၁၀.၈.၂၀၁၁ ဗုဒ္ဓဟူးနေ့ မမေရတနာအောင် (စင်ကာပူ) မွေးနေ့အလှူ
အရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်း၊
နေ့ဆွမ်းလောင်းလှူခြင်းနှင့် သီလရှင်အပါး(၁၀၀) အရုဏ်ဆွမ်းကပ်လှူခြင်း
အလှူရှင် မမေရတနာအောင် (စင်ကာပူ) မှ မွေးနေ့အလှူပွဲဖြစ်ပါသည်။
သံဃာတော်များအားအရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့ပြီး
ဆွမ်း
ကြက်သားဟင်း
ပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော်ဟင်းတို့ဖြင့် လောင်းလှူပေးခဲ့ပါသည်။
သံဃာတော်များဆွမ်းလောင်းလှူပြီးချိန်တွင် သီလရှင်များအား မုန့်ဟင်းခါးဆွမ်းကပ်လှူပေးခဲ့ပါသည်။
လှူရတာကိုပျော်သူများသည် ဘ၀ဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်ပို၍ နီးလာသည်။
အကြောင်းကား လှူခြင်းသည် စွဲလန်းသော လောဘကို သတ်ခြင်း တစ်မျိုးဖြစ်၍
နိဗ္ဗာန်ဟူသည်။ ထိုလောဘကုန်သောနေရာကို ဆိုလိုသောကြောင့်ပင်တည်း။
အလှူရှင်သည် ယနေ့လှူသော အလှူငွေပေါ်၌ စွဲလမ်းတက်မက်နေပါက
ထိုငွေကိုလှူဖြစ်မည်မဟုတ်။ ထိုအလှူငွေ ပေါ်၌ တက်မက်သော လောဘကို
အလုပ်ဖြင့် လက်တွေ့ပယ်သတ်လိုက်သောကြောင့် ယနေ့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတွင်
ယနေ့ မမေရတနာအောင်၏ အလှူဆိုသောမှတ်တမ်းရှိနေရခြင်းဖြစ်သည်။
မေတ္တာရှင် (ရွှေပြည်သာ)


















အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
0 comments:
Post a Comment