* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 27, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၄ )

ထိုအချိန်ထိုအခါကာလ ထိုကမ္ဘာဝယ် ရမ္မာဝတီတိုင်းပြည်သည်ရှိခဲ့လေ၏။ ထိုတိုင်းပြည်သည် အေးချမ်း၏၊သာယာ၏၊ဖွံ့ဖြိုးတိုးတက်၏၊ သူ့ခေတ်သူ့အခါအရ ခေတ်မီဖွံ့ဖြိုးတိုးတက်၍အေးချမ်းသာယာသောနိုင်ငံတော်ကြီးဖြစ်ခဲ့မည်ဟု မိမိကောက်ချက်စွဲမိ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားအဖြစ်ကိုဗျာဒိတ်ပန်ဆင်နိုင်ရန် အင်္ဂါအချက်အလက်နှင့်ပါရမီတို့ပြည့်စုံနေသည့် သုမေဓာဟူသော အမျိုးကောင်းသားရှိနေသောကြောင့်ပင်တည်း။ ထိုသုမေဓာဟူသော အမျိုးကောင်းသားလေးသည် တစ်ဦးတည်းသောသားဖြစ်၏။ အမျိုးအနွယ်အားဖြင့် အမြင့်တန်းအလွှာတွင်ပါဝင်သည့် ဗြဟ္မဏမျိုးရိုးဖြစ်၏။ ပညာရေးအရလည်း ထိုခေတ်ထိုကာလတွင် သင်ကြားနိုင်သော သိပ္ပွံ နှင့် ဝိဇ္ဇာ ပညာရပ်နှစ်မျိုးလုံးကို အပြီးတိုင်သင်ယူတတ်မြောက်ထားသော အထက်တန်းပညာတတ်လူတန်းစားဖြစ်၏။ ဥစ္စာစည်းစိမ်အားဖြင့်လည်း အထူးဆိုဘွယ်ရာမရှိ၊ အလွန်ချမ်းသာသည့် လူတန်းစားတွင်ပါဝင်ပြန်၏။ ရုပ်ရည်ဥပဓိအားဖြင့်လည်း သပ္ပါယ်ခန့်ငြားတင့်တယ်သူဖြစ်၏။ မှန်၏။ သာမာန် အောက်တန်းစားလူတစ်ယောက်သည် ဘုရားဖြစ်ရန်ဗျာဒိတ်တော်ကို ပန်ဆင်နိုင်မည်မဟုတ်ချေ။ ဤကဲ့သို့သော ထိုသုမေဓာအမျိုးကောင်းသားလေးသည် ပညာတတ်၊သဘောကောင်း၊ဥစ္စာပေါ ရုပ်ချောသဖြင့် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့မည်မှာ သေချာလှ၏။ ထိုသို့အဖက်ဖက်မှ ပြည့်စုံတင့်တယ်လှသော အမျိုးကောင်းသားလေးသည် သူ၏ အသက်အရွယ် နုနယ်ပျိုမြစ် ၁၆ နှစ်မှာပင် သူ၏မိဘနှစ်ပါး ကွယ်လွန်ဆုံးပါးခဲ့၏။ ထိုအခါသူ့မိသားစု၏ ဘဏ္ဍာထိန်းသည် စာရင်းဇယားနှင့်တကွ ဘိုးဘွားပိုင်ပစ္စည်းများအားလုံးကို အတိအကျလွှဲအပ်လေ၏။ ထိုလွှဲအပ်မှုထဲတွင် ငွေများလည်းပါ၏၊ ရွှေများလည်းပါ၏။ ကျောက်သံပတ္တမြား လက်ဝတ်ရတနာများနှင့်တကွအခြားသောပိုင်ဆိုင်ပစ္စည်းများလည်းပါ၏။ ထိုပိုင်ဆိုင်ပစ္စည်းများ၏တန်ဘိုးနှင့် ပမာဏကားများပြားလှ၏။ ထိုအခါမှသူသည် ဘီလျံနာသူဌေးဖြစ်မှန်းသိခဲ့ရတော့၏။ ထိုစည်းစိမ် ထိုပိုင်ဆိုင်ပစ္စည်းများကို သူကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရသောအခါ ဤသို့သူခံစားမိလေ၏။ ဤမျှများပြားလှသော စည်းစိမ်ဥစ္စာတို့ကို ငါ၏ဘိုးဘွားအစဉ်အဆက်ဆက်တို့ရှာဖွေခဲ့ စုဆောင်းခဲ့ကြ၏။ ဘိုးဘွားအဆက်ဆက်တို့လည်း ခံစားသင့်သလောက်ခံစားသွားခဲ့ကြ၏။သို့သော်မကုန်ခမ်းခဲ့။ သူတို့၏သံသရာခရီးသို့လည်း ယူဆောင်မသွားနိုင်ခဲ့။ ငါသည်လည်း ဤပိုင်ဆိုင်မှုအားလုံးတို့ကို စိတ်တိုင်းကျသုံးဆောင်သော်လည်း တစ်ဘဝဖြင့် ကုန်နိုင်ဘွယ်ရာမရှိ၊များပြားလှဘိ၏။ ထို့ကြောင့်ငါသည် ဤပိုင်ဆိုင်ပစ္စည်းအားလုံးတို့ကို လောကအတွက်အသုံးပြုလို၏။ ငါ့အတွက်လည်း သံသရာတွင် အမွေအနှစ်အစစ်ကိုယူဆောင်သွားလို၏။ ထို့ကြောင့် ဤအရာအားလုံးကို လောကအတွက်လှုမည်၊ ငါသည်ကား တောထွက်၍ရသေ့ပြုမည် ဟုခံစားခဲ့၏။ ဆုံးဖြတ်ခဲ့၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် သူသည် ဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက်စုဆောင်းခဲ့သမျှပိုင်ဆိုင်မှုအရာရာကို လူမှုလောက သယာဝပြောရေး အလေးပေးစိတ်ဖြင့် ရက်ရက်ရောရော စွန့်လွှတ် လှုဒါန်းခဲ့တော့၏။ သူသည်လည်း ဟိမဝန္တာတော ဓမ္မိကတောင်တော်တွင် ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းလျှက် ရသေ့ဘဝဖြင့်သီတင်းသုံးနေထိုင်လေတော့၏။ သူ၏ခံစားချက်၊ခံယူချက်၊ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်တို့သည် အံ့ဖွယ်ရှိလှပါ၏။ သူတော်ကောင်းစိတ်ဓာတ်ရှိသူတို့အနေဖြင့်ကြည့်လျှင် အားကျအတုယူဖွယ်ဖြစ်၏။ လေးစားချစ်ခင်ဖွယ်လည်းဖြစ်ပါ၏။ကမ္ဘာ့စံပြလည်းဖြစ်၏။ လောက၏ရှေ့သွားခေါင်းဆောင်တို့ပြုကျင့်သောလုပ်ရပ်လည်းဖြစ်၏။ သို့သော် မသူတော်တို့၏အမြင်ဖြင့်ကြည့်လျှင်မူကား ရူးသွပ်မှုဖြစ်၏။ စည်းစိမ်ကို မခံစားတတ်ခြင်းဖြစ်၏၊ ဤသို့ လုပ်ရပ်တစ်ခုအပေါ်တွင် နှလုံးသားနှင့်အမြင်ကိုအခြေခံ၍ကွဲပြားနိုင်ပါ၏။ ထိုသုမေဓာရှင်ရသေ့သည် ဟိမဝန္တာဝယ် မကြာမြင့်မီပင် ဈာန်ကိုရရှိလေတော့၏။ ဈာန်ကိုလည်း အမြဲမပြတ်ဝင်စား၏။ သူ၏ဈာန်နှင့် သမာဓိအရှိန်အဟုန်သည် အလွန်အားကောင်းလှ၏။ ထို့သို့အားကောင်းလှသော ဈာန်သမာပတ်နှင့် သမာဓိတို့ကြောင့်ပင် သူသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူနေသည်ကို သူမသိလိုက်မိချေ။ အကြောင်းကား အလွန်အင်အားကောင်းလှသော ဈာန်သမာပတ်ကိုဝင်စားနေခဲ့သောကြောင့်ပင်တည်း။ သို့သော် ရဟန္တာဖြစ်နိုင်သည်သာမက ဘုရားအဖြစ်ကိုဗျာဒိတ်တော်ပန်ဆင်နိုင်သည့်ပါရမီတော်အရှိန်အဟုန်များကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုတွေ့ဆုံဖူးမြင်ခွင့်ရရန် အကြောင်းကားဖန်လာခဲ့တော့၏။ ဖန်လာပုံကား ဤသို့ ဤသို့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP