16-11 သစ္စာတရားစီးရီး
16-11 သစ္စာတရားစီးရီး
၂၀၁၁ ဇူလိုင်လ၊ မန္တလေးမြို့ ၊ တောင်စလင်းတိုက်သစ်ကျောင်း (၃) ရက်တရားစခန်းတွင်ဟောကြားသော တရားတော်များ ဖြစ်ပါသည်။
ဒေါင်းလုပ်ရယူရန် -
ဒီကိုနှိပ်ပါ DOWNLOAD
- ဘာတွေ၊ ညာတွေ၊ ဘာဖြစ်၊ ညာဖြစ် ဆိုတဲ့ အကျိုးတရားတွေကို သတိထားနေမှု၊ အဓိကထားနေမှုအစား -
- တစ်ခုခု၊ တစ်ယောက်ယောက်တွေကို အဓိကထားနေမှုအစား
- ဝေဒနာတွေ၊ စိတ်တွေကို အဓိကထားနေမှုအစား
- ဟိုလိုလုပ်မှ ၊ ဒီလိုလုပ်မှ ဆိုတဲ့ နည်းစနစ် တွေကို အဓိကထားနေမှုအစား
- ရောဂါဖြစ်မှု - မဖြစ်မှု ၊ နာမှု - မနာမှု ၊ ဝေဒနာရှိမှု - မရှိမှု တွေကို အဓိကထားနေမှုအစား
- စိတ်ပျံလွင့်မှု၊ မပျံလွင့်မှု တွေကို အဓိကထားနေမှုအစား
- ဆူညံမှု၊ တိတ်ဆိတ်မှု၊ ပူမှု၊ အေးမှု၊ ဆင်းရဲမှု၊ ချမ်းသာမှု၊ တည်ငြိမ်မှု၊ မတည်ငြိမ်မှု တို့ကို အဓိကထားနေမှုအစား
ဒါတွေအပေါ် အတည်မယူဖို့ ၊ မဆုပ်ကိုင်ဖို့ ၊ အဟုတ်မထင်ဖို့ .....
တွေ့ကြုံရုံသက်သက် .... တွေ့ကြုံတတ်စေဖို့ကို ပဲ အဓိကထားကြည့်ပါ။
ရုပ်-စိတ်-ဝေဒနာ ဟူသမျှ တို့သည် လည်းကောင်း ၊
သတ်မှတ်ချက်ဟူသမျှတို့သည်လည်းကောင်း၊
အနိစ္စ တရား ဖြစ်သောကြောင့်
ဒုက္ခတရား ဖြစ်သောကြောင့်
အနတ္တတရား ဖြစ်သောကြောင့် ....
အတည်ယူလို့မရ ၊ ဆုပ်ကိုင်လို့ မရ ၊ အဟုတ်ထင်လို့မရ ။
အတည်ယူလို့မရ ၊ ဆုပ်ကိုင်လို့ မရ ၊ အဟုတ်ထင်လို့မရ ။ ဟူသော အမှန်တရားကို မမေ့ဖို့သာ အဓိကထားပါ။
(ဦးဥတ္တမသာရ- သန်လျင်သဘာဝရိပ်သာ)
0 comments:
Post a Comment