* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, August 5, 2011

ဤသို့ ဆင်ခြင်ရမည်…


ဤသို့ ဆင်ခြင်ရမည်…

ငါ့သျှင်တို့ ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် အလိုဆိုး ရှိလေသလော၊ အလိုဆိုးတို့၏ အလိုသို့ လိုက်လေ သလော'' ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အလိုဆိုး ရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အလိုဆိုး မရှိ အလိုဆိုးတို့၏ အလိုသို့ မလိုက်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် မိမိကိုယ်ကို မြှင့်တင် တတ်လေ သလော၊ သူတစ်ပါးကို ရှုတ်ချ တတ်လေ သလော'' ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မိမိကိုယ်ကို မြှင့်တင် တတ်၏၊ သူတစ်ပါးကို ရှုတ်ချ တတ်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မိမိကိုယ်ကို မမြှင့်တင်တတ် သူတစ်ပါးကို မရှုတ်ချတတ်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် အမျက် ထွက်တတ်လေ သလော၊ အမျက် အလွှမ်းမိုး ခံရလေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက် ထွက်တတ်၏၊ အမျက် အလွှမ်းမိုး ခံရ၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက် မထွက်တတ်၊ အမျက် လွှမ်းမိုးမခံရ'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် အမျက်ထွက်တတ်လေ သလော၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်လေ သလော'' ဟု ဆင်ခြင်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက်ထွက် တတ်၏၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုးဖွဲ့ တတ်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက် မထွက်တတ်၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး မဖွဲ့တတ်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် အမျက်ထွက်တတ်လေ သလော၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီးလေ သလော'' ဟု ဆင်ခြင်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက်ထွက် တတ်၏၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီး၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက် မထွက်တတ်၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲမကြီး'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် အမျက်ထွက်တတ်လေ သလော၊ အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုတတ်လေ သလော'' ဟု ဆင်ခြင်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက်ထွက် တတ်၏၊ အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုတတ်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် အမျက် မထွက်တတ်၊ အမျက်နှင့် နီးစပ်သော စကားကို မမြွက်ဆိုတတ်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုလေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြု၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် မပြု'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းလေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စောဒကကို မကြိမ်းမောင်း'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် စောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်တင်လေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်တင်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်မတင်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် စောဒကက စောဒနာသော် စကား တစ်မျိုးဖြင့် စကား တစ်မျိုးကို ဖုံးလွှမ်းလေ သလော၊ စကားကို အပသို့ လွှဲဖယ်လေ သလော။ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုလေ သလော'' ဟု ဆင်ခြင်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စကား တစ်မျိုးဖြင့် စကား တစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား ပြု၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို မဖုံးလွှမ်း၊ စကားကို အပသို့ မလွှဲဖယ်၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား မပြု'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်လေ သလော'' ဟု ဆင်ခြင်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုနိုင်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်လေ သလော၊ ဂုဏ်ပြိုင်တတ်လေ သလော'' ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် ဂုဏ်ကျေဇူးကို ချေဖျက် တတ်၏၊ ဂုဏ်ပြိုင် တတ်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် ဂုဏ်ကျေဇူးကို မချေဖျက်တတ်၊ ဂုဏ်မပြိုင်တတ်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် မနာလိုတတ်လေ သလော၊ ဝန်တို တတ်လေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မနာလိုတတ်၊ ဝန်တို တတ်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် နာလို တတ်၏၊ ဝန်မတိုတတ်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် စဉ်းလဲတတ်လေ သလော၊ လှည့်ပတ် တတ်လေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် စဉ်းလဲ တတ်၏၊ လှည့်ပတ် တတ်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မစဉ်းလဲတတ်၊ မလှည့်ပတ်တတ်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် ခက်ထန်လေသလော၊ အလွန် မောက်မာလေ သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် ခက်ထန်၏၊ အလွန် မောက်မာ၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မခက်ထန်၊ အလွန် မမောက်မာ'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ''ငါသည် မိမိ အယူကို စွဲလမ်း သလော၊ မြဲမြံစွာ ယူသလော၊ မစွန့်လွှတ်နိုင် သလော'' ဟု ဆင်ခြင် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မိမိအယူကို စွဲလမ်း၏၊ မြဲမြံစွာ ယူ၏၊ မစွန့်လွှတ်နိုင်'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် ''ငါသည် မိမိ အယူကို မစွဲလမ်း၊ မြဲမြံစွာ မယူ၊ စွန့်လွှတ်နိုင်၏'' ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သော အကုသိုလ် တရား အားလုံးတို့ကိုပင် မပယ်ရ သေးသည်ကို ကောင်းစွာ တွေ့မြင်ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ဤယုတ်ညံ့သော အကုသိုလ် တရား အားလုံးတို့ကိုပင် ပယ်ရန် အားထုတ် ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သော အကုသိုလ်တရား အားလုံးတို့ကိုပင် ပယ်ပြီးသည်ကို ကောင်းစွာ တွေ့မြင်ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။

ငါ့သျှင်တို့ ဥပမာအားဖြင့် ငယ်ရွယ်နုပျို၍ အလှပြင်လေ့ ရှိသော မိန်းမပျိုသည်၊ သို့မဟုတ် ယောက်ျားပျိုသည် သန့်ရှင်း ဖြူစင်သော မှန် 'ကြေးမုံ' ၌ ဖြစ်စေ ကြည်လင်သော ရေခွက်၌ ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှု လတ်သော် အကယ်၍ ထိုမျက်နှာ၌ မြူမှုန် အညစ်အကြေးတို့ကို တွေ့မြင်ငြားအံ့၊ ပယ်ရန် အားထုတ်၏။ အကယ်၍ ထိုမျက်နှာ၌ မြူမှုန် အညစ်အကြေးတို့ကို မတွေ့မြင် ငြားအံ့၊ ''ငါ့အား အရတော် ပေစွ၊ စင်ကြယ်ပေစွ'' ဟု ဝမ်းမြောက် ဝမ်းသာ ဖြစ်လေ၏။

ငါ့သျှင်တို့ ဤဥပမာအတူပင် အကယ်၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သော အကုသိုလ် တရား အားလုံးတို့ကိုပင် မပယ်ရ သေးသည်ကို ကောင်းစွာ တွေ့မြင် ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်း သည် ဤယုတ်ညံ့သော အကုသိုလ် တရား အားလုံးတို့ကိုပင် ပယ်ရန် အားထုတ်ရမည် ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သော အကုသိုလ်တရား အားလုံးတို့ကိုပင် ပယ်ပြီးသည်ကို ကောင်းစွာ တွေ့မြင် ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ် တရားတို့၌ နေ့ရော ညဥ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့် သာလျှင် နေရမည်။ 184

၅ - အနုမာနသုတ် -မှ- သီဟနာဒဝဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP