* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, January 9, 2011

Quotes (Mark Twain) - ဆိုစကားများ (မာ့ခ်တွိန်း)


A person who won't read has no advantage over one who can't read.
စာမဖတ်တဲ့သူဟာ စာမတတ်သူထက် ပိုပြီး ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။

Better a broken promise than none at all.
လုံးဝ ကတိမပေးတာထက် ကတိမတည်တာက ပိုကောင်းပါတယ်။

Be careful about reading health books. You may die of a misprint.
ကျန်းမာရေးအကြောင်း ရေးတဲ့စာအုပ်တွေဖတ်ရင် သတိထားပါ။ ပုံနှိပ်အမှားကြောင့် အသက်သေရနိုင်ပါတယ်။

Giving up smoking is the easiest thing in the world. I know because I've done it thousands of times.
ဆေးလိပ်ဖြတ်ရတာဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံး အလုပ်ပဲ။ ကျုပ်ကိုယ်တိုင် အကြိမ်ပေါင်း ထောင်ချီပြီး ဆေးလိပ်ဖြတ်ဖူးလို့ ဒါကို သိတာ။

I have never taken any exercise except sleeping and resting.
အိပ်စက်ခြင်း နဲ့ အနားယူခြင်းကလွဲလို့ တစ်ခြားဘာလေ့ကျင့်ခန်းမှ ကျုပ်မလုပ်ဘူး။

Golf is a good walk spoiled.
ဂေါက်သီးရိုက်ခြင်းဟာ ဖျက်ဆီးခံလိုက်ရတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကောင်း ဖြစ်ပါတယ်။

When you fish for love, bait with your heart, not your brain.
အချစ်(ငါး)ကို မျှားမယ်ဆိုရင် နှလုံးသားကို အစာတပ်ပါ။ ဦးနှောက်ကို မတပ်ပါနဲ့။

Always do right. This will gratify some people and astonish the rest.
မှန်တာကို အမြဲလုပ်ပါ။ လူတစ်ချို့ကို အကြိုက်တွေ့စေပါလိမ့်မယ်။ ကျန်တဲ့သူတွေကို အံ့အားသင့် စေပါလိမ့်မယ်။

The best way to cheer yourself up is to try to cheer somebody else up.
ကိုယ်တိုင်ပျော်ရွှင်ဖို့ အကောင်းဆုံးနည်းလမ်းဟာ သူတစ်ပါးကို ပျော်ရွှင်စေခြင်း ဖြစ်ပါတယ်။

All you need is ignorance and confidence and the success is sure.
မိုက်မဲမှု နဲ့ ယုံကြည်ချက်ပဲ လိုပါတယ်။ ဒါဆို အောင်မြင်မှုရဖို့ သေချာပါတယ်။



Ref (8 November 2010):
http://www.lib.berkeley.edu/give/bene62/MarkTwain.jpg

Read more...

အာဒိဗြဟ္မစရိယသီလဆိုတာ ဘယ်သီလမျိုးလဲ ဘယ်တရား၏ အစအဦး အာဒိလဲ

ဒကာ။ ။ သီလတွေထဲမှာ အာဒိ ဗြဟ္မစရိယသီလဆိုတာ အရေးကြီးတယ်၊ သူဟာ မဂ်ဖိုလ်တို့ရဲ့ ရပိုင်မှု အစ အဦး အာဒိပဲ၊ တရားအားထုတ်တဲ့ယောဂီဟာ ဒီအာဒိဗြဟ္မစရိယ သီလကို စောင့်ထိန်းရမည်ဟု ဟောပြောနေကြတယ်။

တချို့ကလည်း ဒီသီလဟာ ဘုရားဟော မဟုတ်ဘူး၊ ရိပ်သာဆရာတွေက အသစ်အဆန်း တီထွင်ထားကြတာ၊ လူသားတို့အတွက် ငါးပါး,ရှစ်ပါး,ဆယ်ပါး သီလ တို့ကိုသာ ဘုရားဟောတော်မူတာဟု ပြောဆိုနေကြပါတယ်၊ ဒါ့ကြောင့်။
(၁) ယင်း အာဒိဗြဟ္မစရိယသီလဟာ ဘယ်သီလမျိုးလဲ။
(၂) ဘုရားဟောတော်မူတာ ဟုတ်ရဲ့လား၊ ဘယ် ပိဋကတ်တော်မှာ ပါသလဲ။
(၃) ဘယ်တရား၏ အစအဦးလဲ၊
တိုတိုနဲ့ပဲ သိပါရစေ ဆရာတော်၊ ပါဠိတွေထုတ်ပြီး အရှည်ကြီးတော့ မလုပ်ပါနဲ့ဘုရား၊ နားလည်မှာလည်း မဟုတ်ပါဘူး။
ဆရာ။ ။ အင်း...ယင်းသီလပြဿနာဟာ မကြာမကြာ ရောက်ရောက်လာတယ်၊ ဒကာကြီးတို့ရဲ့ အမေးလက္ခဏာက သုံးချက်ပါနေတယ်၊ တိုတိုနဲ့ပဲ မှတ်သားလောက်အောင် ဖြေကြားပါ့မယ်လေ၊ ကြိုက်ရင်လည်း မှတ်ယူကြပေါ့။
(၁) ယင်း သီလဟာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါး၊ အာဇီဝ-အသက်မွေးမှုလျှင် အဋ္ဌမ ရှစ်ခုမြောက်သောကြောင့် ယင်းသီလကို "အာဇိဝဋ္ဌမက" သီလမျိုး ခေါ်သည်တဲ့။
(၂) ပိဋကတ်တော်အားဖြင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက ဗုဒ္ဓသာသနာခံယူသူတို့ ယုံကြည်လောက်အောင်.....
တေနာဟ ပုဗ္ဗေ၀ ခေါပနဿ ကာယကမ္မံ ၀စီ ကမ္မံ
အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတီတိ-
ဟု....မြတ်စွာဘုရားသခင်သည် ဤ အာဇီဝဋ္ဌမကသီလကို ဥပရိပဏ္ဏာသ ပါဠိတော်၌ ဟောကြားတော်မူကြောင်းနဲ့ ကိုးကားပြဆိုထားသဖြင့် ဘုရားဟောတယ်လို့ပဲ ဆိုရမယ်။
(၃) သာသနာတော်ခေါ်တဲ့ မြတ်စွာဘုရားသခင်၏ ဆုံးမသြ၀ါဒကို လိုက်နာခံယူကျင့်ကြံအားထုတ်မည့်သူသည် ယုတ်မာကြမ်းတမ်းသော မကောင်းစရိုက် မိုက်မဲဆိုးရွားလှတဲ့ ကာယဒုစရိုက် သုံးပါး၊ ၀စီဒုစရိုက် လေးပါး၊ အပြစ်ရှိသော အသက်မွေးဝမ်းကျောင်းမှု မိစ္ဆာဇီဝ၊ ဤရှစ်ပါးသော ဒုစရိုက်ဆိုးဘ၀မှ လွတ်အောင် ရှောင်ရှား ကျင့်ကြံစောင့်ထိန်းမှုကို ရှေးဦး လက်မွန် စတင်ကျင့်သုံးဆောက်တည်ရမည်ဖြစ်၍ (၀ါ) ဆောက်တည်ရသောသီလမျိုးဖြစ်သောကြောင့် (အာဒိ-အစအဦးဖြစ်သော၊ ဗြဟ္မ စရိယ- မြင့်မြတ်ဖြူစင်သောအကျင့်) အာဒိဗြဟ္မစရိယ- မြင့်မြတ်ဖြူစင်သော အကျင့်လမ်းစဉ်၏ အဦးအစ၊ စတင်၍ ကျင့်စေရမည့် သာသနာတော်ဝင်ရောက်စ သူတို့၏ အကျင့်သီလ တဲ့၊ ကဲ...ဒါအောက် တိုလို့တော့ မရတော့ဘူး။
ဆိုလိုရင်းက သာသနာတော်အတွင်းသွင်းကာစ ဒုစရိုက်ကြမ်းသမားတယောက်ကို အဲဒီ (အာဇီဝဋ္ဌမက) သီလဖြင့် ယဉ်ကျေးအောင် စ,တင်ကျင့်သုံး ဆုံးမ ဆောက်တည်ခိုင်းရမည်၊ သုစရိုက်ပိုင်းရောက်လာတဲ့အခါကျတော့ အရိယာမဂ်ကို ရယူ တက်လှမ်းဖို့ လူတို့အတွက် နိစ္စသီလဖြစ်တဲ့ ငါးပါးသီလနဲ့ အခြားဥပုသ်သီလဖြစ်တဲ့ ရှစ်ပါးတို့, ကိုးပါး, ဆယ်ပါးတို့, ကိုယ်အင်အားအလျောက် မဂ်,ဖိုလ် ရောက်အောင် ပို့ဆောင်သွားဖို့ပဲတဲ့။
လိုရင်းချုပ် မှတ်ယူဖို့ကတော့ သာသနာတော်အတွင်း ကျုံးသွင်းကာစ ဒုစရိုက်တုံးများကို ယင်းသီလဖြင့် စ,တင်ပေး၍ ယဉ်ကျေးစေရမည်တဲ့၊ ဒါ့ကြောင့် အာဒိဗြဟ္မစရိယ သီလ ခေါ်တယ်လို့ မှတ်ရမယ်။
အရိယာမဂ်ကို ရရှိရန် စ,တင် ကျင့်သုံးဆောက်တည်ရသော သီလဖြစ်၍ ယင်း အာဇီဝဋ္ဌမကသီလကို အာဒိဗြဟ္မစရိယသီလ ခေါ်တယ်ဟု အမှတ်မှားတွေ မယူစွဲ မပြောကြားရဘူးနော်၊ ငါးပါး, ရှစ်ပါး, ဆယ်ပါးသီလတို့ကို ပြစ်မှားကဲ့ရဲ့ရာကျသည်ကို သတိရှိကြပါ၊ နှုတ်လွန် အာလွန် မဖြစ်ကြစေနဲ့။
ဒကာ။ ။ ဒီလိုဆိုရင် ယင်းအာဇီဝဋ္ဌမက ခေါ်တဲ့ အာဒိဗြဟ္မစရိယသီလဟာ အရိယာ မဂ် စ,တင်ရယူနိုင်တဲ့ သီလမျိုးမဟုတ်ဘူး၊ သာသနာတော်တွင်း ချဉ်းနင်းဝင်ရောက်စ ဒုစရိုတသမားများ အတွက်သာ စ, တင်ဆက်သွယ်ပေးတဲ့ သီလမျိုးလို့ မှတ်ရမှာလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဟာ...ဒီလိုလည်း ပစ်ပစ်ခတ်ခတ်နဲ့ မှတ်ချက်ချကာ အပြတ်မယူရဘူးလေ၊ ယင်းသီလနဲ့လည်း အရိယာမဂ်ကို တက်လှမ်းရယူနိုင်တာပါပဲ၊ "အာဒိ" ဆိုတဲ့ ပါဠိစကားပုဒ်ကလေးကို ထောက်ထားပြီးတော့ ကောက်ယူမှတ်သားချက် လွဲမှားနေကြတာတွေကြောင့် အမှန်ကိုပြပေးနေတာပါ၊ ယင်းသီလကို ပုဂ္ဂိုလ်အချို့ လွဲမှားပြောကြားစွဲယူနေကြပုံက....
အာဒီဗြဟ္မစရိယ သီလ, ခေါ်တဲ့ အာဇိဝဋ္ဌမကသီလ, ကသာလျှင် အရိယာမဂ်ကို စ,တင် ပေးနိုင် ရယူစေနိုင်တဲ့ သီလဖြစ်သည်၊ ယခုကာလအများ စောင့်သုံးနေကြသော ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့ဟာ အရိယာမဂ် ရယူရေးအတွက် စ,တင် ကျင့်သုံးရသော သီလမျိုး မဟုတ်ဘူး စသည်ဖြင့် အမှားမှားတွေ ပြောကြားစွဲယူ ကျင့်သုံးနေကြတယ်။
အဲဒီ အမှားပြော အမှားစွဲ အမှားယူတွေကို အမှန်သိအောင်လို့ တိုတိုတိတိနဲ့ အာဒိ-အစ ဆိုတဲ့ ပါဠိပုဒ်ကလေးရဲ့ အနက်ယူဆပုံကို အရိယာမဂ်သက်သက် တခုတည်းသော အနက်အဓိပ္ပာယ် တချက်တည်းကိုသာ အယူစွဲ မမှားဖို့ ရှင်းပြပေးတာပါ၊ တခြားငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ တို့ဟာလည်း မဂ်,ဖိုလ် နိဗ္ဗာန်ရဲ့ အာဒိ- အစဖြစ်တဲ့ မူလအခြေခံ တရားတွေပါပဲလို့ အမှန်သိမှတ်ထားကြဖို့ပါပဲ၊ ကဲ....ကျေနပ်လောက်ရောပေါ့။
ဒကာ။ ။ ဒီလို အမှန်အသိရောက်အောင် ရှင်းလင်းသင်ပြပေးတာကို အားရနှစ်သက် ကျေနပ်ကြပါတယ် ဆရာတော်။

Read more...

တစ်ဆင့်စကား တစ်ဆင့်ကြား၍





ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး

(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ

တန်ဖိုးအကြီးဆုံးအရာ(၃)ခု

(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ

ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး

(၁) အိပ်မက်
(၂) စိတ်ကူးရည်ရွယ်ချက်
(၃) ကံကြမ္မာ

အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး

(၁) အလုပ် ကြိုးစားခြင်း
(၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း
(၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း

ပျက်စီးစေသောအရာ(၃)မျိုး

(၁) အရက်သေစာ
(၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း
(၃) ဒေါသကြီးခြင်း

တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး

(၁) ရိုသေလေးစားခြင်း
(၂) ယုံကြည်စိတ်ချမူ
(၃) ခင်မင်ရင်းနှီးမူ

From Mail မှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။


ကိုရင်လေး

၁.၉.၂၀၁၀

Read more...

လူတိုင်းသိထားသင့်တဲ့ ကံအကြောင်း အပိုင်း(၈)

Saturday, 08 January 2011 19:30 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/719-2011-01-09-03-37-07.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/719-2011-01-09-03-37-07.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcxOS0yMDExLTAxLTA5LTAzLTM3LTA3Lmh0bWw%3D] အီးမေးလ်[/LINK]
လူတိုင်းသိထားသင့်တဲ့ ကံအကြောင်း အပိုင်း(၈)

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

(၃) ကာလသမ္ပတ္တိဆိုတာ “ချိန်သင့်ခါညီ” အင်္ဂါရပ်နဲ့ ပြည့်စုံခြင်းကို ဆိုလိုတာပါ။ မြတ်စွာဘုရားရှင် လက်ထက်က ရဟန်းတစ်ပါးဟာ အလွန် သဒ္ဓါတရား ကောင်းတယ်လို့ (ယခုအထိ) ထင်ရှားကျော်စောတဲ့ ဝိသာခါ ကျောင်းအမကြီး အိမ်ကို ဆွမ်းခံကြွ ပါတယ်။ ပထမ အကြိမ်မှာ အလွန် စောလွန်း ချိန်ရောက်သွားတော့ ဆွမ်းကျက်ချိန် မဟုတ်တဲ့အတွက် ဆွမ်းမရခဲ့ဘူး၊ နောက် တစ်ကြိမ် အလွန်နောက်ကျပြီး သွားတဲ့အခါမှာလည်း ဆွမ်းလောင်းပြီးလို့ အိုးခွက်ပန်းကန်တွေ သိမ်းပြီး ချိန်ရောက်နေပြီဖြစ်လို့ ဆွမ်းမရပြန်ပါဘူး၊



ဒါဟာ ဝိသာခါ ကျောင်းအမကြီးက သဒ္ဓါတရားမရှိလို့လည်း မဟုတ်ဘူး၊ ရဟန်းက ကံမကောင်းလို့လည်း မဟုတ်ပါဘူး၊ “ကာလသမ္ပတ္တိ” ချွတ်ယွင်းပြီး ကာလဝိပ္ပတ္တိနဲ့ ကြုံတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာလူမျိုးတို့ ဩကာသကန်တော့ကျိုးမှာ ဆိုလေ့ရှိဘေ့ရှိတဲ့ “ရပ်ပြစ်ရှစ်ပါး” ဆိုတာ ကံကြမ္မာနဲ့တန်ရာ ကောင်းကျိုးကို မရနိုင်တဲ့ ကာလဝိပ္ပတ္တိတွေပဲ ဖြစ်ပါတယ်။ သာသနာပကာလဆိုတာဟာလည်း ကောင်းမှုမျိုးစေ့များ စိုက်ပျိုးဖို့ အခွင့်မသာတဲ့ ကာလဝိပ္ပတ္တိကြီးပါပဲ။ ကာလသမ္ပတ္တိ ကာလဝိပ္ပတ္တိဆိုတာ လူတို့အတွက်သာ မကပါဘူး သတ္တဝါအားလုံးတို့ရဲ့ ကံကောင်းခြင်း ကံဆိုးခြင်းတို့အတွက်လည်း အလွန်အရေးပါတဲ့အချက်ပါ။



ခင်ပုတ်ငှက်တို့အတွက် ညဥ့်အခါဆိုတာ အစာရှာဖွေ စားသောက်နိုင်ရေး အတွက် ကာလ သမ္ပတ္တိဖြစ်တယ်၊ နေ့အခါကတော့ သူတို့အတွက် ကာလဝိပ္ပတ္တိ ကြီးပါ။ ကျေးငှက်စတဲ့ သတ္တဝါတို့အတွက်ကတော့ နေ့အခါက ကာလသမ္ပတ္တိ၊ ညဥ့်အခါက ကာလဝိပ္ပတ္တိဖြစ်သွားပါတယ်။ စိုက်ပျိုးရေး နယ်ပယ်မှာလည်း ဆန်စပါး စိုက်ပျိုးသူတို့အတွက် မိုးအခါက ကာလသမ္ပတ္တိ၊ နွေအခါက(ပုံမှန်အားဖြစ်တော့) ကာလဝိပ္ပတ္တိပါ။ မြေနုကျွန်း ပေါ်မှာလုပ်ကိုင်စားသောက် သူများအတွက်တော့ ဆောင်းအခါက ကာလသမ္ပတ္တိဖြစ်ပြီး မိုးအခါက ကာလဝိပ္ပတ္တိ ဖြစ်နေပါလိမ့်မယ်။ တိုတိုချုပ် ကတော့ မိမိအတတ်ပညာ အသိပညာကို အသုံးချပြီး အကျိုးပစီးပွားရှာဖွေဖို့ သင့်လျော်လျောက်ပတ်တဲ့ အချိန်အခါက ကာလ သမ္ပတ္တိဖြစ်ပြီး မသင့်လျော်တဲ့ အချိန်အခါက ကာလဝိပ္ပတ္တိပါပဲ။ ၊မိုးကုန်မှ ထွန်ချ၊ မိုးစဲမှ ရေခံ” ဆိုသလို သင့်လျော်တဲ့ အချိန်အခါမှာ မကြိုးစားပဲ အချိန်လွန်မှ ကြိုးစားလို့ အကျိုးစီးပွား မဖြစ်တာဟာ ကံမကောင်းအကြောင်း မလှလို့ မဟုတ်ပါဘူး အချိန်ကာလချို့ယွင်းတဲ့ ကာလဝိပ္ပတ္တိကြောင့်သာ ဖြစ်ပါတယ်။



(၄) ပယောဂသမ္ပတ္တိ ဆိုတာနဲ့ ပတ်သက်လို့တော့ မာန်လည်ဆေရာတော်ဆရာတော်ကြီးရဲ့ မဃဒေဝလင်္ကာပိုဒ် ရှင်းပြစဉ်က ပြောခဲ့တဲ့အတိုင်းပါပဲ ကာယပယောဂလို့ ဆိုရမယ့် ဝီရိယ ပယောဂရယ်၊ ဉာဏပယောဂရယ် နှစ်မျိုးစုံမှ ပယောဂသမ္ပတ္တိဖြစ်တာပါ၊



ဒေးဒရဲမှာ နေစဉ်က ကိုယ်တွေ့မျက်မြင်ကြုံရဖူးတဲ့ ဖြစ်ရပ်တစ်ခုရှိပါတယ်၊ ပင်လယ်ဆုတ်သွားပြီး တင်ကျန်ရစ်တဲ့ နူံးညွန်ထဲကျသွားသူ တစ်ယောက်ဟာ ခါးလောက်အထိ နစ်သွားရာက လွတ်အောင်ဆိုပြီး အတင်းကန်ရုန်းလိုက်တာ ရင်စို့လောက်အထိ နစ်သွားလို့ ငြိမ်ငြိမ်နေခိုင်း ပြီး နားလည်သိမှီသူတစ်ဦးကို ခေါ်ယူအကူ အညီတောင်းကြည့်တော့မှ “အပေါ်ကို မရုန်းနဲ့၊ နောက်ကိုအသာ ပက်လက်လှန်ချပြီး ကျောပြင်နဲ့ ပွတ်ရုန်း”ဆိုလို့ သူပြောတဲ့အတိုင်း ရုန်းလိုက်တော့မှ ကမ်းစပ်အထိရောက်လာပြီး အသက်ချမ်းသာရာ ရခဲ့ဖူးပါတယ်။



ပယောဂသမ္ပတ္တိ ဆိုတာ ဒီသဘောကို ပြောတာပါပဲ။

(၅) ဉာဏသမ္ပတ္တိဆိုတာလဲ ဉာဏပယောဂမှာ ပြောခဲ့တဲ့အတိုင်း အရာရာကို နှိုင်းယှဉ်ဝေဖန်၊ စီမံတတ်တဲ့ အသိဉာဏ်ပြည့်စုံ

မှုကို ဆိုလိုတာပါပဲ။ မြန်မာစကားမှာ “ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်”လို့ ဆိုရိုးစကားရှိသော်လည်း ဥစ္စာ၊ ဘောဂ၊ ဇီဝိတအားလုံးကို ကံ ဉာဏ်လုံ့လတို့ ပူးပေါင်းစောင့်ပေးမှ ကောင်းကျိုး တာရှည်ခိုင်မြဲပါတယ်။ ကုဋေ ရှစ်ဆယ်သူဋ္ဌေးသားဟာ ကံကောင်းလို့ ဇနီးခင်ပွန်းစုံတဲ့ အခါမှာ ကုဋေ ၁၆၀ြွကယ်ဝပေမယ့် Óဏ်နဲ့ မစောင့်တတ်၊ မစီမံတတ်တဲ့အတွက် ခွက်လက်စွဲတောင်းစားရပြီး မြောင်းကြားမှာ ဘဝဆုံးသွားရတာဖြစ်တယ်ဆိုတာကို သတိပြုမိကြဖို့ပါ။



ဇာတကပါဠိတော်မှာတော့ -

အလုပ်ကို ဉာဏ်နဲ့ မစီမံ မပြုလုပ်တတ်သူ၊ ကောင်းဆိုးယုတ်မြတ်ကို သိတတ်တဲ့ ဉာဏ်ပညာမရှိဘဲ ပညာမဲ့သူတို့နဲ့သာ

အခါခပ်သိမ်း တိုင်ပင်လုပ်ကိုင်လေ့ရှိသူ လူမိုက်ကို စည်းစိမ်ချမ်းသာတို့က စွန့်ခွာသွားမြဲဖြစ်တယ်၊ ဥပမာပြောရရင်တော့ြွေမသတ္တဝါဟာ ဆွေးမြေ့ဟောင်းမြင်းတဲ့ အရေဟောင်းကို စွန့်ခွာသွားသလိုပါပဲ}}တဲ့။ (ဇာတက၊ပ၊၃၂၂။ ဋ္ဌ၊ပ၊၁၀၄)



နီတိကျမ်းဆရာတို့ကတော့ -

ဉာဏ်ပညာဗဟုသုတရှိတဲ့ လူကောင်းသူကောင်းတို့မှာရှိတဲ့ ရွှေငွေဘဏ္ဍာ စည်းစိမ်ဥစ္စာဆိုတာ မပြောပလောက်တဲ့ အနည်းငယ် လေးပင်ဖြစ်စေ တွင်းရေလို ချိုမြိန်ကောင်းမြတ်တယ်။ အားထားမှီခိုရာလည်းဖြစ်တယ်။ ဉာဏ်ပညာ ဗဟုသုတမရှိသူတို့ရဲ့ ရွှေငွေ ဘဏ္ဍာ စည်းစိမ်ဥစ္စာတွေကတော့ ဘယ်လောက်ပဲ များနေ များနေနေ၊ ပင်လယ်ဆားငံရေလိုပဲ၊ မှီခိုအားထားရာ မဖြစ်ဘူး လို့ဆိုပါတယ်။

(စံကျောင်းဆရာတော်၊ ကံ ဉာ ဏ်çဝီရိယ အကျယ်လက်စွဲကျမ်း)



ဉာဏသမ္ပတ္တိချွတ်ယွင်းပြီး ဉာဏဝိပ္ပတ္တိဖြစ်ကြသူတို့ ရွှေငွေဘဏ္ဍာစည်းစိမ်ဥစ္စာတွေ များစွာပိုင်ဆိုင်ထားခြင်းနှင့် ပတ်သက်လို့ မိမိသူတစ်ပါး နှစ်ဦးသားလုံး ကောင်းကျိုးမဲ့တတ်ပုံ၊ ဆင်းရဲဒုက္ခရောက်တတ်ကြပုံတို့နဲ့ ပတ်သက်လို့လည်း အထက်ပါကျမ်းမှာပဲ စံကျောင်း ဆရာတော်ဘုရားကြီး သုံးသပ်ပြထားတာကတော့ -

“ဥစ္စာသာရှိ၍၊ အသိအလိမ္မာ ဉာဏ်ပညာဗဟုသုတ မရှိသော သူတို့သည်၊ (၁) ကျော်စောထင်ရှားခြင်း၊ (၂) သူတကာတို့ ချစ်နှစ်သက်ခြင်း၊ (၃) ပရိသတ်လေးပါးတို့ အလယ်၌ မကြောက်မရွံ့ရဲဝံ့စွာနေနိုင်ခြင်း၊ (၄) သူတော်ကောင်းများ မိမိထံသို့လာရောက်ခြင်း စသော ယခုပစ္စုပ္ပန်အကျိုး၊ (၅) တမလွန်ဘဝ၌ လူ့စည်းစိမ်၊ နတ်စည်းစိမ်နှင့်တကွ၊ နိဗ္ဗာန်ချမ်းသာကို ရနိုင်ခြင်း ဟုဆိုအပ်သော ငါးပါးသော အကျိုးတို့ကို ရစေခြင်းငှာစွမ်းနိုင်သော အလှူဒါနကို ပြုလုပ်ခြင်း၊ ဖုန်းတောင်းယာစကာတို့အား ထိုက်သည့်အားလျော်စွာ စွန့်ကြဲခြင်း၊ ဆွေမျိုးတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊ မိဘတို့အား လုပ်ကျွေးမွေးမြူခြင်း၊ သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊ ပူဇော်ထိုက်သော သူတို့အား ပူဇော်ခြင်း၊ ရဟန်းသံဃာတို့အား အလှူဒါနပြုခြင်းစသော ကောင်းမှုကို ဆည်းပူးလျက်၊ ဒုက္ခအပေါင်းမှ ထွက်မြောက်စေခြင်းငှာ မပြုလုပ်တတ်ကြမူ၍၊ ]မျောက် မီးစ ရဘိသကဲ့သို့ゞင်း၊ အရူး ဓား ရဘိသကဲ့သို့ゞင်း} အမျိုးသားအချင်းချင်းတို့ အပေါ်၌ ထောင်လွှားခြင်း၊ မာန်မူခြင်း၊ ရိုသေထိုက် ပူဇော်မြတ်နိုးထိုက်သော ရဟန်းသံဃာ၊ ဆရာမိဘ၊ မိကြီး မိထွေး၊ ဦးကြီးဦလေး၊ အကိုကြီး အမကြီးစသော သူတို့အား မထီလေးစားပြုခြင်း၊ မူးယစ်သေစာ သုံးစွဲခြင်း၊ ပွဲလမ်းသဘင်၊ အပျော်အရွှင် လိုက်စားကျူးခြင်း၊

သူတစ်ပါး သားမယားတို့ကို ကျူးလွန်စော်ကားခြင်းစသဖြင့် (ဒု၊ သ၊ န၊ သော)ဟု ဆိုအပ်သော သူဋ္ဌေးသားလေးယောက်တို့အလား၊ ဤဘဝ၊ နောင်ဘဝ၊ နှစ်ဘဝလုံး အကျိုးစီးပွားပျက်ပြား ဆုတ်ယုတ်ဖို့ရာ အကြောင်း၊ မကောင်းမှုတို့သာ ဆည်းပူးတတ်ကြကုန်၏” တဲ့။



(စံကျောင်း ဆရာတော်၊ ကံ၊ ဉာဏ်၊ ဝီရိယအကျယ် လက်စွဲကျမ်း ၇၇-၇၈) ပြဆိုခဲ့ပြီးတဲ့ အထောက်အထား သာဓကများအရ ) “ ဉာဏ်မပါလျင် ကံအရာ မရောက်နိုင်ကြောင်း” ကို အလေးအနက်သဘောပေါက်ရမှာ ဖြစ်ပါတယ်။



ကမ္မပစ္စည်းနဲ့ ပတ်သက်လို့ အခုပြောခဲ့တဲ့ စကားရပ်များကို အကျဉ်းချုပ်သဘောပေါက်ရမှာကတော့ -

(က) ကောင်းတဲ့ “ကံ” ဆိုတာ နေရာကောင်းခြင်း၊ အသွင်အပြင် အဆောက်အဦ ကိရိယာတန်ဆာပလာကောင်းခြင်း၊ အခါကောင်းခြင်း၊ လုံ့လ ဝီရိယကောင်းခြင်း၊ ဉာဏ်အစီအမံကောင်းခြင်းဆိုတဲ့ ကောင်းခြင်းငါးပါး သမ္ပတ္တိတရားတို့ရဲ့ အထောက်အကူ ရမှသာ ကောင်းကျိုးပေးနိုင် တယ်။ ကောင်းခြင်းငါးဖြာဖော်သဟာ ကင်းမဲ့ရင် ကောင်းကျိုးပေးဖို့ မစွမ်းနိုင်ဘူး။

(ခ) မကောင်းတဲ့ “ကံ”များဟာလည်း နေရာမကောင်းခြင်းစတဲ့ မကောင်းခြင်းငါးပါး ဝိပ္ပတ္တိတရားတို့ရဲ့ အကူအညီကို ရမှသာ

မကောင်းကျိုးကိုပေးကြတယ်။ နေရာကောင်းခြင်းစတဲ့ ကောင်းခြင်းငါးပါး သမ္ပတ္တိတရားများကို အမှီသဟဲရနေသမျှ မကောင်းကျိုးများ

မပေးနိုင်ကြပါဘူး ဆိုတာပဲဖြစ်ပါတယ်။

မှန်ပါတယ်။ ကံတွေမှာ -

(၁) ကိုယ်တိုင်ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတွေကို ဖြစ်စေနိုင်တဲ့ “ဇနက ကံ” ။

(၂) ဇနကကံတို့ အကျိုးပေးခွင့်သာအောင်၊ အကျိုးပေးထက်သန်အောင် ထောက်ပံ့ကူညီပေးတတ်တဲ့ “ဥပတ္ထမ္ဘက ကံ” ။

(၃) ဆန့်ကျင်ဘက် ကံတို့ အကျိုးပေးခွင့်မရအောင်၊ ရပြန်ရင်လည်း အကျိုးပေး မထက်သန်အောင် နှောက်ယှက်ဟန့်တား

နှိပ်စက်တတ်တဲ့ “ဥပပီဠက ကံ” ။

(၄) ဆန့်ကျင်ဘက်ကံတို့ရဲ့ အကျိုးပေးခွင့်ကို နှောက်ယှက်ဟန့်တားရုံမျှမက အကျိုးပေးခွင့်ကို လုံးဝဆိတ်သုဉ်း သွားအောင် ပယ်သတ်တတ်တဲ့ “ဥပဃာတက ကံ” ဆိုပြီး လုပ်ငန်းဆောင်ရွက်ပုံ ကိစ္စအစွမ်းအားဖြင့် လေးပါးပြား ပါသေးတယ်။

ကောင်းခြင်းငါးပါး သမ္ပတ္တိတရားတွေနဲ့ တွေ့ကြုံတဲ့အခါ ပစ္စုပ္ပန်မှာပြုလုပ်တဲ့ ကုသိုလ်ကံတွေထဲက ဥပတ္ထမ္ဘကကံတွေက အတိတ် ကုသိုလ်ကံတွေရဲ့ ဇနကသတ္တိကို အားဖြည့်ကူညီပေးတဲ့အတွက် ကံကောင်းထောက်မချိန်ရောက်ပါတယ်။

အဲဒီလို သမ္ပတ္တိအခွင့် ကောင်းမျိုးကြုံရခိုက်မှာ ကုသိုလ် ဥပပီဠကကံတွေကလည်း အတိတ်အကုသိုလ်ဇနကကံတွေရဲ့ ဆိုးကျိုးပေးခွင့်ကို ဟန့်တားပေးထားပြီး ပစ္စုပ္ပန်မှာပြုတဲ့ ကုသိုလ်ကံတွေထဲက ဒိဋ္ဌဓမ္မဝေဒနိယကံတွေရဲ့ ဇနကသတ္တိ၊ ဥပတ္ထမ္ဘက သတ္တိတွေသာ အကျိုးပေးခွင့် ရကြလို့ ချမ်းသာသုခနဲ့သာ ကြုံနေတတ်ကြပါတယ်။ အကုသိုလ်ကံတွေဟာ လုံးဝဆိတ်သုဉ်း သွားတာတော့ မဟုတ်ပါဘူး၊ ပစ္စုပ္ပန် ကုသိုလ်ကံနဲ့ သမ္ပတ္တိတရားတို့ အရှိန်အဝါကြောင့် ငြိမ်ဝပ်နေတဲ့ သဘောပါ။



ဝိပ္ပတ္တိငါးမျိုးဖြစ်တဲ့ အဆိုးငါးပါးနဲ့ ကြုံရချိန်မှာတော့ ပစ္စုပ္ပန်အကုသိုလ်တွေရဲ့ ဥပတ္ထမ္ဘကသတ္တိက အတိတ် အကုသိုလ်ကံ တို့ရဲ့ ဇနကသတ္တိကို ထောက်ပံ့အားပြုပေးတဲ့အတွက် အကုသိုလ်ကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခတွေကို လှလှကြီးခံစားရတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ အတိတ်ကကုသိုလ်ကံမျိုးစေ့ပါသူများဟာလည်း ပစ္စုပ္ပန်မှာ ကြုံရဆုံရတဲ့ပတ်ဝန်းကျင် ဥပနိဿယများ ကြောင့် အကုသိုလ် ကံတွေကို ကျူးလွန်လာကြတယ်။ အဲဒီပစ္စုပ္ပန်အကုသိုလ်ကံတွေရဲ့ ဥပပီဠကသတ္တိကပဲ အတိတ်ကုသိုလ်ကံ တို့ရဲ့ ဇနကသတ္တိကိုလည်း နှောက်ယှက် ဟန့်တားထားနိုင်တဲ့အတွက် ကုသိုလ်ကံတွေက ငုပ်လျှိုးနေရပြီး ပစ္စုပ္ပန်အကုသိုလ်ကံတွေ ထဲက ဒိဋ္ဌဓမ္မဝေဒနိယ ကံရဲ့ အကျိုးအဖြစ်နဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားကြရတာပါ။

ကောင်းခြင်းငါးပါး၊ ဆိုးခြင်းငါးပါးတို့ဆိုတာတွေကလည်း ပဋိသန္ဓေကျိုးက ပစ်ချလိုက်တဲ့အတိုင်း ပုံသေကြီး ဖြစ်နေကြရတာ မဟုတ်ဘဲ၊ ပဝတ္တိကာလမှာ လူစွမ်းလူစဆိုတဲ့ အတ္တသမ္မာပဏိဓိမင်္ဂလာအားလျှော်စွာ ပြုလုပ်ဖန်တီးနိုင်တဲ့ တရားများ ဖြစ်ကြတာကြောင့် မိမိတို့ရဲ့ ကိုယ်စိတ်နှစ်ပါးလုံးကို ဉာဏ် ဝီရိယ ပယောဂတို့နဲ့ ပေါင်းစုံပုံဖော်ပြီး ပြည့်စုံတဲ့ အတ္တသမ္မာပဏိဓိမင်္ဂလာ ရှိသူများဖြစ်အောင် အထူးကြိုးစား အားထုတ်ခြင်းဖြင့် နေရာမရွေး၊ ကာလမရွေး ကံကောင်းထောက်မ အောင် ဖန်တီးနိုင်ကြပါတယ်။



“ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း”ဆိုတဲ့ မဃဒေဝလင်္ကာစကားကို ဘဝတန်ဆောင်၊ မီးရှူးရောင်ပမာ၊ အမြဲမပြတ်လက်ကိုင်ထား ကြိုးစားကြဖို့ပါပဲ။

ဒီလောက်ဆိုရင် ကမ္မပစ္စည်းနဲ့ပတ်သက်လို့ အတော်လေးပြည့်စုံလောက်ပါပြီ။

ကံကောင်းထောက်မကြပါစေ

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Read more...

တရုတ်နှစ်ကူး


ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား...
ကျွန်တော်များကပုန်းဘုန်းတော်ကြီးကျောင်းတွင်
တရုတ်နှစ်သစ်ကူးအချိန်အခါသမယ၀ယ်
နှစ်စဉ်ကျင်းပမြဲဖြစ်သော
စုပေါင်းဒုလ္လဘရဟန်းခံပွဲကြီး
ကို
တဖက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ
ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာကြည်လင်ဗုဒ္ဓဘာသာဝင်သူတော်စင်များ
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်အတွက်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
မြန်မာပြည်၊ မဟာစည်ကမ္မဋ္ဌာန်းရိပ်သာမှ
ဆရာတော် ဘဒ္ဒန္တစန္ဒိမာ
ကြွရောက်၍ တရားပြပါမည်။
အစီအစဉ်

၂၊ ၂၊ ၂၀၁၁ ဗုဒ္ဓဟူးနေ့
ညနေ (၅) နာရီ ဆံချ
ညနေ (၇) နာရီ ရှင်သာမဏေ၀တ်

၃၊ ၂၊ ၂၀၁၁ ကြာသပတေးနေ့

နံက် (၇း၀၀) နာရီ အရုဏ်ဆွမ်းဆက်ကပ်
(၉း၀၀) နာရီ သိမ်ဝင်
(၁၀း၃၀) နာရီ သိမ်ဆင်း (၃၅ ပါးခန့်)
(၁၀း၃၀) နာရီ ပရိသတ်ဧည့်ခံ
(၁၁း၃၀) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ (၁း၀၀) နာရီ တရားဟော၊တရားစခန်းပွဲစ

နေရာ
ကပုန်းကျောင်း
19, Jalan 38, Desa Jaya,
Kepong 52100
HP - 017 24 22 336

Sri Ehsan မှ ကိုဝင်ရွှေနှင့်သူငယ်ချင်းတို့က
သံဃာတော်များနှင့် ကြွရောက်လာသောဧည့်ပရိသတ်တို့အား
ဆွမ်းထမင်းဖြင့် လှူဒါန်းဧည့်ခံကျွေးမွေးပါမည်။

Read more...

ရင်ကျပ်အမော သက်သာပျောက်ကင်းဆေး

ဆေးနည်းမှာ---
ဝါးစေ့ နှင့် ပရန္န၀ါ ပဉ္စငါးပါးကို အမှုန့်ပြုကာ လျက်ဆားကဲ့သို့ လျက်ပေးရန် ဖြစ်ပါသည်။

ဝါးစေ့ဆိုသည်မှာ ၀ါးများ သုဉ်းခါနီးတွင် အသီးများ သီးကြပါသည်။ ၀ါးသီးများ သီးပြီး ထိုဝါးများ သေကုန်ကြပါသည်။ ထိုဝါးသီးများထဲမှ အဆန်ကို ဆိုလိုပါသည်။

စာရေးသူ ဆေးမည်များစု၍ ဖော်စားပါသည်။ ဆေးမှာ တခြား ဆိုးကျိုးမရှိပါ။ စာရှုသူများလည်း ငွေကုန်ကြေကျမရှိ လူမပန်းသော ဆေးနည်းကို သိရှိ အသုံးပြုနိုင်ရန် ဖော်ပြပါသည်။

ဆေးနည်းပြောပြသော တောင်တွင်းကြီးမြို့နယ် ပတ်လည်ကြီးရွာမှ ဦးကျော်ဟိန်းအား ကျေးဇူးတင်ပါကြောင်းခင်ဗျား။
အားလုံး ကျန်းမာချမ်းသာကြပါစေ။

(ပစ်တိုင်းထောင်-ချောင်းနတ်)

Read more...

Report: Nudge

by Cittasamvaro

Book Review:

Nudgeclick for an external review

Improving Decisions About Health, Wealth, and Happiness

by Richard H. Thaler and Cass R. Sunstein

This is not a self help book, and it is not about Buddhism.It was the ‘best book of the year’ for both the Economist and the Financial Times. And it is all about Choice.

When you enter a shop, there are certain areas of the display where you are more likely to purchase from. Generally it is somewhere near the middle, where the eyes will naturally fall. The shop manager can put whatever products they wish here, knowing you are more likely to buy those things.

Take a canteen – should the fruit and yoghurt be displayed in the prime spot? Or something unhealthy that people like, such as crisps (potato chips if you are American) – so the customer easily picks what they really want. Or do you display whatever items will make you the most immediate profit?

Note that all the foodstuffs are available in each case, but the display simply tips you in one direction or another. Most people think they know what they want and will choose it, but all the research shows this is not true. Most people in fact are easily directed by subtle clues. This will have happened to you, and you will have been nudged.

The world is a complex place and it does a good job of keeping us busy. Most of us just do not have the time to think deeply about every choice we make. In Nudge, Thaler and Sunstein explain that people look for rules of thumb for decision making; these strategies often work so well for the small decisions in life, such as buying a television from a trusted brand name, that we are tempted to use similar shortcuts for more consequential choices as well, such as selecting a retirement plan because it is the one we have heard of before. If everyone had ready access to complete information, unlimited cognitive abilities, and complete self-control, we would likely deliberate much more about these choices, and demonstrate unerring wisdom. Since that is not the case, we need some help to make the best choices. Nudge suggests that, by following simple principles, choice architects can provide it.

So for any organisation, the way they structure choice is very important. Take for instance the opt-in and opt-out organ donation systems. For some countries you have to fill out a form and carry a special card to opt-in to organ donation. In other countries you have to register in order to opt-out. The latter countries have 10x more organ donations since most people are fairly happy with the idea, and do not opt-out. The opt-in countries have relatively few organ donors. Again note that in both instances you are not having a decision forced on you, but you are nudged in one direction or another.

“Past research suggests that most of the time, people will select the default option, either because they think that somebody made it the default because they thought it was good for them, or because they are lazy, or just spaced out and forgot to fill out the form,” explains Thaler. “The problem is that the people who designed the default may not have selected the default because they thought it was good for somebody—they may not have put enough thought into it.”

The authors present multiple instances of both good and bad choice architecture. Government tax schemes, incentives to save money for retirement, even to wear crash helmets on motorcycles. All the examples are real world. And some venture way out of the scope you would expect – the suggestion to privatise marriage for instance. That would take too much space to explain here.

The authors also present excellent research that they have gleaned from the academic world. For example, how much do you value something you have, over something you do not have? Odd question? Well it was researched and the results showed that once you possess something you value it twice as highly as the same or equal thing you do not possess. This means that people do not like to let go, even when it makes sense to do so.

Roughly speaking, losing something makes you twice as miserable as gaining the same thing makes you happy.

All such statements are carefully explained and proven with up-to-date research.

Careful choice architecture can steer people to greener, safer cars. It can lead people to using less gas, saving more for the future, or choosing a school. A little research into how people make choices and a little passive nudging can change the world.

One reaction to all this from a monastic mind, is how much this society values choice. Buddhist monastics have a long set of regulations called the Vinaya. Typically it is believed to comprise 227 rules – but this is only the rules that are recited every 2 weeks in the Patimokkha ceremony. In fact there are thousands of regulations in the Vinaya. Practically every aspect of a monk or nuns behaviour has some kind of rule hovering over it. What and how you eat, how you walk, regulation haircut and uniform.

Might society be better off with less choice?

Choice encourages judging – what is good and what is bad. Like the people who say they like Coke, but not Pepsi. If you are asked to choose, you form vedana – feeling of liking disliking. Then you hunt the things you like, and avoid things you perceive yourself as disliking. It is a subtle trap, and one that takes some renunciation to see through. As monks and nuns we try to cultivate a sense of contentment, rather than a nice set up where we get just what we want. Contentment is much happier than sense pleasure.

Here is a translation of one of the Pali Chants that Monastics learn as a reminder to value contentment :

Wisely reflecting, I use the robe: only to ward off cold, to ward off
heat, to ward off the touch of flies, mosquitoes, wind, burning and
creeping things, only for the sake of modesty.
Wisely reflecting, I use almsfood: not for fun, not for pleasure, not
for fattening, not for beautification, only for the maintenance and
nourishment of this body, for keeping it healthy, for helping with the
Holy Life; thinking thus, “I will allay hunger without overeating, so
that I may continue to live blamelessly and at ease.”
Wisely reflecting, I use the lodging: only to ward off cold, to ward off
heat, to ward off the touch of flies, mosquitoes, wind, burning and
creeping things, only to remove the danger from weather, and for
living in seclusion.

Wisely reflecting, I use supports for the sick and medicinal requisites:
only to ward off painful feelings that have arisen, for the maximum
freedom from disease.

Read more...

နောင်တ မရစေဖို့ သတိထားရန် အချက်များ…

နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး…

(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)

(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)

(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ
ငါပြုခဲ့မိတာမှားလေခြင်း ဟု နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)

(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)

(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)

(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)

(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)

(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)

(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)

(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)

ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။

Read more...

အလောင်းတော်မင်းသား နိမိတ်လေးပါး မြင်တော်မူပုံ... ဗုဒ္ဓ၀င် (နုယဉ်)






Read more...

သီရိလင်္ကာနှင့် မြန်မာဆက်စပ်မှု လေ့လာချက်





အရှင် သီရိလင်္ကာသို့ပညာသင်ရောက်ခဲ့သည်မှာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ၊၊ သီရိလင်္ကာရိုးရာနှင့် ဒေသန္တရအလေ့အထတို့ကိုလည်း ရင်းနှီးကျွမ်းဝင်ခဲ့ပြီ၊၊ ပူစပ်ဆိမ့် သီရိလင်္ကာအစားအစာတို့ကိုလည်း မြိန်မြိန်ယှက်ယှက် စားတတ်ခဲ့ပြီ၊၊ လူမျိုးကိုချစ်တတ်၍ ဘာသာစကားပင်အတော်အတန် ပြောတတ် ခဲ့ပြီ၊၊ ရှေးနှစ်ပေါင်းများစွာကပင် ရင်းနှီးမှုရှိခဲ့သော သီရီလင်္ကာနှင့် မြန်မာတို့၏ ဆက်စပ်ခဲ့ပုံများကို လေ့လာလိုစိတ် ဖြစ်ခဲ့သည်မှာ အတန်ပင်ကြာပြီ၊၊

ယ္ခုလေ့လာလို့ရသမျှ သမိုင်းအစအနလေးများကို ရေးချလိုက်မိသည်၊၊ ပြည့်စုံသည်ကား မဟုက်၊ အစအန သမိုင်းအပွန်းအပဲ့လေးများသာ ဖြစ်နိုင်သည်၊၊ သို့သော် ၀ါသနာအလျှောက်လေ့လာလိုသူများအတွက် ကျေးဇူးပြုမည်မှာ မလွဲပေ၊၊ သမိုင်းဟုဆိုလိုက်ကတည်းက မည်သည့်သမိုင်းမှ မျက်မြင်အဖြစ် အပျက်များကဲ့သို့ တိကျသေခြာမည် မဟုက်သည်မှာ သေခြာသည်၊၊ လေ့လာ၍ရသမျှမှတ်တမ်းများကို စိတ်ဝင် စားဖွယ်ဖြစ် အောင် ရေးရသည်မှာ သမိုင်းအလုပ်ပင်ဖြစ်သည်၊၊

သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းကမူ “မအအောင် သမိုင်းကို သင်သင့်သည်၊ သိသင့်သည်”ဟု ပြောခဲ့ဘူးသည်၊၊ မှန်ပါသည်၊၊ ယ္ခုအခါ သီရိလင်္ကာသို့နှစ်စဉ် မြန်မာသံဃာတော်(၁၀၀)ခန့် ပညာသင် လာရောက်နေရသည့်အတွက် သီရိလင်္ကာသည် မြန်မာသံဃာ့ပညာရေး၏ ကျေးဇူးရှင်ဖြစ်မှန်းမသိ ဖြစ်နေသည်ဟု ထင်ရသည်၊၊ ဤအထင်မှာ ရာနှုံးပြည့်မမှန်၊ အဘယ့်ကြောင့်ဆိုသော် ရှေးယခင်က သီရိလင်္ကာသားတို့ မြန်မာပြည်သို့လာရောက်ပြီး မြန်မာ့ပညာရေးကို နည်းယူခဲ့ကြဘူးသောကြောင့် ဖြစ်သည်၊၊

အရှင် ဤစာတမ်းထဲတွင် သီရိလင်္ကာသားတို့ မြန်မာပြည်သို့လာရောက်ပြီး ပညာသင်ခဲ့ပုံများကို မဖော် ပြတော့ဘဲ မြန်မာသံဃာတော်တို့ သီရိလင်္ကာသို့လာရောက် ပညာသင်ကြားပုံများကို သမိုင်းနောက်ခံ ၍တင်ပြမည် ဖြစ်ပါသည်၊၊ မြန်မာပညာရေး၏အစသည် ပါဠိပညာရေး (ခေါ်) ဘုန်းကြီးကျောင်း ပညာ ရေးမှစခဲ့သည်ကို အလွယ်တကူလေ့လာ၍ သိနိုင်ပါသည်၊၊ ထိုမှတဆင့် တဆင့်တက်ပြီး လက်ရှိခေတ် ပညာရေးစနစ်သို့ကူးမြောက်ခဲ့ရသည်၊၊

ပုဂံခေတ်ဦးတွင် မြန်မာတို့ပါဠိပညာရေးကို နိုင်ငံတော်ပညာရေးအဖြစ် အသုံးပြုလေ့လာလိုက်စားခဲ့ပုံများကို ပုဂံသမိုင်းများတွင်တွေ့နိုင်သည်၊၊ သို့ဆိုလျင် ပုဂံပညာရေးဘယ်ကလာသလဲဆိုသည့် မေးခွန်းကို အဖြေရှာသင့်လှသည်၊၊ ပုဂံခေတ်ကျောက်စာများတွင် ရှေးခေတ်မြန်မာတို့ ပါဠိစာပေကျွမ်းကျင် ပုံတစိတ်တပိုင်းကိုမူ သတ်သေအဖြစ်တွေ့ရနိုင်သည်၊၊ မည်သည့်နိုင်ငံက မည်သည့်နိုင်ငံ၏ ကျေးဇူးရှင် ဖြစ်ဟုသာ အတတ်မပြောနိုင်သည်၊ တနိုင်ငံနှင့် တနိုင်ငံကျေးဇူးမကင်းသည့် နှစ်နိုင်ငံမှာ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်သည်၊၊ ဘာသာရေးအရ၊ ပညာရေးအရနှင်၊့ စီးပွားရေးအရ၊ စစ်ရေးအရပါ များ စွာ ဆက်ဆံခဲ့ဘူးသည့် သီရိလင်္ကာ+မြန်မာ့ဆက်ဆံရေးများစွာထဲမှ သံဃာတော်တို့၏ ဆက်ဆံရေးကို သမိုင်းရှာပုံတော်ဖွင့်က ဤသို့ဤပုံတွေ့မြင်နိုင်သည်၊၊
----------------------------------------------

ကျန်စစ်မင်း၏ သမီးတော်ရွှေအိမ်သည်နှင့် သားမက်တော် စောယွမ်းမင်းသားတို့မှ အလောင်းစည်သူ အမည်ရှိ သားတော်ကိုဖွားမြင်ခဲ့သည်၊၊ အလောင်းစည်သူမင်းမှ သားတော်အကြီး မင်းရှင်စောနှင့် သားတော်အငယ် နရသူတို့ကိုလည်း ရရှိခဲ့သည်၊၊ အလောင်းစည်သူမင်းကြီး နတ်ရွာစံသောအခါ ညီငယ်နရသူမှ အကိုကြီးမင်းရှင်စောကို လုပ်ကြံ၍ ထီးနန်းကိုရယူခဲ့သည်၊၊
နရသူမင်းမှလည်း သားတော်အကြီး နရသိင်္ခနှင့် သားတော်အငယ် နရပတိစည်သူတို့ကို ထီးနန်းဆက် ဖွားမြင်ခဲ့ပြန်သည်၊၊ ခမည်းတော် နတ်ရွာစံသောအခါ အကိုကြီးဖြစ်သူ နရသိင်္ခ ထီးနန်းကိုဆက်ခံခဲ့သည်၊၊ ညီတော်အငယ် နရပတိစည်သူမှာ အိမ်ရှေ့စံဖြစ်သည်၊၊ နရသိင်္ဂဘုရင်တွင် ပညာရှိအမတ်တဦး ရှိသည်၊၊ အနန္တသူရိယ အမတ်ဖြစ်သည်၊၊ အနန္တသူရိယအမတ်၏ “မျက်ဖြေလင်္ကာ”မှာ ယနေ့တိုင် မြန်မာစာပေသမိုင်းတွင် ထင်ရှားသည်လက်ရာတခု ဖြစ်သည်၊၊

ဝါးတောအတွင်းမှရသော”ဝေဠုဝတီ”အမည်ရှိ အမျိုးသမီးတယောက်ကို ညီအကိုလုကြရာမှ အကိုဖြစ်သူရှုံးနိမ့် နတ်ရွာစံရပြီး ညီဖြစ်သည့် နရပတိစည်သူသည် ပုဂံထီးနန်းကိုရရှိခဲ့ပြန်သည်၊၊ မှားယွင်းသည့် နရပတိစည်သူ၏ လုပ်ရပ်တခုမှာ အကိုလက်ထက်က ပညာရှိအမတ်များကို သတ်မိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သမိုင်းဆရာတို့ ဝေဖန်ကြသည်၊၊ အသတ်ခံသွားရရှာသည့် ပညာရှိအမတ်များနှင့် သူရဲ ကောင်းစစ်သည်များအထဲတွင် "အနန္တသူရိယ"ပညာရှိအမတ်ကြီးလည်း ပါသွားခဲ့သည်၊၊ နိုင်ငံတိုင်း၏ သမိုင်းတွင်အသုံးပြုလျှက်ရှိသော “ဖြုတ် ထုတ် သတ်” အစဉ်အလာသည် ယနေ့ခေတ်တွင်မှ မဟုက် ပုဂံခေတ်ကပင်ရှိခဲ့ကြောင်း မအံ့သြစရာ တွေ့ရပြန်သည်၊၊

ထူးဆန်းသည်မှာ နရပတိစည်သူဘုရင်သည် ရန်သူဘက်သားကိုမှ သတ်သည်မဟုက်၊ သစ္စာခံတပည့်ရင်းကိုလည်း သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ဖြစ်သည်၊၊ “မင်းရေးကိုမထောက် မြင်းရေးကိုထောက် သည်”ဟု မြန်မာစာပေသမိုင်းတွင် အဆိုတခုရှိသောဇာတ်လမ်းမှ အသက်စွန့်၍ နန်းတော်ထဲမှ ထွက်ပြေးလာပြီး သတင်းပို့သည့် “ငအောင်စွာ”သည် နရပတိစည်သူ၏ လက်ရုံးတပည့်ကြီး ဖြစ်သည်၊၊ ကံမကောင်းသည်မှာ သတင်းပို့သည့်အတွက် “မျက်နှာမရဘဲ ခြေရာရ”ခဲ့ရှာသည့် “ငအောင်စွာအ မတ်”သည် ဆရာရင်းနရပတိစည်သူ၏ လက်ချက်ဖြင့် တောထဲတွင် အသက်ထွက်ခဲ့ရသည်၊၊ အ လောင်း စည်သူမင်းကြီး နတ်ရွာစံကံတော်ကုန်သောအခါ သားတော်အကြီးဖြစ်သည့် မင်းရှင်စော သည် နန်းတော်တွင်းတွင်ရှိမနေဘဲ အဝေးသို့ရောက်နေသည့်အချိန်ဖြစ်သည်၊၊ ထို့ကြောင့် ညီတော် အငယ် နရသူကထီးနန်းကို သိမ်းပိုက်လိုက်သည်၊၊

မင်းရှင်စောသိသောအခါ ညီတော်ကိုတိုက်ခိုက်၍ နန်းကိုယူမည်ဟု စစ်ကြေငြာသောအခါ ညီတော်မှ နောင်တော်အကြီးအားမယှဉ်ဝံ့၍ စစ်မပြုဘဲ စေ့စပ်ဆွေးနွေး၍ ထီးနန်းရေးရာကို တိုင်ပင်လိုကြောင်း၊ နောင်တော်အား အစဉ်အလာအတိုင်း ထီးနန်းကိုလွှဲအပ်ပါမည့်အကြောင်း ဖခင်လက်ထက်ကပင် ကိုးကွယ်ခဲ့သည့် ဆရာတော်တပါးဖြစ်သည့် “ပံ့သုကူမထေရ်”အား ကြားဝင်ပြီး ဖြန်ဖြေစေခဲ့သည်၊၊

ဤသမိုင်းကိုထောက်၍ ပုဂံခေတ်ကပင် ရဟန်းသံဃာတော်များ နိုင်ငံရေးရာကိစ္စများတွင် ပါဝင်ခဲ့ဘူး ကြောင်းမှတ်သားရသည်၊၊ နောင်တော်အကြီး မင်းရှင်စောသည် ဆရာအရှင်ပြောစကားကို ရိုသေ သည်ကတကြောင်း ညီတော်ကိုလည်း ယုံလိုက်မိသည်ကြောင့် စေ့စပ်ဖြန်ဖြေမှုကိုလက်ခံပြီး စစ်မပြု တော့ဘဲ နန်းတော်ထဲသို့ အေးအေးသာသာပင် ၀င်ခဲ့တော့သည်၊၊

ညီတော် နရသူသည် နောင်တော်အား ထီးနန်းကိုအလွယ်တကူပင် လွှဲအပ်လိုက်သည်၊၊ သို့သော် ညဘက်ရောက်သောအခါ တိတ်တဆိပ်လုပ်ကြံလိုက်သည်၊၊ ထီးနန်းကိုလည်း အသာအယာပင် ယူလိုက်နိုင်သည်၊၊ ပြည်သူပြည်သားတို့က နရသူနှင့် ပံသုကူမထေရ်တို့ပူးပေါင်းပြီး သူတို့လေးစားသ ည့် ဘုရင်အားလုပ်ကြံလိုက်သည်ဟု တီးတိုးပြောဆိုကြလေသည်၊၊

ပံသူကူမထေရ်သည် ထိုလုပ်ကြံမှုသတင်းနှင့် ပြည်သူတို့၏ တီးတိုးစကားများကိုကြားသိသောအခါ လွန်စွာ ရှက်နိုးတော်မူသည်ကတကြောင်း၊ နရသူမင်းယုတ်အားလည်း ဒေါသဖြစ်သည်ကြောင့် ပုဂံပြည်တွင် မနေတော့ဘဲ သီဟိုဠ်ပြည် (ခေါ်) သီရိလင်္ကာနိုင်ငံသို့ ထွက်ခွါခဲ့တော့သည်၊၊ မြန်မာနှင့် သီရိလင်္ကာသံဃာဆက်သွယ်မှုသည် ဤသမိုင်းအထောက်အထားအရ ပံသုကူမထေရ်မှ စတင်ခဲ့ ကြောင်း မှတ်သားရမည် ဖြစ်ပါသည်၊၊ ပံသုကူမထေရ်သည် နရပတိစည်သူမင်းလက်ထက်သို့ရောက် သောအခါမှ ပုဂံပြည်သို့ပြန်လည် ကြွရောက်ခဲ့သည်ဟု မှတ်တမ်းများကဆိုပါသည်၊၊ ဤမှတ်တမ်းအရ သီရိလင်္ကာနိုင်ငံ၊ သီဟိုဠ်ပြည်သို့ မြန်မာပြည် ပုဂံမှအစောဆုံးရောက်ရှိ သာသနာပြုသည်သူမှာ ပံသုကူ မထေရ်ဖြစ်သည်ဟု မှတ်သားရပါသည်၊၊
----------------------------------------

အနော်ရထာမင်းကြီးလက်ထက်တွင် မြန်မာနှင့်သီရိလင်္ကာဆက်သွယ်မှုအတော်ခိုင်မာနေပြီဟု ဆိုပါသည်၊၊ အနော်ရထာမတိုင်မှီကပင် သာသနာရေးအဆက်သွယ်များရှိသည်ဟု တချို့သမိုင်း မှတ်တမ်း များက ဆိုပါသည်၊၊ သီရိလင်္ကာသားတို့က မြန်မာပြည်ကို ထိုအချိန်က “ရာမညဒေသ”ဟုခေါ်သည်ဟု လည်း မှတ်တမ်းတင်ထားသည်၊၊ အမှန်မှာ“ရာမညဒေသ”ဟူသည်မှာ မွန်နိုင်ငံကိုခေါ်သည့် ဝေါဟာရ ဖြစ်သည်၊၊ သို့သော် သီဟိုဠ်သားတို့က မြန်မာတနိုင်ငံလုံးကိုပင် ရာမညဒေသဟု ခေါ်ဆိုကြသည်၊၊
အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ပထမ၀ိဇယဗာဟု(A.D-1055-1110)ထံသို့ သံတမန်အဖွဲ့စေလွှတ်၍ ဗုဒ္ဓစွယ်တော်ကို တောင်းခံဘူးကြောင်းမှတ်တမ်းတွင် လေ့လာရသည်၊၊

ထိုအချိန်က မြန်မာနှင့် သီရိလင်္ကာသည် သာသနာရေးအရသာမကဘဲ နိုင်ငံရေးအရလည်းများစွာ ဆက်သွယ်မှုရှိနေပြီဖြစ်သည်၊၊ သီရိလင်္ကာဘုရင် ၀ိဇယဗာဟုမင်းလက်ထက်တွင် အိန္ဒိယနိုင်ငံ တောင် ပိုင်းမှ ဓမ်မိန်လလူမျိုးများ ကျုးကျော်တိုက်ခိုက်လာမှုကြောင့် စီးပွားရေး၊ စစ်ရေး၊ သာသနာရေးတို့ ဆုပ်ယုတ်ခဲ့ရသည်၊၊ ထိုအခါ သီရိလင်္ကာမင်း၏ တောင်းခံမှုကြောင့် မြန်မာဘုရင် အနော်ရထာသည် အကူညီများစွာပေးခဲ့သည်ဟု သီရိလင်္ကာမှတ်တမ်းများက ဆိုပါသည်၊၊

သီရိလင်္ကာတွင် ဤကဲ့သို့စစ်ဘေး၊ စီးပွားရေးဘေးတို့နှင့်ရင်ဆိုင်နေရသောကြောင့် သာသနာဆုပ်ယုတ်လာပြီး ပညာရေးဘက်တွင် ရဟန်းခံပေးတတ်သည့် သံဃာပင်ရှားပါးသည်အထိ ဖြစ်လာသည်၊၊ သီရိလင်္ကာဘုရင်သည် အနော်ရထာမင်းထံအကူညီတောင်းမှုကြောင့် မြန်မာပြည်မှ သံဃာတော်များ သီရိလင်္ကာသို့ကြွရောက်၍ ရဟန်းခံပေးခြင်းစသည့်သာသနာ့ကံများ ပြုခဲ့ကြရလေသည်၊၊ အနော်ရထာဘုရင်နှင့် ၀ိဇယဗာဟုမင်းတို့သည် အလွန်ရင်းနှီးသော အကြည်တော်မင်းများ ဖြစ်ခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများက ဆိုပါသည်၊၊
------------------------------------------

ဒုတိယမြောက် သီရိလင်္ကာသို့ကြွရောက်သည့်မထေရ်မှာ ငှတ်ပစ်တောင်ဂိုဏ်းချုပ် ဥတ္တရာဇီဝမထေရ် ဖြစ်သည်၊၊ ဥတ္တရာဇီဝမထေရ်သည် သူနှင့်အတူ တပည့်ရဟန်းတော်များနှင့်အတူ ကိုရင်ကြီး ဆပ္ပဒကို လည်း သီရိလင်္ကာသို့ခေါ်ခဲ့သည်၊၊ ဥတ္တရာဇီဝမထေရ်သည် သီရိလင်္ကာတွင် ဒေသခံသီရိလင်္ကာ သံဃာတော်များနှင့်အတူ ဘုရားစုံဖူးခြင်း၊ လေ့လာရေးများသွားခဲ့သည်၊၊

ဥတ္တရာဇီဝမထေရ် သီရိလင်္ကာသို့ဘုရားဖူးနှင့် သာသနာပြုခရီးထွက်ခဲ့သည်မှာ (၁၁၈၀)ခုတွင် ဖြစ်ပါ သည်၊၊ ထိုအချိန်က မြန်မာနိုင်ငံခြားသင်္ဘောဆိပ်မှာ ပုသိမ်မြို့တွင်ရှိခဲ့သည်၊၊ မထေရ်နှင့်အတူ သီရိလင်္ကာသို့အတူလိုက်ပါလာခဲ့သော ဆပ္ပဒသာမဏေသည် ပုသိမ်မြို့အပိုင် ဆပ္ပဒရွာမှ ဖြစ်သည်၊၊ ထိုရွာကိုယ္ခုအခါ “ဂပုတောရွာ”ဟုခေါ်ပါသည်၊၊ သီရိလင်္ကာသို့ရောက်ကြသောအခါ ဥတ္တရာဇီဝမထေရ်သည် သီရိလင်္ကာသံဃာတော်များနှင့် ဆက်ဆံရေးလွန်စွာပြေလည်ခဲ့သည်၊၊ သီရိလင်္ကာသံဃာနှင့် မြန်မာပြည်သံဃာတို့သည် ရေမြေဒေသမတူသော်လည်း မူလရေသောက်မြစ်မှာ အတူတူဖြစ်သည်ဟု သဘောထားကြသောကြောင့် နှစ်နိုင်ငံသံဃာ့ဆက်ဆံရေး ပြေလည်ခြင်းဖြစ်ပါသည်၊၊ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် တတိယသင်္ဂါယနာပြီးသောအခါ အာသောကမင်းကြီး၏ အစီအစဉ်ဖြင့် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုများစေလွှတ်ခဲ့လေသည်၊၊

ထိုအထဲတွင် မြန်မာပြည် သထုံဒေသသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ကြွရောက် သာသနာပြုခဲ့ကြပြီး၊ သီရိလင်္ကာသို့ အရှင်မဟာမဟိန္ဒမထေရ်ကြွရောက် သာသနာပြုခဲ့ကြလေသည်၊၊ ထို့ကြောင့် သီရိလင်္ကာနှင့် မြန်မာတို့တွင်ရှိသော သာသနာတော်မှာ ရေမြေဒေသကွာသော်လည်း မူလ ရေသောက်မြစ်မှာ တတိယသင်္ဂါယနာမှ ဆင်းသက်လာသည်ချည်းဖြစ်ရကား အတူတူဟုပင် ဆိုရမည် ဖြစ်ပါသည်၊၊ ထို့ကြောင့် ရှေးယခင်ကရော ယနေ့တွင်ပါ သီရိလင်္ကာနှင့် မြန်မာနိုင်ငံသာသနာ ရေးဆက်ဆံမှု အဆင်ပြေခဲ့ကြခြင်း ဖြစ်သည်၊၊

အနော်ရထာမင်းလက်ထက် သီရိလင်္ကာနိုင်ငံ၏ သာသနာရေးဆုပ်ယုတ်မှုကို မြန်မာပြည် ဆရာတော်ကြီးများက ကူညီအားပေးခဲ့ဘူးပြီး၊ ဓမ္မစေတီမင်းလက်ထက် မြန်မာပြည်သာသနာရေး ဆုပ်ယုတ်မှုကို သီရိလင်္ကာဆရာတော်ကြီးများက ကူညီအားပေးခဲ့ဘူးကြောင်း မှတ်တမ်းများတွင် လေ့လာနိုင်ပါ သည်၊၊ လက်ရှိသီရိလင်္ကာသံဃာတော်များမှာ တတိယသင်္ဂါယနာအပါဝင် ရှင်မဟာမဟိန္ဒ၏တပည့် စဉ်ဆက်များဖြစ်ကြပြီး၊ မြန်မာနိုင်ငံသံဃာတော်များမှာ တတိယသင်္ဂါယနာဝင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့၏ တပည့်အစဉ်အဆက်များ ဖြစ်ပါသည်၊၊ ထို့ကြောင့် သီရိလင်္ကာနှင့် မြန်မာသာ သနာသည် လက်ခံသည့်ပါဠိစာပေခြင်း၊ ထိမ်းသိမ်းကြသည့် ၀ိနည်းသိက္ခာပုဒ်ခြင်းအားလုံး အတူတူ ပင်ဖြစ်ပါသည်၊၊ ထေရာဝါဒညီအကိုနိုင်ငံများဖြစ်သည်ဟုဆိုက ဆိုနိုင်ပါသည်၊၊

ဥတ္တရာဇီဝမထေရ်သည် သီရိလင်္ကာတွင် ဘုရားဖူးခြင်း ဒေသန္တရလေ့လာခြင်းများပြီးဆုံးသောအခါ ရဟန်းခံရန် အသက်ပြည့်နေပြီဖြစ်သော ဆပ္ပဒသာမဏေကို သီရိလင်္ကာသံဃာတော်များနှင့်အတူ တကွတစ်သိမ်တည်းတွင် ရဟန်းခံခြင်းသံဃာ့ကံကို အတူတကွချစ်ကြည်ရင်းနှီးစွာပြုခဲ့ကြသည်၊၊ ဆပ္ပဒသာမဏေသည် သီရိလင်္ကာတွင်ရဟန်းဖြစ်သော မြန်မာ့ပထမဆုံးရဟန်းအဖြစ် မော်ကွန်းဝင် ဖြစ်သည်၊၊

ဆရာဖြစ်သည့် ဥတ္တရာဇီဝမထေရ်နှင့် အခြားသံဃာတော်များ မြန်မာပြည်သို့ ပြန်ကြွသွားကြသော် လည်း ရဟန်းသစ်ဆပ္ပဒသည် မြန်မာပြည်သို့မပြန်တော့ဘဲ သီရိလင်္ကာတွင်ပညာသင်ရန် ကျန်ရစ်ခဲ့ပါသည်၊၊ ပရက္ကမဗာဟုမင်းလက်ထက်ဖြစ်သော ထိုပေါလန္နရုဝခေတ်တွင် သီရိလင်္ကာနိုင်ငံ၌ ပညာရေး အလွန်တိုးတက်သည်၊၊ အရှင်မဟာဗုဒ္ဓဃောသရေးသားစီရင်ခဲ့သော အဋ္ဌကထာများကို ဖွင့်ဆိုသည့် ဋီကာကျမ်းများကို သံဃာတော်များအုပ်စုဖွဲ့၍ ရေးသားကြသည်အထိ စာပေထွန်းတောက်သည်၊၊ အဋ္ဌကထာများကို ဋီကာဖွင့်ဆိုရန်အတွက် ပညာတတ်သံဃာ (၁၀၀၀)ကို ရွေးချယ်ပြီး ရေးသားစေသည်ဟု ၀ံသမှတ်တမ်းများတွင် လေ့လာရသည်၊၊

(၁၁၆၃)ခု ပရက္ကမဗာဟုမင်းသည် ပုဂံပြည် နရသူ၊ မင်းယဉ်နရသိင်္ခ၊ နရပတိစည်သူတို့နှင့်ခေတ်ပြိုင် ဖြစ်ပါသည်၊၊ တိုင်းပြည်လည်းအေးချမ်းသာယာပြီး၊ စီးပွားရေး စစ်ရေးအလွန်တိုးတက်သောခေတ်ဖြစ် သည်ဟု မှတ်တမ်းတင်ပါသည်၊၊ ဆပ္ပဒမထေရ်သည် ထိုကဲ့သို့ပညာရေးထွန်းတောက်သော ခေတ်တွင် ထိပ်တန်း ပညာရှင်များ၏အထံတွင် ပညာသင်ခွင့်ရသဖြင့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို အလွန် ကျွမ်းကျင်ခဲ့ သည်ဟုလည်း ချီးမွန်းကြပါသည်၊၊ မြန်မာ့အစောဆုံး သီရိလင်္ကာပညာသင် ရဟန်းတော် မှာလည်း ဆပ္ပဒရဟန်းတော်ဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်ပါသည်၊၊ ဆယ်နှစ်ခန့်မျှ ပညာသင်ပြီးသောအခါ ဆပ္ပဒမထေရ်သည် သီရိလင်္ကာသား ရဟန်းလေးပါးနှင့်အတူ မြန်မာပြည်ပုဂံသို့ ပြန်ကြွခဲ့ပါ သည်၊၊

သီရိလင်္ကာတွင် နှစ်များစွာပညာသင်ခဲ့သော ဆပ္ပဒမထေရ်သည် သီရိလင်္ကာ၏ ပညာရေးသြဇာလွှမ်းမိုးမှုကို များစွာခံခဲ့ရကြောင်းလည်း မှတ်သားရပါသည်၊၊ သူသည် မြန်မာပြည်ရောက်သောအခါ မြန်မာ သံဃာတော်များအတူတကွ ကံကြီးကံငယ်များကို အတူတကွ မပြုလိုတော့သည့် စိတ်များဝင်ခဲ့သည်၊၊ ထို့ကြောင့်ပင် သီရိလင်္ကာသား ရဟန်းတော်လေးပါးကို သူနှင့်အတူ မြန်မာပြည်သို့ခေါ်ယူခဲ့ခြင်း ဖြစ်ပါ သည်၊၊ ပုဂံကျောက်စာအချို့တွင် ဆပ္ပဒမထေရ်သည် ပညာမာန်၊ လူမျိုးမာန်ကြီးသူဖြစ်ကြောင်း ဖော်ပြ ထားချက်များရှိသည်ဟု ကျောက်စာပညာရှင်များ၏ လေ့လာချက်ကိုလည်း တွေ့ရပါသည်၊၊

ဆပ္ပဒမထေရ်မြန်မာပြည်သို့ပြန်ရောက်ချိန်တွင် သူ၏ဆရာ ဥတ္တရာဇီဝမထေရ်သည် ပျံလွန်တော်မူပြီးပြီ ဖြစ် သည်၊၊ ဆပ္ပဒမထေရ် သီရိလင်္ကာမရောက်ခင်က ပုဂံတွင်သူ၏ဆရာ ဥတ္တရာဇီဝမထေရ်သည် သံဃာဦးဆောင်ဖြစ်သည်၊၊ ယ္ခုသူပြန်ရောက်လာသောအခါ တခြားဆရာတော်ကြီးတပါးက ဦးဆောင်လုပ်နေသည့် အချိန်ဖြစ် သည်၊၊ ဆပ္ပဒမထေရ်သည် လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သူဖြစ်သည်၊၊ သူ၏ဆရာနှင့် ဆပ္ပဒမထေရ်တို့သည် မွန် လူမျိုးများဖြစ်ပြီး၊ မြန်မာသံဃာတော်များအုပ်ချုပ်နေသည်ကို လက်မခံလိုသည့် သဘောထားများကို ပြသခဲ့ သည်၊၊

သီဟိုဠ်ပြန် ဆပ္ပဒမထေရ်အား ထိုအချိန်ကမင်းဖြစ်နေသည့် နရပတိစည်သူသည် အလွန်ကြည်ညိုသည်၊၊ ဆပ္ပဒမထေရ်သည် မင်း၏အကူညီ အားပေးမှုကိုများစွာရသောကြောင့် သီးခြားဂိုဏ်းကြီးတခု ကိုတည်ထောင်လိုက်လေသည်၊၊ သီဟိုဠ် မဟာဝိဟာရနိကာယ ဂိုဏ်းအစွဲနှင့် မွန်လူမျိုးအစွဲကြီးမှုတို့ သည် ဆပ္ပဒမထေရ်အား ဂိုဏ်းသီးခြားတည်ထောင်ရန် လှုံ့ဆော်ခဲ့သည်ဟု သုတေသီတို့က ဆိုကြ သည်၊၊ ဆပ္ပဒမထေရ်သည် သီဟိုဠ်ဂိုဏ်းကြီးတခုကို ပုဂံ၌တည်ထောင်လိုက်လေသည်၊၊ ထိုဂိုဏ်း အမည်ကို “ပစ္ဆိမဂိုဏ်း”ဟူ၍ ခေါ်သည်၊၊ အရင်ရှိနှင့်သောဂိုဏ်းကို “ပုရိမသံဃာဂိုဏ်း”ဟူ၍ ခေါ်ပါသည်၊၊ မူလသံဃာ့ဂိုဏ်းသည် အရှင်အရဟံမထေရ် သထုံမှဆောင်ယူလာသော ရာမညနိကာယ ဂိုဏ်း ဖြစ်ပြီး၊ ဆပ္ပဒမထေရ် တည်ထောင်သောဂိုဏ်းမှာ သီရိလင်္ကာမှယူဆောင်လာသော မဟာဝိဟာရနိ ကာယ ဂိုဏ်းဖြစ်ပါသည်၊၊

ပုဂံသာသနာတွင် အစဆုံးဂိုဏ်းခွဲထွက်သည်မှာ ဆပ္ပဒမထေရ်မှပင် စခဲ့ပါသည်၊၊ ဆပ္ပဒမထေရ် တည် ထောင်သောဂိုဏ်းသည် မင်း၏အရိပ်ကိုရသဖြင့် လွန်စွာတိုးတက်လာခဲ့ပြီး ပုဂံပြည်တွင်မကဘဲ အောက်မြန်မာပြည်အထိပင် တိုးတက်စည်ပင်ခဲ့သည်ဟု ဆိုပါသည်၊၊ ညောင်ဦးမြို့အ၀င်တွင် ဆပ္ပဒမ ထေရ်အထိမ်းအမှတ် “ဆပ္ပဒစေတီ”ဟု စေတီတဆူတည်ထားသည်ကို ယနေ့တိုင် မူလပကတိအတိုင်း တွေ့မြင်နိုင်ပါသည်၊၊ နှစ်ပေါင်း(၉၀၀)ကျော်က ထိုစေတီသည် ပုဂံခေတ်သာသနာနှင့် သီဟိုဠ်ခေတ် သာသနာတို့ကို တစိတ်တဒေသပြောပြနေသော သမိုင်းမှတ်တမ်းကြီး တခုလည်းဖြစ်ပါသည်၊၊

ကုန်းဘောင်ခေတ်တွင် သီရိလင်္ကာသာသနာရေးမှာ အဆက်ပြတ်လုနီးပါးမျှ ဆုပ်ယုတ်သွားခဲ့ရသည်၊၊ ထိုအခြေနေကို မြန်မာပြည်မှ ကူညီအားဖြည့်ပေးခဲ့မှုကြောင့် ယနေ့တိုင် သီရိလင်္ကာတွင် ဗုဒ္ဓသာသနာနှင့် ရဟန်းတော်များကိုမြင်ခွင့်ရခြင်းဖြစ်ပါသည်၊၊ ယနေ့သီရိလင်္ကာတွင်မြင်တွေ့နေရသော သာသနာမှာ မြန်မာပြည်မှ ရယူထားသောသာသနာဖြစ်ပါသည်၊၊ ထို့ကြောင့် လက်ရှိသီရိလင်္ကာသာသနာ့ဂိုဏ်း နာမည်များမှာလည်း မြန်မာနာမည်များဖြစ်နေခြင်း ဖြစ်ပါသည်၊၊

အသေးစိတ်တင်ပြပါမည်၊ သာသနာတော်နှစ် (၂၃၄၄)ခုနှစ်တွင် သီရိလင်္ကာသာမဏေ(၆)ပါးနှင့် ဒါယကာတဦး မြန်မာနိုင်ငံအမရပူရမြို့သို့လာရောက်ပြီး၊ ဆင်ကြိုးရွှေဂူသိမ်၌ ဉာဏာဘိဝံသ ဓမ္မသေနာပတိမထေရ်ကို ဥပဇ္ဈာယ်ပြုလျှက် ရဟန်းခံကြသည်၊၊ အခြားသီရိလင်္ကာရဟန်းများစွာလည်း မြန်မာပြည် အမရပူရသို့လာပြီး ရဟန်းသစ်ခံယူကြသည်၊၊ ထိုရဟန်းများ သီရိလင်္ကာသို့ပြန်ရောက် သောအခါ “အမရပူရနိကာယဂိုဏ်း”ကိုတည်ထောင်ကြလေသည်၊၊

သာသနာတော်နှစ်(၂၄၀၆)ခုတွင် သီရိလင်္ကာမှ အရှင်ဓမ္မာလင်္ကာရ၊ အရှင်သုမနတိဿအပါအ၀င် ရ ဟန်းတော် (၁၇)ပါးတို့သည် ရာမညတိုင်း ပဲခူးမြို့သို့လာရောက်ပြီး သဒ္ဓမ္မဓရမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ကလျာဏီသိမ်တော်ကြီးတွင် သိက္ခထပ်ကြသည်၊၊ ထိုရဟန်းတော်များ သီဟိုဠ်သို့ပြန်ရောက် သောအခါ “ရာမညနိကာယဂိုဏ်း”ကို တည်ထောင်ကြလေသည်၊၊

ဒုတိယကမ္ဘာစစ်မတိုင်မှီက သီရိလင်္ကာသားရဟန်းများသည် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သို့ရောက်လာပြီး ပညာသင်ယူကြသည်၊၊ ထိုရဟန်းတော်များအထဲမှ အရှင်သီရိသဒ္ဓမ္မမထေရ်သည် သီရိလင်္ကာ ပြန်ရောက်သောအခါ ကိုလမ်ဘိုမြို့ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ကိုတည်ထောင်ပြီး၊ “ရွှေကျင်နိကာ ယဂိုဏ်း”ကိုတည်ထောင်ခဲ့လေသည်၊၊ ထိုဂိုဏ်းကြီး သုံးဂိုဏ်းမှာယနေ့တိုင် သီရိလင်္ကာတွင် ထင်ရှား ရှိနေပါသည်၊၊ မြန်မာပြည်မှ ကူးယူထားသောဂိုဏ်းကြီးများ ဖြစ်ပါသည်၊၊
-------------------------------------------

ထူးခြားသည်မှာ သီရိလင်္ကာနိုင်ငံတွင် မြန်မာဆရာတော်ကြီးများ ကျောင်းတည်ထောင်၍ သီရိလင်္ကာ လူမျိုးတို့အား စာပေသင်ကြားပေးခြင်း ဖြစ်သည်၊၊ ၀ိနယာလင်္ကာရဆရာတော်ကြီးသည် သီရိလင်္ကာတွင် ကျောင်းပေါင်းများစွာတည်ထောင်၍ စာပေများ သင်ကြားပို့ချခဲ့သဖြင့် ယနေ့တိုင်ဆရာတော်ကြီး မွေးထုတ်ခဲ့သည် တပည့်သီရိလင်္ကာလူမျိုးတချို့မှာ သီရိလင်္ကာလက်ရှိပညာရေး၏ ထိပ်တန်းခေါင်း ဆောင်ကြီးများ အဖြစ်မြင်တွေ့ရသည်၊၊

ဆရာတော်ကြီးအားဂုဏ်ပြုသောအားဖြင့် သီရိလင်္ကာနိုင်ငံ၊ မြို့တော်ကိုလမ်ဘို၏ အလယ်တွင် “၀ိနယာ လင်္ကာရလမ်း”ဟု မိန်းလမ်းမကြီးတခုကို နာမည်ပေးထားပါသည်၊၊ ဆရာတော်သည် မကုဋာ ရာမအပါအ၀င် ကျောင်းတိုက်ကြီးငါးခုကို တည်ထောင်၍ သီရိလင်္ကာသားတို့အား ပညာသင်ပေးခြင်း တရားပြခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ ဆရာတော်၏ ပညာသိက္ခာ၊ သီလသိက္ခာ၊ သမာဓိ သိက္ခာတို့ကြောင့် သီရိလင်္ကာသားတို့ လွန်စွာကြည်ညိုလေးစားကြသည်မှာ မိန်းလမ်းမကြီး၏ အမည်ကို ဆရာတော်၏ အမည်တူမှည့်ခေါ်ခြင်းက သက်သေပြုနေပါသည်၊၊

မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ ၀ိဟာရာဓိပတိ ဆရာတော်ကြီးဦးသိဂ္ဂ၀နှင့် ဂေါဆရာတော်ကြီး ဦးဉာဏိန္ဒတို့သည်လည်း သီရိလင်္ကာတွင် နှစ်ပေါင်းများစွာ သီတင်းသုံးပြီး သာသနာပြုခဲ့ပါသည်၊၊ ဆရာတော် ဦးကေလာသသည် စစ်အတွင်းနေသူမရှိသည့် မြန်မာကျောင်းတိုက်ကြီးများကို တပါးတည်းကြံ့ကြံ့ခံ ထိမ်းသိမ်းခဲ့သည့်အတွက် ယနေ့တိုင် မြန်မာစာသင်သားသံဃာတော်တို့ သီရိလင်္ကာတွင် နေစရာအထူး ပင်ပမ်းမှုမရှိဘဲ ပညာသင်ကြားခွင့်ရကြပါသည်၊၊

ထို့နောင်သီရိလင်္ကာစစ်ရေးအတော်အတန်အေးချမ်းလာသောအခါ မြန်မာပြည်မှ ချမ်းမြေ့ဆရာတော်၊ ဒေါက်တာနန္ဒမာလာဘိဝံသ၊ မန္တလေးသာသနာ့တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်ပဏ္ဍိတ၀ရာဘိဝံသ၊ အောက်စဖို့တက္ကသိုလ် ပါမောက္ခဒေါက်တာဓမ္မသာမိ၊ စသည်အားဖြင့် မြန်မာပညာရေး ထူးချွန်သည့် သံဃာတော်အရှင်သူမြတ်များသည် သီရိလင်္ကာတက္ကသိုလ်ကြီးအသီးသီးတွင် တက်ရောက်ပြီး ပညာသင်ယူခဲ့ကြပါသည်၊၊

မှတ်တမ်းများအရ (၂၀၀၀)ခုနှစ်အစောပိုင်းက သီရိလင်္ကာသို့ မြန်မာစာသင်သားသံဃာတော် အနည်းစုမျှ လောက်သာ ပညာသင်လာရောက်ကြသည်ဟု သိရသည်၊၊ (၂၀၀၀)ခုနှစ် နောက်ပိုင်းတွင်မူ နှစ်စဉ်(၁၀၀) ကျော်ခန့် မြန်မာသံဃာတော်တို့ သီရိလင်္ကာသို့လာရောက် ပညာသင်ယူကြသည်ကို တွေ့လာရပါသည်၊၊ သီရိ လင်္ကာသို့ ပညာသင်ရောက်လာသမျှ မြန်မာပြည်ဖွားတိုင်းရင်းအားလုံး သံဃာတော်များသည် မကုဋာရာမ မြန် မာကျောင်းတိုက်ကြီးတွင် သီးတင်းသုံးပြီး အဆင့်မြင့်ပါဠိစာပေများနှင့် ဘာသန္တရစာပေများ၊ ခေတ်သစ် အ တတ်ပညာရပ်များကို အင်္ဂလိပ်Medium ဖြင့်သင်ကြားကြရပါသည်၊၊ (၂၀၁၀)ခုနှစ် ၀ါဆိုသံဃာစာရင်းအရ ယ္ခု နှစ်မကုဋာရာမတွင် တည်းခိုပြီးပညာသင်ကြားကြသည့် သံဃာတော်အရေအတွက် (၂၇၀)ကျော်သည်ဟု သိရသည်၊၊

ခေတ်သစ် မြန်မာသံဃာပညာရေးတွင် သီရိလင်္ကာမကုဋာရာမမြန်မာကျောင်းတိုက်ကြီးသည် အလွန် ပင်ကျေးဇူးကြီးလှပါသည်၊၊ ၀ိနယာလင်္ကာရဆရာတော်ကြီးသည် သီရိလင်္ကာတွင် ကျောင်းတိုက်ငါးခု တည်ထောင်ခဲ့သော်လည်း ယ္ခုအခါ သုံးတိုက်သာကျန်ရှိတော့သည်၊၊ စစ်ဘေးအတွင်းက စောင့်ရှောက်မည့် မြန်မာသံဃာမဲ့သွားသွားသော မြန်မာကျောင်းတိုက်ကြီးများကို သီရိလင်္ကာ သံဃာ့ဂိုဏ်းများက သိမ်းယူလိုက်ကြပါသည်၊၊ လက်ရှိသီရိလင်္ကာနိုင်ငံ မြန်မာကျောင်းတိုက်များမှာ ကန်ဒီမြို့မြန်မာ ကျောင်းတိုက်၊ အနုရာဓပူရမြို့ မြန်မာကျောင်းတိုက်နှင့် ကိုလမ်ဘိုမြို မြန်မာမကုဋာရာမကျောင်း တိုက်ကြီးတို့ ဖြစ်သည်၊၊
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း သီရိလင်္ကာတွင် ပညာသင်ကြားခဲ့ပြီး သာသနာပြုနေကြသည့် မြန်မာ ပညာတတ် သံဃာတော်များနိုင်ငံအနှံ့အပြားတွင် ရှိနေပြီဖြစ်ပါသည်၊၊

သီရိလင်္ကာတွင် ဘုရားရှင်၏အောက်၊ ယာဘက်စွယ်တော်အစစ်နှင့် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည့် အိန္ဒိယမဟာဗောဓိပင်မှ တောင်ဘက်အကိုင်းကို ကူးယူစိုက်ထားသည့် ဗောဓိပင်ကြီးသည် ဘုရားရှင် လက်ထက်မှ ယနေ့တိုင်နှစ်ပေါင်း(၂၅၀၀)ကျော်မပျက်မစီး ရှိနေသေးသည့်အတွက် မြန်မာပြည်မှ ဘုရားဖူးများလာရောက်ကြသည့် ဘုရားဖူးများသည်လည်း မကုဋာရာမမြန်မာကျောင်းတိုက်ကြီးတွင် တည်းခိုခွင့်ရကြလေသည်၊၊ ဤနိုင်ငံလေးတွင် စွယ်တော်နှင့် ခြေတော်ရာ၊ ဗောဓိပင်အပြင် အခြားစိတ် ၀င်စားဖွယ် ရှေးဟောင်းကျောင်းတော်ရာများ၊ စေတီပထိုးများ၊ နန်းတော်ဟောင်းများတည်ရှိရာ ကျောက်တောင်များဖြင့် ပြည့်နှက်နေပါသည်၊၊

မြန်မာပြည်တွင် အဓိကသင်ယူနေကြရသည့် ပါရာဇိကဏ်အဋ္ဌကထာ၊ သီလက္ခန်အဋ္ဌကထာ၊ ဓမ္မသင်္ဂ ဏီအဋ္ဌကထာကြီးများတွင်ပါဝင် သော မဟာဝိဟာရကျောင်းတိုက်ကြီးများ၊ ဇေတ၀နကျောင်းတိုက် ကြီးများ၊ အဘယဂိရိကျောင်းတိုက်ကြီးများမှာ ယနေ့တိုင် UNESCO ရှေးဟောင်းသုတေသန၏ တူးဖော် ရှာဖွေမှုဖြင့် အလုံးစုံနည်းနည်းမျှလေ့လာနိုင်ပြီ ဖြစ်ပါသည်၊၊ နှစ်စဉ်မြန်မာပြည်မှ ဘုရားဖူးများလာ ရောက်ပြီး ဘုရားဖူးကြသည်ကိုလည်း တွေ့ရပါသည်၊၊

အရှင်စုစည်းရှာဖွေပြီး သီရိလင်္ကာနှင့် မြန်မာသာသနာရေးဆက်စပ်ပုံ သမိုင်းကိုတင်ပြခဲ့သည်မှာ အတိုင်းတာတခုထိပြည့်စုံပြီဟု ယူဆပါ သည်၊၊ အမှားအယွင်းများတွေ့ရှိလျင် အကြံပြုဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါသည်၊၊ ၀ါသနာပါ၍ လေ့လာလိုသူများအတွက် အနည်းငယ် အထောက်ကူမျှရသည်ဆိုလျင် အရှင်ရေးသားကျိုးနပ်ပြီဟု ယူဆပါမည်၊၊ သာသနာသမိုင်းသည် ရာဇာသမိုင်းများနှင့် ဆက်စပ်နေသည့် အတွက် ပုဂံမင်းအချို့၏ မှုန်ပြပြသမိုင်းပြကွက်များကိုလည်း ထည့်သွင်းရေးသား ထားပါသည်၊၊
“အလင်း စက်”စာဖတ်သူများ သမိုင်းကိုသိသဖြင့် တော်သူ၊ တတ်သူများ ဖြစ်ကြပါစေ၊၊ ၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၈.၁.၂၀၁၁)


(မှတ်ချက်/ ပုဂံခရီးသည်(ပါရဂူ)၊ ထေရာဝါဒဗုဒ္ဓသာသနာ(အရှင်ဧသိက)၊ သာသနာလင်္ကာရစာတမ်း နှင့် အခြားမှတ်တမ်းများကို စုစည်း၍ ဤစာတမ်းကို တင်ပြပါသည်၊၊)

0 comments

Read more...

သာသနာငါးထောင်

ဆရာတော်ဘုရား

သာသနာငါးထောင်ပဲ တည်မယ်လို့ မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူခဲ့ပါသလား။ သာသနာ ၂၅၀၀ ကျော်လျှင် သိကြားမင်း၏ သာသနာဆိုတာ ဟုတ်ပါသလား။ မြတ်စွာဘုရားက သိကြားမင်းကို သာသနာ ၂၅၀၀ နောက်ပိုင်း စောင့်ရှောက်ပါ့လို့ မှာတော်မူခဲ့ပါသလားဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးပါရန် တောင်းပန်အပ်ပါသည်။

မောင်ကြည်မိုး

လာရှိုး

ဤပြဿနာမှာ ထေရ၀ါဒဗုဒ္ဓသာသနာတွင် ထပ်ခါတလဲလဲ ပေါ်ပေါက်နေကျ ပြဿနာပင်ဖြစ်လေသည်။ ကုန်းဘောင်ခေတ် ၀ိနိစ္ဆယစာပေတို့တွင် မကြာမကြာ ဖြေရှင်းရေးသားကြသည်ကို တွေ့ရပေသည်။ မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်နေ့စွဲဖြင့် ဖြေဆိုထားသော လုံးတော်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက၀ိသဇ္ဇနာကျမ်းတွင်လည် အကျယ်တ၀င့်ဖြေဆိုထားသည်ကို ဖတ်ရ၏။ လုံးတော်ဆရာတော်ဘုရားကြီးက ” သာသနာတော်ငါးထောင်ဟူ၍ ဘုရားဟောပါဠိပိဋကတ်တော်အရ သုတ္တန်ပိဋကတ်တော်ကျမ်းတို့တွင် မလာမရှိရကား သာသနာတော်ငါးထောင်ပါဠိကို ပိဋကတ်တော်မှာ မရှာသင့်။ သဖန်းပွင့်ကို ရှာသကဲ့သို့ တွေ့မြင်ရာသော သဘောပင်မဟုတ်။ ယင်းသို့ဖြစ်လျက် အနက်သဘာဝ ဒေသနာတော်၏ အရအကျကို မထောက်ဆ မဆင်ခြင်၊ မမြော်မြင်မစဉ်းစားနိုင်ကြသဖြင့် ပညာနုလှသော ဗာလသောတုဇန အပ္ပညာဏတ ပုဂ္ဂိုလ်ငယ်များက မစဉ်းစားမဆင်ခြင်သဖြင့် မြင်မြင်ဝါးဝါး ၁၈ ပါးသော ဘေဒကကရကိုမျှ မထောက် မကြောက်မလန့် ၀ံ့ဝံ့စားစား ဘုရားဟောကျမ်းဂန် ဝေးလေပြန်သော် သဘောယုတ္တိ ရှိမရှိ မှန်မမှန် ဥာဏ်နည်းသူဖြစ်၍လည်း မမြင်၊ အမုန်ယစ်သော တောဆင်ကို ချွန်းမတင်ဘဲ လွှတ်သကဲ့သို့ ကယောက်ချောက်ချား မာန်ထောင်လွှားလျက် ငါးထောင်သာသနာ အမိန့်တော်ဒေသနာသည်မှာရှိ၏ ဟု ဆိုမိဆိုရာ ဆိုရှာကြပေသည်” စသည်ဖြင့် အကျယ်ဆုံးဖြတ်တော်မူခဲ့လေသည်။

ထိုမှတစ်ပါး အမရပူရမြို့ မဟာသကျသီဟတိုက်နေ ဦးဝဏ္ဏာစာရ အမည်ရှိသောပုဂ္ဂိုလ်က သာသနာငါးထောင်ရှိကြောင်း၊ နေတ္တိကျမ်း သာသနာဟာရခန်း၌ ဘုရားဟောတော်မူကြောင်း ဖော်ပြဟောကြားခဲ့သည်ဟု ဆိုသောစကားအရလည်း ဆရာတော်ကြီးများက ချေဖျက်ဆုံးဖြတ်တော်မူကြသည်။

ထိုစကားနှင့်စပ်၍ ဂုဏ၀ါဘိလင်္ကာရ သဒ္ဓမ္မဓဇ မဟာဓမ္မ ဓဇရာဇဂုရုဘွဲ့တံဆိပ်တော်ရ ပရိယတ္တိဆေက ပိဋကတ္တယကောဝိဒ နိကာယန္တရ ၀ိနယဓရ လဇ္ဇပေသလ ကုက္ကုစ္စက သိက္ခာကာမ ပုရိသ ဝေပုလ္လ သတိမန္တဗျတ္တိ ပဋိဗလ မင်းတုန်းမင်းဆရာတော်ဖြစ်တော်မူသည့် လုံးတော်ဆရာတော်ဘုရားကြီးက သာသနာငါးထောင်ဟူ၍ ဘုရားဟောပါဠိ ပိဋကတ်တော်မှာ မလာမရှိ၊ ဦးဝဏ္ဏာစာရ ကိုးကား ထောက်ထားသော နေတ္တိကျမ်းလည်း ဘုရားဟောမဟုတ်၊ နေတ္တိကျမ်း၌ အနုဇာနာမိ ဘိက္ခဝေဟူသော ဤပါဠိသည် မရှိသင့်ဟူ၍ အကျဉ်းသင်္ခေပအားဖြင့် မိန့်တော်မူသည်။ ( မှတ်ချက်။ ဆဠသံဂါယနာ မူနေတ္တိကျမ်းတွင်လည်း ထိုပါဠိမပါရှိပေ။)

သာသနာငါးထောင်စကား အစဖြစ်ပေါ်လာပုံမှာ ၀ိနည်း စူဠ၀ါပါဠိတော် ဘိက္ခုနီခန္ဓကတွင် ” သစေ အာနန္ဒ နာလဘိဿ” စသည်ဖြင့် မိထွေးတော်ဂေါတမီ ဘိက္ခုနီအဖြစ် တောင်းပန်ရာတွင် ဝေသာလီပြည်၌ အရှင်အာနန္ဒာက ကူညီတောင်းပန်ရာ၌ မြတ်စွာဘုရားက ဘိက္ခုနီမအဖြစ် ပယ်မြစ်သော စကားတော်အရပင်ဖြစ်ပေသည်။

မိထွေးတော်ဂေါတမီက ”သာဓုဘန္တေ လဗ္ဘေယျ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ” ဟု မြတ်စွာဘုရားသာသနာတော်၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်ခွင့်ပြုတော်မူပါဟု လျှောက်ထားတောင်းပန်လျှင် မြတ်စွာဘုရားသည် ” ဂေါတမီ သင်သည် မာတုဂါမအား ငါ ဘုရား အဆုံးအမတော် တည်းဟူသော ဓမ္မ၀ိနယသာသနာတော်၌ ရဟန်းအဖြစ်ကို မနှစ်သက်လင့်ဟု” ” အလံ ဂေါတမီ၊ မာတေရုစိ မာတုဂါမော မထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ” စသည်ဖြင့် ပယ်တော်မူသည်။ သို့သော် အရှင်အာနန္ဒာက သုံးကြိမ်တိုင်တိုင် ကူညီတောင်းပန်ပြီးနောက် အရှင်အာနန္ဒာသည် မူတစ်မျိုးပြောင်း၍ ” မြတ်စွာဘုရား မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကိုရသဖြင့် သောတပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ထိုက်ပါ၏လော” ဟု မေးလျှောက်လေလျှင် ” အာနန္ဒာ မျက်မှောက်ပြုခြင်းငှာ ထိုက်၏” ဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား ဤသို့ ထိုက်ပါလျှင် မိထွေးတော်ဖြစ်သော မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား အလွန်ကျေးဇူးများပါ၏။ မယ်တော်ကွယ်လွန်သဖြင့် မိထွေးတော်သည်ပင် ကိုယ်တော်ကို နို့ရည်တိုက်ကျွေးမွေး ပြုစုစောင့်ရှောက်ရ၏။ ထို့ကြောင့် မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကို ရပါမည့်အကြောင်း ထပ်လောင်းတောင်းပန်ရာတွင် ” ဂရုဓမ်ရှစ်ပါး တရားကို မဟာပဇာပတိဂေါတမီသည် အကယ်၍ အသက်ထက်ဆုံး ၀န်ခံကာ ကျင့်ကြံနိုင်လျှင် မဟာပဇာပတိ ဂေါတမီသည် ရဟန်းဖြစ်စေလော့” ဟု မိန့်တော်မူလေသည်။

ထို့နောက် ” သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာ ဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ” စသည်ဖြင့် ” အာနန္ဒာ အကြင်အမျိုး၌ မိန်းမများသဖြင့် ယောကျားတို့သည် နည်းကုန်၏။ ထိုအမျိုး၌ အိုးဖြင့် မီးတောက်ကိုထည့်၍ ပစ္စည်းဥစ္စာကို ရှာဖွေ ခိုးယူကုန်သော သူခိုးတို့သည် နှိပ်စပ်ဖျက်ဆီးနိုင်ရာသကဲ့သို့လည်းကောင်း၊ သလေးခင်း၊ ကြံခင်းတို့၌ ပိုးတို့သည် ကိုက်ခြင်းကြောင့် သေတဠိက မဉ္စီဠိကမည်သော အနာတို့ နှိပ်စက်လတ်သော် ရှည်မြင့်စွာ မသုံးဆောင် မခံစားရ၊ တစ်ခဏချင်း ယိုယွင်းပျက်စီးလေသကဲ့သို့လည်းကောင်း၊ ထို့အတူ မာတုဂါမသည် ငါဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယသာသနာတော်သည် အနှစ်ငါးရာသာ တည်လတ္တံ့။

အာနန္ဒာ၊ အကြင်လယ်လုပ် ယောက်ျားသည် ကြီးစွာသော တစ်ဖက်ဆည်ကန်၌ ကန်သင်းလယ်ပေါင်တို့ကို မဖို့မဆည်ခဲ့သော် ရေတို့သည် တစ်ပေါက်တစ်စက်မျှ မကျန်မကြွင်း စီးဆင်းယိုထွက်လေရာ၏။ ရေမလွန်မီ ရှေးအဖို့ကာလက ကြီးစွာသော ကန်းသင်း ကန်ပေါင်ကို ဆည်ဖို့ တက်သက်ဖွဲ့ယှက် ခိုက်လုံစုံ ရှိခဲမူကား ရေတို့သည် မဆင်းမသက် မထွက်မယို အလိုရှိတိုင်းသာ ရှည်ကြာကာလ သုံးဆောင်ရသကဲ့သို့ ထို့အတူ အာနန္ဒာ ငါဘုရားသည် မဆွကပင် ထိုဘိက္ခုနီမတို့အား ဂရုဓမ္မတရားရှစ်ပါးကို အသက်ထက်ဆုံး စောင့်ရှောက်စေခြင်းငှာ ပညတ်တော်မူရကား ငါဘုရား၏ ပညတ်တော်တည်းဟူသော ဓမ္မ၀ိနယ ဗြဟ္မစရိယသဒ္ဓမ္မာသည် အနှစ်တစ်ထောင်တည်ပြန့်လတ္တံ့ ဟု ” သေယျထာပိ အာနန္ဒ ပုရိသော မဟာတဠာကဿ ပဋိကစ္စ၀ အာဠိံဗန္ဓေယျ ယာဝ ဥဒကဿ အနတိက္ကမာယ” စသည် ဟောကြားတော်မူလေသည်။

ထိုစကားတော်လာ အနှစ်တစ်ထောင်ဟူသည်ကို အဠကထာ ဆရာတော်များက ပဋိသမ္ဘိဒါ ပဘေဒပတ္တ ရဟန္တာခေတ်( အကောင်းဆုံး ရဟန္တမြတ်များရှိသောခေတ်) ဖြစ်ကြောင်း မိန့်ဆိုထားပေသည်။ ) ခုဒ္ဒက နိကာယ် ၀ိနည်းစူဠ၀ါ ဘိက္ခုနီခန္ဓက) ၊ ထို့ထက်အလွန် သုက္ခ ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်ခေတ်တစ်ထောင်၊ သကဒါဂါမ်ခေတ်တစ်ထောင်၊ သောတာပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးထောင်တည်လတ္တံ့ဟု

” ၀ဿသဟဿမ္ပိစေတံ ပဋိသမ္ဘိဒါပဘေဒပတ္တ ခီဏာသ၀ ၀သေန ၀ုတ္တံ၊ တတော ပန ဥတ္တရိ သုက္ခ၀ိပဿက ခီဏာသ၀ သသေန”

ဒီဃနိကာယ် သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဠကထာ၊ သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ် အဠကထာဆရာတို့ အလိုအားဖြင့် ရှေးဦးစွာ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တစ်ထောင်၊ ဆဠာ ဘိညရဟန္တာခေတ်တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿကရဟန္တာ ခေတ်တစ် ထောင်၊ ပါတိမောက္ခသံဝရခေတ် တစ်ထောင်အားဖြင့် သာသနာတော် ငါးထောင်တည်လတ္တံဟု ” ပဋိ သမ္ဘိဒါပတ္တေဟိ ၀ဿသဟဿံ ဆဠဘိညေဟိ ၀ဿသဟဿံ” စသည်ဖြင့် ဖွင့်ဆိုတော်မူကြသည်။( ဒီဠ ၃၊ ၈၃၊ သဠ ၁၊ ၃၅)

အင်္ဂုတ္တရနိကာယ် အဠကထာ၊ ခုဒ္ဒနိကာယ်(၀ိနည်း) သမ္မော ဟ၀ိနောဒနီအဠကထာ ဆရာတို့၏ အလိုအားဖြင့် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော် မူသည့်နောက် ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တစ်ထောင်၊ ဆဠာဘိညရဟန္တာခေတ် တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးတောင် ပြဆိုတော်မူခဲ့ကြသည်။

အကောင်းဆုံး အမြတ်ဆုံး ရဟန္တာခေတ်မှ တစ်ဆင့်စီ တစ်ဆင့်စီ တစ်ထောင်စီသတ်မှတ်၍ လျော့ကျသွားပုံကို ပြရာပြပုံချင်း မတူညီသော်လည်း အားလုံးယုတ္တိတန်သော အဆိုအမိန့်များချည်းပင် ဖြစ်သည်။ ထိုအဆိုများအရ ယခုလက်ရှိအချိနှ်မှာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်၊ ဆဠာဘိညခေတ်တို့ ပြီးဆုံး၍ တေ၀ိဇ္ဇာခေါ် ၀ိဇ္ဇာသူံးပါး( ပုဗ္ဗေနိဝါသဥာဏ်၊ ဒီဗ္ဗစက္ခုဥာဏ်နှင့် အာသ၀က္ခယဥာဏ်) ရဟန္တာများရှိနိုင်သေးကြောင်းကို သိမှတ်၍ အကောင်းဆုံးအခြေအနေသို့ ရောက်အောင် ကျင့်သုံးနိုင်ရန် အရေးကြီးလှပေသည်။

သာသနာငါးထောင်ဟူသော စကားရှိလျှင် ထို၏ထက်ဝက် သာသနာ ၂၅၀၀ လည်း မုချရှိရပေတော့သည်။ ထို့ကြောင့်ပင် သာသနာ ၂၅၀၀ ပြည့်ဖြစ်သော မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်က မြန်မာနိုင်ငံတွင် သာသနာ ၂၅၀၀ ပွဲကြီးကို ဆင်နွဲခဲ့ကြည်မဟုတ်ပါလော၊ ထို့အချိန်ကလည်း သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်၊ သာသနာ ၂၅၀၀ သိကြားသာသနာဟူသော စကားများ ခေတ်စားလာခဲ့ပြီး ပညာရှင်များကလည်း ဆောင်းပါးအသီးသီးတို့ဖြင့် တင်ပြခဲ့ကြကာ သိကြားသာသနာဟူ၍ မရှိကြောင်း ရှင်းလင်းခဲ့ကြပါသည်။

မြတ်စွာဘုရားက သိကြားမင်းအား သာသနာကို အပ်နှင်းခဲ့သော စကားတော်သည်လည်း ပိဋကတ်တော်တွင်မရှိ။ သာသနာ ၂၃၆ တွင် သီဟိုဠ်ကျွန်း ကမ္ဗပါဏသို့ အရှင်မဟိန္ဒ သာသနာပြုကြွရာတွင် အဖော်အဖြစ် ကူညီရန်မျှသာ အရိပ်အမြွက် စကားရှိပေသည်။ ထို့ကြောင့် သာသနာတစ်ဝက် ၂၅၀၀ သည် သိကြားသာသနာဖြစ်သည်ဟူသော စကားတို့ကို မမှတ်သားသင့်ဟု ပြောလိုပါသည်။

မြတ်သတီဝါဒီ မဂ္ဂဇင်း

ဇူလိုင်လ၊ ၂၀၀၁ ခုနှစ်။

Read more...

ဓမ္မပဒအဋ္ဌကထာ

ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်တွင် စာမျက်နှာ ၄၅၅၊ ၀ဂ်ပေါင်း ၁၈၊ ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ ပုဒ်ပါရှိပြီး မှတ်သားစရာများ စုံလင်သည်ကို တွေ့ရပါသည်။ အစဆုံးဝဂ်ကို ပါပ(မကောင်းမှု) နာမည်ပေးခြင်းဖြင့် စထားပြီး နောက်ဆုံးဝဂ်ကိုမူ ဗြာဟ္မဏနာမည် (မကောင်းမှုကို မျှောပစ်သူ) ဖြင့် ညွှန်းဆို ပြသထားသည်ကို တွေ့ရပါသည်။ ၀ဂ်ပေါင်း တစ်ဆယ့်ရှစ်ခုတွင် တစ်ချို့ဝဂ်များကို ၀တ္ထုပေါင်း အနည်းဆုံးရှစ်ခု၊ အများဆုံးအနေဖြင့် တစ်ချို့ဝဂ်များကို ဇာတ်လမ်းလေးဆယ်တို့ဖြင့် ဖွဲ့စည်းထား သည်ကို တွေ့ရပါသည်။ ဤသို့တွေ့ရသဖြင့် ၀ဂ်တစ်ခုတွင် ဇာတ်လမ်းပုဒ်ရေကို တစ်သမတ်တည်း မှတ်သားရန် မဖြစ်နိုင်ပေ။ တိတိကျကျ လေ့လာသော် ၀တ္ထုဇာတ်လမ်း ရှစ်ပုဒ် ပါသောဝဂ် သုံးခု (၂၄)၊ ကိုးပုဒ် ပါသောဝဂ် ငါးခု (၄၅) ၊ ဆယ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၀)၊ တစ်ဆယ့်တစ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၂)၊ တစ်ဆယ့်နှစ်ပုဒ် ပါသောဝဂ် ငါးခု (၆၀) နှင့် ဇာတ်လမ်းလေးဆယ်ပါဝင်သောဝဂ် တစ်ခု (၄၀) အားဖြင့် ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ပုဒ် ရှိပါသည်။

ဇာတ်လမ်း တစ်ဆယ့်နှစ်ပုဒ် ပါဝင်သော ပါပ၀ဂ်တွင် ဆယ်ပုဒ်မှာ ဇေတ၀န်ကျောင်းတော်၌ ဟောကြားခဲ့သော ဇာတ်လမ်းများဖြစ်ကြပြီး ကျန်သောဇာတ်လမ်းနှစ်ပုဒ်တွင် တစ်ပုဒ်မှာ ဝေဠုဝန် ကျောင်း နှင့် တစ်ပုဒ်မှာ နိဂြောဓာရုံကျောင်းတော်တွင် ဟောကြားခဲ့သော ဇာတ်လမ်းများ ဖြစ်ပါသည်။ အထက်ပါ ကျောင်းတော်သုံးကျောင်း တည်ရှိသော မြို့တော်၏ နာမည်များကို သာဝတ္ထိ၊ ရာဇဂြိုဟ် နှင့် ကပိလ၀တ္ထုဟု အစဉ်အတိုင်း မှတ်သားရပါမည်။ ဤပါပ၀ဂ်တွင် ရဟန်း၊ ရှင်ဘုရင်၊ ပုဏ္ဏား၊ သူကြွယ်နှင့် မုဆိုးတို့၏ အကြေင်းများကို လေ့လာနိုင်ပါသည်။ ဖွင့်ဆိုပြစရာ တစ်ဆယ့်နှစ်ဂါထာ ပါဝင်သော ၀တ္ထုတစ်ဆယ့်နှစ်ခုတွင် ပါပဟူသော ပါဠိကို အကြိမ်များစွာ တွေ့ရပါသည်။ ပါပဟူသော ပါဠိအသုံးအနုံး မပါသော ဂါထာတွင် နှိုင်းယှဉ်ချက်ကို ဆိုရာဖြစ်သော ပုညဟူသော ပါဠိကို သုံးစွဲထား ပါသည်။

ကာယဒုစရိုက်စသည့် မကောင်းမှုကို ပါပ ဟုခေါ်ဆိုရသလို အကုသိုလ်စိတ်များကိုလည်း ပါပ ဟုပင်ခေါ်ဆိုရပါသည်။ ပါပစိတ်ကို တားမြစ်ရမည်ဟု ပထမဆုံးဝတ္ထုတွင် ဟောကြားထားပါသည်။ တားမြစ်ရခြင်း၏ အဓိကအကြောင်းပြချက်မှာ စိတ်သည် မကောင်းမှုတွင် မွေ့လျော်လေ့ရှိသောကြောင့်ဟု ဟောပြပါသည်။ ဒုတိယ၀တ္ထုတွင်လည်း ပါပစိတ်ကြောင့်ဖြစ်သည် ပါပအလုပ်ကို ခဏခဏ မလုပ်မိစေပါနှင့် ဟု ဟောကြားထားပါသည်။ ခဏခဏ မလုပ်နှင့် ဟုဆိုသဖြင့် အနည်းဆုံးတစ်ကြိမ် တော့ပြုသင့်လေသလားဟု ထင်မိနိုင်ပေသည်။ ပုထုဇဉ်များသည် အကုသိုလ်ကို ပျော်မွေ့တတ် သူများဖြစ်ရာ တစ်ကြိမ်မက အကြိမ်များစွာ ပြုမိတတ်မည်မှာ ဖြစ်ပါသည်။ သို့အတွက်ကြောင့် လုံးဝတားမြစ်ရန် မဖြစ်နိုင်သည်မှာလည်း သေချာနေပါသည်။ ထိုသို့ဖြစ်သဖြင့် ပါပကို ခဏခဏ မပြုပါ နှင့်ဟုဟောလိုဟန် ရှိပေသည်။ ဖြစ်ပေါ်လာပါကလည်း ဤပါပသည် လက်ငင်းအကျိုး၊ ရေရှည် အကျိုး နှစ်မျိုးလုံးကိုပင် ပျက်ဆီးစေတတ်သဖြင့် ပါပကို ပြုလိုစိတ်ရှိခဲ့ပါသော်လည်း ဆင်ခြင်ဥာဏ်ကဲပြီး ဆန္ဒ နောက်မလိုက်ပါနှင့်ဟု ဟောတော်မူပါသည်။ တတိယ၀တ္ထုတွင်မူ ပါပအစား ပုညကို ပြုကြပါဟု ဟော တော်မူထားပါသည်။ ပါပကို နားလည်ပါက ပုညကိုလည်း ပြောင်းပြန်အသိဖြင့် နားလည်ရပေမည်။ ပုညသည် အပြုသဘော၊ ယခုဘ၀ နောင်ဘ၀ နှစ်ခုအတွက် ကောင်းကျိုး ဖြစ်စေသည့် သဘော ရှိပါသည်။ ဤကဲ့သို့ ပုညကို နားလည်ပါမူ ပါပကိုလည်း နားလည်ကြပေမည်။ ပါပနှင့်ပုညကို နားမလည်သော သူက များပေသည်။ ဤသို့နားမည်နိုင်အောင် ဖြစ်နေရခြင်းမှာ ပါပကို ပြုလုပ် နေသောသူ ဖြစ်လင့်ကစား အဆင်ပြေနေကြသည်ကိုသည် မြင်ရသောအခါ၊ သို့မဟုတ် ပုညကို ဆည်းပူးနေသူ ဖြစ်လင့်ကစား များစွာ ဒုက္ခတွေ့နေကြသည်ကိုလည်း မြင်ကြရပြန်သောအခါ နားမလည်ရခြင်း ဖြစ်ပါသည်။ လူတို့သည် ဘ၀များစွာ ကျင်လည်ခဲ့ရသည်ကို သတိရသင့်ပြီး မိမိတို့တတွေသည် ကုသိုလ်များစွာကို ဆည်းပူးမိနိုင်သလိုပင် အကုသိုလ်များကိုလည်း ကျူးလွန်ခဲ့ကြမည်မှာ သေချာပါသည်။ ဤသို့ဆိုချေသော် ထိုကုသိုလ်နှင့် အကုသိုလ်ကံတို့သည် မိမိတို့၏ နောက်သို့ အရိပ်ပမာ လိုက်နေခဲ့သည်မှာ သေချာပါသည်။ ကောင်းသည့်ပုညကိုဖြစ်စေ၊ဆိုးသည့်ပါပကိုဖြစ်စေ ယခုဘ၀တွင်လုပ်နေမိသော်လည်း ချက်ချင်းလက်ငင်း အကျိုးပေးသည့် သဘောသဘာဝကား နည်းမည်သာ ဖြစ်ပါသည်။ အကြောင်းများစွာဆုံမိမှ ချက်ချင်း အကျိုးပေးတတ်ပါသည်။ ဥပမာ အလှူပေးသည်ဆိုပါစို့၊ ပစ္စည်းကလည်း စင်ကြယ်ရမည်၊ စေတနာကလည်း ဖြူဖွေးရမည်၊ အလှူခံပုဂ္ဂိုလ်ကလည်း ပထမတန်းစားဖြစ်ရမည်၊ နိရောဓသမာပတ်မှ ထသည့် ပုဂ္ဂိုလ်ကိုလည်း လှူဒါန်းမိသည့်သူ ဖြစ်ရပေမည်။ ဤသို့ဖြစ်မှ ချက်ချင်း အကျိုးပေးသည်ဟု ဆိုပါသည်။ တစ်ခုခု ချွတ်ယွင်းပါက အလကား ဖြစ်မသွားသော်လည်း ချက်ချင်းလက်ငင်း အကျိုးမပေးတတ်သည်က များပေသည်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးမျိုးကို အဓိကအားဖြင့် ဆိုလိုပါသည်။

ယခုဘ၀တွင် အဆိုးပြုလုပ်နေသူ၏ ကောင်းကျိုးခံစားနေရမှုနှင့် အကောင်းပြုလုပ်နေသူ၏ မကောင်းခံစားနေရမှုများသည် ယခုဘ၀၏ ချက်ချင်းလက်ငင်း အကျိုးများ မဟုတ်နိုင်ပေ။ အရာရာ တွင် အတိတ်ကံကိုချည်းလှည့်ချ၍ မဖြစ်နိုင်ဟု ဆိုမည်ဖြစ်သော်လည်း အကောင်းပြု နေသူများ အတွက် ဖြစ်သင့်လောက် အကောင်း မဖြစ်ခြင်းနှင့် အဆိုးလုပ်နေသူများအတွက် အဆိုးတွေ ချည်းဖြစ် မနေခြင်းသည်လည်း အတိတ်ကံ၏ ပယောဂ မကင်းချေ။ ပစ္စုပ္ပန်ဘ၀၏ ဥာဏ်နှင့် ၀ီရိယသည်လည်း လူ့ဘ၀ကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးပါသည်။ ကံ၏ အစွမ်းလောက် အားမကောင်းတတ်ပေ။ သို့အတွက်ကြောင့် ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် နည်းနည်းလေး ပြုမိတာပါဟု ဆင်ခြေမပြုနေဘဲ လုပ်သင့်သည့် အရာကိုသာ ဥာဏ်နှင့် ဆင်ခြင် သင့်ပါသည်။ မိုးပေါက်ကလေးများလည်း စုလိုက်သောအခါ သမုဒ္ဒရာရေများ ဖြစ်သွားရပါသည်။ ကုသိုလ် ဖြစ်စေ၊ အကုသိုလ် ဖြစ်စေ ကောင်းကျိုးနှင့် ဆိုးကျိုးကို မဖြစ်စေနိုင်သော အဟောသိကံများ ရှိနိုင်ပါသည်။ သို့သော် အနည်းစုသာ ဖြစ်ပါသည်။ သတ္တ၀ါတို့သည် ကုသိုလ်နှင့် အကုသိုလ်ပြုသောအခါ အားထည့်ပြီး အများအားဖြင့် စိတ်ပါလက်ပါ ဆောင်ရွက်တတ်ကြပါသည်။ ထို့ကြောင့်ပင် ကောင်းကျိုးနှင့် ဆိုးကျိုးကို ရမည်သာ ဖြစ်ပေသည်။ အချိန်တန်၍ ကောင်းကျိုး ဆိုးကျိုးကို ခံစားကြရမည် ဖြစ်သောအခါ တောင်ကြားတွင်ဖြစ်စေ၊ သမုဒ္ဒရာ အောက်တွင်ဖြစ်စေ၊ သို့မဟုတ် ကောင်းကင်ပေါ်တွင်ဖြစ်စေ ပုန်းနေသော်လည်း မဖြစ်နိုင်ပဲ နေရာမရွေး ခံစားကြရပါမည်။

အထက်ပါ သဘောတရားများကို နားလည်နိုင်စေရန် ဇာတ်လမ်းများဖြင့် အားဖြည့် ထားပါသည်။ ဆင်းရဲလှသော ပုဏ္ဏား ဇနီး မောင်နှံ နှစ်ဦးရှိရာ အမျိုးသားကြီးသည် လှူရန်တွန့်ဆုတ် နေခဲ့သဖြင့် နာရီပေါင်းများစွာ ကြာမှ ၀န်တိုစိတ်ကို ပယ်ခွါနိုင်ခဲ့ပြီး လှူဖြစ်ခဲ့ပါသည်။ အကျိုးပေးသောအခါတွင်လည်း ခံစားရမှု နည်းသွား ခဲ့ရပါသည်။ သို့အတွက် လှူချင်စိတ်ဖြစ်ပါက လက်မနှေးပဲ လှူသင့်ပါသည်။ မိမိကိုယ်သာ တိုင်ပင်သင့်ပါသည်။ စိတ်သည် အမြဲပင် ပြောင်းလဲနေပေရာ လှူချင်စိတ်မှသည် မလှူဖြစ်သော အခြေအနေသို့ ရောက်စေရန်များစွာ အခွင့်ရှိနေပါသည်။

ဒုတိယ၀တ္ထုတွင် စိတ်ဖြင့်အာသာဖြေပြီး ကိလေသာပွါးစေသော သေယျသကအား ဤသို့ မပြုစေရန် မိန့်တော်မူပါသည်။ လောဘစိတ်သည် မွေးမိပါက ပွါးစီးလာမည်ဖြစ်သဖြင့် အကျိုး ယုတ်စေမည့်ဘေးမှ ကင်းဝေး စေရန်ရည်သန်ပြီး ဆုံးမထားပါသည်။ တတိယ၀တ္ထုတွင် အရှင်မဟာကဿပ မထေရ်ထံတွင် ဒါနပြုသော အမျိုးသမီး တစ်ဦး၏ နှစ်ဘ၀ အဖြစ်အပျက် အကြောင်းကို ဖေါ်ပြထားပါသည်။ လူ့ဘ၀တွင်သာမဟုတ် နတ်ဘ၀ရောက်သည်အထိ မထေရ်ကို ပြုစုနေသဖြင့် ဓမ္မကထိက ရဟန်းတော်များက တရားဟောရာတွင် ထည့်ပြီး အဟောခံရမှာ ကြောက်သော မထေရ်က နတ်သမီးကို နှင်ထုတ်ခဲ့ပါသည်။ သို့သော် ဘုရားရှင်က ကုသိုလ် ယူချင်သူသည် ဇွတ်ရအောင် ယူတတ်ရမည်ဟု တိုက်တွန်း ထားပါသည်။ မည်သည့် အခြေအနေပင် ဖြစ်စေကာမူ ကုသိုလ်ပြုတတ်ကြပြီး ရှေးခေတ်က ဓမ္မကထိကဆရာတော်များသည်လည်း ယနေ့ခေတ် ဓမ္မကထိကများ ကဲ့သို့ပင် အခွင့်ရပါက တရားဟောသောအခါ သူတို့၏ မကျေနပ်ချက်များကို ပရိတ်သတ်သို့ ချပြတတ်ကြောင်း သိရပါသည်။

စတုတ္ထ၀တ္ထုတွင်မူ ကုသိုလ်ပြုရာတွင် စေတနာသာ အဓိကဖြစ်ကြောင်း ဟောတော်မူပြပြီး မိမိတို့ ဆောင်ရွက်နေသော ကုသိုလ်သည် မှန်ကန်သော နေရာတွင် လှူဒါန်းမိဖို့ အရေးကြီးကြောင်း မိန့်တော်မူပါသည်။ ပဉ္စမ၀တ္ထုတွင်မူ အကုသိုလ် အလုပ်ကို ပြုလုပ်မိသည်ဆိုပါက မသိသာပါဘူး ဆိုသော အသိမျိုး မရှိစေသင့်ကြာင်း ဟောပြတော်မူပြီး ရေတစ်စက်မှ မရှိသော အိုးတစ်လုံးပင် ဖြစ်စေကာမူ မိုးရွာသောအခါ အဖုံးကို ဖွင့်ထားပါက တစ်ပေါက်ချင်း ကျလာသော ရေပင်ဖြစ်စေကာမူ အချိန်ကြာလာသောအခါ ရေအိုး ပြည့်သွားမည်ပင် ဖြစ်ပေသည်။ အကုသိုလ်ပြုရာတွင်လည်း ထိုနည်းတူပင် မှတ်သားကြရပါမည်။

ဆဋ္ဌမ၀တ္ထုတွင်မူ ကုသိုလ်ပြုရာတွင်မူ မိမိကိုယ်တိုင်လည်းပြု၊ သူတစ်ပါးကိုလည်း တတ်နိုင်သမျှ တိုက်တွန်းသင့်ကြောင်း ဖေါ်ပြပါသည်။ ဤသို့ပြုလုပ်ပါက အခြွေရံလည်းများ ကိုယ်စိတ်ချမ်းသာမှုကိုလည်း ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းထားပါသည်။ သတ္တမ၀တ္ထု၏ ဇာတ်လမ်းတွင်မူ အသက်နှင့်စည်းစိမ်ရန်ကို ကြောက်သဖြင့် စီးပွါးရေးကိစ္စကို ဆောင်ရွက်နေစဉ်ပင် အချိန်ကိုက်ဆောင်ရွက်နေသည့် သူဋ္ဌေးတစ်ဦး၏ အကြောင်းကို ဖေါ်ပြထားပါသည်။ လူသား တို့သည်လည်း အသက်သေရမည့် ဘေးကိုကြောက်သဖြင့် အဆိပ်ကို မသုံးဆောင်ကြသည့်အတူ အကုသိုလ်သည်လည်း အဆိပ်ထက်ပင် ကြောက်စရာ ဖြစ်သည်ကို သတိပြုသင့်ပေသည်။ အဆိပ်ကိုသောက်မိပါက ဤတစ်ဘ၀အတွက်သာ အန္တရာယ်ဖြစ်နိုင်သော်လည်း အကုသိုလ်ကို ပြုမိသူ အတွက်မူ ဘ၀များစွာတွင် အရိပ်ပမာ အန္တရာယ်လိုက်လာပေမည်။

မိမိ၏လက်တွင် ဒဏ်ရာရှိမနေပါက အဆိပ်ကို ကိုင်သည်ပင် ဖြစ်စေဦး အန္တရာယ် မများ နိုင်သကဲ့သို့ပင် မိမိသည် စင်ကြယ်နေသူဖြစ်ပါက မကောင်းမှုကို ကျော်လွှားနိုင်သည်သာ ဖြစ်ပေ သည်။ သောတာပန်ဖြစ်သူသည်လည်း လက်မှာ ဒဏ်ရာမရှိသူနှင့် တူပေသည်။ သို့အတွက် ငါးပါး သီလကို လုံခြုံသည်သာ ဖြစ်ပေသည်။ သရဏဂုံးသုံးပါး မြဲသည့်သူသာ ဖြစ်ပေသည်။ ငါးပါးသီလနှင့် သရဏဂုံသုံးပါးကို မမြဲသေးသူသည် ပုထုဇဉ်သာ ဖြစ်သည်ကို မှတ်သားနိုင်ပေသည်။ န၀မ၀တ္ထုတွင်မူ မပြစ်မှား ထိုက်သူကို ပြစ်မှားပြီး သေစေသဖြင့် သူတစ်ပါးမထိဘဲ ဘေးဒဏ်ကို မိမိသာ ခံစားခဲ့ရသော မုဆိုး၏ အကြောင်းကို ဖေါ်ပြထားပါသည်။ဤသို့စိတ်ထားရှိသူမျိုးကို ဘေးဒဏ်ဆယ်ပါး ထိတတ် သည်ဟု ဟောတော်မူပါသည်။ ဘေးဒဏ်တစ်ခုသည်ပင် ကြောက်စရာကောင်းပေရာ ဆယ်ခုသာ ခံစားရပါမူ မတွေးဝံ့စရာပင် ဖြစ်တော့သည်။ သို့အတွက် ပါပဆိုသည်ကို ဘာကွဟုပင် မတွေး ထိုက်တော့ပေ။

ဒသမ၀တ္ထုတွင်မူ ဆွမ်းခံရင်းငှက်သင့်ဆိုသလိုပင် ပတ္တမြားခိုးသည်ဟု စွပ်စွဲခံရသော ရဟန်းတော်၏ အကြောင်းကို ဖေါ်ပြထားပါသည်။ ဧကာဒသမ၀တ္ထုတွင်မူ အကုသိုလ် အကျိုးကို ခံစားရသော သတ္တ၀ါများ၏ ထူးဆန်းသော အကျိုးပေးဆိုးများကို ဖေါ်ပြထားပါသည်။ ဤခေတ်တွင် လည်း များစွာရှိနေပေသည်။ နောက်ဆုံးဝတ္ထုတွင်မူ ဘုရားရှင်၏ ဦးကြီးအရင်းဖြစ်သော သုပ္ပဗုဒ္ဓ၏ အကြောင်းကို ဖေါ်ပြထားပါသည်။ ထိုဘုရင်၏ အတွေးတွင် ဘုရားရှင်သည် သူ၏သမီးကို စွန့်ပစ်ခဲ့သူ၊ သူ၏သား ဒေ၀ဒတ်ကိုလည်း ရဟန်းဖြစ်စေခဲ့ပြီး ရန်ငြိုးကိုပွါးစေခဲ့သူဟု ယူဆနေခဲ့ပါသည်။ သို့အတွက်ကြောင့် ဘုရားရှင်ကို ဆွမ်းခဲကြွလာသောအခါ လမ်းပိတ်ဆို့ပြီး နှောက်ယှက်ခဲ့ပါသည်။ ယခုခေတ်တွင်လည်း နေရာတကာ လမ်းပိတ်ဆို့ထားတတ်ကြသော ယဉ်ထိန်းသမားများ အနေဖြင့် သတိမူ စဉ်းစားစရာပင် ဖြစ်တော့သည်။ သူ၏စေတနာဆိုးများကြောင့် သူ့ကိုထမ်းထားသော မြေကြီးကပင် သူ့အပေါ် နေထိုင်ခွင့် မပေးတော့ပေ။ ဤသို့ဖြင့် မကောင်းမှုပြုသူများသည် ဇာတ်သိမ်းမလှစွာဖြင့် ဘ၀ကို အဆုံးသတ်ရလေ့ရှိပါသည်။ ပါပနှင့် ပုညသည် ဘ၀ကို သရုပ်ဖေါ်ပေးပါသည်။ ဘ၀ ပန်ချီကားတစ်ချပ်ကို ပီပီပြင်ပြင် ကြည်ကြည်လင်လင် ဇာတ်ရုပ်ကို ပေါ်အောင်ရေး ဆွဲတတ်ကြသည်မှာ ပါပနှင့် ပုညတို့ဖြစ်ပေရာ မည်သည့်ဇာတ်ရုပ်ကို ကြိုက်သလဲဟူသောအမေး၏ အဖြေကို စာဖတ်သူများက ဖြေကြရပါမည်။ ပါပလား သို့မဟုတ် ပုညလား ကြိုက်တာ ရွေးယူ နိုင်ပေသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ ပါပ၀ဂ်

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

Read more...

မွေးနေ့ရှင် မခင်ထူးထူးနိုင် (USA) ၏ အလှူ (၉.၁.၂၀၁၁)

ယနေ့ ၉.၁.၂၀၁၀ ရက်နေ့..

မွေးနေ့ရှင်မခင်ထူးထူးနိုင် (USA) ၏ အလှူ။

အရုဏ်ဆွမ်း

မုန့်ဟင်းခါးဆွမ်း

နေ့ဆွမ်းအလှူ

ဆွမ်း
ပဲနှပ်
ပဲတီချဉ်သုတ်
ပါလချောင်ကြော်
တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။

ဆွမ်းလောင်းလှူပြီးချိန်တွင်သီလရှင် အပါး(၁၀၀)တို့အားအရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါးကပ်လှူခဲ့ပါသည်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...










Read more...

Have faith and do good

We must keep doing good meritorious deeds such as Dana, Sila and Bhavana, said Sayadaw U Vimalacarabhivamsa in tonight Dhamma talk at BMBMC. Incidentally tonight's talk will be Sayadaw's last talk as Sayadaw will be going back to Myanmar next Monday.
Do dana but we must also listen to Dhamma talk. Listening to Dhamma talk is very important, much more important than doing dana, advises Sayadaw.
To constantly encourage us to do good and to make us avoid evil deeds is to have strong Saddha (faith) in the Buddha, Dhamma, Sangha, Kamma and Kamma Vipaka.

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP