* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, September 9, 2011

“အမျှဘာကြောင့်ယူရတယ်”(အရှင်ဉာဏိကာဘိဝံသ)

hursday, 08 September 2011 15:12 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/index.php/2009-07-18-17-32-10/dhamma-sarpay/955-2011-09-09-03-20-22?format=pdf]PDF [/LINK] | [LINK=/index.php/2009-07-18-17-32-10/dhamma-sarpay/955-2011-09-09-03-20-22?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/index.php/component/mailto/?tmpl=component&link=1d2fcda6732012d9cc968fe11eebcf13718db90a] အီးမေးလ်[/LINK]
[IMG]/images/stories/Resized_Nanika-.jpg[/IMG]

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား အမျှယူစို့လား

အမျှဘာကြောင့် ယူရတယ်၊



ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ ပဋ္ဌာန်းစတဲ့ အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတ နာ့ဂုဏ်ရည် ဓမ္မစာပေသင်တန်းရဲ့ သုံးနှစ်ပတ်လည်အဖြစ် ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလိုမူလတန်းကလေးတွေ အတွက် ပြဌာန်း ထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့ တွေးကောင်း တွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်း အရွယ် သူငယ်နှပ်စားထင်ပြီး စော်ကားမော်ကား လုပ်လေသလားလို့ တွေးကောင်းလည်း တွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား၊ စတုတုတ္ထတန်းလားတော့ တိတိကျကျ မမှတ်မိတော့ဘူး။ မြန်မာဖတ်စာ စာအုပ်ထဲမှာ ဖတ်ခဲ့ရတယ်။

ဒီကဗျာလေးထဲကပဲ၊ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ ငါတို့ကြား”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာ တစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။ ဒီထဲက တချို့ကတော့ ဖတ်ပြီးကောင်း ဖတ်ပြီးဖြစ်လိမ့်မယ်။ အဲဒီဆောင်းပါး ထဲမှာတော့ အသက်အရွယ်လေး တော်တော်ရလာတော့ ဇရာဆိုတဲ့လက်နဲ့ ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာ ကျင်မှု (ဗျာဓိ) သံစဉ် ထွက်လာတဲ့အကြောင်းကို ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့ ပတ်သတ်တဲ့ တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့ အနည်းအကျဉ်းချဲ့ပြီး တွေးဖြစ်ခဲ့တယ်။

အဲဒီလိုတွေးခဲ့တဲ့ အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာ နည်းနည်းပြောပြချင်ပါတယ်။

ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေ တယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ တော်တော်ကြီးတဲ့ ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန် ပြောလို့ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ အလေးချိန်ရှိတယ်လို့ဆိုတဲ့ မင်း ကွန်းခေါင်းလောင်းကြီးလောက် မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟုထောင့်က ဓမ္မာရုံထဲမှာ ချိတ် ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။ ရွာကျောင်းမှာ အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။

ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါအဝင် ကျောင်းမှာရှိတဲ့ ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။ ဝတ်မတက်မီမှာ အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကို ထိုးနှက်တယ်။ ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်ကအထိ ကြားရတယ်။

အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲကဘုရားတရားဝါသနာထုံတဲ့ လူကြီး သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။ အိမ်မှာရှိ တဲ့ သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့ တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ် ပြုလုပ်ဖို့ အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။

နောက်တစ်နာရီလောက်နေလို့ ဘုရားဝတ်တက်ပြီးချိန်မှာတော့ အလှည့်ကျတဲ့ ကိုရင်ကြီးတစ်ပါးပါးက ဖြစ်စေ၊ ကျောင်းသားကြီး တစ်ဦးဦး က ဖြစ်စေ၊ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လောလို့ အသံကျယ်ကျယ်နဲ့ အမျှဝေ ရတယ်။ အခြားသော ကျောင်းသားကြီးတစ်ဦးကတော့ အမျှတစ်ခါဝေပြီးတိုင်း ခေါင်းလောင်းကြီးကို ထိုးနှက်တယ်။ အဲဒီလို ညဦးယံမှာ ဒုတိယအကြိမ်ထိုးတဲ့ ခေါင်းလောင်းသံ ကိုကြားပြီ ဆိုလျင်တော့ ကျောင်းကသံဃာ တော်များနဲ့ ကျောင်းသားတွေ ဝတ်တက်ပြီးလို့ အမျှဝေနေပြီဆိုတာ ကြားသူများက သိထားကြတယ်။ ဒါကြောင့် ခေါင်းလောင်းသံကိုကြားတဲ့သုများက သာဓု သာဓု သာဓုလို့ ကြားရာအရပ်ကနေ ကျောင်းဆီမှန်းမျှော်ကာ သာဓုခေါ်ကြတယ်။

အဲဒီလို အလေ့အကျင့်ဟာ လူကြီးတွေပါမက ကစားနေတဲ့ ကစားဝိုင်းက ကလေးတွေအထိတောင် သက် ရောက်လို့ တလင်းပြင်မှာ စုပေါင်းကစားနေလျင်တောင် ကစားတာကို ခဏရပ်လို့ သာဓုခေါ်ကြတယ်။ လူကြီး မိဘများကလည်း ကိုယ့်ရဲ့သားသမီးတွေ မြေးတွေကို သာဓုခေါ်ဖို့ တိုက်တွန်းကြတယ်။

လူတွေတွင်မက ကျောင်းမှာရှိတဲ့ ခွေးတွေ၊ ရပ်ရွာထဲရှိ ခွေးတွေလည်း အော်ကြ အူကြတယ်။ အခြားအချိန်မှာ ခွေးတွေအူတာကို သိပ်သဘော မကျကျပေမယ့် ဒီအချိန် ခွေးတွေအော်တာအူတာကိုတော့ ခွေးတွေ သာဓုခေါ် တာပဲလို့ လက်ခံနားလည်ပြီး ဝမ်းမြောက်ကျေနပ်ကြတယ်။ ဒါက တောရွာဓလေ့ ချစ်စရာလေးတစ်ခုပေါ့။

ဒီမှာ ဘာတွေ့ရလဲဆိုတော့ ကောင်းမှုကောင်းရာလုပ်တဲ့သူတွေရဲ့လုပ်ငန်းကို ကိုယ်ကိုယ်တိုင် မလုပ်နိုင်တောင် ကျေနပ်တတ်ရမယ်၊ အားပေးတတ်ရမယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်ရမယ်၊ သာဓုအနုမောဒနာ ခေါ်တတ်ရ မယ်ဆိုတဲ့ ဓလေ့ကောင်းတစ်ခုကိုပါ။ ဒီကတဆင့် တက်ကာ သူများတွေ ကောင်းမှုကောင်းရာပြုလုပ်နေတာကို အတုယူပြီး ကိုယ်ကိုယ်တိုင်လည်း သူတို့လိုပဲ ကောင်းတဲ့အလုပ်တွေကို လုပ်မယ်ဆိုတဲ့ အသိမျိုးကို ဖြစ်စေနိုင်တယ်။

အဲဒီလို သူများတွေရဲ့ ကောင်းတဲ့လုပ်ရပ်တွေကို အားပေးလိုတဲ့စိတ်ထား။ ကိုယ်တိုင်လည်း ကောင်းတဲ့အလုပ် တွေကို လုပ်လိုတဲ့စိတ်ထားတွေ ထွန်းကားလာပါမှ ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်း။ ကိုယ့်ပတ်ဝန်းကျင်နဲ့ လောကကြီး ပိုမိုတိုးတက်လာမယ်။ ဒါကြောင့် ကောင်းတဲ့လုပ်ရပ်ဆိုလျင် အားပေးရမယ်၊ ကူညီရမယ်။ ဖျက်လို ဖျက်ဆီး မလုပ်ရဘူး။ ကောင်းတဲ့လုပ်ရပ်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူရဲ့ သန္တာန်မှာ ဘယ်လိုမှ သူတော်ကောင်းစိတ်ဓာတ် မကိန်းတည်နိုင်ဘူး။

နောက်ပြီး ကဗျာလေးထဲမှာ “အမျှ ဘာကြောင့်ယူရတယ်။ ကုသိုလ်ရဖို့ကွယ်”-တဲ့။ ဒီတော့ ကုသိုလ်ရဖို့ရန် အတွက် ကုသိုလ်ကောင်း မှု ပြုလုပ်ကြသူ။ သာသာသာသနာအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ သက်ရှိကမ္ဘာလောကသားတွေနဲ့ သက်မဲ့ကမ္ဘာလောကကြီး အတွက် ကောင်းရာကောင်းကြောင်း လုပ်ဆောင်ကြတဲ့သူတွေရဲ့ လုပ်ရပ်အားလုံးအပေါ်မှာ ကြည်နူးဝမ်းသာ ဖြစ်နိုင်ရမယ်။ သူလုပ်တာပဲ။ ငါလုပ်တာမှ မဟုတ်တာဆိုပြီး မနာလို စိတ်ထား မထားရဘူး။ ဒါဟာ အရေးကြီးပါတယ်။

နောက်ပြီး “ကုသိုလ်သည် ဘယ်မှာလဲ၊ ခေါင်းလောင်းထိုးနေဆဲ”တဲ့။ ခုဒီမှာသင်တန်းတွေကို အပင်ပန်းခံကာ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေနဲ့ ငွေကြေးတွေကို ရင်းနှီးမြှပ်နှံကာ ဦးဆောင်ပြုလုပ်ကြတယ်။ ခုလိုသင်တန်းတွေ ဖွင့်လှစ်နေတဲ့အကြောင်းကိုလည်း အများ တကာတွေ သိအောင်ကြေညာ အသိပေးနေတယ်။ ကြားသိသူတွေ သင်တန်းကို ကိုယ်တိုင်တက်ရောက်ပြီး ကုသိုလ်အမျှတွေ ရယူနိင်ကြပါစေ။ ကိုယ်တိုင်မတက်ရောက်နိုင်လည်း အင်တာနက်ကနေ တိတ်ခွေတွေကတဆင့် နာကြားနိုင်ကြပါစေ၊ တတ်အားသမျှ လှူဒါန်းမှုတွေပြုလုပ်ကာ ကု သိုလ်ပါဝင်နိုင်ကြပါစေဆိုပြီး ကုသိုလ်ယူနိုင်ခွင့် လမ်းတွေကိုဖွင့်လှစ်ပေးနေကြတယ်။ ဒါကို သာဓုခေါ်နိုင်မယ့် သူတွေအတွက်တော့ ကုသိုလ်တွေ ရကြမှာ မလွဲပါဘူး။

ဒီတော့ ခုလိုသင်တန်းမှ ဦးဆောင်ဝေယျာဝစ္စပြုလုပ်ကြေသူတွေဟာ ခေါင်းလောင်းထိုးနေတဲ့၊ ကုသိုလ်အမျှ ရကြပါစေရယ်လို့ ပေးဝေနေတဲ့ ကုသိုလ်သည်တွေဖြစ်ကြပါတယ်။

သို့ပေမယ့် အထူးသတိထားရမှာက ခုလို ကုသိုလ်အမျှပေးဝေနေသူတွေဆီက ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့ အရာတွေ၊ ကုသိုလ်သံတွေကိုသာ ထွက်ပေါ်ပြန့်နှံ့စေဖို့လိုပါတယ်။

ကုသိုလ်အမျှပေးဝေနေတယ်ဆိုပြီး အချင်းချင်း မသင့်တင့်မညီညွတ်ဖြစ်တယ်ဆိုတဲ့အသံတွေ၊ မတရားအလုပ်တွေ လုပ်နေတယ်ဆိုတဲ့ အသံတွေကို ဖြန့်ဝေ ပေးသလိုမျိုးဖြစ်ခဲ့မယ်ဆိုလျင်တော့ ဒီအသင်းကိုမှီပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ကုသိုလ်ရနိုင်မယ် မဟုတ်ပေဘူး။ အသင်းကို ဦးဆောင်နေသူတွေကလည်း ကုသိုလ်သည်တွေ ဖြစ်နိုင်မယ် မဟုတ်ပေဘူး။ အကုသိုလ် သည်တွေသာ ဖြစ်ပေလိမ့်မယ်။

ဒါကြောင့်ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးတွေကို ကောင်းမှုတွေမျှဝေနိုင်အောင် ဖြည့်ဆည်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။ ကိုယ့်ဆီမှာ ရှိနေ တဲ့ ကောင်းမှုကောင်းရာတွေကို ကိုယ်တစ်ယောက်တည်း သိမ်းဆည်းထားတာမျိုး မဟုတ်ပဲ သူတစ်ပါးကို မျှဝေနိုင်တဲ့ စိတ်ထားတွေ မွေးမြူနိုင် ကြပါစေ။

ကုသိုလ်အမျှကိုသာ ပေးဝေနေတဲ့ ခေါင်းလောင်းထိုးနေသူတွေ ဖြစ်နိုင်ကြပါစေ။ ကုသိုလ်သည်တွေသာ ဖြစ်ကြပါစေ။ အကုသိုလ်သည်တွေ မဖြစ် ကြပါစေနဲ့။

နောက်ပြီး သူတစ်ပါးတွေရဲ့ ကောင်းမှုကောင်းရာလုပ်ငန်းစဉ်တွေကို ကြည်နူးကျေနပ်စွာ၊ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်တဲ့ သူတွေ ဖြစ်ကြပါစေ။ ကုသိုလ်ဝယ်သူတွေသာ ဖြစ်ကြပါစေ၊ အကုသိုလ် ဝယ် သူတွေလည်း မဖြစ်ကြပါစေနဲ့။ မုဒိတာစိတ်ထား အပြည့်အဝ ထားနိုင်တဲ့ သူတွေဖြစ်ကြပါစေလို့ တိုက်တွန်း စကားဆိုရင်း နိဂုမ်းချုပ်ပါတယ်။

မှတ်ချက်။ ။ သြဝါဒအချိန်က ငါးမိနစ်ခန့်သာ သတ်မှတ်ပေးထားလို့ မပြောနိုင်ခဲ့တဲ့ ငယ်စဉ်က ရပ်ဓလေ့ရွာဓလေ့ ခေါင်းလောင်းထိုးကာ အမျှဝေတဲ့အကြောင်းကို အနည်းငယ်ထပ်ဖြည့်လိုက်ပါတယ်။ ။



မေတ္တာများဖြင့်

မေတ္တာဥယျာဉ်


2011-ခု၊ စက်တင်ဘာလ(၈)ရက်၊ကြာသပတေးနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP