ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Tuesday, October 25, 2011
တက္ကိက ပုစ္ဆာ (၁၀)ခု
၁။ စကြ၀ဠာသည် အစဉ်အမြဲ တည်သလော၊
၂။ မတည်သလော၊
၃၊ စကြ၀ဠာသည် အကန့်အသတ်ရှိသလော၊
၎။ မရှိသလော၊
၅၊ ၀ိညာဉ်သည် ကာယနှင့် အတူတူပင်လော၊
၆။ ၀ိညဉ်ကတသီးတခြား၊ ကာယက တသီးတခြားပင်လော၊
၇။ တထာဂတသည် သေသည်၏အခြားမဲ့၌ တည်ရှိသလော၊
၈၊ သေသည်၏အခြားမဲ့၌ မတည်ရှိသလော၊
၉။ သေသည်၏အခြားမဲ့၌ (တစ်ပြိုင်နက်) တည်ရှိ-မတည်ရှိသလော၊
၁၀။ သေသည်၏အခြားမဲ့၌ (တစ်ပြိုင်နက်) မတည်ရှိ-မတည်ရှိမဟုတ်သလော၊
ဤပုစ္စာများကို မြတ်စွာဘုရားက ငါ့အား ရှင်းလင်းမပြပေ။ ဤအချက်ကို ငါမကျေနပ်၊ သဘောမခြိုက်၊ သွား၍မေးမြန်းမည်။ မြတ်စွာဘုရားက ရှင်းလင်းဟောပြလျှင် ရဟန်းဝတ်ဖြင့် ဆက်လက်၍၎င်းထံ၌ တရားကျင့် နေထိုင်မည်။ ရှင်းလင်းဟောပြခြင်း မပြုလုပ်လျှင် ရဟန်းဝတ်ကို စွန့်ပစ်၍ ထွက်ခွာသွားတော့မည်။ မြတ်စွာဘုရားသည် စကြာဝဠာသည် အစဉ်အမြဲတည်ရှိသည်ကို သိပါက ၎င်းအကြောင်းကို ရှင်းလင်းပြောပြပါစေ၊ မြတ်စွာဘုရားသည် စကြာဝဠာသည် အစဉ်အမြဲမတည်ရှိကြောင်းသိလျှင်လည်း မရှိကြောင်း ပြောပါစေ၊ စကြ၀ဠာသည် အစဉ်တည်ရှိသည်၊ စကြာဝဠာသည် အစဉ်အမြဲ မတည်ရှိစသည်တို့ကို မသိပါက မသိသည့်အလျှောက် မကွယ်မထောက်ဘဲ "ငါမသိဘူး၊ ငါမမြင်ဘူး" ဟု မြတ်စွာဘုရားက ပွင့်ပွင့်လင်းလင်းပဲ ပြောပြရန်သာ ရှိသည်။
ယနေ့ကမ္ဘာတွင် သန်းပေါင်းများစွာသော လူအပေါင်းတို့သည် အဆိုပါ တက္ကိက ပုစ္စာများနှင့် အဖိုးထိုက်လှသော အချိန်များကိုဖြုန်းပစ်၍ မိမိကိုယ်မိမိ စိတ်မချမ်းသာမှုကို အလဟဿ ဖန်တီးနေကြပေသည်။ မာလုကျပုတ္တအား ဗုဒ္ဓက ဖြေကြားတော်မူသော တရားများသည် ထိုသို့သော သူများအတွက် အကျိုးကျေးဇူးများစွာ ရှိပေမည်။
"မာလုကျပုတ္တ၊ ငါဘုရားက သင့်အား မာလုကျပုတ္တ၊ လာလော့၊ ငါ့ထံ၌ ရဟန်းဝတ်လှည့်လော့၊ ဒီပုစ္စာများကို ငါရှင်းလင်းဟောပြမည်" ဟု ပြောဖူးပါသလား၊
"မပြောဖူးပါဘုရား"
"သင်ကကော၊ အရှင်ဘုရား၊ အရှင်ဘုရားထံ၌ ရဟန်းဝတ်ပါမည်၊ ဤပုစ္စာများကို ရှင်းလင်းပြောပြပါ" ဟု တောင်းပန်ဖူး၊ လျှောက်ထားဖူးသလား။
"မလျှောက်ထားဖူးပါဘုရား"
မာလုကျပုတ္တ၊ အခုတောင်မှ ငါဘုရားက သင့်အား ငါ့ထံလာ၍ ရဟန်းပြုလော့၊ သင့်အား ဤအကြောင်းတရားများကို ရှင်းလင်းဟောပြမည်ဟု မပြော၊ သင်ကလည်း အရှင်ဘုရားထံ ရဟန်းဝတ်၍ နေထိုင်ပါမည်၊ ဤပုစ္စာများကို ဖြေရှင်းပြတော်မူပါဟု မလျှောက်ထား၊ ဤကဲ့သို့ဖြစ်ခြင်းကြောင့် မည်သူက မည်သူကို ညှဉ်းဆဲသည်ဟု ခေါ်ဆိုရမည်နည်း အသင်လူမိုက်။
မာလုကျပုတ္တ၊ တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရားထံ၌ ဤပုစ္စာများကို မဖြေမချင်း ရဟန်းမ၀တ်ဟု ပြောငြားအံ့၊ ၎င်းသူသည် တထာဂတထံမှ ဤပုစ္စာတို့၏ အဖြေကိုမရရှိဘဲ အသက်သာလျှင် ဆုံးရှုံးကောင်း ဆုံးရှုံးသွားပေမည်။
မာလုကျပုတ္တ၊ အကယ်၍ လူတစ်ယောက်ကို အဆိပ်လူးသောမြားထိအံ့၊ ၎င်း၏ မိတ်သင်္ဂဟ ဆွေမျိုးသားချင်းတို့က သမားတစ်ယောက်ထံ ဆောင်ကြဉ်းသွားအံ့၊ ထိုအခါတွင် လူနာက ကျွန်ုပ်အား မြားဖြင့်ပစ်သူကို မသိရသမျှ မြားကိုမဖြုတ်ရပြီ၊ မြားပစ်သမားသည် ခတ္တိယ (စစ်သည်တော်တန်းစား) မျိုးနွယ်လော၊ ဗြာဟ္မဏ (ရဟန်းပုဏ္ဏား) အမျိုးနွယ်ပင်လော၊ သို့မဟုတ် ဝေဿ (ကုန်သည်လယ်လုပ်) အတန်းအစားလော၊ သုဒ္ဓ (ဇာတ်နိမ့်) ထဲကပင်လော၊ သူ့အမည်၊ သူ၏ဆွေမျိုးအမည်က အဘယ်ဖြစ်သနည်း အရပ်မြင့်သလား၊ ပုသလား၊ အလယ်အလတ်ပဲလား၊ အသားအရေက မည်းသလား၊ ညိုသလား၊ ရွှေရောင်အဆင်းလား၊ ဘယ်ရွာ၊ ဘယ်မြို့၊ ဘယ်နိဂုံးကလားခဲ့သနည်း။
အဘယ်လေးမျိုးဖြင့် ပစ်ခွင်လိုက်သည်ကို မသိရသမျှ မြားကိုမဖြုတ်ရပြီ၊ မည်ကဲ့သို့လေးကြိုးကို အသုံးပြုလိုက်သနည်း။ မြားတံက မည်သည့်အမျိုးအစားဖြစ်သနည်း။ မြားတံပေါ်တွင်မည်သည့် အမွေးဖွားများ တပ်ထားသနည်း။ မြားဦးကို မည်သည့်အရာဝထ္ထုဖြင့် ပြုလုပ်ထားသနည်း၊ စသည်ဖြင့် မေမြန်းစုံစမ်းသည် ဆိုပါတော့၊ ထိုသူသည် ၎င်းသိလိုသော ဤအကြောင်းအရာများ တစ်ခုမျှမသိရှိနိုင်မီ အသက်သေဆုံးရပေမည်။
မာလုကျပုတ္တ၊ ဤနည်းတူစွာပင်၊ တစ်စုံတစ်ယောက်သောသူသည် စကြာဝဠာသည် အစဉ်အမြဲတည်သလော၊ မတည်သလော၊ အစရှိသော ပုစ္စာတို့ကို မဖြေမချင်း မြတ်စွာဘုရားထံ၌ ရဟန်းမ၀တ်ဟု ပြောငြားအံ့၊ ထိုသူသည် အသက်သေဆုံးသည့်တိုင်အောင် တထာဂတ ထံမှ ဤပုစ္စာများ၏ အဖြေတို့ကို ရရှိမည်မဟုတ်ပေ။
ထို့နောက် ဗုဒ္ဓသည် မာလုကျပုတ္တအား ရဟန်းဝတ်၍ သူတော်ကောင်းတရားကျင့်နိုင်ရန် ဤအယူအဆသဘောတရားများအပေါ် မတည်ရှိကြောင်း ရှင်းလင်းဟောပြတော်မူလေသည်။ ဤပြဿနာရပ်များနှင့်ပက်သက်၍ မည်ကဲ့သို့ ထင်မြင်ယူဆစေကာမူ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့ ရှိမြဲ ရှိနေမည်။ ဤဘ၀၌ပင် ၎င်းတို့ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိစ္စကိုသာ ငါဘုရား ဟောကြားတော်မူပေသည် ဟု မိန့်မြွက်တော်မူလေသည်။
မာလုကျပုတ္တ၊ ဒါကြောင့် မည်သည့်အကြောင်းအရာများကို ငါဘုရားဟောကြားသနည်း၊ မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြား၊ ရှင်းလင်းမပြသနည်း ဆိုသည်တို့ကို ကောင်းစွာ နှလုံးသွင်းထားလော့၊
မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြားသနည်း၊
စကြ၀ဠာသည် အစဉ်အမြဲတည်သလော၊ မတည်သလော၊ (အထက်ဖော်ပြပါ အယူအဆ ၁၀မျိုး) စသည်တို့ကို ငါဘုရားရှင်းလင်းဖော်ပြ ဟောကြားတော်မမူ။
မာလုကျပုတ္တ၊ ဤအကြောင်းအရာများကို ငါဘုရား အဘယ်ကြောင့် မဟောကြားပေသနည်း။
ဤအယူအဆ သဘောတရားများသည် အသုံးမ၀င်၊ အရာမရောက်၊ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်ခြင်းမရှိ။ ငြီးငွေ့ရွံရှာခြင်း၊ တွယ်တာမှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်း၊ ချမ်းမြေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်းအလို့ငှာ ထောက်ပံ့ကူညီမှုမပြု၊ ထို့ကြောင့် ဤအကြောင်းအရာများကို သင့်အားမဟောကြားခြင်းဖြစ်သည်။
ဒါဖြင့်လျှင် မာလုကျပုတ္တ၊ သင့်အား အဘယ်တရားများကို ငါဘုရား ဟောကြားပေသနည်း၊
သင့်အား ဒုက္ခအကြောင်းကို ရှင်းလင်းဟောကြားသည်။ ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ) အကြောင်း၊ ဒုက္ခ ချုပ်ငြိမ်းခြင်း (နိရောဓ)အကြောင်း၊ ဒုက္ခချုပ်ငြိမ်းရာ ရောက်ရန်လမ်းစဉ် (ဒုက္ခ နိရောဓ ဂါမိနိပဋ္ဋိပဒါ) အကြောင်းကို ဟောကြားသည်။
အဘယ်ကြောင့် ဤအကြောင်းအရာများကို ဟောကြားပေသနည်း။
မာလုကျပုတ္တ၊ ဤအကြောင်းအရာများသည် အသုံးဝင် အရာရောက်သည်။ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်လျက်ရှိသည်။ ငြီးငွေ့ရွံရှာခြင်း ဖြစ်စေသည်။ တွယ်တာမှုကင်းစေသည်။ ချုပ်ငြိမ်းစေသည်။ ချမ်းမြေ့စေသည်။ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်း အလို့ငှာ ထောက်ပံ့ကူညီမှု ပြုသည်။ ဤအကြောင်းအရာများကို ငါဘုရား ရှင်းလင်းဟောပြခြင်းဖြစ်ပေသည်။
ဗုဒ္ဓ မြတ်စွာ ဟောကြားအပ်သော အရိယသစ္စာလေးပါး ဟူသည်-
၁။ ဒုက္ခ - ဒုက္ခ
၂။ သမုဒယ - ဒုက္ခ၏အစ၊ သို့မဟုတ် ဖြစ်ပေါ်ရခြင်း၊
၃။ နိရောဓ - ဒုက္ခ၏ ချုပ်ငြိမ်းရခြင်း၊
၎။ မဂ္ဂ - ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ညွှန်းပြ ရှေးရှုသည့်လမ်း၊ တို့ဖြစ်ကြသည်။
ဆင်းရဲငြိမ်းအေးရာ အမှန်ဖြစ်သော နိဗ္ဗာန်ကို မဂ္ဂင် (၈) ပါး ကျင့်စဉ် အကျင့်ကောင်းတို့ဖြင့် ကျင့်ကြံပွားများအပ်ပါက ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရမည် အမှန်ဖြစ်ပေသည်။
မဂ္ဂင် (၈) ပါး သို့မဟုတ် သူတော်ကောင်းများ ကျင့်အပ်ရာ အကျင့်ကောင်းဆိုသည်မှာ.....
၁။ သမာ ဒိဋ္ဌိ မဂ္ဂင် - မဖောက်မပြန် ကောင်းစွာသိမြင်ခြင်း
၂။ သမ္မာ သင်္ကပ္ပ မဂ္ဂင် - ကောင်းစွာ ကြံခြင်း
၃။ သမ္မာ ၀ါစာ မဂ္ဂင် - ကောင်းစွာ စကားကို ပြောဆိုခြင်း
၎။ သမ္မာ ကမ္မန္တမဂ္ဂင် - ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်း
၅။ သမ္မာ အာဇီဝ မဂ္ဂင် - ကောင်းစွာ အသက်မွေးဝမ်းကျောင်းခြင်း
၆။ သမ္မာ ၀ါယာမ မဂ္ဂင် - ကောင်းစွာ အားထုတ်ခြင်း
၇။ သမ္မာ သတိ မဂ္ဂင် - ကောင်းစွာ အောက်မေ့ ဆင်ခြင်ခြင်း
၈။ သမ္မာ သမာဓိ မဂ္ဂင် - ကောင်းစွာ တည်ကြည်ခြင်း တို့ဖြစ်သည်။
အထက်ပါ အရိယာ သစ္စာလေးပါး နှင့် မဂ္ဂင် (၈) ပါး သည် ဗုဒ္ဓဘာသာအတွက် အနှစ်ချုပ်ပေ။
အလှူဒါနတွေထဲမှာ ဓမ္မဒါနသည် အမြတ်ဆုံးဒါန ဖြစ်သည်။ ဤကဲ့သို့ ဓမ္မဒါန ပြုလုပ်ရသည့်အကျိုးသည် နိဗ္ဗာန်ကိုရောက်စေသော မဂ်ဉာဏ်ဖိုလ်ဉာဏ်တရားမြတ်ကို လျင်မြန်သောအသိ လွယ်ကူသောအကျင့်ဖြင့် ရလွယ်သိလွယ်သူ မျက်မှောက်ပြုလွယ်သူ ဖြစ်ရပါလို၏။

အောက်တိုဘာလ ၂၆ ရက်နေ့ တရား အစီအစဉ်များ ။
၂၀၁၁ ခု အောက်တိုဘာလ ၂၆ ရက် ( ၁၃၇၃ ခု သီတင်းကျွတ်လကွယ်နေ့ ) ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ၀၀းး၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ ...
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာ ဘိဝံသ ဟောကြားတော်မူသော...
၁။ တေမိယကုမ္မာရ ဇာတ်တော် -၁
၂။ တေမိယကုမ္မာရ ဇာတ်တော် -၂
၃။ တေမိယကုမ္မာရ ဇာတ်တော် -၃
၎။ အမြိုက်ရေစင်
၅။ လူ့ပြည်ရောက် နတ်တမန်များ
၆။ နှစ်ဦးကာလ ဓမ္မလက်ဆောင်
၇။ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
၈။ အဘိဓမ္မာ နေ့မြတ်အခါ
၉။ ရတနာသုံးရပ် အမြဲဆည်းကပ်သည့် ဥပါသကာ
၁၀။ အက္ခာန သုတ္တန်
၁၁။ မူလပက္ခဇာတ်
၁၂။ သူတော်ကောင်းဥစ္စာခုနှစ်ဖြာ
၁၃။ အဘယသုတ္တန်
၁၄။ သမာပတိ သုတ္တန် (၁၃-၁၁-၁၉၉၅)
၁၅။ သမာပတိ သုတ္တန် (၂၆-၁၂-၁၉၉၆)
၁၆။ရှင်သာရိပုတ္တရာမထေရ်မြတ်၏ နှမတော်တို့၏ ဓမ္မအမြင်များ
၁၇။ ကက္ကာရုဇာတ်
၁၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ သာသနာအရေး လျှောက်ထားချက်
တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။
Read more...ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာ ဘုံကထိန် အလှူတော် အခမ်းအနား အရပ်ရပ် အလှူရှင်များ စာရင်း
စဉ် အလှူရှင်နှင့် အလှူပစ္စည်း စာရင်း
၁ ) ခမည်းတော် ဦးတင်မောင် မယ်တော် ဒေါ်ခင်ထွေး အမှူးထား၍ ဆရာတော် ဦးဝိစိတ္တမှ ကထိန်သင်္ကန်း အတွက် ၃၀၀၀၀
၂ ) ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် မိသားစု နှင့် ကိုလင်းလင်းစိုး ၊ ကိုချန်ဒူးဝမ် တို့က သင်္ကန်း (၁) စုံ ၊ ခြုံထည် (၇) ထည်
၃ ) ကိုရွှန်းဝင့်နွယ် + မမို့မို့အောင် သင်္ကန်း (၁) စုံ
၎ ) ကိုသန့်ဇင်အောင် သင်္ကန်း (၁) စုံ
၅ ) ကိုကျော်လင်းထိုက် မှ ကထိန် သင်္ကန်း အတွက် ၃၀၀၀၀
၆ ) ကိုသိန်းငွေ မှ ကထိန် သင်္ကန်း အတွက် ၃၀၀၀၀
၇ ) ကိုသန်းဇော် မှ ကထိန် သင်္ကန်း အတွက် ၃၀၀၀၀
၈ ) ကိုကျော်စိုးဝင်း မှ ကထိန် သင်္ကန်း အတွက် ၃၀၀၀၀
၉ ) ကိုဝဏ္ဏစိုး မှ ကထိန် သင်္ကန်း အတွက် ၃၀၀၀၀
၁၀ ) ကွယ်လွန်သူ မိခင်ကြီး ဒေါ်ထွေးစိန်အား ရည်စူး၍ ဦးမောင်ကျော် မိသားစု ၃၀၀၀၀
၁၁ ) ကွယ်လွန်သူ ဦးဇော်မျိုးဝင်း + ဒေါ်မြင့်မြင့်ခိုင်အားရည်စူး၍ သားပြည့်ဟန်မျိုးဝင်း သမီးချောစုမျိုးဝင်း တို့က ၃၀၀၀၀
၁၂ )ကွယ်လွန်သူမိခင်ကြီး ဒေါ်ထွေးသိန်းအားရည်စူး၍ သားကိုမင်းနိုင် ဇနီးမအေးယုနွယ် ၆၀၀၀၀
၁၃ ) ကိုမောင်မောင် ကထိန် သင်္ကန်း အတွက် ၃၀၀၀၀
၁၄ ) ကိုဘိုလင်း ၅၀၀၀၀
၁၅ ) ကိုဝေဠုဇော် (လူပျိုကြီး) ၅၀၀၀၀
၁၆ ) ကိုစလေ ၅၀၀၀၀
၁၇ ) ကိုထွန်းထွန်းလင်း ၃၀၀၀၀
၁၈ ) ကိုဝင်းလှိုင် + မယဉ်သူ ၅၀၀၀၀
၁၉ ) ကိုမောင်မောင်နှင့် မောင်နှမတစ်စု ၃၀၀၀၀
၂၀ ) ကိုသန်းဇော် ၃၀၀၀၀
၂၁ ) ကိုစိုးပိုင်မှူး ၃၀၀၀၀
၂၂ ) ကိုကျော်လင်း ၃၀၀၀၀
၂၃ ) ကိုနေလင်းဦး (ရွှေကမ္ဘာ) ၅၀၀၀၀
၂၄ ) ကိုစိန်ချွန် ၅၀၀၀၀
၂၅ ) ကိုစိုင်းဆိုင်လိုင်းဝမ်း + ကိုသန့်ဇင်အောင် ၃၀၀၀၀
၂၆ ) ကိုမျိုးညွန့်အောင် ၃၀၀၀၀
၂၇ ) ကိုဇော်ထူးအောင် ( အသေးလေး) ၁၀၀၀၀၀
၂၈ ) ကိုဘိုဇာစိုး ၃၀၀၀၀
၂၉ ) ကိုမျိုးအောင် ၃၀၀၀၀
၃၀ ) ကိုထွန်းထွန်းလတ် ၃၀၀၀၀
၃၁ ) ကိုဇော်မင်းသူ ၃၀၀၀၀
၃၂ ) ကိုစန်းမောင် ၃၀၀၀၀
၃၃ ) ကိုအောင်သူနိုင် ၃၀၀၀၀
၃၄ ) ကိုဇော်ထက်ဦး ၃၀၀၀၀
၃၅ ) ကိုန်ုင်လင်းထွန်း ၃၀၀၀
၃၆ ) ကိုမောင်မောင် ၃၀၀၀၀
၃၇ ) ကိုမျိုးဇော်ဦး (ဂင်မဲ) ၃၀၀၀၀
၃၈ ) ဂျီလယန်းစက်မှုဇုန် သြဂုတ်လ လစဉ် အလှူငွေ ၄၂၀၀၀၀
ဂျီလယန်းစက်မှုဇုန် စက်တင်ဘာလ လစဉ် အလှူငွေ ၄၁၀၀၀၀
ဂျီလယန်းစက်မှုဇုန် အောက်တိုဘာလ လစဉ် အလှူငွေ ၂၂၀၀၀၀
၃၉ ) ကိုနိုင်အောင်ကျော် ၃၀၀၀၀
၄၀ ) ကိုဝင်းစိန် (ဂင်မဲ) ၃၀၀၀၀
၄၁ ) မိခင် ဒေါ်ကျင်သိန်းအား ရည်စူး၍ ကိုကျော်ကျော်မြင့် + မလဲ့လဲ့ပြုံးမိသားစု ၃၀၀၀၀
၄၂ ) ကိုလှထွန်း ၅၀၀၀၀
၄၃ ) ကိုလှမင်းထွန်း ၃၀၀၀၀
၄၄ ) ကိုသက်ဝင်းအောင် ၁၀၀၀၀
၄၅ ) ကိုရဲလင်းမျိုး မိသားစု ၅၀၀၀၀
၄၆ ) ကိုစိုးနိုင် ၃၀၀၀၀
၄၇ ) ကိုချင်းချင်း ၊ ကိုဝင်းဝင်း ၃၀၀၀၀
၄၈ ) ကိုမြင့်ဇော်မိသားစု ၃၀၀၀၀
၄၉ ) ကိုရှမ်းလေး (ဂယောင်ဆန်) ၃၀၀၀၀
၅၀ ) ကိုကျော်စွာမင်း ၊ ကိုထက်အောင်ခိုင် ၂၀၀၀၀
၅၁ ) ကိုခင်ဇော် ၃၀၀၀၀
၅၂ ) ကိုဖြိုးေ၀၀င်း ၃၀၀၀၀
၅၃ ) ကိုဇော်ကြီး (ဆုံဆော) ၃၀၀၀၀
၅၄ ) ကိုကျော်ဇောလင်း ၃၀၀၀၀
၅၅ ) ကိုလှရွှေ + ဒေါ်လှလှဝင်း ၃၀၀၀၀
ယုံရှင်းရွှေညီအစ်ကိုများက
ဆရာတော်လေယာဉ်စားရိတ်အတွက် ၄၅၀၀၀၀
သင်္ကန်း (၁၈) စုံအတွက် ၅၄၀၀၀၀
၅၆ ) ကိုမျိုးညွှန့်သိန်း +မသဇင်ငြိမ်း - ၅၀၀၀၀
၅၇ )ကိုသက်နိုင် + မသင်းသင်းဌေး - ၁၀၀၀၀၀
၅၈ ) ကိုဝင်းနိုင်ဦး - ၅၀၀၀၀
၅၉ ) ကိုဇော်မင်း - ၅၀၀၀၀
၆၀ ) ကိုနေမျိုးအောင်စိုး + မခင်မျိုးဦး - ၅၀၀၀၀
၆၁ ) ကိုဌေးအောင် - ၅၀၀၀၀
၆၂ ) ကိုဇော်မင်းလေး - ၅၀၀၀၀
၆၃ ) ကိုဇော်ဝင်းထွန်း - ၅၀၀၀၀
၆၄ ) ကိုသော်တာမင်း + မမေသူအောင် - ၅၀၀၀၀
၆၅ ) ကိုဇော်မင်းထွန်း - ၅၀၀၀၀
၆၆ ) ကိုပြည့်ဖြိုးမောင် - ၅၀၀၀၀
၆၇ ) ကိုအောင်နိုင်ဝင်း - ၅၀၀၀၀
၆၈ ) ကိုမြကြီး - ၅၀၀၀၀
၆၉ ) ကိုအောင်ကျော်ငြိမ်း ၊ ကိုရဲမြင့်ဟိန်း - ၅၀၀၀၀
၇၀ ) ကိုစိုးမိုးထက် - ၅၀၀၀၀
၇၁ ) ကိုအောင်ကောက် + မကြည်ကြည်မော် - ၅၀၀၀၀
၇၂ ) ကိုအောင်ဇော်ဝင်း - ၅၀၀၀၀
၇၃ ) ကိုအောင်မျိုးထွန်း - ၅၀၀၀၀
၇၄ ) ကိုဇော်ဇော် - ၃၀၀၀၀
၇၅ ) ကိုဝင်းနိုင်လတ် - ၁၀၀၀၀
ယုံအမ်းရွှေညီအစ်ကိုများက
ဆရာတော်လေယာဉ်လက်မှတ်အတွက် ၄၅၀၀၀၀
သင်္ကန်း (၁၀) စုံအတွက် ၃၀၀၀၀၀
၇၆ ) ကိုအောင်ကို - ၁၀၀၀၀၀
၇၇ ) ကိုဝဏ္ဏစိုး - ၁၀၀၀၀၀
၇၈ ) ကိုကျော်စွာ - ၁၀၀၀၀၀<
၇၉ ) ကိုဝင်းနိုင်လတ် - ၁၀၀၀၀၀
၈၀ ) ကိုသိဟ-၁၀၀၀၀၀
၈၁ ) ကိုစိုင်းမြတ်မင်း-၅၀၀၀၀
၈၂ ) ကိုလေးနိုင်-၅၀၀၀၀
၈၅ ) ကိုချမ်းမွန်-၅၀၀၀၀
၈၆ ) ကိုအောင်ဇေယျနှင့်ကိုမင်း ၂၅၀၀၀
၈၇ ) Mr.Supakara ၅၀၀၀၀
၈၈ ) ဦးတင်ဝင်း + ဒေါ်သန်းသန်း ၃၀၀၀၀
၈၉ ) ကိုသူရအောင် + Mrs. Isiriya ၃၀၀၀၀
၉၀ ) ကိုဟန်ထွန်းမောင် ၃၀၀၀၀
၉၁ ) ကိုမျိုးမြင့်ဦး ၂၀၀၀၀
၉၂ ) ကိုခင်မောင်ချင်း ၃၀၀၀၀
၉၃ ) ကိုသန်းဌေး (ဒါဆန်း) ၃၀၀၀၀
၉၄ ) ဒါဆန်းညီအစ်ကိုများ ၁၈၀၀၀၀
၉၅ ) ကိုဖြိုးသန့်တင် ၃၀၀၀၀
၉၆ ) ကိုသီဟဇော် ၂၀၀၀၀
၉၇ ) ဒါဆန်းရွှေညီအစ်ကိုများ လစဉ်အလှူငွေ ၁၀၀၀၀၀
၉၈ ) ကိုကျော်သူစံ ၂၀၀၀၀
၉၉ ) ကိုနေလင်း ( ဂျီလယန်း ) လစဉ်အလှူငွေ ၁၀၀၀၀၀
၁၀၀ ) ကိုနေလင်း ( ဂျီလယန်း ) သင်္ကန်း (၁) စုံ ၃၀၀၀၀
၁၀၁ ) ကိုရဲမိုးဝင်း ၃၀၀၀၀
၁၀၂ ) မယမင်းထွေး မိသားစု ၅၀၀၀၀
၁၀၃ ) ကိုခင်မောင်ကျော် ၃၀၀၀၀
၁၀၄ ) ကိုရဲရင့်အောင် မိသားစု ၂၀၀၀၀
၁၀၅ ) ကိုသန်းနိုင် + မခင်မြတ်သူ မိသားစု ၃၀၀၀၀
၁၀၆ ) ကိုစိုးမြင့်အောင် + ဒေါက်တာနီနီမာနှင့် မိခင်ကြီး ၃၀၀၀၀
၁၀၇ ) ကိုဘုန်းနိုင် United Brother ၃၀၀၀၀
၁၀၈ ) ကိုရဲစိုးရာဇာ ၃၀၀၀၀
၁၀၉ ) ကိုအောင်ကျော်ထက် + မခင်စုလှိုင် ၃၀၀၀၀
၁၁၀ ) ကိုအာကာနှင့်သူငယ်ချင်းများ ( ၀ဲဂန် ) ၆၀၀၀၀
၁၁၁ ) ကိုဖြိုးဝေ နှင့် သူငယ်ချင်းများ ၃၀၀၀၀
၁၁၂ ) ကိုဇော်ဇော်ထွန်း ၁၀၀၀၀
၁၁၃ ) ကိုကျော်ဝင်း ၁၀၀၀၀
၁၁၄ ) ကိုကျော်ဌေးအောင် ၃၀၀၀၀
၁၁၅ ) ကိုနေလင်းအောင် ၁၀၀၀၀
၁၁၆ ) ကိုညီညီအောင် ၃၀၀၀၀
၁၁၇ ) ကိုအောင်လွင် ၁၀၀၀၀
၁၁၈ ) ကိုကျော်စွာ ၃၀၀၀၀
၁၁၉ ) ကိုညီညီထူး ၊ ကိုအောင်မြင့်ထွန်း နှင့် ကိုတင်အောင်လင်း ၃၀၀၀၀
၁၂၀ ) ကိုကျော်ဇောအောင် ၃၀၀၀၀
၁၂၂ ) ကိုဇော်မင်းထိုက် ၃၀၀၀၀
၁၂၃ ) ကိုကျင်စိန် ၃၀၀၀၀
၁၂၄ ) ကိုအောင်နိုင် ၁၀၀၀၀၀
၁၂၅ ) ကိုအောင်နိုင်ဦး ၁၀၀၀၀၀
၁၂၆ ) ကိုမြင့်သူ (ဂယောင်ဂျူး) ၃၀၀၀၀
၁၂၇ ) ကိုခင်ဝင်း (ဂယောင်ဂျူး) ၅၀၀၀၀
၁၂၈ ) ဂယောင်ဂျူး ရွှေညီအစ်ကိုများ ၂၈၀၀၀၀
၁၂၉ ) ကိုဇေယျာတင့် ၃၀၀၀၀
၁၃၀ ) ကိုမန်းဝင်း ၃၀၀၀၀
၁၃၁ ) ကိုလင်းအောင်စိုး ၁၀၀၀၀၀
စုစုပေါင်း ၆၆၁၅၀၀၀
Posted by ၀င်းနိုင်ဦး at 8:19 AM
စုစည်းထားမှု = ၇။ သာရေး/ နာရေး / လူမှုရေး
သက္ကရာဇ် ၃၀၁၁ ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အကောင်းဆုံးဆု ရနိုင်မည်ဟုခန့်မှန်းထား၊
အာရှအကောင်းဆုံး တက္ကသိုလ် ၁၀၀ စာရင်းတွင်လည်း မြန်မာတစ်ခုမျှ မပါသေး။ သို့သော် ၀မ်းနည်းစရာကား မရှိ။ သက္ကရာဇ် ၃၀၁၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှာ ကမ္ဘာ့ထိပ်တန်း
ဖြစ်လာနိုင်ဖွယ်ရာရှိဟု မောက္ခ သုတေသီများက ဟောကိန်း ထုတ်လိုက်ပါကြောင်း။

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) မှာ
၁။ ကိန်းဘရစ်ခ်ျ တက္ကသိုလ် (အင်္ဂလန်)
၂။ ဟားဗတ်တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၃။ မန်ဆာချူးဆက်တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၎။ ယေးလ်တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
၅။ အောက်စ်ဖို့ တက္ကသိုလ် ( အင်္ဂလန်)
၆။ အင်ပီရီယေလ် ကောလိပ်( အင်္ဂလန်)
၇။ ယူနီဗာစီတီကောလိပ် (အင်္ဂလန်)
၈။ ချီကာဂို တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
၉။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၁၀။ ကိုလမ်ဘီယာ တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)။
အာရှတိုက်၏ အကောင်းဆုံး တက္ကသိုလ် (၁၀)
၁။ ဟောင်ကောင် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (ဟောင်ကောင်)
၂။ ဟောင်ကောင်တက္ကသိုလ် ( ဟောင်ကောင်)
၃။ စင်္ကာပူ အမျိုးသားတက္ကသိုလ် (စင်္ကာပူ)
၎။ တိုကျို တက္ကသိုလ်( ဂျပန်)
၅။ ကောင်ကောင် တရုတ်တက္ကသိုလ်( ဟောင်ကောင်)
၆။ ဆိုးလ် တက္ကသိုလ် (တောင်ကိုးရီးယား)
၇။ ကျိုတိုတက္ကသိုလ် ( ဂျပန်)
၈။ အိုဆာကာ တက္ကသိုလ်( ဂျပန်)
၉။ တိုဟူးကု တက္ကသိုလ်( ဂျပန်)
၁၀။ ကျိုတို နည်းပညာ တက္ကသိုလ်( ဂျပန်)
အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို http://www.usnews.com/education/worlds-best-universities-rankings/best-universities-in-asia?page=1 တွင် ကြည့်ရှုနိုင်ပါသည်။
ကြိတ်ထား ရန်ကုန်တက္ကသိုလ်၊ ကြိတ်ထား။
Sources; Cambridge Tops Harvard Again in World's Best Universities Rankings
ဒုက္ခတွေကများ - ဗုဒ္ဓကယ်ပါ့ဘုရား (မေတ္တာဦး- ဇေယျာ ရွှေမြေ)
ဒုက္ခတွေကများ - ဗုဒ္ဓကယ်ပါ့ဘုရား
[IMG]/images/stories/Resized_IMG_7677.jpg[/IMG]
စာတစ်စောင် ပေတစ်ဖွဲ့ရယ်လို့ ရေးလဲမရေးခဲ့ဖူးပါဘူး၊ မရေးစဘူး အရေးထူးတာကတော့ မေတ္တာဥယျာဉ်ရဲ့ ဖိတ်ခေါ်မှုကြောင့်ပါပဲ၊ စာရေးသူ မေတ္တာဥယျာဉ်ထဲ ဝင်ခွင့်ရကထဲက နေ့စဉ်ပဲ ဝင်ရောက်ပျော်ရွှင် နေခဲ့မိပါတယ်၊ တနေ့တစ်ခါလောက်မှ မေတ္တာဥယျာဉ်ထဲ မဝင်ရရင် စိတ်အစဉ် ဟာ မပျော်ရွှင် မလန်းဆန်းသလိုပါပဲ၊ “မေတ္တာဥယျာဉ်၊ ဝင်မိလျင်၊ အစဉ်လွမ်းပါသည်” ဆိုတဲ့ ကဗျာလေးအတိုင်းပါပဲ
[IMG]/images/stories/Resized_IMG_7766.jpg[/IMG]
မေတ္တာဥယျာဉ်ထဲ ဝင်ရောက်တိုင်းလဲ သဘာဝအလှ၊ ပန်းအလှတွေနဲ့ အမြဲတမ်း လှပနေတဲ့ ပေါ့တလန်မြို့ရယ် သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်လေး ဦးသိရိန္ဒနဲ့ သူ့ရဲ့ တပည့်ဒကာဒကာမ တွေရယ်ကို ပြန်လည်သတိရ နေမိပါတယ်၊ တွေ့ဆုံခဲ့ကြတဲ့ အချိန်အတိုင်းအတာ ဘာမှမကြာခဲ့သော်လည်း စာရေးသူရဲ့  နှလုံးသားထဲမှာတော့ ထာဝစဉ် စွဲထင်နေလျက်ပါ၊ ဒါကြောင့်လဲ မေတ္တာဥယျာဉ်ထဲ နေ့စဉ်ဝင်ဖြစ်နေပါတယ်။
မေတ္တာဥယျာဉ်ထဲဝင်လိုက်တိုင်းလဲ သတိရနေသလို သတိရတိုင်းလဲ လွမ်းနေမိပြန်ရော့၊ မေတ္တာဥယျာဉ်ထဲ ဝင်ပါများတော့ မေတ္တာဥယျာဉ်ထဲမှာ အစဉ်ပွင့်လန်းနေကြတဲ့ အခြားပန်းလေးတွေလို ကိုယ်လဲပဲ မွှေးကြိုင်လန်းဆန်းတဲ့ ပန်းတစ်ပွင့်အနေနဲ့ ပါဝင်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့ပါတယ်၊ ဒီစာပန်းတစ်ပွင့်ဟာ စာရေးသူရဲ့ ရင်ထဲက ပထမဦးဆုံး ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်ဆိုရင် မှားမယ်မထင်ပါဘူး၊ အမြင်မလှပေမဲ့ အကြင်နာမျှဝေလို့ ခူးချွေပန်ဆင်ကြမယ်ဆိုရင်, ရနံ့မမွှေးလှပေမဲ့ ခဏလေးမျှ နွေးထွေးမှုပေးကြမယ်ဆိုရင် စာရေးသူ စိုက်ပျိုးရကျိုးနပ်ပါပြီ၊ မေတ္တာဥယျာဉ်မှာ ဝင်ရောက်လာကြတဲ့ စာချစ်သူတွေကို ရှေးဦးစွာ ဒုက္ခနဲ့ပတ်သက်တဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ မျှဝေခံစား အသိတရားတစ်ခု ပေးချင်ပါတယ်။
[IMG]/images/stories/Resized_IMG_7608.jpg[/IMG]
ဒုက္ခဆိုတဲ့ စကားလုံးလေးဟာ လူတိုင်းသုံးနေကြ စကားလုံးတစ်လုံးပါ၊ အထူးအကျယ်ဖွဲ့ပြီး ချဲ့ ကားရေးစရာ လိုမယ်မထင်ပါဘူး၊ ဒါပေမဲ့ သစ္စာ လေးပါးမှာ ဒုက္ခဆိုတာ အမှန်တရားတစ်ခုမို့ သေသေချာချာ ရေရေရာရာတော့ သိသင့်တယ်လို့ ထင်ပါတယ်၊ ဒီခေတ်ကလဲ သစ္စာတရားတွေ ဟောကြပြောကြ သိအောင်ကြိုးစားနေကြတဲ့အတွက် သစ္စာခေတ်လို့ တောင် ပြောလို့ရပါတယ်၊ “မိမိကိုယ်ကို သစ္စာသိထားပြီးပြီ”လို့ ထင်မြင်ယူဆ နေကြသူတွေလဲ အများကြီးပါပဲ၊ သစ္စာတရားဆိုတာ နက်နဲခက်ခဲလှတဲ့အတွက်ကြောင့် အလွယ်တကူ သိနိုင်တဲ့တရားမျိုး မဟုတ်ပါဘူး၊ တကယ်ဆိုရင် သစ္စာလေးပါးလုံး မဆိုထားပါနဲ့ ဒုက္ခတစ်လုံးကိုပဲ ပိုင်ပိုင်နိုင်နိုင် သိကြရဲ့လားလို့ မေးစမ်းချင်ပါတယ်၊ ဒီပုံပြင်လေးဟာ သစ္စာ သိထားပြီးပြီလို့ ထင်မြင်ယူဆနေကြသူတွေအတွက် သတိထားစရာ ပုံပြင်တစ်ပုဒ် ဖြစ်သလို ပုထုဇဉ်တွေရဲ့ သစ္စာအမြင်ကိုလဲ ပီပြင် ထင်ရှားအောင် လှောင်ပြောင်ပြောထားတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ၊ ကြားဖူးပြီးသား ပုံပြင်လေးဖြစ်မှာပါ။
ဒုက္ခရှာတဲ့မျောက်တစ်ကောင်
တခါတုံးက လမ်းဆုံလမ်းမတစ်ခုမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်၊ အဲဒီညောင်ပင်ကြီးပေါ်မှာလဲ မျောက်ကြီး တစ်ကောင် နေသတဲ့၊ ညောင်ပင်ကြီးရဲ့ အောက်ကို အရပ်လေးမျက်နှာက ခရီးသွားတွေဟာ ခဏတာဝင်ရောက် တထောက်လောက်နားခိုပြီးမှ လိုရာခရီး ဆက်ပြီးသွားကြ တယ်၊ ဝင်ရောက်နားခိုကြတဲ့ခရီးသည် တိုင်းကလဲ “ ဒုက္ခ ဒုက္ခ ” လို့ နှုတ်ကနေ ညီးညူပြီး အမောဝင်ဖြေ၊ အမောပြေမှ လိုရာခရီးကို ထွက်ခွါသွားကြ တယ်တဲ့၊ ဒါကို အမြဲတန်းမြင်တွေ့ နေရတဲ့ မျောက်ကြီးဟာ “ဒုက္ခ”ဆိုတာကို သိပ်စိတ်ဝင်စားနေသတဲ့၊ တနေ့တော့ ခရီးသည်တစ်ယောက်ဟာ အထုပ်ကြီး တစ်ထုပ် ထမ်းပြီး ညောင်ပင်အောက် ရောက်လာတယ်၊ ဒါကို မျောက်ကြီးက ဒုက္ခအထုပ်ကြီးထင်ပြီး “မိတ်ဆွေ- ဒီ အထုပ်ကြီးဟာ ဒုက္ခထုပ်ကြီးဆိုရင် ကျုပ်ကို ဒုက္ခနဲနဲလောက် ပေးခဲ့စမ်းပါ” လို့ ဆင်းတောင်းသတဲ့၊ ဒီတော့ ခရီးသည်က “မျောက်ကြီးရယ် ကြံကြံဖန်ဖန် ဒုက္ခမှ လိုချင်ရတယ်လို့၊ ဒုက္ခကို ဘာများထင်လို့ လိုချင်ရတာလဲ” လို့ ပြန်မေးလိုက်သတဲ့၊ ဒီတော့ မျောက်ကြီးကလဲ “မိတ်ဆွေ- ဒုက္ခဆိုတာ အမောဖြေဆေးလို့ထင်ပါတယ်”တဲ့။
ဒုက္ခဆိုတာ အမောဖြေဆေးပါ
မှန်ပါတယ်၊ ပုထုဇဉ်တွေဟာလဲ မျောက်ကြီးလိုဘဲ ဒုက္ခကို အမောဖြေဆေးလို့ အထင်မှားနေကြတယ်၊ လောကီ စည်းစိမ်ချမ်းသာတွေကို အမောဖြေဆေးလို့ထင်ပြီး နေ့စဉ်ပဲ ရှာဖွေစုဆောင်းနေကြတယ်၊ အမျိုးသားတွေကလဲ တနေကုန် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရပေမဲ့ အိမ်ရောက်လို့ ဇနီးလေးရဲ့မျက်နှာ မြင်လိုက်ရရင် အမောပြေတယ်လို့ ဆိုကြတယ် မဟုတ်လား၊ အမျိုးသမီးတွေဘက်ကလဲ ဒီအတိုင်းပါပဲ၊ ကိုယ့်ခင်ပွန်ရဲ့းမျက်နှာမြင်ရရင် အားအင်တွေကို ပြည့်လို့၊ “နှစ်ယောက်ထဲဆိုရင် မောင်ရယ် ဧဝရက်တောင်ထိပ်” တို့၊ “ မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး”တို့ ဆိုတဲ့ သီချင်း တွေက သက်သေပြနေတာပဲလေ၊ သားသမီးပစ္စည်းတွေလဲ ထိုနည်းလည်းကောင်းပါပဲ၊ “သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းတည်း”တဲ့၊ မိဘတွေများ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်း နေပါ စေ၊ သားသမီးတွေမျက်နှာ မြင်လိုက်ရရင် အမောပြေကြတယ်၊ သူတို့အတွက်တော့ သားသမီးတွေက အမောဖြေဆေး တွေပဲပေါ့၊ ကိုယ်ပိုင်ဆိုင်တဲ့ အိမ်တွေ, ကားတွေ, ရွှေတွေ, ငွေတွေကြည့်ပြီးတော့လဲ ပျော်ရွှင်ကြည်နူး နေကြတာပဲ မဟုတ်လား၊ ဒါကြောင့် ပုထုဇဉ်တွေရဲ့  ဒုက္ခအမြင်ဟာ မျောက်ကြီး မြင်တဲ့အမြင်နဲ့ ထပ်တူထပ်မျှပါပဲ။
[IMG]/images/stories/Resized_IMG_7579.jpg[/IMG]
ဒီတော့ ခရီးသွားက “အင်း ဒီမျောက်နဲ့တော့ ခက်နေပါပြီ၊ သူ့ကို ဒုက္ခအကြောင်းနားလည်အောင် ငါ ပြောနိုင်မှာ မဟုတ်ဘူး” ဆိုပြီး “မျောက်ကြီး- ဒုက္ခ တကယ်လိုချင်ရင်တော့ ဟောဟိုက တောစပ်နားမှာ ဘုန်းကြီးကျောင်းရှိတယ်၊ ဘုန်းကြီးဆီကို သွားတောင်းပါ” လို့ လမ်းညွှန်လိုက်သတဲ့၊ ဒါနဲ့ပဲ မျောက်ကြီးက တောကျောင်းသွားပြီး ဘုန်းကြီးဆီကို ဒုက္ခတောင်းတော့တာပေါ့၊ ဘုန်းကြီးက “ဟဲ့- မျောက်ကြီး၊ ဒုက္ခကို ဘာများထင်လို့ လိုချင်ရတာလဲ” လို့မေးတော့ မျောက်ကြီးက “အမောဖြေဆေး ထင်လို့ပါဘုရား” လို့ လျှောက်တာပေါ့၊ ဒီတော့ ဘုန်ကြီးက ပြုံးပြီး “ကောင်းပြီ မင်းလို ချင်နေတဲ့ ဒုက္ခ ငါပေးပါ့မယ်၊ ဘယ်လောက်များ လိုချင်သလဲ” လို့ မေးတော့၊ “ ရမယ်ဆိုရင် များလေကောင်းလေပေါ့ ဘုရား”တဲ့၊ မျောက်ကြီးဟာ ဒုက္ခကို တကယ်အမောဖြေဆေးထင်လို့ အများကြီး တောင်းလိုက်တာပါ၊ မကောင်းမှန်းသိရင် ဘယ်တောင်းပါ့မလဲ။
များလေ ကောင်းလေ
ပုထုဇဉ်တွေဟာလဲ ဒီမျောက်ကြီးအတိုင်းပါပဲ၊ ဒုက္ခကို သုခလို့အထင်မှားပြီး အများကြီး လိုချင်နေကြတာပါ၊ မျောက်ကြီး ပြောသလိုပြောရရင် များလေကောင်းလေပေါ့၊ ရွှေတွေငွေတွေလဲ အများကြီးလိုချင်တယ်၊ တိုက်တွေ ကားတွေ လဲ အများကြီးပိုင်ချင်တယ်၊ ခြံတွေ မြေတွေ ဆိုင်တွေ ကုမ္ပဏီတွေ အားလုံးကို ပါပဲ၊ များလေကောင်းလေပဲ ပေါ့နော်၊ တကယ်တော့ ကာမဂုဏ်စည်းစိမ်တွေဆိုတာ ပိုင်ဆိုင်မှုတွေများလေ သံယောဇဉ် များလေ၊ သံယောဇဉ်များလေ ဒုက္ခတွေ များလေပါ၊ ဒါကြောင့် မြတ်စွာဘုရားကလဲ “အချစ်တစ်ခုရှိရင် ဒုက္ခတစ်ခုရှိမယ်၊ အချစ်များရင် ဒုက္ခများမယ်၊ အချစ်နဲရင် ဒုက္ခနဲမယ်၊ အချစ်မရှိရင် ဒုက္ခလဲမရှိတော့ဘူး” လို့ ဟောထားတာပဲ မဟုတ်လား၊ သမုဒယဆိုတဲ့ အချစ်တွေ ကြောင့် ဒုက္ခဆိုတဲ့ ဆင်းရဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ ဘုရားဘယ်လိုဟောဟော ပုထုဇဉ်တွေရဲ့  သဘောကတော့ “မချစ်ရင် မနေနိုင်တာက လွဲလို့” ဆိုပြီး တချစ်ထဲချစ်နေကြတာပဲလေ၊ နောက်ပြီးတော့လဲ “ နဲနဲချစ်တာ မလောက်လို့၊ အများကြီး ချစ်ပါအုံးလို့၊ ကိုကို ချစ်ရေ” ဆိုတာလေ၊ ဒီသီချင်းလေးက လောကီအနေနဲ့ကြည့်ရင် သဘောကျစရာ ထင်ရပေမဲ့ လောကုတ္တရာတရားသဘောနဲ့ ဆင်ခြင်ကြည့်တော့ “ နဲနဲဒုက္ခရောက်တာ မကြောက်လို့၊ အများကြီးဒုက္ခ ပေးပါအုံး” လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ၊ ဒါကြောင့် ကိုကိုချစ်တို့ မမချစ်တို့ သတိပေးလိုက်ပါရဲ့  အများကြီး မချစ်လိုက်ကြပါနဲ့၊ အချစ်များရင် ဒုက္ခတွေလဲ များမှာစိုးလို့ပါ။
အခုလဲကြည့်လေ၊ မျောက်ကြီးက “များလေကောင်းလေပါဘုရား”တဲ့၊ ဒီတော့ ဘုန်းကြီးက “ကောင်းပြီ၊ မင်း တောင်းတဲ့အတိုင်း ငါပေးမယ်၊ မနက်ဖြန် နေမွန်းတည့်ချိန်လောက် ကျောင်းကိုလာခဲ့ပါ”လို့ မှာလိုက်တယ်၊ မျောက်ကြီး ခမြာ သိပ်ပျော်သွားတာပေါ့၊ မျောက်ကြီးလဲ ပြန်သွားရော့ ဘုန်းကြီးက ညဘက်မှာ တောခွေးကြီး တစ်ကောင်ဖမ်းပြီး အိပ်ထဲ အလုံပိတ်ချည်ထားလိုက်တယ်၊ နောက်နေ့ နေမွန်းတည့်ချိန် မျောက်ကြီး ရောက်လာတော့ ဘုန်းကြီးက “ကဲ -မျောက်ကြီး၊ မင်းလိုချင်တဲ့ ဒုက္ခတွေကို ဟောဟိုက အထုတ်ကြီးထဲ ထည့်ထားတယ်၊ အဲဒီအထုပ်ကြီး ထမ်းသွား၊ သစ်ပင် တစ်ပင်မှမရှိတဲ့ လွင်တီးခေါင်ပြင်ရောက်မှ ဖွင့်ကြည့်၊ မင်းလိုချင်တဲ့ ဒုက္ခ မုချတွေ့လိမ့်မယ်”လို့ ပြောပြီး ပေးလိုက်ပါတယ်၊ မျောက်ကြီးခမြာ အထုပ်ကြီး မနိုင့်တနိုင် ထမ်းပြီးတော့ “ငါလိုချင်တဲ့ ဒုက္ခတွေတော့ ရပြီ” ဆိုပြီး သိပ်ပျော်နေတယ်ဆိုပဲ၊ ဒို့လူတွေလဲ ငွေထုပ်ကြီးတွေ၊ ရတနာထုပ်ကြီးတွေရရင် ပျော်နေတာဘဲ မဟုတ်လား။ တခါတလေ သားသမီးလေး တွေ ချီပြီး ပျော်နေကြတဲ့ မိဘတွေကို မြင်ရရင် မျောက်ကြီး အထုပ်ထမ်း ပျော်နေသလိုမျိုး မြင်ယောင်နေမိပါတယ်။
[IMG]/images/stories/Resized_IMG_6824.jpg[/IMG]
သားရှိသောသူ၊ သားကြောင့်ပူ၊ လှိုက်ဆူ မချမ်းသာ၊
သမီးရှိသောသူ၊ သမီးကြောင့်ပူ၊ လှိုက်ဆူ မချမ်းသာ-တဲ့။
သားရှိရင် သားအတွက် ပူရမယ်၊ သမီးရှိရင် သမီးအတွက်ပူရမယ်၊ သားသမီးဆိုတာ ဒုက္ခမီးတွေပဲလို့ ဘုရားဟော ပေမယ်လို့ ဒုက္ခလို့မမြင် သုခလို့ထင်ပြီးပျော်နေကြတာဟာ မျောက်ကြီး အထုပ်ထမ်းပြီး ပျော်နေတာနဲ့ အတူတူပါပဲ၊ မျောက်ကြီးခမြာ ဘုန်းကြီးမှာတဲ့အတိုင်း အထုပ်ကြီး ထမ်းသွားပြီး လွင်တီးခေါင်ပြင်ရောက်တော့ အမောတောင်မဖြေနိုင် ရှာဘူး၊ ချက်ချင်းပဲ အထုပ်ကို ဖြေကြည့်လိုက်ပါရောတဲ့၊ ဘာပြောကောင်းမလဲ တညလုံးအပိတ်ခံ နေရတဲ့ခွေးကြီးဟာ စိတ်ဆိုးပြီး မျောက်ကို လိုက်ကိုက်တာပေါ့၊ မျောက်ကြီးလဲ ကြောက်အားလန့်အားနဲ့ ပြေးလိုက်တာ ခွေးကြီး ကိုက်လို့ အမြီးတွေလဲပြတ် ခြေထောက်တွေလဲ စုတ်လို့၊ သွေးသံတရဲရဲနဲ့ နီးရာတောစပ်က သစ်ပင်တစ်ပင်ပေါ် တက်ပြေးရတယ်၊ ခွေးကလဲ မျောက်ကြီးနောက်ကလိုက်ရင်း သစ်ပင်အောက်ရောက်တော့ မျောက်ကြီးဆင်းလာရင် ကိုက်သတ်မယ်ဆိုပြီး စောင့်နေ ပြန်သတဲ့၊ မျောက်ကြီးလဲ သစ်ပင်အောက်က ခွေးကြီးကို ကြည့်ပြီး “အော်- လူတွေ ပြောပြောနေတဲ့ ဒုက္ခဆိုတာ မျက်လုံး ပြူးပြူး ပါးစပ်ပြဲပြဲ လျှာတွဲလဲနဲ့ အကောင်ကြီး ပါလား”လို့ အဲဒီလို ကောက်ချက်ချသတဲ့။
တကယ်ဆိုရင် သေရေး ရှင်ရေး အသက်လုပြီးပြေးခဲ့ရတာတွေ၊ ခွေးကိုက်လို့ အမြီးပြတ်ပြီး ခြေထောက်စုတ်ခဲ့ တာတွေ၊ ဒါတွေကိုဒုက္ခလို့ မြင်ဘို့ ကောင်း တယ်၊ ဒါတွေကို ဒုက္ခလို့မမြင်ဘဲ ခွေးကြီးကိုပဲ ဒုက္ခကောင်လို့ မြင်ပါသတဲ့။
လူတွေဟာလဲ ဒီလိုပါပဲ၊ “ဒုက္ခန္တိ ခန္ဓပဉ္စကံ - ဒုက္ခဆိုတာ တခြား မဟုတ်ဘူးဟေ့ မင်းတို့ရထားတဲ့ ခန္ဓာကြီးပဲ၊ ဒီခန္ဓာဟာ ဒုက္ခတုံးကြီးပဲ”လို့ ဟောနေ ပေမဲ့ ပုထုဇဉ်တွေကတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဒုက္ခလို့မမြင်ကြဘူးလေ၊ စီးပွါးရေး အဆင်မပြေတာတွေ၊ ဈေးရောင်းလို့ မကောင်း တာတွေ၊ ဒေါ်လာဈေးကျတာတွေ၊ သားရေးသမီးရေး အဆင်မပြေတာတွေ၊ ဒါတွေကိုပဲ ဒုက္ခလို့ မြင်နေကြတာပါ၊ မျောက်ကြီးဟာ ဒုက္ခကို သေချာမသိသလိုပါပဲ၊ ပုထုဇဉ်တွေလဲ ဒုက္ခကို အမှန်အတိုင်း မသိကြပါဘူး၊ မျောက်ကြီးဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ပုထုဇဉ်တွေလဲ ကိုယ့်ဒုက္ခ ကိုယ်တိုင်ရှာနေကြတာပါ။
“ချမ်းသာ တစ်ခု၊ လိုလား မှုကြောင့်၊ ပုပုရွရွ၊ ရှာဖွေကြလည်း၊ ဒုက္ခပင်လယ်၊ ကျယ်ထက် ကျယ်သည်၊ ရွယ်တိုင်းမမြောက်ကြပါတကား” ဆိုတဲ့အတိုင်းပဲ ဒုက္ခကို သုခအထင်နဲ့ ရှာနေကြလို့ ဒုက္ခပင်လယ်ဝေနေကြတာပါ၊ “ရှာတာကသုခ၊ ရတာကဒုက္ခ” အဲဒီလို မသိခဲ့ကြလို့ပဲ သံသရာထဲမှာ ပင်ပန်းဆင်းရဲစွာ ကျင်လည်ခဲ့ပြီးပါပြီ၊ အခုလဲ ပင်ပန်းဆင်းရဲနေကြဆဲ၊ နောင်လဲပဲ ပင်ပန်း ဆင်းရဲ ကြရအုံးမှာပါ၊ ပုထုဇဉ်ဘဝက မလွန်မြောက်နိုင်သေးသမျှတော့ ဒီလိုပဲ သံသရာထဲမှာ ချာချာလည်ပြီးကာ အချိန် အကန့်အသတ်မရှိ၊ အရေအတွက် အပိုင်းအခြားမရှိတဲ့ ဒုက္ခတွေ ကို မနားတမ်း ခံစားနေကြရမဲ့ ကျုပ်တို့ ပုထုဇဉ်တွေရဲ့  အဖြစ်တွေကိုတွေးကြောက်ကာ “အော် ဒုက္ခတွေကများ ... ဗုဒ္ဓကယ်ပါ့ ဘုရား”လို့သာ အားလုံးကြားအောင် မေတ္တာဥယျာဉ် ထဲကနေ အော်ဟစ်လိုက်ချင်ပါတော့တယ်။ ။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ မွှေးကြိုင်လန်းဆန်းကြပါစေ။
မေတ္တာဦး
(ဇေယျာ ရွှေမြေ)
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
2011-ခု၊ အောက်တိုဘာလ(25)ရက်၊ အင်္ဂါနေ့။
နှလုံးရောဂါ ကာကွယ်မှု နည်းလမ်းသစ်များ
ရွေးချယ်နေထိုင်လာခဲ့ပါတယ်။ ကိုယ်ခန္ဓာ အဆီတိုးမှုတွေ, ဝမှုတွေ, သွေးတိုးမှုတွေ အစရှိသဖြင့်
နှလုံးနဲ့ပတ်သက်မယ့် ဘေးထွက်ဆိုးကျိုးတွေမရှိအောင် အနှစ် ၂၀-လုံးလုံး အထူးဂရစိုက်ထားပြီး ကြပ်မတ်နေထိုင်လာခဲ့တယ်။
ဆရာဝန်ထံမှာ နှစ်စဉ်တိုင်းပဲ ကိုလက်စထရော သက်ရောက်မှုကိုပါ စစ်ဆေးတယ်။ လျှပ်စစ်ကိရိယာနဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေကိုပါ တနှစ်တခါ မှန်မှန်ပဲ ငွေကုန်ကျတယ် သဘောမပိုက်ဘဲ စစ်ဆေးခံယူတယ်။
အခု ၅၆-နှစ်အရွယ်ထဲ ဝင်လာပြီဖြစ်တဲ့ အလန်လေဗီ-က“ကျွန်တော့်ဖခင်လို ဝေဒနာကြမ္မာမျိုး မဆုံရအောင်လို့ ကျွန်တော်တော့ လိုအပ်တာမှန်သမျှ ဆောင်ရွက်ပြီးပြီလို့ ထင်မိတာပါပဲ”
သို့ပေမယ့် သူထင်သလို ဒီဝေဒနာကနေ ကင်းလွတ်အောင် ရှောင်နိုင်ခဲ့ဟန် မတူပါဘူး။
(၂၀၀၀)ပြည့်နှစ်ထဲက နေ့တနေ့ဖြစ်တဲ့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ်နေ့ရဲ့ နံနက်ခင်း (၅း၀၀)နာရီမှာပဲ သူ့ရင်ဘတ်နေရာကနေ တအားအောင့်တက်တာကို ရုတ်တရက်ကြုံလိုက်ရပါတယ်။ ဆရာဝန်ထံမှာ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုစရိတ် သွင်းပြီးတာတောင် သီတင်းပတ်အနည်းငယ်ပဲ ရှိသေးတယ်။
ရောဂါဖြစ်မယ့် အရိပ်အရောင်တောင် ဘာခုမျှ မပြဘဲ ကောက်ခါငင်ခါ နှလုံးရောဂါ စတော့တာပါပဲလေ။
အလန်လေဗီလို နှလုံးရောဂါမဖြစ်ရအောင် အမျိုးမျိုးဆင်ခြင်ပြီး ပြင်ဆင်နေထိုင်ခဲ့သူတဦးက ဘာအမှားရှိလို့ ခုလို ရောဂါခံစားလာရတာလဲ။ စဉ်းစားရခက်တဲ့ အဖြစ်တခုလို အံ့အားသင့်လောက်မယ့် အကြောင်းဖြစ်ပေမယ့် ရောဂါသဘာဝပေါ် နားလည်ထားသူအဖို့ကတော့ ဆန်းလောက်မယ်မထင်ဘူး။
ဘာကြောင့်လဲဆိုတော့ နှလုံးရောဂါရဲ့သဘာဝဟာ ကိုလက်စထရောဓာတ် သိပ်မရှိသူတွေကိုသာ ပုံမှန်တိုက်ခိုက်နေတဲ့အဖြစ်ကို ပြနေတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ထဲမှာ အဆီ ကိုလက်စထရောတွေ
ပြည့်နေသူတဦးအပေါ် နှလုံးရောဂါဟာ တိုက်ရိုက်မတိုက်ခိုက်နိုင်ခဲ့တာကို ကျန်းမာရေးသိပ္ပံပိုင်းကပါ အခုတွေ့ရှိခဲ့ပါပြီ။ သွေးလမ်းကြောင်းတွေထဲမှာ အဆီပျစ်ပျစ်တွေ ပိတ်ဆို့နေတဲ့အတွက် နှလုံးကိုတိုက်ခိုက်ဖို့ တားဆီးမှုအဟန့်တခု ဖြစ်ခဲ့လို့လည်း ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုမှာ ဗီလိန်အဖြစ် ပါဝင်နေတဲ့ ကိုလက်စထရောတမျိုးကတော့ ရောင်ရမ်းမှုကို စေစားတတ်တယ်။ အဲဒီ ကိုလက်စထရောဟာ ရိုးရိုး ကိုလက်စထရောအဖြစ်ကနေ လမ်းခွဲပြီး နှလုံးရောဂါအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေတတ်ပါတယ်။
အလန်လေဗီ ဝေဒနာခံစားရပြီးနောက်ပိုင်း angioplasty နည်းလမ်းနဲ့ အထူးအဆင့်မြင့်စွာ ခွဲစိတ်ကုဖို့လုပ်ကြတယ်။ သွေးလွှတ်ကြောမှာ ပိတ်ဆို့နေတာတွေကိုဖွင့်ပြီး ကိုလက်စထရော ကျဆင်းစေမယ့် ဆေးဝါးတွေ တိုက်ကျွေးပေးခဲ့ပါတယ်။ နှလုံးရောဂါ လက်တွေ့ခံစားနေရတဲ့ သူ့မိတ်ဆွေတယောက်ကတော့ သိပ်ခေတ်မီပြီး ကုသမှုအဆင့်ပညာကျော်လွန်တဲ့ ကုစားမှုတွေနောက်ကို သိပ်မလိုက်ဘဲ သူ့ကို ကုပေးလိုက်တဲ့ ဆရာဝန်ကိုပြကြည့်ဖို့ ထပ်ခါတလဲလဲနဲ့ အကြံပြုတယ်။ အဲဒီဆရာဝန်ကြောင့် သူ ခုလိုအသက်ရှင်ခွင့်ရနေတာလို့လည်း ပြောတယ်။
အဲသည်လိုနဲ့ (၂၀၀၁)ခုနှစ်မှာပဲ ကယ်လီဖိုးနီးယားပြည်နယ် အလာမီဒေသ ဘာကေလီနှလုံးဓာတ်ခွဲခန်းက
ဒေါက်တာရောဘတ်ဆူပါကိုဆီ ရောက်လာတယ်။ အလန်လေဗီရဲ့ သွေးအစား ကိုယ်ထဲက ကိုလက်စထရောတွေကိုသာ အဓိကထားပြီး ဓာတ်ခွဲစစ်ဆေးတယ်။ အလန်လေဗီရဲ့ကိုယ်ထဲမှာ ဘီအဆင့်ရှိတဲ့ L.D.L ကိုလက်စထရောတွေ ဖုံးလွှမ်းနေတာကို စစ်ဆေးတွေ့ရှိဖြစ်တယ်။
အဲဒီ L.D.L ဆိုတဲ့ လူကို ဆိုးဆိုးရွားရွား ဒုက္ခပေးလေ့ရှိတတ်တဲ့ ကိုလက်စထရောတွေကြောင့် နှလုံးရောဂါ ခံစားလာရတာပါလားလို့ တွေးဆကြတယ်။ သွေးထဲမှာ အဲဒီ ကိုလက်စထရောအမှုန့်တွေ သက်ရောက်ခဲ့ရင်လည်း လူကိုကောင်းစွာ အန္တရာယ်ပေးမှာဖြစ်တယ်။ (သိပ်မှုန်တဲ့ ကိုလက်စထရောကို LDL Pattern B လို့ ခေါ်ကြပါတယ်)။ အဲဒီအမှုန့်တွေဟာ များလာတဲ့အချိန်မှာပဲ နှလုံးရောဂါ ခံစားရတော့တယ်။ ဒီအမှုန့်တွေဟာ သွေးလွှတ်ကြောတွေထဲ အဝင်လွယ်ကူပြီး ကျောက်လိုတည်သွားတတ်ပါတယ်။ HDL ဆိုတဲ့ လူကို ကောင်းမွန်းစွာ အကျိုးပြုမယ့် ကိုလက်စထရောတွေနည်းပြီး pattern B ကိုလက်စထရောအမှုန့် အများအပြား ခံယူမိတတ်သူတိုင်းဟာ နှလုံးရောဂါဝေဒနာနဲ့ ပတ်သက်ရမြဲ ရှိတတ်ပါတယ်။ ဘာကြောင့်ဆို H.D.L (ကောင်းမွန်မယ့်) ကိုလက်စထရောမှာ ဆိုးဝါးမယ်၊ L.D.L ကိုလက်စထရောတွေကို သယ်ယူဖယ်ရှားနိုင်အောင် မစွမ်းဆောင်နိုင်တော့တဲ့အတွက် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ပညာရှင်တွေရဲ့ သုတေသနပြုလုပ်မှုထဲမှာလည်း ယောက်ျားသားသုံးဦးမှာ တဦးလောက်က L.D.L pattern B ဆိုတဲ့ (အဆိုး)ကိုလက်စထရော အမှုန့်တွေ ရှိတတ်မှာဖြစ်သလို အမျိုးသမီး တို့ရဲ့ ဗီဇသဘာဝအရ ခုနစ်ဦးမှာ တဦးရှိနေနိုင်မှာ မြင်ခဲ့ပါတယ်။
သို့သော် ဒီပြဿနာကို အလွယ်တကူပဲ ဖြေရှင်းလို့ရတာကတော့ သတင်းကောင်းဖြစ်ပါတယ်။ အဆီလျှော့စားမယ်၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လေ့ကျင့်မယ်၊ ဗီတာမင်ဘီပါတဲ့ ဆေးဝါးတွေ နေ့စဉ်စားသုံး ခဲ့မယ်ဆိုရင်တော့ L.D.L ကိုလက်စထရောတွေဟာ ထုထည်လျော့ပါးသွားနိုင်ပါမယ်။ (ဗီတာမင်ဘီဟာ ဘေးထွက်ဆိုးကျိုးဖြစ်စေမယ့် သဘောရှိတာကြောင့် ဆရာဝန်ညွှန်ကြားသလောက်ပဲ သောက်ရမှာ ဖြစ်တယ်)။
အလန်လေဗီရဲ့သွေးကို စစ်ဆေးလိုက်တဲ့အခါမှာလည်းပဲ သွေးထဲမှာ L.D.L pattern B တွေ သက်ရောက်တဲ့လက္ခဏာ ပြနေခဲ့တာကို အဖြေတွေ့ရှိလာရပါတယ်။ ဒါကြောင့် ဗီတာမင်ဆေးဝါးအပြင်းစား (niacin)ကို ၆-ပတ် စားပေးပြီး သောက်ခိုင်းလိုက်တယ်။ မကြာခင်မှာပဲ သွေးထဲမှာ အဆိုး-ကိုလက်စထရော အမှုန့်တွေ ကင်းစင်သွားပြီဆိုတာ သိလိုက်ရတယ်။
ပြီးတော့ သွေးထဲမှာ CRP (C-reative protein) ဆိုတဲ့ မော်လီကျူးအမှုန့်လေးတွေ ရောက်ရှိမှုများခဲ့ရင်လည်း
လေသင်ဓုန်းဖြတ်ခံရခြင်း၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်ရခြင်း အကြောင်းတွေ ရှိလာနိုင်မယ်လို့
ဘော်စတွန်အမျိုးသမီးဆေးရုံက နှလုံးသွေးကြောဆိုင်ရာ ဆရာယန် ပေါလ်ရစ်(ဒ်)ကာက ဆိုပါတယ်။
ဒီမော်လီကျူးတွေကိုလည်း အလွယ်တကူနဲ့ပဲ ဖယ်ရှားလို့ရနိုင်ပါမယ်။ အက်(စ်)ပရင် ဆေးပြားတွေ သောက်ပေးရုံနဲ့ ပျောက်ကွယ်သွားနိုင်ပါမယ်။
(Chlamydia) အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ ပိုးမွှားဟာ နှလုံးရောဂါနဲ့ ဆက်နွယ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုးကို ဖြစ်ပွားစေခဲ့ပါတယ်။ အလန်လေဗီမှာ ဒီပိုးဝင်နေတဲ့လက္ခဏာကို အတိအကျနဲ့ပဲ မြင်ခဲ့ရပါတယ်။ ဒါကြောင့်မို့ အဲဒီဘက်တီးရီးယား ပိုးမွှားတွေကိုပါ ဖယ်ရှားဖို့အတွက် ပိုးသတ်ဆေးတွေ တိုက်ကျွေးရသေးတယ်။
Homocysteine အမီနီအက်ဆစ်တွေဟာ သွေးစီးကြောင်းထဲမှာ တည်ဆောက်နိုင်တတ်ပြီး သွေးလွှတ်ကြော အနားကြောင်းတွေကို စပ်ဖျဉ်းဖျဉ်းနဲ့ ရှိစေတတ်ပါမယ်။ ဒီလိုဖြစ်တာဟာ နှလုံးရောဂါနဲ့ ဆက်စပ်မှု ရှိ-မရှိဆိုတာတော့ တိတိပပ မသိနိုင်သေးပါဘူး။ သို့သော် ဒီအကြောင်းအရာအတွက် ဝေဒနာရှင်ကို ဗီတာမင် B-6 နဲ့ B-12 တို့ကို တိုက်ခိုင်းခဲ့သလို ဖောလစ်အက်ဆစ်ကိုပါ သောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ကိုလက်စထရောအမှုန့်ဖြစ်တဲ့ Lipoprotein(a) ဟာလည်းပဲ သွေးထဲမှာ အနည်ထိုင်စေတတ်ပါတယ်။
နှလုံးရောဂါခံစားရတဲ့ ဝေဒနာရှင် (၁၅%)နဲ့ (၃၀%)တို့မှာ လစ်ပိုပရိုတင်း(အေ) အမှုန့် မြင့်မားစွာ အနည်ထိုင်နေတာကို မြင်ခဲ့ရကြောင်း ကျန်းမာရေးသုတေသီတွေက ဆိုခဲ့ဖူးပါတယ်။ ဒီအတွက် niacin အပြင်းစားဆေးနဲ့သာ ကုသရမှာဖြစ်တဲ့အကြောင်း သိရပါတယ်။
“ဘယ်လိုအခြေအနေရှိရှိ လူတိုင်းဟာ ကိုယ်ထဲမှာ ကိုလက်စထရော ဖြစ်ပွားမှု များ-မများ၊ သွေးတိုးမှု ရှိ-မရှိ၊ ဆီးချိုနဲ့ အဝလွန်ရောဂါ ရှိ-မရှိ အမြဲစစ်ဆေးနိုင်မယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်လာမှာကို မှုနေစရာလိုပါဘူး”
အဲဒီအကြံပြုချက်ကို အမေရိကန်နိုင်ငံ၊ ကိုလက်စထရောဆိုင်ရာ ပညာရှင်အသင်းက ဂျိမ်း(စ်)ကလေးမင်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။ သွေးကြောရောင်ရမ်းတာကို ပျောက်အောင်ကုသပေးနိုင်ခဲ့ရင်လည်း နှလုံးရောဂါ
ပျောက်နိုင်မယ်ဆိုတဲ့ အထောက်အထားတွေပါ မြင်ခဲ့ရတဲ့အကြောင်းလည်း တဆက်တည်းဖော်ပြခဲ့ပါတယ်။
အလန်လေဗီဟာ မျိုးရိုးကြောင့်ဖြစ်ရတဲ့ ဝေဒနာမျိုးလားလို့ သံသယရှိမိတဲ့အတွက် မိမိညီအကို သုံးဦးကိုပါ နှလုံးနဲ့ပတ်သက်ပြီး အစစ်ဆေးခံယူခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသက်(၅၅)နှစ်အရွယ်မှာ ကြုံကြရတော့မယ့် သူ့ညီအကိုသုံးဦးရဲ့ နှလုံးရောဂါကိုပါ ကယ်တင်နိုင်ဖြစ်သွားပါတယ်။
မေ-အာရောဂျံ
Ref: Heart Attack New Ways You Can Prevent It by SUSANFREJNKEL.
(ဂမ္ဘီရ ၂၀၀၇-၁၂)
A Letter from Singapore......
(စင်ကာပူမှာ စာပေမှတ်တိုင်တစ်ခု မတ်မတ်မားမား စိုက်ထောင်နိုင်ခဲ့တဲ့ ရွှေမြန်မာမဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်...၊ မိတ်ဆွေရဲ့ အခြားအခြားသော အောင်မြင်မှုတွေကြားထဲမှာမှ ကဗျာဆရာဇင်ဝေသော်ကိုလည်း မှတ်မှတ်ထင်ထင်သိဖြစ်ခဲ့..။ ..မိတ်ဆွေက ဓမ္မအသိတွေကို စိတ်နှလုံးသန့်သန့်ထဲ စကားဝါကျတွေ စစ်စစ်ပြီး သုံးတတ်တာကိုလည်း အလေးပြုခဲ့..။ တကယ်တော့ ဓမ္မဂင်္ဂါဘလော့မှာ သူရေးချင်တာတွေကိုသာ အနှောင်အဖွဲ့ကင်းကင်းဖော်ပြခဲ့ပေမယ့် မိတ်ဆွေကဗျာဆရာရဲ့ မုဒိတာဥဒါန်းကိုတော့ ဥပေက္ခာပြုနိုင်စွမ်းမရှိခဲ့ဘူး..။)
ဓမ္မဂင်္ဂါ
(၂၅-၁၀-၂၀၁၁)
မိတ်ဆွေရဲ့ (ခေါင်းစဉ်မပါတဲ့ ကဗျာတစ်ပုဒ်ဆိုပေမယ့်..သက်သက်အမည်မဲ့ထားပြီး အတွေးအလေးအချိန်တွေကိုသာ မမပြထားတဲ့ )အဘိဓမ္မာနေ့ ရှုမျော်ခင်း စကားလုံးတွေကြား ခြေသံလုံလုံလျှောက်ကြည့်ကြပါဦးစို့...
အဘိဓမ္မာ အခါတော်နေ့တဲ့လား........။
ပြီးတော့ဆီမီးစိုစို ညခင်းပျိုတဲ့လား..
ဟင့်အင်း...။
ဓမ္မကို ချင်ခြင်းတတ်သူ တစ်ချို့အတွက်
မုဒိတာနဲ့ ဖိတ်ကြားတက်ရောက်လြာ
ညနေခင်း ဧည့်ခံပွဲလေးတခုပါ
ဘာမှမပြောပလောက်ပါဘူး...။
ဘာမှမပြောပလောက်ပါဘူး၊
ပြိုမလိုညိုနေတဲ့
စင်ကာပူကောင်းကင်ကတောင်
နှုတ်ခမ်းနီပါးပါး ခြယ်ပြီး
ရှက်ပြုံးပြုံးထွက်ပြေးသွားလေရဲ
ဟင်း.ဘာမှမပြောပလောက်ပါဘု
ချွေးတွေနဲ့ လှပသူတချို့ ....
စားမသွားလို့ မကုန်မှာစိုးရိမ်တဲ့လူတချို့.....
အလှူခံပုံးရှာမတွေ့လို့ ဘယ်သွားလှူရမှန်း မသိသူတချို့ ..
တစ်ချို့ တစ်ချို့ကလွဲရင်
(ပစ္စယော) တွေနဲ့ ဒလဟောပွင့်ထွက်သွားတဲ့
ညနေခင်းတစ်ခုပါ။
ဘာမှမပြောပလောက်ပါဘူး.....။
ဘာမှမပြောပလောက်ပါဘူး၊
တူညီရင် ဤကို ကျွဲဖတ်လို့ရသတဲ့..။
ငါတို့နှလုံ
ပစ္စယောကို ပစ္စည်းမလုပ်ခဲ့ဘူး။
အဲ ပွင့်တောင့်ပွင့်ခဲ...
ကျောင်းထဲက ကံ့ကော်ပန်းတချို့တောင်
နေရာလွဲပွင့်နေလို့
သစ်ပုတ်ပင်ကြီးကို ထပ်ရှာရတော့မလို။
မလိုပါဘူး ..
ဒါမင်္ဂလာဝိဟာရမှာပါ
လေဖြိုလို့ပြိုတဲ့ ညောင်ငုတ်ကလွဲရင်
သစ်ပုတ်ပင်မရှိပါဘူး
သစ်ပုတ်ပင်မရှိလည်း
လတ်ဆတ်တဲ့နှလုံးသားကို မွေးစားထားရင် နုပျိုပါတယ်။
ဘာမှမပြောပလောက်ပါဘူး...။
ဘာမှမပြောပလောက်ပါဘူး။
ရဟန်းလည်း ပဋ္ဌာန်းရွတ်
.လုလည်းပဋ္ဌာ
ရွတ်တတ်သူ ရွတ်ချင်သူ ရွတ်ပေါ့။
ပဋ္ဌာန်း စွမ်းမစွမ်းက
ရွတ်သူရဲ့ သီလ သမာဓိ ပညာနဲ့ပဲ ဆိုင်တယ်
ပဌာန်းဒေသနာကို ဦးစွာနာခွင့်ရသူက
သန္တုဿီတပါ။
အရှင်တော်ပြန်မြွက်လို့သာ
အရှင်သာရိပုတ္တရာကြီး ကြားခဲ့ရတာ
အရှင်ကပြန်ဖြန့်လို့ ဒီနေ့ပဋ္ဌာန်းဟာ
ဓမ္မဈေးကွက်ထဲမှာ
(ရောင်းလိုအားသိပ်မကောင်းပေမယ့်)
ရှိနေတာပါ။
ဒီဒေသနာကို ပရိုမို့(ထ်)လုပ်ဖို့
ဒီညနေခင်းကို (ပစ္စယော)တွေနဲ့ မိတ်ဆက်ကြတာပါ
ဘာမှမပြောပလောက်ပါဘူး။
ဘာမှမပြောပလောက်ပါဘူး။
အရှင်မြတ်က
ဘယ်မြေပေါ် သက်ဆင်းတော်မူမယ်လို့
ကြိုတင်သတင်းပေးမထားတော့
သူ့မြေပေါ်သက်နိုးတော်မူလိမ်နိုး
.ကိုယ့်မြေပေါ်သက်နိုးတော်မူလိမ်
တနိုးနိုးနဲ့ တကယ်လို့များ အရှင်ဆင်းသက်လာရင်
ဆီမီးပင်လယ်ပြင်နဲ့ကြိုကြမဟဲ့ဆိုပြီး
အိန္ဒိယတပြည်လုံး
ဆီမီးတွေ
တောထအောင်လှနေတဲ့ညပေါ့.
ရာဇဂြိုဟ်တို့
ဝေသာလီတို့
ကပ္ပိလ၀တ္ထုတို့က အကဲဆုံး။
အရှင်မြတ်ကြီးကတော့
မထင်မရှားသင်္ကဿနဂရကို သက်တော်မူရဲ့။
အရှင်ဘယ်လိုပဲ
သက်သက်ဒီိလိုညမှာ
ဒို့လက်နဲ့တော့
ဆီမီးပူဇော်ရမှဖြစ်လိမ့်မယ် ။
ဒါကြောင့် လေးရောင်စုံဆီမီးတွေနဲ့
သင်္ကဿနဂိုရ်ကို
ပုံတူခို
ဘာမှမပြောပလောက်ပါဘူး။
ဆီမီးစိုစိုညခင်းပျိုတဲ့လား....
ထားလိုက်ပါညီမလေးရယ်....
တကယ်ေ
ဓမ္မကို ချင်ခြင်းတတ်သူတချို့အတွက်
မုဒိတာနဲ့
ဖိတ်ကြား..တက်ရောက်လြာ
အနန္တနယဧည့်ခံပွဲလေးတစ်ခုပါ ။
ဘာမှမပြောပလောက်ပါဘူး....။
အပြောသမားမဖြစ်စေနဲ့
လူတိုင်းဟာ ဟန်ဆောင်နေကြတာချည်းပါပဲ၊နောက် ပါးစပ်က ကြွားဝါကြပြီး တကယ်တမ်းအလုပ်ကြီး အကိုင်ကြီးလုပ်နေသလိုလို၊ တကယ်ပဲ ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာနေသလိုလို၊ တကယ်ပဲ သဒ္ဓါတရားက အထွဋ်အထိပ်မှာ ရောက်နေသလိုလို၊ လုံးဝကို ကိလေသာ ကုန်ခမ်းနေသလိုလို ယခုလို လိုလိုပေါင်းများစွာနဲ့ ဟန်ဆောင်ပြီး နေနေကြတဲ့ ဤလောကကြီးက ကြည့်တတ်ရင်ကျေနပ်စရာကိုမရှိပါဘူး။ အဟုတ်တကယ်တမ်းလုပ်ဖြစ်တာကို ချိန်ကြည့်လိုက်တော့ ကုသိုလ်နှင့် အကုသိုလ်ဟာ အကုသိုလ်သာ အလေးသာပြီး အချိန်စီးနေကြပေသည်။ စာသားလေးတစ်ခုနဲ့ တင်ပြရရင် အမှန်တရားက ဖိနပ်စီးနေခိုက်မှာ မုသားက ကမ္ဘာပတ်ပြီး ဖြစ်၏ ဆိုသောစာသားကဲ့သို့ လောကလူသားများမှာ မုသားတွေက ကမ္ဘာတောင်မက စင်္ကြ၀ဠာကို ပတ်ပြီးဖြစ်မယ်ထင်ရသော ဤလောကကြီးကို အမှန်တရားက ဦးဆောင်ပြီး လမ်းပြအောင် ကြိုးစားကြမယ်ဆိုရင်ဖြင့် နောက်ကျနေသော သာသနာ၊ ပျက်နေသော စိတ်ဓါတ်တွေ ရေလောင်းပြီး ပေါင်းသင်ကာ ထူထောင်သင့်ကြသည်။ထိုအရာကား အလုပ်နှင့် သက်သေပြခြင်းဖြစ်ပေသတည်း။ ။
သိုက်အကြောင်း သိကောင်းစရာ
(တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့ သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာ အဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။ သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။ အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။
နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ်
သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့ လူတွေဟာ ဝေမာနိကပြိတ္တာဘ၀ကနေ လာတဲ့လူတွေလို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝေမာနိကပြိတ္တာဆိုတာက နေ့စံညခံ၊ ညခံနေ့စံဘ၀တွေမို့ပါ။ သူတို့ဟာ ကောင်းကျိုးနဲ့ဆိုးကျိုးကို တလှည့်စီခံရပါတယ်။ တချို့ကျတော့လည်း နေ့မှာနတ်ပြည်လို နတ်ချမ်းသာတွေကို ခံစားရပြီး ညမှာငရဲသားတွေလို ခံရတာရှိသလို ညမှာနတ်ပြည်လိုခံစားရပြီး နေ့မှာ ငရဲလိုခံစားရကြပါတယ်။ ၀ိတ္တမိန္ဒကအကြောင်းကို ဖတ်ဖူးတဲ့လူတိုင်း သိပါလိမ့်မယ်။ မိတ္တ၀ိန္ဒကဟာ တစ်ခုသောဘ၀မှာ သူများရဲ့လာဘ်လာဘရမဲ့ဟာကို မနာလိုဝန်တိုဖြစ်ခဲ့တဲ့ မကောင်းမှုကြောင့် နေ့စံညခံပြိတ္တာ ဘ၀ကို ရောက်ခဲ့ရတာပါ။ သူ့ကျောင်းလာတည်းတဲ့ အာဂန္တုကရဟန်းကို သူ့ဒကာအိမ်မှာ ဆွမ်းစားမလိုက်စေချင်တဲ့ မကောင်းမှုမစ္ဆရိယကံကြောင့်ပါ။ အဲဒါကြောင့် မိမိတို့လည်း မစ္ဆရိယစိတ်များ မနာလိုမှုများ မထားရှိကြဖို့ အရေးကြီးပါတယ်။
အဲဒီတော့ သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘ၀ကနေ အချိန်ကန့်သတ်ချက်နဲ့ လူ့ချမ်းသာကို ခံစားရဖို့လာတဲ့လူတွေ ဖြစ်မှာပါ။ အဲဒီလိုလာတဲ့လူတွေထဲမှာလည်း ဝေမာနိကပြိတ္တာကနေ ကျွတ်လွတ်လာတဲ့ပုဂ္ဂိုလ်ရှိသလို ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရအောင် လာရောက်နေရတဲ့ပုဂ္ဂိုလ်များလည်း ရှိနိုင်ပါတယ်။ ပြိတ္တာကနေ လွတ်လာတဲ့လူတွေကတော့ သူတို့ကောင်းမှုရှိရင် သူတို့ကောင်းမှုအလျှောက် နောက်ဘ၀မှာ ခံစားကြမှာဖြစ်ပါတယ်။ ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရန်ရောက်လာတဲ့လူတွေကတော့ လူ့ချမ်းသာကိုခံစားရန် သူတို့သတ်မှတ်ချက် ကံတရားကုန်ရင် ပြိတ္တာကိုပြန်ရောက်ပြီး ပြိတ္တာရဲ့ဒုက္ခတွေကို ၀ဋ်ကြွေးကြောင့် ပြန်ဆပ်ရပါဦးမယ်။ ဒီလို ပြိတ္တာကိုပြန်ရောက်ပြီး ခံစားရဦးမဲ့လူတွေကတော့ လူ့ဘ၀ရောက်ရှိချိန်လေးမှာ ကောင်းမှုများများလုပ်ပေးမယ်ဆိုရင် သူတို့ဝဋ်ကြွေးကုန်လို့ ပြိတ္တာကနေ လွတ်တဲ့အခါ ကောင်းတဲ့ဘုံမှာ ကောင်းကျိုးတွေ ခံစားရမှာပါ။ အဲဒီလိုမဟုတ်ဘဲ ရရှိလာတဲ့လူ့ဘ၀လေးကို မကောင်းမှုလုပ်ပြီး အချိန်ကုန်လွန်သွားမယ်ဆိုရင်တော့ ပြိတ္တာကနေလွတ်လည်း မကောင်းတဲ့ အပါယ်လေးဘုံထဲမှာပဲ ပြန်လည်ခံစားရပါလိမ့်မယ်။
ပြိတ္တာကနေလာတဲ့သိုက်တွေကို ပူဇော်ခြင်းတွေလုပ်တာကိုတော့ ဘာအကျိုးမှမရသလို ဘယ်လိုဆိုးကျိုးမျှ ကိုလည်း မိမိတို့ကို မပေးနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ သိုက်ကလာတဲ့လူကို သူတို့သူငယ်ချင်းများဖြစ်တဲ့ပြိတ္တာများက သူလူ့ဘ၀ခံစားနေရတုန်းမှာ သတိမေ့လျော့ပြီး ကောင်းမှုမလုပ်ဘဲ မကောင်းမှုများနဲ့ အချိန်ကုန်လွန်နေမှာစိုးလို့ သတိပေးတာဖြစ်နိုင်သလို ကောင်းမှုလုပ် လို့ ကောင်းချီးပေးတာလည်း ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ မိမိတို့မှာ ဘယ်ဘ၀ကနေ ဘယ်လိုအခြေအနေမျိုးမှာပဲ လူ့ဘ၀ကိုရရှိလာပါစေ လက်ရှိရရှိလာတဲ့လူ့ဘ၀လေးမှာ ကောင်းမှုများနဲ့ အချိန်ကုန်လွန်ကြဖို့ပါပဲ။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
အံ့သြဖွယ်ရာ မြတ်စွာဘုရား ဖွားမြင်တော်မူရာအခါ၌ ရှေ့ပြေးနိမိတ်ကြီးများ(၂)
၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ်ပေါ်၏။
(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဥာဏ်ပညာ
ဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။
(ထိုသို့တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။
(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသော ရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော ချိုမြိန်သော အရသာတစ်ခုတည်းကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၀။ကြမ်းတမ်းသော လေပြင်းများမတိုက်ခတ်ဘဲ၊ဖြည်းညှင်းသာယာ အေးချမ်းစွာသောလေသာလျှင် တိုက်ခတ်၏။
(ထိုသို့ လေပြင်းလေကြမ်းများ မတိုက်ခတ်ခြင်းသည် ခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒဆိုး
တို့ ပပျောက်ပြိုကွဲဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၁။မိုးရပ် ကောင်းကင် သစ်ပင် တောင်ထိပ် စသည်တို့၌ ရောက်ရှိကြကုန်သော ငှက်တို့သည် မြေပြင်သို့သက်ဆင်းကြကုန်၏။
(ထိုသို့သက်ဆင်းကြခြင်းသည် ကိုယ်တော်မြတ်၏ အဆုံးအမသြဝါဒကို နာယူရ၍ လူများအပေါင်းတို့ အသက်ထက်ဆုံး သရဏဂုံခံယူကြရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၂။လမင်းသည် ရှေးရှေးအခါများကထက် ထွန်းလင်းသာယာတင့်တယ်၏။
(ထိုသို့တင့်တယ်ခြင်းသည် လူအများအပေါင်းတို့နှင့် နှစ်သက်ခြင်းရှိကြမည့် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၃။နေမင်းသည် မပူမအေး၊အညစ်အကြေးကင်းဝေးသန့်ရှင်းသဖြင့် ကောင်းသော ဥတုနှင့် ပြည့်စုံ၏။
(ထိုသို့ပြည့်စုံခြင်းသည် ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ဖြစ်ဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)
၂၄။နတ်တို့သည် မိမိ မိမိတို့၏ ဗိမာန်ရှေ့မှောက် တံခါးပေါက်အဝ၌ ရပ်တည်ကြကုန်လျက် လက်ပန်း ပေါက်ဖတ်ခြင်း(လက်ခမောင်း ခတ်ခြင်း)၊လေချွန်ခြင်း၊ပုဆိုးအဝတ်တို့ကို ပစ်မြှောက်ခြင်း စသည်တို့ ဖြင့် ကြီးစွာသော ကစားပျော်မြူးကြခြင်းသည် ဘုရားဖြစ်တော်မူ၍ ဥဒါန်းရင့်ကျူးတော်မူဖို့ရန်၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၅။လေးကျွန်းအလုံးနှံ့စပ်သော မိုးကြီးသည်းထန်စွာရွာသွန်း၏။
(ထိုသို့ မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်းသည် ကြီးမြတ်သော ဥာဏ်တော်အဟုန်ဖြင့် တရားတည်း ဟူသော အမြိုက်မိုးကို ရွာသွန်းဖြိုးချဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၆။လူများအပေါင်းတို့ ဆာလောင်ခြင်း ကင်းကြ၏။
(ထိုသို့ဆာလောင်မှုကင်းကြခြင်းသည် ကာယဂတာသတိတည်းဟူသော အမြိုက်တရားကိုရဖို့ရန်၊ တနည်းအားဖြင့် ကာယဂတာသတိတည်းဟူသော အမြိုက်ခဲဖွယ်ကို သုံးဆောင်ရ၍ ကိလေသာ ဆာလောင်ခြင်းကင်းဖို့ရန် ၊ ရှေ့ပြေးအကြောင်း နိမိတ် ဖြစ်ပေ၏။)
၂၇။လူအပေါင်းတို့ ရေငတ်ခြင်းကင်းကြကုန်၏။
(ထိုသို့ ရေသိပ်မှုကင်းကြခြင်းသည် (ရေငတ်ခြင်းကင်းကြခြင်းသည်) လူများအပေါင်းတို့ အရဟတ္တ ဖိုလ်ချမ်းသာဖြင့် ချမ်းသာကြဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၈။အပွင့်မျိုးသစ်ပင်၊အသီးမျိုးသစ်ပင်တို့သည် အပွင့်ရော အသီးပါ ပွင့်ကြ၊သီးကြကုန်၏။။
(ထိုသို့ ပွင့်ကြ သီးကြခြင်းသည် ဝိမုတ္တိတရားတည်းဟူသော ပန်းပွင့်တို့ဖြင့် လူအပေါင်းတို့ ပွင့်ကြဖို့ရန် လည်းကောင်း၊အရိယဖိုလ်လေးပါးတည်းဟူသော အသီးတို့ဖြင့် သီးကြဖို့ရန်လည်းကောင်း၊ရှေ့ပြေး အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
၂၉။ပိတ်ကွယ် ဖုံးကာလျက်ရှိသော တံခါးရွတ်တို့သည် အလိုအလျှောက် ပွင့်ကြ လပ်ကြ ကုန်၏။
(ထိုသို့ တံခါးရွတ်တို့ အလိုအလျှောက် ပွင့်လပ်ကြခြင်းသည် မဂ္ဂင် ရှစ်ပါးတည်းဟူသော နိဗ္ဗာန် တံခါးကြီး ပွင့်လပ်ဖို့ရန်၊ပုဗ္ဗနိမိတ်ကြီး ဖြစ်ပေ၏။)
၃၀။လောကဓာတ်၊စကြာဝဠာ တိုက်တစ်သောင်းလုံး၊ တံခွန်တည်းဟူသော တစ်ခုတည်းသော ပန်းဖြင့် ဖုံလျက်ရှိ၏။လောကဓာတ်စကြဝဠာတိုက်တစ်သောင်းလုံး တံခွန် အောင်လံအပြည့်ဖုံးလျက်ရှိ၏။
(ထိုသို့ တံခွန်တည်းဟူသော ပန်းဖြင့် ဖုံးလွှမ်းခြင်းသည် အရိယမဂ်တည်းဟူသော အောင်လံတံခွန်ပန်း အပြည့်ဖုံးလွှမ်းဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)
ထိုမှတစ်ပါးလည်းဆန်းကြယ်သော ပန်းမိုး၊ အလွန်ရနံ့ကောင်းသည့် ပန်းမိုးတို့ရွာသွန်းခြင်း၊နေမင်း လင်းလျက်ရှိစဉ်ပင် နက္ခတ်ကြယ်တာရာတို့တောက်ပခြင်း၊မြေအပြင်မှ အလွန်ကြည်လင်သော ရေစိမ့် ၍ထွက်ခြင်း၊တွင်းအောင်းတိရိစ္ဆာန်တို့ မိမိနေရာမှ ထွက်ကြခြင်း၊လောဘ၊မောဟ၊ဒေါသ တို့ မဖြစ်ခြင်း မြေအပြင်၌ မြူမထခြင်း၊မကောင်းသော အနံ့တို့ကင်းခြင်း၊၊နတ်၌ဖြစ်သော နံ့သာနံ့ ကြိုင်လှိုင်ခြင်း၊ ရူပ ဗြဟ္မာတို့ကို လူတို့ပကတိမျက်စိဖြင့် လင်းလင်းထင်ထင်မြင်ရခြင်း၊သတ္တဝါတို့၏ စုတေမှု ပဋိသန္ဓေ တည်နေမှုတို့မရှိခြင်း၊ အစရှိသည့် ပုဗ္ဗနိမိတ်တို့လည်း ထင်ရှားဖြစ်ကုန်၏။
ထိုပုဗ္ဗနိမိတ်တို့ဖြစ်ခြင်းသည် လိုအင်ပြီးသည်မှ ကြွင်းသော မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်တို့ဖြစ်ကုန်၏။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ရေဘေးကယ်ဆယ်ရေး မှတ်တမ်း
Type the rest of your post here.
Posted by ရွာဦးကျောင်း ဆရာတော် at 1:22 AM
Labels: ဗွီဒီယို
Read more...ဒကာဒကာမများ၏ “အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ”
Read more...
ကထိန်သင်္ကန်း လှူဒါန်းခြင်း... 2011
မယံဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ သပရိဝါရံ ဣမံ ကထိနစီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ။ ဣမိနာ စီဝရေန ကထိနံ အတ္ထရတ။
ဒါကတော့ သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ရာအတွက် သံဃာကိုရည်မှန်း ကထိန်သင်္ကန်း လှူပါတယ်ပေါ့... ဒီသင်္ကန်းနဲ့ ကထိန်ခင်းဖို့ တောင်းဆိုတာလေးပါ...
ယနေ့ အောက်တိုဘာလ ၂၃-ရက်နေ့မှာ ကထိန်သင်္ကန်းလှူဒါန်းကြပါတယ်...
ဆန်ဖရန်စစ်စကို လောကနာထ ဘုန်းကြီးကျောင်းမှာ သံဃာတော် ၆-ပါးကို ကထိန်သင်္ကန်းများနဲ့အတူ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ဆရာဝန်များအသင်းက ဦးဆောင်ပြီး ဘေးဧရိယာမှာ ရှိကြတဲ့ အမျိုးကောင်းသားသမီးများက စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပါတယ်...
အခန်းအနားကိုတော့
နံနက် ၉နာရီ ၁၅ မိနစ်အချိန်မှာ ဒကာဒကာမများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်... ဆရာတော် ဦးလောကနာထထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ကြပါတယ်... ပရိတ်တရားတော်များနာကြားပြီး ကထိန်သင်္ကန်းနှင့်အတူ လှူဒါန်းဖွယ်ရာများကို လှူဒါန်းကြလို့ နောက်ဆုံးမှာတော့ လှူဒါန်းမှု အစုစုအတွက် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာစကားကို ဆရာတော် ဦးဂရုဓမ္မကဟောကြားပြီး အမျှဝေ ရေစက်ချ သာဓု သုံးကြိမ်ခေါ်လို့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်...
အခမ်းအနားပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ကြ၍...
ရောက်ရှိလာသူ ပရိသတ်ကို စားသောက်ဖွယ်ရာများ ကျွေးမွေးကြပါတယ်...
ကထိန်နှင့်စပ်၍ သိဖွယ်ရာ အကျဉ်းမျှ...
ကထိန်သင်္ကန်းဆိုတာ သံဃာကိုရည်မှန်း လှူဒါန်းခြင်းဖြစ်ပါတယ်...
ကထိန်ခင်းတယ်ဆိုတာ ဘုန်းတော်ကြီးများကသာ ခင်းရပါတယ်...
ဒကာဒကာမတို့က သင်္ကန်းအလှူရှင်သာ ဖြစ်ကြပါတယ်... ခင်းသူမဟုတ်ပါ...
ကထိန်သင်္ကန်း အလှူခံခွင့် ရသူများကတော့...
ပထမဝါဆိုထားသူ ဝါမကျိုးမပေါက်သူ ဘုန်းကြီးများသာ အကျိုးရနိုင်ပါတယ်...
ကထိန်သင်္ကန်းအလှူခံခွင့်ဟာ တစ်ကျောင်းတိုက်မှာ တစ်ကြိမ်သာ ရပါတယ်...
ကထိန်သင်္ကန်းကို အလှူခံခွင့်ရသော အချိန်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ဖြစ်ပါတယ်...
ကထိန်ခင်းသူဘုန်းကြီး ရရှိသောအကျိုး ၅-မျိုးက
၁...စာရိတ္တသိက္ခာပုဒ်-၉၅၊ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားမှု...
၂...ပထမကထိနသိက္ခာပုဒ်-၂၀၊ သင်္ကန်းအပိုဆောင်မှု (အထုပ်ပိုတွေနှင့် ခရီးသွား၍)
၃...ဒုတိယကထိနသိက္ခာပုဒ်-၂၁၊ (ဒုကုဋ်)သင်္ကန်းဖြင့် ညဥ့်ကင်းနေမှု...
၎...ဂဏဘောဇနသိက္ခာပုဒ်-၈၁၊ မအပ်သော အသုံးဖြင့် (စားသောက်ဖွယ်ရာကို)ဖိတ်ကြားမှု...
၅...သံဃိကသင်္ကန်းကို ကထိန်ခင်းသော ရဟန်းတို့သာ ပိုင်ဆိုင်ရခြင်း...
သိက္ခာပုဒ် ၄-မျိုး ကင်းလွတ်၍ လာဘ်လာဘအကျိုး ၁-မျိုးရရှိခြင်းတို့ ဖြစ်ပါတယ်...
သိက္ခာပုဒ်ကင်းလွတ်ခွင့်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တပေါင်းလပြည့်နေ့ထိ ၅-လတိုင်ဖြစ်ပါတယ်...
ကထိန်ခင်းသူ ဘုန်းကြီးများ အကျိုးတရားများစွာ ရရှိသလို
လှူဒါန်းသူ ဒကာဒကာမများလည်း အကျိုးတရားများ ရရှိမှာဖြစ်ပါတယ်...
ရရှိနိုင်သော အကျိုးတရားများကတော့...
ကထိန်အကျိုးဟာ သည်လိုပါ...
၁...သွားလေရာရာ ဘေးကင်းတာ ကထိန်အကျိုးပါ...
၂...တာဝန်ပေါ့ပါး အလုပ်များ လွယ်လွယ်ပြီးစီးမှာ...
၃...စားကောင်းသောက်ဖွယ် ပေါများတယ် အဆိပ်ဘေးကင်းမယ်...
၎...မိမိပိုင်တယ် ပစ္စည်းရယ် မဖျက်ဆီးနိုင်ကွယ်...
၅...ကိုယ်မပေးလို ပစ္စည်းကို သူယူမရဆို...
ဒီအကျိုးတွေ ကောင်းလှတယ် နှစ်စဉ်တို့ယူမယ်...
ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၀.၂၄.၂၀၁၁
သေမှာ မကြောက်ကြသူများ
ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။
သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။
မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။
အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
၎။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။
မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။
ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။`` ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။
ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။
ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 9:41 AM
စုစည်းထားမှု = တွေးမိသမျှ
Read more...