* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 27, 2011

ကင်းပုံရွက်နဲ့ ရေယုန်နာ

ကင်းပုံပင်သည် အိမ်နောက်ဖေး ခြံစည်းရိုး၊ မြေလွတ်မြေရိုင်းမျာတွင် အလေ့ကျပေါက်ရောက်သည့်
နွယ်ပင်မျိုး ဖြစ်သည်။ ပေ (၁၀၀)ကျော်မြင့်သော အပင်ပေါ်တွင် တွယ်မိပါက ထိုအပင်ထိပ်အထိ တွယ်တက်ပေါက်ရောက် ရှင်သန်နိုင်သည်။ သရက်၊ မာလကာ အပင်ငယ်မျာတွးင် တွယ်မိပါက ထိုအပင်များပေါ်တွင် အရိပ်မထိုးနိုင်အောင် အုပ်ဆိုင်းပေါက်ရောက်တတ်သည်။ အတွယ်ခံရသော အပင်သည်လည်း သေဆုံးသွားတတ်သည်။


ကင်းပုံပင်သည် နွေနှောင်းကာလသို့ရောက်လျှင် အမြစ်နှင့်ဝေးသော နွယ်နှာမောင်းတို့မှာ
ခြောက်သွေ့မည်းကျုံ့၍ သေသွားတတ်သည်။ မိုးတွင်းသို့ရောက်လျှင် အခြားအဆစ်နေရာမှ နွယ်နှာမောင်း သစ်များ ထပ်ထွက်ကာ ပြန်လည်ရှင်သန်သည်။ နွယ်နှာမောင်တို့သည် အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောသည်။ ကြာ၍ရင့်သွားလျှင် ကြမ်းတမ်းပြီး မွဲခြောက်ကာ အဖုလေးများ ဖြစ်ပေါ်လာသည်။


ကင်းပုံရွက်မှာ အဝေးမှကြည့်လျှင် အသည်းပုံသဏ္ဍာန်ရှိသည်။ တိတိကျကျဆိုရလျှင် ရှစ်ထောင့်ချိုးရှိပြီး အညှာနေရာ၌ ချိုင့်ဝင်နေသည်။ ရွက်ကြောများထင်ရှားပြီး အရွက်၏အပေါ် မျက်နှာပြင်သည် ကလိုရိုဖီး များစွာပါရှိသော သစ်ရွက်များကဲ့သို့ အစိမ်းရင့်ရင့်အရောင်ရှိပြီး အော်ကမျက်နှာပြင်မှာ လွန်စွာဖျော့သော အစိမ်းရောင်ရှိသည်။ အရွက်ညှာတံမှာလည်း အစိမ်းရင့်ရောင် ဖြစ်သည်။ ဆရာကြီး ဦးဘသင်ပြုစုသော ရှုတော်မူ ဆေးအဘိဓာန်တွင် ကင်းပုံရွက်သည် ချို၏၊ စဉ်းငယ် ငန်၏၊ သလိပ်ကို နိုင်၏၊ လေကိုလည်း
ကြေစေတတ်၏ဟု ဖော်ပြထားပါသည်။


ကင်းပုံအပွင့်မှာ အဖြူရောင်ဖြစ်သည်။ လွန်စွာလှပသည်။ အစိမ်းနုရောင် ကလာပ်ပေါ်တွင် အဖြူရောင် ပွင့်ဖတ်များ တင်ထားသည့်ပုံသဏ္ဍာန်ရှိသည်။ ပွင့်လွှာတွင် ကတ္တီပါသားကဲ့သို့ သေးငယ်သော လှိုင်းတွန့်လေးများရှိသည်။ ပွင့်လွှာ ၅-ခုပါသည်။ ကင်းပုံပွင့်အား မှောက်ထားလျှင် ခေါင်းလောင်းပုံသဏ္ဍာန် ရှိသည်။


ကင်းပုံသီးမှာ ငယ်လျှင် သခွားသီးနှင့်ဆင်တူပြီး ရှည်မျောမျောလေး ဖြစ်သည်။ အစိမ်းရောင်ရှိပြီး အဖြူစင်းများ ပါသည်။ တဖြည်းဖြည်း ဆလင်ဒါပုံသို့ ပြောင်းလာပြီး အလုံးကြီးလာလျှင် လိမ္မော်သီး၊ ပန်းဦးတို့ကဲ့သို့ လုံးဝန်းလာပြီး အရောင်အဆင်းမှာလည်း လိမ္မော်ရောင်၊ အနီရဲရဲအရောင်များသို့ ပြောင်းသွားပြီး လွန်စွာလှပပါသည်။ ရငတော်မူ ဆေးအဘိဓာန်တွင် ကင်းပုံသီးသည် ခါး၊ ငန် အရသာရှိ၏။ လေကို
နိုင်စေတတ်သည်။ သွေး၊ သလိပ်နှင့် တေဇောဓာတ်ကို နိုင်ဟ၏ု ဖော်ပြထားပါသည်။


ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော မြန်မာအစားအစာ၏ အာဟာရ-စာအုပ်၌ ကင်းပုံရွက် အလေးချိန်(၁၀၀)ဂရမ်တွင် ပါဝင်သော အာဟာရတန်ဖိုးများမှာ (၂၀)ကယ်လိုရီ၊ ပရိုတင်းဓာတ် (၀.၇)ဂ၇မ်၊ ကစီဓာတ်(၅.၂)ဂရမ်၊ ထုံးဓာတ်(၂၅.၀)မီလီဂရမ်၊ သံဓာတ်(၀.၆)မီလီဂရမ်၊ ဗီတာမင်(၈)မီလီဂရမ်နှင့် ဗီတာမင်ဘီ(1) ဘီ(2)တို့ အနည်းငယ်စီ ပါဝင်ကြောင်း သိရပါသည်။


ဆက်လက်၍ ကင်းပုံပင်၏ အခြားဆေးဖက်အသုံးပြုပုံများကို ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်အပင်များ၊ အတွဲ ၁-တွင် ဖော်ပြထားသည်မှာ
ပဉ္စငါးပါးကို ပြုတ်၍ သလိပ်ရွှင်ဆေးအဖြစ် သုံးသည်။ ချောင်းဆိုးခြင်းကိုလည်း ပျောက်စေသည်။ အရွက်သတ္တုရည်ကို ဆီးချိုရောဂါတွင် အဓိကသုံးသည်။ အဆုတ်ပြွန် ရောင်ခြင်း၊ ပန်းနာရောဂါများတွင်လည်း သုံးသည်။ သည်းခြေနှင့်ဆိုင်သော အဖျားရောဂါ ဖြစ်ပါက ကင်းပုံရွက်နှင့် နံနံစေ့ကို အမျှစီယူ၍
ပြုတ်သောက်ပါက ပျောက်ကင်းနိုင်ပါသည်။ သန်ကျစေရန်နှင့် ဝမ်းသက်စေရန်အတွက်လည်း သုံးပါသည်။


ကင်းပုံရွက်သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့်ဖျော်၍ နားတွင် ခတ်ပေးပါက နားကိုက်ရောဂါ
ပျောက်ကင်းစေပါသည်။ အရေပြားပေါ်တွင် ပေါက်သောအနာများ၌ အရွက်ပြုတ်ရည်ကို လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါသည်။
ရေယုန်နာပေါက်ပါက အရွက်သတ္တုရည်နှင့် ပွတ်လိမ်းပေးရသည်။
လျှာတွင် ပူလောင်ခြင်း၊ အနာပေါက်ခြင်းများအတွက် အသီးမှအရည်ကို ငုံထွေးရည်အဖြစ် သုံးသည်။ မိခင်နို့ ထွက်စေရန်လည်း ကင်းပုံသီးကို စားသုံးကြသည်။


သွေးဖောက်ပြန်သောရောဂါများကိုလည်း ပျောက်ကင်းစေသည်။ အမြစ်ခေါက်မှုန့်ကို ဝမ်းနုတ်ဆေးအဖြစ် သုံးကြသည်။ အမြစ်စို သတ္တုရည်ကို ဆီးလွန်ရောဂါရှိသူများ သောက်သုံးနိုင်သည်။ အဆိပ်သင့်ခြင်း ဖြစ်က အဆိပ်ဖြေဆေးအဖစြ် တိုက်ကျွေးနိုင်ပါသည်ဟု ဖော်ပြထားသည်ကို ဖတ်ရှုမှတ်သားဖူးပါသည်။


ကျော်လင်း (B,Sc-Chem)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP