* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, August 10, 2011

Special Activity - အထူးလှုပ်ရှားမှု

Activity : “Special Activity” on Special Day for Special People
Location : Chinese Garden (华园)
(also commonly known as Jurong Gardens)
Singapore 61979
Time : from 9.00 am to 10.00 am
Date : 9 August, 2011 [National Day (Singapore)]


မီးခိုးထွက်သည့် ကားစုတ်များ ယာဉ်စုတ်များ မောင်းနှင်ခွင့် မပေးသောကြောင့် ကားနှင့်အခြားစက်တပ်ယာဉ်တို့ အရေအတွက် များသည်နှင့် နှိုင်းစာသော် လေထုညစ်ညမ်းမှု သက်သာသည်ဟု ဆိုရမည် ထင်၏။ ထို့ပြင် မြို့တော်အနှံ့ သစ်ပင်ပန်းမာလ်တို့ စိုပြေစိမ်းလန်းနေအောင် အထူးဝါယာမ စိုက်ထုတ်ထားခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တို့ လျော့ကျသွားခြင်းလည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ဤအချိန် ဤနေရာ ဤပန်းခြံအတွင်း လေညှင်း သန့်လျက်ရှိနေ၏။

ကြိုတင်စိတ်ကူးထားသည့်အတိုင်း သစ်ရိပ်တစ်ခုကို အမှီပြု၍ မြက်ခင်းပြင်မှာ နေရာယူလိုက်သည်။ လေသရမ်းတစ်ချက် တိုးဝှေ့လိုက်ရာ အပေါ်ဝတ် ဧကသီကို မလွင့်အောင် ဆွဲသိမ်းလိုက်ရ၏။ အသင့်ယူဆောင်လာခဲ့သော မတ်တတ်ကြော်ငြာတိုင်ကို မြေညီရာ မြက်ခင်းပြင်မှာ နေရာချလိုက်ပြီး ကြော်ငြာတိုင်ဘေးမှာ နေရာထိုင်ခင်းတစ်ခု ပြင်ဆင်ခင်းကျင်းလိုက်သည်။


ကိုယ်တိုင်ပြင်ဆင် ခင်းကျင်းထားသည့် နေရာမှာ ထိုင်လိုက်သည်။ အရှေ့အရပ်သို့ မျက်နှာမူလျက်။ တင်ပလ္လင်ခွေလျက်။ ခါးကိုဖြောင့်စွာထားသည်။ ခေါင်းကိုလည်း တည့်တည့်မတ်မတ် ထောင်ထားသည်။ နောက်သို့လည်း မလန်။ ရှေ့သိုလည်း မငိုက်။ ဘယ်ဘက်လက်ဖ၀ါးပေါ် ညာဘက်လက်ဖ၀ါးတင်။ လက်မချင်း စဉ်းငယ်ထိလျက်သား။ လက်အစုံကို တင်ပလ္လင်ပေါ် တင်ထားလျက်။ အသားတကျ နေရာယူပြီးသောအခါ မျက်လုံးအစုံကို မှိတ်၍ အာနာပါနကမ္မဋ္ဌာန်း သမထလုပ်ငန်းခွင် စတင်တော့သည်။ နှာခေါင်းပေါက် နှစ်ခုနှင့် အထက်နှုတ်ခမ်းဖျားတို့၏ တြိဂံရပ်ဝန်း နေရာကို စိတ်စိုက်ထားလိုက်သည်။ ၀င်လေထွက်လေတို့ တြိဂံရပ်ဝန်း နေရာမှာ လာ၍လာ၍ ထိခတ်သည်ကို သတိမပြတ် စောင့်ကြည့်နေလိုက်သည်။ စိတ်အလုပ်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . . . .

လက်ျာဘက်မှ တိုးဝင်တိုက်ခတ်လာသော လေပြေညှင်းကြောင့် အေးစိမ့်စိမ့် သုခဝေဒနာကို ခံစားလိုက်ရသည်။ “အေးတယ် . . . အေးတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . . . .

ငှက်တစ်ချို့ ကျူကျူကျာကျာ မြည်ကြွေးရင်း ခေါ်င်းပေါ်က ပျံသန်းသွားကြသည်။ စင်ကာပူနိုင်ငံအတွက် မွေးနေ့လက်ဆောင် တေးသီကြခြင်းလေလား။ သို့ဖြစ်လျှင်ကား “Happy Birthday to You . . .”ဟု အင်္ဂလိပ်လို ဘာသာပြန်သင့်သည် ထင်၏။ “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . . . .

“Papa, look.”ဟု အော်နေသော ကလေးငယ် တစ်ယေက်၏ အသံ။ “Shoooo.”ဟု နှုတ်ပိတ်သည့် လူကြီးသံ။ ဘေးက ကြော်ငြာကို အသံထွက်၍ ဖတ်နေသည့် ကလေးသံ။ “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . .

“You can join with him. Ha ha ha. We’ll go to the tower ahead.” “Me too. Ha ha ha.” “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . . . .
ဖွဖွနင်းသည့် ခြေသံများကို ကြားလိုက်ရပြန်သည်။ တရားထိုင်နေသည့် ရဟန်းတော်ကို မြင်လိုက်ရ၍ ကြည်ညိုစိတ်ကို မထိန်းနိုင်တော့ဘဲ ၀င်ရောက်ဦးချခြင်းလား။ ကြော်ငြာကို ဖတ်မိ၍ စိတ်ဝင်စားသဖြင့် အနားမှာ လာပြီး တရားထိုင်ခြင်းလား။ “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . . . .

ရွာက အမေ့ဆီ စိတ်ရောက်သွားပြန်သည်။ “လုပ်ဖူးတယ်ရှိအောင် လုပ်ကြည့်ပေါ့ အမေရယ် . . .။” “တင်ပါ . . . လုပ်ကြည့်တာပေါ့ . . .။” အမေ့ကို ရိပ်သာပို့ခဲ့တုန်းက အမေ မငြင်းခဲ့။ ရိပ်သာက ပြန်လာတော့ အမေက သူ့အတွေ့အကြုံကို ပြန်ပြောပြသေးတယ်။ “အစ သုံးရက်လောက်တော့ သေချင်စော်ကို နံသွားတာပဲ ဦးဇင်းရယ် . . .။ ငါ့နှယ် ၀ဋ်ပါလာလို့ ကြွေးဆပ်နေရတာများလားလို့တောင် အောက်မေ့မိသေးတယ်” “နောက်တော့ကော . . .။” “နောက်ရက်တွေတော့ ထိုင်တတ်သွားပါတယ်။” “တွေးတယ် . . . တွေးတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .” . . . . .

အမှတ်မျိုးစုံဖြင့် တစ်နာရီပြည့်သွားသည်။ တုန်ခါမှုဖြင့် နှိုးစက်ချထားသော လက်ကိုင်ဖုန်းက တ၀ူးဝူး အချက်ပေးနေပြီ။ မျက်စိဖွင့်ကြည့်လိုက်တော့ ဥယျာဉ်ထဲမှာ လူစည်ကားနေပြီ။ စုံတွဲတစ်ချို့။ မိသားစု တစ်ခု နှစ်ခု။ သူငယ်ချင်းတစ်သိုက်။ ယောင်ချာချာ အဖော်မဲ့သူတစ်ချို့။ အနီးအနား ဘယ်သူတွေ လာသွားခဲ့ကြသည် မသိ။ လာပြီး ရှိခိုးဦးချသူ ရှိခဲ့သလား။ တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်၊ လေးငါးခြောက်မိနစ် တရားထိုင်သွားခဲ့ကြသေးသလား။

ဘေးနားက ခုံပေါ်မှာ တရားထိုင်နေသည့် ဒကာတစ်ယောက်ကို တွေ့လိုက်ရသည်။ သီရိလင်္ကာ အမျိုးသားလား။ အိန္ဒိယ အမျိုးသားလား။ မြန်မာလို ဆိုလျှင်ဖြင့် ရှင်းပါသည်။ ကိုကုလား။ ဓာတ်ပုံရိုက်တာကို သူ သိလိုက်ဟန်မတူ။


ဟိုဘက်က ခုံပေါ်မှာလည်း ဒကာတစ်ယောက် တရားထိုင်လို့ပါလား။ သူ့ကို ဓာတ်ပုံရိုက်တော့ သူ မျက်လုံးအဖွင့်နဲ့ ကြုံသွားသည်။ အားနာစရာပင်။ “Sorry, Mr….” “Never mind lor. Very good. Very good idea.” သူက ဓာတ်ပုံရိုက်တာကို ဗွေမယူ။ နှစ်ထောင်းအားရစွာ လက်မတောင် ထောင်ပြလိုက်သေးသည်။ “Thank you. :)”


နေရာထိုင်ခင်းကို ကောက်ယူခေါက်သိမ်းပြီး ပခုံးပေါ် တင်လိုက်သည်။ ကြော်ငြာတိုင်ကို ဖြုတ်သိမ်းပြီး လက်တွန်းလှည်းငယ်ပေါ် ပြန်တင်သည်။ နေ့ဆွမ်းအမီ Eunos ရောက်အောင် ပြန်ရမည်။ လက်တွန်းလှည်းကို တွန်းရင်း EW25ဆီသို့ တစ် လှမ်း ချင်း ဖြည်း ဖြည်း မှန် မှန် လျှောက် လှမ်း လျက်။ “ကြွတယ် . . .။ လှမ်းတယ် . . .။ ချတယ် . . .” “ကြွတယ် . . .။ လှမ်းတယ် . . .။ ချတယ် . . .” “ကြွတယ် . . .။ လှမ်းတယ် . . .။ ချတယ် . . .” . . . . .

:)
ရှင်အာစာရ

မှတ်ချက်။ ။ ဒီလိုနည်းနည်းနဲ့ Meditationကို Motivateလုပ်ရရင် ကောင်းမလားလို့ စိတ်ကူးမိတာပါ။ လက်တွေ့ မလုပ်ရသေးပါ။ စိတ်ဝင်စားရင် လက်တွေ့ စမ်းကြည့်ကြပါ။ အောင်မြင်နိုင်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP