*ဟန်အလုပ်နှင့် အမှန်သရုပ်*
ဟန်မရဘူးလေ၊ ဟန်တရားမှ မဟုတ်တာ..
လောကဓံအဆိုးကလည်းပဲ တကယ်လာတာ..
ကုသိုလ်ကလည်းပဲ တကယ်ရှိမှ တကယ်ကာနိုင်တာ..
ဟန်နဲ့ကာလို့ မရဘူးလေ..။
“ကုသိုလ်ပြုရင် ဟန်မပါကြေး..၊ ဟန်မဆောင်ကြနဲ့..”
ပဋ္ဌာန်းတော့ ရွတ်ပါတယ်၊ ဒါပေမယ့် စေတနာက ဘုရားကို တကယ်ချစ်တာ မပါဘူး၊ အန္တရာယ်ကင်းရေး ဆိုတော့ ကိုယ့်အတွက် အသုံးချတာ ဖြစ်နေပြန်တော့ ဟန်တရား ဖြစ်နေပြန်တယ်။
ဂုဏ်တော်တော့ ပွားပါတယ်၊ အလုပ်ရရေးဆိုပြီးတော့ စိတ်ကညွတ်တော့.. နှလုံးသွင်းတဲ့ အမျိုးအစားက အသုံးချတာ ဖြစ်နေပြန်တော့.. ဟန်တရား ဖြစ်နေပြန်တယ်။
ဘုရား ကတယ်ချစ်တဲ့စိတ်မှ မပါတော့ ဟန်တရားက လောကဓံကို မကာနိုင်ဘူးလေ..။
(ယောဆရာတော်ဘုရား+ပိုင်းလော့ဆရာတော်ဘုရား)
အရင်ကတော့ မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံး လာတာ.. မြန်မာနိုင်ငံကို ကျော်သွားတယ်။ အဲ.. ဒီနှစ်တော့ ၀င်သွားပြီတဲ့.. (နာဂစ်ဝင်အပြီး တရားတစ်ပုဒ်မှာ ယောဆရာတော်ဘုရားက ခုလို ဆုံးမသတဲ့..)
ဟုတ်လိုက်လေ.. ဟန်တရားမှ မဟုတ်တာ..။
************************************************
လေးစားရိုသေစွာဖြင့်
ဖိုးသား
0 comments:
Post a Comment