* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, August 10, 2011

နိုင်ငံခြားသာသနာပြု ခေါင်းဆောင်ဆရာတော်များကို ဖူးတွေ့ရခြင်း


အမှတ်စဉ်(၁၁)

သီတဂူဆရာတော်ကြီး ဘုံဘေသို့ ကြွရောက်လာမည်ဟု စာရေးသူကို မိတ်ဆွေ အရှင်စန္ဒာသိ ရီကပြောလာပါသည်။ စာရေးသူသည် သီတဂူဆရာတော်ကြွလာမည်ကို တစ်ခြားထံမှ ကြားခဲ့စဉ်က သိပ်တော့မယုံကြည်လှပေ၊ ကြွစရာအကြောင်း အထူးမရှိသည့်ပြင်ကြွလေ့ ထုံးစံလည်း မရှိသောကြောင့် ဖြစ်ပါသည်။ သို့သော် ယခုကဲ့သို့ သီတဂူ အရှင်စန္ဒာသီရိထံမှ ကြားရသော အခါမှသာလျှင် အတည်ဖြစ် သွားခဲ့ပါသည်။ သီတဂူ ဆရာတော်သည်နယူးဒေလီမြို့တွင်ကျောင်းသစ် တည်ထောင်ရန် ကိစ္စနှင့် ကြွလာ ခိုက်ဘုံဘေဖက်သို့ကျောင်းသူ တစ်ဦးကိုကျောင်အပ်ပေးရန် ကိစ္စကြောင့် ကြွလာခြင်းဖြစ်ပေသည်။ ထိုကျောင်းသူသည် အရပ်သူ အမျိုးသမီးတစ်ဦး မဟုတ်သည့်ပြင်လောကီပညာရေးတက္ကသိုလ်မှလည်း မဟုတ်ပါ။ ဆရာတော်အတွက် တည်းခိုရန် စာရေးသူတို့ ဘုံဘေတက္ကသိုလ် ကလီနာ ကျောင်းဝိုင်းအနီးရှိ ဟိုတယ်တစ်ခုတွင် ထိုကျောင်းသူ အတွက်ပါ စီစဉ်ပေးခဲ့ရပါသည်။ ဦးဝေဠုရိယနှင့် ဦးစန္ဒာသီရီတို့က စီစဉ်ပေးခဲ့သော်လည်း ဆရာတော်ကနှစ်သက်ခြင်း မရှိဟုပြောပါသည်။ ထိုဟိုတယ်သို့ စာရေးသူ တို့နေ့စဉ်ရောက်ကြပါသည်။နောက်တစ်နေ့တွင် စာရေးသူနေရာ စောမိုင်ယကောလိပ်သို့ ကျောင်းသူ နှင့် ဆရာတော်တို့ကို ဦးခင်မောင်ဝင်း (အိန္ဒိယသား) တို့က ပို့ဆောင်ပေးပါသည်။ ထိုသူသည် ဆရာတော် တည်းခိုခန်းတည်းသည်ကို ကြိုက်သူမဟုတ်ပေ။ သို့သော် သူ့အိမ်သို့ ဆရာတော်၊ စာရေးသူနှင့် ဦးဝေဠုရိ ယဥာဏနှင့် ဦးစန္ဒာသီရိတို့ အတူတူ ဆွမ်းဘုဉ်းပေးခဲ့ဘူးသည်။ ချမ်းသာသော မိသားစုများဖြစ်ကြပြီး ဘုံဘေရှိ ချမ်းသာသော ရပ်ကွက်တွင် နေထိုင်ကြပါသည်။ ထိုရပ် ကွက်တွင် ဘောလီဝုဒ် ရုပ်ရှင်မင်းသား၊ မင်းသမီးများနေထိုင်ကြပါသည်။ ထိုသူက လိုက်ပို့ပါသည်။ သူတို့က ဇိမ်ခံပစ္စည်းများ သုံးနေ ကြသော် လည်း သီတဂူဆရာတော်ဟိုတယ်တွင် တည်းခိုသည့် ကိစ္စကိုမူ သဘောမတွေ့ ဟန်ရှိလေသည်။ လူဦးရေ တစ်ဆယ့်ခြောက်သန်းနေထိုင်သော ဘုံဘေတွင် တည်းခိုစရာနေရာမြန်မာ ဘုန်းတော်ကြီးကျောင်း မ ရှိပေ။ ဆရာတော်ကသူသည် အလွန်ပင်ပန်းလှပါသည် ဟိုတယ်ကောင်းကောင်းသို့ပြောင်းပေးပါဟုဆို သဖြင့် (queen necklace) အနီးက မရီနာဟိုတယ်သို့ပြောင်းပြီးဦးဝေဠုရိယဥာဏကပင် ငှါးပေး ခဲ့ရပါသည်။ဈေးနုန်း အတိအကျကို မမှတ်မိသော်လည်းဈေးကြီးလှသည့် ဟိုတယ်ဖြစ်သည်ကိုတော့ အမှတ်ရနေပါသည်။ ယခင်တည်းခိုသည့်နေရာနှင့်မူ မိုင်နှစ်ဆယ်နီးပါးဝေးလှပါသည်။ ထိုဟိုတယ်သို့ ၀င်သောအခါ ခန္ဓာကိုယ်ကြီးမားပြီး ဓားရှည်ကြီးကို ကိုင်ဆောင်ထားသော ပန်ချာပီခေါင်းပေါင်းနှင့် ကုလားကြီးက ဦးညွတ် အလေးပြုသောအခါ ဆရာတော်ကြီးက ကြည့်ကွ ငါ့ကိုအလေးပြုနေတာဟု မိန့်ခဲ့ပါသည်။ အမှန်မှာမူ ဟိုတယ်တည်း ခိုသူတိုင်းကို အလေးပြုခြင်းပင် ဖြစ်ပါသည်။

စောမိုင်ယကောလိပ်သို့ ရောက်လာသောအခါ စာရေးသူက ကြိုဆိုခဲ့ရပါသည်။ ထိုအခါ ရုံးခန်းရှိရာသို့ သွားရာလမ်းတွင် ကြမ်းခင်းပြင်ဆင်နေခိုက်နှင့် ကြုံသဖြင့် တစ်ခြားနေရာမှ ပင့်ဆောင်ခဲ့ပါသည်။ ဘယ်ဘက်၊ ညာဘက် လမ်းလွှဲနှစ်ခုရှိပါသည်။ ဗုဒ္ဓဘာသာလေ့လာရာ ဋ္ဌာနရှေ့မှဖြတ်လျောက်ရမည်ဖြစ် သဖြင့် စာရေးသူ တို့အားလုံးကဖြတ်ပြီး မသွားစေချင်ခဲ့ပါ။ ဆရာတော်သည် ထိုဋ္ဌာနကိုမြင်ပါ ကမေးမြန်းသော်ကျောင်းအပ်ခြင်း ကိစ္စအတွက် အနှောက်အ ယှက်ဖြစ်မည်မှာသေချာ ပါသည်။ပြဿ နာမှာခေါင်းဆောင် ဋ္ဌာနမှူးများသည် အချင်ချင်း ပြိုင်ဆိုင်နေကြသဖြင့် ဆရာတော်အနေနှင့် ဗုဒ္ဓဘာ သာနှင့်ဆိုင်ရာ ဆိုင်းဘုတ်ကိုမြင်သောအခါ ဗုဒ္ဓဘာသာဋ္ဌာနသို့ လည်ပတ်ခဲ့သော် ယခုကျောင်းသူကို အပ်မည့် ဋ္ဌာနမှူးသည် နှစ်သက်မည် မဟုတ်ပေ။ သက္ကတဋ္ဌာနတွင် ကျောင်းသူကို ကျောင်းအပ်ရပေမည်။ ထိုစဉ်ကစာရေးသူတို့ အများစုသည် ဗုဒ္ဓဘာ သာဋ္ဌာနနှင့် မဆက်စပ်မိခဲ့ချေ။ ထိုအချိန် မှနောက် သုံးနှစ်ပိုင်းရောက်သောအခါတွင် ဗုဒ္ဓဘာသာဋ္ဌာနတွင်လည်းမြန်မာဘုန်းတော်ကြီးများ ဆက် သွယ်လာခဲ့ ကြပါသည်။ သို့အတွက် ထိုစဉ်က ဆရာတော်ကိုအောက်ထပ်ပြန် ကြွခိုင်းပြီး ကြမ်းခင်းပြင်ဆင်နေသည့် လမ်းအတိုင်း ကြွရန်လျောက်ထားသော် ဘာထူးလဲကွဟုအော်ငေါက် ပါတော့သည်။ ကျန်သောသူများက အကြောက်လွန်ကြသဖြင့် မဆိုင်သလိုနေကြရာ စာရေးသူကိုပင် မဲလေတော့သည်။ စာရေးသူလည်းစေ တနာနှင့် ကူညီသည်ကိုဒေါသနှင့်တုန်ပြန်သော ဆရာတော်ကြီး၏ အမူအယာအပေါ် စိတ်ထွင်းမှမေးခွန်း များစွာ ထုတ်မိခဲ့ပြီး စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါသည်။ ဆရာတော်ကြီး၏ဒေါသသည် အရှိန်မပြေသေးပေ။ ဆရာတော်ကြီးသည် သီတဂူမှ ယူလာခဲ့သော ပိဋကတ်စာအုပ် များ၊ပြက္ခဒိန်များကိုသက္ကတ ဋ္ဌာနအကြီး အကဲဆရာမကြီးဒေါက်တာကလာအာကျရယအား လက်ဆောင်ပေးလျက် ဓာတ်ပုံရိုက်ခံပါသည်။ ဒစ်ဂျစ်တယ် ကင်မရာဖြစ်သဖြင့် မကြွမ်းကျင်သော စာရေးသူအားတောသားပဲ မလုပ်နဲ့ကွာဟု စိတ်ဆိုး၊ မာန်ဆိုးနှင့်ပြောပြီး ဓာတ်ပုံရိုက်ခွင့်ကို ရုပ်သိမ်းခဲ့ပါသည်။ စာရေးသူ၏ စိတ်ထားမရင့်ကျက်ဟု ဆိုရပါ မည်။ ထိုအချိန်က ဆရာတော်ကြီးအပေါ် အမြင်မကြည်လင်ဘဲ ရှိခဲ့ပါသည်။ မှားယွင်းခဲ့သည်ကို ခွင့်လွှတ်တော်မူပါ ရန် ဤနေရာမှလျောက်ထားအပ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာစေတနာထားပြီး သင်ပေးပါက သိပ်ပြီးခက်ခဲသည်ဟု မဟုတ်ဟု ထိုစဉ်ကတွေးမိခဲ့ပါသည်။ စာရေးသူသည် သူတို့၏ အကျိုးအတွက် အိမ်ရှင်ဝတ္တရားပြည့်စုံအောင်ဆောင်ရွက်ပေးခဲ့ခြင်းသာဖြစ်ပါသည်။ စိတ်တွင် မကြည် လှသော်လည်း ထိုကျောင်းသူအတွက်ကိုမူ အစမ်းတင်စာတမ်း ပြီးစီးသည်အထိ တတ်နိုင်သမျှဆောင် ရွက်ပေးခဲ့ပါသည်။ ထိုအစမ်းတင် စာတမ်းကို အချိန်မီ မပြီးစီးပါက ပါရဂူဘွဲ့အတွက် ကျောင်းသားဖြစ်ခွင့် မရနိုင်ပါ။ ဒစ်ဂျစ်တယ် ကင်မရာကိုလည်း ရိုက်တတ်နေပါပြီ သို့သော် ဓာတ်ပုံကောင်းမထွက်မှာ စိုးရိမ်စိတ်ရှိနေခဲ့ပြီး ပုံကောင်းစေလိုသောစေတနာကြောင့် ကင်မရာကိုရိုက်နေခဲ့သည်ကို စိတ်တိုလက်စ ရှိနေသော ဆရာတော်က အချိန်ကြာနေသဖြင့် အမြင်တစ်မျိုးပြောင်းသွားခဲ့ခြင်းဖြစ်ပါသည်။ အများ ၏ရှေ့တွင်ပြောဆိုခြင်းကိုခံရသဖြင့် ထိုအကြိမ်နှင့် အချိန်က ဆရာတော်ကို အမြင်မကြည်စွာဖြင့် ဖူးတွေ့ခဲ့ ခြင်းဖြစ်ပါသည်။ ဆရာတော် တည်းခိုသည့် ဟိုတယ်ရောက်သော အခါတွင်မူနေ့ခင်းက အဖြစ်အပျက် များကိုမေ့ပျောက်ပြီးကောင်းကောင်း မွန်မွန်ပင် သာသနာရေး အကြောင်းများကို မိန့်ကြားခဲ့ပါသည်။ ထို့နောက်နောက်တစ်နေ့တွင်လေယဉ်ဖြင့် နယူးဒေလီသို့ ဆက်ကြွခဲ့ပါသည်။ ဆရာတော် ကိုလေဆိပ်ပို့ မည့် စာရေးသူတို့သည် သုံးဘီးဖြင့် သွားခဲ့ရာ အချိန်နောက်ကျနေခဲ့ပါပြီ။ ဆရာတော်ကပြန်ပြီး စာရေးသူ တို့ကိုစောင့်ကြိုနေခဲ့ရပါသည်။ အားနာလိုက် သည်မှာတော့ မျက်နှာဘယ်နေရာမှာ ထားရမှန်းပင် မသိတော့ပါ။ ဆရာတော်ကို ဦးခင်မောင်ဝင်းကပင် ကိုယ်ပိုင် ကားဖြင့်လေဆိပ်သို့ လိုက်ပို့ခဲ့သဖြင့် အချိန်မှန် ရောက်ခဲ့ပါသည်။ ဆရာတော်က ၀ီရီယရှိရမည်ဖြစ်ကြောင်း မိန့်သည့်ပြင် စိတ်မဆိုးဘဲ သူသည် အိန္ဒိယနိုင်ငံတွင်လေယာဉ်စီးဖူးခဲ့သည့် အတွေ့အကြုံဆိုး ရှိခဲ့သဖြင့် ယခုကဲ့သို့ ခရီးသွားရာ တွင်စောစောစီးစီး ကြိုရောက်ခြင်းဖြစ်ကြောင်းမိန့်ပါသည်။ မနေ့ကဒေါသပေါက်ကွဲခဲ့သဖြင့် ဒီနေ့ လည်းပေါက် ကွဲမည်ဟု (စာရေးသူတို့ကနောက်ကျနေသဖြင့်) ယူဆနေခဲ့ရာ အထင်နှင့် အမြင် လွဲခဲ့ပါ သည်။ ဆရာတော်သည် စာရေးသူတို့ကို အိုးမဲ့အိမ်မဲ့များဟု မကြာခဏ မိန့်လေ့ရှိပါသည်။ ဆရာတော် သည်ပင် ၁၉၈၆ ခုနှစ်များဆီက အစ ဦးစွာ လန်ဒန်မြို့ရောက်သည့်ကာလတွင် တည်းခိုသည့်မြန် မာကျောင်း၌ (၇)ရက် ထက်ပိုပြီး မနေရ ဟူသော စည်းကမ်းကြောင့်ကျောင်းတစ်ကျောင်း တွင် တည်းခိုခဲ့စဉ်နှင်ထုတ်ခံရဖူးကြောင်း ဆရာတော်၏ဒကာ လန်ဒန် ဘီဘီစီဦးနေ၀င်းရေးထားသော ဘ၀မှတ်တမ်း ဒုတိယတွဲ စာအုပ်တွင် ဖတ်ရပါသည်။ ထိုသို့နှင်ထုတ်ခံခဲ့ရသဖြင့် ဆရာတော်သည် အင်္ဂလန်ရှိတောရွာလေးတွင် သီတင်းသုံးခဲ့ရပါသည်။ ထိုကျောင်းတွင်နောက်ပိုင်း ကာလ၌ ဒကာများစိတ် ၀မ်းကွဲခဲ့ကြပါသည်။ ထို့နောက် ဆရာတော်သည် အမေရိကသို့ဆက်ပြီး ကြွသွားခဲ့ရပါသည်။ အနောက်နိုင် ငံများ၌ မြန်မာဘုန်းတော်ကြီးကျောင်းများဖြစ်ပေါ်လာသည့် ကာလမှာ ဆယ်စုနှစ်နှစ်ခုကျော်ရုံမျှသာ ရှိပေမည်။ အိန္ဒိယတွင်ကား မြန်မာဘုန်းတော်ကြီး ကျောင်းများ၏ ဖြစ်တည်မှု သက်တမ်းသည် နှစ်ပေါင်း တစ်ရာကျော်လေပြီ။ အမေရိကတွင် ၂၀၀၇ခုနှစ်အတွင်းက မြန်မာကျောင်း (၆၀) ကျော်ရှိပြီး သံဃာတော် (၁၁၁) ပါးသီတင်းသုံးသည်ဟု မှတ်တမ်းအရ သိရပါသည်။ များသောအားဖြင့် ကျောင်းသက်တမ်းနုကြပြီး အမေရိကရှိ ပြည်နယ် အနှံ့တွင် ဖြစ်ပါသည်။

ဒုတိယအကြိမ်တွင်လည်း ဘုံဘေသို့ ကြွလာခဲ့ပါသည်။ဤတစ်ကြိမ်တွင်သီတဂူစာသင်သားများစွာနှင့့် ဖြစ်ပါသည်။ စာသင်သား တစ်ဆယ့်ငါးပါးခန့်မျှ ဖြစ်ပါသည်။ ဤတစ်ကြိမ် ဘုံဘေသို့ ကြွလာခြင်းမှာ တပည့်ရဟန်းတော်များကို အိန္ဒိယအနှံ့ပို့ဆောင်သည့် ခရီးစဉ် တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ ထိုတပည့် များတွင်စာရေးသူ၏ မိတ်ဆွေအချို့လည်း ပါလာခဲ့ပါသည်။ ယခင်ဆရာတော်တည်း ခိုခဲ့သောဈေး ကြီးသော ဟိုတည်တွင်ပင် တည်းခိုခဲ့ပါသည်၊ စာရေးသူတို့ ဘုံဘေစာသင်သား အဖွဲ့ကိုလည်း ထိုဟိုတယ် တွင် တည်းခိုရန် ဆရာတော်က တိုက်တွန်းခဲ့ပါသည်။ အဓိပ္ပါယ်မှာ အတွေ့အကြုံ ရစေရန် ရည်ရွယ်ပါ သည်။ အမြဲနေများဖြစ်သည့်အတွက် ဟိုတယ်မှတည်းခိုရန် လက်မခံသဖြင့် ထိုအခွင့်အရေးကို လက်လွတ် ခဲ့ရပါသည်။ ဆရာတော်နှင့် သီတဂူ တပည့်များသည်နွေရာသီတွင် ကြွလာခဲ့သဖြင့်တော်တော်ပင်ပန်း ကြပါသည်။ ဆရာတော်က တပည့်များကို ဒေသန္တရဗဟုဿုတ ရရှိစေရေးအတွက် ပို့ဆောင်ခဲ့သော်လည်း ခရီးကပူလွန်းသဖြင့် ထင်တိုင်း မပေါက်ခဲ့ပေ။ ထိုဟိုတယ်တွင် တပည့်များက ဆရာတော်ကို သရက် သီးနှင့် နာနတ်သီးများကို ဒီဇိုင်းပုံဖေါ်ပြီးပြုစုခဲ့ကြပါသည်။ ထိုစဉ်က စာရေးသူ၏ မိတ်ဆွေ အရှင်ဣန္ဒက သည် မလေးရှားသို့ အလည်သွားနေချိန်ဖြစ်သဖြင့် ဘုံဘေတွင်မြန်မာရဟန်းတော် သုံးပါးသာ ရှိခဲ့ပါသည်။ ဒုတိယအကြိမ် ဆရာတော်နှင့် တပည့်အဖွဲ့ ဘုံဘေသို့ ကြွလာသောအခါတွင်မူ ပထမအကြိမ်နှင့် မတူဘဲ စိတ်ချမ်းသာမှုချည်းသာ ရရှိခဲ့ပါသည်။ ဆရာတော်သည် တပည့်များ၏ပြုစုမှုကို စိတ်ရှည်ရှည်ဖြင့် ခံယူပြီးဒေသန္တရ ဗဟုဿုတကိုလေ့လာ မှတ်သားကြရန် မိန့်ပါသည်။ သို့သော် တပည့်အများစုက ဆရာေ တ်ာဖြစ်စေချင်သကဲ့သို့ဖြစ်ရန် အခြေအနေ မပေးခဲ့ပါ။ ရာသီဥတုက ပူပြင်းလှသောကြောင့် ဖြစ်ပါသည်။

တတိယအကြိမ်တွင်မူ ဗုဒ္ဓဂယာဒေသတွင် ဆရာတော်ကို ဖူးတွေ့ရပါသည်။၂၀၀၄ခုနှစ်၊အောက်တို ဘာ လဟု ထင်ပါသည်။ ထိုအချိန်က စာရေးသူသည် ဗုဒ္ဓဂယာဘက်သို့ မြန်မာကျောင်းသားများကို အင်္ဂလိပ်စာ မွမ်းမံသင်ကြားပေးရန် ကိစ္စဖြင့် တစ်လတာရောက်နေခိုက်ဖြစ်ပါသည်။ ထိုအချိန်ကမြန်မာနိုင်ငံ တွင်ခေါင်းဆောင်ပိုင်း အပြောင်အလဲဖြစ်ပြီးကာစအချိန်နှင့် တိုက်ဆိုင်နေပါသည်။ ဆရာတော် ထွက်ပြေး လာသည်ဟုပင် တီးတိုးပြောဆိုနေခဲ့ကြပါသည်။ အမှန်မှာ ဘုရားဖူးခြင်းနှင့် သံဃာတော်များအား ပညာ သင်စရိတ်ထောက်ပံ့ပေးရန်အတွက်ကြွလာခဲ့ပါသည်။ ထိုစဉ်က အိန္ဒိယတွင်မြန်မာနိုင်ငံမှ စာသင်သား သံဃာဦးရေ စုစု ပေါင်းနှစ်ရာကျော်ကျော် ရှိခဲ့ပါသည်။ ထိုရဟန်းတော်များအားလုံးကို ဒေါ်လာတစ်ရာစီ လှူဒါန်းခဲ့ပါသည်။ ယနေ့အထိ လှူဒါန်းနေသေးသည်ဟု သတင်းရပါသည်။ ထိုစဉ်က ဗာရာဏသီတက္က သိုလ် တက်နေသော သီတဂူအရှင်ဣန္ဒကသည် ဆရာတော်၏ ပစ္ဆာသမဏ ဖြစ်ခဲ့ပါသည်။ စာရေးသူနှင့် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သံတော်ဆင့်ကျောင်းတွင်လေးနှစ်ခန့် စာအတူတူ သင်ဖက်ဖြစ်ပါသည်။ ယခုမူ သီတဂူဒေါက်တာအရှင်ဣန္ဒက အမည်ဖြင့် ဓမ္မကတိက တစ်ပါးဖြစ်နေပါပြီ။မြန်မာနိုင်ငံတွင် အရှင်ဣန္ဒက ဘွဲ့တူ ရဟန်းတော်များများပြားလှပေသည်။ ညပိုင်းတွင် သံဃာတော်(၆) ပါးခန့် ဆရာတော်ကြီး ကိုခြေဆုပ်လက်နယ်ပြုခဲ့ကြရာတွင် ဆရာတော်ကမြန်မာပြည်နီုင်ငံရေးအကြောင်း ကိုပြောပြ ရာတွင်ခေါင်းဆောင်များကို လူမိုက်တွေကွဟု သုံးသပ်ပြခဲ့ပါသည်။ ထို့နောက် ဆရာတော်က သီတဂူတ ပည့်များတွင် ဘယ်သူတော်သလဲဟုပြုစုကြသူ စာသင်သားများကိုမေးခဲ့ပါသည်။ သီတဂူ အရှင်ဣန္ဒက ကိုတော်ကြောင်း အများစုကလျောက်ထားကြသောအခါတွင် အင်း ဒီကောင်က ဂျစ်ကပ်ကပ်ပါ ကွာဟု မကြိုက်သည့်လေသံဖြင့် မိန့်ပါသည်။ ထိုစဉ်က ဆရာတော်ကြိုက်သော တပည့်များမှာ ငါးပါးခန့် ရှိကြောင်း စာရေးသူက သိနေခဲ့ပါသည်။ ထိုနေ့က ဆရာတော်မှတ်တမ်းတင် ဓာတ်ပုံရိုက်သွားရာတွင် ပစ္ဆာသမဏ ဆိုသော်လည်း အရှင်ဣန္ဒကမှာ တစ်ပါတည်းလိုက်ပါ မသွားခဲ့ပါ။ ဆရာတော်က အရှင်ဣန္ဒကကို အင်္ဂလိပ်စာကောင်းသဖြင့်နိုင်ငံခြားသို့ ပထမဦး ဆုံးပို့ပေးခဲ့ပါသည်။ ဤမှတစ်ပါး တစ်ခြားနေရာများတွင် ထူးထူးခြားခြား ချီးမြောက်ခံရသည်ဟု မကြားမိပါ။ တစ်ခြားတပည့်များ ထက်နောက်ရောက်နေခဲ့သဖြင့် ညည်းတွားသည်ကို နားထောင်ပေးခဲ့ ရဖူးပါသည်။ ဆရာတော်၏ တပည့် များတွင်ရှေးအကျဆုံးဒေါက်တာအရှင်ဣန္ဒကမှာ ယနေ့အထိ အမေရိကသို့ရောက်ခွင့် မကြုံသေးသည်က လည်း သူညည်းတွားသလိုပင်ဖြစ်နိုင်စရာရှိသည်ဟု ယူဆမိပါသည်။ ဆရာတော်၏ တပည့်ဒေါက်တာ ရဟန်းတော် ဆယ်ပါးခန့်ကို ဆရာတော်က အမေရိကသို့ ပို့ပေးပြီးပါပြီ။ ဤနေရာတွင် ဆရာတော်ကို ပုံမှန် ဆက်ဆံသူများနေရာ မရတတ်ကြောင်း ပုံပြင်လေးကို သတိရမိပါသည်။ အမေရိကဗီဇာ ပယ်ချခံရ တာလည်း ဖြစ်နိုင်သည်။

တစ်နေ့တွင် အထက်အညာဒေသဆီသို့ ဆရာတော်နှင့် ကပ္ပိယတစ်ဦး တရားဟောရန် ကြွသွားခဲ့ပြီး အပြန်ခရီးတွင် သင်္ဘောစီးပြီးပြန်လာခဲ့ပါသည်။ တစ်နေရာသို့ရောက်သောအခါတွင် ဆရာတော်က လက်ကိုင်ပုဝါနှစ်စ်ထည်ကို ကပ္ပိယအားရေလျော်ခိုင်းခဲ့ပါသည်။ ကပ္ပိယ၏ပေါ့လျော့မှုကြောင့် သင်္ဘော ထွက်ခွါခါစတွင်ရေလျော်ထားပြီးသော လက်ကိုင်ပုဝါနှစ်ထည်သည်မြစ်တွင်းသို့ ကျသွားခဲ့ပါသည်။ ဆရာတော်က ကပ္ပိယထံမှ လက်ကိုင်ပုဝါများကိုတောင်းလိုက်ခဲ့ပါပြီ။ ထိုအခါ ကပ္ပိယမှာ အဖြေပေးရန် ခက်နေစဉ်အကြံတစ်ခုပေါ်လာခဲ့ပါသည်။ လက်ကိုင်ပုဝါရေထည်းသို့ ကျသွားပြီဟုလျောက်ထားပါက လည်း သက်သာမည်မဟုတ်ပါ။ ထိုအခါ ကပ္ပိယက မှန်လှပါ သင်္ဘော တက်ခါစတွင် ဆရာတော်ပိုင်ဆိုင် သည့် ပစ္စည်းအတိုအစလေးများကို စွန့်ပါဟု တောင်းသော ဒကာမတွေက တပည့်တော် လျော်ထားသည့် လက်ကိုင်ပုဝါနှစ်စ်ထည်စလုံးကို သူ့ထက်ငါ အတင်းလုယူသွားခဲ့ပါသည်ဘုရား၊ရေလျော်ထားတာပါ၊ မလျောက်သေးပါဟုတားခဲ့သော်လည်း မရခဲ့ပါဘုရား။ အတင်းလုယူ သွားခဲ့ကြပါသည်ဘုရားဟု လုပ်ကြံ ပြီးလျောက်ထားခဲ့ပါသည်။ ထိုအခါ ဆရာတော်ကြီးကဟေ ဒီလောက်တောင်ဖြစ်ကုန်ပလားကွ ဟုမှတ် ချက်ပြုခဲ့သည်ဟု အတွင်းစကားကို ကြားမိဖူးပါသည်။ ဆိုလို သည်မှာ ဆရာတော်နှင့် နီးအောင်နေတတ် ရန်လိုသည်သာ မဟုတ်သေး၊ တစ်ခြားအကင်းပါးမှု စသဖြင့် လိုအပ်ချက်တွေ များသည်ဟုသာ မှတ်ရပေ မည်။ ဤသို့ အဖြစ်မှန်ကိုရေးသားရခြင်းမှာ စာတော်ရုံသာမဟုတ်တော်စရာတွေများလှသည်ဟု စာဖတ်သူများအားဝေငှ လိုသောကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အိန္ဒိယနိုင်ငံသို့ အကြိမ်များ စွာကြွဖူးသော ဆရာတော်ကြီးကို စာရေးသူအနေဖြင့် တတိယအကြိမ်မြောက် အိန္ဒိယနိုင် ငံနေရာနှစ်နေ ရာတွင် ဖူးတွေ့ရပြီးပြုစုခွင့်လည်း ရခဲ့သည်ကိုရေးပြခြင်းဖြစ်ပါသည်။ အမေရိကတွင် တစ်ကြိမ်ဖူးတွေ့ရပုံ ကိုလည်း လာမည့်ဆောင်းပါးအမှတ်စဉ် (၁၂) တွင် ဖေါ်ပြပါဦးမည်။ ဆက်ရန်

ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP