* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, January 5, 2011

Dukkhasacca - ဒုက္ခသစ္စာ

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

ဒုက္ခမေ၀ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။

ဟိ၊ ဘုံသုံးပါ၌ ဒုက္ခအတိ ဖြစ်ပုံကို ဟောဦးအံ့။ တိ ဘူမေ၊ ဘုံသုံးပါးလုံး၌။ ဒုက္ခမေ၀၊ ဆင်းရဲအမှု ဒုက္ခအစုသည်သာလျှင်။ သမ္ဘောတိ၊ မရပ်မစဲ ထပ်တလဲလဲ တဖွဲဖွဲ ဖြစ်ပေါ်၍ နေ၏။

ဒုက္ခံ၊ ဆင်းရဲအမှု ဒုက္ခစုသည်သာလျှင်။ တိဋ္ဌတိ စ၊ ဌီသဘောအားဖြင့်လည်း တည်၍ နေ၏။

ဝေတိ စ၊ ဌီကလွန်မြောက် ချုပ်ခြင်းသို့ ရောက်၍လည်း နေ၏။

ဒုက္ခာ၊ ဆင်းရဲအစု ဒုက္ခမှုမှ။ အညံ၊ တစ်ပါးသော တရားမျိုးသည်။ န နိရုဇ္ဈတိ၊ ချုပ်လေသည် မရှိ။

သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည့်အတိုင်း လောကသုံးပါး၌ ဖြစ် တည် ချုပ်ပျက်နေသမျှ အရာအားလုံးတို့သည် ဆင်းရဲဒုက္ခသာလျှင် ဖြစ်ကြလေကုန်၏။ သို့သော် မည်သည့်သတ္တ၀ါမှ ဒုက္ခကို မလိုလားကြပေ။ အဟိတ်တိရစ္ဆာန်တို့သည်ပင် ဒုက္ခကို ကြောက်လန့်ကြ၏။ သက်ရှိမှန်သမျှသည် ဒုက္ခကို အတတ်နိုင်ဆုံး ရှောင်ကွင်းကြ၏။ အပြန်အားဖြင့် ချမ်းသာအောင် ကြိုးပမ်းကြသည်။ ဒုက္ခငြိမ်းကြောင်း၊ သုခပွားကြောင်း နည်းလမ်းကောင်းများ ဖော်ထုတ်ကြသည်။ ကုသိုလ်ကောင်းမှု ပြုဆည်းပူးခြင်းသည် ဒုက္ခငြိမ်းကြောင်း၊ သုခပွားကြောင်း နည်းလမ်းကောင်း ဖြစ်၏။ အသိဥာဏ် မြင့်မားသူတို့က ကုသိုလ်ပြု၍ ချမ်းသာထူထောင်ကြသည်။ သို့သော် ကုသိုလ်ကောင်းမှုကြောင့် ရရှိလာသော ဘ၀စည်းစိမ်တို့သည် ချမ်းသာ အစစ်အမှန် မဟုတ်ကြပေ။ ပျက်ခြင်းအဆုံးရှိ၍ မစစ်မှန်သော ချမ်းသာကို ဒုက္ခဟုသာ ဆိုရ၏။ ဤသို့ဖြင့် ဒုက္ခဘုံသားတို့သည် ဒုက္ခမှ မလွတ်မြောက်နိုင်ဘဲ ရှိကြလေ၏။

ကုသိုလ်ကောင်းမှု ပြုလုပ်စဉ် ချမ်းသာဖို့အရေး မျှော်တွေးကြသည်။ သုခဝေဒနာ၊ ချမ်းသာသုခကို ခံစားလိုသော မျှော်လင့်ခြင်းသည် ဒုက္ခမျိုးစေ့သာ ဖြစ်၏။ မျှော်လင့်တောင့်တမှုသည် လောဘ၊ တဏှာ မည်၏။ သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့ကား တဏှာနှင့် ဆက်စပ်နေကြသည်။ သုခဝေဒနာ ခံစားရစဉ် တပ်မက်မှု လောဘတဏှာ ဖြစ်ပေါ်နေသည်မှာ ထင်ရှား၏။ ဒုက္ခဝေဒနာ ခံစားရခိုက်မှာလည်း တဏှာပါဝင်နိုင်၏။ ဒုက္ခရောက်နေသူသည် သုခကို လှမ်း၍ တောင့်တကာ တဏှာဖြစ်၏။ ချမ်းသာကို မျှော်လင့်မှု၊ ဒုက္ခမှ လွတ်မြောက်လိုမှုတို့၌ ဝေဒနာသဘော၊ တဏှာသဘောတို့ ပါဝင်နေပေသည်။ တဏှာရှိနေသမျှ ဒုက္ခလည်း စင်နိုင်မည် မဟုတ်ပေ။

ရပိုင်ထားသော သုခကို ခံစားရင်း တဏှာဖြစ်၏။ မရသေးသော သုခကို မျှော်လင့်၍လည်း တဏှာဖြစ်၏။ သုခကို မျှော်လင့်၍ ကံပြုကာ သင်္ခါရကို ထူထောင်၏။ ကံပြုရာ၌ စေတနာ အရင်းခံဖြစ်သည်။ စေတနာ၊ ကံ၊ သင်္ခါရကြောင့် မျှော်လင့်ချက် ပြည့်ဝကာ ချမ်းသာကို ခံစားကြရသည်။ ကံအကျိုးဆက် ချမ်းသာသုခကို ခံစားခြင်းသည် ဝေဒနာ မည်၏။ ဝေဒနာသည် ခန္ဓာထိုက်၏။ ဝေဒနက္ခာသည် ဒုက္ခသာတည်း။

ဒုက္ခမှ လွတ်မြောက်ရန်၊ သုခကို ရရှိရန် ကောင်းမှုပြုသော်လည်း ဒုက္ခကိုသာ ပြန်လည်ရရှိသောကြောင့် ဒုက္ခသံသရာ လည်နေကြရ၏။ ဆင်းရဲခြင်း အစစ်အမှန် ဒုက္ခသစ္စာကို သိမြင်နိုင်မှသာလျှင် ဒုက္ခကို အဆုံးသတ်နိုင်ပေလိမ့်မည်။ ဒုက္ခကို မြင်၍ တပ်မက်သာယာမှု တဏှာအစေးကို သုတ်သင်နိုင်မှသာ ချမ်းသာခြင်း အစစ်အမှန် မြတ်နိဗ္ဗာန်ကို ရရှိနိုင်ပေလိမ့်မည်။ ထိုကြောင့် ဒုက္ခသစ္စာကို ရှာဖွေသင့်သည်။ မြင်အောင် ရှုသင့်သည်။

အာယတော အပဂတောတိ အပါယော။
အာယတော၊ ကြီးပွားခြင်းမှ။
အပဂတော၊ ကင်းသည်တည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။
အပါယော၊ အပါယ်မည်၏။

ဒုက္ခမျိုးစုံရှိသော သံသရာလောက၌ အပါယ်ဘုံသည် အကြီးဆုံးသော ဆင်းရဲ ဖြစ်၏။ အပါယ်ဘ၀တို့ကား ဆင်းရဲခြင်း အတုံးအခဲတည်း။ ချမ်းသာခြင်း ကင်းဆိတ်၏။ ကြီးပွားချမ်းသာ မရှိ။ ချမ်းသာခြင်း အညွှန့်တုံးနေသောကြောင့် အပါယ်ဟု ခေါ်သည်။ အပါယ်လေးဘုံသားတို့သည် ဘ၀အညွှန့်တုံး၍ အရှုံးကြီး ရှုံသူများ ဖြစ်ကြ၏။ ဘ၀နိမ့်ကျသူများ ဖြစ်ကြ၏။ ပဋိသန္ဓေစိတ်၌ ပညာပါဝင်ယှဉ်တွဲမှုလည်း မရှိသောကြောင့် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြပေ။ မဂ်ဥာဏ်ဖိုလ်ဥာဏ် ဝေးစွ သာမန် အသိအလိမ္မာပင် မရှိကြပေ။ ဒါန သီလစသော ကုသိုလ် အခွင့်အလမ်းလည်း မရှိသလောက် ရှား၏။ အပါယ်ဘုံကား ထိတ်လန့် ရွံရှာဖွယ် ဖြစ်ပေသည်။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ကိုသာ အပါယ်ဟု သာမန်အားဖြင့် သတ်မှတ်၏။ သို့သော် အရိယာ ပုဂ္ဂိုလ်မြတ်တို့၏ ဥာဏ်အမြင်၌ကား ဘုံသုံးဆယ့်တစ်မျိုး ခွဲခြားအပ်သော အနမတဂ္ဂသံသရာကြီး တစ်ခုလုံးသည် ဒုက္ခအစုသာ ဖြစ်သောကြောင့် အပါယမည်၏။ ဘုံလောက ဘ၀သံသရာကြီး တစ်ခုလုံးသည် ချမ်းသာဟူ၍ မြူမျှမရှိ။ ဆင်းရဲခြင်း အတိပြီး၏။ ဘုံဘ၀၌ တည်ရှိသမျှ အရာအားလုံး ဒုက္ခသဘောသို့သာ ဆိုက်ရောက်ကြရသည်။

ဒုက္ခဒုက္ခ = ထင်သာမြင်သာသော ဖြစ်ရိုးဖြစ်စဉ် ဆင်းရဲမှု၊
ဝိပရိနာမဒုက္ခ = အခိုက်အတန့်အားဖြင့် ကောင်းမြတ်ချမ်းသာသည် ထင်ရသော်လည်း ပျက်စီးခြင်း ချမ်းသာမဲ့ခြင်း၌သာ အဆုံးသတ်ရသော ဆင်းရဲမှု၊
သင်္ခါရဒုက္ခ = မရပ်မနား တပြောင်းပြန်ပြန် ဖြစ်ချုပ်နေခြင်း၊ ပြုပြင်စီမံရခြင်း ဆင်းရဲမှု၊

လောကသားတို့သည် ဤဒုက္ခတို့ဖြင့်သာ သံသရာလည်နေကြရ၏။ ဘ၀သံသရာ၏ သဘောမှန်ကို သိမြင်တော်မူကြသော အရိယာသူမြတ်တို့သည် သံသရာ တစ်ခုလုံးကို ဒုက္ခဟုသာ ရှုမြင်သုံးသပ်ကြ၏။ အပါယ်ကဲ့သို့ ထိတ်လန့်ဖွယ်ဟုသာ နှလုံးသွင်းကြလေ သည်။ (ထိတ်လန့်ဖွယ် ဒုက္ခဟု ရှုမြင်ပုံကို ဆိုလိုပါသည်။ ကုသိုလ်အခွင့်အရေးရှိသော သုဂတိဘ၀တို့ကား ကောင်းမြတ်ကြသည်သာတည်း။)

အ၀ိဇ္ဇာ နှင့် တဏှာကို မူရင်းထား၍ အစချီသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၌ ချမ်းသာသုခဟူ၍ မရှိပေ။ အကျိုးအကြောင်း ဆက်စပ်နေသော ဒုက္ခအစုတို့သာ အဆက်မပြတ် ဖြစ်ပွားနေကြ၏။ ထိုဒုက္ခစက်ဝိုင်းကို သံသရာလောကဟု ခေါ်သည်။ ဘုရားရှင်ကလည်း “ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ - ချမ်းသာမဖက် သက်သက်သော ဒုက္ခတို့သာလျှင် မရပ်မစဲ တဖွဲဖွဲ ဖြစ်ပေါ်နေ၏”ဟု ဟောတော်မူသည်။ ပဋိစ္စသမုပ္ပါဒ်နည်းအရ ဒုက္ခအစုသာဖြစ်၍ အပါယ်ဟု ခေါ်ဆိုထိုက်သော ဘ၀သံသရာကို ငြီးငွေ့စက်ဆုပ်သင့်ပေသည်။

ဘ၀သံသရာကို စက်ဆုပ်မှသာလျှင် ဒုက္ခကို အဆုံးသတ်နိုင်ပေမည်။ သို့သော် ဘ၀ကို စက်ဆုပ်ရန် မလွယ်ကူပေ။ သံသရာလောကသားတို့၏ ဘ၀ကျင်လည်မှု အတည်တကျ မရှိခြင်း၊ လားရောက်ရာ ဘ၀ကို ကြိုတင် မခန့်မှန်းနိုင်ခြင်းဟူသော သံသရာလောက၏ ၀ိနိပါတသဘောကို မြင်ပါမှ ဘ၀ကို ထိတ်လန့် စက်ဆုပ်နိုင်ပေမည်။
ဝိနိပါတနံ ၀ိနိပါတော။
ဝိနိပါတနံ၊ ဖရိုဖရဲ လွင့်စင်ကျရောက်ခြင်းသည်။
ဝိနိပါတော၊ ၀ိနိပါတမည်၏။

သံသရာ ကျင်လည်ရသော ပုထုဇဉ်သားတို့သည် မျှော်မှန်းသောဘ၀၊ ရောက်လိုသော ဘ၀ကို အတိအကျ အသေအချာ မလားရောက်နိုင်ကြပေ။ လေနှင်ရာ လွင့်ရသော အမှိုက်ကဲ့သို့လည်းကောင်း၊ မြစ်ရေချောင်းရေ သယ်ဆောင်ရာ မျောပါရသော ဒိုက်ဖတ်ကဲ့သို့လည်းကောင်း ကံပစ်ချရာ ဘ၀သံသရာမှာ ဖြစ်ရောက် ကျင်လည်ရ၏။ လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ဗြဟ္မာကြီးပင် ဖြစ်နေပါစေ ပုထုဇဉ်မှန်သမျှ သံသရာ၌ ပရမ်းပတာ ကျင်လည်ကြရသည်။ နေ၀သညာနာသညာယနတ ဗြဟ္မာကြီးမှ စ၍ အပါယ်ဘုံသား ကမျဉ်းနီလေးတိုင်အောင် ကြီး ငယ် ယုတ် မြတ် ပုထုဇဉ် မှန်သမျှ ချွင်းချက်မရှိဘဲ ဘုံဘ၀ အရွေ့အပြောင်း အတိမ်းအစောင်း ရှိနိုင်သည်။ ဤသို့ စည်းမရှိ ကမ်းမရှိ ဖြစ်ချင်တိုင်း ဖြစ်နေသော ဤလောကသံသရာကို ၀ိနိပါတဟု ခေါ်သည်။ ၀ိနိပါတဘေး သင့်နေသော ဘ၀သံသရာကား ဒုက္ခသာတည်း။

လောကသံသရာ၏ ဆင်းရဲပုံ၊ ပုထုဇဉ် လောကသားတို့၏ ဘ၀ကျင်လည်မှု မသေချာပုံတို့ကို လေ့လာမှတ်သား ကြားနာသိ၊ နှိုင်းဆဆင်ခြင်သိ၊ ထိုးထွင်းပိုင်းခြားသိ အသိဥာဏ် အဆင့်ဆင့်ဖြင့် ပိုင်းခြားထင်ထင် သိမြင်နိုင်မှ ချမ်းသာပေလိမ့်မည်။ ပုဂ္ဂိုလ် သတ္တ၀ါဟူ၍ မရှိဘဲ ပရမတ်သဘောတို့ အကျိုးအကြောင်း ဆက်စပ်ကာ မရပ်မနား ဖြစ်ပွားနေခြင်း ပဋိစ္စသမုပ္ပါဒ် သဘောကို မြင်မှသာလျှင် “ငါငါ”ဟု စွဲလမ်းသော အတ္တဒိဋ္ဌိကို လွန်မြောက်ကာ ဒုက္ခကို အဆုံးသတ်နိုင်ပေလိမ့်မည်။

သံသရာ၏ ဆင်းရဲပုံ ပဋိစ္စသမုပ္ပါဒ် သဘောကို မြင်အောင်ကြည့်၍၊ သတ္တ၀ါတို့ ဖရိုဖရဲ ကျင်လည်ရသော သံသရာ၏ ၀ိနိပါတဘေးကို ထိတ်လန့်သံဝေဂ ယူ၍ ဝေဒနာ၊ တဏှာတို့ မပါဝင်စေဘဲ ကုသိုလ်ကောင်းမှု ပြုလုပ်ဆည်းပူးကာ အစစ်အမှန် ချမ်းသာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။

Read more...

ခရေပန်းလိုလူတွေ များပါစေ..

Wednesday, January 5, 2011



စစ်ကိုင်းဟောပြောပွဲမှ ဗီဒီယိုဖိုင်လေးကို ဘယ်သူဟောပြောပေးတာ သေချာမသိပေမယ့်.. မှတ်သားသင့်တဲ့အဆုံးမတွေပါလို့ ထပ်ဆင့်ဖြန့်ဝေပေးလိုက်ပါတယ်။ သိတဲ့သူများရှိရင်လည်း ပြန်လည်ပြောပြပေးပါလို့ တောင်းဆိုအပ်ပါတယ်။ လောကကြီးမှာ ခရေပန်းလိုလူမျိုးတွေ များပါစေလို့ ဆန္ဒပြုရင်း..။

Read more...

ဖိလျှင်ဖိစေ မငြိစေနှင့်...

Read more...

*2011 New Year Resolution*

ဘာရယ်မဟုတ်၊ ကိုဝိမုတ္တိသုခ (www.vimuttisukha.com/) က အထက်ပါ ခေါင်းစဉ်နဲ့ လာတဂ်(TAG) ပါတယ်။ အဲဒါမို့ လုပ်မယ်လို့ ရည်ရွယ်ထားတာလေးတွေကို ကမန်းကတန်း အစီအစဉ်ဆွဲပြီး ခုလို ချရေးဖြစ်ပါတယ်။

၁)
နယ်ပယ်ချိန်းဖို့ ကြိုးစားမည်။
ဒီစိတ်ကူးကို ကျွန်တော် ပိုင်းလော့ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်နာပြီးမှ ရရှိခဲ့တာပါ။ ကျွန်တော်တို့တွေဟာ များသောအားဖြင့် သားအာရုံ၊ သမီးအာရုံ၊ မိသားစုအာရုံ.. ပြောရရင် ကာမဂုဏ်ငါးပါးမှာ ငြိစွန်းပြီး နေနေကြတယ်။ ဒါဟာ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကျက်စားနေကျ မူလအာရုံ၊ မူလနယ်ပယ်..။ ဒီနယ်ပယ်မှာ လူးလွန့်ရင်းမှ တစ်ခုခု ပူစရာကြုံလို့ပဲဖြစ်ဖြစ်၊ အဆင်မပြေတာ ကြုံလို့ပဲဖြစ်ဖြစ်.. လောကဓံ တစ်ခုမဟုတ် တစ်ခု ခပ်ပါးပါးလေး လာရိုက်ခတ်တော့မှ တရားအာရုံဘက်ကို စိတ်ကူးမိတတ်ကြစမြဲပါ။ တရားနယ်ပယ်ဘက်ကို ခြေလှမ်းဖို့ စိတ်ညွတ်မိတတ်ကြစမြဲပါ။ ဒါကို ကျွန်တော် ပြောင်းပြန်လှန်နိုင်အောင် ကြိုးစားကြည့်မယ်။ တရားအာရုံကို မူလနယ်ပယ် သတ်မှတ်ပြီး ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံတွေကို လိုအပ်မှသာ ခဏတဖြုတ် သွားရောက်ကျက်စားတဲ့ နယ်ပယ်တစ်ခုအဖြစ် သဘောထားလိုက်မယ်။

အဲဒီတရားထဲမှာ ကိုယ့်နယ်ပယ်မှာပဲ ကိုယ် ကျင်လည်ကျက်စားဖို့ ပေးထားတဲ့ ဥပမာက..

ဘီလုံး ငှက်ငယ်လေး တစ်ကောင် ကို သူ့အမေက “သား.. အမေ အစာရှာထွက်တုန်း.. ဒီမြေစာကျင်းထဲမှာပဲနေ.. ဒီမြေစာ ကျင်းထဲကနေ အပြင်လုံးဝ မထွက်နဲ့” လို့ မှာတယ်.. အဲလိုမှာပြီး အမေဖြစ်တဲ့ ငှက်မကြီးက အစာရှာ ထွက်တာပေါ့..။ အဲဒါကို သားဖြစ်သူက နားမထောင်ဘဲ မြေစာကျင်းထဲကနေ အပြင်ကို ထွက်တော့ အစာရှာထွက်တဲ့ စွန် တစ်ကောင်က မြင်ပြီး သုတ်ပါလေရော.. အဲဒီမှာ ကံကောင်းထောက်မစွာ စွန်လက်သည်းကြားထဲ ပါသွားတဲ့ ဘီလုံးငှက်ငယ်က.. “တောက်.. ငါ သတိမထားလိုက်မိလို့ ခုလို အသုတ်ခံရတာ.. နောက်တစ်ခါ ဆိုလို့ကတော့ ဒီလို သုတ်လို့ ဘယ်ရလိမ့်မလဲ” လို့ ကြုံးဝါးတော့.. အဲဒါကို မခံချင်စိတ် ဖြစ်တဲ့ စွန်ကလည်း ဘီလုံးငှက်ကို ခုန မြေစာကျင်းနှုတ်ခမ်းမှာ ပြန်ချပေးတာပြီး နောက်တစ်ကြိမ် သုတ်ဖို့ ကောင်းကင်ပေါ် ပျံဝဲသတဲ့.. ဒီတော့ ဘီလုံးငှက်က တွင်းဝကနေ “ဟေ့ စွန်ရဲကြီး လာလေကွာ.. လာစမ်းပါ” ဆိုပြီး စိန်ခေါ်တာပေါ့.. ဒါနဲ့ စွန်က တစ်ရှိန်ထိုး.. ထိုးသုတ်တဲ့အခါ ဘီလုံးငှက်က တွင်းထဲက လှစ်ခနဲ ၀င်ပြေးလိုက်တော့ စွန်ငှက်ကြီးခမျာ.. တွင်းဝက မြေစာခဲနဲ့ ရင်ဘတ်နဲ့ စောင့်ပြီး သေပွဲ ၀င်ရသတဲ့.။

ဆိုလိုတာက ကိုယ့်နယ်ပယ်မှာကိုယ် သတိနဲ့ နေရင် အန္တရာယ်ကင်းတာကို ပြောပြသွားတာ ပါပဲ။

၂)
တရားဘက်ကို နယ်ပယ်ချိန်းတော့မယ် ဆိုတော့.. ဒီအာရုံဘက်ကို ခပ်များများလေးနဲ့ ရေရှည် လုပ်နိုင်ဖို့က ကြားမှာ သံဝေဂခံဖို့ လိုလာပြီ။ သံဝေဂက သိပ်ရှာစရာတော့ မလိုပါဘူး။ သေခြင်းတရား ကမ္မဋ္ဌာန်းပါတဲ့ အဘိဏှသုတ်က ကျွန်တော့်ရဲ့ လက်တွဲဖော် ဖြစ်သွားမယ်။ ဒီ အဘိဏှသုတ် မြန်မာပြန်ကို ကိုဝိမုတ္တိ ဆိုဒ်မှာ တွေ့ကတည်းက ကျွန်တော် တော်တော်သဘောကျခဲ့တာ။ မသိသေးသူများ သိနိုင်စေဖို့ ထပ်ပြီး ရေးပေးလိုက်ပါ့မယ်။

နေ့ စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

———————————————————–

ဒီသုတ်ကို လင်္ကာအတိုလေးနဲ့လည်း ခုလို ကျွန်တော် မှတ်ထားပါသေးတယ်။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

သေခြင်းတရား ဆင်ခြင်ပုံနဲ့ ပတ်သတ်လို့လည်း

“ဤကမ္ဘာအတွင်းမှာပင် မသေဖူးသော နေရာဟူ၍မရှိတော့.. မိမိ လမ်းလျှောက်တဲ့ နေရာတိုင်း၊ ခြေလှမ်းတိုင်းဟာ မိမိရဲ့ သင်္ချိုင်းမြေ” ဆိုပြီး ဆင်ခြင်ရမယ်လို့လည်း ကျွန်တော် သေသေချာချာ မှတ်သားမိခဲ့ပါသေးတယ်။

၃)
သေခြင်းတရားကို နှလုံးသွင်းရင်းနဲ့မှ ရံဖန်ရံခါ မေတ္တာပွားတဲ့ဘက်ကိုလည်း ကူးမိမှာပါ။ ကျွန်တော် မှတ်သားဖြစ်ခဲ့တဲ့ သေခြင်းတရားကနေ မေတ္တာကို ကူးယူပုံလေးက..

“တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင် ခဏ တွေ့ကြရတာ.. ရင်ထဲ အေးကြပါစေ”

ဒါက အသေကို ပွားများရာကနေ မေတ္တာဘက်ကူးဖို့ စိတ်အလှည့်လေးပါ။

၎)
နောက်ပြီး.. တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါဟာလည်း သံဝေဂဉာဏ် ရင့်သန်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေမှာမို့ပါ။

“တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်က အို၊ နာ၊ သေ လွတ်ဖို့၊ ဇာတိကုန်ဖို့.. ဇာတိကုန်အောင် အားမထုတ်နိုင်သေးတောင် အပါယ်မကျဖို့”

အထက်တန်း၊ အလယ်တန်း ကျောင်းသားဘ၀က စာမေးပွဲအောင်ဖို့ဆို ဘာသာရပ်တိုင်းကို အောင်မှတ် ၄၀-ရအောင် လုပ်ဖို့က အဓိကပဲ..။ အမှတ်များတာ မများတာ၊ ဂုဏ်ထူးပါတာ မပါတာကတော့ နောက်ကဏ္ဍပေါ့။ ခုလည်း အပါယ်မကျဖို့က အဓိက..။ အပါယ်ကျမှာကိုတော့ သံဝေဂ အပြင်းစားကြီး မဟုတ်သော်လည်း ကျွန်တော် တော်တော်လေး လန့်မိသည်။ အပါယ်ဘုံဘ၀နှင့် ပတ်သတ်ပြီး ဟိုတစ်ခါ နာရတဲ့တရားထဲမှာ

“ချစ်သားတို့ သံသရာ သက်တမ်းက ရှည်ကြာလှပါပြီ။ ဒီသက်တမ်းမှာမှ တိရစ္ဆာန် ဖြစ်ခဲ့ရတဲ့ဘ၀၊ တိရစ္ဆာန်ထဲမှာမှ နွားဘ၀၊ နွားထဲမှာမှ နွားနီချည်းသက်သက် ဖြစ်ခဲ့တဲ့ ဘ၀တွေကို စဉ်းစားကြည့်ရင် အဲဒီ နွားနီ ဘ၀နဲ့ပဲ လည်လှီးအသတ်ခံရလို့ ကျခဲ့ရတဲ့ သွေးဟာ မဟာသမုဒ္ဒရာ ရေထုနဲ့ နှိုင်းယှဉ်ရင် ဘယ်ဟာက များမလဲ..၊ မဟာသမုဒ္ဒရာ ရေထုက နည်းပေလိမ့်မယ် ချစ်သားတို့..” တဲ့..။

အဲဒီတရား ပြန်ပြန်သတိရတိုင်း ကျွန်တော့်လည်ပင်း ကျွန်တော် ပြန်ပြန် စမ်းမိတာက ခဏခဏ..။ ဟိုနေ့ကလည်း ဓာတ်ပုံတွေထဲမှာ လည်လှီးပြီး အသတ်ခံရလို့ သေနေတဲ့ နွားပုံကို မြင်တော့.. အားပါးပါး ငါသာ ဒီလိုဘ၀မျိုး ဖြစ်လို့ကတော့ သွားပြီဆိုပြီး တအား ကြောက်မိသေးတယ်..။ တော်ပြီ.. တော်ပြီ.. တရားအာရုံနဲ့ပဲ ပျော်နိုင်အောင် ကြိုးစားတော့မယ်..။ ထပ်ပြီး လည်လှီး မခံရဲတော့ဘူးဗျာ..။

၅)
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး အကဲခတ်မိသလောက် စိတ်ကူးယဉ် နည်းနည်းဆန်ပြီး အပြောင်းအလဲ ကြိုက်တတ်တာကို သွားတွေ့တယ်..။ စိတ်ကူးယဉ် ဆန်တယ်ဆိုတာ အတွေးတွေနဲ့ စကားပြောတာလို့ ကျွန်တော်မြင်တယ်။ အဲလို စိတ်ကူးယဉ် ဆန်လို့လည်း အတွေးထဲမှာတင် မအောင့်အီးနိုင်ဘဲ ပွင့်အံထွက်လို့ စာတွေ ရေးဖြစ်ခဲ့တယ်..။ စာရေးတဲ့ အလုပ်ဟာ တရားအာရုံ ယူသူတွေအတွက် မကောင်းဘူးဆိုတာ စာ စရေးဖြစ်ကတည်းက ကျွန်တော် နည်းနည်းရိပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စာတစ်ပုဒ် စရေးဖို့ စဉ်းစားပြီ ဆိုကတည်းက အတွေးတွေက တောင်စဉ်ရေမရ ပြန့်ထွက်သွားလိုက်တာ.. ဒီစာကို ဘယ်လိုရေးမယ်၊ ခေါင်းစဉ်ကိုတော့ ဘယ်လိုပေးမယ်၊ ဒီပုံပြင်လေးက ဒါလေးနဲ့ကိုက်တယ်၊ အဲ.. ဒီအဆုံးအမကိုတော့ ဒီနေရာလေး ထည့်လိုက်ရင် အဆင်ပြေမယ်.. အစချီလို့ အတွေးတွေက ဘောင်ဘင်ခတ်ကော..။ သမာဓိ ပျက်တယ်လို့ ပြောရမယ်ထင်တယ်..။ 2011 New Year Resolution ခေါင်းစဉ်နှင့် စာရေးဖို့ လာတဂ်တော့လည်း ဒီစာတွေ ရေးဖြစ်ဖို့ ညက အချိန်တော်တော်များ အတွေးတွေ ယောက်ယက်ခတ် သွားတာတော့ ကျွန်တော် ၀န်ခံရပါဦးမည်။

အဲဒီတော့ ကျွန်တော် စာရေးတဲ့ အလုပ်ကိုလည်း ဖြတ်ဖို့ ကြိုးစားပါဦးမယ်.. ဥပါဒါန် အစွဲလေးတွေကြောင့် တုံးတိကြီး မဖြတ်နိုင်သေးတောင် ဖြည်းဖြည်းချင်းတော့ မျှဉ်းပြီး ဖြတ်သွားမှာပါ။ ဒီ စာရေးတာက ကျွန်တော့်အတွက် ၀ါသနာလို့လည်း ပြောလို့ ရသလို စိတ်ထွက်ပေါက် တစ်ခုလည်း ဖြစ်နေသည့်အတွက် ဖြတ်နိုင်ဖို့ကတော့ ၀ီရိယ အားကောင်းသည့် သတိကို ကျွန်တော်အရင် မွေးမြူရပါဦးမည်။

ဒီလို စာရေးတာကို ဖြတ်ဖို့ တွန်းအားပေးတဲ့.. ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ စာစုလေးက.. ဆရာမြသန်းစံရဲ့ “မမေ့သူတို့ ဓလေ့တူ၍ အတွေ့တူတို့ အတူတွေ့” ဆိုတဲ့ စာအုပ် (စာရေးသူ၏ နိဒါန်းစကား) ထဲက..၊ ဆရာမြသန်းစံ စာပေတွေ ရေးသားသည်ကို သိ၍ ဆရာမြသန်းစံ၏ ဆရာအရှင် ဆုံးမသည့်စကားပါ။ (ကျွန်တော့်အထင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဖြစ်ဖို့များပါသည်။)

“ခင်ဗျားမှာ စာပိုးရှိတယ်နော်.. သတိထား၊ ခင်ဗျားတို့ ကျုပ်တို့ မပြောနဲ့.. ရှေးရှေး ဆရာတော်ကြီးတွေတောင် ဒီလိုပဲ စာပိုး အနှိပ်စက် ခံရတာချည်းပဲ.. ကိုယ့်ကို လွတ်လွတ်ကျွတ်ကျွတ် မဖြစ်အောင် အဲဒီ စာပိုးက အနှောင့်ယှက်နိုင်ဆုံးပဲ..။ တစ်ချို့များ ခန္ဓာဝန် ချတော့မယ့် အချိန်အထိ အဲဒီ စာပိုးက အကြွေးတောင်းသလို လိုက်တောင်းနေတော့တာ။ အဲဒါ သတိသာ ထားပေတော့.. ကိုယ်က တောင်ကုန်းပေါ် တက်နေတုန်းမှာ သူများကို ကုန်းပိုးပြီး ခေါ်ချင်နေရင် ကိုယ်လည်း ခရီးမတွင် သူများလည်း ခရီးမရောက်ပေဘူး။ ကိုယ်ကိုယ်တိုင် လွတ်လွတ်ကျွတ်ကျွတ် တောင်ကုန်းပေါ် ရောက်ခဲ့ပြီဆိုရင် အောက်ကို ကြိုးစ ပစ်ချလိုက်ပါဗျာ.. တစ်ယောက်ပြီး တစ်ယောက် ဆွဲတင်ပြီး ခေါ်လို့ ရပါတယ်ဗျ..။ ဘုရားရှင်နဲ့ အဂ္ဂသာဝက၊ မဟာသာဝက မထေရ်ကြီးတွေက ရှေးရှေးတုန်းက ဒီလိုပဲ.. ကိုယ်တိုင် တောင်ကုန်းပေါ် ရောက်ပြီးမှ အောက်ကို ကြိုးစပစ်ချပြီး ဝေနေယျတွေကို ကယ်ခဲ့ကြတာပါဗျ။ ကိုယ့်ကျမှ ပြောင်းပြန် မလုပ်ချင်ပါနဲ့ဗျာ..။”

ဒီအဆုံးအမက ကျွန်တော့်အတွက် အတော် “တာ” သွားသလို.. ကျွန်တော် စာရေးချင်တိုင်း.. သို့တည်းမဟုတ် တရားနှင့် မလျော်တာတွေ လုပ်မိဖို့ စိတ်ကူးပေါ်တိုင်း အနီးကပ်စောင့်ရှောက်သည့် မိတ်ဆွေကောင်းသဖွယ် အားကိုးအားထား ပြုဖြစ်မှာပါ။

{စာပေ ရေးသားလျှက်ရှိတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များကို ကျွန်တော် (တပည့်တော်) အနူးအညွတ် တောင်းပန်ပါရစေ။ ဒီလို စာပေရေးသားသူတွေ ရှိလို့လည်း ကျွန်တော် (တပည့်တော်) ဒီလိုအသိတွေ ရရှိတာပါ (ဘုရား) }

၆)
ကျေးဇူးသိတတ်သော၊ ကျေးဇူးဆပ်နိုင်သော သားကောင်းတစ်ယောက် ဖြစ်အောင်လည်း ကျွန်တော် ကြိုးစားဖြစ်ဦးမှာပါ။
အဖေကား ကျွန်တော်တို့ လျှောက်ရမည့် မရဏခရီးကို ဦးအောင် လျှောက်သွားပြီ..။ ကျွန်တော့်မှာ အမေပဲ ရှိတော့သည်။ ဒီအသက်အရွယ်၊ ဒီလို အခြေအနေရောက်အောင် ကျွန်တော့် မိဘနှစ်ပါးက ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့သည်။ အဖေ့ကို လုပ်ကျွေးခွင့် မရတော့သော်လည်း အမေ့ကို အတိုးချ၍ ကျွေးမွေး စောင့်ရှောက်ခွင့် ကျွန်တော့်မှာ ရှိသည်။ အမေ့ကို ပြုစုရမည်၊ စောင့်ရှောက်ရမည်၊ တရားနှင့်အညီ အလုပ်အကျွေး ပြုနိုင်ရန်တော့ ဘာသာရေး အဆုံးအမတွေက ကျွန်တော့်ကို ထိန်းကျောင်းပေးသွား ပေလိမ့်မည်။

၇)
အထက်ပါ အစီအစဉ်တို့ကား ကျွန်တော် အဓိက လုပ်ဖြစ်မည့် အရာများကို အကျဉ်းမျှ ချရေးထားခြင်းမျှသာ..။ ကြိုကြား ကြိုကြား ကျွန်တော်လုပ်ချင်သည့် အရာများလည်း ရှိနေပါသေးသည်၊ ရှိပါလိမ့်ဦးမည်။ သို့သော် ဘယ်အရာပဲ ဖြစ်ဖြစ် ကျွန်တော် လုပ်ချင်စိတ် ပေါ်တိုင်း မဖြစ်မနေ ရကိုရ,ရမည် ဟူသော ဥပါဒါန် ပြင်းပြင်းဖြင့် မဆောင်ရွက်မိအောင်လည်း ကျွန်တော့်စိတ်ကို ထိန်းကျောင်းပါဦးမည်။ “တောင့်တနည်းလေ ကြောင့်ကြနည်းလေ” ဟူသော အဆုံးအမနှင့် “အဘယ်အရာမျှ အစိုးမရသည့် အနတ္တ” သဘောကိုလည်း ဘုရားအဆုံးအမကနေ ကျွန်တော် သိရှိထားပြီးပြီ။ ရှေ့လျှောက် လုပ်ရမည့် စီမံကိန်းနှင့် အနတ္တသဘော ရောယှဉ်သော အဆုံးအမ တစ်ခုကိုလည်း ပိုင်းလော့ဆရာတော်ဘုရား တရားတစ်ပုဒ်ကနေ ကျွန်တော် မှတ်သားထားပြီးပြီ။

“အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော်.. ဖြစ်ချင်မှ ဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်..။”

—————————————————-

အထက်ပါ အစီအစဉ် တို့နှင့်ပတ်သတ်၍ ရာခိုင်နှုန်း (%) ဘယ်လောက်များများ လုပ်ဖြစ်မည် ဆိုသည်ကိုတော့ သတိဦးစီးသော ၀ီရိယ ဘယ်လောက် ကောင်းမကောင်းက ဆုံးဖြတ်ပေးသွား ပါလိမ့်မည်။ အခြေခံကတော့ သတိ (သမ္မာသတိ) ပေါ့။

ကျွန်တော် လုပ်ဆောင်မည့် အစီအစဉ်များကို ပြန်စဉ်ကြည့်မိသည်။
၁) နယ်ပယ်ချိန်းဖို့ (တရားနယ်ပယ်သို့)
၂) တရားနယ်ပယ်တွင် ရေရှည်တည်စေရန် သံဝေဂပွားဖို့ (သေခြင်းတရား)
၃) သေခြင်းတရား ကမ္မဋ္ဌာန်းမှ မေတ္တာကမ္မဋ္ဌာန်းသို့ ကူးပြီး ပွားများဖို့
၎) တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့ (အပါယ်မကျအောင်တော့ ကြိုးစားရမည်။)
၅) စာရေးသည့် အလုပ်အား တဖြည်းဖြည်း ဖြတ်ဖို့
၆) အမေ့ကို ပြုစုလုပ်ကျွေးလျှက် စိတ်ချမ်းသာအောင် ထားသွားဖို့
၇) ဖြစ်ချင်သည့် စိတ်ဆန္ဒ ပေါ်တိုင်း ကောင်းတာဆိုလျှင် အတတ်နိုင်ဆုံး လုပ်မည် ဖြစ်သော်လည်း ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိသော အနတ္တ သဘောကိုတော့ မေ့မထားဖို့

အနှစ်ချုပ်ရရင်တော့ ဘ၀ကို ဓမ္မဖြင့် တည်ဆောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားသည်။

သို့သော်.. ကျွန်တော်သည် သာမန် လူတစ်ယောက် ပုထုဇဉ် အရူးသာ ဖြစ်လို့.. အကယ်၍ ကျွန်တော့် စိတ်ကူးများ လွဲချော်ကာ အမိုက်ဓာတ်များဝင်လို့ အပေါ်ကအတိုင်း ကျွန်တော် စိတ်ကူးထားတာတွေ အနည်းနှင့် အများ မလုပ်ဖြစ်ဘဲ ရှိကောင်း ရှိနိုင်ပါသည်။ ဤသို့ ဓမ္မလမ်းကြောင်းကို သွေဖီ၍ အဓမ္မ လမ်းကြောင်းပေါ်ရောက်လို့ လမ်းမှားလိုက်နေသော လူတစ်ယောက် ကျွန်တော် ဖြစ်သွားလျှင်..၊ ဖြစ်ခဲ့လျှင်.. ကျွန်တော့်အား အားမနာတမ်း ပြောဆိုဆုံးမ သွန်သင်ပေးကြမည့် ဆရာသမားကောင်း၊ မိတ်ဆွေကောင်းများ ကိုတော့ ကျွန်တော် အထူးတောင့်တမိပါသည်။ သွန်သင်ဆုံးမ ပဲ့ပြင်ပေးကြပါရန်လည်း ယခု ဤပို့စ်ကို တဂ်သော ကိုဝိမုတ္တိသုခ နှင့်တကွ ဆရာသမားအပေါင်း၊ မိတ်ဆွေအပေါင်းကိုလည်း ရိုကျိုးစွာ မေတ္တာရပ်ခံအပ်ပါသည်။

နှစ်သစ်မှာ အားလုံးပဲ စိတ်နှလုံး အေးမြကြပါစေ။

လေးစားရိုသေ ကျေးဇူးတင်စွာဖြင့်
ဖိုးသား

1/5/2011, WED:, 1:02:33 PM

Read more...

ဇန်န၀ါရီ ၃ ရက်

ဟိမ၀ါနှင်းတွေ

မိဂဒါဝုန်လမ်းထဲ

မူးမူးမဲမဲ ၀င်တိုက်

ငါနောက်ဆုတ်ပေးလိုက်တယ်....။


ခြေလှမ်းပဲ မှားရတယ်ရှိသေးကွယ်

သံယောဇဉ်လေးမလုံမခြုံနဲ့တော့

ငါ့ဆောင်းကို ငါထမ်းပြီး

နွေလမ်းထိ လျှောက်ပါ့မယ်...

ဓမ္မဂင်္ဂါ

(၃-၁-၂၀၁၁)

Read more...

မေတ္တာသုတ်တော်

ပူဆာနှလုံး၊ ပျက်ပြုန်းဥစ္စာ၊ လူတကာလည်း၊ မေတ္တာမပွား၊ ညှဉ်းဆဲများလျက်၊ အိပ်စက်မပျော်၊ ညှိုးရော်ကျဉ်းမြောင်း၊ မကောင်းအိပ်မက်၊ ၀ိတက်ဗျာပါ၊ ရှိသောခါမူ၊ မေတ္တာပရိတ်၊ ကြံစိတ်ရွတ်နှုတ်၊ ခုနစ်အုပ်တည်း။

အင်္ဂါနေ့နှင့် နတ်များခြောက်လှန့်၊ မကောင်းသော အိပ်မက်၊ ရန်ငြိုးရန်စ ရှိသောအခါ ရွတ်ဖတ်ရ၏။

မေတ္တာသုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး

မေတ္တာသုတ်တော်တွင် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးကို ဖြောင့်မတ်ဖြူစင်စွာ ထားလျက် သတ္တ၀ါအားလုံးတို့အပေါ်၌ မေတ္တာတရား ပွားများကြပုံကို ဟောကြားထားသည်။ မေတ္တသုတ်ကို မကောင်းဆိုးဝါး (ဘီလူး၊ သရဲ) အခြောက်အလှန့်ခံရသောအခါ၊ မလိုမုန်းထားသူ ပေါများသောအခါ၊ အိပ်မက်ဆိုး၊ အတိတ်ဆိုး၊ နိမိတ်ဆိုးများနှင့် ကြုံတွေ့ရသောအခါများတွင် ရွတ်ဖတ်ကြသည်။

မေတ္တာသုတ်

၁။ ယဿာနုဘာဝတော ယက္ခာ၊

ယက်သာနုဘာဝတော ယက်ခါ

နေ၀ ဒေဿန္တိ ဘီသနံ၊

နေ၀ ဒက်သင်တိ ဘီသနံ

ယဥှိ စေ၀ါနုရုဉ္ဇန္တော၊

ယင်ညှိ စေ၀ါ နုယန်ဇန်တော

ရတ္တိန္ဒိဝ မတန္ဒိတော။

ရက်တန်ဒိဝ မ တန်ဒိတော။

မေတ္တာသုတ် ပရိတ်တော်၏ တန်ခိုးရှိန်စော အာနုဘောကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း၊ အသံ အစရှိသော အာရုံတို့ကို မပြ၀ံ့ မခြောက်ဝံ့ကြလေကုန်။ မေတ္တသုတ်ပရိတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်-

၂။ သုခံ သုပတိ သုတ္တော စ

သုခံ သုပတိ သုတ်တော စ

ပါပံ ကိဉ္စိ န ပဿတိ

ပါပံ ကိန်စိ န-ပတ်သတိ

ဧ၀မာဒိဂုဏူပေတံ

အေ၀မာဒိ ဂုဏုပေတံ

ပရိတ္တံ တံ ဘဏာမဟေ

ပရိတ်တံ တံ ဘဏာမဟေ

ချမ်းသာစွာ အိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိမ်မက်ကို တစိုးတစိမျှ မမြင်မက်။ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို အို ….. သူတော်ကောင်းအပေါင်းတို့၊ ငါတို့ ရွတ်ဖတ်ကြကုန်စို့။

၃။ ကရဏီယမတ္ထ ကုသလေန

ကရဏိယ မတ်ထ ကုသလေန

ယန္တ သန္တံ ပဒံ အဘိသမေစ္စ

ယန်တ - သန်တံ - ပဒံ - အဘိသမစ်စ

သက္ကော ဥဇူ စ သုဟုဇူ စ

သက်ကော အုဇူစ သုဟုဇူ စ

သုဝစော စဿ မုဒု အနတိမာနီ။

သုဝစော စတ်သ မုဒု အနတိမာနီ

လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက် အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ ကိုယ်နှင့် အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။ သူတစ်ပါးအပေါ် မော်ကြွား ထောင်လွှားသော မာန်မနမရှိရာ။

၎။ သန္တုဿကော စ သုဘရော စ

သန်တုတ်သကော စ သုဘရော စ

အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ

အပ်ပကိတ်စော စ သန်လဟုက ၀ုတ်တိ

သန္တိန္ဒြိယော စ နိပကော စ

သန်တိန်ဒရိယော စ နိပကော စ

အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ

အပ်ပ - ဂတ်ဗော ကုလေသွ န နုဂိတ်ဓော။

ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။ နည်းပါးသော အမှုကိစ္စရှိရာ၏။ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏။ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဥာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာတို့၌ တွယ်တာ မက်မောမှု မရှိရ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ

န - စ ခုတ်ဒ မာစရေ ကိန်စိ

ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ

ယေန ၀ိန်ညူ ပရေ အုပ ၀ဒေယုံ

သုခိနော ၀ ခေမိနော ဟောန္တု

သုခီနော ၀ ခေမိနော ဟွန်တု

သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ

သပ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

ပညာရှိတို့ ကဲ့ရဲ့ ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုလုပ်ရာ။ ခပ်သိမ်းသော သတ္တ၀ါတို့သည် ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေသတည်း။ ဘေးရန်ဥပဒ္ဒေဝေါ မရှိကြပါစေကုန်သတည်း။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ

ယေ ကေစိ ပါဏ - ဘူတတ်ထိ

တသာ ၀ါ ထာဝရာ ၀ န၀သေသာ

တသာ ၀ါ ထာဝရာဝ န၀ သေတာ

ဒီဃာ ၀ါ ယေ ၀ မဟန္တာ

ဒီဃာ ၀ါ ယေ၀ မဟန်တာ

မဇ္ဈိမာ ရဿကာ အဏုကထူလာ

မစ်ဈိမာ ရတ်သကာ အဏုက ထူလာ

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ

ဒိတ်ထာ ၀ါ ယေ၀ အ - ဒိတ်ထာ

ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ

ယေ၀ ဒူရေ ၀သန်တိ အ-၀ိဒူရေ

ဘူတာ ၀ သမ္ဘဝေသီ ဝ

ဘူတာ ၀ သမ္ဘေ၀သိီ ၀

သဗၺသတၱာ ဘ၀ႏၲဳ သုခိတတၱာ

သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ။

အကြွင်းမရှိ အလုံးစုံ ထွက်သက် ၀င်သက်ရှိသော သတ္တ၀ါ၊ ထင်ရှားရှိသော သတ္တ၀ါ၊ ထိတ်လန့်တတ်သော သတ္တ၀ါ၊ တည်ကြည်ငြိမ်သက်သော သတ္တ၀ါ၊ ရှည်သောသတ္တ၀ါ၊ တိုသော (ပုကွသော) သတ္တ၀ါ၊ မတိုမရှည်သော သတ္တ၀ါ၊ ကြီးသောသတ္တ၀ါ၊ ငယ်သောသတ္တ၀ါ၊ မကြီးမငယ်သောသတ္တ၀ါ၊ ဆူသောသတ္တ၀ါ၊ ကြုံသောသတ္တ၀ါ၊ မဆူမကြုံသောသတ္တ၀ါ၊

မျက်စိဖြင့် မြင်ကောင်းသောသတ္တ၀ါ၊ အနီး၌နေသောသတ္တ၀ါ၊ ထင်ရှားဖြစ်ပေါ်ပြီးသောသတ္တ၀ါ၊ ဖြစ်ဆဲတည်နေသောသတ္တ၀ါ၊ ဤအလုံးစုံသော သတ္တ၀ါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊

န-ပရော ပရံ နိကုပ်ဗေထ

နာတိမညေထ ကတ္ထစိ န ကဉ္စိ

နာတိ မင်ညေထ ကတ်ထစိ န-ကိန်စိ

ဗျာရောသနာ ပဋိဃသည

ဗျာရောသနာ ပတိဃသင်ည

နာညမညဿ ဒုက္ခမိစ္ဆေယျ

နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ

တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်။ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သာသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ၊ ၀စီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင့် မအောက်မေ့ပါစေလင့်။ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

၉။ မာတာ ယထာ နိယံ ပုတ္တ

မာတာ ယထာ နိယံ ပုတ်တ

မာယုသာ ဧကပုတ္တ အနုရက္ခ

မာယုသာ အေက ပုတ်တ မနုရက်ခေ

ဧ၀မ္ပိ သဗ္ဗဘူတေသု

အေ၀မ်ပိ သပ်ဗ ဘူတေသု

မာနသံ ဘာဝယေ အပရိမာဏံ

မာနသံ ဘာဝယေ အ-ပရိမာဏံ။

အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသော သတ္တ၀ါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ

မစ်တင်စ သပ်ဗ လောကတ်သမိန်

မာနသံ ဘာဝယေ အပရိမာဏံ

မာနသံ ဘာဝယေ အ-ပရိမာဏံ

ဥဒ္ဓံ အဓော စ တိရိယဉ္စ

အုတ်ဓံ အဓော စ တိရိယင်စ

အသမ္ဗာ ဓံ အဝေရ မသပတ္တံ

အ-သပ်ဗာဓံ အ-ဝေရ မ-သပတ်တံ။

ကာမဘ၀တည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘ၀တည်းဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘ၀တည်းဟူသော အထက်လောက်၌လည်းကောင်း ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ၊ ကိုယ်တွင်းဘေးရန်လည်းမရှိ၊ အပဘေးရန်လည်းမရှိ၊ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ

တိတ်တံ စရံ နိသိန်နော ဝ

သယာနော ယာဝတာ ဿ ၀ိတမိဒ္ဓေါ

သယာနော ယာဝတတ်သ၀ိတ မိတ်ဓော

ဧတံ သတႎ အဓိေ႒ယ်

အေတံ သတိန် အဓိတ်ထေယ

ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။

ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု။

ရပ်နေစဉ်သောလည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လျောင်းနေစဉ် သော်လည်းကောင်း၊ မအိပ်ငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍နေထိုင်းခြင်းကို “ မြတ်သောနေခြင်း ” (ဗြဟ္မာကြီးနှင့်တူသော နေခြင်း) ဟူ၍ မြတ်စွာဘုရားတို့ ဟောကြားတော်မူကုန်၏။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ

ဒိတ်ထိန်စ အနုပက်ဂမ်မ

သီလ၀ါ ဒဿနေန သမ္ပန္နော

သီလ၀ါ ဒတ်သနေန သမ်ပန်နော

ကာမေသု ၀ိနယျ ဂေဓံ

ကာမေသု ၀ိနေယျ ဂေဓံ

နဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတိ

န-ဟိ-ဇာတုတ်-ဂတ်ဘ သေယ ပုန ရေတိ။

မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဥာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဥာဏ်အမြင့်နှင့် ပြည့်စုံပြီးလျှင် ၀တ္ထုကာမ၊ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တစ်ဖန် အမိဝမ်းတွင် ပဋိသန္ဓေခြေင်းသို့ ဧကန်မရောက်တော့ပြီ။

မေတ္တသုတ္တံ နိဋ္ဌိတံ။

အန- တိမာနီ ဟုမဖတ်ရ။ အနတိမာနီ ဟုတစ်ဆက်တည်းဖတ်ပါ။

အပ်ပ-ဂတ်ဘော ဟုမဖတ်ရ။ အပ် ပဂတ်ဘော ဟုဖတ်ပါ။

ကုလေသွန-နုဂိဒ္ဓေါ ဟုမဖတ်ရ။ ကုလေသွ န-နုဂိဒ္ဓေါ ဟုဖတ်ပါ။

တ-သာဝါဟု မဖတ်ရ။ တသာဝါ ဟုဆက်ဖတ်ပါ။

မန-သံဟု မဖတ်ရ၊မာနသံ ဟုဆက်ဖတ်ပါ။

မ-သ-ပတ်တံဟု မဖတ်ရ၊ မ-သပတ်တံ ဟုဖတ်ပါ။

Read more...

2011 New Year Resolution

Prelude

ပြက္ခဒိန်စာမျက်နှာတွင် နှစ်တစ်ခု၏ ဒီဇင်ဘာလ (၃၁)ရက်နေ့ မှ အခြားနှစ်တစ်ခု၏ ဇန္န၀ါရီလ (၁) ရက်နေ့သို့ ကူးပြောင်းသွားခြင်းကို နှစ်သစ်ကူးသည်ဟုဆိုကြသည်။ နှစ်သစ်ကူးခြင်း၏ ထူးခြားသောအချက်မှာ အခြားသော ကူးပြောင်းခြင်းများတွင် ထင်ရှားသော လက္ခဏာရပ်များ ပြောင်းလဲဖြစ်ပေါ်ခံစားရတတ်သော်လည်း နှစ်သစ်ပြောင်းချိန်တွင်မူ မည်သို့မျှ ပြောင်းလဲမှု ဖြစ်မသွားခြင်းပင်ဖြစ်သည်။ ဥပမာ အရပ်ဒေသတစ်ခုမှ နောက်တစ်ခုသို့ ခရီးသွားသောသူတစ်ဦးသည် အရပ်ဒေသသစ်သို့ ရောက်ရှိသွားပါက ရာသီဥတုပြောင်းသွားခြင်း၊ ရှုခင်းများပြောင်းသွားခြင်း၊ အချိန်နာရီများ ပြောင်းသွားခြင်းများကို ဖြစ်ပေါ်ခံစားရမည် ဖြစ်သည်။ လူဘ၀မှ ရဟန်းဘ၀သို့ပြောင်းလိုက်သောသူသည် အ၀တ်အစားအသွင်အပြင်နှင့် နေပုံထိုင်ပုံ အပြောအဆိုအမူအရာများ ပြောင်းလဲသွားမည်ဖြစ်သည်။ အယူဝါဒတစ်ခုမှ အခြားသောအယူဝါဒတစ်ခုသို့ ပြောင်းလဲလိုက်သူသည်လည်း မိမိရှေးယခင်က လက်ခံကျင့်သုံးလိုက်နာခဲ့သော ယုံကြည်မှုများအားလုံးကို ခ၀ါချ၍ အသစ်အသစ်သော ယုံကြည်မှုများဖြင့် အစားထိုးလိုက်ရမည်ဖြစ်သည်။ သို့သော်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသွားသော သူတစ်ဦးအတွက်မှာမူ ဤသို့သော ထူးခြားလက္ခဏာဖြစ်စဉ်များ မဖြစ်ပေါ် မခံစားလိုက်ရဘဲ အများက ပြောင်းသွားပြီဟု တညီတညွတ်တည်း ပြောဆိုရေးသားလိုက်ကြခြင်းကို လက်ခံလိုက်ရုံမျှဖြင့် ကိစ္စပြီးလေသည်။


နှစ်ဟောင်းတစ်ခုမှ နှစ်သစ်သို့ကူးပြောင်းလိုက်သဖြင့် ရောက်လာမည့်နှစ်သစ်တွင် အစစအရာရာ အကောင်းဆုံးများဖြင့် အလျှံပယ်ပြည့်စုံနေပြီး လိုတိုင်းတ စိတ်တိုင်းကျ ဖြစ်ရတော့မည်ဟု လူအများစုက မျှော်လင့်တောင့်တတတ်ကြသည်။ ထိုသို့တောင့်တမျှော်လင့်ခြင်းသည် စိတ်ပညာရှုထောင့်ကကြည့်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း အသိတရားကြီးကြီးဖြင့် ဖြစ်နိုင်ချေများအပေါ် ဆင်ခြင်စဉ်းစားကြည့်တတ်မည်ဆိုပါက ၄င်မျှော်လင့်ချက်များသည် ပုံပြင်တစ်ပုဒ်ထဲကလို လကိုရောက်ဖို့ လှေကားဆောက်ရင်း ပျော်ရွှင်နေကြသူများပမာ ဖြစ်နေလေတော့သည်။ မြတ်စွာဘုရားတရားတော်အရဆိုလျှင် ”အကြောင်းကောင်းမှ အကျိုးကောင်းနိုင်မည်” ဖြစ်သည်။ ထိုအဆိုကို မည်သူစောဒကတက် ငြင်းလိုပါသနည်း။ သိုးဆောင်းစကားပုံ၌လည်း "You will get what you deserve" ဆိုသော စကားက ရှိနေပြီးဖြစ်သည်။ ကျော်လွန်ဖြတ်သန်းပြီးသွားခဲ့သော နှစ်အချိန်ပေါင်းများစွာကို ကောင်းစွာအသုံးချနိုင်ခဲ့သူမှသာ Happy New Year ဟူသော စကားသည် ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်ရှိသည်။ ထိုစကားရာနှုန်းပြည့်မှန်ကန်ဖို့ရန်တွင်တောင်မှ ကာယကံရှင်၏ လာမည့်နှစ်သစ်အတွင်းပြုလုပ်မည့် အလုပ်ကံများပေါ်တွင် အများကြီး ခိုမှီနေသေးသည်။ အခြားတစ်ဘက်မှ ပြန်စဉ်းစားကြည့်လျှင်လည်း အကယ်၍ ရှေးယခင်ကုန်ဆုံးခဲ့ပြီးသော နှစ်များက အကြောင်းကောင်းများ မလုပ်နိုင်ခဲ့သေးလျှင်တောင်မှ ယခုလာမည့်နှစ်အတွင်း အကြောင်းကောင်းများကို ကြိုးစားလုပ်ဆောင်သွားနိုင်ခဲ့လျှင်လည်း အဆိုးထဲမှ အကောင်း ဖြစ်လာနိုင်ပြီး အဖက်ဆယ်နိုင်မည်ဖြစ်သည်။ နောက်တော့မကျသေးဟု ဆို၍ရနိုင်ကောင်းသည်။


Verse

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးချိန်၌ လမ်းတွင်တွေ့သမျှ လူဖြူများကိုလည်းကောင်း၊ လူမည်းများကိုလည်းကောင်း၊ လူဝါများကိုလည်းကောင်း ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ဟု လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကလည်း မိမိကို ပြန်၍ ထိုနည်းလည်းကောင်းပြန်၍နှုတ်ဆက်ကြသည်။ ထိုတဒင်္ဂအချိန်အတွင်းတော့ အလွန်ပျော်ရွှင်ကြည်နူးဖို့ကောင်းသည်။ ကျန်သည့်အချိန်တွင် အားလုံးတစ်စိမ်းပြင်ပြင်နေတတ်ကြသော်လည်း ဒီအချိန်ခဏလေးမှာတော့ တွေ့သမျှ လူအားလုံးသည် ငယ်ပေါင်းကြီးဖော် ဆွေးမျိုးသားချင်း ညီရင်းအကိုများပမာ လက်ဆွဲနှုတ်ဆက်သူကဆက်၊ ပွေ့ဖက်သူကဖက်၊ ပါးချင်းကပ်နမ်းတဲ့သူကနမ်း။ ထိုအချိန်ခဏသည် အားလုံးရင်ထဲ၌ မေတ္တာဓာတ်တို့စီးဆင်းနေကြသည်။


နှစ်သစ်တစ်ခု၏ ပထမဆုံးရက် အိပ်ရာမှ နိုးထခြင်းသည် နှစ်ဟောင်းတုန်းကနေ့ရက်များ အတိုင်းပင်ဖြစ်သည်။ နိုးနိုးချင်း ၀င်နေကျအတွေးများသာဝင်လာသည်။ အိပ်ရာမှ ထထချင်း လုပ်နေကျအတိုင်း အလုပ်များသာ လုပ်ဖြစ်သည်။ မနက်စာကလည်း စားနေကျအတိုင်းပဲစားဖြစ်သည်။ နောက် သွားနေကျလမ်းအတိုင်းဘဲ သွားနေကျနေရာကို သွားသည်။ တွေ့နေကျလူတွေနှင့်တွေ့သည်။ ပြန်လာနေကျ အချိန်မှာ အိမ်ကိုပြန်ရောက်သည်။ တကယ်တော့ ဒီနှစ်သစ်ဆိုတာ အရင်နှစ်နှင့် ဘာမှလည်း မကွာဟု စိတ်ထဲတွေးမိသည်။


ပြီးခဲ့သည့် ၂၀၁၀ အစောပိုင်းကာလများက တစ်နှစ်အတွင်းလုပ်ဖို့ စဉ်းစားစိတ်ကူးထားခဲ့သည်များရှိခဲ့သည်။ နှစ်ကုန်ချိန်တွင် စာရင်းချုပ်ကြည့်တော့ စိတ်ကူးထားသည်များ၏ ၄၀ ရာခိုင်နှုန်းလောက် လုပ်ဖြစ်ခဲ့သည်။ ထိုလုပ်ဖြစ်ခဲ့သည်များ၏ ၃၀ ရာခိုင်နှုန်းလောက် အကောင်အထည်ပေါ်သည်ဟု ဆိုနိုင်ခဲ့သည်။ ထို့အတွက် တစ်နှစ်စာမှန်းထားသည်များမှ အလုပ်မည်၍မည်မျှပြီးစီးလုပ်ကိုင် နိုင်ခဲ့သနည်းဟု ငယ်ငယ်က တွက်ခဲ့ရသည့် သင်္ချာပုစ္ဆာမေးခွန်းအတိုင်း မိမိကိုယ်ကို ပြန်မေးကြည့်ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်း အချိန်ပိုတော်တော်များများ ရလိုက်သည်။ ထိုအချိန်ပိုများတွင် ပညာရပ်အသစ်အချို့ကို လေ့လာဆည်းပူးဖြစ်ခဲ့သည်။ ပတ်ဝန်းကျင်အသစ်အချို့ ကို ထိတွေ့ခွင့်ရခဲ့သည်။ မိတ်ဆွေသစ်အချို့ နှင့် ခင်မင်ခွင့် ရလိုက်သည်။ မိတ်ဆွေဟောင်းအချို့ နှင့်တော့ ဆက်ဆံရေး သိပ်အဆင်မပြေဖြစ်ခဲ့တာရှိသည်။ မလုပ်ဖူးသေးသည့်ကိစ္စအချို့  လုပ်ဖြစ်လိုက်သည်။ ကုသိုလ်ရေးကို မဆိုစလောက် လုပ်ဖြစ်သည်။ အကုသိုလ်ရေးကတော့ နေ့တိုင်းနီးပါး ဆိုသလိုပင်။

တစ်နှစ်ထက်တစ်နှစ် ခန္ဓာကိုယ်ကတော့ မသိမသာ မသိမသာဖြင့် အိုမင်းယိုယွင်းလာခဲ့ပြီဖြစ်သည်။ စိတ်ကကော နှစ်တွေပြောင်းသွားသည်နှင့်အမျှ ပို၍ အိုမင်းသွားလား၊ ပို၍ နုပျိုလာလား၊ အရင်အတိုင်းပဲလား ဆိုသည်မှာ မမြင်ရသည့်အရာမို့ ပြောဖို့ရန် အတော်လေးတော့ခက်သည်။ သို့သော် ဘာအတွေးတွေတွေးပြီး ဘာအာရုံတွေမှာ မွေ့လျှော်ပျော်ပါးနေလဲဆိုတာနှင့်တော့ မှန်းကြည့်လို့ရနိုင်ကောင်းသည်။ ဆရာတော်တစ်ပါးက တရားတစ်ပုဒ်၌ လူသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ (သို့) အသိဉာဏ်ရင့်ကျက်လာသည်နှင့်အမျှ အာရုံငါးပါးတွင် ဓမ္မာရုံကို ပို၍ခံစားနှစ်သက်လာတတ်ကြောင်း ဟောထားသည်ကို နာခဲ့ဖူးသည်။ တရားစာပေများ၌လည်း ဘုရားရှင်နှင့် အရိယာသူတော်ကောင်းကြီးများသည် မိမိတို့ အသီးသီးဆီ၌ ရရှိထားသော တရားအသိဉာဏ်နှင့် လျော်ညီထိုက်တန်သည့် တရားချမ်းသာအတွေ့ထူးကို ခံစားရင်း သီတင်းသုံးမွေ့လျော်နေတတ်ကြကြောင်း ဆိုထားသည်။ သို့ဆိုလျှင် မိမိအနေဖြင့်ရော အချိန်တော်တော်များများတွင် မည်သည့်အာရုံ၌ ကျင်လည်ကျက်စားမွေ့လျှော်ပျော်ပါးနေတတ်သနည်းဟု မေးခွန်းထုတ်ရန်သာ ရှိတော့သည်။


ကျိန်းသေသည်ကတော့ မနှစ်ကတွေးနေခဲ့သည့်အတွေးများနှင့် ယင်းအတွေးများကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုများ သည် ယခုနှစ်သစ်မှာဖြစ်နေသည့် အတွေးများ ခံစားမှုများနှင့် သိပ်ပြီး ကွာဟမှုမရှိခြင်းပင်ဖြစ်သည်။ အရင်အတိုင်းပဲ ဟု ဆို၍ ရနိုင်ကောင်းသည်။ ဤအတိုင်းဆိုလျှင် မနှစ်ကထက် ထူးပြီး ပြောင်းလဲမှုမရှိ ဖြစ်နေပြီ ဆိုသည်မှာ ကျိန်းသေသလောက် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ က Happy New Year တကယ်ဖြစ်ခဲ့ရဲ့ လားဟု မေးလျှင် ထွက်ပေါ်လာသော အလုပ်ပြီးမြောက်မှု ရာခိုင်နှုန်းများက အဖြေကိုပေးသည်။ လာမည့်ယခုနှစ်တွင်လည်း အကယ်၍ ဒီအတိုင်းဆက်သွားလျှင် ဒီအဖြေကိုပင် ဆက်၍ ပေးနေလိမ့်အုံးမည်ဖြစ်သည်။ လူသည် စိတ်ထားနှင့်တန်သည့်ဘ၀ကို ရသည် ဟု ပညာရှိများကဆိုသည်။ စိတ်နှင့်ဘ၀သည် တိုက်ရိုက်အချိုးကျသည်။ စိတ်ထားကို မပြောင်းလဲနိုင်ခဲ့ပါက ဘ၀ကို ပြောင်းလဲနိုင်မည်မဟုတ်ဟု ဆိုလိုရင်းဖြစ်သည်။ ထို့အတွက် ယခုလာမည့်နှစ်တွင် အပြောင်းအလဲများဖြစ်စေရန် စိတ်ကို စတင်ပြီး ပြောင်းလဲပစ်ဖို့ အထူးလိုအပ်နေပြီဖြစ်ကြောင်း ကောက်ချက်တစ်ခု မိမိဖာသာ ဇွတ်အတင်းချဖြစ်လိုက်သည်။


Epilude

ယခုရောက်နေသည့် နှစ်သစ်အတွက် သန္နိဋ္ဌာန်အသစ်များ ဆုံးဖြတ်ချက်အသစ်များဖြင့် ခရီးဆက်ဖို့အတွက် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ဖြစ်သည်။ နာမည်ကျော်ပုဂ္ဂိုလ်များကတော့ ၂၀၁၁အတွက် သူတို့ရှေ့ ဆက်လုပ်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေငြာမှုတွေ ပြုလုပ်နေကြသည်။ တချို့ ကလည်း လုပ်လက်စ အလုပ်တွေ ဆက်လုပ်မည်ဟု ပြောကြသည်။ တချို့ ကလည်း ပြောဖို့ရန် စောနေသေးသည်ဟု ဆိုကြပြန်သည်။

မိမိအနေဖြင့်တော့ ယခုနှစ်သစ်တွင် ပြီးခဲ့သောနှစ်က အလုပ်အကြွေးများကို အရင်ကျေလည်အောင်ဆပ်ဖို့ရှိနေသည်။ ၄င်းအကြွေးများကုန်၍ အချိန်ထပ်ရသေးခဲ့လျှင်တော့ မိမိအတွက် ကိုယ်ပိုင်ချိန်သီးခြားရအောင် ရှာယူပြီး ၀ါသနာပါသော ကိစ္စအချို့ အတွက် အချိန်ပေးချင်သည်။ ကိုယ့်ဖာသာပေးထားသော နာမည်နှင့်လိုက်အောင်လည်း လွတ်မြောက်မှုချမ်းသာကို ရှာရပေအုံးမည်။ အကြမ်းအားဖြင့်တော့ ယခုနှစ်ကို အတ္တ ပရ မျှတအောင် ကြိုးစားနေထိုင်ဖို့ ဆုံးဖြတ်ထားသည်။ နောက် ဘုရားရှင်အဆုံးအမတော်အတိုင်း ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုမဟုတ် တစ်ခု နေ့တိုင်း ရနိုင်အောင် ထိန်းကျောင်းနေထိုင်ဖို့ သတိကို အားကိုးတစ်ခု ပြုရပေလိမ့်ဦးမည်ဖြစ်သည်။ ဂျပန်လူမျိုးများ နှစ်သစ်တွင် အချင်းချင်း နှုတ်ဆက်သည့်ဓလေ့ထုံးစံအတိုင်း “မင်္ဂလာရှိသော နှစ်သစ်ပါ။ ဒီနှစ်ကိုလည်း ကူညီစောင့်ရှောက်ဖေးမပေးပါအုံး။ ဟု အားလုံးကို ဂါရ၀ပြု နှုတ်ခွန်းဆက်သလိုက်ပါသည်။

မေတ္တာဖြင့်
ဝိမုတ္တိသုခ
04.01.2011
Tue.

Read more...

*အဆွေခင်ပွန်းကောင်းတို့၏သဘော*

Tuesday, January 04, 2011 တောသားလေး


ရောင်ရဲခြင်းသည် စိတ်ကိုချမ်းသာစေပြီး လိုချင်လောဘကြီးခြင်းသည် စိတ်ကိုပူလောင်စေပါသည်။ ငါးရာငါးဆယ် ဇာတ်တော်ထဲတွင် ပါဝင်သော အဆွေခင်ပွန်းကို ဘယ်လိုအခြေအနေဘဲ ရှိနေပါစေ စွန့်ခွာမသွားဘဲ ရောင်ရဲစွာနေတတ်သည့် ကျေးမင်းအကြောင်းကို ဖော်ပြလိုက်ပါသည်။

ဟိမ၀န္တာမှ ဂင်္ဂါကမ်းခြေတွင် ရေသဖန်းပင်ကြီး တစ်ပင်ရှိသည်။ ဘုရားလောင်း ကျေးမင်းသည် ရာပေါင်းများစွာသော ကျေးတို့ဖြင့် ထိုရေသန်းပင်၌ နေပါသည်။ ရက်လ ကြာလာသောအခါ သဖန်းသီးများကုန်၍ အညွန့်၊ အရွက်၊ အခွံနှင့် အပွေးတို့သည်သာ ကျန်တော့ပါသည်။ ထိုအခါ အခြားသော ကျေးများ ရေသဖန်းပင်မှ ထွက်ခွာသွားကြသော်လည်း ကျေးမင်းကား စွန့်ခွာသွားခြင်းမပြုဘဲ အညွန့်စသည်တို့ကို စား၍ ဂင်္ဂါရေကိုသာ သောက်ပြီး ရောင့်ရဲစွာနေ၏။

သိကြားမင်းသည် ကျေးမင်းကို စမ်းသပ်လို၍ မိမိ၏ အာနုဘော်ဖြင့် သဖန်းပင်ကို ခြောက်သွားအောင် ပြုလိုက်ပြီး အပေါက်အကြီးအငယ်များ ဖြစ်စေ၍ ထိုနေရာများမှ သစ်ဆွေးမှုန့်များကို ယိုထွက်စေပါသည်။ သို့သော်လည်း ကျေးမင်းသည် ခွာမသွား၊ သစ်ဆွေးမှုန့်များကို စား၍ ဂင်္ဂါရေဖြင့် ရောင့်ရဲနေသည်။
ထိုအခါ သိကြားမင်းသည် သုဇာတာ မိဖုရားနှင့်အတူ ဟင်္သာမင်းအသွင် ဖန်းဆင်း၍ ကျေးမင်းရှိရာသို့ လာခဲ့ပြီး အသီးမရှိတော့သော ဤသစ်ပင်ကို စွန့်ခွာသွားရန် တိုက်တွန်းစကားဆိုရာ ကျေးမင်းက “သူတော်ကောင်းတို့ မည်သည် အဆွေခင်ပွန်း၌ စည်းစိမ်ဥစ္စာ ကုန်သည်ဖြစ်စေ၊ မကုန်သည်ဖြစ်စေ၊ စွန့်ခွာသွားရိုးမရှိပါ၊ ရေသဖန်းပင်သည် ငါ၏ ဆွေမျိုးလည်းဟုတ်၊ မိတ်ဆွေလည်း ဟုတ်ပါသည်။ ထို့ကြောင့် အသီးများ မရှိသော်လည်း ကျွန်ုပ်စွန့်ခွာ မသွားနိုင်ပါ” ဟု ပြန်ကြားလိုက်သည်။

သိကြားမင်းသည် ကျေးမင်း၏ သဘောထားကို နှစ်ခြိုက်သွားသဖြင့် ဂင်္ဂါရေဖြင့် သဖန်းငုတ်တိုကို သွန်းလောင်းလိုက်ရာ ရုတ်ခြည်းပင် အခက်အရွက် အညွန့် အသီးတို့နှင့် ပြည့်စုံသော ရေသဖန်ပင်ကြီးတစ်ပင် ပြန်ဖြစ်သွားခဲ့သည်။

ဤဇာတ်တော်မှ ကျွန်တော်တို့အတွက် ဘယ်အရာကိုမဆို လိုချင်လောဘနည်းပြီး ရောင်ရဲတတ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ကိုယ့်ရဲ့ အဆွေခင်ပွန်းကိုလည်း ဘယ်အခြေအနေ ရောက်နေပါစေ စွန့်ခွာမသွားသင့်ကြောင်း၊ နှိမ့်ချ ခွဲခြားဆက်ဆံဖို့ မသင့်ကြောင်း သင်ခန်းစာ ယူစရာများကို မှတ်သားရပါသည်။ ပုထုဇဉ်တွေ၏ သဘောသဘာဝအရ မချမ်းသာသေးသောသူက ချမ်းသာလိုချင်တယ်၊ ချမ်းသာတဲ့သူက ပိုပြီး ချမ်းသာ ချင်ကြတယ်၊ ဘယ်လောက်ဘဲ ပြည့်စုံနေပါစေ အမြဲတမ်းလိုအပ် နေတတ်ကြတယ်။ အဲဒီစိတ်တွေရှိနေသမျှ ကာလပတ်လုံး စိတ်တွေဟာ ပူလောင်နေပြီး ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးယုတ်စေပါတယ်။ ဒါကြောင့် ရှိသမျှနဲ့ ရောင်ရဲတင်းတိမ် တတ်သည့် စိတ်များကို မွေးမြူနိုင်ကြရန် ကြိုးစားကြပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါသည်။

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

တောသားလေး

Read more...

အတွင်းအားကို သုံးကြစို့

Tuesday, 04 January 2011 18:32 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/716-2011-01-05-02-43-58.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/716-2011-01-05-02-43-58.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcxNi0yMDExLTAxLTA1LTAyLTQzLTU4Lmh0bWw%3D] အီးမေးလ်[/LINK]
[IMG]/images/stories/U%20V%20R%20Y/T%20Z%20sayadaw%20%281%29.jpg[/IMG] အတွင်းအားကို သုံးကြစို့ 

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

အဘိဓမ္မာအလိုကတော့ အတွင်းက ကိလေသာပူတွေကို စေတသိကဒုက္ခလို့ ခေါ်ကြပြီး အပြင်က အာရုံငတ်မှု ဒုက္ခကိုတော့ ကာယိကဒုက္ခလို့ ခေါ်ပါတယ်။ စေတသိကဒုက္ခ ငြိမ်းရေးအတွက် ကိုယ့်ကာယ အပြင်အားတွေကို ထိန်းချုပ်ကာကွယ်ဖို့ ကြိုးစားကြတာဖြစ်လို့ အနာတခြား ဆေးတခြား ဖြစ်ပြီး ကာယိကဒုက္ခ ကြီးတွေပါ တိုးပွား လာတာပါ။





ဒါကြောင့်လဲ ဒီကျင့်စဉ်ကြီးနဲ့ပတ်သက်လို့ ဘုရားရှင်က “အတ္တကိလ မထာနုယောဂ=ကိုယ်ကိုပင်ပန်းအောင် ညှင်းဆဲ အားထုတ်မှု” အစွန်းရောက် တယ်လို့  မှတ်ချက်ချဲ့တာပါ။

အပြင်အား အသုံးလွန် သူတွေက အာရုံသိမ်း ပိုက်စွဲလန်းမှု လွန်ကဲပြီး အကြပ်ဘေး ဒုက္ခရောက်တယ်၊ အပြင်အား အထိန်းလွန်သူတွေက အာရုံစွန့် လွှတ်မှု လွန်ကဲပြီး အငတ်ဘေး ဒုက္ခရောက်တယ်။ ကြပ်တာနဲ့ ငတ်တာပဲထူးတယ် ဒုက္ခရောက်တာကတော့ အတူတူပါပဲ။

ဒါကြောင့်လဲ မြတ်စွာဘုရားရှင် ပထမဦးဆုံး တရားဟောတော်မူတဲ့အခါ ဒီအစွန်းရောက်မှုကြီး နှစ်ခုလုံးဟာ ဒုက္ခနဲ့ ဇာတ်သိမ်းရတဲ့ အမှားလမ်းစဥ်ကြီးနှစ်ခုလို့ သတ်မှတ်တော်မူပြီး ဒုက္ခလွတ်မြောက်လို သူတိုင်း ဒီအစွန်းရောက် ကျင့်စဉ် နှစ်မျိုးလုံးကို ရှောင်ရမယ်လို့  ဟောတော်မူတာပါ။

ဒီအစွန်းနှစ်ပါးကလွတ်တဲ့ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမကျင့်စဉ်လမ်းဆိုတာ အပြင်အားတွေကို အထိန်းမဲ့လွှတ်ပေးထား ရမှာလဲ မဟုတ်ဘူး၊ အထိန်းမဲ့ရင် ကြပ်သွားမယ်။ အပြင်အားတွေကို လုံးဝလှုပ်ရှားခွင့် ( အာရုံနဲ့ တွေ့ ကြုံခံစားခွင့် ) မပေးဘဲ ထိန်းချုပ်ထားရမှာလဲ မဟုတ်ဘူး အထိန်းလွန်ရင် ငတ်သွားမယ်။ ထိန်းထိန်းေ ကျာင်းကျောင်း မျှမျှတတ ထားရှိစေရမယ့် ကျင့်စဉ်ပဲ ဖြစ်ပါတယ်။ အပြင်အားတွေကို အတွင်းအားနဲ့  ‘ ထိန်း ’ ပေးပြီး ဆိုင်ရာအာရုံစားကျက်မှာ ‘ ကျောင်း ’ ပေးရတဲ့ လမ်းစဉ်ပါ။

ဒီနေရာမှာ အထိန်းနဲ့ အကျောင်း ( ထိန်းတာနဲ့ ကျောင်းတာ ) ကို အသုံးနည်းတဲ့ အတွက် နားစိမ်းမနေအောင် နည်းနည်းပြောပါမယ်။ နွားကျောင်း တယ်ဆိုတဲ့ မြန်မာစကားမှာ အပြည့်အစုံက နွားထိန်းကျောင်းတာ ဖြစ်ပါတယ်၊ နွားကို စားကျက်ထဲမှာ စာသောက်ခွင့်ပြုပေးတာကို ‘ ကျောင်းတယ် ’ လို့ ခေါ်ပါတယ်၊ မသွားသင့် မ၀င်သင့်တဲ့ ကောက်ပဲ သီးနှံခင်းတွေထဲကို မ၀င်အောင် မစားအောင် ပဲ့ပြင်ပေးရတာကို ‘ ထိန်းတယ် ’ လို့  ခေါ်ပါတယ်။

အပြင်အားတွေနဲ့  အာရုံကိုရှာဖွေပြီး ခံစားခွင့်ပြုတာက ကျောင်းတာ၊ အာရုံကို ရှာဖွေခံစားရာမှာ ‘ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ’ ဆိုတဲ့ စည်းကမ်းနဲ့ ညီအောင် စောင့်စည်းကျင့်သုံးတာက ထိန်းတာဖြစ်ပါတယ်။

အတွင်းအားတွေဖြစ်တဲ့ သဒ္ဓါ ၀ီရိယ စတဲ့ အား တွေထဲက သဒ္ဓါအားဆိုတာ ရတနာသုံးပါးနဲ့ ကံ ကံရဲ့အကျိုးတွေကို အကျိုးတွေကို ယုံကြည် အလေးထားတာပါ၊ ကံ ကံရဲ့ အကျိုးဆိုတာကလဲ၊ မကောင်းတဲ့ ကံတွေပြုရင် မကောင်းကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခတွေနဲ့  ကြုံရမယ်၊ ကောင်းတဲ့ကံပြုမှ ကောင်းကျိုး ချမ်းသာရမယ်လို့  ယုံကြည်ရတာပါပဲ။ ဒီယုံကြည်ချက် စွမ်းအားလေးနဲ့  ထိန်းပေးလိုက်ရင်ပဲ၊ အာရုံကို ရှာဖွေရာမှာ မတော်မတရားရှာဖွေခြင်းကို မပြုဘဲရှောင်ပြီး တရားမျှတစွာသာ ရှာဖွေလာတဲ့အတွက် အထိန်းတစ်ခုရသွားပါတယ်၊ သဒ္ဓါစွမ်းအားက စတင်စည်းရုံး လိုက်ပြီဆိုရင်၊ ၀ီရိယစွမ်းအားကလဲ မကောင်းမှု ရှောင်ရေး ကောင်းမှုဆောင်ရေးကိုပဲ ကြိုးစား အားထုတ်လာပါတယ်။ သတိစွမ်းအားကလဲ မိမိပြုတဲ့ ကံတိုင်းကို မကောင်းမှုလား ကောင်းမှုလားဆိုတာ ခွဲခြားသတိပြုမိလာပါတယ်။ သမာဓိစွမ်းအားက ရှောင်ရေး, ဆောင်ရေးအပေါ်မှာ မလစ်လပ်အောင် တည်ဆောက်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ ပညာစွမ်းအားကတော့ မကောင်းမှုနဲ့  ကောင်းမှုကို ကွဲပြားအောင်လဲ ဆင်ခြင်ပေးတယ်။ သဘော လက္ခဏာ အမှန်ကိုလဲ ခွဲခြမ်းစိတ်ဖြာပြီးသိပေးပါတယ်။

ပြီးပြည့်စုံတဲ့ ပညာစွမ်းအားဆိုတာ ‘ ယံ ကိဥ္စိ သမု ဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ=ဖြစ်ပေါ်လာတဲ့ သင်္ခါရ တရားတွေမှန်သမျှဟာ မုချချုပ်ပျောက်ရမြဲ ဓမ္မတာဖြစ်တယ် ’ လို့  ပိုင်ပိုင်နိုင်နိုင် လက်ခံသိမြင်လိုက်တာပဲဖြစ်ပါတယ်။ ဒီလို လက်ခံသိမြင်နိုင်သူဟာ ဘယ်အရာကိုမှ စွဲလို့ မရဘူး၊ သုံးလို့ ရသခိုက်ကလေးမှာ သုံးရုံသာ သုံးခွင့်ရတဲ့ အရာတွေပဲလို့ လဲ ဆုံးဖြတ်သိမြင်သွားပါတယ်၊ တကယ်တမ်း ဒီအတိုင်း ကိုယ်ပိုင်ပညာစွမ်းအားနဲ့ သိမြင်သွားပြီဆိုရင် ‘ အသုံးနဲ့ အစွဲ ’ ကိုလဲ ကွဲကွဲပြားပြား သဘောပေါက်သွားမှာပါ။ အသုံးနဲ့ အစွဲ ကွဲပြားရင်၊ ရုပ်စွမ်းအား နာမ်စွမ်းအားတွေဟာလဲ စနစ်တကျ ဖွံ့ ဖြိုးတိုးတက်ခွင့်ရလာတဲ့ အတွက် အခြေခံအခွင့်အရေးတွေ ပြည့်ဝသွားပါတယ်။

သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ရရှိပိုင်ဆိုင်ထားတဲ့ သင်္ခါရ ပစ္စည်းတိုင်းဟာ အသိနဲ့ သုံးတတ်ရင် သုံးတတ်သလောက် ချမ်းသာကို ဆောင်တယ်။ အနီးကပ်ဆုံးဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကိုပဲ အသိရှိရှိ အသုံးချတတ်သူတွေ အတွက် စီးပွားရှာရာမှာ သုံးရင် စားဝတ်နေရေး ချမ်းသာကို ဆောင်တယ်။ ‘ တရားရှာ ကိုယ်မှာတွေ့ ’ ဆိုတဲ့ အတိုင်း ၀ိပဿနာတရားရှုမှတ်ပွားများပြီး အသုံးချရင်တော့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ချမ်းသာကိုလဲ ပေးဆောင်နိုင်ပါတယ်။

စွဲရင်တော့ စွဲသလောက် ဆင်းရဲပါတယ်၊ အရက်စွဲ မူးယစ်ဆေးစွဲကစပြီး ဘ၀စွဲ၊ ခန္ဓာစွဲ၊ လူမျိုးစွဲ၊ ဘာသာအယူဝါဒစွဲ၊ ဘာကိုပဲစွဲစွဲ စွဲသမျှ ဒုက္ခချည်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ တရားဦးဒေသနာတော်မှာ ဒုက္ခသစ္စာကို လိုရင်း အကျဉ်းချုပ်ပြတဲ့အခါ ‘ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခ=လိုရင်း အကျဉ်းချုပ်ကတော့ အစွဲဥပါဒါန်နဲ့ တွဲကပ်နေတဲ့ ခန္ဓာငါးပါးတို့ ဟာ ဒုက္ခအစုအဝေးကြီးပါ ’ လို့ ဆုံးဖြတ်ချက် ချတော်မှုတာပါ။

အစွဲဥပါဒါန်ကင်းလွတ်သွားတဲ့ ပုဂ္ဂိုလ်များအနေနဲ့ တော့ ဒီခန္ဓာငါးပါးကို အသုံးချပြီးတော့ပဲ ဖလသမာပတ်နဲ့ နိဗ္ဗာန်ချမ်းသာထိ ခံစားခွင့် ရသွားကြတာတွေ ပိဋကတ်တော်မှာ တွေ့ နိုင်ပါတယ်။

အသုံးနဲ့ အစွဲကို ခွဲခြားသိမြင်တဲ့ အသိပညာ ဦးဆောင်ပြီး အတွင်းအား အပြင်အားတို့ ကို သူ့ နေရာနဲ့ သူစနစ်တကျ အသုံးချတတ်ခြင်းဟာ သာသနာတွင်းသားတစ်ယောက်အတွက် အတိတ်အခြေခံတရားများဖြစ်တဲ့ ကံမျိုးစေ့ ပါရမီမျိုးစေ့တို့ ကို အခွင့်အရေးပြည့် ရှင်သန်ကြီးထွား ခွင့်ပေးခြင်းဖြစ်သလို လူဖြစ်ခြင်း သာသနာကြုံခြင်းဆိုတဲ့ အခြေခံ အခွင့်ထူးနှစ်မျိုးကိုလဲ ပြည့်ဝစေပြီး ဘ၀ရဲ့ အခြေခံ ဖြစ်တဲ့ ရုပ်တရား နာမ်တရားနှစ်မျိုးလုံးလဲ အခွင့်အရေးပြည့်အောင် ကျင့်သုံးခြင်းမည်နိုင်မယ်လို့ ပြောချင်ပါတယ်။

မွေးနေ့ လက်ဆောင်အနေနဲ့  ပြောခဲ့တဲ့ ဒီစကားများဟာ ‘ ဒီအတိုင်းသာ မှတ်သားလိုက်နာကြ ’ လို့  ဆုံးဖြတ်ချက်ချပြီးပြောတဲ့ အတွေး အမြင် တစ်ရပ်လို့  သဘောမထားမိပါဘူး၊ မွေးနေ့ နဲ့ မကင်းနိုင်သူတိုင်း တွေးကြံ သုံးသပ်မိကြဖို့ အတွက် ရည်ရွယ်တဲ့ ‘ အတွေးအမျှင် ’ ကလေးများသာ ဖြစ်ပါတယ်။ အမျှင်ကို ရှုပ်အောင်ထုတ်ရင်တော့ အမြင်တွေလည်း ရှုပ်သွားနိုင်ပါတယ်၊ အမျှင်ကို ရှင်းအောင် တွေးကြံမေးမြန်း ထုတ်နိုင်ကြသူများ အတွက်တော့ အမျှင်ရှင်းသလောက် အမြင်လည်း ရှင်းသွားမယ်လို့ ထင်မိပါတယ်။ တွေးတောကြံဆ အမှန်ရကြပါစေ။



မေတ္တာများဖြင့်....

မေတ္တာဥယျာဉ်

[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]

၂၀၁၁-ခု၊ ဇန်နဝါရီလ ၄-ရက်၊ အင်္ဂါနေ့။

Read more...

A talk by Scott Wellenbach

y Cittasamvaro

Shambhala Bangkok group annouces:

A community talk by translator Scott Wellenbach

Time

Wednesday, January 12 · 7:00pm – 9:00pm

Location Bangkok Shambhala Meditation Center
Narathiwat Soi 15, Yaek 8, house #29
Bangkok, Thailand

Created By

More Info
The Vidyadhara Chogyam Trungpa Rinpoche’s Life in Tibet: His Writings, His Discoveries, and His Training With His Teacher… A Community Talk by Nalanda Translation Committee translator Scott Wellenbach.

This evening’s presentation will touch on the Gesar tradition and explore themes from the early writings and discoveries of VCTR with a focus on his training with his teacher, Khenpo Gangshar, and its influence on his presentatio…n of the Buddha dharma in the West.

Scott is a long-time student of the Vidyadhara Chögyam Trungpa Rinpoche and has studied extensively with Khenpo Tsültrim Gyamtso Rinpoche, Dzogchen Ponlop Rinpoche, and Sakyong Mipham Rinpoche. He first met the Vidyadhara in the winter of 1974 during Rinpoche’s teaching tour of East-coast universities. Later that year, he hitch-hiked up the Pan-American highway from the Panama Canal to attend the first summer of Naropa Institute. He received refuge vows from the Vidyadhara in 1975 and bodhisattva vows in 1976, when he moved to Boulder. He began his study of Tibetan and Sanskrit at Naropa in 1976 and became adjunct language faculty in 1978.

Scott joined the Nalanda Translation Committee in 1978 and became its first employee in 1984. His first project with the translation committee was The Rain of Wisdom, for which he served as co-translator and co-editor. In 1986 he moved to Halifax, Nova Scotia, where he now resides. In addition to his work with the committee, he serves as the Dean of Translation and Language Study at Nitartha Institute. A senior teacher in both the Shambhala and Nitartha mandalas, he has a particular interest in joining the Buddhist view to meditation practice in a transformative way.
See More

See http://www.bangkok.shambhala.info/

Read more...

ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလဲ

ဒကာ။ ။ တချို့သော စာပေကျမ်းဂန်တွေထဲမှာ ယော နာဂေါ- နာဂမည်တွင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဟူ၍လည်းကောင်း၊ ယော နာဂေါ- ဗုဒ္ဓနာဂကိုထား၍ တန်ခိုးတော်အရာ၌ တပါးတည်းဖြစ်တော်မူသော အရှင် မဟာမောဂ္ဂလာန်ထေရ်မြတ်ကြီးသည်။ ယေနာဂါ- အကြင်ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် စသည်ဖြင့် ဘာ့ကြောင့် နာဂ- နဂါးဆိုတဲ့ အမည်နဲ့ ဘုရားရဟန္တာတို့ကို ခေါ်ဝေါ်သုံးစွဲ ကြပါသလဲ ဆရာတော်၊ နာဂ-ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ် ရှင်းပြပေးပါဘုရား။

ဆရာ။ ။ နာဂ- ဆိုတဲ့ ပါဠိက တောင်ကြီးတွေ၊ ဆင်ပြောင်ကြီးတွေ၊ နဂါးတိရစ္ဆာန်တွေကိုလည်း ခေါ်ဆိုတယ်၊ ဘုရား ရဟန္တာတို့ကို နာဂလို့ ခေါ်ဆိုတာကတော့ ထိုထို ပါဠိ, အဋ္ဌကထာ, ဋီကာ ကျမ်းစာတို့က….
ဆန္ဒာဒီဟိ န ဂစ္ဆတီတိ နာဂါ။ ။ မလိုက်ပါသင့်သော ဆန္ဒာဂတိ, ဒေါသာဂတိ, မောဟာဂတိ, ဘယာဂတိ တို့ကို ဘယ်သောအခါမျှ မလိုက်တတ်သောကြောင့် နာဂမည်တော်မူကြတယ် တဲ့။
တေန တေန မဂ္ဂေန ပဟီနေ ကိလေသေ န အာဂစ္ဆတီတိ နာဂါ။
ထိုထိုမဂ်လေးပါးဖြင့် ပယ်အပ်ပြီးသော ကိလေသာတို့အထဲသို့ နောက်ထပ် တဖန် မလာရောက်ကြတော့တဲ့အတွက် နာဂ မည်တော်မူတယ်တဲ့။
နာနာပကာရကံ အာဂုံ န ကရောန္တီတိ နာဂါ။ ။ အထူးထူး အပြားပြားသော မကောင်းမှုဟူသမျှတို့ကို ဘယ်သောအခါမှ မပြုကြသောကြောင့် နာဂ မည်တော်မူကြတယ်တဲ့။
ကဲ…အဲဒါတွေဟာ ကျမ်းဂန်များက လာတဲ့ စကားတော်တွေပါပဲ၊ “ပါဌ်တချက်၊ နက်များစွာ ” တဲ့၊ နာဂဆိုတဲ့ ပါဌ်ကို နဂါးတခုတည်းမှတ်မထားနဲ့၊ ကျေနပ်ပြီလား။
ဒကာ။ ။ အားရနှစ်သက်ကျေနပ်လှပါတယ် ဆရာတော်၊ ကိုရင်နာဂ တို့၊ ဦးနာဂတို့ ဆိုတာ ခုမှပဲ ကွဲပြားစွာနဲ့ သိရတော့တယ်၊ ဒကာကြီးတို့က နဂါးပဲ အောက်မေ့နေတာ။

Read more...

တခြားဘာသာအပေါ်


အသောကမင်းကြီး ကိုရင်နိဂြောဓကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်လာပေမဲ့
အသောကမင်းကြီးဟာ တခြားဘာသာဝင်တွေကို နှိပ်ကွပ်မှု၊ ရှုတ်ချမှု၊
အထင်သေးမှု လုံးဝမရှိခဲ့ပါဘူး။
ဒါကလဲ ဗုဒ္ဓဘာသာဝင်ဖြစ်လာမှတော့
ဗုဒ္ဓဘုရားရှင်လမ်းစဉ်ကို လိုက်တဲ့သဘောပါဘဲ။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥာဉ် ကူးစက်ကိန်းဝပ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဘုရားရှင်သက်တော်ထင်ရှားရှိချိန်
ဘုရားရှင်ပတ်ဝန်းကျင်မှာ အလွှာပေါင်းစုံက လူမျိုးပေါင်းစုံရှိပါတယ်။
ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တရားတော်အယူအဆတွေကို
ယုံကြည်သူ၊ မယုံကြည်သူ မြောက်များစွာနဲ့ ဘုရားရှင် ပတ်သက်ခဲ့ရပါတယ်။

ဘာသာအယူအဆရေးရာမှာ တစ်ပွဲတစ်လမ်း အကဲစမ်းချင်လို့
ဘုရားရှင်ထံ လာကြတဲ့ တခြားဘာသာဝင်တွေလဲ ရှိခဲ့ပါတယ်။
ဒါမျိုးတွေကိုလဲ ဘုရားရှင်က ဘာသာအယူအဆရေးရာတွေကို
သဘောထားကြီးကြီးထားပြီး ဖြေရှင်းပေးခဲ့ပါတယ်။

ဒီလိုဖြေရှင်းလိုက်လို့ တခြားဘာသာဝင်တွေက
ကိုယ့်ဘာသာကို ကူးပြောင်းလာရင်တောင်
အရင်ယုံကြည်ခဲ့တဲ့ဘာသာရေးဆရာဘုန်းကြီးများကိုလဲ
ဝတ်ကြီးဝတ်ငယ်ပြုမြဲတိုင်း ပြုဘို့၊ ထောက်ပံ့ဘို့ ဘုရားရှင် ပြောခဲ့ပါတယ်။

ဥပမာတစ်ခုအနေနဲ့ပြောရရင်
ဘုရားရှင် နာလန္ဒဆိုတဲ့အရပ်ဒေသမှာ သီတင်းသုံးနေတုန်း
ဥပါလိ လို့ခေါ်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ သူဌေးကြီးတစ်ဦး
ဘုရားရှင်ထံ ရောက်လာပါတယ်။

ဥပါလိဆိုတာ ဂျိန်းဘုရား မဟာဝီရရဲ့ ပစ္စည်းလေးပါးအားကိုးရတဲ့
ကျော်ကြားထင်ရှားတဲ့ တပည့်ကြီးတစ်ယောက်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာဆို အနာထပိဏ်သူဌေးတို့လိုနေမှာပေါ့။

ဂျိန်းဘုရား မဟာဝီရကိုယ်တိုင်က ဗုဒ္ဓဘုရားရှင်နဲ့ တွေ့ဆုံဘို့
ဒီတပည့်ကြီး ဥပါလိကို စေလွှတ်လိုက်တာတဲ့။

စေလွှတ်လိုက်ရခြင်းအကြောင်းက
ကံ ကံရဲ့ အကြောင်းအကျိုးတရားနဲ့ ပတ်သက်လို့
ဗုဒ္ဓရဲ့ အယူအဆနှင့် မဟာဝီရရဲ့ ထင်မြင်ချက်တို့မှာ မတိုက်ဆိုင်ကြဘူး။
အမြင်မတူကြဘူးပေါ့။

ဒါနဲ့ ဗုဒ္ဓဘုရားရှင်ကို စကားစစ်ထိုးအနိုင်ယူဘို့
ဥပါလိကို စေလွှတ်လိုက်ရခြင်းဖြစ်တယ်။
ဒါပေမဲ့ ဂျိန်းဘုရား မဟာဝီရ ထင်ထား မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး။
အထင်နဲ့ အမြင်တခြားစီဖြစ်သွားတယ်။

တရားဆွေးနွေးပွဲအပြီးမှာ ဗုဒ္ဓဘုရားရှင်ရဲ့ အယူအဆတွေက မှန်ကန်နေပြီး
ဆရာ(ဂျိန်း)မဟာဝီရရဲ့ ယူဆချက်တို့မှာ လွဲမှားနေကြောင်း
ဥပါလိ ကောင်းကောင်း သဘောပေါက်သွားတယ်။
ဗုဒ္ဓဘုရားရှင်ကိုလည်း အကြွင်းမဲ့ သက်ဝင်ယုံကြည်သွားတယ်။
ယုံကြည်သူတို့ ပြုလုပ်လေ့ရှိတဲ့အတိုင်း သူ့ကို
တပည့်ဥပသကာတစ်ဦးအဖြစ်ဖြင့်
သွတ်သွင်းချီးမြှင့်ရန် ဘုရားရှင်ကို လျှောက်ပါတယ်။
တပည့်ရင်းအဖြစ်ဖြင့် သတ်မှတ်ပေးရန် တောင်းဆိုလာပါတယ်။

ဒါကို ဗုဒ္ဓဘုရားရှင်က
သေသေချာချာ ပြန်လည်စဉ်းစားရန်နဲ့
“အသင်ကဲ့သို့ ထင်ရှား၍ လူသိများသောပုဂ္ဂိုလ်အတွက်
သေချာစွာစဉ်းစားရန်ကောင်းကြောင်း၊ အလျင်စလို မပြုလုပ်သင့်ကြောင်း”
ပြောပြပါတယ်။

ဥပါလိက ဘုရားရှင်ကို ထပ်တလဲလဲ ပန်ကြားတော့
“ကဲ၊ ဒီလိုဆို ဟုတ်ပါဘီ။ ဒကာတော့်ကို တပည့်ဒကာအရင်း
ဥပသကာအရင်းလို သဘောထား သတ်မှတ်ပါ့မယ်၊
ဒါပေမဲ့ အရင်ကိုးကွယ်ခဲ့တဲ့ ဘာသာရေးဆရာဟောင်းများကိုတော့
အရင်ကလိုပဲ ထောက်ပံ့မြဲ ထောက်ပံ့ပါ၊ ရိုရိုသေသေဆက်ဆံပါ၊
ရိုသေသမှု ၀တ်ကြီးဝတ်ငယ်ပြုစုမြဲပြုစုပါ၊
အရင်ကိုးကွယ်ခဲ့တဲ့ ဘာသာရေးကျောင်းများကို သွားမြဲတိုင်းသွားပါ၊
လာမြဲတိုင်းလာပါ၊ ၀င်ပါ၊ ထွက်ပါ” လို့
ဘုရားရှင်က မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီတကယ့်အဖြစ်အပျက်ထဲမှာ ဘုရားရှင်ရဲ့
တခြားဘာသာဝင်တွေအပေါ်ထားရှိတဲ့သဘောထားကို
ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဒီလိုသဘောထားကြီးမှု၊ စာနာမှုတို့ကို စံနမူနာယူပြီး
အသောကမင်းကြီးက သူ့နိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့
လူမျိုးအသီးသီး ဘာသာအသီးသီးကို တန်းတူထားခဲ့ပါတယ်။
လေးစားသမှုပြုခဲ့ပါတယ်။ ချီးမြှင့်ထောက်ပံ့ပေးခဲ့ပါတယ်။

အသောကမင်းကြီးရဲ့ စိတ်နေစိတ်ထား ရင်တွင်းသဘောထားတွေကို
ဒီကနေ့အထိ ဖတ်လို့ရနေတဲ့ အသောကမင်းကြီးရေးထိုး ကြေငြာခဲ့တဲ့
ကျောက်စာတွေထဲမှာ တွေ့ရပါတယ်။

သူရေးထိုးကြေငြာခဲ့တာက

“မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍
အခြားဘာသာကို ဖိနှိပ်ရှုတ်ချခြင်းကို မပြုလုပ်ရုံသာ မဟုတ်သေး။
ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို
လေးစားချီးမြှင့်ကြရပေမည်။
ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွါးတိုးတက်စေပြီးလျှင်
အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။
ဤကဲ့သို့ မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍
အခြားဘာသာများကိုလည်း အန္တရာယ်ပြုရာ ရောက်ပေမည်။
မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍
အခြားဘာသာများကို ဖိနှိပ်ရှုတ်ချသူများသည်
မိမိဘာသာကို ကြည်ညိုစိတ်ဖြင့်
“ငါ့ဘာသာဂုဏ်သိန်ထွန်းတောက်စေမည်” ဟု တွေးတောယူဆပြီး
ပြုလုပ်ကြခြင်းအမှန်ဖြစ်ပေသည်။
သို့ရာတွင် ဤကဲ့သို့ ပြုမူဆောက်ရွက်ခြင်းကြောင့်
၎င်း၏ဘာသာကို ပိုမိုလေးနက်စွာ အကျိုးယုတ်ပျက်ပြားစေပါသည်။
ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။
လူအပေါင်းတို့ မှတ်သားလိုက်နာကြလော့။
အခြားသူများ၏ဘာသာဝါဒများကို လေးစားကြားနာကြကုန်လော့။”
တဲ့။

Photo: Google Search
Ref: မြတ်ဗုဒ္ဓဒေသနာ

Read more...

Meetings with a Remarkable Monk

From Around the Blogs

by Bhante Yogacara Rahula

Bhante Yogacara Rahula, born in California in 1948. Ordained as a Novice Buddhist monk in 1975 at Gothama Thapovanaya, Kalupaluwawa, Sri Lanka. Upasampada ordaination at Wat Thai Los Angeles, May 1979. Lived at the Bhavana Society Forest Monastery, West Virginia, USA from 1986 until 2010. Now on indefinite travel/teaching tour.



The Venerable Nanadipa Mahathera

Lively Dhamma discussion

In Sri Lanka

This year marks the 35th anniversary of my ordination as a Buddhist monk in Sri Lanka. One wish that I had while on this visit was to reconnect with, if only briefly with The Venerable Nanadipa. Bhante Nanadipa is of Danish origin but has been living, studying the Dhamma and practicing meditation as a Buddhist monk here since 1968. He took Upasampada ordination at the famous Polgasduwa or Island Hermitage in 1969. I had first heard about him and met with him in 1975, in the first year of my
pabbaja or novice ordination. He was living at the time in a remote kuti near the scrub jungle village of Bundala on the south coast. The name of the kuti was in fact, Bundala kuti. I spent a few days visiting him and having inspiring Dhamma discussions with him. He had a vast knowledge of the Pali Suttas and could articulate on some Dhamma topics and meditation about which I wished clarification. We also shared an interest in practicing Yoga, especially the headstand as it helped the body/mind in the process of meditation. He said that he stood on his head for over thirty minutes a day.
To get a better idea of what motivated Ven. Nanadipa to live in this remote place it is worthwhile to learn of the prior inhabitants of this famous kuti. It could be called the ‘kuti of death’. Not a inspiring name for people with strong craving and attachment to Self, but for meditating monks with an ascetic bent, it is challenging. The most famous of the prior occupants of Bundala kuti was an English monk named, Nanavira. He died in this kuti in 1965 apparently by suffocating himself with a plastic bag. It was said he committed suicide because he had been suffering for a long time from an incurable (it seems) gastric ailment. The only way he could get any relief from the pain was to indulge in certain fantasies unbecoming of an ordained bhikkhu. So he felt that there was only two alternatives open to him: either to disrobe as a bhikkhu and return to a layman status, or to end his physical life. He believed that physical death was preferable to ‘Bhikkhu death’ (disrobing) and continuing to suffer. He believed in rebirth so he knew that he would be reborn. It was assumed by some of his close friends (through letter correspondence) that he had already attained the level of ‘Stream Entry’. Theoretically, having reached this first stage of Enlightenment would have the effect of migrating or partially justifying his seemingly contradictory action of taking his own life. There was a lot of subsequent debate on this issue as to whether someone who had attained Stream Entry would be capable, ethically speaking, in taking even their own life. Would it not be a breach of the first precept, not to kill, something a Sotapanna (Stream Entry) would supposedly be incapable of?
Ven. Nanadipa was quite interested in studying the letters and notes on Dhamma which Nanavira had left behind in his kuti and later made into a book called, Clearing the Path. In these letters to friends he had discussed his dilemma. However at these first meetings with Ven. Nanadipa we did not discuss this topic. It was beyond my understanding at the time to bring up the subject and he did not volunteer to bring it up himself. Ven. Nanadipa did have a vast knowledge of the Pali Suttas even at this relatively early stage of his bhikkhu life. His main interest was to integrate his understanding of the Buddhas’ instructions with the correct and diligent practice of meditation. He was single mindedly bent on persuing the life of a reclusive ‘hermit’ monk following the outline and details of the Dhamma-Vinaya of the Buddha. It was his dedication to earnest study and practice, not wasting time on frivolous things, which inspired me in this formative year of my own monk life.

Another of the former western monk inhabitants of Bundala kuti had unmindfully trodden on a poisonous serpent while stepping out of the kuti one night and was promptly fatally bitten. But this had not deterred the courageous hermit, Nanadipa from choosing to live there. It may have in fact encouraged him to challenge whatever remaining fear of death he may still have had. He told me his own personal close encounter with a highly poisonous snake while living in this same kuti. He had already been meditating outside in the full lotus posture and had just reached his limit of bearing up the pain when he felt a serpent slither up onto his legs. The snake proceeded to drape its’ long body over Ven. Nanadipas’ shoulder to take a nap it seems. Needless to say the great ascetic held his ground motionless and sent ‘metta’ to his new uninvited friend. After some time the serpent moved harmlessly on, much to Nanadipas’ relief. At least the experience helped him sit another thirty minutes bearing up the excruciating pain in the full lotus posture, which he may not have done on his own initiative at the time.


This story inspired me to live in a remote cave at Dolukanda, near Kurunegala where I had some similar close encounters with poisonous snakes. These remote forest/jungle abodes provide a good environment to exercise more vigilance/mindfulness and contemplation of death’ (maranasati), much praised by the Buddha. As it turned out, however, I was not able to match the Venerable Nanadipas’ long unyielding resolve in virtually shunning the world of social interactions, teaching, and even very limited contact with other monastics. He was and still is a real ‘loner’ after 40 years, hell bent on attaining complete Nibbana in this very life. Even after my 30 years of travelling, teaching and living actively with other monastics in monasteries and reaching the age of 62, Bhante Nanadipas’ dedication and ascetic way of life still inspires me.

After these few days with Bhante Nanadipa I never personally met with him again until now, 35 years later. Though I had lived in Sri Lanka until 1977 and again from 1980 until 1986 our paths did not cross. He relished near total seclusion and did his best to minimize contact with the outside world, even visits with other monks. When people found out where he was residing and began to pay him visits he would surreptitiously change his dwelling place. He kept moving to more remote, difficult places to access. I respected his wish for solitude and did not make the effort to seek him out. Anyway I was caught up doing my own thing. But occasionally I would hear from others about where he was living and especially about one near fatal incident that happened to him.

Some years ago he had been living in a remote forest area inhabited by elephants when he directly encountered one. Despite the venerables’ radiation of metta the elephant charged him, knocked him down and stepped on his groin/hip area. Painful to say the least. Unable to walk and with nobody around to see and help him Ven. Nanadipa laid there on the bare ground in scrub jungle for two days in and out of consciousness, until he finally managed to crawl for help. This accident resulted in one leg becoming one inch shorter than the other. But this unfortunate incident did not daunt the ascetics great courage and resolve. He continued living in remote creature infested areas and walking two kilometers each day on alms round — to this very day.

I was very fortunate that I was able to have this brief but memorable reunion with Bhante Nanadipa. Normally he agrees to see visitors for only one week per year. Usually monks spend the traditional three months rainy season ‘vassa’ period living in one selected place from the full moon day of July to the full moon day in October. But Ven. Nanadipa, ever out for more self imposed discipline, adds on an extra three months, making a total of six months without seeing outside visitors, save people offering him alms food.


After this six months solitude he travels a couple hours away to stay in a certain monastery, to tend to any personal needs, see a doctor etc. During this time he allows those wishing to have Dhamma discussions to come meet with him — but keep it to Dhamma please! Through a mutual Sri Lankan friend, a message had been conveyed to him that I was visiting Sri Lanka and requested a chance to meet him, even though it was outside his specified time period. Besides just wishing to see him I had a few Dhamma questions I wanted to pose. Out of compassion, and perhaps remembering our friendly encounters 35 years ago, he kindly agreed to this Samananan ca dassanam (seeing of recluses).

This meeting took place during his normal morning pindapata (alms collecting) routine. He walked two kilometers through the scrub jungle from his cave kuti at the base of a hill, to a designated spot where the village people also had to walk one kilometer. There he sat on a chair covered with the traditional white cloth. The villagers paid their respects to him and offered him some rice gruel to drink. Then they offered him the meal in his alms bowl which he would afterwards carry back to his cave kuti to partake of it in solitude. After he received the alms food in his bowl I came up (with two Sri Lankan monks who had brought me), paid my respects, sat down and had our friendly exchanges and lively Dhamma discussion. I informed him briefly of what I had been doing the last thirty years — ravelling, teaching Dhamma and meditation retreats, helping to run the Bhavana Forest Monastery in the USA. At the end of our discussions I asked for any kalyana mitta (spiritual friend) advice he might have for me.


He replied that though what I had been doing for spreading the Dhamma in the world was a good thing. He thought that thirty years of outward service was enough. I had paid my dues, put in my time in that regard. Now I was near the normal retirement age. He advised that I should come back to Sri Lanka and spend my twilight years here meditating in more solitude in order to finish the Dhamma business that was started over 35 years back.

Good advice!!
Indeed, that is what I have been inwardly
longing for over the past few years.

This is part of the reason why I have separated myself from active involvement with the Bhavana Forest Monastery in West Virginia, to help facilitate this gradual transition. There is a saying: “Be careful what you wish for; it might come true”.

I then took my leave of great ascetic and departed.
He calmly smiled, slung his alms bowl over one shoulder and slowly headed back down the sandy path through the scrub forest from where he had come.


Bookmark and Share

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP