တုနိုင်းမမြင် အောင်ပွဲတော် (၈၀) ပေါ်တေးထပ်
တုနိုင်းမမြင် အောင်ပွဲတော် (၈၀) ပေါ်တေးထပ်
သထုံပြည်မှာ သာသနာပွင့်လို့၊
ဘာသအဆင့် မြင့်သောအခါ၊
ဘဂ၀ါသနင့် သြရသာငယ်၊
သောဏ ဥတ္တရာထေရ်နှစ်ပါး။
သာသနာပြုဘို့ မြန်မာမှုသို့၊
အခါခါရှုလို့ အခြေအမြစ်ရှာကာ၊
သရေခေတ္တရာ ပြည်ကြီးဆီသို့သွား။
ဒွတ္တဘောင်မင်း မြတ်ရာဇာကို၊
အမြတ်ဓမ္မာ ဟောမိန့်ကြား၊
အမှတ်ဘာဝနာ သဘောစိမ့်သွားလို့
ဟောမိန့်စကား ဆိုလိုက်နာ။
တပ်တော်မဟာ ဌာနစခန်းပေမို့၊
စဉ်လာ ဥဒါန်း ခေါ်ကြ ရွှေတပ်ရွာ၊
အထိမ်းအမှတ် စေတီမဟာကို၊
ဝေစည်သဒ္ဓါ တည်ကာထားသမို့။
ရှည်ကြာလျားလို့ အိုမင်းသက်ကြီးကာ၊
ယိုယွင်းပျက်စီးလာ။
သီတဂူ အရှင်က ကြည်ဖြူရွှင်ပျ၊
ဤမှုထွင်ပြ ပေါင်းစုကာငယ်၊
ကောင်းမှုမဟာ တည်ထားသည်ဘုရာ့လေး။
ပဏာတင်သ - သဘာယင်ကြ၊
မဟာမင်္ဂလ လူ့တိုင်းခွင်မှာ၊ တုနှိုင်းမမြင် အောင်ပွဲတော်ဘုရာ့လေး။
(သီတဂူဆရာတော်ဘုရား၏ မွေးရပ်မြေ သဲကုန်း တပ်ရွာ ထီးတော်တင်ပွဲတွင် ရေးစပ်ပူဇော်သည်။ ၂၀၀၄ ခုနှစ်)
0 comments:
Post a Comment