ဓမ္မရဝေတောရကျောင်းမှာ ကဆုန်လပြည့်နေ့ ဗောဓိပင်စိုက်ပျိုး
ဓမ္မရဝေတောရ ကျောင်းတိုက်မှာ မေလ(၁၇)ရက်နေ့ (ကဆုန်လပြည့်နေ့)က ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ)နှင့် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) တို့က ဗောဓိပင် စိုက်ပျိုးခဲ့ကြပါသည်။ ယခု စိုက်ပျိုးတဲ့ အပင်က ဒုတိယ ဗောဓိပင်ဖြစ်ပြီး ၂၀၀၉-ခုနှစ် ဇွန်လ (၁၈)ရက်နေ့က ပထမတစ်ပင် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါသည်။ ဒါ့ကြောင့် အရှင်ဆန္ဒာဓိကက ဓမ္မရဝေတောရကျောင်းမှာ ဗောဓိညီနောင် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါတယ်။ ဗောဓိပင် စိုက်ပျိုးပေးခဲ့သလို ဓမ္မရဝေကျောင်းအတွင်း အမြင့်(၁၆)ပေ (၁၈)ပေရှိသော သရက်ပင် (၁၀)ပင်ကိုလည်း လှူဒါန်းစိုက်ပျိုးပေးခဲ့ပါသည်။ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့မှာ ဆရာတော်နှစ်ပါး ဗောဓိပင် စိုက်ပျိုးပြီး ကဆုန်ညောင်ရေပါ သွန်းလောင်းခဲ့ ကြပါသည်။
မှတ်တမ်းဓာတ်ပုံများ -
0 comments:
Post a Comment