“ Mt. St. Helens မှတ်တမ်းပုံရိပ်”
2011--ခု၊ သြဂုတ်လ (၇)ရက်၊တနင်္ဂနွေနေ့က မောင့်စိန့်ဟဲလင်းကို ဓမ္မဘေရိဆရာတော်ကို လိုက်ပို့ရင် ပေါ့တလန်မှာရှိ တဲ့ မြန်မာမိသားစုများနှင့်ရောက်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ဝန်းကျင်က မီးတောင်ပေါက်ကွဲခဲ့တဲ့ သမိုင်းဝင်နေရာ တစ်ခုပါ။ ပေါ့တလန်ကနေ မိုင်ပေါင်း ၇၀-ခန့်ဝေးပြီး ဝါရှင်တန်စတိတ်ထဲတည်ရှိပါတယ်။ မောင့်စိန့်ဟဲလင်း မီးတောင် ဝန်းကျင်မှာ မီးတောင်ပေါက်ကွဲစဉ် ကာလက အပူရှိန်ချော်ရည်များကြောင့် ကြီးမားတဲ့ သစ်ပင်ကြီးများ ယနေ့အချိန်ထိ ပြန်လည် မပေါက်နိုင်တော့ပါ။ အနီးအနားမှာတော့ ရေကန်များ၊ နွေရာသီမှာပေါက်တဲ့ သဘာဝတောပန်း အလှလေးများကလည်း မောင့်စိန့် ဟဲလင်းရဲ့ သဘာဝအလှကို အားကူပေးနေပါတယ်။ အထူးသဖြင့် မောင့်စိန့်ဟဲလင်းနဲ့ (၆)မိုင်အကွာမှာရှိတဲ့ တောင်ကြားထဲက ခိုးဒါးလို့ အမည်ရတဲ့ ရေကန်ကတော့ တကယ့်ကိုမှ သာယာလှပတဲ့အတွက် လည်ပတ်ကြည့်ရှုစရာ နေရာတစ်ခုအဖြစ်နဲ့ရော အပျှော်တန်းလှေ စီးရာ နေရာတစ်ခုဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ နေရာတစ်ခုပါပဲ။ ဝန်းကျင်ဒေသ သွားရာလမ်း တစ်လျှောက်မှာတော့ စိန်းလန်းစိုပြေတဲ့သစ်ပင် တောတောင်များနဲ့ တကယ့်ကိုမှ စိတ်ကြည်နူး ချမ်းမြေ့ဖွယ်ရာကောင်းလှပါတယ်။
“ Mt. St. Helens မှတ်တမ်းပုံရိပ်”
0 comments:
Post a Comment