* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 7, 2011

နိုင်ငံခြားသာသနာပြု ခေါင်းဆောင်ဆရာတော်များကို ဖူးတွေ့ရခြင်း

အမှတ်စဉ်(၁၇)

နိုင်ငံခြားသာသနာပြုဆရာတော်များကိုဖူးတွေ့ရခြင်းတွင် တန့်ကြည်တောင် ဆရာတော်ကြီးကို ဖူးတွေ့ ရခြင်းလည်း ပါဝင်ပါသည်။ ထိုဆရာတော်ကြီးကို ဖူးတွေ့ခဲ့ဖူးသည်မှာ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော် က ဖူးတွေ့ခဲ့ရပါသည်။ ထိုစဉ်ကဆရာတော်ကြီးသည် မန္တလေးအနီးတံခွန်တိုင်ဘူတာနားဆီက တန့်ကြည်ေ တာင်ကျောင်းတိုက်ကြီးကို တည်ကာစပင်ဖြစ်ပေမည်။ မိတ်ဆွေလည်းဖြစ်၊ ဆရာသမား လည်းဖြစ်သောရ ဟန်းတော်ဦးပညာသာရာဘိဝံသနှင့် အတူသွားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်ကဆရာတော်ကြီးကို ပထမဆုံး အကြိမ်ဖူးတွေ့ခဲ့ဖူးရာ ဦးပညာသာရာဘိဝံသမှ ဆရာတော်ကြီးမှာ ဆွဲဆောင်နိုင်သည့် သတ္တိထူးကြီး ရှိသည်ဟုပြောဆိုခဲ့ဖူးသည်ကို ယခုတိုင် အမှတ်ရဆဲပင်ဖြစ်ပါသည်။ ဖားအောက်တောရ ဆရာတော်ကြီး တွင်လည်း ထိုသတ္တိရှိသည်ဟု ခံစားရပါသည်။ ထိုဆရာတော်ကြီး အကြောင်းလည်းဘာမှမယ်မယ်ရရ မသိခဲ့ပါ။ ဒုတိယအကြိမ်တွင် ထိုဆရာတော်ကြီး အကြောင်းကို ကြားခဲ့ရသည်မှာကောင်းသတင်း မဟုတ် ခဲ့ပါ။ ပုဂံဒေသသို့ မရောက်ဘူးသဖြင့် ရဟန်းတော်ငါးပါး စုပေါင်းလည်ပတ်ခဲ့ ရာတွင်ကျောင်း တစ်ကျောင်း တွင် တည်းခိုခဲ့ပါသည်။ ထိုကျောင်းမှ ဆရာတော်ကြီးအကြောင်းနှင့်စပ်၍ ဆန့်ကျင်ဖက်အသံကို ပထမဆုံး ကြားနာခဲ့ရခြင်းဖြစ်ပါသည်။ သို့သော် ဆရာတော်ကြီး အကြောင်းကိုမေ့ပျောက်နေခဲ့ပါသည်။နောက် တစ်ကြိမ်တွင် ဆရာတော်ကြီးကို ဖူးတွေ့ရခြင်းလည်း မဟုတ်၊ တစ်ဆင့် စကားကြားနာခဲ့ရသည်လည်း မဟုတ်၊ ဆရာတော်ကြီးရေးသည့်စာအုပ်ကို ဖတ်ခဲ့ရခြင်းဖြစ်ပါသည်။ သာသနာ့ခရီးသည်ဟု စာအုပ်နာမည် ကိုပေးထားပြီး အရေးအသား အသင့်အတင့်ရှိသည်ဟု နိဒါန်းရေးသူကထင်ပြီး စာရေးသူအနေဖြင့်မူ ဗဟုသုတကိုပေးသည့်စာအုပ်တစ်အုပ်ဟု ယူဆပါသည်၊ အမရပူရမှ ကိုပညာက မိတ်ဆက်စာ ရေးထားသည့် ထိုစာအုပ်ဖတ်ပြီးသြော်ငါသည် ဒီစာရေးဆရာ ဆရာတော်ကြီးကို တစ်ခါက ဖူးတွေ့ဖူးပါလားဆိုသည်ထက် မပိုပေ။ ကြည်ညိုသည်လည်း မဟုတ်၊ မကြည်ညိုသည်လည်း မဟုတ်ခဲ့ပေ။

ပထမဆုံး အကြိမ်ဖူးတွေ့ခဲ့ရပြီး တစ်ဆယ့်ငါးနှစ်ကျော်အကြာ ၂၀၀၃ခုနှစ် ဧပြီလတွင် စာရေးသူကို ဒကာမ တစ်ဦးက ရန်ကုန်မြို့တွင်မြေကွက်ဝယ်လှူပြီးကျောင်းငယ်လေးဆောက်ကာ ကိုးကွယ်ခဲ့ပါသည်။ ထိုနေရာ သို့လည်း ရှေးယခင်က မရောက်ခဲ့ဘူးပေ။နေရန်လည်း တစ်ကြိမ်မျှ စိတ်ကူးမရှိခဲ့ဖူးပေ။ ထိုနေရာသည် တကယ့် ဆရာတော်ကြီးများ၏ကျောင်းများနှင့် နီးကပ်လွန်းနေပါသည်။ တစ်ကျောင်း ကရွှေဥမင်တောရ ဓမ္မသုခကျောင်းတိုက်ကြီးဖြစ်ပြီး ဆရာတော်ကြီးဂုဏ်သတင်းမှာ ကမ္ဘာအနှံ့ပြန့်နှံ့ပါသည်။နောက်တစ်ပါး ကလည်းကမ္ဘာအထိကျော်ကြားသောဆရာတော်ကြီးဖြစ်သည့်တန့်ကြည်တောင်ဆရာတော်ကြီး၏ကျောင်းဖြစ် ပါသည်။ ဆရာတော်ကြီးများ၏ကျော်ကြားပုံကို စာဖတ်သူများသိပြီးသားဟု ယူဆပါသည်။ ၂၀၀၅ ခုနှစ်ရောက်သောအခါမှ ဆရာတော်ကြီးကို ဒုတိယအကြိမ်ဖူးတွေ့ခဲ့ရပါသည်။ ပထမအကြိမ်က မန္တလေး တွင်ဖြစ်ပြီး ထိုဖူးတွေ့ခဲ့စဉ်က ရန်ကုန်တန့်ကြည်တောင်ကျောင်းတိုက်ကြီးကို မတည်ထောင်ရသေးပေ။ ရန်ကုန်အနီးမှ တန့်ကြည်တောင်ကျောင်းတည်ထောင်ပြီးနောက် (၁၂) နှစ်ကြာမှ ဖူးတွေ့ရခြင်း ဖြစ်ပါသည်။ စာရေးသူ၏ကျောင်းနှင့် တံတိုင်းသာခြားသဖြင့် တစ်နှစ်လျှင် တစ်ကြိမ်၊နှစ်ကြိမ်မျှ ဆရာတော်ကြီး ကြွလာလေ့ရှိပြီး တစ်ခါတစ်ရံတွင်ဖူးတွေ့ဖြစ်ပါသည်။ ဆရာတော်ကြီးထံတွင် တရားခန်းနှင့် ပရိဝါသ်ဆောက် တည်ခြင်းတို့ကို တစ်ကြိမ်စီပြုလုပ်ဖူးပါသည်။ စာရေးသူဒုတိယအကြိမ်ဖူးတွေ့စဉ်က ဆရာတော်ကြီး၏ ကမ္မ ဋ္ဌာန်းပြသပုံနှင့်စပ်ပြီး ထင်ထင်ရှားရှား လူသိများသည့် အငြင်း ပွါးမှုများဖြစ်ပြီးခဲ့ပါပြီ။ အငြင်းပွါးမှုမှာ တရား ထိုင်သည့်အခါတွင် တရားနာသူများ၏ဖေါက်ဖေါက်ပြန်ပြန် အမူအယာများကြောင့်ဖြစ်ပါသည်။ ထိုအခြင်း အရာများကို မန္တလးမြို့၊ မစိုရိမ်တိုက်သစ်မှ ဆရာတော်လေး ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) က စာအုပ် ထုတ်ဝေပြီး ကန့်ကွက်ခဲ့ရာမှ ဆူဆူညံညံဖြစ်ခဲ့ရပါသည်။

ရန်ကုန်တန့်ကြည်တောင်တွင် ဆရာတော်ကြီးနှင့် ၂၀၀၅ ခုနှစ်၊ဖေဝေါရီလ ပထမဆုံး အကြိမ်တွင်တွေ့ ခဲ့ရစဉ်စာရေးသူကို ဆရာတော်ကြီးကခေါ်ပြီးစာရေသူ၏ကျောင်းတွင်နေကြသော ရဟန်းငယ်များ၏ အနေ အထိုင်နှင့်ပတ်သက်ပြီး ထိန်းသိမ်းတတ်ရန် မိန့်ပါသည်။ စာရေးသူ သည်ကျောင်းလက်ခံဆောက် လုပ်ပြီးနောက်တစ်နှစ်ခွဲတိတိကျောင်းတိုက်တွင် မနေဖြစ်သေးပဲ အိန္ဒိယနိုင်ငံတွင် ပါရဂူဘွဲ့အတွက် ပြီးစီးအောင်ပညာရေးဆောင်ရွက်နေခဲ့ရာ ထိန်းသိမ်းမှု လစ်ဟင်းခဲ့ရ ပါသည်။ကျောင်းစောင့် ရှောက်ရန် အပ်နှံထားခဲ့ရသောဆွေမျိုးနီးစပ်သူတပည့် ရဟန်းငယ်သည် အရည်အသွေး အနည်းငယ်မျှသာ ရှိသဖြင့်ကျောင်း တာဝန်များ လစ်ဟင်းခဲ့ပေသည်။ ထို့အပြင် ရဟန်းငယ်သည် ရပ်ကွက်တွင်းမှ လူငယ်များ၊ တစ်ခြားသော မိတ်ဆွေရဟန်းငယ်များနှင့် အချိန်များစွာတွင် ဘောလုံး၊ ဘော်လီဘော ကစားနေခဲ့ခြင်းကို ဆရာတော်ကြီးသည် တိုက်ရိုက်သိပုံမရသော်လည်း တစ်ဆင့်ကြားစကားဖြင့် စာရေးသူကိုခေါ်ယူပြီး အထက်လေသံဖြင့် မိန့်ခဲ့ပေသည်။ စာရေးသူသည် အမိန့် အတိုင်းပင် ကြိုးစားဆောင်ရွက်ပါမည်ဟု ငယ်ရွယ်သူပီပီအငြင်းမပွါးတော့ဘဲလျောက်ထားခဲ့ပါသည်။သေသေချာချာလေ့လာ ကြည့်သော် ဆရာတော် ၏ကျောင်းတိုက်တွင်လည်း ရှင်ငယ်၊ ရဟန်းငယ်များ သူ (တစ်လခန့် ခဏမျှ) ရှိနေ စဉ်ပင်ဘောလုံး၊ဘော် လီဘော၊ဆော့ကစားနေသည်ကိုမြင်ရသဖြင့် ဆရာတော်၏ခေါ်ယူပြောဆိုမှု အပေါ်တွင် တစ်ဖက်သတ် ဆန်သည်ဟုနောင်တွင်ထင်မြင် လာခဲ့ပါသည်။ စာရေးဆရာဝီရသူ၏ တန့်ကြည်တောင် အပေါ်တွင်ပြော ဆိုမှုကိုလည်း အစပိုင်းက သာသနာ့ဝန်ထန်းအချင်းချင်းပြင်းထန်လွန်းသည်ဟု ထင်မြင် ယူဆမိသော် လည်း ဗီဒီယိုခွေကိုမြင်ပြီးသော အခါမှစပြီးသောအခါတွင် လုပ်သင့်လုပ်ထိုက်သည်ဟု အမြင်ပြောင်းလာခဲ့ပြီး ပို၍ အထင်ကြီးလေးစားစိတ်ပင်ဖြစ်မိပါသည်။ ယခုအခါ ၀က်ဘ်ဆိုဒ်တွင် တစ်လိမ်နှစ်လိမ်ပွေလိမ်ရှုပ် တန့်ကြည်တောင်ဇာတ်ထုပ်ဟုခေါင်းစီးပေးထားပြီးထေရ၀ါဒတို့တိုင်းပြည်အမည်ရှိ ၀က်ဘ်ဆိုဒ်တွင် စာဖတ် သူများ ကိုယ်တိုင်လေ့လာနိုင်ပေသည်။ စာရေးသူ၏ အသိုင်းအသိုင်း ဆရာ သမားများကမူ ထိုကျောင်း တိုက်မှ ဆွမ်းကွမ်းများ မစားမိစေရန် တားမြစ်ပြီး မဆက်ဆံရန် အကြံပြုခဲ့ကြပါသည်။ သို့သော် မလိုက် နာဖြစ်ဘဲ အခွင့်သင့်ပါက ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးစွာပင်နေထိုင်ခဲ့ပါသည်။ တန့်ကြည်တောင်ကျောင်း သည် စာရေးသူအတွက် လျှပ်စစ်မီးကို တစ်နှစ်ခန့်မျှ သွယ်ယူခွင့်ပြုခဲ့ပြီး၊သောက်ရေ အတွက် လည်းကျေးဇူးများခဲ့ပါသည်။ မီတာခကိုမူ ကိုယ်တိုင်ပင်ပေးဆောင်ခဲ့ရ ပါသည်။ကျောင်းနီး ချင်းဖြစ်နေ သဖြင့် အခြေအနေအရ ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲများစွာရှိပါသော်လည်း တစ်ကျောင်းနှင့် တစ်ကျောင်းရန်ဖြစ်ချင်စိတ် မရှိသဖြင့် အခွင့်သင့်သမျှသာ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးစွာပင်နေ ထိုင်လျက်ရှိပါသည်။

ဆရာတော်ကြီးသည် အဟောအပြောထူးချွန်သည်ဟု ခံစားမိပါသည်။ သို့သော် ရဟန်းတော် များ အပေါ်တွင်မူ မူနှစ်မျိုးဖြင့် ဆက်ဆံပါသည်။ အရည်အချင်းညံ့သည်ဟုထင်သူများကို ဖိနှိပ်သကဲ့သို့ ခံစားမိ ပါသည်။ အရည်အချင်းရှိသူဟု ဆရာတော်ကထင်မြင်ပါက ဂရုစိုက်ပါသည်။ ဒကာ၊ဒကာမများ အပေါ် တွင်လည်း ဤနည်းပင်ဖြစ်ဖွယ်ရာရှိသည်။ ဆရာတော်ကို အနီးကပ် လေ့လာကြည့်သော် မာန်မာန ခက်ထန် သည်ကိုတွေ့ရပါသည်။ တစ်ခါက ရဟန်းတော်တစ်ပါးက သံဃာသုံးဆယ်ခန့်ရှေ့တွင်ကျေးဇူးတင်ပါသည် ဘုရားဟုလျောက်ထားသည်ကို ထိုသို့မပြောဆိုရန်ဒေါသတကြီး ကန့်ကွက်ခဲ့ပါသည်။ သာသာယာယာပြော လည်းရနိုင်ပါသည်။ ထို့ပြင် လက်သမားဆရာ၊ ပန်းရံဆရာများထံမှ မကြာခဏကြားသိနေရသည်မှာ ဆရာတော်ကြီးသည် အာဏာရှင် ဆန်ဆန် ဆက်ဆံပြီး ကြင်နာမှုမပေးသည့်ပြင် တောင်ဝှေးနှင့်ရိုက်သဖြင့် ထွက်ပြေးရသည်ဟု နာမည်ကြီးပါသည်။ ဆရာတော်သည် ရဟန်းငယ်ဘ၀ကရွှေတိဂုံဘုရားပေါ်တွင် ဘိုးမင်းခေါင်ပုံတော်ရှိသည်ကို မကျေနပ်သဖြင့် လက်ညိုးထိုးပြီး စိန်ခေါ်ဆဲဆိုခဲ့ကြောင်းကို ရဟန်း၊ လူပရိတ်သတ်တို့အား ကိုယ်တိုင်ပင်ပြောပြခဲ့ပါသည်။ ရည်ရွှယ်ချက်မှာ သူသည် သာသနာတော်ကို ချစ်မြတ်နိုးသူဖြစ်ကြောင်း သိစေလိုပါသည်။ နာဇီခေါင်းဆောင် ဟစ်တလာသည် သက်သတ်လွတ်စား ခဲ့သော်လည်း ဂျူးလူမျိုးသန်းပေါင်းများစွာကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်ကို စာအုပ်ဖတ်မိပြီး သတိရမိပါသည်။ ဆရာတော်ကြီးသည်လည်း သက်သတ်လွတ် ဘုဉ်းပေးသော်လည်းဒေါသပိုနေသည်ကို မသင့်လျော်ဟုမြင်ပါသည်။ဒေါသကြီးသူ၏ လမ်းလျောက် နည်းအတိုင်း ဆရာတော် လမ်းလျောက်သည် ကိုလေ့လာမိပါသည်။ ဆရာတော်ကြီးတွင် အလွန်အကျွန် အစွန်းနှစ်ဖက်ကိုတွေ့မြင်ရပါသည် ဇွဲကောင်း သည်၊ စိတ်ဓာတ်ခိုင်မာသည် သို့အတွက်အောင်မြင်ပါသည်။ ပညာဥာဏ် အားနည်းသည်၊ ဘာမဟုတ် သည့်အရာကိုရှေ့တန်းတင်ပြီးပြောဆိုသည်မှာ ပညာဥာဏ်အားနည်း သည်ကိုဖေါ်ပြ ပါသည်။ဒေါသကြီး သည် သို့အတွက် သူများထက်ပိုပြီး နာမည်ပျက်ပါသည်။လောဘလည်း ကြီးသည်ဟု ဆိုနိုင်ပါသည်။ အထောက်အထားမှာ တစ်နေ့တွင် သူ၏ ကျောင်းတွင် ပါသာဒသိမ် ပြုလုပ်ရန်အတွက် နိုင်ငံတော် အဆင့်ထိ ပညာတတ်ဆရာတော်ကြီးများကို ပင့်ပါသည် ထိုအထဲတွင် ယခု မဟနဥက္ကဋ္ဌဆရာတော် (ဗန်းမော်ဆ ရာတော်ကြီး)၊ မန္တလေးဆင်မင်းကျောင်း ဆရာတော် (စာရေးသူ ကြည်ညို ရသောစာချပေးခဲ့သည့်ဆရာ) လည်း ပါဝင်ခဲ့ပါသည်။ တစ်ခြားသော စာရေးသူမမှတ်မိသော အမည်မသိ နာမည်ကြီးဆရာတော်များလည်း ဆယ်ပါးခန့်ပါဝင်ခဲ့ပါသည်။ ထိုကဲ့သို့သော ဆရာတော်ကြီးများကိုလျောက် ထားသည့်အထဲတွင် သူ သည် သေးသေးကွေးကွေးကို မဆောင်ရွက်လိုနေရာတကာတွင် နံပါတစ်ဖြစ်ချင်သည်ဟု ဆိုခဲ့ပါသည်။ စာရေးသူ၏ စာချဆရာတော်က သူသာဆိုပါက စိတ်မကူးရဲကြောင်း တန့်ကြည်တောင် ဆရာတော်ကသာ စွမ်းနိုင်ပါကြောင်းရိုးရိုးသားသားပင်ပြန်လည်မိန့်ခဲ့ပါသည်။ ပညာရှိ စကားကို မိန့်ကြားတော်မူခြင်းဖြစ်ပါ သည်။လူမိုက်တို့ကမူစောက်ကြွားပဲ ဘာမှလဲအဖြစ်မရှိဟု ဆိုကြပေမည်။ ထိုကဲ့သို့ ဆိုနိုင်ဖွယ်ရှိရခြင်းမှာ ဆရာတော်ကြီးသည် ကမ္ဘာတွင် အကြီးဆုံးကြေးဆင်းတု ထိုင်ကိုယ်တော်ကြီးကို ရန်ကုန်တွင် တည်မည်ဟု ဆရာတော်များကို ပင့်ဖိတ်ပြီး ၀န်ခံခဲ့ခြင်းဖြစ်ပေသည်။ ငါးနှစ်ပင်ကျော်သွားခဲ့ပါပြီ ယခုအချိန်အထိ ဘာမှ မစရသေးပေ။ ဆရာတော်၏ ဟန်အမူအယာနှင့် စကားသံသည် မာနသံ၊ လောဘသံများ ရောနေသည်ဟု ထင်ခဲ့ရပါသည်။ အမှန်မှာ နိုင်ငံတော်မှ ဆရာတော်ကြီးများမှတစ်ဆင့် တိုင်းနှင့်ပြည်နယ်မှကြေးများကို အလှူခံပြီး တည်ထားရန်ဖြစ်ပါသည်။

အမေရိကနိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊လော့စ်အိန်ဂျလီမြို့ရှိ အဇူဇာကျောင်းတွင်လည်း တစ်ကြိမ် ထိုဆရာတော်ကြီးကို ဖူးတွေ့ခွင့်ရခဲ့ပါသည်။ ထိုစဉ်ကလည်း စာရေးသူသိခဲ့ရသည်မှာကျောင်းအတွင်း အချင်းချင်း အငြင်းပွါးနေခဲ့သဖြင့်ကောင်းသတင်းတော့ မဟုတ်ခဲ့ပါ။ စာရွက်စာတမ်းများထုတ်ပြီး ကန့်ကွက် စာများကိုပင် ထုတ်ခဲ့ကြပါသည်။ ဆရာနှင့် ဒကာ မညီညွတ်သော သာသနာပြု အမည်ခံ လုပ်ငန်းများဖြစ် ပါသည်။ ဤသည်မှာ (၂၅)နှစ်အတွင်းငါးကြိမ်ခန့်မျှ(နာရီပေါင်း ၂၄နာရီထက် မပိုပေ၊) ဖူးတွေ့ခဲ့ရစဉ် အဆိုး အကောင်းဖြစ် စဉ်များသာတည်း။ အဖြစ်မှန်များကိုသာ ကလောင်ထိန်းပြီးရေးသဖြင့် အသေးစိတ်လေ့ လာပါကတွေ့မြင်ရဦး မည်ဖြစ်ပါမည်။ ယခုရေးသားသည်မှာလည်း သတိထားမိသည် များကိုသာရေး သားခြင်းဖြစ်ပါသည်။ စာဖတ်သူများကွှရေးသားချက်ကို မှားသည်ဟုထင်ပါက ကြိုတင်တောင်းပန်အပ် ပါသည်။ သာသနာတော်ကို ကြည်ညိုကြသူများသည် ဆရာကိုစနစ်တကျလေ့လာပြီးမှ ဘ၀လွတ်မြောက်မှု အတွက် နည်းစနစ်မှန်ရန် ကိုးကွယ်ကြစေလိုသဖြင့်ရေးသားရပါသည်။ အလှူဒါန အမှုကိုမူ ပုဂ္ဂိုလ် ကိုရွှေး မနေဘဲ နေရာတိုင်းမှာ ပြုကြစေလိုပါသည်။

ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP