ဆိတ်ငြိမ်ရာကို မညွတ်နိုင်သူများကတော့...
''အိုယောက်ျား လာလော့၊ ဤသင်္ကန်းတို့သည် သင့်အား ပူလောင်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဦးပြည်းကတုံးဖြင့် ခွက်စွဲကာ လှည့်လည်နေဘိ သနည်း၊ လာလော့ လူအဖြစ်သို့ ပြန်လည် ပြီး၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုလော့'' ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်စေကာမူ ရဟန်းတို့ စင်စစ် ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းသည် အကျင့်သိက္ခာကို စွန့်ခွါပြီးလျှင် လူအဖြစ်သို့ ပြန်လည်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။
ရဟန်းတို့ ကြာမြင့်စွာ ဆိတ်ငြိမ်ရာသို့ ညွတ်ပြီးသော ဆိတ်ငြိမ်ရာသို့ ကိုင်းပြီးသော ဆိတ်ငြိမ်ရာသို့ ရှိုင်းပြီးသော စိတ်မျိုးသည် လူအဖြစ်သို့ ပြန်လည်လိမ့်မည်ဟူသော ဤအကြောင်းမျိုး မရှိနိုင်သောကြောင့်တည်း။
၇ - ဒုက္ခဓမ္မသုတ် -မှ- အာသီဝိသ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်။
0 comments:
Post a Comment