ရွှေစေတီဘုန်းကြီးကျောင်းရှိ ကျောင်းသားများနှင့် ကျောင်းအခြေအနေမှတ်တမ်း
ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ ပညာရေးထောက်ပံ့အလှူတော်အား လှူဒါန်းပေးလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခ/၃ ရပ်ကွက်၊ ရွှေစေတီ ဘုန်းကြီးကျောင်းရှိ ကလေးငယ်များဓာတ်ပုံနှင့် ဆရာတော်ကြီး ရေးသားပေးလိုက်တဲ့ ကျောင်းလက်ရှိဆောင်ရွက်နေမှုအခြေအနေအား ဖော်ပြလိုက်ပါသည်။ ပညာရေးထောက်ပံ့အလှူတော်အား လှူဒါန်းသော အလှူရှင်များ၊ အသင်းသားများအားလုံးနှင့် ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ ဆရာတော်ကြီး ရေးသားပေးလိုက်သော စာနှင့် ဓာတ်ပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
“ ဆရာတော်တို့၏ ရွှေစေတီကျောင်းတိုက်သည် မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် အနီး၌ တည်ရှိပါသည်။ ဆရာတော်၏ ရွှေစေတီ ကျောင်းတိုက်တွင် တိုင်းရင်းသား သာမဏေငယ်များနှင့် တိုင်းရင်းသား ကျောင်းသားငယ်များအား ကျွေးမွေး စောင့်ရှောက်၍ ပညာသင်ကြား ပေးလျက်ရှိပါသည်။ လောကုတ္တရာ စာပေ သင်ကြားနေသည့် သာမဏေ (၂၁) ပါးရှိပြီး လောကီအတန်း ကျောင်းပညာ သင်ကြားလျက် ရှိသော ကျောင်းသား (၅၉) ဦးရှိပါသည်။
ဤကဲ့သို့ တိုင်းရင်းသား ကျောင်းသားငယ်များအား ကျွေးမွေး စောင့်ရှောက်၍ ပညာသင်ကြားပေးသည့် (ပရဟိတ) လုပ်ငန်းအား ဆရာတော်မှ (၁၉၉၂) နှစ်မှစ၍ ယနေ့တိုင်အောင် မိမိအနေဖြင့် တတ်စွမ်းနိုင်သမျှ ဆောင်ရွက်လျက်ရှိပါသည်။ ဆရာတော်ကျောင်းမှ ပြုစုပျိုးထောင်ပေးခဲ့၍ အခြေခံပညာ အထက်တန်း အောင်မြင်သွားခဲ့သည် ကျောင်းသားပေါင်း(၁၇) ဦးရှိပြီးဖြစ်ပါသည်။
ဆရာတော်၏ ကျောင်းရှိ သာမဏေများ ကျောင်းသားများသည် နေ့စဉ် နံနက်(၄:၀၀) နာရီတွင် အိပ်ယာမှထကြရပါသည်။ နံနက် (၄:၄၅) နာရီမှ (၅:၃၀) နာရီထိ စာကျက်ကြရပါသည်။ နံနက် (၆:၀၀) နာရီတွင် အာရုဏ်ဆွမ်း၊ မနက်စာ စားကြရပါသည်။ ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများသည် နံနက် (၇:၀၀) နာရီမှ (၈:၀၀) နာရီအထိ၊ စာကျက်၊ စာသင်ပြုကြ ရပါသည်။ ၄င်းနောက် ကျောင်းမသွားမှီ မိနစ် (၃၀) ခန့် တရားထိုင် ကြရပါသည်။ ၄င်းနောက် နံနက် (၉:၀၀) နာရီမှ ညနေ (၃:၀၀) နာရီထိ သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက် ကျောင်းတတ်ကြရပါသည်။နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများမှ နံနက် (၇:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီထိ သက်ဆိုင်ရာ ကျောင်းများသို့ ကျောင်းသွားတက် ကြရပါသည်။ နေ့လည် (၂:၀၀) နာရီ မှစ၍ နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများအား ဆရာ (၅)ဦးမှ ဘာသာရပ်အလိုက် ည (၉:၀၀) နာရီအထိ ကျူရှင် သင်ကြားပို့ချ ပေးပါသည်။
ယ္ခုလက်ရှိ ဆရာတော်၏ ရွှေစေတီ ကျောင်းတိုက်၌
သံဃာတော် (၇)ပါး။
ဥပဒေ နောက်ဆုံးနှစ် ကျောင်းသား (၁)ဦး။
ပထမနှစ် မြန်မာစာ ကျောင်းသား (၁)ဦး။
(၁၀)တန်း ကျောင်းသား (၆)ဦး။
(၉)တန်း ကျောင်းသား (၇)ဦး။
(၈)တန်း ကျောင်းသား (၁၁)ဦး။
(၇)တန်း ကျောင်းသား (၁၃)ဦး။
(၆)တန်း ကျောင်းသား (၁၁)ဦး။
(၅)တန်း ကျောင်းသား (၁၂)ဦး။
(၂)တန်း ကျောင်းသား (၁)ဦး။
၂။ မောင်နန္ဒ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်။
၃။ မောင်သိန်းဝင်းအောင် ၂၀၀၂-၂၀၀၃ ပညာသင်နှစ်။
၎။ မောင်ထွန်းအောင် ၂၀၀၃-၂၀၀၄ ပညာသင်နှစ်။
၅။ မောင်အောင်သိန်း ၂၀၀၄-၂၀၀၅ ပညာသင်နှစ်။
၆။ မောင်ဉာဏ်မိုး ၂၀၀၄-၂၀၀၅ ပညာသင်နှစ်။
၇။ မောင်ကျော်သူ ၂၀၀၄-၂၀၀၅ ပညာသင်နှစ်။
၈။ မောင်တင်ထွဏ် ၂၀၀၅-၂၀၀၆ ပညာသင်နှစ်။
၉။ မောင်ထွန်းဦး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၀။ မောင်ညွှန့်မောင် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၁။ မောင်အောင်မင်း ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၂။ မောင်တင်အောင် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၃။ မောင်စိုးထွန်း ၂၀၀၈-၂၀၀၉ ပညာသင်နှစ်။
၁၄။ မောင်အောင်ဆန်းဦး ၂၀၀၉-၂၀၁၀ ပညာသင်နှစ်။
၁၅။ မောင်ရန်အောင် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်။
၁၆။ မောင်ပန်းရွှေ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်။
0 comments:
Post a Comment