ဓမ္မရဝေကျောင်းဝါဆိုသင်္ကန်း ဆက်ကပ်လုဒါန်းပွဲ
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီးကျေးရွာ ဓမ္မရဝေတောရ ကျောင်းတိုက်တွင် ၂၆.၆.၂၀၁၁ခု တနင်္ဂနွေနေ့က ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲ ကျင်းပခဲ့ပါသည်။ ၄င်းနေ့က သံဃာ ၅ပါးကို ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လုဒါန်း ခဲ့ကြပါသည်။ အရှင်ဆန္ဒာဓိက (ရွှေပါရမီ) ဆရာတော်လည်းကြွရောက်ပြီး ၀ါဆိုသင်္ကန်းကပ် အလှူပွဲတွင် ရေစက်ချ တရားချီးမြှင့် ပေးခဲ့ပါသည်။ သံဃာတော် ၅ပါးနှင့် ဧည့်ပရိသတ် အားလုံးတို့ ကို ကျောင်းတိုက် ပဓာန နာယက ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)ကို အမှူးထား၍ (ဦးဖူးကြည်)+ ဒေါ်မြသိန်း သမီး မကြာဥ ၊ သားမောင်ရဲထွဍ် + မအိရူပါဝင်း မိသားစုတို့က နေ့ဆွမ်းဆက်ကပ် လုဒါန်းခဲ့ပါသည်။ အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)မှ အရှင်ဆန္ဒာဓိက (ရွှေပါရမီ) အတွက် န၀ကမ္မ ၆ သိန်းကျပ်၊ အရှင်ပရမ (၀မ်းတွင်း) အတွက် န၀ကမ္မ ၅ သိန်းကျပ်၊ အရှင်ဃောသက (ရေနံချောင်း) အတွက် ၅ သိန်းကျပ်၊ အရှင် တေဇနိယ(တောင်ကြီး) အတွက် ၅ သိန်းကျပ်တို့ကို လည်းကပ္ပိယများမှ တဆင့် ဆက်ကပ်လုဒါန်းခဲ့ ပါသည်။ ၄င်းကုသိုလ်ကောင်းမှု အစုစုတို့အား မှတ်တမ်းဓာတ်ပုံ များနှင့်တကွ အားလုံးသော ဝေနေယျ သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါ၏ အားလုံးအမျှရကြ၍ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပြီး နိဗ္ဗာန်ရောက်ကြောင်း ပါရမီထူးများ ကျင့်ကြံပွားများနိုင်ကြပါစေ။
မှတ်တမ်းဓာတ်ပုံများ -
0 comments:
Post a Comment