* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, December 9, 2011

ကိုယ့်ကိုနာကျင်စေသူအတွက် ဘယ်တော့မှ မငိုပါနဲ့


“ကိုယ့်ကို ထိခိုက်နာကျင်စေသူတစ်ယောက်အတွက် ဘယ်တော့မှ မငိုလိုက်ပါနဲ့၊ စိတ်ပျက်အားငယ်မှု့မျိုး မဖြစ်လိုက်ပါနဲ့၊ ၀မ်းနည်း နာကျည်းသွားတာမျိုးလည်း မဖြစ်လိုက်ပါနဲ့….အပြုံးမပျက်ဘဲ “သင့်ထက် စိတ်ဓာတ်အားဖြင့် မြင့်မြတ်ပြီး လူသားဆန်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ အခွင့်အရေးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့…….. ပြောဆိုလိုက်ပါ။”

ထိခိုက်နာကျင်စေတယ်ဆိုတဲ့စကားထဲမှာ ကိုယ်ဖြင့်ထိခိုက်နာကျင်အောင် လာရောက်စော်ကားရိုက်နက်ခြင်းကြောင့်လည်း ကိုယ့်ခန္ဓာကိုယ်ကို နာကျင်စေတဲ့ နာကျင်မှု့မျိုး၊ နှုတ်ဖြင့် ရိုင်းပြစွာ ကြိမ်းမောင်းဆဲဆိုတာမျိုး၊ ကြမ်းကြုတ်ခက်ထန်တဲ့ အမနာပစကားမျိုးနဲ့ ဆဲရေးခံရခြင်းကြောင့်လည်း ကိုယ့်စိတ်ကို နာကျင်စေတဲ့ နာကျင်မှု့မျိုးတို့ ပါဝင်ကြပါတယ်။ ဒီနေရာမှာ ဦးစားပေးပြောပြသွားချင်တာကတော့ ဒုတိယနာကျင်စေမှု့မျိုးကိုပါပဲ။ အပြန်အလှန်အားဖြင် ပထမနာကျင်စေမှု့ကိုလည်း စာဖတ်သူတို့ကိုယ်တိုင် တွေးခေါ်နားလည်နိုင်လိမ့်မယ်ဆိုတာ နားလည်မိထားလို့ပါ။

အမိယုတ်သော နှုတ်ကြမ်း၏…….တဲ့။ ဒီအဆိုအရ နှုတ်ကြမ်းတဲ့ သူအားလုံးဟာ ယုတ်ညံ့တဲ့ အမိက ပေါက်ဖွားလာတယ်လို့တော့ စာရေးသူ လက်မခံပါဘူး မဆိုလိုပါဘူး။ မြင့်မြတ်တဲ့ အမိရဲ့ တစ်ချို့ သား သမီးတွေကလည်း ရိုင်းပျစွာ နှုတ်ကြမ်းအာကြမ်း ဆဲဆိုတတ်သူတွေလည်း ရှိပါတယ်။ မိဘတွေကပညာမဲ့ဖြစ်နေကြပေမယ့် သားသမီးတွေက ပညာတတ်တွေ ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ ဖြစ်နေကြတာတွေလည်း သာဓကများစွာ ရှိပါတယ်။

ရှိစေတော့………အမိယုတ်လို့ နှုတ်ကြမ်းတဲ့ သူတစ်ယောက်ရဲ့ နာကျင်သွားစေတဲ့ ကြမ်းကြုတ်ဆဲရေးစကားမျိုး သို့မဟုတ် အမိမြတ်သော်လည်း သူ၏ပင်ကိုစိတ်ဓာတ်ကိုက ယုတ်ညံ့လို့ နှုတ်ကြမ်းတဲ့ သူတစ်ယောက်ရဲ့ ရင်နာသွားစေလောက်တဲ့၊ စိတ်နှလုံးကို နာကျည်းခံပြင်းသွားစေလောက်တဲ့ ကြမ်းတမ်းတဲ့စကားမျိုး မိုက်ရိုင်းတဲ့စကားမျိုး မခံသာတဲ့စကားမျိုးနဲ့ အပြောခံရတာမျိုး ဘ၀မှာ တစ်ကြိမ်တစ်ခါ သို့မဟုတ် ရံဖန်ရံခါမှာတော့ ကြုံရတတ်ပါတယ်။

လက်နက်များစွာနဲ့ တိုက်ခိုက်ခြင်းခံရလို့ နာကျင်တဲ့ ဒဏ်ရာထက် ကြမ်းကြုတ်တဲ့စကား ရိုင်းပျတဲ့စကားနဲ့ အပြောခံရတဲ့ စိတ်ဒဏ်ရာက ပိုပြီးပြင်းထန်တယ်၊ ပိုပြီး နာကျင်မှု့ဖြစ်စေတယ်……..ဆိုတဲ့အဆိုကို လူတိုင်းရင်းနှီးသိရှိနားလည်ပြီးသားပါ။

တစ်ပါးသူက ဘယ်လောက်ပဲ ကြမ်းကြတ်တဲ့စကားမျိုးနဲ့ စော်ကားဆဲရေးနေပါစေ၊ ဘယ်လောက်ပဲ အကျင့်သိက္ခာမဲ့ပြီး လူမဆန်စွာ နာကျင်စေလောက်တဲ့ စကားမျိုးနဲ့ ဆဲရေးနေပါစေ……….သူ့ရဲ့ အချည်းအနှီးအကျိုးမဲ့စကားအတွက်၊ ရိုင်းပျတဲ့စကားအတွက်ကြောင့် နာကျင်ခံစားမှု့မျိုး မိမိရင်မှာ မဖြစ်စေလိုက်ပါနဲ့။ ခံပြင်းဒေါသထွက်သွားစေတာမျိုး အဖြစ်မခံလိုက်ပါနဲ့။ ငါဒီလို ကြမ်းကြုတ်စွာဆဲဆိုခံရတယ်လို့တွေးပြီးတော့ ၀မ်းနည်းအားငယ်စွာ ငိုချလိုက်တာမျိုးလည်း မလုပ်ပါနဲ့၊ တူညီတဲ့ တုန့်ပြန်ဆဲရေးမှု့ကိုလည်း မတုန့်ပြန်လိုက်ပါနဲ့ အပြုံးမပျက်ဘဲ “သင့်ထက် စိတ်ဓာတ်အားဖြင့် မြင့်မြတ်ပြီး လူသားဆန်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ အခွင့်အရေးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့…….. ပြောဆိုလိုက်ပါ။” ဒါဟာ ပညာရှိသူတော်ကောင်းတွေရဲ့ ပညာမဲ့လူရမ်းကားတွေအပေါ်မှာ ပညာရှိသူတော်ကောင်းပီပီ လက်တုန့်ပြန် အနိုင်ယူလိုက်ခြင်းပါပဲ။

သည်းခံခွင့်လွှတ်နားလည်စိတ်နဲ့အတူ စိတ်ဓာတ်မြင့်မားပြီး ယဉ်ကျေးသူ တစ်ယောက်ပီပီ ပညာရှိသူတော်ကောင်းတို့ရဲ့ အပြုမူမျိုး တုန့်ပြန်မှု့မျိုးနဲ့ ပြုမူ တုန့်ပြန်လိုက်လို့ မိမိမှာ ဘာတစ်ခုမှ ဆုံးရှုံးနစ်နာသွားတာမျိုး မရှိနိုင်ပါဘူး။ နားလည်ပေးလိုက်ခြင်းအားဖြင့်၊ တောင်းပန်လိုက်ခြင်းအားဖြင့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြဿနာတို့ကို ပြေငြိမ်းပြီးတော့လည်း သွားစေနိုင်ပါတယ်။ အမုန်းမဖက် အပြုံးသက်သက်နဲ့လည်း ဆက်ဆံပေါင်းသင်းမှု့ကနေ ရှောင်သွားလို့လည်း ရပါတယ်။ ဘာလုပ်မှာလဲ မိမိဘ၀အတွက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ ဘ၀တိုးတက်မှု့တိုကို အကျိုးမပြုနိုင်သူတစ်ယောက်ကို ဝေးဝေးရှောင်နေလိုက်ရလို့ ၀မ်းနည်းအားငယ်နေဖို့ မလိုပါဘူး။

ကိုယ့်ကို နာကျင်စေသူတစ်ယောက်အတွက်နဲ့ ကိုယ့်စိတ်သန္တာန်မှာ သူ့လို ညစ်ညမ်းတဲ့ စိတ်ဓာတ်တွေ၊ ယုတ်ညံ့တဲ့ စကားတွေ၊ ဒေါသတွေ၊ နာကျည်းမှု့တွေ၊ အာဃာတတွေ ရန်ငြိုးဖွဲ့မှု့တွေ ဖြစ်ပေါ်စေပြီး စိတ်မချမ်းမသာ ဖြစ်နေမှာလား…….လုံးဝမတန်ပါဘူး…….မဖြစ်မခံလိုက်ပါနဲ့။ နာကျင်စေသူကို အကြောင်းပြုပြီးတော့ ကိုယ့်သန္တာန်မှာ ဘာကောင်းကျိုးကိုမှ အထောက်အပံ့ မပေးနိုင်တဲ့ အကုသိုလ်စိတ်ဓာတ်မျိုးကို မဖြစ်စေလိုက်ပါနဲ့……..။

ဗုဒ္ဓမြတ်စွာက သူတစ်ပါးရဲ့ ဆဲရေးတိုင်းထွာ ကြမ်းကြုတ်တဲ့ ဖရုသ၀ါစာစကားတွေကို ဂရုစိုက်မနေပါနဲ့…..တဲ့၊ ကိုယ့်ရဲ့ ကောင်းကျိုး မကောင်းကျိုးအတွက်ကိုသာ သတိရှိရှိထားရှိနေဖို့ တိုက်တွန်းခဲ့ပါတယ်။ အက္ကောသဘာရဒွါဇ၏ ကြမ်းကြုတ်တဲ့ ဖရုသ၀ါစာစကားတို့ကို အပြုံးမပျက် သည်းခံတော်မူခဲ့ဖူးပါတယ်။

တစ်နေ့တော့ ဗုဒ္ဓထံလာပြီး ယုတ်မာညစ်ညမ်းတဲ့ ဆဲရေးနည်းပေါင်းစုံနဲ့ လာရောက်ဆဲရေးနေပါတယ်။ အက္ကောသဘာရဒွါဇ ဆဲရေးတိုင်းထွာအပြီးမှာ အပြုံးမပျက်ဘဲ ပုဏ္ဏား သင့်အိမ်မှာ သင်၏ ဆွေမျိုးတို့ကိုပဲဖြစ်ဖြစ် အပေါင်းအသင်းမိတ်ဆွေတို့ကိုပဲဖြစ်ဖြစ် ဖိတ်ပြီးအစားအသောက်တို့ဖြင့် ကျွေးမွေးဧည့်ခံတယ်ဆိုပါစို့၊ သင်ပေးကမ်းကျွေးမွေးတဲ့ အစားအသောက်တို့ကို ထိုသူတို့က မစားသောက်ဘူး မသုံးဆောင်ဘူးဆိုရင် အဲဒီသင်ပြင်ဆင်ထားတဲ့ အစားအသောက်အစားတွေကို သင်ဘာလုပ်ပစ်မလဲ…….။

အရှင်ဂေါတမ….ကျွန်ုပ် အဲဒီအစားအသောက်တွေကို စွန့်ပစ်မှာမဟုတ်ပါဘူး….မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြီး စားသောက်ပစ်မှာပေါ့…..လို့ ပြန်လျှောက်ထားတော့…..ဒီဥပမာအတိုင်းပဲ ပုဏ္ဏား…..သင်ယခုဆဲရေးတိုင်းထွာနေတဲ့ ကြမ်းကြုတ်ညစ်ညမ်းတဲ့ ဖရုသ၀ါစာစကားတွေကို ငါဘုရားလက်မခံဘူး…….သင်ကိုယ်တိုင်ပဲ လက်ခံသုံးဆောင်ရလိမ့်မယ်………ဆိုပြိး ပညာရှိသူတော်ကောင်းတို့ရဲ့ စိတ်နေစိတ်ထားကို သိစေခဲ့ဖူးပါတယ်။

တစ်ခါတုန်းကလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို ပုဏ္ဏားတစ်ယောက်က ပြစ်တင်ဆဲရေးခဲ့ဖူးပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ဆိတ်ဆိတ်ပဲ ထိုင်နေတောတွေတော့……..သင့်ကို ငါပြစ်တင်ဆဲရေးနေတာ မသိဘူးလား၊ မကြားဘူးလား.ဆိုတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ငါမကြားပါဘူး ပုဏ္ဏားကို တုန့်ပြန်ခဲ့ဖူးပါတယ်။ ဒါဟာလည်းပဲ ပညာရှိသူတော်ကောင်းတို့ရဲ့ တန်ဖိုးမရှိ အကျိုးမရှိတဲ့ စကားတို့အပေါ်မှာ မိမိစိတ်ကို စေလွတ်မထားအပ်ဘူး။ ဂရုမစိုက်သင့်ဘူးလို့လည်း နားလည်မိပါတယ်။
ဒေါသဆိုတဲ့အမုန်းကို အမုန်းနဲ့ မတုန့်ပြန်ဘဲနဲ့ သည်းခံခြင်းဆိုတဲ့အပြုံး၊ မေတ္တာအပြုံးတို့နဲ့သာ အနိုင်ယူလိုက်ပါ။

ကဲ…..စာချစ်သူ….။ ဆဲရေးတာ သူတို့အလုပ်ပါ ကိုယ်လုပ်ရမယ့် အလုပ်ကတော့ ဗုဒ္ဓမြတ်စွာ၏ တပည့်သားပီပီ ကြမ်းကြုတ်ခက်ထန်စွာ ဆဲရေးလာသူကို အမျက်မထွက်ဘဲ အပြုံးမပျက်ပေါ့………“သင့်ထက် စိတ်ဓာတ်အားဖြင့် မြင့်မြတ်ပြီး လူသားဆန်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ အခွင့်အရေးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့…….. ပြောဆိုလိုက်ပါ။”

နောက်ပြီး..”ချိုစေသူ့နား၊ ချဉ်မခါးအောင်၊ စကားကျစ်လျစ်၊ အဆစ်ဆစ်၌၊ မထစ်မထုန်၊ မအုန်မထိုင်း၊ မရိုင်းမဆတ်၊ ရှဲခတ်ကိုက်စား၊ သစ်ပျဉ်ပြားနှယ်၊ ပြတ်သားသိမ်မွေ့၊ ချောမြေ့ပြေပြစ်၊ မာန်မယစ်ဘဲ၊ မြစ်မြစ်ချေချေ၊ လူဗိုလ်ခြေအား၊ သံခြေနှုတ်ညင်း။ ရွှေစောင်းညှင်းသို့၊ မပြင်းမပျ၊ သာချမ်းမြလျက်၊ ပျပျရွှင်ပျော၊ ဆိုမိန့်ပြောလော့..............” ဆိုတဲ့ မဃဒေ၀လက်ာစာပိုဒ် (၂၁၁)မှာပါတဲ့ အကျင့်မြတ်တို့အတိုင်းပေါ့ မိမိက စကားပြောဆိုတဲ့အခါမှာ တစ်ဖက်သားရဲ နားကို ချိုသာစေတဲ့စကား၊ ယဉ်ယဉ်ကျေးကျေး၊ ပြေပြေပြစ်ပြစ် ပြောဆိုလိုက်ပါ။ ဒေါသ မာန်မာနတို့ကို ရှေတန်းတင်ပြီး ရိုင်းရိုင်းစိုင်းစိုင်း မောက်မောက်မာမာစကားတွေကို မပြောမိအောင် စိတ်ကိုထိန်းကျောင်းပေးရမှာပါ။ သာယာနာပျော်ဖွယ် စကားတို့ကိုသာ ပြောဆိုလိုက်ဖို့ပါပဲလေ…………။

အမှာ။ ။ ဆဲရေးခြင်းကို သည်းခံခြင်းနဲ့ပတ်သက်လို စာရေးသူ၏ သည်းခံခွင့်လွှတ်တတ်ပါစေ ဆိုတဲ့ ဆောင်းပါးမှာလည်း ရေးပြထားခဲ့ဖူးပါတယ်။

(ဥယျာဉ်မှူးလေး)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP