* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, July 15, 2011

ဆဋ္ဌမအကြိမ်မြောက် ဆေးအလှူတော်

၁။ ဆဋ္ဌမအကြိမ်မြောက်ဆေးအလှူတော်(ဒုတိယအကြိမ်မြောက်အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုအလှူတော်)ကို ရန်ကုန်၊ မင်္ဂလာဒုံ၊ ဆရက(၁/၁၀၀၀)တွင် ဆောင်ရွက်ခဲ့ကြသည်။ လူနာများသည် ၈-၅-၂၀၁၁ ရက်နေ့မနက်တွင် ရောက်ရှိခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်၊ ခ/၃ရပ်ကွက်၊ ရွှေစေတီဘုန်းကြီးကျောင်းတွင် တည်းခိုခဲ့ကြသည်။ ကပ္ပိယဦးစိုးလွင်နှင့် ရပ်မိရပ်ဖမိသားစုများ၊ ကျောင်းရှိ ညအိပ် ကျောင်းသားများက မျက်စိဝေဒနာသည်များအား မနက်၊ နေ့လယ်စာနှင့် ညစာများအတွက် ၈-၅-၂၀၁၁ ရက်နေ့မှ ၂၁-၅-၂၀၁၁ ရက်နေ့အထိ ချက်ပြုတ် ကျွေးမွေးကာ ဝေယျာဝစ္စကုသိုလ်များ အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ဆရာတော်ကြီးကလည်း လူနာများအား အာဟာရဒါန များပြုပေးပြီး ညစဉ်တရားတော်များ ချီးမြှင့်ပေးခဲ့ပါသည်။
၂။ ဆဋ္ဌမအကြိမ်မြောက် အလှူတော် (ဒုတိယအကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ် အလှူတော်)တွင် လာရောက်ကုသကြသည့် မျက်စိဝေဒနာ ရှင် ၁၉ ဦးနှင့်လူနာစောင့် ၃ ဦးတို့၏စာရင်းမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်-

(က) ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ပြည်တော်သာရွာမှ မျက်စိဝေဒနာရှင်များစာရင်း

(၁) ဦးစောထူး ၁၄/မအန(နိုင်) ၀၈၂၅၂၀

(၂) ဦးစိုးညွန့် ၁၄/မအန(နိုင်) ၀၇၁၃၀၁

(၃) ဦးတိုး ၁၄/မအန(နိုင်) ၀၈၂၆၂၂

(၄) ဦးတွတ် ၁၄/မအန(နိုင်) ၁၂၅၈၆၇

(၅) ဒေါ်ခင်ဖြူဝင်း ၁၄/မအန(နိုင်) ၀၂၁၇၆၃

(၆) ဒေါ်မြင့်မြင့်ဝင်း ၁၄/မအန(နိုင်) ၀၀၅၄၁၀

(၇) ဒေါ်ပု ၁၄/မအန(နိုင်) ၂၀၃၅၅၈

(၈) မနီနီဝင်း ၁၄/မအန(နိုင်) ၁၂၇၇၇၁ ( ဦးတိုးသမီး၊ လူနာစောင့်)

( ခ) မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြေးနီရွာမှ မျက်စိဝေဒနာရှင်များစာရင်း

(၁) ဒေါ်ခင်ရင် ၈/ခမန(နိုင်) ၀၅၇၈၁၁ ၇၇ နှစ်

(၂) ဒေါ်သန်းအေး ၈/ခမန(နိုင်) ၀၅၈၆၇၅ ၅၄ နှစ်

(၃) ဒေါ်တင်စိန် ၄၈ နှစ်

(၄) မကောင်းစုကြည် ၈/ခမန(နိုင်) ၁၇၂၁၂၁ ၁၉ နှစ်

(၅) ဦးဝင်းစိန် ၈/ခမန(နိုင်) ၀၇၈၆၁၄ ၆၀ နှစ်

(၆) ဒေါ်သန်းမြင့် ၈/ခမန(နိုင်) ၀၇၈၅၂၁ ၆၂ နှစ်

(၇) ဒေါ်လှကြည် ၇၄ နှစ်

(၈) ဦးမျိုးကြည် ၈/ခမန(နိုင်) ၁၅၂၇၈၁ (အကျိုးတော်ဆောင်-ကြေးနီအဖွဲ့ဦးဆောင်သူ)

(၉) မခိုင် ၈/ခမန(နိုင်) ၁၇၂၃၀၈ (လူနာစောင့်)

( ဂ) မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြို့ပင်ကျေးရွာမှ မျက်စိဝေဒနာရှင်များစာရင်း

(၁) ဒေါ်မြခင်

(၂) ဒေါ်ရွှေစာ

(၃) ဒေါ်မြင့်မြင့်ကြည်

(ဃ) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြိ့နယ်မှ မျက်စိဝေဒနာရှင်များစာရင်း

(၁) ဒေါ်ပုမ

(၂) ဒေါ်ခင်မြမူ

(၃) ဒေါ်ပုမ၏မြေး (ဒေါ်ပုမမြေး၊ လူနာစောင့်)

၃။ မျက်စိဝေဒနာရှင်များသည် ၈-၅-၂၀၁၁ ရက်နေ့မနက်တွင် ရောက်ရှိခဲ့ကြပြီး ၁၉-၈-၂၀၁၁ ရက်နေ့တွင် ဆရက(၁/၁၀၀၀)သို့ မျက်စိ များ အစမ်းသပ်ခံခဲ့ရာ မျက်စိအတွင်း တိမ်များရှိနေ၍ ခွဲစိတ်ရမည့်သူ ၁၁ ဦးနှင့် မျက်မှန်တပ်ရမည့်သူ ၇ ဦး ရှိကြောင်း သိခဲ့ရသည်။ ၁၀-၅-၂၀၁၁ ရက်နေ့ ဆေးရုံကြီးသို့ ခွဲစိတ်ရန်သွားကြသောအခါ ခွဲစိတ်ခန်းတွင် ပိုးတွေ့ရှိခဲ့သောကြောင့် မျက်စိခွဲစိတ်လျှင် မအောင်မြင်မည်စိုးသောကြောင့် ခွဲစိတ်မှုကို ရွှေ့ဆိုင်းခဲ့ရသည်။ ၁၈-၅-၂၀၁၁ ရက်နေ့တွင် လူနာ ၁၁ ဦးတို့ကို ခွဲစိတ်ပေးခဲ့ရာ အားလုံး အောင်မြင်စွာ မျက်စိ အလင်းများရခဲ့ကြသည်။ မျက်စိခွဲလူနာများကို နေကာမျက်မှန် ၁၁ လက်လှူဒါန်းပေးခဲ့ပြီး မျက်မှန်တပ်ရန်လိုသည့်လူနာ ၇ ဦးကို ပါဝါမျက်မှန် များ လှူဒါန်းခဲ့သည်။ အလှူဖြစ်မြောက်ရေးအတွက် လူနာများကို အသွားအပြန်လမ်းစရိတ်ပေးခြင်း၊ ကျောင်းတွင် အာဟာရဒါနကျွေးမွေးခြင်း၊ မျက်စိ များအလင်းရကြသည့်အခါတွင် ဒေသန္တရဗဟုသုတများရရှိရန်အတွက် ရန်ကုန်မြို့တွင်း ဘုရားဖူးလိုက်ပို့ပေးခြင်းများ လှူဒါန်းပေးခဲ့ကြပြီး ရွှေစေတီကျောင်း ဆရာတော်ကြီးထံမှ နေ့စဉ်တရားတော်များ နာကြားကြခြင်း၊ ၂၁-၅-၂၀၁၁ ရက်နေ့တွင် ဆရာတော်ကြီးအား န၀ကမ္မအလှူ တော်ငွေများ စုပေါင်းကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများပါ ဆောင်ရွက်ခဲ့ကြသည်။
၎။ ဆဋ္ဌမအကြိမ်မြောက် ဆေးအလှူတော်(ဒုတိယအကြိမ်မြောက် မျက်စိခွဲစိတ် ကုသခြင်းအလှူတော်)အတွက် အသုံးပြုလှူဒါန်းခဲ့သည့် အသေးစိတ်စာရင်းနှင့် အလှူတော် ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီ လှူဒါန်းခဲ့ကြသည့် အလှူရှင်များစာရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်-

(က) အလှူအတွက် အသုံးပြုလှူဒါန်းခဲ့သည့် အထွေထွေအသုံးစရိတ်နှင့် လှူဖွယ်ပစ္စည်းများစာရင်း

ရက်စွဲ

စဉ်

အကြောင်းအရာ

အလှူငွေ(ကျပ်)

မှတ်ချက်

၇-၅-၂၀၁၁ (စနေနေ့)

၁၀

၁၁

၁၂

၁၃

၁၄

၁၅

၁၆

၁၇

၁၈

တောင်ပျံရှယ်ဆန် ၂ အိတ် (၂ x ၃၀၅၀၀)

ရွှေပဲဆီ ၅ ပိဿာဗူး ၁ ဗူး (၁ x ၂၂၁၀၀)

ကြက်သွန်နီ ၂ ပိဿာ (၂ x ၆၀၀)

ကြက်သွန်ဖြု ၅၀ ကျပ်သား (၀.၅ x ၂၄၀၀)

ဆား ၂ ထုတ် (၂ x ၁၅၀)

နနွင်း

အရောင်တင်

ဂျင်း

ပဲနီခြား ၂ ပြည် (၂ x ၁၅၀၀)

ငါးပိ

ကြက်သား ၂ ပိဿာ (၂ x ၇၇၅၀)

ချဉ်ပေါင်

မျှစ်

ကန်စွန်းရွက်

ဂေါ်ဖီ ၂ ထုပ် (၂ x ၃၀၀)

သရက်ချဉ် ၁ ပိဿာ

မင်္ဂလာဒုံဈေးမှ ကျောင်းအထိကားငှါးခ

ကပ္ပိယ ဦးစိုးလွင်အား နောက်ရက်များတွင် ၀ယ်ချမ်း ချက်ပြုတ်ရန် ဟင်းဖိုးပေး

၆၁၀၀၀

၂၂၁၀၀

၁၂၀၀

၁၂၀၀

၃၀၀

၃၀၀

၅၀၀

၂၀၀

၃၀၀၀

၂၀၀၀

၁၅၅၀၀

၄၀၀

၄၀၀

၂၀၀

၆၀၀

၁၀၀၀

၂၅၀၀

၈၀၀၀၀

၈-၅-၂၀၁၁ (တနင်္ဂနွေနေ့)

အောင်မင်္ဂလာကားကွင်းသို့ လူနာများ အကြို ကားခ

ကြွေပန်းကန် ၂၅ ချပ် (၂၅ x ၄၇၀)

မြန်အောင်အဖွဲ့ ၈ ဦး ရန်ကုန်အလာ ကားခ (၈ x ၅၅၀၀)

ချောက်မြို့နယ်၊ကြေးနီအဖွဲ့ ၉ ဦး ရန်ကုန်အလာ ကားခ

(၉ x ၈၀၀၀)

ချောက်မြို့နယ်၊ ကြို့ပင်ကျေးရွာ ၃ ဦး အလာ ကားခ

(၃ x၈၀၀)

၁၀၀၀၀

၁၁၇၅၀

၄၄၀၀၀

၇၂၀၀၀

၂၄၀၀၀

သပိတ်ကျင်းအဖွဲ့၃ ဦး အတွက် အလာကားခ ကို သပိတ်ကျင်းမှ အရာရှိများက လှူဒါန်း လိုက်ကြသည်။

၉-၆-၂၀၁၁ (တနင်္လာနေ့)

မျက်စိခွဲစိတ်ရမည့်လူနာ၁၁ဦးအတွက် နေကာမျက်မှန်ဖိုး

ဆေးရုံတွင်လူနာများစာရန်ပေါင်မုန့် ၅ ထုတ်

ဆရာဝန်များအားလက်ဆောင်ပေးရန်အတွက်

(ကက) ပန်းသစ်တော်

( ခ ခ ) ပန်းသီး၂၁၁၀ ဂရမ်

( ဂ ဂ ) Sunkist အအေး ၁၀ ဗူး (၁၀ x ၄၈၀)

ဆရာတော်ကြီးအားကပ်နှင့်လူနာများအတွက် အအေး သစ်သီးဖျော်ရည်အဆီ

Ocean Super Center အသွားအပြန် Taxi ငှါးခ

လူနာများအား ဆေးရုံနှင့်ကျောင်း ကြို/ပို့

၃၅၀၀၀

၄၅၀၀

၇၂၉၄

၆၁၆၁

၄၈၀၀

၅၂၈၀

၆၀၀၀

၁၀၀၀၀

Ocean Super Center တွင် ၀ယ်ခဲ့ သည့်စာရင်းများဖြစ်။

၁၀-၅-၂၀၁၁ (အင်္ဂါနေ့)

လူနာများအား ဆေးရုံနှင့်ကျောင်း ကြို/ပို့ ကားခ

၁၀၀၀၀

မျက်စိခွဲစိတ်ရန် ဆေး ရုံသို့လူနာများအား ပို့ခဲ့ သော်လည်း ခွဲစိတ်ခန်း ပိုးတွေ့၍ မခွဲဖြစ်။

၁၁-၅-၂၀၁၁ (ဗုဒ္ဓဟူး)

ဦးစိုးလွင်အား ဟင်းဖိုးပေး

၅၀၀၀၀

၁၂-၅-၂၀၁၁ (ကြာသပတေးနေ့)

မြန်အောင်မှ အကျိုးတော်ဆောင် ဦးစောထူး ရွာတွင် အလှူကိစ္စများရှိ၍ အပြန်ကားခ

မြန်အောင်မှ ဒေါ်ခင်ဖြုဝင်းသည် မျက်စိခွဲစိတ်ရန် အာရုံကြောမလွတ်သောကြောင့် ပြန်ပို့ပေး ကားခ

မြန်အောင်သို့ပြန်သွားကြသည့် ဦးစောထူးနှင့် ဒေါ်ခင်ဖြူ ၀င်းတို့ လမ်းခရီးတွင် စားသုံးရန်အတွက်

သပိတ်ကျင်းမှ ဒေါ်ခင်မြမူ အပြန်လမ်းစရိတ်ပေး

၅၅၀၀

၅၅၀၀

၂၀၀၀

၁၆၀၀၀

၁၄-၅-၂၀၁၁ (စနေ)

ဦးစိုးလွင်အား ဟင်းဖိုးပေး

မျက်မှန်တပ်ရမည့် လူနာ ၇ ဦးအတွက် ပါဝါမျက်မှန် ၇ လက်နှင့် မှန်သုတ်ဝတ်+ဗူး ၇ စုံ (၇၀၀၀တန် ၃လက်+ ၈၀၀၀တန် ၄ လက်)

၄၀၀၀၀

၅၅၀၀၀

၁၈-၅-၂၀၁၁ (ဗုဒ္ဓဟူးနေ့)

လူနာများအား ဆေးရုံနှင့်ကျောင်း ကြို/ပို့ ကားခ

လူနာများအတွက် အပြန် ကြိုတင်လက်မှတ်ဖြတ်ရန်

(ကက) သပိတ်ကျင်းမြေးဖွား၂ဦး မန္တလေးအထိကားခ

( ခ ခ) ချောက်မြို့နယ်၊ ကြေးနီရွာအဖွဲ့ ၉ ဦး

( ဂ ဂ) မြန်အောင်အဖွဲ့ ၇ ဦး

(ဃဃ) ချောက်မြို့နယ်၊ ကြို့ပင်အဖွဲ့ ၃ ဦး

မျက်စိခွဲစိတ်လူနာများနှင့်ဆရာဝန်များအတွက် မုန့်နှင့် အအေး

ခွဲခန်းသုံးလက်အိတ်ဝယ်ပေး

၁၀၀၀၀

၂၁၀၀၀

၇၂၀၀၀

၃၈၅၀၀

၂၄၀၀၀

၁၁၆၀၀

၂၃၀၀၀

-ဦးစောထူး မြန်အောင် မှ ပြန်လည်ရောက်ရှိ လာသည့်အတွက် မြန် အောင်အဖွဲ့ အပြန် လူဦးရေ ၇ ဦးဖြစ်။

- ၁၈.၅.၂၀၁၁ ရက်နေ့ တွင် မျက်စိဝေဒနာရှင် ၁၁ ဦးကို ခွဲစိတ်ခဲ့ကြ။

၁၉-၅-၂၀၁၁ (ကြာသပတေ့း)

ဦးစိုးလွင်အား ဟင်းဖိုးပေး

လူနာများအား ဆေးရုံနှင့်ကျောင်း ကြို/ပို့ ကားခ

၂၀၀၀၀

၁၀၀၀၀

ခွဲစိတ်ပြီး မျက်စိများ အား ပတ်တီးဖြည်ပေး သည့်နေ့ဖြစ်

၂၀-၅-၂၀၁၁ (သောကြာ့)

လူနာများအား ဆေးရုံနှင့်ကျောင်း ကြို/ပို့ ကားခ

၁၀၀၀၀

မျက်စိ ဝေဒနာသည် ၁၁ ဦးအား မျက်စိများ ထပ်မံစစ်ဆေးခဲ့။

၂၁-၅-၂၀၁၁ (စနေနေ့)

(ကျောက်တော်ကြီး၊ စွယ်တော်၊ မယ်လမု၊ ကမ္ဘာအေး၊ ဗိုလ်တစ်ထောင်၊ ရွှေတိဂုံ)ဘုရားဖူးပို့ ကားခ

ဗိုလ်တစ်ထောင်ဘုရားတွင် လူနာများ ခေါင်းမူး ခေါင်းနောက်ပြည်ရန် နာနတ်သီး၊ သရက်သီးကျွေး

ဦးစိုးလွင်အားဟင်းဖိုးပေး

သပိတ်ကျင်းမြေးဖွား၂ ဦးအတွက် မန္တလေးမှ သပိတ်ကျင်း သို့အပြန်ကားခ

သပိတ်ကျင်းမြေးဖွား၂ ဦးအား သီးခြားထပ်မံလှူဒါန်းငွေ

ရွှေစေတီကျောင်းဆရာတော်ကြီးအား န၀ကမ္မအလှူငွေ လူနာများစုပေါင်းလှူဒါန်းရာတွင် အသင်းမှထည့်ဝင်ငွေ

နောက်နေ့ လူနာများ အပြန်လမ်းတွင်စားသုံးရန် ကြာဇံ ကြော် အထုပ် ၂၀ ဆိုင်တွင်အော်ဒါမှာရန် ကို ဇော်ဇော်အောင် အားပေး

၆၀၀၀၀

၂၂၀၀

၂၀၀၀၀

၅၀၀၀

၁၅၀၀၀

၅၀၀၀၀

၂၀၀၀၀

၂၂-၅-၂၀၁၁ (တနင်္ဂနွေနေ့)

အောင်မင်္ဂလာကားကွင်းသို့ လူနားများပို့ပေး ကားခ

၁၀၀၀၀

အလှူအတွက် စုစုပေါင်း အသုံးစရိတ်

၁၀၃၉၄၈၅

၁၀ သိန်း၊ ၃ သောင်း၊ ၉ ထောင်၊ ၄ ရာ၊ ၈၅ ကျပ်။

( ခ) လက်ခံရရှိခဲ့သည့်အလှူငွေများစာရင်း

စဉ်

အလှူရှင်/ အကြောင်းအရာ

လှူဒါန်းငွေ (ကျပ်)

မှတ်ချက်

၁၀

၁၁

TBYO ၏ ပဉ္စမအကြိမ်ဆေးအလှူတော်ပြီးနောက် ဆေးအလှူ တော်လက်ကျန်ငွေ

ဒေါ်ကြည်ညွန့်(ဗကမျိုးတင့်ယောက္ခမ)

ကိုဝင်းမြင့်ဇော်+မမေဟန်

ဦးကျော်ဇေယျ+ဒေါ်မာမာကြည်၊ သမီးမကေခိုင်ကျော် (ကိုဝင်းမြင့်ဇော်ညီမ)

မမြကြေးမုံ

တဆတစဉ်(၁၃)၊ အလုပ်သင်ဆရာဝန်များ

သူနာပြုဆရာမကြီး ဒေါ်ကေခိုင်စန်း

ဗကထွန်းထွန်းလှိုင်+မစန်းမိုးကြည်မိသားစု

ဗိုလ်နေဇော်ထွန်း၊ မမိုးသဉ္ဇာခိုင်တို့မောင်နှမ

ကွယ်လွန်သူ ဖခင် ဦးဉာဏ်ထွန်းအား ရည်စူး၍ ဗက အောင်ဗိုလ်ဗိုလ်ဟိန်း (MIETတက္ကသိုလ်၊ ရုရှား)

TBYO၏ မေလပေးပို့အလှူတော်ငွေမှ ယခုအလှူတွင်ဖြည့်

၂၉၇၈၅၀

၁၅၀၀၀

၁၀၀၀၀

၁၀၀၀၀

၂၀၀၀၀၀

၅၅၀၀၀

၂၀၀၀၀

၁၀၀၀၀

၅၀၀၀၀

၇၀၀၀၀

၈၄၉၀၀

၁) မမြကြေးမုံ၏ အလှူငွေကို မမျိုး အိလှိုင်(လှိုင်သာယာ)ကကိုထွန်းထွန်းလှိုင် လိပ်စာဖြင့် ရှစ်မိုင်၊ ရိုးမဘဏ်သို့ လွှဲပေးပြီး ၂၆-၅-၂၀၁၁ ရက်နေ့ တွင် ထုတ်ယူရရှိခဲ့သည်။

၂) တဆတစဉ်(၁၃) အလုပ်သင် ဆရာဝန်များက ပါဝါမျက်မှန် ၇ လက် လှူဒါန်းခြင်းဖြစ်သည်။

၃) မမိုးသဉ္ဇာခိုင်က ကိုထွန်းထွန်းလှိုင် လိပ် စာဖြင့် (ရန်ကင်း-ရိုးမဘဏ်)မှ ပေးပို့ငွေကို ၂၆-၅-၂၀၁၁ ရက်နေ့ တွင် ရှစ်မိုင်-ရိုးမဘဏ်မှထုတ်ယူ ရရှိခဲ့သည်။

၎)ဗကအောင်ဗိုလ်ဗိုလ်ဟိန်းအလှူငွေ ကို မနန်းခင်မြစံ ထံမှ ၃-၇-၂၀၁၁ ရက်နေ့တွင် ကိုထွန်းထွန်းလှိုင် နှင့် ဗကနန်းထိုက်ဝင်းတို့ ၎င်းအိမ်တွင် လက်ခံ ရရှိခဲ့သည်။

လက်ခံရရှိခဲ့သည့် အလှူငွေစုစုပေါင်း

၈၂၂၇၅၀

၈ သိန်း၊ ၂ သောင်း၊ ၂ ထောင်၊ ၇ ရာ၊ ၅၀ ကျပ်။

ိ မှတ်တမ်းဓာတ်ပုံများ ကိုလည်း အများသူငှါ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။ ဓမ္မမိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာပြီး အများအကျိုး အစဉ်သယ်ပိုး ရွက်ဆောင်နိုင်ကြပြီး အလိုရှိရာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီ တရားများ ဆည်းပူးအားထုတ်နိုင်ကြပါစေ။
အလှူတော်မှတ်တမ်း ဓာတ်ပုံများ -

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP