* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 22, 2011

ရိက္ခာမကောင်းရင် ဖြင့်

ဗုဒ္ဓလက်ထက်တော်အခါက သေနိယ အမည်ရှိသောသူသည် လူသားစင်စစ်ဖြစ်ပါလျက် ခွေးတစ်ကောင်ကဲ့သို့ ကျင့်သုံးတယ်။ ကိုယ်ခန္ဒာမှာ အ၀တ်မ၀တ်ခြင်း မြေမှာပစ်ကြဲထားသော အစားအစာများကိုသာစားလေ့ရှိခြင်း၊ လူအများကခေါ်လျင် ခွေးတစ်ကောင်ကဲ့သို့ လိုက်ခြင်း၊အူခြင်း၊ ဟောင်ခြင်းတွေပြုလုပ်လေ့ရှိပါတယ်။

လူစိတ်ဖျောက်ပြီးခွေးစိတ်ပေါက်အောင် လေ့ကျင့်နေထိုင်သည့်အပြင် သေနိယ လို့အသံပေး ပြီးလက် ဖြောက်လေး တီပြီးခေါ်လိုက်လျင် အင်..အင် ဟူသော အသံကိုပြုကာ ခုန်ပေါက်ပြေးလွားနေတတ်သည်။ အိပ်သောအခါခွေးတစ်ကောင်ကဲ့သို့ ခွေခေါက်အိပ်တတ်၏။။ မြင့်သောမြတ်သောနေရာတွင်နေထိုင်လေ့မရှိပဲ လှေခါးရင်းတွင်သာနေထိုင်ခြင်းများကို နှစ်ပေါင်းများစွာကျင့်ကြံနေထိုင်ခဲ့ပါတယ်။

ယင်းသို့ နေထိုင်ကျင့်သုံးခြင်းကိုပင် မြတ်သော အကျင့်ဟု ယူဆထားသည်။ လူသားအချို့ကလည်း ထူးကဲစွာကျင့်ကြံသူကိုသာလျင် အရှင်ကောင်းအရှင်မြတ်လို့ သတ်မှတ်ကြသော ခေတ်အခါဖြစ်၍ သေနိယကျင့်သုံးနေသော အကျင့်သည် လူတို့မလုပ်နိုင်သော အကျင့်သာဖြစ်ကြောင်းလက်ခံထားကြပေသည်။
ဒါကြောင့်လည်း ထင်ရှားသူတစ်ယောက်ဖြစ်လာပြီး ခွေးအကျင့်ကို ခုံမင်သည် အပေါင်းအသင်း များပင်ပေါ်ပေါက်လာခဲ့ပါတယ်။


ခွေးအကျင့်ဖြင့်ထင်ရှားသော သေနိယကိုကြည့်ပြီး နွားအကျင့်ကျင့်သူတစ်ယောက်လည်း ပေါ်ပေါက်လာ ပြန်တယ်။ အမည်ကား ပှုဏ္ဍဟု အမည်ရပါတယ်။ ပုဏ္ဍသည်လည်း ဦးချိုမပါသည်မှ တစ်ပါးနွားအကျင့် နွားတစ်ကောင်နဲ့မခြား နေထိုင်လေတယ်။ ခွေးအကျင့် နှင့် နွားအကျင့်ကျင့်သူတို့ ပေါင်းမိကြသောအခါမှာ မိမိတို့ဝါဒကျယ်ပြန်မှုဖြစ်လာစေရန်...ဗုဒ္ဓမြတ်စွာထံ ၀ါဒရေးရာ ဆွေးနွေးမေးမြန်းဖို့ ရောက်ခဲ့ကြတယ်။

ရှင်တော်မြတ်ဘုရား..အ၀တ်မ၀တ်ဘဲ ခွေးအကျင့်ကို ကျင့်နေသည့် သေနိယ၏ လာရာဂတိကား အဘယ်ပါနည်း မြတ်စွာဘုရား..။

မြတ်စွာဘုရားက..ပုဏ္ဍ ဤမေးခွန်းကို မေးရန်မသင့်တော်သဖြင့် မမေးပါနှင့်....မြတ်စွာဘုရားတားမြစ်သော် လည်းမရ ။ ပု ဏ္ဍက သုံးကြိမ်တိုင်တိုင် လျောက်ထားလေသည်။ ဗုဒ္ဓကလည်း သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူလေတယ်။ လေးကြိမ်မြောက်တွင်တော့ ပုဏ္ဍငါဘုရားက မသင့်တော်ဘူးမမေးပါနှင့် ဟုဆိုသော်လည်း မရ။ ယင်းသိုဆိုလျင် ငါဘုရားဖြေကြားအံ့။

ပုဏ္ဍ ..ခွေးကျင့်၊ ခွေးကြံ၊ ခွေးစိတ်၊ခွေးအမူအရာ၊ ခွေးအလေ့အထတို့ကို မပြတ်မလပ် ပွားများအားထုတ်နေသောသူသည် ခန္ဒာကိုယ်ပျက်စီးရာအခါမှနောက်၌ ခွေးတို့၏ အပါင်း အဖော်လည်း ဖြစ်ရာ၏။ ခွေးကျင့်သော အကျင့်ကို လောကကောင်းကျိုး တမလွန်ကောင်းကျိုးအတွက်ဖြစ်၏ဟု အကယ်၍အယူအစွဲရှိငြားအံ ထို အယူအစွဲသည် မှားသော အယူအစွဲသာဖြစ်သည်။ မှားသောအယူအစွဲရှိသူသည် ငရဲ၊ တိရိစ္ဆာန်ဟူသော လားရာ ဂတိနှစ်မျိုးတို့တွင် တစ်မျိုးမျိုးကိုသာရောက်ရာ၏။ သို့ဖြစ်၍ ခွေးအကျင့်ခွေးကြံသည် ခွေးဖြစ်ခြင်းနှင့် ငရဲ ရောက်ခြင်းသာ အဆုံးရှိ၏ ဟုမိန့်ကြားတော်မူလိုက်သောအခါ သေနိယ မျက်ရည်ပေါက်ပေါက်ကျအောင်ငို ကြွေးလေသည်။

သေနိယငိြုေ့ကွးရင်းခဏ၌ပင် ပုဏ္ဍ၏ နွားအကျင့်ကို ဆက်လက်လျောက်ထားပြန်ရာ ပုဏ္ဍလည်း ငိုကြွေးရရှာသည်။

နှစ်ဦးစလုံး ငိုကြွေးပြီးကြသောအခါ ဘုရားရှင်က အချိုသောသူသည် ဆင်းရဲသော နှုတ်ဖြင့် ယုတ်ညံ့သည့်လုပ်ဆောင်ချက် ကာယသင်္ခါရကိုပြောဆို၏။ ဆင်းရဲသော နှုတ်ဖြင့် ယုတ်ညံ့သည့် ၀စီသင်္ခါရကိုပြောဆို၏။ ဆင်းရဲသော စိတ်ဖြင့် ယုတ်ညံ့သော အတွေးအခေါ် မနောသင်္ခါရကို ကြံစည် တွေးတော၏။ ထိုသူ၏ ကိုယ်နှုတ် စိတ်တို့ကြောင့် ဆင်းရဲသော လောကသို့ရောက်ရ၏။ ဆင်းရဲသော အတွေ့အထိ၊ ဆင်းရဲသည့် ဝေဒနာကို ခံစားရမည်ဖြစ်၏ဟု ဟော်တော်မူလိုက်သောအခါ နှစ်ဦးစလုံး အကျွှတ်တရား ရသွားပါတော့တယ်။

လူသားတို့သည် ကံသုံးပါးကို နေ့စဉ်ပြုလုပ်ကြပါတယ်။ထိုပြုလုပ်သော ကံတရားတို့ဟာလည်း မိမိတို့ပြန်လည်းအသုံးချရမည့် အမွေပစ္စည်းများဖြစ်ကြတယ်ဆိုတာ ယခု ကက္ကုရ၀တီသုတ်တော် က သက်သေပြသွားပါတယ်။ ခရီးအဝေးသွားလိုသူတို့ဟာ မကောင်းသည့် ရိက္ခာများကို သယ်ဆောင်သွားကြလျင် အသုံးချသော အခါ မျက်နှာငယ်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် အကျင့်ကောင်း (ရိက္ခာကောင်း)များကို စုဆောင်း ပြီး သံသရာခရီးကို သွားကြရန်လိုပါတယ်။


ညခင်း

တရားအစစ် အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP