သည်နှစ်မှာကျွန်တော် ထပ်မံ ပြင်ဆင်ဖြစ်သည့်အရာ-၁
သက်နှင်းဆွေ-ပုပ္ပါး
(၁)
သီဟိုကျွန်း၊ သီရိလင်္ကာနိုင်ငံ၏တောတွင်းတစ်နေရာရှိ လှိုဏ်ဂူကြီးတစ်ခုတွင် ဆရာတော်ကြီးတစ်ပါး သီတင်းသုံးနေတော်မူခဲ့လေသည်။ ထို ဆရာတော်ကြီးသည် ထိုလှိုဏ်ဂူကြီးထဲတွင် နှစ်ပေါင်းများစွာ သီတင်းသုံးလျှက် ခြိုးခြံသောရဟန်းမြတ်တို့ ၏အကျင့်ဖြင့် တရားဘာဝနာများ စီးဖြန်း တော်မူနေခဲ့ခြင်းဖြစ်၏။ ဆရာတော်ကြီး၏ ခြိုးခြံမှုအကျင့်မြတ်နှင့် သီလဂုဏ်၊ သမာဓိဂုဏ် တို့ က လွန်စွာကျော်ကြားခဲ့လေသည်။
ထိုအချိန်က သီရိလင်္ကာနိုင်ငံ၏ အနုရာဇမြို့ တွင် တိဿမဟာရာဇာ အမည်ရှိသော ဘုရင်ကြီးထီးနန်းစိုးစံတော်မူခိ
မင်းကြီးရောက်လာချိန်တွင် ဆရာတော်ကြီးသည် လေနာရောဂါခံစားနေရချိန်ဖြစ်၏။ ဆရာတော်ကြီးကို အလုပ်အကျွေးပြုနေသည့် ရဟန်းငယ်သည် လှိုဏ်ဂူ၏အပြင်ဘက်တွင် ဝေယျာဝစ္စတချို့ ဆောင်ရွက်နေ၏။
နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းတို့  ဖြင့်ကြွရောက်လာသည့် ဘုရင်မင်းမြတ်ကိုတွေ့  သောအခါ ရဟန်းငယ်က ''အဘယ်အကြောင်းနဲ့ ကြွရောက်လာပါသလဲ အရှင်မင်းကြီး''ဟု ခရီးဦးကြိုကာ လောကဝတ်စကား ဆိုလေသည်။
''အရှင်ဘုရားတို့ ရဲ့ဆရာတော်ကြီးကို လာရောက်ဖူးမြော်တာပါဘုရား''
''ဒါဆိုလည်းဖူးတာပေါ့ ဒကာတော် မင်းကြီး။ လှိုဏ်ဂူထဲကိုကြွပါ။ ဆရာတော်ကြီး လှိုဏ်ဂူထဲမှာရှိနေပါတယ်''
ရဟန်းငယ်က ဂူတံခါးကိုဖွင့်ပေးလိုက်၏။ ဘုရင်မင်းမြတ်နှင့်တကွ အခြွေအရံနောက်ပါ တချို့ သည် ဆရာတော်ကြီးသီတင်းသုံးတော်မူရာ ကျောင်းသင်္ခန်းဖြစ်သည့်လှိုဏ်ဂြူ
ဆရာတော်ကြီးသည် သက်တော်ရှစ်ဆယ်ကျော်အရွယ် ဇရာ၏ဖိစီးမှုကြောင့် အိုမင်းလှပြီဖြစ်၏။ ထို့ အပြင် လေနာရောဂါ၏နှိပ်စက်မှု ဝေဒနာဒဏ်ကိုလည်း အလူးအလဲခံစား နေရရှာချိန်ဖြစ်၏။ ကွပ်ပြစ်ထက်တွင် ဧကသီဝတ်ရုံသင်္ကန်းကို ဘေးမှာပုံပြီး ဗိုက်ကို လက်ဖြင့်နှိပ်ကာ ညည်းညူနေတော်မူရှာလေသည်။
ဘုရင်ကြီးသည် ရဟန္တာဟု ကျော်ကြား နေသည့် ဆရာတော်ကြီးကို ကြည်ညိုဖွယ်ရာဖူးမြော် လိုက်ရတော့မည်အထင်နှင့် ဝင်လာခဲ့ခြင်းဖြစ်၏။ ဆရာတော်ကြီး၏ အရဟန္တဂုဏ်ကို ကြည်ညိုလိုသည့်စိတ်တို့ ဖြင့် အထူးသဒ္ဓါတရားထက်သန်တက်ကြွစွာ ဝင်လာခဲ့ခြင်းဖြစ်၏။ သို့ သော် ပြင်းထန်သောဝေဒနာကိုခံစားနေရသည်
''အရှင်ဘုရား ဘာဖြစ်နေတာပါလဲ ဘုရား''
ဘုရင်ကြီးက မတ်တပ်ရပ်လျှက်ကပင် မေးလျှောက်လေ၏။
''ဝေဒနာနှိပ်စက်နေလို့ ပါကွယ်''
ဆရာတော်ကြီးက မျက်စေ့မှိတ်လျှက်ကပင် အားယူပြီးပြန်၍ဖြေတော်မူရှာေ
''ဘာဝေဒနာပါလဲဘုရား''
ဘုရင်ကြီးက ထပ်မံမေးလျှောက်ပြန်သည်။
ဘုရင်ကြီးသည် ဆရာတော်ကြီးကိုတွေ၍ ကြည့်နေသေး၏။ ရဟန္တာလို့ ကျော်ကြားနေပြီး သည်ဝေဒနာလောက်ကိုပင် မကျော်လွှားနိုင်သေး ပါလားဟုလည်း ဆရာတော်ကြီး၏အပေါ်တွင် အထင်အမြင်သေးကာ သဒ္ဓါတရားတို့  လျော့ပါးသွားလေတော့သည်။ ထို့ ကြောင့် စိတ်ပျက်လက်ပျက် အမူအယာဖြင့် ခေါင်းကိုခပ်ဖြည်းဖြည်းခါရမ်းလိ
အပြင်သို့ ချက်ခြင်းပြန်ထွက်လာသည့် ဘုရင်ကြီးကိုမြင်လိုက်သောအခါ ရဟန်းငယ်က အံ့သြသွားလေ၏။ ဘုရင်ကြီးမျက်နှာထားတွင် စိတ်ပျက်လက်ပျက်အမူအရာများထင်
''ကျွန်ုပ်တို့ ရဲ့ ဆရာတော်ကြီးကို ဖူးမြော်ကန်တော့ပြီးခဲ့ပါပြီလား
ရဟန်းငယ်၏မေးခွန်းကို ဘုရင်ကြီးက စိတ်လက်မကြည်မလင်နှင့်ပင်မဖြေချ
''တော်ပါပြီဘုရား။ အရှင်ဘုရားတို့ ဆရာကို ရဟန္တာလို့ ကျော်ကြားနေတာကြောင့် တပည့်တော်က အရဟတ္တဖိုလ်ပညာကို ရှိခိုးချင်၊ ပူဇော်ချင်လွန်းလို့  အားကြိုးမာန်တက်လာခဲ့မိတာ။ အရှင်ဘုရားတို့  ဆရာက လေနာဝေဒနာလေး နှိပ်စက်တာလောက်ကိုတောင် ခံနိုင်စွမ်းမရှိတာ တပည့်တော်က ဘာကိုဦးတိုက်ရတော့မှာလဲ ဘုရား''
ဘုရင်ကြီး၏စကားကြောင့် ရဟန်းငယ်၏မျက်နှာတွင် ရှက်စိတ်တို့ ထင်ဟပ်သွားလေသည်။ ရဟန်းငယ်သည် ဂူတွင်းသို့ ခပ်သွက်သွက် ဝင်ရောက်သွားလေ၏။
''အရှင်ဘုရားတို့ များ တယ်ခက်တာပဲ ဘုရား။ ကိုယ့်ဆီကို ဘုရင်ကိုယ်တိုင် တကူးတကန့်  လာပြီး ဖူးတဲ့အခိုက်လေးတောင် အောင့်အည်းသည်း ခံပြီးမနေနိုင်ဘူး''
တပည့်ရဟန်းငယ်သည် ရှက်စိတ်ဖြင့် တစ်ကြိမ်တစ်ခါမျှ မလျှောက်ထားဝံ့ခဲ့ဖူးသော၊ မပြောဆိုဝံ့ခဲ့ဖူးသောစကားကို ဆိုမိလေတော့သည်။
''ဟဲ့ ... ဒီမှာ လေနာဝေဒနာနှိပ်စက်တာကို ခံနေရပါတယ်ဆို။ဘာကိုသည်းခံရဦးမှ
''အဲဒီဝေဒနာကိုပဲ ခဏလောက်ဖြစ်ဖြစ် သည်းခံတော်မူနေလိုက်ဖို့  ကောင်းတာပေါ့ဘုရား။ ဘုရင်ကြီးက အရှင်ဘုရားကို ရဟန္တာပုဂ္ဂိုလ်လို့  ကျော်ကြားနေလို့  အရှင်ဘုရားရဲ့ အရဟန္တဂုဏ်ကို ပူဇော်ချင်လို့ ရောက်လာခဲ့တာတဲ့။ အခုတော့ စိတ်ပျက် လက်ပျက်ပြန်သွားပြီ။ လှူဖို့ တန်းဖို့ ယူလာတာလေး တွေကိုတောင် ပြန်သယ်သွားတာ ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်ပါသလဲ ဘုရား''
ဆရာတော်ကြီးသည် သူ့ တပည့်၏စကား ကို စိတ်ဆိုးတော်မူခြင်းမရှိ။ လေနာဝေဒနာကို ခံစားနေရဆဲကြားမှာပင် စကားတစ်ခွန်းကိုပြန်လည်မိန့် ဟတော်မူလိုက်လေသည်။
''သြော်..သြော်..။ မင်းတို့ ဘုရင်က အရဟန္တဂုဏ်ကို ပူဇော်ချင်တာတဲ့လား။ အေး လေ ငါ့မှာကလည်း အဲဒီဂုဏ်မှ တကယ်ရှိမနေခဲ့သေးတာပဲ။ ကဲ ကဲ..မင်းတို့ ဘုရင်ကို ခဏလေးစောင့်ပေးပါလို့  သွားပြောချေ။ ဂူတံခါးကို ခဏပိတ်ထားလိုက်''
ဆရာတော်ကြီး၏စကားတော်က တည်ကြည်ပြတ်သားတော်မူလှ၏။ ရဲဝံ့ခိုင်ခန့်မှု လည်းရှိလှလေသည်။ ရဟန်းငယ်က လှိုဏ်ဂူတံခါး ကိုပိတ်လိုက်၏။ တရွေ့ ရွေ့  ပြန်လည်ထွက်ခွာ သွားနေသည့် ဘုရင်ကြီးကို ခေတ္တမျှဆိုင်းငံ့ပါရန် တောင်းဆိုလိုက်လေသည်။
(၂)
ထို့ အပြင်ဆရာတော်ကြီး၏စိတ်တွင် နှစ်ပေါင်းခြောက်ဆယ်လောက် စောင့်ရှောက်လာနိုင်ခဲ့သည့် သီလတို့ကို အမှီပြုကာ လွန်စွာအား ကောင်းသောပီတိ ပါမောက္စတို့ ဖြစ်တည်လာလေတော့သည်။
တစ်နေ့ လုံး လေနာဝေဒနာ၏ ဖိစီးနှိပ်စက်မှုကြောင့် ဒေါမနဿစိတ်ဖြင့် လေးလံနေခဲ့သောစိတ်သည် သီလကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် သောမနဿပီတိ အဟုန်ဖြင့် ပေါ့ပါးလာလေ၏။ ထိုအခါထိုပီတိကိုခွာပြီး ပီတိနှင့်ယှဉ်တွဲလာသည့် သောမနဿသုခဝေဒနာ ကို ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်ပြီး ဘာဝနာရှုမှတ် ပွားများလိုက်လေသည်။ ထိုအခါ ဝိပဿနာဉာဏ်စဉ် ဆယ်ပါးတို့ သည် အဆင့်ဆင့် ရင့်ကျက်မြင့်တက်လာလေတော့၏။ မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ် လေးပါးတို့ သည်လည်း အဆင့်ဆင့်ပွင့်လန်းလာခဲ့လေတော့၏
''ဟဲ့..ဟဲ့..ငါ့ရှင်မောင်ပဉ္ဇင်
ဆရာတော်ကြီးက လှိုဏ်ဂူ၏အပြင်မှ သူ့ တပည့်ကိုလှမ်းပြောလိုက်လေသည်။ အပြင်တွင် စိတ်စောစွာဖြင့် စောင့်ဆိုင်းနေသည့်ဘုရင်ကြီးသည် ဂူတံခါးကို ဖွင့်ကာဝင်လိုက်လေ၏။ အထဲသို့  ရောက်သွားသည်နှင့် ချက်ခြင်းပင်နာရီပိုင်းမျှ အချိန်ကာလလေးအတွင်း လှိုဏ်ဂူထဲမှ အပြောင်း အလဲတို့ ကို ကောင်းစွာသတိပြုလိုက်မိပြီဖြစ်၏
ဘုရင်ကြီးသည် ဆရာတော်ကြီး၏ ရှေ့  ကြမ်းပြင်ပေါ်တွင် ဒူးတုတ်၍ ထိုင်ကာ လက်အုပ် ချီမိုးလိုက်လေ၏။ နောက်လိုက်ခြွေရံအား လုံးသည်လည်း ကြမ်းပြင်တွင်ပျပ်ဝပ်ရိုကျိုးစွ
''အရှင်ဘုရား။ ရဟန်းကိစ္စပြီးတော်မူပါပြီလားဘု
မင်းကြီး၏စကားကို ဆရာတော်ကြီးက တိုက်ရိုက်ဖြေတော်မမူ။
''တို့များ နောက်ထပ်လုပ်စရာကိစ္စမရှိတော့ပါ
ဝမ်းသာပီတိစိတ်၊ ကြည်ညိုသဒ္ဓါစိတ်တို့ က ဘုရင်ကြီးအား လွှမ်းခြုံသွားလေတော့သည်။
''သည်လောက်အချိန်ပိုင်းလေးအတွင်
အံ့သြစွာဖြင့် ဘုရင်ကြီးက မေးလျှောက် လိုက်လေသည်။
''သီလပါပဲ ဒကာတော်။ တို့ များ စောင့်ရှောက်လာခဲ့တဲ့ ရဟန်းဘဝရဲ့နှစ်ခြောက်ဆယ်ကျော် သီလခရီးရှည်ကြီးကို အခြေခံပြီး ပညာနဲ့သုံးသပ်လျှောက် လှမ်းလိုက်တာပါပဲ''
ဆရာတော်၏စကားတော်တို့ က အထူး တည်ကြည်ငြိမ်းချမ်းနေတော်မူေ
ထိုအခါမှဘုရင်ကြီးသည် သီလ၏တန်ခိုး နှင့်သီလ၏တန်ဖိုးတို့ ကို ပျက်ပျက်ထင်ထင် သိမြင် သွားလေတော့သည်။
''သြော်...ကိုယ်ကျင့်သီလရဲ့တန်
ဘုရင်ကြီးသည် ဆရာတော်ကြီး၏ ကွပ်ပြစ်ခြေရင်းသို့  ရိုသေစွာချဉ်းကပ်သွားလိုက်လေသည်
''ယခုတပည့်တော်သည် အရှင်ဘုရား ၏ အရဟတ္တဖိုလ်ဉာဏ်ကို ရှိခိုးခြင်းမဟုတ်ပါဘုရား။ အရှင်ဘုရား၏ နှစ်ခြောက်ဆယ်ကျော်စောင့် ထိန်း ဆောက်တည်တော်မူခဲ့ရတဲ့ သီလသိက္ခာတော်တွေကို မာန်ရိုကျိုးစွာ ဦးတိုက်ကန်တော့ခြင်းဖြစ်ပါတယ်ဘု
ဘုရင်ကြီးသည် ဆရာတော်ကြီး၏ခြေဖမိုးအစုံအား နဖူးဖြင့် အထပ်ထပ်ထိတွေ့ပွတ်တိုက်၍ နက်နက်ရှိုင်းရှိုင်းကြည်ကြည်မွေ့
ကျွန်တော်သည် နှစ်တစ်နှစ်ကူးပြောင်း သွားတိုင်း ဘဝနှင့်ပတ်သက်သည့် ပြုပြင်စရာ၊ လိုက်နာကျင့်သုံးစကားတွေကို စီစစ်လေ့ရှိပါသည်။ ယခုနှစ်သင်္ကြန်ပြီးစရက်များကလည်း ကျွန်တော့် ဘဝခရီးအတွက် မည်သည့်အရာတွေကိုမည်မျှ လျှော့ချထားရမည်။ မည်သည့်အချက်တွေ ကိုတော့ မည်မျှထပ်မံဖြည့်ဆည်းပြီး ကျင့်သုံးသွားရမည် စသည်ဖြင့်ဝေဖန်သုံးသပ်ကာ ကိုယ့်ကိုယ်ကို စဉ်းမျဉ်းတွေ၊ ကျင့်စဉ်တွေချမှတ်လေ့ရှိပါသည်။
အမှန်တော့ ကျွန်တော့်လို ပုထုဇဉ်အရိုင်း မျှသာဖြစ်သော လူသားတစ်ဦး၏ဘဝတွင် အားနည်းချက်ပေါင်းများစွာဖြင့် ရှင်သန်နေ ကြရခြင်းသာဖြစ်သည်။ အထူးသဖြင့် ကျွန်တော် သည် ကိုယ်ဉာဏ်မှီသမျှလေးတို့ ဖြင့် ကိုယ့်အနေအထားတို့ ကို ဆင်ခြင်သုံးသပ်ကာ ပိုနေသည် ထင်တာလေးတွေကိုဖယ်ထုတ်လိုက်၊ လိုနေသည် ထင်တာလေးတွေကို စွမ်းနိုင်သမျှ ဖြည့်ဆည်းလိုက်နှင့် ဘဝရုပ်တုကို ကြည့်ပျော်ရှုပျော်လေး ဖြစ်အောင် ကြိုးစားပမ်းစားထုဆစ်နေမိသူသာ ဖြစ်၏။
မြတ်ဗုဒ္ဓအဆုံးအမတို့ ကို အခြေပြုကာ ရှေ့မှဆရာတော်သမားတော်များ၊ မိဘဘိုးဘွား ဆရာသမားများတို့ ၏ အဆုံးအမတို့ ကိုလေ့လာ ဖတ်ရှုလေ့လာခြင်း၊ နာယူကျင့်သုံးခြင်းတို့ ဖြင့် ဘဝခြေလှမ်းတွေကို တပင်တပန်းကြိုးစားပြီးထိမ်းမတ်ေ
လွန်ခဲ့သည့်ဆယ့်ငါးနှစ်ခန့်ကတည်
ထိုသို့ ကျွန်တော်ခံယူနိုင်လာခဲ့ပါသည်။ ထိုစာတန်းလေးကိုပင် ကျွန်တော့်ဧည့်ခန်းထဲမှာ ကျကျနန ချိပ်ဆွဲထားဖြစ်ခဲ့ဖူးလေသည်။
ယခုနှစ်သင်္ကြန်ပြီးစက နှစ်သစ်အတွက် ကျွန်တော့်ကိုယ်ကျွန်တော် အထူးထပ်မံဖြည့်ဆည်း သွားရမည့် အရာကို ကျကျနနစဉ်းစားကြည့်သော အခါမှာလည်း ထိုအချက်နှစ်ချက်ကိုသာ ထင်းခနဲ တွေ့ လိုက်ရပြန်ပါသည်။ အထူးသဖြင့် 'ကိုယ်ကျင့် သီလ' ကိုထပ်မံ၍ အသေးစိပ်ဖြည့်ဆည်းကျင့်သုံး နိုင်အောင်ကြိုးစားမည်ဟု ယခုနှစ်အတွက် အဓိဋ္ဌာန် ပြုဖြစ်ခဲ့လေသည်။
''သည်နှစ်မှာ ကျွန်တော်ထပ်မံဖြည့်ဆည်းဖို့  ပြင်ဆင်ဖြစ်တဲ့အရာကတော့ ကိုယ်ကျင့် သီလပါပဲဗျာ''
သင်္ကြန်ပြီးစရက်များက မိတ်ဆွေရင်းတချို့  လက်ဖက်ရည် ဆိုင်မှာဆုံဖြစ်ကြစဉ် စကားစပ်မိ၍ ထိုစကားလေးကိုပြောဖြစ်ခဲ့ပါသည်။
ထိုသို့ ပြောရင်းနှင့်ပင် အထက်တွင်တင်ပြခဲ့သည့် ရဟန္တာအရှင်သူမြတ် ဆရာတော်ကြီး၏ ဖြစ်တော်စဉ်ကိုပါ ပြန်လည်ပြောပြဖြစ်ခဲ့လေသည်။ ထိုဖြစ်စဉ်ကို သီတဂူဆရာတော်ကြီးက လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက တရားတစ်ပုဒ်မှာ ထည့်ဟောခဲ့ဖူးလေသည်။ ထိုဖြစ်စဉ် တော်ကို ကျွန်တော်ပြန်ပြောပြခဲ့စဉ် နားထောင်နေကြသော ကျွန်တော့်မိတ်ဆွေများ၏ စိတ်တွင်လည်း သီလ၏တန်ဖိုးကို ပိုမိုလေးနက်စွာ နားလည်လက်ခံသွားကြသည်ဟု ကျွန်တော်ယုံကြည်လိုက်ပါသည်။ ကျွန်တော်သည်လည်း ထိုဖြစ်စဉ်ကို အကြိမ်ကြိမ်နာကြားရင်းနှင့်ပင် သီလ၏တန်ဖိုးကို ပို၍ပို၍မြတ်နိုး လာမိသည်မှာအမှန်ပင်ဖြစ်သည်။ ထိုသို့ နားလည်လာမိသည်နှင့်အမျှ ကိုယ်ကျင့်သီလ ကိုပို၍ပို၍ ဖြည့်ဆည်း စောင့်ရှောက် သွား နိုင်ဖို့ ကိုလည်း ကြိုးစားရ ပြန်ပါသည်။ ကျွန်တော့်လိုသာမန်ပုထုဇဉ်တို့ ၏ ဘဝတွင် သီလကို ဘယ်လိုဖြည့်ကျင့်သွားလျှင် ပိုပြီးထိရောက်လေမလဲ။ ထိုသို့ လည်း အကြိမ်ကြိမ်အထပ်ထပ် စဉ်းစားသုံးသပ်ဖြစ်ပြန်ပါသည်။ သီလအကြောင်း စဉ်းစားမိတိုင်း လူသားတို့ ၏အခြေခံကျင့်ဝတ် ဖြစ်သည့် ငါးပါးသီလက ရှေ့ဆုံးမှာရှိနေပြန်သည်။ သို့ သော် ပါရမီအကျင့်လမ်းကို ကျင့်လှမ်းသွားလိုသူတို့ အတွက်မူ နောက်ထပ်တိုး ချဲ့ ဖြည့်ကျင့်ရမည့် သီလတွေလည်းရှိလာပြန်သည်။ အထူးသဖြင့်တော့ 'အာဇီဝဋ္ဌမကသီလ' ပင်ဖြစ်လေသည်။
(ဆက်လက်တင်ပြပါဦးမည်။)
အားလုံးသတ္တဝါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
(၁၁.၇.၂ဝ၁၁။တနင်္လာည ၁၁းဝဝ။ရေးသားပြီးစီး။)
၂ဝ၁၁ ဇူလိုင် ၂ဝရက်ထုတ် နေလဂျာနယ်အမှတ်၄၂၆မှ။)
ကျမ်းကိုး။ ။
(၁)သီတဂူဆရာတော်ကြီး၏
-အမြတ်ဆုံးကိုယ်ကျင့်သီလတရား၊
-သီလသည်လူသားတို့ ၏ဘဝတရား၊
-သီလကထာတရားများ။
(၂)ဆရာတော်အရှင်ခေမိန္ဒ၏
-အခြေခံအဘိဓမ္မာ (တတိယတွဲ)
(၃)အရှင်အာဒိစ္စရံသီ(ဦးဆန်းလွင်)
-အခြေပြုဝိပဿနာသင်တန်းတရားများ။
(၄)အရှင်ဇနကာဘိဝံသ၏
-ကိုယ်ကျင့်အဘိဓမ္မာ
(၅)သဂြိုလ်ဘာသာဋီကာ။
0 comments:
Post a Comment