ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Friday, January 14, 2011
ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၆)
(၁)
“သာသနနှင့် တက္ကသီလ၊ ဓမ္မာစရိယနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ အစဖြာသော ဘွဲ့အထူးထူးရယ်တဲ့မှ ဘွဲ့အထွေထွေ အပြည်ပြည်(ပြေပြေ)ကျော်ဟိုးပေထသော”
“ဘီအေ ဘူးသီစင် ဘီအေ ပုတီးအိပ်နှင့် အမေး ဗထူး အမေးပါဠိ ပရိတ်ချည်ရက်ဆား ထွားထွားကြိုင်းကြိုင်း ဂုဏ်တံတိုင်းကြီးများသဖွယ် ဉာဏ်ဌေးကြွယ်လှပေသော မဇ္ဈိမတိုင်းနိုင်ငံက အဖန်ဖန်သော ဘွဲ့တော်များကို လည်း လုံ့လအားသည်း ရပြီးဖြစ်ပေထသော”
ဤမည်သော အနက်သမ္ဗန် ရွတ်ဖတ်ကြေငြာသံကြီးကား သူ့အနေဖြင့် မည်သို့မှ ခံစားနာပျော်ဖွယ်ရာ ပီတိမဖြစ်လှစွာသော လော်စပီကာ(Loud Speaker) မည်သော အသံချဲ့ စက်တော်ကြီးလေးလုံးမှ (၇)ရွာကြား (၈)ရွာကြား တာဝတိံသာက ဆာမာဃနှင့် အာဖဂန်က မစ္စတာဘင်လာဒင်တို့ပါကြားအောင် သောတနား မှန်သမျှကို “အဟော ၀တ” ဖြစ်လေသည်အထိ ကလော်ကလိလိုက်ပေသော နိဗ္ဗာန်ဆော်ကြီး ဖိုးလေးမြ၏ အသံဟဲဟဲကြီးများပင်ဖြစ်ပါ၏။
နိဗ္ဗာန်ဆော်ကြီးဖိုးလေးမြ၏ အသံကား ပီသကြည်မြလှသည်တည့်။ ထိုသို့ ပီသကြည်မြလေလေ သူ့မှာ အနေရခက်လေလေဖြစ်ပါ၏။ “မကြားလိုပါ၊ မကြားလိုပါ၊ သတ်လိုရင် သတ်ပါစေတော့”ဟူသော သီချင်းစာ သား အလိုက်ဖြင့်ငုတ်တုပ်ထိုင်လျက်သာ နေ့ခင်းကြောင်တောင် အမှောင်ချကာ ကိုယ်ရောင်ဖျောက် လိုက်ချင် မိပါတော့သည်။
ဖိုးလေးမြကား ရွာဦးဘုန်းတော်ကြီး၏ ဘကြီးလည်းဖြစ်၊ ရွာလူကြီးကိုလှမြင့်နှင့်လည်း မယားဘက်ကစပ်လျှင် ဆွေရိပ်မျိုးရိပ်မကင်းသူဖြစ်ရကား ရပ်ရွာအရေးမှန်သမျှတွင် တစ်ကိုယ်တော်မိုက်ခဲခွင့်လိုင်စင်ဖြင့် အကြိုက်ဆွဲ ကာ ရွှင်နေခြင်းပင်ဖြစ်တော့သည်။
အကယ်တန္တုနိဗ္ဗာန်ဆော်ဖိုးလေးမြဆိုသည်က စာပေလေးက ၀ါသနာပါ၊တရားနာကလည်း မပျင်း၊ ဇာတ်သီချင်း တွေလည်းရသမို့ အဆိုအပြော အလွန်ချောအောင် သောသောညံတတ်သူကြီးပင်ဖြစ်ပါ၏။ သူသည်ပင်လျှင် ငယ်စဉ်ကလေးဘ၀က ဖိုးလေးမြပါသော စကားဝိုင်းတွင် နားကိုင်းမိခဲ့ဖူးပါ၏။ ထို့ကြောင့်ပင် ရွာဆော် လည်းမြ၊ နိဗ္ဗာန်ဆော်လည်းမြဖြင့် သဘာဝမိုက်ခဲကြီးနှယ် ရွာသူတို့ဝိုင်းတွင် ပေါ်ပြူလာ ဂိုင်း(Popular Guy ) ကြီးဖြစ်နေ တော့သည်တည့်။ တရားတောင်းလည်း မြ၊ မယားတောင်းလည်းမြဖြင့် လောကဓမ္မနှစ်ဖြာ အခရာဖြစ်စွာပင် နေရာတိုင်းဝင်ပါရသူကြီးပါပေတည်း။
လုပ်အားပေးဆင့်ခေါ်သည့် နိုးဆော်သံသည်ပင် ကာရံအချိတ်အဆက် ပေါ့(Pop)နှင့် ရက်ပ်(Rap)ဖြစ်ကာ နာပျော်ဖွယ်ရာအတိဖြစ်နေတတ်ပါပေသည်။ နံနက်ဝေလီဝေလင်း နှင်းဖွဲဖွဲတွင် အိပ်စက်ရာစောင်ခြုံထဲက မထွက်ဘဲနားဆင် ကြည့်ဦးလော့၊
“ ယနေ့နံနက်၊
အရုဏ်တက်အလွန်
ရွာအစွန်ကတံတား
ညပိုင်းကကျိုးသွားသည့်အရေး
အပြေးအလွှားပြင်ဖို့ရန်အတွက်
တစ်အိမ်လျင်တစ်ယောက် (ဤအပိုဒ်ထိ အသံချိုချိုနှင့် တစ်ဖြေးဖြေးမြင့်တက်လာသည်)
အချင်းယောက်ျား (အသံမြှင့်ပြီ)
တူရွင်းပေါက်ပြားပါမကျန်၊
တုံခေါက်၊
အစုံရောက်ရမည်ဖြစ်ကြောင်း နိုးဆော်လိုက်ရပါသဗျိုး”။
(၂)
ဆိုရသော်ဖိုးလေးမြကား မစ္စတာအန်ဂျော်လောဟု ကင်ပွန်းတပ်ရလောက်သည့် အော်ကြောလန် မိုက်သရဲကြီး တော့ မဟုတ်ခဲ့ပါလေ။ သို့သော် ယနေ့ သူကြုံတွေ့နေရသော အရေးအခင်းကား ရွာတွင်းရေးနှင့် မပတ်သက်၊ ရွာအခင်းအရေးများနှင့်မတူ တစ်မူကွဲလေသည်တည်း။
ယနေ့ညကျင်းပမည့် ကမ္ဘာကျော်မဟာအထူးတရားပွဲကြီးဆိုသည်အတွက် နိဗ္ဗာန်ဆော်ဟန် ဆိုလို(Solo) သံပေးရာတွင် သူရေးချပေးလိုက်သောဘွဲ့များကို ဖြတ်ချင်သည့်နေရာက ဖြတ်၊ ရပ်ချင်သည့်နေရာတွင် ရပ်၊ စပ်ချင်သည်ကို စပ်ကာ ဖိုးလေးမြ နိုးဆော်နေသည်မှာကား ဓမ္မကထိကလက်သစ်ကို ကြောင်လက်သည်း ၀ှက်ဖြင့် ခပ်ကဲကဲကုတ်ခြစ်လိုက်သည့်ပမာ မျက်နှာလည်းပူ၊ နားလည်းဆူဖြစ်ရပါတော့၏။ အော် ခက်ပေစွ။ ကိုယ့်လိပ်ပြာက ကိုယ့်စိတ်ခန္ဓာပေါ် ဆင်းသက်၍ အရှက်တွင်းနက်စေသောအခက်ကြီးဖြစ်လေသည်တကား။
အမှန်စင်စစ် ယနေ့ပွဲသည် ဖိုးလေးမြ၏ ပွဲမဟုတ်၊ ယနေ့ပွဲကို အင်္ဂလိပ်စာတတ်ပေတတ်ကလေးတို့ကိုယ်တိုင် အပီဟဲရန် အားခဲထားပြီးဖြစ်ပါ၏။ သကောင့်သားအင်္ဂလိပ်စာတတ်ပေတတ်လေးတို့ကား ဖိုးလေးမြကို လုံးလုံး မမှုပြီ။ ဖိုးလေးမြကား ရှေးဘုန်းတော်ကျောင်းပညာရေးရိုးရိုးကြီးဖြင့် သာရေးနာရေးမှန်သမျှတွင် တန်ခိုးထွားခဲ့ သမျှ ရိုးရိုးတရားပွဲ မဟုတ်သော ယနေ့ည မဟာအထူးတရားပွဲကြီးတွင် မည်သို့မှ တိုးနိုင်ဖွယ်မမြင်ပြီ။ ဘိုစာ ဘိလပ်စာခန့်ခန့်ကြီးတို့ဖြင့် ၀င်းဝင်းတောက်လှသော နိုင်ငံတကာ(၇)ဘွဲ့ရ ဓမ္မဂင်္ဂါအရှင်၏ ဘွဲ့ထူး ဂုဏ်ထူး ကြယ်စုံမြူးသောစာလုံးတော်တို့ကို မည်သို့ ဖိုးလေးမြ ဖတ်ပါအံ့နည်း၊ မည်ပုံ ဖိုးလေးမြ ရှင်းပါအံ့နည်း။
ဤကား ဘိုစာတတ်ကလေးတို့၏ အကြင်သို့သဘောရှိသော အမြင်ပါပေတည်း။ ထိုသို့သဘောရှိသော အမြင် ကြောင့်ပင် စပါးပေးဖြင့် ငှါးရမ်းထားသည့်ကျောင်းဆရာလေး ကိုနိုင်ဝင်းသည်လည်းကောင်း၊ စာကြည့်တိုက်မှူး ကိုသောင်းရွှေသည်လည်းကောင်း ရွာလေး၏ မော်ဒန်လူငယ်တစ်သိုက်က အပြီးသတ်ရွေးချယ်လိုက်ပြီးသော နောက်ဆုံးပေါ်နိဗ္ဗာန်ဆော်များအဖြစ် မော်မော်ကြွားကြွား လမ်းသလားနေကြပြီဖြစ်ပါ၏။ “ဟဲလို တက်စ်တင်း ၀မ်းတူးသရီး”များကိုပင် ခရီးတစ်သောင်းပေါက် ချောင်းခြောက်တွေဆိုးအောင် အသံစမ်းနေကြပြီဖြစ်ပါ၏။
သူ့ဒကာ ဆရာဒုံးကား တရားပွဲဖြစ်မြောက်ရေး အမာခံစပွန်ဆာကြီးအဖြစ် ဣနြေ္ဒကြီးတစ်ခွဲသားနှင့် သူ့အနား မှာ ခပ်တည်တည်လာရောက်ထိုင်နေခဲ့ပါ၏။ ဆရာဒုန်းကား အိမ်မှာရှိသမျှ မီးစက်၊ အသံချဲ့စက်မှန်သမျှကို အကုန်ထုတ်ပေးခဲ့ပြီးသည့်နောက် ၀င်ရောက်မစွက်ဖက်ရေးမူဝါဒဖြင့် ခပ်အေးအေးကြီးလုပ်နေခြင်းပင်ဖြစ်တော့ ၏။ ရွာလူကြီးကိုလှမြင့်၊ လူပျိုခေါင်းကိုလှမိုးတို့သည်ကား ထိုး၍ မပြီး မိုး၍ မပြီးသေးသော မဏ္ဍပ်တော်ကြီးကို ကြီးကြပ်လိုက်၊ သူ့အနားပြေးလာလိုက်ဖြင့် တရားပွဲဖြစ်မြောက်ရေးကော်မတီဗွီအိုင်ပီကြီးများဖြစ်နေပေတော့ ၏။
တရားဟောသည့်အခါ ရေအေးကပ်ရမှာလား၊ ရေနွေးကပ်ရမှာလား၊ မိုက်ခရိုဖုန်းကို ဟန်ပါပါလက်က ကိုင်ပြီး ဟောမှာလား၊ ဒေါက်တိုင်စတန်းဒ်လေးနဲ့ ဟောမှာလား၊ ဓမ္မာသနပလ္လင်တော်မှာ စပယ်ပန်းကို ဆင်ရမလား၊ သနပ်ခါးရေ မွှေးမွှေးလေးကိုပဲ ဖြန်းပေးရမလားစသည်များကို ဘယ်ကကြားဖူးထားကြသည်မသိ ၊တတိတိဖြင့် လာရောက်မေးမြန်းကြပြန်ချေသေးသည်။ အော် သူကား မည်သို့မည်ပုံဖြေကြားရပါ့၊ အစဉ်အလာလော ထွင်တာလော စောကြောချိန်မရှိ၊ သင့်လျော်သလိုသာ စီမံကြပါဘိလုပ်ရချေတော့သည်။
သူကတော့ တရောရော တဝေါဝေါဖြင့် ၀င်လာမစဲ တသဲသဲဖြစ်သော ရပ်နီးရပ်ဝေး ဆွေဝေးမျိုးဝေး တစ်သောင်း တစ်ကျိပ်လေးကုန်သော တရားနာပရိသတ်တို့နှင့် ဆွေမျိုးစပ်ကာ အလ္လာပ သလ္လာပ စကားဆိုနေရဆဲပင် ဖြစ်ပါ၏။
(၃)
ထိုအချိန်မှာပင် ဖိုးလေးမြက သူ့အနားသို့ အသာတိုး ကပ်လာခဲ့ပါလေသည်။
“ဦးဇင်းဘုရား ဘွဲ့တွေကများ ဘိလပ်စာတွေနဲ့လည်း ရေးထားဆိုတော့ တပည့်တော်က မျက်စိမှုံမွှားမွှားနဲ့မို့ အကုန်မဖတ်ကြားနိုင်ဘူးကိုးဘုရာ့။ မြန်မာစာပီပီသသနဲ့ ကြည်ကြည်ရှင်းရှင်းကြီး လင်းအောင်ရေးပေးစမ်း ပါဘိ”တဲ့။
သူအနေဖြင့် မွေးရပ်မြေရွာလေးသို့ ရောက်တုံခိုက်တွင် ဆုံကြိုက်သမျှအရေးကို စိတ်အေးစေချင်သူပါတည်း။ သိဒ္ဓိတင်ပေး၊ ဘလက်ဇင်း(Blessing)ပေး၊ တောင်းဆိုလာပါက အော်တို(Auto)ပါ ရေးပေးဆိုလည်း ရေးပေးရ ပေတော့မည်။ သို့နှင့် ဖိုးလေးမြကို အတိုးလေးချကာ ဘွဲ့အရင်းအပြင် မြန်မာဖိနပ်သစ်(Phonetics)ဟု ထင်ရှားသည့် နောက်သိုးပစ်လည်းပါ ငသတ်လည်းပါ မရေရာသော စာလုံးပေါင်းအသံထွက်များကိုပါ ထပ်ခြစ် ပေးရပြန်သတည်း။
သူရေးခြစ်ပေးလိုက်သည့် စာရွက်လေးကိုဖြန့်ခါ ဖတ်ပြပါဆို၍ (၈)ခါနှင့် မပြီး(၁၂)ခါနှင့်မပြီး တံတွေးသီးအောင် ပင် ဖတ်ပြရပါသေး၏။ စိတ်ကျေနပ်လောက်ပြီထင်သောအခါ သုတ်ကနဲထ ရုတ်ကနဲပျောက်နည်းစနစ်ဖြင့် ဖိုးလေးမြကား ထွက်သွားလေတော့၏။ ဆေးလိပ်တစ်ဖွာနှစ်ဖွာ ကွမ်းတစ်ယာမညက်တညက် ကွန်ပြူတာ ကော်နက်ရှင်း မတက်တတက်အချိန်မှာပင် အစဦးက ဖော်ပြခဲ့သော တရားနာဖိတ်ခေါ်ဟန် နိဗ္ဗာန်ဆော်သံကြီး ကို ကြားရခြင်း ဖြစ်တော့သည်။
အော် လုပ်ရက်နိုင်သူကြီး ဖိုးလေးမြ၊ စွမ်းနိုင်သူကြီး မြပေတကား။ မိုက်ခရိုစခန်းကို ဗီတိုသုံးကာ ရမ်းလေ ပြီကော မြ၊ သာသနတက္ကသီလဓမ္မာစရိယကို သာသနနှင့် တက္ကသီလဟု နှစ်ဖြတ်ခွဲကာ ကာရံ ကိုက်၏။ ထို့နောက် ကျန်နေသည့်ဓမ္မာစရိယကို နောက်မှာရေးခြစ်ပေးလိုက်သည့် ဗုဒ္ဓဓမ္မဒီပလိုမာနှင့် တွဲစပ်၏၊ ကာရံ အကိုက်ကို အမီ လိုက်ရရှာသည်ထင့် အော် ဂန္ထ၀င်ကြိုက်ဖိုးလေးမြ။
ပြီးတော့လည်း ကြည့်ပါဦး။
B.A(Buddhism) ကို ဘီအေ ဗူးသီးစင်
B.A (BDh)ကို ဘီအေ ပုတီးအိပ်
M.A(Part-2)ကို အမေးဗထူး
M.A(Pali)ကို အမေးပါဠိ
PhD(Research)ကိုတော့ ပရိတ်ချည် ရက်ဆား တဲ့။
ဤသို့ဖြင့်သာ သူ့ရွာလေး၏ အထူးဒေသနာ မဟာတရားပွဲကြီးကား နိဒါန်းပျိုးရန် အကြောင်းဖန်ကာ အချိန်နီး ကပ်လာခဲ့ချေပြီတည်း။ Read more...
သီတဂူကရုဏာ
ထိုကိုရင်ငယ် ၂၄ ပါးတို့၏ လေယာဉ်စရိတ်များကို ဂျပန်နိုင်ငံရှိ မြန်မာဒကာများဖြစ်ကြသော ဦး +ဒေါ် မိသားစုတို့က ယာနဒါ ပြုကြသည်။ အလှူရှင် အမည်မသိ၍ ချန်ထားသည်ကို သည်းခံ ခွင့်လွတ်ပါရန်။
အစီအစဉ်များ
၁။ သီတဂူကပ္ပိယ ဦးဟန်၊ ဦးဝင်းအောင်နှင့် ဦးမြင့်အောင်တို့က သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ကိုရင်လေးများအား မြန်မာပြည်သို့ ပင့်ဆောင်ခြင်း။
၂။ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီတဂူကပ္ပိယအချို့က ကြိုဆိုပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သို့ ပင့်ဆောင်ကြခြင်း။
၃။ နေ့ဆွမ်းအလှူရှင် ရွှေစင်မိသားစုက ကြွရောက်လာကြသော သီတဂူကပ္ပိယအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ လူကြီးမင်းများ၊ ကိုရင်ငယ်လေးများ၊ ထိုကိုရင်ငယ်များ၏ ဆရာများ၊ မိဘများနှင့် ဖိတ်မန်ထားသော ပရိသတ် ၂၀၀ အား ဒံပေါက်ဆွမ်း၊ မုန့်ပဲသရေစာ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခြင်း။
၎။ ကိုရင်ငယ်များကို ဆရာ မိဘများထံ အပ်နှံသည့် အခမ်းအနား ကျင်းပခြင်း။
၅။ ထိုအခမ်းအနားတွင် သီတဂူဒေါက်တာစန္ဒာသိရီက ကြိုဆိုနုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောခြင်းနှင့် သီတဂူသာသနာပြုအဖွဲ့က သူတို့၏ဆန္ဒအလျောက် ပြန်ချင်သော ကိုရင်လေးများကိုသာ ပြန်လည်ပင့်ဆောင်ခြင်းဆိုတဲ့ အကြောင်း မိန့်ကြားခြင်း။
၆။ ဒေါက်ပညာသီဟာလင်္ကာရက ကိုရင်ငယ်များ၏ စာရင်းဖတ်ကြားခြင်း။
၇။ သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလို ကိုရင်ငယ်လေးများ ပြန်လည်ပင့်ဆောင်ရခြင်း အကြောင်းနှင့် မြန်မာသီရိလင်္ကာ နှစ်နိုင်ငံအကြား ဘာသာရေး နိုင်ငံရေးများသည် ရှေးယခင်ကထဲက ရင်းနှီးချစ်ကျွမ်းဝင်ပြီးဖြစ်ကြောင်းများ ပြောကြားခြင်း။
၈။ သီတဂူသာသနာပြုအဖွဲ့က ကိုရင်လေးများအား တစ်ပါးလျှင် နှစ်သောင်း ငါးထောင်(၂၅၀၀၀) ကျပ်စီ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း။
မှတ်ချက်။ ။ အစစအရာရာ ကူညီပံ့ပိုးသော မြန်မာနိုင်ငံသာသနာရေးဝန်ကြီးဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၁-၂၀၁၁
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ဘုံဆွမ်းအလှူရှင်များစာရင်း။(၂၀၁၁ ခုနှစ်)
အရုဏ်ဆွမ်းအလှူငွေ = ၆၅၀၀၀ ကျပ်
နေ့ဆွမ်းအလှူငွေ =၁၂၅၀၀၀ ကျပ် သတ်မှတ်ကောက်ခံလျှက်ရှိပြီး အလှူရှင်များ အဆင်ပြေစွာပါဝင်လှူဒါန်းနိုင်ကြစေရန်အတွက် ဘုံဆွမ်းအလှူငွေအဖြစ် တစ်ဦးလျှင် အနည်းဆုံး ( ၅၀၀၀၀ ကျပ်) ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။
ရာသက်ပန်ဆွမ်းဆန်အလှူရှင်..
ကိုဖြိုး ၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး ၊မန္တလေးမြို့)
ရာသက်ပန်ဆီအလှူရှင်..
ဒေါ်ချို (ဒေါ်ချိုကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘို)
၂၀၁၁ ခုနှစ် တစ်နှစ်တာလုံးအတွက် ဆွမ်းအလှူရှင်များစာရင်း။
၁.မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ လစဉ် အရုဏ်ဆွမ်းတစ်ကြိမ် ၊ တစ်နှစ်စာအလှူ (၆၅၀၀၀ ကျပ်x ၁၂ လ=၇၈၀၀၀၀ ကျပ်)
၂.နှစ်ဘက်မိဘများကို အမှူးထား၍ ကိုသက်မြင့်ဦး+မကေသီလွင် ၊သမီး လွင်မာမင်း (စင်္ကာပူ) မှ လစဉ် အရုဏ်ဆွမ်းတစ်ကြိမ် ၊ တစ်နှစ်စာအလှူ (၆၅၀၀၀ ကျပ်x ၁၂ လ=၇၈၀၀၀၀ ကျပ်)
၃.စေတနာရှင်တစ်ဦး (နော်ဝေ) မှ လစဉ် အရုဏ်ဆွမ်းတစ်ကြိမ် ၊ တစ်နှစ်စာအလှူ (၆၅၀၀၀ ကျပ်x ၁၂ လ=၇၈၀၀၀၀ ကျပ်) + လစဉ် နေ့ဆွမ်း တစ်ကြိမ် ၊ တစ်နှစ်စာအလှူ (၁၂၅၀၀၀ ကျပ် x၁၂ =၁၅၀၀၀၀၀ ကျပ်)
စုစုပေါင်းအလှူငွေ = ၃၈၄၀၀၀၀ ကျပ်
--------------------------------------------------------------------------------------
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ဘုံဆွမ်းအလှူရှင်များစာရင်း။(၂၀၁၁ ခုနှစ်)
၁.ဦးဂျင်မီစိုး နဲ့ မိသားစု ( တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊ဗဟန်း) ( ၅၀၀၀၀ ကျပ်)
၂. ကိုကျော်ဇင်ဦး (စင်္ကာပူ) ( ၅၀၀၀၀ ကျပ်)
၃.ဒေါက်တာမြတ်ဥာဏ် + မ၀ါဝါခိုင်မင်း ၊သမီးလေး မေမြတ်နိုးခိုင် မိသားစု (ရန်ကုန်) ( ၁၀၀၀၀၀ ကျပ်)
၎.ဒေါက်တာမျိုးမင်းသန့် + မမေယမင်းသူ ( စင်္ကာပူ) ( ၁၀၀၀၀၀ ကျပ်)
၅.မသီတာဇင်မြင့်(မွေးနေ့အလှူ) ၊ ကိုသက်စိုးအောင် (မွေးနေ့အလှူ) = (၆၅၀၀၀ ကျပ်)
၆.မမွန်မွန် (ဂျပန်) = (၅၀၀၀၀ ကျပ်)
၇..Lewis-hmwe (စင်္ကာပူ) = ၁၀၀၀၀၀ ကျပ်
၈. မအေးဇာနွယ် (စင်္ကာပူ) = ၅၀၀၀၀ ကျပ်
၉.စနိုး (ဒူဘိုင်း) = ၁၀၀၀၀၀ ကျပ်
၁၀.မမေရတနာအောင် (စင်္ကာပူ) = ၅၀၀၀၀ ကျပ်
၁၁.မဇင်သူဇာမောင် (ရန်ကုန်) = ၅၀၀၀၀ ကျပ်
၁၂.မသန္တာဝင်း (စင်္ကာပူ) = ၅၀၀၀၀ ကျပ်
၁၃.ကိုကျော်သူရ (စင်္ကာပူ) = ၁၀၀၀၀၀ ကျပ်
၁၄..အလှူရှင်မိသားစု တစ်စု (စင်္ကာပူ) = ၅၀၀၀၀ ကျပ်
၁၅.ဦးလှကြည်+ဒေါ်တင်တင်လှ ၊သား ပြည့်ဘုန်းသော် ၊သမီးအေးမို့မို့ကြည် မိသားစု (စင်္ကာပူ) = ၅၀၀၀၀ ကျပ်
၁၆.မမြတ်ဆုလှိုင်(ဘန်ကောက်) = ၅၀၀၀၀ ကျပ်
၁၇.မမြတ်ဆုမွန်(ဘန်ကောက်) = ၅၀၀၀၀ ကျပ်
၁၈.ကိုဝေလင်း(ရေတမာ- မန္တလေး) = ၅၀၀၀၀ ကျပ်
၁၉.ဦးဓမ္မသာမိ (မန္တလေး) = ၆၀၀၀၀ ကျပ်
၂၀.ကွယ်လွန်သူမိဘများကို ရည်စူး၍ ကိုနေမျိုးဦး(စင်္ကာပူ)၏ ကောင်းမှု ဘုံဆွမ်းအလှူငွေ = ၁၀၀၀၀၀ ကျပ်
၂၁.ဦးပေါစန်း + ဒေါ်တုတ်ကြည် မိသားစု (စင်္ကာပူ) ဘုံဆွမ်းအလှူငွေ = ၅၀၀၀၀ ကျပ်
---------------------------------------------------------------------------------------------------
လက်ခံရရှိပြီးသော ဘုံဆွမ်းအလှူငွေ စုစုပေါင်း= ၁၃၇၅၀၀၀ ကျပ်
--------------------------------------------------------------------------------------------------
ဆက်သွယ်လှူဒါန်းရန်.
1ဦးကောဝိဒ(စစ်ကိုင်း)kovida9@gmail.com
2.ကိုရန်အောင် (USA) aungyan@gmail.com
3.ကိုဇော်(မလေးရှား)zaw357@gmail.com
4.ကိုစိန်လျှံထွန်း(စင်္ကာပူ) phoesein@gmail.com
5.၀ါဝါခိုင်မင်း(မြန်မာ/ဂျပန်)nanwarwarmg2009@gmail.com
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
RT Rinpoche @ DMG Weds Feb 9th
Ringu Tulku Rinpoche continues his engagements in Bangkok, with a talk at DMG’s Bodhgaya Hall, Chit Lom
Talk will be in English with Thai translation.
***
“How to Transcend the Attractions of Samsara”
6:00pm chanting/precepts
Followed by short meditation, Talk, Q and A, offerings to Rinpoche
9:00pm finish (roughly)
For Thai announcement see DMG Website (announcement will be up there soon)
Location:
Bodhgaya Hall is in the offices of DMG – right next to the Chit Lom BTS Station (map below), level 22. – and very easy to get to. It is a very nice location, easy to get to and being high up it is cool and quiet. The Event is free of charge and there is no advance booking required. There is a nice coffee shop with great views over the city next to the meeting hall.
Directions:
Bodhgaya Hall is in the offices of DMG Books, and is used regularly by a large Thai group of meditators. It is an excellent facility, and very convenient on the skytrain line, Chit Lom Station. The Thai group meets there every Tuesday and Wednesday.
The address is Amarin Plaza, Level 22, 496-502 Ploenchit Road, Lumpini, Pathumwan, Bangkok 10330
Get out at Chit Lom Skytrain Station, and take the short walk to Amarin Tower. From the ground floor, take the lift up to the 22nd floor. DMG is on the right hand side on the 22nd floor, and there is a nice coffee shop there, so you can arrive early for events and meet some of the regulars.
You cannot get up to the 22nd floor via the lift in the Amarin plaza itself. You must go to the lifts on the ground floor, to access the office block above the Amarin Plaza.
Click images below for larger versions
Or you can click the images below to enlarge for an aerial view, or a skytrain map
Read more...မဟာဂေါဝိန္ဒ ခွဲဝေသော ဇမ္ဗူဒီပ ၇-တိုင်း... (ဗုဒ္ဓနိုင်ငံတော်)
လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော


မီး (၁၁) ပါး
သတ္တ၀ါတို့ကို လောာင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး
(၁) ရာဂမီး (လောဘမီး) – တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး – အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး – အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။
(၄) ဇာတိမီး – ပဋိသန္ဓေနေရမှု၊ ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(၅) ဇရာမီး – အိုမင်းရသဖြင့် ပူလောင်ခြင်း။
(၆) မရဏမီး – သေပျက်ရသဖြင့် ပူလောင်ခြင်း။
(၇) သောကမီး – စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
(၈) ပရိဒေ၀မီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(၉) ဒုက္ခမီး – ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
(၁၀) ဒေါမနဿမီး – စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
(၁၁) ဥပါယာသမီး – ပြင်းစွာပူပန်မှု၊ ဆို့တက်မေ့မြောသွားမှုများ ဖြစ်သဖြင့် ပူလောင်ခြင်း။
သက်တမ်းတိုးချိန်
သက်တမ်းတိုးချိန် ( ၁ )[IMG]/images/stories/U%20Zargara-R-2.jpg[/IMG]
ဆရာတော်ဦးဇာဂရ (စာရေးဆရာကံထွန်းသစ်)
အမေရိကမှာ ကြမ်းတမ်းတဲ့ ရာသီဥတုမုန်တိုင်း၊ လောကဓံမုန်တိုင်း များစွာနဲ့ ရင်ဆိုင်ပြီး သီးတင်းသုံးနေတဲ့ ဆရာတော် ဦးဇာဂရရဲ့ ရင်ဖွင့်စကားနဲ့အတူ၊ “ဗုဒ္ဓမြတ်စွာ သာသနာ အတွက်တော့ ငါပါ အသက် ဆုံးစေမည်”ဆိုတဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးရဲ့ မိန့်မှာချက်လို…. သာသနာ အတွက် အသက် ဘေးမှ သီသီလေး လွတ်မြောက် လာခဲ့သော ဆရာတော် ဦးဇာဂရ ရဲ့ တုန်လှုပ်ဘွယ်ဖြစ်ရပ်…….ကိုယ်တွေ့ကို စာရေးဆရာ ကံထွန်းသစ် ကိုယ်တိုင် ဖွင့်ဟထားပါတယ်၊ ဆက်လက်ဖတ်ကြည့် ပါအုံးလို့.... (မေတ္တာဥယျာဉ်)
M . သုံးလုံးဖြစ်စဉ်နဲ့ အနောက်ကမ္ဘာသားတွေက အရှေ့ကမ္ဘာကို ကိုလိုနီပြုခဲ့ကြတယ်လို့  သမိုင်းက ဆိုပါတယ်။ ပထမ Mission ၊ ဒုတိယ Merchant ၊ နောက်ဆုံး Military ကလိုက်လာတယ်လို့  ဆိုတော့ ခရစ်ယာန်သာသနာက ရှေးဦးစွာ လမ်းဖောက်ခဲ့တာပေါ့။ ဗုဒ္ဓဘာသာ အနောက်ကမ္ဘာကို ရောက်လာဟန်ကတော့ အဲဒီ ဖြစ်စဉ်နဲ့ ပြောင်းပြန်းလို့ ဆိုရမယ်။ ပထမဆုံး ဘာသာဝင်တွေက Military တွေကြောင့်ဖြစ်စေ၊ အခြား အကြောင်းကြီးငယ်တွေကြောင့်ဖြစ်စေ၊ အရင်ရောက်နှင့်နေကြပြီး Mission လို့ ဆိုရမဲ့ ဘာသာရေးခေါင်းဆောင်တွေက နောက်က လိုက်လာ ကြတယ် လေ။ ပြီးမှ ဘာသာဝင်တွေ အမြင့်ဆုံး ဘ၀ချမ်းမြေ့စေဖို့ ရယ်၊ မိရိုးဖလာ အစဉ်အလာကောင်းလေး မကွယ်ပျောက်စေဖို့ ရယ်၊ ဘာသာ ၀င်တွေနဲ့  ဘာသာရှင်တွေ ပူးပေါင်း အားထုတ်ကြတဲ့ သာသနာပြုလမ်းစဉ်ဆိုပါတော့။
အဲဒီလိုမှ မပြုနိုင်ကြရင် အခြေခိုင်သူတွေအတွက် မထောင်းသာပေမဲ့၊ မိရိုးဖလာလေးတွေ အဖို့ ကတော့ နီးစပ်မှု ဒါမှမဟုတ် အထင်တကြီး အားကို လိုမှု၊ အားငယ်စဉ် စည်းရုံး သိမ်းသွင်းခံရမှု၊ စတာတွေကြောင့် အလွယ်တကူ ဘာသာပြောင်းသွားကြတာတွေဟာ အတော်သတ်မယ်မထင်ဘူး၊ အဲဒီလို မဖြစ်ရေးကိုတွေးချင့်ပြီး သူတစ်ပါး ဘာသာဝင်တွေကို သိမ်းသွင်းဖို့ မစွမ်းသေးသည့်တိုင် ကိုယ့်ဘာသာဝင်လေးတွေ မဖိတ်စင်ဖို့ ညိုငယ်မသွားဖို့ ကျိုးပန်းကြရမယ်ဆိုတဲ့ အသိဆန္ဒတွေနဲ့ မြန်မာ ရဟန်းတော်တွေ သာသနာပြုလာလိုက်ကြတာ အခုဆို အမေရိကန်ပြည်တလွှာ ဗုဒ္ဓဘာသာ မြန်မာ ကျောင်းတော်တွေဟာ ( ၇၀ )ကျော်ပြီလေ၊ မိမိ သီတင်းသုံးတဲ့ ၀က်စကွန်းစင်ပြည်နယ် မီဝေါကီးမြို့ က ပညာရာမကျောင်းလေး ဟာလည်း အဲဒီထဲက တစ်ကျောင်းအပါအ၀င်ပေါ့၊
ရောက်စကတော့ တွန့် ဆုပ်မိတယ်၊ ကွင်းစိမ်း၊ ဒေသစိမ်း၊ လူစိမ်း၊သူစိမ်းတွေကြား၊ နောက်ပြီး ကိုယ့်လူခံတွေကလည်း အကွဲလေး အကွဲကြီးမျိုးစုံနဲ့ ပြိုကွဲနေချိန်၊ လစဉ်ပေးမန့် ကိုတောင် ဖို့ ဝိန်းမြို့ ဇေတ၀န်ဆရာတော်လေးက ကျားကန်ပေးထားလို့ ကျောင်းလေးတည်မြဲနေခြင်းလေ။
ဘာပဲဖြစ်ဖြစ် အကွဲတွေ စပ်အောင်၊ အကောက်တွေ မဖြောင့်တောင် ပိုမကွေးအောင်၊ အဖြူထည်လေးတွေ မဖွေးတောင် မညစ်ထေးအောင်၊ ကြိုးစားမဟဲ့ ဆိုတဲ့ စိတ်နဲ့ အဲဒီကျောင်းလေးမှာ ၀ါဆိုလိုက်ပါတော့တယ်။
အစကတည်းက ယဉ်သကိုယ် ဆိုသလို၊ ကပ္ပိယရဲ့ ပညာပြတာခံရ၊ ကျောင်းဥက္ကဌ ဆိုသူရဲ့ မထေမဲ့မြင် ပြုတာခံရ စတာတွေအပြင် အသုံးအဆောင် ပရိဘောဂ တွေရဲ့ စိမ်းကား မှုကိုလည်း ကြုံရတယ်။ နည်းပညာကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်လေတော့ ကိုယ့်အဖို့ က အားလုံးဟာ အသစ်အဆန်းချည်း၊ တစ်နေရာနဲ့  တစ်နေရာ အသုံးအဆောင်တွေက မတူ၊ ရောက်ပြီး ဒုတိယနေ့ မှာပဲ ပြဿနာက စတော့တယ်၊ နေ့  ( ၁၁ )နာရီခွဲသည့်တိုင် ဆွမ်းကပ် မည်သူမရှိ၊ ရောက်ခဲ့ကြုံ ခဲ့ဖူးတဲ့ ကျောင်းက နောင်တော်ညီတော် ရဟန်းတော်များနည်းတူ ကိုယ်ကိုတိုင် ဆရာတော်၊ ကိုယ်ကိုတိုင် ကပ္ပိယလုပ် ရတော့မှာပဲလို့ ကြံရွယ်ကာ ဟင်းနွေးတဲ့ မိုက်ကရိုဝေ့ကို ဖွင့်ကြည့်တယ်၊ မပွင့်၊ တတ်သလောက် မှတ်တတ်လောက် ကြိုးစားကြည့်တယ်၊ မလှုပ်၊ ခက်ကပြီ၊ ကိုယ်သုံးခဲ့ ဖူးတာတွေနဲ့ မတူ၊ ဘယ်သို့ ပြုရပါခြိမ့်၊ ကြာကြာစဉ်းစားနေခွင့်ကို နာရီကမပေး၊ မွန်းတည့်လုပြီလို့ လက်တံကပြောနေပြီ၊ သည်တော့ ရေခဲသေတ္တာကိုဖွင့် သစ်သီးလေး ( ၂ ) လုံးကို ကပ္ပိရင်း ဒီနေ့ တော့ ရသေ့ဘ၀ ခံယူရတော့မယ်လို့ တွေးရင်းပြုံးနေမိတယ်။
ဒီလိုနဲ့ တဖြည်းတဖြည်း သာသနာပြု လုပ်ငန်းကြီး စပြီပေါ့လေ၊ လာသမျှ လေးတွေကို နိဗ္ဗာန်ရောက်ကြောင်း တရားထက်၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျင့်သုံးတော်မူတဲ့ “ သာခလျဉ္စ ၀ိဿာသဉ္စ” ထုံးကို လက်သုံးပြုရင်း၊ သိမ်းသွင်းရတယ်၊ တစ်ဦးချင်း တန်းဖိုးကို အသိမှတ်ပြုရတယ်၊ ဖော်ရွေစွာ ဆက်ဆံတယ်၊ ပျူငှာစွာ ကြိုဆိုတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ အရိပ်ဟာ လူမျိုးမရွေး ဘာသာမခြား လူတိုင်းရဲ့ နားခိုပန်းဖြေရာလို့ ကြေငြာရတယ်၊ အားလုံးအပေါ် မေတ္တာညီ ဆက်ဆံတယ်၊ “ ပစ္စည်းမသို စိတ်မတို ခင်ပျိုကြီးပွားကြောင်း( အဲ ခင်အိုပေါ့လေ ) ” ကို တစ်တွတ်တွတ်ရွတ်ရတယ်၊ ပုဂ္ဂိုလ်မရွေး စွမ်းသမျှ ကျွေးမွေးစောင့်ရှောက်တယ်။
ခုတော့ကျောင်းလေးဟာ စည်ပင်စပြုပြီ၊ ခရစ်ယာန်လည်းလာတယ်၊ အစ္စလန်လည်း ရောက်တယ်၊ ချင်းတွေလည်း ၀င်တယ်၊ မွန်တွေလည်း နားတယ်၊ ကရင်နဲ့ မြန်မာတွေကတော့ မပြတ်ဘူးပေါ့။ မကြာမကြာဆိုသလို ကျောင်းပွဲ ရာသီပွဲလေးတွေ ကျင်းပဖြစ်ကြပြီ။
ဒီလိုနဲ့ သက်တန်းတိုးချိန်ရောက်ခဲ့ပါရော၊
တိုးထားတဲ့ ဗီဇာသက်တမ်းက ( ၁ ) လခန့် သာကျန်တော့တယ်၊ ဒါကြောင့် အစစ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဖို့ ဝိန်းက ဆရာတော်လေးကို အကြောင်းကြားရတယ်။ ဆရာတော်လေးက မြန်မာပြည်ဖွား ဒုက္ခသည်တိုင်းကို ကူညီစောင့်ရှောက်ပေးနေသူဖြစ်လေတော့ အလုပ်ကများပေတောင်း၊ ဖုန်းဆက်တိုင်းမရ၊ မစ်ဆေစ့်ပေးလို့ မယူ၊ အီးမေလ်ပို့ လို့ လည်းမပြန်နဲ့ ၊ ဘယ်လိုဘာလိမ့်လို့ တွေးရပြီ၊ ဒကာဒကာမတွေနဲ့ ကျောင်းဂေါပက တွေကလည်း ပူကြပြီ၊ အိုဗာစတေးဖြစ်မှာ စိုးကြတယ်၊ ဒီတော့ သူတို့ ကလည်း ဖြစ်တဲ့နည်းနဲ့ ဗီဇာရအောင်ကြိုးစားချင်ကြတယ်၊ ရနိုင်သမျှနည်းနဲ့ ဖြစ်ဖြစ် ဆောင်ရွက် ချင်ကြတယ်။ မဖြစ်သေး။ မိမိကိုယ် အမြဲတမ်း စောင့်ရှောက်သော ဖို့ ဝိန်းဆရာတော်လေး က သူဆောင်ရွက်ရမဲ့ အရေးသူသိလို့ အေးနေတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ်….။
နောက်ဆုံး သူ့ အနီးနေ ဒကာကို လှမ်းစုံစမ်း လိုက်တော့မှ ဆရာတော်လေးအတော် မကျန်းမမာတဲ့၊ ဒီလိုဆို ကိုယ်ကကြွရပေမယ်၊ အများကို ၀န်မတတ် စေချင်လို့ ဘတ်စ်ကား ဂရေးဟောင်း လိုင်းကားနဲ့  သွားမယ်လို့ ဒကာလေး ဝေမိုးအောင် တို့ ကို တိုင်ပင်တော့ မသင့်လျော်ကြောင်း၊ သူတို့ ပိုနိုင်အောင် စီစဉ်မယ်ဖြစ်ကြောင်း၊ နောက်ပြီး ဆရာတော်လေးဟာ ဒီကျောင်းရဲ့ ပင်မ ကျေးဇူးကြီးသူဖြစ်လို့  တပည့်တော်တို့ လည်း သတင်းမေး လိုက်သင့်ကြောင်း လျှေက်ထားတယ်၊ ဒါကြောင့် လမ်းကျွမ်းကျင်တဲ့ ရောက်ဖူးတဲ့သူတွေကို အလုပ်ပိတ်ရက်နဲ့  ညှိပြီး မေးမြန်းကြည့်တော့ ဘယ်သူမှ မပို့ နိုင်၊ ဒီနိုင်ငံမှာကလည်း လူတိုင်းကိုယ်စီ ( First ship ၊ Second ship ၊ third ship )စတဲ့ အလုပ်ကိုယ်စီ ဆိုတော့ အပြစ်မဆိုသာ၊ ကိုယ်အရေး ကိုယ်သာ ဖြစ်သလို ဖြေရှင်းရပေတော့မယ်၊ ဒါကြောင့် ( ၁ ) လ ( ၇ ) ရက် ၂၀၁၁ခုနှစ် သောကြာ နေ့ ညနေမှာ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒကာစိုးဝင်းနဲ့ ဒကာဝေမိုးအောင်တို့ လိုက်ပို့ မယ်တဲ့၊ ရာသီက စနိုးချိန်၊ သိကြတဲ့အတိုင်း အမေရိကန်အလယ်ပိုင်း ဒေသတွေရဲ့ စနိုးရာသီဆိုသွားရေး လာရေးမသာတော့၊ တလောက မင်နီဆိုတာ၊ အိုင်ဟိုးဝါ၊ နယူးယောက်စတဲ့ စတိတ်တွေမှာ စနိုးမုန်တိုင်းကျသွားသေးတယ်လေ။ ဒီ မီဝေါကီးမှာလည်း ပါးပါးတလှည့်၊ ထူထူတခါ ကျနေပြီပဲ၊ ဒါကြောင့် စိုးရိမ်စိတ်လေးတော့ဖြစ်မိတယ်၊ ဒီအထဲ နံနက်က ဘုရား ၀တ်ပြုတော့ လက်ရုံးကလှုပ်သေး၊ အသား လှုပ်ဟောတွေ အယူမရှိပေမဲ့ အစွဲကတော့ မကင်းထင့်၊ ဒါပေမဲ့ မေ့မေ့ ဖျောက်ဖျောက် ထားလိုက်တယ်။
သွားဖို့ လာဖို့ ပြင်ရင်ဆင်ရင် ဖို့ ဝိန်းဆရာတော်လေးအတွက် ဆေးဝါးနဲ့ စားဖွယ်လေးတွေ ထုတ်ပိုး ထားလိုက်တယ်၊ ညနေစောင်းတော့ ဒကာတွေကိုမျှော်ရင်း အပြင်ကြည့်လိုက်တော့ စနိုးလေးတွေ ဖွဲဖွဲကြနေတယ်၊ စနိုးက မြင်ဖူးစမှာတော့လှ, လှသေးတော့၊ ကျပြီးစမှာလည်း အဖြူရောင် လွင်ပြင်ကနေ အလင်းပြန်နေတော့ ၀န်ကျင်းတစ်ခုလုံး လင်းပြီး ဖွေးဆွတ်နေတော့တယ်၊ ဒါပေမဲ့ အဲဒီအလှနှစ်ခုရဲ့ကြားမှာ လှို့ဝှက်ကြမ်းတမ်းတဲ့ ကံကြမ္မာ ရှိတယ်ဆိုတာ ဘယ်သူ စဉ်းစားမိမှာလဲ၊ စိတ်ကတစ်ချက်ထင့်ပြီး Weather သတင်းကြည့်အုံးမပဲဆိုပြီး အခန်းထဲးပြန်ဝင်တော့ လက်တော့ ကွန်ပြူတာလေးက သိမ်းဆည်းပြီးသား ဖြစ်နေပြီး၊ ပြန်မထုတ်ချင်တော့တာနဲ့ ဒကာလေးကိုရဲနဲ့ မဖြူတို့ ကို သွားခါနီးမှ လှမ်းမေးတော့မယ်ဆိုပြီး ပြုနေကြ၀တ် တွေထဲက ညနေခင်း ဘုရားရှိခိုးမှုကို ပြုလိုက်တယ်၊ တိုက်ဆိုင်မှုနဲ့ တူရဲ့၊ သံဃာဂုဏ်တော် ပွားများချိန်မှာ လက်ရုံးက လုပ်လာပြန်တယ်၊ အယူမသီးတတ်ပေမဲ့ ဒါ ( စင်ကနယ် ) များလားလို့ တွေမိတယ်။
ညနေစောင်း ( ၅ ) နာရီခန့် မှာထွက်မဲ့ ခရီးက ( ၉ )နာရီအထိမသွားနိုင်သေး၊ ငါ့လူတွေ အခုထက်ထိ ဗမာဆန်တုန်း ပါလားလို့ တွေးမိလိုက်တယ်၊ ဒီလိုမှန်းသိရင် စောစောက စာရေးဆရာလေး ငြိမ်းချမ်းလက်ရဲ့ ဖတ်လက်စ ဆောင်းပါးသစ်လေးကို ဆုံးအောင်ဖတ်လိုက်ပါရဲ့။ ဖုန်းဆက်ကြည့်မှ ကားပိုင်ရှင် ဒကာက ကိစ္စပေါ်နေလို့ နောက်ကျကြောင်း သိရတယ်၊ သူတို့ ရောက်လာတော့ ည ( ၁၀ )နာရီ၊ စနိုးရာသီ၊ ခရီးစိမ်း ဖြစ်ပါ့မလားလို့ ထပ်မေးမိတယ်၊ ဖြစ်တယ် GPS ခေါ် Navigator ပါတယ် ။ စိုးရိမ်းစရာ မရှိဘူးလို့ အားပေးကြတယ်၊ ကားမောင်းမည်သူက မနှစ်ကဒီလို စနိုးရာသီမှာ သွားဖူးပြီးသားလို့  အာမခံတယ်၊ သူတို့ စေတနာ သူတို့ သဒ္ဓါနဲ့ လမ်းပြစက် အားကိုးပြီး ထွက်ခဲ့ကြတော့တယ်။
အဲဒီမှာလည်း အံ့စရာလား ရယ်စလားမသိ၊ သွားမည့် လိပ်စာရိုက်ထည့်ထားတဲ့ Navigator က Turn left , Turn left လို့ အော်နေလို့ သူခိုင်းတဲ့ အတိုင်းကွေ့ လိုက်တာ၊ မိမိတို့ နေရာ နေရှင်နယ် လမ်းကိုပဲ ပြန်ရောက်လာတယ်၊ တစ်ကြိမ်တောင်မဟုတ် သုံးကြိမ်သုံးခါတောင်။
နောက်ဆုံးတော့ ထွက်ရမည့် Exit ကိုသိတယ် သူ့ စကားနား မထောင်တော့ဘူးဆိုပြီး အဝေးပြေးလမ်းမဆီ မောင်းထွက်ခဲ့ကြတယ်၊ မိမိက ဒရိုင်ဘာရဲ့ နောက်ခုံကပေါ့၊ စကားတပြောပြောနဲ့  ရှေးဟောင်း နှောင်းဖြစ် စုံစွာပေါ့၊ ချီကာဂိုဖြတ်ချိန်ထိ ရာသီဥတုက သာယာဆဲ၊ အင်ဒီယားနားသို့ ဆိုတဲ့ ဆိုင်းကိုမြင်တော့ “ ဒါ မိုက်ကယ်ဂျင်ဆင်ရဲ့ ဇာတိမြေပေါ့” လို့ သူတို့ ကိုပြောလိုက်သေးတယ်။
ဒကာလေးဝေမိုးအောင်က နောက်Summer ချိန်ဆို မိသားစုတွေနဲ့ သွားကြရအောင်လို့  ထက်သန်စွာ ပြောတယ်၊ အဲဒီအချိန်မှာပဲ စနိုးက ကျစပြုပြီ၊ ဒီလိုနဲ့ စနိုးပါးပါးကြားမှာ မောင်းလာခဲ့ကြတယ်၊ ၀န်းကျင်မှာတော့ စနိုးကျပြီးစမို့ အလင်းပြန်ပြီး ရှုချင်ဖွယ်ဖွေးဆွတ်နေတယ်၊ “ တို့ ငယ်ငယ်က ရုပ်ရှင်တွေ ပြက္ဒဒိန်တွေမှာ မြင်ဖူးတဲ့ ရှုခင်းတွေက ဒါတွေပဲ” လို့ ပြောလိုက်မိသေးတယ်။
တဖြည်းဖြည်းနဲ့ စနိုးဟာ သိပ်သည်းလာတယ်၊ ရှေ့ မှာလည်း သွားနေတဲ့ ကားတစ်စီးသာ တွေ့ ရတယ်၊ သတိထားမောင်းနေကြရတယ်၊ တစ်ခါတစ်ခါ ကုန်ကားကြီးတွေက ရုတ်တရက် သုံးလေးစီး ဖြတ်ကျော် သွားတတ်တယ်၊ ထိတ်လန့် စရာပဲ၊ မိမိကတော့ မေတ္တာကမ္မဋ္ဌာန်းပွားရင်း ဖြေးဖြေးသာ မောင်းလို့  သတိပေးကာ လိုက်ပါခဲ့တယ်၊ တစ်နေရာ အရောက်မှာတော့ ထွက်ရမဲ့ Exit 30 ကိုတွေ့ လိုက်တယ်၊ ဒါပေမဲ့ GPS Navigator က ဘာမှမပြောတော့ ကားမောင်းသူက မထွက်မိ၊ Exit လွန်မှကြည့်လိုက်တော့ Navigator အလုပ်မလုပ်တော့ကြောင်းတွေ့ ရတယ်၊ စနိုးမုန်တိုင်းကြောင့် Connection ပြတ်သွားခဲ့ပြီးတဲ့၊ ဒီလိုနဲ့  သတိထား မောင်းရင်းမောင်းရင်း Exit 60 ကိုရောက်လာတယ်၊ ဓာတ်ဆီဆိုင်တစ်ခုမှာ အသာဝင်နား လိုက်ကြတယ်၊ ကားဆီဖြည့်ရင်း လူဝိတ်လျော့ရင်းပေါ့။
စနိုးလည်း ဆဲစပြုပြီ၊ နာရီကလည်း နံနက် ( ၃ ) နာရီ၊ အဲဒီလိုနဲ့ ဆက်ထွက်ခဲ့ကြတယ်၊ မိမိအေးနေတာ ပင်ပန်းနေတာကိုကြည့်ပြီး ဒကာတို့ က စိတ်မကောင်းကြ၊ အမြန်ရောက်လို ကြတယ်၊ သို့ သော် မြန်၍မရ၊ ဖြည်းဖြည်းသာသွားလို့ သတိပေးရင်း ဗုဒ္ဓါနုဿတိကိုပြောင်းပြီး ပွားများလိုက်တယ်၊ တတိယမြောက် ဗုဒ္ဓဂုဏ်တော်အရောက်မှာပဲ ဝေါး………ဂျိန်း…………ဂျုံး…………...အား…………..အား……။ ( ဆက်ရန် )
မေတ္တာများဖြင့်....
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
၂၀၁၁-ခု၊ ဇန်နဝါရီလ 13-ရက်၊ ကြာသပတေးနေ့။
*သို့အတွက်ကြောင့်*
ငိုပွဲပေါင်း များစွာကြောင့်
စိုရွှဲခဲ့ရတဲ့ မျက်ရည်တွေမနည်းတော့။
မရေမတွက်နိုင်တဲ့ သေပွဲတွေကြောင့်
အနေခက် ကြေကွဲရပေါင်းလည်း များလှပြီ။
သူနဲ့ လမ်းခွဲခဲ့ရလို့
အပူဖွဲ့ ၀မ်းနည်းရပေါင်းလည်း အသင်္ချေမက။
အော်…
အာသာမပြေ
ဒီ တဏှာတွေ ငါဖက်လို့
ကမ္ဘာအထွေထွေ ပတ်ခဲ့ရပေါင်းလည်း မရေမတွက်နိုင်။
စဉ်းစားပါရစေ…
ဆင်ခြင်ပါရစေ…
သုံးသပ်ပါရစေ…
ဆုံးဖြတ်ပါရစေ…။
ဒါတွေကိုသိရက်နဲ့
ဘာအတွက် ငါ့ကိုယ်ငါညှာနေတာလဲ
ဘာကြောင့်များ ငါ့ကိုယ်ငါညာနေတာလဲ။
ဒီ့ထက်ပိုကာ ဆက်ညှာနေရင်
ရှေ့ဆက်ကာသာ ဆက်ညာနေရင်
ငိုပွဲတွေဆက်
ကိလေသာကြွေးတွေထပ်လို့
ခန္ဓာနဲ့ရင်းကာ
ဆပ်ခြင်းသာ ရှိတော့မှာပါလား…။
သို့အတွက်ကြောင့်… သို့အတွက်ကြောင့်…
……………………………….
… … … … … … … …
… … …
…..
လေးစားစွာဖြင့်
ဖိုးသား
ဓဇဂ္ဂသုတ်တော်
13 January 2011
အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်က ရဟန်းတော် တွေကို တရားတစ်ပုဒ် ဟောပြတော်မူခဲ့ဖူးပါတယ်။ ” ချစ်သားတို့ … ဟိုး ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်က နတ်သားတွေနဲ့ အသူရာနတ်သားတွေ စစ်ပွဲကြီးတွေ မကြာခဏ ဖြစ်ခဲ့ကြဖူးတယ်။ အဲဒီတော့ သိကြားမင်းက နတ်တွေကို ”မောင်မင်းတို့ … တိုက်ပွဲမှာ ကြောက် ရွံ့လာကြ ကြက်သီးမွေးညှဉ်းထလာကြရင် ငါ့ရဲ့အလံ ထိပ်ဖျား ပဇာပတိ ဝရုဏ ဤသာန နတ်မင်းကြီးတွေရဲ့ အလံထိပ်ဖျားကို မော့ကြည့်လိုက်ကြ အဲဒီအလံဖျား တွေကို မြင်ရရင် ကြောက်ရွံ့တာတွေ မှန်သမျှ ပျောက်သွား ကြပါလိမ့်မယ်” လို့ အားပေးစကား ပြောကြားခဲ့ဖူးတယ်
” ဒီလိုပါပဲ ချစ်သားတို့ … သင်တို့တစ်တွေဟာလည်း လူသူဝေးရာ တော ဟေမဝါတွေမှာ ရောက်နေကြလို့ သိပ်ပြီးကြောက်ရွံ့တာတွေ ဖြစ်လာခဲ့ကြရင် ဘုရားဂုဏ် တရားဂုဏ် သံဃာ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်ပွားများ ရှုမှတ်ကြ၊ အဲဒီလို ရှုမှတ်ပွားများရင် ကြောက်ရွံ့တာတွေ မှန်သမျှ အားလုံး ပျောက်သွားကြပါလိမ့်မယ်” လို့ ဟောကြား တော်မူခဲ့ပါတယ်။
ခုလို ဘုရား တရား သံဃာ ရတနာမြတ် ၃ ပါး ရဲ့ ဂုဏ်တော်တွေကို ပွားများကြရင် ကြောက်တာတွေ ကြက်သီးမွေးညှင်းထတာတွေပျောက်ပြီး ဉာဏ်ကောင်း လာမယ်၊ နတ်ပြည်မှာ ကမ္ဘာ ၃ သောင်း၊ သိကြားမင်း ဘဝမှာ အကြိမ် ၈ဝ ၊ စကြဝတေးမင်းဘဝမှာ အကြိမ် ၁ဝဝ၊ ဖြစ်ရာဘဝမှာ ဥစ္စာပေါပြီး ကမ္ဘာတစ်သိန်းတိုင်တိုင် အပါယ်မကျဘဲနဲ့ အာသေဝေါကင်းကွာ ရဟန္တာဖြစ်နိုင်ခြင်း ဆိုတဲ့အကျိုးတွေ ရနိုင်ပါတယ်။
ကောင်းကျိုးအထွေအထွေ, ကျက်သရေအဖြာဖြာကို ဖြစ်ပေါ်စေပြီးတော့ တန်ခိုးအာဏာ ထက်မြက်ပါတဲ့ ဂုဏ် တော်စွမ်းအားပြ ဓဇဂ္ဂသုတ်ပရိတ်ဒေသနာတော်ကို ကြည်ညို သဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြဖတ်ကြ နာကြ ကြည်ညိုပူဇော်ပါကြပါစို့ သူတော်ကောင်းတို့ …။
ကြက်သီးမွေးညင်း ၊ ထခြင်းခက်ထရော် ကြောက်လန့် သော်ကား၊ တေဇော်ထွန်းပ ဓဇဂ္ဂကို မှန်လှစေ့စေ့ ရွတ်အောက်မေ့က၊ ချမ်းမြေ့သာယာ ပျောက်ငြိမ်းရာ၏။
ဓဇဂ္ဂသုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး
ဓဇဂ္ဂသုတ်တော်တွင် ဆိတ်ငြိမ်ရာအရပ်၌ တစ်ပါးတည်းနေရသော အခါ၌ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းများ ဖြစ်ပေါ်လာလျှင် ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါးနှင့် သံဃာ့ဂုဏ်တော်ကိုးပါးတို့တွင် တစ်ပါးပါးကို ဆင်ခြင်အောက်မေ့ပါက ထိတ်လန့်တုန်လှုပ်ခြင်း ပျောက်ကင်းသွား နိုင်ကြောင်း ဟောကြားထားသည်။
(၁) ယဿာ နုဿရဏေနာပိ၊ အန္တ လိက္ခေပိ ပါဏိနော၊ ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ၀ိယ သဗ္ဗထာ။
ယက်သာ နုတ်သရဏေနာပိ၊ အန်တ လိက္ခေပိ ပါဏိနော၊ ပတိတ်ထ မဓိဂစ်ဆန်တိ၊ ဘူမိယံ ၀ိယ သပ်ဗတ။
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို အောက်မေ့မိရုံသော်မျှဖြင့် သတ္တ၀ါတို့သည် မှီရာမမြင် မိုးကောင်းကင်သို့ ပစ်တင်လွှင့်မြောက် ရောက်ရှိရငြား ကုန်သော်လည်း မဟာပထ၀ီမြေ၌ ထောက်တည်နေကြရဘိသကဲ့သို့ အလုံးစုံသော အခြင်းအရာဖြင့် ကြည်သာရွင်ပျ ထောက်ရာတည်ရာကို ရကြကုန်၏။
(၂) သဗ္ဗုပဒ္ဒ၀ဇာလမှာ၊ ယက္ခစောရာဒိ-သမ္ဘ၀ါ၊ ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
သပ်ဗု ပတ်ဒ၀ ဇာလန်မှာ၊ ယက်ခ စောရာဒိ သမ်ဘ၀ါ၊ ဂဏနာ န စ မုတ်တာနံ၊ ပရိတ်တံ တံ ဘဏာမ ဟေ။
ဘီလူး၊ ခိုးသူအစရှိသော ရန်သူတို့ကြောင့် ဖြစ်ပေါ်ကုန်သည့် အလုံးစုံသော ဘေးရန် ဥပ္ပဒ္ဒဝေါတည်းဟူသော ကွန်ရက်မှ ကင်းလွတ် ထွက်မြောက်ကြသော သူတို့ကိုမူ ဤရွေ့ ဤမျှ ဂဏန်းချ၍ မရေမတွက်နိုင်ကြကုန်။ ထိုကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံသော ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို အို….. သူတော်ကောင်းအပေါင်းတို့ ၊ ငါတို့ ရွတ်ဖတ်ကြကုန်စို့။
(၃) ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။
အေ၀ံ မေ သုတံ၊ အေကံ သမယံ ဘဂ၀ါ သာဝတ်ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အ- နာထပိန်ဒိကတ်သ အာရာမေ။
အရှင်ဘုရား မဟာကဿပ …. အကျွန်ုပ် အာနန္ဒာမထေရ်သည် ဤဓဇဂ္ဂသုတ်အမိန့်တော်ကို ရှင်တော်ဘုရား မျက်မှောက်တော်မှ ဤသို့သော အခြင်းအရာဖြင့် သာလျှင် ကြားနာမှတ်ဆောင်ရပါ၏။ အခါတစ်ပါး၊ မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနီး အနာထပိဏ်သူဌေး ဆောက်လုပ် လှူဒါန်း အပ်သော ဇေတ၀န်ကျောင်းတိုက်ကြီး၌ သတင်းသုံးနေတော်မူ၏။
(၄) တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ၊ ဘဂဝါ
ဧတဒဝေါစ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေဝါသုရသင်္ဂါမော သမုပဗျူဠ္ဇော အဟောသိ၊ အထ ခေါ ဘိက္ခဝေ သက္ကောဒေဝါနမိန္ဒောဒေဝေ၊ တာဝတိံသေ အာမန္တေသိ၊ သစေ မာရိသာ ဒေဝါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ မမေဝ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ မမံ ဟိ ဝေါ၊ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ၊ ဝါ ဆမ္ဘိတတံ္တ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
တက်တရ ခေါ၊ ဘဂ၀ါ ဘိတ်ခုအာမန်တေသိ ‘ဘိတ်ခဝေါ’ တိ၊ ဘတ်ဒန်တေ ‘ တိ၊ တေ ဘိတ်ခု ဘဂ၀တော ပစ်စတ်သောသုံ၊ ဘဂ၀ါအေတ ဒဝေါ စ၊ ဘူတပုပ်ဗံ ဘိတ်ခဝေ၊ ဒေ၀ါ သုရ သင်ဂါမော၊ သမုပ ဗျုန်လှော အဟောသိ၊ အထ ခေါ ဘိတ်ခဝေ၊ သက်ကော ဒေ၀ါ န မိန်ဒေါ၊ ဒေ၀ တာဝတိန်သေ အာမန်တေသိ၊ သ-စေ-မာရိသာ ဒေ၀ါနံ၊ သင်ဂါမ ဂတာနံ အုပ်ပစ်ဇေယ၊ ဘယံ ၀ါ ဆမ်ဘိ တတ်တံ ၀ါ၊ လောမဟံ သော ၀ါ၊ မမေ၀ တတ်သမိန် သမယေ၊ ဓဇက်ဂံ အုန်လောကေယာထ၊ မမံ ဟိ ဝေါ၊ ဓဇက်ဂံ အုန်လောက ယတံ ယံ ဘ၀ိတ်သတိ၊ ဘယံဝါ ဆမ်ဘိ တတ်တံ ၀ါ လောမဟံ သောဝါ၊ သော ပဟီယိတ်သတိ။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော အကြောင်းအရာကို မိန့်ကြားတော်မူလေ၏။
ရဟန်းတို့ …. ရှေး၌ဖြစ်ခဲ့ဖူးသည်ကား တာဝတိံသာနတ်နှင့် အသူရာနတ်တို့ အပြိုင်အဆိုင် စစ်ထိုးတိုက်ခိုက်ကြသောအခါ စတုမဟာရာဇ်၊ တာဝတိံသာနတ်တို့ကို ဤသို့ မိန့်ဆို၏။
အချင်းနတ်သားတို့ …. စစ်မြေပြင်သို့ ရောက်ကြကုန်သော သင်နတ်သားတို့အား ကြောက်လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးထခြင်းသည် အကယ်၍ ဖြစ်ပေါ်ငြားအံ့။ ထိုအခါ ငါ၏ အောင်လံတံခွန်ဖျားကု မော်ကြည့်ကြကုန်လော့။ ငါ၏ အောင်လံတံခွန်ဖျားကို မော်ကြည်ကြကုန်သော သင်တို့အား ကြောက်လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းများသည် ကွယ်ပျောက်လတ္တံ့သတည်း။
(၅) နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ ပဇာပတိဿ
ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘ၀ိဿတိ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ
နော စေ မေ ဓဇက်ဂံ အုန်လောကေယာထ၊ အထ ပဇာပတိတ်သ ဒေ၀ ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကေယာထ၊ ပဇာပတိတ်သ ဟိဝေါ ဒေ၀ ရာဇသတ်၊ ဓဇက်ဂံ အုန်လောက ယတံ ယံ ဘ၀ိတ်သတိ၊ ဘယံ ၀ါ ဆမ်ဘိ တတ်တံ ၀ါ၊ လောမဟံသောဝါ၊ သော ပဟီ ယိတ်သတိ။
ငါ၏ အောင်လံတံခွန်ဖျားကို အကယ်၍ မကြည့်မိကြကုန်အံ့၊ ပဇာပတိနတ်မင်း၏ အောင်လံတံခွန်ဖျားကို မော်ကြည့်ကြကုန်လော့။ ပဇာပတိနတ်မင်း၏ အောင်လံတံခွန်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ထိုကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်၊ ကြက်သီးမွေးညင်း ထခြင်းသည် ကင်းငြိမ်းကွယ်ပျောက်လတ္တံ့သတည်း။
(၆) နော စေ ပဇာပတိဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဂရုဏဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ
ဥလ္လောကေယျာထ၊ ၀ရုဏဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လော ကယတံ ယံ ဘ၀ိဿတိ ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ
နော စေ ပဇာပတိတ်သ ဒေ၀ ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကေယာထ၊ အထ ၀ရုနတ်သ ဒေ၀ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကေယာထ၊ ၀ရုနတ်သ ဟိ ဝေါ ဒေ၀ ရာဇတ်ဿ၊ ဓဇက်ဂံ အုန်လောက ယတံ ယံ ဘ၀ိတ်သတိ၊ ဘယံ ၀ါ ဆမ်ဘိ တတ်တံ ၀ါ၊ လောမဟံသောဝါ၊ သော ပဟီယိဿတိ။
ပဇာပတိနတ်မင်း၏ အောင်လံတံခွန်ဖျားကို အကယ်၍ မကြည့်မိကြကုန်အံ့။ ၀ရုဏနတ်မင်း၏ အောင်လံတံခွန်ဖျားကို မော်ကြည့်ကုန်လော့။
ဝရုဏနတ်မင်း၏ အောင်လံတံခွန်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ထိုကြောက်ခြင်းလန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းသည် ကင်းငြိမ်းကွယ်ပျောက်လတ္တံ့သတည်း။
(၇) နော စေ ၀ရုဏဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ
ဥလ္လောကေယျာထ၊ ဤသာနဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတီ-တိ
နော စေ ၀ရုနတ်သ ဒေ၀ ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကေယာထ၊ အထ အီသာနတ်သ ဒေ၀ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကေယာထ၊ အီသာနတ်သ ဟိ ဝေါ ဒေ၀ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကယတံ ယံ ဘ၀တ်သတိ၊ ဘယံ ၀ါ ဆမ်ဘိတတ်တံ ၀ါ၊ လောမဟံသောဝါ၊ သော ပဟီယိတ်သတီ - တိ။
ဝရုဏနတ်မင်း၏ အောင်လံတံခွန်ဖျားကို အကယ်၍ မကြည်မိပါကုန်အံ့။ ဤသာနနတ်မင်း၏ အောင်လံတံခွန်ဖျားကို မော်ကြည့်ကြကုန်လော့။ ဤသာနနတ်မင်း၏ အောင်လံတံခွန်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ထိုကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ကင်းငြိမ်းကွယ်ပျောက် လတ္တံ့သတည်း။ ဤသို့ မိန့်ဆိုလေ၏။
(၈) တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ၀ါ ဒေ၀ါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ၀ရုဏဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သောပဟီယေထာပိ နောပိ ပဟီယေထ
တံ ခေါ ပန ဘိတ်ခဝေ၊ သက်ကတ်သ ၀ါ ဒေ၀ါန မိန်ဒတ်သ၊ ဓဇက်ဂံ အုန်လောက ယတံ၊ ပဇာပတိတ်သ ၀ါ ဒေ၀ရာဇတ်သ၊ ဓဇက်ဂံ အုန်လောက ယတံ၊ ၀ရုနတ်သ ၀ါ ဒေ၀ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကယတံ၊ အီသာနတ်သ ၀ါ ဒေ၀ရာဇတ်သ၊ ဓဇက်ဂံ အုန်လောကယတံ ယံ ဘ၀ိတ်သတိ၊ ဘယံ ၀ါ ဆမ်ဘိတတ်တံ ၀ါ၊ လောမ ဟံ သောဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။
ရဟန်းတို့ ၊ စတုမဟာရာဇ်၊ တာဝတိံသာနတ်တို့ကို အစိုးရသော သကြားမင်း၏ အောင်လံတံခွန်ဖျားကို ကြည်ကုန်သော နတ်တို့အားလည်းကောင်း၊ ပဇာပတိအမည်ရှိသော နတ်မင်း၏ အောင်လံတံခွန်ဖျားကို ကြည်ကုန်သော နတ်တို့အားလည်းကောင်း၊ ၀ရုဏအမည်ရှိသော နတ်မင်း၏ အောင်လံတံခွန်ဖျားကို ကြည်ကုန်သော နတ်တို့အားလည်းကောင်း၊ ထိုကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းသည် ကင်းငြိမ်း ကွယ်ပျောက်သော်လည်း ကွယ်ပျောက်ရာ၏။ မကွယ်ပျောက်ဘဲသော်လည်း ရှိရာ၏။
(၉) တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေ၀ါနမိန္ဒော၊ အ၀ီတရာဂေါ အ၀ီတဒေါသော၊ အ၀ီတ မောဟော၊ ဘီရု
ဆမ္ဘီ ဥတြာသီ ပလာယီတိ။
တံ ကိတ်သဟေတု၊ သက်ကော ဟိ ဘိတ်ခဝေ ဒေ၀ါန မိန်ဒေါ၊ အ၀ီတရာဂေါ အ၀ီတဒေါသော အ၀ီတမေဟော၊ ဘီရုဆမ်ဘီ အုတ်တရာသီ ပလာယီ-တိ။
ထိုသို့ကွယ်ပျောက်ခြင်း၊ မပျောက်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ ရဟန်းတို….တ၀တိံသာနတ်တို့ကို အစိုးရသော သိကြားမင်းသည် မကင်းသော ရာဂရှိ၏။ မကင်းသော ဒေါသရှိ၏။ မကင်းသော မောဟရှိ၏။ ကြောက်တတ်၏။ ကိုယ်တုန်လှုပ်တတ်၏။ လန့်တတ်၏။ ပြေးတတ်၏။ ထိုအကြောင်းတို့ကြောင့် ကင်းငြိမ်း ကွယ်ပျောက်သော်လည်း ကွယ်ပျောက်ရာ၏။ မကွယ်ပျောက်ဘဲ ရှိသော်လည်း ရှိရာ၏။
(၁၀) အဟဉ္စ ခေါ ဘိက္ခဝေ ဧ၀ံ ၀ဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရည ဂတာနံ ၀ါ ရုက္ခမူလဂတာနံ ၀ါ၊ သုညာဂါရဂတာနံ ၀ါ၊ ဥပ္ပဇ္ဇေယျ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ မမေ၀ တသ္မိံ သမယေ အနုဿရေယျာထ
အဟင်စ ခေါ ဘိတ်ခဝေ အေ၀ံ ၀ဒါမိ၊ သ-စေ တုန်မှာကံ ဘိတ်ခဝေ၊ အရင်ည ဂတာနံ ၀ါ ရုတ်ခမူလ ဂတာနံ ၀ါ၊ သုန်ညာဂါရ ဂတာနံ ၀ါ အုပ်ပစ်ဇေယ၊ ဘယံ ၀ါ ဆမ်ဘိတတ်သံ ၀ါ လောမဟံ သောဝါ၊ မမေ၀ တတ်သမိန် သမယေ အနုတ်သရေယာထ။
ရဟန်းတို့၊ ငါဘုရားသည်ကား ဤသို့ ဧကန်ဟော၏။ ရဟန်းတို့၊ တောအရပ် သစ်ပင်ရင်း ဆိတ်ငြိမ်ရာအရပ်၌ နေကုန်သော သင်တို့အား ကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် အကယ်၍ ဖြစ်ပေါ်ငြားအံ့။ ထိုအခါ ငါဘုရား၏ ဂုဏ်တော်ကိုသာလျှင် အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၁၁) ဣတိပိသော ဘဂ၀ါ၊ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောက၀ိဒူ၊ အနုတ္တရော ပုရိသ
ဓမ္မသာရထိ၊ သတ္ထာဒေ၀မနုဿာနံ၊ ဗုဒ္ဓေါ ဘဂ၀ါ တိ
အိတိပိသော ဘဂ၀ါ၊ အရဟံ သမ်မာသမ်ဗုတ်ဓော၊ ၀ိတ်ဇာစရဏ သမ်ပန်နော သုဂတော လောက၀ိဒူ၊ အနုတ်တရော ပုရိသ ဒမ်မသာရထိ၊ သတ်ထာဒေ၀ မနုတ်သာနံ၊ ဗုတ်ဓော ဘဂ၀ါ တိ။
မြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာသတ္တ၀ါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် ‘ အရဟံ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူသောကြောင့် ‘ သမ္မာသမ္ဗုဒ္ဓ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
ထိုးထွင်းသိမြင်သော ‘ ၀ိဇ္ဇစရဏသမ္ပန္န ‘ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
ဒုက္ခဇာတ်သိမ်း ချုပ်ငြိမ်းရာမှန် မြိုက်နိဗ္ဗန်သို့ ကောင်းစွာကြွသွားတော်မူသောကြောင် ‘ သုဂတိ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
လောကအားလုံးကို သိမ်းကျုံးကုန်စင် သိမြင်တော်မူသောကြောင့် ‘ လောက၀ိဒူ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
မယဉ်ကျေးသူ လူ နတ် ဗြဟ္မာတို့ကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိတော်မူသောကြောင့် ‘ အနုတ္တရောပုရိသ ဒမ္မသာရထိ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
သစ္စာလေးပါးတရားအမှန်ကို သိမြင်တော်မူသောကြောင့် ‘ သတ္တာဒေ၀မနုဿာနံ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
သစ္စာလေးပါးတရားအမှန်ကို သိမြင်တော်မူသောကြောင့် ‘ ဗုဒ္ဓ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
ဤသို့ အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၁၂) မမံ ဟိ ဝေါ ဘိက္ခဝေ၊ အနုဿရတံ၊ ယံ ဘ၀ိဿတိ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော
ပဟီယိဿတိ
မမံ ဟိ ဝေါ ဘိတ်ခဝေ၊ အနုတ်သရတံ ယံ ဘ၀ိတ်သတိ၊ ဘယံဝါ ဆမ်ဘိတတ်တံဝါ လောမဟံသောဝါ၊ သော ပဟီ ယိတ်သတိ။
ရဟန်းတို့ …. ငါဘုရား၏ ဂုဏ်တော်ကို အောက်မေ့ကြကုန်သော သင်တို့အား ကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းသည် ကင်းငြိမ်းကွယ်ပျောက်လတ္တံ့သတည်း။
(၁၃) နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ။
နော စေ မံ အနုတ်သရေယာထ၊ အထ ဓမ်မံ အနုတ်သရေယာထ။
ငါဘုရား၏ ဂုဏ်တော်ကို အကယ်၍ မအောက်မေ့မိကုန်ငြားအံ့။ ထိုသို့မအောက်မေ့မိကုန်သည်ရှိသော် တရားတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၁၄) သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော၊ ဧဟိပဿိကော သြပနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော
ဝိညူဟီတိ
သွက်ခါတော ဘဂ၀တော ဓမ်မော၊ သန်ဒိတ်ထိကော အ-ကာလိကော၊ အေဟိ ပတ်သိကော အောပနေယိကော၊ ပစ်စတ်တံ ဝေဒိတပ်ဗော ၀ိန်ညူဟီတိ။
မြတ်စွာဘုရား၏ တရားတော်မြတ်သည် အစ၌ သီလကောင်းခြင်း၊ အလယ်၌ သမာဓိကောင်းခြင်း၊ အဆုံး၌ ပညာ၏ကောင်းခြင်း အစရှိသော ဂုဏ်တို့နှင့် ပြည်စုံ၍ ကောင်းစွာဟောကြားတော် မူအပ်သောကြောင့် ‘ သွာက္ခာတ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
မျက်မှောက်ထင်ထင်ကိုယ်တိုင်သိမြင်ရသော အကျိုးရှိသောကြောင့် ‘ သန္ဒိကံ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ အခါမလင့် အကျိုးပေးခွင့်ကို ပေးတော်မူတတ်သောကြောင့် ‘ အကာလိတ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ လာပါ ကြည့်ပါ ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်တိုက်တွန်းခြင်းငှာ ထိုက်တန်တော်မူသောကြောင့် ‘ ဧဟိပဿတ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သောကြောင့် ‘ သြပနေယျိက ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
ပညာရှိ သူတော်ကောင်းတို့သည် အသီးသီးသော မိမိတို့၏ စိတ်သန္တာန်၌ ချမ်းသာလေစွ၊ ကောင်းလေစွဟု သိမြင်ခံစားရသောကြောင့် ‘ ပစ္စတ္တံ၊ ဝေဒိတဗ္ဗ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ ဤသို့ အောက်မေ့ကြကုန်လော့။
(၁၅) ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ၊ အနုဿရတံ ယံ ဘ၀ိဿတိ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ
ဓမ်မံ ဟိ ဝေါ ဘိတ်ခဝေ၊ အနုတ်သရတံ ယံ ဘ၀ိတ်သတိ၊ ဘယံ ၀ါ ဆမ်ဘိ တတ်တံ ၀ါ၊ လောမဟံ သောဝါ၊ သော ပဟီ ယိတ်သတိ။
ရဟန်းတို့ …. တရားတော်၏ ဂုဏ်တော်ကို အောက်မေ့ကြကုန်သော သင်တို့အား ကြောက်လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထ ခြင်းသည် ကင်းငြိမ်း ကွယ်ပျောက် လတ္တံ့သတည်။
(၁၆) နော စေ ဓမ္မံ အနုဿရေယျာထ၊အထ သံဃံ အနုဿရေယျာထ။
နော စ ဓမ်မံ အနုတ်သရေယျာထ၊ အထ သံဃံ အနုတ်သရေယာထ။
တရားတော်၏ ဂုဏ်တော်ကို အကယ်၍ မအောက်မေ့မိကုန်ငြားအံ့။ ထိုသိုမအောက်မေ့ကုန်သည် ရှိသော် သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၁၇) သုပ္ပဋိပန္နော ဘဂ၀ါတော သာဝက သံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ဉာယပ္ပဋိပန္နော
ဘဂ၀တော သာဝသံ သံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ၊ အဋ္ဌပုရိသ ပုဂ္ဂလာ၊ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္စလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ" တိ။
သုပ်ပတိပန်နော် ဘဂ၀တော သာဝကသံဃော၊ အုဇုပ်ပတိပန်နော ဘဂ၀တော သာဝကသံဃော၊ ညာယပ်ပတိပန်နော ဘဂ၀တော သာဝကသံဃော၊ သာမိစိပ်ပတိပန်နော ဘဂ၀တော သာဝကသံဃော၊ ယဒိဒံ စက်တာရိ ပုရိသ ယုဂါနိ အက်ထ ပုရိသပုတ်ဂလာ၊ အေသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေရော ပါဟုနေရော၊ ဒက်ခိနေယော အင်ဇလိကရဏီယော၊ အနုတ်တရံ ပုန်ညခေတ်တံ လောကတ်သာတိ။
မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်သည် ကောင်းစွာကျင့်တော်မူသောကြောင့် ‘ သုပ္ပဋိပန္နံ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ ဖြောင့်မတ်သောအကျင့်ကို ကျင့်တော်မူသောကြောင့် ‘ ဥဇုပ္ပဋိပန္နံ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူသောကြောင့် ‘ ဥာယပ္ပဋိပန္နံ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ အရိုအသေခံထိုက်အောင် ကျင့်တော်မူသောကြောင့် ‘ သာမိစိပ္ပဋိပန္နံ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
အစုံအားဖြင့် လေးပါး၊ သီးခြားအားဖြင့် ရှစ်ပါးသော ယောင်္ကျားမြတ်တို့သည် ရှိတော်မူကြကုန်၏။ မြတ်စွာဘုရား၏ ထိုအစုံလေးပါး၊ သီးခြားရှစ်ဖော် အရိယာသံဃာတော်မြတ်သည် အဝေးအရပ်မှ ယူဆောင်၍ လှူသော ပစ္စည်းလေးပါးကို အလှူခံထိုက်တော်မူသောကြောင့် ‘ အာဟုနေယျ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ ဧည့်သည်တို့ အလို့ငှာ ရည်ညွှန်း၍ ထားသော ပစ္စည်းများကို အလှူခံထိုက်တော်မူသောကြောင့် ‘ ပါဟုနေယျ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ တမလွန်ဘ၀၌ ကြီးပွားချမ်းသာရန် မျှော်မှန်း၍ လှူသော အလှူကို ခံထိုက်တော်မူသောကြောင့် ‘ ဒက္ခိနေယျ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ လက်အုပ်ချီမိုး ရှိခိုးခြင်းကု ခံထိုက်တော်မူသောကြောင့် ‘ အဉ္စလီကရဏိယ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။
လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ အတုမရှိသော ကောင်းမှု မျိုးစေံကို စိုက်ပျိုးကြဲချရာ လယ်ယာကောင်းသဖွယ် ဖြစ်တော်မူသောကြောင့် ‘ ပုညက္ခတ္တ ’ ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏ အရှင်ဘုရား။ ဤသို့ အောက်မေ့ကြကုန်လော့။
(၁၈) သံဃံ ဟိ ဝေါ ဘိက္ခဝေ၊ အနုဿရတံ ယံ ဘ၀ိဿတိ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ လောမဟံသော ၀ါ၊ သော
ပဟီယိဿတိ။
သံဃံ ဟိ ဝေါ ဘိတ်ခဝေ၊ အနုတ်သရတံ ယံ ဘ၀ိတ်သတိ၊ ဘယံ ၀ါ ဆမ်ဘိတတ်တံ ၀ါ လောမဟံသောဝါ၊ သော ပဟီယိတ်သတိ။
ရဟန်းတို့၊ သံဃာတော်၏ ဂုဏ်ကို အောက်မေ့ကြကုန်သော သင်တို့အား ကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထ ခြင်းသည် ကင်းငြိမ်းကွယ်ပျောက်လတ္တံ့သတည်း။
(၁၉) တံ ကိဿ ဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ၊ အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊ ၀ီတရာဂေါ ၀ီတဒေါတော ၀ီတမောဟော
အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
တံ ကိတ်သ ဟေတု၊ တထာ ဂတော ဟိ ဘိတ်ခဝေ၊ အရဟံ သမ်မာ သပ်ဗုတ်ဓော၊ ၀ီတရာဂေါ ၀ီတဒေါသော ၀ီတမောဟော၊ အ-ဘီရု အ-ဆမ်ဘီ အနုတ်တရာသီ အ-ပလာယီတိ။
ထိုသို့ ကင်းငြိမ်းကွယ်ပျောက်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ၊ ရဟန်းတို့ ….. ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော သင်တို့ဆရာ ငါဘုရားသည် လူ နတ် ဗြဟ္မာသတ္တ၀ါတို့၏ ကြည်ဖြူဦးခိုက် ပူဇော်အထူးကို ခံတော်မူထိုက်၏။ သစ္စာလေးပါးတရားတို့ကို မဖောက်မပြန် ကိုယ်တိုင်သာလျှင် ကောင်းစွာသိတော်မူ၏။ ရာဂကင်းတော်မူ၏။ ဒေါသကင်းတော်မူ၏။ မောဟကင်းတော်မူ၏။ မကြောက်တတ်၊ ကိုယ်မတုန်လှုပ်တတ်၊ မလန့်တတ်၊ မပြေးတတ်။ ထိုအကြောင်းတို့ကြောင့် ကင်းငြိမ်းကွယ်ပျောက်လတ္တံ့သတည်း။
(၂၀) ဣဒမဝေါစ ဘဂ၀ါ၊ ဣဒံ ၀တွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။
အိဒ မဝေါစ ဘဂ၀ါ၊ အိဒံ ၀တ်တ၀ါန သုဂတော၊ အထာပရံအေတ ဒဝေါစ သတ်တာ။
ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူပြီးလျှင် ကောင်းသောတရားစကားကိုလည်း ဟောကြားတော်မူတတ်သော မြတ်စွာဘုရားသည် ထိုမှတစ်ဖန် ဤသို့ မိန့်ကြားတော်မူပြန်၏။
(၂၁) အရညေ ရုက္ခမူလေ ၀ါ၊ သုညာဂါရေ၀ ဘိက္ခဝေါ၊ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာကံ နောသိယာ။
အရင်ညေ ရုတ်ခ မူလေ ၀ါ၊ သုန်ညာ ဂါရေ၀ ဘိတ်ခဝေ၊ အနုတ်သရေထ သမ်ဗုတ်ဓံ၊ ဘယံ တုန်မှာက နော သိယာ။
ရဟန်းတို့ … တောအရပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိတ်ငြိမ်ရာ အရပ်၌လည်းကောင်း ငါဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။ ဤသို့ အောက်မေ့ကုန်သည်ရှိသော် သင်တို့အား ကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း အစရှိသော ဘေးအန္တရာယ်သည် မဖြစ်နိုင်ရာ။
(၂၂) နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံသုဒေသိတံ။
နော စေ ဗုတ်ဓံ သရေယာထ၊ လောကဇစ်ထံ နရာသဘံ၊ အထဓမ်မံ သရေယာထ၊ နိမ်ယာနိကံ သုဒေသိတံ။
လောကသုံးပါးတို့ထက် ကြီးမြတ်တော်မူ၍ လူတို့၏ အထွတ်ဖြစ်တော်မူသော ငါဘုရား၏ ဂုဏ်တော်ကို အကယ်၍ မအောက်မေ့မိကုန်ငြားအံ့။ ထိုသို့ မအောက်မေ့မိကုန်သည် ရှိသော သံသရာဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်၍ ကောင်းစွာဟောကြားတော်မူအပ်သော တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၂၃) နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊ အထ သံဃံ သရေယျာထ၊ ပုညက္ခတ္တံ အနုတ္တရံ။
နော စေ ဓမ်မံ သရေယာထ၊ နိမ်ယာနိကံ သုဒေသိတံ၊ အထ သံဃံ သရေယာထ၊ ပုန်ညက်ခေတ်တံ အနုတ်တရံ
သံသရာဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်၍ ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်၏ ဂုဏ်ကို အကယ်၍ မအောက်မေ့မိကုန်ငြားအံ။ ထိုသို့ မအောက်မေ့ကုန်သည်ရှိသော် အတုမရှိသော ကောင်းမှု မျိုးစေ့တို့၏ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၂၄) ဧ၀ံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံဝါ၊ လောမဟံသော န ဟေဿတိ
အေ၀ံ ဗုတ်ဓံ သရန်တာနံ၊ ဓမ်မံ သံဃင်စ ဘိတ်ခဝေါ၊ ဘယံ ၀ါ ဆမ်ဘိ တတ်တံ ၀ါ၊ လောမ - ဟံသော - န - ဟစ်သတိ။
ရဟန်းတို့ …. ဤသို့ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့် ငါဘုရား၏ ဂုဏ်တော်ကိုလည်းကောင်း၊ တရားတော်၏ ဂုဏ်တော်ကိုလည်းကောင်း၊ သံဃာတော်၏ ဂုဏ်တော်ကိုလည်းကောင်း အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း သည် ဧကန်မဖြစ်လတ္တံသတည်း။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
ဓမ္မရသစာစုများ(ဓမ္မဒါန)
သူငယ်ချင်းတစ်ယောက် ပေးပို့လိုက်သော ဓမ္မရသစာစုများကို ဓမ္မဒါနအဖြစ် ဆက်လက်ဖြန့်ဝေပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..။
စာရေးသူ။ မောင်ကောင်း အချိန်။ Thursday, January 13, 2011
2011 New Year Resolution (သို့) ဓမ္မနုပဿနာ...ဆီသို့ သာ
ကိုယ့်စိတ် ကိုယ်စစ် ဖို့ က ပိုမို အရေးကြီးပါ၏...
ကိုယ့်စိတ် ကိုယ်စစ်ဖို့ထက်.. ပိုမိုအရေးကြီးသည်မှာ..
ကိုယ့်စိတ်၊ သူတပါးစိတ်အဖြစ် ခွဲခြားသတ်မှတ်နေမှု၊
ငါ့စိတ်၊ သူ့စိတ်၊ တစ်ဦးဦးပိုင်စိတ် အဖြစ် အဟုတ်ထင်ငြိတွယ်နေမှု
အထင်မှားနေမှု (အ၀ိဇ္ဇာ-သမုဒယသစ္စာ) ပဲ ဖြစ်နေခြင်း ကို
မမေ့ဖို့ - သတိရနေဖို့ - သတိထားနေဖို့ပါ ....
ကျွန်ုပ် သိနားလည်ခဲ့ပြီး ပါပြီ။
နားလည်ဖို့ ထပ်မံ လိုအပ်နေသည်မှာ ....
စိတ်နာကျင်မှု-စိတ်ခံစားမှု-ဝေဒနာတို့ကိုလည်းကောင်း
ခံစားနေရသောငါ (သို့) မခံစားရသောငါ အဖြစ် ကိုလည်းကောင်း
-တကယ့်အရှိပဲ ဆိုပြီး (တကယ့်အဟုတ်ဆိုပြီး) အထင်မှားနေမှု၊
-အတည်ယူနေမှု၊
-အဟုတ်ထင်ငြိတွယ်နေမှု
အမြဲမပြတ် သတိထား-သတိရနေဖို့ ပါ ....
ဒီ-ရုပ်တွေ၊ စိတ်တွေ၊ ဝေဒနာတွေ၊ တစ်ခုခုတွေ ကို အချိန်တစ်ခုကြာ တကယ် ရှိနေ၊ တကယ်ဖြစ်နေတာ ဟူ၍ အထင်မှားအောင် ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ၊သင်္ခါရ)ပဲ တကယ့်တရားခံအစစ် ဖြစ်တယ်ဆိုတာ နှလုံးသားထဲက ခြွင်းချက်မရှိ နားလည်ထောက်ခံ .သွားနိုင်ဖို့ပါ........