖြေရေးတင်ဆက်မှုပွဲမှာ ဆွဲဆောင်ထားပါတယ်။ ကာကွယ်ပေးထားပါတယ်။ အားလုံးမှာ တကယ့်လက်တွေ့ကျတဲ့ရည်ရွယ်ချက်ကတော့ သူတို့ဟာ ပရိသတ်ကို သတိမထားမိပါ။ အထွတ်အထိပ်ဖြစ်တဲ့အခိုက်မှာ အဆင့်မှာ လက်ခုပ်သြဘာသံများကို သတိမထားမိပါ။ ဒါပေမယ့် အဆုံးမှာ စီစဉ်သူ စည်းရုံးရေးမှုးများထံမှ လက်ခံရရှိလိမ့်မှာဖြစ်တဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။

သူတို့ပျော်ရွှင်စေတဲ့အရာဟာ သက်ဝင်လှုပ်ရှားနေတဲ့ သူတို့ရဲ့ ဖန်တီးမှုကို သယ်ဆောင်ရာမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုများ ဖြစ်ပါတယ်။ သြဘာပေးခြင်းရဲ့အသွင်အပြင်မှာ- ငွေရခြင်းရဲ့ပုံစံမှာ နောက်ဆုံးအကျိုးဆက် ရလဒ်မဟုတ်ပါ။ ဒါ့ကြောင့် လုပ်ငန်းစဉ်ကို ပျော်ရွှင်ပါ။ ရွေ့လျားနိုင်စွမ်းပမာဏကို ပျော်ရွှင်ပါ။ ကြိုးပမ်းအားထုတ်မှုကို ပျော်မွေ့ ပါ။

သင့်ဟာ ချောချောမောမောဖြစ်အောင် အလုပ်လုပ်နေတယ်ဆိုတာ- ကြိုးစားပမ်းစားလုပ်ယုံမျှမဟုတ်ဘူးဆိုတာကို သေချာအောင်ပြုလုပ်ပါ။ ရေချိုးကန်မှာ ငါးမဖမ်းပါနဲ့။ ပြေးလွှားစီးဆင်းနေတဲ့စမ်းချောင်းမှာ ဆပ်ပြာမြှုပ်ကို အမြှုပ်ထများပြားလာဖို့ မကြိုးစားပါနဲ့။ အဲဒီအစား စမ်းချောင်းမှာ ငါးဖမ်းပါ။ ရေးချိုးကန်မှာ ဆပ်ပြာမြှုပ်ကို အမြှုပ်ထအောင် ပြုလုပ်ပါ။

သင်ရဲ့ပန်းတိုင်ကို ချင့်တွက်ပါ။ ပန်းတိုင်များသို့ရောက်ရှိရာမှာ ရင်းနှီးမြှုပ်နှံရတဲ့ လုံးလကြိုးပမ်းအားထုတ်မှုရဲ့ အရေအတွက်နဲ့အရည်အသွေးကို အကြမ်းဖျင်းခန့်မှန်းပါ။ ရင်းနှီးမြှုပ်နှံမှုမှ ပြန်လာမယ့်အရာ အတိုင်းအတာပမာဏကို ဂရုတစိုက် တွက်ချက်ပါ။ အဲဒီနောက် အချိုးအစားက သင်ကျေနပ်ဖွယ်ရာအဖြစ် လက်ခံယုံကြည်လျင် သင့်ရဲ့ပန်းတိုင်ဆီသို့ ဆက်သွားပါ။ သင့်ရဲ့ပန်းတိုင်များဆီသို့ ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားပါ။ ဒါဟာ ချောချောမောမောဖြစ်အောင် အလုပ်လုပ်တာ ဖြစ်ပါတယ်။ အသိညဏ်နှင့်ယှဉ်တဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။

ကျရှုံးခြင်းဟာ ဘ၀ရဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ဥပမာ အားကစားမှာလို အများနှင့်ယှဉ်ပြိုင်ရတဲ့ အခြေအနေများမှာ တစ်ဖက်ဖက်က ရှုံးကိုရှုံးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အောင်မြင်မှုမှာ ပျော်ရွှင်မြူးထူးတာထက် ဒါမှမဟုတ် ကျရှုံးမှုမှာ ငေးငိုင်မှိုင်တွေနေတာထက် သင့်တော်ကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုမှာ ဘာ့ကြောင့် မပျော်ရွှင်နိုင်ရတာလဲ?

ဆုံးရှုံးသွားတာကို တနုံ့နုံ့စဉ်းစားနေတာထက်- ကောင်းမွန်သင့်တော်တဲ့အောင်မြင်မှုမှာ ပါဝင်ဆင်နွှဲဖို့အတွက် - အဲဒါဟာ စိတ်ပိုင်းဆိုင်ရာနည်းနာများက အကောင်းဆုံးဖြစ်တယ်လို့ အကျွန်ုပ်ထင်ပါတယ်။ အများနဲ့ယှဉ်ပြိုင်ရတဲ့ ကြိုးပမ်းအားထုတ်မှုကို ဘယ်သူ့ကိုဖြစ်ဖြစ် နောက်ထပ်ဆက်လက်ဆန္ဒပြုချင်တာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မဟာဗျူဟာအတွက် ဖြစ်ပါတယ်။

ကျရှုံးမှုတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ သင်ခန်းစာတစ်ခုလည်း ရှိပါတယ်။ ကျရှုံးမှုတိုင်းဟာ သူတို့ရဲ့သဘောသဘာဝဖြစ်တဲ့ လူသားရဲ့အားနည်းချက်များအတွက် လူများကို သတိပေးဖို့ မဖြစ်မနေမရှိမဖြစ် လိုအပ်ပါတယ်။ အောင်မြင်မှုရဲ ပြတ်သွားခြင်းမရှိတဲ့ ကြိုးတစ်ချောင်းဟာ ပလွှားမှု မာန်မာနကို ဖန်တီးနိုင်ပါတယ်။ ပြီးတော့ မြင့်မြင့်မားမား အောင်မြင့်သူများမှာ မိမိကိုယ်ကိုယ်မိမိနဲ့ပတ်သက်တဲ့ မကျော်လွှားနိုင်တဲ့ စိတ်ခံစားမှုတစ်ခုကို ဖန်တီးနိုင်ပါသေးတယ်။

အချို့နပန်းလက်ဝှေ့စတဲ့အားကစားစတားတွေ ပြောဆိုတဲ့ “ငါဟာ အထူးချွန်ဆုံးသူ” ဆိုတဲ့ ကြွားလုံး လေလုံး ထွားမှုတွေကို သတိရပါ။ တွေ့ နေကျ ပြောနေကျ ဆိုရိုးကို သွားရောက်တဲ့အခါ ဤသို့သောမာန်မာနများက ကြီးမားတဲ့ကျရှုံးခြင်းတစ်ခုရဲ့ ရှေ့ဦးအလျင် ကျရောက်နေပါတယ်။
ဘုရားသခင်အတွက် ကျေးကျွန်အဖြစ် ခံယူခြင်းဟာ ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ကျေးကျွန်အဖြစ် ခံယူခြင်းဟာ လူသားများရဲ့စိတ်နှလုံးသားမှာသာလျင် ဖြစ်ပျက်ပါတယ်။

Read more...

HOPE မျော်လင့်ချက်ဆိုတာဘာလဲ

မျှော်လင့်ချက်နဲ့ လမ်းလျှောက်နေတာဖြစ်ရမယ်
ဘုရားရှင်က လိုချင်တယ်ဆိုတာကို တဏှာ လောဘလို့ဟောတော်မူတဲ့အတွက်ကြောင့် မျော်လင့်ချက်ဆိုတာဟာလည်း လောဘဖြစ်ပါတယ်၊ မျော်လင့်ချက်ထားတဲ့အခါ ကိုယ်ထင်သလောက်မရလာခဲ့ရင် မဖြစ်လာခဲ့ရင် ပူပင်မှု၊ စိတ်သောကရောက်မှုတွေဖြစ်လာတတ်သလို ဘေးဒုက္ခတွေဖြစ်လာတတ်ပါတယ်တဲ့၊ ဒါကြောင့်ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ “တဏှာယ ဇာယတေ သောကော၊ တဏှာယ ဇာယတေ ဘယံ ”လို့ ဟောတော်မူတာပါ၊ လိုချင်တော့ မျော်လင့်နေတော့ တဏှာဖြစ်တယ်။ လိုချင်တာ၊ မျော်လင့်တာကို မရရင် ဒေါသဖြစ်တယ်၊ အဲဒီလိုဖြစ်နေရတာဟာ မသိတဲ့အဝိဇ်ဇာတရားတွေကြောင့်ပေါ့၊ မသိတဲ့အခါ အမျိုး၂တွေကို ပြုလုပ်မိတော့ သံသရာရှည်ရတာပေါ့၊ ဒါကြောင့် လောဘ တဏှာကို သံသရာရှည်စေတဲ့တရားလို့ ဘုရားရှင်ဟောတော်မူပါတယ်၊ ဘုရာငရှင်က သူတစ်ပါးကို မေတ္တာပို့တာတောင်မှ ရလိုချင်တဲ့ မျော်လင့်ချက်နဲ့ မေတ္တာမပို့ပါနဲ့တဲ့၊ အဲဒီလို မေတ္တာပို့ရင် အကုသိုလ်လွမ်းခြုံပြီး ပို့တဲ့ မေတ္တာဖြစ်တယ်လို့ဟောတော်မူပါတယ်၊ မေတ္တာပို့တဲ့အခါ သူတစ်ပါးရဲ့အကျိုးကို လိုလားတဲ့စိတ်နဲ့ပို့ရမေလို့ မိန်းတော်မူပါတယ်၊ ဒါမှမေတ္တာစစ် မေတ္တာမှန်ဖြစ်တာပါ၊ ကုသိုလ်လုပ်တဲ့အခါလည်း ငါဘယ်လိုဖြစ်ရပါလို့၏ ဘယ်ဘဝရောက်ရပါလို၏် စသဖြင့် မျော်လင့်ချက်လောဘစိတ်နဲ့ မလှူပါနဲ့တဲ့၊ အဲဒီလို လှူရင် သံသရာရှည်အောင် လုပ်နေတာဖြစ်ပြီး ဒုက္ခကို ရအောင်ဆုတောင်းနေတာနဲ့တူပါတယ်တဲ့၊ ဒါကြောင့် မျော်လင့်ချက်ဆိုတာဟာ လောဘ၊ တဏှာအကုသိုလ်ဖြစ်တဲ့အတွက် တဏှာယ ပဇာဟတိ တဏှာ ရာဂ ကိလေသာတရားကို ပယ်သတ်ရမယ်လို့ ဘုရားရှင်ဟောကြားတော်မူပါတယ် ။
မေတ္တာဖြင့်...သစ္စာရောင်ခြည်

(၂၀-၁-၂၀၁၁)


Read more...

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၄)


ကောင်းမွန်တဲ့ ပတ်ဝန်းကျင်
သင့်ကို ရည်ရွယ်သည့် အခံရခက်သည့် ပြက်လုံးများနှင့် မှတ်ချက်များကို ဟာသကောင်းလေး များဖြင့် လမ်းကြောင်းလွှဲပေးသင့်သည်။ ဒီလို လမ်းလွှဲပေးတတ်ခြင်းက လူတိုင်း၏ မလိုမုန်းထားစိတ်ကို ရှောင်ရှားဖို့ရာ နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ကစားနေစဉ် ခေါင်းအေးအေး မထားနိုင်တော့ဘူး ဆိုပါက သင့်ကိုပင် ထိတ်ထိတ်ပြာပြာ ဖြစ်စေပါလိမ့်မည်။ နိုင်ရမည့်ပွဲကို သင် လက်လွှတ်လိုက်ရပါလိမ့်မယ်။ ဒါက ပွဲကြည့်နေသူများကိုပင် ပွဲ၏ အရသာကို ဖျက်ဆီးပစ်လိုက်ပါလိမ့်မယ်။

ဤလောကရှိ လူတိုင်းကို သင်တွေးသလို တွေးအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ဖို့ ဆိုတာ တွေးတောင် မတွေးသင့်တဲ့ အရာပါ။ လူတိုင်းသာ သင်တွေးသလို တွေးကြမယ်ဆိုရင် ကမ္ဘာကြီးဟာ မကြာခင်ပဲ ကြံစည် တွေးခေါ်မှုတွေ ကုန်ဆုံးကုန်တော့မှာပေါ့။

လူတစ်ယောက် မှားယွင်းနေရင် ပြင်ပေးဖို့ရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းနှင့် အများရှေ့မှာ ကြိမ်းမောင်းခြင်းအားဖြင့် သူ့ကို ပြုပြင်ပေးရာ မရောက်ပဲ အရှက်ခွဲနေရာ ရောက်ပါလိမ့်မယ်။ ပစ်တင် ဝေဖန်ခြင်းအားဖြင့် သေချာတာ တစ်ခုကတော့ ရန်သူများအောင် လုပ်ခြင်းပါပဲ။ တစ်ဦးတစ်ယောက် အတွက် စိုးရိမ်ပူပန်မှုကို ကြင်နာ နွေးထွေးတဲ့ စကားလုံးလေးတွေနှင့် သင်က ပြသနိုင်ရင် တစ်နေ့နေ့မှာ အဲဒီအတွက် သင့်ကို သူ ကျေးဇူးတင်ပါလိမ့်မယ်။

ဘယ်ကိစ္စရပ်ပေါ်မှာပဲ ဖြစ်ဖြစ် သင့်ရဲ့ အမြင်ကို ထုပ်ဖော် ပြောဆိုရတဲ့ အခါတိုင်း ကြမ်းတမ်းတဲ့ စကာားလုံတွေ ဒါမှမဟုတ် နှစ်လို သာယာဖွယ် မရှိတဲ့ စကားလုံးတွေကို ဘယ်သောအခါမှ မသုံးပါလေနှင့်။ လူမှုဆက်ဆံရေး ပရိယာယ်၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဟာ မည်သူ့ကိုမှ မနာကျင်စေ တဲ့အပြင် တကယ်တော့ အဲဒါတွေဟာ ထိထိရောက်ရောက် ဆက်သွယ်နိုင်ရေး တံခါးပေါက်များစွာကို ဖွင့်ပေးပါလိမ့်မယ်။

သင့်ရဲ့ အပြစ် အနာအဆာတွေကို ထောက်ပြလာတဲ့အခါ ခုခံကာကွယ်ချင်တဲ့ စိတ်တွေ မဖြစ်ပါစေနှင့်။ သင့်ရဲ့ အပြစ် အနာအဆာတွေဟာ ပြည့်ဝလာအောင် လေ့လာဖို့ လမ်းညွှန်ဆိုင်းပို့စ်တွေပါပဲ။ စိတ်ဆိုးတတ်တယ် ဆိုတာက ချို့ယွင်းအားနည်းချက်ကို ဖုံးကွယ်ထားတဲ့ ခပ်ညံ့ညံ့ အမူအကျင့် တစ်ခုပါ။ လူတစ်ယောက် စိတ်တိုတဲ့ အခါ မပြောပဲထားရင် ပိုကောင်းတဲ့ အရာတွေ တစ်သီကြီးကို မစဉ်းမစား ပြောချလိုက်မိပါတော့မယ်။ သူငယ်ချင်းဟောင်းကို ဘယ်လောက်ထိ စိတ်ဆိုးပါစေ၊ သူ့ရဲ့ ပုဂ္ဂလိက လျှို့ဝှက်ချက်ကို ဘယ်တော့မှ ဖွင့်မချလေနှင့်။ အဲဒီလို ဖွင့်ချလိုက်ခြင်းဖြင့် သင်ဟာ ကိုယ့်ကိုယ်ကိုသာ သိက္ခာကျစေပါလိမ့်မယ်။ အဲဒီလို ဖွင့်ချပြီးတဲ့ နောက်တော့ သူများတွေက သင့်ကို မိတ်တွေစစ်လို့ ဘယ်တော့မှ လက်ခံတော့မှာ မဟုတ်တော့ဘူး။ သင့် မိတ်ဆွေဟောင်း အပေါ်မှာ သင် ပြုမူသလို သူတို့အပေါ်လဲ အလားတူ ပြုမူမှာပဲလို့ တွေးကြပါလိမ့်မယ်။ သင့်ကို ဘယ်သူကမှ ယုံကြည်မှာ မဟုတ်တော့ဘူး။

ပြစ်တင်ဝေဖန်တာကို ခံနိုင်တဲ့ သတ္တိ ရှိစမ်းပါ
အချိုဆိုတာက နာမကျန်းမှုကို ဖြစ်စေတတ်ပြီး ခါးသက်မှုဆိုတာက (အနာရောဂါကို) ပျောက်ကင်းစေတတ်ပါတယ်။ ချီးမွမ်းမှု ဆိုတာက နာမကျန်းမှုကို ဖြစ်စေတတ်တဲ့ လွန်ကဲတဲ့ အချိုမျိုးပါ။ ဝေဖန်မှုဆိုတာကတော့ ရောဂါကို ပျောက်ကင်းစေတတ်တဲ့ ခါးတဲ့ ဆေးလုံးလေး တစ်လုံးလိုပါပဲ။ ပြစ်တင်ဝေဖန်မှုကို မကြောက်ရွံ့ပဲ ကြိုဆိုတတ်တဲ့ သတ္တိ ကျွန်တော်တို့မှာ ရှိကို ရှိရမယ်လေ။

သူများတွေမှာ တွေ့ရတဲ့ အကျည်းတန် အရုပ်ဆိုးမှုဆိုတာ ကျွန်ုပ်တို့ ကိုယ်တိုင်ရဲ့ သဘော သဘာဝရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။

လူတစ်ယောက်ရဲ့ ဘဝ၊ အခြေအနေများနှင့် သူရဲ့ ကမ္ဘာဆိုတာ သူကိုယ်တိုင်ရဲ့ အတွေးအခေါ်နှင့် ယုံကြည်ချက်ရဲ့ ရောင်ပြန်ဟပ်မှုတွေပါ။ လူတွေအားလုံးဟာ မှန်တွေချည်းပါပဲ။ အဲဒီမှန်တွေဟာ သူတို့တွေ ရဲ့ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတွေ အပါအဝင် သူတို့ကိုယ်တိုင်ရဲ့ သဘောသဘာဝတွေကို ထင်ဟပ်ပြနေ ပါတယ်။

(ဆက်ပါဦးမည်)

Read more...

ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော၊ ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား။

ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော

ဒကာ။ ။ လူရော ရှင်ပါ ကုသိုလ်ကောင်းမှု ပြုကြရာမှာ ဉာဏသမ္ပယုတ် ကုသိုလ် ဖြစ်အောင် ပြုလုပ်ကြဖို့ကို သည်လိုမှတ်ရမယ်လို့ ဆရာတော်တွေက ဟောကြားသင်ပြ ပေးကြပါတယ်။
အလှူ့ဒကာဟာလည်း မမြဲသောအနိစ္စတရားပဲ၊ လှူစရာဝတ္ထုဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အလှူခံယူသူဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အနိစ္စ ငါက၊ အနိစ္စ ဝတ္ထုပစ္စည်းကို၊ အနိစ္စ ခံယူသူအား ပေးလှူလိုက်တာပဲ ဟု စိတ်ထားပြီး ပေးလှူရမည် စသည်ဖြင့် သင်ကြားပေးကြပါသည်။
ဆရာတော်ကြီးတွေ သင်ကြားညွှန်ပြတဲ့အတိုင်း နှလုံးမသွင်း မဆင်ခြင်တတ်ရင် ဉာဏသမ္ပယုတ်ကုသိုလ် မဖြစ်နိုင်ဘူးလား ဆရာတော်၊ နည်းနည်းကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။
ဆရာ။ ။ အင်း...ဒါန သီလ သမထ ကုသိုလ်တို့ရဲ့ ဆိုလိုရင်းဉာဏ်ပါဖို့ကတော့ ကိုယ်ပြုတဲ့ကံနဲ့ လုပ်ခရရှိမည့်ကံ၏ အကျိုးစသည်တို့ကို သိမြင်ကာ ယုံကြည်စွာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တာပါပဲ၊ သည်နှစ်ပါးနဲ့ပဲ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကြောင်းကတော့ လုံလောက်ပါတယ် ဒကာကြီးတို့ရာ။
ဒကာ။ ။ အနို့....အလှူခံ အလှူပေး အလှူပစ္စည်းတို့ကို အနိစ္စ မမြဲ စသည်ဆင်ခြင်ရမည်လို့ ဆိုတဲ့အတိုင်း ဝိပဿနာဉာဏ် မပါဘဲနဲ့လုပ်ရင် ဉာဏသမ္ပယုတ် ဟုတ်နိုင်ပါမည်လား ဘုရား။
ဆရာ။ ။ အဲဒီလို မခိုင်မြဲတဲ့ အလှူ့ဒကာ အနိစ္စ၊ ငါက မမြဲတဲ့ အနိစ္စ ပစ္စည်းတွေကို မမြဲတဲ့ အလှူခံသူ အနိစ္စပုဂ္ဂိုလ်အားလှူဒါန်းနေခြင်းမျှသာလို့ သင်ကြားပြောပြပေးကြတာကတော့ မြင့်မြတ်သော ဝိပဿနာဉာဏ်ဖြစ်ကြဖို့အတွက် ဝိပဿနာနဲ့ အတင်း ဆွေမျိုးစပ်ကာ ပြောဟောခြင်းလောက်ပဲ ဖြစ်တာပါ၊ ပြောပြပေးတဲ့ အတိုင်း မလုပ်တတ် မဆင်ခြင်တတ်ဘဲ မိမိပြုလုပ်တဲ့ ကုသိုလ်ကံနဲ့ ကံ၏အကျိုးတရား စသည်လောက်ကို သိရှိလှူဒါန်းတတ်ရင် ဉာဏသမ္ပယုတ် မဟုတ် မဖြစ်လို့တော့ မမှတ်ယူရပါဘူး၊ ဉာဏသမ္ပယုတ်ဖြစ်ပါတယ်။

ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား

ဒကာ။ ။ ဝိပဿနာဉာဏ်မပါဘဲ ကံ ကံ၏အကျိုးစသည်ကို သိရှိယုံကြည်တာနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ပုံကို နည်းနည်းလောက် ရှင်းပြပါဦးဆရာတော်။
ဆရာ။ ။ ဗုဒ္ဓဘာသာရဲ့ ကုသိုလ်လမ်းကြောင်း အမှန်ဆုံးကို ထောက်ပြပါဆိုရင် မဂ္ဂင်ရှစ်ပါးကိုသာ ထောက်ပြရမှာဖြစ်တယ်၊ အဲဒီ မဂ္ဂင်လမ်းကြောင်းတွေထဲမှာလည်း ပညာဉာဏ်မဂ္ဂင်လမ်းမကြီးတခုဖြစ်တဲ့ သမ္မာဒိဋ္ဌိမဂ္ဂင်လမ်းမကြီးဟာ အရေးအပါဆုံးဖြစ်တဲ့ ဉာဏ်လမ်းမကြီးပဲလို့ မှတ်ရမယ်။
အဲဒီ သမ္မာဒိဋ္ဌိဉာဏ်လမ်းမကြီးကနေပြီးတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိလမ်း၊ ဝိပဿနာ သမ္မာဒိဋ္ဌိလမ်း စတဲ့ လမ်းတွေ ဖြာထွက်လာတာကို သိထားရမှာဖြစ်တယ်၊ ဒါ့ကြောင့် မြတ်ဗုဒ္ဓက....
သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓု-
စသည်ဖြင့် ကံကိုမူတည်ပြီး ဉာဏ်သွင်း ယုံကြည်ကြဖို့ ဟောကြားတော်မူသွားတာတွေကို ထောက်ထားပြီးတော့ ကံ ကံ၏အကျိုးကို သိရှိယုံကြည်ပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တယ်လို့ ဆိုတာပဲ၊ ကဲ....ရှင်းပြီလား၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပါတယ် လို့ မှတ်ရမည်။
ဝိပဿနာဉာဏ် အစဉ်ပြုလုပ်နည်းက ဒါန သီလ သမထတို့နဲ့ မဆိုင်ဘူး၊ ပထမ ရုပ်သဘော နာမ်သဘောကို ပိုင်းခြားပြီးတော့ သိအောင် သင်ယူမှု ပြုလုပ်ရမယ်၊ ဒုတိယ ရုပ်နာမ်တို့ရဲ့ ဖြစ်ပေါ်ပုံ အကြောင်းအကျိုးကို အမှန်သိအောင် သင်ကြားမှုလုပ်ရမယ်၊ အဲဒီ နှစ်ပါးကို ပိုင်နိုင်စွာသိထားရင် ငါ သူတပါး ယောက်ျား မိန်းမ ငါ့ဥစ္စာ ငါ့ဟာပြုတ် ရုပ် နာမ်ကိုသာ သိတော့တယ်။
အဲဒီတော့မှ ရုပ်နဲ့ နာမ်ဟာ မြဲသလား နိစ္စလား အနိစ္စလား ဆိုတာ ကိုယ်တိုင်သိအောင် အဇ္ဈတ္တ-ကိုယ်တွင်းကို စိတ်ဉာဏ်နဲ့ စိုက်မှတ်ကြည့်ရှုပွားများရမှာ ဖြစ်တယ်၊ ဒါန သီလ သမထ တို့က ပညတ်အာရုံတွေပဲဟာ ဝိပဿနာနဲ့ ဆွေမျိုးတော်စပ်ရုံလောက်ပဲ ဖြစ်တယ်၊ ဝိပဿနာဉာဏ်အစစ်က ပရမတ်အစစ် ရုပ် နာမ် ဖြစ်ပျက်ကို အာရုံပြုတာ၊ ကဲ....တော်လောက်ပြီ ကွဲရောပေါ့၊ ကံ ကံ၏အကျိုးကို ယုံကြည်စွာနဲ့ သဒ္ဓါဗိုလ်တပ်ပြီးတော့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တာပဲလို့သာ မှတ်ပေတော့၊ ဝိပဿနာကုသိုလ်ကိုတော့ ပြောနေစရာ မလိုတော့ဘူးပဲ။
ဒကာ။ ။ ကွဲပြားစွာ သိရှိပါပြီ ဆရာတော်၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ယှဉ်လှူရမှာကို သိပါပြီ။

Read more...

မဲပေးခွင့်


ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တဲ့အထဲမှာပါဝင်တဲ့
သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့ သီဟိုဠ်ကျွန်းမှာ
ဗုဒ္ဓဘာသာအခြေကျပြီး ပြန့်ပွါးလာခဲ့တာ ယနေ့တိုင်အောင်ဘဲ။

သီဟိုဠ်ကျွန်းမှာ ပညာရေးကိစ္စနဲ့
၁၉၉၉-၂၀၀၀ နှစ်တွေတုန်းက နေခဲ့ဘူးတယ်။
သီဟိုဠ်ကျွန်း၊ ကိုလံဘိုမြို့က တက္ကသိုလ်တစ်ခုမှာ
ပညာသင်ကြားရင်း အဲ့နိုင်ငံမှာရှိတဲ့ သီဟိုဠ်ရဟန်းတော်တွေရဲ့အခန်းကဏ္ဍ၊
ဘာသာရေး သာသနာရေးအခြေအနေတွေကို လေ့လာဖြစ်ခဲ့တယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက်
လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။

၂၀၀၄ - ခုနစ်တုန်းက သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ် အတော်ခံရတယ်။
အိုးအိမ်တွေပျက်စီး၊ အသက်တွေဆုံးရှုံးတယ်ပေါ့။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကို ရောက်နေတဲ့ သီဟိုဠ်ရဟန်းတော်တွေ
ကိုယ်နဲ့နီးစပ်တဲ့ဒကာ ဒကာမတွေထံက အလှူခံပြီး
သီဟိုဠ်နိုင်ငံပြန်ထောက်ပံ့ကြတယ်။

အဲ့ဒီအချိန်တုန်းက မြန်မာပြည်က ရဟန်းတော်သံဃာတော်တွေ
ကိုယ့်ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ်ထိတာ
ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့ကြတယ်။

၂၀၀၈ - ခုနစ် မြန်မာပြည်၊ ဧရာဝတီတိုင်းဘက်မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရတယ်။
သီဟိုဠ်ရဟန်းသံဃာတော်တွေက နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့နေရာဒေသကို သွားပြီး
အိမ်တွေ တည်ဆောက်ပေးတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ
လိုအပ်တဲ့အရာတွေကို ထဲထဲဝင်ဝင်ဆောက်ရွက်ပေးတယ်လို့ သိရတယ်။
မေတ္တာတရား ကရုဏာတရားစတဲ့ဗြဟ္မစိုရ်တရားတွေကို
အလုပ်နဲ့သက်သေပြလိုက်တာပဲ။

မြန်မာဆရာတော်သံဃာတော်အများစုကတော့
မေတ္တာအကြောင်း၊ ကရုဏာအကြောင်း ရွှန်းရွှန်းဝေအောင်
ဟောလွန်း ပြောလွန်းလို့ သူတို့ဟောပြီး ပြောပြီးရင်
မိုက်ကိုတောင် နေပူပူမှာ နှစ်ရက်လောက် နေလှန်းလိုက်ရတယ်။

အပြောနောက်မှာ Action လိုက် မလာပါဘူး။
Action လိုက်ပါတယ်ဆိုရင်လဲ အတော်နည်းပါးတာကို တွေ့ရပါတယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

“အရှင်ဘုရား၊ ဘယ်သွားမလို့ပါလဲဘုရား”

“မဲရုံကို”

“မဲရုံကို ဘာသွားလုပ်မှာလဲဘုရား”

“မဲသွားပေးမလို့ပေါ့ဟ”

“ဘုန်းကြီးတွေ မဲပေးလို့ ရလို့လား”

“အော်၊ ဒို့ဘုန်းကြီးတွေလဲ ဒီနိုင်ငံသားတွေပဲဟ၊ ဒီနိုင်ငံသားဆိုတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရမှာပေါ့။ ဒို့ဘုန်းကြီးတွေလဲ တက်လာတဲ့အစိုးရနဲ့ ပတ်သက် နေရတာ၊ ဆက်ဆံနေရတာ၊ တိုင်းလူကြီးနဲ့ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ မြို့နယ်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ နောက်ဆုံး ရပ်ကွက်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ။ ဆိုတော့ ဒို့ပတ်သက် ဆက်ဆံနေရတဲ့လူကြီးတွေဟာ ဒို့ကြိုက်နှစ်သက်တဲ့ ဒို့ရွေးချယ်လိုက်တဲ့ ဒို့မဲပေးလိုက်တဲ့ လူကြီးတွေပဲဖြစ်ရမှာပေါ့။ ဒီလိုမှ ရွေချယ်ခွင့်မရရင် မဲပေးခွင့်မရရင် တက်လာတဲ့အစိုးရ၊ တိုင်းလူကြီး၊ မြို့နယ်လူကြီး၊ ရပ်ကွက်လူကြီး ဒို့နဲ့ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒို့နဲ့မဆိုင်ဘူး။ သူတို့ထုတ်တဲ့ဥပဒေလဲ ဒို့လိုက်နာစရာမလိုဘူး။”

ဒါသီဟိုဠ်ဘုန်းကြီးမဲပေးခါနီး ပြောပြသွားခဲ့တဲ့စကားလေးတွေပါ။
စဉ်းစားစရာတွေ အများကြီးပဲ။

ဒီနေ့ဒီအချိန်အခါမှာ သီဟိုဠ်ဘုန်းကြီးတွေ ရွေးကောက်ပွဲမှာတောင်
ဝင်ရောက်ယှဉ်ပြိုင်လို့ အနိုင်ရဘုန်းကြီးတွေ ပါလီမန်ထဲအထိ
ရောက်ကုန်ကြပြီတဲ့။

Photo: google search

Read more...

လူတော်နှင့် လူကောင်း

မြတ်စွာဘုရားရှင်လက်ထက်က ဧကူဒါနလို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဧကူဒါနကို ပုဒ်ခွဲရင် ဧက-ဥဒါနပါ။ အဓိပ္ပါယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး အဲဒီဂါထာတစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူလို့ အဓိပ္ပါယ်ရပါတယ်။

ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲ ရပေမယ့် အဲဒီဂါထာတစ်ပုဒ်က ပြောတဲ့အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။ နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ အတိအကျ လိုက်နာကျင့်သုံးသူပါ။ အဲဒီလိုအသိနဲ့အကျင့် ထပ်တူကျသွား လို့လည်း မကြာခင်ကာလမှာပဲ ရဟန္တာမထေရ် တစ်ပါး ဖြစ်သွားခဲ့ရပါတယ်။

ဧကူဒါနမထေရ်ဟာ တောထဲမှာတစ်ပါးထဲပဲနေပြီး သူရတဲ့ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ရှိပါတယ်။ ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင် တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ ဧကူဒါနမထေရ် ဂါထာလေး ရွတ်ပြီးလို့ ဆုံးတာနဲ့ တောထဲမှာနေကြတဲ့ နတ်အားလုံးက ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့သာဓုခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ရှိပါတယ်။

ဒီအစီအစဉ်လေးက ဥပုသ်နေ့တိုင်း ပြုမူနေကျ အစီအစဉ်လေးပါ။ ဧကူဒါနမထေရ် အမြဲရွတ်လေ့ရှိတဲ့ ဂါထာလေးကိုလည်း ဗဟုသုတ အဖြစ်မှတ်ထား လိုက်ပါဦး။

အဓိစေတသော အပ္ပမဇ္ဇတော၊

မုနိနော မောနပထေသုသိက္ခတော။

သောကော နဘ၀န္တိ တာဒိနော၊

ဥပသန္တဿ သဒါ သတီမတော၊

ဒီလိုနဲ့ တစ်နေ့မှာတော့ ပိဋကသုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ တပည့်အခြံအရံငါးရာစီနဲ့ ဧကူဒါနမထေရ်ရဲ့နေရာ တောထဲကို ရောက်လာ ကြပါတယ်။တိပိဋက ဆရာတော်နှစ်ပါး ကြွလာတော့ ဧကူဒါနမထေရ်က တော်တော်လေး ၀မ်းမြောက်သွားပါတယ်။ နေရာထိုင်ခင်းပေးပြီး ဧကူဒါန မထေရ်က ဘာစလျှောက်သလဲဆိုတော့

” အရှင်ဘုရားတို့ တပည့်တော်ကို တရားဟောပါဦးဘုရား၊ တပည့်တော် တရားနာချင်လို့ပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။

တိပိဋက ဆရာတော်နှစ်ပါးက ” တရားနာမယ့်သူက အရှင်ဘုရား တစ်ပါးပဲလား” လို့ ပြန်မေးလိုက်ပါတယ်။

ဧကူဒါနမထေရ်ကလည်း ” တပည့်တော် တစ်ပါးတည်း မဟုတ်ပါဘူးဘုရား၊ တောထဲက နတ်တွေလည်း လာနာလေ့ရှိပါတယ်ဘုရား၊ တရားဆုံးရင် သူတို့က သာဓုခေါ်လေ့ရှိပါတယ်ဘုရား” လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီလိုနဲ့ တိပိဋက ဆရာတော်နှစ်ပါး တစ်လည့်စီ တရားဟောရာဆိုပါတော့။

တိပိဋကဆရာတော်နှစ်ပါးက ပိဋကသုံးပုံထဲက တကယ့်အနှစ်တွေကို ရွေးပြီး ဟောပြောကြပါတယ်။ ဒါပေမယ့် တရားသာဆုံးသွားတယ်။ ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။

ဒီတော့ တိပိဋက ဆရာတော်နှစ်ပါးက မေးခွန်းထုတ်ပါတော့တယ်။

” အရှင်ဘုရားပြောတော့ နတ်တွေက သာဓုခေါ်တယ်ဆို၊ အခုဘာသံမှ မကြားရပါလား၊ တပည့်တော်တို့မှာ ဟောလိုက်ရတာ ဖတ်ဖတ်ကိုမောရော”

” တပည့်တော် ဟောရင်တော့ အမြဲသာဓုခေါ်လေ့ရှိပါတယ်ဘုရား”

ဒါဆို အရှင်ဘုရား ဟောပြစမ်းပါဦး

” မှန်ပါ့ဘုရား”

အဓိစေတသော အပ္ပမဇ္ဇတော၊

မုနိနော မောနပထေသုသိက္ခတော။

သောကော နဘ၀န္တိ တာဒိနော၊

ဥပသန္တဿ သဒါ သတီမတော၊

ဧကူဒါနမထေရ်က သူရွတ်ဆိုနေကျ ဂါထာလေးကို ရွတ်လိုက်ပါတယ်။ ဂါထာဆုံးတာနဲ့ နတ်တွေက တစ်တောလုံး ညံသွားအောင် ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။

နတ်တွေရဲ့ သာဓုခေါ်သံကြားတော့ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက ဘယ်လိုပြောသလဲဆိုတော့ ” နတ်တွေက မျက်နှာလိုက်တာ”တဲ့။

ကိစ္စပြီးလို့သာ ပြန်လာကြရတယ်။ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက သိပ်ပြီး မကျေနပ်ကြပါဘူး။ ဒါကြောင့် ကျောင်းပြန်ရောက်တဲ့အခါ နတ်တွေ မျက်နှာလိုက်တဲ့အကြောင်းကို မြတ်စွာဘုရားရှင်ကို လျှောက်ပြကြပါတယ်။

မကျေမနပ်စကားဆိုလာတဲ့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေကို မြတ်စွာဘုရားက ဘယ်လိုပြန်ရှင်းပြသလဲဆိုတော့

ချစ်သားတို့ သင်လည်းသင်ပါရဲ့၊ သိလည်းသိပါရဲ့၊ ဟောလည်း ဟောပါရဲ့၊ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ပုဂ္ဂိုလ်မခေါ်သေးဘူး၊ သိရုံတင်မကဘူး၊ ကျင့်လည်းကျင့်ပါမှ တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်” လို့ ဟောပြလိုက်ရပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ အဓိကဆိုလိုချက်ကတော့ သိရုံနဲ့တင် မလုံလောက်သေးဘဲ အသိနဲ့အကျင့် တွဲပါနေမှ၊ အသိနဲ့ အကျင့် ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။

ဘာရယ်တော့မဟုတ်ပါဘူး။ ဒီအတောအတွင်း အသိနဲ့အကျင့် အကြောင်းလေး စဉ်းစားနေမိလို့ ဒီဝတ္တုလေး ထုတ်ပြတာပါ

”ဧကူဒါနမထေရ်က နည်းနည်းပဲသိပေမယ့် သိသလောက်ကို ကျင့်သူပါ၊ ကျင့်ပြီး မြတ်စွာဘုရားမျှော်လင့်တဲ့ ပန်းတိုင်ကိုလည်း ရောက်နေသူပါ။

တိပိဋက ဆရာတော်နှစ်ပါးကတော့ အသိနဲ့ပက်သက်လို့ ပိဋကသုံးပုံတောင် ဆောင်ထားတာဆိုတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် အကျင့်ကျတော့ မရှိသေးပါဘူး။ အဲဒီတော့ နတ်တွေက သာဓုမခေါ်တော့ဘူးပေါ့လေ။

လောကမှာ ဘယ်လောက်ပဲသိသိ၊ မိုးပျံအောင်သိ၊ ဒါပေမယ့် အကျင့်ပါ တွဲမပါနိုင်သေးဘူးဆိုရင်တော့ ဘ၀က အဓိပ္ပါယ် မရှိသေးပါဘူး။ အကျင့်ဟာ လူတစ်ယောက်ရဲ့ ဘ၀ကို သိပ်ပြီးပြဠာန်းပါတယ်။

ဒီနေရာမှာ အသိနဲ့အကျင့်ကို အခြေခံပြီး လူတော်နဲ့ လူကောင်းဆိုပြီး ထပ်ခွဲလို့ရပါသေးတယ်။

လူတော်ဆိုတာ ဘာသာရပ်တစ်ခုအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ် ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာပါ။

လူကောင်းဆိုတာ ကိုယ်ရဲ့ကံသုံးပါးအမူအယာတွေကို အထူးစောင့်စည်းပြီး ကိုယ်တိုင်လည်း အကုသိုလ်မဖြစ်အောင် နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်၊ နောက် ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင် နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး ကုသိုလ်ဖြစ်အောင်နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။

ဒီစာရေးဆဲမှာပဲ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်ရဲ့ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေတွေကိုလည်း နားထောင်နေဖြစ်ပါတယ်။ လူတော်နဲ့ လူကောင်း ခွဲတဲ့နေရာမှာ ဆရာမ ပြောပြတာလေးက ပိုရှင်းပါတယ်။ ဆရာမက ” လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း၊ လူကောင်းဆိုတာက အကျင့်ပညာပိုင်း၊ အသိနဲ့ပြည့်စုံရင် လူတော်၊ အကျင့်နဲ့ ပြည့်စုံရင် လူကောင်း” ပါတဲ့။

တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးနေတုန်း တိတ်ခွေပါ တွဲနားထောင်ဖြစ်တော့ တော်တော်လေးအဆင်ပြေသွားပါတယ်။

လောကမှာ လူတော်နဲ့ လူကောင်း ၊ ဘယ်ဟာပိုလိုအပ်သလဲ မေးလာခဲ့ရင် အထူးဖြေနေစရာ မလိုတော့ပါဘူး။

ဒါပေမယ့် လောကအတွက် အလုပ်လုပ်တဲ့နေရာမှာတော့ လူတော်က သူ့ရဲ့ကျွမ်းကျင်မှုပညာကို အခြေခံပြီး လူကောင်းတစ်လှမ်းစာ လုပ်နိုင်ရင် သူက ငါးလှမ်း၊ ဆယ်လှမ်းစာ ပိုလုပ်နိုင်ပါတယ်။

ထပ်ပြီး” ဒါပေမယ့် ရရင်တော့ ” တော်ပြီး မကောင်းရင်တော့ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ ဥပမာ အထူးကုဆရာဝန်ကြီးတစ်ယောက်၊ သူ့ဘာသာရပ်မှာ သိပ်တော်တယ်။ နိုင်ငံခြားကလည်း ဘွဲ့တွေ အများကြီး ရထားတယ်၊ ဒါပေမယ့် မကောင်းဘူး၊ ဆေးခန်းကို လူနာများများလာဖို့ပဲ မျှော်လင့်နေမယ်၊ ပိုက်ဆံကို ပုံမှန်ထပ် ပိုယူမယ်၊ ငါးမိနစ်ကြည့်ရမှာကို နှစ်မိနစ်ပဲကြည့်မယ်။ ဆေးကုမ္ပဏီကြီးတွေနဲ့ပေါင်းပြီး ” ဆရာရေ ဒါကျွန်မတို့ စမ်းဖော်ထားတဲ့ဆေး ၊ ဆရာ့လူနာတွေကို စမ်းသပ်ကုကြည့်စမ်းပါ၊ ဒါက ဆရာ့အတွက် မာစီဒီးကား” ဆိုပြီး ပေးလာတဲ့ လာဘ်ကို ယူပြီး လူနာတွေကို ဆေးအစမ်းသပ်ခံပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင်တော့ လောကအတွက် သိပ်အန္တရာယ်ကြီးပါတယ်။

လူတော်ဖြစ်ဖို့ဆိုတာ ကံနဲ့လည်းဆိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ကံ၊ ဥာဏ်၊ ဆန္ဒ၊ လုံ့လ၊ ကျန်းမာ၊ ဆရာ မိဘ အားပေးမှုတွေနဲ့ ပြည့်စုံမှပါ။

ဒီအချိန်ကျမှ ဆရာဝန် အင်ဂျင်နီယာ ထဖြစ်ချင်လို့လည်း မရတော့ပါဘူး။

အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရတော့ပေမယ့် လူကောင်းဖြစ်ခွင့်တော့ ရပါသေးတယ်၊ အဲဒါကတော့ လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေး ရှိလိုက် ဖို့ပါပဲ။

အဲဒီလူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးကိုပဲ အခြေခံပြီး ကိုယ့်ရဲ့ကံသုံးပါးကို အထူးစောင့်စည်းလိုက်ရင် မကြာခင်အချိန် အတွင်းမှာ လူကောင်းဖြစ်လာ ပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ဘ၀ကို ကံသုံးပါးက အဓိကပြဠာန်း ထားတာဆိုတော့ ကံသုံးပါးလုံးကို ဂရုစိုက်လိုက်ရင် အားလုံးပြည့်စုံသွားပါတယ်။

ချဲ့ပြောရရင်တော့ ရှင်ရာဟုလာကို ဆုံးမတဲ့အတိုင်းပါပဲ။

အတွေးတစ်ခုတွေးတော့မယ်ဆိုရင် မတွေးခင် စဉ်းစားလိုက်ပါဦး၊ ကိုယ်တွေးမယ့်အတွေးဟာ မိမိကော၊ သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလာ၊ ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့။ ဒီလိုပါပဲ စကားတစ်ခွန်း ပြောတော့မယ်ဆိုရင်လည်း မပြောခင် သေချာစဉ်းစားလိုက်ပါဦး၊ ကိုယ်ပြောလိုက် မယ့်စကားဟာ မိမိကော၊ သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက် နိုင်တယ်ဆိုရင်တော့ မပြောပါနဲ့တော့။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်း မလုပ်ခင် စဉ်းစားလိုက်ပါဦး၊ ကိုယ်လုပ်မယ့်အလုပ်ဟာ မိမိကော၊ သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မလုပ်နဲ့တော့၊

တကယ်လို့ အမှတ်တမဲ့တွေးမိ၊ ပြောမိ၊ လုပ်မိခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့အတွေး၊ အပြော၊ အလုပ်တွေဟာ မိမိ၊ သူတစ်ပါး ထိခိုက်သလား ဆိုတာကို နောင် စောင့်စည်းဖို့ ပြန်ပြန်စဉ်းစားရပါတယ်။

ဒီတွေး၊ ပြော၊ လုပ် ကံသုံးပါးလေးကို မတွေးခင် ၊ မပြောခင်၊ မလုပ်ခင်၊ ကြိုကြိုစဉ်းစားတတ်တဲ့အကျင့်လေးကို စွဲသွားအောင် အကျင့်လေး လုပ်လုပ်သွားဖို့ပါပဲ၊ စွဲသွားရင် နောက်ပိုင်း အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး၊

အဲဒီက တစ်ဆင့်တက်ပြီး သူတစ်ပါး အကျိုးရှိစေမယ့် အတွေးလေးတွေ တွေးသွားမယ်၊ သူတစ်ပါး အကျိုးရှိစေမယ့် အပြောလေးတွေ ပြောသွားမယ်၊ သူတစ်ပါးအကျိုးရှိစေမယ့် အလုပ်ကလေးတွေ လုပ်သွားမယ်ဆိုရင် မကြာခင်အချိန် အတွင်းမှာ လူကောင်းဖြစ်လာမှာပါ၊

တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ်ဆိုရင်လည်း ( ကိုယ့်စိတ်ကိုယ်ပဲ အသိဆုံးဆိုတော့) ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့ စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ။ နဂိုက တော်ပြီးသားဆိုတော့ ကောင်းဖို့ ပြုပြင်တဲ့နေရာမှာ သိပ်ပြီးခက်မယ့် မထင်ပါဘူး၊

လူ့ဘ၀ဆိုတာ ခဏလေးပါ၊ သေတော့လည်း ထားခဲ့ရတာပါပဲ၊ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိကကတော့ ကောင်းချင်တဲ့စိတ်ကလေး ရှိဖို့ပါပဲလေ၊

ဒီစာရေးလို့ ဆုံးခါနီးမှာပဲ ကိုယ့်ကိုယ်ကိုလည်း သူများမကြားအောင် စိတ်ထဲကနေ အသာလေးပြန်မေးကြည့်မိပါတယ်။

” ရဝေနွယ်ရယ် သူများသာ အသိတွေ အကျင့်တွေ၊ လူတော်တွေ လူကောင်းတွေ ပြောနေတာ ကိုယ်တိုင်ကော အသိနဲ့အကျင့် ထပ်တူကျပြီလား၊ လူကောင်း ဘယ်နှစ်ရာခိုင်နှုန်း ဖြစ်ပြီလဲ၊

”…………………….”

အဖြေက ထွက်မလာပါဘူး၊ အဖြေအစား သက်ပြင်းရှည်ပဲ ထွက်လာပါတယ်။

ဘာပဲပြောပြော လူကောင်းမဖြစ်သေးပေမယ့် လူကောင်းဖြစ်ချင်တဲ့စိတ်ကလေးတော့ ရှိနေတာဆိုတော့ ” လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေး ရှိနေတာလေးကကို လူကောင်းဖြစ်ဖို့ အခွင့်အလမ်းတစ်ခုပဲလေ” လို့ ကိုယ့်ကိုယ်ကို ဖြေဆည်ရင်း အတွေးမေးခွန်းကို ခပ်မြန်မြန်ရပ်လိုက်ရပါ တော့တယ်။

ကျမ်းကိုး

၁။ ဓမ္မပဒ အဠကထာ(ဒုတွဲ)

ဧကူဒါနမထေရ်ဝတ္ထု။

၂။ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်၏ ပါရမီကျင့်စဉ် ပို့ချချက် တိတ်ခွေများ

Future Light မဂ္ဂဇင်း

ဇွန်၊ ၂၀၀၅။

Read more...

Dhamma Tour Myanmar, with Jeff Oliver

19/01/2011
by Cittasamvaro

Below is a message from Vipassana teacher Jeff Oliver, who many of you will know. There are some spaces to join a dhamma tour to Myanmar .. looks like a very nice trip. Please book soon if you intend to join as it all takes a lot of organising. Received information is as follows:

I am pleased to inform you that I will be leading another tour for Turkish friends, this time to Myanmar. The tour is open for anyone to join, the more the merrier. Our tour includes commentary by myself and a Myanmar guide. We are not professionals and are not aligned with any company, it is entirely a private tour, friends traveling with friends.
This is not a 5 star tour, costs have been kept to a minimum without compromising comfort, safety or cleanliness. However, you do travel with us completely at your own risk, we will not be held responsible for any injury or loss to your person or property.
Early mornings will include an optional group yoga and meditation session, guided by myself. Our previous tours in Thailand and Cambodia have been a great success and even called, “The trip of a lifetime!”
Naturally, all tours in Myanmar are of a Buddhist nature. It is inextricably woven into the fabric of their culture and daily life, thats why we are going! I personally was a Buddhist monk in the Burmese tradition for about 8 years and speak the language. I also speak Thai and encourage any Thai friends to join us too.
Please find the basic itinerary below. Don’t worry, there will be lots of time for shopping and doing your own thing too :-) )
The cost will be 24,000 Baht inclusive of airfare to and from Bangkok (Myanmar Airways), all meals except last night dinner, all domestic flights and transport in Myanmar, some entry fees and 3-4 star accommodation.
The cost excludes, last night dinner, some entry fees, Myanmar Visa (approx. 1000 baht), donations to monasteries etc, guide and driver tips.
I know it is short notice but it is best to book before Jan 19th 2011, thanks!
Anyone wishing to join our Myanmar tour may email to me directly;
Jeff Oliver
udhamma@yahoo.com.au

Six Days and Nights
Myanmar Turkish Friendship Tour
GOOD people in Good places doing GOOD things for GOOD reasons!
February 2011
19 Transfer to airport for Yangon Myanmar / Burma.
Day 1 in Burma
Meet at the airport
Lunch donation at Chanmyay Myaing monastery and talk with Monastery Abbott
Shwe Oo Mim Monastery talk with monastery Abbott
Shwe Baw Kyun Monastery
Chaukhtatgyi Pagoda (Reclining Buddha)
Hotel Yuzana
Dinner and dancing show at Karaweik Palace
20 Day 2 Yangon to ancient city of Bagan (Breakfast, Lunch, Dinner BLD)
Check out at 5 am, breakfast at hotel and transfer to airport for Bagan
Nyaung Oo Market sightseeing
Lunch at restaurant
Sightseeing
Dinner at restaurant
Overnight at Kaytumadi Hotel
21 Day 3 Bagan (BLD)
Breakfast at hotel
Sightseeing in Bagan
Lunch
Sightseeing
Dinner and puppet show at Nanda Restaurant
Overnight at Kaytumadi Hotel
22 Day 4 Bagan to Mandalay (BLD)
Breakfast at the hotel, Check out at 6 am, transfer to airport for Mandalay
Sightseeing in Mandalay
Lunch
Sightseeing in Sagaing Hills covered in monasteries and pagodas
Amarapura Monastery, about 1,000 monks in residence
Sunset at U Bein Bridge
Dinner at restaurant or China town (not included)
Overnight at Treasure Hotel
23 Day 5 Mandalay (BLD)
Breakfast at hotel
To Mingun by boat
Lunch at restaurant
Gold leaf factory visit
Market
Back to hotel and leave for Yangon
Dinner at restaurant in Yangon
Overnight at Yuzana Hotel
24 Day 6 Yangon City tour (BL)
Pre-dawn visit to the beautiful Shwedagon Pagoda, Breakfast at hotel
Walking tour in Bahan Township, visiting monks and nuns hospital and girls orphanage, market, suburban life of Myanmar
Lunch at restaurant
The famous Bogyoke (Scott) Market
Bodataung & Yangon Port
Dinner at China Town (not included)
Evening visit to Shwedagon Pagoda
Overnight at Yuzana Hotel
25 Day 7 Yangon – Bangkok
Breakfast at hotel, transfer to airport for Bangkok

Read more...

Sayadaw U Jotika – English Talk

WE’RE very happy to announce that Sayadaw U Jotika will give an English only talk for us on Tuesday 1st February at the BIA:

Sayadaw U Jotika

"Buddhism is the Religion of Freedom"

at the BIA

Tuesday 1st February

Previously living in the US Sayadaw is known worldwide, and hugely respected. He has excellent English, and a warm and gentle style of speaking. His talks are continually the most visited/downloaded pages on our Little Bangkok Sangha blog. Be very sure not to miss this all too rare chance. Sayadaw only comes to Thailand once a year….

He will be giving a talk on the 27th at DMG in English with Thai translation, on the same topic. Because the DMG hall was over filled last time (about 800 people went) we have split the English language talk to a different day/venue. If you are not Thai speaking please only come to the English event, so that there is room for all Thai Participants on the 27th.

Dhamma Talk

With Sayadaw U Jotika

Event is free of charge, and no need for advance booking

5:30 – 6:30 Evening Chanting

6:30 – 6:45 break, gather

6:50 – 8:00 Talk on "Buddhism is the Religion of Freedom"

8:00 – 8:30 Questions

8:30 offerings to Sayadaw (who has several charities for the underprivileged in Burma)

If you cannot make the evening chanting at 5:30 you’re welcome to come for 6:30. Talk will start promptly as outlined though.

Sayadaw U Jotika: Born into a non-Buddhist family in Moulmein, Myanmar (Burma) on August 5, 1947. His parents were U Sattar and Daw Tin. He received his basic education at a Roman Catholic missionary school. During his younger days, he didn’t believe in any organized religion although he studied and exposed himself to many different religions, as well as western philosophy and psychology.

He graduated as an Electrical Engineer in 1973 from Rangoon Institute of Technology. He became very interested in Buddhist meditation. He discovered that life was unsatisfactory and majority of the people devoted their precious time mainly in gathering wealth, enjoying sensual pleasures, fame, power and position.

Thus, he decided to leave behind his family and became a "Samenera" (Novice) at the age of 26. He was ordained as a "Samgha" in 1974 at Taung Pu Lu Tawya, Meiktila with Ven. Taung Pu Lu Sayadaw as his preceptor. He practiced meditation under the guidance of the late Ven. Taung Pu Lu Sayadaw for (3) years. He continued to practice meditation with Htantabin Tawya Sayadaw for (15) years.

Ven. Jotika visited Melbourne in 1977 and again in 1998. He was in the United States in 1983-84 for about (16) months, conducting Dhamma talks in Santa Cruz, New York, Boston and Washington. He had visited Singapore several times on Dhamma Duta missions as well.

He has established a monastery in a rural environment overlooking a great lake near Pago, (50) miles north of Yangon. His Dhamma talks and books are in great demand in Myanmar as well as with overseas Burmese. He has published about (13) titles so far. One of his popular Dhamma book in English can be downloaded here : "Snow in the Summer"

Click here for previous posts on Sayadaw

Sayadaw U Jotika; download MP3 "Praise and Blame":

Sayadaw U Jotika; download MP3 "I have no home"

U Jotika

Location

This event is at the brand new Buddhadasa Indapanno Archives in Suan Rot Fai, near Mor Chit BTS station.

BIA 2This is the branch of Suan Mokh where the famous Buddhadasa Bhikkhu lived and taught for many years, and which is still a majour item on the spiritual tourism of Thailand agenda.

The place is beautiful, and vast. Overlooking the parklands near Mor Chit BTS, the complex includes a library, book shop, huge verandah overhanging the lake, and lots of art and sculpture. In following years this place will definitely become the most vital centre of Buddhism in Bangkok. Expect a lot of great events to happen here.

Directions:

Go to Mor Chit BTS Station and walk through the park for about 20 minutes. Motorcycles are an option – but come on, you could do with the exercise, and it is a lovely park! You can also take a taxi from the BTS for about 45 baht. MRT users can go to Chatuchak Station or Pahonyothin station exit 3 (which is a slightly closer, but less pleasant walk)

click the map to enlarge

Read more...

သတိပဋ္ဌာန်လမင်း

သတိပဋ္ဌာန်လမင်း

ရှင်တော်ဗုဒ္ဓ၊ သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊ ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊ ဖြာကျနေစဉ်၊
နိုးသူများ၊ ရှုပွား အပူစင်။

ကာမဂုဏ်မှောင်တိုက်၊ အိပ်ငိုက်သူတွေ၊
လင်ရေး မယားရေး၊ ရှုပ်ထွေးလိမ်ပွေ၊
သားရေး သမီးရေး၊ ပူဆွေးဗျာပွေ၊
လရောင်နှင့်၊ တွေ့ခွင့်မကြုံပေ၊
အပူမီး၊ ထိန်ညီးတောက်လောင်နေ။

(ချမ်းမြေ့ဆရာတော်)

Read more...

“ခွင့်လွှတ်ပါ ခွာညို”

ခွင့်လွှတ်ပါ ခွာညို
ပြာသိုလ်လမှာ.........

ခွာညိုရဲ့ အလှတွေကို
ကမ္ဘာမှာ အလှဆုံးရယ်လို့ .........

တင်စားချင်တာပါ ခွာညိုရယ်…………။
ဒါပေမယ့် ခွာညိုရယ်………….
ဇရာတွေပိုနေတဲ့ မာတာအမေအိုရဲ့ အလှတွေကို
ကမ္ဘာကျော် စာဆိုတွေကတောင်

ရေးစပ်/ဖွဲ့လို မမီနိုင်ကြဘူး မဟုတ်လား။
ဒါကြောင့်……..
ဇရာတွေပိုနေတဲ့ မာတာအမေအိုရဲ့ အလှတွေကိုပဲ
ကမ္ဘာမှာ အလှဆုံးရယ်လို့ .......

တင်စားလိုက်ရတာကို
ခွင့်လွှတ်ပါ ခွာညိုရယ်…………….။

(မစီုးရိမ်တိုက်ဟောင်း ဆရာတော်)
ဤ ကဗျာလေးဖြင့် အမေများနေ့အမှတ်တရနေ့လေးအတွက် အမေ့ကို ဂုဏ်ပြု ဂါရ၀ ဦးညွှတ်လိုက်ပါ၏။
(ဥယျာဉ်မှူးလေး)

Read more...

ကိုနေလွင်+မစုမြတ်ခိုင် တို့၏ သမီးလေး မယွန်းမြတ်နေလွင်(ဂျပန်)၏ ၁ နှစ်ပြည့်မွေးနေ့အလှူ။(၁၉.၁.၂၀၁၁)

မင်္ဂလာပါရှင်။
ဒီနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့)သည် ကိုနေလွင်+မစုမြတ်ခိုင် တို့၏ သမီးလေး မယွန်းမြတ်နေလွင်(ဂျပန်)၏ (၁)နှစ်ပြည့်မွေးနေ့အလှူရက် ဖြစ်ပါတယ်ရှင်။
သမီးလေး ယွန်းမြတ်နေလွင်ရဲ့မွေးနေ့မှာ..

သံဃာတော်များအား...

အရုဏ်ဆွမ်း +နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၊

သီလရှင်အပါး(၁၀၀)တို့အား

အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။

ယနေ့ ဦးဇင်းမှ မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)၏ တရားပွဲ သွားရန်ရှိနေပါသောကြောင့် အလှူဓါတ်ပုံများ ပေးပို့ခြင်းကို နောက်ကျနိုင်ပါကြောင်း ဖုန်းဆက်လာပါသဖြင့် အလှူဓါတ်ပုံများကို လက်ခံရရှိပါက အလှူရှင်များ ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ကြစေရန်အတွက် မွေးနေ့အမှတ်တရပို့စ်အဖြစ် တင်သွားပါမယ်ရှင်။


အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

အမှိုက်ထဲမှရွှေ



တစ်မျိုးမျိုးသော အလုပ်ကိစ္စမရှိရင် ဘုရားကိုအမှတ်ရနေပါ။ ဘုရားရှင်၏ဂုဏ်တော်တွေကို အမှတ်ရနေပါ၊ အခါမရွေးအမှတ်ရနေရင် ကောင်းပါတယ်။ ဒီလိုဘုရားအာရုံယူနေတော့ သတ္တိတွေ အလိုလို ထက်မြက်လာပါတယ်။

စိတ်တွေဟာ ဘုရားအာရုံအမြဲယူနေရတော့ တည်ကြည်မှု့(သမာဓိ)ကို ရလာပါတယ်၊ ဒီလို တည်ကြည်လာတော့ ရဲရင့်ထက်မြတ်တဲ့သတ္တိကောင်းတွေ ပေါ်လာရတာပဲ၊ သွားလာရာ မှာ ဘုရားအာရုံနဲ့သွားရင် ကြမ်းတမ်းတာမရှိပါဘူး။

အထက်ပါစကားကတော့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်မှ ဖြစ်ပါတယ်။ တောင်မြို့ဆရာတော်ဘုရားကြီးက တပည့်တော်အလုပ်များလို့ ကျောင်းကန် ဘုရားကိုတောင် မရောက်ဖြစ်ဘူးဘုရာ့ ဘုရားနှင့်ဝေးနေပါတယ်။ စားဝတ်နေရေးအတွက် ရှာဖွေနေရတော့ လူ့ဘ၀ဆိုတာမလွယ်ကူလှပါဘူးဟုသော ဆင်ခြေပေးသည့် ဗုဒ္ဓဘာသာဝင် တွေအတွက် ရည်ရွယ်ခဲ့သည်ဟုထင်ပါသည်။ ဟုတ်လည်းဟုတ်ပါသည် အချို့သောပုဂ္ဂိုလ် များကတော့ အဲလိုဆင်ခြေတွေနဲ့ပေးပြီးနေကြတာကို စာရေးသူကိုယ်တိုင်လည်းတွေ့ဖူး ကြားဖူးနေဆဲပါ။

တကယ်တော့ အဲဒါသူတို့ဗုဒ္ဓဘာသာမှာရှိတဲ့ အနှစ်သာရကိုမသိကြလို့ပါ။ လူ့ဘ၀ ဆိုတာက တော့ စား၊ ၀တ်၊ နေ၊ ရေးဆိုတဲ့ အရေးတွေများလှတာပါမှန်ပါတယ်။ သို့ပေမယ့် ထိုအရေး တွေနဲ့ပဲ အချိန်ကုန်သွားကြတော့မလားဆိုတာလည်း မေးခွန်းထုတ်စရာ ကောင်း ပါတယ်။ တကယ့်အနှစ်ဆိုတာ အကာအတွင်းမှာပဲနေတာပါ၊ အကာသာခွါယူသွားမယ်ဆိုရင် တော့ တကယ့်အနှစ်ရဲ့အရသာသတ္တိကိုတော့ မသိပဲရှိနေမှာပါပဲ။ ထို့အတူ လူ့ဘ၀ရဲ့ အရေးတွေကို ပဲအာရုံစိုက်ကာ နေသွားမယ်ဆိုရင် အချိန်ကောင်းအတွင်းမှာကိုပဲ မိမိတို့ ရသင့် ရထိုက်တဲ့ အနှစ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရခြင်း၏ ကံကောင်းမှု့တွေဟာ အလိုလို ဆုံးရှုံး သွားရတော့မှာပါ။

ပါပသ္မိံရမတိမနော.. မိမိစိတ်ဟာ မကောင်းမှု့မှာပဲ မွေ့လျော်တက်ပါတယ်ဆိုသော စကားကို ထောက်ဆခြင်းအားဖြင့် စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်မှာပဲ ပျော်မွေ့ နေတက်ပါတယ်။ အဲဒါကြောင့် ကျောင်းကန်ဘုရားသွားမှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး မိမိကသာ ယူတတ်ဖို့ပဲလိုတာပါ။ စီးပွားပျက်ခံ၊ အလုပ်ပျက်ခံပြီး လုပ်မှ ရစကောင်းတဲ့ ကုသိုလ်မဟုတ်ပါ။ အကုသိုလ်ဖြစ်မည့်အချိန်တွေကို ကုသိုလ်ဖြစ်အောင် လုပ်တက်နေဖို့ပါပဲ။

ဝန်ထမ်းများ သို့မဟုတ် အရောင်းအ၀ယ်သမားများသည် မိမိတို့ဆိုင်ဌာနသို့ တစ်နေ့လျှင် နာရီဝက်၊ တစ်နာရီ အချိန်ပေးသွားလာနေရသည်။ ထိုသို့သွားလာရသောအချိန်လေးမှာပင် ဘုရားရှင်၏ဂုဏ်တော်များကို ပွားများလိုက်မယ်ဆိုလျှင် အနှစ်ကိုရယူနိုင်မည်ဖြစ်သည်။

အရေးတွေများသည့် လူ့ဘ၀၏ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှိုက်ထုပ်ထဲမှာ ပျော်မနေပဲ ဘုရားကျောင်းကန်မသွားရပဲ ရသည့်ဘာဝနာကုသိုလ်ဆည်းပူးယူသင့်သည်။ မိမိစိတ်ထဲက ပွားများလိုက်သည့် နာရီဝက်၊ တစ်နာရီအချိန်သည် မိမိအတွက် ရွှေအချိန်တွေပဲ ဖြစ်နေမည်သာ။ အချို့သော သူများက ဘုရားကျောင်းကန်သွားမှ၊ ဘုရားခန်းရှေ့မှာ ပွားများ နေမှပို၍ ထိရောက်သည်ဟု ထင်နေကြသည်။ ထိုသို့အချိန်ပေးနိုင်မယ်ဆိုလျှင်တော့ သာ၍ ကောင်းပါသည်။ အခုက အရေးတွေ အကြောင်းပြလျှက် နေနေကြသည့် ပုဂ္ဂိုလ်များ အတွက် ဆိုလိုခြင်းဖြစ်သည်။

လိုအပ်လျှင် ယူသွားနိုင်ဖို့ အောက်တွင် ဘုရားဂုဏ်တော် ပါဠိနှင့် အဓိပ္ပါယ်ကို ဖော်ပြပေး လိုက်ပါသည်။
၁။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာခပ်သိမ်း ကင်းပြတ်ငြိမ်းသဖြင့် လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် အရဟံဂုဏ်။

၂။ သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဟူသောညေဓမ်တရားငါးပါးကို အကုန် သိမြင် သော သမ္မာသမ္ဗုဒ္ဓဂုဏ်။

၃။ အသိ၊ အကျင့်နှစ်ပါးနှင့် ပြည့်စုံသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်။

၎။ ကောင်းသော အကျိုးရှိသောစကားကို ဆိုတော်မူတတ်သည့် သုဂတဂုဏ်။

၅။ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟုဆိုအပ်သော လောကသုံးပါးကို သိမြင်တော်မူသည့် လောက၀ိဒူဂုဏ်။

၆။ ဆုံးမထိုက်သူကို ဆုံးမရာ၌ အတုမရှိ၊ ပြိုင်ဘက်မရှိသော အနုတ္တရောပုရိသ ဓမ္မ သာရထိ ဂုဏ်။

၇။ လူ၊နတ်၊ ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ဆရာဖြစ်ထိုက်သော သတ္ထာဒေ၀မနုဿာနဂုဏ်။

၈။ သစ္စာလေးပါးကိုသိမြင်သော ဗုဒ္ဓဂုဏ်။

၉။ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သရီ၊ ကာမ၊ ပထတ္ထဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော ဘဂ၀ါ ဂုဏ်တော်။
စသော အဓိပ္ပါယ်များကို မိမိပွားများသည့် ဘာဝနာကို သိထားရမည်မှာလည်း အရေးကြီးပါ သည်။


အမှိုက်ထဲမှ ရွှေကို အရယူနိုင်ကြပါစေ……….

ကိုရင်လေး

၁၉.၁.၂၀၁၁

Read more...

သစ်ပင်

Posted on 3:15 AM by သားသားလေး


တစ်နေ့ စာရေးသူ ညနေပိုင်း ပင်လယ်ကမ်းခြေ နားကို လမ်းလျှောက်သွားရင်း အင်မတန်မှ ထုးဆန်းပြီး အကိုင်းအခတ်တွေမရှိတဲ့ သစ်ပင်အိုကြီးတပင်ကို ပင်လယ်ကမ်းစပ် တစ်နေရာမှာတွေ့လိုက်မိတယ်။ ဘာရယ်မဟုတ် သစ်ပင်အိုကြီးကို စိတ်ဝင်စားတာနဲ့ အကိုင်းမခတ်တွေ မရှိတော့တဲ့ သစ်ပင်ကြီးထံကို သွားခဲ့တယ်။ အဲဒီ အနားကိုရောက်သွားတော့ ပင်လယ်ဘက်ကို ကြည့်ရင်း ခဏထိုင်ချင်စိတ် ဖြစ်သွားတာနဲ့ သစ်ပင် ဘေးဘက်မှာရှိတဲ့ ကျောက်တုံးပေါ်မှာ ထိုင်လိုက်တယ်၊ ထိုင်နေရင်း ဒီသစ်ပင်ကြီးဟာ ဟိုတုန်းကဆို တော်တော်လေး အရိပ်အာဝါသကောင်းပြီး လူ နဲ့ သတ္တဝါတွေ ဒီအရိပ်အောက်မှာ အေးအေးချမ်းချမ်းနဲ့ အမောပန်းဖြေရာ နေရာကောင်းတစ်ခု ဖြစ်ခဲ့မှာပဲလို့ သစ်ပင်ကြီးကို ကြည့်ရင်း စဉ်းစားနေမိတယ်။ အဲဒီအချိန်မှာ မထင်မှတ်ပဲ စကားပြောဆိုသံကို သစ်ပင်နားကနေ လျှက်တစ်ပျက် ဆိုသလို ကြားလိုက်မိတယ်၊ ဘယ်ကလာတဲ့ အသံလည်းဆိုပြီး သေသေချာချာ ပတ်ဝန်ကျင်ကို စုံစမ်းကြည့်လိုက်တော့ ဘယ်နေရာမှ ထူးဆန်းတာကို မတွေ့ရဘူး။ စိတ်ထင်တာပဲ ဆိုပြီး ပင်လယ်ဘက်ကိုမျက်နှာ ပြန်မူလိုက်မိရင်း သစ်ပင်အကြောင်းကို ဆက်ပြီးစဉ်စားနေခဲ့မိတယ်၊ အတွေးနယ်ချဲ့နေတုန်း နောက်ထပ်တစ်ခါ စကားပြောဆိုသံကို ထင်းထင်းရှားရှား ထပ်ကြားလိုက်မိတယ်။ စိတ်ကမလုံဖြစ်သွားတာနဲ့ သစ်ပင်အိုပေါ်ကိုကြည့်လိုက်မိတယ်။ သေချာကြည့်လိုက် တော့မှပဲ သစ်ပင်အိုကြီးက စာရေးသူကို စကားတွေ ပြောနေတာပါလားဆိုပြီး သိခဲ့ရတယ်။ ဒါနဲ့ စာရေးသူက သစ်ပင်အို ဘာတွေပြောနေတာလည်း ပြီးတော့ ဘာကြောင့် ယခုလို အခတ်အလတ်တွေမရှိတော့ပဲ အရုပ်ဆိုးအကြည်တန်းတဲ့ ဒီလိုဘဝမျိုးကို ရောက်ရှိသွားရတာလည်းလို့ တစ်ဆက်တည်း မေးလိုက်မိတယ်၊ အဲဒီအခါမှ သစ်ပင်အိုကြီးက ယခုလို သူ့ဘဝအကြောင်းကို သေသေချာချာ စီကာပတ်ကုံး ဘာကြောင့် ဒီလို ဖြစ်ခဲ့ရတယ် ဆိုတာကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်.
ဟိုတုန်းကဆိုရင် တပည့်တော်က ဒီနားတဝိုက်မှာ အလွန့်ကို ပေါ်ပြူလာဖြစ်ပြီး သစ်ပင်မယ်လေတွေရဲ့ ကြားထဲမှာ အထူးစိတ်ဝင်စားခြင်းခံရတဲ့ သစ်ပင်ကောင်းကြီးတစ်ပင် ဖြစ်ခဲ့သလို လူ နဲ့ သတ္တဝါတွေ အတွက်လည်း တပည့်တော်ရဲ့ အရိပ်အောက်ကို ခိုနားပြီး အေးအေးချမ်းချမ်း နေကြရလို့ သူတို့တွေ ရဲ့ကြားမှာ လည်း နာမည်သတင်းကြီးမားခဲ့ရသူပါ။ အထူးသဖြင့် ကြီးမားတုတ်ခိုင်ပြီး တောင့်တင်းခိုင်းမာတဲ့ အကိုင်းအခတ်တွေ။ အမြဲတန်း စိမ်းစိုလှပနေတဲ့ အစိမ်းရောင် သစ်ရွက်တွေ။ ကြီးမားတဲ့ ပင်စည်နဲ့ ချိုမြိန်ပြီး အရသာရှိလှသော အသီးအပွင့် တွေကို ဝေဝေဆာဆာ ပိုင်ဆိုင်ရတဲ့ သစ်ပင်ကောင်းကြီးတစ်ပင်ဖြစ်လို့ သူတို့အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။ အဲဒီလို ဂုဏ်များများ ပိုင်ဆိုင်ရလို့လည်း တပည့်တော် ယခုလို ဘဝကို ရောက်လာခဲ့ရတာပါဘုရား။
ပြောပြချင်တာလေးတစ်ခုကတော့ လူတွေ တွေ့ရင်လည်း ပြောပေးပါ တိရစ္ဆာန်တွေ့ တွေ့ရင်လည်း တားဆီးပေးပါ နောက်နောင် တပည့်တော်လို့ သစ်ပင်ကောင်းများ တွေ့ခဲ့ရင် တပည့်တော်လို ဘဝမျိုးမရောက်အောင်ပါဘုရား၊ ခြေများစွာရှိတဲ့ သတ္တ၀ါတွေ ခြေရှစ်ချောင်း ခြေလေးချောင်း ခြေနှစ်ချောင်း အစရှိတဲ့ သတ္တ၀ါတွေ နဲ့ ခြေမရှိ မြွေစသော သတ္တ၀ါတွေ အားလုံးတို့ဟာ တပည့်တော်ရဲ့ အရိပ်ကိုလည်း ခိုလှုံကြပါတယ်။ တပည့်တော်၏ အသီးအရွက်ကိုလည်း စားသုံးကြပါတယ်။ အသီးအရွက်တွေတင်မကပါဘူး အကိုင်းအခတ်ကလေးတွေကိုလည်း တစ်ခါတစ်လေ နင်းခြေဆော့ကစားခဲ့ကြပါတယ်။ ငှက်စတဲ့ သတ္တဝါတွေနဲ့ ရှဉ့် စသော အကောင်းတွေကလည်း သူတို့၏ အိမ်သဖွယ်အသိုက် အအုံတွေ ဆောက်လုပ်ကာ တပည့်တော်ရဲ့အပေါ်မှာ အပူအပင် ကင်းကင်းနဲ့ နေထိုင်ခဲ့ကြပါတယ်။ ငါ့ကို အမှီပြုပြီးတော့ အားလုံးသော သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြတယ် ဆိုပြီး တပည့်တော်လည်း အလွန်ကို သဘောကျခဲ့ပါတယ်။ နောက်ပိုင်း တပည့်တော်အပေါ် မစင်စွန့်ခြင်း အပေါ့သွားခြင်း စတာတွေကိုပါ ပြုလုပ်လာခဲ့ကြပါတယ်။ တပည့်တော် သူတို့အားလုံးကို အဲဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး လုံးဝ အပြစ်မယူခဲ့သလို အပြစ်မပြောခဲ့ပါဘုရား။ ဆောင်းတွင်းပိုင်းမှာ သူတို့တွေကို ချမ်းအေးကြမှာပဲ ဆိုပြီး တပည့်တော် ရဲ့ အရွက်ခတ်တွေနဲ့ အအေးဒဏ်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ နွေရာသီပိုင်းရောက်တော့လည်း အေးချမ်းမှုကိုရရှိအောင် ဆိုပြီး သစ်ရွက်ဟောင်းတွေ ကြွေကျနေတဲ့ ကြားထဲကနေ ခဲခဲရင်းရင်း သူတို့အတွက် အရွက်အခတ်တွေကို ပေါများအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ မိုးတွင်းပိုင်းရောက် ပြန်တော့လည်း တပည့်တော်လေ သူတို့ကို မိုးဒဏ်လေဒဏ်မှ အသည်းအသန် ကာကွယ်ပေးခဲ့ပြန်ပါတယ်။ သစ်တောက်ငှက် စတဲ့ ငှက်တွေကလည်း တပည့်တော် ၏ ကိုယ်ပေါ်ကို လာနား အရိပ်ကိုခို အမောဖြေပြီးတော့ သူတို့ရဲ့ချွန်ထက်လှတဲ့ နှုတ်သီးတွေနဲ့ တပည့်တော် အသားဆိုင်ထဲကို မညာမတာ ထိုးဆွ ပြီး သူတို့ရဲ့ အစာအဟာရအတွက် ရှာဖွေစားသောက် ကြပါတယ်။ တပည့်တော်လေ အလွန်ကို နာကျဉ်သောလည်း သူတို့တတွေ ရှာဖွေစားသောက်နေတာ ဝဝလင်းလင်းစားသောက်နိုင်ပါစေ ဆိုပြီး အပြုံးမပျက်ခဲ့ပါဘုရား။


နောက်ပိုင်း သစ်ပင်ပေါ်မှာ နေထိုင်ခွင့်ပြုထားတဲ့ သတ္တ၀ါတွေကလည်း တပည့်တော်ကို ဒုက္ခပေးခဲ့ပါတယ်။ တပည့်တော်ရဲ့ အောက်က နွားအစရှိတဲ့ အကောင်တွေကလည်း တပည့်တော်အရိပ်ကိုလာခိုပြီး တပည့်တော်၏ အရွက်အခက် တွေကို ဆွဲ၍ ဆွဲ၍ ရက်ရက် စက်စက် စားသောက်နေကြပါတယ်။ တကိုယ်လုံးကို နာကျဉ်လွန်းလှ ပါတယ်ဘုရား၊ လူစတဲ့ အသိညဏ်ရှိတဲ့ သတ္တ၀ါတွေကလည်း တပည့်တော် ၏ အရိပ်ကိုနား အသီးကို စားပြီး တပည့်တော်ကိုလေ လုပ်ကြံသတ်ဖျတ်ကြဖို့ ကြိုးစားနေကြတယ်ဘုရား။ အသိညဏ်မရှိတဲ့ သတ္တဝါတွေနဲ့ လူလိုခေါ်ကြတဲ့ အသိညဏ်ရှိတဲ့ သူတွေအားလုံးကို ဘယ်တုန်းကမှ အပြစ်တစ်စုံတရာမလုပ်ခဲ့မိပါဘုရား။ သူတို့အားလုံးသာ တပည့်တော် ကိုမှီပြီး ချမ်းသာနေကြပါတယ်။ တစ်ဖြေးဖြေးနဲ့ တပည့်တော်၏ အပေါ်မှာနေထိုင်နေကြသော သတ္တ၀ါတွေကလည်း အမြဲဆိုလို နှိပ်စက် အရိပ်အောက်က အသိဉာဏ်ရှိတဲ့ သတ္တ၀ါတွေကလည်း မကြာခဏဆိုသလို ဒုက္ခတွေပေး၊ ငါ့အရိပ်ကိုလည်း ခိုသေးတယ် ငါအသီးအပွင့်တွေကိုလည်း မညာမတာနဲ့ ခူးယူစားသုံးပြီး ငါ့ကို သူတို့ဘာကြောင့် ဒီလောက်တောင် ဝိုင်းပြီ ဒုက္ခမျိုးစုံတွေ ပေးနေပါလိမ့် ဆိုပြီး အတွေးနယ်ချဲ့ လိုက်မိတော့ တပည့်တော်၏ တုတ်ခိုင်ပြီးသန်မာတဲ့ လက်တွေကြောင့်ရယ် ပြီးတော့ ကြီးမားတောင့်တင်းလှတဲ့ ပင်စည်ကြောင့် ယခုလို ပျက်စီးရတယ်ဆိုတာကို သိလိုက်ရပါတယ်။
တစ်နေ့ အဲဒီနေ့ကို တပည့်တော် ဘယ်တော့မှ မမေ့ခဲ့ပါဘူးဘုရား၊ မိုးမလင်းခင်ဆူဆူညံညံ အသံတွေကြောင့် ဘာတွေ ဖြစ်တာလည်း ဆိုပြီး အဝေးကိုမျော်ကြည့်လိုက်မိပါတယ်။ လူတစ်စု တပည့်တော်ထံကို တန်းတန်း မှတ်မှတ် လာနေကြတာကို မြင်လိုက်မိပါတယ်။ သူတို့ရဲ့ လက်ထဲမှာလည်း လွှတွေ ဆောက်တွေ တူတွေ ရဲတင်းတွေ ပုဆိန်တွေ ကြိုးတွေ စတာတွေနဲ့ဆိုတော့ တစ်နေရာရာကို သွားကြမှာ ဖြစ်မယ် ဘယ်ကိုသွားကြမလဲမသိဘူးဆိုပြီး စဉ်စားရင် သူတို့တတွေကို ဆက်ကြည့်နေခဲ့မိပါတယ်။ သစ်ပင်အောက်ကိုရောက်လာတော့ ပါလာတဲ့ ပစ္စည်းအားလုံးကို အောက်ကိုချပြီး နားသူကနား အသီးအပွင့်တွေကို စားသုံးသူက စားသုံးနဲ့ ရယ်မောနေကြတာကို မြင်တော့ တပည့်တော် ဝမ်းသာလိုက်တာဖြစ်ခြင်း ဘုရား။ သူတို့ နားလို့ စားလို့လည်း ပြီးရော ခေါင်းဆောင်လုပ်သူတစ်ဦးက လုပ်ငန်းစမယ်ဟေ့ ဆိုတော့ အားလုံးက အောက်မှ ချထားတဲ့ ပစ္စည်းကိုကောက်ယူပြီး တပည့်တော်ကို ဝိုင်းလိုက်ကြပါတယ်။ အဲဒီအချိန်ကြမှပဲ သူတို့တွေ ငါကို သတ်ပစ်ကြတော့မှာပါလား ဆိုပြီး ဝမ်းနည်း ယူကြုံးမရခြင်းများစွားနဲ့ သိလိုက်ရတော့တယ်ဘုရား။ သစ်ပင်ပေါ်မှာ အိပ်ပျော်နေကြတဲ့ သတ္တ၀ါတွေအားလုံးလည်း ကြောက်လန့်တကြား သားငယ်သမီးငယ်တွေကို လက်ဆွဲကာ တပည့်တော်ကို ထားခဲ့ပြီး အားလုံး အဝေးကို ထွက်ပြေးသွားခဲ့ကြပါတယ်။ နောက်ဆုံးတော့ ငါတစ်ဦးသာလျင်ရှိပါရော့လားလို့ တွေး ရင်း စိတ်မကောင်းစွာနဲ့ သူတို့ကို ကြည့်နေမိခဲပါတယ်။


ကြည့်နေရင်း အသံကြားလို့အောက်ကို ငုံ့ကြည့်လိုက်တော့ တပည့်တော် အပေါ်ကိုလေ တစ်ဦးတက်လာပြီး သူ့မှာပါလာတဲ့ ချွန်ထက်နေတဲ့ ရဲတင်းနဲ့ တပည့်တော် ၏ လက်တွေကိုလေ မညာမတာ ရက်ရက်စက်စက် ခုတ်ဖြတ်ခဲ့ပါတယ်ဘုရား။ တပည့်တော်လေ နာကျဉ်မူဝေဒနာကို မျက်စိမှတ်ခံစားနေခဲ့ရပါတယ်။ ဝုန်းဆိုပြီး အသံကြားလို့ နာကျဉ်မူကြားထဲကနေ အောက်ကို ငုံ့ကြည့်လိုက်မိတယ်။ မမြင်ရက်စရာ မကြည့်ရက်စရာပါ ဟိုတုန်းက အားလုံးသောသူတွေက ဒီလက်တွေဟာ လှပလိုက်တာ တောင်းတင်းလိုက်တာ ဒီလက်တွေကြောင့် ငါတို့တွေ အေးအေးချမ်းချမ်းနေနိုင်ကြတယ်ဆိုတဲ့ အများချီးကြူးခံခဲ့ရတဲ့ တပည့်တော်ရဲ့လက်တွေဟာ ယခုတော့ဖြင့် အောက်ကို ရောက်သွားပါရော့လားဆိုပြီး ငိုခဲ့ရပါတယ်။ အချိန်ကြာလာတာနှင့်အမျှ တပည့်တော် တစ်ကိုယ်လုံးမှာလေ တပည့်တော်ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားနေခဲ့တဲ့ အကိုင်းအခတ် အရွက်တွေဟာ ဘာတစ်ခုမှ မရှိတော့ပါဘူးဘုရား။ အောက်ကို ကျသွားတဲ့အကိုင်းတွေမှာ ပါသွားတဲ့ အသီးတွေကို စားသောက်ရင်း ရယ်ရယ်မောမောနဲ့ အားရပါးရ တပည့်တော်ရဲ့ လက်တံတွေအားလုံးကို ခုတ်ထစ်နေလိုက်ကြတာ တပည့်တော် ဘယ်လိုကြည့်နိုင်မလဲ၊ နောက်တော့ တပည့်တော်၏ အောက်ပိုင်း ဘေးပတ်ပတ်လည် ကို ပုဆိန်နှင့် ရစ်၍ရစ်၍ ခုတ်နေကြပြန်ပါတယ်၊ တပည့်တော်ကို နောက်တစ်ပါတ်ဆို ပြန်လာပြီး အပင်ကို အမြစ်ပါပါအောင်တူးမယ်လို့ ပြောဆိုကြပြီး တပည့်တော် ကိုခုတ်ပိုင်းတစ်ယူသွားကြပါတယ်။ တစ်ချို့ဆိုရင် အိမ်ဆောက်တယ်။ ခုန်ဖိနပ်လုပ်တယ်။ အိမ်အသုံးအဆောင်တွေလုပ်ကြပါတယ်ဘုရား။ ဒါပေမယ့် အဲဒီဘ၀ရောက်တဲ့အထိ တပည့်တော် သူတို့အပေါ်ကို အပြစ်မမြင်ခဲ့ပါဘူး။ သူတို့အလိုကျ နေခဲ့ပေးရပါတယ်။ ငါသူတို့အပေါ်ကို ဒီလောက်ကောင်းခဲ့ ရဲ့သားနဲ့ ဘာကြောင့်များ ငါကို အမြစ်ပါမကျန်အသေသတ် ချင်နေရတာလဲ ဆိုပြီး ၀မ်းနည်းခဲ့ရပါတယ်။

မကြာခင် သူတို့ ပြန်လာပြီး တပည့်တော်ကို အရင်းကနေ တူးကြတော့မယ်ဘုရား။ ဒီနေ့က သူတို့ပြောတဲ့ တစ်ပါတ်တင်းတင်း ပြည့်တဲ့နေပါဘုရား။ တပည့်တော် နောက်ဆုံးအချိန်လေးမှာ ယခုလို ပြောပြခွင်ကလေး ရလို့ ၀မ်းသာမိပါတယ်။ တပည့်တော် အသိဉာဏ်ရှိတဲ့သူတွေကို ကြောက်သွားပါပြီ။ လူတွေက တကယ့်ကို ကြောက်စရာအကောင်းဆုံး အန္တရာယ်အရှိဆုံးဆိုတာကို တပည့်တော် ယခု သဘောပေါက်သွားပါပြီ၊ တပည့်တော် တစ်သက် မကောင်းတာကိုမလုပ်ခဲ့ပါ အားလုံးသော သူမြတ် သူယုတ် ဆိုပြီးမရွေး တပည်တော့်၏ အရိပ်မှာ လက်ခံခဲ့သလို အမောတွေကိုလည်း ပြေပျောက်စေခဲ့ပါတယ်။ ဒီအကြောင်းတွေကို အားလုံးသော သူတွေသိအောင် ပြောပြပေးပါဆိုပြီး ၀မ်နည်းစွာနဲ့ စာရေးသူရှေ့မှာ ငိုကြွေးနေပါတယ်။ စာရေးသူလည်း စိတ်မကောင်းခြင်းများစွာနဲ့ သူပြောပြနေတာကို နားထောင်နေမိပါတယ်။ ဒီအချိန်မှာ ပဲတိုက်တိုက်ဆိုင်ဆိုင် လူတစ်စု ကလာပြီး သစ်ပင်ကို ကြိုးတွေနှင့်ချည် အပြီးအပိုင်လှဲအချ မြေပေါ်ကိုမကျခင် အချိန်လေးအတွင်း မှာ သစ်ပင်အိုက မျက်ရည်စတွေနှင့်အတူ စာရေးသူကို တပည့်တော် နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ် ဆိုပြီးပြောနေသယောင် ရိမ်းထိုးနေပြီး ဒီအကြောင်းလေးတွေကို လူအများအား ပြောပြပေးပါ ဆိုပြီး မျက်နှာအလွဲ အမြစ်ကနေ ဘေးကို တစ်ခါတည်း လဲကျသွားပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်span>သွားရှာပြီ ဆိုပြီး စိတ်မကောင်းစွာနဲ့ ကြည့်နေခဲ့မိတယ်။ အကယ်၍များ ဤ သစ်ပင် အိုသာ ဆက်လက်အသက် ရှင်နေမည် ဆိုပါက ဒီသစ်ပင်ကို အကြောင်းပြုပြီး အားလုံးသော သတ္တ၀ါတွေ အရိပ်ကိုလည်း ခိုနှိင်မယ် အသီးကိုလည်း စားသုံးနှိင်မယ် သတ္တ၀ါတွေလည်း အေးအေး ချမ်းချမ်း နေနိုင်ထိုင်နိုင်မယ် ဆိုတာကိုတွေးလိုက်မိပါတယ်။ နောက်တော့ အရှင်လည်း စိတ်မကောင်းကြီးစွာဖြင့် သစ်ပင်အိုကို တစ်ချက်ကြည့်ပြီး အဆောင်ကို ပြန်လာခဲ့ရင်း တွေးလိုက်မိပါသည်။
အော် လူ ......လူ..........ယခုအဲဒီ သစ်ပင်အိုနေရာမှာ နေပူသက်သာအောင်ဆိုပြီး မလုံတလုံ သစ်ရွက်တဲလေးကို ဆောက်ထားပါတယ်။ သစ်ပင်အိုကို သံယောဇဉ်ရှိတဲ့ သူတွေကတော့ ဒီနေရာလေးကို ရောက်တိုင် သူကို သတိရအောင်းမေ့စကားပြောကြပါတယ်။ အဲဒါကတော့ တကယ်လို့များ သစ်ပင်ကြီးသာ ဆက်လက်ရှိခဲ့မယ်ဆိုရင် ဒီနေရာလေးက သိပ်သာယာဖို့ကောင်းမှာပဲတဲ့........ဒီစာကို ဖတ်ပြီး စာဖတ်သူတို့ သင်္ခန်စာယူ နိုင်ကြပါစေ။။

Read more...

Virgin Mother Ma Ma Phyu - ပျိုပျိုမေ မမဖြူ

အမေနေ့မှာ “အမေစာတစ်ပုဒ်” ဖတ်နေရင်း အမေ့ကို အထူး သတိရမိပါတယ်။ အမေ့ကို သတိရရင်း အမေပြောပြဖူးတဲ့ အပျိုလုပ်ချင်တဲ့ အမေတစ်ယောက်အကြောင်း သတိရမိပါတယ်။ ခုတော့ အဲဒီ ပျိုပျိုမေ ခေတ်ပေါ်ရောဂါဆိုးနဲ့ ကွယ်လွန်သွားရှာပါပြီ။ သူ့အကြောင်း ပြောပြတဲ့ အမေကတော့ ကျန်းမာနေတုန်းပါ။ အဲဒီ ပျိုပျိုမေ့ အကြောင်း အမေပြောပြတဲ့ နေ့တုန်းက . . . . .။

ကောင်းကောင်း မှတ်မိသေးတယ်။ အဲ့ဒီနေ့က ဦးကျော်မွှေးက လိုက်ရိုက်လို့ ပြေးလိုက်ရတာ မောနေတာပဲ။ ကြောက်လည်း ကြောက်တာပေါ့။ အစတော့ သူငယ်ချင်းတစ်သိုက် တခွိခွိနဲ့ ပျော်လိုက်ကြတာ။ ဦးကျော်မွှေးကြီး တကယ်ဒေါသထွက်ပြီး တကယ်တုတ်နဲ့ လိုက်ရိုက်တော့မှ သူငယ်ချင်းတစ်သိုက် တစ်ကွဲတစ်ပြားစီ ပြေးကြရတယ်။ ကံကောင်းတယ် ပြောရမယ်။ ပြေးရင်းလွှားရင်း အိမ်ပြန်ရောက်တော့ အိမ်ရှေ့တလင်းထဲမှာ ဆေးလိပ်လိပ်နေတဲ့ အမေ့ကို တန်းတွေ့ရတယ်။ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ပုန်းနေလိုက်တယ်။ အကြောက် သက်သာသွားတာပေါ့။ ကြောက်လို့သာ ကြောက်နေတာ။ ဦးကျော်မွှေးက အိမ်ထိ လိုက်လာတာ မဟုတ်ပါဘူး။

“ဟဲ့ ဘာဖြစ်လာတာလဲ။”

အမေ စိုးရိမ်နေတယ်ဆိုတာကို သိလိုက်တယ်။ ဒါပေမယ့် ရုတ်တရက် ကြောက်နေသေးလို့ မောနေသေးလို့ အမေ့ကို ဘာမှ ပြန်မပြောနိုင်ဘူး။ ရင်ထဲက တဒိတ်ဒိတ်နဲ့။ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့။ အမေ့နဲ့ မျက်လုံးချင်းဆိုင် ကြည့်နေလိုက်တယ်။ ခဏနေမှ အမေ့ကို ပြန်ပြောနိုင်တယ်။

“ဦးကျော်မွှေးကို ကိုရင်မွှေးလို့ခေါ်ကြတာ။ သူက တုတ်နဲ့လိုက်ရိုက်လို့။”

ဒီတော့မှ အမေ ရယ်နိုင်တော့တယ်။

“ဟား ဟား ဟား။ ကျော်မွှေးရယ် ကလေးတွေနဲ့ တုပြီးတော့။”

ဦးကျော်မွှေးက သူ့ကို ကိုရင်မွှေးလို့ ခေါ်ရင် မကြိုက်ဘူး။ မကြိုက်မှန်းသိတော့ ကလေးတွေက သူ့ကို စကြတယ်။ တွံတေးသိန်းတန်ကို ကိုရင်သိန်းတန်လို့ခေါ်တာ ကက်ဆက်တိတ်ခွေ ဇာတ်လမ်းထဲမှာ ကြားနေကျ။ တောဓလေ့ပေါ့။ တောဆိုပေမယ့် ရွာမှာတော့ တစ်ယောက်ယောက်ကို ကိုရင်လို့ ခေါ်လေ့ မရှိကြဘူး။ ဦးကျော်မွှေးကိုပဲ ကိုရင်မွှေးလို့ ခေါ်ကြတာ။ လူကြီးတွေက သူ့ကို ကိုရင်မွှေးလို့ခေါ်ရင် ဘာမှမဖြစ်တဲ့ ဦးကျော်မွှေး။ ကလေးတွေက သူ့ကို ကိုရင်မွှေးလို့ခေါ်ရင်တော့ တကယ့်ကို စိတ်ဆိုးတယ်။

အမေ့ရင်ခွင်ထဲမှာ အမောဖြေရင်း အမေ့ကို မေးကြည့်တော့ အမေက ဆေးလိပ်လိပ်ရင်း ပြောပြပါတယ်။

“လူကြီးတွေလည်း သူ့ကို ကိုရင်မွှေး ခေါ်ကြတာပဲ။ လူကြီးတွေကျတော့ စိတ်မဆိုးဘဲ ကလေးတွေကျမှ ဘာဖြစ်လို့ စိတ်ဆိုးရတာလဲ။”

“ခေါ်တာ မကြိုက်လို့ပေါ့။ လူကြီးတွေကျတော့ သူ့ကို နိုင်တဲ့ လူတွေချည်းပဲ။ လူကြီးတွေကို ဘာမှ မပြောရဲတော့ ကလေးတွေကို ပို မဲတာပေါ့။”

“ကိုရင်ခေါ်တာများ။ နေပါအုံး။ သူ့ကို ဘာလို့ ကိုရင်မွှေး ခေါ်ကြတာလဲ။”

“သူ့မိန်းမ ဖြူဖွေး သိတယ်မဟုတ်လား။ ဇာတ်မင်းသမီး။ အငြိမ့်မင်းသမီး။ သူက မင်းသမီး လုပ်ချင်ပေမယ့် ကျော်မွှေးက သဘောမတူဘူး။ မလုပ်စေချင်ဘူး။ ပြောမရလို့သာ လွှတ်ထားလိုက်ရတာ။ အငြိမ့်ဆရာက ပြောတာပေါ့။ မင်းသမီးဆိုတာ အပျိုမှ။ မင်းသမီးက အိမ်ထောင်သည်ဆိုရင် ကိုယ့်အငြိမ့်ကို လူကြိုက်နည်းမယ်တဲ့။ ဖြူဖွေးက မင်းသမီးလုပ်ချင်တယ်။ အပျိုလေးလို နေချင်တယ်။ ဒါ့မို့ သူ့သားသမီးတွေ သူ့ကို အမေလို့ မခေါ်ရဘူး။ အစ်မလို့ခေါ်ဖို့ သင်ပေးထားတယ်။ တွေ့တယ် မဟုတ်လား။ သူ့သားသမီးတွေ နှုတ်ကျိုးနေကြတယ်။ သားငါးယောက် သမီးနှစ်ယောက် အကုန်လုံး ဖြူဖွေးကို မမဖြူလို့ပဲ ခေါ်ကြတာ။ ကျော်မွှေးက လူရိုး လူအေး။ ရိုးလွန်းတော့ အတာပေါ့။ သူ့ မိန်းမကို မထိန်းနိုင်ဘူး။ သူ့ကို ဘေးက စကြတယ်။ မထူးပါဘူး မင့်မိန်းမ လွတ်လွတ်လပ်လပ် ကလို့ရအောင် မင်းလည်း ဘုန်းကြီးဝတ်လိုက်တော့ တဲ့။ ကျော်မွှေးက လူဆိုတော့ ဘုန်းကြီးလို့ ခေါ်ရတာ ဘယ်ကောင်းပါ့မလဲ။ ဒါ့မို့ သူ့ကို ကိုရင်မွှေးလို့ ခေါ်ကြတာ။ ဖြူဖွေးရဲ့ လင်မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။ သူကတော့ သူ့ကို အဲ့လိုခေါ်တာ ဘယ်ကြိုက်ပါ့မလဲ။ မိန်းမလည်း မနိုင်။ ကိုရင်ခေါ်တဲ့သူတွေကိုလည်း မနိုင်။ ကလေးတွေကျတော့ နိုင်တာပေါ့။ အားနာစရာ ကောင်းပါတယ်။ နောက် သူ့ကို ကိုရင်မွှေး မခေါ်နဲ့။”

“ဟုတ်။”

အမေနေ့ဆုတောင်း
“အမေ နှင့် အခြားအမေများ ကျန်းမာကြပါစေ။”
“သားသမီးတိုင်း စိတ်တိုင်းကျ အမေခေါ်ခွင့် ရကြပါစေ။”
“မမဖြူ နှင့် အခြားပျိုပျိုမေများ၊ ဦးကျော်မွှေး နှင့် အခြား . . . . .။”

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP